Part. 19♡

3.6K 338 26
                                    

Uni //

'ဒေါက် ဒေါက် '

အခန်းပြင်ကတံခါးခေါက်သံကြောင့် ကုတင်မှာလှဲနေတဲ့ရှောင်းကျန့်ကပြုံးရွှင်စွာ သွားမိတယ်။ တံခါးအပြင်ကတွေ့လိုက်တဲ့ အိမ်တော်ထိန်းကြောင့် သူထင်တဲ့လူမဟုတ်ခဲ့ပြန်ဘူး နေနိုင်လိုက်တာ...

"ဘာဖြစ်လို့လဲဟင် "

"သားကျန့် ပါးရောက်နေတယ် သား "

"ဟုတ်ကဲ့ ကျွန်တော်လာခဲ့ပါ့မယ် "

"အေးအေး "

သူ့ကိုကြည့်ကာအိမ်တော်ထိန်းကတော့
သက်ပျင်းချကာသာထွက်သွားတယ် ။
အခန်းထဲပြန်ဝင်ပြီး အင်ကျီတွေကိုသက်ရက်စွာပြင်လိုက်တယ် ။ မျက်နှာကိုလက်မဲ့ပွတ်လို့ ဆံပင်တွေပါဖြီးလိုက်တယ် သူ့မျက်နှာကတော်တော်နွမ်းနေတာမလား။

.....

"အော် သားလာထိုင်အုံး "

"ဟုတ်ပါး "

"ပါးကြားပြီးပါပြီ ‌သားကိုကြိုမပြောခဲ့လိုတောင်းပန်ပါတယ် "

"အာ မဟုတ်တာပဲ ပါးနဲ့မဆိုင်တာပဲကို ပါးကိုအပစ်မမြင်ပါဘူး "

"ဒါဆိုမြို့ဝန်မင်းဝမ်ကိုလား "

"ဟို သား .သားစိတ်လောသွားလို့ပါ ပါး"

"မြို့ဝန်မင်းကစိတ်ဆက်တက်ပေမယ့် သားအပေါ်သူဖြူစင်ခဲ့ပါတယ် ။
ပါးသေချာစဉ်းစားပြီးလက်ခံခဲ့တာ ငယ်ငယ်ကတည်းကအကြောင်းတွေပါးသိခဲ့လို့ပဲ အခုရော မြို့ဝန်မင်းကမြို့ထဲမှာလို့ကြားတယ် သားသဘောအတိုင်းပါပဲ သား ပါးနဲ့ရှောင်းအိမ်ပြန်လိုက်မလား "

ရှေ့ကပါးပါးရဲ့စကားအဆုံး ရှောင်းကျန့်ကလှုပ်လှုပ်ရှားရှားဖြစ်သွားတယ် ။

"ဟို. ဟို. ပါးး ."

လက်တွေပွတ်ကာမငြိမ်တဲ့ သားဖြစ်သူကိုကြည့်လို့ ရှောင်းပါးကတွေးစစနဲ့သာ။

"သား စိတ်ထဲကအတိုင်းပဲပြောပါ "

"သား ဟို. ဒီမှာပဲ .သားကလက်ထပ်ပြီးသားမလား နောက်ပြီး သားက..."

"အဟားး ပါးနားလည်ပါတယ်ကွာ ဟုတ်ပါပြီ သားကိုအခြေအနေပါးလာမေးတာ ၊ အဆင်ပြေအောင်နေ‌ဟုတ်ပြီလား ၊ ပါးလည်းအလုပ်ရှိသေးတာမို့သွားပြီနော် "

မြို့ဝန်မင်းဝမ်♡ (Complete)Kde žijí příběhy. Začni objevovat