Colors of the Wind [EXO Fanfi...

By HuangnamiKim

6.2K 484 25

လေပြည်ရဲ့ရောင်စဉ်အားလုံးကို သိရှိနိုင်ဖို့က လွယ်ကူပါ့မလား။ (၂၀၁၅ တုန်းကတင်ခဲ့တဲ့ Fanfiction ပါ။ စာအုပ်အဖြစ်လ... More

အမှာစာ
1
2
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32 - Final
Q & A + Extra
Sehun's Diary - A
Sehun's Diary - B
Sehun's Diary - C
Sehun's Diary - D
Sehun's Diary Part II
Author Note
Extra : Aurora Borealis

3

146 15 1
By HuangnamiKim

တခြားသူအတွက်နေရာမရှိသော ကမ္ဘာတစ်ခုကို ဝင်ရောက်ချင် တာက စွန့်စားရတဲ့ဆုံးဖြတ်ချက်တစ်ခုပါ။ ကိုယ့်အတွက် နေရာရ အောင်မယူနိုင်ရင် ကိုယ် ကထွက်သွားပေးရမဲ့ အခြေအနေ ကိုသူ စွန့်စားရ လောက် အောင် ဘယ်အရာတွေကသူ့ကိုတွန်းပို့ခဲ့ သလဲဟု ဆိုလျှင် ပန်းကလေးလိုနူးညံ့သည့်ထို ကောင်လေး ကိုပင် အပြစ် တင်ရမလား။ သို့မဟုတ် ထိုကောင်လေးလက်ထဲ စာရွက်တွေ လွင့် သွားအောင် တိုက်ခတ် ခဲ့သည့် လေညင်းကလေး ကိုပဲ တရားခံ ရှာရမလား...။

--------------------------------------------------------------------------------------------------

ကျောင်းသားအုပ်စုက စကိတ်ပိုင်ရှင်ကောင်လေးကို အဘယ့် ကြောင့် ဒုက္ခပေးနေရသနည်း Luhan မသိ။ စကိတ်ပိုင်ရှင် ကောင်လေးက အဘယ့်ကြောင့် ခေါင်းငုံ့ခံနေရသနည်းသူမသိပါ။

သူနှင့်လည်းမသက်ဆိုင်သောအကြောင်းအရာ မဟုတ်လား။

သို့သော် မျက်နှာလွှဲထားခဲ့ဖို့ကတော့ Luhan မလုပ်နိုင်ပေ။ ယခုတောင် ကောင်လေး ဒဏ်ရာအနာတရတချို့ ရရှိနေလေပြီ။ သို့သော်မည်သို့ဟန့်တားရမည်နည်း။ အုပ်စုလိုက်ဝိုင်းဖွဲ့အနိုင်ကျင့် နှိပ်စက်သော သူများကို ဟန့်တားနိုင်စွမ်းက သူ့ထံတွင်လုံးဝမရှိချေ။ နှုတ်ခမ်းဖျားတို့ကစကားလုံးတွေပျောက်ရှဆဲ။

သူကြည့်နေရင်း စကားတစ်ခွန်းပြောဖို့ ကြိုးစားလိုက်သည်။

"မင်းတို့...."

သူစိတ်ပျက်သွားရသည်။ အသံတို့ကထိုစကားလုံးနှစ်လုံးကို ကျော် လွန်၍ ဖြစ်တန်စွမ်းမရှိတော့ ကြပါတကား။ သို့သော် သူအောင်မြင် သည်ဟု ဆိုရပေမလား.။ အကုန်လုံးက သူ့ကို လှည့်ကြည့် လာကြသည်။ ဒဏ်ရာ ဒဏ်ချက်တွေကြားမှ နုနယ်သောမျက်နှာကလေး၏ ခက်ထန်သောအကြည့်ကို Luhan ဘာသာ မပြန် ဆိုတတ် ပါ။ သေချာသည်ကတော့ ထိုကောင်လေးကိုဒုက္ခပေးနေသော ကျောင်းသားများ ကသူ့ဖက်သို့ မြှားဦး လှည့် လာကြပြီဖြစ်သည်။

"မင်းဘယ်ကကောင်လဲ"

ခပ်ရိုင်းရိုင်းကျောင်းသား၏ ကလေးတစ်ဦးက သူ့ကိုရီဝေစွာ မေးလိုက်သည်။ ခပ်ထွေထွေ ဖြစ်နေပုံရသော ကြောင့် သူ့အတွက် နည်းနည်း အန္တရာယ် များသော အခြေအနေမှန်း သူခန့်မှန်း မိလိုက် သည်။ ထွက်ပြေးရင် ကောင်းလေမလား။ ဒါဆို ကောင်လေး ကကော ဘယ်လို လုပ်မလဲ။ ကောင်လေးကော ထွက်ပြေး နိုင်မှာလား။

သူတွေဝေနေစဉ် စကိတ်ပိုင်ရှင်ကောင်လေးကမထင်မှတ် ထား သောစကားတို့ကိုဆိုသည်။

"ဟေ့ကောင် အတော်ပဲ မင်းလာတာနဲ့။ ငါ့ကို ပိုက်ဆံ နည်းနည်း ချေးစမ်း"

ကောင်လေး ပြောလိုက်သောစကားကြောင့် သူအပါအဝင် ကျောင်းသားဆိုးလေးတွေလည်း မျက်ခုံးပင့်သွား ရသည်။ ဇဝေဇဝါ လည်းဖြစ်သွားကြသည်..

"အူကြောင်ကြောင်လုပ်မနေနဲ့ .. သြော် မြန်မြန်ပေးစမ်းပါကွာ"

ကောင်လေးကသူ့ကို ချုပ်နှောင်ထားသည့်လက်တို့ကြားမှ အတင်း ရုန်းထွက်ရင်း Luhan ၏ပိုက်ဆံအိတ် ကိုလာထိသည်။ ကျောင်းသားတွေက ခပ်ထေ့ထေ့ပြုံးလိုက်ကြ၏။ သို့သော် သူတို့တွေကို ကျောပေးကာ Luhan မျက်ဝန်းတွေကို ကြည့်နေသော ကောင်လေး၏မျက်နှာက အဓိပ္ပာယ်တစ်စုံတစ်ရာ ရှိနေသလို *ဘာများပါလိမ့်*

ထိုအခိုက် Luhan မထင်မှတ်ထားသော လှုပ်ရှားမှုကို ကောင်လေး က စတင်ပြုလုပ်လိုက်သည်။ Luhan ၏လက်ကိုဆွဲ၍ လျင်မြန်စွာ ထွက်ပြေးလိုက်ခြင်း။

"ဟာ ပြေးပြီ လိုက် လိုက်"

ကျောင်းသားတွေလည်း သူတို့နောက်လိုက်လာကြသည်။ ကောင်လေးက ဂရုမစိုက် .. Luhan ရှေ့မှဦးဆောင် ၍ သူ့ လက်ကို ဆုပ်ကိုင်ရင်း လမ်းကြိုလမ်းကြားတွေထဲမှ ပြေးမြဲပြေးဆဲ။

Luhan ကလည်း ကောင်လေးဦးဆောင်ရာနောက်ကို ကြောင်အစွာ ဖြင့် လိုက်မြဲလိုက်ဆဲ။ လမ်းဆုံတစ်ခု အရောက်တွင် ကောင်လေး ကလမ်းကြားကလေးထဲ ကွေ့ဝင်ရင်း နံရံထောင့်၌ကပ်ကာ ပုန်းကွယ် နေလိုက် သည်။

ကောင်လေးက Luhan ကို အသံမထွက်စေနဲ့ ဟူ သည့် ပုံစံလုပ်ပြ ပြီး ခေါင်းလေးပြူကာ ချောင်းကြည့် လိုက် သည်။ ကျောင်းသားတွေ အုပ်စုလိုက် ကသူတို့ကိုမြင်ဟန် မတူချေ။ ကျော်သွားကြ၏။ ထိုအခါမှသူတို့ ကောင်းကောင်းအသက်ရှူနိုင်ပြီး ပတ်ဝန်းကျင်ကို သတိပြုမိ ကြတော့သည်။ သူတို့နှစ်ယောက် ပူးကပ်စွာ တည်ရှိနေကြပြီး ကောင်လေးက သူ့လက်တို့ကို ဆုပ်ကိုင် ထားဆဲ။

အိမ်တစ်အိမ်၏အနောက်ဖက်လမ်းကြား၌ထွန်းထားသောမီးသီးကလေး ၏ အရောင်မှလွဲ၍ ပတ်ဝန်းကျင်က ပိန်းပိတ်အောင် မှောင်မိုက်နေသည်။ သို့သော် ထိုအမှောင်ထဲတွင်ပင် ကောင်လေး၏ရင်ဘတ်ကော သူ၏ ရင်ဘတ်ကောနိမ့်ချည်မြင့်ချည်ရှိနေသည်ကို Luhan သတိထားမိသည်။ လှိုက်မောသော အသက်ရှူသံတို့က ထွက်ပေါ်နေ၏။

ဤသည်က မောလို့ပေလား သို့မဟုတ်...သို့မဟုတ်....

Luhan ကခေါင်းခါရင်း အတွေးရိုင်းတွေကို ဖယ်ရှားထုတ်ကာ ကောင်လေးလက်ထဲမှ ရုန်းထွက်လိုက်ပြီး အလင်းရောင် ရှိသော လမ်းမ သို့ ထွက်ခွာလိုက်၏။ လမ်းမပေါ်မှာကတော့ လမ်းမီးရောင် အပြင် လရောင် ပါရှိနေပေသည်။ ကောင်လေးကပထမတော့ အံ့သြသွားပုံပေါ်ပြီးနောက်တော့ Luhan ရှိရာကို ဖြည်းဖြည်းချင်း လျှောက်လာသည်။

မီးရောင်နဲ့ကြည့်တော့မှ ကောင်လေးမျက်နှာမှာ ဒဏ်ရာတွေက အများသား။

"မင်း...ဟို အရူးလေး ဟုတ်သားပဲ"

ကောင်လေးကစပြောတော့ Luhan သူ့ကိုနား မလည်သလို ကြည့်လိုက်မိသည်။

"ပန်းတွေနဲ့လိုက်တဲ့ကောင်လေးလေ.. ငါ့ကိုကော မှတ်မိလား။ မင်းစာရွက်တွေကိုလိုက်ကောက်ပေးခဲ့တဲ့ ကျေးဇူးရှင်လေ"

Luhan စိတ်ထဲဒေါသထွက်သွားသည်လား၊ စိတ်မကောင်းဖြစ် သွားသည် လားမကွဲပြားသော စိတ်ခံစားချက်တစ်ရပ် ပေါ်ပေါက် လာသည်။ သူ့ကိုမှတ်မိနေသေးသည်ကိုကျေးဇူးတင်သော်လည်း အရူးလေးဟုခေါ်ရလောက်အောင်ကောင်လေးမှာအခွင့်အရေး မရှိချေ။ ထို့ပြင် စာရွက်တွေကိုသူမခိုင်းပဲ လိုက်ကောက်ရုံမျှဖြင့် သူ၏ ကျေးဇူးရှင်အမည် ခံရလေအောင် ယခုကောင်လေး အသက်ကို ကယ်ခဲ့တာက သူပါ။

ကောင်လေးက သူ့ကိုမချိုမချဉ်ပြုံးရင်း "ဟေ့ ဟေ့.. အဲဒီလိုတော့ မတွေးနဲ့နော်။ မင်းငါ့အသက်ကို ကယ် တာမဟုတ်ဘူး။ ငါက မင်းအသက်ကိုကယ်လိုက်တာ. ငါ့ဟာငါဆို အဲဒီကောင်တွေ လောက်က အေးအေး ဆေးဆေးပဲ မင်းကသာ သူတို့တွေ ကိုရန်သွားစပြီး ဘာစကားမှမပြောပဲရပ်ကြည့်နေလို့ အမြင် မတော်တာနဲ့ ငါကခေါ်လာပေးတာ။ မင်းငါ့အပေါ် ကျေးဇူးကြွေး တင်သွားပြီ"

Luhan နည်းနည်းတော့အံ့သြသွားသည်။ သူတွေးနေသည်ကို ကောင်လေး ကခန့်မှန်းနိုင်သည်ပေါ့။ ပြန်စဉ်းစားကြည့်တော့လည်း ဟုတ်သည်။ ဟိုကျောင်းသားဆိုးလေးတွေသာ Luhan ကိုတကယ် တိုက်ခိုက် ကြရင် သူမနိုင်နိုင်ပါ။ ကောင်လေးသူ့ လက်ကို ဆွဲပြေးလာ၍ သာ ကံကောင်းသွားခြင်းဖြစ်သည်။

"ပြန်စဉ်းစားကြည့်ပါ မင်းလက်ခံရမှာပဲ။ မင်းကွာ နည်းနည်းပါးပါး အရိပ်အကဲလည်း နားမလည်။ မင်းကို ထွက်သွားဖို့ ငါမျက်ရိပ်ပြနေတာမင်း တကယ် မသိဘူးလား။ မင်းလူကောင် သေးသေးလေးနဲ့ သူတို့တွေကို သွားယှဉ်ချင်ရတယ်လို့ သူတို့က ကျောင်းရဲ့ fighter တွေ"

သြော် ကောင်လေးမျက်ဝန်းက သူနားမလည်ခဲ့တဲ့ အရိပ်တွေက သူ့ကိုထွက်သွားစေချင်တာတဲ့လား။ ဒါဆို ကောင်လေးက သူ့ကို စိတ်ပူနေခဲ့တယ်ပေါ့။

"မင်းစကားပြောဦးလေ"

ဟင့်အင်း..မဖြစ်၊ သူကောင်လေးနဲ့ မိတ်ဆွေဖွဲ့လို့မဖြစ်ပါဘူး။ သူအိမ်ပြန်ရန် တစ်ဖက်လှည့်လိုက်တော့ ကောင်လေးက သူ့ရှေ့မှာ လာပိတ်ရပ်ရင်း

"နှုတ်မဆက်ပဲသွားတော့မလို့လား။ မင်းနာမည်ဘယ်လိုခေါ်လဲ။ ဘယ်ကျောင်းကလဲ"

မပြောလျင် ပေးမသွားမည့်ပုံ ဖြစ်တာကြောင့် Luhan သက်ပြင်း ချလိုက်ရင်း ကောင်လေးလက်ကို တွန်းထုတ်ကာ တိုးညှင်းစွာပင် ဖြေလိုက်သည်။

"တက္ကသိုလ် နောက်ဆုံးနှစ်"

မည်သည့်တက္ကသိုလ်လဲဟုတော့ ဖြေချင်စိတ်မရှိပါ။ဘာကြောင့် လဲ တော့သေချာမသိ။ သူ့အတိတ်တွေကို ကောင်လေးသိနေမှာ ကြောက်တာလဲ ပါမည်ထင်သည်။ ကောင်လေးက ချက်ချင်း အံ့သြ သွားပုံပေါက်ကာ Luhan ရှေ့မှအလိုလိုဖယ်လိုက်ရင်း

"ကျွန်တော့်ထက်အသက်ကြီးတာပဲ။ ကျွန်တော်ကရွယ်တူထင်လို့.. ဆောရီး ပါဗျာ။"

အခုလိုဆိုတော့လည်း ကောင်လေးက ယဉ်ယဉ်ကျေးကျေး ရှိရှာသား။ နည်းနည်းလည်း ရှိန်သွားပုံပေါ်သည်။ စောစောက လောက် ရဲရဲတင်းတင်းမနိုင်တော့..

"ကျွန်တော့်နာမည်က Oh Sehun ပါ Hyung"

ကောင်လေးရဲ့နာမည်ကလေးကို သူစိတ်ထဲမှာရေရွတ်ရင်း ခေါင်း တစ်ချက်ညိတ်ပြကာ ထွက်လာခဲ့သည်။ သည်တစ်ခါတော့ Sehun ကသူ့ကိုမတားတော့ချေ။ တစ်ယောက်ထဲ လမ်းမှန်မှန် လျှောက် လာရင်း နောက်က တစ်စုံ တစ်ယောက်ကလည်း ဖြည်းဖြည်းချင်း လျှောက်လာသည်ကို Luhan သတိထားမိတော့ နည်းနည်းလန့် သွားကာ နောက်ကို လှည့်ကြည့်လိုက်မိသည်။ သူမထင်မှတ်ထားသော Sehun ပင်။ သူလှည့်ကြည့်လိုက်တော့ Sehun ကရှက်သွားသလို တစ်ချက်ရယ်လိုက်ရင်း

"ဟို... ကျွန်တော်Hyung နာမည်မသိရသေးဘူးလေ"

ဘာရယ်။နာမည်မသိရသေးလို့လိုက်လာသတဲ့လား။ ဘယ်လို ကောင်လေးပါလိမ့်။

"LuHan" သူခပ်တိုးတိုးဖြေလိုက်တော့ Sehun ကလည်း နှုတ်ခမ်းဖျားမှလိုက်ရွတ်ကြည့်သည်။ "Lu Han"

"ဒါပဲမဟုတ်လား" စကားမပြောရန်ဆုံးဖြတ်ထားသော်လည်း ကောင်လေးကပြန်မည့်ပုံမပေါ်သဖြင့် သူ မေးလိုက်ရခြင်းဖြစ်သည်။

"ဟို..ကျွန်တော်လေ Hyung ကိုလိုက်ပို့ပေးမလို့"

"ဘာ"

Luhan စိတ်ထဲလှုပ်ရှားသွားသည်ကတော့အမှန်ပင်။ Sehun ဟူသော ကောင်လေးက ဘာကြောင့်များ ဒီလိုတွေ လုပ်နေရသလဲ နော်။

Luhan ၏အကြည့်ကို Sehun ဘယ်လိုနားလည်သွားသည်မသိ ပျာပျာသလဲလဲရှင်းပြရှာသည်။

"ဟာ ကျွန်တော် ဘာသဘောနဲ့မှမဟုတ်ဘူးနော် ကျွန်တော်.. . အိမ်မပြန်ချင်သေးလို့ပါ။ Hyung ကို လိုက်မပို့လည်း ဒီညတော့ လမ်းမှာပဲအချိန်ကုန်မှာ အဲဒီတော့ Hyung ကိုပဲ လိုက်ပို့ရင်း အချိန်ဖြုန်းနေ လိုက်မလို့။ဟိုကောင်တွေနဲ့တွေ့တော့လည်းကူ Fight ပေးနိုင်တာပေါ့"

Luhan ကတော့ သူ့စကားထဲမှ အိမ်မပြန်ချင်သေးလို့ ဟူသည့် အကြောင်းအရာကို စိတ်ဝင်စားနေမိသည်။ ထို့ကြောင့် မမေးစဖူး သူမေးခွန်းစထုတ် လိုက်မိတော့သည်။

"ဘာဖြစ်လို့ အိမ်မပြန်ချင်တာလဲ"

Sehun ကတစ်ချက်ပြုံးလိုက်ရင်း "ကျွန်တော်ဒီမျက်နှာနဲ့ အိမ်မပြန်ချင်ဘူး"

သွေးစသွေးနကလေးတွေနှင့် ရန်ဖြစ်လာသည်ဆိုတာ သိသာနေ တော့ လူကြီးမိဘတွေဆူမှာစိုးလို့ထင်ပါရဲ့ ဟု Luhan တွေးမိ နေ တုန်း Sehun ဆက်ပြောသောစကားကြောင့် ပို၍ အံ့သြသွားခဲ့ ရသည်။

"ဒဏ်ရာရလာတာကိုမြင်ရက်နဲ့ ဆေးထည့်လိုက် လို့ တောင်သူတို့ မပြောမှာသေချာနေတယ်လေ။ ကျွန်တော် မျှော်လင့်ရတာတွေကို မုန်းတယ်"

ဒီစကားတစ်ခွန်းကတော့ ခပ်မဲ့မဲ့နဲ့လောကကြီးကိုစိန်ခေါ်မဲ့ ဂျစ်ကန်ကန်စကားမျိုး ပင်ဖြစ်သည်။

Luhan စကားမဆိုသာတော့ပဲ အိမ်ကိုသာပြန်လာခဲ့လိုက်တော့ သည်။ Sehun လည်းနောက်မှပါလာသည်ကို Luhan သိသည်။

ပထမဆုံးအကြိမ်အဖြစ် သူနွေးထွေးလုံခြုံမှုကိုခံစားလိုက်ရသည်။ ဒါ Sehun ရဲ့အစွမ်းထင်ပါရဲ့။ တိုက်ခန်းရှေ့ရောက်တော့ Luhan ခြေလှမ်းတွေရပ်တံ့ပစ်လိုက်သည်။ Sehun ကလည်း အလိုက်သိ ရှာပါသည်။

"ဒါ Hyung အိမ်လား ဘယ်နှထပ်လဲ Hyung"

"၄ ထပ်"

"အင်း တက်သွားလိုက်တော့လေ။ ကျွန်တော်လည်းသွားတော့ မယ်"

ဘာကြောင့်ရယ်မသိ Sehun မျက်နှာလေးကညှိုးငယ်နေသလိုလို Luhan စိတ်ထဲတစ်လမ်းလုံး လွန်ဆွဲလာနေရသော စကား တစ်ခွန်း ကို ပြောရန်သင့်မသင့် ထပ်တုံ့ဆိုင်းနေပြန်သည်။

"ဟို မင်းအခုဘယ်ကိုသွားမှာလဲ"

Sehun ကအိတ်ကပ်ထဲလက်နှိုက်ရင်း စဉ်းစားကာ "အင်တာနက် cafe ဖြစ်ဖြစ် တစ်နေရာရာပေါ့"

Luhan စိတ်ကိုဒုန်းဒုန်းချလိုက်ရင်း "မင်း..ငါ့အိမ်ပေါ်လိုက်ခဲ့ချင် လိုက်ခဲ့လို့ရတယ်"

Sehun ကတစ်ချက်အံ့သြသွားရင်း "Hyung အိမ်ကလူကြီးတွေက ကျွန်တော့်လို လူမိုက်လေးကိုခေါ်လာတာ ကြိုက်ပါ့မလား"

လူမိုက်လေးဟုသူ့ကိုယ်သူသုံးနှုန်းထားပုံကို Luhan ကြိတ်၍ သဘောကျသွားမိသော်လည်း ပြုံးရယ် လိုက် ဖို့တော့စိတ်ကူးမရှိပေ။

"ငါတစ်ယောက်ထဲနေတာပါ။ ကဲ မြန်မြန်လာလေ မင်းဒဏ်ရာတွေ ကိုဆေးထည့်ရဦးမယ်"

Sehun မျက်နှာကလေးဝင်းပသွားသည် ဟု Luhan ထင်ပါသည်

--------------------------------------------------------------------------------------------------

"Huang Zi Tao မင်းဟိုကိုရောက်ရင် စိတ်တိုင်းကျကဲမယ် လို့ မထင်လိုက်နဲ့ဦး။ မင်းအကြောင်းတွေငါသိလို့ မင်းကိုစောင့်ကြည့်မဲ့ သူတစ်ယောက်လွှတ်ထားမယ်။ စည်းမဲ့ကမ်းမဲ့ ဆိုးသွမ်း နေရင် တော့ ဘေကျင်း မှာပဲ ပြန်လာနေရမယ်ဆိုတာ သဘော ပေါက်ထား!!"

တုတ်ကောက်ကြီးကိုင်ရင်းပြောလိုက်သော ဘိုးဘိုး၏စကားကြောင့် Tao နည်းနည်းတော့ စိတ်ပျက်သွား မိသည်။ ဘယ်ကစောင့်ကြည့်မဲ့ သူက ပါလာရပြန်တာလဲ။

"ဘိုးဘိုးဟာက ငှက်ကလေးကို လှောင်အိမ်ကနေ သံခြေကျင်း မဖြုတ်ပဲ လွှတ်ပေးလိုက်တာကျနေတာပဲ"

"အေး အဲဒီငှက်ကလည်း ရိုးရိုးသားသား သနားကမား ငှက် ဆိုရင် တော့ သံခြေကျင်းဖြုတ်ပေးပြီး ငါကိုယ်တိုင် တောထဲဝေါယာဉ်နဲ့ လိုက်ပို့ထားမှာပေါ့။ အခုဟာကလွှတ်မဲ့ငှက်ကိုက ငှက်လည် ငှက်ဆိုး ငှက်သူခိုး ငှက် သူတော် ငှက်ကျီးကန်း ဖြစ်နေတာကိုး။ ခြေထောက်တင်မက နှုတ်သီးပါ သံကြိုးနဲ့ပိတ်ထားချင်နေတာ"

Tao ခေါင်းခါလိုက်မိသည်။ မဖြစ်မဖြစ် ဘိုးဘိုးနဲ့ဆက်ပြောနေလျင် တော့ ငှက်သံသရာကထွက်မည် မဟုတ် တော့။ ဘိုးဘိုးသည် သူ့မြေး အကြောင်းအသိဆုံးဖြစ်သည်နှင့် အားလျော်စွာ အကောင်း တစ်စက်မှ ပြောမည် မဟုတ်ပေ။

"အဲဒီစောင့်ကြည့်မဲ့သူကဘယ်သူလဲ။ ကျွန်တော့်ကို စောင့်ကြည့်ဖို့ ဆို အဘိုးကြီးတွေမရဘူးနော်။ ကျွန်တော် ကတော့ ကျောင်းသားဘဝ ဆိုတော့ပျော်မှာပဲ ညဖက်လည်းကဲမှာပဲ။ လူကြီးမဝင်ရနေရာတွေ သွားရင် ခြေရာ ပျောက်သွားမယ်နော် ဟဲဟဲ"

ဒီစကားကတော့ တမင်ကိုပြောလိုက်ခြင်း။ ဘိုးဘိုးရဲ့လက်ရုံး အဘိုးကြီး တွေများ လာစောင့်ကြည့်ရင် Zi Tao သေသွားနိုင်သည်။ လူငယ်ဆိုလျင်တော့ ညှိလို့ရချင်ရပေမည်။

"အဲ့ဒါမင်းစိတ်ပူစရာအပိုင်းမဟုတ်ပါဘူး။ Huang Zi Tao မင်းက ဟိုမှာ ဘိုးဘိုးလုပ်ငန်းတွေကိုလေ့လာရင်း ကျောင်းလဲတက်ရင်း နေရမှာ။ နေဖို့နဲ့ ကျောင်းလခ ကိုတော့စီစဉ်ပေးမယ်။ သုံးချင်တာ အတွက်တော့ ပထမ ၃ လစာပေးမယ်။ ပြီးရင်တော့ ကိုယ့်ဟာကိုယ်ရှာသုံးပေတော့"

စကားအပြတ်ပြောပြီး တုတ်ကောက်နှင့် ထွက်သွားသောသူ့အဘိုး သူဌေးကြီး Huang ကိုကြည့်ရင်း Zi Tao စိတ်ပျက်စွာ ထိုင်ချလိုက် သည်။

"သွားပြီ တကယ်ကိုနှုတ်သီးကိုပါ သံကြိုးနဲ့ပိတ်သွားပြီ"

--------------------------------------------------------------------------------------------------------------------------------

အဆင့်ဆင့်သော့ဖွင့်နေသော Luhan ကို Sehun ငေးကြည့် နေမိ သည်။ တခြားသောအိမ်များမှာက Digital locking system သုံး နေပေပြီ။ Luhan နေသောတိုက်ခန်းကလည်း security ရှိပြီး သားပါ။ သို့သော် Luhan ကဘာဖြစ်လို့များ...။

"ဝင်လို့ရပြီ" Luhan စကားကြောင့်သူအထဲဝင်လိုက်တော့ အံ့သြ သွားမိသား။တက္ကသိုလ် ကျောင်းသား တစ်ယောက် နေသော အခန်း သည် ဤမျှထိသန့်ရှင်းသပ်ရပ်နေလိမ့်မည်ဟု Sehun မတွေး ထား ဖူးခဲ့ချေ။ ယခုတော့ပစ္စည်း များက သူ့နေရာနှင့်သူစီရရီ ထမင်း စားခန်း အိပ်ရာကလေး စသဖြင့် သေသေသပ်သပ် ရှိနေသည်။

သို့သော် အခန်းအခြေအနေကိုတော့ Sehun သိပ်သဘောမကျချေ။ မှိုင်းညှိ့နေသည်ဟုပင် ဆိုရမလား။ အခန်းအရောင် ကိုက ရွှေအိုရောင် ဖျော့ဖျော့၊ သုံးထားသောမီးချောင်းတို့က အဖြူရောင် လင်းလင်းချင်းချင်း မဟုတ်ပဲ လိမ္မော်ကို အဝါဖက်သော အရောင် ကန့်လန့်ကာကလည်း မဖွင့်တာဘယ်လောက်များ ကြာနေပြီလဲ မသိ၊ ပွင့်လင်းသောစိတ်တို့က ချက်ချင်းမှိုင်းညှိ့လာသလို။

"ထိုင်လေ"

မိုးတိုးမတ်တပ်ဖြစ်နေသော Sehun ကို Luhanလှမ်းပြောပြီးမှ တစ်စုံတစ်ရာကိုသတိရသည်။

အခန်းထဲမှခုံမှမရှိပဲ။ ရှိသောခုံကမှတစ်လုံးထဲကို မနက်ကထိုခုံကို အသံသွင်းခန်းထဲထည့်ထားမိသည်လေ။ ကောင်လေးကိုတော့အသံ သွင်းခန်းကိုမသိစေချင်။ အသံသွင်းခန်းက သူ၏ အရာ အားလုံး ဖြစ်၏။

"ဟို ငါ့မွေ့ရာပေါ်ထိုင်လို့ရပါတယ်"

Sehun ကအားတုံ့အားနာဖြစ်သွားဟန်ဖြင့်

"ဧည့်သည်သိပ်မလာဘူးထင်တယ်နော် Hyung"

Luhan ကရေနွေးအိုးတည်လိုက်ရင်း

"မင်းက ပထမဆုံးဧည့်သည်ပဲလေ ထိုင်နေပါ ဘာမှမဖြစ်ဘူး"

Luhan စကားကြောင့် Sehun မျက်မှောင်ကျူံ့ရင်း ထိုင်လိုက် သည်။ သူ့မှာမေးခွန်းမေးစရာတွေ ရှိသော်လည်း သူများ ကိုယ်ရေး ကိုယ်တာကိစ္စဆိုတော့ စပ်စုလို့မကောင်းပေ။

"ကော်ဖီ သောက်မလား"

Luhan ကသူ့အိမ်သူ့ရာရောက်နေတော့ နည်းနည်းလွတ်လပ် ပေါ့ပါးနေသလို

"မသောက်တော့ဘူး ကျွန်တော် ကော်ဖီ အနံ့တောင်မခံနိုင်ဘူး"

Sehun စကားကြောင့် ကော်ဖီ နှပ်ထားမည့် အတွေးကလေးပင် ပြတ်သွားရသည်။ သည်တော့လည်း ရေနွေး အိုးထဲမှ မနွေးတနွေး ရေနွေးကိုဇလုံထဲထည့်ကာ အဝတ်သန့်သန့်ကလေးတစ်ခုနှင့် ဆေး ပလာစတာများကို သူ့အိပ်ရာပေါ်သို့ယူလာခဲ့သည်။

"ဟာ ကျွန်တော့်ဖို့လား။ Hyung ဘာမှမဖြစ်ပါဘူး။ ဒီလောက်က အသေးအဖွဲပါ"

Luhan ကဘာစကားမှမပြောပဲ ရေနွေးဝတ်ဖြင့် Sehun မျက်နှာ ကလေး ကို ဆေးကြောသန့်စင်ပေးနေသည်။ Sehun ၏မျက်နှာမှ ဒဏ်ရာများကို ပြုစုပေးရန် ဘယ်အရာက Luhan ကိုစေ့ဆော်လိုက် သနည်းဟု သူ ကိုယ်တိုင်လည်းမသေချာပေ။ Sehun ပြောသွားတဲ့ အိမ်နဲ့ပတ်သက်ပြီးတော့ ဒီကရုဏာတွေပေါ်လာတယ် ထင်ပါရဲ့။ Sehun ကတော့ အထူးအဆန်း Luhan ကိုငေးကြည့်နေ၏။

"Hyung က စကားနည်းတယ်နော်"

"အင်း" Plaster လေးကို အသာကလေးကပ်ပေးရင်းဖြေသည်။

"ဘာဖြစ်လို့လဲ။ သူငယ်ချင်းမရှိဘူးလား" Sehun ကကလေး တစ်ယောက်လိုဆေးထည့်ခံရင်း Luhan မျက်နှာကို ကြည့်ကာ မေး တော့ Luhan ခဏတုံ့ဆိုင်းသွားသည်ကိုSehun သတိပြုမိသွားပုံ ရသည်။

"Hyung။ ကျွန်တော်က ဒီတိုင်းပဲ မေးတာပါ။ စိတ်ထဲမထားနဲ့။ အဲဒီ ပုံက Spain လား"

Sehun ညွှန်ပြရာ နံရံပေါ်ကဓာတ်ပုံတချို့ကိုလှမ်း ကြည့်ရင်း Luhan ခေါင်းညိတ် ပြလိုက်တော့

"ဟိုဖက်က ရောမ ဒီဖက်က အီဂျစ် လား။ အဲဒီ့ကိုရောက်ဖူးတာ လား။"

ဆေးထည့်ခြင်း အမှုပြီးဆုံးသွား၍ plaster တွေပြန်သိမ်း နေသော Luhan က အသာခေါင်းခါပြလိုက်သည်။

"ဒါဆို သွားချင်တဲ့နေရာတွေကို ကပ်ထားတာလား"

Luhan ကစဉ်းစားလိုက်ရင်း ခေါင်းခါလိုက်ပြန်သည်။

"ဟင် အဲ့ဒါဆိုဘာလဲ"

"...."

"Hyung စကားပြောလေဗျာ"

Luhan ကရေနွေးတွေကို လက်ဆေးကန်မှာသွန်ရင်း "ဒီတိုင်း လှတဲ့ နေရာလေးတွေကိုကပ်ထားရုံပဲ"

"ဘယ်လို" Sehun ကကုတင်ပေါ်မှထလိုက်လာရင်း "အဲဒီလှတဲ့ နေရာတွေကိုတကယ်ပဲမသွားချင်ဘူးလား?"

Luhan ကတစ်ချက်တွေဝေသွားပြန်ရင်း "မသိဘူး မသွားချင်ဘူး ထင်တာပဲ" အဖြေကမရေရာ။

"ဒါဆိုဘယ်သွားချင်လဲ။"

Luhan ကခေါင်းခါရင်း "အိမ်ထဲမှာပဲနေချင်တာ"

Sehun အံ့ဩသွားပြန်ပြီထင့်။

"အိမ်ကိုကမ္ဘာတစ်ခုလို့ သတ်မှတ်ထားတာလား"

Sehun ၏အမေးကြောင့် Luhan အလန့်တကြားနောက်လှည့် ကြည့်လိုက်တော့ Sehun ရင်ခွင်ထဲ ဝင်တိုးမိ တော့မလို ဖြစ်သွား သည်။ Sehun က Luhan ပုခုံးကိုထိန်းပေးရင်း

"ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး မင်းစကားပြောပုံက"

အသံကတိမ်ဝင်သွားသည်။ တစ်ယောက်သောသူနှင့်တူလို့ ဟု သူတကယ် မပြောထွက်နိုင်ပါ။ Sehun ကတော့နားမလည်သလို

"တကယ်ကို အဲ့ဒီနေရာတွေကို မသွားချင်တာလား။ ဘာပဲဖြစ်ဖြစ် လှတယ်လို့လက်ခံထားတယ်ဆိုရင် အဲဒီကို ရောက်ဖို့တော့လုပ်ရ မယ် မဟုတ်လား"

Luhan ကတစ်ချက်မော့ကြည့်ရင်း "ငါကမသွားချင်ဘူး ဆိုရင် ကော။ အဲဒီနေရာတွေအကြောင်း စာအုပ်တွေ ဖတ်ရတယ်။ TV ကနေ ကြည့်ရတယ်။ ဒါဆိုရပြီပဲ။ အဲဒီ နေရာတွေကို ရောက်အောင် ကြိုးစားဖို့တော့ မလိုဘူး ထင်တယ်"

Sehunက အဲဒီစကားကိုမခံချင်သလိုဖြင့် "ဘယ်ဟုတ်မလဲ။ ဒါက မဖြစ်နိုင်တာလည်း မဟုတ်ဘူးလေ။ ကျွန်တော်ပြောတာက လကမ္ဘာ တို့ ပလူတိုတို့သွားမယ်ဆိုရင်လဲတစ်မျိုးပေါ့။ အခုဟာက ကိုယ်သွားမယ်လို့ ဆုံးဖြတ်ပြီးကြိုးစားလိုက်ရင် အလွယ်တကူ သွားနိုင် တဲ့နေရာတွေပဲလေ။ TV ထဲကအလှတွေကြည့်ရုံ၊ စာအုပ်ထဲကအကြောင်းအရာတွေကိုသိရုံနဲ့ပဲ အဲဒီနေရာကို ကိုယ်နားလည်တယ်ဆိုရင် ကမ္ဘာပေါ်မှာ Tourists တွေဆိုတာ ရှိပါဦးမလား"

Luhan က သူ့စာအုပ်စင်ရှိရာကို လျှောက်သွားလိုက်ရင်း "ဒါပေမဲ့ ငါက မသွားချင်ဘူးလေ"

Sehun ကထပ်ကြပ်မကွာလိုက်လာရင်း "ဘာကြောင့်လဲ"

Luhan ကဒေါသထွက်လာသလိုဖြင့် "မင်းနဲ့မဆိုင်တဲ့ကိစ္စကို ဘာကြောင့် ဒီလောက်သိချင်နေတာလဲ"

Sehunကလက်လေးကာပြရင်း "ဆောရီး ကျွန်တော်ပြောတာက အဲဒီနေရာတွေကိုကိုယ်တိုင်ရောက်တာနဲ့ TV ကကြည့်ရတာနဲ့ က အရမ်းကိုကွာတယ်။ ဘယ်လိုပြောရမလဲ။ ခံစားချက် ဟုတ်တယ်။ ခံစားချက်လစ်ဟာနေသလိုမျိုးဖြစ်နေလိမ့်မယ်"

Luhan က Sehun မျက်ဝန်းတွေကိုတအံ့တသြ စူးစိုက်ကြည့်လိုက် ပြီးမှမျက်နှာလွှဲကာ "မင်း ဒီမှာပဲ အိပ်သွားမလား" သူစကားလမ်းကြောင်း လွှဲလိုက်သလိုဖြစ်သွားမလား စဉ်းစားမိ သော်လည်း မတတ်နိုင်ချေ။

"ဟင် အားနာစရာကြီး Hyung ရယ်။ ကျွန်တော် အပြင်မှာလည်း အဆင်ပြေပါတယ်"

"သြော် အင်း"

ယောကျာ်းလေးနှစ်ယောက်ပင်ဖြစ်သော်လည်း ယခုမှခင်မင် သော သူစိမ်းတစ်ယောက် အိမ်မှာ အိပ်လိုက် ဖို့ဆိုသည်မှာ လွယ်ကူသော ကိစ္စမဟုတ်ချေ။ သူနောက်ကိုလှည့်နေလိုက်ပြီး Heater ခလုတ်ဖွင့် ရမလို ရေနွေးခလုတ်ဖွင့်ရမလို စဉ်းစားနေလိုက်သည်။ ထိုအချိန် မှာပင် သူ့နောက်မှာ Sehun လာရပ်လိုက်တာကိုသူ အရိပ်မှတဆင့် သိလိုက်ရပါသည်။

"Hyung တကယ်တော့ ကျွန်တော်လည်း ဘာလုပ်ရမှန်း မသိသေး ဘူး။ Hyung ပြောသလို အိပ်ချင်ပါတယ် ဒါပေမဲ့ ကျွန်တော်က Hyung ကိုအားနာလို့ပါ။ ပြီးတော့ ဧည့်သည်ဖို့အိပ် စရာမရှိဘူး ထင်လို့"

သူ့နောက်ကျောကိုစိုက်ကြည့်ရင်း ပြောလာသော Sehun အသံမှာ သူနစ်မျောသွားမိသည်။ ဧည့်သည်ဖို့ အိပ်စရာ တဲ့ ဟုတ်သားပဲ။

"မင်းကငါ့ကုတင်မှာအိပ်လိုက်ပါ"

Sehun ကသူ့ဘေးမှာလာရပ်ရင်း "Hyung ကကော"

Sehun ကိုလှည့်မကြည့်ဖြစ်အောင်ထိန်းထားရင်း

"ငါက ကြမ်းပြင်မှာ မွေ့ရာခင်းပြီးအိပ်နေကျ"

"ကုတင်ရှိနေတာတောင်လား"

Sehun ရဲ့အမေးမှာ သံသယရိပ်တွေပါနေသလိုလို။

"ဟုတ်တယ်..မင်းကုတင်ပေါ်မှာ အိပ်မှာဖြင့်အိပ်တော့ .. မင်းထပ်မေးနေမယ်ဆိုရင်"

ထွက်သွားလိုက်လို့ပြောဖို့တော့ Luhan နှုတ်ခမ်းဖျားတွေက တုံ့ဆိုင်းနေခဲ့သည်။ Sehun ထွက်သွားမှာကို သူဘာဖြစ်လို့များ စိုးရိမ်နေရတာပါလဲ။ သူတခြားစကားလုံး တစ်ခုခု စဉ်းစား နေစဉ် မှာပင် Sehun ၏ ပြတ်သားသောစကားသံထွက်ပေါ်လာသည်။

"ကောင်းပြီ။ ကျွန်တော် ကုတင်ပေါ်မှာအိပ်မယ်"

Sehun က ထိုတစ်ခွန်းသာပြော၍ လွယ်အိတ်ကိုပစ်ချရင်း ရေချိုး ခန်း ထဲသို့ဝင်သွားသည်။ Luhan သက်ပြင်းရှိုက်လိုက်မိချေပြီ။

--------------------------------------------------------------------------------------------------

ဂန္တဝင်ဆန်သော အဖြူရောင်စန္ဒရားတစ်လုံးရှေ့တွင် လူတစ်ယောက် ရပ်ကာ မှန်တံခါးအပြင်ဖက်ကို ငေးကြည့် နေ သည်။ စန္ဒရားခုံပေါ်တွင်တင်ထားသော ကော်ဖီ ခွက်မှအငွေ့ ကလေး များက ဝေ့ကာဝဲကာဖြင့် မျက်နှာကြက်သို့ ထိနေ သယောင်ယောင်။

ထိုလူဝတ်ထားသော ကုတ်အင်္ကျီမီးခိုးရောင်နှင့်အပြိုင် ပြတင်းတံခါး အပြင်ဖက်က ရာသီဥတုကလဲ မှုန်မှိုင်း နေသည်။ နေရောင်က မပွင့် တစ်ပွင့်။ တိမ်စိုင်တိမ်လိပ်တို့ကဖုံးလွှမ်းထားပြီး နှင်းပွင့် နှင်းစက် တို့က လောလောလတ်လတ် ကျဆင်းပြီးကာစ အချိန်။ တံခါး ခေါက် သံ နှင့်အတူ အခန်းထဲကိုနောက်ထပ် လူတစ်ယောက် ထပ်ဝင်လာသည်။

"သခင်လေး ခဏနေ အစည်းအဝေးစပါတော့မယ်"

နောက်လူရဲ့သတိပေးသလိုစကားသံကြောင့် သခင်လေး ဆိုသူက ခေါင်းတစ်ချက်ညိတ်ပြရင်း

"ကျွန်တော်သိပါတယ်"

"အစည်းအဝေးပြီးတဲ့အခါ Paris ကိုတန်းသွားရပါမယ်၊ မနက်ဖြန်."

သခင်လေးဆိုတဲ့ကောင်လေးကတော့ နောက်ကိုလှည့်မကြည့်ပဲ သူ့အတွင်းရေးမှူးရဲ့ စကားကို ဖြတ်မေး လိုက်သည်။

"ဒီနိုင်ငံရဲ့ရာသီဥတုက အမြဲဒီလိုပဲလား"

တစ်နေ့တာ အချိန်ဇယားကို ရွတ်ပြမည့် အတွင်းရေးမှူးက အနည်းငယ် အားသင့်သွားရင်း

"ဗျာ၊ ရာသီဥတုလား။ အမြဲလိုတော့မဟုတ်ပါဘူး။ ဒီအချိန်က ဆောင်းဦးရာသီမို့ပါ။ ဘာဖြစ်လို့လဲ သခင်လေး"

ကောင်လေးက ခေါင်းခါပြရင်း "မဟုတ်ပါဘူး။ ရာသီဥတုက အုံ့မှိုင်း နေလို့ပါ။"

ပြောပြောဆိုဆိုနှင့်ကောင်လေးက စန္ဒရားရှေ့ကခုံမှာထိုင်ရင်း သူ၏ လက်သွယ်သွယ်များဖြင့် ခလုတ်များမှ တေးသွားတိုလေး တစ်ခုကို စမ်းသပ်ဆော့ ကစားလိုက်ပြီးနောက်

"ဒီအချိန်ဆို ဆိုးလ် မှာနွေဦးရောက်နေလောက်ပြီနော်။ ဆိုးလ် ကနွေဦးက သိပ်လှတယ်"

တစ်စုံတစ်ဦးကိုရည်ညွှန်းပြောဆိုခြင်းထက် တစ်ယောက်ထဲ ရေရွတ် နေဟန်တူသော သခင်လေးကို အတွင်းရေးမှူး ငေးကြည့် နေမိသည်။ သူရေရွတ်ပုံက တကယ်ကို လွမ်းလွမ်းဆွေးဆွေး ရှိလှ သည်။

"ထားပါတော့လေ"

နေရာမှထကာ စန္ဒရားခုံကိုအသာပိတ်ရင်း ထွက်လာသော ကောင်လေး ကသူ၏အတွင်းရေးမှူးက သတိလှမ်းပေးလိုက်သည်။

"သခင်လေး ကော်ဖီ မသောက်ရသေးဘူးထင်တယ်"

ကောင်လေးက နောက်ကိုတစ်ချက်ငဲ့ကြည့်လိုက်ရင်း ပြုံးလိုက်ကာ

"အဲ့ဒါ ကျွန်တော်သောက်ဖို့မဟုတ်ပါဘူး။ ဒီအတိုင်းလေးရှိပါစေ"

"ဗျာ"

"သွားရအောင်။ ဒါရိုက်တာတွေစောင့်နေတော့မယ်"

ယခုတော့အခန်းကျယ်ကြီးက လူသူကင်းမဲ့ကာဆိတ်ငြိမ်လို့။

စန္ဒရားခုံပေါ်မှခွက်ကလေးတော့ တိတ်ဆိတ်စွာအငွေ့သေ ခဲ့ပြီ။

--------------------------------------------------------------------------------------------------

"ကော်ဖီ ကြိုက်တတ်လား"

မအိပ်သေးသော Sehun ရဲ့အမေးကြောင့် စာအုပ်ဖတ်နေသော Luhan တစ်ယောက်အတွေးများ ရတော့သည်။

"ကြိုက်တယ်လို့ထင်တာပဲ။ ကော်ဖီ သောက်ရတာကို ခုံမင်တယ်"

"သြော် ကျွန်တော်တော့မကြိုက်ဘူး"

ဟော။ ကုတင်ပေါ်မှနေ၍ လက်နှစ်ဖက်ကို မေးထောက်ရင်း ခြေထောက် နှစ်ချောင်းလှုပ်နေပုံက တကယ့်ကို ကလေး တစ်ယောက် ပမာ။

"ဒါပေမဲ့ ကျွန်တော့် အသိ မမ မှာတော့ ကော်ဖီ ဆိုင်ရှိတယ် သူ့ဆိုင်လေးကကောင်းတယ်။ သီချင်း လေးလည်း အမြဲဖွင့်ပေးထား တယ်။ Piano လည်းရှိတယ်။"

"သြော်" ပြောသာပြောရသည်။ Luhan ထိုဆိုင် သို့သွားဖြစ်မည် မဟုတ်ပါ။ ဆိုင်မှကော်ဖီ မည်မျှပင် ကောင်း စေကာမူ သူ၏အိမ်မှ ကော်ဖီ လေးလောက်တော့ မကောင်းနိုင်ပါချေ။

"ကျွန်တော်က ကော်ဖီ မကြိုက်တတ်တော့ မမ ဆိုင် တော်ရုံ မထိုင်ဖြစ်ဘူး။Hyung ကြိုက်တယ်ဆိုရင်တော့ တူတူ သွားကြမယ် လေ။ကျွန်တော်လည်း မမ ဆိုင်ရောက်ဖြစ်တာပေါ့"

မမ မမ နှင့်ဒီလောက်ရည်ညွှန်းရလောက်အောင် ထိုကောင်မလေး က OhSehun နှင့်ဘယ်လိုပတ်သက်ပါ သလဲ။

"မမ ကကျွန်တော့်အစ်မအရင်း မဟုတ်ပါဘူး။ကျွန်တော့် သူငယ်ချင်းရဲ့အစ်မပါ။ ဒါပေမဲ့ မမ က ကျွန်တော့်ကိုချစ်တယ်"

ဘာမှတော့မဆိုင်သော်လည်း ထိုစကားကြောင့် Luhan ရင်ထဲ အောင့်ရှရှဖြစ်သွားသလို။ မမ ကချစ်တယ် ဆိုတော့ Sehun ကကော။ ဒါမေးသင့်တဲ့ မေးခွန်းမှမဟုတ်ပဲ။

"ဘာစာအုပ်ဖတ်နေတာလဲ"

စပ်စုလိုက်တဲ့ကောင်လေး ဟူသောအတွေးကတော့ အရင်တွေးဖြစ် အောင် တွေးလိုက်မိသည်။

"ဝတ္ထုပါ"

"စိတ်ကူးယဉ်ဝတ္ထုလား"

"ဆိုပါတော့"

Sehun ကမဲ့ရင်း "စစ်ပွဲအကြောင်းစာအုပ် တွေမရှိဘူးလား"

"မရှိဘူး လူတွေသေကြေကြတာကိုငါမဖတ်ချင်ဘူး"

"ဒါပေမဲ့လည်း စစ်ပွဲတွေက အချစ်ကိစ္စထက် ပိုအဓိပ္ပာယ်ရှိတယ်လို့ ကျွန်တော်ထင်တယ်"

Luhan စိတ်ထဲနည်းနည်းမခံချင်သလိုဖြစ်လာကာ

"မင်းဆိုလိုတာက လူတွေသေဆုံးနေရတာ အပြစ် မရှိတဲ့လူတွေ ထိခိုက်နာကျင်နေရတာ က အဓိပ္ပာယ် ရှိတယ်လို့ပြောချင်တာလား?"

Sehun က ကုတင်မှထထိုင်လိုက်ရင်း "မဟုတ်ဘူး။ စစ်ပွဲတစ်ခု ဆိုတာ အဓိပ္ပာယ်တွေ အများကြီးပြည့်နှက်နေ တယ်။ ဘာကြောင့် စစ်ဖြစ်ရသလဲ။ ဘာကြောင့်လူတွေသေကြသလဲ။ ဘာကြောင့် ရက်စက်ကြသလဲ။ ဘာကြောင့်သူရဲကောင်းတွေ ပေါ်လာသလဲ။ အဲ့ဒါတွေလိုက်စဉ်းစားကြည့်ရင် လူတွေရဲ့သဘော သဘာဝကို နားလည်လာလိမ့်မယ်။ ဟို စိတ်ကူးယဉ် အချစ်ဝတ္ထုထဲက ခပ် ကြောင်ကြောင် ဇာတ်ကောင်တွေကို လိုက် ကြည့်တာထက်စာရင်ပေါ့"

Luhan ကSehun ကိုတစ်ချက်စိုက်ကြည့်ရင်း ဘာမှမပြောပဲ စာအုပ် ကိုပြန်ဖတ်နေလိုက်သည်။

"Hyung ဘာဖြစ်လို့အိမ်ထဲမှာပဲ နေချင်ရတာလဲ။လူတွေအကြောင်း ဘာမှမသိပဲနဲ့ နေနေလို့မရဘူးလေ"

ဒီတစ်ခါ Sehun ရဲ့အသံက စိတ်ရှည်မှု နူးညံ့မှု တွေပါဝင်နေသော် လည်း တိုက်တွန်းမှုကပိုအားကြီးသည်ကို Luhan သတိထားမိ သည်။

"ဒါငါ့ဘဝနဲ့ငါပါ Sehun"

"မဟုတ်ဘူးလေ။ စောစောကလို ဟိုအရိုင်းအစိုင်းကောင်တွေနဲ့ တွေ့တဲ့အခါ ဘယ်လိုလုပ်မလဲ။ ကျွန်တော်သာ အတင်းပြေးမထွက် လာခဲ့ရင် ခင်ဗျားကိုသူတို့ ကျွန်တော့်ကိုလုပ်တာထက်ပိုပြီး နှိပ်စက် ကြဦး မယ်။ သူတို့ ကျောင်းမှာက လှောင်ပြောင် ခွဲခြားနှိပ်စက်တာ တွေ ကနာမည်ကြီးပဲ။ အဲ့ဒီလိုလူတွေနဲ့တွေ့အခါ ပြန်တုံ့ပြန်ဖို့ ခင်ဗျား ပုံစံက အရမ်း....ပျော့ညံ့လွန်းတယ်"

Sehun ရဲ့မှတ်ချက်ကြောင့် Luhan အသားတွေ တဆတ်ဆတ် တုန်လာကာ မျက်ရည်တွေဝဲတက်လာခဲ့ပြီး

"မင်းကြောင့်သာမဟုတ်ရင် ငါ အေးအေးဆေးဆေးလှည့်ထွက်ခဲ့မိ မှာပါ OhSehun မင်းသာ ဘာဖြစ်လို့ ကိုယ့်ကို နှိပ်စက်နေတဲ့လူ တွေကို အေးအေးဆေးဆေး ခေါင်းငုံ့ခံနိုင်ရတာလဲ။ အဲဒီလူတွေကို အနိုင်ယူနိုင်မဲ့ ပုံစံရှိရက်နဲ့မင်းငုံ့ခံနေတော့ မင်းဒဏ်ရာ တစ်ခုခုများ ရထားလို့လား ဘာများဖြစ်လို့လဲဆိုတဲ့ စိတ်နဲ့ဟန့်တားဖို့ ကြိုးစားခဲ့ တာပါ။ အဲ့ဒါကပဲ ငါသိပ်မှားသွားလား"

အသံတွေပါတုန်လာပြီး မျက်နှာကိုတစ်ဖက်လွှဲထားရင်း မျက်ရည် တွေကို ကျဆင်းစေနေမိချိန် ဘယ်က ဘယ်လို ခုန်ဆင်းလိုက်မှန်း မသိသော Sehun ရဲ့လက်တစ်ဖက်က သူ့ပုခုံးပေါ်ရောက်လာ သည်။

"H..Hyung ။ကျွန်တော်တောင်းပန်ပါတယ်။ကျွန်တော့်ကြောင့် တဲ့လား။ ကျွန်တော်တကယ်အသုံးမကျတာပဲ။ မငိုပါနဲ့ဗျာ နော်"

Luhan ပုခုံးတွေသိမ့်သိမ့်တုန်အောင် ရှိုက်နေမိသည်။ တခြားသူ တစ်ယောက် ရှေ့မှာမို့သူမျက်ရည်မကျချင်ပါ။ သို့သော် ဘာဖြစ် လို့များ သူ့ အတိတ်တွေကို ပြန်လည် အမှတ်ရနေမိရတာ ပါလဲ။

"ငါမငိုပါဘူး မျက်ရည်ကျရုံပါ"

အိပ်ရာခင်းလေးနှင့် ဂွမ်းစောင်ထူထူ ခင်းထားသော ကြမ်းပြင် လေးမှာ Sehun က သူ့ရှေ့ဒူးထောက် ထိုင်ချ လိုက်ရင်း သူ့ပုခုံး ၂ ဖက်ကိုကိုင်ပြီး

"Hyung ကျွန်တော်ပြောတာလွန်သွားတယ်။တောင်းပန်ပါတယ် Hyung။ ကျွန်တော် ဘာလုပ်ပေးရမလဲ"

ထိုစကားကို ကြားလိုက်ရသည့်ခဏ Luhanတစ်ကိုယ်လုံး အေးစက်ကာ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်သွားတော့သည်။

"မင်း..မင်း..ဘာဖြစ်လို့ အဲဒီလိုပြောတာလဲ"

ထိုစကား။ သူ့ဘဝတစ်သက်တာလုံးအတွက် မေ့မရခဲ့သော စကား တစ်ခွန်း။ ယခုနောက်ထပ် လူ တစ်ယောက်က သူ့ကိုပြောလာနေခဲ့ ပြီ။ Sehun ကတော့ပကတိဖြူစင်သောမျက်နှာဖြင့်

"ဟမ်။ ဘာကိုလဲ Hyung"

"ထား..ထားပါတော့ မင်းအိပ်တော့လေ"

Luhan မျက်စိစုံမှိတ်မယ်အလုပ် Sehun ကသူ့ လက်မောင်းကို လာတွဲရင်း

"ခဏနေပါဦး Hyung ရယ်။ကျွန်တော်တို့ စကား သေချာ ပြောကြ ရအောင်ပါ။ ကျွန်တော်က SM High School ကပါ။ ကျွန်တော်က ကျောင်းမှာပွဲတွေဘာတွေစီစဉ်ရတယ်။ နောက်ပြီး အင်း အဲ့ဒါတွေ မပြောတော့ ဘူး။ အဓိကကတော့ ဟို fighter ကောင်တွေကို သွား ပတ်သက် မိပြီးအကြွေးတင်သွားတယ်ဗျာ။ အဲ့ဒါ ကျွန်တော့် အမှား လည်းပါတော့ ကျွန်တော်ပြန်မချပဲဒီတိုင်းနေနေခဲ့တာ။ စိတ်ညစ် နေခဲ့တာလည်းပါတယ်။ အဲဒီမှာ ခင်ဗျား ကရောက် လာခဲ့တယ် လေ။ ကျွန်တော် သိပ်စိတ်ပူသွားခဲ့တာ"

Luhan ရင်ထဲကြည်နူးခြင်းက အစားထိုးဝင်လာပြီး စောစောက ငိုရှိုက် ခဲ့သည့်ဖြစ်ရပ်ကို မေ့တော့မယောင် ဖြစ်သွားသည်။ တစ်စုံ တစ်ယောက်က ကိုယ့်ကို ပူပန်ပေးတယ်ဆိုတာ ကောင်းတဲ့ ခံစားချက်မျိုးပဲ။

"မသိဘူးဗျာ။ ဘာဖြစ်လို့လဲတော့၊ ကျွန်တော်စတွေ့ကထဲက ခင်ဗျား ကိုကာကွယ်ပေးချင်တယ်"

ဟင့်အင်း။ အဲဒီလိုစကားတွေမပြောပါနဲ့။

Luhan ခေါင်းခါလိုက်ရင်း "Sehun။ မင်းအိပ်ပါတော့။ ငါမနက် အလုပ်ရှိသေးတယ်"

ကံကောင်းစွာဖြင့် Sehunကဘာအလုပ်ဆိုတာကို မစပ်စုပါ။

"ဟုတ်ကဲ့။ ကောင်းသောညပါ Hyung"

Sehun ကုတင်ပေါ်သို့ပြန်တက်သွားတော့မှ Luhan လည်း မီးမှိတ်ကာ အိပ်ရာဝင်တော့သည်။ ထိုညက ကောင်းကင်ပြင်၌ ကြယ်တွေစုံသလို Luhan ၏အိပ်မက်တို့သည်လည်း နှစ်တွေအတွင်း ပထမဆုံးအကြိမ် နွေးထွေးသာယာခဲ့သည်။

--------------------------------------------------------------------------------------------------

အမြဲလိုလို နောက်ကျသည်အထိ အိပ်စက်တတ်သော Luhan တစ်ယောက် ဒီမနက်နိုးထခြင်းမှာတော့ စိုးရိမ်မှုတို့ပါဝင်ခဲ့သည်။ နိုးနိုးချင်း ကုတင်ပေါ်ကိုလှမ်းကြည့်လိုက်တော့ သပ်သပ်ရပ်ရပ် ပြန်ခင်းထားသော အိပ်ရာပဲရှိသည်။

ထို့ကြောင့် သူလူးလဲထကာ လိုက်ရှာမည်ကြံတော့မှ မွှေးပျံ့ သောပေါင်မုန့်နံ့က သူ၏မီးဖိုချောင် မှ ထွက်ပေါ် လာနေသည်ကို သူသတိပြုမိသည်။ သူလှမ်းကြည့်လိုက်တော့ ပေါင်မုန့်တစ်ထုပ်နှင့်အလုပ်ရှုပ်နေသော Sehun ကိုတွေ့လိုက်ရသည်။

"နိုးပြီလား Hyung။ မျက်နှာသစ်ပြီးရင် မနက်စာစားဖို့လာခဲ့နော်။"

သူပြုံးလိုက်မိတော့မည်ထင်သည်။ သို့သော် တစ်ဆက်ထဲပင် သူ စိတ်ထဲ လေးလံလာသည်။ Oh Sehun ဟူသော ကောင်လေး နှုတ်မဆက်ပဲ ထွက်ခွာသွားတာ မဟုတ်ဘူးလို့သိရချိန်မှာ ဘာဖြစ်လို့ ဒီလောက် ပျော်ရွှင် နေမိတာလဲ။ သူရေချိုးခန်းထဲဝင်ပြီး ကိုယ်လက်သန့်စင်ပြီးတော့ အဝတ်အစား လဲဝတ်လိုက်ပြီး ပြန်ထွက်လာ ခဲ့သည်။ ထိုတော့မှ သူတစ်စုံတစ်ရာကိုသတိထားမိခဲ့သည်။

"ဒီလိုက်ကာတွေ မင်းဖွင့်ထားတာလား"

Sehun ကပေါင်မုန့်ပူပူကို ညှပ်မပါပဲကိုင်လိုက်ရာမှ ပူသွားပုံ ရကာ လက်ကိုခါနေရင်း "ဟုတ်တယ်။ အခန်း အရောင်က အရမ်းမှောင် လွန်းတယ်။ မနက်ခင်းရဲ့ နေရောင်ခြည်က ဘယ်လောက်ကောင်း လိုက်သလဲ။ စိတ်ကိုမတက်ကြွစေဘူးလား"

Luhan ဘာမှမပြောတော့ပဲ ကော်ဖီ ဖျော်ရန်ပြင်လိုက်သည်။ Sehun ကတော့ သကြားထုပ်ကိုယူကာ ပေါင်မုန့်ပေါ် အလော တော်ဖြူးပေးရင်း

"ကဲ။ပေါင်မုန့်ပူပူကို ချိစ် ကပ်ပြီးသကြားအုပ်ထားတဲ့ အရသာရှိတဲ့ မနက်စာရပါပြီ"

Sehun ပြုလုပ်ထားတဲ့ရိုးရှင်းသည့်မနက်စာက စားချင်စဖွယ် ပုံ ပေါ်ပါသည်။ Luhan ထိုကဲ့သို့ သိပ်မစားဖူး ချေ။

"ဟင် တစ်ယောက်စာထဲလား"

ပန်းကန်ကတစ်ချပ်ထဲ။ နွားနို့ကတစ်ခွက်ထဲ။

"ဟုတ်တယ် Hyung။ ကျွန်တော်ကျောင်းသွားရဦးမယ်လေ ၈ နာရီ ထိုးနေပြီ"

ဟုတ်သားပဲ။ Sehun ကျောင်းသွားစရာရှိလိမ့်မယ် လို့ သူ ဘာကြောင့် မတွေးမိခဲ့ရတာလဲ။ Sehun ကသူနဲ့ အဖော်ပြုပြီး မနက်စာစားလိမ့်မယ်လို့ကော ဘာကြောင့် အထင်မှားနေရတာလဲ။

"ငါ့ကိုနှိုးလိုက်တာမဟုတ်ဘူး"

Sehun ကိုတံခါးဝအထိလိုက်ပို့ရင်း Luhan ကပြောတော့ Sehun ပြုံးလိုက်ရင်း

"Hyung အိပ်ရာကိုအပိုင်စီးရတာနဲ့တင် ကျွန်တော်အားနာနေပါပြီ"

"အဲ့ဒီလိုမဟုတ်ပါဘူးကွာ"

"Hyung ကျွန်တော် နောက်တစ်ခါလာလည်ရင် ခွင့်ပြုမှာလား"

ဟင်။ မျက်လုံးတည့်တည့်ကို စိုက်ကြည့်ပြီးမေးတဲ့ အဲဒီအမေးတွေ က ဘာသဘောလဲ Sehun ရယ်။ Sehun က တဖြည်းဖြည်းနှင့် သူ့ မျက်နှာနားနီးကပ်လာတယ်လို့ Luhan ထင်မိချိန်မှာ ရင်ခုန်သံတွေ ဆူညံလာခဲ့ ပါတော့သည်။

"Hyung ကျွန်တော်ထပ်လာခဲ့ပါမယ်"

နားနားကပ်ပြီး ခပ်တိုးတိုးပြောလိုက်တဲ့ဒီစကားက နားထောင်သူ ရင်ကို ဘယ်လိုဖြစ်စေမလဲ Sehun မတွေးမိဘူးလားကွယ်။ Sehun ကလှည့်ထွက်သွားပြီးမှ ပြန်ဝင်လာရင်း

"တခါတလေမှာ တစ်ဖက်လူငြင်းဆန်မှာစိုးလို့ ကိုယ့်ဟာကိုယ် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ရတာတွေ ရှိတယ်။ မနေ့ညက အိပ်ရာကိုယူအိပ်တာကော အခုလာလည်မယ်ဆိုတာကော Hyung နားလည်ပေးပါ"

ဟင့်အင်း...မျက်လုံးတည့်တည့်ကိုစိုက်ကြည့်ပြီး အမိန့်ပေးသလို ပြောသွားတဲ့ အဲဒီမျက်ဝန်းညိုတွေကို Luhan ဘယ်လိုခံနိုင်ရည် ရှိမှာလဲ။

"ပြတင်းပေါက်ဖွင့်ထားပါ။ ကျွန်တော်အောက်ထပ်ရောက်ရင် လှမ်းပြောစရာရှိတယ်"

OhSehun ကလွယ်အိတ်လွယ်လျက် အခန်းထဲက ထွက်သွားချေ ပြီ။ Luhan ကစိတ်ညို့ခံထားရသူပမာ ပြတင်းပေါက် ရှိရာကို လျှောက် သွားရင်း သူတခါမှမလှမ်းခဲ့ဖူးသော ပြတင်းတံခါး ကန့်လန့် ရှိရာ သို့ လက်လှမ်းကာ ပြတင်းပေါက်ကိုဖွင့်လိုက်သည်။ လတ်ဆတ်သော လေအေး နှင့် နွေးထွေးသောနေရောင်ခြည် တို့က အလုအယက် ဝင်ရောက် လာပေပြီ။

ထိုခဏ၌ မြင်ကွင်း၌ Sehun ပေါ်လာသည်။Sehun ကပြုံးနေ သည်။

"Chukkahae" Sehun ပြောသွားတာကဒီတစ်ခွန်းထဲပါ။ ထို့နောက် ဖုန်းကလေး ထောင်ပြရင်း ထွက်သွား သည်။ Notification အသံ ကြောင့် Luhan ကြောင်အသွားမိသည်။ သူ့ ဖုန်း ကိုကြော်ငြာတွေ ကလွဲလို့ ဘယ်သူ့မှ ဖုန်း မဆက် မက်ဆေ့ခ်ျ မပို့တာ ဘယ်လောက် ကြာနေပြီလဲ။ ဖွင့်ကြည့်လိုက်တော့ ရှည်လျားသော စာတစ်စောင်။

"Hyung ကျွန်တော် Hyung အိပ်နေတုန်း ဖုန်းခဏလေးယူကိုင် မိတယ်။ ခွင့်လွှတ်ပါ။ ပြီးတော့ ကျေးဇူးလဲ တင်ပါတယ်။ ကျွန်တော့် အတွက် ကယ်တင်ရှင်ဖြစ်ပေးတဲ့အတွက်။ ပြတင်းပေါက်တွေ ဖွင့်ခိုင်းတာက Hyung ကို ကမ္ဘာကြီးနဲ့ဆက်သွယ် စေချင်လို့ပါ။ အမြဲတော့မဖွင့်ပါနဲ့။ ဒါပေမဲ့ ခန်းဆီးလေးလှပ်ရင်လှပ်ထားပေါ့။ ဘာပဲဖြစ်ဖြစ် Hyung ကမ္ဘာကြီးကို မြင်တွေ့ခွင့် ရသွားအောင် ကျွန်တော် လုပ်နိုင်ခဲ့လို့ဝမ်းသာပါတယ် Congratulations Hyung"

Luhan ရင်ထဲတွင် ခံစားမှုအသစ် တစ်ခုခံစားနေရသည်။ အမျိုး အမည် မတပ်နိုင်သောခံစားမှု။ ဖွင့်ထားသော ပြတင်းပေါက်မှ တိုးဝင်လာသော အလင်းရောင်က မှုန်မှိုင်းမှိုင်းအခန်းထဲမှာ နေရာ ယူ နေချေပြီ။ လေပြည်ကတော့ ကမ္ဘာတစ်ခု၏တံခါးချပ်ကိုဆွဲဖွင့်ခဲ့လေပြီ....။

--------------------------------------------------------------------------------------------------

TBC

Continue Reading

You'll Also Like

42.5K 2.3K 48
#BL fiction Start date - July 27 , 2022 End Date - August 21 , 2022
710K 122K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
221K 15.8K 84
Bal Thor Akhar Ma Poat Ma Ma Cha Mye Hnine Mahar Thike X Thway Nakh Khat Published Date: December 1,2021 End Date: 21 September, 2022 Just OliviaThet...
8.8K 1K 16
#For Unicode ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသောကြောင့် တစ်စုံတရာ တိုက်ဆိုင်မှုရှိပါက နားလည်ပေးကြပါရန်နှင့် အကြောင်းအရာ လွဲချော်မှ...