My Cherry Will Explode in the...

By tobefly_highhigh

653K 94.4K 1.4K

《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံ... More

Description
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷《ကျန့်ယွင်နှင့်‌ နောက်တဖန်ပြန်ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸《‌နေရာလွတ်တစ်ခုရှိနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹 《ဆက်ဆံရေးက အလွဲတစ်ခုနဲ့စတင်ခဲ့တယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺 《မှော်ဆန်သောအရုပ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻 《ထပ်မရှောင်နိုင်တော့ ဆုံရပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼《ရှင်းရှင်းလင်းလင်းလုပ်ကြစို့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽《အမြတ်အစွန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾《ဒဏ်ရာများအား ဂရုစိုက်ပေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿 《အိပ်ယာအား အတူမျှဝေခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶《ဈေး၀ယ်ထွက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷《‌ကောင်းမွန်သောအရာများဆက်လက်ဖြစ်ပျက်နေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟸《ဖြိုဖျက်ရေးနှင့်ပြန်လည်နေရာချထားရေးသတိပေးချက်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟹《အတိတ်ဘ၀အကြောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟺《အတူတူရင်ဆိုင်ကြမယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟻《တွက်ချက်မှုများမအောင်မြင်ခဲ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟼《အိမ်နဲ့ကားရှိတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟽《မင်းလုပ်ရဲတယ်ပေါ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟾《ကမ္ဘာပျက်ကပ်ကြီးနီးလာပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟿《ကမ္ဘာပျက်ကပ်ကြီး ရောက်လာခဲ့ပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟶《စူပါမားကတ်*ကုန်တိုက်ကို အပြောင်ရှင်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟷《မ‌မျှော်လင့်ထားသော》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟸《ခွဲခွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟹《ပဲစေ့ကျည်ဆန်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟺《ထွက်လာကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟻《မကောင်းတဲ့သူတစ်ယောက်မဟုတ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟼《အမြု‌တေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟽《နှစ်မျိုးတွဲစွမ်းရည်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟾《Otakuတစ်ယောက်၏အလားအလာ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟿《ကယ်တင်မှာလား မကယ်တင်ဘူးလား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟶《ဦးနှောက်ပျက်စီးမှုကို ကယ်တင်လို့မရတော့ဘူး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟷《သူတို့ကစုံတွဲတစ်တွဲပဲ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟸《အဖွဲ့၀င်အသစ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟹《တစ်စုံတစ်ယောက်က တံခါးကိုဖျက်ပြီးဖွင့်ဖို့ကြိုးစားနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟺《ကမ္ဘာပျက်ကပ်အတွင်းပြောင်းလဲမှုများ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟻《နှုတ်ဆက်ပါတယ် အကြီးဆုံးဦးလေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟼《 အသက်ကယ် ကျေးဇူးတရား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟽《အနီရောင်မိုးရွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟾 《ဒဏ်ရာရ စစ်သားများနှင့်တွေ့ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟿《လူ့နှလုံးသားများသည် မခန့်မှန်းနိုင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟶《ကယ်ဆယ်ရေးအစီအစဉ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟷《ကယ််‌ဆယ်ရေးလုပ်ငန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟸《စစ်ဆင်‌ရေးစတင်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟹《အောင်အောင်မြင်မြင်လွတ်မြောက်ခြင်း》
Plants vs Zombies
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟺《ကယ်ဆယ်ရေးသတင်းစကား》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟻《ထွက်ခွာရန်စုစည်းကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟼《ဆင့်ကဲ‌ပြောင်းလဲနေသောဖုတ်ကောင်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟽《အဖိုးတန်ပဲစေ့များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟾《ကယ်ဆယ်ရေး စတင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟿《ချန်းယန် အလယ်တန်းကျောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟶《အကျပ်ရိုက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟷《ချန်းမောင်နှမများ》 
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟸 《နောက်တစ်ကြိမ်စကားပြောကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟹《 LED နေကြာပန်းမီးအိမ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟺《လယ်သမားဈေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟻《ရှောင်ဟေး၏ ကွဲပြားနေမှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟼《 အခြေစိုက်စခန်းသို့ ကနဦး၀င်ရောက်မှု》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟽《 အခြေစိုက်စခန်းထဲသို့ ပြောင်းရွှေ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟾《 အရေးပေါ်မစ်ရှင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟿《 စွမ်းရည်အဆင့်တက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟶 《 G မြို့သို့ သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟷《 သူလိမ်နေတာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟸《 မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟹《 ပုလင်းတစ်ခုထဲသို့ လိပ်ကိုဖမ်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟺《 အဆင့်သုံးဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟻《 စက်ရုံထဲ၀င်ရောက်ကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟼《 ကြွယ်၀သောရလဒ်များဖြင့်ပြန်လာကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟽《 ကျည်ဆန်အသစ်များ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟾《 အခြေစိုက်စခန်း၏ပြောင်းလဲခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟿 《 မြေမဲ့စိုက်ပျိုးရေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟶《 ၀မ်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟷《 အန်းဟွေ့မြို့ထဲရှိမငြိမ်သက်မှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟸《 သန္ဓေပြောင်းဝံပုလွေများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟹《 မြင်ရုံနဲ့ ‌ဝေစုလိုချင်တာလား? 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟺《 ကူးစက်ခံကြွက်၀င်ရောက်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟻《 ကြောင်နှင့်ကြွက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟼《 အကျပ်အတည်းဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟽《 စွမ်းရည်ဆေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟾《 သေခြင်းတရားကိုရှာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟿《 အခြေစိုက်စခန်းမှမောင်းထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟶《 အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟷《 လင်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟸《 ညစ်ပတ်သောလူသည် ညစ်ပတ်ခြင်းကိုသာမြင်၏ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟹《 King Kong ရှစ်ယောက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟺《 ကုသခြင်းစွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟻《 မိုးသည်းနေ့မှာလောင်သောမီး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟼《 အသိတချို့နှင့်ဆုံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟽《 မိုးသည်းကြီးနောက်ဆုံးတိတ်သွားပြီ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟾《 အနောက်မြောက်ဘက်သို့ဦးတည်သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟿《 ဖုတ်ကောင်ဝိုင်းရံခံရခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟶《 ပူးပေါင်း‌တိုက်ခိုက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟷《 ဘေးဒုက္ခအကျပ်အတည်းကို ဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟸《 စွမ်းရည်အဆင့်မြှင့်တင်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟹《 နှစ်သစ်ကူးနေ့ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟺《 နှစ်သစ်တစ်နှစ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟻《 နေရာလွတ်စွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟼《 အကူအညီတောင်းခံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟽《 မြောက်ပိုင်းသို့သွားရန်အသင့် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟾《 ထူးဆန်းသည့်ဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟿《 စွမ်းရည်နှစ်မျိုး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟶《 Snow Cruiser 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟷《 ကြင်နာမှုကို ကျေးဇူးသိတတ်မှုဖြင့် တုန့်ပြန်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟸《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟹《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟺《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟻《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟼《 ထိန်းချုပ်မရနိုင်ဖြစ်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟽《 မြွေပွေးခါးပိုက် ပိုက်-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟿《 မြို့တော်အခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟶《 မိသားစုနှစ်ခု၏အခြေအနေ-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟷《 မိသားစုနှစ်ခု၏အခြေအနေ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟸《 တွေ့ကြုံစုံစည်းကြခြင်း 》
𝙴𝚡𝚝𝚛𝚊《 ကွေ့ကောက်သောလမ်းသည် ဆိတ်ငြိမ်သောအရပ်သို့ ဦးတည်လေသည် 》
Complete 💯!!!
Completed Pdf file
ရာသီဥတု သတိပေးချက်
MMStoryteller website

𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟾《 မြွေပွေးခါးပိုက် ပိုက်-၂ 》

3.2K 511 20
By tobefly_highhigh

My Cherry Will Explode in the Apocalypse

Chapter 108《 မြွေပွေးခါးပိုက် ပိုက်-၂ 》

Author: Drunken Light Song
Source: Jostena M
Translator: オタク

ရောက်လာသူမှာ ကျန့်ယွင်ဖြစ်လေ၏။ သူအိပ်မပျော်သောကြောင့် သူ့ချစ်သူငယ်လေးနှင့် စကားစမြည်ပြောဖို့ ထွက်လာခဲ့ခြင်းဖြစ်လေသော်လည်း သူ့ကိုရှာမတွေ့ခဲ့ချေ။ မီးဖိုချောင်ထဲတွင် လှုပ်ရှားသံကြားလိုက်ချိန် သူလာကြည့်လိုက်လေသည်။ မထင်မှတ်ပဲ ဤမြင်ကွင်းမျိုးကို တွေ့လိုက်ရသည်!

သို့သော် သူ့နောက်ကွယ်တွင် စုရွေ့ကျယ် တစ်ခုခုလုပ်နေသည်ဟု မတွေးခဲ့ပါချေ။ သူ့ဒေါသသည်  အကြောင်းပြချက်မရှိဘဲ စုရွေ့ကျယ်အား နှောင့်ယှက်နေသည့် ထိုအမျိုးသမီးကို ရည်ညွှန်းလေ၏။ ရှောင်ကျယ့်တစ်ကိုယ်လုံး အနောက်ဘက်ကိုယိုင်နေတာကို သူမ မမြင်ဘူးလား?

ကျန့်ယွင်၏အသွင်အပြင်ကိုမြင်ပြီး စုရွေ့ကျယ်သည် နူးညံ့သိမ်မွေ့မှုကို ဂရုမစိုက်တော့ဘဲ သူ့အားရစ်ပတ်နေသော အမျိုးသမီးကို ချက်ခြင်းဖယ်ထုတ်လိုက်လေသည်။ မီးဖိုချောင်သည် အလွန်သေးငယ်လွန်းသည်မဟုတ်ပါက သူသည် ပို၍ပင် ခုန်ထွက်သွားနိုင်ပေလိမ့်မည်။ သို့သော် ယခုမူ သူ့နောက်သို့ ခြေလှမ်းသုံးလှမ်းကပင် ရွှီကျားနီကို အရှက်ရလောက်စေလေသည်။

“မင်းဘာလုပ်ချင်နေတာလဲကွ?!”

ကျန့်ယွင်သည် သူတို့နှစ်ယောက်ကြားသို့ ပြေးလာပြီး သူ့အရပ်မြင့်မြင့်နှင့် စုရွေ့ကျယ်ကို သူ့နောက်သို့ တိုက်ရိုက်ပိတ်ဆို့လိုက်လေသည်။

“ကျွန်မ...ကျွန်မ....”

ရွှီကျားနီသည် သူမ၏အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခေါင်းငုံ့ကာ စတင်ငိုယိုပါလေတော့သည်။

ထိုအချိန်တွင် အနောက်ဘက်ရှိ သိုလှောင်ခန်းတွင် အနားယူနေကြသော လူများသည်လည်း လှုပ်ရှားမှုကိုကြားပြီး တယောက်ပြီးတယောက် ထွက်လာကြလေသည်။ ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့သည် ကိုယ်လုံးတီးမိန်းကလေးနှင့် ထိပ်တိုက်တွေ့နေကြသည်ကို မြင်လိုက်ကြရသောအခါ သူတို့အားလုံး ထိတ်လန့်သွားကြလေသည်။

နောက်ဆုံး၌ ရွှီကျားနီသည် ရှက်စိတ်အနည်းငယ်ရှိသွားပြီးနောက် ကြမ်းပြင်ပေါ်ရှိညအိပ်၀တ်အင်္ကျီကို အမြန်ကောက်လိုက်ပြီး သူမခန္ဓာကိုယ်အနောက်ဘက်သို့ ခြုံလိုက်ကာ ဒူးကိုလက်ဖြင့်ပိုက်ပြီး ကြမ်းပြင်ပေါ်ထိုင်ချလိုက်ကာ မျက်ရည်များပို၍ စီးကျလာလေသည်။ သူတို့နှစ်ဦးသည် သူမအား တစ်ခုခုလုပ်မိသွားသည်ဟုပင် ထင်လာကြလိမ့်မည်ဖြစ်သည်။

“ဒါ၊ ဒါက..ဘာဖြစ်တာလဲ?”

ဟန်လဲ့သည် ကောင်မလေး၏ ကိုယ်လုံးတီးကိုယ်ထည်ကို ပထမဆုံးအကြိမ်တွေ့လိုက်ရသောအခါ ရှက်ရွံ့သောမျက်နှာဖြင့် မေးလိုက်သည်။

“လာ၊ ဘာတွေဖြစ်နေတာလဲ ငါ့ကိုပြောစမ်းပါဦး”

ကျန့်ယွင်သည် စုရွေ့ကျယ်ကို သူ့အနောက်မှဆွဲထုတ်လိုက်ပြီး သူ့လက်ချောင်းလေးများကို ပြင်းပြင်းထန်ထန် ဖိညှစ်လိုက်လေသည်။

စုရွေ့ကျယ်၏မျက်နှာမှာလည်း အနည်းငယ်ရှက်ရွံ့နေပုံရပြီး ဖြစ်ပျက်ခဲ့သည့်အကြောင်းကို ရိုးရိုးရှင်းရှင်းပြောလိုက်သည်။

တကယ်တမ်း သူဤအကြောင်းကို အများကြီးမတွေးထားပါချေ။ ရွှီကျားနီ၏ ကမ္ဘာပျက်ကပ်အတောတွင်း အတွေ့အကြုံသည် သူမအားနှိုးဆွမှုများ အများကြီးယူဆောင်လာခြင်းဖြစ်နိုင်လိမ့်မည်ဟုသာ သူထင်ခဲ့သည်။ တစ်ချို့လူများကသာ သူမအား နည်းနည်းပိုကောင်းအောင် ဆက်ဆံခဲ့ပါက သူမအနည်းငယ် ရှုပ်ထွေးလိမ့်မည်ဖြစ်ကာ သူ့ကျေးဇူးကို ဘယ်လိုဖော်ပြရမလဲဆိုသည်ကို သူမမသိနိုင်ခဲ့ချေ။

သို့သော် စုန့်ချန်ရှုသည် ထိုသို့ မထင်ခဲ့ပါချေ။ သူသည် သိမ်မွေ့သည့်မျက်နှာနှင့် ရွှီကျားနီဆီသို့ လျှောက်သွားပြီး လေးနက်သောအသံဖြင့် မေးလာ၏။

“ရွှီမိန်းမကလေး၊ မင်းက ရှောင်ကျယ်နဲ့ ဆက်ဆံရေး တစ်ခုကို တကယ်လိုချင်တာလား?”

“ကျွန်မ...ကျွန်မ....”

ရွှီကျားနီ၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာလေသည်။

“ဘာကိစ္စလဲ? ”

ကျန့်ယွင်၏ ပြင်းထန်မှုသည် အဘယ်နည်း? ရုတ်တရက် တစ်ခုခုမှားယွင်းနေသည်ကို တွေ့ပြီး စုန့်ချန်ရှုကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

စုန့်ချန်ရှုသည် သက်ပြင်းချလိုက်ပြီး

“သူတို့ကို ရွာကနေ ကယ်ထုတ်ပြီးတဲ့နောက် ငါ သူတို့ တစ်ယောက်ချင်းစီကို စေ့စေ့စပ်စပ် ကုသမှု ပေးခဲ့တယ်။ ပြီးတော့ ရွှီမိန်းကလေးမှာ ပြန်ရည်အိတ်( lymph nodes)တွေရောင်ရမ်းတာ၊ အဖျားတချို့ရှိတာ၊ ပါးစပ်ထဲမှာ ထင်ရှားတဲ့ ပန်းရောင် အစက်အပြောက်ရှိတာနဲ့ သူမ လည်ချောင်းမှာ အဖြူအမြှေးပါးတွေ ရှိတာကိုတွေ့ခဲ့ရတယ်....”

“အဓိကအချက်ကိုပြောစမ်းပါ!”

ကျန့်ယွင်သည် စိတ်မရှည်စွာပြောလိုက်သည်။

“သူမရဲ့ အခြေအနေက AIDS ဖြစ်တဲ့ ပြင်းထန်တဲ့ HIV ကူးစက်မှုလက္ခဏာတွေနဲ့ ကိုက်ညီနေတယ်”

“ဘာ? ”

လူတိုင်းသည် ထိတ်လန့်အံ့ဩသွားကြလေ၏။

“ဒေါက်တာစုန့်!”

ရွှီကျားနီသည် ဖြူဖပ်ဖြူရော်မျက်နှာနှင့် သူ့အား အသနားခံသောမျက်လုံးများဖြင့် ကြည့်နေလေသည်။

“ဒီကိစ္စကို... ငါ ရွှီမိန်းကလေးကို ပြောထားခဲ့ပြီးသား”

စုန့်ချန်ရှာသည် ကြင်နာတတ်သည့်နှလုံးသားရှိသည့် ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူသည် မကောင်းသည့်လူတစ်ယောက်မဟုတ်ဟု ပြောနိုင်သော်လည်း သူသည် မဖော်ရွေခြင်းကြောင့် လူသိများခဲ့လေသည်။ ရွှီကျားနီသည် သူမတွင် AIDS ရောဂါရှိသည်ဆိုသည်ကို သိထားကြောင်း သူသိသည်။ ယခုလို အခြေအနေမျိုးတွင် သူမသည် စုရွေ့ကျယ်နှင့် အနီးကပ် ထိတွေ့ခွင့်ရရန် တက်ကြွစွာလိုချင်နေသဖြင့် ၎င်းသည် အလွန်လေးနက်လေကာ သူသည် သူမအတွက် ထိုအကြောင်းကို သူဘယ်တော့မှဖုံးကွယ်ထားပေးလိမ့်မည်မဟုတ်ပါချေ။

ထိုအကြောင်းကိုကြားပြီး စုရွေ့ကျယ်သည်လည်း မယုံနိုင်လောက်သည့် အမူအရာအပေါ်လာလေသည်။ ရွှီကျားနီသည် သူ့ကျေးဇူးကို ပြန်ပေးဆပ်ဖို့ ကြိုးစားနေသည်ဟု သူထင်ခဲ့သည်။ သို့သော် သူမတွင် တခြားရည်ရွယ်ချက်ရှိနေမည်ဟု မမျှော်လင့်ထားပါချေ....

AIDS သည် ကမ္ဘာပျက်ကပ်မတိုင်မီကပင် ကုသ၍မရသောရောဂါဖြစ်ပြီး ကမ္ဘာပျက်ကပ်အတောအတွင်း ဆေးဝါးပြတ်လပ်ပြီးနောက်တွင် ပို၍ပင်သေဆုံးစေနိုင်လိမ့်ပေမည်။

ရွှီကျားနီလှုပ်ရှားမှုသည် အမှန်တကယ်ကို လူသတ်မှုနှင့်မခြားပါချေ။

ကျန့်ယွင်သည် ယခုလေးတင် စုရွေ့ကျယ်အား အတင်းအကျပ်နမ်းရန် ရွှီကျားနီ၏ကြိုးပမ်းမှုအားတွေးမိလိုက်သောအခါ လုံး၀အေးခဲသွားလေ၏။  နမ်းခြင်းသည် AIDSမကူးစက်ကြောင်း တီဗီတွင် ပြောခဲ့သော်လည်း ရွှီကျားနီ၏ပါးစပ်မှ သွေးထွက်လျှင် မည်ကဲ့သို့ ဖြစ်မည်နည်း?

“ခွေးမ! မင်းဘာလို့ဒီလိုလုပ်ရတာလဲကွ ?!  ”

ကျန့်ယွင်သည် ရွှီကျားနီ ထိတ်လန့်တကြားနှင့် ကြမ်းပေါ်မှ ဆွဲလိုက်ပြီး ဒေါသတကြီးပါးရိုက်လိုက်လေသည်။

ကျန့်ယွင်သည် ယနေ့ခေတ်နှင့်နေ့ရက်များတွင် အမျိုးသမီးတစ်ဦးကို ဘယ်တုန်းကမှ မရိုက်နှက်ဖူးခဲ့ပါချေ။ သို့သော် ယခုအချိန်တွင်မူ သူသည် အလွန်ဒေါသပုံထနေကာ သူ့နှလုံးသားထဲမှဒေါသကို လုံး၀သည်းမခံနိုင်တော့ချေ။ သူ့ချစ်သူလေးသည် ဆန့်ကျင်ရန်ကြံစည်ခြင်းခံခဲ့ရလေသည်။ သူသာ သည်းခံနိုင်မယ်ဆို သူယောက်ျားမဟုတ်တော့ဘူး!

မမျှော်လင့်စွာဖြင့် ရွှီကျားနီသည် အရိုက်ခံရပြီးနောက် သူမသည် ရူးသွပ်စွာ ရယ်မောလိုက်သည်။

“ဟားဟားဟား...ဘာလို့လဲ?”

ရွှီကျားနီသည် ပြုံးလိုက်ပြီး ရုတ်တရက် မျက်နှာပျက်သွားကာ

“အဲ့ဒါ အားလုံး သူ့အမှားပဲ! သူ့ကြောင့်သာမဟုတ်ရင်! ငါ အခုလိုဖြစ်နေမှာ မဟုတ်ဘူး! သူ့ကြောင့်သာမဟုတ်ရင် ငါ့အဖေသာ သေမှာမဟုတ်ဘူး၊ ငါ တောင်ပိုင်းအခြေစိုက်စခန်းက ထွက်သွားရမှာမဟုတ်ဘဲ ငါ အခုလို‌နေရာမှာရောက်နေမှာ မဟုတ်ဘူး! ”

“ငါဘာလုပ်လို့လဲ..?”

စုရွေ့ကျယ်သည် စိတ်ရှုပ်သွားရ၏။ သူဘာတွေလုပ်ခဲ့သလဲဆိုသည်ကို သူမသိပါချေ။

အခြားသူများလည်း မျက်မှောင်ကြုတ်လိုက်ကြသည်။ စုရွေ့ကျယ်သည် အခြားသူများကို ဒုက္ခပေးလိမ့်မည်ဟု သူတို့မယုံကြည်ခဲ့ကြချေ။ လတ်တလောတင်မှ အဖွဲ့တွင်ပါဝင်ခဲ့သော ကျောက်ပင်းနှင့်ဟန်လဲ့တို့ပင်လျှင် စုရွေ့ကျယ်သည် ပျော့ညံ့သောအမျိုးသမီးတစ်ဦးကို တိုက်ခိုက်လိမ့်မည့်လူအမျိုးအစားမဟုတ်ကြောင်း သေချာပေါက်သိလေသည်။ နားလည်မှုလွဲခြင်း တချို့ရှိကိုရှိရပေမည်။

“နင် ဘာလုပ်ခဲ့တာလဲ.... နင်ဘာလို့ မလုပ်ခဲ့တာလဲလို့မေးသင့်တယ်! ငါ့ အဖေက ကျန်းမာရေးမကောင်းတဲ့အပြင် အုတ်ဖုတ်ခိုင်းဖို့အလုပ်လုပ်ရတယ်။ သူ ပင်ပန်းပြီး နေမကောင်းဖြစ်နေတယ်။ ငါ နေ့တိုင်းဆာလောင်နေခဲ့ရတယ် ဒါပေမယ့် နင်က ဒီလူတွေအဖွဲ့နဲ့ နေ့တိုင်းလိုက်သွားတယ်။ နင်က ကောင်းကောင်းမွန်မွန်နေနေရပြီး! ငါ့ကိုဘာလို့မကူညီခဲ့တာလဲ?! နင် ငါ့ကိုဘာလို့မသိချင်ယောင်ဆောင်နေတာလဲ? နင် အခြေစိုက်စခန်းကနေ တိုက်ရိုက်ထွက်သွားခဲ့တယ်! ငါဒီနေ့လိုဖြစ်လာတာ အားလုံး နင့်အပြစ်ပဲ! ”

【TN : ဒီ Bitch 🤬】

ဤအမျိုးသမီးသည် ဒီနေ့ သူမရောက်နေသည့် နေရာ ဘာကြောင့် ပြိုလဲသွားသည်ကိုညွှန်ပြနေသည်ကို နားလည်လိုက်ကြကြသည်နှင့် လူတိုင်း သဘောပေါက်နိုင်လေသည်။ ဒီလို ယုတ္တိမဲ့လွန်းတဲ့ ချို့ယွင်းချက်ကတော့ တကယ်ကိုစိတ်လှုပ်ရှားနေတာပဲ။

လူတိုင်းသည် ဤမိန်းမ၏ အဓိပ္ပါယ်မဲ့သောစကားကို ထပ်နားမထောင်ချင်တော့ချေ။ ကောင်းမွန်သောစိတ်ထားရှိသည့် ဝူကျင်းပင်လျှင် တိုက်ရိုက်သွားပြီး ရွှီကျားနီ၏မျက်နှာကို ပါးရိုက်ရန်ပင် သည်းမခံနိုင်တော့ချေ။ ရွှီကျားနီသည် လှည့်ပတ်ကြည့်လိုက်ရာ လူတိုင်းသည် သူမအား စာနာစိတ်အလျှင်းမရှိဘဲ အေးစက်စွာကြည့်နေကြသည်ကို တွေ့လိုက်ရလေသည်။

သူမ ပြောလိုက်သည်ကို ရုတ်တရက် သဘောပေါက်သွားပြီး ကုစားချင်သော်လည်း အလွန် နောက်ကျသွားပြီဖြစ်သည်။

“ကျန့်ကော၊ ငါတို့ သူမကို ဘာလုပ်ရမလဲ?”

ကျန့်ယွင်သည် ရွှီကျားနီကို အေးစက်စွာကြည့်လိုက်ကာ ပြောလိုက်၏။

“သူမကို ဆင်းခိုင်းလိုက်”

“ကောင်းပြီ ”

ကျန့်ယွင်၏ ဆုံးဖြတ်ချက်ကို အမှန်တကယ်ပင် မည်သူမှကန့်ကွက်ခြင်း မရှိချေ။

ကျန့်ယွင်သည် ဘေးတံခါးကို တိုက်ရိုက်ဖွင့်လိုက်ပြီးနောက် ရွှီကျားနီအား ပြောလိုက်၏။

❨မင်းကိုယ်တိုင် ဆင်းမှာလား ဒါမှမဟုတ် ငါမင်းကို  အောက်ကို လိုက်ပို့ရမလား?”

“ရှင် ဒီလိုမလုပ်နိုင်ဘူး!”

ရွှီကျားနီ၏မျက်နှာသည် အေးစက်နေသည့်လေကြောင့် အေးခဲသွားပြီး သူမ၏မျက်နှာသည် ဖြူဖျော့သွားလေသည်။ အပြင်ဘက်၌ အေးခဲနေပြီး နှင်းများကျနေကာ ညအချိန်ကြီးဖြစ်နေ၏။ သူမ ကားပေါ်ကဆင်းလိုက်သည်နှင့် သူမ အသက်ရှင်ဖို့လမ်းမရှိတော့ချေ!

“ဘာလို့မလုပ်နိုင်ရမှာလဲ?”

ကျန့်ယွင် လှောင်ပြောင်လိုက်၏။

“ ငါတို့က မင်းအဖေမဟုတ်ဘူး။ မင်းကို ကယ်တင်တာက ကြင်နာမှုတွေကြောင့်ပဲ။ ဒါပေမယ့် တာ၀န်ပျက်ကွက်တာမျိုးမရှိခဲ့ဘူး။မင်းက ကယ်တင်ဖို့ မထိုက်တန်ဘူးဆိုတာ သက်သေပြခဲ့တာပဲ”

“ဒါ လူသတ်မှုပဲ....”

“ဟဟ”

ကျန့်ယွင်သည် ဤအမျိုးသမီး၏ဦးနှောက်သည် ပုံမှန်မဟုတ်တော့ဘူးဟု တကယ်ထင်နေပြီး သူမနှင့် စကားမထပ်ပြောချင်တော့ချေ။ သူသည် သူမလက်မောင်းကို တိုက်ရိုက်ဆွဲကိုင်လိုက်ကာ ကားပေါ်မှဆွဲချလိုက်ပြီး နှင်းတောထဲသို့ ပစ်ချလိုက်လေသည်။

ရွှီကျားနီသည် နှင်းတောထဲလဲကျသွားပြီး အအေးဒဏ်ကြောင့် တုန်ယင်သွားလေသည်။ ယခု သူမတကယ်ကြောက်နေပြီဖြစ်သည်။ သူမသည် ထရပ်ရန် ရုန်းကန်ပြီး ကျန့်ယွင်၏ခြေသလုံးကို ပွေ့ဖက်ကာ ထပ်ခါတလဲလဲ တောင်းပန်‌လေ၏။

“တောင်းပန်ပါတယ်၊ ကျွန်မ မှားသွားပါတယ်။ ကျွန်မ တစ္ဆေတစ်ကောင်လို ကိုယ့်ကိုယ်ကိုယ် ခဏလောက် မထိန်းနိုင်ခဲ့လို့ပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ၊ ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မတောင်းပန်ပါတယ်...”

သို့သော် သူမ ဘယ်လောက်ပဲ တောင်းပန်ခဲ့ပါစေ ကျန့်ယွင်၏ဆုံးဖြတ်ချက်ကို ပြောင်းလဲရန်နည်းလမ်းမရှိပါချေ။ သူသည် သူမကို အကြင်နာမဲ့စွာ ကန်ထုတ်လိုက်ပြီး ကားဆီကို တည့်တည့်လျှောက်သွားခဲ့‌လေသည်။

ရွှီကျားနီသည် တစ်ဖန်ပြန်ထကာ ခရုဇာကား၏ဘေးတံခါးနှင့် တိုက်မိပြီးလဲကျသွားကာ ကားထဲသို့ နောက်တစ်ကြိမ်ပြန်ဝင်ချင်ခဲ့လေသည်။ သို့သော်လည်း ချန်းချီသည် သူမရှေ့တွင်တိုက်ရိုက်ပေါ်လာပြီး တံခါးကိုပိတ်လိုက်သည်ကိုသာ မြင်လိုက်ရလေသည်။

“အား.... တံခါးဖွင့်! တံခါးဖွင့်!”

ရွှီကျားနီသည် ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်လေသည်။

ထိုအချိန်တွင် ကျန့်ယွင်သည် ရှေ့ထိုင်ခုံသို့ ရောက်လာပြီး ကျန့်ကျားဟယ်ကို လမ်းမှထွက်ခွာရန် ပြောလိုက်ပြီး ခရူဇာကို တိုက်ရိုက်စတင်မောင်းထွက်ခဲ့လေသည်။

နှင်းခရူဇာသည် အမှောင်ထဲတွင် ခပ်တိုးတိုးအော်မြည်သံကို ထုတ်လိုက်ပြီး အဝတ်ပါးပါးလေးဖြင့် ငိုယိုပြီး နှင်းထဲတွင်လဲကျနေသည့် ရွှီကျားနီကို ချန်ထားရစ်ခဲ့လေသည်။

ကားထဲ၌ ထူးဆန်းသည့်တိတ်ဆိတ်မှုတစ်ခုရှိနေခဲ့သည်။ ရွှီကျားနီသည် သူမ၏လုပ်ရပ်အတွက် တာဝန်ရှိသည်ဟု လူတိုင်းခံစားမိသော်လည်း သူတို့ နှလုံးသားသည် လေးလံနေဆဲဖြစ်လေသည်။

၎င်းကို မြင်ပြီး စုန့်ချန်ရှုသည် စုရွေ့ကျယ်၏ခေါင်းကို ပွတ်သပ်ပြီး ပြောလိုက်၏။

“အဲ့ဒါကို စိတ်ထဲထားမနေပါနဲ့။ တောကကြီးမားတဲ့အခါ ငှက်အမျိုးအစားအားလုံးရှိနေလိမ့်မယ်။ မင်းအခု သူမကို ကောင်းကောင်းဆက်ဆံနိုင်လို့ သူမက အဲ့ဒါကိုသိတတ်မယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ဒါက အဲ့လိုပါပဲကွာ”

လူတိုင်းသည် ထိုသို့တွေးပြီး တစ်ယောက်ချင်းစီ စုရွေကျယ်ကို စကားအနည်းငယ်နှင့် နှစ်သိမ့်ပေးကြပြီး အနားယူဖို့ သိုလှောင်ခန်းဆီသို့ ပြန်သွားကြလေသည်။ ဦးနှောက်အနည်းငယ်ရှိသည့် မည်သူမဆို စုရွေ့ကျယ်သည် ရွှီကျားနီတွင်ဖြစ်ခဲ့ခြင်းအတွက် အပြစ်မရှိဘူးဆိုသည်ကို သိကြလေသည်။ စုရွေ့ကျယ်နှင့် ထိုကောင်မလေးသည် အတန်းဖော်များသာဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက်အပေါ် လေးလေးနက်နက် အထင်အမြင်မရှိခဲ့ကြချေ။ တစ်ယောက်နှင့်တစ်ယောက် အလွန်ရင်းနှီးခြင်းမျိုးမရှိဘဲ သူ့ကိုဘာကြောင့်ကူညီသင့်တာလဲ?

ထို့အပြင် တောင်ပိုင်းအခြေစိုက်စခန်း၏ အခြေအနေများနှင့်ဆို လက် သို့မဟုတ် ခြေထောက်များ ကင်းမဲ့ပြီး လှုပ်ရှားနိုင်စွမ်းမရှိသူမဟုတ်သည့် မည်သူမဆို သူတို့ကိုယ်သူတို့ ထောက်ပံ့ရန် နည်းလမ်းတစ်ခုအမြဲရှိလိမ့်မည်ဖြစ်သည်။ ရွှီကျားနီကဲ့သို့ ပစ္စည်းများကိုလွယ်လွယ်ရချင်ပြီး အလုပ်လုပ်ရန်မုန်းသည့် အမျိုးသမီးသည် မည်သူကမှ တလိုတလား ရွေးချယ်လိမ့်မည်မဟုတ်သည့်လမ်းကြောင်ူကိုရွေးချယ်ခဲ့ခြင်းဖ့စ်လေသည်။ ယနေ့ သူမရောက်နေသည့်နေရာကို သူမကျဆင်းသွားခြင်းမှာ အံ့သြစရာတော့ မဟုတ်ပါချေ။

အထူးသဖြင့် သူမတွင် AIDS ရောဂါခံစားနေရကြောင်း သိလိုက်ရပြီးနောက် သူမတွင် အကြံဆိုးတစ်ခုရှိပြီး စုရွေ့ကျယ်အားဖမ်းဆီးချုပ်နှောင်ထားချင်နေသေးသည်။ ၎င်းသည် သူမ၏ခေါင်းထဲသို့ သေခြင်းတရားဆိုသည့် စာကြောင်းတစ်ခုထည့်သွင်းထားပြီးဖြစ်လေသည်။ ကျန့်ယွင်သည် ချက်ချင်း သေနတ်ကိုဆွဲထုတ်ပြီး သူမကို သတ်ပစ်လျှင်တောင် အခြားလူများသည် သူ့အား တားကြလိမ့်မည်မဟုတ်ချေ။

ကားသည် မရပ်တန့်ခင် ဆယ်ကီလိုမီတာအပြည့် မောင်းလာပြန်‌လေသည်။

“မင်းတို့နှစ်​​ယောက်​ အ​နောက်​ဘက်ကိုသွား​ပြီး ရှောင်ကျယ်ကို​ခေါ်လိုက်”

ကျန့်ယွင်သည် ချန်းကျောင်းနှင့် ကျန့်ကျားဟယ် ကိုပြောလိုက်၏။

“ကောင်းပြီ”

သူတို့သည် ဖြစ်ပျက်ခဲ့သည်ကို အတိအကျမသိသော်လည်း သူတို့နှစ်ယောက်စလုံးသည် ကျန့်ယွင်၏ ညှို့မှိုင်းမဲမှောင်နေသည့်အမူအရာကို မြင်လိုက်ကြပြီး ချက်ချင်း အရှေ့မှနာနာခံခံထွက်သွားကြပြီး စုရွေ့ကျယ်ကိုခေါ်ရန် အနောက်ဘက်သို့ သွားကြလေသည်။

စုရွေ့ကျယ်သည် ခေါင်းငုံ့ကာ ကားထဲသို့၀င်လာပြီး  ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်နှင့် ကျယ်ပြန့်ပြီး သန်မာသောရင်ခွင်ထဲသို့ အားကောင်းမောင်းသန်လက်တစ်ဖက်ဖြင့် ဆွဲယူခံလိုက်ရလေသည်။

“မင်း အဆင်ပြေရဲ့လား?”

ကျန့်ယွင်သည် သူ့နဖူးကို နမ်းလိုက်ပြီး စိုးရိမ်တကြီးနှင့်မေးလိုက်၏။

“မင်းက အရမ်းသတိမဲ့လွန်းတယ်။ လူတွေက ကမ္ဘာပျက်ကပ်အတွင်းမှာ အန္တရာယ်များတယ်။ မင်းမသိဘူးလား? အဲ့လိုမိန်းမမျိုးက မင်းကို ဘယ်လိုတောင် လွယ်လွယ်နဲ့ ချဉ်းကပ်နိုင်တာလဲ? အနာဂတ်မှာ ဒီလိုလုပ်ဖို့ သတ္တိရှိသေးလား? ”

“မလုပ်ရဲ....”

စုရွေ့ကျယ်သည် သူ့ပါးစပ်ကို ဖိကပ်ပိတ်လိုက်လေ၏။ တကယ်တမ်း သူသည်လည်း သူ့စိတ်ထဲတွင် အနည်းငယ် ကြောက်ရွံ့သွားခဲ့လေသည်။  သူ ပြန်လည်မွေးဖွားလာပြီးနောက် ကိစ္စများသည် ချောမွေ့လွန်းသဖြင့် သူ့နိုးကြားမှုကို လျော့ပါးစေခဲ့လေသည်။ သူသည် လူများနှင့် သူတို့၏ မျက်နှာများကို သိသော်လည်း သူတို့နှလုံးသားထဲတွင် ဘာ‌တွေရှိမှန်း မသိခဲ့ပေ။

“အဲ့အကြောင်း မတွေးတော့နဲ့၊ အနာဂါတ်မှာသာ သတိထား”

“ကောင်းပါပြီ.....”

“ဒါပေမယ့် ကိုယ် မနာလိုဘူး! မင်း ဘာပြောချင်လဲ?”

“ကျွန်တော်...ကျွန်တော်....”

စုရွေ့ကျယ်သည် ရှက်‌သွေးဖြာသွားပြီး စကားမပြောနိုင်တော့ချေ။

“အရူးလေး!”

ကျန့်ယွင်သည် နီရဲနေသည့်မျက်နှာကို ကြည့်လိုက်၏။ ၎င်းသည် အလွန် ရီချင်စရာလေးဖြစ်နေသဖြင့် ခေါင်းငုံ့ပြီး သူ့နှုတ်ခမ်းလေးကို မနမ်းဘဲ မနေနိုင်တော့ချေ။

“အွန်.....”

အပြင်ဘက်တွင်အေးခဲနေသော်လည်း ကားထဲမှာတော့ အချစ်၏အပူရှိန်များဖြင့်အပြည့်ဖြစ်နေခဲ့လေ၏။

တစ်ညတာသည် လျင်မြန်စွာ ကုန်လွန်သွားပြီး ကားသည် လမ်းပေါ်ပြန်တက်လာပြန်သည်။

ယမန်နေ့ညက ဆူညံသံသည် ကျယ်လောင်လွန်းသောကြောင့် ဧည့်ခန်းထဲရှိ မိန်းကလေးခြောက်ယောက်သည် အမှန်တကယ်ကြားခဲ့ရ၏။ သူတို့ထဲမှ တစ်ဦးတစ်ယောက်ကမှ ရွှီကျားနီကဲ့သို့ သူတို့အားကယ်တင်ခဲ့သည့်သူများအတွက် အန္တရာယ်မများခဲ့ကြသည် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူတို့တွင် စိတ်ကူးတချို့တော့ ရှိကောင်းရှိနိုင်လေသည်။ အဆုံး၌ သူတို့သည် ၎င်းတို့အားကယ်တင်ခဲ့အချိန်က သူတို့အား အကြာကြီးခေါ်ထားမည်မဟုတ်ကြောင်းပြောခဲ့လေသည်။ သူတို့ တခြားအဖွဲ့နှင့်တွေ့သည့်အခါတွင် သူတို့အား ထိုအဖွဲ့ကို လွှဲပေးလိုက်မည်ဖြစ်လေသည်။

သို့သော်လည်း သူတို့ ကယ်တင်ခြင်းခံရသည့် နှစ်ရက်သည် ဤအမျိုးသမီးများအတွက် ကမ္ဘာပျက်ကပ်အတွင်း အကောင်းဆုံးနေ့များဖြစ်သည်။ သူတို့သည် ဤအဖွဲ့၏ အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားများနှင့် သူတျု့ပြသခဲ့သော စေတနာကိုမြင်ခဲ့ကြရပြီးနောက် သူတို့အား ဤကဲ့သို့ ထွက်ခွာရန် ဆန္ဒမရှိဖြစ်စေခဲ့လေသည်။

သို့သော် မနေ့ညပြီးနောက် သူတို့အားလုံးသည် ထိုသတိထားသည့်အတွေးကို စိတ်နှလုံးအောက်ခြေသို့  ပြန်ထည့်လိုက်ကြပြီး မည်ကဲ့သို့ ကျေနပ်ရောင့်ရဲရမလဲဆိုသည်ကို သတိရလာခဲ့ကြလေသည်။

နောက်နှစ်ရက်အကြာတွင် ထိုမိန်းကလေးများသည် အလွန်သက်တောင့်သက်သာဖြစ်လာကြပြီး ကာယခွန်အားများ အနည်းငယ်ပြန်ကောင်းလာပြီးနောက် သူတို့သည် သန့်ရှင်းရန်၊ ဟင်းချက်ရာတွင် ကူညီပေးရန်နှင့် စသဖြင့်လုပ်ပေးချင်ခဲ့ကြသော်လည်း ကျန့်ယွင်ထံမှ ပြန်သွားဖို့ အကြံပေးခြင်း ခံလိုက်ကြရလေသည်။

သူတို့အား မည်သည့်တွန်းအားပေးခြင်းမျိုးမရှိခဲ့ချေ။ သူတို့သည် သူတို့အားအနားယူစေချင်သည်ဟု ပြောခဲ့သော်လည်း ရိုးရိုးတန်းတန်းပင် သူတို့အားမယုံနိုင်သေးခြင်းသာဖြစ်လေသည်။

နောက်တစ်ရက်ကြာပြီးနောက် သူတို့သည် ဝမ်ချန်းစစ်တပ်ကို အဝေးပြေးလမ်းမကြီးပေါ်တွင် တွေ့ဆုံခဲ့ကြသည်။ ဝမ်ချန်းစစ်တပ်သည် သူတို့နောက်သို့လိုက်လိုသော အသက်ရှင်ကျန်ရစ်သူများကို သူတို့နှင့်အတူ တောင်ပိုင်ယအခြေစိုက်စခန်းသို့ ခေါ်ဆောင်သွားခဲ့လေသည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် သူတို့တောင်ပိုင်းသို့သွားသည့်အချိန်တွင် လုမိသားစုအပါအ၀င် ထရပ်ကားအစီးရေ 30 ကျော်နှင့် ကိုယ်ပိုင်ကားအမြောက်အမြားနှင့် လူပေါင်း 1500 ကျော်ပါလေသည်။

၀မ်ချန်းအခြေစိုက်စခန်းကိုမူ ၀မ်မိသားစုနှင့် ဟုန်မိသားစုဆီ ထားခဲ့ကြလေသည်။ သူတို့ လိုချင်တာမှန်သမျှ လုပ်နိုင်လေသည်။

၀မ်ရွှီရုန်၏ ပံ့ပိုးကူညီမှုမရှိဘဲ ၀မ်မိသားစုသည် တဖြည်းဖြည်း အားနည်းလာခဲ့လေသည်။ ထုံးစံအတိုင်း ဟုန်မိသားစုသည် လုမိသားစုနှင့် အခြေစိုက်စခန်း၏မြို့စောင့်တပ်ကို အနိုင်မယူနိုင်ချေ။ ထို့ကြောင့် သူတို့ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ကြသောအခါတွင် သူတို့သည် သူတို့အားတားဆီးခြင်းမရှိခဲ့ပေ။

လွှဲပြောင်းပေးအပ်မှုသည် အလွန်ချောမွေ့လွန်းလှသည်။ ကျန့်ယွင်သည် ၀မ်ချန်းမြို့စောင့်တပ်ခေါင်းဆောင်များနှင့် စကားအနည်းငယ်ပြောပြီး မိန်းကလေးခြောက်ယောက်ကို သူတို့ထံပေးအပ်ခဲ့သည်။

ကျန့်ယွင်နှင့် အခြားသူတို့သည် လမ်းအတိုင်းဆက်သွားကြကာ မြို့တော်အခြေစိုက်စခန်းဆီသို့ အ‌ပြေးအလွှားခရီးဆက်ကြလေသည်။

ကားထဲတွင် အပြင်လူမရှိသဖြင့် နောက်ဆုံး၌ လူတိုင်း ပုန်းနေစရာမလိုတော့ချေ။ နေ့ခင်းဘက်တွင် လူတိုင်းသည် စုရွေ့ကျယ်၏နေရာလွတ်ထဲသို့ အသုတ်လိုက်ဝင်သွားကြပြီး စိုက်ပျိုးထားသော ဆန်စပါးနှင့် ဟင်းသီးဟင်းရွက်များကို ရိတ်သိမ်းပြီး ဆန်အသစ်အဖြစ်သတ်မှတ်ကာ ဆန်အိတ်များထဲတွင် ထုပ်ပိုးထားကြလေသည်။ သူတို့သည် လမ်းပေါ်တွင် တစ်လခွဲပြည့်သွားပြီဖ်ြစလေသည်။

သူတို့သည် ကီလိုဂရမ် တစ်သောင်းကျော် ပမာဏရှိသော ကောက်ပဲသီးနှံ နှင့် အသီးအနှံနှင့် သစ်သီး၀လံ နှစ်သုတ်စုဆောင်းထားခဲ့ကြ‌လေသည်။ ဝါဂွမ်း ကီလိုဂရမ်ပေါင်း 6,000ကိုလည်း ရရှိထားလေသည်။ ၎င်းသည် ဝါဂွမ်းခံချည်သားအ၀တ်အစားများ နှင့် ဘောင်းဘီများအဖြစ် ပြုလုပ်မည်ဆိုပါက အစုံပေါင်း 10000 ကျော် ရရှိသင့်သည်။

မြို့တော်အခြေစိုက်စခန်းတွင်လည်း ၎င်းတို့ကိုယ်ပိုင် မြေဆီလွှာမဲ့ စိုက်ပျိုးရေးစင်တာနှင့် ဖန်လုံအိမ်ရှိသော်လည်း စိုက်ပျိုးမှုအမြန်နှုန်းသည် စုရွေ့ကျယ်၏နေရာလွတ်လောက်မမြန်ပါချေ။ အဆိုပါပစ္စည်းများသည် ဤခက်ခဲသောကာလထဲတွင် မြို့တော်အခြေစိုက်အား ရှင်သန်ရန်အခွင့်ပေးမည်ဖြစ်သည်။

နောက်ဆုံး၌ 16ရက်မြောက်နံနက်တွင် သူတို့သည် အဝေးပြေးလမ်းမကြီးပေါ်တွင် မြို့တော်၏ လမ်းညွှန်ဆိုင်းဘုတ်ကို တွေ့လိုက်ကြပြီး စုရွေ့ကျယ်သည် နေရာလွတ်အတွင်းရှိ အဆင်သင့်ရှိသော ရိက္ခာပစ္စည်းများအားလုံးကို နှင်းခရူဇာ၏ ခေါင်မိုးပေါ်သို့ လွှဲပြောင်းခဲ့သည်။

နှင်းခရူဇာ၏ခေါင်မိုးသည် လေးလံသောဝန်များကိုသယ်ဆောင်ရန် ဒီဇိုင်းထုတ်ထားလေသည်။ ၎င်းသည် လေးလံသောကုန်ပစ္စည်းများကိုသယ်ဆောင်နိုင်သည့် တင်ချသည့်စက်များနှင့် လေးလံသောသံမဏီပြားများတပ်ဆင်ထားပြီး လေးလံသောပစ္စည်းများကိုသယ်နိုင်လေသည်။ ၎င်းသည် ဤကယ်ဆယ်ရေးပစ္စည်းများအသုတ်ကိုနေရာချထားရန်သင့်‌လျော်ပြီး ထို့နောက် ၎င်းတို့အား ရေစိုခံအဝတ်ဖြင့်ဖုံးအုပ် ၎င်းတို့အားကာကွယ်ထားနိုင်လေသည်။

အဖွဲ့သည် မြို့တော်ထဲသို့ မကြာမီ ၀င်ရောက်လာခဲ့ကြသည်။ ပြန့်ကျဲနေသော ဖုတ်ကောင်များ လှိုင်းအနည်းငယ်သာ တွေ့ခဲ့ကြသည်။ ရံဖန်ရံခါ၌ လမ်းပေါ်တွင် အချို့သောဖုတ်ကောင်များကို တွေ့နိုင်သည်။ ဆိုလိုသည်မှာ တစ်စုံတစ်ယောက်သည် အပြင်ဘက်တွင် ဖုတ်ကောင်များကို ရှင်းလင်းရေး လုပ်နေခြင်းဖြစ်သည်။

တောင်ပိုင်းအခြေစိုက်စခန်းတွင်လည်း အလားတူပင်။ နေ့တိုင်း အခြေစိုက်စခန်းတစ်ဝိုက်ရှိ ဖုတ်ကောင်များကို ရှင်းလင်းရန် မြို့စောင့်တပ်များကို စေလွှတ်လိုက်မည်ဖြစ်သည်။ သို့မဟုတ်ပါက ဖုတ်ကောင်များ တစ်ကြိမ်စုဝေးပြီးသည်နှင့် ဖုတ်ကောင်ဒီရေတက်ရန် လွယ်ကူပြီး ၎င်းတို့အားဖယ်ရှားရန် အခက်အခဲရှိလာမည်ဖြစ်သည်။

သူတို့သည် မြေပုံအတိုင်း မြို့တော်အခြေစိုက်စခန်းဆီသို့ မောင်းနှင်လာခဲ့ကြသည်။ စီးပွားရေးလမ်းပေါ်မှဖြတ်လာကြစဉ် သူတို့သည် ဖုတ်ကောင်များ၏ အော်ဟောက်သံများနှင့် သေနတ်သံများကို ကြားလိုက်ကြရသည်။

ထို့နောက် ဖန်စီအဝတ်အစားများ ၀တ်ဆင်ထားသော လူငယ်တစ်တွဲသည် သူတို့၏ ဦးတည်ရာသို့ လျင်မြန်စွာ ရောက်ရှိလာသည်ကို တွေ့လိုက်ကြရသည်။ သူတို့လက်ထဲတွင် သေနတ်များ ကိုင်ဆောင်ထားကြသည်။

သူတို့ ထွက်ပြေးသွားကြခြင်းဖြစ်သော်လည်း သူတို့နောက်မှ ဖုတ်ကောင်များကို ပစ်ခတ်ရင်း၊ ပြေးလွှားရင်းနှင့် တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပြီး ပူးပေါင်းလုပ်ဆောင်ခဲ့ကြလေသည်။

ဤသို့သောအခြေအနေမျိုးတွင် ရပ်တန့်၍မဖြစ်နိုင်ချေ။ နှင်းခရူဇာသည် ချက်ချင်းပင် အရှိန်မြှင့်စက်ကို အမြန်နင်းပြီး ဖုတ်ကောင်မျအပေါ်ကို ပြေးတက်သွားကာ ကြိတ်ချေလှိမ့်လိုက်လေသည်။ မျပြားလှသောရိက္ခာပစ္စည်းများ၏ ၀န်ကိုမဆိုထားနှင့် နှင်းခရူဇာသည်အလွန်လေးလံကာ ဖုတ်ကောင်များကို အသားကိတ်များအဖြစ် တိုက်ရိုက်ဖိလုနီးပါး‌ဖြစ်သွားစေသည်။

“ကျေးဇူးတင်ပါတယ်...‌ ကျေးဇူးတင်ပါတယ်”

လူငယ်လေးများသည် အသက်ပြင်းပြင်းရှုလိုက်ကြကာ ကားတံခါးကို လာခေါက်ကြပြီး သူတို့အား ကျေးဇူးတင်ကြောင်း ဖော်ပြကြလေသည်။

“ကြိုဆိုပါတယ်”

ကျန့်ယွင်သည် ထိုလူများကို စေ့စေ့စပ်စပ်ကြည့်လိုက်၏။ သူတို့အား ကားပေါ်တက်ဖို့ ဖိတ်ခေါ်သင့်မသင့် တွေးတောနေသည့်ပုံရလေသည်။

“မင်္ဂလာပါ။ ကျွန်တော်တို့က မြို့တော်အခြေစိုက် စခန်းအမှတ် 7132 က တပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ကားမှောက်သွားပြီး အဖွဲ့သားအများအပြား ဒဏ်ရာရခဲ့လို့ပါ။ ခင်ဗျားတို့မှာ ဆေးဝါးများ ရှိပါသလား ခင်ဗျား? ”

လူငယ်လေးသည် ခေါင်းကိုအလေးပြုကာ စိတ်အားထက်သန်စွာ မေးလာလေသည်။

ကျန့်ယွင်သည် မတိုင်ခင်က သူတို့ထွက်ပြေးကြသည်ကို တွေ့ကတည်းက သူတို့၏ ပူးပေါင်းတိုက်ပွဲဝင်သည့်အမူအကျင့်ကြောင့် သူတို့သည်လေ့ကျင့်ခံထားရသည်ကိုတွေ့နိုင်သည်။ လူငယ်လေးသည် အလေးပြုပြီး သူတို့၏အထောက်အထားကိုအတည်ပြုရန် အဖွဲ့အရေအတွက်ကိုအစီရင်ခံလာသည်ကို တွေ့လိုက်ရလေသည်။

“ဒါပေါ့! မင်းတို့ ကားပေါ်အရင်တက်ပြီး ငါတို့ မင်းတို့ရဲ့ကျန်နေတဲ့အဖွဲ့သားတွေဆီကို ကားကိုတိုက်ရိုက်မောင်းသွားမယ်!”

ကျန့်ယွင်သည် သူ့အစောင့်အကြပ်ကိုချလိုက်ပြီး သူတို့အား ကားထဲသို့ခေါ်သွင်းလိုက်သည်။

လူများက ကားထဲသို့၀င်လာကြကာ လှည့်ပတ်ကြည့်ရှုခြင်းမရှိဘဲ သပ်သပ်ရပ်ရပ် ထိုင်နေကြရုံလေသည်။ ကျန့်ယွင်သည် လူငယ်လေးကို ရှေ့ထိုင်ခုံသို့ခေါ်ကာ ဒဏ်ရာရနေသောအဖွဲ့သားများကို သွားခေါ်ရန် သူ့လမ်းညွှန်သည့်အတိုင်းလိုက်သွားခဲ့လေသည်။

လူငယ်၏ပါးစပ်မှ လူငယ်၏အမည်မှာ ယန်ဖန် ဖြစ်ကြောင်းသူတို့သိခဲ့ရသည်။ သူသည် တပ်ကြပ်ကြီးတစ်ဦးဖြစ်သည်။ အေးခဲသောရာသီဥတုကြောင့် အခြေစိုက်စခန်းမှအသက်ရှင်ကျန်ရစ်သူများသည် နွေးထွေးသည့်အ၀တ်အထည်များအလွန်အမင်းပြတ်လပ်နေသဖြင့် ထိုပစ္စည်းများကိုစုဆောင်းရန် အဖွဲ့တစ်ဖွဲ့စေလွှတ်လိုက်ခြင်းဖြစ်လေသည်။ သူတို့ဝတ်ထားသည်များမှာ ဆိုင်ထဲမှပေါ့ပေါ့ပါးပါးကောက်ယူထားကြခြင်းဖြစ်သည်မို့ ဤကဲ့သို့ ဝတ်ထားကြခြင်းဖြစ်လေသည်။

သူတို့လည်း ကံမကောင်းခဲ့ချေ။ သူတို့သည် ဆင့်ကဲပြောင်းလဲလာသည့် ဖုတ်ကောင်တစ်ကောင်ထံ ပြေးဝင်သွားပြီး သူတို့ကားကို တိုက်ရိုက်ထိသွားကြလေသည်။ သူတို့သည် တိုက်ခိုက်ကြပြီး နောက်ဆုံး၌ ဆင့်ကဲပြောင်းလဲလာသည့်ဖုတ်ကောင်ကို သတ်ပစ်ခဲ့ကြသည်။ သို့သော်လည်း ရှေ့တန်းမှာရှိသည့် ရဲဘော်နှစ်ဦးသည် ဒဏ်ရာအပြင်းအထန်ရခဲ့ကြလေသည်။ သူတို့သည် အနီးနားတွင် ဆိုင်တစ်ဆိုင်ကိုရှာတွေ့ခဲ့ကြပြီး သူတို့အား ဂိုထောင်ထဲတွင်ဝှက်ထားခဲ့ပြီး သံဗီရိုများနှင့် ပိတ်ဆို့ပြီးနောက် သူတို့အားကယ်ဆယ်မည့်သူရှာဖို့ သို့မဟုတ် ကားအသစ်တစ်စ်စီးကိုရှာဖို့ ထွက်လာခဲ့ကြလေသည်။

ရလဒ်အနေနှင့် ကားသာမက ကယ်ဆယ်ရေးအဖွဲ့ကို ပင် မတွေ့ခဲ့ရချေ။ ထိုအစား ဖုတ်ကောင်များ၏ လိုက်ဖမ်းခြင်းကို ခံခဲ့ရလေသည်။ ကံကောင်းထောက်မစွာနှင့် နောက်ဆုံးမှာတော့ သူတို့သည် ကျန့်ယွင်တို့နှင့် ဆုံခဲ့ကြရလေသည်.....

🍒🍒


My Cherry Will Explode in the Apocalypse

Chapter 108《 ေႁမြေပြးခါးပိုက္ ပိုက္-၂

Author: Drunken Light Song
Source: Jostena M
Translator: オタク

ေရာက္လာသူမွာ က်န႔္ယြင္ျဖစ္ေလ၏။ သူအိပ္မေပ်ာ္ေသာေၾကာင့္ သူ႕ခ်စ္သူငယ္ေလးႏွင့္ စကားစျမည္ေျပာဖို႔ ထြက္လာခဲ့ျခင္းျဖစ္ေလေသာ္လည္း သူ႕ကိုရွာမေတြ႕ခဲ့ေခ်။ မီးဖိုေခ်ာင္ထဲတြင္ လႈပ္ရွားသံၾကားလိုက္ခ်ိန္ သူလာၾကည့္လိုက္ေလသည္။ မထင္မွတ္ပဲ ဤျမင္ကြင္းမ်ိဳးကို ေတြ႕လိုက္ရသည္!

သို႔ေသာ္ သူ႕ေနာက္ကြယ္တြင္ စုေ႐ြ႕က်ယ္ တစ္ခုခုလုပ္ေနသည္ဟု မေတြးခဲ့ပါေခ်။ သူ႕ေဒါသသည္  အေၾကာင္းျပခ်က္မရွိဘဲ စုေ႐ြ႕က်ယ္အား ႏွောင့္ယွက္ေနသည့္ ထိုအမ်ိဳးသမီးကို ရည္ၫႊန္းေလ၏။ ေရွာင္က်ယ့္တစ္ကိုယ္လုံး အေနာက္ဘက္ကိုယိုင္ေနတာကို သူမ မျမင္ဘူးလား?

က်န႔္ယြင္၏အသြင္အျပင္ကိုျမင္ၿပီး စုေ႐ြ႕က်ယ္သည္ ႏူးညံ့သိမ္ေမြ႕မႈကို ဂ႐ုမစိုက္ေတာ့ဘဲ သူ႕အားရစ္ပတ္ေနေသာ အမ်ိဳးသမီးကို ခ်က္ျခင္းဖယ္ထုတ္လိုက္ေလသည္။ မီးဖိုေခ်ာင္သည္ အလြန္ေသးငယ္လြန္းသည္မဟုတ္ပါက သူသည္ ပို၍ပင္ ခုန္ထြက္သြားနိုင္ေပလိမ့္မည္။ သို႔ေသာ္ ယခုမူ သူ႕ေနာက္သို႔ ေျခလွမ္းသုံးလွမ္းကပင္ ႐ႊီက်ားနီကို အရွက္ရေလာက္ေစေလသည္။

“မင္းဘာလုပ္ခ်င္ေနတာလဲကြ?!”

က်န႔္ယြင္သည္ သူတို႔ႏွစ္ေယာက္ၾကားသို႔ ေျပးလာၿပီး သူ႕အရပ္ျမင့္ျမင့္ႏွင့္ စုေ႐ြ႕က်ယ္ကို သူ႕ေနာက္သို႔ တိုက္ရိုက္ပိတ္ဆို႔လိုက္ေလသည္။

“ကြၽန္မ...ကြၽန္မ....”

႐ႊီက်ားနီသည္ သူမ၏ေအာက္ႏႈတ္ခမ္းကို ကိုက္လိုက္ၿပီး ေခါင္းငုံ႕ကာ စတင္ငိုယိုပါေလေတာ့သည္။

ထိုအခ်ိန္တြင္ အေနာက္ဘက္ရွိ သိုေလွာင္ခန္းတြင္ အနားယူေနၾကေသာ လူမ်ားသည္လည္း လႈပ္ရွားမႈကိုၾကားၿပီး တေယာက္ၿပီးတေယာက္ ထြက္လာၾကေလသည္။ က်န႔္ယြင္ႏွင့္စုေ႐ြ႕က်ယ္တို႔သည္ ကိုယ္လုံးတီးမိန္းကေလးႏွင့္ ထိပ္တိုက္ေတြ႕ေနၾကသည္ကို ျမင္လိုက္ၾကရေသာအခါ သူတို႔အားလုံး ထိတ္လန႔္သြားၾကေလသည္။

ေနာက္ဆုံး၌ ႐ႊီက်ားနီသည္ ရွက္စိတ္အနည္းငယ္ရွိသြားၿပီးေနာက္ ၾကမ္းျပင္ေပၚရွိညအိပ္၀တ္အကၤ်ီကို အျမန္ေကာက္လိုက္ၿပီး သူမခႏၶာကိုယ္အေနာက္ဘက္သို႔ ၿခဳံလိုက္ကာ ဒူးကိုလက္ျဖင့္ပိုက္ၿပီး ၾကမ္းျပင္ေပၚထိုင္ခ်လိဳက္ကာ မ်က္ရည္မ်ားပို၍ စီးက်လာေလသည္။ သူတို႔ႏွစ္ဦးသည္ သူမအား တစ္ခုခုလုပ္မိသြားသည္ဟုပင္ ထင္လာၾကလိမ့္မည္ျဖစ္သည္။

“ဒါ၊ ဒါက..ဘာျဖစ္တာလဲ?”

ဟန္လဲ့သည္ ေကာင္မေလး၏ ကိုယ္လုံးတီးကိုယ္ထည္ကို ပထမဆုံးအႀကိမ္ေတြ႕လိုက္ရေသာအခါ ရွက္႐ြံ႕ေသာမ်က္ႏွာျဖင့္ ေမးလိုက္သည္။

“လာ၊ ဘာေတြျဖစ္ေနတာလဲ ငါ့ကိုေျပာစမ္းပါဦး”

က်န႔္ယြင္သည္ စုေ႐ြ႕က်ယ္ကို သူ႕အေနာက္မွဆြဲထုတ္လိုက္ၿပီး သူ႕လက္ေခ်ာင္းေလးမ်ားကို ျပင္းျပင္းထန္ထန္ ဖိညွစ္လိုက္ေလသည္။

စုေ႐ြ႕က်ယ္၏မ်က္ႏွာမွာလည္း အနည္းငယ္ရွက္႐ြံ႕ေနပုံရၿပီး ျဖစ္ပ်က္ခဲ့သည့္အေၾကာင္းကို ရိုးရိုးရွင္းရွင္းေျပာလိုက္သည္။

တကယ္တမ္း သူဤအေၾကာင္းကို အမ်ားႀကီးမေတြးထားပါေခ်။ ႐ႊီက်ားနီ၏ ကမၻာပ်က္ကပ္အေတာတြင္း အေတြ႕အႀကဳံသည္ သူမအားႏွိုးဆြမႈမ်ား အမ်ားႀကီးယူေဆာင္လာျခင္းျဖစ္နိုင္လိမ့္မည္ဟုသာ သူထင္ခဲ့သည္။ တစ္ခ်ိဳ႕လူမ်ားကသာ သူမအား နည္းနည္းပိုေကာင္းေအာင္ ဆက္ဆံခဲ့ပါက သူမအနည္းငယ္ ရႈပ္ေထြးလိမ့္မည္ျဖစ္ကာ သူ႕ေက်းဇူးကို ဘယ္လိုေဖာ္ျပရမလဲဆိုသည္ကို သူမမသိနိုင္ခဲ့ေခ်။

သို႔ေသာ္ စုန႔္ခ်န္ရႈသည္ ထိုသို႔ မထင္ခဲ့ပါေခ်။ သူသည္ သိမ္ေမြ႕သည့္မ်က္ႏွာႏွင့္ ႐ႊီက်ားနီဆီသို႔ ေလွ်ာက္သြားၿပီး ေလးနက္ေသာအသံျဖင့္ ေမးလာ၏။

“႐ႊီမိန္းမကေလး၊ မင္းက ေရွာင္က်ယ္နဲ႕ ဆက္ဆံေရး တစ္ခုကို တကယ္လိုခ်င္တာလား?”

“ကြၽန္မ...ကြၽန္မ....”

႐ႊီက်ားနီ၏ မ်က္လုံးမ်ားသည္ ႐ုတ္တရက္ ေတာက္ပလာေလသည္။

“ဘာကိစၥလဲ? ”

က်န႔္ယြင္၏ ျပင္းထန္မႈသည္ အဘယ္နည္း? ႐ုတ္တရက္ တစ္ခုခုမွားယြင္းေနသည္ကို ေတြ႕ၿပီး စုန႔္ခ်န္ရႈကို မ်က္ေမွာင္ၾကဳတ္ၾကည့္လိုက္သည္။

စုန႔္ခ်န္ရႈသည္ သက္ျပင္းခ်လိဳက္ၿပီး

“သူတို႔ကို ႐ြာကေန ကယ္ထုတ္ၿပီးတဲ့ေနာက္ ငါ သူတို႔ တစ္ေယာက္ခ်င္းစီကို ေစ့ေစ့စပ္စပ္ ကုသမႈ ေပးခဲ့တယ္။ ၿပီးေတာ့ ႐ႊီမိန္းကေလးမွာ ျပန္ရည္အိတ္( lymph nodes)ေတြေရာင္ရမ္းတာ၊ အဖ်ားတခ်ိဳ႕ရွိတာ၊ ပါးစပ္ထဲမွာ ထင္ရွားတဲ့ ပန္းေရာင္ အစက္အေျပာက္ရွိတာနဲ႕ သူမ လည္ေခ်ာင္းမွာ အျဖဴအျမႇေးပါးေတြ ရွိတာကိုေတြ႕ခဲ့ရတယ္....”

“အဓိကအခ်က္ကိုေျပာစမ္းပါ!”

က်န႔္ယြင္သည္ စိတ္မရွည္စြာေျပာလိုက္သည္။

“သူမရဲ႕ အေျခအေနက AIDS ျဖစ္တဲ့ ျပင္းထန္တဲ့ HIV ကူးစက္မႈလကၡဏာေတြနဲ႕ ကိုက္ညီေနတယ္”

“ဘာ? ”

လူတိုင္းသည္ ထိတ္လန႔္အံ့ဩသြားၾကေလ၏။

“ေဒါက္တာစုန႔္!”

႐ႊီက်ားနီသည္ ျဖဴဖပ္ျဖဴေရာ္မ်က္ႏွာႏွင့္ သူ႕အား အသနားခံေသာမ်က္လုံးမ်ားျဖင့္ ၾကည့္ေနေလသည္။

“ဒီကိစၥကို... ငါ ႐ႊီမိန္းကေလးကို ေျပာထားခဲ့ၿပီးသား”

စုန႔္ခ်န္ရွာသည္ ၾကင္နာတတ္သည့္ႏွလုံးသားရွိသည့္ ဆရာဝန္တစ္ေယာက္ျဖစ္ၿပီး သူသည္ မေကာင္းသည့္လူတစ္ေယာက္မဟုတ္ဟု ေျပာနိုင္ေသာ္လည္း သူသည္ မေဖာ္ေ႐ြျခင္းေၾကာင့္ လူသိမ်ားခဲ့ေလသည္။ ႐ႊီက်ားနီသည္ သူမတြင္ AIDS ေရာဂါရွိသည္ဆိုသည္ကို သိထားေၾကာင္း သူသိသည္။ ယခုလို အေျခအေနမ်ိဳးတြင္ သူမသည္ စုေ႐ြ႕က်ယ္ႏွင့္ အနီးကပ္ ထိေတြ႕ခြင့္ရရန္ တက္ႂကြစြာလိုခ်င္ေနသျဖင့္ ၎သည္ အလြန္ေလးနက္ေလကာ သူသည္ သူမအတြက္ ထိုအေၾကာင္းကို သူဘယ္ေတာ့မွဖုံးကြယ္ထားေပးလိမ့္မည္မဟုတ္ပါေခ်။

ထိုအေၾကာင္းကိုၾကားၿပီး စုေ႐ြ႕က်ယ္သည္လည္း မယုံနိုင္ေလာက္သည့္ အမူအရာအေပၚလာေလသည္။ ႐ႊီက်ားနီသည္ သူ႕ေက်းဇူးကို ျပန္ေပးဆပ္ဖို႔ ႀကိဳးစားေနသည္ဟု သူထင္ခဲ့သည္။ သို႔ေသာ္ သူမတြင္ တျခားရည္႐ြယ္ခ်က္ရွိေနမည္ဟု မေမွ်ာ္လင့္ထားပါေခ်....

AIDS သည္ ကမၻာပ်က္ကပ္မတိုင္မီကပင္ ကုသ၍မရေသာေရာဂါျဖစ္ၿပီး ကမၻာပ်က္ကပ္အေတာအတြင္း ေဆးဝါးျပတ္လပ္ၿပီးေနာက္တြင္ ပို၍ပင္ေသဆုံးေစနိုင္လိမ့္ေပမည္။

႐ႊီက်ားနီလႈပ္ရွားမႈသည္ အမွန္တကယ္ကို လူသတ္မႈႏွင့္မျခားပါေခ်။

က်န႔္ယြင္သည္ ယခုေလးတင္ စုေ႐ြ႕က်ယ္အား အတင္းအက်ပ္နမ္းရန္ ႐ႊီက်ားနီ၏ႀကိဳးပမ္းမႈအားေတြးမိလိုက္ေသာအခါ လုံး၀ေအးခဲသြားေလ၏။  နမ္းျခင္းသည္ AIDSမကူးစက္ေၾကာင္း တီဗီတြင္ ေျပာခဲ့ေသာ္လည္း ႐ႊီက်ားနီ၏ပါးစပ္မွ ေသြးထြက္လွ်င္ မည္ကဲ့သို႔ ျဖစ္မည္နည္း?

“ေခြးမ! မင္းဘာလို႔ဒီလိုလုပ္ရတာလဲကြ ?!  ”

က်န႔္ယြင္သည္ ႐ႊီက်ားနီ ထိတ္လန႔္တၾကားႏွင့္ ၾကမ္းေပၚမွ ဆြဲလိုက္ၿပီး ေဒါသတႀကီးပါးရိုက္လိုက္ေလသည္။

က်န႔္ယြင္သည္ ယေန႕ေခတ္ႏွင့္ေန႕ရက္မ်ားတြင္ အမ်ိဳးသမီးတစ္ဦးကို ဘယ္တုန္းကမွ မရိုက္ႏွက္ဖူးခဲ့ပါေခ်။ သို႔ေသာ္ ယခုအခ်ိန္တြင္မူ သူသည္ အလြန္ေဒါသပုံထေနကာ သူ႕ႏွလုံးသားထဲမွေဒါသကို လုံး၀သည္းမခံနိုင္ေတာ့ေခ်။ သူ႕ခ်စ္သူေလးသည္ ဆန႔္က်င္ရန္ႀကံစည္ျခင္းခံခဲ့ရေလသည္။ သူသာ သည္းခံနိုင္မယ္ဆို သူေယာက္်ားမဟုတ္ေတာ့ဘူး!

မေမွ်ာ္လင့္စြာျဖင့္ ႐ႊီက်ားနီသည္ အရိုက္ခံရၿပီးေနာက္ သူမသည္ ႐ူးသြပ္စြာ ရယ္ေမာလိုက္သည္။

“ဟားဟားဟား...ဘာလို႔လဲ?”

႐ႊီက်ားနီသည္ ၿပဳံးလိုက္ၿပီး ႐ုတ္တရက္ မ်က္ႏွာပ်က္သြားကာ

“အဲ့ဒါ အားလုံး သူ႕အမွားပဲ! သူ႕ေၾကာင့္သာမဟုတ္ရင္! ငါ အခုလိုျဖစ္ေနမွာ မဟုတ္ဘူး! သူ႕ေၾကာင့္သာမဟုတ္ရင္ ငါ့အေဖသာ ေသမွာမဟုတ္ဘူး၊ ငါ ေတာင္ပိုင္းအေျခစိုက္စခန္းက ထြက္သြားရမွာမဟုတ္ဘဲ ငါ အခုလို‌ေနရာမွာေရာက္ေနမွာ မဟုတ္ဘူး! ”

“ငါဘာလုပ္လို႔လဲ..?”

စုေ႐ြ႕က်ယ္သည္ စိတ္ရႈပ္သြားရ၏။ သူဘာေတြလုပ္ခဲ့သလဲဆိုသည္ကို သူမသိပါေခ်။

အျခားသူမ်ားလည္း မ်က္ေမွာင္ၾကဳတ္လိုက္ၾကသည္။ စုေ႐ြ႕က်ယ္သည္ အျခားသူမ်ားကို ဒုကၡေပးလိမ့္မည္ဟု သူတို႔မယုံၾကည္ခဲ့ၾကေခ်။ လတ္တေလာတင္မွ အဖြဲ႕တြင္ပါဝင္ခဲ့ေသာ ေက်ာက္ပင္းႏွင့္ဟန္လဲ့တို႔ပင္လွ်င္ စုေ႐ြ႕က်ယ္သည္ ေပ်ာ့ညံ့ေသာအမ်ိဳးသမီးတစ္ဦးကို တိုက္ခိုက္လိမ့္မည့္လူအမ်ိဳးအစားမဟုတ္ေၾကာင္း ေသခ်ာေပါက္သိေလသည္။ နားလည္မႈလြဲျခင္း တခ်ိဳ႕ရွိကိုရွိရေပမည္။

“နင္ ဘာလုပ္ခဲ့တာလဲ.... နင္ဘာလို႔ မလုပ္ခဲ့တာလဲလို႔ေမးသင့္တယ္! ငါ့ အေဖက က်န္းမာေရးမေကာင္းတဲ့အျပင္ အုတ္ဖုတ္ခိုင္းဖို႔အလုပ္လုပ္ရတယ္။ သူ ပင္ပန္းၿပီး ေနမေကာင္းျဖစ္ေနတယ္။ ငါ ေန႕တိုင္းဆာေလာင္ေနခဲ့ရတယ္ ဒါေပမယ့္ နင္က ဒီလူေတြအဖြဲ႕နဲ႕ ေန႕တိုင္းလိုက္သြားတယ္။ နင္က ေကာင္းေကာင္းမြန္မြန္ေနေနရၿပီး! ငါ့ကိုဘာလို႔မကူညီခဲ့တာလဲ?! နင္ ငါ့ကိုဘာလို႔မသိခ်င္ေယာင္ေဆာင္ေနတာလဲ? နင္ အေျခစိုက္စခန္းကေန တိုက္ရိုက္ထြက္သြားခဲ့တယ္! ငါဒီေန႕လိုျဖစ္လာတာ အားလုံး နင့္အျပစ္ပဲ! ”

【TN : ဒီ Bitch 🤬】

ဤအမ်ိဳးသမီးသည္ ဒီေန႕ သူမေရာက္ေနသည့္ ေနရာ ဘာေၾကာင့္ ၿပိဳလဲသြားသည္ကိုၫႊန္ျပေနသည္ကို နားလည္လိုက္ၾကၾကသည္ႏွင့္ လူတိုင္း သေဘာေပါက္နိုင္ေလသည္။ ဒီလို ယုတၱိမဲ့လြန္းတဲ့ ခ်ိဳ႕ယြင္းခ်က္ကေတာ့ တကယ္ကိုစိတ္လႈပ္ရွားေနတာပဲ။

လူတိုင္းသည္ ဤမိန္းမ၏ အဓိပၸါယ္မဲ့ေသာစကားကို ထပ္နားမေထာင္ခ်င္ေတာ့ေခ်။ ေကာင္းမြန္ေသာစိတ္ထားရွိသည့္ ဝူက်င္းပင္လွ်င္ တိုက္ရိုက္သြားၿပီး ႐ႊီက်ားနီ၏မ်က္ႏွာကို ပါးရိုက္ရန္ပင္ သည္းမခံနိုင္ေတာ့ေခ်။ ႐ႊီက်ားနီသည္ လွည့္ပတ္ၾကည့္လိုက္ရာ လူတိုင္းသည္ သူမအား စာနာစိတ္အလွ်င္းမရွိဘဲ ေအးစက္စြာၾကည့္ေနၾကသည္ကို ေတြ႕လိုက္ရေလသည္။

သူမ ေျပာလိုက္သည္ကို ႐ုတ္တရက္ သေဘာေပါက္သြားၿပီး ကုစားခ်င္ေသာ္လည္း အလြန္ ေနာက္က်သြားၿပီျဖစ္သည္။

“က်န႔္ေကာ၊ ငါတို႔ သူမကို ဘာလုပ္ရမလဲ?”

က်န႔္ယြင္သည္ ႐ႊီက်ားနီကို ေအးစက္စြာၾကည့္လိုက္ကာ ေျပာလိုက္၏။

“သူမကို ဆင္းခိုင္းလိုက္”

“ေကာင္းၿပီ ”

က်န႔္ယြင္၏ ဆုံးျဖတ္ခ်က္ကို အမွန္တကယ္ပင္ မည္သူမွကန႔္ကြက္ျခင္း မရွိေခ်။

က်န႔္ယြင္သည္ ေဘးတံခါးကို တိုက္ရိုက္ဖြင့္လိုက္ၿပီးေနာက္ ႐ႊီက်ားနီအား ေျပာလိုက္၏။

❨မင္းကိုယ္တိုင္ ဆင္းမွာလား ဒါမွမဟုတ္ ငါမင္းကို  ေအာက္ကို လိုက္ပို႔ရမလား?”

“ရွင္ ဒီလိုမလုပ္နိုင္ဘူး!”

႐ႊီက်ားနီ၏မ်က္ႏွာသည္ ေအးစက္ေနသည့္ေလေၾကာင့္ ေအးခဲသြားၿပီး သူမ၏မ်က္ႏွာသည္ ျဖဴေဖ်ာ့သြားေလသည္။ အျပင္ဘက္၌ ေအးခဲေနၿပီး ႏွင္းမ်ားက်ေနကာ ညအခ်ိန္ႀကီးျဖစ္ေန၏။ သူမ ကားေပၚကဆင္းလိုက္သည္ႏွင့္ သူမ အသက္ရွင္ဖို႔လမ္းမရွိေတာ့ေခ်!

“ဘာလို႔မလုပ္နိုင္ရမွာလဲ?”

က်န႔္ယြင္ ေလွာင္ေျပာင္လိုက္၏။

“ ငါတို႔က မင္းအေဖမဟုတ္ဘူး။ မင္းကို ကယ္တင္တာက ၾကင္နာမႈေတြေၾကာင့္ပဲ။ ဒါေပမယ့္ တာ၀န္ပ်က္ကြက္တာမ်ိဳးမရွိခဲ့ဘူး။မင္းက ကယ္တင္ဖို႔ မထိုက္တန္ဘူးဆိုတာ သက္ေသျပခဲ့တာပဲ”

“ဒါ လူသတ္မႈပဲ....”

“ဟဟ”

က်န႔္ယြင္သည္ ဤအမ်ိဳးသမီး၏ဦးႏွောက္သည္ ပုံမွန္မဟုတ္ေတာ့ဘူးဟု တကယ္ထင္ေနၿပီး သူမႏွင့္ စကားမထပ္ေျပာခ်င္ေတာ့ေခ်။ သူသည္ သူမလက္ေမာင္းကို တိုက္ရိုက္ဆြဲကိုင္လိုက္ကာ ကားေပၚမွဆြဲခ်လိဳက္ၿပီး ႏွင္းေတာထဲသို႔ ပစ္ခ်လိဳက္ေလသည္။

႐ႊီက်ားနီသည္ ႏွင္းေတာထဲလဲက်သြားၿပီး အေအးဒဏ္ေၾကာင့္ တုန္ယင္သြားေလသည္။ ယခု သူမတကယ္ေၾကာက္ေနၿပီျဖစ္သည္။ သူမသည္ ထရပ္ရန္ ႐ုန္းကန္ၿပီး က်န႔္ယြင္၏ေျခသလုံးကို ေပြ႕ဖက္ကာ ထပ္ခါတလဲလဲ ေတာင္းပန္‌ေလ၏။

“ေတာင္းပန္ပါတယ္၊ ကြၽန္မ မွားသြားပါတယ္။ ကြၽန္မ တစ္ေဆတစ္ေကာင္လို ကိုယ့္ကိုယ္ကိုယ္ ခဏေလာက္ မထိန္းနိုင္ခဲ့လို႔ပါ။ ေက်းဇူးျပဳၿပီး ခြင့္လႊတ္ပါ၊ ကြၽန္မ ေတာင္းပန္ပါတယ္၊ ကြၽန္မေတာင္းပန္ပါတယ္...”

သို႔ေသာ္ သူမ ဘယ္ေလာက္ပဲ ေတာင္းပန္ခဲ့ပါေစ က်န႔္ယြင္၏ဆုံးျဖတ္ခ်က္ကို ေျပာင္းလဲရန္နည္းလမ္းမရွိပါေခ်။ သူသည္ သူမကို အၾကင္နာမဲ့စြာ ကန္ထုတ္လိုက္ၿပီး ကားဆီကို တည့္တည့္ေလွ်ာက္သြားခဲ့‌ေလသည္။

႐ႊီက်ားနီသည္ တစ္ဖန္ျပန္ထကာ ခ႐ုဇာကား၏ေဘးတံခါးႏွင့္ တိုက္မိၿပီးလဲက်သြားကာ ကားထဲသို႔ ေနာက္တစ္ႀကိမ္ျပန္ဝင္ခ်င္ခဲ့ေလသည္။ သို႔ေသာ္လည္း ခ်န္းခ်ီသည္ သူမေရွ႕တြင္တိုက္ရိုက္ေပၚလာၿပီး တံခါးကိုပိတ္လိုက္သည္ကိုသာ ျမင္လိုက္ရေလသည္။

“အား.... တံခါးဖြင့္! တံခါးဖြင့္!”

႐ႊီက်ားနီသည္ ျပင္းျပင္းထန္ထန္ ေအာ္ဟစ္လိုက္ေလသည္။

ထိုအခ်ိန္တြင္ က်န႔္ယြင္သည္ ေရွ႕ထိုင္ခုံသို႔ ေရာက္လာၿပီး က်န႔္က်ားဟယ္ကို လမ္းမွထြက္ခြာရန္ ေျပာလိုက္ၿပီး ခ႐ူဇာကို တိုက္ရိုက္စတင္ေမာင္းထြက္ခဲ့ေလသည္။

ႏွင္းခ႐ူဇာသည္ အေမွာင္ထဲတြင္ ခပ္တိုးတိုးေအာ္ျမည္သံကို ထုတ္လိုက္ၿပီး အဝတ္ပါးပါးေလးျဖင့္ ငိုယိုၿပီး ႏွင္းထဲတြင္လဲက်ေနသည့္ ႐ႊီက်ားနီကို ခ်န္ထားရစ္ခဲ့ေလသည္။

ကားထဲ၌ ထူးဆန္းသည့္တိတ္ဆိတ္မႈတစ္ခုရွိေနခဲ့သည္။ ႐ႊီက်ားနီသည္ သူမ၏လုပ္ရပ္အတြက္ တာဝန္ရွိသည္ဟု လူတိုင္းခံစားမိေသာ္လည္း သူတို႔ ႏွလုံးသားသည္ ေလးလံေနဆဲျဖစ္ေလသည္။

၎ကို ျမင္ၿပီး စုန႔္ခ်န္ရႈသည္ စုေ႐ြ႕က်ယ္၏ေခါင္းကို ပြတ္သပ္ၿပီး ေျပာလိုက္၏။

“အဲ့ဒါကို စိတ္ထဲထားမေနပါနဲ႕။ ေတာကႀကီးမားတဲ့အခါ ငွက္အမ်ိဳးအစားအားလုံးရွိေနလိမ့္မယ္။ မင္းအခု သူမကို ေကာင္းေကာင္းဆက္ဆံနိုင္လို႔ သူမက အဲ့ဒါကိုသိတတ္မယ္လို႔ ဆိုလိုတာမဟုတ္ဘူး။ ဒါက အဲ့လိုပါပဲကြာ”

လူတိုင္းသည္ ထိုသို႔ေတြးၿပီး တစ္ေယာက္ခ်င္းစီ စုေ႐ြက်ယ္ကို စကားအနည္းငယ္ႏွင့္ ႏွစ္သိမ့္ေပးၾကၿပီး အနားယူဖို႔ သိုေလွာင္ခန္းဆီသို႔ ျပန္သြားၾကေလသည္။ ဦးႏွောက္အနည္းငယ္ရွိသည့္ မည္သူမဆို စုေ႐ြ႕က်ယ္သည္ ႐ႊီက်ားနီတြင္ျဖစ္ခဲ့ျခင္းအတြက္ အျပစ္မရွိဘူးဆိုသည္ကို သိၾကေလသည္။ စုေ႐ြ႕က်ယ္ႏွင့္ ထိုေကာင္မေလးသည္ အတန္းေဖာ္မ်ားသာျဖစ္ၿပီး တစ္ေယာက္ႏွင့္တစ္ေယာက္အေပၚ ေလးေလးနက္နက္ အထင္အျမင္မရွိခဲ့ၾကေခ်။ တစ္ေယာက္ႏွင့္တစ္ေယာက္ အလြန္ရင္းႏွီးျခင္းမ်ိဳးမရွိဘဲ သူ႕ကိုဘာေၾကာင့္ကူညီသင့္တာလဲ?

ထို႔အျပင္ ေတာင္ပိုင္းအေျခစိုက္စခန္း၏ အေျခအေနမ်ားႏွင့္ဆို လက္ သို႔မဟုတ္ ေျခေထာက္မ်ား ကင္းမဲ့ၿပီး လႈပ္ရွားနိုင္စြမ္းမရွိသူမဟုတ္သည့္ မည္သူမဆို သူတို႔ကိုယ္သူတို႔ ေထာက္ပံ့ရန္ နည္းလမ္းတစ္ခုအၿမဲရွိလိမ့္မည္ျဖစ္သည္။ ႐ႊီက်ားနီကဲ့သို႔ ပစၥည္းမ်ားကိုလြယ္လြယ္ရခ်င္ၿပီး အလုပ္လုပ္ရန္မုန္းသည့္ အမ်ိဳးသမီးသည္ မည္သူကမွ တလိုတလား ေ႐ြးခ်ယ္လိမ့္မည္မဟုတ္သည့္လမ္းေၾကာင္ူကိုေ႐ြးခ်ယ္ခဲ့ျခင္းဖ့စ္ေလသည္။ ယေန႕ သူမေရာက္ေနသည့္ေနရာကို သူမက်ဆင္းသြားျခင္းမွာ အံ့ၾသစရာေတာ့ မဟုတ္ပါေခ်။

အထူးသျဖင့္ သူမတြင္ AIDS ေရာဂါခံစားေနရေၾကာင္း သိလိုက္ရၿပီးေနာက္ သူမတြင္ အႀကံဆိုးတစ္ခုရွိၿပီး စုေ႐ြ႕က်ယ္အားဖမ္းဆီးခ်ဳပ္ႏွောင္ထားခ်င္ေနေသးသည္။ ၎သည္ သူမ၏ေခါင္းထဲသို႔ ေသျခင္းတရားဆိုသည့္ စာေၾကာင္းတစ္ခုထည့္သြင္းထားၿပီးျဖစ္ေလသည္။ က်န႔္ယြင္သည္ ခ်က္ခ်င္း ေသနတ္ကိုဆြဲထုတ္ၿပီး သူမကို သတ္ပစ္လွ်င္ေတာင္ အျခားလူမ်ားသည္ သူ႕အား တားၾကလိမ့္မည္မဟုတ္ေခ်။

ကားသည္ မရပ္တန့္ခင္ ဆယ္ကီလိုမီတာအျပည့္ ေမာင္းလာျပန္‌ေလသည္။

“မင္းတို႔ႏွစ္​​ေယာက္​ အ​ေနာက္​ဘက္ကိုသြား​ၿပီး ေရွာင္က်ယ္ကို​ေခၚလိုက္”

က်န႔္ယြင္သည္ ခ်န္းေက်ာင္းႏွင့္ က်န႔္က်ားဟယ္ ကိုေျပာလိုက္၏။

“ေကာင္းၿပီ”

သူတို႔သည္ ျဖစ္ပ်က္ခဲ့သည္ကို အတိအက်မသိေသာ္လည္း သူတို႔ႏွစ္ေယာက္စလုံးသည္ က်န႔္ယြင္၏ ညွို႔မွိုင္းမဲေမွာင္ေနသည့္အမူအရာကို ျမင္လိုက္ၾကၿပီး ခ်က္ခ်င္း အေရွ႕မွနာနာခံခံထြက္သြားၾကၿပီး စုေ႐ြ႕က်ယ္ကိုေခၚရန္ အေနာက္ဘက္သို႔ သြားၾကေလသည္။

စုေ႐ြ႕က်ယ္သည္ ေခါင္းငုံ႕ကာ ကားထဲသို႔၀င္လာၿပီး  ခရီးသည္ထိုင္ခုံတြင္ ဝင္ထိုင္လိုက္သည္ႏွင့္ က်ယ္ျပန႔္ၿပီး သန္မာေသာရင္ခြင္ထဲသို႔ အားေကာင္းေမာင္းသန္လက္တစ္ဖက္ျဖင့္ ဆြဲယူခံလိုက္ရေလသည္။

“မင္း အဆင္ေျပရဲ႕လား?”

က်န႔္ယြင္သည္ သူ႕နဖူးကို နမ္းလိုက္ၿပီး စိုးရိမ္တႀကီးႏွင့္ေမးလိုက္၏။

“မင္းက အရမ္းသတိမဲ့လြန္းတယ္။ လူေတြက ကမၻာပ်က္ကပ္အတြင္းမွာ အႏၱရာယ္မ်ားတယ္။ မင္းမသိဘူးလား? အဲ့လိုမိန္းမမ်ိဳးက မင္းကို ဘယ္လိုေတာင္ လြယ္လြယ္နဲ႕ ခ်ဥ္းကပ္နိုင္တာလဲ? အနာဂတ္မွာ ဒီလိုလုပ္ဖို႔ သတၱိရွိေသးလား? ”

“မလုပ္ရဲ....”

စုေ႐ြ႕က်ယ္သည္ သူ႕ပါးစပ္ကို ဖိကပ္ပိတ္လိုက္ေလ၏။ တကယ္တမ္း သူသည္လည္း သူ႕စိတ္ထဲတြင္ အနည္းငယ္ ေၾကာက္႐ြံ႕သြားခဲ့ေလသည္။  သူ ျပန္လည္ေမြးဖြားလာၿပီးေနာက္ ကိစၥမ်ားသည္ ေခ်ာေမြ႕လြန္းသျဖင့္ သူ႕နိုးၾကားမႈကို ေလ်ာ့ပါးေစခဲ့ေလသည္။ သူသည္ လူမ်ားႏွင့္ သူတို႔၏ မ်က္ႏွာမ်ားကို သိေသာ္လည္း သူတို႔ႏွလုံးသားထဲတြင္ ဘာ‌ေတြရွိမွန္း မသိခဲ့ေပ။

“အဲ့အေၾကာင္း မေတြးေတာ့နဲ႕၊ အနာဂါတ္မွာသာ သတိထား”

“ေကာင္းပါၿပီ.....”

“ဒါေပမယ့္ ကိုယ္ မနာလိုဘူး! မင္း ဘာေျပာခ်င္လဲ?”

“ကြၽန္ေတာ္...ကြၽန္ေတာ္....”

စုေ႐ြ႕က်ယ္သည္ ရွက္‌ေသြးျဖာသြားၿပီး စကားမေျပာနိုင္ေတာ့ေခ်။

“အ႐ူးေလး!”

က်န႔္ယြင္သည္ နီရဲေနသည့္မ်က္ႏွာကို ၾကည့္လိုက္၏။ ၎သည္ အလြန္ ရီခ်င္စရာေလးျဖစ္ေနသျဖင့္ ေခါင္းငုံ႕ၿပီး သူ႕ႏႈတ္ခမ္းေလးကို မနမ္းဘဲ မေနနိုင္ေတာ့ေခ်။

“အြန္.....”

အျပင္ဘက္တြင္ေအးခဲေနေသာ္လည္း ကားထဲမွာေတာ့ အခ်စ္၏အပူရွိန္မ်ားျဖင့္အျပည့္ျဖစ္ေနခဲ့ေလ၏။

တစ္ညတာသည္ လ်င္ျမန္စြာ ကုန္လြန္သြားၿပီး ကားသည္ လမ္းေပၚျပန္တက္လာျပန္သည္။

ယမန္ေန႕ညက ဆူညံသံသည္ က်ယ္ေလာင္လြန္းေသာေၾကာင့္ ဧည့္ခန္းထဲရွိ မိန္းကေလးေျခာက္ေယာက္သည္ အမွန္တကယ္ၾကားခဲ့ရ၏။ သူတို႔ထဲမွ တစ္ဦးတစ္ေယာက္ကမွ ႐ႊီက်ားနီကဲ့သို႔ သူတို႔အားကယ္တင္ခဲ့သည့္သူမ်ားအတြက္ အႏၱရာယ္မမ်ားခဲ့ၾကသည္ ျဖစ္ေကာင္းျဖစ္နိုင္ေသာ္လည္း သူတို႔တြင္ စိတ္ကူးတခ်ိဳ႕ေတာ့ ရွိေကာင္းရွိနိုင္ေလသည္။ အဆုံး၌ သူတို႔သည္ ၎တို႔အားကယ္တင္ခဲ့အခ်ိန္က သူတို႔အား အၾကာႀကီးေခၚထားမည္မဟုတ္ေၾကာင္းေျပာခဲ့ေလသည္။ သူတို႔ တျခားအဖြဲ႕ႏွင့္ေတြ႕သည့္အခါတြင္ သူတို႔အား ထိုအဖြဲ႕ကို လႊဲေပးလိုက္မည္ျဖစ္ေလသည္။

သို႔ေသာ္လည္း သူတို႔ ကယ္တင္ျခင္းခံရသည့္ ႏွစ္ရက္သည္ ဤအမ်ိဳးသမီးမ်ားအတြက္ ကမၻာပ်က္ကပ္အတြင္း အေကာင္းဆုံးေန႕မ်ားျဖစ္သည္။ သူတို႔သည္ ဤအဖြဲ႕၏ အစြမ္းထက္ေသာ တိုက္ခိုက္ေရးစြမ္းအားမ်ားႏွင့္ သူတ်ဳ႕ျပသခဲ့ေသာ ေစတနာကိုျမင္ခဲ့ၾကရၿပီးေနာက္ သူတို႔အား ဤကဲ့သို႔ ထြက္ခြာရန္ ဆႏၵမရွိျဖစ္ေစခဲ့ေလသည္။

သို႔ေသာ္ မေန႕ညၿပီးေနာက္ သူတို႔အားလုံးသည္ ထိုသတိထားသည့္အေတြးကို စိတ္ႏွလုံးေအာက္ေျခသို႔  ျပန္ထည့္လိုက္ၾကၿပီး မည္ကဲ့သို႔ ေက်နပ္ေရာင့္ရဲရမလဲဆိုသည္ကို သတိရလာခဲ့ၾကေလသည္။

ေနာက္ႏွစ္ရက္အၾကာတြင္ ထိုမိန္းကေလးမ်ားသည္ အလြန္သက္ေတာင့္သက္သာျဖစ္လာၾကၿပီး ကာယခြန္အားမ်ား အနည္းငယ္ျပန္ေကာင္းလာၿပီးေနာက္ သူတို႔သည္ သန႔္ရွင္းရန္၊ ဟင္းခ်က္ရာတြင္ ကူညီေပးရန္ႏွင့္ စသျဖင့္လုပ္ေပးခ်င္ခဲ့ၾကေသာ္လည္း က်န႔္ယြင္ထံမွ ျပန္သြားဖို႔ အႀကံေပးျခင္း ခံလိုက္ၾကရေလသည္။

သူတို႔အား မည္သည့္တြန္းအားေပးျခင္းမ်ိဳးမရွိခဲ့ေခ်။ သူတို႔သည္ သူတို႔အားအနားယူေစခ်င္သည္ဟု ေျပာခဲ့ေသာ္လည္း ရိုးရိုးတန္းတန္းပင္ သူတို႔အားမယုံနိုင္ေသးျခင္းသာျဖစ္ေလသည္။

ေနာက္တစ္ရက္ၾကာၿပီးေနာက္ သူတို႔သည္ ဝမ္ခ်န္းစစ္တပ္ကို အေဝးေျပးလမ္းမႀကီးေပၚတြင္ ေတြ႕ဆုံခဲ့ၾကသည္။ ဝမ္ခ်န္းစစ္တပ္သည္ သူတို႔ေနာက္သို႔လိုက္လိုေသာ အသက္ရွင္က်န္ရစ္သူမ်ားကို သူတို႔ႏွင့္အတူ ေတာင္ပိုင္ယအေျခစိုက္စခန္းသို႔ ေခၚေဆာင္သြားခဲ့ေလသည္။ ထို႔ေၾကာင့္ ယခုတစ္ႀကိမ္တြင္ သူတို႔ေတာင္ပိုင္းသို႔သြားသည့္အခ်ိန္တြင္ လုမိသားစုအပါအ၀င္ ထရပ္ကားအစီးေရ 30 ေက်ာ္ႏွင့္ ကိုယ္ပိုင္ကားအေျမာက္အျမားႏွင့္ လူေပါင္း 1500 ေက်ာ္ပါေလသည္။

၀မ္ခ်န္းအေျခစိုက္စခန္းကိုမူ ၀မ္မိသားစုႏွင့္ ဟုန္မိသားစုဆီ ထားခဲ့ၾကေလသည္။ သူတို႔ လိုခ်င္တာမွန္သမွ် လုပ္နိုင္ေလသည္။

၀မ္႐ႊီ႐ုန္၏ ပံ့ပိုးကူညီမႈမရွိဘဲ ၀မ္မိသားစုသည္ တျဖည္းျဖည္း အားနည္းလာခဲ့ေလသည္။ ထုံးစံအတိုင္း ဟုန္မိသားစုသည္ လုမိသားစုႏွင့္ အေျခစိုက္စခန္း၏ၿမိဳ႕ေစာင့္တပ္ကို အနိုင္မယူနိုင္ေခ်။ ထို႔ေၾကာင့္ သူတို႔ဆုတ္ခြာရန္ ဆုံးျဖတ္လိုက္ၾကေသာအခါတြင္ သူတို႔သည္ သူတို႔အားတားဆီးျခင္းမရွိခဲ့ေပ။

လႊဲေျပာင္းေပးအပ္မႈသည္ အလြန္ေခ်ာေမြ႕လြန္းလွသည္။ က်န႔္ယြင္သည္ ၀မ္ခ်န္းၿမိဳ႕ေစာင့္တပ္ေခါင္းေဆာင္မ်ားႏွင့္ စကားအနည္းငယ္ေျပာၿပီး မိန္းကေလးေျခာက္ေယာက္ကို သူတို႔ထံေပးအပ္ခဲ့သည္။

က်န႔္ယြင္ႏွင့္ အျခားသူတို႔သည္ လမ္းအတိုင္းဆက္သြားၾကကာ ၿမိဳ႕ေတာ္အေျခစိုက္စခန္းဆီသို႔ အ‌ေျပးအလႊားခရီးဆက္ၾကေလသည္။

ကားထဲတြင္ အျပင္လူမရွိသျဖင့္ ေနာက္ဆုံး၌ လူတိုင္း ပုန္းေနစရာမလိုေတာ့ေခ်။ ေန႕ခင္းဘက္တြင္ လူတိုင္းသည္ စုေ႐ြ႕က်ယ္၏ေနရာလြတ္ထဲသို႔ အသုတ္လိုက္ဝင္သြားၾကၿပီး စိုက္ပ်ိဳးထားေသာ ဆန္စပါးႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားကို ရိတ္သိမ္းၿပီး ဆန္အသစ္အျဖစ္သတ္မွတ္ကာ ဆန္အိတ္မ်ားထဲတြင္ ထုပ္ပိုးထားၾကေလသည္။ သူတို႔သည္ လမ္းေပၚတြင္ တစ္လခြဲျပည့္သြားၿပီဖ္ျစေလသည္။

သူတို႔သည္ ကီလိုဂရမ္ တစ္ေသာင္းေက်ာ္ ပမာဏရွိေသာ ေကာက္ပဲသီးႏွံ ႏွင့္ အသီးအႏွံႏွင့္ သစ္သီး၀လံ ႏွစ္သုတ္စုေဆာင္းထားခဲ့ၾက‌ေလသည္။ ဝါဂြမ္း ကီလိုဂရမ္ေပါင္း 6,000ကိုလည္း ရရွိထားေလသည္။ ၎သည္ ဝါဂြမ္းခံခ်ည္သားအ၀တ္အစားမ်ား ႏွင့္ ေဘာင္းဘီမ်ားအျဖစ္ ျပဳလုပ္မည္ဆိုပါက အစုံေပါင္း 10000 ေက်ာ္ ရရွိသင့္သည္။

ၿမိဳ႕ေတာ္အေျခစိုက္စခန္းတြင္လည္း ၎တို႔ကိုယ္ပိုင္ ေျမဆီလႊာမဲ့ စိုက္ပ်ိဳးေရးစင္တာႏွင့္ ဖန္လုံအိမ္ရွိေသာ္လည္း စိုက္ပ်ိဳးမႈအျမန္ႏႈန္းသည္ စုေ႐ြ႕က်ယ္၏ေနရာလြတ္ေလာက္မျမန္ပါေခ်။ အဆိုပါပစၥည္းမ်ားသည္ ဤခက္ခဲေသာကာလထဲတြင္ ၿမိဳ႕ေတာ္အေျခစိုက္အား ရွင္သန္ရန္အခြင့္ေပးမည္ျဖစ္သည္။

ေနာက္ဆုံး၌ 16ရက္ေျမာက္နံနက္တြင္ သူတို႔သည္ အေဝးေျပးလမ္းမႀကီးေပၚတြင္ ၿမိဳ႕ေတာ္၏ လမ္းၫႊန္ဆိုင္းဘုတ္ကို ေတြ႕လိုက္ၾကၿပီး စုေ႐ြ႕က်ယ္သည္ ေနရာလြတ္အတြင္းရွိ အဆင္သင့္ရွိေသာ ရိကၡာပစၥည္းမ်ားအားလုံးကို ႏွင္းခ႐ူဇာ၏ ေခါင္မိုးေပၚသို႔ လႊဲေျပာင္းခဲ့သည္။

ႏွင္းခ႐ူဇာ၏ေခါင္မိုးသည္ ေလးလံေသာဝန္မ်ားကိုသယ္ေဆာင္ရန္ ဒီဇိုင္းထုတ္ထားေလသည္။ ၎သည္ ေလးလံေသာကုန္ပစၥည္းမ်ားကိုသယ္ေဆာင္နိုင္သည့္ တင္ခ်သည့္စက္မ်ားႏွင့္ ေလးလံေသာသံမဏီျပားမ်ားတပ္ဆင္ထားၿပီး ေလးလံေသာပစၥည္းမ်ားကိုသယ္နိုင္ေလသည္။ ၎သည္ ဤကယ္ဆယ္ေရးပစၥည္းမ်ားအသုတ္ကိုေနရာခ်ထားရန္သင့္‌ေလ်ာ္ၿပီး ထို႔ေနာက္ ၎တို႔အား ေရစိုခံအဝတ္ျဖင့္ဖုံးအုပ္ ၎တို႔အားကာကြယ္ထားနိုင္ေလသည္။

အဖြဲ႕သည္ ၿမိဳ႕ေတာ္ထဲသို႔ မၾကာမီ ၀င္ေရာက္လာခဲ့ၾကသည္။ ျပန႔္က်ဲေနေသာ ဖုတ္ေကာင္မ်ား လွိုင္းအနည္းငယ္သာ ေတြ႕ခဲ့ၾကသည္။ ရံဖန္ရံခါ၌ လမ္းေပၚတြင္ အခ်ိဳ႕ေသာဖုတ္ေကာင္မ်ားကို ေတြ႕နိုင္သည္။ ဆိုလိုသည္မွာ တစ္စုံတစ္ေယာက္သည္ အျပင္ဘက္တြင္ ဖုတ္ေကာင္မ်ားကို ရွင္းလင္းေရး လုပ္ေနျခင္းျဖစ္သည္။

ေတာင္ပိုင္းအေျခစိုက္စခန္းတြင္လည္း အလားတူပင္။ ေန႕တိုင္း အေျခစိုက္စခန္းတစ္ဝိုက္ရွိ ဖုတ္ေကာင္မ်ားကို ရွင္းလင္းရန္ ၿမိဳ႕ေစာင့္တပ္မ်ားကို ေစလႊတ္လိုက္မည္ျဖစ္သည္။ သို႔မဟုတ္ပါက ဖုတ္ေကာင္မ်ား တစ္ႀကိမ္စုေဝးၿပီးသည္ႏွင့္ ဖုတ္ေကာင္ဒီေရတက္ရန္ လြယ္ကူၿပီး ၎တို႔အားဖယ္ရွားရန္ အခက္အခဲရွိလာမည္ျဖစ္သည္။

သူတို႔သည္ ေျမပုံအတိုင္း ၿမိဳ႕ေတာ္အေျခစိုက္စခန္းဆီသို႔ ေမာင္းႏွင္လာခဲ့ၾကသည္။ စီးပြားေရးလမ္းေပၚမွျဖတ္လာၾကစဥ္ သူတို႔သည္ ဖုတ္ေကာင္မ်ား၏ ေအာ္ေဟာက္သံမ်ားႏွင့္ ေသနတ္သံမ်ားကို ၾကားလိုက္ၾကရသည္။

ထို႔ေနာက္ ဖန္စီအဝတ္အစားမ်ား ၀တ္ဆင္ထားေသာ လူငယ္တစ္တြဲသည္ သူတို႔၏ ဦးတည္ရာသို႔ လ်င္ျမန္စြာ ေရာက္ရွိလာသည္ကို ေတြ႕လိုက္ၾကရသည္။ သူတို႔လက္ထဲတြင္ ေသနတ္မ်ား ကိုင္ေဆာင္ထားၾကသည္။

သူတို႔ ထြက္ေျပးသြားၾကျခင္းျဖစ္ေသာ္လည္း သူတို႔ေနာက္မွ ဖုတ္ေကာင္မ်ားကို ပစ္ခတ္ရင္း၊ ေျပးလႊားရင္းႏွင့္ တစ္ေယာက္ကိုတစ္ေယာက္ ကာကြယ္ၿပီး ပူးေပါင္းလုပ္ေဆာင္ခဲ့ၾကေလသည္။

ဤသို႔ေသာအေျခအေနမ်ိဳးတြင္ ရပ္တန႔္၍မျဖစ္နိုင္ေခ်။ ႏွင္းခ႐ူဇာသည္ ခ်က္ခ်င္းပင္ အရွိန္ျမႇင့္စက္ကို အျမန္နင္းၿပီး ဖုတ္ေကာင္မ်အေပၚကို ေျပးတက္သြားကာ ႀကိတ္ေခ်လွိမ့္လိုက္ေလသည္။ မ်ျပားလွေသာရိကၡာပစၥည္းမ်ား၏ ၀န္ကိုမဆိုထားႏွင့္ ႏွင္းခ႐ူဇာသည္အလြန္ေလးလံကာ ဖုတ္ေကာင္မ်ားကို အသားကိတ္မ်ားအျဖစ္ တိုက္ရိုက္ဖိလုနီးပါး‌ျဖစ္သြားေစသည္။

“ေက်းဇူးတင္ပါတယ္...‌ ေက်းဇူးတင္ပါတယ္”

လူငယ္ေလးမ်ားသည္ အသက္ျပင္းျပင္းရႈလိုက္ၾကကာ ကားတံခါးကို လာေခါက္ၾကၿပီး သူတို႔အား ေက်းဇူးတင္ေၾကာင္း ေဖာ္ျပၾကေလသည္။

“ႀကိဳဆိုပါတယ္”

က်န႔္ယြင္သည္ ထိုလူမ်ားကို ေစ့ေစ့စပ္စပ္ၾကည့္လိုက္၏။ သူတို႔အား ကားေပၚတက္ဖို႔ ဖိတ္ေခၚသင့္မသင့္ ေတြးေတာေနသည့္ပုံရေလသည္။

“မဂၤလာပါ။ ကြၽန္ေတာ္တို႔က ၿမိဳ႕ေတာ္အေျခစိုက္ စခန္းအမွတ္ 7132 က တပ္ဖြဲ႕ဝင္ေတြျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ကားေမွာက္သြားၿပီး အဖြဲ႕သားအမ်ားအျပား ဒဏ္ရာရခဲ့လို႔ပါ။ ခင္ဗ်ားတို႔မွာ ေဆးဝါးမ်ား ရွိပါသလား ခင္ဗ်ား? ”

လူငယ္ေလးသည္ ေခါင္းကိုအေလးျပဳကာ စိတ္အားထက္သန္စြာ ေမးလာေလသည္။

က်န႔္ယြင္သည္ မတိုင္ခင္က သူတို႔ထြက္ေျပးၾကသည္ကို ေတြ႕ကတည္းက သူတို႔၏ ပူးေပါင္းတိုက္ပြဲဝင္သည့္အမူအက်င့္ေၾကာင့္ သူတို႔သည္ေလ့က်င့္ခံထားရသည္ကိုေတြ႕နိုင္သည္။ လူငယ္ေလးသည္ အေလးျပဳၿပီး သူတို႔၏အေထာက္အထားကိုအတည္ျပဳရန္ အဖြဲ႕အေရအတြက္ကိုအစီရင္ခံလာသည္ကို ေတြ႕လိုက္ရေလသည္။

“ဒါေပါ့! မင္းတို႔ ကားေပၚအရင္တက္ၿပီး ငါတို႔ မင္းတို႔ရဲ႕က်န္ေနတဲ့အဖြဲ႕သားေတြဆီကို ကားကိုတိုက္ရိုက္ေမာင္းသြားမယ္!”

က်န႔္ယြင္သည္ သူ႕အေစာင့္အၾကပ္ကိုခ်လိဳက္ၿပီး သူတို႔အား ကားထဲသို႔ေခၚသြင္းလိုက္သည္။

လူမ်ားက ကားထဲသို႔၀င္လာၾကကာ လွည့္ပတ္ၾကည့္ရႈျခင္းမရွိဘဲ သပ္သပ္ရပ္ရပ္ ထိုင္ေနၾက႐ုံေလသည္။ က်န႔္ယြင္သည္ လူငယ္ေလးကို ေရွ႕ထိုင္ခုံသို႔ေခၚကာ ဒဏ္ရာရေနေသာအဖြဲ႕သားမ်ားကို သြားေခၚရန္ သူ႕လမ္းၫႊန္သည့္အတိုင္းလိုက္သြားခဲ့ေလသည္။

လူငယ္၏ပါးစပ္မွ လူငယ္၏အမည္မွာ ယန္ဖန္ ျဖစ္ေၾကာင္းသူတို႔သိခဲ့ရသည္။ သူသည္ တပ္ၾကပ္ႀကီးတစ္ဦးျဖစ္သည္။ ေအးခဲေသာရာသီဥတုေၾကာင့္ အေျခစိုက္စခန္းမွအသက္ရွင္က်န္ရစ္သူမ်ားသည္ ႏြေးေထြးသည့္အ၀တ္အထည္မ်ားအလြန္အမင္းျပတ္လပ္ေနသျဖင့္ ထိုပစၥည္းမ်ားကိုစုေဆာင္းရန္ အဖြဲ႕တစ္ဖြဲ႕ေစလႊတ္လိုက္ျခင္းျဖစ္ေလသည္။ သူတို႔ဝတ္ထားသည္မ်ားမွာ ဆိုင္ထဲမွေပါ့ေပါ့ပါးပါးေကာက္ယူထားၾကျခင္းျဖစ္သည္မို႔ ဤကဲ့သို႔ ဝတ္ထားၾကျခင္းျဖစ္ေလသည္။

သူတို႔လည္း ကံမေကာင္းခဲ့ေခ်။ သူတို႔သည္ ဆင့္ကဲေျပာင္းလဲလာသည့္ ဖုတ္ေကာင္တစ္ေကာင္ထံ ေျပးဝင္သြားၿပီး သူတို႔ကားကို တိုက္ရိုက္ထိသြားၾကေလသည္။ သူတို႔သည္ တိုက္ခိုက္ၾကၿပီး ေနာက္ဆုံး၌ ဆင့္ကဲေျပာင္းလဲလာသည့္ဖုတ္ေကာင္ကို သတ္ပစ္ခဲ့ၾကသည္။ သို႔ေသာ္လည္း ေရွ႕တန္းမွာရွိသည့္ ရဲေဘာ္ႏွစ္ဦးသည္ ဒဏ္ရာအျပင္းအထန္ရခဲ့ၾကေလသည္။ သူတို႔သည္ အနီးနားတြင္ ဆိုင္တစ္ဆိုင္ကိုရွာေတြ႕ခဲ့ၾကၿပီး သူတို႔အား ဂိုေထာင္ထဲတြင္ဝွက္ထားခဲ့ၿပီး သံဗီရိုမ်ားႏွင့္ ပိတ္ဆို႔ၿပီးေနာက္ သူတို႔အားကယ္ဆယ္မည့္သူရွာဖို႔ သို႔မဟုတ္ ကားအသစ္တစ္စ္စီးကိုရွာဖို႔ ထြက္လာခဲ့ၾကေလသည္။

ရလဒ္အေနႏွင့္ ကားသာမက ကယ္ဆယ္ေရးအဖြဲ႕ကို ပင္ မေတြ႕ခဲ့ရေခ်။ ထိုအစား ဖုတ္ေကာင္မ်ား၏ လိုက္ဖမ္းျခင္းကို ခံခဲ့ရေလသည္။ ကံေကာင္းေထာက္မစြာႏွင့္ ေနာက္ဆုံးမွာေတာ့ သူတို႔သည္ က်န႔္ယြင္တို႔ႏွင့္ ဆုံခဲ့ၾကရေလသည္.....

🍒🍒

Continue Reading

You'll Also Like

686K 7.3K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
990K 35.6K 42
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences ေတြပါဝင္တာေၾကာင့္ မႀက...
8.4K 1.7K 14
A cute and fluffy story I found and share with your guys... Original title : Knight, the dragon snatch the princess again! Author : Red mouth white t...
15K 1.9K 32
Original Author - Gye-ja 계자 Original Publishers - Radibooks Chapter - 108 Chapters and 22 extras Genre - Yaoi Action Ma...