ပြန်လိုချင်တယ် (Completed) OC

By Eaint_Shin_Sitt

1.4M 40.8K 2.6K

"မင်း အဲ့သလောက် တိုနှံ့နှံ့လေးတွေဝတ်ပြီး ပွတ်သီးပွတ်သပ်လုပ်ပြရတာကြိုက်နေလား" "ကြိုက်တယ် ကျွန်မဟာကျွန်မကြိုက်လ... More

ခဏ
Part (1) Uni/Zawgyi
Part (2) Uni/Zawgyi
Part (3) Uni/Zawgyi
Part (4) Uni/Zawgyi
Part (5) Uni/Zawgyi
Part (6) Uni/Zawgyi
Part (7) Uni/Zawgyi
Part (8) Uni/Zawgyi
Part (9) Uni/Zawgyi
Part (10) Uni/Zawgyi
Part (11) Uni/Zawgyi
Part (12) Uni/Zawgyi
Part (13) Uni/Zawgyi
Part (14) Uni/Zawgyi
Part (15) Uni/Zawgyi
Part (16) Uni/Zawgyi
Part (17) Uni/Zawgyi
Part (18) Uni/Zawgyi
Part (19) Uni/Zawgyi
Part (20) Uni/Zawgyi
Part (21) Uni/Zawgyi
Part (22) Uni/Zawgyi
Part (23) Uni/Zawgyi
Part (24) Uni/Zawgyi
Part (25) Uni/Zawgyi
Part (26) Uni/Zawgyi
Part (27) Uni/Zawgyi
Part (28) Uni/Zawgyi
Part (29) Uni/Zawgyi
Part (30) Uni/Zawgyi
Part (31) Uni/Zawgyi
Part (32) Uni/Zawgyi
Part (33) Uni/Zawgyi
Part (34) Uni/Zawgyi
Part (35) Uni/Zawgyi
Part (36) Uni/Zawgyi
Part (37) Uni/Zawgyi
Part (38) Uni/Zawgyi
Part (39) Uni/Zawgyi
Part (40) Uni/Zawgyi
Part (42) Uni/Zawgyi
Part (43) Uni/Zawgyi
Part (44) Uni/Zawgyi
Part (45) Uni/Zawgyi
Part (46) Uni/Zawgyi
Part (47) Uni/Zawgyi
Part (48) Uni/Zawgyi
Part (49) Uni/Zawgyi
Final Part Uni/Zawgyi

Part (41) Uni/Zawgyi

21.8K 789 21
By Eaint_Shin_Sitt

ပြန်လိုချင်တယ်

အပိုင်း (41)

ဒီနေ့ ခင်သက်လာပါ့မလားဟု နေပိုင်ထွဋ် မတည်မငြိမ်နှင့်စိုးရိမ်စွာပူပင်နေရသည်။

ဒီနေ့ဟာရုံးချိန်းနေ့ဖြစ်သည်။ ခင်သက်မလာလျှင်ဒီအမှုဟာဖြစ်မြောက်မည်မဟုတ်။

ဟေမာန်ထွဋ်ကလည်း အသရေဖျက်မှုနှင့်တရားပြန်စွဲမည်ဖြစ်ကြောင်း နေပိုင်ထွဋ်ကိုကြုံးဝါးထားတာဖြစ်သည်။

သတ်မှတ်ထားသောအချိန်ဆီသို့ရောက်ဖို့ရန် နာရီဝက်တောင်မလိုတော့တာမို့ သက်ဆိုင်သူအတော်အများလည်း တရားရုံး၌ရောက်နှင့်ကြပြီးဖြစ်သည်။

ပရိတ်သတ်ထဲမှာ ခင်သက်၏အမေနှင့်အစ်မတင်မက ယမင်းလွင်လည်းရောက်ရှိနေပြီဖြစ်သည်။ နေပိုင်ထွဋ်၏သူငယ်ချင်းများကိုတော့မတွေ့ရ။ ဒီကောင်တွေကိုမလာခဲ့ဖို့နေပိုင်ထွဋ်ကိုယ်တိုင်မှာကြားထားခဲ့တာဖြစ်သည်။

ဒီအမှုကိုကြားကြားချင်း ဒေါ်ချောစုရောမာလာတင်ရောသွေးတက်ခဲ့ကြတာဖြစ်သည်။ ဒေါ်ချောစုဆိုလျှင်နှလုံးရောဂါအခံကြောင့်မူးပါလဲခဲ့ရတာဖြစ်ပြီး ရုံးချိန်းသို့လည်းမလိုက်လာရန်မာလာတင်ကတားမြစ်ပေမဲ့ ခင်သက်တင်၏အမေဖြစ်သည့်အတွက်ခေါင်းမာခြင်းကိုတော့မာလာတင်တစ်ယောက်လက်ဖျားခါရသည်။

သူ့သမီးကိုသူကိုယ်တိုင်လာအားပေးမည်။ ၂ လလောက်မတွေ့ရတဲ့သမီးဖြစ်သူကိုတွေ့ချင်သည်ဟူ၍ မာလာတင်နှင့်ဇွတ်လိုက်လာခဲ့တာဖြစ်သည်။

နေပိုင်ထွဋ်အနေနဲ့ ယောက္ခမနှင့်မရီးကိုအတော်လေးမျက်နှာပူပြီးအားနာရသည်။

ဟုတ်သည်။သူသည် ခင်သက်တင်၏တရားဝင် ခင်ပွန်းတစ်ယောက်ဖြစ်ပါလျှက် ဤကဲ့သို့သောကိစ္စမျိုးကိုတစ်နှစ်ကြာသည်အထိမသိခဲ့ရတာဟာ အတော်လေး ရုပ်ပေါက်လွန်းလှသည်။

မျက်နှာတောင်မပြဝံ့ပေမဲ့ ယောက္ခမနှင့်မရီးကိုတော့နှုတ်ဆက်ရပေဦးမည်။ နေပိုင်ထွဋ်အားသိပ်လိုလိုချင်ချင်မရှိ။မကြည်ဖြူသောမျက်နှာထားနှင့်မရီးကြောင့် နေပိုင်ထွဋ်အနေခက်ရသည်။ ဒေါ်ချောစုကတော့သိပ်စကားမပြောပေမဲ့ အလိုက်အထိုက်တော့နှုတ်ဆက်၏။

အားလုံးဟာ ဒီအမှုအား ခင်သက်၏ခွင့်ပြုချက်နှင့်နေပိုင်ထွဋ်တရားစွဲထားသည်ဟုသာထင်နေကြသောကြောင့် နေပိုင်ထွဋ်နဲ့အတူခင်သက်လည်းပါလာလိမ့်မည် သို့မဟုတ် ပါလာပြီးသားဟုထင်နေကြလေသည်။

တကယ်တော့နေပိုင်ထွဋ်သည် ခင်သက်ကိုအသိပဲပေးခဲ့ပြီးသူကိုယ်တိုင်သာသက်သေနှင့်ရှေ့နေများကိုရှာဖွေရင်းတရားစွဲဆိုထားခဲ့တာဖြစ်သည်။ ထို့ကြောင့်ခင်သက်ရောက်လာ၊မလာကိုစိတ်ပူနေသူဟာဒီတရားခွင်တစ်ခုလုံးမှာနေပိုင်ထွဋ်တစ်ယောက်သာရှိလေသည်။

ရုံး၌ အားလုံးသူ့နေရာနှင့်သူထိုင်ပြီးကြ၍ တရားစီရင်မှုစတင်တော့မှာဖြစ်သည်။ ထို့​ကြောင့်နေပိုင်ထွဋ်ရဲ့ရှေ့နေဖြစ်သူ ဦးမြတ်သူရက

"မခင်သက်တင်မလာသေးဘူးလား ကိုနေထွဋ်"

ဟု နေပိုင်ထွဋ်အားခပ်တိုးတိုးကပ်မေးလိုက်သည်။

တရားခံဘက်ကလည်းအသင့်ဖြစ်နေ၍ ဟေမာန်ထွဋ်ကလည်းနေပိုင်ထွဋ်ကိုလှမ်းကြည့်နေသည်။ ကျော်ဇောလင်းကတော့ တရားခံ၏နေရာမှာအနည်းငယ်တုန်လှုပ်နေဟန်နဲ့ရှိနေလေ၏။

နေပိုင်ထွဋ်လည်းခင်သက်မရောက်သေးတာမို့ ဇောချွေးတွေပါပြန်လာပြီး ရှေ့နေကိုလည်းပြန်မဖြေနိုင်ဘဲရုံးတစ်ခုလုံးကိုကျီးကန်းတောင်းမှောက်လိုက်ကြည့်နေမိသည်။

မတည်မငြိမ်ဖြစ်နေတဲ့နေပိုင်ထွဋ်အားကြည့်ပြီး ယမင်းနှင့်မာလာတင်တို့လည်းသံသယဝင်လာသည်။ ခင်သက်ကလည်းအခုထိရောက်မလာသေးသောကြောင့်အချင်းချင်းလည်းတီးတိုးပြောနေကြလေ၏။

ဟေမာန်ထွဋ်ကတော့ နေပိုင်ထွဋ်ရဲ့အခြေအနေကိုကြည့်ပြီး ယုံကြည်ချက်ရှိနေပုံမပေါ်တာမို့ သူမကျော်ဇောလင်းကိုပဲယုံကြည်သင့်သည်ဟုကိုယ့်ကိုယ်ကိုယ်အားပေးလိုက်ပါသည်။ သူမ၏ခင်ပွန်းဖြစ်သူအားတစ်ချက်ပြုံးပြ၍အားပေးလိုက်တော့ကျော်ဇောလင်းကမပြုံးနိုင်ဘဲရှိနေလေသည်။

အားလုံးရှေ့မှာရှိနေသောတရားသူကြီးကလည်းနာရီကိုတစ်ချက်ကြည့်ပြီးသူ၏ဘေးမှာရှိနေသူအားအခြေအနေကိုတစ်ချက်မေးကြည့်ဖို့အချက်ပြလိုက်သည်။

ထိုစဥ် ကြမ်းပြင်ပေါ်ကဒေါက်ဖိနပ်သံ တဂွက်ဂွက်ကြောင့်အားလုံးကရုံးတံခါးဘက်သို့လှည့်ကြည့်လိုက်သည်။

တရားခွင်သို့ တစ်လှမ်းချင်းလှမ်းပြီး ဝင်လာနေသူသည်အနက်ရောင် Dressကို ဝတ်ထားပြီးသားရေလက်ကိုင်အိတ်အနက်ရောင်ကိုတံတောင်ဆစ်မှာချိတ်၍ နေကာမျက်မှန်အမဲရောင်တပ်ထားလျှက် အဖျားလိပ်သောဆံပင်ရှည်ကြီးကျောဘက်မှာပျော့အိကျနေစွာရှိနေသော နှုတ်ခမ်းနီအနီရောင်ဆိုးထားသည့် ဤအမှုရဲ့အဓိကသက်ဆိုင်သူ Victim ခင်သက်တင်သာဖြစ်သည်။

နေပိုင်ထွဋ်လည်း သူနဲ့အနီးဆုံးနေရာသို့ တစ်လှမ်းချင်းယုံကြည်မှုရှိရှိလျှောက်လာသော ဇနီးဖြစ်သူကိုမြင်ရမှ စိုးရိမ်ပူပန်မှုတွေက အားလုံးလွင့်စင်သွားရလေသည်။

ခင်သက်ကဘယ်သူ့ကိုမှနှုတ်မဆက်ဘဲမျက်မှန်ကိုချွတ်ကာသူမရဲ့လက်ကိုင်အိတ်ထဲထည့်ပြီးရှေ့နေ၏ဘေးမှာဝင်ထိုင်လိုက်လေသည်။

မေးခွန်းများတစ်လှည့်စီမေးရင်း ပယ်ချခြင်း ငြင်းပယ်အချို့နှင့်အတူ ခင်သက်ဆီသို့လည်း တရားသူကြီး၏မေးခွန်းကရောက်ရှိလာလေသည်။

"ဒေါ်ခင်သက်တင်၏ ခန္ဓာကိုယ်အား ဦးကျော်ဇောလင်းမှထိကိုင်ခဲ့ပါသလား "

ခင်သက်တင်သည် သူမ၏နေရာ၌မတ်တပ်ရပ်နေရ၍အားလုံး၏မျက်လုံးများဟာလည်း ခင်သက်ဆီမှာရှိနေကြလေသည်။

"ဟုတ်ကဲ့ သူ ကျွန်မခန္ဓာကိုယ်ကိုထိကိုင်ခဲ့ပါတယ်"

ခင်သက်သည် တစ်ဖက်ကရှေ့နေနှင့်တရားသူကြီးမေးသမျှအား မှန်ကန်တိကျစွာနှင့်ဖြေလေသည်။

"ကျွန်မရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို Pravite Part ပါမကျန်ထိကိုင်ခဲ့ပါတယ်၊ "

ခင်သက်သည် အချိန်နေရာနှင့်သူပြောသမျှစကားတိုင်းကို အိပ်မက်ဆိုးကြီးတစ်ခုလိုမှတ်မိနေခဲ့တာဖြစ်ကြောင်းနေပိုင်ထွဋ် ခင်သက်၏အဖြေများမှတစ်ဆင့်သိခဲ့ရသည်။

"ထိုအချိန်က ဒေါ်ခင်သက်တင်မှာ ကိုယ်ဝန်ရှိနေခဲ့တာရော ဟုတ်ပါသလား"

"ဟုတ်ကဲ့ ကျွန်မမှာကိုယ်ဝန်၃လရှိနေခဲ့ပါတယ်"

ခင်သက်က သူမလက်ကိုင်အိတ်ထဲကနေ အန်ထရာစောင်းရိုက်တုန်းကပုံအချို့နှင့်ဆေးမှတ်တမ်းအချို့အား ရှေ့နေမှတစ်ဆင့်ပြလိုက်ပါသည်။

နေပိုင်ထွဋ်သည်သူမဒါတွေသိမ်းထားလိမ့်မည်ဟုမထင်ခဲ့တာကြောင့်ဆေးမှတ်တမ်းအချို့ကိုရှာဖို့ရန်ခက်ခဲနေတာဖြစ်လေသည်။

အခုတော့သူမဆီကနေကိုယ်ဝန်ရှိနေကြောင်းသက်သေခိုင်ခိုင်လုံလုံကိုရရှိခဲ့လေသည်။

"သူက ကျွန်မကို မဖွယ်မရာပြုလုပ်ဖို့ အသင့်အနေအထားနှင့်ရှိနေရာကနေ အခန်းထဲကိုအိမ်အကူကောင်မလေးဝင်လာလို့ကျွန်မကိုရေချိုးခန်းထဲမှာတွန်းပစ်လိုက်ပါတယ် ကျွန်မအဲ့ဒီနေရာမှာပဲလဲကျပြီးကိုယ်ဝန်ပျက်ကျသွားခဲ့ပါတယ်"

တစ်ဖက်မှာရှိသောကျော်ဇောလင်းကငြင်းနေခဲ့ပေမဲ့ သူမဘက်ကအတိအကျပြောနေတာမို့ အခက်တွေ့နေရပြီး ဟေမာန်ထွဋ်လည်း ပိုပို့အားကျော်ဇောလင်းကိုယ်တိုင်အလုပ်ထုတ်လိုက်သောကိစ္စနှင့်စပ်လျဥ်းပြီးမသင်္ကါဖြစ်လာရတော့သည်။

*
*
*

ထိုနေ့က နောက်တစ်ပတ်သို့ထပ်ပြီးချိန်းလိုက်ရင်း ပထမတစ်ပတ်အဆုံးသတ်သွားလေသည်။

ခင်သက်သည် ထိုနေ့ကဘယ်သူနဲ့မှတောင်စကားမပြောနှုတ်မဆက်ဘဲနဲ့သူမကားနှင့်သူမဟိုတယ်သို့ပြန်သွားခဲ့တာဖြစ်သည်။

အမေနှင့်အစ်မက ဟိုတယ်သို့လိုက်လာသောကြောင့်ခဏတွေ့ပြီးစိတ်မပူဖို့နှင့်နောက်ရုံးချိန်းသို့မလာခဲ့ဖို့လည်းမှာလိုက်သည်။ ခင်သက်ဟာမာလာတင့်အားနောက်တစ်ပတ်သို့သေချာပေါက်မလာခဲ့ဖို့နှင့်အမေ့ကိုလည်းလုံးဝမခေါ်ခဲ့ဖို့သေသေချာချာမှာလိုက်တာဖြစ်သည်။

ဟုတ်သည်။နောက်တစ်ပတ်ကျရင်ဒီတစ်ပတ်ထက်ပို၍အခြေအတင်ရှိလာနိုင်တာမို့နှလုံးရောဂါသည်အမေ့ကို မလာစေချင်ပါ။ မာလာတင်ကသဘောပေါက်စွာနှင့်နောက်တစ်ပတ်အမေဘယ်လောက်ခေါင်းမာလို့သွားချင်သွားချင်လိုက်မပို့ဖို့ညီမဖြစ်သူအားအသေချာကတိပေးလိုက်သည်။

"ဒါနဲ့ ဒီကိစ္စပြီးရင် နင် နေပိုင်ထွဋ်နဲ့ဘယ်လိုဆက်သွားမလဲ"

ဟု မာလာတင်ကခင်သက်အားမေးလိုက်သည်။ ခင်သက်သူမရဲ့ဟိုတယ်အခန်းထဲမှာ အမေနှင့်မာလာတင်ရှေ့၌ ငြိမ်သက်စွာထိုင်နေရင်း

"အဲ့ဒီကိစ္စကိုနောက်မှပြောကြမယ် အခု ခင်သက်လည်းပင်ပန်းနေပြီ မေမေနဲ့မမလည်းအပြန်မိုးချုပ်လိမ့်မယ် ပြန်ကြတော့"

ဟု သူမတစ်ယောက်တည်းနေချင်တာမို့ စကားအလှသုံးပြီးအိမ်ပြန်ခိုင်းလိုက်ပါသည်။

ခင်သက်အခုအချိန်မှာလည်း လူလယ်ခေါင်မှာရပ်လို့မိမိအားမဖွယ်မရာပြုလုပ်ခံရကြောင်းပြောခဲ့ရတဲ့အတွက် ပင်ပန်းပြီးစိတ်လည်းမငြိမ်မသက်ဖြစ်နေရသည်။

သူမဆီသို့နေပိုင်ထွဋ်၊ စိုင်းခမ်းစစ်၊ ယမင်းလွင်တို့သေချာပေါက်ဖုန်းခေါ်ထားမည်ဆိုတာသိသည်။ ဒါပေမဲ့ခင်သက်ဖုန်းမပြောချင်သေးပါ။

စိုင်းခမ်းစစ်က လွန်ခဲ့သောရက်အနည်းငယ်ကမှရန်ကုန်ကနေ မန္တလေးသို့ရှုတင်ရှိလို့ဆင်းသွားခဲ့တာဖြစ်တာကြောင့် ဒီကိစ္စကိုသိလည်းချက်ချင်းပြေးလာနိုင်မည်မဟုတ်ပါ။

ယမင်းနဲ့တော့ မနက်ဖြန်ကျရင် Dateကြဖို့ဆုံးဖြတ်ထားလိုက်သည်။ မ Date ဖြစ်တာလည်းကြာပြီမို့ ပြောစရာစကားတွေလည်းအများကြီးရှိနေ၏။

*
*
*

ဒီတစ်ပတ်ကျရောက်သည့်ရုံးချိန်းမှာတော့ လူသက်သေဖြစ်သည့်ပိုပို့အားအသုံးပြုမည်ဟုနေပိုင်ထွဋ်တို့ဘက်ကစီစဥ်ထားခဲ့သည်။

တရားသူကြီး၏ခွင့်ပြုချက်ရသည်နှင့် ရှေ့နေ ဦးမြတ်သူရသည် လူသက်သေကိုလည်းခုံရုံးအတွင်းသို့ခေါ်လာစေခိုက် ကျော်ဇောလင်းတစ်ယောက်လုံးဝတုန်လှုပ်ခြောက်ခြားသွားစေတော့သည်။

သူကိုယ်တိုင်ဒီကိစ္စကိုနိုင်မည်ဟုယုံကြည်ချက်လည်းမရှိ။ ဒါပေမဲ့လည်း အပြစ်ဒဏ်ကိုမခံယူချင်။ ဟေမာန်ထွဋ်သည်ဘယ်နည်းနဲ့ဖြစ်ဖြစ်အမှုလျော့အောင်သော်လည်းကောင်း၊နှစ်လျော့အောင်သောလည်းကောင်းငွေအားဖြစ်ကူညီလိမ့်မည်ဟုသူယုံကြည်ထားတာဖြစ်သည်။

ဟေမာန်ထွဋ်လည်း မျက်စိမျက်နှာအတော်လေးပျက်နေပြီဖြစ်ပြီး ဒီအမှုအပေါ်ကိုလည်းမျှော်လင့်ချက်အများကြီးမထားဖို့ကိုယ့်ကိုယ်ကိုယ်ပြန်သတိပေးနေသည်။

ပိုပိုသည် တရားသူကြီးနှင့်ရှေ့နေမေးမြန်းသူမျှကို သူမကြုံခဲ့ရတဲ့အတိုင်း၊မြင်ခဲ့ရတဲ့အတိုင်းအားလုံးအမှန်အတိုင်းဖြေကြားလေသည်။

အခုအခြေအနေအထိ ခင်သက်တို့ဘက်ကပဲသာနေတာဖြစ်ပြီး ရှေ့နေဦးမြတ်သူရသည် ဆက်လက်၍ပိုပို့ဆီမှတစ်ဆင့်ရသော အသံဖိုင်သက်သေကိုပါထုတ်ဖော်ပြသလိုက်လေသည်။

အသံဖိုင်ဟာ နားထောင်လို့အဆင်ပြေသည့်အရာမဟုတ်လို့ကြိုတင်လို့လည်းတောင်းပန်လိုက်ရသေးသည်။

"ဟင့်အင်း....မလုပ်ပါနဲ့....မလုပ်ပါနဲ့...ကိုကျော်ဇောလင်း..."

"ဘာဖြစ်နေတာလဲ မင်းကလည်း တစ်အိမ်လုံးမင်းနဲ့ငါနှစ်ယောက်တည်းရှိတာကို အေးဆေးပေါ့"

"ဟင့်အင်း...ကျွန်မ မကြိုက်ဘူး...အဟင့် ဟင့်...မထိနဲ့... ကျွန်မအသားကိုမထိနဲ့! အား...အဟင့် ကိုနေ....ကိုနေ...ဘယ်မှာလဲ! "

ခင်သက်သည် သူမရဲ့အသံဖိုင်ကိုအခုမှပထမဆုံးပြန်လည်နားထောင်ဖူးတာဖြစ်ပြီး ကြားကြားချင်းလည်းအင်မတန်ရွံရှာလို့ ခန္ဓာကိုယ်တစ်ခုလုံးတောင့်မတ်စွာနှင့်ကျောရုပ်တစ်ခုလိုထိုင်နေသည်။

ကြောက်စိတ်နှင့်ရှက်စိတ်တို့စိုးမိုးနေတဲ့ခင်သက်ရဲ့အခြေအနေကိုသဘောပေါက်နှင့်သော နေပိုင်ထွဋ်ဟာ သူမရဲ့ပေါင်ပေါ်၌ကိုယ့်လက်ကိုယ်ပြန်ဆုပ်ကိုင်ထားတဲ့ခင်သက်ရဲ့လက်ကလေးနှစ်ဖက်လုံးကိုနေပိုင်ထွဋ်ကသူ့လက်အကြီးကြီးဖြင့်အုပ်ကိုင်ထားလိုက်သည်။

အေးစက်နေတဲ့ခင်သက်ရဲ့လက်ကလေး၂ဖက်လုံးအပေါ်သို့နွေးသွားစေပြီး နေပိုင်ထွဋ်ကိုလှည့်ကြည့်လိုက်တော့ နေပိုင်ထွဋ်ကခင်သက်အားဘာမှမဖြစ်ဖို့ခေါင်းအသာရမ်းပြသည်။

ခင်သက်လည်းသူ့ဆီကနေမျက်နှာလွှဲကာ တံတွေးကိုမြိုချ၍ ဖွင့်ပြနေတဲ့အသံဖိုင်ကိုအဆုံးထိနားထောင်လိုက်ရသည်။

ဟေမာန်ထွဋ်ကတော့ ထိုနေရာမှာပဲ ကျော်ဇောလင်းအားစိတ်ပျက်ရွံရှာမုန်းတီးစွာနှင့်ကြည့်နေမိရင်း မျက်ရည်များကပါးပြင်သို့စီးကျလာလေတော့သည်။

ဟေမာန်ထွဋ်သည် ကလေးမရနိုင်တာကြောင့်အမြဲတမ်း ကျော်ဇောလင်းအပေါ်မှာအတူနေတဲ့အခါတိုင်းအားနာမိနေခဲ့တာသည်။

မိဘလည်းမရှိတော့တဲ့အပြင်တစ်ဦးတည်းရှိသောအဘိုးအရင်းကလည်း မိမိရဲ့အောက်ကအဖေတူအမေကွဲသားနေပိုင်ထွဋ် ကိုသာ အရေးပေးပြီး သွေးတစ်ဝက်တော်တဲ့နေပိုင်ထွဋ်နဲ့ကလည်းပြိုင်ဘက်တွေဖြစ်နေလေရာ မိမိဘက်၌ဘယ်သူမှမရှိရင်တောင် မောင်ရှိနေရင်အဆင်ပြေတယ်ဆိုတဲ့စိတ်နဲ့ ကျော်ဇောလင်းသုံးသမျှဖြုန်းသမျှကိုဘာမှမချုပ်ချယ်ခဲ့တာဖြစ်သည်။ ဘယ်သူနဲ့ဘာဖြစ်ဖြစ်မောင့်ဘက်ကပဲရပ်တည်ပေးခဲ့တာဖြစ်သည်။

ဒါပေမဲ့ဒီတစ်ကြိမ်ကတော့ဟေမာန်ထွဋ်ခွင့်လွှတ်နိုင်လောက်တဲ့အခြေအနေမျိုးမဟုတ်။ သူရည်ရွယ်ပြီးကျူးလွန်နေခဲ့တာကမုဒိမ်းမှုဆီသို့ဖြစ်သည်။ တစ်ဖက်က Victim အမျိုးသမီးဟာလည်း ကိုယ့်ရဲ့ယောင်းမဖြစ်နေသည်။

ဒီအမှုကိုမောင့်အားယုံကြည်ပြီးရှေ့နေငှားလို့လိုက်ခဲ့ပေးမိတဲ့မိမိကိုယ်ကိုယ်လည်းတုံးလှချည်လားလို့အပြစ်တင်မိသည်။

ဟေမာန်ထွဋ် မုဒိမ်းမှုကိုကျူးလွန်ဖို့ကြိုးစားခဲ့တဲ့လူတစ်ယောက်ရဲ့ဇနီးဖြစ်ရတဲ့အပေါ် အင်မတန်ရှက်ရွံ့ဝမ်းနည်းနာကျည်းစွာနှင့် ဤနေရာကနေပဲအမြန်ထပြီးဘယ်သူမှမရှိတဲ့တစ်နေရာရာသို့ပြေးထွက်သွားလိုက်ချင်တော့သည်။

ကျော်ဇောလင်း၏တုန်လှုပ်ခြောက်ခြားပြီးဘာမှမပြောနေနိုင်တဲ့အပြုအမူကိုကြည့်ပြီးလည်း ဟေမာန်ထွဋ်စွံ့အပြီး ငေးကြည့်နေမိသည်။

တရားသူကြီးမှသက်သေတွေအားသေချာနားထောင်ပြီးနောက်၊ နောက်တစ်ပတ်သို့ချိန်းဆိုရင်းနဲ့ ဒီတစ်ပတ်ကိုအပြီးသတ်သည်။

ဟေမာန်ထွဋ်သည်ဒီရုံးထဲကဘယ်သူမှမထွက်ခင်ပဲ ကျော်ဇောလင်းအော်ခေါ်နေတာတောင်မကြားဟန်ဆောင်၍ယိုင်နဲ့သောခြေလှမ်းများဖြင့် ထွက်သွားလေသည်။

************************************
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း (42) ဆက်ရန်

Zawgyi Version

ျပန္လိုခ်င္တယ္

အပိုင္း (41)

ဒီေန႕ ခင္သက္လာပါ့မလားဟု ေနပိုင္ထြဋ္ မတည္မၿငိမ္ႏွင့္စိုးရိမ္စြာပူပင္ေနရသည္။

ဒီေန႕ဟာ႐ုံးခ်ိန္းေန႕ျဖစ္သည္။ ခင္သက္မလာလွ်င္ဒီအမႈဟာျဖစ္ေျမာက္မည္မဟုတ္။

ေဟမာန္ထြဋ္ကလည္း အသေရဖ်က္မႈႏွင့္တရားျပန္စြဲမည္ျဖစ္ေၾကာင္း ေနပိုင္ထြဋ္ကိုႀကဳံးဝါးထားတာျဖစ္သည္။

သတ္မွတ္ထားေသာအခ်ိန္ဆီသို႔ေရာက္ဖို႔ရန္ နာရီဝက္ေတာင္မလိုေတာ့တာမို႔ သက္ဆိုင္သူအေတာ္အမ်ားလည္း တရား႐ုံး၌ေရာက္ႏွင့္ၾကၿပီးျဖစ္သည္။

ပရိတ္သတ္ထဲမွာ ခင္သက္၏အေမႏွင့္အစ္မတင္မက ယမင္းလြင္လည္းေရာက္ရွိေနၿပီျဖစ္သည္။ ေနပိုင္ထြဋ္၏သူငယ္ခ်င္းမ်ားကိုေတာ့မေတြ႕ရ။ ဒီေကာင္ေတြကိုမလာခဲ့ဖို႔ေနပိုင္ထြဋ္ကိုယ္တိုင္မွာၾကားထားခဲ့တာျဖစ္သည္။

ဒီအမႈကိုၾကားၾကားခ်င္း ေဒၚေခ်ာစုေရာမာလာတင္ေရာေသြးတက္ခဲ့ၾကတာျဖစ္သည္။ ေဒၚေခ်ာစုဆိုလွ်င္ႏွလုံးေရာဂါအခံေၾကာင့္မူးပါလဲခဲ့ရတာျဖစ္ၿပီး ႐ုံးခ်ိန္းသို႔လည္းမလိုက္လာရန္မာလာတင္ကတားျမစ္ေပမဲ့ ခင္သက္တင္၏အေမျဖစ္သည့္အတြက္ေခါင္းမာျခင္းကိုေတာ့မာလာတင္တစ္ေယာက္လက္ဖ်ားခါရသည္။

သူ႕သမီးကိုသူကိုယ္တိုင္လာအားေပးမည္။ ၂ လေလာက္မေတြ႕ရတဲ့သမီးျဖစ္သူကိုေတြ႕ခ်င္သည္ဟူ၍ မာလာတင္ႏွင့္ဇြတ္လိုက္လာခဲ့တာျဖစ္သည္။

ေနပိုင္ထြဋ္အေနနဲ႕ ေယာကၡမႏွင့္မရီးကိုအေတာ္ေလးမ်က္ႏွာပူၿပီးအားနာရသည္။

ဟုတ္သည္။သူသည္ ခင္သက္တင္၏တရားဝင္ ခင္ပြန္းတစ္ေယာက္ျဖစ္ပါလွ်က္ ဤကဲ့သို႔ေသာကိစၥမ်ိဳးကိုတစ္ႏွစ္ၾကာသည္အထိမသိခဲ့ရတာဟာ အေတာ္ေလး ႐ုပ္ေပါက္လြန္းလွသည္။

မ်က္ႏွာေတာင္မျပဝံ့ေပမဲ့ ေယာကၡမႏွင့္မရီးကိုေတာ့ႏႈတ္ဆက္ရေပဦးမည္။ ေနပိုင္ထြဋ္အားသိပ္လိုလိုခ်င္ခ်င္မရွိ။မၾကည္ျဖဴေသာမ်က္ႏွာထားႏွင့္မရီးေၾကာင့္ ေနပိုင္ထြဋ္အေနခက္ရသည္။ ေဒၚေခ်ာစုကေတာ့သိပ္စကားမေျပာေပမဲ့ အလိုက္အထိုက္ေတာ့ႏႈတ္ဆက္၏။

အားလုံးဟာ ဒီအမႈအား ခင္သက္၏ခြင့္ျပဳခ်က္ႏွင့္ေနပိုင္ထြဋ္တရားစြဲထားသည္ဟုသာထင္ေနၾကေသာေၾကာင့္ ေနပိုင္ထြဋ္နဲ႕အတူခင္သက္လည္းပါလာလိမ့္မည္ သို႔မဟုတ္ ပါလာၿပီးသားဟုထင္ေနၾကေလသည္။

တကယ္ေတာ့ေနပိုင္ထြဋ္သည္ ခင္သက္ကိုအသိပဲေပးခဲ့ၿပီးသူကိုယ္တိုင္သာသက္ေသႏွင့္ေရွ႕ေနမ်ားကိုရွာေဖြရင္းတရားစြဲဆိုထားခဲ့တာျဖစ္သည္။ ထို႔ေၾကာင့္ခင္သက္ေရာက္လာ၊မလာကိုစိတ္ပူေနသူဟာဒီတရားခြင္တစ္ခုလုံးမွာေနပိုင္ထြဋ္တစ္ေယာက္သာရွိေလသည္။

႐ုံး၌ အားလုံးသူ႕ေနရာႏွင့္သူထိုင္ၿပီးၾက၍ တရားစီရင္မႈစတင္ေတာ့မွာျဖစ္သည္။ ထို႔ေၾကာင့္ေနပိုင္ထြဋ္ရဲ႕ေရွ႕ေနျဖစ္သူ ဦးျမတ္သူရက

"မခင္သက္တင္မလာေသးဘူးလား ကိုေနထြဋ္"

ဟု ေနပိုင္ထြဋ္အားခပ္တိုးတိုးကပ္ေမးလိုက္သည္။

တရားခံဘက္ကလည္းအသင့္ျဖစ္ေန၍ ေဟမာန္ထြဋ္ကလည္းေနပိုင္ထြဋ္ကိုလွမ္းၾကည့္ေနသည္။ ေက်ာ္ေဇာလင္းကေတာ့ တရားခံ၏ေနရာမွာအနည္းငယ္တုန္လႈပ္ေနဟန္နဲ႕ရွိေနေလ၏။

ေနပိုင္ထြဋ္လည္းခင္သက္မေရာက္ေသးတာမို႔ ေဇာေခြၽးေတြပါျပန္လာၿပီး ေရွ႕ေနကိုလည္းျပန္မေျဖနိုင္ဘဲ႐ုံးတစ္ခုလုံးကိုက်ီးကန္းေတာင္းေမွာက္လိုက္ၾကည့္ေနမိသည္။

မတည္မၿငိမ္ျဖစ္ေနတဲ့ေနပိုင္ထြဋ္အားၾကည့္ၿပီး ယမင္းႏွင့္မာလာတင္တို႔လည္းသံသယဝင္လာသည္။ ခင္သက္ကလည္းအခုထိေရာက္မလာေသးေသာေၾကာင့္အခ်င္းခ်င္းလည္းတီးတိုးေျပာေနၾကေလ၏။

ေဟမာန္ထြဋ္ကေတာ့ ေနပိုင္ထြဋ္ရဲ႕အေျခအေနကိုၾကည့္ၿပီး ယုံၾကည္ခ်က္ရွိေနပုံမေပၚတာမို႔ သူမေက်ာ္ေဇာလင္းကိုပဲယုံၾကည္သင့္သည္ဟုကိုယ့္ကိုယ္ကိုယ္အားေပးလိုက္ပါသည္။ သူမ၏ခင္ပြန္းျဖစ္သူအားတစ္ခ်က္ၿပဳံးျပ၍အားေပးလိုက္ေတာ့ေက်ာ္ေဇာလင္းကမၿပဳံးနိုင္ဘဲရွိေနေလသည္။

အားလုံးေရွ႕မွာရွိေနေသာတရားသူႀကီးကလည္းနာရီကိုတစ္ခ်က္ၾကည့္ၿပီးသူ၏ေဘးမွာရွိေနသူအားအေျခအေနကိုတစ္ခ်က္ေမးၾကည့္ဖို႔အခ်က္ျပလိုက္သည္။

ထိုစဥ္ ၾကမ္းျပင္ေပၚကေဒါက္ဖိနပ္သံ တဂြက္ဂြက္ေၾကာင့္အားလုံးက႐ုံးတံခါးဘက္သို႔လွည့္ၾကည့္လိုက္သည္။

တရားခြင္သို႔ တစ္လွမ္းခ်င္းလွမ္းၿပီး ဝင္လာေနသူသည္အနက္ေရာင္ Dressကို ဝတ္ထားၿပီးသားေရလက္ကိုင္အိတ္အနက္ေရာင္ကိုတံေတာင္ဆစ္မွာခ်ိတ္၍ ေနကာမ်က္မွန္အမဲေရာင္တပ္ထားလွ်က္ အဖ်ားလိပ္ေသာဆံပင္ရွည္ႀကီးေက်ာဘက္မွာေပ်ာ့အိက်ေနစြာရွိေနေသာ ႏႈတ္ခမ္းနီအနီေရာင္ဆိုးထားသည့္ ဤအမႈရဲ႕အဓိကသက္ဆိုင္သူ Victim ခင္သက္တင္သာျဖစ္သည္။

ေနပိုင္ထြဋ္လည္း သူနဲ႕အနီးဆုံးေနရာသို႔ တစ္လွမ္းခ်င္းယုံၾကည္မႈရွိရွိေလွ်ာက္လာေသာ ဇနီးျဖစ္သူကိုျမင္ရမွ စိုးရိမ္ပူပန္မႈေတြက အားလုံးလြင့္စင္သြားရေလသည္။

ခင္သက္ကဘယ္သူ႕ကိုမွႏႈတ္မဆက္ဘဲမ်က္မွန္ကိုခြၽတ္ကာသူမရဲ႕လက္ကိုင္အိတ္ထဲထည့္ၿပီးေရွ႕ေန၏ေဘးမွာဝင္ထိုင္လိုက္ေလသည္။

ေမးခြန္းမ်ားတစ္လွည့္စီေမးရင္း ပယ္ခ်ျခင္း ျငင္းပယ္အခ်ိဳ႕ႏွင့္အတူ ခင္သက္ဆီသို႔လည္း တရားသူႀကီး၏ေမးခြန္းကေရာက္ရွိလာေလသည္။

"ေဒၚခင္သက္တင္၏ ခႏၶာကိုယ္အား ဦးေက်ာ္ေဇာလင္းမွထိကိုင္ခဲ့ပါသလား "

ခင္သက္တင္သည္ သူမ၏ေနရာ၌မတ္တပ္ရပ္ေနရ၍အားလုံး၏မ်က္လုံးမ်ားဟာလည္း ခင္သက္ဆီမွာရွိေနၾကေလသည္။

"ဟုတ္ကဲ့ သူ ကြၽန္မခႏၶာကိုယ္ကိုထိကိုင္ခဲ့ပါတယ္"

ခင္သက္သည္ တစ္ဖက္ကေရွ႕ေနႏွင့္တရားသူႀကီးေမးသမွ်အား မွန္ကန္တိက်စြာႏွင့္ေျဖေလသည္။

"ကြၽန္မရဲ႕ခႏၶာကိုယ္အစိတ္အပိုင္းတိုင္းကို Pravite Part ပါမက်န္ထိကိုင္ခဲ့ပါတယ္၊ "

ခင္သက္သည္ အခ်ိန္ေနရာႏွင့္သူေျပာသမွ်စကားတိုင္းကို အိပ္မက္ဆိုးႀကီးတစ္ခုလိုမွတ္မိေနခဲ့တာျဖစ္ေၾကာင္းေနပိုင္ထြဋ္ ခင္သက္၏အေျဖမ်ားမွတစ္ဆင့္သိခဲ့ရသည္။

"ထိုအခ်ိန္က ေဒၚခင္သက္တင္မွာ ကိုယ္ဝန္ရွိေနခဲ့တာေရာ ဟုတ္ပါသလား"

"ဟုတ္ကဲ့ ကြၽန္မမွာကိုယ္ဝန္၃လရွိေနခဲ့ပါတယ္"

ခင္သက္က သူမလက္ကိုင္အိတ္ထဲကေန အန္ထရာေစာင္းရိုက္တုန္းကပုံအခ်ိဳ႕ႏွင့္ေဆးမွတ္တမ္းအခ်ိဳ႕အား ေရွ႕ေနမွတစ္ဆင့္ျပလိုက္ပါသည္။

ေနပိုင္ထြဋ္သည္သူမဒါေတြသိမ္းထားလိမ့္မည္ဟုမထင္ခဲ့တာေၾကာင့္ေဆးမွတ္တမ္းအခ်ိဳ႕ကိုရွာဖို႔ရန္ခက္ခဲေနတာျဖစ္ေလသည္။

အခုေတာ့သူမဆီကေနကိုယ္ဝန္ရွိေနေၾကာင္းသက္ေသခိုင္ခိုင္လုံလုံကိုရရွိခဲ့ေလသည္။

"သူက ကြၽန္မကို မဖြယ္မရာျပဳလုပ္ဖို႔ အသင့္အေနအထားႏွင့္ရွိေနရာကေန အခန္းထဲကိုအိမ္အကူေကာင္မေလးဝင္လာလို႔ကြၽန္မကိုေရခ်ိဳးခန္းထဲမွာတြန္းပစ္လိုက္ပါတယ္ ကြၽန္မအဲ့ဒီေနရာမွာပဲလဲက်ၿပီးကိုယ္ဝန္ပ်က္က်သြားခဲ့ပါတယ္"

တစ္ဖက္မွာရွိေသာေက်ာ္ေဇာလင္းကျငင္းေနခဲ့ေပမဲ့ သူမဘက္ကအတိအက်ေျပာေနတာမို႔ အခက္ေတြ႕ေနရၿပီး ေဟမာန္ထြဋ္လည္း ပိုပို႔အားေက်ာ္ေဇာလင္းကိုယ္တိုင္အလုပ္ထုတ္လိုက္ေသာကိစၥႏွင့္စပ္လ်ဥ္းၿပီးမသကၤါျဖစ္လာရေတာ့သည္။

*
*
*

ထိုေန႕က ေနာက္တစ္ပတ္သို႔ထပ္ၿပီးခ်ိန္းလိုက္ရင္း ပထမတစ္ပတ္အဆုံးသတ္သြားေလသည္။

ခင္သက္သည္ ထိုေန႕ကဘယ္သူနဲ႕မွေတာင္စကားမေျပာႏႈတ္မဆက္ဘဲနဲ႕သူမကားႏွင့္သူမဟိုတယ္သို႔ျပန္သြားခဲ့တာျဖစ္သည္။

အေမႏွင့္အစ္မက ဟိုတယ္သို႔လိုက္လာေသာေၾကာင့္ခဏေတြ႕ၿပီးစိတ္မပူဖို႔ႏွင့္ေနာက္႐ုံးခ်ိန္းသို႔မလာခဲ့ဖို႔လည္းမွာလိုက္သည္။ ခင္သက္ဟာမာလာတင့္အားေနာက္တစ္ပတ္သို႔ေသခ်ာေပါက္မလာခဲ့ဖို႔ႏွင့္အေမ့ကိုလည္းလုံးဝမေခၚခဲ့ဖို႔ေသေသခ်ာခ်ာမွာလိုက္တာျဖစ္သည္။

ဟုတ္သည္။ေနာက္တစ္ပတ္က်ရင္ဒီတစ္ပတ္ထက္ပို၍အေျခအတင္ရွိလာနိုင္တာမို႔ႏွလုံးေရာဂါသည္အေမ့ကို မလာေစခ်င္ပါ။ မာလာတင္ကသေဘာေပါက္စြာႏွင့္ေနာက္တစ္ပတ္အေမဘယ္ေလာက္ေခါင္းမာလို႔သြားခ်င္သြားခ်င္လိုက္မပို႔ဖို႔ညီမျဖစ္သူအားအေသခ်ာကတိေပးလိုက္သည္။

"ဒါနဲ႕ ဒီကိစၥၿပီးရင္ နင္ ေနပိုင္ထြဋ္နဲ႕ဘယ္လိုဆက္သြားမလဲ"

ဟု မာလာတင္ကခင္သက္အားေမးလိုက္သည္။ ခင္သက္သူမရဲ႕ဟိုတယ္အခန္းထဲမွာ အေမႏွင့္မာလာတင္ေရွ႕၌ ၿငိမ္သက္စြာထိုင္ေနရင္း

"အဲ့ဒီကိစၥကိုေနာက္မွေျပာၾကမယ္ အခု ခင္သက္လည္းပင္ပန္းေနၿပီ ေမေမနဲ႕မမလည္းအျပန္မိုးခ်ဳပ္လိမ့္မယ္ ျပန္ၾကေတာ့"

ဟု သူမတစ္ေယာက္တည္းေနခ်င္တာမို႔ စကားအလွသုံးၿပီးအိမ္ျပန္ခိုင္းလိုက္ပါသည္။

ခင္သက္အခုအခ်ိန္မွာလည္း လူလယ္ေခါင္မွာရပ္လို႔မိမိအားမဖြယ္မရာျပဳလုပ္ခံရေၾကာင္းေျပာခဲ့ရတဲ့အတြက္ ပင္ပန္းၿပီးစိတ္လည္းမၿငိမ္မသက္ျဖစ္ေနရသည္။

သူမဆီသို႔ေနပိုင္ထြဋ္၊ စိုင္းခမ္းစစ္၊ ယမင္းလြင္တို႔ေသခ်ာေပါက္ဖုန္းေခၚထားမည္ဆိုတာသိသည္။ ဒါေပမဲ့ခင္သက္ဖုန္းမေျပာခ်င္ေသးပါ။

စိုင္းခမ္းစစ္က လြန္ခဲ့ေသာရက္အနည္းငယ္ကမွရန္ကုန္ကေန မႏၱေလးသို႔ရႈတင္ရွိလို႔ဆင္းသြားခဲ့တာျဖစ္တာေၾကာင့္ ဒီကိစၥကိုသိလည္းခ်က္ခ်င္းေျပးလာနိုင္မည္မဟုတ္ပါ။

ယမင္းနဲ႕ေတာ့ မနက္ျဖန္က်ရင္ Dateၾကဖို႔ဆုံးျဖတ္ထားလိုက္သည္။ မ Date ျဖစ္တာလည္းၾကာၿပီမို႔ ေျပာစရာစကားေတြလည္းအမ်ားႀကီးရွိေန၏။

*
*
*

ဒီတစ္ပတ္က်ေရာက္သည့္႐ုံးခ်ိန္းမွာေတာ့ လူသက္ေသျဖစ္သည့္ပိုပို႔အားအသုံးျပဳမည္ဟုေနပိုင္ထြဋ္တို႔ဘက္ကစီစဥ္ထားခဲ့သည္။

တရားသူႀကီး၏ခြင့္ျပဳခ်က္ရသည္ႏွင့္ ေရွ႕ေန ဦးျမတ္သူရသည္ လူသက္ေသကိုလည္းခုံ႐ုံးအတြင္းသို႔ေခၚလာေစခိုက္ ေက်ာ္ေဇာလင္းတစ္ေယာက္လုံးဝတုန္လႈပ္ေျခာက္ျခားသြားေစေတာ့သည္။

သူကိုယ္တိုင္ဒီကိစၥကိုနိုင္မည္ဟုယုံၾကည္ခ်က္လည္းမရွိ။ ဒါေပမဲ့လည္း အျပစ္ဒဏ္ကိုမခံယူခ်င္။ ေဟမာန္ထြဋ္သည္ဘယ္နည္းနဲ႕ျဖစ္ျဖစ္အမႈေလ်ာ့ေအာင္ေသာ္လည္းေကာင္း၊ႏွစ္ေလ်ာ့ေအာင္ေသာလည္းေကာင္းေငြအားျဖစ္ကူညီလိမ့္မည္ဟုသူယုံၾကည္ထားတာျဖစ္သည္။

ေဟမာန္ထြဋ္လည္း မ်က္စိမ်က္ႏွာအေတာ္ေလးပ်က္ေနၿပီျဖစ္ၿပီး ဒီအမႈအေပၚကိုလည္းေမွ်ာ္လင့္ခ်က္အမ်ားႀကီးမထားဖို႔ကိုယ့္ကိုယ္ကိုယ္ျပန္သတိေပးေနသည္။

ပိုပိုသည္ တရားသူႀကီးႏွင့္ေရွ႕ေနေမးျမန္းသူမွ်ကို သူမႀကဳံခဲ့ရတဲ့အတိုင္း၊ျမင္ခဲ့ရတဲ့အတိုင္းအားလုံးအမွန္အတိုင္းေျဖၾကားေလသည္။

အခုအေျခအေနအထိ ခင္သက္တို႔ဘက္ကပဲသာေနတာျဖစ္ၿပီး ေရွ႕ေနဦးျမတ္သူရသည္ ဆက္လက္၍ပိုပို႔ဆီမွတစ္ဆင့္ရေသာ အသံဖိုင္သက္ေသကိုပါထုတ္ေဖာ္ျပသလိုက္ေလသည္။

အသံဖိုင္ဟာ နားေထာင္လို႔အဆင္ေျပသည့္အရာမဟုတ္လို႔ႀကိဳတင္လို႔လည္းေတာင္းပန္လိုက္ရေသးသည္။

"ဟင့္အင္း....မလုပ္ပါနဲ႕....မလုပ္ပါနဲ႕...ကိုေက်ာ္ေဇာလင္း..."

"ဘာျဖစ္ေနတာလဲ မင္းကလည္း တစ္အိမ္လုံးမင္းနဲ႕ငါႏွစ္ေယာက္တည္းရွိတာကို ေအးေဆးေပါ့"

"ဟင့္အင္း...ကြၽန္မ မႀကိဳက္ဘူး...အဟင့္ ဟင့္...မထိနဲ႕... ကြၽန္မအသားကိုမထိနဲ႕! အား...အဟင့္ ကိုေန....ကိုေန...ဘယ္မွာလဲ! "

ခင္သက္သည္ သူမရဲ႕အသံဖိုင္ကိုအခုမွပထမဆုံးျပန္လည္နားေထာင္ဖူးတာျဖစ္ၿပီး ၾကားၾကားခ်င္းလည္းအင္မတန္႐ြံရွာလို႔ ခႏၶာကိုယ္တစ္ခုလုံးေတာင့္မတ္စြာႏွင့္ေက်ာ႐ုပ္တစ္ခုလိုထိုင္ေနသည္။

ေၾကာက္စိတ္ႏွင့္ရွက္စိတ္တို႔စိုးမိုးေနတဲ့ခင္သက္ရဲ႕အေျခအေနကိုသေဘာေပါက္ႏွင့္ေသာ ေနပိုင္ထြဋ္ဟာ သူမရဲ႕ေပါင္ေပၚ၌ကိုယ့္လက္ကိုယ္ျပန္ဆုပ္ကိုင္ထားတဲ့ခင္သက္ရဲ႕လက္ကေလးႏွစ္ဖက္လုံးကိုေနပိုင္ထြဋ္ကသူ႕လက္အႀကီးႀကီးျဖင့္အုပ္ကိုင္ထားလိုက္သည္။

ေအးစက္ေနတဲ့ခင္သက္ရဲ႕လက္ကေလး၂ဖက္လုံးအေပၚသို႔ႏြေးသြားေစၿပီး ေနပိုင္ထြဋ္ကိုလွည့္ၾကည့္လိုက္ေတာ့ ေနပိုင္ထြဋ္ကခင္သက္အားဘာမွမျဖစ္ဖို႔ေခါင္းအသာရမ္းျပသည္။

ခင္သက္လည္းသူ႕ဆီကေနမ်က္ႏွာလႊဲကာ တံေတြးကိုၿမိဳခ်၍ ဖြင့္ျပေနတဲ့အသံဖိုင္ကိုအဆုံးထိနားေထာင္လိုက္ရသည္။

ေဟမာန္ထြဋ္ကေတာ့ ထိုေနရာမွာပဲ ေက်ာ္ေဇာလင္းအားစိတ္ပ်က္႐ြံရွာမုန္းတီးစြာႏွင့္ၾကည့္ေနမိရင္း မ်က္ရည္မ်ားကပါးျပင္သို႔စီးက်လာေလေတာ့သည္။

ေဟမာန္ထြဋ္သည္ ကေလးမရနိုင္တာေၾကာင့္အၿမဲတမ္း ေက်ာ္ေဇာလင္းအေပၚမွာအတူေနတဲ့အခါတိုင္းအားနာမိေနခဲ့တာသည္။

မိဘလည္းမရွိေတာ့တဲ့အျပင္တစ္ဦးတည္းရွိေသာအဘိုးအရင္းကလည္း မိမိရဲ႕ေအာက္ကအေဖတူအေမကြဲသားေနပိုင္ထြဋ္ ကိုသာ အေရးေပးၿပီး ေသြးတစ္ဝက္ေတာ္တဲ့ေနပိုင္ထြဋ္နဲ႕ကလည္းၿပိဳင္ဘက္ေတြျဖစ္ေနေလရာ မိမိဘက္၌ဘယ္သူမွမရွိရင္ေတာင္ ေမာင္ရွိေနရင္အဆင္ေျပတယ္ဆိုတဲ့စိတ္နဲ႕ ေက်ာ္ေဇာလင္းသုံးသမွ်ျဖဳန္းသမွ်ကိုဘာမွမခ်ဳပ္ခ်ယ္ခဲ့တာျဖစ္သည္။ ဘယ္သူနဲ႕ဘာျဖစ္ျဖစ္ေမာင့္ဘက္ကပဲရပ္တည္ေပးခဲ့တာျဖစ္သည္။

ဒါေပမဲ့ဒီတစ္ႀကိမ္ကေတာ့ေဟမာန္ထြဋ္ခြင့္လႊတ္နိုင္ေလာက္တဲ့အေျခအေနမ်ိဳးမဟုတ္။ သူရည္႐ြယ္ၿပီးက်ဴးလြန္ေနခဲ့တာကမုဒိမ္းမႈဆီသို႔ျဖစ္သည္။ တစ္ဖက္က Victim အမ်ိဳးသမီးဟာလည္း ကိုယ့္ရဲ႕ေယာင္းမျဖစ္ေနသည္။

ဒီအမႈကိုေမာင့္အားယုံၾကည္ၿပီးေရွ႕ေနငွားလို႔လိုက္ခဲ့ေပးမိတဲ့မိမိကိုယ္ကိုယ္လည္းတုံးလွခ်ည္လားလို႔အျပစ္တင္မိသည္။

ေဟမာန္ထြဋ္ မုဒိမ္းမႈကိုက်ဴးလြန္ဖို႔ႀကိဳးစားခဲ့တဲ့လူတစ္ေယာက္ရဲ႕ဇနီးျဖစ္ရတဲ့အေပၚ အင္မတန္ရွက္႐ြံ႕ဝမ္းနည္းနာက်ည္းစြာႏွင့္ ဤေနရာကေနပဲအျမန္ထၿပီးဘယ္သူမွမရွိတဲ့တစ္ေနရာရာသို႔ေျပးထြက္သြားလိုက္ခ်င္ေတာ့သည္။

ေက်ာ္ေဇာလင္း၏တုန္လႈပ္ေျခာက္ျခားၿပီးဘာမွမေျပာေနနိုင္တဲ့အျပဳအမူကိုၾကည့္ၿပီးလည္း ေဟမာန္ထြဋ္စြံ႕အၿပီး ေငးၾကည့္ေနမိသည္။

တရားသူႀကီးမွသက္ေသေတြအားေသခ်ာနားေထာင္ၿပီးေနာက္၊ ေနာက္တစ္ပတ္သို႔ခ်ိန္းဆိုရင္းနဲ႕ ဒီတစ္ပတ္ကိုအၿပီးသတ္သည္။

ေဟမာန္ထြဋ္သည္ဒီ႐ုံးထဲကဘယ္သူမွမထြက္ခင္ပဲ ေက်ာ္ေဇာလင္းေအာ္ေခၚေနတာေတာင္မၾကားဟန္ေဆာင္၍ယိုင္နဲ႕ေသာေျခလွမ္းမ်ားျဖင့္ ထြက္သြားေလသည္။

************************************
အမွားပါရင္ခြင့္လႊတ္ပါ
အပိုင္း (42) ဆက္ရန္

Continue Reading

You'll Also Like

155K 4.8K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...
265K 7.9K 16
ရႈတ္ေထြးၿပီး မာယာမ်ားလွေသာနန္းတြင္းရွိ ထက္ျမတ္လွေသာ မိန္းကေလး၂ဦး~~~ ဂိုဂူေလ်ာ ႏိုင္ငံရယ့္မင္းႀကီးkim kai~~~ မိဖုရားdo soo ♢♢♢♢♢♢♢♢♢♢♢♢♢♢ တရုတ္ႏုိင္င...
76.7K 5.9K 43
"ၾကာျဖဴ ငါတို႔ေသျခင္းတရားမွာ မင္းအၿငိဳးေတြေျပပါေစေတာ့" ပင္လယ္ဒ႑ာရီတြင္ေၾကာက္စရာအေကာင္းဆံုးေသာ က်ိန္စာဆိုးမ်ားႏွင့္ၾကာျဖဴပံုျပင္... သို႔ေသာ္လြန္ခဲ့ေ...
184K 22.2K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ