Part. 14♡

3.2K 288 3
                                    

Uni //

"ရှောင်း ထတော့ "

"အင်းးး "

သံရှည်စွဲကာ သူ့ရင်ထဲအတင်းတိုးဝင်လာတဲ့လူသားကြောင့် သူ့မှာလက်သီးကိုတင်းနေအောင်စုပ်ထားမိတယ်။  အခုရှောင်းကျန့်က အီနေတဲ့အသံပြုလိုက်တာလား သူ့ဆီမှာလေ ။
ရင်ဘတ်ထဲကအကောင်ပေါက်က တဒုန်းဒုန်းခုန်လာပြီး သူ့မှာမောပန်းလာရတယ် ဟူးးး..

"ဒီနေ့စာလွှာသွားတင်ရမယ်ဆို ထတော့လေ မွ "

ပါးပြင်ကိုထိကပ်တော့ လူးလွန့်လာတဲ့လူသားက မျက်လုံးတွေပွတ်သပ်ကာထထိုင်တယ် ။အပြုအမူတစ်ခုချင်းဆီက သူ့ထက်ကြီးတဲ့လူသားလို့မထင်ရအောင် ကလေးလိုပဲမြတ်နိုးစရာအတိ။

"ဘယ်နှစ်နာရီ ရှိပြီလဲ "

"ခုနှစ်နာရီ "

"မင်းရော မြို့ထဲသွားရမှာမဟုတ်ဘူးလား "

"အင်း ရှောင်းကိုပို့ပြီး အပြန်မြို့ထဲဝင်ရမှာလေ "

သူ့အပြောကိုနားလည်သလို ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ထထွက်သွားတဲ့လူသားက မနက်ပိုင်းမှာသူ့ရဲ့စိတ်လန်းရာလေး ။ သူကတော့ဖြင့် ဒီအခြေအနေလေးကိုသဘောကျရသောပါပဲ သူ့ဘက်ကချစ်ပေးမယ် သူ့ကိုချစ်လာတဲ့အချိန်ထိ ၊ သူ့ဘက်ကဂရုစိုက်ပေးမယ် နွေးထွေးပြီးပျော်ရွှင်စေတဲ့အထိ၊ ဒီလောက်အထိ သူ့အပေါ်နားလည်ပေးတာနဲ့တင်သူကပျော်နေပါပြီ ။

မနက်စာစားလို့ ပြင်ဆင်ပြီးထွက်လာခဲ့တယ်။ အတူနေပြီးချိန်တိုင်း အတူသွားလာရရင် နှစ်ယောက်ထဲရှိတိုင်း အခုလိုဆိုငြိမ်နေတက်တော့သူလဲထူးကဲမပြောရဲ၊ ရှောင်းကျန့်စိတ်ရှုပ်မှာလဲမလိုလားပေ ဒီလောက်တော့သူလည်းနားလည်ပါတယ် ။

........

"ရောက်ပြီရှောင်း မောင်အပြန်ဘယ်အချိန်ဝင်ခေါ်ရမလဲ "

"မင်း တိုးတိုးပြောပါ "

မဝံ့မရဲနဲ့သူ့ကို တိုးတိုးပြောလာတဲ့ရှောင်းကျန့်ကြောင့်သူစိတ်ကမတင်မကြရယ်။

"ဘာလို့လဲ အဆင်မပြေလို့လား"

ရှောင်းကျန့်ကရိပေါ်အပြောကိုခနငေးပြီးမှဆက်စပ်မိတယ် ။ သူပြောတာကိုအထင်လွဲသွားပြန်တယ်ထင်တယ်။

မြို့ဝန်မင်းဝမ်♡ (Complete)Where stories live. Discover now