Part. 15♡

3.3K 339 10
                                    

Uni //

ကားရပ်သည်နှင့် ဘာကိုမှမစောင့်န်ိုင်ပဲဆေးရုံဝန်းထဲကိုအပြေးနှင်မိတယ်။ ဆေးရုံထဲကလူတွေရဲ့အကြည့်တွေကိုအာရုံမစိုက်အားတော့ပါ။

"ဆ.ဆရာမ ဟို မြို့ဝန်မင်းဝမ်ရိပေါ်  ဘယ်အခန်းလဲဗျ "

"အော် မြို့ဝန်မင်းနဲ့ဘာများတော်တာလဲရှင့် "

"ကျွန်တော်ကသူ့ခင်ပွန်းပါ သူ့အခြေအနေသိရလားဗျ ဘယ်အခန်းမှာလဲ ကျွန်တော်ကိုပြောပေးပါ"

ရှောင်းကျန့်စကားကို ဆရာဝန်မလေးကသေချာခေါင်းငြိမ့်ပြကာ အခန်းနံပါတ်တစ်ခုကိုညွှန်ပြတယ်..

"မြို့ဝန်မင်းက အခန်းနံပါတ်85သီးသန့်ခန်းမှာပါရှင့် "

"ကျေးဇူးပါ "

ဆေးရုံဝန်းရဲ့သီးသန့်ဆောင်ကိုရှာလို့ အခန်း85ကိုလိုက်ရှာမိတယ် ။ ဘေးဆုံးကအခန်းတစ်ခုအရောက်မှာသူ့ခြေလှန်းတွေရပ်တန့်ကုန်တယ်။ အပေါ်ကိုမော့ကြည့်လိုက်တော့ 85ဆိုတဲ့စာလုံးကထင်းထင်း ၊ တစ်လမ်းလုံးဖြစ်လာသမျှစိတ်လှုပ်ရှားမှုတွေကအခုမှတိုးလာသလားမှတ်ရအောင် ‌သူ့ခြေထောက်တွေကအားနည်းလာကာ သူ့ရဲ့လက်တွေတုန်ယင်လာခဲ့တယ် ။
သူ ဒီအခြေအနေကိုရင်ဆိုင်ရမယ် လက်သီးတင်းတင်းဆုပ်လို့ လေပူမှုတ်လိုက်ကာ အခန်းတံခါးကိုဖြေးညှင်းစွာဖွင့်လိုက်တယ် ။

မြင်လိုက်ရတဲ့အဖြူရောင်ကုတင်ထက်မှာလဲလျောင်းနေတဲ့မြို့ဝန်မင်းဆိုသူ ၊
ခေါင်းမှာပတ်တီး‌တွေက မျက်နှာမမြင်ရလောက်အောင်ဖုံးလွှမ်းနေတာမို့ သူ့မှာအသက်ရှုအောင့်လိုက်မိတယ် ။ လက်ကပါ ပတ်တီးတွေနဲ့ မျက်နှာအနှံ့မှာပါ ဒဏ်ရာဒဏ်ချက်တွေကမနည်း ။
အရင်လိုတည်ကြည်နေဆဲမျက်နှာထက်မှာအခုတော့ အနီရောင်အစင်းတွေနဲ့ မကြိုက်လိုက်တာ အနီကြိုက်တဲ့သူက ဒီလူ့မျက်နှာပေါ်ကအရာတွေမြင်တော့သဘောမကျလိုက်တာ ။
ကုတင်နားကိုတဖြေးဖြေးတိုးသွားကာ ဒဏ်ရာမရှိတဲ့ဘက်က လက်ကိုဆုပ်ကိုင်လိုက်မိတယ် ၊
ဝမ်ရိပေါ်ကတော့ဒဏ်ရာတွေနဲ့တောင်သိပ်ကိုချောမောနေဆဲပါပဲ။

"မောင်. မောင် "

ရှောင်းကျန့်ခပ်တိုးတိုးညှင်းညှင်းသူခေါ်မိတာကတော့ မောင် ဆိုတာပါပဲ ။
ဝမ်ရိပေါ်ကိုမြင်တဲ့အချိန်မှာသူအလိုလိုစိတ်ထဲဝမ်းနည်းမိတာမို့
သူ့မျက်တောင်တွေကစိုစွတ်လာတယ် ။

မြို့ဝန်မင်းဝမ်♡ (Complete)Where stories live. Discover now