သူမ မှ တစ်ပါး

By SummerMaung

542K 14K 315

တစ်ခါတစ်လေ Exတွေပြန်လာတယ်ဆိုတာ ကိုယ့်ရဲ့နံရိုးပိုင်ရှင်ဖြစ်လို့မဟုတ်ဘဲ ကံကြမ္မာက နင်အရင်လိုကျပ်မပြည့်တုန်းပဲ... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41 (ဇာတ်သိမ်း)

Part 25

10.9K 353 13
By SummerMaung

💞 Part - 25 💞
~~~~~~~~~~~

Amsterdamကပြန်ရောက်ရောက်ချင်း ကိုင်းကိုအရေးမလုပ်အားတော့ဘဲ သူသည် နေ့ရောညပါ အလုပ်တွေကိုသာ ဖိလုပ်နေခဲ့ရသည်။
ကျော်စွာရှိနေ၍ အဆင်ပြေနေခဲ့ပေမယ့် သူ့လက်မှတ်နှင့်လုပ်ရမည့်အလုပ်တွေက နောက်ကျနေ၍ ဒီရက်တွေမှာ ကိုင်းဆီကိုတောင် အဆက်အသွယ်မလုပ်ဖြစ်။

သူ့ချာတိတ်ကတော့ လူစုတောင့်သွားပြီမို့ လည်ပတ်သွားလာနေပြီး သူ့ကိုမေ့ထားသလားမသိဘဲ ညဘက်ရောက်မှသာဖုန်းခေါ်တတ်သည်။
သို့သော် အလုပ်ပိနေတာကြောင့် ထိုဖုန်းကိုလည်းမကိုင်အားသလို ပြန်လည်းမခေါ်ဖြစ်ခဲ့...
ဒီနေ့ညတော့ အလုပ်တွေပြီးသွားခဲ့ပြီမို့ သူမဆီကိုရောက်လာခဲ့ကာ ညဘက်ဆိုဇီးကွက်လို မျက်လုံးကျယ်တတ်သောသူမက မအိပ်သေး၍တော်သေးသည်။

"ကိုယ် အောက်မှာရောက်နေတယ် ကိုင်း ခဏဆင်းခဲ့"

ဖုန်းချလိုက်ပြီးခဏအကြာမှာ ကိုင်းကဓာတ်လှေကားထဲကထွက်လာပြီး စည်းရိုးအပြင်ဘက်မှာ ကားကိုမှီပြီးရပ်နေသောသူ့ကို မမြင်ဘဲ ရှာနေသေးသည်။
ပြီးမှ ဂါဝန်လေးမပြီးသူ့ဆီပြေးလာတော့ ချစ်စရာကောင်းလွန်းသည့် ထိုမြင်ကွင်းကို လက်ပိုက်ပြီးကြည့်နေမိသည်။

"ဦး ဘာစိတ်ကူးပေါက်လို့လဲဟင် ညနက်မှ"

သူ့အနားထိကပ်မလာဘဲ ခပ်လှမ်းလှမ်းကနေ မေးလာသည့်သူမကြောင့် သူအလိုမကျသလို စိတ်ခုသွားမိသည်။
တွေ့ချင်လို့ရောက်လာကာမှ ဘာလို့သူ့အနားမကပ်တာပါလိမ့်…

"မင်းကိုတွေ့ချင်လို့ပေါ့ နည်းနည်းဝေးသေးတယ် ကိုယ့်အနားတိုးခဲ့"

"ဦးက ဘာလို့မတိုးတာလဲ"

"ကိုယ်က မင်းထက်အသက်ကြီးတယ် ပြီးတော့မင်းရဲ့ယောကျာ်းလေ မင်းငရဲကြီးမှာပေါ့ ကိုယ့်စကားနားထောင်သင့်ပါတယ်"

တမင်ပြောလိုက်သည့်စကားကို သူမက စူပုတ်သွားကာ တမင်အရွဲ့တိုက်၍ သူနဲ့လက်တစ်ကမ်း အကွာထိ တိုးလာပြီး လက်ပိုက်ရပ်သည်။

"ရပြီလား"

သူ အသံထွက်အောင်ရယ်ပြီး ကိုင်းလက်ကလေးကိုဆွဲယူလိုက်၍ ယိုင်ကျလာသည့်ကိုယ်လေးကို သိမ်းဖက်လိုက်သည်။
ခါးလေးကိုမိမိရရဖက်ထားတာမို့ မျက်နှာချင်းနီးနေသည်ကို မနေတတ်သလို သူ့ရင်ဘတ်ကိုတွန်းဖယ်ပစ်ကာ မျက်နှာကို ဟိုလွှဲဒီလွှဲ။

"အသက်ကြီးနေပြီဆိုတော့ ဒီလောက်နီးမှ မင်းကိုသေချာမြင်ရတာ"

"ဦးနော် သူများတွေမြင်ကုန်မယ် ကိုင်းရှက်တယ်"

"၁နာရီထိုးတော့မှာလေကွာ ဘယ်သူတွေရှိနေသေးလို့လဲ"

သူမ တကယ်ရှက်နေ၍ ဘေးကိုလှည့်ပတ်ကြည့်မိတော့လည်း ဘယ်သူမှမရှိသလို သူမတို့ကွန်ဒိုရဲ့ securityတွေတောင် အိပ်ငိုက်နေကြပြီး ဒီဘက်ကိုလှည့်တောင်မကြည့်။
သူပြောခဲ့သည့်မြို့လယ်တိုက်ခန်းမှာ မောင်နှမနှစ်ယောက်နေခွင့်ရနေကာ ၃ယောက်သား ထင်ရာစိုင်းနေကြမည်က ဗေဒင်မေးစရာတောင်မလို။

"ကိုယ် Bangkokကိုခရီးထွက်ရဦးမယ် ၄ရက်လောက်ကြာမှာမို့ မင်းကိုလာတွေ့တာ Amsterdamကပြန်လာကတည်းက ချာတိတ်ကို ကိုယ်အချိန်မပေးနိုင်သေးဘူးလေ အဲ့ဒါကြောင့် မျက်နှာလေးလာကြည့်တာ"

"Video callတွေပြောလို့ရတာပဲကို"

"Video callမှာ ဒီလိုဖက်ထားလို့ရလို့လား"

နွေးအိမွှေးပျံ့နေသောကိုယ်လေးကို ဖျစ်ညှစ်ပစ်လိုက်တော့ သူမ ရယ်ပြီးဘာမှထပ်မပြောတော့ဘဲ ရင်ခွင်ထဲခေါင်းလေးတိုးပြီးငြိမ်သက်သွား၏။
ဒီရက်တွေထဲ ဒီကလေးဆိုးလေး၏ အထိအတွေ့၊ ချွဲနွဲ့မှုတွေကို သတိရနေခဲ့၍ ကျောလေးကိုသပ်နေရင်း ခေါင်းလေးကိုငုံ့နမ်းမိသည်။

"ဦး ကိုင်းအဲ့လိုတွေဂျီကျတာကို နားမညည်းဘူးလား"

"အင်း နားတော့ညည်းတယ် ဒါပေမယ့်ချစ်စရာကောင်းပါတယ်"

"ဦးက ကိုင်းလိုမိန်းကလေးကိုသဘောကျတာ အကြိုက်ကထူးဆန်းသားပဲ လူပုံကြီးကြည့်တော့ မာနကြီးမလိုနဲ့ တကယ်တမ်းကျ sugar daddyလုပ်ချင်နေတာ"

ရင်ခွင်ထဲမှ မျက်နှာလေးမော့လာတော့ သူအမြတ်တနိုးငုံ့ကြည့်ရင်း ပါးလေးကိုဖွဖွလေးပွတ်ပြီး...

"မာနက ကြီးပါတယ်ကွာ မင်းအပေါ်ကိုတော့မာနကြီးနိုင်ပါ့လား ဒီလောက်ပွစိပွစိနဲ့"

"အာ့ဆိုဘာလို့လာတွေ့နေသေးလဲ ဖယ်.. ကိုင်းကိုလွှတ်"

"တိတ်ဆိတ်နေရင်လည်း မနေတတ်တော့ဘူးလေကွာ နားပူခံချင်လို့ sugar daddyလုပ်နေတာကို"

"ပြီးရော အာ့ဆို ဦးပြန်လာရင် ကိုင်းအတွက် အချိန်ခဏအားပေးနော် ၄ရက်ကြီးများတောင်ခွဲရမှာ"

ကလေးလိုချွဲနေသော သူမကိုကြည့်ရင်း အသည်းယားလာ၍ မျက်နှာလွှဲမရအောင် မေးဖျားလေးမှ မော့ယူလိုက်သည်။
ဘယ်လောက်တောင် ချစ်စရာကောင်းတဲ့ ကလေးမလေးလဲ…

"ကိုယ် ခဏလောက်နမ်းချင်တယ်"

"ဦးကလည်း လမ်းဘေးကြီး"

"ဒါဆိုကားထဲဝင်ရအောင်.. ကားထဲရောက်သွားရင်တော့ နမ်းရုံပဲလို့အာမမခံဘူးနော် ကိုယ်မင်းကိုထိချင်နေတာ"

"ဦးနော်"

သူမမျက်နှာလေး ပန်းရောင်သမ်းသွားပေမယ့် ဖက်ထားသည့်အတိုင်းငြိမ်သွားတော့ သူ တစ်ချက်ခိုးပြုံးရင်း နှုတ်ခမ်းလွှာလေးတွေကိုငုံ့နမ်းမိသည်။
ထိုနှုတ်ခမ်းတွေကို ထိတွေ့မိတိုင်း ရင်တွေဆောင့်ခုန်လာတာက အရိုင်းဆန်စွာ။
အိပ်ခါနီးမှာတောင် မှုန်ညက်နေသည့်မျက်နှာလေးတစ်ခုလုံးကို နေရာလပ်မကျန်အောင် မွှေနှောက်နမ်းပြီး သူမကိုယ်လေးကို ပိုပြီးတင်းနေအောင် ဖက်ထားလိုက်သည်။

"ချစ်တယ် ကိုင်းရယ်"

"ဦးချစ်တာက သူများ အသက်ရှူကြပ်​နေပြီ ဖယ်ဦး လူယုတ်မာရဲ့"

"နမ်းတာကယုတ်မာတာလား မော့စမ်းပါ ကိုယ့်ကိုကြည့်"

အတင်းငုံ့ထားသည့်မျက်နှာလေးကို ဆွဲမော့ပေမယ့် သူမက လက်တွေကိုတွန်းဖယ်ကာ သူ့ရင်ခွင်မှာမျက်နှာလေးအပ်ပြီး ရယ်နေသည်။

"ဦးကိုချစ်တယ် အရမ်းပဲ"

"အဲ့ဒါဆို မျက်နှာလေးပြပါကွာ ထပ်မနမ်းဘူး ကိုယ်ကတိပေးတယ်"

ထိုအခါမှာ မျက်နှာလေးကပြန်မော့လာ၍ ပဲ့ကြွေသွားမှာစိုးရိမ်ရသည့် မြတ်နိုးဖွယ်ပစ္စည်းတစ်ခုလို သူ့မှာ မထိရက်မကိုင်ရက်။
ပါးအိအိလေးကို လက်ဖဝါးနှင့်အသာအယာလေး ပွတ်သပ်ကာ ထပ်နမ်းချင်ပေမယ့် သူမလေးက ရှက်နေသောကြောင့် မနမ်းဖြစ်ခဲ့…

"ကိုယ်ပြန်လာရင် မင်းအတွက် သပ်သပ်အချိန်ပေးမယ် ဘယ်သွားချင်လဲ ဘာစားချင်လဲတွေးထား"

"ဟုတ်"

"ညဘက်တွေ အပြင်ထွက်ရင် Seaတို့နဲ့ပဲသွားနော် အများကြီးလည်းမသောက်နဲ့"

"ကိုင်း လုပ်ချင်တာလုပ်ပြီး ဦးကိုလိမ်ရင်ရော"

"မင်းတစ်ခုခုထိခိုက်မှာစိုးလို့ ကိုယ်တဖွဖွမှာနေတာ မင်းဘာပြောပြောယုံတယ် ဘာမှမထိခိုက် မပွန်းပဲ့ရင် ပြီးတာပဲ မင်းကိုချုပ်ချယ်ချင်တာမှ မဟုတ်ဘဲ"

ထိုအခါမှ သူမက နှုတ်ခမ်းလေးကိုက်ကာ သူ့လည်ပင်းကိုလက်နှစ်ဖက်နှင့် ဖွဖွလေးသိုင်းဖက်ကာ ချွဲနွဲ့လာတော့ သူ့မှာအရည်ပျော်ကျသွားမတတ်ပင်။

"ကိုင်း နားထောင်ပါ့မယ် ဦး အပြန်ကျမုန့်ဝယ်ခဲ့မယ်မလား"

"အင်း ဝယ်ခဲ့မယ်.. ခဏနေ ကိုယ်ပြန်တော့မယ်နော် မနက်အတွက် ပြင်ဆင်စရာတွေရှိသေးတယ်"

"ပြီးတော့ ယောကျာ်း ယောကျာ်းနဲ့ ထည့် ထည့်မပြောနဲ့ ရှက်စရာကြီး"

"နောက်လည်းခေါ်ရမှာပဲ အခုကတည်းက အလေ့အကျင့်လုပ်ထားတော့ မကောင်းဘူးလား မင်းကကိုယ့်မိန်းမ ကိုယ်ကမင်းရဲ့"

"ဦးနော်"

သူမက လည်ပင်းကိုဖက်ထားရင်း ခြေဖျားလေးထောက်ကာ မေးဖျားကိုနှုတ်ခမ်းလေးဖြင့် ထိကပ်နမ်းတော့ သူ ကျေနပ်သွားကာ နဖူးလေးကို ထပ်နမ်းမိသည်။
သူမ ဆိုခဲ့သည့်သီချင်းထဲကလို ဒီကောင်မလေးက သူ့ကိုရူးသွားစေသူ။

"ဘယ်အချိန်မှ အဖေတို့အမေတို့ကိုပြောမှာလဲ ကိုယ်မင်းနဲ့အတူတူနေချင်ပြီ"

"ဇွတ်ကြီးဖြစ်မနေနဲ့သိလား ကိုင်းမယူချင်သေးဘူး ငယ်ငယ်လေးရှိသေးတယ် ခဏခဏနားပူနေမယ်ဆို ကိုင်း ဦးနဲ့မတွေ့တော့ဘူး ပြန်တော့"

ရင်ဘတ်ကိုတွန်းပစ်ပြီး စိတ်ကောက်သလို စူပုတ်သွားတော့ သူ ရယ်လိုက်ပြီး ကိုင်းဆံပင်လေးတွေကို ဖွပစ်လိုက်သည်။

"နောက်မှပဲနားပူတော့မယ် Bangkokက ကိုယ်ပြန်လာရင်ရော အလိုလိုက်မယ့်အစီမစဥ် ရှိမရှိသိသွားချင်သေးတယ်"

"ဦးကလိမ္မာရင် အလိုလိုက်မာ် အလိမ္မာရင်  ဒီတိုင်းနေ"

"ခြိမ်းခြောက်တယ်နော် ကလေးစုတ်လေး.. ကဲပါ ကိုယ်ပြန်တော့မယ် အထဲဝင်တော့"

"ဦးအရင်ပြန်"

"သွားပါ ကိုယ်ရပ်ကြည့်နေချင်လို့"

ကိုင်းမျက်နှာလေး တစ်မျိုးဖြစ်သွားပြီး သူ့ကိုတင်းခနဲဖက်ကာ ပြန်လှည့်ထွက်သွားတော့ သူ့ရင်ဘတ်မှာ ကိုင်းအငွှေ့အသက်လေးဖြင့် နွေးနေခဲ့သည်။
ဓာတ်လှေကားထဲဝင်သွားသော ထိုပုံရိပ်ကလေးကို ဆွေးဆွေးမြေ့မြေ့ငေးရင်း သူမ လက်ကလေးပြတော့ ခေါင်းညိတ်ပြလိုက်သည်။

၄ရက်လောက်သာခွဲရမည်ကို ဘာကြောင့်ဒီလောက်ထိဆွေးမြေ့နေသလဲမသိ။
မင်းပဲမှန်ပါတယ် ကလေးရယ်...
ကိုယ်က ရပ်ကြည့်နေခဲ့ရခြင်းမှာပဲ အသားကျအောင် အတော်လေးကြိုးစားရဦးမှာပဲ...

💞💞💞💞💞

သားအခန်းဆီက အသံကြားလိုက်ရ၍ ဘာများဖြစ်သလဲဆိုသည့် စိုးရိမ်စိတ်ဖြင့် ထလာခဲ့ကာ တံခါးကိုအသာလေးဟကြည့်မိသည်။
သားက အိပ်ယာပေါ်ထိုင်နေပေမယ့် ကြမ်းပြင်ပေါ်ချထားသည့် ခြေထောက်တွေကို စူးစိုက်ကြည့်နေသည်။

ခေါင်းငိုက်စိုက်နှင့်မို့ မျက်နှာကိုမမြင်ရပေမယ့် လှုပ်ခတ်နေသည့်ပခုံးတွေကြောင့် ကြိတ်ငိုနေမှန်းသိလိုက်ရသည်။
ဒီနေ့ထက်ထိ နေမင်းမဟာ မငိုတတ်မှန်းသတိရလိုက်တော့ သား ဘာကြောင့်ကြိတ်ငိုနေသလဲဆိုသည့်အတွေးကြောင့် ရင်ထဲအောင့်မျက်သွားခဲ့သည်။

ဘယ်လိုဒဏ်ရာမျိုးမို့ တစ်ယောက်တည်းကြိတ်ငိုနေရသလဲ…
ဘယ်လောက်ထိနက်ရှိုင်းစွာ နာကျင်နေလို့ နှုတ်ဆိတ်အေးစက်နေရသလဲ…
ကျော်စွာ့ကိုပဲမေးရမလား၊ သူ့အဖေဆီ ဖုန်းဆက်ကြည့်ရမလားမသိ။

သက်ပြင်းကိုသာချလိုက်မိပြီး အသံမထွက်အောင် တံခါးကိုပြန်ပိတ်လိုက်ကာ ခြေသံဖွဖွဖြင့် ကိုယ့်အခန်းကိုပဲပြန်လာခဲ့သည်။
ဒီအကြောင်းကိုတော့ သူမ သိမှဖြစ်ရမည်မို့…

💞💞💞💞💞

"ကိုင်း ထိုင်ဦးဟာ ငါ့အလုပ်ခန်းကသိတဲ့အတိုင်းပဲ"

"ရတယ် ယောင်းမ"

"ဘယ်ရရမှာလဲ ဆိုဖာမှာသွားထိုင်နေ နေလည်းသိပ်ကောင်းသေးတာလည်း မဟုတ်ဘဲနဲ့"

"ကောင်းပါပြီဟဲ့ နင်ကလည်း"

နေသာက ပြောလည်းပြော၊ ကိုင်းကိုလည်းထိုင်ခိုင်းလိုက်တာမို့ ဆိုဖာမှာပဲထိုင်ချလိုက်ကာ Milk teaဘူးလေး ဖွင့်သောက်နေလိုက်သည်။

"ဝိတ်တွေအရမ်းတက်လာမယ်နော် ချာတိတ် တစ်ပတ်ကို ၃ဘူးလောက်ပဲသောက်ရမယ်"

"ဦးကလည်း"

"ပြီးရင် ဗိုက်ပူလာပြီဆိုပြီး လေ့ကျင့်ခန်းတွေလုပ်ဦးမှာမလား အဲ့လိုပင်ပန်းနေတာ ကိုယ်မမြင်ချင်ဘူး ဒါကိုပဲလျှော့"

ကိုင်းဆံပင်တွေကိုဖွရင်း ချော့ကာမော့ကာဖြင့် Milk teaဘူးကို ပြန်သိမ်းတတ်သည့် ဦး။
အမှတ်တမဲ့သတိရသွား၍ ဖျတ်ခနဲရယ်လိုက်မိကာ ဒီတစ်ပတ်ထဲမှာ ၃ဘူးသောက်ခဲ့ပြီးပြီမှန်း သတိရသွားသည်။
ကိုင်း Milk teaဘူးလေးကို စားပွဲပေါ်ပြန်ချလိုက်ကာ လက်ချောင်းပေါ်က လက်စွပ်ကလေးကို အကြည့်ရောက်သွားသည်။

"သတိရနေပြန်ပြီလား"

နေသာက ကိုင်းအနားဝင်ထိုင်ရင်းမေးလာတော့ ကိုင်းနွမ်းလျစွာပြုံးရင်း ခေါင်းလေးညိတ်ပြလိုက်သည်။
ကိုင်းရဲ့ဘဝတစ်သက်စာလုံး ဦးနဲ့ပဲကုန်ဆုံးချင်ခဲ့သလို ဦးမရှိပြန်တော့လည်း နေတတ်ခဲ့သည်ပဲ။
ဦးကတော့ ထိုသို့မဟုတ်ခဲ့…

"လွမ်းစရာရှိရင်နာတာနဲ့ဖြေတဲ့ နင့်ဦးကမမိုက်ပါဘူး စကားများကတည်းက ၃ရက်လောက်နေရင် ချော့သင့်တဲ့ဥစ္စာ
ဘာမှမဟုတ်ဘူး နင်နဲ့ပြတ်တော့ သူ့စေ့စပ်ပွဲအတွက် ကြိတ်စီစဥ်နေတာပဲဖြစ်မှာသိလား နင်အရူးထမနေနဲ့တော့ ကိုင်း"

"မဟုတ်ပါဘူး ဦးရဲ့စိတ်ကိုငါသိပါတယ် သူ ငါ့ကိုစိတ်နာသွားတာ အဲ့ဒါကြောင့်မို့ပဲ ဒီလိုအခြေအနေတွေဖြစ်သွားတာနေမှာပါ"

"ကာဗာတွေနော် မိန်းမ အထိကိုမခံဘူး သူ့လူကို"

"ငါ့လူမဟုတ်တော့ပါဘူး"

နေသာက ကတ်တလောက်တွေကို သပ်သပ်ရပ်ရပ်ထပ်ကာ ခဲတံတွေကိုချွန်စက်ထဲ ထည့်ချွန်နေရင်း ကိုင်းကိုငဲ့ကြည့်ပြီး…

"မပြတ်နိုင်သေးရင်လည်း ပြန်ဆက်ပါလား Milanမှာတွေ့ခဲ့တုန်းက နင့်နောက်ကို လိုက်လာတယ်ဆို Seaကပြောတယ်"

"သူ့မှာလက်ထပ်ရမယ့်သူရှိတယ် အခုမပြတ်နိုင်သေးလည်း အချိန်တန်ရင် နေသားကျသွားမှာပါ"

ထိုအချိန် ဆိုင်ထဲဝင်လာသည့် ပန်းခက်ဖြာဝေဆိုသောမိန်းမကို ကိုင်းတွေ့လိုက်၍ မျက်မှောင်ကုပ်သွားမိသည်။
နေသာကတော့ ထိုအမျိုးသမီးကိုတွေ့တော့ ကိုင်းရဲ့ပခုံးကိုဖိဆုပ်ကာ ထိုင်ရာမှထရင်း…

"Customerလာလို့ ခဏနော် ကိုင်း ပြီးရင်မုန့်သွားစားရအောင်"

ကိုင်း ခေါင်းလေးညိတ်ပြလိုက်ပေမယ့် ထိုမိန်းမဆီက အကြည့်မလွှဲနိုင်သလို သူမကလည်း ကိုင်းကိုစူးစိုက်ကြည့်နေခဲ့သည်။
မိန်းမချင်းမို့ နားလည်နေသည့် စိန်ခေါ်ရန်လိုနေသော အကြည့်မျိုးတွေ…

"တို့Weddingအတွက်လေ ဆွမ်းကပ်ပွဲ၊ လက်မှတ်ထိုးပွဲ၊ မင်္ဂလာပွဲ၊ Dinnerပွဲဆို ၄ပွဲပေါ့ နေမြဲချိုသာရဲ့လက်ရာကိုမှ တို့ကစိတ်တိုင်းကျလို့ပါ"

"ဒါဆို အတိုင်းလေးယူလိုက်မယ်နော် နာမည်က"

"ပန်းခက်ဖြာဝေပါ တို့မင်္ဂလာပွဲကျရင် ဖိတ်စာပို့မယ်နော် နေမင်းမဟာနဲ့လေ"

နေသာ့လက်တွေတုံ့ဆိုင်းသွားသလို ဟန်ဆောင်နိုင်ခြင်းကင်းမဲ့စွာဖြင့် အကြည့်တွေကလည်း ကိုင်းဆီရောက်လာသည်။
ရင်ထဲစူးနင့်သွားပေမယ့် ကိုင်းသည် မာနကြီးချင်သေး၍ မျက်နှာကိုမော့ချီကာ ခြေချင်းချိတ်ထိုင်ပြီး ဆိုဖာပေါ်လက်တင်၍ အထက်စီးဆန်ဆန်ကြည့်ပစ်လိုက်သည်။
အရပ်သုံးစကားနှင့်ပြောရရင်တော့ ငါမလိုချင်လို့ နင်ရတာပါဆိုသည့် ပုံစံမျိုး…

"အစ်မချုပ်ချင်တဲ့ပုံရှိလား ရှိရင် နေ့ကိုပြပါ"

ကိုင်းရဲ့သက်သောင့်သက်သာပုံကြောင့် နေသာက သက်ပြင်းခိုးချကာ အလုပ်ကိုပဲဆက်လုပ်နေ၍ ကျေနပ်သွားပြီး ထိုမိန်းမကို မဲ့ပြုံး ပြုံးပြလိုက်သည်။
ဒီ့ထက်မကသောနာကျင်မှုကို ချစ်ရသောသူဆီက ရခဲ့ပြီးပြီမို့ ဒီမိန်းမဟာ ဘယ်လောက်ထိများ ကိုင်းကိုနာကျင်စေမှာမို့လဲ…
ထိုမိန်းမရှိနေသည့်တစ်ချိန်လုံး ကိုင်းမျက်နှာတစ်ချက်မပျက်ခဲ့ပေမယ့် စိတ်ထဲမှာတော့ ကမ္ဘာပျက်နေခဲ့ရသည်။

ထွက်ခွာခဲ့သူနဲ့ ရပ်ကျန်ခဲ့ရသူမှာ ဘယ်သူကပိုပြီးနာကျင်ရသလဲ ကိုင်း သေချာမသိပါဘူး ဦး…
ဒါပေမယ့် သေချာတာတစ်ခုက
ဦးဆီကထွက်ပြေးလာခဲ့တဲ့ အချိန်လွန်နောင်တတွေနဲ့ ကိုင်းမပျော်ပါဘူး ဦးရယ်…

💞💞💞💞💞

Part 26 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~

    
💞 Part - 25 💞
~~~~~~~~~~~

Amsterdamကျပန္ေရာက္ေရာက္ခ်င္း ကိုင္းကိုအေရးမလုပ္အားေတာ့ဘဲ သူသည္ ေန့ေရာညပါ အလုပ္ေတြကိုသာ ဖိလုပ္ေနခဲ့ရသည္။
ေက်ာ္စြာရိွေန၍ အဆင္ေျပေနခဲ့ေပမယ့္ သူ႔လက္မွတ္ႏွင့္လုပ္ရမၫ့္အလုပ္ေတြက ေနာက္က်ေန၍ ဒီရက္ေတြမွာ ကိုင္းဆီကိုေတာင္ အဆက္အသြယ္မလုပ္ျဖစ္။

သူ႔ခ်ာတိတ္ကေတာ့ လူစုေတာင့္သြားၿပီမို႔ လည္ပတ္သြားလာေနၿပီး သူ႔ကိုေမ့ထားသလားမသိဘဲ ညဘက္ေရာက္မွသာဖုန္းေခၚတတ္သည္။
သို႔ေသာ္ အလုပ္ပိေနတာေၾကာင့္ ထိုဖုန္းကိုလည္းမကိုင္အားသလို ျပန္လည္းမေခၚျဖစ္ခဲ့...
ဒီေန့ညေတာ့ အလုပ္ေတြၿပီးသြားခဲ့ၿပီမို႔ သူမဆီကိုေရာက္လာခဲ့ကာ ညဘက္ဆိုဇီးကြက္လို မ်က္လံုးက်ယ္တတ္ေသာသူမက မအိပ္ေသး၍ေတာ္ေသးသည္။

"ကိုယ္ ေအာက္မွာေရာက္ေနတယ္ ကိုင္း ခဏဆင္းခဲ့"

ဖုန္းခ်လိုက္ၿပီးခဏအၾကာမွာ ကိုင္းကဓာတ္ေလွကားထဲကထြက္လာၿပီး စည္းရိုးအျပင္ဘက္မွာ ကားကိုမွီၿပီးရပ္ေနေသာသူ႔ကို မျမင္ဘဲ ရွာေနေသးသည္။
ၿပီးမွ ဂါဝန္ေလးမၿပီးသူ႔ဆီေျပးလာေတာ့ ခ်စ္စရာေကာင္းလြန္းသၫ့္ ထိုျမင္ကြင္းကို လက္ပိုက္ၿပီးၾကၫ့္ေနမိသည္။

"ဦး ဘာစိတ္ကူးေပါက္လို႔လဲဟင္ ညနက္မွ"

သူ႔အနားထိကပ္မလာဘဲ ခပ္လွမ္းလွမ္းကေန ေမးလာသၫ့္သူမေၾကာင့္ သူအလိုမက်သလို စိတ္ခုသြားမိသည္။
ေတြ့ခ်င္လို႔ေရာက္လာကာမွ ဘာလို႔သူ႔အနားမကပ္တာပါလိမ့္…

"မင္းကိုေတြ့ခ်င္လို႔ေပါ့ နည္းနည္းေဝးေသးတယ္ ကိုယ့္အနားတိုးခဲ့"

"ဦးက ဘာလို႔မတိုးတာလဲ"

"ကိုယ္က မင္းထက္အသက္ႀကီးတယ္ ၿပီးေတာ့မင္းရဲ့ေယာက်ာ္းေလ မင္းငရဲႀကီးမွာေပါ့ ကိုယ့္စကားနားေထာင္သင့္ပါတယ္"

တမင္ေျပာလိုက္သၫ့္စကားကို သူမက စူပုတ္သြားကာ တမင္အရဲြ႔တိုက္၍ သူနဲ႔လက္တစ္ကမ္း အကြာထိ တိုးလာၿပီး လက္ပိုက္ရပ္သည္။

"ရၿပီလား"

သူ အသံထြက္ေအာင္ရယ္ၿပီး ကိုင္းလက္ကေလးကိုဆဲြယူလိုက္၍ ယိုင္က်လာသၫ့္ကိုယ္ေလးကို သိမ္းဖက္လိုက္သည္။
ခါးေလးကိုမိမိရရဖက္ထားတာမို႔ မ်က္ႏွာခ်င္းနီးေနသည္ကို မေနတတ္သလို သူ႔ရင္ဘတ္ကိုတြန္းဖယ္ပစ္ကာ မ်က္ႏွာကို ဟိုလႊဲဒီလႊဲ။

"အသက္ႀကီးေနၿပီဆိုေတာ့ ဒီေလာက္နီးမွ မင္းကိုေသခ်ာျမင္ရတာ"

"ဦးေနာ္ သူမ်ားေတျြမင္ကုန္မယ္ ကိုင္းရွက္တယ္"

"၁နာရီထိုးေတာ့မွာေလကြာ ဘယ္သူေတြရိွေနေသးလို႔လဲ"

သူမ တကယ္ရွက္ေန၍ ေဘးကိုလွၫ့္ပတ္ၾကၫ့္မိေတာ့လည္း ဘယ္သူမွမရိွသလို သူမတို႔ကြန္ဒိုရဲ့ securityေတြေတာင္ အိပ္ငိုက္ေနၾကၿပီး ဒီဘက္ကိုလွၫ့္ေတာင္မၾကၫ့္။
သူေျပာခဲ့သၫ့္ၿမိဳ႔လယ္တိုက္ခန္းမွာ ေမာင္ႏွမႏွစ္ေယာက္ေနခြင့္ရေနကာ ၃ေယာက္သား ထင္ရာစိုင္းေနၾကမည္က ေဗဒင္ေမးစရာေတာင္မလို။

"ကိုယ္ Bangkokကိုခရီးထြက္ရဦးမယ္ ၄ရက္ေလာက္ၾကာမွာမို႔ မင္းကိုလာေတြ့တာ Amsterdamကျပန္လာကတည္းက ခ်ာတိတ္ကို ကိုယ္အခ်ိန္မေပးႏိုင္ေသးဘူးေလ အဲ့ဒါေၾကာင့္ မ်က္ႏွာေလးလာၾကၫ့္တာ"

"Video callေတြေျပာလို႔ရတာပဲကို"

"Video callမွာ ဒီလိုဖက္ထားလို႔ရလို႔လား"

ေနြးအိေမႊးပ်ံ႔ေနေသာကိုယ္ေလးကို ဖ်စ္ၫွစ္ပစ္လိုက္ေတာ့ သူမ ရယ္ၿပီးဘာမွထပ္မေျပာေတာ့ဘဲ ရင္ခြင္ထဲေခါင္းေလးတိုးၿပီးၿငိမ္သက္သြား၏။
ဒီရက္ေတြထဲ ဒီကေလးဆိုးေလး၏ အထိအေတြ့၊ ခၽဲြႏဲြ႔မႈေတြကို သတိရေနခဲ့၍ ေက်ာေလးကိုသပ္ေနရင္း ေခါင္းေလးကိုငံု႔နမ္းမိသည္။

"ဦး ကိုင္းအဲ့လိုေတြဂ်ီက်တာကို နားမညည္းဘူးလား"

"အင္း နားေတာ့ညည္းတယ္ ဒါေပမယ့္ခ်စ္စရာေကာင္းပါတယ္"

"ဦးက ကိုင္းလိုမိန္းကေလးကိုသေဘာက်တာ အႀကိဳက္ကထူးဆန္းသားပဲ လူပံုႀကီးၾကၫ့္ေတာ့ မာနႀကီးမလိုနဲ႔ တကယ္တမ္းက် sugar daddyလုပ္ခ်င္ေနတာ"

ရင္ခြင္ထဲမွ မ်က္ႏွာေလးေမာ့လာေတာ့ သူအျမတ္တႏိုးငံု႔ၾကၫ့္ရင္း ပါးေလးကိုဖြဖြေလးပြတ္ၿပီး...

"မာနက ႀကီးပါတယ္ကြာ မင္းအေပၚကိုေတာ့မာနႀကီးႏိုင္ပါ့လား ဒီေလာက္ပြစိပြစိနဲ႔"

"အာ့ဆိုဘာလို႔လာေတြ့ေနေသးလဲ ဖယ္.. ကိုင္းကိုလႊတ္"

"တိတ္ဆိတ္ေနရင္လည္း မေနတတ္ေတာ့ဘူးေလကြာ နားပူခံခ်င္လို႔ sugar daddyလုပ္ေနတာကို"

"ၿပီးေရာ အာ့ဆို ဦးျပန္လာရင္ ကိုင္းအတြက္ အခ်ိန္ခဏအားေပးေနာ္ ၄ရက္ႀကီးမ်ားေတာင္ခဲြရမွာ"

ကေလးလိုခၽဲြေနေသာ သူမကိုၾကၫ့္ရင္း အသည္းယားလာ၍ မ်က္ႏွာလႊဲမရေအာင္ ေမးဖ်ားေလးမွ ေမာ့ယူလိုက္သည္။
ဘယ္ေလာက္ေတာင္ ခ်စ္စရာေကာင္းတဲ့ ကေလးမေလးလဲ…

"ကိုယ္ ခဏေလာက္နမ္းခ်င္တယ္"

"ဦးကလည္း လမ္းေဘးႀကီး"

"ဒါဆိုကားထဲဝင္ရေအာင္.. ကားထဲေရာက္သြားရင္ေတာ့ နမ္းရံုပဲလို႔အာမမခံဘူးေနာ္ ကိုယ္မင္းကိုထိခ်င္ေနတာ"

"ဦးေနာ္"

သူမမ်က္ႏွာေလး ပန္းေရာင္သမ္းသြားေပမယ့္ ဖက္ထားသၫ့္အတိုင္းၿငိမ္သြားေတာ့ သူ တစ္ခ်က္ခိုးႃပံုးရင္း ႏႈတ္ခမ္းလႊာေလးေတြကိုငံု႔နမ္းမိသည္။
ထိုႏႈတ္ခမ္းေတြကို ထိေတြ့မိတိုင္း ရင္ေတြေဆာင့္ခုန္လာတာက အရိုင္းဆန္စြာ။
အိပ္ခါနီးမွာေတာင္ မႈန္ညက္ေနသၫ့္မ်က္ႏွာေလးတစ္ခုလံုးကို ေနရာလပ္မက်န္ေအာင္ ေမႊေနွာက္နမ္းၿပီး သူမကိုယ္ေလးကို ပိုၿပီးတင္းေနေအာင္ ဖက္ထားလိုက္သည္။

"ခ်စ္တယ္ ကိုင္းရယ္"

"ဦးခ်စ္တာက သူမ်ား အသက္ရႉၾကပ္​ေနၿပီ ဖယ္ဦး လူယုတ္မာရဲ့"

"နမ္းတာကယုတ္မာတာလား ေမာ့စမ္းပါ ကိုယ့္ကိုၾကၫ့္"

အတင္းငံု႔ထားသၫ့္မ်က္ႏွာေလးကို ဆဲြေမာ့ေပမယ့္ သူမက လက္ေတြကိုတြန္းဖယ္ကာ သူ႔ရင္ခြင္မွာမ်က္ႏွာေလးအပ္ၿပီး ရယ္ေနသည္။

"ဦးကိုခ်စ္တယ္ အရမ္းပဲ"

"အဲ့ဒါဆို မ်က္ႏွာေလးျပပါကြာ ထပ္မနမ္းဘူး ကိုယ္ကတိေပးတယ္"

ထိုအခါမွာ မ်က္ႏွာေလးကျပန္ေမာ့လာ၍ ပဲ့ႂကြေသြားမွာစိုးရိမ္ရသၫ့္ ျမတ္ႏိုးဖြယ္ပစၥည္းတစ္ခုလို သူ႔မွာ မထိရက္မကိုင္ရက္။
ပါးအိအိေလးကို လက္ဖဝါးႏွင့္အသာအယာေလး ပြတ္သပ္ကာ ထပ္နမ္းခ်င္ေပမယ့္ သူမေလးက ရွက္ေနေသာေၾကာင့္ မနမ္းျဖစ္ခဲ့…

"ကိုယ္ျပန္လာရင္ မင္းအတြက္ သပ္သပ္အခ်ိန္ေပးမယ္ ဘယ္သြားခ်င္လဲ ဘာစားခ်င္လဲေတြးထား"

"ဟုတ္"

"ညဘက္ေတြ အျပင္ထြက္ရင္ Seaတို႔နဲ႔ပဲသြားေနာ္ အမ်ားႀကီးလည္းမေသာက္နဲ႔"

"ကိုင္း လုပ္ခ်င္တာလုပ္ၿပီး ဦးကိုလိမ္ရင္ေရာ"

"မင္းတစ္ခုခုထိခိုက္မွာစိုးလို႔ ကိုယ္တဖြဖြမွာေနတာ မင္းဘာေျပာေျပာယံုတယ္ ဘာမွမထိခိုက္ မပြန္းပဲ့ရင္ ၿပီးတာပဲ မင္းကိုခ်ဳပ္ခ်ယ္ခ်င္တာမွ မဟုတ္ဘဲ"

ထိုအခါမွ သူမက ႏႈတ္ခမ္းေလးကိုက္ကာ သူ႔လည္ပင္းကိုလက္ႏွစ္ဖက္ႏွင့္ ဖြဖြေလးသိုင္းဖက္ကာ ခၽဲြႏဲြ႔လာေတာ့ သူ႔မွာအရည္ေပ်ာ္က်သြားမတတ္ပင္။

"ကိုင္း နားေထာင္ပါ့မယ္ ဦး အျပန္က်မုန႔္ဝယ္ခဲ့မယ္မလား"

"အင္း ဝယ္ခဲ့မယ္.. ခဏေန ကိုယ္ျပန္ေတာ့မယ္ေနာ္ မနက္အတြက္ ျပင္ဆင္စရာေတြရိွေသးတယ္"

"ၿပီးေတာ့ ေယာက်ာ္း ေယာက်ာ္းနဲ႔ ထၫ့္ ထၫ့္မေျပာနဲ႔ ရွက္စရာႀကီး"

"ေနာက္လည္းေခၚရမွာပဲ အခုကတည္းက အေလ့အက်င့္လုပ္ထားေတာ့ မေကာင္းဘူးလား မင္းကကိုယ့္မိန္းမ ကိုယ္ကမင္းရဲ့"

"ဦးေနာ္"

သူမက လည္ပင္းကိုဖက္ထားရင္း ေျခဖ်ားေလးေထာက္ကာ ေမးဖ်ားကိုႏႈတ္ခမ္းေလးျဖင့္ ထိကပ္နမ္းေတာ့ သူ ေက်နပ္သြားကာ နဖူးေလးကို ထပ္နမ္းမိသည္။
သူမ ဆိုခဲ့သၫ့္သီခ်င္းထဲကလို ဒီေကာင္မေလးက သူ႔ကိုရူးသြားေစသူ။

"ဘယ္အခ်ိန္မွ အေဖတို႔အေမတို႔ကိုေျပာမွာလဲ ကိုယ္မင္းနဲ႔အတူတူေနခ်င္ၿပီ"

"ဇြတ္ႀကီးျဖစ္မေနနဲ႔သိလား ကိုင္းမယူခ်င္ေသးဘူး ငယ္ငယ္ေလးရိွေသးတယ္ ခဏခဏနားပူေနမယ္ဆို ကိုင္း ဦးနဲ႔မေတြ့ေတာ့ဘူး ျပန္ေတာ့"

ရင္ဘတ္ကိုတြန္းပစ္ၿပီး စိတ္ေကာက္သလို စူပုတ္သြားေတာ့ သူ ရယ္လိုက္ၿပီး ကိုင္းဆံပင္ေလးေတြကို ဖြပစ္လိုက္သည္။

"ေနာက္မွပဲနားပူေတာ့မယ္ Bangkokက ကိုယ္ျပန္လာရင္ေရာ အလိုလိုက္မယ့္အစီမစဥ္ ရိွမရိွသိသြားခ်င္ေသးတယ္"

"ဦးကလိမၼာရင္ အလိုလိုက္မာ္ အလိမၼာရင္  ဒီတိုင္းေန"

"ၿခိမ္းေျခာက္တယ္ေနာ္ ကေလးစုတ္ေလး.. ကဲပါ ကိုယ္ျပန္ေတာ့မယ္ အထဲဝင္ေတာ့"

"ဦးအရင္ျပန္"

"သြားပါ ကိုယ္ရပ္ၾကၫ့္ေနခ်င္လို႔"

ကိုင္းမ်က္ႏွာေလး တစ္မ်ိဳးျဖစ္သြားၿပီး သူ႔ကိုတင္းခနဲဖက္ကာ ျပန္လွၫ့္ထြက္သြားေတာ့ သူ႔ရင္ဘတ္မွာ ကိုင္းအေငႊ့အသက္ေလးျဖင့္ ေနြးေနခဲ့သည္။
ဓာတ္ေလွကားထဲဝင္သြားေသာ ထိုပံုရိပ္ကေလးကို ေဆြးေဆြးေႁမ့ေႁမ့ေငးရင္း သူမ လက္ကေလးျပေတာ့ ေခါင္းညိတ္ျပလိုက္သည္။

၄ရက္ေလာက္သာခဲြရမည္ကို ဘာေၾကာင့္ဒီေလာက္ထိေဆြးေႁမ့ေနသလဲမသိ။
မင္းပဲမွန္ပါတယ္ ကေလးရယ္...
ကိုယ္က ရပ္ၾကၫ့္ေနခဲ့ရျခင္းမွာပဲ အသားက်ေအာင္ အေတာ္ေလးႀကိဳးစားရဦးမွာပဲ...

💞💞💞💞💞

သားအခန္းဆီက အသံၾကားလိုက္ရ၍ ဘာမ်ားျဖစ္သလဲဆိုသၫ့္ စိုးရိမ္စိတ္ျဖင့္ ထလာခဲ့ကာ တံခါးကိုအသာေလးဟၾကည့္မိသည္။
သားက အိပ္ယာေပၚထိုင္ေနေပမယ့္ ၾကမ္းျပင္ေပၚခ်ထားသၫ့္ ေျခေထာက္ေတြကို စူးစိုက္ၾကၫ့္ေနသည္။

ေခါင္းငိုက္စိုက္ႏွင့္မို႔ မ်က္ႏွာကိုမျမင္ရေပမယ့္ လႈပ္ခတ္ေနသၫ့္ပခံုးေတြေၾကာင့္ ႀကိတ္ငိုေနမွန္းသိလိုက္ရသည္။
ဒီေန့ထက္ထိ ေနမင္းမဟာ မငိုတတ္မွန္းသတိရလိုက္ေတာ့ သား ဘာေၾကာင့္ႀကိတ္ငိုေနသလဲဆိုသၫ့္အေတြးေၾကာင့္ ရင္ထဲေအာင့္မ်က္သြားခဲ့သည္။

ဘယ္လိုဒဏ္ရာမ်ိဳးမို႔ တစ္ေယာက္တည္းႀကိတ္ငိုေနရသလဲ…
ဘယ္ေလာက္ထိနက္ရိႈင္းစြာ နာက်င္ေနလို႔ ႏႈတ္ဆိတ္ေအးစက္ေနရသလဲ…
ေက်ာ္စြာ့ကိုပဲေမးရမလား၊ သူ႔အေဖဆီ ဖုန္းဆက္ၾကၫ့္ရမလားမသိ။

သက္ျပင္းကိုသာခ်လိုက္မိၿပီး အသံမထြက္ေအာင္ တံခါးကိုျပန္ပိတ္လိုက္ကာ ေျခသံဖြဖျြဖင့္ ကိုယ့္အခန္းကိုပဲျပန္လာခဲ့သည္။
ဒီအေၾကာင္းကိုေတာ့ သူမ သိမျွဖစ္ရမည္မို႔…

💞💞💞💞💞

"ကိုင္း ထိုင္ဦးဟာ ငါ့အလုပ္ခန္းကသိတဲ့အတိုင္းပဲ"

"ရတယ္ ေယာင္းမ"

"ဘယ္ရရမွာလဲ ဆိုဖာမွာသြားထိုင္ေန ေနလည္းသိပ္ေကာင္းေသးတာလည္း မဟုတ္ဘဲနဲ႔"

"ေကာင္းပါၿပီဟဲ့ နင္ကလည္း"

ေနသာက ေျပာလည္းေျပာ၊ ကိုင္းကိုလည္းထိုင္ခိုင္းလိုက္တာမို႔ ဆိုဖာမွာပဲထိုင္ခ်လိုက္ကာ Milk teaဘူးေလး ဖြင့္ေသာက္ေနလိုက္သည္။

"ဝိတ္ေတြအရမ္းတက္လာမယ္ေနာ္ ခ်ာတိတ္ တစ္ပတ္ကို ၃ဘူးေလာက္ပဲေသာက္ရမယ္"

"ဦးကလည္း"

"ၿပီးရင္ ဗိုက္ပူလာၿပီဆိုၿပီး ေလ့က်င့္ခန္းေတြလုပ္ဦးမွာမလား အဲ့လိုပင္ပန္းေနတာ ကိုယ္မျမင္ခ်င္ဘူး ဒါကိုပဲေလ်ွာ့"

ကိုင္းဆံပင္ေတြကိုဖြရင္း ေခ်ာ့ကာေမာ့ကာျဖင့္ Milk teaဘူးကို ျပန္သိမ္းတတ္သၫ့္ ဦး။
အမွတ္တမဲ့သတိရသြား၍ ဖ်တ္ခနဲရယ္လိုက္မိကာ ဒီတစ္ပတ္ထဲမွာ ၃ဘူးေသာက္ခဲ့ၿပီးၿပီမွန္း သတိရသြားသည္။
ကိုင္း Milk teaဘူးေလးကို စားပဲြေပၚျပန္ခ်လိုက္ကာ လက္ေခ်ာင္းေပၚက လက္စြပ္ကေလးကို အၾကၫ့္ေရာက္သြားသည္။

"သတိရေနျပန္ၿပီလား"

ေနသာက ကိုင္းအနားဝင္ထိုင္ရင္းေမးလာေတာ့ ကိုင္းႏြမ္းလ်စြာႃပံုးရင္း ေခါင္းေလးညိတ္ျပလိုက္သည္။
ကိုင္းရဲ့ဘဝတစ္သက္စာလံုး ဦးနဲ႔ပဲကုန္ဆံုးခ်င္ခဲ့သလို ဦးမရိျွပန္ေတာ့လည္း ေနတတ္ခဲ့သည္ပဲ။
ဦးကေတာ့ ထိုသို႔မဟုတ္ခဲ့…

"လြမ္းစရာရိွရင္နာတာနဲ႔ေျဖတဲ့ နင့္ဦးကမမိုက္ပါဘူး စကားမ်ားကတည္းက ၃ရက္ေလာက္ေနရင္ ေခ်ာ့သင့္တဲ့ဥစၥာ
ဘာမွမဟုတ္ဘူး နင္နဲ႔ျပတ္ေတာ့ သူ႔ေစ့စပ္ပဲြအတြက္ ႀကိတ္စီစဥ္ေနတာပဲျဖစ္မွာသိလား နင္အရူးထမေနနဲ႔ေတာ့ ကိုင္း"

"မဟုတ္ပါဘူး ဦးရဲ့စိတ္ကိုငါသိပါတယ္ သူ ငါ့ကိုစိတ္နာသြားတာ အဲ့ဒါေၾကာင့္မို႔ပဲ ဒီလိုအေျခအေနေတျြဖစ္သြားတာေနမွာပါ"

"ကာဗာေတြေနာ္ မိန္းမ အထိကိုမခံဘူး သူ႔လူကို"

"ငါ့လူမဟုတ္ေတာ့ပါဘူး"

ေနသာက ကတ္တေလာက္ေတြကို သပ္သပ္ရပ္ရပ္ထပ္ကာ ခဲတံေတြကိုခၽြန္စက္ထဲ ထၫ့္ခၽြန္ေနရင္း ကိုင္းကိုငဲ့ၾကၫ့္ၿပီး…

"မျပတ္ႏိုင္ေသးရင္လည္း ျပန္ဆက္ပါလား Milanမွာေတြ့ခဲ့တုန္းက နင့္ေနာက္ကို လိုက္လာတယ္ဆို Seaကေျပာတယ္"

"သူ႔မွာလက္ထပ္ရမယ့္သူရိွတယ္ အခုမျပတ္ႏိုင္ေသးလည္း အခ်ိန္တန္ရင္ ေနသားက်သြားမွာပါ"

ထိုအခ်ိန္ ဆိုင္ထဲဝင္လာသၫ့္ ပန္းခက္ျဖာေဝဆိုေသာမိန္းမကို ကိုင္းေတြ့လိုက္၍ မ်က္ေမွာင္ကုပ္သြားမိသည္။
ေနသာကေတာ့ ထိုအမ်ိဳးသမီးကိုေတြ့ေတာ့ ကိုင္းရဲ့ပခံုးကိုဖိဆုပ္ကာ ထိုင္ရာမွထရင္း…

"Customerလာလို႔ ခဏေနာ္ ကိုင္း ၿပီးရင္မုန႔္သြားစားရေအာင္"

ကိုင္း ေခါင္းေလးညိတ္ျပလိုက္ေပမယ့္ ထိုမိန္းမဆီက အၾကည့္မလႊဲႏိုင္သလို သူမကလည္း ကိုင္းကိုစူးစိုက္ၾကၫ့္ေနခဲ့သည္။
မိန္းမခ်င္းမို႔ နားလည္ေနသၫ့္ စိန္ေခၚရန္လိုေနေသာ အၾကည့္မ်ိဳးေတြ…

"တို႔Weddingအတြက္ေလ ဆြမ္းကပ္ပဲြ၊ လက္မွတ္ထိုးပဲြ၊ မဂၤလာပဲြ၊ Dinnerပဲြဆို ၄ပဲြေပါ့ ေနၿမဲခ်ိဳသာရဲ့လက္ရာကိုမွ တို႔ကစိတ္တိုင္းက်လို႔ပါ"

"ဒါဆို အတိုင္းေလးယူလိုက္မယ္ေနာ္ နာမည္က"

"ပန္းခက္ျဖာေဝပါ တို႔မဂၤလာပဲြက်ရင္ ဖိတ္စာပို႔မယ္ေနာ္ ေနမင္းမဟာနဲ႔ေလ"

ေနသာ့လက္ေတြတံု႔ဆိုင္းသြားသလို ဟန္ေဆာင္ႏိုင္ျခင္းကင္းမဲ့စြာျဖင့္ အၾကၫ့္ေတြကလည္း ကိုင္းဆီေရာက္လာသည္။
ရင္ထဲစူးနင့္သြားေပမယ့္ ကိုင္းသည္ မာနႀကီးခ်င္ေသး၍ မ်က္ႏွာကိုေမာ့ခ်ီကာ ေျခခ်င္းခ်ိတ္ထိုင္ၿပီး ဆိုဖာေပၚလက္တင္၍ အထက္စီးဆန္ဆန္ၾကၫ့္ပစ္လိုက္သည္။
အရပ္သံုးစကားႏွင့္ေျပာရရင္ေတာ့ ငါမလိုခ်င္လို႔ နင္ရတာပါဆိုသၫ့္ ပံုစံမ်ိဳး…

"အစ္မခ်ဳပ္ခ်င္တဲ့ပံုရိွလား ရိွရင္ ေန့ကိုျပပါ"

ကိုင္းရဲ့သက္ေသာင့္သက္သာပံုေၾကာင့္ ေနသာက သက္ျပင္းခိုးခ်ကာ အလုပ္ကိုပဲဆက္လုပ္ေန၍ ေက်နပ္သြားၿပီး ထိုမိန္းမကို မဲ့ႃပံုး ႃပံုးျပလိုက္သည္။
ဒီ့ထက္မကေသာနာက်င္မႈကို ခ်စ္ရေသာသူဆီက ရခဲ့ၿပီးၿပီမို႔ ဒီမိန္းမဟာ ဘယ္ေလာက္ထိမ်ား ကိုင္းကိုနာက်င္ေစမွာမို႔လဲ…
ထိုမိန္းမရိွေနသၫ့္တစ္ခ်ိန္လံုး ကိုင္းမ်က္ႏွာတစ္ခ်က္မပ်က္ခဲ့ေပမယ့္ စိတ္ထဲမွာေတာ့ ကမ႓ာပ်က္ေနခဲ့ရသည္။

ထြက္ခြာခဲ့သူနဲ႔ ရပ္က်န္ခဲ့ရသူမွာ ဘယ္သူကပိုၿပီးနာက်င္ရသလဲ ကိုင္း ေသခ်ာမသိပါဘူး ဦး…
ဒါေပမယ့္ ေသခ်ာတာတစ္ခုက
ဦးဆီကထြက္ေျပးလာခဲ့တဲ့ အခ်ိန္လြန္ေနာင္တေတြနဲ႔ ကိုင္းမေပ်ာ္ပါဘူး ဦးရယ္…

💞💞💞💞💞

Part 26 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Continue Reading

You'll Also Like

449K 24.7K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
49.5K 1.1K 28
a new member joins the 141 after the mission in Los Vaqueros many changes will happen as i am still updating and working chapters TW FOR THE FOLLOWIN...
3.1M 201K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
2.5K 79 18
xx Teenfiction xx x Romance, friendship x လူငယ် စိတ်ကူးယဥ် ဇာတ်လမ်းလေးပါပဲရှင့်🌷 ပထမဆုံးficလေးမို့ အမှားပါရင်ခွင့်လွှတ်ပေးပါနော် 🙏 ဖတ်ရှုပေးပါဦးရ...