My Cherry Will Explode in the...

By tobefly_highhigh

668K 96.1K 1.4K

《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံ... More

Description
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷《ကျန့်ယွင်နှင့်‌ နောက်တဖန်ပြန်ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸《‌နေရာလွတ်တစ်ခုရှိနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹 《ဆက်ဆံရေးက အလွဲတစ်ခုနဲ့စတင်ခဲ့တယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺 《မှော်ဆန်သောအရုပ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻 《ထပ်မရှောင်နိုင်တော့ ဆုံရပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼《ရှင်းရှင်းလင်းလင်းလုပ်ကြစို့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽《အမြတ်အစွန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾《ဒဏ်ရာများအား ဂရုစိုက်ပေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿 《အိပ်ယာအား အတူမျှဝေခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶《ဈေး၀ယ်ထွက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷《‌ကောင်းမွန်သောအရာများဆက်လက်ဖြစ်ပျက်နေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟸《ဖြိုဖျက်ရေးနှင့်ပြန်လည်နေရာချထားရေးသတိပေးချက်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟹《အတိတ်ဘ၀အကြောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟺《အတူတူရင်ဆိုင်ကြမယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟻《တွက်ချက်မှုများမအောင်မြင်ခဲ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟼《အိမ်နဲ့ကားရှိတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟽《မင်းလုပ်ရဲတယ်ပေါ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟾《ကမ္ဘာပျက်ကပ်ကြီးနီးလာပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟿《ကမ္ဘာပျက်ကပ်ကြီး ရောက်လာခဲ့ပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟶《စူပါမားကတ်*ကုန်တိုက်ကို အပြောင်ရှင်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟷《မ‌မျှော်လင့်ထားသော》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟸《ခွဲခွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟹《ပဲစေ့ကျည်ဆန်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟺《ထွက်လာကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟻《မကောင်းတဲ့သူတစ်ယောက်မဟုတ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟼《အမြု‌တေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟽《နှစ်မျိုးတွဲစွမ်းရည်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟾《Otakuတစ်ယောက်၏အလားအလာ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟿《ကယ်တင်မှာလား မကယ်တင်ဘူးလား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟶《ဦးနှောက်ပျက်စီးမှုကို ကယ်တင်လို့မရတော့ဘူး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟷《သူတို့ကစုံတွဲတစ်တွဲပဲ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟸《အဖွဲ့၀င်အသစ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟹《တစ်စုံတစ်ယောက်က တံခါးကိုဖျက်ပြီးဖွင့်ဖို့ကြိုးစားနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟺《ကမ္ဘာပျက်ကပ်အတွင်းပြောင်းလဲမှုများ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟻《နှုတ်ဆက်ပါတယ် အကြီးဆုံးဦးလေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟼《 အသက်ကယ် ကျေးဇူးတရား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟽《အနီရောင်မိုးရွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟾 《ဒဏ်ရာရ စစ်သားများနှင့်တွေ့ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟿《လူ့နှလုံးသားများသည် မခန့်မှန်းနိုင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟶《ကယ်ဆယ်ရေးအစီအစဉ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟷《ကယ််‌ဆယ်ရေးလုပ်ငန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟸《စစ်ဆင်‌ရေးစတင်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟹《အောင်အောင်မြင်မြင်လွတ်မြောက်ခြင်း》
Plants vs Zombies
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟺《ကယ်ဆယ်ရေးသတင်းစကား》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟻《ထွက်ခွာရန်စုစည်းကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟼《ဆင့်ကဲ‌ပြောင်းလဲနေသောဖုတ်ကောင်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟽《အဖိုးတန်ပဲစေ့များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟾《ကယ်ဆယ်ရေး စတင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟿《ချန်းယန် အလယ်တန်းကျောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟶《အကျပ်ရိုက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟷《ချန်းမောင်နှမများ》 
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟸 《နောက်တစ်ကြိမ်စကားပြောကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟹《 LED နေကြာပန်းမီးအိမ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟺《လယ်သမားဈေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟻《ရှောင်ဟေး၏ ကွဲပြားနေမှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟼《 အခြေစိုက်စခန်းသို့ ကနဦး၀င်ရောက်မှု》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟽《 အခြေစိုက်စခန်းထဲသို့ ပြောင်းရွှေ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟾《 အရေးပေါ်မစ်ရှင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟿《 စွမ်းရည်အဆင့်တက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟶 《 G မြို့သို့ သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟷《 သူလိမ်နေတာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟸《 မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟹《 ပုလင်းတစ်ခုထဲသို့ လိပ်ကိုဖမ်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟺《 အဆင့်သုံးဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟻《 စက်ရုံထဲ၀င်ရောက်ကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟼《 ကြွယ်၀သောရလဒ်များဖြင့်ပြန်လာကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟽《 ကျည်ဆန်အသစ်များ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟾《 အခြေစိုက်စခန်း၏ပြောင်းလဲခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟿 《 မြေမဲ့စိုက်ပျိုးရေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟶《 ၀မ်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟷《 အန်းဟွေ့မြို့ထဲရှိမငြိမ်သက်မှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟸《 သန္ဓေပြောင်းဝံပုလွေများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟹《 မြင်ရုံနဲ့ ‌ဝေစုလိုချင်တာလား? 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟺《 ကူးစက်ခံကြွက်၀င်ရောက်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟻《 ကြောင်နှင့်ကြွက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟼《 အကျပ်အတည်းဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟽《 စွမ်းရည်ဆေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟾《 သေခြင်းတရားကိုရှာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟿《 အခြေစိုက်စခန်းမှမောင်းထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟶《 အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟷《 လင်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟸《 ညစ်ပတ်သောလူသည် ညစ်ပတ်ခြင်းကိုသာမြင်၏ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟹《 King Kong ရှစ်ယောက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟺《 ကုသခြင်းစွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟻《 မိုးသည်းနေ့မှာလောင်သောမီး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟼《 အသိတချို့နှင့်ဆုံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟽《 မိုးသည်းကြီးနောက်ဆုံးတိတ်သွားပြီ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟾《 အနောက်မြောက်ဘက်သို့ဦးတည်သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟿《 ဖုတ်ကောင်ဝိုင်းရံခံရခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟶《 ပူးပေါင်း‌တိုက်ခိုက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟷《 ဘေးဒုက္ခအကျပ်အတည်းကို ဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟸《 စွမ်းရည်အဆင့်မြှင့်တင်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟹《 နှစ်သစ်ကူးနေ့ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟺《 နှစ်သစ်တစ်နှစ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟻《 နေရာလွတ်စွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟼《 အကူအညီတောင်းခံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟽《 မြောက်ပိုင်းသို့သွားရန်အသင့် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟾《 ထူးဆန်းသည့်ဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟿《 စွမ်းရည်နှစ်မျိုး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟶《 Snow Cruiser 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟷《 ကြင်နာမှုကို ကျေးဇူးသိတတ်မှုဖြင့် တုန့်ပြန်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟸《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟹《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟺《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟻《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟽《 မြွေပွေးခါးပိုက် ပိုက်-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟾《 မြွေပွေးခါးပိုက် ပိုက်-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟿《 မြို့တော်အခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟶《 မိသားစုနှစ်ခု၏အခြေအနေ-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟷《 မိသားစုနှစ်ခု၏အခြေအနေ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟸《 တွေ့ကြုံစုံစည်းကြခြင်း 》
𝙴𝚡𝚝𝚛𝚊《 ကွေ့ကောက်သောလမ်းသည် ဆိတ်ငြိမ်သောအရပ်သို့ ဦးတည်လေသည် 》
Complete 💯!!!
Completed Pdf file
ရာသီဥတု သတိပေးချက်
MMStoryteller website

𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟼《 ထိန်းချုပ်မရနိုင်ဖြစ်လာခြင်း 》

3.2K 488 3
By tobefly_highhigh

My Cherry Will Explode in the Apocalypse

Chapter 106《 ထိန်းချုပ်မရနိုင်ဖြစ်လာခြင်း 》

Author: Drunken Light Song
Source: Jostena M
Translator: オタク

ချောင်ချီရှန်းသည် လူတစ်ကိုယ်လုံးစိတ်ရှုပ်ထွေးနေစဉ်မှာပဲ မြေပေါ်သို့ကန်ချခံလိုက်ရလေ၏။ ကျန့်ယွင်နှင့်အခြားလူများ သူ့ကို ဝိုင်းထားသည်ကိုမြင်ပြီးနောက် သူ့အမူအရာသည် ချက်ချင်းပြောင်းလဲသွားလေ၏။

သူ ချက်ခြင်းပဲ သူ့တစ်ကိုယ်လုံးကို သတ္တုနှင့်ပတ်ထားလိုက်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့သော်လည်း သူ့ခြေထောက်များသည် မြေကြီးထဲတွင်နစ်နေပြီး မိုးခြိမ်းသံလို မိုးကြိုးသွားတစ်ခုသည် သူ့ကို ရိုက်ခတ်သွားလေသည်။

ချောင်ချီရှန်းသည် လျှပ်စီးကြောင့် ချက်ခြင်း အကြောသေသွားပြီး ဖုတ်ခနဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ လှုပ်မရတော့ချေ။

ကျန့်ကျားဟယ် ရှေ့တက်လာပြီး သူ့အားတင်းတင်းကြပ်ကြပ် ကြိုးတုပ်ပြီးနောက် ထောင်ထဲသို့ ပြန်ခေါ်သွားလေသည်။ ထိုချိန်မှာတော့ ထောင်တစ်ခုလုံးရှိ အသက်ရှင်ကျန်သူများအားလုံးကို ထိုနေရာသို့ခေါ်ထားပြီးဖြစ်လေသည်။ ကျန့်ယွင်သည် ချန်းချီနှင့် ချန်းကျောင်းတို့ကို ရေတွက်ခိုင်းလိုက်သည်။ ဤနေရာတွင် ချောင်ချီရှန်း၊ ဆရာ၀န်နှင့် လင်ရှီးအပါအဝင် လူပေါင်း သုံးရာကျော်ရှိလေသည်။

လင်ရှီးသည် အတွင်းခံဘောင်းဘီသာဝတ်ထားပြီး အိပ်ယာခင်းတစ်ခုသာပတ်ထားကာ မြေကြီးပေါ်တွင်ထိုင်နေလေသည်။ သူမအား ချောင်ချီရှန်း၏ကုတင်ပေါ်မှ တိုက်ရိုက်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်လေသည်။ ယခု သူမ၏လှပသောမျက်နှာသည် မျက်ရည်များပြည့်နှက်နေလေသည်။

စုရွေ့ကျယ် တံခါးကနေဝင်လာသည်ကို သူတွေ့လိုက်သည်နှင့် ချက်ချင်းဆိုသလို ပြေးလွှားသွားကာ သူ့ခြေသလုံးကို ပွေ့ဖက်ပြီး အော်ဟစ်လေ၏။

“ရှောင်ကျယ် ငါတွန်းအားပေးခံရတာပါ။ သူတို့ မင်းကိုဘာလုပ်မလဲ ငါမသိခဲ့ပါဘူး.....ငါက မင်းဝမ်းကွဲရဲ့မိန်းမပါ! မင်းမြင်တဲ့အတိုင်း ငါတို့က သွေးသားတော်စပ်ကြတယ်လေ။ မင်းငါ့ကို သွားခွင့်ပြုမယ်မလား? ငါမသေချင်ဘူး ငါမသေချင်ဘူး! ”

စုရွေ့ကျယ်သည် တင်းမာသောအမူအရာဖြင့် သူ့မရီးဟောင်းဖြစ်သူကို ငုံ့ကြည့်လိုက်ကာ တိုးညှင်းစွာမေးလိုက်၏။

“ဝမ်းကွဲ၊ ကျွန်တော့်၀မ်းကွဲက ဘယ်မှာလဲ?  ဦးလေး ဘယ်မှာလဲ? ကျွန်တော့်တူငယ်လေးက ဘယ်မှာလဲ?”

“သူ...သူတို့...”

လင်းရှီသည် ထစ်ထစ်အအနှင့် စကားမပြောနိုင်တော့ချေ။

“သူတို့အားလုံး သေကုန်ပြီ”

စုရွေ့ကျယ်၏မျက်နှာ နစ်မြုပ်သွားလေသည်။

“သူတို့က ကျွန်‌တော်နဲ့ သွေးသားရင်းချာတော်စပ်တဲ့ ဆွေမျိုးတွေပဲ။ သူတို့မရှိရင် ခင်ဗျားက ဘာမှမဟုတ်ဘူး”

လင်ရှီးသည် ပါးစပ်ဖွင့်ပြီး ဘာမှပြန်မပြောနိုင်တော့ချေ။ စုရွေ့ကျယ် ပြောတာမှန်သည်ဆိုသည်ကို သူမသိ၏။ သူတို့တွင် သွေးသားရင်းတော်စပ်ခြင်း လုံးဝမရှိသည်ကိုမဆိုထားနှင့် မိသားစုဆက်ဆံရေးသည် အလွန်ပါးလွှာခဲ့လေသည်။ သူမသည် ဒီဆင်းရဲ‌သောကောင်လေးကို အမြဲတမ်း နှိမ့်ချခဲ့ပြီး ဘယ်တော့မှ မျက်နှာသာ မပေးခဲ့ချေ။
အိမ်ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်ပြီး သူမအနေဖြင့် တိုးတိုးတိတ်တိတ်ဘာမှ မပြောခဲ့တာတောင်မှ တစ်နေ့၌ သူ့ကို သနားဖို့တောင်းပန်ရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ဖူးပါချေ။

“ထွက်သွားစမ်း ! ”

ကျန့်ယွင်သည် ညစ်ညမ်းသောမိန်းမကို ဖယ်ရှားရန် ကြင်နာမှုမရှိစွာဖြင့် ဆွဲငင်အားကို အသုံးချလိုက်လေသည်။ ဘယ်လိုကျင့်ကြံရကောင်းမှန်းမသိသော ထိုမိန်းမမျိုးသည် ရှောင်ကျယ်၏ ခြေထောက်ကို ကိုင်ဝံ့သလား?!

သူတို့ အခြေစိုက်စခန်းကိုစရောက်သည့်အချိန်တုန်းက ချောင်ချီရှန်းရှေ့၌ ဒီအမျိုးသမီး၏ ပြုမူကျင့်ကြံပုံကို သူ မမေ့ခဲချေ။ သနားစာနာဖို့နှင့် ကိုယ်ချင်းစာဖို့ တောင်းဆိုသည့် သူမ၏စကားတစ်ခွန်းကို သူ ယုံကြည်လိမ့်မည်မဟုတ်ချေ။

နောက်တစ်ခုသည် စစ်ဆေးမေးမြန်းဖို့လုပ်ရန်ဖြစ်သည်။ သွေးထွက်သံယိုဖြစ်မည်မို့ ကလေးများစောင့်ကြည့်ရန်မသင့်သောကြောင့် ကျန့်ယွင်သည် ဝူကျင်းကို ယွီသုန်သုန်အား အခန်းထဲသို့ အနားယူရန်ခေါ်သွားခိုင်းလိုက်သည်။

ဝူကျင်းသည် ယွီသုန်သုန်၏လက်ကိုဆွဲကာ အခန်းဆီသို့ လျှောက်သွားစဉ်မှာပင် ကြိုးများဖြင့်ချည်နှောင်ထားပြီး မြေပေါ်တွင်ပစ်ထားသော ချောင်ချီရှန်းကို ဖြတ်သွားရမည်ဖြစ်လေသည်။ သူတို့ ဖြတ်သွားစဉ်မှာပင် ချောင်ချီရှန်းသည် ရုတ်တရက်ဖောက်ခွဲထွက်လာပြီး ဝူကျင်း နှင့် ယွီသုန်သုန်ဆီသို့ ပြေးသွားခဲ့လေသည်။

ချောင်ချီရှန်း၏ တစ်ကိုယ်လုံးကို သတ္တုအလွှာတစ်ခုဖြင့် ရုတ်ချည်းဖုံးအုပ်ထားလေသည်။ တစ်ချိန်တည်းမှာပင် သတ္တုမျက်နှာပြင်ပေါ်တွင် သွားများထွက်လာသည်ကိုမြင်လိုက်ရပြီး သူသည် ကြိုးအားလုံးကို တိုက်ရိုက်ဖြတ်တောက်လိုက်လေသည်။

ထို့နောက် သူ့လက်နောက်ဘက်တွင် သတ္တုချောင်းနှစ်ချောင်း ထွက်လာကာ ၎င်းဖြင့် ဝူကျင်းအား မညှာမတာ ထိုးလိုက်လေသည်။

“သတိထား!”

ကျန်းရှို့လျန်သည် ၎င်းကိုမြင်ပြီး သူ့မျက်လုံးများပြူးကျယ်သွားလေသည်။

လျှပ်စီးနှင့် မီးကျောက်များကြားတွင် ဝူကျင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် အဝေးသို့လွင့်ထွက်သွားပြီး ချောင်ချီရှန်းကို လေထုနှင့်သာထားခဲ့လေသည်။ ချောင်ချီရှန်းသည် အံ့အားသင့်သွားပြီး ယွီသုန်သုန်အား ချက်ချင်း ဖမ်းဆွဲလိုက်လေသည်။

“မြောင်!”

ရှောင်ဟေးသည် ယွီသုန်သုန်၏လက်ထဲကနေ ခုန်ထွက်လာပြီး သူ့၏ချွန်ထက်သည့်လက်သည်းများ လက်ဖဝါးလေးများထဲမှ ထွက်ပေါ်လာကာ ချောင်ချီရှန်းကို ကုတ်ခြစ်လိုက်လေသည်။

ချောင်ချီရှန်း၏ ခန္ဓာကိုယ်မျက်နှာပြင်ကို သတ္တုဖြင့် ဖုံးအုပ်ထားသောကြောင့် ရှောင်ဟေး၏ ခြေသည်းများဖြင့် သတ္တုကိုဆုပ်ကိုင်လိုက်သောအခါ ထွက်ပေါ်လာသည့် ပြင်းထန်သောအသံကြောင့် လူများ အလွန် စိတ်မသက်မသာ ဖြစ်ခဲ့ကြရလေသည်။

ချောင်ချီရှန်းသည်လည်း နှေးကွေးသည်မဟုတ်ခဲ့ချေ။ သူ့ပတ်ပတ်လည်တွင် အချွန်အတက်များစွာထွက်ပေါ်လာပြီး ကြောင်နက်ကိုသတ်ရန် ကြိုးပမ်းနေလေသည်။

သို့သော်လည်း အဖြူရောင်မြူခိုးများသည် သူ့လက်နှစ်ဖက်ကို ရုတ်ချည်းရစ်ပတ်လာကာ သူ့လှုပ်ရှားမှုကို ကန့်သတ်လိုက်လေသည်။ ရှောင်ဟေးသည် သူ့လက်သည်းများသည် သူ့ရှေ့ရှိလူအား မကုတ်ခြစ်နိုင်မှန်း သိလိုက်ရသောအခါ ဒေါသတကြီးဖြစ်သွားလေသည်။ လူသားသည်ရုတ်တရက် မရွှေ့နိုင်တော့သည်ကို မြင်လိုက်ရသောအခါ သူ့ရှေ့ခြေနှစ်ချောင်းကိုဖွင့်ကာ လက်ဖ၀ါးနှစ်ဖက်ဖြင့် ဘယ်မှညာသို့ လူသား၏မျက်နှာကို ပြင်းပြင်းထန်ထန် စတင်ရိုက်လိုက်လေသည်။

ရှောင်ဟေးသည် တစ်ချိန်က ကျန့်ကျားဟယ်နှင့် ခန္ဓာကိုယ်လဲလှယ်ခဲ့ခြင်းကြောင့် ဖြစ်မဖြစ် မသိနိုင်သော်လည်း သူ့ခွန်အားမှာ အလွန်ပြင်းထန်ပုံရသည်။ ထိုကဲ့သို့ အကြင်နာမဲ့ ရိုက်နှက်မှုအောက်တွင် သတ္တုကိုယ်ထည်ဖြင့် သူ့ကိုယ်သူကာကွယ်ထားသော ချောင်ချီရှန်းသည် သူ့မျက်လုံးများတွင် ကြယ်များကိုပင် မြင်လိုက်ရသည်အထိ ရိုက်နှက်ခံလိုက်ရလေသည်။

“ငါလုပ်ပါရစေ!”

ချန်းချီ၏ မိုးကြိုးနှင့် လျှပ်စီးတို့သည် ချက်ချင်းဆိုသလို ထွက်ပေါ်လာကာ ချောင်ချီရှန်းအား တိုက်ရိုက်ဓာတ်လိုက်သွားစေသည်။

“ငါ့အသက်ကို ချမ်းသာပေးပါ...ချမ်းသာပေးပါ....”

ချောင်ချီရှန်းသည် သူ့သတ္တုအင်္ကျီကို ဆက်မထိန်းထားနိုင်တော့ဘဲ ရှောင်‌ဟေး၏ ရိုက်နှက်ခြင်းကိုခံရပြီးနောက် သူ့အနက်ရောင်နှင့်အပြာရောင် မျက်နှာ ထွက်ပေါ်လာခဲ့လေသည်။

ကျန့်ယွင်သည် သူထံသို့ ဖြေးညှင်းစွာလျှောက်သွားလိုက်ပြီး အေးစက်စွာဖြင့် လက်ထဲတွင်ရှိသော ပစ္စတိုကို ကိုင်မြှောက်လိုက်ကာ သူ့ခေါင်းအား ချိန်ထားလိုက်လေ၏။

“နေပါအုံး၊ နေပါအုံး.... ငါ့မှာ စားစရာရှိတယ်၊ ငါ့မှာ မိန်းမတွေရှိတယ်... ငါ့မှာ လက်နက်တွေရှိတယ်... မင်းကို ပေးနိုင်တယ်။ ငါ ပေးနိုင်တယ်...အား ”

ကျန့်ယွင် သတ်ပစ်ဖို့ ကြံရွယ်နေသည်ကို မြင်လိုက်ရပြီး ချောင်ချီရှန်း၏ မျက်လုံးများ ထိတ်လန့်တုန်လှုပ်မှုများပြည့်သွားလေ၏။ သူ့ကိုယ်သူ ကယ်တင်ဖို့ သူ့ချစ်ပ်များအားလုံးကို ချက်ချင်း ထုတ်ပစ်လိုက်လေသည်။

သို့သော် ကျန့်ယွင်သည် သူ့အားဤအခွင့်အရေးကို မပေးချင်ဘူးဆိုသည်မှာ သိသာထင်ရှားလေသည်။ သူ့အား ယခုတင် ဖမ်းမိလိုက်သည့်အချိန်က သူ့ကို ပြန်ခေါ်သွားမည့်အစား ထိုပြဿနာကို ချက်ချင်းလက်ငင်းဖြေရှင်းခဲ့သင့်လေသည်။

ချောင်ချီရှန်းသည် အော်ဟစ်ပြီး ကောင်းကင်ကို မျက်နှာမူကာ လဲကျသွားပြီး သူ့ခေါင်း၌သွေးစွန်းနေသည့် အပေါက်တစ်ပေါက်ကို ချန်ထားခဲ့လေသည်။

ကျန့်ယွင်သည် သူ့သေနတ်ကို ဖယ်လိုက်ပြီး သူမ၏လူသားပုံစံကို ပြန်လည်ရရှိထားသည့် ဝူကျင်းကို ယွီသုန်သုန်အားအနားယူဖို့ သူ့အခန်းကို ပြန်ခေါ်သွားရန် တောင်းဆိုလိုက်လေသည်။

ကျန့်ယွင်သည် ဆရာ၀န်နှင့်လင်ရှီး၏ရှေ့သို့ လှမ်းလာပြီး အေးစက်သောအသံဖြင့် ပြောလိုက်၏။

“ငါတို့ မင်းတို့ကို တစ်ခုခုမေးရင် မင်းလိုချင်တာကို ဖြေလိုက်။ ဒါပေမယ့် လှည့်ကွက်တွေကစားရဲရင် ဒါက မင်းရဲ့အဆုံးသတ်ဖြစ်သွားလိမ့်မယ်”

လင်းချန်းအခြေစိုက်စခန်းမှ သြဇာအာဏာအရှိဆုံး လောင်တပင် သူတို့သတ်ခြင်းခံလိုက်ရလေ၏။ သာမာန်လူများအနေနှင့် လင်းရှီနှင့်ဆရာဝန်တို့သည် ညှိနှိုင်းရန်နေရာမရှိကြချေ။ သဘာ၀အတိုင်း သူတို့သိသမျှကိုအရာအားလုံးကို ပြောပြကြလေသည်။

လင်ချန်းအခြေစိုက်စခန်း၏ ညံ့ဖျင်းသည့် ဆက်ဆံမှုကြောင့် မြို့ရိုးကိုတည်ဆောက်သည့်လူများသည် ထောင့်များကိုဖြတ်တောက်ထားခဲ့ကြကာ ၎င်းသည် ဖုတ်ကောင်များ၏ အလွယ်တကူချိုးဖောက်နိုင်ခြင်းကို ဦးတည်ခဲ့လေသည်။ ချောင်ချီရှန်းနှင့် ကျန်သည့်လူများသည် မြို့ကိုစွန့်ခွာပြီး လင်ချန်းအကျဉ်းထောင်ဆီသို့ ထွက်ပြေးခဲ့ကြသည်။

ယခင်က ချောင်ချီရှန်းသည် သူ့စွမ်းအားများကို အဆင့်မြှင့်တင်ရန် နည်းလမ်းရှာမတွေ့ခဲ့ချေ။ အဆင့်တစ်၏ အထွတ်အထိပ်တွင် အချိန်အတော်ကြာ ပိတ်မိနေခဲ့ပြီး နောက်ပိုင်း၌ သူ့ဆရာဝန်သည် စွမ်းရည်အမြု‌တေ၏ မှော်ဆန်သည့်အကျိုးသက်ရောက်မှုကို ရှာဖွေတွေ့ရှိခဲ့လေသည်။ စွမ်းအားရှင်များ၏ စွမ်းရည်အမြုတေသည် ဖုန်ကောင်အမြုတေများကဲ့သို့ ရောဂါပိုးမပါ၀င်ခဲ့ဘဲ စွမ်းအင်ပြည့်ဝနေလေသည်။

ထိုစွမ်းရည်အမြုတေဖြင့် ချောင်ချီရှန်းသည် ဒုတိယအဆင့်သို့ ချိုးဖြတ်သွားခဲ့သည်။

ချောင်ချီရှန်းသည် အခြေစိုက်စခန်းတွင်ရှိစဉ်က စွမ်းအားရှင်အများအပြားကို တိတ်တဆိတ်သတ်ခဲ့ပြီး သူ့စွမ်းရည်ကို မြှင့်တင်ရန်အတွက် သူတို့၏စွမ်းရည်အမြုတေကို ဖမ်းဆုပ်ထားခဲ့လေသည်။ သို့သော်လည်း ပြောင်ပြောင်တင်းတင်းကြီးမနေဝံ့ခဲ့ဘဲ လူ့အသားကိုလည်း မစားခဲ့ချေ။

သို့သော်လည်း သူတို့လွတ်မြောက်လာသည့်ထိုအချိန်၌ ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရပြီး ရိက္ခာပစ္စည်းများပြတ်လပ်လာခဲ့ကာ သူတို့၏ စားနပ်ရိက္ခာကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားခဲ့လေသည်။ ထောင်ထဲတွင်ရှိသည့် အသက်ရှင်ကျန်ရစ်သူများသည် နေ့တိုင်းနီးပါး ငတ်ပြတ်နေခဲ့ကြလေသည်။

ထိုအချိန်တွင် စွမ်းအားရှင်တစ်ဦးသည် သူတို့နှင့်အတူ လွတ်မြောက်လာခဲ့စဉ်၌ ဒဏ်ရာအပြင်းအထန်ရခဲ့လေသည်။ လင်းကျား၏ကုသနိုင်စွမ်းမရှိဘဲ သူသည် အသက်မရှင်နိုင်ခဲ့ချေ။

သူမသေဆုံးခင်မှာပင် ဆရာဝန်သည် သူ့စွမ်းရည်အမြုတေကို တူးဖော်ခဲ့ပြီး ၎င်းကို ချောင်ချီရှန်းအား ဆက်သခဲ့ကာ အလောင်းကို ခြံနောက်ဖေးတွင်စွန့်ပစ်ထားခဲ့လေသည်။

ထောင်တွင်းရှိ ဆာလောင်မွတ်သိပ်နေသော အသက်ရှင်ကျန်ရစ်သူအုပ်စုသည် အမှန်တကယ်ပင် ဆက်မသွားနိုင်ကြတော့သဖြင့် အလောင်းမှအသားများကို တိတ်တဆိတ်လှီးဖြတ်ကာ ချက်ပြုတ်ရန် ပြန်ယူသွားခဲ့လေသည်။ သူတို့သည် အသားသည် အရသာရှိပြီး မျိုးပြောင်းတိရစ္ဆာန်များ၏ အသားထက် မဆိုးကြောင်း တွေ့ရှိခဲ့ကြသည်။ ကင်းလှည့်သမားများ အလောင်းကိုတွေ့သည့်အချိန်မှာတော့ အရိုးစုတစ်ခုသာကျန်ခဲ့တော့သည်။ သို့သော် ထောင်အိမ်ထဲမှာတော့ အသားများပြည့်နေခဲ့လေသည်။

ထိုအဖြစ်အပျက်ကို ကင်းလှည့်မှ သတင်းပို့ပြီးနောက် ချောင်ချီရှန်းသည် လူများကို ထောင်သို့ စေလွှတ်ကာ သူတို့ ချက်ပြုတ်ထားသောဟင်းရည်ကို လုယူခဲ့သည်။ သူ့အမြင်တွင် သူတို့စားနိုင်သည်ဆိုပါက သူလည်း စားနိုင်မည်ဖြစ်လေသည်။

၎င်းကို မြည်းစမ်းကြည့်ပြီးနောက် အသားထဲတွင် သူ့စွမ်းရည်အတွက်ကောင်းမွန်သည့် စွမ်းအင်များ ရှိနေသည်ကို တွေ့ရှိခဲ့လေသည်။ သူသည် ဆက်သည်းမခံနိုင်တော့ဘဲ ဗိုက်ကိုဖွင့်ပြီး ၎င်းကိုစားသောက်ခဲ့ကာ ညီအစ်ကိုများအား ပေးခဲ့လေသည်။

အခြားလူများသည် လူသားစားခြင်းကို ခုခံနိုင်စွမ်းတချို့ရှိကြသော်လည်း ၎င်းသည် သူတို့၏ စွမ်းရည်များအတွက် ကောင်းမွန်ကြောင်း တွေ့ရှိလိုက်ကြသောအခါ လက်ခံလိုက်ကြလေသည်။

ကျန့်ယွင် ရောက်လာခြင်းမတိုင်မီက သူတို့သည်စွမ်းအားရှင်လေးဦးကို တိတ်တဆိတ်သတ်ဖြတ်ခဲ့ပြီး သူတို့၏စွမ်းရည်အမြုတေများကို မျိုချရုံသာမက သူတို့၏အလောင်းများကိုပါ စားသောက်ခဲ့ကြလေသည်။

စစ်ကြောရေး၌ နောက်ပိုင်းတွင် လင်ရှီးနှင့်ဆရာဝန်တို့သည် သူတို့၏အပြစ်ကို ပေါ့ပါးစေရန်ကြိုးစားရင်း တစ်ယောက်ကိုတစ်ယောက် စတင်ကိုက်ဖြတ်လာကြလေသည်။

၎င်းကို ကြားပြီးနောက် ကျန့်ယွင်နှင့်သူ့အဖွဲ့သားများအားလုံး တုန်လှုပ်ခြောက်ခြားသွားပြီး ဒေါသထွက်ခဲ့ကြရလေသည်။ ကမ္ဘာပေါ်မှာ ဒီလိုအရူးတွေ ရှိတယ်လို့ သူတို့ ဘယ်လိုထင်ထားပါ့မလဲ? ထို့အပြင် လင်းချန်းအကျဉ်းထောင်တခုလုံးရှိလူ 300 ကျော်သည် လူ့အသားကိုစားပြီး သက်တောင့်သက်သာ ခံစားနေခဲ့ကြလေသည်။

သူတို့ ထောင်ထဲသို့ဝင်လာသောအချန်က အသက်ရှင်ကျန်ရစ်သူများ၏ မှိုင်းညို့နေသောမျက်လုံးများကို တွေးရင်း တုန်လှုပ်ခြောက်ခြားသွားကြလေသည်။ သူတို့သည် သူတို့အား သားကောင်အမျိုးအစားတစ်ခုအဖြစ်သာ မှတ်ယူခဲ့ကြသည်မဟုတ်ပါလား?

ကျန့်ယွင်သည် မူလက ကင်းကောင်ရှစ်ယောက်၏ အမြစ်ကို ဖယ်ရှားပြီးနောက် တောင်ပိုင်းအခြေစိုက်စခန်းကို ရေဒီယိုအသံလွှင့်ဌာနတစ်ခုနှင့် ဆက်သွယ်ပြီး ကျန်ရှိသည့်အသက်ရှင်ကျန်ရစ်သူများကို ပြန်လည်အခြေချနေထိုင်ရန် လူများကိုပြန်ခေါ်ဆောင်ရန် တစ်စုံတစ်ဦးကို စေလွှတ်ခိုင်းမည်ဟု တွေးထားခဲ့သော်လည်း ယခုအခါတွင်မူ သူမလိုင်တော့သည့်ပုံရလေသည်။ ထိုလူများသည် လူ့အသားကို စားပြီးပြီဖြစ်လေသည်။ သူတို့သည် အကျင့်စာရိတ္တ အောက်ခြေလိုင်းကိုလုံးဝ ဆုံးရှုံးသွားပြီဖြစ်လေသည်။ သူတို့အား ပြန်ခေါ်သွားပါက  အခြေစိုက်စခန်းထဲတွင် အလွန်မတည်မငြိမ်သည့်အခြေအနေ ဖြစ်လာလိမ့်မည်ဖြစ်သည်။

သို့သော် သတ်ပစ်ဖို့ရန်အတွက်တော့မသင့်လျော်ပါချေ။ နောက်ဆုံးတော့ ၎င်းသည် အသက်ပေါင်း 300 ကျော်ဖြစ်လေ၏.....

နောက်ဆုံး၌ ကျန့်ယွင်သည် ဟန်လဲ့အား အခြေစိုက်စခန်းကို ရေဒီယိုနှင့်ဆက်သွယ်ခိုင်းပြီး ဤနေရာတွင်ဖြစ်ပျက်ခဲ့သည်များကို တင်ပြလိုက်လေသည်။ ကျန်းရွှီကျိုးသည် အခြေစိုက်စခန်း၏ ခေါင်းဆောင်ဖြစ်ထိုက်လေသည်။  မကြာခင်မှာပင် ဒီလူများကို အခြေစိုက်စခန်းဆီသို့ ပြန်ခေါ်သွားရန် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်မည်ဟု ဆုံးဖြတ်ချက်ချခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ လူပေါင်း 300 ကျော်ရှိလိမ့်မည်ဖြစ်သည်။

သူတို့အား လွှတ်ထားပေးလိုက်ပါက ယုတ်စွအဆုံး အဂတိလိုက်စားသည့် လုပ်ရပ်မျိုး ဆိုးဆိုးရွားရွား ဖြစ်မလာနိုင်ဘူးဆိုသည်ကို  မည်သူသိနိုင်ပါ့မလဲ။ သူတို့အခြေစိုက်စခန်းသို့ ပြန်ရောက်လာပါက သူတို့အတွက် အနီရောင်ကတ်ပြားများ ကိုင်ဆောင်စေမည်ဖြစ်သည်။ ဆက်ဆံမှုသည် ထောင်သားများနှင့် တန်းတူဖြစ်ကာ သူတို့အားဂရုစိုက်ရန် တစ်စံာတး်ဦးကို စေလွှတ်ပေးမည်ဖြစ်သည်။ လွတ်လပ်ခွင့်မရှိဘဲ သူတို့ဘ၀များကို ထောက်ပံ့ရန် လုပ်အားအပေါ်သာမှီခိုကြရမည်ဖြစ်သည်။ အခြေစိုက်စခန်းစည်းမျဉ်းများကို ဖောက်ဖျက်ပါက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည်ဖြစ်သည်။

ကျန့်ယွင်သည် ထိုအဖြေကို သဘောတူပြီးနောက် လင်ရှီးအား အသက်ရှင်ကျန်ရစ်သူများကြားထဲမှ ကင်းကောင်ရှစ်ယောက်ကို တစ်ယောက်ပြီးတစ်ယောက်ရှာဖွေခိုင်းပြီး စုပေါင်းပစ်ခတ်မှုအပြီးမှာတော့ အလောင်းများကို အခင်းနေရာမှာပင် မီးသဂြိုလ်ခဲ့ကြသည်။ ဆရာ၀န်၏ မှတ်ချက်အရ ချောင်ချီရှန်း၏အမျိုးသမီးဖြစ်သည့် လင်ရှီးသည် အမှောင်ဘက်ခြမ်းများစွာကို သိခဲ့လေသည်။ ချောင်ချီရှန်းသည် ကျန့်ယွင်နှင့် တခြားသူများကို သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်သည့်အချိန်က သူမလည်းပဲ အကြံဥာဏ်တစ်ချို့ပေးခဲ့သည်ဖြစ်ရာ သေခြင်းမှ မလွတ်မြောက်နိုင်ချေ။

ဆရာဝန်သည် ကရုဏာတရားတောင်းဆိုပြီး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သော်လည်း ဘာပြောသင့်တယ် မပြောသင့်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ရှင်းပြခဲ့ပြီး ကျန့်ယွင်သည် သူ့ကိုဆက်လက်အသက်ရှင်ခွင့် မပေးခဲ့ပါချေ။ အဆုံး၌ သူသည် စုရွေ့ကျယ်အား သူ့အတိတ်ဘ၀က ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ တရားခံဖြစ်ခဲ့လေသည်။ ဒီဘဝ၌ ထိုကဲ့သို့ပြုလုပ်ဖို့ အချိန်မရှိသော်လည်း ခွင့်ပြုနိုင်သည့် အခြေအနေမရှိလို့သာဖြစ်လေသည်။

ဒီအခွင့်အရေးကို ရပြီဆိုသည်နှင့် သူ့နောက်ဆုံးဘဝကထက် ပိုရက်စက်သည့် အရာများကိုသာ လုပ်လိမ့်မည်ဖြစ်လေသည်။ သူသည် စုရွေ့ကျယ်အတွက်အခန်းတစ်ခုကို စီစဉ်ပေးခဲ့ပြီး ထိုအထဲတွင် သူသည် တစ်ယောက်တည်း ဆရာဝန်နှင့်နှစ်နာရီကြာ နေခဲ့လေသည်။ စုရွေ့ကျယ် ထွက်သွားပြီးနောက် သူကိုယ်တိုင် ဆရာဝန်၏အလောင်းကို ကိုင်တွယ်ဖို့ ဝင်သွားခဲ့လေသည်။

【TN : လိုချင်နေကြပြီလား ဒီလို ကိုယ့် darker side ကို လိုက်လိုက်လျောလျောနဲ့ အလောင်းဖျောက်ပေးမယ့် ဘဲမျိုး 🥲】

ကျန့်ယွင်သည်သည် ကျန်ရှိသောလူများကို သေသေချာချာ ရေတွက်ခဲ့ကာ ချောင်ချီရှန်း၏ ဝှက်ထားသော အစားအစာများကို အသက်ရှင်ကျန်ရစ်သူများထံ ဝေငှပြီး တောင်ပိုင်းအခြေစိုက်စခန်းမှလူများကို စောင့်ရန် သတိပေးလိုက်သည်။ သူတို့သာ အကြံအစည်ဆိုးများ ရှိလာခဲ့ပါက  တောင်ပိုင်းအခြေစိုက်စခန်း စစ်တပ်လက်ထဲရှိ သေနတ်များသည် ငြိမ်နေမည်မဟုတ်ချေ။

သူတို့အား ခြိမ်းခြောက်ပြီးနောက် အဖွဲ့သည် မိုးသောက်ပြီးနောက် ထောင်မှထွက်ခွာလာခဲ့ကြလေသည်။  SUV ပေါ်တွင်ပါလာသည့် အမျိုးသမီးခုနစ်ယောက်ကို ထောင်ထဲရှိအဖွဲ့နှင့်အတူမထားခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် အဖွဲ့သည် အသက်ရှင်ကျန်ရစ်သူများကို မယုံနိုင်၍ဖြစ်သည်။ ဤအမျိုးသမီးများသည် လုံလုံလောက်လောက် ခံစားခဲ့ရပြီးဖြစ်လေသည်။ သူတို့အနေဖြင့် သူတို့အား ကျားတွင်းမှ လွတ်မြောက်စေကာ ဝံပုလွေတွင်းထဲသို့ ပို့နိုင်လိမ့်မည်ဖြစ်ပါ့မလား? 

ကျန်းရွှီကျိုးသည် ၀မ်ချန်းအခြေစိုက်စခန်းမှ မြို့စောင့်တပ်နှင့် လုမိသားစုဝင်များသည် တောင်ပိုင်းသို့ ထွက်သွားကြပြီး သူတို့နှင့် အဝေးပြေးလမ်းတွင် တွေ့နိုင်ဖွယ်ရှိကြောင်းပြောခဲ့လေသည်။ ထိုအချိန်တွင် ကားပေါ်ရှိ အမျိုးသမီးခုနစ်ဦးအား ၀မ်ချန်းစစ်သားများအား ပေးအပ်စေပြီး သူတို့အား တောင်ပိုင်းအခြေစိုက်စခန်းသို့ခေါ်ဆောင်သွားရန် တောင်းဆိုခဲ့သည်။

🍒🍒



My Cherry Will Explode in the Apocalypse

Chapter 106《 ထိန္းခ်ဳပ္မရနိုင္ျစ္လာျင္း

Author: Drunken Light Song
Source: Jostena M
Translator: オタク

ေခ်ာင္ခ်ီရွန္းသည္ လူတစ္ကိုယ္လုံးစိတ္ရႈပ္ေထြးေနစဥ္မွာပဲ ေျမေပၚသို႔ကန္ခ်ခံလိုက္ရေလ၏။ က်န႔္ယြင္ႏွင့္အျခားလူမ်ား သူ႕ကို ဝိုင္းထားသည္ကိုျမင္ၿပီးေနာက္ သူ႕အမူအရာသည္ ခ်က္ခ်င္းေျပာင္းလဲသြားေလ၏။

သူ ခ်က္ျခင္းပဲ သူ႕တစ္ကိုယ္လုံးကို သတၱဳႏွင့္ပတ္ထားလိုက္ၿပီး ထြက္ေျပးဖို႔ ႀကိဳးစားခဲ့ေသာ္လည္း သူ႕ေျခေထာက္မ်ားသည္ ေျမႀကီးထဲတြင္နစ္ေနၿပီး မိုးၿခိမ္းသံလို မိုးႀကိဳးသြားတစ္ခုသည္ သူ႕ကို ရိုက္ခတ္သြားေလသည္။

ေခ်ာင္ခ်ီရွန္းသည္ လွ်ပ္စီးေၾကာင့္ ခ်က္ျခင္း အေၾကာေသသြားၿပီး ဖုတ္ခနဲ ေျမျပင္ေပၚသို႔ ျပဳတ္က်သြားကာ လႈပ္မရေတာ့ေခ်။

က်န႔္က်ားဟယ္ ေရွ႕တက္လာၿပီး သူ႕အားတင္းတင္းၾကပ္ၾကပ္ ႀကိဳးတုပ္ၿပီးေနာက္ ေထာင္ထဲသို႔ ျပန္ေခၚသြားေလသည္။ ထိုခ်ိန္မွာေတာ့ ေထာင္တစ္ခုလုံးရွိ အသက္ရွင္က်န္သူမ်ားအားလုံးကို ထိုေနရာသို႔ေခၚထားၿပီးျဖစ္ေလသည္။ က်န႔္ယြင္သည္ ခ်န္းခ်ီႏွင့္ ခ်န္းေက်ာင္းတို႔ကို ေရတြက္ခိုင္းလိုက္သည္။ ဤေနရာတြင္ ေခ်ာင္ခ်ီရွန္း၊ ဆရာ၀န္ႏွင့္ လင္ရွီးအပါအဝင္ လူေပါင္း သုံးရာေက်ာ္ရွိေလသည္။

လင္ရွီးသည္ အတြင္းခံေဘာင္းဘီသာဝတ္ထားၿပီး အိပ္ယာခင္းတစ္ခုသာပတ္ထားကာ ေျမႀကီးေပၚတြင္ထိုင္ေနေလသည္။ သူမအား ေခ်ာင္ခ်ီရွန္း၏ကုတင္ေပၚမွ တိုက္ရိုက္ေခၚေဆာင္လာခဲ့ျခင္းျဖစ္ေလသည္။ ယခု သူမ၏လွပေသာမ်က္ႏွာသည္ မ်က္ရည္မ်ားျပည့္ႏွက္ေနေလသည္။

စုေ႐ြ႕က်ယ္ တံခါးကေနဝင္လာသည္ကို သူေတြ႕လိုက္သည္ႏွင့္ ခ်က္ခ်င္းဆိုသလို ေျပးလႊားသြားကာ သူ႕ေျခသလုံးကို ေပြ႕ဖက္ၿပီး ေအာ္ဟစ္ေလ၏။

“ေရွာင္က်ယ္ ငါတြန္းအားေပးခံရတာပါ။ သူတို႔ မင္းကိုဘာလုပ္မလဲ ငါမသိခဲ့ပါဘူး.....ငါက မင္းဝမ္းကြဲရဲ႕မိန္းမပါ! မင္းျမင္တဲ့အတိုင္း ငါတို႔က ေသြးသားေတာ္စပ္ၾကတယ္ေလ။ မင္းငါ့ကို သြားခြင့္ျပဳမယ္မလား? ငါမေသခ်င္ဘူး ငါမေသခ်င္ဘူး! ”

စုေ႐ြ႕က်ယ္သည္ တင္းမာေသာအမူအရာျဖင့္ သူ႕မရီးေဟာင္းျဖစ္သူကို ငုံ႕ၾကည့္လိုက္ကာ တိုးညွင္းစြာေမးလိုက္၏။

“ဝမ္းကြဲ၊ ကြၽန္ေတာ့္၀မ္းကြဲက ဘယ္မွာလဲ?  ဦးေလး ဘယ္မွာလဲ? ကြၽန္ေတာ့္တူငယ္ေလးက ဘယ္မွာလဲ?”

“သူ...သူတို႔...”

လင္းရွီသည္ ထစ္ထစ္အအႏွင့္ စကားမေျပာနိုင္ေတာ့ေခ်။

“သူတို႔အားလုံး ေသကုန္ၿပီ”

စုေ႐ြ႕က်ယ္၏မ်က္ႏွာ နစ္ျမဳပ္သြားေလသည္။

“သူတို႔က ကြၽန္‌ေတာ္နဲ႕ ေသြးသားရင္းခ်ာေတာ္စပ္တဲ့ ေဆြမ်ိဳးေတြပဲ။ သူတို႔မရွိရင္ ခင္ဗ်ားက ဘာမွမဟုတ္ဘူး”

လင္ရွီးသည္ ပါးစပ္ဖြင့္ၿပီး ဘာမွျပန္မေျပာနိုင္ေတာ့ေခ်။ စုေ႐ြ႕က်ယ္ ေျပာတာမွန္သည္ဆိုသည္ကို သူမသိ၏။ သူတို႔တြင္ ေသြးသားရင္းေတာ္စပ္ျခင္း လုံးဝမရွိသည္ကိုမဆိုထားႏွင့္ မိသားစုဆက္ဆံေရးသည္ အလြန္ပါးလႊာခဲ့ေလသည္။ သူမသည္ ဒီဆင္းရဲ‌ေသာေကာင္ေလးကို အၿမဲတမ္း ႏွိမ့္ခ်ခဲ့ၿပီး ဘယ္ေတာ့မွ မ်က္ႏွာသာ မေပးခဲ့ေခ်။
အိမ္ေျပာင္းေ႐ႊ႕ျခင္းႏွင့္ ပတ္သက္ၿပီး သူမအေနျဖင့္ တိုးတိုးတိတ္တိတ္ဘာမွ မေျပာခဲ့တာေတာင္မွ တစ္ေန႕၌ သူ႕ကို သနားဖို႔ေတာင္းပန္ရလိမ့္မည္ဟု သူမ မေမွ်ာ္လင့္ထားခဲ့ဖူးပါေခ်။

“ထြက္သြားစမ္း ! ”

က်န႔္ယြင္သည္ ညစ္ညမ္းေသာမိန္းမကို ဖယ္ရွားရန္ ၾကင္နာမႈမရွိစြာျဖင့္ ဆြဲငင္အားကို အသုံးခ်လိဳက္ေလသည္။ ဘယ္လိုက်င့္ႀကံရေကာင္းမွန္းမသိေသာ ထိုမိန္းမမ်ိဳးသည္ ေရွာင္က်ယ္၏ ေျခေထာက္ကို ကိုင္ဝံ့သလား?!

သူတို႔ အေျခစိုက္စခန္းကိုစေရာက္သည့္အခ်ိန္တုန္းက ေခ်ာင္ခ်ီရွန္းေရွ႕၌ ဒီအမ်ိဳးသမီး၏ ျပဳမူက်င့္ႀကံပုံကို သူ မေမ့ခဲေခ်။ သနားစာနာဖို႔ႏွင့္ ကိုယ္ခ်င္းစာဖို႔ ေတာင္းဆိုသည့္ သူမ၏စကားတစ္ခြန္းကို သူ ယုံၾကည္လိမ့္မည္မဟုတ္ေခ်။

ေနာက္တစ္ခုသည္ စစ္ေဆးေမးျမန္းဖို႔လုပ္ရန္ျဖစ္သည္။ ေသြးထြက္သံယိုျဖစ္မည္မို႔ ကေလးမ်ားေစာင့္ၾကည့္ရန္မသင့္ေသာေၾကာင့္ က်န႔္ယြင္သည္ ဝူက်င္းကို ယြီသုန္သုန္အား အခန္းထဲသို႔ အနားယူရန္ေခၚသြားခိုင္းလိုက္သည္။

ဝူက်င္းသည္ ယြီသုန္သုန္၏လက္ကိုဆြဲကာ အခန္းဆီသို႔ ေလွ်ာက္သြားစဥ္မွာပင္ ႀကိဳးမ်ားျဖင့္ခ်ည္ႏွောင္ထားၿပီး ေျမေပၚတြင္ပစ္ထားေသာ ေခ်ာင္ခ်ီရွန္းကို ျဖတ္သြားရမည္ျဖစ္ေလသည္။ သူတို႔ ျဖတ္သြားစဥ္မွာပင္ ေခ်ာင္ခ်ီရွန္းသည္ ႐ုတ္တရက္ေဖာက္ခြဲထြက္လာၿပီး ဝူက်င္း ႏွင့္ ယြီသုန္သုန္ဆီသို႔ ေျပးသြားခဲ့ေလသည္။

ေခ်ာင္ခ်ီရွန္း၏ တစ္ကိုယ္လုံးကို သတၱဳအလႊာတစ္ခုျဖင့္ ႐ုတ္ခ်ည္းဖုံးအုပ္ထားေလသည္။ တစ္ခ်ိန္တည္းမွာပင္ သတၱဳမ်က္ႏွာျပင္ေပၚတြင္ သြားမ်ားထြက္လာသည္ကိုျမင္လိုက္ရၿပီး သူသည္ ႀကိဳးအားလုံးကို တိုက္ရိုက္ျဖတ္ေတာက္လိုက္ေလသည္။

ထို႔ေနာက္ သူ႕လက္ေနာက္ဘက္တြင္ သတၱဳေခ်ာင္းႏွစ္ေခ်ာင္း ထြက္လာကာ ၎ျဖင့္ ဝူက်င္းအား မညွာမတာ ထိုးလိုက္ေလသည္။

“သတိထား!”

က်န္းရွို႔လ်န္သည္ ၎ကိုျမင္ၿပီး သူ႕မ်က္လုံးမ်ားျပဴးက်ယ္သြားေလသည္။

လွ်ပ္စီးႏွင့္ မီးေက်ာက္မ်ားၾကားတြင္ ဝူက်င္း၏ ခႏၶာကိုယ္သည္ ႐ုတ္တရက္ အေဝးသို႔လြင့္ထြက္သြားၿပီး ေခ်ာင္ခ်ီရွန္းကို ေလထုႏွင့္သာထားခဲ့ေလသည္။ ေခ်ာင္ခ်ီရွန္းသည္ အံ့အားသင့္သြားၿပီး ယြီသုန္သုန္အား ခ်က္ခ်င္း ဖမ္းဆြဲလိုက္ေလသည္။

“ေျမာင္!”

ေရွာင္ေဟးသည္ ယြီသုန္သုန္၏လက္ထဲကေန ခုန္ထြက္လာၿပီး သူ႕၏ခြၽန္ထက္သည့္လက္သည္းမ်ား လက္ဖဝါးေလးမ်ားထဲမွ ထြက္ေပၚလာကာ ေခ်ာင္ခ်ီရွန္းကို ကုတ္ျခစ္လိုက္ေလသည္။

ေခ်ာင္ခ်ီရွန္း၏ ခႏၶာကိုယ္မ်က္ႏွာျပင္ကို သတၱဳျဖင့္ ဖုံးအုပ္ထားေသာေၾကာင့္ ေရွာင္ေဟး၏ ေျခသည္းမ်ားျဖင့္ သတၱဳကိုဆုပ္ကိုင္လိုက္ေသာအခါ ထြက္ေပၚလာသည့္ ျပင္းထန္ေသာအသံေၾကာင့္ လူမ်ား အလြန္ စိတ္မသက္မသာ ျဖစ္ခဲ့ၾကရေလသည္။

ေခ်ာင္ခ်ီရွန္းသည္လည္း ႏွေးေကြးသည္မဟုတ္ခဲ့ေခ်။ သူ႕ပတ္ပတ္လည္တြင္ အခြၽန္အတက္မ်ားစြာထြက္ေပၚလာၿပီး ေၾကာင္နက္ကိုသတ္ရန္ ႀကိဳးပမ္းေနေလသည္။

သို႔ေသာ္လည္း အျဖဴေရာင္ျမဴခိုးမ်ားသည္ သူ႕လက္ႏွစ္ဖက္ကို ႐ုတ္ခ်ည္းရစ္ပတ္လာကာ သူ႕လႈပ္ရွားမႈကို ကန႔္သတ္လိုက္ေလသည္။ ေရွာင္ေဟးသည္ သူ႕လက္သည္းမ်ားသည္ သူ႕ေရွ႕ရွိလူအား မကုတ္ျခစ္နိုင္မွန္း သိလိုက္ရေသာအခါ ေဒါသတႀကီးျဖစ္သြားေလသည္။ လူသားသည္႐ုတ္တရက္ မေ႐ႊ႕နိုင္ေတာ့သည္ကို ျမင္လိုက္ရေသာအခါ သူ႕ေရွ႕ေျခႏွစ္ေခ်ာင္းကိုဖြင့္ကာ လက္ဖ၀ါးႏွစ္ဖက္ျဖင့္ ဘယ္မွညာသို႔ လူသား၏မ်က္ႏွာကို ျပင္းျပင္းထန္ထန္ စတင္ရိုက္လိုက္ေလသည္။

ေရွာင္ေဟးသည္ တစ္ခ်ိန္က က်န႔္က်ားဟယ္ႏွင့္ ခႏၶာကိုယ္လဲလွယ္ခဲ့ျခင္းေၾကာင့္ ျဖစ္မျဖစ္ မသိနိုင္ေသာ္လည္း သူ႕ခြန္အားမွာ အလြန္ျပင္းထန္ပုံရသည္။ ထိုကဲ့သို႔ အၾကင္နာမဲ့ ရိုက္ႏွက္မႈေအာက္တြင္ သတၱဳကိုယ္ထည္ျဖင့္ သူ႕ကိုယ္သူကာကြယ္ထားေသာ ေခ်ာင္ခ်ီရွန္းသည္ သူ႕မ်က္လုံးမ်ားတြင္ ၾကယ္မ်ားကိုပင္ ျမင္လိုက္ရသည္အထိ ရိုက္ႏွက္ခံလိုက္ရေလသည္။

“ငါလုပ္ပါရေစ!”

ခ်န္းခ်ီ၏ မိုးႀကိဳးႏွင့္ လွ်ပ္စီးတို႔သည္ ခ်က္ခ်င္းဆိုသလို ထြက္ေပၚလာကာ ေခ်ာင္ခ်ီရွန္းအား တိုက္ရိုက္ဓာတ္လိုက္သြားေစသည္။

“ငါ့အသက္ကို ခ်မ္းသာေပးပါ...ခ်မ္းသာေပးပါ....”

ေခ်ာင္ခ်ီရွန္းသည္ သူ႕သတၱဳအကၤ်ီကို ဆက္မထိန္းထားနိုင္ေတာ့ဘဲ ေရွာင္‌ေဟး၏ ရိုက္ႏွက္ျခင္းကိုခံရၿပီးေနာက္ သူ႕အနက္ေရာင္ႏွင့္အျပာေရာင္ မ်က္ႏွာ ထြက္ေပၚလာခဲ့ေလသည္။

က်န႔္ယြင္သည္ သူထံသို႔ ေျဖးညွင္းစြာေလွ်ာက္သြားလိုက္ၿပီး ေအးစက္စြာျဖင့္ လက္ထဲတြင္ရွိေသာ ပစၥတိုကို ကိုင္ျမႇောက္လိုက္ကာ သူ႕ေခါင္းအား ခ်ိန္ထားလိုက္ေလ၏။

“ေနပါအုံး၊ ေနပါအုံး.... ငါ့မွာ စားစရာရွိတယ္၊ ငါ့မွာ မိန္းမေတြရွိတယ္... ငါ့မွာ လက္နက္ေတြရွိတယ္... မင္းကို ေပးနိုင္တယ္။ ငါ ေပးနိုင္တယ္...အား ”

က်န႔္ယြင္ သတ္ပစ္ဖို႔ ႀကံ႐ြယ္ေနသည္ကို ျမင္လိုက္ရၿပီး ေခ်ာင္ခ်ီရွန္း၏ မ်က္လုံးမ်ား ထိတ္လန႔္တုန္လႈပ္မႈမ်ားျပည့္သြားေလ၏။ သူ႕ကိုယ္သူ ကယ္တင္ဖို႔ သူ႕ခ်စ္ပ္မ်ားအားလုံးကို ခ်က္ခ်င္း ထုတ္ပစ္လိုက္ေလသည္။

သို႔ေသာ္ က်န႔္ယြင္သည္ သူ႕အားဤအခြင့္အေရးကို မေပးခ်င္ဘူးဆိုသည္မွာ သိသာထင္ရွားေလသည္။ သူ႕အား ယခုတင္ ဖမ္းမိလိုက္သည့္အခ်ိန္က သူ႕ကို ျပန္ေခၚသြားမည့္အစား ထိုျပႆနာကို ခ်က္ခ်င္းလက္ငင္းေျဖရွင္းခဲ့သင့္ေလသည္။

ေခ်ာင္ခ်ီရွန္းသည္ ေအာ္ဟစ္ၿပီး ေကာင္းကင္ကို မ်က္ႏွာမူကာ လဲက်သြားၿပီး သူ႕ေခါင္း၌ေသြးစြန္းေနသည့္ အေပါက္တစ္ေပါက္ကို ခ်န္ထားခဲ့ေလသည္။

က်န႔္ယြင္သည္ သူ႕ေသနတ္ကို ဖယ္လိုက္ၿပီး သူမ၏လူသားပုံစံကို ျပန္လည္ရရွိထားသည့္ ဝူက်င္းကို ယြီသုန္သုန္အားအနားယူဖို႔ သူ႕အခန္းကို ျပန္ေခၚသြားရန္ ေတာင္းဆိုလိုက္ေလသည္။

က်န႔္ယြင္သည္ ဆရာ၀န္ႏွင့္လင္ရွီး၏ေရွ႕သို႔ လွမ္းလာၿပီး ေအးစက္ေသာအသံျဖင့္ ေျပာလိုက္၏။

“ငါတို႔ မင္းတို႔ကို တစ္ခုခုေမးရင္ မင္းလိုခ်င္တာကို ေျဖလိုက္။ ဒါေပမယ့္ လွည့္ကြက္ေတြကစားရဲရင္ ဒါက မင္းရဲ႕အဆုံးသတ္ျဖစ္သြားလိမ့္မယ္”

လင္းခ်န္းအေျခစိုက္စခန္းမွ ၾသဇာအာဏာအရွိဆုံး ေလာင္တပင္ သူတို႔သတ္ျခင္းခံလိုက္ရေလ၏။ သာမာန္လူမ်ားအေနႏွင့္ လင္းရွီႏွင့္ဆရာဝန္တို႔သည္ ညွိႏွိုင္းရန္ေနရာမရွိၾကေခ်။ သဘာ၀အတိုင္း သူတို႔သိသမွ်ကိုအရာအားလုံးကို ေျပာျပၾကေလသည္။

လင္ခ်န္းအေျခစိုက္စခန္း၏ ညံ့ဖ်င္းသည့္ ဆက္ဆံမႈေၾကာင့္ ၿမိဳ႕ရိုးကိုတည္ေဆာက္သည့္လူမ်ားသည္ ေထာင့္မ်ားကိုျဖတ္ေတာက္ထားခဲ့ၾကကာ ၎သည္ ဖုတ္ေကာင္မ်ား၏ အလြယ္တကူခ်ိဳးေဖာက္နိုင္ျခင္းကို ဦးတည္ခဲ့ေလသည္။ ေခ်ာင္ခ်ီရွန္းႏွင့္ က်န္သည့္လူမ်ားသည္ ၿမိဳ႕ကိုစြန႔္ခြာၿပီး လင္ခ်န္းအက်ဥ္းေထာင္ဆီသို႔ ထြက္ေျပးခဲ့ၾကသည္။

ယခင္က ေခ်ာင္ခ်ီရွန္းသည္ သူ႕စြမ္းအားမ်ားကို အဆင့္ျမႇင့္တင္ရန္ နည္းလမ္းရွာမေတြ႕ခဲ့ေခ်။ အဆင့္တစ္၏ အထြတ္အထိပ္တြင္ အခ်ိန္အေတာ္ၾကာ ပိတ္မိေနခဲ့ၿပီး ေနာက္ပိုင္း၌ သူ႕ဆရာဝန္သည္ စြမ္းရည္အျမဳ‌ေတ၏ ေမွာ္ဆန္သည့္အက်ိဳးသက္ေရာက္မႈကို ရွာေဖြေတြ႕ရွိခဲ့ေလသည္။ စြမ္းအားရွင္မ်ား၏ စြမ္းရည္အျမဳေတသည္ ဖုန္ေကာင္အျမဳေတမ်ားကဲ့သို႔ ေရာဂါပိုးမပါ၀င္ခဲ့ဘဲ စြမ္းအင္ျပည့္ဝေနေလသည္။

ထိုစြမ္းရည္အျမဳေတျဖင့္ ေခ်ာင္ခ်ီရွန္းသည္ ဒုတိယအဆင့္သို႔ ခ်ိဳးျဖတ္သြားခဲ့သည္။

ေခ်ာင္ခ်ီရွန္းသည္ အေျခစိုက္စခန္းတြင္ရွိစဥ္က စြမ္းအားရွင္အမ်ားအျပားကို တိတ္တဆိတ္သတ္ခဲ့ၿပီး သူ႕စြမ္းရည္ကို ျမႇင့္တင္ရန္အတြက္ သူတို႔၏စြမ္းရည္အျမဳေတကို ဖမ္းဆုပ္ထားခဲ့ေလသည္။ သို႔ေသာ္လည္း ေျပာင္ေျပာင္တင္းတင္းႀကီးမေနဝံ့ခဲ့ဘဲ လူ႕အသားကိုလည္း မစားခဲ့ေခ်။

သို႔ေသာ္လည္း သူတို႔လြတ္ေျမာက္လာသည့္ထိုအခ်ိန္၌ ဆုံးရႈံးမႈမ်ားစြာ ႀကဳံေတြ႕ခဲ့ရၿပီး ရိကၡာပစၥည္းမ်ားျပတ္လပ္လာခဲ့ကာ သူတို႔၏ စားနပ္ရိကၡာကို တင္းတင္းက်ပ္က်ပ္ ကန႔္သတ္ထားခဲ့ေလသည္။ ေထာင္ထဲတြင္ရွိသည့္ အသက္ရွင္က်န္ရစ္သူမ်ားသည္ ေန႕တိုင္းနီးပါး ငတ္ျပတ္ေနခဲ့ၾကေလသည္။

ထိုအခ်ိန္တြင္ စြမ္းအားရွင္တစ္ဦးသည္ သူတို႔ႏွင့္အတူ လြတ္ေျမာက္လာခဲ့စဥ္၌ ဒဏ္ရာအျပင္းအထန္ရခဲ့ေလသည္။ လင္းက်ား၏ကုသနိုင္စြမ္းမရွိဘဲ သူသည္ အသက္မရွင္နိုင္ခဲ့ေခ်။

သူမေသဆုံးခင္မွာပင္ ဆရာဝန္သည္ သူ႕စြမ္းရည္အျမဳေတကို တူးေဖာ္ခဲ့ၿပီး ၎ကို ေခ်ာင္ခ်ီရွန္းအား ဆက္သခဲ့ကာ အေလာင္းကို ၿခံေနာက္ေဖးတြင္စြန႔္ပစ္ထားခဲ့ေလသည္။

ေထာင္တြင္းရွိ ဆာေလာင္မြတ္သိပ္ေနေသာ အသက္ရွင္က်န္ရစ္သူအုပ္စုသည္ အမွန္တကယ္ပင္ ဆက္မသြားနိုင္ၾကေတာ့သျဖင့္ အေလာင္းမွအသားမ်ားကို တိတ္တဆိတ္လွီးျဖတ္ကာ ခ်က္ျပဳတ္ရန္ ျပန္ယူသြားခဲ့ေလသည္။ သူတို႔သည္ အသားသည္ အရသာရွိၿပီး မ်ိဳးေျပာင္းတိရစ္ဆာန္မ်ား၏ အသားထက္ မဆိုးေၾကာင္း ေတြ႕ရွိခဲ့ၾကသည္။ ကင္းလွည့္သမားမ်ား အေလာင္းကိုေတြ႕သည့္အခ်ိန္မွာေတာ့ အရိုးစုတစ္ခုသာက်န္ခဲ့ေတာ့သည္။ သို႔ေသာ္ ေထာင္အိမ္ထဲမွာေတာ့ အသားမ်ားျပည့္ေနခဲ့ေလသည္။

ထိုအျဖစ္အပ်က္ကို ကင္းလွည့္မွ သတင္းပို႔ၿပီးေနာက္ ေခ်ာင္ခ်ီရွန္းသည္ လူမ်ားကို ေထာင္သို႔ ေစလႊတ္ကာ သူတို႔ ခ်က္ျပဳတ္ထားေသာဟင္းရည္ကို လုယူခဲ့သည္။ သူ႕အျမင္တြင္ သူတို႔စားနိုင္သည္ဆိုပါက သူလည္း စားနိုင္မည္ျဖစ္ေလသည္။

၎ကို ျမည္းစမ္းၾကည့္ၿပီးေနာက္ အသားထဲတြင္ သူ႕စြမ္းရည္အတြက္ေကာင္းမြန္သည့္ စြမ္းအင္မ်ား ရွိေနသည္ကို ေတြ႕ရွိခဲ့ေလသည္။ သူသည္ ဆက္သည္းမခံနိုင္ေတာ့ဘဲ ဗိုက္ကိုဖြင့္ၿပီး ၎ကိုစားေသာက္ခဲ့ကာ ညီအစ္ကိုမ်ားအား ေပးခဲ့ေလသည္။

အျခားလူမ်ားသည္ လူသားစားျခင္းကို ခုခံနိုင္စြမ္းတခ်ိဳ႕ရွိၾကေသာ္လည္း ၎သည္ သူတို႔၏ စြမ္းရည္မ်ားအတြက္ ေကာင္းမြန္ေၾကာင္း ေတြ႕ရွိလိုက္ၾကေသာအခါ လက္ခံလိုက္ၾကေလသည္။

က်န႔္ယြင္ ေရာက္လာျခင္းမတိုင္မီက သူတို႔သည္စြမ္းအားရွင္ေလးဦးကို တိတ္တဆိတ္သတ္ျဖတ္ခဲ့ၿပီး သူတို႔၏စြမ္းရည္အျမဳေတမ်ားကို မ်ိဳခ်႐ုံသာမက သူတို႔၏အေလာင္းမ်ားကိုပါ စားေသာက္ခဲ့ၾကေလသည္။

စစ္ေၾကာေရး၌ ေနာက္ပိုင္းတြင္ လင္ရွီးႏွင့္ဆရာဝန္တို႔သည္ သူတို႔၏အျပစ္ကို ေပါ့ပါးေစရန္ႀကိဳးစားရင္း တစ္ေယာက္ကိုတစ္ေယာက္ စတင္ကိုက္ျဖတ္လာၾကေလသည္။

၎ကို ၾကားၿပီးေနာက္ က်န႔္ယြင္ႏွင့္သူ႕အဖြဲ႕သားမ်ားအားလုံး တုန္လႈပ္ေျခာက္ျခားသြားၿပီး ေဒါသထြက္ခဲ့ၾကရေလသည္။ ကမၻာေပၚမွာ ဒီလိုအ႐ူးေတြ ရွိတယ္လို႔ သူတို႔ ဘယ္လိုထင္ထားပါ့မလဲ? ထို႔အျပင္ လင္းခ်န္းအက်ဥ္းေထာင္တခုလုံးရွိလူ 300 ေက်ာ္သည္ လူ႕အသားကိုစားၿပီး သက္ေတာင့္သက္သာ ခံစားေနခဲ့ၾကေလသည္။

သူတို႔ ေထာင္ထဲသို႔ဝင္လာေသာအခ်န္က အသက္ရွင္က်န္ရစ္သူမ်ား၏ မွိုင္းညို႔ေနေသာမ်က္လုံးမ်ားကို ေတြးရင္း တုန္လႈပ္ေျခာက္ျခားသြားၾကေလသည္။ သူတို႔သည္ သူတို႔အား သားေကာင္အမ်ိဳးအစားတစ္ခုအျဖစ္သာ မွတ္ယူခဲ့ၾကသည္မဟုတ္ပါလား?

က်န႔္ယြင္သည္ မူလက ကင္းေကာင္ရွစ္ေယာက္၏ အျမစ္ကို ဖယ္ရွားၿပီးေနာက္ ေတာင္ပိုင္းအေျခစိုက္စခန္းကို ေရဒီယိုအသံလႊင့္ဌာနတစ္ခုႏွင့္ ဆက္သြယ္ၿပီး က်န္ရွိသည့္အသက္ရွင္က်န္ရစ္သူမ်ားကို ျပန္လည္အေျခခ်ေနထိုင္ရန္ လူမ်ားကိုျပန္ေခၚေဆာင္ရန္ တစ္စုံတစ္ဦးကို ေစလႊတ္ခိုင္းမည္ဟု ေတြးထားခဲ့ေသာ္လည္း ယခုအခါတြင္မူ သူမလိုင္ေတာ့သည့္ပုံရေလသည္။ ထိုလူမ်ားသည္ လူ႕အသားကို စားၿပီးၿပီျဖစ္ေလသည္။ သူတို႔သည္ အက်င့္စာရိတၱ ေအာက္ေျခလိုင္းကိုလုံးဝ ဆုံးရႈံးသြားၿပီျဖစ္ေလသည္။ သူတို႔အား ျပန္ေခၚသြားပါက  အေျခစိုက္စခန္းထဲတြင္ အလြန္မတည္မၿငိမ္သည့္အေျခအေန ျဖစ္လာလိမ့္မည္ျဖစ္သည္။

သို႔ေသာ္ သတ္ပစ္ဖို႔ရန္အတြက္ေတာ့မသင့္ေလ်ာ္ပါေခ်။ ေနာက္ဆုံးေတာ့ ၎သည္ အသက္ေပါင္း 300 ေက်ာ္ျဖစ္ေလ၏.....

ေနာက္ဆုံး၌ က်န႔္ယြင္သည္ ဟန္လဲ့အား အေျခစိုက္စခန္းကို ေရဒီယိုႏွင့္ဆက္သြယ္ခိုင္းၿပီး ဤေနရာတြင္ျဖစ္ပ်က္ခဲ့သည္မ်ားကို တင္ျပလိုက္ေလသည္။ က်န္း႐ႊီက်ိဳးသည္ အေျခစိုက္စခန္း၏ ေခါင္းေဆာင္ျဖစ္ထိုက္ေလသည္။  မၾကာခင္မွာပင္ ဒီလူမ်ားကို အေျခစိုက္စခန္းဆီသို႔ ျပန္ေခၚသြားရန္ တစ္စုံတစ္ေယာက္ကို ေစလႊတ္လိုက္မည္ဟု ဆုံးျဖတ္ခ်က္ခ်ခဲ့ေလသည္။ မည္သို႔ပင္ျဖစ္ေစ လူေပါင္း 300 ေက်ာ္ရွိလိမ့္မည္ျဖစ္သည္။

သူတို႔အား လႊတ္ထားေပးလိုက္ပါက ယုတ္စြအဆုံး အဂတိလိုက္စားသည့္ လုပ္ရပ္မ်ိဳး ဆိုးဆိုး႐ြား႐ြား ျဖစ္မလာနိုင္ဘူးဆိုသည္ကို  မည္သူသိနိုင္ပါ့မလဲ။ သူတို႔အေျခစိုက္စခန္းသို႔ ျပန္ေရာက္လာပါက သူတို႔အတြက္ အနီေရာင္ကတ္ျပားမ်ား ကိုင္ေဆာင္ေစမည္ျဖစ္သည္။ ဆက္ဆံမႈသည္ ေထာင္သားမ်ားႏွင့္ တန္းတူျဖစ္ကာ သူတို႔အားဂ႐ုစိုက္ရန္ တစ္စံာတး္ဦးကို ေစလႊတ္ေပးမည္ျဖစ္သည္။ လြတ္လပ္ခြင့္မရွိဘဲ သူတို႔ဘ၀မ်ားကို ေထာက္ပံ့ရန္ လုပ္အားအေပၚသာမွီခိုၾကရမည္ျဖစ္သည္။ အေျခစိုက္စခန္းစည္းမ်ဥ္းမ်ားကို ေဖာက္ဖ်က္ပါက ျပင္းျပင္းထန္ထန္ အျပစ္ေပးခံရမည္ျဖစ္သည္။

က်န႔္ယြင္သည္ ထိုအေျဖကို သေဘာတူၿပီးေနာက္ လင္ရွီးအား အသက္ရွင္က်န္ရစ္သူမ်ားၾကားထဲမွ ကင္းေကာင္ရွစ္ေယာက္ကို တစ္ေယာက္ၿပီးတစ္ေယာက္ရွာေဖြခိုင္းၿပီး စုေပါင္းပစ္ခတ္မႈအၿပီးမွာေတာ့ အေလာင္းမ်ားကို အခင္းေနရာမွာပင္ မီးသၿဂိဳလ္ခဲ့ၾကသည္။ ဆရာ၀န္၏ မွတ္ခ်က္အရ ေခ်ာင္ခ်ီရွန္း၏အမ်ိဳးသမီးျဖစ္သည့္ လင္ရွီးသည္ အေမွာင္ဘက္ျခမ္းမ်ားစြာကို သိခဲ့ေလသည္။ ေခ်ာင္ခ်ီရွန္းသည္ က်န႔္ယြင္ႏွင့္ တျခားသူမ်ားကို သတ္ပစ္ဖို႔ ဆုံးျဖတ္လိုက္သည့္အခ်ိန္က သူမလည္းပဲ အႀကံဥာဏ္တစ္ခ်ိဳ႕ေပးခဲ့သည္ျဖစ္ရာ ေသျခင္းမွ မလြတ္ေျမာက္နိုင္ေခ်။

ဆရာဝန္သည္ က႐ုဏာတရားေတာင္းဆိုၿပီး တက္ႂကြစြာ ပူးေပါင္းေဆာင္႐ြက္ေသာ္လည္း ဘာေျပာသင့္တယ္ မေျပာသင့္ဘူးဆိုတာ ရွင္းရွင္းလင္းလင္း ရွင္းျပခဲ့ၿပီး က်န႔္ယြင္သည္ သူ႕ကိုဆက္လက္အသက္ရွင္ခြင့္ မေပးခဲ့ပါေခ်။ အဆုံး၌ သူသည္ စုေ႐ြ႕က်ယ္အား သူ႕အတိတ္ဘ၀က ညွဥ္းပန္းႏွိပ္စက္ သတ္ျဖတ္ခဲ့တဲ့ တရားခံျဖစ္ခဲ့ေလသည္။ ဒီဘဝ၌ ထိုကဲ့သို႔ျပဳလုပ္ဖို႔ အခ်ိန္မရွိေသာ္လည္း ခြင့္ျပဳနိုင္သည့္ အေျခအေနမရွိလို႔သာျဖစ္ေလသည္။

ဒီအခြင့္အေရးကို ရၿပီဆိုသည္ႏွင့္ သူ႕ေနာက္ဆုံးဘဝကထက္ ပိုရက္စက္သည့္ အရာမ်ားကိုသာ လုပ္လိမ့္မည္ျဖစ္ေလသည္။ သူသည္ စုေ႐ြ႕က်ယ္အတြက္အခန္းတစ္ခုကို စီစဥ္ေပးခဲ့ၿပီး ထိုအထဲတြင္ သူသည္ တစ္ေယာက္တည္း ဆရာဝန္ႏွင့္ႏွစ္နာရီၾကာ ေနခဲ့ေလသည္။ စုေ႐ြ႕က်ယ္ ထြက္သြားၿပီးေနာက္ သူကိုယ္တိုင္ ဆရာဝန္၏အေလာင္းကို ကိုင္တြယ္ဖို႔ ဝင္သြားခဲ့ေလသည္။

【TN : လိုခ်င္ေနၾကၿပီလား ဒီလို ကိုယ့္ darker side ကို လိုက္လိုက္ေလ်ာေလ်ာနဲ႕ အေလာင္းေဖ်ာက္ေပးမယ့္ ဘဲမ်ိဳး 🥲】

က်န႔္ယြင္သည္သည္ က်န္ရွိေသာလူမ်ားကို ေသေသခ်ာခ်ာ ေရတြက္ခဲ့ကာ ေခ်ာင္ခ်ီရွန္း၏ ဝွက္ထားေသာ အစားအစာမ်ားကို အသက္ရွင္က်န္ရစ္သူမ်ားထံ ေဝငွၿပီး ေတာင္ပိုင္းအေျခစိုက္စခန္းမွလူမ်ားကို ေစာင့္ရန္ သတိေပးလိုက္သည္။ သူတို႔သာ အႀကံအစည္ဆိုးမ်ား ရွိလာခဲ့ပါက  ေတာင္ပိုင္းအေျခစိုက္စခန္း စစ္တပ္လက္ထဲရွိ ေသနတ္မ်ားသည္ ၿငိမ္ေနမည္မဟုတ္ေခ်။

သူတို႔အား ၿခိမ္းေျခာက္ၿပီးေနာက္ အဖြဲ႕သည္ မိုးေသာက္ၿပီးေနာက္ ေထာင္မွထြက္ခြာလာခဲ့ၾကေလသည္။  SUV ေပၚတြင္ပါလာသည့္ အမ်ိဳးသမီးခုနစ္ေယာက္ကို ေထာင္ထဲရွိအဖြဲ႕ႏွင့္အတူမထားခဲ့ၾကေခ်။ အဘယ္ေၾကာင့္ဆိုေသာ္ အဖြဲ႕သည္ အသက္ရွင္က်န္ရစ္သူမ်ားကို မယုံနိုင္၍ျဖစ္သည္။ ဤအမ်ိဳးသမီးမ်ားသည္ လုံလုံေလာက္ေလာက္ ခံစားခဲ့ရၿပီးျဖစ္ေလသည္။ သူတို႔အေနျဖင့္ သူတို႔အား က်ားတြင္းမွ လြတ္ေျမာက္ေစကာ ဝံပုေလြတြင္းထဲသို႔ ပို႔နိုင္လိမ့္မည္ျဖစ္ပါ့မလား? 

က်န္း႐ႊီက်ိဳးသည္ ၀မ္ခ်န္းအေျခစိုက္စခန္းမွ ၿမိဳ႕ေစာင့္တပ္ႏွင့္ လုမိသားစုဝင္မ်ားသည္ ေတာင္ပိုင္းသို႔ ထြက္သြားၾကၿပီး သူတို႔ႏွင့္ အေဝးေျပးလမ္းတြင္ ေတြ႕နိုင္ဖြယ္ရွိေၾကာင္းေျပာခဲ့ေလသည္။ ထိုအခ်ိန္တြင္ ကားေပၚရွိ အမ်ိဳးသမီးခုနစ္ဦးအား ၀မ္ခ်န္းစစ္သားမ်ားအား ေပးအပ္ေစၿပီး သူတို႔အား ေတာင္ပိုင္းအေျခစိုက္စခန္းသို႔ေခၚေဆာင္သြားရန္ ေတာင္းဆိုခဲ့သည္။

🍒🍒

Continue Reading

You'll Also Like

260K 44.2K 127
English name:The Zombie Emperor's Domesticated Cat Type : web novel Genre : Adventure, romance, supernatural, yaoi Status in COO:95 chapters+2 extra...
233K 40.2K 102
[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့ကမ္ဘာကြီးက သူ့ကြောင့်ပဲ တောက်ပလာခဲ့တယ်။ င...
57.7K 8.2K 27
This is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Title - the emperor's favorite concubine i...
72.3K 9.3K 54
An ordinary teenager who unexpectedly encounters a little zombie and begins an adventure full of surprises and frights. Original chinese manhua name...