ပြန်လိုချင်တယ်
အပိုင်း (32)
"မုန်းလိုက်တာ အရမ်းပဲ ငါကိုကမှားတာပါ "
"အေးဟုတ်တယ် နင်မှားတာပဲ နင်ပဲ နေပိုင်ထွဋ်တို့တစ်ဖွဲ့လုံးကိုကြည့်မရပါဘူးဆိုပြီး သန့်ဇင်အောင်ကိုတော့အမြင်ကြည်တယ်ပေါ့ "
"တကယ် သူတို့တစ်ဖွဲ့လုံးက အလိုတူအလိုပါ အကျင့်စရိုက်တွေအကုန်အတူတူပဲ"
"ကိုနေပိုင်ထွဋ်က သိရဲ့သားနဲ့တောင် လားရှိူးသွားတုန်းက သန့်ဇင်အောင်ကိုခေါ်လာသေးတာနော် ငါကတော့သန့်ဇင်အောင်ကနင့်ကိုအဟုတ်ကြွေနေတာမှတ်လို့"
"အေး နင်တောင်အဲ့သလိုထင်မှတော့ ငါ့နေရာမှာစဥ်းစားကြည့်စမ်းပါ "
ယမင်းက အောက်နှုတ်ခမ်းကလေးကိုဖိကိုက်ပြီး ဒေါသထွက်စွာနဲ့ ရှေ့မှာရှိနေသောစားပွဲခုံအား လက်ဖဝါးဖြင့်ရိုက်လိုက်သည်။
ခင်သက်က မျက်လုံးလေးစုံမှိတ်ကာလန့်သွားရပြီး
"ဖြေးဖြေးသက်သာလုပ်စမ်းပါ စားပွဲခုံကြီးလည်းကျိုးသွားဦးမယ်"
"ကျိုးကျိုးဟာ !"
"အေးပါ နင့်ပစ္စည်းပဲ ကြိုက်သလိုသာလုပ်"
ဒီတစ်ပတ်ပိတ်ရက်မှာ ခင်သက်နဲ့ယမင်းတို့ ယမင်းအိမ်၌Dateဖြစ်ကြသည်။ ဘီယာနှင့်အာလူးချောင်းကြော်ရယ် မပါမဖြစ် မာလာရှမ်းကောလည်း ခင်သက်ကဝယ်ခဲ့ရသေးသည်။
အသည်းကွဲနေတဲ့အပျိုကြီးစာရင်းဝင် သူငယ်ချင်းလေးကို သူမှလာမနှစ်သိမ့်ရင် မဖြစ်တော့ပြီမို့။
"ယောက်ျားတွေကလေ ငါတို့မိန်းမတွေကိုသူတို့ရဲ့ကစားစရာလို့များအောက်မေ့နေလားမသိဘူး ငါတို့ပြန်Play လိုက်ရင် သူတို့ရူးတောင်သွားဦးမယ် "
"လောလောဆယ် Play ခံလိုက်ရတာကနင်နော် ယမင်းလွင်!"
ခင်သက်က ဘီယာဘူးကိုမော့သောက်ရင်းလေကျယ်နေတဲ့သူငယ်ချင်းမကိုသတိပေးလိုက်သည်။
"ငါဘာလို့အဲ့ဒီကောင်ကိုမှ ရင်ခုန်သွားရတာလဲ မုန်းလိုက်တာငါ့ကိုယ်ငါတောင် !"
"နင်မုန်းလည်းအပိုပဲ ရင်ခုန်လို့နင်သူ့ကိုတောင်ကြိုက်ပြီးသွားပြီမလား"
"မပြောစမ်းပါနဲ့ခင်သက်ရယ် ငိုချင်လာပြီ ငါသူ့ကိုတကယ်ကိုကြည့်မရခဲ့ရာနေ ဘယ်လိုများသဘောကျမိသွားလဲဆိုတာစဥ်းစားလို့တောင်မရဘူး "
"အေး...အဲ့တာပဲ ငါလည်း ကိုနေပိုင်ထွဋ်က မကောင်းဘူးဆိုတာသိတယ် ငါ့အပေါ်မှာဘယ်လောက်အထိလိမ်ခဲ့ညာခဲ့လည်းဆိုတာလည်းငါအသိဆုံး ဒါပေမဲ့ ငါသူ့အနားကနေအခုထိအပြီးအပိုင်ထွက်မလာနိုင်သေးဘူး ယမင်း ဘာလို့လဲသိလား"
ယမင်းဟာ ခင်သက်ပြောသမျှကို ဒူးကလေးပိုက်ပြီးခပ်မဲ့မဲ့မျက်နှာကလေးဖြင့်နားထောင်နေသည်။ ခင်သက်ကတော့လက်ထဲကဘီယာဘူးကိုစားပွဲပေါ်သို့လှမ်းတင်လိုက်ရင်း
"အချစ်ပဲ...ယမင်း....အဲ့တာအချစ်ပဲ ငါတို့ချစ်တာကိုဘာနဲ့မှတားဆီးလို့မရဘူး ငါ ကိုနေပိုင်ထွဋ်ကို မုန်းလည်းမုန်းတယ် တစ်ခါတစ်လေသူအိပ်နေတုန်းခေါင်းအုံးနဲ့ဖိသတ်ပစ်ချင်လောက်တဲ့အထိမုန်းတယ် ဒါပေမဲ့ ငါလက်တွေ့မလုပ်နိုင်ဘူး ငါချစ်တယ် ငါသူ့ကိုမချစ်ချင်တော့ဘူး ဒါပေမဲ့သူငါ့အနားမှာရှိနေရင် ရင်တွေခုန်နေတုန်းသူ့ယုယမှုတွေကိုသာယာမိနေတုန်းပဲ "
သူမရဲ့ခံစားချက်တွေနဲ့အတူ အချစ်အကြောင်းကိုနားလည်အောင်ရှင်းပြနေတဲ့ ခင်သက်အားကြည့်ပြီး ငါ့အဖြစ်ကသူ့လောက်မဆိုးသေးအာဘူးလေ ဟုတွေးမိကာသက်ပြင်းချလိုက်သည်။
"ငါသူ့ကိုကွာရှင်းချင်တယ် သူကွာမပေးဘူး သူကွာမပေးဘူးဆိုတာကို အကြောင်းပြုပြီး ငါသူ့အနားမှာအခုထိဆက်နေနေမိတယ်!"
ယမင်းက ခင်သက်ရဲ့ပုခုံးပေါ်သို့ သူမခေါင်းလေးမှီတင်လိုက်ကာ
"ငါလည်း သန့်ဇင်အောင်ကို မေ့ပစ်ချင်တယ် သူနဲ့ပတ်သတ်သမျှ Memory တွေအားလုံး ငါ့ခေါင်းထဲကနေထုတ်ပစ်ချင်တယ် "
ဟု အသံခပ်ဝဲဝဲနဲ့ဆိုလာသည်။
ခင်သက် သူ့ပုခုံးပေါ်က ယမင်းကိုငဲ့ကြည့်တော့ မယ်မင်းကြီးမကငိုနေတာဖြစ်သည်။
"ဟဲ့ နင်ငိုနေတာလား "
ယမင်းဟာအပေါ်ယံသာအကြောတင်းတင်းမာကြောတဲ့မိန်းမတစ်ယောက်ဖြစ်ပေမဲ့ နှလုံးသားအင်မတန်နုတဲ့အကြောင်းခင်သက်အသိဆုံးဖြစ်သည်။
"မငိုနဲ့လေ နင်ငိုတော့ငါလည်းစိတ်တင်းထားသမျှငိုချင်လာပြီ!"
ခင်သက်က ပုခုံးပေါ်ကယမင်းခေါင်းကလေးကိုမော့စေတော့ ယမင်းကသူမကိုဖက်ငိုတော့သည်။
ခင်သက်သည်သူမကိုပြန်ပွေ့ဖက်ထားလိုက်ရင်း ကြေကွဲနေသောသူငယ်ချင်း၂ယောက်နောက်ဆုံးတော့တစ်ယောက်ကိုတစ်ယောက်ပြန်နှစ်သိမ့်လိုက်ရပါတော့သည်။
*
*
*
"ကောင်းတယ် ဒီလအတွက် ရောင်းအားအကောင်းဆုံးကလည်း နေပိုင်ထွဋ်ရဲ့Product လို့ပဲ ကြားတယ် "
"ဟုတ်ကဲ့ နောက်ထုတ်မယ့် Product ကိုလည်း အရင်က Score ထက်ပိုတက်လာအောင် ရောင်းချနိုင်ဖို့ကြိုးစားပါ့မယ် "
ကုမ္ပဏီရဲ့ Meeting ၌ ဒီနေ့ ကုမ္ပဏီရဲ့ဥက္ကဌဦးသောင်းထွဋ်ကိုယ်တိုင်တက်သည်။
Meeting တစ်ခုလုံးလည်းနေပိုင်ထွဋ်ကောင်းကြောင်းချည်းပဲချီးကျူးနေတာမို့Meeting ပြီးတာနဲ့ ဟေမာန်ထွဋ်ရောကျော်ဇောလင်းရောပါဦးသောင်းထွဋ်ကိုတောင်နှုတ်မဆက်ပဲထွက်သွားကြသည်။
ဦးသောင်းထွဋ်နှင့်ရင်းနှီးသောShareရှင် လူကြီးအချို့နှင့်နေပိုင်ထွဋ်၏ Team အချို့သာကျန်ခဲ့ပြီးနေပိုင်ထွဋ်က သူ့ဘက်ကဌာနာမှလူတွေပါ ပြန်ခိုင်းလိုက်သောကြောင့်လူအနည်းစုပဲ Share အကြောင်းဆွေးနွေးဖြစ်ပြသည်။
ကျော်ဇောလင်းကြောင့်အရင်လကShareအချို့ဆုံးရှုံးထားပေမဲ့အခု နေပိုင်ထွဋ်ကြောင့်တဖန်ပြန်တက်လာတာကိုတွေ့ရသည်။
ကုမ္ပဏီရဲ့CEO အဖြစ်နေပိုင်ထွဋ်အား ဆက်လက်ရှိနေဖို့လည်း ထိုလူကြီးများအားလုံးကလိုလိုလားလားရှိနေကြသည်။
ထို့နောက် ဦးသောင်းထွဋ်သည် Meeting. ခမ်းမကြီးထဲမှာ သူနှင့်နေပိုင်ထွဋ်တို့၂ဦးတည်းသာကျန်ရစ်စေသည်။
"အဘိုး ကျွန်တော့်ကိုဘာပြောစရာရှိလို့လဲ"
"ခင်သက်တင် အခြေအနေဘယ်လိုလဲ နေထွဋ် မင်းတို့ကလေးရကြပြီလား "
ဦးသောင်းထွဋ် သူသိချင်တဲ့အကြောင်းကိုဘာမှဝေ့ဝိုက်မနေဘဲမေးလာသည်။
နေပိုင်ထွဋ်ကတော့ ခင်သက်ကိုယ်ဝန်မရှိသေးတဲ့အကြောင်းကိုဖြေဖို့အခက်တွေ့ပြီး လည်ပင်းကနက်ခ်တိုင်ကိုလည်းအနည်းငယ်ဖြေလျော့လိုက်သည်။
"ငါမေးတာကြားလား"
"အဲ့တာက အခုထိ......"
"ငါလည်းသိပ်ပြီးကျန်းမာရေးမကောင်းဘူး နေပိုင်ထွဋ် မင်းတို့ရလာမယ့်ကလေးက ငါ့အတွက်အရေးကြီးတယ် အေး မင်းအတွက်လည်းအရေးကြီးတယ်ဆိုတာမင်းသိပါတယ် မင်းအတွက်ဒီလုပ်ငန်းစုကိုဆက်ခံနိုင်ဖို့အခွင့်အရေးက ခင်သက်တင်မွေးလာမယ့်ကလေးအပေါ်မှာပဲမူတည်တယ်"
"ဟုတ်ကဲ့ပါ...ကျွန်တော်တို့လည်းအကောင်းဆုံးကြိုးစားနေပါတယ် အဘိုးကိုစိတ်မပျက်စေရပါဘူး "
"အေး...ငါလည်း ဒီနေ့ ဆေးစစ်ရမယ့်အလုပ်ရှိသေးတယ် ပြန်ပြီ"
"ဟုတ်ကဲ့ ဂရုစိုက်ပြန်ပါ အဘိုး"
နေပိုင်ထွဋ်သည် ဦးသောင်းထွဋ်ကို ဓာတ်လှေကားအထိလိုက်ပို့ပေးလိုက်ပြီးနောက် သူ့ရုံးခန်းရှိရာသို့ခြေလှမ်းကျဲကျဲဖြင့်ပြန်လာခဲ့သည်။
အဘိုးက ကလေးရဖို့ ဖိအားပေး။
ခင်သက်က ကလေးအကြောင်းပြောရင်ရှောင်။
နေပိုင်ထွဋ် အဘိုးနဲ့မိန်းမကြားမှာစိတ်ရှုပ်နေရတော့သည်။
အခုတလောလည်းခင်သက်ကအတူနေဖို့ပြောတိုင်းငြင်းငြင်းနေပြီး သန့်ဇင်အောင်နဲ့ယမင်းလွင်ကိစ္စကိုသူသိရဲ့သားနဲ့ကူညီပေးလို့ စိတ်ဓာတ်ညံ့ဖျင်းလိုက်တာဟုစကားနှင့်အနိုင်ပိုင်းကာ သိပ်မကြည်ချင်။
ဒီလိုမျိုးနဲ့ထပ်ပြီးဝေးသွားလို့တော့မဖြစ်။
ခင်သက်စိတ်ပြေအောင်တော့တစ်နည်းနည်းနဲ့ချော့ရမည်။
နေပိုင်ထွဋ် ခင်သက်ကိုချော့ဖို့အကြောင်းစဥ်းစားရင်းနဲ့ သူ၏ရုံးခန်းရှေ့အရောက် ကြည်ပြာချိုကိုတွေ့တာနဲ့ကြည်ပြာချိုရဲ့အလုပ်စားပွဲရှေ့သို့ရပ်လိုက်သည်။
"ဆရာ ဘာခိုင်းစရာရှိလို့လဲ"
"မေးစရာရှိလို့ ကြည်ပြာချို!"
ကြည်ပြာချိုက မတ်တပ်ရပ်လိုက်ပြီး နေပိုင်ထွဋ်ဘက်ကအမေးစကားကိုစောင့်နေလိုက်သည်။
"မိန်းမတွေကသူတို့ကိုချော့ရင်ဘယ်လိုချော့တာမျိုးကြိုက်လဲ "
ကြည်ပြာချိုက ၃စက္ကန့်လောက်စဥ်းစားပြီးနောက်
"Suprise လုပ်ပေးရင်ကြိုက်တယ် ဆရာ"
နေပိုင်ထွဋ်က ခေါင်းညိတ်လိုက်ကာ
"အိုခေ..ကျေးဇူး ကြည်ပြာချို"
သူ၏ရုံးခန်းထဲသို့ ဝင်သွားလိုက်သည်။
*
*
*
နေပိုင်ထွဋ်တစ်ယောက် ကုမ္ပဏီမှအပြန်တွင် Jewellery ဆိုင်တစ်ခုရှေ့မှာ သူ၏ Land Cruiser ကားကြီးကိုဆိုက်ဆိုက်မြိုက်မြိုက်ရပ်လိုက်သည်။
ကုတ်အင်္ကျီကိုသပ်ရပ်အောင်ပြင်ဆင်ပြီး ကားပေါ်မှဆင်း၍ ဆိုင်ထဲသို့ဝင်လိုက်တာနဲ့ ဆိုင်ဝန်ထမ်းကောင်မလေးများကမင်္ဂလာပါဟုနှုတ်ဆက်ကြသည်။
လက်ဝတ်ရတနာမျိုးစုံရှိနေသောမှန်ကောင်တာကြီးများရှေ့မှာနေပိုင်ထွဋ်မတ်တပ်ရပ်ပြီးတစ်ခုချင်းသေချာကြည့်နေလေတော့ဝန်ထမ်းကောင်မလေးတစ်ယောက်က အနားမှာလာရပ်၍
"ဘာပြပေးရမလဲရှင့်"
"အမ်...ရတယ် ကျွန်တော်အရင်ရွေးလိုက်ဦးမယ်"
နေပိုင်ထွဋ်သည် ကောင်တာရှေ့မှာတစ်လှမ်းချင်းလျှောက်ရင်းနဲ့ အရောင်တဖျက်ဖျက်တောက်ပနေသော လက်စွပ်၊ ဟန်းချိန်း၊ နားကပ်၊ဆွဲကြိုးစသောလက်ဝတ်ရတနာများအားသူ့မျက်လုံးထဲတိုးလာမည့်တစ်ခုခုကိုရှာဖွေနေသည်။
"ဒီ တစ်ခု ပြပေးပါ"
နောက်ဆုံး နေပိုင်ထွဋ်သည်သူ့မျက်လုံးထဲသို့ တဖိတ်ဖိတ်တောက်ပလျှက်ဝင်လာသောပစ္စည်းတစ်ခုအားလက်ညှိုးထိုးပြီးပြခိုင်းလိုက်တော့သည်။
ဝန်ထမ်းမလေးကနေပိုင်ထွဋ်လက်ညှိုးထိုးလိုက်တဲ့ ဆွဲကြိုးကလေးကိုကတ္တီပါပြားအနက်ရောင်ပေါ်မှာတင်ပြီးပြသည်။
ပလက်တီနမ်ဆွဲကြိုးမျှင်မျှင်ကလေးက ခင်သက်လည်ပင်းကျော့ကျော့ကလေးနှင့်အတော်ကလေးလိုက်ဖက်မှာပဲဟုနေပိုင်ထွဋ်တွေးထင်မိသည်။
ထို့နောက် နေလုံးသဖွယ်စိန်တုံးသေးသေးကလေးဟာလည်း တဖိတ်ဖိတ်တောက်ပနေလျှက်ရှိလေရာ အမြဲတမ်းထက်မြက်တောက်ပနေသောခင်သက်ကိုကိုယ်စားပြုမည်ဟု စဥ်းစားလျှက်ထိုဆွဲကြိုးကလေးအားအင်မတန်သဘောကျနေမိတော့သည်။
နေပိုင်ထွဋ် ထိုဆွဲကြိုးကိုယူမည့်အကြောင်းပြောပြီး စျေးတောင်မမေးတော့ဘဲ သူ့Card ကိုထုတ်ပေးကာငွေရှင်းလိုက်တော့၏။
ကတ္တီပါဘူးအမဲရောင်ကလေးကိုစက္ကူအိတ်အဖြူရောင်ထဲသို့ထည့်ပြီး လက်ကနေဆွဲ၍ နေပိုင်ထွဋ်တစ်ယောက်ပြုံးပြုံးကြီး ဆိုင်ထဲမှထွက်လာလေသည်။
အိမ်ရောက်ရင် ချစ်ဇနီးချောကလေးအားမည်ကဲ့သို့ Suprise လုပ်ရမလဲဟုတစ်လမ်းလုံးစဥ်းစားပြီးကားမောင်းလာခဲ့ပေမဲ့မအောင်စွာနဲ့ပဲခင်သက်ကဒီနေ့မှစောစောပြန်ရောက်နေလေသည်။
နေပိုင်ထွဋ်လည်း ဒီပစ္စည်းကိုအမြင်ခံလို့မဖြစ်တာကြောင့်ကုတ်အင်္ကျီထဲသို့ဖွက်ယူလာကာမနက်မှပဲSupriseလုပ်တော့မည်ဟုစဥ်းစားလိုက်သည်။
အိမ်ထဲရောက်တော့သူမကရေမိုးချိုးပြီးလို့ ဧည့်ခန်းထဲမှာTablet တစ်လုံးနှင့်သူမရဲ့ဆွဲပြီးသား Design တွေပြန်ကြည့်နေလေသည်။
နေပိုင်ထွဋ် သူမကိုလှည့်ကြည့်လှည့်ကြည့်နှင့် အခန်းထဲသို့ဝင်သွားလိုက်ပြီး သူမအိမ်ရှေ့မှာရှိနေတာကိုအခွင့်ကောင်းယူ၍Supriseလုပ်ဖို့စီစဥ်သည်။
အခန်းထဲ၌ အဝတ်အစားမလဲသေးဘဲ ၂မိနစ်မျှမတ်တပ်ရပ်ပြီး သူမရဲ့ပစ္စည်းတွေကိုမျက်စိဒေါက်ထောက်ကြည့်နေခဲ့သည်။
မှန်တင်ခုံပေါ်မှာတင်ထားရမလား?
သူမရဲ့ခေါင်းရင်းကစားပွဲပေါ်မှာတင်ထားလိုက်မလား?
သူမရဲ့အင်္ကျီတွေကြားထဲထည့်ထားလိုက်မလား?
အမျိုးမျိုးစဥ်းစားရင်း နောက်ဆုံးစဥ်းစားမိလိုက်တာက သူမရဲ့လက်ကိုင်အိတ်ထဲထည့်ထားလိုက်ဖို့ဖြစ်သည်။
ဟုတ်သည်။ လက်ကိုင်အိတ်ကိုတော့သူမတစ်နေ့အကြိမ်ပေါင်းများစွာနှိုက်ကြည့်သည်မဟုတ်လား။ ဒီဘူးကလေးကိုသူမနက်ကျရင်ကိုင်မည့်လက်ကိုင်အိတ်ထဲသို့ထည့်ထားလိုက်လျှင် သူမ သူမရဲ့ဆိုင်ရောက်လို့လက်ကိုင်အိတ်ထဲနှိုက်ကြည့်မိတာနဲ့ ဒီပစ္စည်းကိုတွေ့လိမ့်မည်ဖြစ်သည်။
ဒါပေမဲ့...ခက်တာက ခင်သက်ဟာသူမရဲ့လက်ကိုင်အိတ်ကိုသူမဝတ်တဲ့အဝတ်အစားနဲ့လိုက်အောင်ဖက်ရှင်ကျကျကိုင်တတ်တာမို့ မနက်ကျရင်ဘယ်အိတ်ကိုကိုင်သွားမလဲနေပိုင်ထွဋ်မသိပြီ။
ထို့ကြောင့်နေပိုင်ထွဋ်သည် မနက်စောစောခင်သက်သူမရဲ့အဝတ်အစားနှင့်သူမကိုင်မည့်လက်ကိုင်အိတ်ကိုထုတ်ပြီးတာနဲ့ သူမလစ်တဲ့အချိန် ဒီပစ္စည်းကိုထည့်ထားလိုက်ဖို့ပဲစီစဥ်ထားလိုက်တော့သည်။
ခင်သက်တင်ရဲ့ခြေသံကိုကြားတော့နေပိုင်ထွဋ်ခပ်မြန်မြန်ရေချိုးခန်းထဲဝင်သွားလိုက်တော့၏။ မနက်အတွက်သူ့မှာအစီအစဥ်ရှိနေတာမို့ ဒီနေ့ညတော့နေပိုင်ထွဋ်သည်ခင်သက်တင်အား ထွေထွေထူးထူးအခြားစကားများပြောမနေတော့ဘဲနှစ်ယောက်စလုံးအေးတိအေးစက်နဲ့အိပ်ယာဝင်ခဲ့ကြသည်။
*
*
*
နေပိုင်ထွဋ် အိပ်ယာနိုးလာတော့ ခင်သက်ကဆိုင်သွားဖို့တောင်ပြင်ဆင်ပြီးနေပြီဖြစ်သည်။
ဟူး...တော်ပါသေးရဲ့ မသွားခင်လေးအမှီနိုးလာလို့။
နေပိုင်ထွဋ်ဟာ နီညိုရောင်Dress နဲ့တောက်ပနေသည့် နှုတ်ခမ်းနီဆိုးနေသောခင်သက်ကိုအိပ်ယာပေါ်ကနေထိုင်ကြည့်ပြီးပြုံးနေသည်။
ခင်သက်ကတော့နှုတ်ခမ်းနီဆိုးပြီးနောက် မှန်တင်ခုံပေါ်ကသူမရဲ့သားရေလက်ကိုင်အိတ်နီညိုရောင်ထဲသို့နှုတ်ခမ်းနီတောင့်ကလေးပစ်ထည့်လိုက်ပြီး သွားခါနီးပစ္စည်းစုံရဲ့လားဟုတစ်ခါပြန်စစ်သည်။
မနေ့က သူမရဲ့ဆွဲလက်စDesign တွေကိုကြည့်ရင်း အိမ်ရှေ့မှာ Idea ထုတ်နေခဲ့တာ ရေသောက်ပြီးအခန်းထဲတန်းဝင်လာတာမို့ ထို Tablet ကို ဆိုဖာပေါ်မှာပစ်ထားခဲ့မိသည်။
ခင်သက်သည်Tablet သွားယူဖို့အိမ်ရှေ့သို့ထွက်အသွား နေပိုင်ထွဋ်လည်းအိပ်ယာပေါ်မှဝုန်းကနဲဆင်းလိုက်ပြီး မနေ့ကကုတ်အင်္ကျီထဲမှာဖွက်ထားခဲ့တဲ့ လည်ဆွဲဘူးလေးကိုခင်သက်၏ လက်ကိုင်အိတ်ဖောင်းဖောင်းကလေးထဲသို့ထည့်လိုက်သည်။
နေပိုင်ထွဋ် ကတ္တီပါဘူးကလေးအားအိတ်ထဲသို့ထည့်နေရင်း သူထည့်လိုက်တဲ့နေရာကိုခင်သက်ကချက်ချင်းနှိုက်မိပါ့မလားဟုစိတ်ပူကာ အိတ်ထဲမှာလည်းပစ္စည်းတွေကများလှတာမို့ သူမအများဆုံးအသုံးပြုတဲ့ဖုန်းနဲ့ကပ်ထားတာအဆင်ပြေလိမ့်ဟုတွေးမိပြီး ထိုဘူးကလေးကိုသူမရဲ့ဖုန်းနဲ့ကပ်ထားလိုက်သည်။
နေပိုင်ထွဋ် ခင်သက်ရဲ့ဖုန်းနဲ့အတူ အိတ်ထဲကနေစမ်းမိတာကခပ်ရှရှနဲ့ဆေးကဒ်တစ်ခုဖြစ်သည်။
နေပိုင်ထွဋ်လည်း ဆေးကဒ်ကိုစမ်းမိတာမို့သူမနေမကောင်းလေသလားဟုစိတ်ပူကာစမ်းမိသမျှဆေးကဒ်၃ကဒ်လုံးကိုဆွဲထုတ်ကြည့်လိုက်သည်။
နေပိုင်ထွဋ် သူ့လက်ထဲမှာပါလာတဲ့ ဆေးကဒ်၃ကဒ်အားမျက်မှောင်ကုပ်ကြည့်နေရင်း တစ်ဆက်တည်းမှာပဲရင်ထဲမှာဆို့နင့်စွာနဲ့အံ့သြသွားရသည်။
ထိုဆေးကဒ်တွေဟာ ဖောက်ပြီးသောက်ထားတာလည်းတစ်ဝက်ကျိုးလို့နေပြီဖြစ်သည်။
ခင်သက်က Tablet ကိုကိုင်ပြီးအခန်းထဲပြန်ဝင်လာတော့သူမရဲ့မှန်တင်ခုံရှေ့မှာ ဆေးကဒ်အချို့ကိုကိုင်ပြီးရပ်နေတဲ့နေပိုင်ထွဋ်ကိုတွေ့သည်။
ခင်သက်လည်း နေပိုင်ထွဋ်နှင့်အတူထိုဆေးကဒ်တွေကိုမြင်မြင်ချင်းရင်ထဲမှာဒိတ်ကနဲနေအောင်လန့်သွားရပြီးအခန်းပေါက်ဝမှာပဲတုန့်ခနဲရပ်နေမိသည်။
နေပိုင်ထွဋ်ကတော့ခင်သက်ကိုခပ်တင်းတင်းကြည့်ကာလက်ထဲကဆေးကဒ်တွေကိုပြပြီးမေးသည်။
"ဒါဘာတွေလဲခင်သက်တင်!"
ခင်သက်ကမဖြေဘဲ Tablet ကို ခပ်တင်းတင်းကလေးဆုပ်ကိုင်ထားသည်။
"ငါမေးနေတယ်လေ ဒါဘာတွေလဲလို့!"
နေပိုင်ထွဋ်က အသံမြှင့်ပြီးအော်လိုက်တော့ ခင်သက်ကိုယ်လေးတစ်ချက်တုန်သွားရ၏။
"ရှင်မြင်တာပဲ ဘာလို့မေးနေတာလဲ"
ခင်သက်က မျက်နှာကလေးကိုခပ်စွင့်စွင့်မော့လိုက်ပြီး ပြန်ဖြေလိုက်တော့ နေပိုင်ထွဋ်ကအဲ့ဒီဆေးကဒ်တွေအကုန်လုံးကိုခင်သက်ဆီသို့လွှင့်ပစ်လိုက်၏။
နေပိုင်ထွဋ်လည်းအိမ်ထောင်သည်ယောက်ျားတစ်ယောက်ဖြစ်ကာအဲ့သလောက်လည်းဗဟုသုတနည်းတဲ့သူမဟုတ်လို့ ဒါဟာကိုယ်ဝန်တားဆေးတွေမှန်းမြင်ကတည်းကတန်းသိပါသည်။
"မင်းဘယ်အချိန်ကတည်းကသောက်နေတာလဲ! "
နေပိုင်ထွဋ် ဒေါသထွက်စွာနဲ့ခင်သက်ကိုအသံမာမာနဲ့အော်ပြီးသာမေးနေမိသည်။
"ရှင်နဲ့ကျွန်မ ဒီနှစ်ထဲမှာ အတူနေတဲ့နေ့ကတည်းကပဲ "
"ဘာလို့သောက်တာလဲ ခင်သက်တင် ငါမင်းကိုနားမလည်တော့ဘူးကွာ ငါကလေးလိုချင်နေမှန်းသိရဲ့သားနဲ့ ဘာလို့အဲ့ဒီဆေးတွေသောက်နေတာလဲ"
"ကျွန်မမလိုချင်လို့ပေါ့ ရှင်ကျွန်မမလိုချင်မှန်းသိပါတယ် ဒါပေမဲ့ကျွန်မမလိုချင်ချင် လိုချင်ချင်ရှင်ကတော့ကျွန်မကိုကိုယ်ဝန်ရအောင်လုပ်မှာပဲအဲ့ဒီတော့ကျွန်မဘက်ကမရချင်လို့သောက်တယ်ဘာဖြစ်လဲ "
"မင်းတကယ် စောက်ရမ်းခေါင်းမာတဲ့မိန်းမပဲကွ မင်းလောက်အလှကြိုက်တဲ့မိန်းမက ကိုယ်ဝန်တားဆေးကိုငါနဲ့အတူနေတိုင်းသောက်နေတယ်ဆိုတော့ မင်းတော်တော်လေးငါ့အပေါ်ခံစားချက်ပြင်းပြင်းနဲ့မုန်းနေပုံပဲ!"
"မုန်းတယ် ကျွန်မ ရှင့်အနားကနေလည်းထွက်သွားချင်တယ် ရှင့်ကလေးကိုလည်းမမွေးချင်ဘူးကိုနေပိုင်ထွဋ် အဲ့တာကြောင့်ကျွန်မ Body အလှပျက်ခံပြီးအဲ့ဒီဆေးတွေသောက်တယ် "
"တော်တော့ ခင်သက်တင် မင်းနောက်ထပ်အဲ့ဒီစောက်ရေးမပါတဲ့ ဆေးတွေသောက်ရဲသောက်ကြည့် မင်းငါနဲ့တွေ့မယ်!"
"သောက်စရာလည်းမလိုတော့ပါဘူး ရှင်နဲ့လည်းမတွေ့တော့ဘူး ရှင့်အဘိုးဆီကအမွေဆက်ခံရဖို့ကျွန်မကလေးကိုလည်းမမျှော်လင့်နဲ့ မမွေးပေးနိုင်ဘူး ကျွန်မဘက်ကရှင့်အပေါ်မှာဘယ်လောက်စိတ်နာနေသလဲဆိုတာ ရှင်အခုသိပြီပဲ အဲ့ဒီတော့ ကျွန်မဒီအိမ်ကနေထွက်သွားတော့မှာ"
ခင်သက် သူ့ကိုခပ်ပြတ်ပြတ်ပြောခဲ့ပြီးသူမရဲ့အိတ်ကိုလှမ်းယူကာအိမ်ထဲနေခပ်မြန်မြန်ထွက်သွားခဲ့သည်။
*************************************
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း (33) ဆက်ရန်
Zawgyi Version
ျပန္လိုခ်င္တယ္
အပိုင္း (32)
"မုန္းလိုက္တာ အရမ္းပဲ ငါကိုကမွားတာပါ "
"ေအးဟုတ္တယ္ နင္မွားတာပဲ နင္ပဲ ေနပိုင္ထြဋ္တို႔တစ္ဖြဲ႕လုံးကိုၾကည့္မရပါဘူးဆိုၿပီး သန့္ဇင္ေအာင္ကိုေတာ့အျမင္ၾကည္တယ္ေပါ့ "
"တကယ္ သူတို႔တစ္ဖြဲ႕လုံးက အလိုတူအလိုပါ အက်င့္စရိုက္ေတြအကုန္အတူတူပဲ"
"ကိုေနပိုင္ထြဋ္က သိရဲ႕သားနဲ႕ေတာင္ လားရွိူးသြားတုန္းက သန့္ဇင္ေအာင္ကိုေခၚလာေသးတာေနာ္ ငါကေတာ့သန့္ဇင္ေအာင္ကနင့္ကိုအဟုတ္ေႂကြေနတာမွတ္လို႔"
"ေအး နင္ေတာင္အဲ့သလိုထင္မွေတာ့ ငါ့ေနရာမွာစဥ္းစားၾကည့္စမ္းပါ "
ယမင္းက ေအာက္ႏႈတ္ခမ္းကေလးကိုဖိကိုက္ၿပီး ေဒါသထြက္စြာနဲ႕ ေရွ႕မွာရွိေနေသာစားပြဲခုံအား လက္ဖဝါးျဖင့္ရိုက္လိုက္သည္။
ခင္သက္က မ်က္လုံးေလးစုံမွိတ္ကာလန့္သြားရၿပီး
"ေျဖးေျဖးသက္သာလုပ္စမ္းပါ စားပြဲခုံႀကီးလည္းက်ိဳးသြားဦးမယ္"
"က်ိဳးက်ိဳးဟာ !"
"ေအးပါ နင့္ပစၥည္းပဲ ႀကိဳက္သလိုသာလုပ္"
ဒီတစ္ပတ္ပိတ္ရက္မွာ ခင္သက္နဲ႕ယမင္းတို႔ ယမင္းအိမ္၌Dateျဖစ္ၾကသည္။ ဘီယာႏွင့္အာလူးေခ်ာင္းေၾကာ္ရယ္ မပါမျဖစ္ မာလာရွမ္းေကာလည္း ခင္သက္ကဝယ္ခဲ့ရေသးသည္။
အသည္းကြဲေနတဲ့အပ်ိဳႀကီးစာရင္းဝင္ သူငယ္ခ်င္းေလးကို သူမွလာမႏွစ္သိမ့္ရင္ မျဖစ္ေတာ့ၿပီမို႔။
"ေယာက္်ားေတြကေလ ငါတို႔မိန္းမေတြကိုသူတို႔ရဲ႕ကစားစရာလို႔မ်ားေအာက္ေမ့ေနလားမသိဘူး ငါတို႔ျပန္Play လိုက္ရင္ သူတို႔႐ူးေတာင္သြားဦးမယ္ "
"ေလာေလာဆယ္ Play ခံလိုက္ရတာကနင္ေနာ္ ယမင္းလြင္!"
ခင္သက္က ဘီယာဘူးကိုေမာ့ေသာက္ရင္းေလက်ယ္ေနတဲ့သူငယ္ခ်င္းမကိုသတိေပးလိုက္သည္။
"ငါဘာလို႔အဲ့ဒီေကာင္ကိုမွ ရင္ခုန္သြားရတာလဲ မုန္းလိုက္တာငါ့ကိုယ္ငါေတာင္ !"
"နင္မုန္းလည္းအပိုပဲ ရင္ခုန္လို႔နင္သူ႕ကိုေတာင္ႀကိဳက္ၿပီးသြားၿပီမလား"
"မေျပာစမ္းပါနဲ႕ခင္သက္ရယ္ ငိုခ်င္လာၿပီ ငါသူ႕ကိုတကယ္ကိုၾကည့္မရခဲ့ရာေန ဘယ္လိုမ်ားသေဘာက်မိသြားလဲဆိုတာစဥ္းစားလို႔ေတာင္မရဘူး "
"ေအး...အဲ့တာပဲ ငါလည္း ကိုေနပိုင္ထြဋ္က မေကာင္းဘူးဆိုတာသိတယ္ ငါ့အေပၚမွာဘယ္ေလာက္အထိလိမ္ခဲ့ညာခဲ့လည္းဆိုတာလည္းငါအသိဆုံး ဒါေပမဲ့ ငါသူ႕အနားကေနအခုထိအၿပီးအပိုင္ထြက္မလာနိုင္ေသးဘူး ယမင္း ဘာလို႔လဲသိလား"
ယမင္းဟာ ခင္သက္ေျပာသမွ်ကို ဒူးကေလးပိုက္ၿပီးခပ္မဲ့မဲ့မ်က္ႏွာကေလးျဖင့္နားေထာင္ေနသည္။ ခင္သက္ကေတာ့လက္ထဲကဘီယာဘူးကိုစားပြဲေပၚသို႔လွမ္းတင္လိုက္ရင္း
"အခ်စ္ပဲ...ယမင္း....အဲ့တာအခ်စ္ပဲ ငါတို႔ခ်စ္တာကိုဘာနဲ႕မွတားဆီးလို႔မရဘူး ငါ ကိုေနပိုင္ထြဋ္ကို မုန္းလည္းမုန္းတယ္ တစ္ခါတစ္ေလသူအိပ္ေနတုန္းေခါင္းအုံးနဲ႕ဖိသတ္ပစ္ခ်င္ေလာက္တဲ့အထိမုန္းတယ္ ဒါေပမဲ့ ငါလက္ေတြ႕မလုပ္နိုင္ဘူး ငါခ်စ္တယ္ ငါသူ႕ကိုမခ်စ္ခ်င္ေတာ့ဘူး ဒါေပမဲ့သူငါ့အနားမွာရွိေနရင္ ရင္ေတြခုန္ေနတုန္းသူ႕ယုယမႈေတြကိုသာယာမိေနတုန္းပဲ "
သူမရဲ႕ခံစားခ်က္ေတြနဲ႕အတူ အခ်စ္အေၾကာင္းကိုနားလည္ေအာင္ရွင္းျပေနတဲ့ ခင္သက္အားၾကည့္ၿပီး ငါ့အျဖစ္ကသူ႕ေလာက္မဆိုးေသးအာဘူးေလ ဟုေတြးမိကာသက္ျပင္းခ်လိဳက္သည္။
"ငါသူ႕ကိုကြာရွင္းခ်င္တယ္ သူကြာမေပးဘူး သူကြာမေပးဘူးဆိုတာကို အေၾကာင္းျပဳၿပီး ငါသူ႕အနားမွာအခုထိဆက္ေနေနမိတယ္!"
ယမင္းက ခင္သက္ရဲ႕ပုခုံးေပၚသို႔ သူမေခါင္းေလးမွီတင္လိုက္ကာ
"ငါလည္း သန့္ဇင္ေအာင္ကို ေမ့ပစ္ခ်င္တယ္ သူနဲ႕ပတ္သတ္သမွ် Memory ေတြအားလုံး ငါ့ေခါင္းထဲကေနထုတ္ပစ္ခ်င္တယ္ "
ဟု အသံခပ္ဝဲဝဲနဲ႕ဆိုလာသည္။
ခင္သက္ သူ႕ပုခုံးေပၚက ယမင္းကိုငဲ့ၾကည့္ေတာ့ မယ္မင္းႀကီးမကငိုေနတာျဖစ္သည္။
"ဟဲ့ နင္ငိုေနတာလား "
ယမင္းဟာအေပၚယံသာအေၾကာတင္းတင္းမာေၾကာတဲ့မိန္းမတစ္ေယာက္ျဖစ္ေပမဲ့ ႏွလုံးသားအင္မတန္ႏုတဲ့အေၾကာင္းခင္သက္အသိဆုံးျဖစ္သည္။
"မငိုနဲ႕ေလ နင္ငိုေတာ့ငါလည္းစိတ္တင္းထားသမွ်ငိုခ်င္လာၿပီ!"
ခင္သက္က ပုခုံးေပၚကယမင္းေခါင္းကေလးကိုေမာ့ေစေတာ့ ယမင္းကသူမကိုဖက္ငိုေတာ့သည္။
ခင္သက္သည္သူမကိုျပန္ေပြ႕ဖက္ထားလိုက္ရင္း ေၾကကြဲေနေသာသူငယ္ခ်င္း၂ေယာက္ေနာက္ဆုံးေတာ့တစ္ေယာက္ကိုတစ္ေယာက္ျပန္ႏွစ္သိမ့္လိုက္ရပါေတာ့သည္။
*
*
*
"ေကာင္းတယ္ ဒီလအတြက္ ေရာင္းအားအေကာင္းဆုံးကလည္း ေနပိုင္ထြဋ္ရဲ႕Product လို႔ပဲ ၾကားတယ္ "
"ဟုတ္ကဲ့ ေနာက္ထုတ္မယ့္ Product ကိုလည္း အရင္က Score ထက္ပိုတက္လာေအာင္ ေရာင္းခ်နိဳင္ဖို႔ႀကိဳးစားပါ့မယ္ "
ကုမၸဏီရဲ႕ Meeting ၌ ဒီေန႕ ကုမၸဏီရဲ႕ဥကၠဌဦးေသာင္းထြဋ္ကိုယ္တိုင္တက္သည္။
Meeting တစ္ခုလုံးလည္းေနပိုင္ထြဋ္ေကာင္းေၾကာင္းခ်ည္းပဲခ်ီးက်ဴးေနတာမို႔Meeting ၿပီးတာနဲ႕ ေဟမာန္ထြဋ္ေရာေက်ာ္ေဇာလင္းေရာပါဦးေသာင္းထြဋ္ကိုေတာင္ႏႈတ္မဆက္ပဲထြက္သြားၾကသည္။
ဦးေသာင္းထြဋ္ႏွင့္ရင္းႏွီးေသာShareရွင္ လူႀကီးအခ်ိဳ႕ႏွင့္ေနပိုင္ထြဋ္၏ Team အခ်ိဳ႕သာက်န္ခဲ့ၿပီးေနပိုင္ထြဋ္က သူ႕ဘက္ကဌာနာမွလူေတြပါ ျပန္ခိုင္းလိုက္ေသာေၾကာင့္လူအနည္းစုပဲ Share အေၾကာင္းေဆြးႏြေးျဖစ္ျပသည္။
ေက်ာ္ေဇာလင္းေၾကာင့္အရင္လကShareအခ်ိဳ႕ဆုံးရႈံးထားေပမဲ့အခု ေနပိုင္ထြဋ္ေၾကာင့္တဖန္ျပန္တက္လာတာကိုေတြ႕ရသည္။
ကုမၸဏီရဲ႕CEO အျဖစ္ေနပိုင္ထြဋ္အား ဆက္လက္ရွိေနဖို႔လည္း ထိုလူႀကီးမ်ားအားလုံးကလိုလိုလားလားရွိေနၾကသည္။
ထို႔ေနာက္ ဦးေသာင္းထြဋ္သည္ Meeting. ခမ္းမႀကီးထဲမွာ သူႏွင့္ေနပိုင္ထြဋ္တို႔၂ဦးတည္းသာက်န္ရစ္ေစသည္။
"အဘိုး ကြၽန္ေတာ့္ကိုဘာေျပာစရာရွိလို႔လဲ"
"ခင္သက္တင္ အေျခအေနဘယ္လိုလဲ ေနထြဋ္ မင္းတို႔ကေလးရၾကၿပီလား "
ဦးေသာင္းထြဋ္ သူသိခ်င္တဲ့အေၾကာင္းကိုဘာမွေဝ့ဝိုက္မေနဘဲေမးလာသည္။
ေနပိုင္ထြဋ္ကေတာ့ ခင္သက္ကိုယ္ဝန္မရွိေသးတဲ့အေၾကာင္းကိုေျဖဖို႔အခက္ေတြ႕ၿပီး လည္ပင္းကနက္ခ္တိုင္ကိုလည္းအနည္းငယ္ေျဖေလ်ာ့လိုက္သည္။
"ငါေမးတာၾကားလား"
"အဲ့တာက အခုထိ......"
"ငါလည္းသိပ္ၿပီးက်န္းမာေရးမေကာင္းဘူး ေနပိုင္ထြဋ္ မင္းတို႔ရလာမယ့္ကေလးက ငါ့အတြက္အေရးႀကီးတယ္ ေအး မင္းအတြက္လည္းအေရးႀကီးတယ္ဆိုတာမင္းသိပါတယ္ မင္းအတြက္ဒီလုပ္ငန္းစုကိုဆက္ခံနိုင္ဖို႔အခြင့္အေရးက ခင္သက္တင္ေမြးလာမယ့္ကေလးအေပၚမွာပဲမူတည္တယ္"
"ဟုတ္ကဲ့ပါ...ကြၽန္ေတာ္တို႔လည္းအေကာင္းဆုံးႀကိဳးစားေနပါတယ္ အဘိုးကိုစိတ္မပ်က္ေစရပါဘူး "
"ေအး...ငါလည္း ဒီေန႕ ေဆးစစ္ရမယ့္အလုပ္ရွိေသးတယ္ ျပန္ၿပီ"
"ဟုတ္ကဲ့ ဂ႐ုစိုက္ျပန္ပါ အဘိုး"
ေနပိုင္ထြဋ္သည္ ဦးေသာင္းထြဋ္ကို ဓာတ္ေလွကားအထိလိုက္ပို႔ေပးလိုက္ၿပီးေနာက္ သူ႕႐ုံးခန္းရွိရာသို႔ေျခလွမ္းက်ဲက်ဲျဖင့္ျပန္လာခဲ့သည္။
အဘိုးက ကေလးရဖို႔ ဖိအားေပး။
ခင္သက္က ကေလးအေၾကာင္းေျပာရင္ေရွာင္။
ေနပိုင္ထြဋ္ အဘိုးနဲ႕မိန္းမၾကားမွာစိတ္ရႈပ္ေနရေတာ့သည္။
အခုတေလာလည္းခင္သက္ကအတူေနဖို႔ေျပာတိုင္းျငင္းျငင္းေနၿပီး သန့္ဇင္ေအာင္နဲ႕ယမင္းလြင္ကိစၥကိုသူသိရဲ႕သားနဲ႕ကူညီေပးလို႔ စိတ္ဓာတ္ညံ့ဖ်င္းလိုက္တာဟုစကားႏွင့္အနိုင္ပိုင္းကာ သိပ္မၾကည္ခ်င္။
ဒီလိုမ်ိဳးနဲ႕ထပ္ၿပီးေဝးသြားလို႔ေတာ့မျဖစ္။
ခင္သက္စိတ္ေျပေအာင္ေတာ့တစ္နည္းနည္းနဲ႕ေခ်ာ့ရမည္။
ေနပိုင္ထြဋ္ ခင္သက္ကိုေခ်ာ့ဖို႔အေၾကာင္းစဥ္းစားရင္းနဲ႕ သူ၏႐ုံးခန္းေရွ႕အေရာက္ ၾကည္ျပာခ်ိဳကိုေတြ႕တာနဲ႕ၾကည္ျပာခ်ိဳရဲ႕အလုပ္စားပြဲေရွ႕သို႔ရပ္လိုက္သည္။
"ဆရာ ဘာခိုင္းစရာရွိလို႔လဲ"
"ေမးစရာရွိလို႔ ၾကည္ျပာခ်ိဳ!"
ၾကည္ျပာခ်ိဳက မတ္တပ္ရပ္လိုက္ၿပီး ေနပိုင္ထြဋ္ဘက္ကအေမးစကားကိုေစာင့္ေနလိုက္သည္။
"မိန္းမေတြကသူတို႔ကိုေခ်ာ့ရင္ဘယ္လိုေခ်ာ့တာမ်ိဳးႀကိဳက္လဲ "
ၾကည္ျပာခ်ိဳက ၃စကၠန့္ေလာက္စဥ္းစားၿပီးေနာက္
"Suprise လုပ္ေပးရင္ႀကိဳက္တယ္ ဆရာ"
ေနပိုင္ထြဋ္က ေခါင္းညိတ္လိုက္ကာ
"အိုေခ..ေက်းဇူး ၾကည္ျပာခ်ိဳ"
သူ၏႐ုံးခန္းထဲသို႔ ဝင္သြားလိုက္သည္။
*
*
*
ေနပိုင္ထြဋ္တစ္ေယာက္ ကုမၸဏီမွအျပန္တြင္ Jewellery ဆိုင္တစ္ခုေရွ႕မွာ သူ၏ Land Cruiser ကားႀကီးကိုဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ရပ္လိုက္သည္။
ကုတ္အကၤ်ီကိုသပ္ရပ္ေအာင္ျပင္ဆင္ၿပီး ကားေပၚမွဆင္း၍ ဆိုင္ထဲသို႔ဝင္လိုက္တာနဲ႕ ဆိုင္ဝန္ထမ္းေကာင္မေလးမ်ားကမဂၤလာပါဟုႏႈတ္ဆက္ၾကသည္။
လက္ဝတ္ရတနာမ်ိဳးစုံရွိေနေသာမွန္ေကာင္တာႀကီးမ်ားေရွ႕မွာေနပိုင္ထြဋ္မတ္တပ္ရပ္ၿပီးတစ္ခုခ်င္းေသခ်ာၾကည့္ေနေလေတာ့ဝန္ထမ္းေကာင္မေလးတစ္ေယာက္က အနားမွာလာရပ္၍
"ဘာျပေပးရမလဲရွင့္"
"အမ္...ရတယ္ ကြၽန္ေတာ္အရင္ေ႐ြးလိုက္ဦးမယ္"
ေနပိုင္ထြဋ္သည္ ေကာင္တာေရွ႕မွာတစ္လွမ္းခ်င္းေလွ်ာက္ရင္းနဲ႕ အေရာင္တဖ်က္ဖ်က္ေတာက္ပေနေသာ လက္စြပ္၊ ဟန္းခ်ိန္း၊ နားကပ္၊ဆြဲႀကိဳးစေသာလက္ဝတ္ရတနာမ်ားအားသူ႕မ်က္လုံးထဲတိုးလာမည့္တစ္ခုခုကိုရွာေဖြေနသည္။
"ဒီ တစ္ခု ျပေပးပါ"
ေနာက္ဆုံး ေနပိုင္ထြဋ္သည္သူ႕မ်က္လုံးထဲသို႔ တဖိတ္ဖိတ္ေတာက္ပလွ်က္ဝင္လာေသာပစၥည္းတစ္ခုအားလက္ညွိုးထိုးၿပီးျပခိုင္းလိုက္ေတာ့သည္။
ဝန္ထမ္းမေလးကေနပိုင္ထြဋ္လက္ညွိုးထိုးလိုက္တဲ့ ဆြဲႀကိဳးကေလးကိုကတၱီပါျပားအနက္ေရာင္ေပၚမွာတင္ၿပီးျပသည္။
ပလက္တီနမ္ဆြဲႀကိဳးမွ်င္မွ်င္ကေလးက ခင္သက္လည္ပင္းေက်ာ့ေက်ာ့ကေလးႏွင့္အေတာ္ကေလးလိုက္ဖက္မွာပဲဟုေနပိုင္ထြဋ္ေတြးထင္မိသည္။
ထို႔ေနာက္ ေနလုံးသဖြယ္စိန္တုံးေသးေသးကေလးဟာလည္း တဖိတ္ဖိတ္ေတာက္ပေနလွ်က္ရွိေလရာ အၿမဲတမ္းထက္ျမက္ေတာက္ပေနေသာခင္သက္ကိုကိုယ္စားျပဳမည္ဟု စဥ္းစားလွ်က္ထိုဆြဲႀကိဳးကေလးအားအင္မတန္သေဘာက်ေနမိေတာ့သည္။
ေနပိုင္ထြဋ္ ထိုဆြဲႀကိဳးကိုယူမည့္အေၾကာင္းေျပာၿပီး ေစ်းေတာင္မေမးေတာ့ဘဲ သူ႕Card ကိုထုတ္ေပးကာေငြရွင္းလိုက္ေတာ့၏။
ကတၱီပါဘူးအမဲေရာင္ကေလးကိုစကၠဴအိတ္အျဖဴေရာင္ထဲသို႔ထည့္ၿပီး လက္ကေနဆြဲ၍ ေနပိုင္ထြဋ္တစ္ေယာက္ၿပဳံးၿပဳံးႀကီး ဆိုင္ထဲမွထြက္လာေလသည္။
အိမ္ေရာက္ရင္ ခ်စ္ဇနီးေခ်ာကေလးအားမည္ကဲ့သို႔ Suprise လုပ္ရမလဲဟုတစ္လမ္းလုံးစဥ္းစားၿပီးကားေမာင္းလာခဲ့ေပမဲ့မေအာင္စြာနဲ႕ပဲခင္သက္ကဒီေန႕မွေစာေစာျပန္ေရာက္ေနေလသည္။
ေနပိုင္ထြဋ္လည္း ဒီပစၥည္းကိုအျမင္ခံလို႔မျဖစ္တာေၾကာင့္ကုတ္အကၤ်ီထဲသို႔ဖြက္ယူလာကာမနက္မွပဲSupriseလုပ္ေတာ့မည္ဟုစဥ္းစားလိုက္သည္။
အိမ္ထဲေရာက္ေတာ့သူမကေရမိုးခ်ိဳးၿပီးလို႔ ဧည့္ခန္းထဲမွာTablet တစ္လုံးႏွင့္သူမရဲ႕ဆြဲၿပီးသား Design ေတြျပန္ၾကည့္ေနေလသည္။
ေနပိုင္ထြဋ္ သူမကိုလွည့္ၾကည့္လွည့္ၾကည့္ႏွင့္ အခန္းထဲသို႔ဝင္သြားလိုက္ၿပီး သူမအိမ္ေရွ႕မွာရွိေနတာကိုအခြင့္ေကာင္းယူ၍Supriseလုပ္ဖို႔စီစဥ္သည္။
အခန္းထဲ၌ အဝတ္အစားမလဲေသးဘဲ ၂မိနစ္မွ်မတ္တပ္ရပ္ၿပီး သူမရဲ႕ပစၥည္းေတြကိုမ်က္စိေဒါက္ေထာက္ၾကည့္ေနခဲ့သည္။
မွန္တင္ခုံေပၚမွာတင္ထားရမလား?
သူမရဲ႕ေခါင္းရင္းကစားပြဲေပၚမွာတင္ထားလိုက္မလား?
သူမရဲ႕အကၤ်ီေတြၾကားထဲထည့္ထားလိုက္မလား?
အမ်ိဳးမ်ိဳးစဥ္းစားရင္း ေနာက္ဆုံးစဥ္းစားမိလိုက္တာက သူမရဲ႕လက္ကိုင္အိတ္ထဲထည့္ထားလိုက္ဖို႔ျဖစ္သည္။
ဟုတ္သည္။ လက္ကိုင္အိတ္ကိုေတာ့သူမတစ္ေန႕အႀကိမ္ေပါင္းမ်ားစြာႏွိုက္ၾကည့္သည္မဟုတ္လား။ ဒီဘူးကေလးကိုသူမနက္က်ရင္ကိုင္မည့္လက္ကိုင္အိတ္ထဲသို႔ထည့္ထားလိုက္လွ်င္ သူမ သူမရဲ႕ဆိုင္ေရာက္လို႔လက္ကိုင္အိတ္ထဲႏွိုက္ၾကည့္မိတာနဲ႕ ဒီပစၥည္းကိုေတြ႕လိမ့္မည္ျဖစ္သည္။
ဒါေပမဲ့...ခက္တာက ခင္သက္ဟာသူမရဲ႕လက္ကိုင္အိတ္ကိုသူမဝတ္တဲ့အဝတ္အစားနဲ႕လိုက္ေအာင္ဖက္ရွင္က်က်ကိဳင္တတ္တာမို႔ မနက္က်ရင္ဘယ္အိတ္ကိုကိုင္သြားမလဲေနပိုင္ထြဋ္မသိၿပီ။
ထို႔ေၾကာင့္ေနပိုင္ထြဋ္သည္ မနက္ေစာေစာခင္သက္သူမရဲ႕အဝတ္အစားႏွင့္သူမကိုင္မည့္လက္ကိုင္အိတ္ကိုထုတ္ၿပီးတာနဲ႕ သူမလစ္တဲ့အခ်ိန္ ဒီပစၥည္းကိုထည့္ထားလိုက္ဖို႔ပဲစီစဥ္ထားလိုက္ေတာ့သည္။
ခင္သက္တင္ရဲ႕ေျခသံကိုၾကားေတာ့ေနပိုင္ထြဋ္ခပ္ျမန္ျမန္ေရခ်ိဳးခန္းထဲဝင္သြားလိုက္ေတာ့၏။ မနက္အတြက္သူ႕မွာအစီအစဥ္ရွိေနတာမို႔ ဒီေန႕ညေတာ့ေနပိုင္ထြဋ္သည္ခင္သက္တင္အား ေထြေထြထူးထူးအျခားစကားမ်ားေျပာမေနေတာ့ဘဲႏွစ္ေယာက္စလုံးေအးတိေအးစက္နဲ႕အိပ္ယာဝင္ခဲ့ၾကသည္။
*
*
*
ေနပိုင္ထြဋ္ အိပ္ယာနိုးလာေတာ့ ခင္သက္ကဆိုင္သြားဖို႔ေတာင္ျပင္ဆင္ၿပီးေနၿပီျဖစ္သည္။
ဟူး...ေတာ္ပါေသးရဲ႕ မသြားခင္ေလးအမွီနိုးလာလို႔။
ေနပိုင္ထြဋ္ဟာ နီညိုေရာင္Dress နဲ႕ေတာက္ပေနသည့္ ႏႈတ္ခမ္းနီဆိုးေနေသာခင္သက္ကိုအိပ္ယာေပၚကေနထိုင္ၾကည့္ၿပီးၿပဳံးေနသည္။
ခင္သက္ကေတာ့ႏႈတ္ခမ္းနီဆိုးၿပီးေနာက္ မွန္တင္ခုံေပၚကသူမရဲ႕သားေရလက္ကိုင္အိတ္နီညိုေရာင္ထဲသို႔ႏႈတ္ခမ္းနီေတာင့္ကေလးပစ္ထည့္လိုက္ၿပီး သြားခါနီးပစၥည္းစုံရဲ႕လားဟုတစ္ခါျပန္စစ္သည္။
မေန႕က သူမရဲ႕ဆြဲလက္စDesign ေတြကိုၾကည့္ရင္း အိမ္ေရွ႕မွာ Idea ထုတ္ေနခဲ့တာ ေရေသာက္ၿပီးအခန္းထဲတန္းဝင္လာတာမို႔ ထို Tablet ကို ဆိုဖာေပၚမွာပစ္ထားခဲ့မိသည္။
ခင္သက္သည္Tablet သြားယူဖို႔အိမ္ေရွ႕သို႔ထြက္အသြား ေနပိုင္ထြဋ္လည္းအိပ္ယာေပၚမွဝုန္းကနဲဆင္းလိုက္ၿပီး မေန႕ကကုတ္အကၤ်ီထဲမွာဖြက္ထားခဲ့တဲ့ လည္ဆြဲဘူးေလးကိုခင္သက္၏ လက္ကိုင္အိတ္ေဖာင္းေဖာင္းကေလးထဲသို႔ထည့္လိုက္သည္။
ေနပိုင္ထြဋ္ ကတၱီပါဘူးကေလးအားအိတ္ထဲသို႔ထည့္ေနရင္း သူထည့္လိုက္တဲ့ေနရာကိုခင္သက္ကခ်က္ခ်င္းႏွိုက္မိပါ့မလားဟုစိတ္ပူကာ အိတ္ထဲမွာလည္းပစၥည္းေတြကမ်ားလွတာမို႔ သူမအမ်ားဆုံးအသုံးျပဳတဲ့ဖုန္းနဲ႕ကပ္ထားတာအဆင္ေျပလိမ့္ဟုေတြးမိၿပီး ထိုဘူးကေလးကိုသူမရဲ႕ဖုန္းနဲ႕ကပ္ထားလိုက္သည္။
ေနပိုင္ထြဋ္ ခင္သက္ရဲ႕ဖုန္းနဲ႕အတူ အိတ္ထဲကေနစမ္းမိတာကခပ္ရွရွနဲ႕ေဆးကဒ္တစ္ခုျဖစ္သည္။
ေနပိုင္ထြဋ္လည္း ေဆးကဒ္ကိုစမ္းမိတာမို႔သူမေနမေကာင္းေလသလားဟုစိတ္ပူကာစမ္းမိသမွ်ေဆးကဒ္၃ကဒ္လုံးကိုဆြဲထုတ္ၾကည့္လိုက္သည္။
ေနပိုင္ထြဋ္ သူ႕လက္ထဲမွာပါလာတဲ့ ေဆးကဒ္၃ကဒ္အားမ်က္ေမွာင္ကုပ္ၾကည့္ေနရင္း တစ္ဆက္တည္းမွာပဲရင္ထဲမွာဆို႔နင့္စြာနဲ႕အံ့ၾသသြားရသည္။
ထိုေဆးကဒ္ေတြဟာ ေဖာက္ၿပီးေသာက္ထားတာလည္းတစ္ဝက္က်ိဳးလို႔ေနၿပီျဖစ္သည္။
ခင္သက္က Tablet ကိုကိုင္ၿပီးအခန္းထဲျပန္ဝင္လာေတာ့သူမရဲ႕မွန္တင္ခုံေရွ႕မွာ ေဆးကဒ္အခ်ိဳ႕ကိုကိုင္ၿပီးရပ္ေနတဲ့ေနပိုင္ထြဋ္ကိုေတြ႕သည္။
ခင္သက္လည္း ေနပိုင္ထြဋ္ႏွင့္အတူထိုေဆးကဒ္ေတြကိုျမင္ျမင္ခ်င္းရင္ထဲမွာဒိတ္ကနဲေနေအာင္လန့္သြားရၿပီးအခန္းေပါက္ဝမွာပဲတုန့္ခနဲရပ္ေနမိသည္။
ေနပိုင္ထြဋ္ကေတာ့ခင္သက္ကိုခပ္တင္းတင္းၾကည့္ကာလက္ထဲကေဆးကဒ္ေတြကိုျပၿပီးေမးသည္။
"ဒါဘာေတြလဲခင္သက္တင္!"
ခင္သက္ကမေျဖဘဲ Tablet ကို ခပ္တင္းတင္းကေလးဆုပ္ကိုင္ထားသည္။
"ငါေမးေနတယ္ေလ ဒါဘာေတြလဲလို႔!"
ေနပိုင္ထြဋ္က အသံျမႇင့္ၿပီးေအာ္လိုက္ေတာ့ ခင္သက္ကိုယ္ေလးတစ္ခ်က္တုန္သြားရ၏။
"ရွင္ျမင္တာပဲ ဘာလို႔ေမးေနတာလဲ"
ခင္သက္က မ်က္ႏွာကေလးကိုခပ္စြင့္စြင့္ေမာ့လိုက္ၿပီး ျပန္ေျဖလိုက္ေတာ့ ေနပိုင္ထြဋ္ကအဲ့ဒီေဆးကဒ္ေတြအကုန္လုံးကိုခင္သက္ဆီသို႔လႊင့္ပစ္လိုက္၏။
ေနပိုင္ထြဋ္လည္းအိမ္ေထာင္သည္ေယာက္်ားတစ္ေယာက္ျဖစ္ကာအဲ့သေလာက္လည္းဗဟုသုတနည္းတဲ့သူမဟုတ္လို႔ ဒါဟာကိုယ္ဝန္တားေဆးေတြမွန္းျမင္ကတည္းကတန္းသိပါသည္။
"မင္းဘယ္အခ်ိန္ကတည္းကေသာက္ေနတာလဲ! "
ေနပိုင္ထြဋ္ ေဒါသထြက္စြာနဲ႕ခင္သက္ကိုအသံမာမာနဲ႕ေအာ္ၿပီးသာေမးေနမိသည္။
"ရွင္နဲ႕ကြၽန္မ ဒီႏွစ္ထဲမွာ အတူေနတဲ့ေန႕ကတည္းကပဲ "
"ဘာလို႔ေသာက္တာလဲ ခင္သက္တင္ ငါမင္းကိုနားမလည္ေတာ့ဘူးကြာ ငါကေလးလိုခ်င္ေနမွန္းသိရဲ႕သားနဲ႕ ဘာလို႔အဲ့ဒီေဆးေတြေသာက္ေနတာလဲ"
"ကြၽန္မမလိုခ်င္လို႔ေပါ့ ရွင္ကြၽန္မမလိုခ်င္မွန္းသိပါတယ္ ဒါေပမဲ့ကြၽန္မမလိုခ်င္ခ်င္ လိုခ်င္ခ်င္ရွင္ကေတာ့ကြၽန္မကိုကိုယ္ဝန္ရေအာင္လုပ္မွာပဲအဲ့ဒီေတာ့ကြၽန္မဘက္ကမရခ်င္လို႔ေသာက္တယ္ဘာျဖစ္လဲ "
"မင္းတကယ္ ေစာက္ရမ္းေခါင္းမာတဲ့မိန္းမပဲကြ မင္းေလာက္အလွႀကိဳက္တဲ့မိန္းမက ကိုယ္ဝန္တားေဆးကိုငါနဲ႕အတူေနတိုင္းေသာက္ေနတယ္ဆိုေတာ့ မင္းေတာ္ေတာ္ေလးငါ့အေပၚခံစားခ်က္ျပင္းျပင္းနဲ႕မုန္းေနပုံပဲ!"
"မုန္းတယ္ ကြၽန္မ ရွင့္အနားကေနလည္းထြက္သြားခ်င္တယ္ ရွင့္ကေလးကိုလည္းမေမြးခ်င္ဘူးကိုေနပိုင္ထြဋ္ အဲ့တာေၾကာင့္ကြၽန္မ Body အလွပ်က္ခံၿပီးအဲ့ဒီေဆးေတြေသာက္တယ္ "
"ေတာ္ေတာ့ ခင္သက္တင္ မင္းေနာက္ထပ္အဲ့ဒီေစာက္ေရးမပါတဲ့ ေဆးေတြေသာက္ရဲေသာက္ၾကည့္ မင္းငါနဲ႕ေတြ႕မယ္!"
"ေသာက္စရာလည္းမလိုေတာ့ပါဘူး ရွင္နဲ႕လည္းမေတြ႕ေတာ့ဘူး ရွင့္အဘိုးဆီကအေမြဆက္ခံရဖို႔ကြၽန္မကေလးကိုလည္းမေမွ်ာ္လင့္နဲ႕ မေမြးေပးနိုင္ဘူး ကြၽန္မဘက္ကရွင့္အေပၚမွာဘယ္ေလာက္စိတ္နာေနသလဲဆိုတာ ရွင္အခုသိၿပီပဲ အဲ့ဒီေတာ့ ကြၽန္မဒီအိမ္ကေနထြက္သြားေတာ့မွာ"
ခင္သက္ သူ႕ကိုခပ္ျပတ္ျပတ္ေျပာခဲ့ၿပီးသူမရဲ႕အိတ္ကိုလွမ္းယူကာအိမ္ထဲေနခပ္ျမန္ျမန္ထြက္သြားခဲ့သည္။
*************************************
အမွားပါရင္ခြင့္လႊတ္ပါ
အပိုင္း (33) ဆက္ရန္