သူမ မှ တစ်ပါး

By SummerMaung

552K 14K 315

တစ်ခါတစ်လေ Exတွေပြန်လာတယ်ဆိုတာ ကိုယ့်ရဲ့နံရိုးပိုင်ရှင်ဖြစ်လို့မဟုတ်ဘဲ ကံကြမ္မာက နင်အရင်လိုကျပ်မပြည့်တုန်းပဲ... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41 (ဇာတ်သိမ်း)

Part 20

11.8K 332 3
By SummerMaung

💞 Part - 20 💞
~~~~~~~~~~~~~

မျက်စိတစ်ဆုံးမြင်နေရသည့် Tulipပန်းခင်းကြီးက ခရမ်းရောင်လွှမ်းကာ လှချင်တိုင်းလှနေတာမို့ ကြည့်မဝသည့်ထိုမြင်ကွင်းလေးကို ပါးစပ်အဟောင်းသားငေးနေမိ၏။

"ပျော်လား"

နွေးထွေးချိုမြသော ဦးရဲ့အသံကြောင့် ရင်ထဲပျော်ဆင်းသွားရပြီး ဦးလည်ပင်းကိုခြေဖျားလေးထောက်၍ ဖက်လိုက်မိသည်အထိ။
ဦးနှုတ်ခမ်းတွေက ကိုင်းရဲ့နဖူးပေါ်၊ ပါးပေါ် နေရာလပ်မကျန်အောင်ထိတွေ့သွား၍ တသိမ့်သိမ့်ရင်ခုန်သွားမိရင်း ပိုပြီးတင်းနေအောင်ဖက်ထားမိသည်။
နွေးနေသော ဒီရင်ခွင်ကြီးကို ကိုင်း အလွန်နှစ်ခြိုက်မိသလို ဦးကို ပိုပိုပြီးချစ်လာမိကာ…

"ချစ်တယ် ကိုယ့်ချာတိတ်လေး"

ကိုင်းနှုတ်ခမ်းတွေ နွေးခနဲဖြစ်သွားပြီး နှုတ်ခမ်းတွေဆီမှ စိုစွတ်သောအထိအတွေ့ကြောင့် မျက်လုံးတွေဖွင့်ကြည့်မိတော့ နီးကပ်နေသော ဦးရဲ့မျက်နှာ။
ထိုအခါမှ အသိစိတ်ပြန်ကပ်သွားပြီး ပန်းခင်းကြီးလည်းမရှိတော့ဘဲ Hotelခန်းထဲမှာမှန်း သတိပြန်ရကာ ကိုင်းတစ်ကိုယ်လုံး ဦးရင်ခွင်ထဲမှာနစ်မြုပ်လို့။
မျက်စောင်းလေးချီမိပေမယ့် ဦးရဲ့လည်ပင်းကိုသိုင်းဖက်ကာ မျက်နှာလေးမော့ပေးလိုက်တော့ အိမ်မက်ထဲကအနမ်းတွေက အပြင်မှာတကယ်ရှိလာ၏။

"ဦီး.. ကိုင်းပျော်နေတာ အိမ်မက်ထဲမှာ ဦးနဲ့ကိုင်းက Tulipပန်းခင်းကြီးနားမှာတဲ့ Seaတို့ဟန်းနီးမွန်းကို စိတ်စွဲသွားလို့ထင်တယ်"

"သွားချင်လို့လား"

ကိုင်း နှုတ်ခမ်းလေးစူလိုက်ကာ ဦးကိုမော့ကြည့်တော့ ဦးက ကိုင်းကိုလေးနက်သောအကြည့်တွေဖြင့် စူးစိုက်ကြည့်နေသည်။
ဦးရဲ့အကြည့်တွေက အမြဲလိုစူးရှနေတတ်ကာ ကိုင်းကိုကြည့်တိုင်း နွေးထွေးနူးညံ့ခြင်းတွေ ရောယှက်နေတတ်သည်။
ဦးရဲ့နှာတံစင်းနေပုံက Seaထက်ပိုပြီးကြည့်ကောင်းသလိုထင်မိကာ ဦးနှုတ်ခမ်းတွေကလည်း လေးကိုင်းသဏ္ဌာန်ရှိကာ ပန်းရင့်ရောင်သမ်းနေ၏။
ချောလိုက်တဲ့ ငါ့ရည်းစားကြီး…

"ဦးကိုအရမ်းချစ်တာပဲ"

"အဲ့ဒါကိုမေးလို့လား ဟန်းနီးမွန်းကိုစိတ်စွဲနေတယ်ဆိုတော့ ကိုယ့်ကိုအထာပေးတာလား"

"ပေးပါဘူး ကိုင်းက Amsterdamကိုသွားချင်တာကြာပြီ Amsterdamက Tulipပွင့်ချိန်ဆို အရမ်းလှတာလေ ခုဆိုပွင့်လောက်ရောပေါ့ Aprilလလည်ရောက်တော့မယ်"

"သွားမှာလားလို့"

ဒီမေးခွန်းကိုပဲ ထပ်မေးနေတော့ လိုက်ပို့ပေးချင်လို့လားဟုမေးခွန်းထုတ်မိကာ ကိုင်း နှုတ်ခမ်းလေးပြုံးသွားရ၏။
ဦးနဲ့အတူ ခရီးထွက်ချင်စိတ်လေးလည်းဖြစ်သွားကာ သူ ကိုင်းအပေါ်ဘယ်လောက်ထိ အနွံတာခံနိုင်မလဲဟုလည်း သိချင်မိသည်။

"သွားချင်တယ်"

"ကိုယ်နဲ့သွားမလား"

ချက်ချင်းပြန်မေးလာသည့်မေးခွန်းကြောင့် ကိုင်း ဦးလည်ပင်းကိုဖက်ထားရာမှ လွှတ်လိုက်ကာ ဦးမျက်နှာကိုသေချာကြည့်မိတော့ စနောက်နေတာလည်းမဟုတ်။
ကိုင်းအကြည့်ကို နားလည်နေသော ဦးက နှာခေါင်းဖျားချင်းပွတ်တိုက်ချော့မြှူကာ…

"မင်းသွားချင်ရင် လိုက်ပို့ပေးမယ်"

"ဦးက အားလို့လား တစ်ခါတစ်လေဆို ကိုင်းဆီတောင်ဖုန်းမဆက်ဖြစ်တာ"

"၂ရက် ၃ရက်လောက်တော့ အားလိုက်လို့ရတယ်"

"ဦးကိုမယုံတော့ဘူး အရမ်းတွေအလိုလိုက်နေတာ တစ်ခုခုလိုချင်နေပြီထင်တယ်"

"အင်း.. မင်းကိုလိုချင်တာ"

ကိုင်းလည်တိုင်လေးဆီ တိုးဝှေ့နမ်းရှိုက်ရင်း ခပ်တိုးတိုးပြောလာတော့ ကြက်သီးထသွားမိသည်အထိ ရင်ခုန်သွားမိသည်။
ခါတိုင်းလည်း နမ်းနေကျဖြစ်ပေမယ့် ဒီတစ်ခါတော့ ကိုင်းရှက်နေမိကာ ဦးမျက်နှာကိုလည်း သေချာမကြည့်ရဲတော့။
ဦးဘာဖြစ်နေတာလဲ…

"ကိုယ် မင်းကိုလိုချင်တယ် ကိုင်း မင်းနဲ့အတူတူ နေ့ရော၊ညပါ ဖြတ်သန်းချင်တယ် မင်းကိုရင်ခွင်ထဲထည့်ပြီးအိပ်ချင်တယ် မင်းမျက်နှာလေးကိုအနီးကပ်ကြည့်ပြီး နိုးထချင်တယ် ကိုယ်မင်းကိုလက်ထပ်ချင်တယ်
မင်းကိုလိုချင်တယ် ချာတိတ် ကိုယ့်ကိုပေးမှာလား"

အလေးအနက်မေးလာသည့် ဦးကြောင့် ကိုင်းထိတ်လန့်သွားရပြီး ဘာဖြေလို့ဖြေရမှန်းမသိဘဲ မျက်လုံးလေးဝိုင်းစက်သွားမိသည်။
ဦးပုံစံဟာ နောက်ပြောင်နေတာမျိုးလည်းမရှိ၍ ကိုင်းကို တကယ်လက်ထပ်ခွင့်တောင်းနေမှန်းလည်း သိလိုက်သည်။
နှစ်ယောက်တည်း တစ်ညလုံးရှိခဲ့သည့်အပြင် အခုလည်း ဦး ဇွတ်ဖြစ်လာရင် ကိုင်း ရှောင်လို့မရ။

"အခုဘာမှမလုပ်ပါဘူးကွာ ကြောက်တတ်လိုက်တာ"

ဦးဆီက ရယ်သံတိုးဖွဖွထွက်လာတော့မှ ကိုင်းရှက်သွားပြီး မျက်နှာလေးရဲကာ ရင်ဘတ်ကို တဘုန်းဘုန်းထုပစ်လိုက်သည်။
ထိုအခါ ဦးက ထထိုင်လိုက်ပြီး ပွယောင်းနေသည့်ဆံပင်လေးတွေကို သပ်တင်ပေးရင်း ကိုင်းနဖူးကိုငုံ့နမ်းသည်။

"ထတော့ အိမ်ပြန်ရဦးမယ် ကိုယ့်ရင်ခွင်ထဲအိပ်ရတာ ကျေနပ်တယ်မလား"

"ဟုတ်"

"မမေ့နဲ့နော် ကိုယ်မင်းကိုလိုချင်တယ်ဆိုတာ"

"ဦးနော် အရမ်းမျက်နှာပြောင်မနေနဲ့"

ကိုင်းရှက်ရမ်းရမ်းပြီး တအားအော်ပစ်တော့ ဦးကသဘောတကျရယ်နေရင်း…

"Amsterdamသွားချင်ရင်တော့ တကယ်လိုက်ပို့မယ် သွားချင်တယ် လိုက်ပို့လို့ပဲပြောလိုက်"

"ပြောဘူး ကိုင်းက Seaတို့နဲ့ပဲလိုက်မှာ"

💞💞💞💞💞

"နင်က ဘာလိုက်လုပ်မှာလဲ"

ကိုယ်တွေဟန်းနီးမွန်းမှာ ဒင်းက ကန့်လန့်ကန့်လန့်လုပ်ချင်နေပြန်ပြီမို့ သူသည် မ,ကို ကြိတ်ဒေါသဖြစ်နေမိသည်။
နေသာကတော့ မ,လိုက်မှာမို့ ဝမ်းသာအားရဖြစ်နေကာ မ,ပစ္စည်းတွေကူထည့်ပေးနေ၍ သူ့မှာ မြွေပါလည်းဆုံး၊ သားလည်းဆုံးအခြေအနေ…
ကောင်းကင်ပြာဟာ တကယ်ကိုအလိုက်ကမ်းဆိုးမသိသော အမွှေစိန်မကြီးဖြစ်ပါ၏။

"ငါလည်း Amsterdamသွားမလို့လေ"

"ငါတို့က Amsterdamသွားမှာမှမဟုတ်တာ မ.. နင်မရစ်နဲ့နော် ငါ အစ်ကိုမဟာနဲ့လှမ်းတိုင်မှာ"

"တိုင်ပေါ့"

"အေး တိုင်ပြီ"

ဒီတစ်ခါတော့ ဘယ်လိုမှသည်းမခံနိုင်တော့၍ ဖုန်းကိုထုတ်ကာ အစ်ကိုမဟာ့ဆီလှမ်းဆက်၍ ဒီငရှုပ်မကို တိုင်ပစ်ဦးမည်ဟု ကြိမ်းထားလိုက်သည်။
ဖုန်းကိုကောက်ကိုင်နေတုန်း မ,ကိုလှည့်ကြည့်သည့်အခါ မ,က Black pinkရဲ့ Kill this loveဆိုသည့်သီချင်းဖြင့် ခုန်ပေါက် က,နေပြန်သည်။
သီချင်းနာမည်ကိုက သူ့ကိုအသက်ရှုကြပ်စေတာမို့ မရဲ့ဖုန်းကိုကောက်ယူပြီး သီချင်းကိုရပ်ပစ်လိုက်သည်။

"မ ငါနင့်ကိုတောင်းပန်ပါတယ်ဟာ ငါအခုမှနေသာနဲ့ ရင်းနှီးနွေးထွေးရမှာမို့ပါ"

"အဲ့ဒါငါနဲ့ဘာဆိုင်လဲ Amsterdamကိုသွားမယ် နေမြဲချိုသာနဲ့ကဲမယ် ပင်လယ်ပြာလေးကတော့ ချောင်တစ်ချောင်မှာကပ်ငိုပေါ့ကွယ်"

"ချောင်တစ်ချောင်ကပ်ငိုရအောင် နေသာက ငါ့မိန်းမနော်"

"ငါ့မောင်မိန်းမ ငါ့မိန်းမပဲ"

သူအလွန်ဒေါသဖြစ်သွားပြီး အစ်ကိုမဟာ့ဆီဖုန်းပြန်ခေါ်လိုက်တော့ မရဲ့ဘဲကြီးကလည်း မညည်းမညူဖုန်းကိုင်ပြန်သည်။
ဒီလူဟာ မ နဲ့ပတ်သတ်ပြီး အတော်လေးအနွံတာခံနိုင်သလို၊ တစ်ခါတစ်လေ သူ ရိုက်ခွဲပစ်ချင်လောက်အောင်ဆိုးသည့် မ,ကိုမထိရက်မတို့ရက်၊ အရိပ်တကြည့်ကြည့်ချစ်တတ်သေးသူ။

"ဟဲလို"

"အစ်ကိုမဟာ ခင်ဗျားရဲ့ကိုင်းက ကျွန်တော်တို့ကိုလိုက်ရှုပ်ဦးမလို့တဲ့ တားမပေးတော့ဘူးလား"

"သူက မင်းတို့နဲ့ပဲသွားချင်တာတဲ့ Amsterdamကိုသွားချင်တယ်ဆိုလို့ လိုက်ပို့ပေးဖို့ဟာကို"

"ဒါဆိုလည်း ခေါ်သွားတော့ဗျာ"

"မင်းကလည်းခေါ်သွားလိုက်ပါ ကလေးက မင်းတို့နဲ့ပဲလိုက်ချင်တာကို.. သွားစားရိတ်၊စားစားရိတ် ငါအကုန်ပေးပါ့မယ်"

"မခေါ်ချင်ပါဘူး ဒါကHoneymoonလေ သူငယ်ချင်းတွေစုသွားတဲ့ အပျော်ခရီးမှမဟုတ်တာ လုပ်ပါအစ်ကိုရ.. ခင်ဗျားနဲ့ကိုင်း လက်ထပ်တဲ့အခါ ဂေါ်ရန်ဂျီကျွန်းကြီးတစ်ခုလုံး အပိုင်ဝယ်ပေးပါ့မယ်"

"ငါ့ဘာသာလည်းဝယ်နိုင်တယ်"

"ကျွန်တော်ကလက်ဖွဲ့မှာလေ"

"ကျစ်! မင်းတို့ကကွာ ငါ့ကလေးကိုစိတ်ညစ်အောင်"

"မညစ်ပါဘူး  မ,က အစ်ကိုနဲ့ဆိုပျော်နေမှာပါ ပြီးတော့အခုအချိန်က နွေလလည်လေ Amsterdamက ဒီအချိန်ဆိုပိုလှတယ်"

"အင်း.. အဲ့ဒါဆိုပြီးရော ငါSingaporeမှာစောင့်မယ် မင်းတို့လာခဲ့လိုက်တော့"

နေမင်းမဟာဖုန်းချသွားတော့ သူသည် အလွန်လျှို့ဝှက်သောအပြုံးဖြင့် ကျေကျေနပ်နပ်ကြီးပြုံးလိုက်မိကာ အရှုပ်ထုတ် မ ကတော့ သူ့အဖြစ်ကိုမသိသေးဘဲ ဆိုလို့က,လို့ကောင်းနေဆဲ။
နင့်ကိုနိုင်မယ့်အကွက်လေး ငါရထားတယ် Skyရေ…

💞💞💞💞💞

"အားလုံး ပျော်ပျော်နေခဲ့ကြ လိုအပ်တာရှိရင် ဖေဖေ့ဆီလှမ်းမှာ"

"ကိုင်းတော့ ဖေဖေ့ကိုလွမ်းနေတော့မှာပဲ"

"အဟမ်း အဟမ်း"

ကိုင်းက ကလေးလိုလုပ်ကာ ဦးဧကန်ကိုကပ်ချွဲနေတုန်း အန်တီမိုးညက ချောင်းဟန့်နေ၍ သူမက အမေဖြစ်သူဆီ တစ်ခါပြေးကပ်ပြန်သည်။
ကိုင်းထက်စာလျှင် Seaကရင့်ကျက်နေပြီဖြစ်ကာ နေ့ဘေးမှာ အေးအေးဆေးဆေးရပ်နေ၏။

"ငါတို့၃ယောက်ခရီးမထွက်ဖြစ်တာကြာပြီနော"

"အင်း ဒါပေမယ့် ဒီတစ်ခေါက်ကတော့ ငါတို့နှစ်ယောက်တည်းပဲ"

"ဟင်!!"

"မ,ဘဲကြီးနဲ့ချိန်းထားတယ် Singaporeကျရင် သပ်သပ်စီဖြစ်သွားမှာ"

နေ ဟယ်ခနဲဖြစ်သွားပြီး Seaကိုမျက်စောင်းချီမိတော့ လူလည်ကျသောနေ့ခင်ပွန်းက ပြုံးစိစိဖြင့် မျက်စိတစ်ဖက်မှိတ်ပြသည်။
နေကတော့ ကိုင်းနဲ့လည်ရဖို့ အားခဲထားပေမယ့် ကိုင်းမပါတော့သည့်အခါမှာ ပျင်းခြောက်ခြောက်ရှိမည့်အရေးကိုတွေးပြီး စိတ်ညစ်သွားမိတာက အမှန်ဖြစ်သည်။
ဒီကြားထဲ နေ့ကို ပြီတီတီကြည့်ကာ အကြွေးမှတ်ထားသည့် လူညစ်ပတ်ကလည်း ရှိနေသေးသည်ကိုး…

"အေးမယ်နော် နေသာ အနွေးထည်ပါရဲ့လား"

"ပါပါတယ် မာမီ"

"ဒက်ဒီ့ရဲ့နေမြဲချိုသာလေးတောင် အရွယ်ရောက်ပြီပဲ ဒါပေမယ့် ကလေးလို့ပဲမြင်ပြီး စိတ်ထဲနှမျောနေမိတာ"

"ကိုကို ကိုယ်ချင်းစာသွားပြီလား သူများတုန်းကဆို ဟွန့်..."

"ဘာဖြစ်လို့လဲ"

"အမလေး သူ့ကိုမယူရင် သမီးအန်တီအိနွေးကို အလုပ်ထုတ်မယ်တကဲကဲနဲ့ ညည်းဒက်ဒီကလေ မာမီ့ကိုခြိမ်းခြောက်ပြီးယူထားတာ"

"အိမ်မက် တော်ပြီကွာ"

"ပြောပြတာလေ ကိုကို့သမီးကျမှသိတတ်နေလို့ နှမျောသလေး ဘာလေးနဲ့ သူရတုန်းကကျ ပျော်နေတာသိလား"

မာမီက အမြဲတမ်းထိုသို့ ခပ်စွာစွာလေးဖြစ်ပြီး နေကတော့ အနေအေးကာစကားသိပ်မပြောသည့် ဒက်ဒီနှင့်ပိုတူတာဖြစ်သည်။
ဒါကြောင့်လည်း ဒက်ဒီရော နေရော ဤမာမီစွာစွာလေးကို သိပ်ချစ်ရသည်လေ...

"ကဲပါ နေ့ကိုဖက်ပါဦး"

မာမီကအပြုံးလေးဖြင့် နေ့ကိုပွေ့ဖက်လာတော့ ဒက်ဒီက နေ့ကိုရော၊ မာမီကိုပါ သိမ်းကျုံးဖက်ပြီး နေ့ခေါင်းလေးကို ငုံ့နမ်းသည်။

"Seaအပေါ် သိပ်မဆိုးနဲ့နော် သမီး"

"ဟုတ်ကဲ့"

"နေ ပြန်လာရင် မာမီတို့မိသားစု ညစာစားရအောင်နော် မမမိုးညတို့ရော"

မာမီ့ရဲ့အသိပေးတောင်းဆိုစကားကို အန်တီမိုးညက ခေါင်းညိတ်ပြကာ လေယာဥ်ချိန်နီးတော့ နေတို့၃ယောက်လုံး Luggageတွေဆွဲကာ ထွက်လာခဲ့ကြသည်။
Seaကတော့ သူ့အကြံနှင့်သူမို့ပြုံးနေကာ ဘာမှမသိသေးသော ကိုင်းကတော့ နေနှင့်လက်ချင်းချိတ်ပြီး…

"ကဲလိုက်ကြစို့ ယောင်းမရေ"

"Okပါနော် အဆင်ပြေပါတယ်"

လေယာဥ်ပေါ်ရောက်တော့မှ Seaက first classမှာ ဝယ်ထားမှန်းသိလိုက်ရပြီး ကိုယ့်နေရာမှာဝင်ထိုင်တော့ ကိုင်းက နေနဲ့ Seaရဲ့ကြားမှာဖြစ်သည်။
သို့သော် ဒါကိုလည်းခွင့်ပြုထားဟန်ဖြင့် Seaကမျက်နှာမပျက်…

"လည်စွပ်စွပ်ထား လည်ပင်းနာမယ်"

ဆိုကာ ကိုင်းကိုလည်စွပ်ကလေးစွပ်ပေးပြီး နေ့ကိုလည်းလှမ်းစွပ်ပေး၏။
ကိုင်းကို မချစ်တာလည်းမဟုတ်ပါဘဲ ဘာကြောင့်များမခေါ်ချင်ရတာလဲဟု တွေးမိသွားချိန် Seaက လက်သည်းဆေးဆိုးပေးနေပြန်သည်။

"ငါ့မိန်းမကိုလုပ်မပေးရဘူး ဒင်းကိုပဲလုပ်ပေးနေရတယ်"

"အမလေး နင်ကုသိုလ်ရပါတယ် Seaရယ် ငါကနင့်အစ်မလေ"

Seaကိုပြောနေရင်း ကိုင်းရဲ့မျက်လုံးတွေက လူသွားလမ်းလေးရဲ့တစ်ဖက်က ကောင်မလေးတွေဆီရောက်သွား၏။
ထိုကောင်မလေးတွေက Seaကိုမသိမသာကြည့်ကာ အချင်းချင်းတွတ်ထိုးနေကြ၍ ကိုင်းမျက်နှာစူပုတ်သွားကာ လက်ကိုဆတ်ခနဲပြန်ရုတ်ပြီး…

"Sea ငါနဲ့နေရာလဲ"

"ဘာလဲဟ"

"နင့်မိန်းမအနားကပ်ထိုင် ထ.. အခုလဲ"

ဆိုကာ Seaကိုအတင်းနေရာလဲခိုင်းတာမို့ ကိုင်းအဖြစ်ကို နေကြိတ်ရယ်မိတော့သည်။
သူ့မောင်ကိုရှိုးနေကြ၍ သူမဟာ သဝန်တိုပြီးထသောင်းကျန်းနေတာမဟုတ်လား…
နေရာချင်းလဲအပြီးမှာတောင် ကိုင်းသည် ထိုကောင်မလေးတွေဆီ စူးခနဲလှမ်းကြည့်နေသေး၍ နေက သူမလက်ကိုလှမ်းဆွဲပြီး အတင်းထိုင်ခိုင်းရသည်။
ပြာနှစ်ပြာဟာ တစ်ယောက်ကိုတစ်ယောက် ထိုမျှအထိချစ်ကြခြင်းဖြစ်သည်။

"ငါ့ယောင်းမတစ်ယောက်လုံးရှိနေတာတောင် နှာဘူးမတွေက.."

ဟု Seaရဲ့လက်မောင်းကိုဖက်ကာ ပါးလေးကပ်ပြီးခေါင်းမှီရင်း ပွစိပွစိပြောနေသေး၏။
ခုံချင်းကပ်သွားပြီမို့ နေလည်း ကိုင်းလို၊ သူ့လက်မောင်းမှာခေါင်းလေးမှီထားတော့ နေ့လက်ကိုပြန်ဆုပ်ကိုင်လာသော သူ့လက်တစ်ဖက်ဟာ နွေးထွေးလွန်းလှသည်။

"Sea နင်တကယ်ကြီး ဦးနေမင်းမဟာနဲ့"

"အဲ့ဒီလူကြီးက Gentlemanပါ ကိုင်းဘာမှမဖြစ်ဘူး စိတ်ချ ငါကတော့ Gentlemanမဟုတ်ဘူးနော်"

လေယာဥ်ပေါ်ပဲရှိသေးတာတောင်မှ စကားခေါ်နေသည့်သူ့ကို အမြင်ကတ်သွားရ၍ နေမျက်စောင်းလေးထိုးပစ်လိုက်မိသည်။
ကိုင်းမပါပေမယ့် ကိုယ့်ချစ်သူ၊ ကိုယ့်ခင်ပွန်းပါနေ၍ ဒီခရီးလေးဟာ ပျင်းခြောက်ခြောက်ဖြစ်နေမှာတော့ မဟုတ်ချေ။
တစ်ဖက်က မယ်မင်းကြီးမလေးကတော့ မောင်ဖြစ်သူကို ဘယ်သူကြည့်နေသလဲဟု ကင်းစောင့်သလိုစောင့်ကြည့်နေ၍ နေတို့ပြောသည့်စကားကို မကြားလောက်…

💞💞💞💞💞

Part 21 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~~

   
💞 Part - 20 💞
~~~~~~~~~~~~~


"ပျော်လား"





"သွားချင်လို့လား"

ကိုင်း နှုတ်ခမ်းလေးစူလိုက်ကာ ဦးကိုမော့ကြည့်တော့ ဦးက ကိုင်းကိုလေးနက်သောအကြည့်တြွေဖင့် စူးစိုက်ကြည့်နေသည်။

"ဦးကိုအရမ်းချစ်တာပဲ"



"သွားမှာလားလို့"


"သွားချင်တယ်"

"ကိုယ်နဲ့သွားမလား"







ဦးဘာဖြစ်နေတာလဲ…






"ဟုတ်"






💞💞💞💞💞


နေသာယကတော့ မ,လိုက်မှာမို့ ဝမ်းသာအားရဖြစ်နေကာ မ,ပစ္စည်းတွေကူထည့်ပေးနေ၍ သူ့မှာ မြွပေါလည်းဆုံး၊ သားလည်းဆုံးအခြေအနေ…



"တိုင်ပေါ့"

"အေး တိုင်ပြီ"







"ဟဲလို"












💞💞💞💞💞



"အဟမ်း အဟမ်း"




"ဟင်!!"




"ပါပါတယ် မာမီ"



"ဘာဖြစ်လို့လဲ"


"အိမ်မက် တော်ပြီကွာ"



"ကဲပါ နေ့ကိုဖက်ပါဦး"



"ဟုတ်ကဲ့"











"Sea ငါနဲ့နေရာလဲ"

"ဘာလဲဟ"








💞💞💞💞💞

Part 21 ဆက်ရန်

#shinthant1141997

Continue Reading

You'll Also Like

21.5K 1.9K 46
Yeh kahani hai Vansh aur Riddhima ki.... 🥀 Jo ek dusre se beintehaa pyar krte hai..... Pr unnke zindagi mai kuch aisa hua ki dono ek doosre se jud...
3.7K 216 6
Amaranthine (n) : eternally beautiful and unfading, everlasting , undying, IMMORTAL ✯¸.•'*¨'*•✿ ✿•*'¨*'•.¸✯ What if jinyowon had...
19.7K 733 8
simple story 💛 [Unicode only]
59.2K 1.7K 23
ခွန်မြတ်မင်းမာန် '' ဒါဆို ဘုရင်လို့ခေါ်လေ '' ဟေသရီလွန်း '' ဘာရှင့် ''