Part.17♡

3.1K 311 17
                                    

Uni //

အိပ်ယာနိုးနိုးချင်း ရင်ခွင်ထဲကအငွေ့အသက်လေးပျောက်နေတဲ့အေးစက်တဲ့ခံစားချက်ကိုသာရတာမို့ သေချာလက်နဲ့စမ်းကြည့်တော့လဲ အေးစက်မြဲသာ ။
မျက်လုံးကိုဖွင့်လို့ဘေးကိုကြည့်လိုက်တော့တစ်ကယ်ပဲသူ့ရဲ့ရှောင်းက ရှိမနေပါ ။

'ကျစ် အစောကြီးကိုကွာ "

ဘောင်းဘီကောက်ဝတ်ပြီး တံခါးကိုဖွင့်၍သာ လျှောက်လာလိုက်တယ် ။ မီးဖိုခန်းထဲက အသံသဲ့သဲ့ကြောင့် လျှောက်သွားမိတော့ တွေ့ပါပြီ အယ်ပရွန်ဝတ်ကာ ချက်ပြူတ်နေတဲ့သူ့ရဲ့အိမ်သား ။ အနောက်ကနေခါးလေးကိုအသာဆွဲဖက်တော့တုန်တက်သွားတဲ့ကိုယ်လေး ။

"ပြွတ်စ် အစောကြီးနိုးနေတာလား "

အနောက်ကအသံအီအီကိုကြားတော့ ရှောင်းကျန့်ကခေါင်းစောင်းကြည့်တယ် ။ ကြည့်ရတာမြို့ဝန်မင်းဝမ်ရိပေါ်တစ်ယောက် အိပ်ယာထထချင်းလာပုံရတယ်။

"ရိပေါ် ဒီမှာဟင်းချက်နေတယ်လေ ငြိမ်ငြိမ်နေ "

နောက်ကနေလူကိုလာကလိနေတဲ့လူကြောင့်ပြောလိုက်တော့လဲ ပိုတိုးလို့သာသူ့ရဲ့ခါးကိုဖြစ်ညှစ်လာတယ် ။

"အာ့ "

"ဟမ် ရှောင်း "

"မင်း နော် ငါ နာနေတာကို "

"အင်းလေ ဘာလို့အစောကြီးထပြီးလာချက်ပြုတ်နေရတာလဲ ။
အိမ်တော်ထိန်းလာရင်ချက်မှာပေါ့ကွာ ကိုယ့်မှာရှောင်းမရှိတော့ထလာရတာ "

"မနက်စာ ငါချက်တာကျွေးချင်လို့ပေါ့ "

"ညစာသာအဝကျွေးရင် မောင်ကရတယ် "

"အရှက်ကိုမရှိဘူး "

မျက်နှာလွှဲကာနားရွက်ဖျားတွေရဲလာတဲ့ရှောင်းကျန့်ကိုကြည့်ရင်း ဝမ်ရိပေါ်တို့က ဇာတိပြလာပြန်တယ်။

"မင်း မင်းဟာ "

"အင်း မွ မောင်မျက်နှာသစ် သန့်ရှင်း‌လိုက်အုံးမယ် "

သူ့ရဲ့ပါးကိုနမ်းကာထွက်သွားသောလူကိုကြည့်လို့ရှောင်းကျန့်ကမကျေမနက်ရေရွတ်မိတယ်။

'အမြဲတမ်းမက်တပ်ရက်နေတဲ့ကောင်'

...............

အိမ်‌တော်ဝန်းရဲ့အပြင်မှာ ထိုင်ကာစာဖတ်နေတဲ့မြို့ဝန်မင်းဝမ် ။ ရှေ့ကနေထိုင်နေတဲ့အမျိုးသားတစ်ယောက်က လက်ထဲကအထုပ်မျိုးစုံကိုချကာ ရှေ့ကစားပွဲပေါ်တင်လို့ လက်နှစ်ဖက်ကိုမသိမသာစုပ်ကာ နေနေတယ်။ နှုတ်ခမ်းကလဲတစ်ခုခုပြောချင်နေပုံ။

မြို့ဝန်မင်းဝမ်♡ (Complete)Where stories live. Discover now