💞 Part - 38 💞
~~~~~~~~~~~~
"ငါ့သမီးလေးတောင် အရွယ်ရောက်နေပြီပဲ"
ဖေဖေ့စကားကြောင့် အားလုံးပြုံးစိစိဖြစ်သွားကြပြီး မေမေကတော့ ပခုံးတွေလှုပ်ခတ်သည်အထိ ကြိတ်ရယ်နေ၏။
သမီးကိုအလွန်ချစ်တတ်သည့်အဖေတိုင်း ဒါမျိုးလားတော့မသိဘဲ ဖေဖေကတော့ မျက်နှာသိပ်မကောင်းသလို ကိုင်းကိုပဲ တကြည့်ကြည့်ဖြစ်နေသည်။
ကိုင်းတို့ဘက်က ဦးမြဲနဲ့ အန်တီအိမ်မက်တို့ပါပြီး ဦးဘက်က တခြားလူကြီးတွေပါလာကာ ထိုသူတွေက ဦးရဲ့ဆွေမျိုးတွေဖြစ်သည်တဲ့။
ဦးက တစ်ဦးတည်းသောသားဖြစ်သည့်အပြင် ဦးရဲ့အဖေတို့ကလည်း ကလေးမရတော့တာမို့ ပြင်ဦးလွင်ကခြံတွေကို ကိုင်းနာမည်နှင့်စာချုပ်ပေးသည်။
လက်ရှိ ဦးလုပ်နေသော လုပ်ငန်းတွေကအစ ဦးနဲ့ကိုင်းအတွက် လက်ဖွဲ့မည်ဆို၏။
"မင်းကိုပိုင်ပြီနော်"
လူကြီးတွေစကားပြောနေတုန်း တိုးတိုးလေးကပ်ပြောလာ၍ ကိုင်းပခုံးလေးတွန့်ပြကာ ဦးလက်ကိုမသိမသာဆွဲဆိတ်ပစ်လိုက်သည်။
ရှပ်လက်ရှည်အဖြူနှင့် ပိုးပုဆိုးဝတ်ထားသည့်ဦးက ခါတိုင်းထက်ပိုပြီးကြည့်ကောင်းနေကာ စတွေ့ခဲ့စဥ်ကလို ခမ်းနားထည်ဝါနေ၏။
ထိုအချိန်ကတည်းက Crushခဲ့ရသည့်ဒီလူကြီးကို တစ်သက်လုံးပေါင်းသွားရတော့မှာမို့ ပျော်လည်းပျော်မိသလို ရှက်လည်းရှက်နေမိသည်။
"ချာတိတ်အဖေက သဘောတူလို့တော်သေးတယ်နော် ကိုယ်ဆွဲအထိုးခံရပြီမှတ်နေတာ"
"ဖေဖေက ကိုင်းကိုချစ်လို့ပါ ပြီးတော့ ဦးကလည်း ကိုင်းကိုအသည်းခွဲသွားတာလေ"
"Aww ဟုတ်လား"
"အင်းလေ အဲ့ဒါကြောင့်မို့ကိုင်းလက်ခံလိုက်တာ မူပြီးငြင်းလိုက်ရင် နောက်ထပ်စေ့စပ်နေမှာစိုးလို့"
"မင်းနော် နာတော့မယ်"
"ဟုတ်တယ်လေ ကိုင်းဆိုနောက်တစ်ယောက်ပြောင်းဖို့ လွယ်မှမလွယ်တာ ဦးကမှ"
"ကဲ.. ဟုတ်ပါပြီ အဲ့ဒီအပြစ်ကြီးအတွက် တစ်သက်လုံး ခင်ဗျားလေးကို ပြုစုယုယသွားပါ့မယ် ကျေနပ်ပြီလား"
ကိုင်း ခေါင်းလေးညိတ်ပြလိုက်သည့်အခါ ဦးက ကိုင်းလက်ကလေးကို တင်းတင်းလေးဖိဆုပ်ကိုင်ထားလိုက်တော့ ရင်ထဲနွေးထွေးသွားသလိုပင်။
ဦးပြောခဲ့သည့်အတိုင်း ပြောရမယ်ဆို
ကိုင်းသည်လည်း တစ်ယောက်ယောက်ကိုချစ်ခဲ့သည်၊ ချစ်လည်းချစ်နေဆဲဖြစ်ကာ
ထိုလူဟာ နေမင်းမဟာဆိုသော ဦးအစုတ်ပလုတ်ကြီးသာဖြစ်ပါ၏။
💞💞💞💞💞
"ကိုင်း နင် ဝိတ်လျှော့ဦး အခုတောင်ဗိုက်ခေါက်ထွက်နေပြီ"
မ ကို မေးဆတ်ပြရင်း မ လက်ထဲကအာလူးကြော်ဘူးကိုဆွဲယူလိုက်တော့ မ က ဘာမှပြန်မပြောဘဲ ဗိုက်ကိုတစ်ချက်ငုံ့ကြည့်သည်။
ထိုအခါ နေနေကလည်း တခစ်ခစ်ရယ်ကာ သူ့လက်ထဲကအားလူးကြော်ကို တစ်ခုလှမ်းယူစားရင်း...
"ဟုတ်တယ် အရင်တုန်းက သူ့ခါးဆိုဒ်က 27ပဲရှိတာ အခုကျ 29တောင်ရှိနေပြီ"
"အဲ့လောက်လေးနဲ့များ"
"အဲ့လောက်လေးနဲ့လုပ်မနေနဲ့ ကိုင်း မင်္ဂလာပွဲဆိုတာ မိန်းကလေးတစ်ယောက်ရဲ့အလှဆုံးအချိန်ပဲ နင်ဗိုက်ပူနေမှတော့ ဘယ်လိုလုပ်ပြီး.."
"ယောကျာ်းရပြီဥစ္စာ အဲ့လောက်ထိ လှစရာမလိုတော့ပါဘူး နင်တို့ဆိုသည်မှာကလည်း"
"အိမ်ထောင်သည်က ပိုပြီးလှနေသင့်တာ မကြားဖူးဘူးလား အိမ်ထောင်ဦးစီးက နေ့တိုင်းအပြင်မှာ အလှပဂေးတွေ တွေ့နေရတာ နင်ကအိမ်မှာနေပြီး ရွဲပလဲနေရင် အဟွန်း.. ဒီတစ်ခါ ယောက်ဖဘက်ကဟေ့"
သူ့စကားကြောင့် မ မျက်နှာလေးပျက်သွားပြီး နှုတ်ခမ်းလေးစူထော်သွားပြီး ဘေးနားမှာချထားသည့်မုန့်တွေဆီ အကြည့်ရောက်သွား၏။
မ အလှအပကြိုက်တာ သူတို့အသိဆုံးဖြစ်ကာ အခုလည်း ဝိုင်းကြပ်နေမှန်းသတိမထားမိတော့သည်အထိ စိတ်ညစ်သွားပုံရသည်။
"နင်တို့စားလိုက်တော့"
သူနဲ့နေသာ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ပြုံးလိုက်ကြကာ မ ဘေးကမုန့်တွေကို တပွေ့တပိုက်ကြီးယူပြီး မသိမသာလက်သီးချင်းတိုက်လိုက်ကြ၏။
အခုနေ မ သည်လေ့ကျင့်ခန်းတွေလုပ်ဖို့ စဥ်းစားနေလောက်ပြီမို့ အတွေးဖြင့်ကြိတ်ပြုံးနေတုန်း ယောက်ဖက အထုတ်တွေဆွဲကာ ရောက်လာတော့သည်။
"လာပါဦး ရှင့်ကိုစောင့်နေတာ"
"ဘာလဲ မုန့်တွေမစားဘူးလား ကလေးမှာတာအကုန်ဝယ်ခဲ့ပါတယ် ဘာကျန်လို့လဲ"
ပြာယာခတ်သွားသည့်ယောက်ဖကြောင့် မ နှုတ်ခမ်းကပိုပြီးစူထော်သွားကာ သူကတော့ နေသာ့ကိုမျက်စပစ်ပြပြီး ကြိတ်ရယ်မိကြပြန်သည်။
သူတို့လင်မယားနှစ်ယောက်လုံး မုန့်ဖိုးအဖြတ်ခံရတာ ဒင်းကြောင့်မလား…
"ဦး ကိုင်းကိုစိတ်ကုန်နေပြီမလား"
"ဘာလို့ကုန်ရမှာလဲ ကလေးရာ ကိုယ့်မှာအခုထိချစ်လို့မဝသေးတာ"
"သူများကို ဝိတ်တွေတက် ဗိုက်ပူလာအောင်လုပ်ပြီး အပြင်မှာအလှပဂေးလေးတွေနဲ့ တွေ့ချင်လို့ပေါ့"
"အလှပဂေးက ကိုယ့်ရှေ့မှာထိုင်နေတယ်လေ ဘယ်သူနဲ့ထပ်တွေ့ရဦးမှာလဲ"
ယောက်ဖစကားကြောင့် မ မျက်နှာလေးပြုံးယောင်သမ်းသွားပြီး ကြောင်ပေါက်စနလေးလိုချွဲနွဲ့ကာ သူတို့နှစ်ယောက်ကို ပြန်ကြည့်၏။
ထိုအကြည့်တွေက ယောက်ဖပြန်သွားမှ သူတို့နှစ်ယောက်ကို လိုက်လုပ်သဝာ်တော့မည့်အကြည့်တွေ…
"မနာလိုသူတချို့က ကိုင်းကိုဂုန်းချောနေကြလို့"
"အံမာ.. ဘာမနာလိုသူလဲ နင့်ကြောင့် ငါတို့နှစ်ယောက်လုံး မုန့်ဖိုးအဖြတ်ခံလိုက်ရတာလေ"
"အေးလေဟယ် ကျေးဇူးတရားကိုမှ မထောက်ထား S3ကဝင်ငွေလည်း သူပဲလက်ဝါးကြီးအုပ်ထားတာ ဒီမှာခွေးဖြစ်နေပြီသိလား ယောင်းမစုတ်"
"လက်ဝါးကြီးအုပ်တာမဟုတ်ပါဘူး ဆိုင်ပြန်ပြင်ဖို့ပါ ဟီး.."
"သူ့ပြောလိုက်ရင် ဆင်ခြေတွေချည်းပဲ"
ယောက်ဖကတော့ သူတို့၃ယောက်ကိုပြုံးကြည့်နေခဲ့ကာ ဘာမှဝင်မပြောဘဲ မ ကိုသာ အရိပ်တကြည့်ကြည့်ဖြစ်နေသည်။
အားလုံးရဲ့ပိတ်ရက်မို့ တိုက်ခန်းမှာပဲဆုံဖြစ်ကာ မင်္ဂလာဝတ်စုံအတွက်တိုင်ပင်ကြရင်း နေသာနဲ့ မ က ကတ်တလောက်တွေနှင့်ရှုပ်နေ၏။
သူကလည်း အလင်းတန်းမှာ အလုပ်ဝင်နေပြီမို့ ယောက်ဖနှင့် အလုပ်အကြောင်း စပ်မိစပ်ရာပြောရင်း မ ရဲ့အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"Sea လာဦး နေသာအန်နေလို့"
သူ ထိတ်ခနဲဖြစ်သွားကာ တစ်ဆက်တည်းတွေးမိသွားသော အတွေးတစ်ခုကြောင့် ပြုံးပြုံးကြီးဖြစ်သွားမိသည်။
အခန်းထဲပြန်ဝင်လာခဲ့တော့ နေနေက ဘေစင်မှာအန်နေကာ မ က နေသာ့ပခုံးတွေကိုနှိပ်ပေးရင်း စိုးရိမ်ထိတ်လန့်နေပုံ။
"နင်က ဘာလို့ရယ်နေတာလဲ ခွေးစုတ်ရဲ့"
မ ရဲ့ ဒေါသမြားဦးက သူ့ဆီရောက်လာသလို နေသာ့ကိုနှိပ်ပေးရင်း ခြေထောက်ကို လှမ်းကန်သေးသည်။
သူ ဘာမှမပြောဘဲရယ်နေမိရင်း နေသာ့ဆံပင်တွေကို ဆွဲဖွလိုက်သည့်အခါ နေသာက ခပ်တိုးတိုးကျိန်ဆဲလေ၏။
"မကောင်းတဲ့အကောင် နင့်ကြောင့်မို့"
"နင်အရင်ပူဆာတာပါ မိန်းမရယ်"
သူရယ်ရင်း နေသာ့ပခုံးလေးကို သိမ်းဖက်ပစ်လိုက်သည့်အခါ နေသာက ရင်ခွင်ထဲခေါင်းလေးတိုးဝင်ရင်း မျက်စောင်းလေးချီသည်။
ယောက်ဖကတော့ နားလည်သလိုပြုံးနေပေမယ့် မ ကတော့ အူကြောင်ကြောင်ဖြင့် ရပ်ကြည့်နေဆဲ။
"ကိုင်း ပြန်ရအောင်"
"နေသာမှ နေမကောင်းတာ မပြန်သေးပါဘူး ဦးကလည်း အလိုက်ကမ်းဆိုးမသိ"
"မင်းကမှမသိတတ်တာ လာပါ ပြန်မယ်"
မ ကိုကောက်ပွေ့ပြီး လှည့်ထွက်သွားသောယောက်ဖကိုကြည့်ကာ သူ ကျေကျေနပ်နပ်ပြုံးမိပြီး နေသာ့မျက်နှာလေးကို တစ်ဝကြီးနမ်းပစ်လိုက်သည်။
ရှက်ကိုးရှက်ကန်းဖြင့် သူ့ရင်ဘတ်ကိုထုနှက်ကာ သူမ နှုတ်ခမ်းလေးကိုက်တော့ ရင်ခုန်သံတွေ ပရမ်းပတာဖြစ်ကုန်သည်။
"ခုနေများ နင့်ကိုစားရင် အမွှာလေးဖြစ်သွားမလားမသိဘူး"
"နင်နော် နှာဘူးမထနဲ့"
"လာပါ ဒီတစ်ခါတည်းပါ"
သူမကိုကောက်ပွေ့ချီလိုက်သည့်အခါ ရယ်သံလေးနှင့်အတူ လည်ပင်းကိုသိုင်းဖက်လာ၍ သူမနှုတ်ခမ်းလေးကို နမ်းပစ်လိုက်သည်။
နှစ်ယောက်တည်းသာရှိတော့သည့် တိုက်ခန်းလေးမှာ အချစ်ရနံ့တွေ ထုံသင်းမွှေးပျံ့နေခဲ့လျက်…
💞💞💞💞💞
မင်္ဂလာပွဲအတွက် အချိန်တစ်လနီးပါးလိုသေးတာမို့ ကိုင်းရဲ့မိဘတွေက Singaporeကို ခဏပြန်သွားကြပြီး ဒီချာတိတ်လေးကိုအပိုင်သိမ်းကာ သူ့အိမ်ခေါ်ထားခြင်းဖြစ်သည်။
မေမေကလည်း သူမကိုသိပ်ချစ်တာမို့ သူမသည် ချွေးမဆိုတာထက် သမီးတစ်ယောက်လိုဖြစ်နေတော့၏။
"သမီး မေမေအပြင်ရောက်လို့ မုန့်ဝယ်လာခဲ့တယ် Freezerထဲမှာနော်"
"ငါ့သမီးဝတ်တတ်တယ်ဆိုလို့ ဝယ်လာတယ်"
ဆိုသောဂရုစိုက်မှုတွေကြားမှာ ဒီကလေးမလေး ပျော်နေတာမို့ သူ့မှာကျေနပ်ရပါသေးသည်။
မေမေက အလိုလိုက်ထားသည့်အခါ ကိုင်းက သူ့အပေါ်ပိုဆိုးလာပြီး အခုလည်းဇွတ်ပြန်ခေါ်လာ၍ စိတ်ကောက်ပြီး နှုတ်ခမ်းစူနေတော့၏။
"မကျေနပ်ဘူးသိလား နေသာ့မှာကိုယ်ဝန်ရှိနေတယ်ဆိုလည်း အဲ့လိုပြောပါ့လား ဒါဆိုကိုင်းက နေသာ့ကိုပိုပြီးအဖော်လုပ်ပေးမှာပေါ့"
"အာ!! ချာတိတ်ကလည်း သူတို့ချင်းလည်း ချစ်ကြည်နူး တစ်တီတူးချင်မှာပေါ့ ကိုယ့်မှာတောင် အဲ့လိုစိတ်ရှိသေးတာ Seaဆိုပိုရှိမှာပေါ့"
"ဦးကိုက နှာဘူးကျတာပါ ဒီညဘုရားခန်းသွားအိပ် ကိုင်းနဲ့လာမအိပ်နဲ့"
"မီးပိတ်ပစ်မှာနော်"
"Snowballရှိတယ် မကြောက်ပါဘူး ဟွန့်.. ယောကျာ်းတွေများ မရခင်တမျိုး ရပြီးတမျိုး.. အပြောင်းအလဲကမြန်ပါ့"
"ဟုတ်တယ် မရခင်ကတော့ တစ်ခါတစ်လေမှစားချင်တာ ရပြီးသွားတော့ နေ့တိုင်းစားချင်လာရော"
"ဦးနော်"
သူ စပ်ဖြဲဖြဲလုပ်နေသည်ကို သူမလေးက ကြည့်မရတော့ဘဲ ရင်ဘတ်ကိုအတင်းတွန်းပစ်ကာ မျက်စောင်းထိုးနေတော့သည်။
EXကိုပြန်တွဲရခြင်းရော၊ လက်ထပ်ခွင့်ရခြင်းကရော သူ့အတွက်မှတ်မှတ်ရရဖြစ်သလို ဘဝမှာမလုပ်ခဲ့ဖူးသောအရာတွေအားလုံး သူမနှင့်မှ လုပ်ဖြစ်နေသည်ကလည်း စွဲမက်စရာ…
သူမစိတ်ကောက်နေတာကိုလည်း စိတ်ရှည်လက်ရှည် ချော့ရခြင်းမှာ ပျော်ဝင်နေမိပြီဖြစ်သလို ကလေးဆိုးလေးကို ညတိုင်းချော့သိပ်ရသည်ကိုလည်း နှစ်ခြိုက်နေမိပြီ။
သူမနှုတ်ခမ်းတွေ၊ ပါးနုနုလေးတွေကိုလည်း မက်မောနမ်းမိဆဲဖြစ်ကာ သူမရဲ့အရာရာကို သက်ဝင်တွယ်ငြိနေမိပြီ။
"ဦီးဘာလို့ပြုံးကြည့်နေတာလဲ စိတ်ကောက်နေတာမသိဘူးလား"
"အဲ့ဒါဆို ချော့ရမှာပေါ့ Immm..."
လက်ပိုက်နေရင်း နှုတ်ခမ်းလေးစူနေသော သူမကို ချစ်စနိုးကြည့်ရင်း ကျောဘက်မှာဖွက်ထားသည့် Albumလေး ထုတ်ပြလိုက်သည်။
ကိုင်းမျက်နှာလေးတအံ့တဩဖြစ်သွားပြီး လက်လှမ်းလာတော့ နည်းနည်းညစ်ချင်သေးတာမို့ ကိုင်းမမီအောင် လက်ကိုမြှောက်ပစ်လိုက်ရင်း..
"ညကျ ဘယ်မှာအိပ်ရမှာလဲ"
"ကိုင်းနဲ့အိပ်"
"Seaကိုအမှီလိုက်ချင်လာရင်ရော"
"ဦးနော် လောဘတွေကြီးမနေနဲ့ Seaတို့က ယူထားတာ ၂နှစ်လောက်ရှိနေပြီ ကိုင်းလည်းအဲ့ကျမှယူချင်တယ်"
"ကိုယ်က အသက်ကြီးနေပြီလေ"
"ဦးကလည်း ကိုင်း ကလေးလုပ်ချင်သေးတယ်လေ ပြောတော့ဖြင့် ကဲချင်တိုင်းကဲခွင့်ပေးမယ်ဆို"
"အဲ့ဒါဆို Seaလို၂နှစ်ပဲ လုံလောက်တယ်မလား"
လက်ထဲကAlbumကို လိုချင်နေပြီဖြစ်သော သူမလေးက ခေါင်းကိုညိတ်ပစ်လိုက်သည်မှာ ပုတ်သင်ညိုလေးအတိုင်းဖြစ်သည်။
ကိုယ်လိုချင်တာလည်းရပြီမို့ Albumကိုပေးလိုက်သည့်အခါ ကိုင်းကပျော်သွားပြီး လည်ပင်းကိုသိုင်းဖက်ကာ နှုတ်ခမ်းကိုဖိနမ်းပစ်၏။
ထိုAlbumဟာ Swiftiesတိုင်းလိုချင်ကြသော Taylor Swiftရဲ့ Midnight Albumလေးကိုး…
"ကိုင်း Orderတင်သေးတယ်သိလား မရလိုက်တော့လို့ ဦးက ဘယ်လိုဝယ်လိုက်တာလဲ"
"USက မိတ်ဆွေတစ်ယောက်ကို အကူညီတောင်းလိုက်တာလေ Midnight Albumက နှစ်လလောက်ကြိုမှာထားရတာကို"
"တကယ်တမ်း ဦးကမှ ကိုင်းရဲ့Idolပါ"
သူမရဲ့Idolဖြစ်သည့် Taylor Swiftကိုမြင်တိုင်း၊ ထိုအဆိုတော်ရဲ့သီချင်းတွေကိုကြားတိုင်း သူမကိုလွမ်းဆွတ်မိကြောင်းတော့ ထည့်မပြောဖြစ်တော့ပါ။
ဒီAlbumကိုမှာခဲ့တာကလည်း သူမ လိုချင်မှာမှန်းသိနေ၍ဖြစ်ကာ လူချင်းမတွေ့ရင်တောင် တိတ်တဆိတ်ပို့ပေးဖို့ စိတ်ကူးထားပြီးသားဖြစ်သည်။
"ဦးသိလား ဒီထဲမှာပါတဲ့ Midnight Rainက ကိုင်းတို့နဲ့တူတယ်သိလား ဦး"
"အင်း အဲ့ဒီသီချင်းကိုကြားတော့ မင်းကိုပိုလွမ်းတယ် ဒါပေမယ့် ခုလိုဖြစ်သွားမယ်တော့ မထင်ခဲ့ဘူး"
သူမ စိတ်မကောင်းဖြစ်သွားသလို မျက်နှာလေးပျက်သွားရင်း ရင်ခွင်ထဲတိုးဝင်လာတော့ သူမကိုထွေးပွေ့ဖက်ထားလိုက်ရင်း ဆံပင်တွေထဲ တိုးဝှေ့နမ်းရှိုက်မိသည်။
ဆံပင်တွေရှည်တုန်းကလည်း ထိုဆံပင်ရှည်တွေကို မြတ်နိုးရသလို ဆံပင်တွေတိုသွားတော့လည်း မြတ်နိုးရပြန်သည်။
"ကိုင်း တောင်းပန်ပါတယ် နောက်ခါအဲ့လိုမျိုး စကားကိုထင်သလိုမပြောတော့ဘူး ကိုင်းပြောခဲ့ရင်တောင် ဦးကဆွဲထားပေးလေ နော်.."
"တစ်သက်လုံးဆွဲထားမယ်ဆိုရင်ရော မင်း ကိုယ်နဲ့နေမှာလား"
"ဟုတ်"
ရင်ဘတ်ပေါ်ဖွဖွလေးထိကပ်လာသော နှုတ်ခမ်းနွေးနွေးလေးကြောင့် အသည်းယားသွားပြီး ထိုနှုတ်ခမ်းလေးကို ငုံထွေးနမ်းရှိုက်ပစ်လိုက်သည်။
"ကိုယ်မင်းကို လိုချင်တယ် ကိုင်း"
"ဦး.. သူများကိုအဲ့လိုပြောပြောပြီး.."
"ဟုတ်တယ် အခုလည်းပြောနေပြန်ပြီ"
"ဟင့်အင်း ပြန်ချပေး"
သူ့လက်ပေါ်စွေ့ခနဲပါလာသည့် ခန္ဓာကိုယ်သေးသေးလေးကြောင့် ရင်ထဲကြည်နူးသွားကာ မွေ့ရာဆီလှည့်ထွက်လာခဲ့သည်။
မျက်စောင်းလေးချီနေသည့်သူမက နှာခေါင်းလေးရှုံ့ပြရင်း သူ့ကိုမော့ကြည့်ကာ…
"ကိုင်းရေမချိုးရသေးဘူး"
"ရတယ် ကိုယ်မရွံတတ်ဘူး"
သူမကိုမွေ့ရာပေါ်အသာလေးချလိုက်ကာ အငြင်းစကားတွေ ထွက်မလာခင် နှုတ်ခမ်းလေးကို နောက်တစ်ကြိမ် စုပ်ယူနမ်းရှိုက်ပစ်လိုက်သည်။
မထိတွေ့ရတာကြာပြီဖြစ်သော သူမကိုယ်လေး၏ နွေးထွေးနူးညံ့မှုတွေသည် Amsterdamညတွေကို ပြန်သတိရသွားစေသည်။
သွေးတွေဆူပွက်လာရ၍ လည်တိုင်နုနုလေးကို ဖိနှစ်နမ်းပစ်ရင်း…
"မင်းကိုပဲ ကိုယ်ထိတွေ့ချင်တာ ချာတိတ် မျက်လုံးထဲ ဘယ်လိုအလှမျိုးမှ မတိုးတော့တဲ့အထိ မင်းကိုပဲမြင်နေမိတာ"
"ဦးနော်"
"ချစ်တယ်"
Hello Kittyရုပ်လေးတွေပါသည့် သူမရဲ့ညဝတ်အင်္ကျီကို ဆွဲဖယ်ပစ်လိုက်တော့ ကိုင်းရှက်သွားသလို သူ့ကိုထုနှက်နေ၍ ထိုလက်ကလေးတွေကို မွေ့ယာခင်းပေါ်ဖိချုပ်ထားလိုက်သည်။
နှုတ်ခမ်းလေးကို ပြင်းရှစွာစုပ်ယူနမ်းကာ တစ်ချိန်လုံးတောင့်တခဲ့ရသည့် သူမကိုတင်းတင်းဖက်ကာ အချစ်ကြမ်းပစ်ဖို့ကြိုးစားမိသည်။
"ဦး.. နာတယ်"
"ခဏခဏဖြစ်နေတာကို ဘာလို့နာနေသေးတာလဲ ခလေးရာ Sorry ကိုယ်ဖြည်းဖြည်းပဲသွားမယ်"
"ဦးအဲ့လိုခဏခဏဆွဲစားနေရင် ကိုင်း ဝ,လာလိမ့်မယ်တဲ့ နေသာကပြောတယ်"
"မဟုတ်တာ"
"ပုံပျက်ပန်းပျက်ကြီးဖြစ်သွားလိမ့်မယ်လို့"
"မဖြစ်ပါဘူး မနက်မှနေသာ့ကိုမေးပေးမယ်ကွာ ဒီညတစ်ခါပဲ"
မရမကချော့မော့ပြီး သူမကိုယ်ထဲအတင်းတိုးဝင်လိုက်တော့ ခေါင်းလေးမော့ကာ နှုတ်ခမ်းလေးကိုက်သွားသော သူမ..
နေသာ ဆေးထိုးလိုက်သည့်စကားကို အဟုတ်မှတ်ကာငြင်းဆန်နေပေမယ့် ခဏအကြာမှာတော့ သူမနှုတ်ခမ်းဖျားက ညည်းသံလေးတွေထွက်လာ၏။
ထိုအခါမှ သူမနှုတ်ခမ်းဖောင်းဖောင်းလေးကို တစ်ချက်ဆွဲစုပ်နမ်းပစ်လိုက်ပြီး…
"ကိုယ်က စည်းကမ်းရှိတဲ့ကောင်ပါ ကိုယ့်ခလေးလေးကို ပုံပျက်ပန်းပျက်ကြီးဖြစ်အောင်အထိ လုပ်ပါ့မလား"
"မသိဘူး"
"ပြောပြတာလေ ချစ်လွန်းလို့မှရအောင်ယူထားတာကို ထိုင်အလှမကြည့်နိုင်တော့ဘူး အဲ့လောက်သမာဓိမကောင်းဘူး"
"ဘာတွေပြောနေမှန်းလည်းမသိဘူး နှာကိုဗူးတယ် ဒီလူကြီး"
မျက်စောင်းလေးထိုးကာ ဆူပူလာသောချစ်ဇနီးလောင်းလေးကြောင့် သဘောတကျရယ်လိုက်မိရင်း လည်တိုင်လေးကိုဖိနှစ်နမ်းပစ်မိသည်။
ဒီနူးညံ့မှုတွေ၊ ဒီအထိအတွေ့တွေကို သူ မက်မောခဲ့ရ၊ စွဲလမ်းခဲ့ရတာ
သူမမှတစ်ပါး ဘယ်မိန်းမကိုမှမမြင်တော့သည်အထိ…
💞💞💞💞💞
Part 39 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~
💞 Part - 38 💞
~~~~~~~~~~~~
"ငါ့သမီးေလးေတာင္ အရြယ္ေရာက္ေနၿပီပဲ"
ေဖေဖ့စကားေၾကာင့္ အားလံုးႃပံုးစိစိျဖစ္သြားၾကၿပီး ေမေမကေတာ့ ပခံုးေတြလႈပ္ခတ္သည္အထိ ႀကိတ္ရယ္ေန၏။
သမီးကိုအလြန္ခ်စ္တတ္သၫ့္အေဖတိုင္း ဒါမ်ိဳးလားေတာ့မသိဘဲ ေဖေဖကေတာ့ မ်က္ႏွာသိပ္မေကာင္းသလို ကိုင္းကိုပဲ တၾကၫ့္ၾကၫ့္ျဖစ္ေနသည္။
ကိုင္းတို႔ဘက္က ဦးၿမဲနဲ႔ အန္တီအိမ္မက္တို႔ပါၿပီး ဦးဘက္က တျခားလူႀကီးေတြပါလာကာ ထိုသူေတြက ဦးရဲ့ေဆြမ်ိဳးေတျြဖစ္သည္တဲ့။
ဦးက တစ္ဦးတည္းေသာသားျဖစ္သၫ့္အျပင္ ဦးရဲ့အေဖတို႔ကလည္း ကေလးမရေတာ့တာမို႔ ျပင္ဦးလြင္ကၿခံေတြကို ကိုင္းနာမည္ႏွင့္စာခ်ဳပ္ေပးသည္။
လက္ရိွ ဦးလုပ္ေနေသာ လုပ္ငန္းေတြကအစ ဦးနဲ႔ကိုင္းအတြက္ လက္ဖဲြ႔မည္ဆို၏။
"မင္းကိုပိုင္ၿပီေနာ္"
လူႀကီးေတြစကားေျပာေနတုန္း တိုးတိုးေလးကပ္ေျပာလာ၍ ကိုင္းပခံုးေလးတြန႔္ျပကာ ဦးလက္ကိုမသိမသာဆဲြဆိတ္ပစ္လိုက္သည္။
ရွပ္လက္ရွည္အျဖဴႏွင့္ ပိုးပုဆိုးဝတ္ထားသၫ့္ဦးက ခါတိုင္းထက္ပိုၿပီးၾကၫ့္ေကာင္းေနကာ စေတြ့ခဲ့စဥ္ကလို ခမ္းနားထည္ဝါေန၏။
ထိုအခ်ိန္ကတည္းက Crushခဲ့ရသၫ့္ဒီလူႀကီးကို တစ္သက္လံုးေပါင္းသြားရေတာ့မွာမို႔ ေပ်ာ္လည္းေပ်ာ္မိသလို ရွက္လည္းရွက္ေနမိသည္။
"ခ်ာတိတ္အေဖက သေဘာတူလို႔ေတာ္ေသးတယ္ေနာ္ ကိုယ္ဆဲြအထိုးခံရၿပီမွတ္ေနတာ"
"ေဖေဖက ကိုင္းကိုခ်စ္လို႔ပါ ၿပီးေတာ့ ဦးကလည္း ကိုင္းကိုအသည္းခဲြသြားတာေလ"
"Aww ဟုတ္လား"
"အင္းေလ အဲ့ဒါေၾကာင့္မို႔ကိုင္းလက္ခံလိုက္တာ မူၿပီးျငင္းလိုက္ရင္ ေနာက္ထပ္ေစ့စပ္ေနမွာစိုးလို႔"
"မင္းေနာ္ နာေတာ့မယ္"
"ဟုတ္တယ္ေလ ကိုင္းဆိုေနာက္တစ္ေယာက္ေျပာင္းဖို႔ လြယ္မွမလြယ္တာ ဦးကမွ"
"ကဲ.. ဟုတ္ပါၿပီ အဲ့ဒီအျပစ္ႀကီးအတြက္ တစ္သက္လံုး ခင္ဗ်ားေလးကို ျပဳစုယုယသြားပါ့မယ္ ေက်နပ္ၿပီလား"
ကိုင္း ေခါင္းေလးညိတ္ျပလိုက္သၫ့္အခါ ဦးက ကိုင္းလက္ကေလးကို တင္းတင္းေလးဖိဆုပ္ကိုင္ထားလိုက္ေတာ့ ရင္ထဲေနြးေထြးသြားသလိုပင္။
ဦးေျပာခဲ့သၫ့္အတိုင္း ေျပာရမယ္ဆို
ကိုင္းသည္လည္း တစ္ေယာက္ေယာက္ကိုခ်စ္ခဲ့သည္၊ ခ်စ္လည္းခ်စ္ေနဆဲျဖစ္ကာ
ထိုလူဟာ ေနမင္းမဟာဆိုေသာ ဦးအစုတ္ပလုတ္ႀကီးသာျဖစ္ပါ၏။
💞💞💞💞💞
"ကိုင္း နင္ ဝိတ္ေလ်ွာ့ဦး အခုေတာင္ဗိုက္ေခါက္ထြက္ေနၿပီ"
မ ကို ေမးဆတ္ျပရင္း မ လက္ထဲကအာလူးေၾကာ္ဘူးကိုဆဲြယူလိုက္ေတာ့ မ က ဘာမျွပန္မေျပာဘဲ ဗိုက္ကိုတစ္ခ်က္ငံု႔ၾကၫ့္သည္။
ထိုအခါ ေနေနကလည္း တခစ္ခစ္ရယ္ကာ သူ႔လက္ထဲကအားလူးေၾကာ္ကို တစ္ခုလွမ္းယူစားရင္း...
"ဟုတ္တယ္ အရင္တုန္းက သူ႔ခါးဆိုဒ္က 27ပဲရိွတာ အခုက် 29ေတာင္ရိွေနၿပီ"
"အဲ့ေလာက္ေလးနဲ႔မ်ား"
"အဲ့ေလာက္ေလးနဲ႔လုပ္မေနနဲ႔ ကိုင္း မဂၤလာပဲြဆိုတာ မိန္းကေလးတစ္ေယာက္ရဲ့အလွဆံုးအခ်ိန္ပဲ နင္ဗိုက္ပူေနမွေတာ့ ဘယ္လိုလုပ္ၿပီး.."
"ေယာက်ာ္းရၿပီဥစၥာ အဲ့ေလာက္ထိ လွစရာမလိုေတာ့ပါဘူး နင္တို႔ဆိုသည္မွာကလည္း"
"အိမ္ေထာင္သည္က ပိုၿပီးလွေနသင့္တာ မၾကားဖူးဘူးလား အိမ္ေထာင္ဦးစီးက ေန့တိုင္းအျပင္မွာ အလွပေဂးေတြ ေတြ့ေနရတာ နင္ကအိမ္မွာေနၿပီး ရဲြပလဲေနရင္ အဟြန္း.. ဒီတစ္ခါ ေယာက္ဖဘက္ကေဟ့"
သူ႔စကားေၾကာင့္ မ မ်က္ႏွာေလးပ်က္သြားၿပီး ႏႈတ္ခမ္းေလးစူေထာ္သြားၿပီး ေဘးနားမွာခ်ထားသၫ့္မုန႔္ေတြဆီ အၾကၫ့္ေရာက္သြား၏။
မ အလွအပႀကိဳက္တာ သူတို႔အသိဆံုးျဖစ္ကာ အခုလည္း ဝိုင္းၾကပ္ေနမွန္းသတိမထားမိေတာ့သည္အထိ စိတ္ညစ္သြားပံုရသည္။
"နင္တို႔စားလိုက္ေတာ့"
သူနဲ႔ေနသာ တစ္ေယာက္ကိုတစ္ေယာက္ၾကၫ့္ရင္း ႃပံုးလိုက္ၾကကာ မ ေဘးကမုန႔္ေတြကို တေပြ့တပိုက္ႀကီးယူၿပီး မသိမသာလက္သီးခ်င္းတိုက္လိုက္ၾက၏။
အခုေန မ သည္ေလ့က်င့္ခန္းေတြလုပ္ဖို႔ စဥ္းစားေနေလာက္ၿပီမို႔ အေတြးျဖင့္ႀကိတ္ႃပံုးေနတုန္း ေယာက္ဖက အထုတ္ေတြဆဲြကာ ေရာက္လာေတာ့သည္။
"လာပါဦး ရွင့္ကိုေစာင့္ေနတာ"
"ဘာလဲ မုန႔္ေတြမစားဘူးလား ကေလးမွာတာအကုန္ဝယ္ခဲ့ပါတယ္ ဘာက်န္လို႔လဲ"
ျပာယာခတ္သြားသၫ့္ေယာက္ဖေၾကာင့္ မ ႏႈတ္ခမ္းကပိုၿပီးစူေထာ္သြားကာ သူကေတာ့ ေနသာ့ကိုမ်က္စပစ္ျပၿပီး ႀကိတ္ရယ္မိၾကျပန္သည္။
သူတို႔လင္မယားႏွစ္ေယာက္လံုး မုန႔္ဖိုးအျဖတ္ခံရတာ ဒင္းေၾကာင့္မလား…
"ဦး ကိုင္းကိုစိတ္ကုန္ေနၿပီမလား"
"ဘာလို႔ကုန္ရမွာလဲ ကေလးရာ ကိုယ့္မွာအခုထိခ်စ္လို႔မဝေသးတာ"
"သူမ်ားကို ဝိတ္ေတြတက္ ဗိုက္ပူလာေအာင္လုပ္ၿပီး အျပင္မွာအလွပေဂးေလးေတြနဲ႔ ေတြ့ခ်င္လို႔ေပါ့"
"အလွပေဂးက ကိုယ့္ေရ႔ွမွာထိုင္ေနတယ္ေလ ဘယ္သူနဲ႔ထပ္ေတြ့ရဦးမွာလဲ"
ေယာက္ဖစကားေၾကာင့္ မ မ်က္ႏွာေလးႃပံုးေယာင္သမ္းသြားၿပီး ေၾကာင္ေပါက္စနေလးလိုခၽဲြႏဲြ႔ကာ သူတို႔ႏွစ္ေယာက္ကို ျပန္ၾကၫ့္၏။
ထိုအၾကၫ့္ေတြက ေယာက္ဖျပန္သြားမွ သူတို႔ႏွစ္ေယာက္ကို လိုက္လုပ္သဝာ္ေတာ့မၫ့္အၾကၫ့္ေတြ…
"မနာလိုသူတခ်ိဳ႕က ကိုင္းကိုဂုန္းေခ်ာေနၾကလို႔"
"အံမာ.. ဘာမနာလိုသူလဲ နင့္ေၾကာင့္ ငါတို႔ႏွစ္ေယာက္လံုး မုန႔္ဖိုးအျဖတ္ခံလိုက္ရတာေလ"
"ေအးေလဟယ္ ေက်းဇူးတရားကိုမွ မေထာက္ထား S3ကဝင္ေငြလည္း သူပဲလက္ဝါးႀကီးအုပ္ထားတာ ဒီမွာေခြးျဖစ္ေနၿပီသိလား ေယာင္းမစုတ္"
"လက္ဝါးႀကီးအုပ္တာမဟုတ္ပါဘူး ဆိုင္ျပန္ျပင္ဖို႔ပါ ဟီး.."
"သူ႔ေျပာလိုက္ရင္ ဆင္ေျခေတြခ်ည္းပဲ"
ေယာက္ဖကေတာ့ သူတို႔၃ေယာက္ကိုႃပံုးၾကၫ့္ေနခဲ့ကာ ဘာမွဝင္မေျပာဘဲ မ ကိုသာ အရိပ္တၾကၫ့္ၾကၫ့္ျဖစ္ေနသည္။
အားလံုးရဲ့ပိတ္ရက္မို႔ တိုက္ခန္းမွာပဲဆံုျဖစ္ကာ မဂၤလာဝတ္စံုအတြက္တိုင္ပင္ၾကရင္း ေနသာနဲ႔ မ က ကတ္တေလာက္ေတြႏွင့္ရႈပ္ေန၏။
သူကလည္း အလင္းတန္းမွာ အလုပ္ဝင္ေနၿပီမို႔ ေယာက္ဖႏွင့္ အလုပ္အေၾကာင္း စပ္မိစပ္ရာေျပာရင္း မ ရဲ့အသံက က်ယ္ေလာင္စြာ ထြက္ေပၚလာသည္။
"Sea လာဦး ေနသာအန္ေနလို႔"
သူ ထိတ္ခနဲျဖစ္သြားကာ တစ္ဆက္တည္းေတြးမိသြားေသာ အေတြးတစ္ခုေၾကာင့္ ႃပံုးႃပံုးႀကီးျဖစ္သြားမိသည္။
အခန္းထဲျပန္ဝင္လာခဲ့ေတာ့ ေနေနက ေဘစင္မွာအန္ေနကာ မ က ေနသာ့ပခံုးေတြကိုႏိွပ္ေပးရင္း စိုးရိမ္ထိတ္လန႔္ေနပံု။
"နင္က ဘာလို႔ရယ္ေနတာလဲ ေခြးစုတ္ရဲ့"
မ ရဲ့ ေဒါသျမားဦးက သူ႔ဆီေရာက္လာသလို ေနသာ့ကိုႏိွပ္ေပးရင္း ေျခေထာက္ကို လွမ္းကန္ေသးသည္။
သူ ဘာမွမေျပာဘဲရယ္ေနမိရင္း ေနသာ့ဆံပင္ေတြကို ဆဲြဖြလိုက္သၫ့္အခါ ေနသာက ခပ္တိုးတိုးက်ိန္ဆဲေလ၏။
"မေကာင္းတဲ့အေကာင္ နင့္ေၾကာင့္မို႔"
"နင္အရင္ပူဆာတာပါ မိန္းမရယ္"
သူရယ္ရင္း ေနသာ့ပခံုးေလးကို သိမ္းဖက္ပစ္လိုက္သၫ့္အခါ ေနသာက ရင္ခြင္ထဲေခါင္းေလးတိုးဝင္ရင္း မ်က္ေစာင္းေလးခ်ီသည္။
ေယာက္ဖကေတာ့ နားလည္သလိုႃပံုးေနေပမယ့္ မ ကေတာ့ အူေၾကာင္ေၾကာင္ျဖင့္ ရပ္ၾကၫ့္ေနဆဲ။
"ကိုင္း ျပန္ရေအာင္"
"ေနသာမွ ေနမေကာင္းတာ မျပန္ေသးပါဘူး ဦးကလည္း အလိုက္ကမ္းဆိုးမသိ"
"မင္းကမွမသိတတ္တာ လာပါ ျပန္မယ္"
မ ကိုေကာက္ေပြ့ၿပီး လွၫ့္ထြက္သြားေသာေယာက္ဖကိုၾကၫ့္ကာ သူ ေက်ေက်နပ္နပ္ႃပံုးမိၿပီး ေနသာ့မ်က္ႏွာေလးကို တစ္ဝႀကီးနမ္းပစ္လိုက္သည္။
ရွက္ကိုးရွက္ကန္းျဖင့္ သူ႔ရင္ဘတ္ကိုထုႏွက္ကာ သူမ ႏႈတ္ခမ္းေလးကိုက္ေတာ့ ရင္ခုန္သံေတြ ပရမ္းပတာျဖစ္ကုန္သည္။
"ခုေနမ်ား နင့္ကိုစားရင္ အမႊာေလးျဖစ္သြားမလားမသိဘူး"
"နင္ေနာ္ ႏွာဘူးမထနဲ႔"
"လာပါ ဒီတစ္ခါတည္းပါ"
သူမကိုေကာက္ေပြ့ခ်ီလိုက္သၫ့္အခါ ရယ္သံေလးႏွင့္အတူ လည္ပင္းကိုသိုင္းဖက္လာ၍ သူမႏႈတ္ခမ္းေလးကို နမ္းပစ္လိုက္သည္။
ႏွစ္ေယာက္တည္းသာရိွေတာ့သၫ့္ တိုက္ခန္းေလးမွာ အခ်စ္ရနံ႔ေတြ ထံုသင္းေမႊးပ်ံ႔ေနခဲ့လ်က္…
💞💞💞💞💞
မဂၤလာပဲြအတြက္ အခ်ိန္တစ္လနီးပါးလိုေသးတာမို႔ ကိုင္းရဲ့မိဘေတြက Singaporeကို ခဏျပန္သြားၾကၿပီး ဒီခ်ာတိတ္ေလးကိုအပိုင္သိမ္းကာ သူ႔အိမ္ေခၚထားျခင္းျဖစ္သည္။
ေမေမကလည္း သူမကိုသိပ္ခ်စ္တာမို႔ သူမသည္ ခၽြေးမဆိုတာထက္ သမီးတစ္ေယာက္လိုျဖစ္ေနေတာ့၏။
"သမီး ေမေမအျပင္ေရာက္လို႔ မုန႔္ဝယ္လာခဲ့တယ္ Freezerထဲမွာေနာ္"
"ငါ့သမီးဝတ္တတ္တယ္ဆိုလို႔ ဝယ္လာတယ္"
ဆိုေသာဂရုစိုက္မႈေတြၾကားမွာ ဒီကေလးမေလး ေပ်ာ္ေနတာမို႔ သူ႔မွာေက်နပ္ရပါေသးသည္။
ေမေမက အလိုလိုက္ထားသၫ့္အခါ ကိုင္းက သူ႔အေပၚပိုဆိုးလာၿပီး အခုလည္းဇြတ္ျပန္ေခၚလာ၍ စိတ္ေကာက္ၿပီး ႏႈတ္ခမ္းစူေနေတာ့၏။
"မေက်နပ္ဘူးသိလား ေနသာ့မွာကိုယ္ဝန္ရိွေနတယ္ဆိုလည္း အဲ့လိုေျပာပါ့လား ဒါဆိုကိုင္းက ေနသာ့ကိုပိုၿပီးအေဖာ္လုပ္ေပးမွာေပါ့"
"အာ!! ခ်ာတိတ္ကလည္း သူတို႔ခ်င္းလည္း ခ်စ္ၾကည္ႏူး တစ္တီတူးခ်င္မွာေပါ့ ကိုယ့္မွာေတာင္ အဲ့လိုစိတ္ရိွေသးတာ Seaဆိုပိုရိွမွာေပါ့"
"ဦးကိုက ႏွာဘူးက်တာပါ ဒီညဘုရားခန္းသြားအိပ္ ကိုင္းနဲ႔လာမအိပ္နဲ႔"
"မီးပိတ္ပစ္မွာေနာ္"
"Snowballရိွတယ္ မေၾကာက္ပါဘူး ဟြန႔္.. ေယာက်ာ္းေတြမ်ား မရခင္တမ်ိဳး ရၿပီးတမ်ိဳး.. အေျပာင္းအလဲကျမန္ပါ့"
"ဟုတ္တယ္ မရခင္ကေတာ့ တစ္ခါတစ္ေလမွစားခ်င္တာ ရၿပီးသြားေတာ့ ေန့တိုင္းစားခ်င္လာေရာ"
"ဦးေနာ္"
သူ စပ္ၿဖဲျဖဲလုပ္ေနသည္ကို သူမေလးက ၾကၫ့္မရေတာ့ဘဲ ရင္ဘတ္ကိုအတင္းတြန္းပစ္ကာ မ်က္ေစာင္းထိုးေနေတာ့သည္။
EXကိုျပန္တဲြရျခင္းေရာ၊ လက္ထပ္ခြင့္ရျခင္းကေရာ သူ႔အတြက္မွတ္မွတ္ရရျဖစ္သလို ဘဝမွာမလုပ္ခဲ့ဖူးေသာအရာေတြအားလံုး သူမႏွင့္မွ လုပ္ျဖစ္ေနသည္ကလည္း စဲြမက္စရာ…
သူမစိတ္ေကာက္ေနတာကိုလည္း စိတ္ရွည္လက္ရွည္ ေခ်ာ့ရျခင္းမွာ ေပ်ာ္ဝင္ေနမိၿပီျဖစ္သလို ကေလးဆိုးေလးကို ညတိုင္းေခ်ာ့သိပ္ရသည္ကိုလည္း ႏွစ္ၿခိဳက္ေနမိၿပီ။
သူမႏႈတ္ခမ္းေတြ၊ ပါးႏုႏုေလးေတြကိုလည္း မက္ေမာနမ္းမိဆဲျဖစ္ကာ သူမရဲ့အရာရာကို သက္ဝင္တြယ္ၿငိေနမိၿပီ။
"ဦီးဘာလို႔ႃပံုးၾကၫ့္ေနတာလဲ စိတ္ေကာက္ေနတာမသိဘူးလား"
"အဲ့ဒါဆို ေခ်ာ့ရမွာေပါ့ Immm..."
လက္ပိုက္ေနရင္း ႏႈတ္ခမ္းေလးစူေနေသာ သူမကို ခ်စ္စႏိုးၾကၫ့္ရင္း ေက်ာဘက္မွာဖြက္ထားသၫ့္ Albumေလး ထုတ္ျပလိုက္သည္။
ကိုင္းမ်က္ႏွာေလးတအံ့တဩျဖစ္သြားၿပီး လက္လွမ္းလာေတာ့ နည္းနည္းညစ္ခ်င္ေသးတာမို႔ ကိုင္းမမီေအာင္ လက္ကိုၿမွောက္ပစ္လိုက္ရင္း..
"ညက် ဘယ္မွာအိပ္ရမွာလဲ"
"ကိုင္းနဲ႔အိပ္"
"Seaကိုအမွီလိုက္ခ်င္လာရင္ေရာ"
"ဦးေနာ္ ေလာဘေတြႀကီးမေနနဲ႔ Seaတို႔က ယူထားတာ ၂ႏွစ္ေလာက္ရိွေနၿပီ ကိုင္းလည္းအဲ့က်မွယူခ်င္တယ္"
"ကိုယ္က အသက္ႀကီးေနၿပီေလ"
"ဦးကလည္း ကိုင္း ကေလးလုပ္ခ်င္ေသးတယ္ေလ ေျပာေတာ့ျဖင့္ ကဲခ်င္တိုင္းကဲခြင့္ေပးမယ္ဆို"
"အဲ့ဒါဆို Seaလို၂ႏွစ္ပဲ လံုေလာက္တယ္မလား"
လက္ထဲကAlbumကို လိုခ်င္ေနၿပီျဖစ္ေသာ သူမေလးက ေခါင္းကိုညိတ္ပစ္လိုက္သည္မွာ ပုတ္သင္ညိုေလးအတိုင္းျဖစ္သည္။
ကိုယ္လိုခ်င္တာလည္းရၿပီမို႔ Albumကိုေပးလိုက္သၫ့္အခါ ကိုင္းကေပ်ာ္သြားၿပီး လည္ပင္းကိုသိုင္းဖက္ကာ ႏႈတ္ခမ္းကိုဖိနမ္းပစ္၏။
ထိုAlbumဟာ Swiftiesတိုင္းလိုခ်င္ၾကေသာ Taylor Swiftရဲ့ Midnight Albumေလးကိုး…
"ကိုင္း Orderတင္ေသးတယ္သိလား မရလိုက္ေတာ့လို႔ ဦးက ဘယ္လိုဝယ္လိုက္တာလဲ"
"USက မိတ္ေဆြတစ္ေယာက္ကို အကူညီေတာင္းလိုက္တာေလ Midnight Albumက ႏွစ္လေလာက္ႀကိဳမွာထားရတာကို"
"တကယ္တမ္း ဦးကမွ ကိုင္းရဲ့Idolပါ"
သူမရဲ့Idolျဖစ္သၫ့္ Taylor Swiftကိုျမင္တိုင္း၊ ထိုအဆိုေတာ္ရဲ့သီခ်င္းေတြကိုၾကားတိုင္း သူမကိုလြမ္းဆြတ္မိေၾကာင္းေတာ့ ထၫ့္မေျပာျဖစ္ေတာ့ပါ။
ဒီAlbumကိုမွာခဲ့တာကလည္း သူမ လိုခ်င္မွာမွန္းသိေန၍ျဖစ္ကာ လူခ်င္းမေတြ့ရင္ေတာင္ တိတ္တဆိတ္ပို႔ေပးဖို႔ စိတ္ကူးထားၿပီးသားျဖစ္သည္။
"ဦးသိလား ဒီထဲမွာပါတဲ့ Midnight Rainက ကိုင္းတို႔နဲ႔တူတယ္သိလား ဦး"
"အင္း အဲ့ဒီသီခ်င္းကိုၾကားေတာ့ မင္းကိုပိုလြမ္းတယ္ ဒါေပမယ့္ ခုလိုျဖစ္သြားမယ္ေတာ့ မထင္ခဲ့ဘူး"
သူမ စိတ္မေကာင္းျဖစ္သြားသလို မ်က္ႏွာေလးပ်က္သြားရင္း ရင္ခြင္ထဲတိုးဝင္လာေတာ့ သူမကိုေထြးေပြ့ဖက္ထားလိုက္ရင္း ဆံပင္ေတြထဲ တိုးေဝ႔ွနမ္းရိႈက္မိသည္။
ဆံပင္ေတြရွည္တုန္းကလည္း ထိုဆံပင္ရွည္ေတြကို ျမတ္ႏိုးရသလို ဆံပင္ေတြတိုသြားေတာ့လည္း ျမတ္ႏိုးရျပန္သည္။
"ကိုင္း ေတာင္းပန္ပါတယ္ ေနာက္ခါအဲ့လိုမ်ိဳး စကားကိုထင္သလိုမေျပာေတာ့ဘူး ကိုင္းေျပာခဲ့ရင္ေတာင္ ဦးကဆဲြထားေပးေလ ေနာ္.."
"တစ္သက္လံုးဆဲြထားမယ္ဆိုရင္ေရာ မင္း ကိုယ္နဲ႔ေနမွာလား"
"ဟုတ္"
ရင္ဘတ္ေပၚဖြဖြေလးထိကပ္လာေသာ ႏႈတ္ခမ္းေနြးေနြးေလးေၾကာင့္ အသည္းယားသြားၿပီး ထိုႏႈတ္ခမ္းေလးကို ငံုေထြးနမ္းရိႈက္ပစ္လိုက္သည္။
"ကိုယ္မင္းကို လိုခ်င္တယ္ ကိုင္း"
"ဦး.. သူမ်ားကိုအဲ့လိုေျပာေျပာၿပီး.."
"ဟုတ္တယ္ အခုလည္းေျပာေနျပန္ၿပီ"
"ဟင့္အင္း ျပန္ခ်ေပး"
သူ႔လက္ေပၚေစြ့ခနဲပါလာသၫ့္ ခႏၶာကိုယ္ေသးေသးေလးေၾကာင့္ ရင္ထဲၾကည္ႏူးသြားကာ ေမြ့ရာဆီလွၫ့္ထြက္လာခဲ့သည္။
မ်က္ေစာင္းေလးခ်ီေနသၫ့္သူမက ႏွာေခါင္းေလးရႈံ႔ျပရင္း သူ႔ကိုေမာ့ၾကည့္ကာ…
"ကိုင္းေရမခ်ိဳးရေသးဘူး"
"ရတယ္ ကိုယ္မရြံတတ္ဘူး"
သူမကိုေမြ့ရာေပၚအသာေလးခ်လိုက္ကာ အျငင္းစကားေတြ ထြက္မလာခင္ ႏႈတ္ခမ္းေလးကို ေနာက္တစ္ႀကိမ္ စုပ္ယူနမ္းရိႈက္ပစ္လိုက္သည္။
မထိေတြ့ရတာၾကာၿပီျဖစ္ေသာ သူမကိုယ္ေလး၏ ေနြးေထြးႏူးညံ့မႈေတြသည္ Amsterdamညေတြကို ျပန္သတိရသြားေစသည္။
ေသြးေတြဆူပြက္လာရ၍ လည္တိုင္ႏုႏုေလးကို ဖိႏွစ္နမ္းပစ္ရင္း…
"မင္းကိုပဲ ကိုယ္ထိေတြ့ခ်င္တာ ခ်ာတိတ္ မ်က္လံုးထဲ ဘယ္လိုအလွမ်ိဳးမွ မတိုးေတာ့တဲ့အထိ မင္းကိုပဲျမင္ေနမိတာ"
"ဦးေနာ္"
"ခ်စ္တယ္"
Hello Kittyရုပ္ေလးေတြပါသၫ့္ သူမရဲ့ညဝတ္အက်ႌကို ဆဲြဖယ္ပစ္လိုက္ေတာ့ ကိုင္းရွက္သြားသလို သူ႔ကိုထုႏွက္ေန၍ ထိုလက္ကေလးေတြကို ေမြ့ယာခင္းေပၚဖိခ်ဳပ္ထားလိုက္သည္။
ႏႈတ္ခမ္းေလးကို ျပင္းရွစြာစုပ္ယူနမ္းကာ တစ္ခ်ိန္လံုးေတာင့္တခဲ့ရသၫ့္ သူမကိုတင္းတင္းဖက္ကာ အခ်စ္ၾကမ္းပစ္ဖို႔ႀကိဳးစားမိသည္။
"ဦး.. နာတယ္"
"ခဏခဏျဖစ္ေနတာကို ဘာလို႔နာေနေသးတာလဲ ခေလးရာ Sorry ကိုယ္ျဖည္းျဖည္းပဲသြားမယ္"
"ဦးအဲ့လိုခဏခဏဆဲြစားေနရင္ ကိုင္း ဝ,လာလိမ့္မယ္တဲ့ ေနသာကေျပာတယ္"
"မဟုတ္တာ"
"ပံုပ်က္ပန္းပ်က္ႀကီးျဖစ္သြားလိမ့္မယ္လို႔"
"မျဖစ္ပါဘူး မနက္မွေနသာ့ကိုေမးေပးမယ္ကြာ ဒီညတစ္ခါပဲ"
မရမကေခ်ာ့ေမာ့ၿပီး သူမကိုယ္ထဲအတင္းတိုးဝင္လိုက္ေတာ့ ေခါင္းေလးေမာ့ကာ ႏႈတ္ခမ္းေလးကိုက္သြားေသာ သူမ..
ေနသာ ေဆးထိုးလိုက္သၫ့္စကားကို အဟုတ္မွတ္ကာျငင္းဆန္ေနေပမယ့္ ခဏအၾကာမွာေတာ့ သူမႏႈတ္ခမ္းဖ်ားက ညည္းသံေလးေတြထြက္လာ၏။
ထိုအခါမွ သူမႏႈတ္ခမ္းေဖာင္းေဖာင္းေလးကို တစ္ခ်က္ဆဲြစုပ္နမ္းပစ္လိုက္ၿပီး…
"ကိုယ္က စည္းကမ္းရိွတဲ့ေကာင္ပါ ကိုယ့္ခေလးေလးကို ပံုပ်က္ပန္းပ်က္ႀကီးျဖစ္ေအာင္အထိ လုပ္ပါ့မလား"
"မသိဘူး"
"ေျပာျပတာေလ ခ်စ္လြန္းလို႔မွရေအာင္ယူထားတာကို ထိုင္အလွမၾကၫ့္ႏိုင္ေတာ့ဘူး အဲ့ေလာက္သမာဓိမေကာင္းဘူး"
"ဘာေတြေျပာေနမွန္းလည္းမသိဘူး ႏွာကိုဗူးတယ္ ဒီလူႀကီး"
မ်က္ေစာင္းေလးထိုးကာ ဆူပူလာေသာခ်စ္ဇနီးေလာင္းေလးေၾကာင့္ သေဘာတက်ရယ္လိုက္မိရင္း လည္တိုင္ေလးကိုဖိႏွစ္နမ္းပစ္မိသည္။
ဒီႏူးညံ့မႈေတြ၊ ဒီအထိအေတြ့ေတြကို သူ မက္ေမာခဲ့ရ၊ စဲြလမ္းခဲ့ရတာ
သူမမွတစ္ပါး ဘယ္မိန္းမကိုမွမျမင္ေတာ့သည္အထိ…
💞💞💞💞💞
Part 39 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997