My Cherry Will Explode in the...

By tobefly_highhigh

652K 94.4K 1.4K

《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံ... More

Description
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷《ကျန့်ယွင်နှင့်‌ နောက်တဖန်ပြန်ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸《‌နေရာလွတ်တစ်ခုရှိနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹 《ဆက်ဆံရေးက အလွဲတစ်ခုနဲ့စတင်ခဲ့တယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺 《မှော်ဆန်သောအရုပ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻 《ထပ်မရှောင်နိုင်တော့ ဆုံရပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼《ရှင်းရှင်းလင်းလင်းလုပ်ကြစို့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽《အမြတ်အစွန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾《ဒဏ်ရာများအား ဂရုစိုက်ပေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿 《အိပ်ယာအား အတူမျှဝေခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶《ဈေး၀ယ်ထွက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷《‌ကောင်းမွန်သောအရာများဆက်လက်ဖြစ်ပျက်နေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟸《ဖြိုဖျက်ရေးနှင့်ပြန်လည်နေရာချထားရေးသတိပေးချက်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟹《အတိတ်ဘ၀အကြောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟺《အတူတူရင်ဆိုင်ကြမယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟻《တွက်ချက်မှုများမအောင်မြင်ခဲ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟼《အိမ်နဲ့ကားရှိတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟽《မင်းလုပ်ရဲတယ်ပေါ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟾《ကမ္ဘာပျက်ကပ်ကြီးနီးလာပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟿《ကမ္ဘာပျက်ကပ်ကြီး ရောက်လာခဲ့ပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟶《စူပါမားကတ်*ကုန်တိုက်ကို အပြောင်ရှင်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟷《မ‌မျှော်လင့်ထားသော》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟸《ခွဲခွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟹《ပဲစေ့ကျည်ဆန်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟺《ထွက်လာကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟻《မကောင်းတဲ့သူတစ်ယောက်မဟုတ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟼《အမြု‌တေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟽《နှစ်မျိုးတွဲစွမ်းရည်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟾《Otakuတစ်ယောက်၏အလားအလာ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟿《ကယ်တင်မှာလား မကယ်တင်ဘူးလား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟶《ဦးနှောက်ပျက်စီးမှုကို ကယ်တင်လို့မရတော့ဘူး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟷《သူတို့ကစုံတွဲတစ်တွဲပဲ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟸《အဖွဲ့၀င်အသစ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟹《တစ်စုံတစ်ယောက်က တံခါးကိုဖျက်ပြီးဖွင့်ဖို့ကြိုးစားနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟺《ကမ္ဘာပျက်ကပ်အတွင်းပြောင်းလဲမှုများ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟻《နှုတ်ဆက်ပါတယ် အကြီးဆုံးဦးလေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟼《 အသက်ကယ် ကျေးဇူးတရား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟽《အနီရောင်မိုးရွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟾 《ဒဏ်ရာရ စစ်သားများနှင့်တွေ့ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟿《လူ့နှလုံးသားများသည် မခန့်မှန်းနိုင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟶《ကယ်ဆယ်ရေးအစီအစဉ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟷《ကယ််‌ဆယ်ရေးလုပ်ငန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟸《စစ်ဆင်‌ရေးစတင်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟹《အောင်အောင်မြင်မြင်လွတ်မြောက်ခြင်း》
Plants vs Zombies
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟺《ကယ်ဆယ်ရေးသတင်းစကား》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟻《ထွက်ခွာရန်စုစည်းကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟼《ဆင့်ကဲ‌ပြောင်းလဲနေသောဖုတ်ကောင်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟽《အဖိုးတန်ပဲစေ့များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟾《ကယ်ဆယ်ရေး စတင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟿《ချန်းယန် အလယ်တန်းကျောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟶《အကျပ်ရိုက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟷《ချန်းမောင်နှမများ》 
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟸 《နောက်တစ်ကြိမ်စကားပြောကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟹《 LED နေကြာပန်းမီးအိမ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟺《လယ်သမားဈေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟻《ရှောင်ဟေး၏ ကွဲပြားနေမှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟼《 အခြေစိုက်စခန်းသို့ ကနဦး၀င်ရောက်မှု》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟽《 အခြေစိုက်စခန်းထဲသို့ ပြောင်းရွှေ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟾《 အရေးပေါ်မစ်ရှင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟿《 စွမ်းရည်အဆင့်တက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟶 《 G မြို့သို့ သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟷《 သူလိမ်နေတာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟸《 မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟹《 ပုလင်းတစ်ခုထဲသို့ လိပ်ကိုဖမ်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟺《 အဆင့်သုံးဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟻《 စက်ရုံထဲ၀င်ရောက်ကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟼《 ကြွယ်၀သောရလဒ်များဖြင့်ပြန်လာကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟽《 ကျည်ဆန်အသစ်များ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟾《 အခြေစိုက်စခန်း၏ပြောင်းလဲခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟿 《 မြေမဲ့စိုက်ပျိုးရေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟶《 ၀မ်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟷《 အန်းဟွေ့မြို့ထဲရှိမငြိမ်သက်မှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟸《 သန္ဓေပြောင်းဝံပုလွေများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟹《 မြင်ရုံနဲ့ ‌ဝေစုလိုချင်တာလား? 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟺《 ကူးစက်ခံကြွက်၀င်ရောက်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟻《 ကြောင်နှင့်ကြွက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟼《 အကျပ်အတည်းဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟽《 စွမ်းရည်ဆေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟾《 သေခြင်းတရားကိုရှာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟿《 အခြေစိုက်စခန်းမှမောင်းထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟶《 အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟷《 လင်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟸《 ညစ်ပတ်သောလူသည် ညစ်ပတ်ခြင်းကိုသာမြင်၏ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟹《 King Kong ရှစ်ယောက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟺《 ကုသခြင်းစွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟻《 မိုးသည်းနေ့မှာလောင်သောမီး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟼《 အသိတချို့နှင့်ဆုံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟽《 မိုးသည်းကြီးနောက်ဆုံးတိတ်သွားပြီ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟾《 အနောက်မြောက်ဘက်သို့ဦးတည်သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟿《 ဖုတ်ကောင်ဝိုင်းရံခံရခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟶《 ပူးပေါင်း‌တိုက်ခိုက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟷《 ဘေးဒုက္ခအကျပ်အတည်းကို ဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟸《 စွမ်းရည်အဆင့်မြှင့်တင်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟹《 နှစ်သစ်ကူးနေ့ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟺《 နှစ်သစ်တစ်နှစ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟻《 နေရာလွတ်စွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟼《 အကူအညီတောင်းခံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟽《 မြောက်ပိုင်းသို့သွားရန်အသင့် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟾《 ထူးဆန်းသည့်ဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟿《 စွမ်းရည်နှစ်မျိုး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟶《 Snow Cruiser 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟷《 ကြင်နာမှုကို ကျေးဇူးသိတတ်မှုဖြင့် တုန့်ပြန်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟸《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟹《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟺《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟻《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟼《 ထိန်းချုပ်မရနိုင်ဖြစ်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟾《 မြွေပွေးခါးပိုက် ပိုက်-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟿《 မြို့တော်အခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟶《 မိသားစုနှစ်ခု၏အခြေအနေ-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟷《 မိသားစုနှစ်ခု၏အခြေအနေ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟸《 တွေ့ကြုံစုံစည်းကြခြင်း 》
𝙴𝚡𝚝𝚛𝚊《 ကွေ့ကောက်သောလမ်းသည် ဆိတ်ငြိမ်သောအရပ်သို့ ဦးတည်လေသည် 》
Complete 💯!!!
Completed Pdf file
ရာသီဥတု သတိပေးချက်
MMStoryteller website

𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟽《 မြွေပွေးခါးပိုက် ပိုက်-၁ 》

3K 471 2
By tobefly_highhigh

My Cherry Will Explode in the Apocalypse

Chapter 107《 မြွေပွေးခါးပိုက် ပိုက်-၁ 》

Author: Drunken Light Song
Source: Jostena M
Translator: オタク

ယာဉ်တန်းသည် မြောက်ဘက်သို့ ဆက်လက်ထွက်ခွာသွားသော်လည်း နှင်းများထူထပ်စွာကျဆင်းသောနေ့တွင် Off road ကားသည် မောင်းနှင်ရန်မသင့်တော်ချေ။ ထို့အပြင် မကြာခင်မှာပင် ၎င်းသည် ပျက်သွားပြီး ရပ်သွားလေသည်။ အခြားရွေးချယ်စရာမရှိပဲ ကျန့်ယွင်နှင့်အခြားသူများသည် အားနည်းသောမိန်းကလေးခုနစ်ဦးအား နှင်းခရူဇာထဲသို့ လွှဲပြောင်းခဲ့ရသည်။

လူတိုင်းသည် သူတို့ကိုယ်တိုင် သိုလှောင်ခန်းထဲ၌ စုပြုံနေကြစဉ် အမျိုးသမီးများအတွက် အိပ်ခန်းများထဲရှိ ကုတင်များကို ဖယ်ပေးလိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ မကြာခင်မှာပင် တောင်ဘက်သို့ခရီးထွက်လာသည့် ၀မ်ချန်းစစ်တပ်နှင့် ဆုံတွေ့ကြမည်ဖြစ်သည်မို့ ထိုမိန်းကလေးများကို သူတို့ဆီသို့ လွှဲပေးဖို့ပဲလိုတော့သည်ဖြစ်သည်။

ဤမိန်းကလေးများသည် ရက်ပေါင်းများစွာ ဗိုက်ဆာနေပြီး အလွန်အားနည်းနေကြသည်ကို ထည့်စဉ်းစားပြီး စုရွေ့ကျယ်သည် အစာကြေညက်လွယ်သော အဖြူရောင်ဂျုံယာဂုကို အထူးချက်ပြုတ်ခဲ့ပြီး ပဲငံပြာရည်အချို့နှင့် ဝက်သားမျှင်တို့ကို
ထည့်ခဲ့လေသည်။ထို့နောက် ချန်းကျောင်းနှင့်အတူ အစားအစာများကို ပို့ဆောင်ပေးခဲ့သည်။

“စုရွေ့ကျယ်...”

မိန်းကလေးငယ်လေးတစ်ယောက်သည် သူ့အားသိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

“မင်းက....?”

စုရွေ့ကျယ် ပြန်လည်မွေးဖွားလာပြီးကတည်းက သူ့နှလုံးသားသည် ကျန့်ယွင်ကိုသာ အာရုံစိုက်ထားခဲ့လေသည်။ သူသည် မိန်းမများကို အမြဲတမ်းလိုလို အနည်းငယ်သာ အာရုံစိုက်ခဲ့သည့်အတွက် ဤကောင်မလေးအား အထင်အမြင်မရှိခဲ့ချေ။

“ငါ၊ ငါက ရွှီကျားနီ ပါ!”

ကောင်မလေးသည် သနားစရာကောင်းသည့် အမူအရာကို ပြသနေလေ၏။

ဤအခိုက်အတန့်တွင် စုရွေ့ကျယ်သည် အမှန်တကယ်ပင် အနည်းငယ်ရင်းနှီးနေမှုကို ခံစားခဲ့ရသော်လည်း သူ ချက်ချင်းမမှတ်မိနိုင်ခဲ့ချေ။

“ဟေး ရှောင်ကျယ်၊ ဒါက မင်းကို အခြေစိုက်စခန်းမှာတုန်းက မှတ်မိလားလို့ လာမေးတဲ့အတန်းဖော်မိန်းကလေး မဟုတ်ဘူးလား? ”

ချန်းကျောင်းသည် ကောင်းမွန်သောမှတ်ဉာဏ်တစ်ခုရှိပြီး သူမကို ချက်ချင်းမှတ်မိလိုက်သည်။

ဤမိန်းကလေးသည် "အတန်းဖော်" ဟုခေါ်သော စုရွေ့ကျယ် တောင်ပိုင်းအခြေစိုက်စခန်း၌ ဆုံခဲ့သည့်တစ်ယောက်ဖြစ်လေသည်။ ချန်းကျောင်းသည် သူမအပေါ် အထင်အမြင်ကောင်းမရှိခဲ့ချေ။ နောက်ပိုင်း သူမ ငိုယိုကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ သူမ လင်းချန်းအခြေစိုက်စခန်းကိုဘယ်လိုရောက်လာပြီး ဤကဲ့သို့ဖြစ်လာခဲ့သနည်း?

ချန်းကျောင်းပြောသည်ကို ကြားပြီး စုရွေ့ကျယ်လည်း မှတ်မိလိုက်သော်လည်း အတိတ်ဘ၀၌ ဤအတန်းဖော်မိန်းကလေးနှင့် ပိုကြီးမားသည့်အတွေ့အကြုံသည် တစ်ခုခုဖြစ်ခဲ့လေသည်။ ၎င်းသည် အလွန်ကြာနေပြီဖြစ်ပြီး ကောင်မလေးများကို အာရုံမစိုက်သည့်အတွက် ရွှီကျားနီအပေါ် အလွန် အားနည်းသည့် အထင်အမြင်သာရှိလေသည်။

သို့သော် နောက်ဆုံးမှာတော့ အတန်းဖော်တစ်ယောက်ဖြစ်သည့်အတွက် စုရွေ့ကျယ်သည် သူမကို ဂရုစိုက်ဖို့ ကြိုးစားရင်း စကားအနည်းငယ်ပြောပြီး သူ့အိတ်ကပ်ထဲမှ သကြားလုံးနှစ်လုံးကို ထုတ်ကာ သူမကိုပေးခဲ့ပြီး ချန်းကျောင်းနှင့်အတူ ထွက်သွားခဲ့လေသည်။

တခြားမိန်းကလေးများသည် ရွှီကျားနီ၏လက်ထဲရှိ နူးညံ့သည့်သကြားလုံးများကို မနာလိုစိတ်နှင့်ကြည့်နေကြလေသည်။ သူတို့ သကြားလုံးမမြည်းစမ်းရသည်မှာ ဘယ်လောက်ကြာပြီလဲပင် မသိတော့ချေ။ သို့သော်လည်း သူတို့သည် အနည်းငယ်သာ မနာလိုဖြစ်ခဲ့ပြီး မကြာခင်မှာပင် အဝေးကိုအကြည့်လွှဲကာ  သူတို့၏ယာဂုကိုသာ ဆက်သောက်လိုက်ကြလေသည်။

ရွှီကျားနီသည် သကြားလုံးကို သေချာဖွင့်လိုက်ပြီး နူးညံ့သည့်သကြားလုံးလေးကို ပါးစပ်ထဲထည့်လိုက်လေသည်။ ချိုမြသည့်အရသာသည် သူမပါးစပ်ထဲမှာ ပွင့်ထွက်သွားပြီး သူမမျက်လုံးများအောက်မှ နက်မှောင်နေသည်ကို ဖုံးကွယ်ရန် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်လေသည်။

နေ့ခင်းဘက်၌ လမ်းပေါ်ထွက်ကာ ဆက်သွားကြပြီး ညဘက်တွေမှာတော့ အနားယူကြရန် ပွင့်လင်းသည့်နေရာတစ်ခုကို ရှာဖွေကြလေသည်။ ကျန့်ကျားဟယ်၊ ချန်းကျောင်းနှင့် စုရွေ့ကျယ်တို့သည် ကားမမောင်းတတ်ကြသူများဖြစ်ကာ ထုံးစံအတိုင်း နေ့ခင်းဘက်၌ အနားယူကြသူများဖြစ်ပြီး ည၌ စောင့်ကြပ်ရန်တာဝန်ရှိသည့်သူများဖြစ်ကြလေသည်။ ထို့ကြောင့် သူတို့သည် ညဘက်၌ ကားကို စောင့်ကြပ်ကြရမည်ဖြစ်လေသည်။

ချန်းကျောင်းနှင့် ကျန့်ကျားဟယ်တို့သည် ကားအရှေ့ခန်းခုံများတွင်ထိုင်နေကြစဉ် စုရွေ့ကျယ်သည် အလယ်တန်း၌ စောင့်ကြပ်နေလေသည်။ ကားထဲတွင် အပြင်လူများ ရှိနေသည်ဖြစ်ရာ အမြဲ သတိထား နေကြရမည်ဖြစ်လေသည်။

ချန်း‌ကျောင်းသည် ကျန့်ကျားဟယ်နှင့် စကားစမြည်ပြောနေပြီး စုရွေ့ကျယ်သည် တစ်ယောက်တည်း အလယ်ခုံ၌ထိုင်နေရသော်လည်း လုံး၀မငြီးငွေ့နေခဲ့ချေ။ သူသည် ကျန့်ကျားဟယ်ဆီမှ ငှားထားသည့် ဆဲလ်ဖုန်းတစ်လုံးကို ကိုင်ပြီး အပင်ဂိမ်းကို ကစားနေရင်း အပင်များနှင့်တိုက်ခိုက်ဖို့ စိတ်ကူးစိတ်သန်းများကို ရှာဖွေနေလေသည်။ ထို့အပြင် ဤဂိမ်းသည် အလွန်စိတ်ဝင်စားဖို့ကောင်းလေကာ သူသည် ပါဝါဘန့်တစ်လုံးနှင့် အလွန်ကောင်းမွန်သည့် အချိန်ကောင်းတစ်ခုရနေလေသည်။

ညဉ့်သန်းခေါင်တွင် စုရွေ့ကျယ်သည် အလွန်ပေါ့ပါးသော ခြေသံများကိုကြားလိုက်ရပြီး ချက်ချင်း သတိကပ်လာခဲ့လေသည်။ သူလှမ်းကြည့်သောအခါတွင် ရွှီကျားနီသည် နံရံပေါ် မှီရပ်ကာ သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာနေသည်ကို တွေ့လိုက်ရလေသည်။

သူမသည် ကြိုးသိုင်းပါသော ည၀တ်အင်္ကျီကိုသာ ၀တ်ဆင်ထားပြီး သူမ၏ခြေထောက်တွင် ဟိုတယ်ရှိ တစ်ခါသုံး ချည်သားဖိနပ်တစ်ရံကိုသာ၀တ်ထားလေသည်။ ၎င်းတို့သည် ယခင်က စုရွေ့ကျယ် စူပါမားကတ်မှ စုဆောင်းလာခဲ့သည့်အရာများဖြစ်လေသည်။ ခုနစ်ရောင်တွဲသည် မိန်းကလေးခုနစ်ယောက်အတွက် လုံလောက်လေသည်။ မည်သို့ပင်ဖြစ်စေ နှင်းခရူဇာထဲရှိ အပူချိန်သည် လုံလောက်ပြီး ဤမိန်းကလေးများ ပါးလွှာသည့်အဝတ်အစားများဝတ်ထားလျှင်တောင် အအေးဓာတ်ကိုမခံစားရပါချေ။

စုရွေ့ကျယ်သည် ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်လိုက်ကာ ထပြီး ရွှီကျားနီဆီသို့ လျှောက်သွားလိုက်ကာ နူးညံ့စွာ မေးလိုက်၏။

“ဘာဖြစ်နေလို့လဲ?”

“ငါ အိမ်သာသွားပြီး ရေနည်းနည်းဆာလို့။ ဒီမှာ ရေနည်းနည်းလောက် ရှိလား?”

ရွှီကျားနီသည် သူမ၏မျက်လုံးကြီးကြီးများနှင့် အားနည်းစွာ မေးလာလေသည်။

“အင်း၊ ခဏစောင့်”

စုရွေ့ကျယ် လှည့်ပြီး မီးဖိုချောင်ဘက်သို့သွားလိုက်သည်။ မီးဖိုချောင်သည် အလွန်သေးငယ်ပြီး လျှပ်စစ်သံလိုက်မီးဖိုတစ်ခုသာရှိပြီး ဗီဒိုငယ်လေးအချို့ပါရှိသည်။ သူသည် ဗီရိုအောက်ထဲမှ သတ္တုရေတစ်ပုလင်းကို ထုတ်ယူပြီးနောက် ၎င်းကိုစဉ်းစားလိုက်ပြီး နောက်ထပ် Wahaha ပုလင်းလေးတစ်ခုကို ယူလိုက်ကာ ရွှီကျားနီအား ကမ်းပေးလိုက်လေ၏။

နောက်ဆုံးမှာတော့ သူမသည် သူ့အတန်းဖော်တစ်ယောက်ဖြစ်ပြီး သူမကို နှစ်ကြိမ်တိုင်တိုင်မမှတ်မိခဲ့သဖြင့် အမှန်တကယ်ကို ရှက်ရွံ့မိ၍ဖြစ်လေသည်။ ထို့အပြင် သူသည် ဤကဲ့သို့သောအရာမျိုးကို ကြံတွေ့ခဲ့ရသည့်အတွက် စုရွေ့ကျယ်သည် သူမအား အနည်းငယ်ပိုပြီး ဂရုစိုက်ပေးရမည်ဖြစ်လေသည်။

“မထွက်ခင် ရေနည်းနည်းလောက်သောက်လိုက်လေ ”

စုရွေ့ကျယ်သည် ရွီကျားနီနှင့်အတူတူနေထိုင်သည့် တခြားမိန်းကလေးခြောက်ယောက်သည့် သူမကို အထူးဆက်ဆံ‌ပေးနေသည်ကို မြင်လျှင် မကောင်းဘူးဟု ယူဆသည့်အတွက် သူသည် ရွှီကျားနီအား ဤနေရာတွင်သာ သောက်ခွင့်ပေးပြီးမှ ပြန်သွားခိုင်းလေသည်။ မည်သို့ပင်ဖြစ်စေ ပုလင်းလေးတစ်ပုလင်းသာဖြစ်ပြီး အလုပ်အနည်းငယ်သာရှိကာ သူမသောက်ပြီးနိုင်ပါလေသည်။

“ကျေးဇူးတင်ပါတယ်...”

ရွှီကျားနီ၏ လှပသောမျက်နှာသည် ပန်းရောင်ဖျော့ဖျော့နှင့် ဖုံးလွှမ်းထားလေ၏။ စုရွေ့ကျယ်၏လက်ထဲမှ ရေကိုယူလိုက်ပြီး ပိုက်တစ်ခုထည့်ကာ ဖြည်းညှင်းစွာ သောက်လိုက်သည်။

နှစ်ယောက်သားသည် မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေပြီး ဘာတစ်ခုမှမပြောကြဘဲ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေကြသည်။

စုရွေ့ကျယ်သည် ရွှီကျားနီကို တောင်ပိုင်းအခြေစိုက်စခန်းမှ လင်ချန်းအခြေစိုက်စခန်းသို့ မည်သို့သွားခဲ့သလဲဟု မေးလိုက်သည်။

နောက်ပိုင်း ဘာဖြစ်သွားသလဲဆိုသည်ကို သူ မမေးခဲ့ချေ။ သို့သော် သူ ရွှီကျားနီအကြောင်းကို မေးလိုက်သည့်အချိန်မှာတော့ သူမသည် အသံတိုးတိုးလေးနှင့် စတင်ငိုပါလေတော့သည်။

ကမ္ဘာပျက်ပြီးနောက် ရွှီကျားနီနှင့်သူမ၏ဖခင်တို့သည် တစ်ယောက်ကိုတစ်ယောက် မှီခိုအားထားခဲ့ကြရသည်။ သူမ၏ဖခင်သည် အခြေစိုက်စခန်းတွင် အုတ်ရွှေ့ခြင်းလုပ်ငန်းအတွက် စာရင်းသွင်းခဲ့ကာ တစ်နေ့လျှင် အလုပ်မှန်ငါးမှတ်ရလေသည်။

သို့သော်လည်း သူတို့သည် တည်းခိုနေထိုင်ရန်အတွက် အလုပ်မှတ်နှစ်မှတ်လိုအပ်ခဲ့ပြီး ကျန်သုံးမှတ်ကို အစားအစာနှင့်လဲလှယ်ခဲ့ရပြီး ၎င်းသည် လူနှစ်ဦးစားလိုက်လျှင် တစ်ဝက်လောက်သာဗိုက်ပြည့်ကြလေသည်။

သူတို့သည် တောင်ပိုင်းအခြေစိုက်စခန်းကို မရောက်ခင်၌ ကောင်းကောင်းမစားသောက်ခဲ့ကြရချေ။ ရွှီအဖေသည် သူ့သမီးကိုသနားပြီး သူမအား ထမင်းကိုအမြဲဝေမျှပေးသည့်အပြင် သူသည်အလုပ်လုပ်ရပြီး မကြာခင်မှာပင် ပင်ပန်းလာခဲ့လေသည်။

ရွှီအဖေသည် အလုပ်ဆက်လုပ်ရန် နည်းလမ်းမရှိသဖြင့် တဲနေရာကို ပြောင်းရွှေ့ခဲ့ရသည်။ သို့သော်လည်း တဲဧရိယာ၏ စီမံခန့်ခွဲမှုမှာ ရှုပ်ထွေးလွန်းလေသည်။ ညဘက်၌ တစ်ယောက်ယောက်သည် သူမ၏တဲကိုထိလာကာ သူမပါးစပ်ကိုအုပ်ပြီး သူမအားပေးလေ၏.....

ထို့နောက်မှာတော့ အမျိုးသားသည် သူမအားဘီစကွတ်ထုပ်တစ်ထုပ်ကို ပစ်ချပေးခဲ့လေသည်။ သူမသည် ဖခင်ဖြစ်သူကို မပြောဝံ့သောကြောင့် တိတ်တိတ်လေးသာ ငိုခဲ့ရလေသည်။ နောက်ပိုင်း၌ ဖခင်ဖြစ်သူ၏ရောဂါသည် ပိုပြင်းထန်လာပြီးရင်း ပြင်းထန်လာခဲ့ကာ သူမသည် အသက်ဆက်ရှင်ဖို့ရန်အတွက် ညစ်ပတ်သည့်အလုပ်များကို လုပ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။

သို့သော်လည်း သူမသည် ကြည့်ကောင်းလေသည်။ သူမအား ပြုစုစောင့်ရှောက်လိုသော ယောက်ျားတစ်ယောက် ရှိခဲ့လေသည်။ သူသည် ရုပ်ပိုင်းဆိုင်ရာ စွမ်းအားရှင်တစ်ဦးဖြစ်ပြီး အရပ်ရှည်ပြီး ရုပ်ရည်ပြေပြစ်သူဖြစ်လေသည်။ သူ့လက်အောက်တွင် ညီငယ်များစွာ ရှိသည်။ ထိုအကြောင်းကို တွေးတောပြီးနောက် ရွှီကျားနီသည် သူ့အမျိုးသမီးဖြစ်လာခဲ့လေသည်။

သို့သော်လည်း ထိုလူသည် တောင်ပိုင်းအခြေစိုက်စခန်းတွင် ပျင်းရိနေပြီး နေ့တိုင်းအလုပ်လုပ်ရန်ဆန္ဒမရှိခဲ့ချေ။ သူသည် လင်ချန်းအခြေစိုက်စခန်းသည် စွမ်းအားရှင်များကို ကောင်းမွန်စွာဆက်ဆံသည်ဟုကြားခဲ့သောကြောင့် လင်ချန်းအခြေစိုက်စခန်းသို့ အတူတူသွားကြရန် သူ့ညီအစ်ကိုများနှင့် ဆွေးနွေးခဲ့သည်။

လင်ချန်းအခြေစိုက်စခန်းသို့ သူမရောက်ရှိသောအခါတွင် ဤနေရာသည် သူမစိတ်ကူးထားသလောက် မကောင်းကြောင်း သဘောပေါက်ခဲ့လေသည်။ စွမ်းအားရှင်များနှင့် သာမန်လူများအကြား ခွဲခြားမှုသည် အလွန်ရှင်းလင်းပြတ်သားလေသည်။

သာမာန်ရုပ်ပိုင်းဆိုင်ရာ စွမ်းအားရှင်တစ်ဦးအနေဖြင့် ထိုလူသည် ဧကရာဇ်မင်းတစ်ပါးကဲ့သို့ ဘဝကို ဆက်လက်ရှင်သန်နေလေသည်။ အခြေစိုက်စခန်းလောင်တ၏စကားကို နားထောင်နေသရွေ့ သူသည် အစားအသောက်ဖြစ်စေ၊ မိန်းမများဖြစ်စေ သူလိုချင်သမျှကို ရနိုင်လေသည်။

ရွှီကျားနီသည် သိမ်မွေ့သောစိတ်ထားရှိပြီး ဖျားနာသော ဖခင်တစ်ယောက်ရှိလေသည်။ မကြာမီမှာပင် ထိုအမျိုးသားသည် သူမကို ငြီးငွေ့လာခဲ့သည်။

သူမ စွန့်ပစ်ခံရပြီးနောက် အသက်မွေးဝမ်းကြောင်းပြုရန်အတွက် သူမသည် ထိုကဲ့သို့သောအလုပ်မျိုးကို နောက်တစ်ကြိမ်ထပ်၍ လုပ်ခဲ့ရလေသည်။ သူမသည် မျက်နှာပြင်ပေါ်တွင် စွဲမက်ဖွယ်ကောင်းပြီး လှပနေသော်လည်း တကယ်တမ်း သူမ၏ခန္ဓာကိုယ်သည် ပုပ်ပွနေခဲ့ပြီဖြစ်သည်။

ဒီလိုညစ်ပတ်တဲ့အတိတ်ကို သူမ ဘယ်လိုပြောပြနိုင်ပါမလဲ...?

“ဘာမှားလို့လဲ? မငိုနဲ့တော့...”

ရွှီကျားနီ မျက်ရည်များစီးကျလာသည်ကိုမြင်ပြီး စုရွေ့ကျယ် ရုတ်တရက် ပဟေဋိဖြစ်သွားရလေ၏။

ရွှီကျားနီသည် ငိုပြီး စုရွေ့ကျယ်၏ လက်များထဲသို့ သူမကိုယ်သူမပစ်၀င်ကာ သူမ၏လက်များကို စုရွေ့ကျယ်၏ခန္ဓာကိုယ်အား မြွေတစ်ကောင်ကဲ့သို့ရစ်ပတ်ထားလေသည်။

“ငါ့ကို ကယ်တင်ပေးလို့ကျေးဇူးပါ။ ငါကို အရမ်းကြင်နာပေးလို့ ကျေးဇူးတင်ပါတယ်။ ငါ့မှာ ပေးစရာဘာမှမရှိပါဘူး၊ ငါ တတ်နိုင်တဲ့တစ်ခုတည်းပဲ...”

သူမသည် အသက်ပြင်းပြင်းရှူရင်း စကပြောလာကာ သူမခန္ဓာကိုယ်ပေါ်ရှိ ချည်သားစကတ်အား အစောကတည်းကချွတ်ထားလိုက်ပြီးဖြစ်လေကာ ယခုအခါတွင် သူမသည် ပိုးသားဖြင့်သာ ဖုံးအုပ်ထားလေသည်။ သူမသည် စုရွေ့ကျယ်၏လက်နှစ်ဖက်ကို ဗလာနီးပါးဖြစ်နေသည့် သူမ၏ရင်ဘတ်ပေါ်ဖိထားလိုက်လေသည်။

“မင်း၊ မင်း၊ လွှတ်လိုက်....”

စုရွေ့ကျယ်သည် သူမကိုတွန်းထုတ်ဖို့ လက်ဆန့်ထုတ်လိုက်သော်လည်း သူ့လက်ဖဝါးအောက်က အသားအရည်ကြောင့် ထိတ်လန့်သွားလေသည်။ ယခု သူ့လက်ကို ဘယ်မှာထားရမှန်းတောင် မသိတော့ချေ။

“နင်က သဘာဝလွန် တစ်ယောက်ဖြစ်နေပြီဆိုတာ ငါသိပါတယ်။ နင် ငါ့လိုလူကို နှိမ့်ချနေတာဖြစ်သင့်ပါတယ်... ဒါပေမယ့် နင့်ကိုပြန်ဆပ်ဖို့ ငါ့မှာ တခြားဘာမှမရှိဘူး.....”

သူသည် ထိုသို့ပြောပြီး စုရွေ့ကျယ်၏နှုတ်ခမ်းမျကို နမ်းဖို့ ခေါင်းဆန့်လိုက်ပြီး လက်တစ်ဖက်သည် စုရွေ့ကျယ်၏ဘောင်းဘီကို ထိလိုက်လေသည်။

“ဒီလိုမလုပ်နဲ့!”

စုရွေ့ကျယ်သည် သူ့မျက်လုံးများတွင် ဒေါသအမျက်ချောင်းချောင်းနှင့် ရွှီကျားနီ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်လေသည်။

ဒီအချိန်၌ ကျယ်လောင်သောအော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

“ မင်းဘာလုပ်နေတာလဲ?!!!!”

🍒🍒

ဘာသာပြန်သူမှာပြောစရာရှိပါတယ်။

မုန်းစရာဇာတ်ကောင်လေးကတော့ နောက်တစ်ပိုင်းကျရင် ကန်ထုတ်ခံရတော့မှာပါ ဒေါသထွက်နေကြရင် စိတ်လျှော့ကြပါ။ ဟီးဟီး

My Cherry Will Explode in the Apocalypse

Chapter 107《 ေႁမြေပြးခါးပိုက္ ပိုက္-၁

Author: Drunken Light Song
Source: Jostena M
Translator: オタク

ယာဥ္တန္းသည္ ေျမာက္ဘက္သို႔ ဆက္လက္ထြက္ခြာသြားေသာ္လည္း ႏွင္းမ်ားထူထပ္စြာက်ဆင္းေသာေန႕တြင္ Off road ကားသည္ ေမာင္းႏွင္ရန္မသင့္ေတာ္ေခ်။ ထို႔အျပင္ မၾကာခင္မွာပင္ ၎သည္ ပ်က္သြားၿပီး ရပ္သြားေလသည္။ အျခားေ႐ြးခ်ယ္စရာမရွိပဲ က်န႔္ယြင္ႏွင့္အျခားသူမ်ားသည္ အားနည္းေသာမိန္းကေလးခုနစ္ဦးအား ႏွင္းခ႐ူဇာထဲသို႔ လႊဲေျပာင္းခဲ့ရသည္။

လူတိုင္းသည္ သူတို႔ကိုယ္တိုင္ သိုေလွာင္ခန္းထဲ၌ စုၿပဳံေနၾကစဥ္ အမ်ိဳးသမီးမ်ားအတြက္ အိပ္ခန္းမ်ားထဲရွိ ကုတင္မ်ားကို ဖယ္ေပးလိုက္ၾကသည္။ မည္သို႔ပင္ျဖစ္ေစ မၾကာခင္မွာပင္ ေတာင္ဘက္သို႔ခရီးထြက္လာသည့္ ၀မ္ခ်န္းစစ္တပ္ႏွင့္ ဆုံေတြ႕ၾကမည္ျဖစ္သည္မို႔ ထိုမိန္းကေလးမ်ားကို သူတို႔ဆီသို႔ လႊဲေပးဖို႔ပဲလိုေတာ့သည္ျဖစ္သည္။

ဤမိန္းကေလးမ်ားသည္ ရက္ေပါင္းမ်ားစြာ ဗိုက္ဆာေနၿပီး အလြန္အားနည္းေနၾကသည္ကို ထည့္စဥ္းစားၿပီး စုေ႐ြ႕က်ယ္သည္ အစာေၾကညက္လြယ္ေသာ အျဖဴေရာင္ဂ်ဳံယာဂုကို အထူးခ်က္ျပဳတ္ခဲ့ၿပီး ပဲငံျပာရည္အခ်ိဳ႕ႏွင့္ ဝက္သားမွ်င္တို႔ကို
ထည့္ခဲ့ေလသည္။ထို႔ေနာက္ ခ်န္းေက်ာင္းႏွင့္အတူ အစားအစာမ်ားကို ပို႔ေဆာင္ေပးခဲ့သည္။

“စုေ႐ြ႕က်ယ္...”

မိန္းကေလးငယ္ေလးတစ္ေယာက္သည္ သူ႕အားသိေနလိမ့္မည္ဟု မေမွ်ာ္လင့္ထားခဲ့ေခ်။

“မင္းက....?”

စုေ႐ြ႕က်ယ္ ျပန္လည္ေမြးဖြားလာၿပီးကတည္းက သူ႕ႏွလုံးသားသည္ က်န႔္ယြင္ကိုသာ အာ႐ုံစိုက္ထားခဲ့ေလသည္။ သူသည္ မိန္းမမ်ားကို အၿမဲတမ္းလိုလို အနည္းငယ္သာ အာ႐ုံစိုက္ခဲ့သည့္အတြက္ ဤေကာင္မေလးအား အထင္အျမင္မရွိခဲ့ေခ်။

“ငါ၊ ငါက ႐ႊီက်ားနီ ပါ!”

ေကာင္မေလးသည္ သနားစရာေကာင္းသည့္ အမူအရာကို ျပသေနေလ၏။

ဤအခိုက္အတန႔္တြင္ စုေ႐ြ႕က်ယ္သည္ အမွန္တကယ္ပင္ အနည္းငယ္ရင္းႏွီးေနမႈကို ခံစားခဲ့ရေသာ္လည္း သူ ခ်က္ခ်င္းမမွတ္မိနိုင္ခဲ့ေခ်။

“ေဟး ေရွာင္က်ယ္၊ ဒါက မင္းကို အေျခစိုက္စခန္းမွာတုန္းက မွတ္မိလားလို႔ လာေမးတဲ့အတန္းေဖာ္မိန္းကေလး မဟုတ္ဘူးလား? ”

ခ်န္းေက်ာင္းသည္ ေကာင္းမြန္ေသာမွတ္ဉာဏ္တစ္ခုရွိၿပီး သူမကို ခ်က္ခ်င္းမွတ္မိလိုက္သည္။

ဤမိန္းကေလးသည္ "အတန္းေဖာ္" ဟုေခၚေသာ စုေ႐ြ႕က်ယ္ ေတာင္ပိုင္းအေျခစိုက္စခန္း၌ ဆုံခဲ့သည့္တစ္ေယာက္ျဖစ္ေလသည္။ ခ်န္းေက်ာင္းသည္ သူမအေပၚ အထင္အျမင္ေကာင္းမရွိခဲ့ေခ်။ ေနာက္ပိုင္း သူမ ငိုယိုကာ ထြက္ေျပးသြားခဲ့ျခင္းျဖစ္သည္။ သူမ လင္းခ်န္းအေျခစိုက္စခန္းကိုဘယ္လိုေရာက္လာၿပီး ဤကဲ့သို႔ျဖစ္လာခဲ့သနည္း?

ခ်န္းေက်ာင္းေျပာသည္ကို ၾကားၿပီး စုေ႐ြ႕က်ယ္လည္း မွတ္မိလိုက္ေသာ္လည္း အတိတ္ဘ၀၌ ဤအတန္းေဖာ္မိန္းကေလးႏွင့္ ပိုႀကီးမားသည့္အေတြ႕အႀကဳံသည္ တစ္ခုခုျဖစ္ခဲ့ေလသည္။ ၎သည္ အလြန္ၾကာေနၿပီျဖစ္ၿပီး ေကာင္မေလးမ်ားကို အာ႐ုံမစိုက္သည့္အတြက္ ႐ႊီက်ားနီအေပၚ အလြန္ အားနည္းသည့္ အထင္အျမင္သာရွိေလသည္။

သို႔ေသာ္ ေနာက္ဆုံးမွာေတာ့ အတန္းေဖာ္တစ္ေယာက္ျဖစ္သည့္အတြက္ စုေ႐ြ႕က်ယ္သည္ သူမကို ဂ႐ုစိုက္ဖို႔ ႀကိဳးစားရင္း စကားအနည္းငယ္ေျပာၿပီး သူ႕အိတ္ကပ္ထဲမွ သၾကားလုံးႏွစ္လုံးကို ထုတ္ကာ သူမကိုေပးခဲ့ၿပီး ခ်န္းေက်ာင္းႏွင့္အတူ ထြက္သြားခဲ့ေလသည္။

တျခားမိန္းကေလးမ်ားသည္ ႐ႊီက်ားနီ၏လက္ထဲရွိ ႏူးညံ့သည့္သၾကားလုံးမ်ားကို မနာလိုစိတ္ႏွင့္ၾကည့္ေနၾကေလသည္။ သူတို႔ သၾကားလုံးမျမည္းစမ္းရသည္မွာ ဘယ္ေလာက္ၾကာၿပီလဲပင္ မသိေတာ့ေခ်။ သို႔ေသာ္လည္း သူတို႔သည္ အနည္းငယ္သာ မနာလိုျဖစ္ခဲ့ၿပီး မၾကာခင္မွာပင္ အေဝးကိုအၾကည့္လႊဲကာ  သူတို႔၏ယာဂုကိုသာ ဆက္ေသာက္လိုက္ၾကေလသည္။

႐ႊီက်ားနီသည္ သၾကားလုံးကို ေသခ်ာဖြင့္လိုက္ၿပီး ႏူးညံ့သည့္သၾကားလုံးေလးကို ပါးစပ္ထဲထည့္လိုက္ေလသည္။ ခ်ိဳျမသည့္အရသာသည္ သူမပါးစပ္ထဲမွာ ပြင့္ထြက္သြားၿပီး သူမမ်က္လုံးမ်ားေအာက္မွ နက္ေမွာင္ေနသည္ကို ဖုံးကြယ္ရန္ မ်က္လုံးမ်ားကို ျဖည္းညွင္းစြာမွိတ္လိုက္ေလသည္။

ေန႕ခင္းဘက္၌ လမ္းေပၚထြက္ကာ ဆက္သြားၾကၿပီး ညဘက္ေတြမွာေတာ့ အနားယူၾကရန္ ပြင့္လင္းသည့္ေနရာတစ္ခုကို ရွာေဖြၾကေလသည္။ က်န႔္က်ားဟယ္၊ ခ်န္းေက်ာင္းႏွင့္ စုေ႐ြ႕က်ယ္တို႔သည္ ကားမေမာင္းတတ္ၾကသူမ်ားျဖစ္ကာ ထုံးစံအတိုင္း ေန႕ခင္းဘက္၌ အနားယူၾကသူမ်ားျဖစ္ၿပီး ည၌ ေစာင့္ၾကပ္ရန္တာဝန္ရွိသည့္သူမ်ားျဖစ္ၾကေလသည္။ ထို႔ေၾကာင့္ သူတို႔သည္ ညဘက္၌ ကားကို ေစာင့္ၾကပ္ၾကရမည္ျဖစ္ေလသည္။

ခ်န္းေက်ာင္းႏွင့္ က်န႔္က်ားဟယ္တို႔သည္ ကားအေရွ႕ခန္းခုံမ်ားတြင္ထိုင္ေနၾကစဥ္ စုေ႐ြ႕က်ယ္သည္ အလယ္တန္း၌ ေစာင့္ၾကပ္ေနေလသည္။ ကားထဲတြင္ အျပင္လူမ်ား ရွိေနသည္ျဖစ္ရာ အၿမဲ သတိထား ေနၾကရမည္ျဖစ္ေလသည္။

ခ်န္း‌ေက်ာင္းသည္ က်န႔္က်ားဟယ္ႏွင့္ စကားစျမည္ေျပာေနၿပီး စုေ႐ြ႕က်ယ္သည္ တစ္ေယာက္တည္း အလယ္ခုံ၌ထိုင္ေနရေသာ္လည္း လုံး၀မၿငီးေငြ႕ေနခဲ့ေခ်။ သူသည္ က်န႔္က်ားဟယ္ဆီမွ ငွားထားသည့္ ဆဲလ္ဖုန္းတစ္လုံးကို ကိုင္ၿပီး အပင္ဂိမ္းကို ကစားေနရင္း အပင္မ်ားႏွင့္တိုက္ခိုက္ဖို႔ စိတ္ကူးစိတ္သန္းမ်ားကို ရွာေဖြေနေလသည္။ ထို႔အျပင္ ဤဂိမ္းသည္ အလြန္စိတ္ဝင္စားဖို႔ေကာင္းေလကာ သူသည္ ပါဝါဘန႔္တစ္လုံးႏွင့္ အလြန္ေကာင္းမြန္သည့္ အခ်ိန္ေကာင္းတစ္ခုရေနေလသည္။

ညဉ့္သန္းေခါင္တြင္ စုေ႐ြ႕က်ယ္သည္ အလြန္ေပါ့ပါးေသာ ေျခသံမ်ားကိုၾကားလိုက္ရၿပီး ခ်က္ခ်င္း သတိကပ္လာခဲ့ေလသည္။ သူလွမ္းၾကည့္ေသာအခါတြင္ ႐ႊီက်ားနီသည္ နံရံေပၚ မွီရပ္ကာ သူ႕ဆီသို႔ ျဖည္းညွင္းစြာ ေလွ်ာက္လာေနသည္ကို ေတြ႕လိုက္ရေလသည္။

သူမသည္ ႀကိဳးသိုင္းပါေသာ ည၀တ္အကၤ်ီကိုသာ ၀တ္ဆင္ထားၿပီး သူမ၏ေျခေထာက္တြင္ ဟိုတယ္ရွိ တစ္ခါသုံး ခ်ည္သားဖိနပ္တစ္ရံကိုသာ၀တ္ထားေလသည္။ ၎တို႔သည္ ယခင္က စုေ႐ြ႕က်ယ္ စူပါမားကတ္မွ စုေဆာင္းလာခဲ့သည့္အရာမ်ားျဖစ္ေလသည္။ ခုနစ္ေရာင္တြဲသည္ မိန္းကေလးခုနစ္ေယာက္အတြက္ လုံေလာက္ေလသည္။ မည္သို႔ပင္ျဖစ္ေစ ႏွင္းခ႐ူဇာထဲရွိ အပူခ်ိန္သည္ လုံေလာက္ၿပီး ဤမိန္းကေလးမ်ား ပါးလႊာသည့္အဝတ္အစားမ်ားဝတ္ထားလွ်င္ေတာင္ အေအးဓာတ္ကိုမခံစားရပါေခ်။

စုေ႐ြ႕က်ယ္သည္ ဖုန္းကို အိတ္ကပ္ထဲျပန္ထည့္လိုက္ကာ ထၿပီး ႐ႊီက်ားနီဆီသို႔ ေလွ်ာက္သြားလိုက္ကာ ႏူးညံ့စြာ ေမးလိုက္၏။

“ဘာျဖစ္ေနလို႔လဲ?”

“ငါ အိမ္သာသြားၿပီး ေရနည္းနည္းဆာလို႔။ ဒီမွာ ေရနည္းနည္းေလာက္ ရွိလား?”

႐ႊီက်ားနီသည္ သူမ၏မ်က္လုံးႀကီးႀကီးမ်ားႏွင့္ အားနည္းစြာ ေမးလာေလသည္။

“အင္း၊ ခဏေစာင့္”

စုေ႐ြ႕က်ယ္ လွည့္ၿပီး မီးဖိုေခ်ာင္ဘက္သို႔သြားလိုက္သည္။ မီးဖိုေခ်ာင္သည္ အလြန္ေသးငယ္ၿပီး လွ်ပ္စစ္သံလိုက္မီးဖိုတစ္ခုသာရွိၿပီး ဗီဒိုငယ္ေလးအခ်ိဳ႕ပါရွိသည္။ သူသည္ ဗီရိုေအာက္ထဲမွ သတၱဳေရတစ္ပုလင္းကို ထုတ္ယူၿပီးေနာက္ ၎ကိုစဥ္းစားလိုက္ၿပီး ေနာက္ထပ္ Wahaha ပုလင္းေလးတစ္ခုကို ယူလိုက္ကာ ႐ႊီက်ားနီအား ကမ္းေပးလိုက္ေလ၏။

ေနာက္ဆုံးမွာေတာ့ သူမသည္ သူ႕အတန္းေဖာ္တစ္ေယာက္ျဖစ္ၿပီး သူမကို ႏွစ္ႀကိမ္တိုင္တိုင္မမွတ္မိခဲ့သျဖင့္ အမွန္တကယ္ကို ရွက္႐ြံ႕မိ၍ျဖစ္ေလသည္။ ထို႔အျပင္ သူသည္ ဤကဲ့သို႔ေသာအရာမ်ိဳးကို ႀကံေတြ႕ခဲ့ရသည့္အတြက္ စုေ႐ြ႕က်ယ္သည္ သူမအား အနည္းငယ္ပိုၿပီး ဂ႐ုစိုက္ေပးရမည္ျဖစ္ေလသည္။

“မထြက္ခင္ ေရနည္းနည္းေလာက္ေသာက္လိုက္ေလ ”

စုေ႐ြ႕က်ယ္သည္ ႐ြီက်ားနီႏွင့္အတူတူေနထိုင္သည့္ တျခားမိန္းကေလးေျခာက္ေယာက္သည့္ သူမကို အထူးဆက္ဆံ‌ေပးေနသည္ကို ျမင္လွ်င္ မေကာင္းဘူးဟု ယူဆသည့္အတြက္ သူသည္ ႐ႊီက်ားနီအား ဤေနရာတြင္သာ ေသာက္ခြင့္ေပးၿပီးမွ ျပန္သြားခိုင္းေလသည္။ မည္သို႔ပင္ျဖစ္ေစ ပုလင္းေလးတစ္ပုလင္းသာျဖစ္ၿပီး အလုပ္အနည္းငယ္သာရွိကာ သူမေသာက္ၿပီးနိုင္ပါေလသည္။

“ေက်းဇူးတင္ပါတယ္...”

႐ႊီက်ားနီ၏ လွပေသာမ်က္ႏွာသည္ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ႏွင့္ ဖုံးလႊမ္းထားေလ၏။ စုေ႐ြ႕က်ယ္၏လက္ထဲမွ ေရကိုယူလိုက္ၿပီး ပိုက္တစ္ခုထည့္ကာ ျဖည္းညွင္းစြာ ေသာက္လိုက္သည္။

ႏွစ္ေယာက္သားသည္ မ်က္ႏွာခ်င္းဆိုင္ မတ္တပ္ရပ္ေနၿပီး ဘာတစ္ခုမွမေျပာၾကဘဲ အနည္းငယ္ ရွက္ကိုးရွက္ကန္းျဖစ္ေနၾကသည္။

စုေ႐ြ႕က်ယ္သည္ ႐ႊီက်ားနီကို ေတာင္ပိုင္းအေျခစိုက္စခန္းမွ လင္ခ်န္းအေျခစိုက္စခန္းသို႔ မည္သို႔သြားခဲ့သလဲဟု ေမးလိုက္သည္။

ေနာက္ပိုင္း ဘာျဖစ္သြားသလဲဆိုသည္ကို သူ မေမးခဲ့ေခ်။ သို႔ေသာ္ သူ ႐ႊီက်ားနီအေၾကာင္းကို ေမးလိုက္သည့္အခ်ိန္မွာေတာ့ သူမသည္ အသံတိုးတိုးေလးႏွင့္ စတင္ငိုပါေလေတာ့သည္။

ကမၻာပ်က္ၿပီးေနာက္ ႐ႊီက်ားနီႏွင့္သူမ၏ဖခင္တို႔သည္ တစ္ေယာက္ကိုတစ္ေယာက္ မွီခိုအားထားခဲ့ၾကရသည္။ သူမ၏ဖခင္သည္ အေျခစိုက္စခန္းတြင္ အုတ္ေ႐ႊ႕ျခင္းလုပ္ငန္းအတြက္ စာရင္းသြင္းခဲ့ကာ တစ္ေန႕လွ်င္ အလုပ္မွန္ငါးမွတ္ရေလသည္။

သို႔ေသာ္လည္း သူတို႔သည္ တည္းခိုေနထိုင္ရန္အတြက္ အလုပ္မွတ္ႏွစ္မွတ္လိုအပ္ခဲ့ၿပီး က်န္သုံးမွတ္ကို အစားအစာႏွင့္လဲလွယ္ခဲ့ရၿပီး ၎သည္ လူႏွစ္ဦးစားလိုက္လွ်င္ တစ္ဝက္ေလာက္သာဗိုက္ျပည့္ၾကေလသည္။

သူတို႔သည္ ေတာင္ပိုင္းအေျခစိုက္စခန္းကို မေရာက္ခင္၌ ေကာင္းေကာင္းမစားေသာက္ခဲ့ၾကရေခ်။ ႐ႊီအေဖသည္ သူ႕သမီးကိုသနားၿပီး သူမအား ထမင္းကိုအၿမဲေဝမွ်ေပးသည့္အျပင္ သူသည္အလုပ္လုပ္ရၿပီး မၾကာခင္မွာပင္ ပင္ပန္းလာခဲ့ေလသည္။

႐ႊီအေဖသည္ အလုပ္ဆက္လုပ္ရန္ နည္းလမ္းမရွိသျဖင့္ တဲေနရာကို ေျပာင္းေ႐ႊ႕ခဲ့ရသည္။ သို႔ေသာ္လည္း တဲဧရိယာ၏ စီမံခန႔္ခြဲမႈမွာ ရႈပ္ေထြးလြန္းေလသည္။ ညဘက္၌ တစ္ေယာက္ေယာက္သည္ သူမ၏တဲကိုထိလာကာ သူမပါးစပ္ကိုအုပ္ၿပီး သူမအားေပးေလ၏.....

ထို႔ေနာက္မွာေတာ့ အမ်ိဳးသားသည္ သူမအားဘီစကြတ္ထုပ္တစ္ထုပ္ကို ပစ္ခ်ေပးခဲ့ေလသည္။ သူမသည္ ဖခင္ျဖစ္သူကို မေျပာဝံ့ေသာေၾကာင့္ တိတ္တိတ္ေလးသာ ငိုခဲ့ရေလသည္။ ေနာက္ပိုင္း၌ ဖခင္ျဖစ္သူ၏ေရာဂါသည္ ပိုျပင္းထန္လာၿပီးရင္း ျပင္းထန္လာခဲ့ကာ သူမသည္ အသက္ဆက္ရွင္ဖို႔ရန္အတြက္ ညစ္ပတ္သည့္အလုပ္မ်ားကို လုပ္ဖို႔ကလြဲၿပီး ေ႐ြးခ်ယ္စရာ မရွိေတာ့ေခ်။

သို႔ေသာ္လည္း သူမသည္ ၾကည့္ေကာင္းေလသည္။ သူမအား ျပဳစုေစာင့္ေရွာက္လိုေသာ ေယာက္်ားတစ္ေယာက္ ရွိခဲ့ေလသည္။ သူသည္ ႐ုပ္ပိုင္းဆိုင္ရာ စြမ္းအားရွင္တစ္ဦးျဖစ္ၿပီး အရပ္ရွည္ၿပီး ႐ုပ္ရည္ေျပျပစ္သူျဖစ္ေလသည္။ သူ႕လက္ေအာက္တြင္ ညီငယ္မ်ားစြာ ရွိသည္။ ထိုအေၾကာင္းကို ေတြးေတာၿပီးေနာက္ ႐ႊီက်ားနီသည္ သူ႕အမ်ိဳးသမီးျဖစ္လာခဲ့ေလသည္။

သို႔ေသာ္လည္း ထိုလူသည္ ေတာင္ပိုင္းအေျခစိုက္စခန္းတြင္ ပ်င္းရိေနၿပီး ေန႕တိုင္းအလုပ္လုပ္ရန္ဆႏၵမရွိခဲ့ေခ်။ သူသည္ လင္ခ်န္းအေျခစိုက္စခန္းသည္ စြမ္းအားရွင္မ်ားကို ေကာင္းမြန္စြာဆက္ဆံသည္ဟုၾကားခဲ့ေသာေၾကာင့္ လင္ခ်န္းအေျခစိုက္စခန္းသို႔ အတူတူသြားၾကရန္ သူ႕ညီအစ္ကိုမ်ားႏွင့္ ေဆြးႏြေးခဲ့သည္။

လင္ခ်န္းအေျခစိုက္စခန္းသို႔ သူမေရာက္ရွိေသာအခါတြင္ ဤေနရာသည္ သူမစိတ္ကူးထားသေလာက္ မေကာင္းေၾကာင္း သေဘာေပါက္ခဲ့ေလသည္။ စြမ္းအားရွင္မ်ားႏွင့္ သာမန္လူမ်ားအၾကား ခြဲျခားမႈသည္ အလြန္ရွင္းလင္းျပတ္သားေလသည္။

သာမာန္႐ုပ္ပိုင္းဆိုင္ရာ စြမ္းအားရွင္တစ္ဦးအေနျဖင့္ ထိုလူသည္ ဧကရာဇ္မင္းတစ္ပါးကဲ့သို႔ ဘဝကို ဆက္လက္ရွင္သန္ေနေလသည္။ အေျခစိုက္စခန္းေလာင္တ၏စကားကို နားေထာင္ေနသေ႐ြ႕ သူသည္ အစားအေသာက္ျဖစ္ေစ၊ မိန္းမမ်ားျဖစ္ေစ သူလိုခ်င္သမွ်ကို ရနိုင္ေလသည္။

႐ႊီက်ားနီသည္ သိမ္ေမြ႕ေသာစိတ္ထားရွိၿပီး ဖ်ားနာေသာ ဖခင္တစ္ေယာက္ရွိေလသည္။ မၾကာမီမွာပင္ ထိုအမ်ိဳးသားသည္ သူမကို ၿငီးေငြ႕လာခဲ့သည္။

သူမ စြန႔္ပစ္ခံရၿပီးေနာက္ အသက္ေမြးဝမ္းေၾကာင္းျပဳရန္အတြက္ သူမသည္ ထိုကဲ့သို႔ေသာအလုပ္မ်ိဳးကို ေနာက္တစ္ႀကိမ္ထပ္၍ လုပ္ခဲ့ရေလသည္။ သူမသည္ မ်က္ႏွာျပင္ေပၚတြင္ စြဲမက္ဖြယ္ေကာင္းၿပီး လွပေနေသာ္လည္း တကယ္တမ္း သူမ၏ခႏၶာကိုယ္သည္ ပုပ္ပြေနခဲ့ၿပီျဖစ္သည္။

ဒီလိုညစ္ပတ္တဲ့အတိတ္ကို သူမ ဘယ္လိုေျပာျပနိုင္ပါမလဲ...?

“ဘာမွားလို႔လဲ? မငိုနဲ႕ေတာ့...”

႐ႊီက်ားနီ မ်က္ရည္မ်ားစီးက်လာသည္ကိုျမင္ၿပီး စုေ႐ြ႕က်ယ္ ႐ုတ္တရက္ ပေဟဋိျဖစ္သြားရေလ၏။

႐ႊီက်ားနီသည္ ငိုၿပီး စုေ႐ြ႕က်ယ္၏ လက္မ်ားထဲသို႔ သူမကိုယ္သူမပစ္၀င္ကာ သူမ၏လက္မ်ားကို စုေ႐ြ႕က်ယ္၏ခႏၶာကိုယ္အား ေႁမြတစ္ေကာင္ကဲ့သို႔ရစ္ပတ္ထားေလသည္။

“ငါ့ကို ကယ္တင္ေပးလို႔ေက်းဇူးပါ။ ငါကို အရမ္းၾကင္နာေပးလို႔ ေက်းဇူးတင္ပါတယ္။ ငါ့မွာ ေပးစရာဘာမွမရွိပါဘူး၊ ငါ တတ္နိုင္တဲ့တစ္ခုတည္းပဲ...”

သူမသည္ အသက္ျပင္းျပင္းရႉရင္း စကေျပာလာကာ သူမခႏၶာကိုယ္ေပၚရွိ ခ်ည္သားစကတ္အား အေစာကတည္းကခြၽတ္ထားလိုက္ၿပီးျဖစ္ေလကာ ယခုအခါတြင္ သူမသည္ ပိုးသားျဖင့္သာ ဖုံးအုပ္ထားေလသည္။ သူမသည္ စုေ႐ြ႕က်ယ္၏လက္ႏွစ္ဖက္ကို ဗလာနီးပါးျဖစ္ေနသည့္ သူမ၏ရင္ဘတ္ေပၚဖိထားလိုက္ေလသည္။

“မင္း၊ မင္း၊ လႊတ္လိုက္....”

စုေ႐ြ႕က်ယ္သည္ သူမကိုတြန္းထုတ္ဖို႔ လက္ဆန႔္ထုတ္လိုက္ေသာ္လည္း သူ႕လက္ဖဝါးေအာက္က အသားအရည္ေၾကာင့္ ထိတ္လန႔္သြားေလသည္။ ယခု သူ႕လက္ကို ဘယ္မွာထားရမွန္းေတာင္ မသိေတာ့ေခ်။

“နင္က သဘာဝလြန္ တစ္ေယာက္ျဖစ္ေနၿပီဆိုတာ ငါသိပါတယ္။ နင္ ငါ့လိုလူကို ႏွိမ့္ခ်ေနတာျဖစ္သင့္ပါတယ္... ဒါေပမယ့္ နင့္ကိုျပန္ဆပ္ဖို႔ ငါ့မွာ တျခားဘာမွမရွိဘူး.....”

သူသည္ ထိုသို႔ေျပာၿပီး စုေ႐ြ႕က်ယ္၏ႏႈတ္ခမ္းမ်ကိဳ နမ္းဖို႔ ေခါင္းဆန႔္လိုက္ၿပီး လက္တစ္ဖက္သည္ စုေ႐ြ႕က်ယ္၏ေဘာင္းဘီကို ထိလိုက္ေလသည္။

“ဒီလိုမလုပ္နဲ႕!”

စုေ႐ြ႕က်ယ္သည္ သူ႕မ်က္လုံးမ်ားတြင္ ေဒါသအမ်က္ေခ်ာင္းေခ်ာင္းႏွင့္ ႐ႊီက်ားနီ၏လက္ေကာက္ဝတ္ကို ဖမ္းဆုပ္လိုက္ေလသည္။

ဒီအခ်ိန္၌ က်ယ္ေလာင္ေသာေအာ္သံတစ္ခု ႐ုတ္တရက္ ထြက္ေပၚလာေလသည္။

“ မင္းဘာလုပ္ေနတာလဲ?!!!!”

🍒🍒

ဘာသာျန္သူမွာေျပာရာရွိပါတယ္

မုန္းစရာဇာတ္ေကာင္ေလးကေတာ့ ေနာက္တစ္ပိုင္းက်ရင္ ကန္ထုတ္ခံရေတာ့မွာပါ ေဒါသထြက္ေနၾကရင္ စိတ္ေလွ်ာ့ၾကပါ။ ဟီးဟီး

Continue Reading

You'll Also Like

206K 22.9K 200
THIS STORY IS NOT MY OWN. MANHWA NAME - ATTACK AND OCUPPY. YOU CAN GOOGLE SEARCH ON IT. English Translation can be found " Must Read " reading list...
14.9K 1.9K 32
Original Author - Gye-ja 계자 Original Publishers - Radibooks Chapter - 108 Chapters and 22 extras Genre - Yaoi Action Ma...
397K 10K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
683K 7.2K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...