💞 Part - 24 💞
~~~~~~~~~~~
မျက်လုံးမပွင့်ခင်ကတည်းက ရင်ခွင်ထဲကအကောင်ပေါက်လေးကြောင့် မထချင်သေးဘဲ ပေအိပ်ဖို့စိတ်ကူးမိပေမယ့် တဖွဖွနမ်းနေသော နှုတ်ခမ်းတစ်စုံကြောင့် ပြုံးလိုက်မိသည်။
ကလေးဆိုးလေးရဲ့ အိပ်ယာထဖို့နှိုးနည်းက ရင်ခုန်မေ့မူးဖွယ်ရာအတိ…
"ဦး.. နိုးနေပြီမလား"
"အိပ်ချင်သေးတယ်"
"7နာရီတောင်ထိုးတော့မယ် ထပါ ဦးကလည်း"
သူမက အငြိမ်မနေဘဲ သူ့ဆံပင်တွေဆွဲဖွလိုက်၊ နှာခေါင်းကိုဆွဲလိမ်လိုက်ဖြင့် မထ ထအောင်အမျိုးမျိုးထိပါးနေ၍ ကိုယ်လုံးသေးသေးလေးကို ကျစ်နေအောင်ဆွဲဖက်လိုက်သည်။
သူမရဲ့အထိအတွေ့၊ သူမရဲ့အလှအပတွေက သူ့ကိုရူးသွပ်သွားရအောင် ဆွဲဆောင်လွန်းတာမို့ နှုတ်ခမ်းလေးကို ဖိကပ်ပစ်လိုက်သည်။
ထိုနှုတ်ခမ်းလေးသည် ခါတိုင်းထက်ပိုပြီး ချိုနေသလိုထင်မိကာ သူအပိုင်ရလိုက်သည့်ဒီမိန်းကလေးကို ပိုပြီးမြတ်နိုးမိသည်။
သူ့ဘဝ၊ သူ့အနာဂတ်
ပြီးတော့ သူ့ဇနီး…
"တွေးကြည့်ရင် မင်းကို ကိုယ်ပိုင်ပြီနော်"
"ဟွန့်… အာ့ကြောင့်မို့ နေသာကပြောတာ ဦးက ၃၂နှစ်ဆိုတော့ အတွေ့အကြုံတွေသိပ်များနေမှာတဲ့ တကယ်လည်း.."
"ပထမဆုံးပဲ"
"ဟင်!"
ကိုင်းမျက်လုံးလေးတွေ ဝိုင်းစက်သွားပြီး မယုံသလိုပြုံးစိစိလေးဖြစ်သွားကာ နှာခေါင်းလေးရှုံ့ပြကာ လက်ကလေးထောက်ပြီးငုံ့ကြည့်လာသည်။
ထိုမျက်နှာလေးကို စူးစိုက်ကြည့်နေမိရင်း သိသိသာသာတိုးလာသော ရင်ခုန်သံတွေကြောင့် ပါးနုနုလေးကို မော့နမ်းလိုက်မိ၏။
"ဦး လျှောက်ပြောနေတာ"
"တကယ်.. ရည်းစားထားတာကတော့ ကျောင်းတက်တုန်းကရှိခဲ့ဖူးတာပေါ့ ဒါပေမယ့်အဲ့ဒီတုန်းက အလုပ်လုပ်ရမယ်ဆိုတဲ့အသိနဲ့ ဘာမှရင်ထဲမရောက်လိုက်ဘူး ခေါင်းထဲမှာ တစ်ချိန်လုံးစီးပွားရေးပဲရှိတာ
တကယ့်ဗရုတ်သုတ်ခလေးနဲ့တွေ့မှပဲ ဈာန်လျှောသွားတာ"
"ဦီးနော်"
နှုတ်ခမ်းလေးစူကာ ရင်ဘတ်ကိုတဘုတ်ဘုတ်ထုတော့ သူ ရယ်လိုက်ကာ လှဲနေရာမှထပြီး သူမကိုယ်လေးကိုပွေ့ယူကာ နဖူးလေးကိုငုံ့နမ်းမိသည်။
ဘာမှလိမ်းမထားသည့် ပြောင်ပြောင်တင်းတင်းမျက်နှာလေးကအစ ချစ်စဖွယ်လေးဖြစ်ကာ သူမပါးပြင်ထက်က မွှေးညှင်းနုနုလေးတွေကအစ မြတ်နိုးချင်စရာကောင်းသည်။
အနည်းငယ်ခြောက်သွေ့နေသော နှုတ်ခမ်းလေးကို ယုယုယယစုပ်ယူနမ်းမိတော့ ရင်ထဲနွေးသွားခဲ့ကာ သူ့လည်ပင်းကိုပြန်ဖက်လာသည့် လက်ကလေးတွေဟာ သံကြိုးတွေလို ရုန်းထွက်ရခက်ခဲလွန်းလှသည်။
"လက်ထပ်ကြစို့ ချာတိတ်ရယ် ကိုယ်တို့က သမီးရည်းစားတွေမှ မဟုတ်တော့တာ.. နော်!"
"မယူချင်သေးပါဘူး ကိုင်းငယ်ငယ်လေးပဲရှိသေးတယ် ကဲချင်သေးတယ် Taylor Swift Tourတွေမှာ လိုက်ကဲချင်သေးတယ်"
"အဲ့ဒါဆိုဘာလဲ မင်းက စားပြီးနားမလည်လုပ်ချင်တာလား"
"ဟုတ်ပါ့ အိုင်တွေ့လို့ ခြေဆေးပစ်လိုက်တာ"
"ကိုယ်တကယ်ပြောနေတာ ကိုင်း.. မင်းကိုချစ်တယ် ချာတိတ် မင်းကိုရော၊ မင်းဘဝကိုရော အပိုင်ရဖို့လောဘကြီးနေမိပြီ ကိုယ်ပြောခဲ့သလိုပဲ မင်းနဲ့ပဲရှေ့ဆက်ချင်တယ် ကိုယ့်တစ်ဘဝလုံးစာအတွက် မင်းကိုလိုချင်တယ် အဲ့ဒါကြောင့် ကိုယ့်ရဲ့ဘေးနားမှာ ကိုယ့်ဇနီးအဖြစ်နေမပေးချင်ဘူးလား"
ညကကတည်းက သေချာပြင်ဆင်ထားသော လက်စွပ်လေးတစ်ကွင်းကို သူမလက်သူကြွယ်လေးဆီစွပ်ပေးလိုက်ရင်း တောင်းဆိုမိသည့်အခါ ကိုင်းကငြိမ်သက်နေ၏။
ထိုလက်စွပ်ကလေးကို ရောက်သည့်နေ့ကတည်းက ပေးဖို့ဖြစ်ပေမယ့် သူမကို လွတ်လွတ်လပ်လပ်နေစေချင်သေးသောကြောင့် မပေးဖြစ်ခဲ့။
ကိုင်းကလက်စွပ်ကလေးကို ငုံ့ကြည့်ပြီးခေတ္တတော့ငြိမ်နေခဲ့ပြီးမှ မျက်နှာလေးမော့လာပြီး…
"နေချင်ပါတယ် ဦးရယ် ဒါပေမယ့် ကိုင်း ငယ်သေးတယ်လေ"
"ကိုယ်သိသလောက်တော့ မငယ်တော့ပါဘူး"
"ဦးနော် ဘာတွေပြောနေမှန်းမသိဘူး"
မျက်နှာမသစ်ရသေးပေမယ့် ရှက်သွားသောသူမမျက်နှာလေး ရှက်သွေးဖြာသွားပုံက သူ့အတွက်အားဆေးဖြစ်သည်။
ထိုမျက်နှာလေးကို နေရာလပ်မကျန်အောင် ထိတွေ့နမ်းရှိုက်မိတော့ သူမက လည်ပင်းကိုသိုင်းဖက်ပြီး ငြိမ်ငြိမ်လေးရှိနေပေး၍ ပိုပြီးကြည်နူးရသည်။
သူနမ်းတိုင်း တခစ်ခစ်ရယ်သံလေးဖြင့် သူမ ပျော်နေသည်မို့ ဒီလိုနေ့ရက်တွေကိုသာ နေ့တိုင်းဖန်တီးပေးချင်လာသည်။
သူမကို တရားဝင်ပိုင်ဆိုင်ရဖို့ သူ့ဘက်ကနည်းလမ်းမျိုးစုံထုတ်ရမည်ဖြစ်သလို သူမလေး ကိုယ့်ဆီက ဘယ်မှမသွားနိုင်အောင် ချည်သင့်ရင်ချည်ရမည်။
"တကယ်ပြောတာ ဦးရဲ့ ကိုင်းကငယ်သေးတာလည်းပါတယ် ပြီးတော့ ဦးရဲ့ဇနီးအဖြစ် တလွဲတွေလုပ်မိမှာလည်းစိုးသေးတယ် ဦးအနေနဲ့ ကိုင်းမှားသွားခဲ့ရင်အပြစ်မမြင်ဘူးဆိုရင်တောင် ကိုင်းကြောက်တယ် ကိုင်းကိုအချိန်နည်းနည်းပေးပါ ဦးရယ် နော်?"
"ချာတိတ်ရာ"
"ကိုင်း ဦးကိုပဲလက်ထပ်ပါ့မယ် အဲ့ဒါတော့ကတိပေးနိုင်တယ် အခုလက်ထပ်ဖို့ကျ ကြောက်နေသေးလို့ပါ နော်လို့ ဦး"
သူ့ရင်ဘတ်အင်္ကျီစကိုဆွဲကာ ပြန်တောင်းဆိုလာသော သူမကြောင့် စိတ်တွေ ထွေပြားသွားရပေမယ့် သူမကိုမငြင်းဆန်နိုင်တာတော့ သေချာသည်။
ကလေးလေးကြောက်နေသေးလို့ပါဟု ဖြေတွေးရင်း ခေါင်းညိတ်ပြလိုက်သည့်အခါ အပြုံးပန်းလေးပွင့်သွားသော နှုတ်ခမ်းလေးဟာ သူ့စိတ်ကိုကြည်နူးသွားစေပြန်သည်။
တကယ်ပါ…
သူမ မှ တစ်ပါး ဘာကိုမှအလိုမရှိတော့သည်အထိ…
💞💞💞💞💞
မနက်ဖြန်ဆို Seaတို့လည်း ပြန်ရောက်တော့မှာမို့ ဒီနေ့ညဟာ ကိုင်းတို့နှစ်ယောက်အတူရှိရသည့် နောက်ဆုံးညဖြစ်သည်။
၃ရက်လောက်သာအားသည့် ဦးကို ကိုင်းကဂျီကျပူဆာထား၍ ဦးမှာအလုပ်တွေကိုပစ်ထားရပြီး တစ်ဖက်မှာတော့ ဦးအလုပ်လုပ်နေချိန်တိုင်း ကိုင်းမှာငြိမ်နေပေးရ၏။
အခန်းထဲဂိမ်းဆော့ချင်ဆော့၊ မဟုတ်ရင် ဦးအနားကပ်ပြီးအိပ်ချင်အိပ်နေ၍ ဒီရက်တွေထဲမှာ ကိုင်းသည် ဦးအနားမှာပဲ ကပ်တွယ်နေဖြစ်သည်။
"ဦး ဒီညအပြင်ထွက်စားရအောင် တစ်ညလုံးnight outမယ်လေ နော်"
ကိုင်း တောင်းဆိုတော့ ဦးကပြုံးရုံသာပြုံးကာ ခေါင်းခါပြ၍ ကိုင်း နှုတ်ခမ်းစူပစ်လိုက်သည်။
အခုနောက်ပိုင်း ဒီလူကြီးဟာ ကိုင်းဂျီကျတိုင်း အလိုမလိုက်တော့ချေ။
"မနက်ဖြန် ပြန်ရမယ်လေ ချာတိတ်ပင်ပန်းမှာပေါ့ ညအိပ်ရမယ်"
"ဦးကလည်း"
"၁၂အထိပဲ ပြီးရင်အိပ်ရမယ်"
"လေယာဥ်ပေါ်မှာအိပ်လို့ရတယ်လေ ဦးကလည်း"
"လေယာဥ်ပေါ်အိပ်တာက အိပ်ရာပေါ်အိပ်သလို သက်သောင့်သက်သာမရှိနိုင်ဘူးလေ ကိုင်းကကွာ ကိုယ့်စကားနားထောင်ပါဦး မင်းအတွက်ပြောနေတာလေ"
ကိုင်း မျက်နှာလေးမဲ့သွားပေမယ့် ၁၂အထိဆိုလည်း မဆိုးသေးတာမို့ ခေါင်းလေးသာညိတ်ပြလိုက်ရသည်။
ညစာစားဖို့ပြင်ဆင်တော့လည်း ဦးက သူ့စိတ်ကြိုက်ရွေးထားသည့်ဆိုင်မှာပဲ စားဖြစ်ကာ ထိုဆိုင်ဟာ မိုးမျှော်တိုက်မှာရှိတာမို့ Amsterdamတစ်မြို့လုံးကို စီးမိုးမြင်နေရ၏။
ဦးက Westernဝတ်စုံဖြင့် ခန့်ညားနေသလို ကိုင်းကိုလည်း သူကိုယ်တိုင်ရွေးချယ်လာသည့် အဖြူရောင်ဂါဝန်လှလှလေးဝတ်စေကာ လက်စွပ်ကလေးကိုလည်း မမေ့မဖြစ်ကိုယ်တိုင်စွပ်ပေးသည်။
ကိုင်းကို ခေါင်းအစခြေအဆုံး တစိမ့်စိမ့်ကြည့်ပြီး သူကျေနပ်တော့မှ ဒီကိုလာခွင့်ရ၍ ဦးဟာ သိပ်အကဲပိုသူဟု ပြောရင် လွန်မည်မထင်ပါ။
"ပြန်ရောက်လို့ ကိုယ်အချိန်မပေးဖြစ်ရင် ကိုယ့်ကိုစိတ်မဆိုးနဲ့နော် ကိုင်း ဟိုမှာအလုပ်တွေပုံနေတယ်"
"အင်းပါ ကိုင်းသိပါတယ်"
အိမ်ပြန်ရောက်ရင်တော့ ဦး မအားလည်းကိစ္စမရှိတော့ဘဲ Seaတို့လင်မယားနဲ့ အပြတ်ကဲရဦးမည်ဖြစ်သလို MBAအတွက် စာလုပ်ရဦးမည်မလား။
အနည်းဆုံးတော့ ကိုင်းတို့ကဲမည့်အရေးကို ဦးက ဖုန်းဆက်ပြီးသာ တားလို့ရတော့မည်ဖြစ်သည်။
"မင်းပြုံးနေတဲ့အပြုံးကို ကိုယ်သိနေတယ်နော် ချာတိတ် ငါတို့ ၃ယောက်ပေါင်း လောင်းကျော်လို့ရပြီ ဒီလူကြီးမတားနိုင်တော့ပါဘူးဆိုပြီး"
"ဦးကလည်း"
ကိုင်းအတွေးထဲအထိ ဖောက်မြင်နေရသောဦးကို ရယ်ပြလိုက်ချိန် မီးတွေမှိတ်ကျသွား၍ ကိုင်းလန့်ဖျပ်သွားပြီး ပတ်ဝန်းကျင်ကိုကြည့်မိတော့ မှန်တံခါးမှ ညဘက်ကောင်းကင်အပြင် ဘာမှမမြင်ရ။
တီးတိုးစကားသံတွေသာထွက်နေသော Restaurantထဲကြည့်မိတော့လည်း အလင်းတန်းတစ်ခုကလွဲ၍ ဘာမှမမြင်ရ၍ မျက်လုံးတွေပြာဝေလာသည်။
အမှောင်ကိုကြောက်သည့်စိတ်က အသက်ရှူရခက်သည်အထိဖြစ်လာကာ ဒီနေရာကထပြေးဖို့ ကိုင်းကြိုးစားမိသည်။
"လက်ထပ်ခွင့်တောင်းနေတာထင်တယ်"
မျက်နှာချင်းဆိုင်မှ ဦးအသံထွက်လာတော့ စိတ်သက်သာရာ ရသွားပြီး ဦးရှိမည့်နေရာကိုလက်လှမ်းကာ...
"ဦး"
ဟု လှမ်းခေါ်မိပေမယ့် အသံတွေရောထွေးလာပြီး ကိုင်းဘာမှမကြားရတော့။
အသက်ရှူရ ပိုခက်ခဲလာပြီးနောက် ကိုင်းအနားမှာပဲ Oxygenတွေကုန်ဆုံးနေသလားထင်မှတ်မိကာ ထရပ်ဖို့ကြိုးစားနေလျက် ခြေမခိုင်တော့ဘဲ လဲပြိုသွားသည့်နောက်မှာ ကိုင်းဘာမှမသိတော့…
💞💞💞💞💞
"Omm မေမေ့"
ညည်းသံလေးဖြင့် သူမဆတ်ခနဲနိုးထလာ၍ လက်ကလေးကိုဆုပ်ကိုင်ကာ ဖြူဖျော့နေသောမျက်နှာလေးကို မော့ယူလိုက်သည်။
ထိုအခါမှ သူ့ကိုမြင်သွားပြီး ကိုင်းကငိုမဲ့မဲ့လေးဖြစ်သွားကာ ရင်ခွင်ထဲတိုးဝင်လာ၍ သူမကိုယ်လေးကို တင်းတင်းဖက်ထားလိုက်သည်။
ကိုင်းမှာ ဒီလိုရောဂါမျိုးရှိတာ သူ မသိခဲ့။
"ဦး"
"ကိုယ်ရှိတယ်နော် မကြောက်နဲ့တော့"
သူမဆီက ရှိုက်သံတိုးတိုးလေးထွက်လာပြီး တအိအိငိုနေ၍ ပခုံးလေးကိုပွတ်သပ်ကာ နဖူးပြေပြေလေးကို ထိရုံလေးနမ်းလိုက်သည်။
"Nyctophobiaလို့ခေါ်တယ် အမှောင်ကိုကြောက်တဲ့ရောဂါပဲ ငယ်ငယ်ကစိတ်ဒဏ်ရာရှိလို့ ဒါမှမဟုတ်ရင် မျိုးရိုးလိုက်တာကြောင့်မို့ ဖြစ်တတ်တာ အသေးစားစိတ်ရောဂါတစ်မျိုးပါ
မှောင်သွားရင်ကြောက်သွားပြီး အသက်ရှူရခက်တာမျိုး၊ မေ့လဲတာမျိုးတွေဖြစ်တတ်တယ် ဖြစ်နိုင်ရင် ညဘက်တွေမှာ မီးအမြဲဖွင့်ထားပေးပါ"
ဆရာဝန်က သူ့ကိုအသေအချာမှာခဲ့တာမို့ ဟိုစားသောက်ဆိုင်ထဲမှာ သူမဘယ်လောက်ထိ လန့်ဖျပ်ကြောက်ရွံ့သွားမလဲ ဆိုသည့်အတွေးဖြင့် စိတ်မကောင်းဖြစ်မိသည်။
ကိုယ့်ချစ်သူအကြောင်း ကိုယ်ကကြိုသိခဲ့သင့်တာ...
"ဦး ဘယ်မှမသွားနဲ့နော်"
"အင်းပါ ကိုယ်ရှိတယ် ချာတိတ် ကိုယ်ဖက်ထားပေးမယ် အိပ်တော့နော် မငိုရဘူး"
ပခုံးလေးကိုပွတ်သပ်ချော့ရင်း ကိုင်းအိပ်ပျော်သွားသည်အထိ ဖက်ထားပေးခဲ့ပြီး သူမ အိပ်ပျော်သွားတော့မှ မွေ့ရာပေါ်ချသိပ်လိုက်သည်။
မျက်ရည်စတွေစိုအိနေဆဲ မျက်တောင်ကော့ကော့လေးတွေကို မြတ်မြတ်နိုးနိုးနမ်းမိရင်း ပါးနုနုကိုလေးကိုပါ ဖွဖွလေးပွတ်သပ်ရင်းထပ်နမ်းမိပြန်သည်။
Amsterdamရဲ့နောက်ဆုံးညက သိပ်တော့ပျော်စရာမကောင်းခဲ့...
💞💞💞💞💞
Part 25 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~
💞 Part - 24 💞
~~~~~~~~~~~
မ်က္လံုးမပြင့္ခင္ကတည္းက ရင္ခြင္ထဲကအေကာင္ေပါက္ေလးေၾကာင့္ မထခ်င္ေသးဘဲ ေပအိပ္ဖို႔စိတ္ကူးမိေပမယ့္ တဖြဖြနမ္းေနေသာ ႏႈတ္ခမ္းတစ္စံုေၾကာင့္ ႃပံုးလိုက္မိသည္။
ကေလးဆိုးေလးရဲ့ အိပ္ယာထဖို႔ႏိႈးနည္းက ရင္ခုန္ေမ့မူးဖြယ္ရာအတိ…
"ဦး.. ႏိုးေနၿပီမလား"
"အိပ္ခ်င္ေသးတယ္"
"7နာရီေတာင္ထိုးေတာ့မယ္ ထပါ ဦးကလည္း"
သူမက အၿငိမ္မေနဘဲ သူ႔ဆံပင္ေတြဆဲြဖြလိုက္၊ ႏွာေခါင္းကိုဆဲြလိမ္လိုက္ျဖင့္ မထ ထေအာင္အမ်ိဳးမ်ိဳးထိပါးေန၍ ကိုယ္လံုးေသးေသးေလးကို က်စ္ေနေအာင္ဆဲြဖက္လိုက္သည္။
သူမရဲ့အထိအေတြ့၊ သူမရဲ့အလွအပေတြက သူ႔ကိုရူးသြပ္သြားရေအာင္ ဆဲြေဆာင္လြန္းတာမို႔ ႏႈတ္ခမ္းေလးကို ဖိကပ္ပစ္လိုက္သည္။
ထိုႏႈတ္ခမ္းေလးသည္ ခါတိုင္းထက္ပိုၿပီး ခ်ိဳေနသလိုထင္မိကာ သူအပိုင္ရလိုက္သၫ့္ဒီမိန္းကေလးကို ပိုၿပီးျမတ္ႏိုးမိသည္။
သူ႔ဘဝ၊ သူ႔အနာဂတ္
ၿပီးေတာ့ သူ႔ဇနီး…
"ေတြးၾကၫ့္ရင္ မင္းကို ကိုယ္ပိုင္ၿပီေနာ္"
"ဟြန႔္… အာ့ေၾကာင့္မို႔ ေနသာကေျပာတာ ဦးက ၃၂ႏွစ္ဆိုေတာ့ အေတြ့အႄကံုေတြသိပ္မ်ားေနမွာတဲ့ တကယ္လည္း.."
"ပထမဆံုးပဲ"
"ဟင္!"
ကိုင္းမ်က္လံုးေလးေတြ ဝိုင္းစက္သြားၿပီး မယံုသလိုႃပံုးစိစိေလးျဖစ္သြားကာ ႏွာေခါင္းေလးရႈံ႔ျပကာ လက္ကေလးေထာက္ၿပီးငံု႔ၾကၫ့္လာသည္။
ထိုမ်က္ႏွာေလးကို စူးစိုက္ၾကည့္ေနမိရင္း သိသိသာသာတိုးလာေသာ ရင္ခုန္သံေတြေၾကာင့္ ပါးႏုႏုေလးကို ေမာ့နမ္းလိုက္မိ၏။
"ဦး ေလ်ွာက္ေျပာေနတာ"
"တကယ္.. ရည္းစားထားတာကေတာ့ ေက်ာင္းတက္တုန္းကရိွခဲ့ဖူးတာေပါ့ ဒါေပမယ့္အဲ့ဒီတုန္းက အလုပ္လုပ္ရမယ္ဆိုတဲ့အသိနဲ႔ ဘာမွရင္ထဲမေရာက္လိုက္ဘူး ေခါင္းထဲမွာ တစ္ခ်ိန္လံုးစီးပြားေရးပဲရိွတာ
တကယ့္ဗရုတ္သုတ္ခေလးနဲ႔ေတြ့မွပဲ ဈာန္ေလ်ွာသြားတာ"
"ဦီးေနာ္"
ႏႈတ္ခမ္းေလးစူကာ ရင္ဘတ္ကိုတဘုတ္ဘုတ္ထုေတာ့ သူ ရယ္လိုက္ကာ လွဲေနရာမွထၿပီး သူမကိုယ္ေလးကိုေပြ့ယူကာ နဖူးေလးကိုငံု႔နမ္းမိသည္။
ဘာမွလိမ္းမထားသၫ့္ ေျပာင္ေျပာင္တင္းတင္းမ်က္ႏွာေလးကအစ ခ်စ္စဖြယ္ေလးျဖစ္ကာ သူမပါးျပင္ထက္က ေမႊးၫွင္းႏုႏုေလးေတြကအစ ျမတ္ႏိုးခ်င္စရာေကာင္းသည္။
အနည္းငယ္ေျခာက္ေသြ့ေနေသာ ႏႈတ္ခမ္းေလးကို ယုယုယယစုပ္ယူနမ္းမိေတာ့ ရင္ထဲေနြးသြားခဲ့ကာ သူ႔လည္ပင္းကိုျပန္ဖက္လာသၫ့္ လက္ကေလးေတြဟာ သံႀကိဳးေတြလို ရုန္းထြက္ရခက္ခဲလြန္းလွသည္။
"လက္ထပ္ၾကစို႔ ခ်ာတိတ္ရယ္ ကိုယ္တို႔က သမီးရည္းစားေတြမွ မဟုတ္ေတာ့တာ.. ေနာ္!"
"မယူခ်င္ေသးပါဘူး ကိုင္းငယ္ငယ္ေလးပဲရိွေသးတယ္ ကဲခ်င္ေသးတယ္ Taylor Swift Tourေတြမွာ လိုက္ကဲခ်င္ေသးတယ္"
"အဲ့ဒါဆိုဘာလဲ မင္းက စားၿပီးနားမလည္လုပ္ခ်င္တာလား"
"ဟုတ္ပါ့ အိုင္ေတြ့လို႔ ေျခေဆးပစ္လိုက္တာ"
"ကိုယ္တကယ္ေျပာေနတာ ကိုင္း.. မင္းကိုခ်စ္တယ္ ခ်ာတိတ္ မင္းကိုေရာ၊ မင္းဘဝကိုေရာ အပိုင္ရဖို႔ေလာဘႀကီးေနမိၿပီ ကိုယ္ေျပာခဲ့သလိုပဲ မင္းနဲ႔ပဲေရ႔ွဆက္ခ်င္တယ္ ကိုယ့္တစ္ဘဝလံုးစာအတြက္ မင္းကိုလိုခ်င္တယ္
အဲ့ဒါေၾကာင့္ ကိုယ့္ရဲ့ေဘးနားမွာ ကိုယ့္ဇနီးအျဖစ္ေနမေပးခ်င္ဘူးလား"
ညကကတည္းကေသခ်ာျပင္ဆင္ထားေသာ လက္စြပ္ေလးတစ္ကြင္းကို သူမလက္သူႂကြယ္ေလးဆီစြပ္ေပးလိုက္ရင္း ေတာင္းဆိုမိသၫ့္အခါ ကိုင္းကၿငိမ္သက္ေန၏။
ထိုလက္စြပ္ကေလးကို ေရာက္သၫ့္ေန့ကတည္းက ေပးဖို႔ျဖစ္ေပမယ့္ သူမကို လြတ္လြတ္လပ္လပ္ေနေစခ်င္ေသးေသာေၾကာင့္ မေပးျဖစ္ခဲ့။
ကိုင္းကလက္စြပ္ကေလးကို ငံု႔ၾကၫ့္ၿပီးေခတၲေတာ့ၿငိမ္ေနခဲ့ၿပီးမွ မ်က္ႏွာေလးေမာ့လာၿပီး…
"ေနခ်င္ပါတယ္ ဦးရယ္ ဒါေပမယ့္ ကိုင္း ငယ္ေသးတယ္ေလ"
"ကိုယ္သိသေလာက္ေတာ့ မငယ္ေတာ့ပါဘူး"
"ဦးေနာ္ ဘာေတြေျပာေနမွန္းမသိဘူး"
မ်က္ႏွာမသစ္ရေသးေပမယ့္ ရွက္သြားေသာသူမမ်က္ႏွာေလး ရွက္ေသြးျဖာသြားပံုက သူ႔အတြက္အားေဆးျဖစ္သည္။
ထိုမ်က္ႏွာေလးကို ေနရာလပ္မက်န္ေအာင္ ထိေတြ့နမ္းရိႈက္မိေတာ့ သူမက လည္ပင္းကိုသိုင္းဖက္ၿပီး ၿငိမ္ၿငိမ္ေလးရိွေနေပး၍ ပိုၿပီးၾကည္ႏူးရသည္။
သူနမ္းတိုင္း တခစ္ခစ္ရယ္သံေလးျဖင့္ သူမ ေပ်ာ္ေနသည္မို႔ ဒီလိုေန့ရက္ေတြကိုသာ ေန့တိုင္းဖန္တီးေပးခ်င္လာသည္။
သူမကို တရားဝင္ပိုင္ဆိုင္ရဖို႔ သူ႔ဘက္ကနည္းလမ္းမ်ိဳးစံုထုတ္ရမည္ျဖစ္သလို သူမေလး ကိုယ့္ဆီက ဘယ္မွမသြားႏိုင္ေအာင္ ခ်ည္သင့္ရင္ခ်ည္ရမည္။
"တကယ္ေျပာတာ ဦးရဲ့ ကိုင္းကငယ္ေသးတာလည္းပါတယ္ ၿပီးေတာ့ ဦးရဲ့ဇနီးအျဖစ္ တလဲြေတြလုပ္မိမွာလည္းစိုးေသးတယ္ ဦးအေနနဲ႔ ကိုင္းမွားသြားခဲ့ရင္အျပစ္မျမင္ဘူးဆိုရင္ေတာင္ ကိုင္းေၾကာက္တယ္ ကိုင္းကိုအခ်ိန္နည္းနည္းေပးပါ ဦးရယ္ ေနာ္?"
"ခ်ာတိတ္ရာ"
"ကိုင္း ဦးကိုပဲလက္ထပ္ပါ့မာ္ အဲ့ဒါေတာ့ကတိေပးႏိုင္တယ္ အခုလက္ထပ္ဖို႔က် ေၾကာက္ေနေသးလို႔ပါ ေနာ္လို႔ ဦး"
သူ႔ရင္ဘတ္အက်ႌစကိုဆဲြကာ ျပန္ေတာင္းဆိုလာေသာ သူမေၾကာင့္ စိတ္ေတြ ေထျြပားသြားရေပမယ့္ သူမကိုမျငင္းဆန္ႏိုင္တာေတာ့ ေသခ်ာသည္။
ကေလးေလးေၾကာက္ေနေသးလို႔ပါဟု ေျဖေတြးရင္း ေခါင္းညိတ္ျပလိုက္သၫ့္အခါ အႃပံုးပန္းေလးပြင့္သြားေသာ ႏႈတ္ခမ္းေလးဟာ သူ႔စိတ္ကိုၾကည္ႏူးသြားေစျပန္သည္။
တကယ္ပါ…
သူမ မွ တစ္ပါး ဘာကိုမွအလိုမရိွေတာ့သည္အထိ…
💞💞💞💞💞
မနက္ျဖန္ဆို Seaတို႔လည္း ျပန္ေရာက္ေတာ့မွာမို႔ ဒီေန့ညဟာ ကိုင္းတို႔ႏွစ္ေယာက္အတူရိွရသၫ့္ ေနာက္ဆံုးညျဖစ္သည္။
၃ရက္ေလာက္သာအားသၫ့္ ဦးကို ကိုင္းကဂ်ီက်ပူဆာထား၍ ဦးမွာအလုပ္ေတြကိုပစ္ထားရၿပီး တစ္ဖက္မွာေတာ့ ဦးအလုပ္လုပ္ေနခ်ိန္တိုင္း ကိုင္းမွာၿငိမ္ေနေပးရ၏။
အခန္းထဲဂိမ္းေဆာ့ခ်င္ေဆာ့၊ မဟုတ္ရင္ ဦးအနားကပ္ၿပီးအိပ္ခ်င္အိပ္ေန၍ ဒီရက္ေတြထဲမွာ ကိုင္းသည္ ဦးအနားမွာပဲ ကပ္တြယ္ေနျဖစ္သည္။
"ဦး ဒီညအျပင္ထြက္စားရေအာင္ တစ္ညလံုးnight outမယ္ေလ ေနာ္"
ကိုင္း ေတာင္းဆိုေတာ့ ဦးကႃပံုးရံုသာႃပံုးကာ ေခါင္းခါျပ၍ ကိုင္း ႏႈတ္ခမ္းစူပစ္လိုက္သည္။
အခုေနာက္ပိုင္း ဒီလူႀကီးဟာ ကိုင္းဂ်ီက်တိုင္း အလိုမလိုက္ေတာ့ေခ်။
"မနက္ျဖန္ ျပန္ရမယ္ေလ ခ်ာတိတ္ပင္ပန္းမွာေပါ့ ညအိပ္ရမယ္"
"ဦးကလည္း"
"၁၂အထိပဲ ၿပီးရင္အိပ္ရမယ္"
"ေလယာဥ္ေပၚမွာအိပ္လို႔ရတယ္ေလ ဦးကလည္း"
"ေလယာဥ္ေပၚအိပ္တာက အိပ္ရာေပၚအိပ္သလို သက္ေသာင့္သက္သာမရိွႏိုင္ဘူးေလ ကိုင္းကကြာ ကိုယ့္စကားနားေထာင္ပါဦး မင္းအတြက္ေျပာေနတာေလ"
ကိုင္း မ်က္ႏွာေလးမဲ့သြားေပမယ့္ ၁၂အထိဆိုလည္း မဆိုးေသးတာမို႔ ေခါင္းေလးသာညိတ္ျပလိုက္ရသည္။
ညစာစားဖို႔ျပင္ဆင္ေတာ့လည္း ဦးက သူ႔စိတ္ႀကိဳက္ေရြးထားသၫ့္ဆိုင္မွာပဲ စားျဖစ္ကာ ထိုဆိုင္ဟာ မိုးေမ်ွာ္တိုက္မွာရိွတာမို႔ Amsterdamတစ္ၿမိဳ႔လံုးကို စီးမိုးျမင္ေနရ၏။
ဦးက Westernဝတ္စံုျဖင့္ ခန႔္ညားေနသလို ကိုင္းကိုလည္း သူကိုယ္တိုင္ေရြးခ်ယ္လာသၫ့္ အျဖဴေရာင္ဂါဝန္လွလွေလးဝတ္ေစကာ လက္စြပ္ကေလးကိုလည္း မေမ့မျဖစ္ကိုယ္တိုင္စြပ္ေပးသည္။
ကိုင္းကို ေခါင္းအစေျခအဆံုး တစိမ့္စိမ့္ၾကၫ့္ၿပီး သူေက်နပ္ေတာ့မွ ဒီကိုလာခြင့္ရ၍ ဦးဟာ သိပ္အကဲပိုသူဟု ေျပာရင္ လြန္မည္မထင္ပါ။
"ျပန္ေရာက္လို႔ ကိုယ္အခ်ိန္မေပးျဖစ္ရင္ ကိုယ့္ကိုစိတ္မဆိုးနဲ႔ေနာ္ ကိုင္း ဟိုမွာအလုပ္ေတြပံုေနတယ္"
"အင္းပါ ကိုင္းသိပါတယ္"
အိမ္ျပန္ေရာက္ရင္ေတာ့ ဦး မအားလည္းကိစၥမရိွေတာ့ဘဲ Seaတို႔လင္မယားနဲ႔ အျပတ္ကဲရဦးမည္ျဖစ္သလို MBAအတြက္ စာလုပ္ရဦးမည္မလား။
အနည္းဆံုးေတာ့ ကိုင္းတို႔ကဲမၫ့္အေရးကို ဦးက ဖုန္းဆက္ၿပီးသာ တားလို႔ရေတာ့မည္ျဖစ္သည္။
"မင္းႃပံုးေနတဲ့အႃပံုးကို ကိုယ္သိေနတယ္ေနာ္ ခ်ာတိတ္ ငါတို႔ ၃ေယာက္ေပါင္း ေလာင္းေက်ာ္လို႔ရၿပီ ဒီလူႀကီးမတားႏိုင္ေတာ့ပါဘူးဆိုၿပီး"
"ဦးကလည္း"
ကိုင္းအေတြးထဲအထိ ေဖာက္ျမင္ေနရေသာဦးကို ရယ္ျပလိုက္ခ်ိန္ မီးေတြမိွတ္က်သြား၍ ကိုင္းလန႔္ဖ်ပ္သြားၿပီး ပတ္ဝန္းက်င္ကိုၾကၫ့္မိေတာ့ မွန္တံခါးမွ ညဘက္ေကာင္းကင္အျပင္ ဘာမွမျမင္ရ။
တီးတိုးစကားသံေတြသာထြက္ေနေသာ Restaurantထဲၾကၫ့္မိေတာ့လည္း အလင္းတန္းတစ္ခုကလဲြ၍ ဘာမွမျမင္ရ၍ မ်က္လံုးေတျြပာေဝလာသည္။
အေမွာင္ကိုေၾကာက္သၫ့္စိတ္က အသက္ရႉရခက္သည္အထိျဖစ္လာကာ ဒီေနရာကထေျပးဖို႔ ကိုင္းႀကိဳးစားမိသည္။
"လက္ထပ္ခြင့္ေတာင္းေနတာထင္တယ္"
မ်က္ႏွာခ်င္းဆိုင္မွ ဦးအသံထြက္လာေတာ့ စိတ္သက္သာရာ ရသြားၿပီး ဦးရိွမၫ့္ေနရာကိုလက္လွမ္းကာ...
"ဦး"
ဟု လွမ္းေခၚမိေပမယ့္ အသံေတြေရာေထြးလာၿပီး ကိုင္းဘာမွမၾကားရေတာ့။
အသက္ရႉရ ပိုခက္ခဲလာၿပီးေနာက္ ကိုင္းအနားမွာပဲ Oxygenေတြကုန္ဆံုးေနသလားထင္မွတ္မိကာ ထရပ္ဖို႔ႀကိဳးစားေနလ်က္ ေျခမခိုင္ေတာ့ဘဲ လဲၿပိဳသြားသၫ့္ေနာက္မွာ ကိုင္းဘာမွမသိေတာ့…
💞💞💞💞💞
"Omm ေမေမ့"
ညည္းသံေလးျဖင့္ သူမဆတ္ခနဲႏိုးထလာ၍ လက္ကေလးကိုဆုပ္ကိုင္ကာ ျဖဴေဖ်ာ့ေနေသာမ်က္ႏွာေလးကို ေမာ့ယူလိုက္သည္။
ထိုအခါမွ သူ႔ကိုျမင္သြားၿပီး ကိုင္းကငိုမဲ့မဲ့ေလးျဖစ္သြားကာ ရင္ခြင္ထဲတိုးဝင္လာ၍ သူမကိုယ္ေလးကို တင္းတင္းဖက္ထားလိုက္သည္။
ကိုင္းမွာ ဒီလိုေရာဂါမ်ိဳးရိွတာ သူ မသိခဲ့။
"ဦး"
"ကိုယ္ရိွတယ္ေနာ္ မေၾကာက္နဲ႔ေတာ့"
သူမဆီက ရိႈက္သံတိုးတိုးေလးထြက္လာၿပီး တအိအိငိုေန၍ ပခံုးေလးကိုပြတ္သပ္ကာ နဖူးေျပျပေလးကို ထိရံုေလးနမ္းလိုက္သည္။
"Nyctophobiaလို႔ေခၚတယ္ အေမွာင္ကိုေၾကာက္တဲ့ေရာဂါပဲ ငယ္ငယ္ကစိတ္ဒဏ္ရာရိွလို႔ ဒါမွမဟုတ္ရင္ မ်ိဳးရိုးလိုက္တာေၾကာင့္မို႔ ျဖစ္တတ္တာ အေသးစားစိတ္ေရာဂါတစ္မ်ိဳးပါ
ေမွာင္သြားရင္ေၾကာက္သြားၿပီး အသက္ရႉရခက္တာမ်ိဳး၊ ေမ့လဲတာမ်ိဳးေတျြဖစ္တတ္တယ္ ျဖစ္ႏိုင္ရင္ ညဘက္ေတြမွာ မီးအၿမဲဖြင့္ထားေပးပါ"
ဆရာဝန္က သူ႔ကိုအေသအခ်ာမွာခဲ့တာမို႔ ဟိုစားေသာက္ဆိုင္ထဲမွာ သူမဘယ္ေလာက္ထိ လန႔္ဖ်ပ္ေၾကာက္ရြံ႔သြားမလဲ ဆိုသၫ့္အေတြးျဖင့္ စိတ္မေကာင္းျဖစ္မိသည္။
ကိုယ့္ခ်စ္သူအေၾကာင္း ကိုယ္ကႀကိဳသိခဲ့သင့္တာ...
"ဦး ဘယ္မွမသြားနဲ႔ေနာ္"
"အင္းပါ ကိုယ္ရိွတယ္ ခ်ာတိတ္ ကိုယ္ဖက္ထားေပးမယ္ အိပ္ေတာ့ေနာ္ မငိုရဘူး"
ပခံုးေလးကိုပြတ္သပ္ေခ်ာ့ရင္း ကိုင္းအိပ္ေပ်ာ္သြားသည္အထိ ဖက္ထားေပးခဲ့ၿပီး သူမ အိပ္ေပ်ာ္သြားေတာ့မွ ေမြ့ရာေပၚခ်သိပ္လိုက္သည္။
မ်က္ရည္စေတြစိုအိေနဆဲ မ်က္ေတာင္ေကာ့ေကာ့ေလးေတြကို ျမတ္ျမတ္ႏိုးႏိုးနမ္းမိရင္း ပါးႏုႏုကိုေလးကိုပါ ဖြဖြေလးပြတ္သပ္ရင္းထပ္နမ္းမိျပန္သည္။
Amsterdamရဲ့ေနာက္ဆံုးညက သိပ္ေတာ့ေပ်ာ္စရာမေကာင္းခဲ့...
💞💞💞💞💞
Part 25 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997