မြို့ဝန်မင်းဝမ်♡ (Complete)

By BlueMind_Clouds_1823

123K 8.9K 361

Uni/ " အချစ်က မူးယစ်ဆေးထက်ပြင်းတယ် မြင်နေရရုံနဲ့တင်လူကိုစွဲလမ်းယစ်မူးစေတဲ့အပြင် ပိုင်ဆိုင်ရရင် အရာရာနစ်ဝင်ကျ... More

Part. 1♡
Part. 2♡
Part. 4♡
Part .5♡
Part. 6♡
Part. 7♡
Part. 8♡
Part. 9♡
Part. 10♡
Part .11♡
Part.12♡
Part.13♡
Part. 14♡
Part. 15♡
Part.16♡
Part.17♡
Part.18♡
Part. 19♡
Part .20♡
Part. 21♡
Part. 22♡
Part. 23♡
Part. 24♡
Part. 25♡
Part .26♡ (Final)
ကျေးဇူးတင်လွှာ 💙
Part ♡

Part. 3♡

4.9K 362 3
By BlueMind_Clouds_1823

Uni//

"ဘာလို့လဲပါး သားပြန်လာတာ ဒီလိုလုပ်ဖို့လာတာမဟုတ်ဘူးလေ၊ သားဘဝကိုတော့ သားပဲစဉ်းစားမယ် "

အိမ်ဧည့်ခန်းထဲ ပါးရှေ့မှာမျက်နှာချင်းဆိုင်ကာရှောင်း‌ကျန့်ပြောလိုက်မိတယ် ။

သူ့အတွက်ဒါမျိုးတွေမလိုအပ်သေးပါ သူ့အတွက်အရာရာကိုသူတွေးရမှာ ၊ အခုကပြန်ရောက်ရောက်ချင်းကြားလိုက်ရတာက လပ်ထပ်ရမယ်တဲ့လား ။

"မရဘူးသား ပါးတို့မှာကျေးဇူးကျွေး.."

"ကျေးဇူးကျွေး . ကျေးဇူးကျွေး. ဆိုတာနဲ့ပဲကိုင်ပေါက်နေတာ ၊ အဲ့တာတစ်ခုအတွက်နဲ့ ကျွန်တော်က လက်ထပ်ရမယ်တဲ့လားပါး ဟင် "

"ပါးတို့ရဲ့အသက်သခင်မို့ပေါ့ ၊ ပါးတို့ဘဝအတွက်ကိုအရေးကြီးခဲ့တဲ့အသက်သခင်မို့လေ ပသားနိုင်ငံခြားအတွက် လိုတာကိုပါ ဖြည့်ပေးခဲ့တာသူတို့ဘက်ကပဲ "

"ဒါဆိုသားကိုငွေနဲ့ဝယ်ထားကြတာနဲ့ဘာထူးလို့ လဲ ၊ အဲ့လောက်တောင် ကျွေးဇူးကျွေးထပ်နေရတာ ဘယ်လိုမိန်းကလေးမလို့ ပါးကသားနဲ့သဘောတူနေရတာလဲ "

"သူကမိန်းကလေးမဟုတ်ဘူး "

"ဒါဆို? "

"သူကမြို့ဝန်မင်းဝမ်ပဲ "

"ဘာ!"

ပါးစကားအပြီးမှာသူမက်တပ်ထရပ်မိတယ်။

ဟိုတလောကသူ့ကိုလာကြိုတာ သူမထင်မှတ်စွာတွေ့ရတဲ့လူက ငယ်ငယ်ကကောင်လေးတဲ့ ။

အရာရာပြောင်းလဲပြီး ရဲတင်းလာတဲ့ဝမ်ရိပေါ်တဲ့လား ။ ပါးလိုလူကရော လက်ခံပြီးဒါမျိုးကိုသူ့ကိုတိုက်တွန်းနေတာဆိုရင်  ပိုလိုတောင်အခြေအနေမှားနေသေးတယ် ။

"ပါးကိုသူကဘယ်လိုပြောထားလို့ လက်ခံရတာလဲ"

"အဟမ်းး ! မရိုမသေလို့တော့မထင်နဲ့နော်
ကျုပ်ကလူအော်ခေါ်ရတာသဘောမကျလို့ အဟက်. "

လက်ကပုဝါကိုနှဖူးကချွေးစ‌ကိုသုပ်ကာ အိမ်ထဲကိုတစ်လှန်းချင်းဝင်လာသော မြို့ဝန်မင်းဝမ်ဆိုတဲ့‌ ဝမ်ရိပေါ်  ။
အရာရာပြောင်းလဲသွားတာမို့ ဒီလူဟာသူသိခဲ့တဲ့ ဝမ်သခင်လေးမှဟုတ်ရဲ့လားလို့ထင်ရသည်အထိပါပဲ ၊ အပြောအစိုကအစ အပြုအမူတွေပါ ရဲတင်းလာသလို ၊ တကယ့်ကိုယောက်ျားအသွင်အပြင်နဲ့ကိုတည်ကြည်နေတဲ့လူသား။

"ငါတို့သားအဖ အိမ်တွင်းရေးပြောနေတာကို ဝင်ဖြတ်ပြောတာက ဘယ်လိုအပြုအမူမျိုးလဲ မြို့ဝန်မင်းဝမ် "

"အာ. ကျုပ်က ဒီကရှောင်းကျန့်ကိုလာခေါ်တာပါ ၊ ရှောင်းလူကြီးမင်းအပြောအရ ရှောင်းကျန့်ရိုးရာအစားအစာသဘောကျတယ်ပြောလို့လေ ကျုပ်ကရိုးရာနဲ့ပြန်မိတ်ဆက်ပေးချင်ရုံပါ "

နှဖူးကိုလက်ညှိုးနဲ့အသာကုတ်ချင်ကာ မျက်ခုံးပင့်၍ပြောနေပုံဟာ ၊ တစ်ကယ့်အရိုးခံမျက်နှာထားနဲ့မို့ မသိရင် သူဟာပဲမကြည်ဖြူသည့်ဘက်ကိုအတင်းရောက်နေပုံ ။
ဒီဝမ်ရိပေါ် ဘာတွေကြံနေတာများလဲ?

"ကျွန်တော်မအားဘူး မြို့ဝန်မင်းဝမ်"

ရှောင်းကျန့်အပြောကို ပြုံးပြီးသာ စားပွဲပေါ်အခန့်သားခြေချိတ်ကာထိုင်လိုက်သော မြို့ဝန်မင်းဝမ်။

လက်ကပုဝါကို ခပ်ဖွဖွပွတ်သပ်ကာ နှာခေါင်းထက်ရှူရှိုက်လိုက်တာမို့ ရှောင်းကျန့်ရဲ့မျက်နှာဟာ ပုဝါထက်ကအရောင်လို ရဲခနဲပါပဲ ။

ပါးဘက်ကိုမလုံစွာလှည့်ကြည့်မိတော့ ဘာမှမထူးခြားပေမယ့် သိနေတဲ့သူ့အဖို့တော့ ဘယ်လောက်တောင်မျက်နှာပူရသလဲ ။

"အဟင်းးး ဒီကရှောင်းကျန့်က တကယ်ပဲကျုပ်နဲ့လိုက်ဖို့ကို ငြင်းလိုက်တာလား ဟင် "

ပြုံးစစမျက်နှာပေးနဲ့‌လာပြောနေသော သူအားကြည့်ကာ ရှောင်းကျန့်မျက်နှာကို ဟိုဘက်ကိုသာလွှဲထားလိုက်တယ် ။
တမင်တကာ သူ့ကိုလာနှောက်ယှက်နေတာ ၊
ဒါက သိပ်ကိုသိသာလွန်းနေတယ် ။

သူသာမလိုက်ဘူးဆိုရင် ဘယ်လိုဉာဏ်နဲ့ဖြစ်ဖြစ်ရအောင်‌ လုပ်မယ်ဆိုတဲ့မျက်နှာပေးမျိုးမို့
ရှောင်းကျန့် ရှေ့ကအခါးရည်ခွက်ကိုယူသောက်လိုက်ပြီး မျက်ခုံးများတန်းကာ သက်ပျင်းချလိုက်တယ် ။

"အင်းလေ မြို့ဝန်မင်းဝမ်ကိုယ်တိုင်က တကူးတကကိုလာခေါ်နေတာဆိုတော့လဲ သဘောပါပဲ ၊ ကျွန်တော်က အဲ့လောက်လူမှုရေးမခေါင်းပါးပါဘူး အဟင်း "

လှောင်ရိပ်အပြုံးနဲ့ အိမ်ပေါ်တပ်သွားသောသူကိုကြည့်ကာ စားပွဲပေါ်က သူကထရယ်တယ် ။

ရှေ့မှာတွေ့ရတဲ့အခါးရည်ခွက်ကိုယူကာ သေသပ်သော နှုတ်ခမ်းပါးတို့နဲ့ သောက်ကြည့်လိုက်တယ် ၊ ရှောင်းအိမ်ကအခါးရည်ကတကယ်ပဲချိုနေတာလား  ?

'အဟက်'

တစ်ကျိုက်ထပ်မော့လိုက်တဲ့အချိန်မှာတော့ ထင်ရှားတဲ့လည်တိုင်ကလည်စလုပ် လှုပ်ခပ်သွားတဲ့ဟန်ပန်ဟာ တကယ်ပဲသိပ်ကိုကြည့်ကောင်းလွန်းနေပြန်တယ် ။

ရှေ့ကထိုင်နေသောဝမ်သခင်လေး မြို့ဝန်မင်းဝမ်ကိုကြည့်ကာ ရှောင်းလူကြီးမင်းက မျက်နှာကိုဟိုဘက်ကိုပဲမသိမသာလွှဲထားရှာတယ် ။

.......................... A time

တွေ့ပြီးတဲ့နေ့ကတည်းကစလို့ အဆောင်ရှေ့မှာလာစောင့်တက်တဲ့ကောင်လေးက တစ်ယောက်သောသူရဲ့မျက်နှာကို အမြဲမမြင်‌တွေ့ရတော့ပါ ။
ဒါပေမယ့် စာအုပ်လေးပိုက်ကာ ထိုကောင်လေးကအမြဲစောင့်နေမိဆဲ။

သူကပြုံးတယ် သူ့ရဲ့တစ်ဦးတည်းသောသူက သူ့ကိုရှောင်နေတာသူသိတာမို့ သူကဇွဲချော့လို့မဖြစ်ပါ ၊ နောက်ပြီး သူကဒါတွေကိုမမှုပါဘူး ချစ်ဖို့သဘောကျဖို့ပဲ ဒီလူ့အပေါ်သိတာ ။
သိသိသာသာတိုးလာတာကတော့ သူအရင်လိုမျက်နှာလေးမမြင်ရတာ သိပ်ကိုကြာနေခဲ့ပြီမို့ သူအရမ်းလွမ်း‌နေမိတယ်မလား။

အဆောင်ကျောင်းသားတွေ တစ်စီတစ်ညီတည်းထွက်လာချိန်မှာ သူ့ရဲ့ကိုယ်လေးဟာမတ်မခနဲဖြစ်သွားတယ် ၊ သူဒီနေ့လည်း‌တွေ့ရဖို့မျှော်လင့်ချက်အများကြီးပဲ ။

"ဟင် "

အဆောင်တံခါးကနေထွက်လာတဲ့လူသားက သူ့ကို‌တွေ့တဲ့အခါ သိသိသာသာ မျက်နှာလွှဲသွားတာမို့ သူအရသွားမိလိုက်ပါတယ်။

" နေ နေပါအုံး "

"...

"ကျွန်တော့ကိုဒီလိုလာတာသဘောမကျလို့လား၊ ကျွန်တော်ရှိတာစိတ်အနှောက်အယှက်များဖြစ်လို့လားဗျ "

သူပြောတဲ့အခါ ရှေ့ကလူသားက မျက်နှာကိုဟိုဘက်ကိုမသိမသာစောင်းသွားတယ် ။
ပျက်ယွင်းချင်မိတဲ့ သူ့မျက်နှာကိုအမြန်ပြင်လိုက်မိတယ်  ၊ သူ့ကိုမမြင်ချင်တာလားလို့ သူမတွေးချင်ပါဘူး ။

"ဒါလေး ဒါလေး ကိုတော့လက်ခံပေးပါ ၊
စာမပြန်လည်းရပါတယ် မ‌တွေ့ရတာကြာပြီမို့ စာစောင်ကတော့ အနည်းငယ်များပါတယ် ၊
အာ. ဟုတ်သား စကားတွေအများကြီးပြောမိပြီ ကျွန်တော် ရှောင်းကျန့်ကိုပိုလို့သဘောကျပါတယ် "

ပြောရင်း သူ့လက်ထဲကို စာအိပ်နီနီလေးတွေအစီလိုက်ထည့်ပေးကာ လှည့်ထွက်သွားသောကောင်လေးကိုသူမျက်စိတစ်ဆုံးလိုက်ကြည့်ကာ ရေရွတ်မိတယ် ။

"နားလည်မှာပါ တစ်နေ့တော့ နားလည်မယ်မဟုတ်လား? "

ထိုနေရာကနေလှည့်ထွက်လာခဲ့တယ် သူ့ရဲ့လက်ထဲမှာတော့ စာအိပ်နီနီလေးတွေကတစ်စီတစ်ရီ။

......

1

^
'ကျွန်တော်ရှောင်းကျန့်ပြောတာတွေကိုသေချာနားထောင်ခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော့ဦးနှောက်နဲ့ ကျွန်တော့နှလုံးသားက ရှောင်းကျန့်ကိုပဲ ပိုသဘောကျတယ်' ^

2

^မနေ့ကရှောင်းကျန့်ကိုမ‌တွေ့ရဘူး ‌နေမကောင်းလို့ကျောင်းမလာတာတော့မဟုတ်ဘူးမလား၊ ကျန်းမာရေးကိုအထူးဂရုစိုက်ပါဗျ ၊
ကျွန်တော်ကတော့ ဒီနေ့ရှောင်းကျန့်ကို ပိုသဘောကျပါတယ် "

3

^

နှစ်ရက် ! ဟုတ်တယ် ကျွန်တော်ရှောင်းကျန့်ကိုမတွေ့တာ နှစ်ရက်ရှိပြီ ။
နေမကောင်းဖြစိတယ်ထင်လို့ အဆောင်ကတစ်ယောက်ကို မေးပါသေးတယ်၊ ဒါပေမယ့်ရှောင်းကျန့်က ကျောင်းလာတယ်လို့ပြောကြတယ် ၊
ဒီနေ့လဲ ပိုပြီးသဘောကျပါတယ်^

4

^
ကျွန်တော်က မ‌တွေးမိလိုက်တာ ဟုတ်သား ကျွန်တော့ကိုရှောင်နေတယ်ဆိုတာကို၊
ကျွန်တော်ကပဲ မတွေးချင်လို့ဖြစ်ပါလိမ့်မယ်
အရင်လိုမျက်နှာလေးဖြစ်ဖြစ် မြင်ချင်မိတယ် ကျွန်တော်ရှောင်းကျန့်ကိုသိပ်သဘောကျရပါတယ် ^

စာအိပ်လေးတစ်ခုချင်းစီကို သေချာပြန်ခေါက်ကာ သူ့ရဲ့ အိပ်ယာဘေးနားမှာ စီထားလိုက်တယ်။

သူမျက်နှာချင်းမဆိုင်ရဲပါ သူ့စိတ်ကိုသူ့ကိုသူနှိမ်နင်းရလည်းဖြစ်တယ် ၊ တစ်‌စုံတစ်ယောက်အတွက် သူဟာဘယ်လိုနေနေ လမ်းကြောင်းပိတ်နေတဲ့သူများလား ၊ သူကရော သူ့ရဲ့စိတ်တွေကရော ..

အတွေးတွေကိုဖြောက်ကာ ခေါင်းကိုခါရမ်းလိုက်တယ် ဟင့်အင်း သူမတွေးချင်ပါ ဘယ်အရာကိုမှ..

'ဒေါက်'' 

" သား ပါးပြောစရာရှိလို့ ပြီးရင်ပါးအခန်းထဲလာခဲ့အုံးနော် "

"ဟုတ်ပါး "

အခန်းအပြင်ကပါးအသံကြောင့် သူကုတင်ပေါ်ကထကာထွက်လာမိတယ် ။

ထိုနေ့ကကောင်လေးတစ်ယောက်ကတော့ သူ့ရဲ့အချိန်တိုင်းစာလုပ်ချိန်အစား သူ့ရဲ့အတွေးတွေသာနစ်နေခဲ့ပြီး  ၊ တစ်ယောက်သော ကောင်ငယ်လေးကလည်း စိုးရိမ်ပူပန်စိတ်တွေနဲ့သာအိပ်စက်ခဲ့ရတယ်။

///////////////////////////////////////////////

#M'Mind/ N ကောင်းသောညပါ💙
#2.1.2023

Zawgyi//

"ဘာလို႔လဲပါး သားျပန္လာတာ ဒီလိုလုပ္ဖို႔လာတာမဟုတ္ဘူးေလ၊ သားဘဝကိုေတာ့ သားပဲစဥ္းစားမယ္ "

အိမ္ဧည့္ခန္းထဲ ပါးေရွ႕မွာမ်က္ႏွာခ်င္းဆိုင္ကာေရွာင္း‌က်န႔္ေျပာလိုက္မိတယ္ ။

သူ႔အတြက္ဒါမ်ိဳးေတြမလိုအပ္ေသးပါ သူ႔အတြက္အရာရာကိုသူေတြးရမွာ ၊ အခုကျပန္ေရာက္ေရာက္ခ်င္းၾကားလိုက္ရတာက လပ္ထပ္ရမယ္တဲ့လား ။

"မရဘူးသား ပါးတို႔မွာေက်းဇူးေကြၽး.."

"ေက်းဇူးေကြၽး . ေက်းဇူးေကြၽး. ဆိုတာနဲ႔ပဲကိုင္ေပါက္ေနတာ ၊ အဲ့တာတစ္ခုအတြက္နဲ႔ ကြၽန္ေတာ္က လက္ထပ္ရမယ္တဲ့လားပါး ဟင္ "

"ပါးတို႔ရဲ႕အသက္သခင္မို႔ေပါ့ ၊ ပါးတို႔ဘဝအတြက္ကိုအေရးႀကီးခဲ့တဲ့အသက္သခင္မို႔ေလ ပသားႏိုင္ငံျခားအတြက္ လိုတာကိုပါ ျဖည့္ေပးခဲ့တာသူတို႔ဘက္ကပဲ "

"ဒါဆိုသားကိုေငြနဲ႔ဝယ္ထားၾကတာနဲ႔ဘာထူးလို႔ လဲ ၊ အဲ့ေလာက္ေတာင္ ေကြၽးဇူးေကြၽးထပ္ေနရတာ ဘယ္လိုမိန္းကေလးမလို႔ ပါးကသားနဲ႔သေဘာတူေနရတာလဲ "

"သူကမိန္းကေလးမဟုတ္ဘူး "

"ဒါဆို? "

"သူကၿမိဳ႕ဝန္မင္းဝမ္ပဲ "

"ဘာ!"

ပါးစကားအၿပီးမွာသူမက္တပ္ထရပ္မိတယ္။

ဟိုတေလာကသူ႔ကိုလာႀကိဳတာ သူမထင္မွတ္စြာေတြ႕ရတဲ့လူက ငယ္ငယ္ကေကာင္ေလးတဲ့ ။

အရာရာေျပာင္းလဲၿပီး ရဲတင္းလာတဲ့ဝမ္ရိေပၚတဲ့လား ။ ပါးလိုလူကေရာ လက္ခံၿပီးဒါမ်ိဳးကိုသူ႔ကိုတိုက္တြန္းေနတာဆိုရင္  ပိုလိုေတာင္အေျခအေနမွားေနေသးတယ္ ။

"ပါးကိုသူကဘယ္လိုေျပာထားလို႔ လက္ခံရတာလဲ"

"အဟမ္းး ! မ႐ိုမေသလို႔ေတာ့မထင္နဲ႔ေနာ္
က်ဳပ္ကလူေအာ္ေခၚရတာသေဘာမက်လို႔ အဟက္. "

လက္ကပုဝါကိုႏွဖူးကေခြၽးစ‌ကိုသုပ္ကာ အိမ္ထဲကိုတစ္လွန္းခ်င္းဝင္လာေသာ ၿမိဳ႕ဝန္မင္းဝမ္ဆိုတဲ့‌ ဝမ္ရိေပၚ  ။
အရာရာေျပာင္းလဲသြားတာမို႔ ဒီလူဟာသူသိခဲ့တဲ့ ဝမ္သခင္ေလးမွဟုတ္ရဲ႕လားလို႔ထင္ရသည္အထိပါပဲ ၊ အေျပာအစိုကအစ အျပဳအမူေတြပါ ရဲတင္းလာသလို ၊ တကယ့္ကိုေယာက္်ားအသြင္အျပင္နဲ႔ကိုတည္ၾကည္ေနတဲ့လူသား။

"ငါတို႔သားအဖ အိမ္တြင္းေရးေျပာေနတာကို ဝင္ျဖတ္ေျပာတာက ဘယ္လိုအျပဳအမူမ်ိဳးလဲ ၿမိဳ႕ဝန္မင္းဝမ္ "

"အာ. က်ဳပ္က ဒီကေရွာင္းက်န႔္ကိုလာေခၚတာပါ ၊ ေရွာင္းလူႀကီးမင္းအေျပာအရ ေရွာင္းက်န႔္႐ိုးရာအစားအစာသေဘာက်တယ္ေျပာလို႔ေလ က်ဳပ္က႐ိုးရာနဲ႔ျပန္မိတ္ဆက္ေပးခ်င္႐ုံပါ "

ႏွဖူးကိုလက္ညႇိဳးနဲ႔အသာကုတ္ခ်င္ကာ မ်က္ခုံးပင့္၍ေျပာေနပုံဟာ ၊ တစ္ကယ့္အ႐ိုးခံမ်က္ႏွာထားနဲ႔မို႔ မသိရင္ သူဟာပဲမၾကည္ျဖဴသည့္ဘက္ကိုအတင္းေရာက္ေနပုံ ။
ဒီဝမ္ရိေပၚ ဘာေတြႀကံေနတာမ်ားလဲ?

"ကြၽန္ေတာ္မအားဘူး ၿမိဳ႕ဝန္မင္းဝမ္"

ေရွာင္းက်န႔္အေျပာကို ၿပဳံးၿပီးသာ စားပြဲေပၚအခန႔္သားေျခခ်ိတ္ကာထိုင္လိုက္ေသာ ၿမိဳ႕ဝန္မင္းဝမ္။

လက္ကပုဝါကို ခပ္ဖြဖြပြတ္သပ္ကာ ႏွာေခါင္းထက္ရွဴရႈိက္လိုက္တာမို႔ ေရွာင္းက်န႔္ရဲ႕မ်က္ႏွာဟာ ပုဝါထက္ကအေရာင္လို ရဲခနဲပါပဲ ။

ပါးဘက္ကိုမလုံစြာလွည့္ၾကည့္မိေတာ့ ဘာမွမထူးျခားေပမယ့္ သိေနတဲ့သူ႔အဖို႔ေတာ့ ဘယ္ေလာက္ေတာင္မ်က္ႏွာပူရသလဲ ။

"အဟင္းးး ဒီကေရွာင္းက်န႔္က တကယ္ပဲက်ဳပ္နဲ႔လိုက္ဖို႔ကို ျငင္းလိုက္တာလား ဟင္ "

ၿပဳံးစစမ်က္ႏွာေပးနဲ႔‌လာေျပာေနေသာ သူအားၾကည့္ကာ ေရွာင္းက်န႔္မ်က္ႏွာကို ဟိုဘက္ကိုသာလႊဲထားလိုက္တယ္ ။
တမင္တကာ သူ႔ကိုလာေႏွာက္ယွက္ေနတာ ၊
ဒါက သိပ္ကိုသိသာလြန္းေနတယ္ ။

သူသာမလိုက္ဘူးဆိုရင္ ဘယ္လိုဉာဏ္နဲ႔ျဖစ္ျဖစ္ရေအာင္‌ လုပ္မယ္ဆိုတဲ့မ်က္ႏွာေပးမ်ိဳးမို႔
ေရွာင္းက်န႔္ ေရွ႕ကအခါးရည္ခြက္ကိုယူေသာက္လိုက္ၿပီး မ်က္ခုံးမ်ားတန္းကာ သက္ပ်င္းခ်လိုက္တယ္ ။

"အင္းေလ ၿမိဳ႕ဝန္မင္းဝမ္ကိုယ္တိုင္က တကူးတကကိုလာေခၚေနတာဆိုေတာ့လဲ သေဘာပါပဲ ၊ ကြၽန္ေတာ္က အဲ့ေလာက္လူမႈေရးမေခါင္းပါးပါဘူး အဟင္း "

ေလွာင္ရိပ္အၿပဳံးနဲ႔ အိမ္ေပၚတပ္သြားေသာသူကိုၾကည့္ကာ စားပြဲေပၚက သူကထရယ္တယ္ ။

ေရွ႕မွာေတြ႕ရတဲ့အခါးရည္ခြက္ကိုယူကာ ေသသပ္ေသာ ႏႈတ္ခမ္းပါးတို႔နဲ႔ ေသာက္ၾကည့္လိုက္တယ္ ၊ ေရွာင္းအိမ္ကအခါးရည္ကတကယ္ပဲခ်ိဳေနတာလား  ?

'အဟက္'

တစ္က်ိဳက္ထပ္ေမာ့လိုက္တဲ့အခ်ိန္မွာေတာ့ ထင္ရွားတဲ့လည္တိုင္ကလည္စလုပ္ လႈပ္ခပ္သြားတဲ့ဟန္ပန္ဟာ တကယ္ပဲသိပ္ကိုၾကည့္ေကာင္းလြန္းေနျပန္တယ္ ။

ေရွ႕ကထိုင္ေနေသာဝမ္သခင္ေလး ၿမိဳ႕ဝန္မင္းဝမ္ကိုၾကည့္ကာ ေရွာင္းလူႀကီးမင္းက မ်က္ႏွာကိုဟိုဘက္ကိုပဲမသိမသာလႊဲထားရွာတယ္ ။

.......................... A time

ေတြ႕ၿပီးတဲ့ေန႔ကတည္းကစလို႔ အေဆာင္ေရွ႕မွာလာေစာင့္တက္တဲ့ေကာင္ေလးက တစ္ေယာက္ေသာသူရဲ႕မ်က္ႏွာကို အၿမဲမျမင္‌ေတြ႕ရေတာ့ပါ ။
ဒါေပမယ့္ စာအုပ္ေလးပိုက္ကာ ထိုေကာင္ေလးကအၿမဲေစာင့္ေနမိဆဲ။

သူကၿပဳံးတယ္ သူ႔ရဲ႕တစ္ဦးတည္းေသာသူက သူ႔ကိုေရွာင္ေနတာသူသိတာမို႔ သူကဇြဲေခ်ာ့လို႔မျဖစ္ပါ ၊ ေနာက္ၿပီး သူကဒါေတြကိုမမႈပါဘူး ခ်စ္ဖို႔သေဘာက်ဖို႔ပဲ ဒီလူ႔အေပၚသိတာ ။
သိသိသာသာတိုးလာတာကေတာ့ သူအရင္လိုမ်က္ႏွာေလးမျမင္ရတာ သိပ္ကိုၾကာေနခဲ့ၿပီမို႔ သူအရမ္းလြမ္း‌ေနမိတယ္မလား။

အေဆာင္ေက်ာင္းသားေတြ တစ္စီတစ္ညီတည္းထြက္လာခ်ိန္မွာ သူ႔ရဲ႕ကိုယ္ေလးဟာမတ္မခနဲျဖစ္သြားတယ္ ၊ သူဒီေန႔လည္း‌ေတြ႕ရဖို႔ေမွ်ာ္လင့္ခ်က္အမ်ားႀကီးပဲ ။

"ဟင္ "

အေဆာင္တံခါးကေနထြက္လာတဲ့လူသားက သူ႔ကို‌ေတြ႕တဲ့အခါ သိသိသာသာ မ်က္ႏွာလႊဲသြားတာမို႔ သူအရသြားမိလိုက္ပါတယ္။

" ေန ေနပါအုံး "

"...

"ကြၽန္ေတာ့ကိုဒီလိုလာတာသေဘာမက်လို႔လား၊ ကြၽန္ေတာ္ရွိတာစိတ္အေႏွာက္အယွက္မ်ားျဖစ္လို႔လားဗ် "

သူေျပာတဲ့အခါ ေရွ႕ကလူသားက မ်က္ႏွာကိုဟိုဘက္ကိုမသိမသာေစာင္းသြားတယ္ ။
ပ်က္ယြင္းခ်င္မိတဲ့ သူ႔မ်က္ႏွာကိုအျမန္ျပင္လိုက္မိတယ္  ၊ သူ႔ကိုမျမင္ခ်င္တာလားလို႔ သူမေတြးခ်င္ပါဘူး ။

"ဒါေလး ဒါေလး ကိုေတာ့လက္ခံေပးပါ ၊
စာမျပန္လည္းရပါတယ္ မ‌ေတြ႕ရတာၾကာၿပီမို႔ စာေစာင္ကေတာ့ အနည္းငယ္မ်ားပါတယ္ ၊
အာ. ဟုတ္သား စကားေတြအမ်ားႀကီးေျပာမိၿပီ ကြၽန္ေတာ္ ေရွာင္းက်န႔္ကိုပိုလို႔သေဘာက်ပါတယ္ "

ေျပာရင္း သူ႔လက္ထဲကို စာအိပ္နီနီေလးေတြအစီလိုက္ထည့္ေပးကာ လွည့္ထြက္သြားေသာေကာင္ေလးကိုသူမ်က္စိတစ္ဆုံးလိုက္ၾကည့္ကာ ေရ႐ြတ္မိတယ္ ။

"နားလည္မွာပါ တစ္ေန႔ေတာ့ နားလည္မယ္မဟုတ္လား? "

ထိုေနရာကေနလွည့္ထြက္လာခဲ့တယ္ သူ႔ရဲ႕လက္ထဲမွာေတာ့ စာအိပ္နီနီေလးေတြကတစ္စီတစ္ရီ။

......

1

^
'ကြၽန္ေတာ္ေရွာင္းက်န႔္ေျပာတာေတြကိုေသခ်ာနားေထာင္ခဲ့ပါတယ္ ။ ဒါေပမယ့္ ကြၽန္ေတာ့ဦးေႏွာက္နဲ႔ ကြၽန္ေတာ့ႏွလုံးသားက ေရွာင္းက်န႔္ကိုပဲ ပိုသေဘာက်တယ္' ^

2

^မေန႔ကေရွာင္းက်န႔္ကိုမ‌ေတြ႕ရဘူး ‌ေနမေကာင္းလို႔ေက်ာင္းမလာတာေတာ့မဟုတ္ဘူးမလား၊ က်န္းမာေရးကိုအထူးဂ႐ုစိုက္ပါဗ် ၊
ကြၽန္ေတာ္ကေတာ့ ဒီေန႔ေရွာင္းက်န႔္ကို ပိုသေဘာက်ပါတယ္ "

3

^

ႏွစ္ရက္ ! ဟုတ္တယ္ ကြၽန္ေတာ္ေရွာင္းက်န႔္ကိုမေတြ႕တာ ႏွစ္ရက္ရွိၿပီ ။
ေနမေကာင္းျဖစိတယ္ထင္လို႔ အေဆာင္ကတစ္ေယာက္ကို ေမးပါေသးတယ္၊ ဒါေပမယ့္ေရွာင္းက်န႔္က ေက်ာင္းလာတယ္လို႔ေျပာၾကတယ္ ၊
ဒီေန႔လဲ ပိုၿပီးသေဘာက်ပါတယ္^

4

^
ကြၽန္ေတာ္က မ‌ေတြးမိလိုက္တာ ဟုတ္သား ကြၽန္ေတာ့ကိုေရွာင္ေနတယ္ဆိုတာကို၊
ကြၽန္ေတာ္ကပဲ မေတြးခ်င္လို႔ျဖစ္ပါလိမ့္မယ္
အရင္လိုမ်က္ႏွာေလးျဖစ္ျဖစ္ ျမင္ခ်င္မိတယ္ ကြၽန္ေတာ္ေရွာင္းက်န႔္ကိုသိပ္သေဘာက်ရပါတယ္ ^

စာအိပ္ေလးတစ္ခုခ်င္းစီကို ေသခ်ာျပန္ေခါက္ကာ သူ႔ရဲ႕ အိပ္ယာေဘးနားမွာ စီထားလိုက္တယ္။

သူမ်က္ႏွာခ်င္းမဆိုင္ရဲပါ သူ႔စိတ္ကိုသူ႔ကိုသူႏွိမ္နင္းရလည္းျဖစ္တယ္ ၊ တစ္‌စုံတစ္ေယာက္အတြက္ သူဟာဘယ္လိုေနေန လမ္းေၾကာင္းပိတ္ေနတဲ့သူမ်ားလား ၊ သူကေရာ သူ႔ရဲ႕စိတ္ေတြကေရာ ..

အေတြးေတြကိုေျဖာက္ကာ ေခါင္းကိုခါရမ္းလိုက္တယ္ ဟင့္အင္း သူမေတြးခ်င္ပါ ဘယ္အရာကိုမွ..

'ေဒါက္'' 

" သား ပါးေျပာစရာရွိလို႔ ၿပီးရင္ပါးအခန္းထဲလာခဲ့အုံးေနာ္ "

"ဟုတ္ပါး "

အခန္းအျပင္ကပါးအသံေၾကာင့္ သူကုတင္ေပၚကထကာထြက္လာမိတယ္ ။

ထိုေန႔ကေကာင္ေလးတစ္ေယာက္ကေတာ့ သူ႔ရဲ႕အခ်ိန္တိုင္းစာလုပ္ခ်ိန္အစား သူ႔ရဲ႕အေတြးေတြသာနစ္ေနခဲ့ၿပီး  ၊ တစ္ေယာက္ေသာ ေကာင္ငယ္ေလးကလည္း စိုးရိမ္ပူပန္စိတ္ေတြနဲ႔သာအိပ္စက္ခဲ့ရတယ္။

///////////////////////////////////////////////

#M'Mind/ N ေကာင္းေသာညပါ💙
#2.1.2023

Continue Reading

You'll Also Like

605K 103K 91
මා දන්නා ප්‍රේමනීයම යක්ශපරානය අග්නි!!
724K 123K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
57.8K 5.1K 20
Xiao Zhan x Wang Yibo
2.2K 162 24
MDZS , HOB , SVSSS....အစရှိတဲ့ ဓာတ်ပုံများ Fanartsများကို Instagram မှတစ်ဆင့်ကူးယူဖော်ပြခြင်းသာဖြစ်ပါသည် ✨❤️ Credit To All Original Author