Part.12♡

3.3K 302 6
                                    

Uni //

"အဆင်ပြေရဲ့လား "

"ငါ.ငါ.က ဘာကိုအဆင်မပြေရမှာလဲ "

"ညက ကျုပ်. အွင်း"

ရှောင်းကျန့်ကကုတင်မှာထိုင်နေရင်းနဲ့ရှေ့ကလူရဲ့ပါးစပ်ကိုလက်နဲ့လှန်းပိတ်လိုက်တယ်။ လူဇိုးကောင်က‌မပြောရဲတာမရှိ သူ့ကိုပြုံးစစနဲ့ကြည့်ကာမျက်ခုံးပင့်ပြတယ် ။ ချောမောလှတဲ့ထိုလူဘာလုပ်လုပ်သူ့မှာ ငေးခနဲပဲ ။ လက်ကိုလာပုတ်မှလွှတ်ပေးလိုက်တယ် ။

"မောင်ပြောတာမှားလို့လား မောင်ကစိတ်ပူလို့ရှောင်းကိုမေးတာလေ နောက်ပြီး ညကမောင်လည်း ."

"ဝမ်ရိပေါ် မင်း !မင်း !တစ်မောင်.မောင်နဲ့ဘာဖြစ်နေတာလဲ "

"ဟာ ညကသူကြတစ်မောင်မောင်ခေါ်ပြီး အခုကြမောင့်ကိုမနာလိုနေတာလား အဟား "

"မင်းးး !အရှက်မရှိဘူး "

ရှောင်းကျန့်ကပြောရင်း ဝမ်းနည်းလာတယ်။
သူရှက်တာကို ဝမ်ရိပေါ်ကသိသိရဲ့နဲ့တမင်လာစတယ် သူ့ကို..

"ဟာ ရှောင်း ဘာဖြစ်တာလဲ ကျုပ်ကိုပြော ကျစ် အဲ့လိုမျက်ရည်တော့မကျပါနဲ့ဗျာ ကျုပ်မနေတက်ဘူး "

သူ့ကိုပြောကာမျက်ရည်ဝဲလာတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်ကသူစတာကိုနောင်တရချင်သွားတယ် ။သူ့အိမ်သားဘယ်လောက်ရှက်တက်တယ်ဆိုတာသူမေ့နေခဲ့တာ။

"မင်းက ."

"အင်း ဟုတ်တယ် ကျုပ်ကစလိုက်မိတာပါ ခဗျားရှက်နေရင် သိပ်ချစ်ဖို့ကောင်းလို့လေ "

ထိုသို့ပြောတော့လဲ နားနှစ်ဖက်နီကာငြိမ်ငြိမ်ကလေးထိုင်နေတဲ့လူကြောင့် ပါးလေးကိုခပ်ဖွဖွဆွဲကာ ဆံပင်လေး‌တွေကြားလက်ချောင်းလေးတွေနဲ့ဖွနေလိုက်တယ်။ ဒီလူကသူ့ထက်အကြီးဆိုတာသိပေမယ့် သူ့စိတ်အလို သူ့ရဲ့စိတ်စေရာကိုက ဒီလူသားကိုကာကွယ်ပေးချင်တယ် ၊သူ့ကြောင့်လုံခြုံပါစေဆိုတဲ့စိတ်နဲ့လုံခြုံစေချင်တာ ၊အများကြီးချစ်ပေးချင်တယ် ၊အများကြီးလဲသူ့ဘက်ကပဲအရာရာပေးဆပ်ချင်မိတယ် ။

"ဟို ငါ အဟမ်း ရေချိုးခန်းသွားမလို့ "

"အင်း အင်း သွားလေနော် "

မြို့ဝန်မင်းဝမ်♡ (Complete)Where stories live. Discover now