My Cherry Will Explode in the...

By tobefly_highhigh

654K 94.6K 1.4K

《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံ... More

Description
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷《ကျန့်ယွင်နှင့်‌ နောက်တဖန်ပြန်ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸《‌နေရာလွတ်တစ်ခုရှိနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹 《ဆက်ဆံရေးက အလွဲတစ်ခုနဲ့စတင်ခဲ့တယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺 《မှော်ဆန်သောအရုပ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻 《ထပ်မရှောင်နိုင်တော့ ဆုံရပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼《ရှင်းရှင်းလင်းလင်းလုပ်ကြစို့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽《အမြတ်အစွန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾《ဒဏ်ရာများအား ဂရုစိုက်ပေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿 《အိပ်ယာအား အတူမျှဝေခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶《ဈေး၀ယ်ထွက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷《‌ကောင်းမွန်သောအရာများဆက်လက်ဖြစ်ပျက်နေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟸《ဖြိုဖျက်ရေးနှင့်ပြန်လည်နေရာချထားရေးသတိပေးချက်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟹《အတိတ်ဘ၀အကြောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟺《အတူတူရင်ဆိုင်ကြမယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟻《တွက်ချက်မှုများမအောင်မြင်ခဲ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟼《အိမ်နဲ့ကားရှိတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟽《မင်းလုပ်ရဲတယ်ပေါ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟾《ကမ္ဘာပျက်ကပ်ကြီးနီးလာပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟿《ကမ္ဘာပျက်ကပ်ကြီး ရောက်လာခဲ့ပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟶《စူပါမားကတ်*ကုန်တိုက်ကို အပြောင်ရှင်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟷《မ‌မျှော်လင့်ထားသော》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟸《ခွဲခွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟹《ပဲစေ့ကျည်ဆန်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟺《ထွက်လာကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟻《မကောင်းတဲ့သူတစ်ယောက်မဟုတ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟼《အမြု‌တေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟽《နှစ်မျိုးတွဲစွမ်းရည်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟾《Otakuတစ်ယောက်၏အလားအလာ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟿《ကယ်တင်မှာလား မကယ်တင်ဘူးလား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟶《ဦးနှောက်ပျက်စီးမှုကို ကယ်တင်လို့မရတော့ဘူး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟷《သူတို့ကစုံတွဲတစ်တွဲပဲ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟸《အဖွဲ့၀င်အသစ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟹《တစ်စုံတစ်ယောက်က တံခါးကိုဖျက်ပြီးဖွင့်ဖို့ကြိုးစားနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟺《ကမ္ဘာပျက်ကပ်အတွင်းပြောင်းလဲမှုများ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟻《နှုတ်ဆက်ပါတယ် အကြီးဆုံးဦးလေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟼《 အသက်ကယ် ကျေးဇူးတရား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟽《အနီရောင်မိုးရွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟾 《ဒဏ်ရာရ စစ်သားများနှင့်တွေ့ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟿《လူ့နှလုံးသားများသည် မခန့်မှန်းနိုင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟶《ကယ်ဆယ်ရေးအစီအစဉ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟷《ကယ််‌ဆယ်ရေးလုပ်ငန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟸《စစ်ဆင်‌ရေးစတင်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟹《အောင်အောင်မြင်မြင်လွတ်မြောက်ခြင်း》
Plants vs Zombies
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟺《ကယ်ဆယ်ရေးသတင်းစကား》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟻《ထွက်ခွာရန်စုစည်းကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟼《ဆင့်ကဲ‌ပြောင်းလဲနေသောဖုတ်ကောင်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟽《အဖိုးတန်ပဲစေ့များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟾《ကယ်ဆယ်ရေး စတင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟿《ချန်းယန် အလယ်တန်းကျောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟶《အကျပ်ရိုက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟷《ချန်းမောင်နှမများ》 
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟸 《နောက်တစ်ကြိမ်စကားပြောကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟹《 LED နေကြာပန်းမီးအိမ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟺《လယ်သမားဈေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟻《ရှောင်ဟေး၏ ကွဲပြားနေမှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟼《 အခြေစိုက်စခန်းသို့ ကနဦး၀င်ရောက်မှု》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟽《 အခြေစိုက်စခန်းထဲသို့ ပြောင်းရွှေ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟾《 အရေးပေါ်မစ်ရှင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟿《 စွမ်းရည်အဆင့်တက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟶 《 G မြို့သို့ သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟷《 သူလိမ်နေတာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟸《 မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟹《 ပုလင်းတစ်ခုထဲသို့ လိပ်ကိုဖမ်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟺《 အဆင့်သုံးဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟻《 စက်ရုံထဲ၀င်ရောက်ကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟼《 ကြွယ်၀သောရလဒ်များဖြင့်ပြန်လာကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟽《 ကျည်ဆန်အသစ်များ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟾《 အခြေစိုက်စခန်း၏ပြောင်းလဲခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟿 《 မြေမဲ့စိုက်ပျိုးရေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟶《 ၀မ်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟷《 အန်းဟွေ့မြို့ထဲရှိမငြိမ်သက်မှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟸《 သန္ဓေပြောင်းဝံပုလွေများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟹《 မြင်ရုံနဲ့ ‌ဝေစုလိုချင်တာလား? 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟺《 ကူးစက်ခံကြွက်၀င်ရောက်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟻《 ကြောင်နှင့်ကြွက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟼《 အကျပ်အတည်းဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟽《 စွမ်းရည်ဆေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟾《 သေခြင်းတရားကိုရှာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟿《 အခြေစိုက်စခန်းမှမောင်းထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟶《 အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟷《 လင်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟸《 ညစ်ပတ်သောလူသည် ညစ်ပတ်ခြင်းကိုသာမြင်၏ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟹《 King Kong ရှစ်ယောက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟺《 ကုသခြင်းစွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟻《 မိုးသည်းနေ့မှာလောင်သောမီး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟼《 အသိတချို့နှင့်ဆုံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟽《 မိုးသည်းကြီးနောက်ဆုံးတိတ်သွားပြီ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟾《 အနောက်မြောက်ဘက်သို့ဦးတည်သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟿《 ဖုတ်ကောင်ဝိုင်းရံခံရခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟶《 ပူးပေါင်း‌တိုက်ခိုက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟷《 ဘေးဒုက္ခအကျပ်အတည်းကို ဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟸《 စွမ်းရည်အဆင့်မြှင့်တင်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟹《 နှစ်သစ်ကူးနေ့ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟺《 နှစ်သစ်တစ်နှစ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟻《 နေရာလွတ်စွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟼《 အကူအညီတောင်းခံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟽《 မြောက်ပိုင်းသို့သွားရန်အသင့် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟾《 ထူးဆန်းသည့်ဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟿《 စွမ်းရည်နှစ်မျိုး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟶《 Snow Cruiser 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟷《 ကြင်နာမှုကို ကျေးဇူးသိတတ်မှုဖြင့် တုန့်ပြန်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟸《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟹《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟻《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟼《 ထိန်းချုပ်မရနိုင်ဖြစ်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟽《 မြွေပွေးခါးပိုက် ပိုက်-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟾《 မြွေပွေးခါးပိုက် ပိုက်-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟿《 မြို့တော်အခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟶《 မိသားစုနှစ်ခု၏အခြေအနေ-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟷《 မိသားစုနှစ်ခု၏အခြေအနေ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟸《 တွေ့ကြုံစုံစည်းကြခြင်း 》
𝙴𝚡𝚝𝚛𝚊《 ကွေ့ကောက်သောလမ်းသည် ဆိတ်ငြိမ်သောအရပ်သို့ ဦးတည်လေသည် 》
Complete 💯!!!
Completed Pdf file
ရာသီဥတု သတိပေးချက်
MMStoryteller website

𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟺《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ 》

2.8K 461 2
By tobefly_highhigh

My Cherry Will Explode in the Apocalypse

Chapter 104《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ 》

Author: Drunken Light Song
Source: Jostena M
Translator: オタク

လူအနည်းငယ်သည် အခန်းကို သပ်သပ်ရပ်ရပ်ပြင်ဆင်လိုက်ကြပြီး ထိုင်ချလိုက်ကြသည်။ ကျန့်ကျားဟယ်သည် ကျန့်ယွင်ဆီသို့ ရောက်လာပြီး တီးတိုးပြောလာလေ၏။

“ကျန့်ကော၊ ဒီမှာ ထူးဆန်းတာတစ်ခုခု သတိထားမိပြီလား?”

ကျန့်ယွင်သည် သူ့ကို စူးစူးစိုက်စိုက်ကြည့်ကာ

“ အို့ မင်းက ထက်မြက်တဲ့ တစ်ယောက်တည်းသောသူပဲမဟုတ်ဘူးလား?”

“လောင်တက လောင်တပါပဲ ဟီးဟီး....”

ကျန့်ကျားဟယ်သည် ချက်ချင်းပင် လည်ပင်းကိုပုလိုက်ပြီး ခြောက်ကပ်စွာ ရယ်မောလိုက်လေ၏။

“ချန်းချီ၊ ဝူကျင်းနဲ့သွားလူလဲပြီး ငါတို့ကားကိုစောင့်ကြည့်”

ဝူကျင်း၏ စွမ်းရည်သည် တိတ်တဆိတ် စူးစမ်းလေ့လာဖို့ အလွန်သင့်တော်လေသည်။  ချန်းချီ၊ စုန့်ချန်ရှုနှင့်။ ကျန်းရှို့လျန်တို့သည် ကားကိုစောင့်ကြည့်နေမည်ဖြစ်ကာ သူတို့ကား၏လုံခြုံရေးကို စိတ်ပူစရာမလိုချေ။

“ကောင်းပြီ”

ချန်းချီသည် သူ့အဝတ်များကို ပွတ်သပ်ပုတ်ခါပြီး အခန်းထဲမှ ချက်ခြင်းထွက်သွားလေ၏။

တံခါးဖွင့်လိုက်သည်နှင့် ထောင်အပြင်ဘက်တွင် နေထိုင်သူအားလုံးသည် သူတို့ဘက်သို့ကြည့်နေကြလေ၏။ အလင်းရောင်မှိန်မှိန်မှိန်ကြောင့် သူတို့မျက်နှာများကို ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း တစ်ခုခုထူးဆန်းနေကြောင်း သူတို့ ခံစားမိနေသေး၏။

ခဏအကြာတွင် ဝူကျင်း ရောက်လာပြီး တံခါးဝကို ဝင်လိုက်သည်နှင့် လူများသည် မျက်မှောင်တင်းတင်းကြုတ်ထားသော သူမကို မြင်နိုင်ကြလေသည်။ သူမသည် တည်ငြိမ်သည့်အကျင့်စရိုက်ရှိသည့် မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဤကဲ့သို့သောအမူအရာမျိုး ပြသသည်မှာ ရှားရှားပါးပါးပင်ဖြစ်သည်။

“ရှောင်ကျင်း၊ ဘာကိစ္စရှိလို့လဲ?”

ချန်းကျောင်းနှင့် ဝူကျင်းတို့သည် အဖွဲ့ထဲရှိ နှစ်ဦးတည်းသောမိန်းကလေးများဖြစ်ကြကာ သဘာဝအတိုင်း နီးနီးကပ်ကပ်ရှိကြ၏။ ယခု သူမသည် သုမအား စိုးရိမ်စိတ်နှင့်မေးလိုက်လေသည်။

“ငါသူတို့မျက်လုံးတွေကို မကြိုက်ဘူး”

သူတို့တွင် နောက်ကျောကို ထိုးဖောက်နေသလိုခံစားရသည့် စူးစမ်းသည့်မျက်လုံးမျိုးရှိကြကာ ၎င်းသည် အလွန်စိတ်မသက်မသာဖြစ်စေသည်။

“ဟေ့! နင်တို့ ဘာကြည့်နေတာလဲ?”

ချန်းကျောင်းသည် အမြဲတမ်း ဖြောင့်တန်းသောစိတ်ထားရှိလေသည်။

သူမသည် တံခါးအပြင်သို့ ချက်ချင်းထွက်သွားပြီး သူမ၏စွမ်းအားများ တိုးလာလေသည်။ ထောင်တစ်ခုလုံးသည် ပြင်းထန်သောလေနှင့်အတူ ထိုလူများဝန်းရံထားသည့် အပူပေးမီးဖိုများကို တိုက်ခတ်ကာ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လာကြ‌စေသည်။

ထိုအချိန်တွင် ကျန့်ယွင်သည် ကျောက်ပင်းကို စကားအနည်းငယ် တိုးတိုးပြောလိုက်ပြီး ကျောက်ပင်းသည် ချန်းကျောင်းကို အထဲပြန်၀င်ရန် ဖြောင့်ဖျစည်းရုံးရန် အပြင်ထွက်သွားလေသည်။ သူသည်အခန်းတိုင်းသို့သွားကာ ထိုလူများကို ပြုံးပြပြီး

“ဟားဟား၊ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊
ကျွန်တော့်ညီမက ဒေါသကြီးလို့ပါ”

သူတောင်းပန်နေရင်း သူ့လက်ဖဝါးထဲမှ မီးတောက်တစ်ခု ထွက်ပေါ်လာလေသည်။ ကျောက်ပင်း၏စွမ်းအားအဆင့်သည် အဆင့်နှစ်အထွဋ်အထိပ်သို့ ရောက်ရှိသွားသောကြောင့် သူထုတ်လွှတ်လိုက်‌သော မီးတောက်၏အပူချိန်သည် အလွန်မြင့်ပြီး ထိုလူများသည် မီးတောက်၏အပူကို အဝေးမှပင် ခံစားနိုင်ကြလေသည်။

ထိုမျက်နှာများပေါ်ရှိ ကြောက်ရွံ့‌‌သောအကြည့်ကို လျစ်လျူရှုကာ ကျောက်ပင်းသည် မီးလုံးအနည်းငယ်ကို လျင်မြန်စွာ ပစ်လွှတ်လိုက်ရာ ထိုလူများ၏ အပူပေးမီးဖိုများကို ပြန်လည်လောင်ကျွမ်းသွားစေပြီး နောက် နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့လေသည်။

စွမ်းအားရှင်နှစ်ဦးသည် တစ်ယောက်ပြီးတစ်ယောက် 'သူတို့၏စွမ်းအားကို ပြသခဲ့ခြင်းသည်' ထိုလူများကို ငုံးများကဲ့သို့ ကျုံ့သွားစေပြီး သူတို့အားနောက်တစ်ကြိမ် မကြည့်ဝံ့ကြတော့ချေ။

သိပ်မကြာခင်မှာပင် ဝူရယ်သည် သူတို့၏ညစာကိုယူလာရန် လူများကိုတွန်းလှည်းကို တွန်းပို့ရန် ခေါ်လာခဲ့လေသည်။ ၎င်းသည် ကန်တင်း၌အသုံးပြုသည့် ဟင်းရည်အိုးကြီးတစ်လုံးဖြစ်လေသည်။ ၎င်းသည် လူရာပေါင်းများစွာအတွက် ဟင်းချက်ဖို့ လုံလောက်သည့် လီတာ50ဆန့်သည့်ပုံရှိသည်။

ထိုအချိန်တွင် ဝူရယ်သည် ဟင်းအိုးအဖုံးကို သူကိုယ်တိုင်ဖွင့်လိုက်ပြီး အရသာရှိသောအသားအနံ့ အရသာထွက်လာလေသည်။ နျော့ခီ(Gnocchi)နှင့် ဂေါ်ဖီထုပ်အနည်းငယ်ပါသော လတ်လတ်ဆတ်ဆတ် အသားစွပ်ပြုတ်အိုးတစ်လုံးဖြစ်လေသည်။ ဝူရယ်သည် ကျန့်ယွင်တို့အဖွဲ့ရှိလူတိုင်းကို ခေါက်ဆွဲပြုတ်ပန်းကန်လုံးကြီး တစ်လုံးစီ ပေးရန် လူများကို ပြောလိုက်ပြီး ကျန်သည့်အရာများကို ထောင်အပြင်ဘက်သို့ တွန်းပို့လိုက်လေသည်။
【TN : Gnocchi က အီတလီအစားအစာတစ်မျိုးပါ။ ဂျုံ၊ ကြက်ဥ၊ဆား၊အာလူးတို့နဲ့လုပ်ထားတဲ့ အလုံးလေးတွေပါတဲ့။ 】

ထိုလူများသည် အစောကတည်းက မွှေးကြိုင်သော အသားရနံ့ကြောင့် စွဲဆောင်ခံလိုက်ကြရပြီး စွန်ပြုတ်အိုးကို အပြင်သို့တွန်းလာသည်ကို မြင်ကြသောအခါ ချက်ခြင်း ပြေးလွှားလာကြကာ မွှေ နှောက်လိုက်ကြလေသည်။

“လာ၊လာ၊ ယဉ်ကျေးမနေနဲ့၊ ပူတန်းစားကြ ”

ဝူရယ်သည် လူတိုင်းအား စားဖို့ခေါ်လိုက်၏။

ကျန့်ယွင်သည် သူ့လက်ထဲရှိ မွှေးကြိုင်သည့်ဟင်းချိုပန်းကန်ကို ကိုင်ထားပြီး တည်တည်ငြိမ်ငြိမ်မေးလိုက်၏။

“ဝူရယ် ဖြစ်ထိုက်ပါပေတယ်။ ဒီလိုအချိန်မှာတောင် ဒီလောက်လတ်ဆတ်တဲ့ အသားတွေ ရှိသေးတယ်”

“ဟားဟားဟား၊ မိုက်မဲတဲ့ သန္ဓေပြောင်းသမင်တစ်ကောင်ကို ဖမ်းမိတာ ကံကောင်းလို့ပါ။ အဲ့ဒါအရသာရှိတယ်။ မြန်မြန်လေး စမ်းကြည့်လိုက်!”

“ပူလွန်းသေးတယ်။ မစားခင် အအေးခံလိုက်အုဖံးမယ်”

စကားပြောပြီးနောက် အပြင်ဘက်သို့စားဖို့ ပြေးလာကြသည့် လူများကို ကြုံသလို မျက်စိကစားလိုက်၏။

“ရပါတယ်၊ ကိစ္စမရှိပါဘူး၊ ငါ အပြင်ဘက်ကားပေါ်ကလူတွေကိုလည်း ထမင်းသွားပို့ပေးလိုက်မယ်လေ..?”

“မလိုပါဘူး၊ ကားက လူနာတွေပြည့်နေလို့။ ပိုးဝင်တာဖြစ်ရင် ဆိုးလိမ့်မယ်။ သူတို့ဝေစုကို ထားခဲ့လိုက်ပါ ပြီးရင် ကျွန်တော်တို့ကိုယ်တိုင် သူတို့ကို ပို့ပေးလိုက်မယ်”

“ကောင်းပါပြီ၊ မင်းတို့ စားကြ။ ငါနောက်မှ ပန်းကန်တွေ သိမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်”

ဝူရယ်သည် သူတို့အား သတိထားနေသည် တွေ့လိုက်ရသော်လည်း သူ့မျက်နှာသည် ပြုံးနေဆဲဖြစ်သည်။ သူသည် လုံးဝမပျော်ပြံမပြဘဲ သူ့လူများနှင့်ထွက်သွားခဲ့လေ၏။

တံခါးပိတ်ပြီးနောက် ကျန့်ယွင်သည် စုရွေ့ကျယ်ကို ပိုကြီးသည့် ခွက်တစ်လုံးကို ထုတ်ခိုင်းလိုက်ပြီး နျော့ခီဟင်းရည်အားလုံးကို လောင်းထည့်လိုက်ပြီးနောက် နေရာလွတ်ထဲသို့ ထည့်ခိုင်းလိုက်သည်။

မည်သူကမှ ဘာမှမပြောကြချေ။ ကျန့်ယွင်သည် ထိုလူများ သူတို့၏အစားအသောက်များနှင့် ရှုပ်ပွခြင်းကိုတားဆီးရန် ကြိုးစားနေသည်ဟု အားလုံးက ထင်နေကြသည်။ အသားသည် ရှားပါးသော်လည်း ဒီအဖွဲ့ထဲရှိ လူတိုင်းအတွက်မူ ဆွဲဆောင်မှုမရှိဘူးပါချေ။ အဆူံမှာတော့ သူတို့၌ ရွှေပေါင်လုံးကြီးတစ်ခုရှိလေသည်။

စုရွေ့ကျယ်သည် ပလပ်ပေါက်တစ်ခုနှင့်တူလေသည်။ နေရာလွတ်ထဲတွင် ကြက်၊ ဘဲနှင့် ငါး အမျိုးအစားအစုံရှိသည်။ အလိုရှိတိုင်း စားနိုင်လေသည်။ ဤ နျော့ခီဟင်းချိုအတွက် စိုးရိမ်နေစရာမလိုပါချေ။ ယွီသုန်သုန်သည် ကုတင်ပေါ်တွင် နာနာခံခံဖြင့် ကျုံ့‌နေသော်လည်း သူ့မျက်လုံးလေးများသည် စုရွေ့ကျယ်ဘက်သို့ စိတ်အားထက်သန်စွာ စိုက်ကြည့်နေလေသည်။ သူသည် အဆုံးမှာတော့ ကလေးသာရှိသေးသောကြောင့် ဗိုက်ဆာလွယ်လေသည်။

စုရွေ့ကျယ်သည် သူ၏ ချစ်စဖွယ်အသွင်အပြင်ကြောင့် ရယ်မောလိုက်လေသည်။ ပစ္စည်းများကို ဖယ်ထုတ်ပြီးနောက် သူသည် ပေါင်မုန့်ကိုထုတ်ကာ လူတိုင်းအားပေးလိုက်ပြီး အထူးသဖြင့်  ယွီသုန်သုန်ကို ဝက်အူချောင်းနှစ်ချောင်းကိုပါ ပေးလိုက်လေသည်။

“ကျေးဇူးတင်ပါတယ် ကောကော”

ယွီသုန်သုန်၏ မျက်နှာငယ်လေးသည် ချစ်စရာကောင်းသော အပြုံးကို ချက်ချင်းပြသလိုက်လေသည်။ သူသည် ဝက်ပေါင်ခြောက်၀က်အူ‌ချောင်းအထုပ်ကို ဆုတ်ဖြဲကာ ကြွက်ငယ်လေးတစ်ကောင်ကဲ့သို့ ဝါးစားနေလေသည်။ အပိုင်းသေးသေးလေးများဖြတ်ကာ ရှောင်ဟေးကို ကျွေးရန်လည်းမမေ့ခဲ့ပေ။

စုရွေ့ကျယ်နှင့်ကျန့်ယွင်တို့သည် ပန်းကန်လုံးများကိုသယ်ပြီး ကားပေါ်ရှိလူများကို အစာပို့ဟန်ဆောင်ပြီးနောက် ပန်းကန်အလွတ်များနှင့် ပြန်သွားခဲ့ကြလေသည်။ တကယ်တမ်း၌ သူတို့အား ပေါင်မုန့်အချို့သာ ပေးခဲ့လေသည်။

ပန်းကန်လုံးအလွတ်ကို မြေကြီးပေါ်ချပြီး လူတိုင်းသည် ဗိုက်ကိုပေါင်မုန့်နှင့် နှစ်သိမ့်လိုက်ပြီး အိပ်ယာပေါ်တွင်လှဲပြီး မျက်စိမှိတ်အနားယူကြလေသည်။

သိပ်မကြာခင် ဝူရယ်သည် ပန်းကန်များကိုသိမ်းရန် လူနှစ်ဦးကို စေလွှတ်လိုက်လေသည်။ သန့်ရှင်းပြီး အရိုးပင်မကျန်သော မြေပြင်ပေါ်ရှိ ပန်းကန်များကို တွေ့သောအခါ သူတို့၏ပါးစပ်ထောင့်တွင်လှောင်ပြောင်လိုမှုများ ထွက်ပေါ်လာလေသည်။ သို့စော် မကြာခင်မှာပင် သူတို့သည် ၎င်းကို ဖုံးကွယ်လိုက်ကြကာ သူတို့၏ခေါင်းများကိုငုံ့ပြီး အလျင်အမြန်ထွက်ခွာသွားကြလေသည်။

သူတို့ထွက်သွားပြီးနောက် ကျန့်ယွင်သည် ဝူကျင်းကို မျက်စိမှိတ်ပြလိုက်ပြီး ဝူကျင်းသည် ချက်ချင်း မြုခိုးငွေ့အဖြစ် တိတ်တိတ်ဆိတ်ဆိတ် ပြောင်းသွားပြီး သူတို့နောက်မှ လိုက်ထွက်သွားလေသည်။

ပန်းကန်လုံးကိုကိုင်ထားသည့် လူနှစ်ယောက်သည် လမ်းလျှောက်ရင်း အသံတိုးတိုးနှင့် စကားပြောနေကြလေ၏။

“ဟက်၊ ဒီလူတွေက အရမ်းသန်မာသလို လုပ်နေပေမယ့် အရင်က အသားမစားဖူးသလိုလုပ်နေသေးတယ် ”

“ဟုတ်တယ်၊ အရိုးတွေတောင် မကျန်ခဲ့ဘူး၊ သူတို့ အရိုးကိုတောင် ဝါးစားပစ်တာဖြစ်ရမယ်”

“ဟားဟားဟား”

ရယ်မောရင်း စကားပြောရင်း သူတို့သည် အရှေ့ အဆောက်အဦးဆီသို့ လျှောက်သွားကြလေသည်။

“ဘယ်လိုလဲ? သူတို့အားလုံး စားပြီးကြပြီလား?”

ဝူရယ်သည် တံခါးနားတွင် စောင့်နေလေသည်။

“ဟုတ်ကဲ့ ၊ဟုတ်ကဲ့”

သူတို့သည် လက်ထဲရှိ ပန်းကန်အလွတ်များကို  မြှောက်ပြလိုက်ပြီး

“အစားအသောက်တွေ သန့်ရှင်းသွားပြီး သူတို့ ဘာမှတောင် မကျန်ခဲ့ဘူး”

“သူတို့ တစ်ခုခုပြောခဲ့သေးလား?”

“ဘာမှ မပြောပါဘူး....”

“ဟမ်?”

ဝူရယ်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“ကျွန်တော်တို့အဲဒီမှာရှိတုန်းက သူတို့အားလုံး လှဲအိပ်နေကြတာပဲ။ သူတို့ ပင်ပန်းနေတော့ ဒီဟင်းရည်ရဲ့ အာနိသင်ကို ကောင်းကောင်းနားမလည်ကြဘူး၊ ဟုတ်တယ်မလား? ”

“အိပ်ပျော်နေတာ?”

ဝူရယ်၏ မျက်ခုံးများသည် ရုတ်တရက် ပြေလျော့သွားလေသည်။ လူနှစ်ယောက်၏ ဗလာကျင်း‌ နေသောပုံသဏ္ဍာန် လျစ်လျူရှုလိုက်ကာ ချောင်ချီရှန်းကိုရှာရန် အပေါ်ထပ်သို့ တက်လာခဲ့လေသည်။

တံခါးကို ခဏလောက်ခေါက်လိုက်ပြီးနောက် ချောင်ချီရှန်းသည် ဖြည်းညှင်းစွာ တံခါးဖွင့်လာလေသည်။ ပြင်းထန်သော အနံ့အသက်ဆိုးတစ်ခု သူ့နှာခေါင်းဆီသို့ ရောက်လာလေသည်။ ဝူရယ်သည် အခန်း၏ကုတင်ပေါ်ရှိ အဖြူရောင်ခန္ဓာကိုယ်ကို ယောင်ဝါးဝါးမြင်လိုက်ရလေသည်။

“ဘာကိစ္စလဲ?”

ချောင်ချီရှန်းက မေးလာ၏။

“လောင်တ၊ သူတို့ စားလိုက်ကြတယ်”

ဝူရယ်သည် အခြေအနေကို အတိုချုံးပြောပြလေသည်။

“ဟားဟား၊ အရမ်းကောင်းတယ်။ သူတို့စားလိုက်ပြီဆိုကတည်းက သူတို့မပြေးနိုင်တော့ဘူး”

ချောင်ချီရှန်းသည် အပြုံးညစ်ညစ်ကို ပြလာခဲ့လေသည်။

“ညီအစ်ကိုတွေကို ညကျရင် သတိရှိကြပါစေ ”

“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကိစ္စမရှိပါဘူး”

ဝူရယ်သည်လည်း အလားတူ ညစ်တစ်ပြီး ဆိုးယုတ်သည့်အပြုံးကို ပြလာလေသည်။

ပြီးခဲ့တဲ့အကြိမ်  လင်းရွေ့ပျောက်သွားတုန်းက သူတို့လုပ်တာလို့ ကျွန်တော် သံသယရှိခဲ့တာ။ သူတို့ မြန်မ့န် ပြေးသွားကြတာ စိတ်မကောင်းစရာပါပဲ။ ဒီတစ်ကြိမ် သူတို့ ငါတို့ကိုဝင်တိုက်မိလို့ သူတို့အတွက်တော့ ကံဆိုးတာပဲ။

ဝူရယ် ထွက်သွားပြီးနောက် ဝူကျင်းသည် သူ့နောက်သို့ တချိန်လုံးလိုက်သွားလေသည်။ သူသည် လူဒါဇင်ပေါင်းများစွာကို ရှာပြီး အခန်းတစ်ခုထဲတွင် အသင့်လူစုထားလေ၏။ ထိုလူများ၏ အသွင်အပြင်အရ အများစုသည် စွမ်းအားရှင်များဖြစ်ကြ၏။

ညနက်လာသည်နှင့်အမျှ အဖွဲ့သားများသည် အခန်းထဲတွင် တိတ်တဆိတ်ထိုင်နေကြပြီး မီးပုံနားတွင် သူတို့ကိုယ်သူတို့ အနွေးဓာတ်ပေးနေကြကာ ထိတ်လန့်စရာရုပ်ရှင်ထဲမှ လူသတ်သမားများကဲ့သို့ ထောင်၏ ဦးတည်ရာဆီသို့ လောဘကြီးစွာနှင့် မှုန်မှုန်မှိုင်းမှိုင်း ငေးမောကာနေကြလေသည်။

“သူတို့အားလုံး အိပ်ပျော်ပြီး နောက်တစ်နာရီလောက်ကြာရင် အာ့ကော မင်း ကားကိုလုဖို့ လူတွေခေါ်သွားလိုက်။ ဒါပေမယ့် ကားထဲမှာ ဘယ်သူပါလဲတော့ ငါမသိဘူး အသားကို စားခဲ့ကြပေမယ့် သူတို့က စွမ်းအားရှင်များဖြစ်နေတုန်းပဲ။ သူတို့မှာ ထူးထူးခြားခြားအရည်အချင်းတချို့ရှိနေမှာကို ငါစိုးရိမ်တယ်။ မင်းသတိထားသင့်တယ်”
【TN : အာ့ကော = ဒုတိယအစ်ကို 】

“နားလည်ပြီ”

“တခြားသူတွေ ငါ့နောက်က လိုက်ခဲ့။ မင်းတို့အားလုံး  ဘာလုပ်ရမယ်ဆိုတာသိကြလား?”

“ငါတို့ သိပါတယ်!”

“ဒါဇင်နဲ့ချီတဲ့ အဆင့်မြင့်စွမ်းအားရှင်တွေပဲဟာ။ သူတို့ရဲ့ စွမ်းအင်အူတိုင်တွေကို အဆင့်မြှင့်ဖို့ သုံးနိုင်ရုံသာမကဘူး သူတို့ရဲ့အသားတွေကလည်း စွမ်းအင်ကို သယ်ဆောင်ပေးတယ်”

“အာ၊ သနားစရာပဲ။ ကောင်မလေးနှစ်ယောက်က အရမ်းကြည့်ကောင်းတယ်....”

“နည်းနည်းလေး သနားပြီး သူတို့ရဲ့အသက်ကို မထိခိုက်စေဘဲ စွမ်းရည်အမြု‌တေကို တူးဖော်ဖို့ ဆရာဝန်ကို ခွဲစိတ်ခိုင်းလိုက်ရအောင်”

“ဟေ့၊ အဲ့ အကြံကောင်းတယ်! ”

“လောင်တက အဲဒီကောင်ငယ်လေးကို အရမ်းစိတ်ဝင်စားနေပုံရတယ်။ အဲဒီအချိန်ကျရင် ဆရာဝန်ကို သူ့ကိုဂရုစိုက်ခိုင်းလိုက်စို့”

သူတို့ပြောသည်ကို နားထောင်ပြီး ဝူရယ်သည် ရုတ်တရက် ကြားဖြတ်လိုက်လေသည်။

“အဲ့ဒါ လောင်တကြိုက်တာပဲလေ။ သိမ်းထားသင့်တာပေါ့။ တခြားသူအားလုံးကို သတ်လိုက်ရင် ဟေး၊ စွမ်းအင်အူတိုင်ရှစ်ခုကျန်သေးတယ်။ အစ်ကိုအကြီးဆုံးရှစ်ယောက်က ကျန်တဲ့အသားတွေကို မင်းတို့နဲ့ ခွဲလိမ့်မယ်။ ပြီးရင် လူတိုင်း အဆင့်မြှင့်နိုင်လိမ့်မယ်! ”

“ဟုတ်တယ်! ငါတို့ရဲ့စွမ်းအားက အဲဒီကောင်တွေလို အစွမ်းထက်ပြီးရင် ဖုတ်ကောင်တွေဝိုင်းရံခံရမှာကို နောက်ထပ် စိတ်ပူစရာ မလိုတော့ဘူး! ဒါဆို ငါတို့ အခြေစိုက်စခန်းကို ပြန်တည်ဆောက်နိုင်ပြီး အဲဒီတောင်ပိုင်းအခြေစိုက်စခန်းကို သိမ်းပိုက်နိုင်မှာပါ!”

“ဟားဟားဟားဟား”

ဝူကျင်းသည် ဤလူအုပ်စု၏ ထူးဆန်းသောဆွေးနွေးမှုကို နားထောင်ရင်း သူမသာ သာမန်လူတစ်ယောက်ဖြစ်နေပါက သူမ၏ နောက်ကျောသည် အေးစက်နေပြီး သူမတစ်ကိုယ်လုံး ကြက်သီးမွှေးညင်းထကာ တုန်လှုပ်ချောက်ချားနေလိမ့်မည်ဟု ခံစားရလေသည်။

စာရေးသူမှာ ပြောစရာရှိပါတယ်။

【လမ်းမပေါ်က ပြဇာတ်ငယ်လေး 】

ချောင်လောင်တ : ဒီကောင်လေးက အရမ်းချောတာပဲ။ သူ့ကို တစ်ချက်လောက်ကြည့်ရအောင်။

ဝူရယ် : ချောင်လောင်တ မင်း သူ့ကို မရနိုင်ဘူး။ ဒီလူနှစ်ယောက်က အရမ်းစွမ်းအားကြီးတယ်။ ငါတို့ နေ့ခင်းကြောင်တောင် တခြားသူတွေကို မက်မောလို့ မရဘူး။

ချောင်လောင်တ : အဲ့ဒါကြောင့် ဒီနည်းနဲ့ဆို မင်း သူတို့ကို ကောင်းကောင်း ဆက်ဆံနိုင်တယ်။ (ညကို စောင့်ရုံပဲ)

ကျန့်ရှောင်ယွင် : လာပါ၊ ဒုက္ခရောက်အောင်လုပ်ကြစို့။ ဘယ်သူလုပ်နိုင်မလဲ ကြည့်ရအောင်!

🍒🍒


My Cherry Will Explode in the Apocalypse

Chapter 104《 ေထာင္တြင္းထိတ္န႔္ဖြယ္ရာ

Author: Drunken Light Song
Source: Jostena M
Translator: オタク

လူအနည္းငယ္သည္ အခန္းကို သပ္သပ္ရပ္ရပ္ျပင္ဆင္လိုက္ၾကၿပီး ထိုင္ခ်လိဳက္ၾကသည္။ က်န႔္က်ားဟယ္သည္ က်န႔္ယြင္ဆီသို႔ ေရာက္လာၿပီး တီးတိုးေျပာလာေလ၏။

“က်န႔္ေကာ၊ ဒီမွာ ထူးဆန္းတာတစ္ခုခု သတိထားမိၿပီလား?”

က်န႔္ယြင္သည္ သူ႕ကို စူးစူးစိုက္စိုက္ၾကည့္ကာ

“ အို႔ မင္းက ထက္ျမက္တဲ့ တစ္ေယာက္တည္းေသာသူပဲမဟုတ္ဘူးလား?”

“ေလာင္တက ေလာင္တပါပဲ ဟီးဟီး....”

က်န႔္က်ားဟယ္သည္ ခ်က္ခ်င္းပင္ လည္ပင္းကိုပုလိုက္ၿပီး ေျခာက္ကပ္စြာ ရယ္ေမာလိုက္ေလ၏။

“ခ်န္းခ်ီ၊ ဝူက်င္းနဲ႕သြားလူလဲၿပီး ငါတို႔ကားကိုေစာင့္ၾကည့္”

ဝူက်င္း၏ စြမ္းရည္သည္ တိတ္တဆိတ္ စူးစမ္းေလ့လာဖို႔ အလြန္သင့္ေတာ္ေလသည္။  ခ်န္းခ်ီ၊ စုန႔္ခ်န္ရႈႏွင့္။ က်န္းရွို႔လ်န္တို႔သည္ ကားကိုေစာင့္ၾကည့္ေနမည္ျဖစ္ကာ သူတို႔ကား၏လုံၿခဳံေရးကို စိတ္ပူစရာမလိုေခ်။

“ေကာင္းၿပီ”

ခ်န္းခ်ီသည္ သူ႕အဝတ္မ်ားကို ပြတ္သပ္ပုတ္ခါၿပီး အခန္းထဲမွ ခ်က္ျခင္းထြက္သြားေလ၏။

တံခါးဖြင့္လိုက္သည္ႏွင့္ ေထာင္အျပင္ဘက္တြင္ ေနထိုင္သူအားလုံးသည္ သူတို႔ဘက္သို႔ၾကည့္ေနၾကေလ၏။ အလင္းေရာင္မွိန္မွိန္မွိန္ေၾကာင့္ သူတို႔မ်က္ႏွာမ်ားကို ရွင္းရွင္းလင္းလင္းမျမင္ရေသာ္လည္း တစ္ခုခုထူးဆန္းေနေၾကာင္း သူတို႔ ခံစားမိေနေသး၏။

ခဏအၾကာတြင္ ဝူက်င္း ေရာက္လာၿပီး တံခါးဝကို ဝင္လိုက္သည္ႏွင့္ လူမ်ားသည္ မ်က္ေမွာင္တင္းတင္းၾကဳတ္ထားေသာ သူမကို ျမင္နိုင္ၾကေလသည္။ သူမသည္ တည္ၿငိမ္သည့္အက်င့္စရိုက္ရွိသည့္ မိန္းကေလးတစ္ေယာက္ျဖစ္ၿပီး ဤကဲ့သို႔ေသာအမူအရာမ်ိဳး ျပသသည္မွာ ရွားရွားပါးပါးပင္ျဖစ္သည္။

“ေရွာင္က်င္း၊ ဘာကိစၥရွိလို႔လဲ?”

ခ်န္းေက်ာင္းႏွင့္ ဝူက်င္းတို႔သည္ အဖြဲ႕ထဲရွိ ႏွစ္ဦးတည္းေသာမိန္းကေလးမ်ားျဖစ္ၾကကာ သဘာဝအတိုင္း နီးနီးကပ္ကပ္ရွိၾက၏။ ယခု သူမသည္ သုမအား စိုးရိမ္စိတ္ႏွင့္ေမးလိုက္ေလသည္။

“ငါသူတို႔မ်က္လုံးေတြကို မႀကိဳက္ဘူး”

သူတို႔တြင္ ေနာက္ေက်ာကို ထိုးေဖာက္ေနသလိုခံစားရသည့္ စူးစမ္းသည့္မ်က္လုံးမ်ိဳးရွိၾကကာ ၎သည္ အလြန္စိတ္မသက္မသာျဖစ္ေစသည္။

“ေဟ့! နင္တို႔ ဘာၾကည့္ေနတာလဲ?”

ခ်န္းေက်ာင္းသည္ အၿမဲတမ္း ေျဖာင့္တန္းေသာစိတ္ထားရွိေလသည္။

သူမသည္ တံခါးအျပင္သို႔ ခ်က္ခ်င္းထြက္သြားၿပီး သူမ၏စြမ္းအားမ်ား တိုးလာေလသည္။ ေထာင္တစ္ခုလုံးသည္ ျပင္းထန္ေသာေလႏွင့္အတူ ထိုလူမ်ားဝန္းရံထားသည့္ အပူေပးမီးဖိုမ်ားကို တိုက္ခတ္ကာ တစ္ေယာက္ၿပီးတစ္ေယာက္ ေအာ္ဟစ္လာၾက‌ေစသည္။

ထိုအခ်ိန္တြင္ က်န႔္ယြင္သည္ ေက်ာက္ပင္းကို စကားအနည္းငယ္ တိုးတိုးေျပာလိုက္ၿပီး ေက်ာက္ပင္းသည္ ခ်န္းေက်ာင္းကို အထဲျပန္၀င္ရန္ ေျဖာင့္ဖ်စည္း႐ုံးရန္ အျပင္ထြက္သြားေလသည္။ သူသည္အခန္းတိုင္းသို႔သြားကာ ထိုလူမ်ားကို ၿပဳံးျပၿပီး

“ဟားဟား၊ ေတာင္းပန္ပါတယ္၊ ေတာင္းပန္ပါတယ္၊
ကြၽန္ေတာ့္ညီမက ေဒါသႀကီးလို႔ပါ”

သူေတာင္းပန္ေနရင္း သူ႕လက္ဖဝါးထဲမွ မီးေတာက္တစ္ခု ထြက္ေပၚလာေလသည္။ ေက်ာက္ပင္း၏စြမ္းအားအဆင့္သည္ အဆင့္ႏွစ္အထြဋ္အထိပ္သို႔ ေရာက္ရွိသြားေသာေၾကာင့္ သူထုတ္လႊတ္လိုက္‌ေသာ မီးေတာက္၏အပူခ်ိန္သည္ အလြန္ျမင့္ၿပီး ထိုလူမ်ားသည္ မီးေတာက္၏အပူကို အေဝးမွပင္ ခံစားနိုင္ၾကေလသည္။

ထိုမ်က္ႏွာမ်ားေပၚရွိ ေၾကာက္႐ြံ႕‌‌ေသာအၾကည့္ကို လ်စ္လ်ဴရႈကာ ေက်ာက္ပင္းသည္ မီးလုံးအနည္းငယ္ကို လ်င္ျမန္စြာ ပစ္လႊတ္လိုက္ရာ ထိုလူမ်ား၏ အပူေပးမီးဖိုမ်ားကို ျပန္လည္ေလာင္ကြၽမ္းသြားေစၿပီး ေနာက္ ေနာက္ျပန္လွည့္မၾကည့္ဘဲ ထြက္ခြာသြားခဲ့ေလသည္။

စြမ္းအားရွင္ႏွစ္ဦးသည္ တစ္ေယာက္ၿပီးတစ္ေယာက္ 'သူတို႔၏စြမ္းအားကို ျပသခဲ့ျခင္းသည္' ထိုလူမ်ားကို ငုံးမ်ားကဲ့သို႔ က်ဳံ႕သြားေစၿပီး သူတို႔အားေနာက္တစ္ႀကိမ္ မၾကည့္ဝံ့ၾကေတာ့ေခ်။

သိပ္မၾကာခင္မွာပင္ ဝူရယ္သည္ သူတို႔၏ညစာကိုယူလာရန္ လူမ်ားကိုတြန္းလွည္းကို တြန္းပို႔ရန္ ေခၚလာခဲ့ေလသည္။ ၎သည္ ကန္တင္း၌အသုံးျပဳသည့္ ဟင္းရည္အိုးႀကီးတစ္လုံးျဖစ္ေလသည္။ ၎သည္ လူရာေပါင္းမ်ားစြာအတြက္ ဟင္းခ်က္ဖို႔ လုံေလာက္သည့္ လီတာ50ဆန႔္သည့္ပုံရွိသည္။

ထိုအခ်ိန္တြင္ ဝူရယ္သည္ ဟင္းအိုးအဖုံးကို သူကိုယ္တိုင္ဖြင့္လိုက္ၿပီး အရသာရွိေသာအသားအနံ႕ အရသာထြက္လာေလသည္။ ေန်ာ့ခီ(Gnocchi)ႏွင့္ ေဂၚဖီထုပ္အနည္းငယ္ပါေသာ လတ္လတ္ဆတ္ဆတ္ အသားစြပ္ျပဳတ္အိုးတစ္လုံးျဖစ္ေလသည္။ ဝူရယ္သည္ က်န႔္ယြင္တို႔အဖြဲ႕ရွိလူတိုင္းကို ေခါက္ဆြဲျပဳတ္ပန္းကန္လုံးႀကီး တစ္လုံးစီ ေပးရန္ လူမ်ားကို ေျပာလိုက္ၿပီး က်န္သည့္အရာမ်ားကို ေထာင္အျပင္ဘက္သို႔ တြန္းပို႔လိုက္ေလသည္။
【TN : Gnocchi က အီတလီအစားအစာတစ္မ်ိဳးပါ။ ဂ်ဳံ၊ ၾကက္ဥ၊ဆား၊အာလူးတို႔နဲ႕လုပ္ထားတဲ့ အလုံးေလးေတြပါတဲ့။ 】

ထိုလူမ်ားသည္ အေစာကတည္းက ေမႊးႀကိဳင္ေသာ အသားရနံ႕ေၾကာင့္ စြဲေဆာင္ခံလိုက္ၾကရၿပီး စြန္ျပဳတ္အိုးကို အျပင္သို႔တြန္းလာသည္ကို ျမင္ၾကေသာအခါ ခ်က္ျခင္း ေျပးလႊားလာၾကကာ ေမႊ ႏွောက္လိုက္ၾကေလသည္။

“လာ၊လာ၊ ယဥ္ေက်းမေနနဲ႕၊ ပူတန္းစားၾက ”

ဝူရယ္သည္ လူတိုင္းအား စားဖို႔ေခၚလိုက္၏။

က်န႔္ယြင္သည္ သူ႕လက္ထဲရွိ ေမႊးႀကိဳင္သည့္ဟင္းခ်ိဳပန္းကန္ကို ကိုင္ထားၿပီး တည္တည္ၿငိမ္ၿငိမ္ေမးလိုက္၏။

“ဝူရယ္ ျဖစ္ထိုက္ပါေပတယ္။ ဒီလိုအခ်ိန္မွာေတာင္ ဒီေလာက္လတ္ဆတ္တဲ့ အသားေတြ ရွိေသးတယ္”

“ဟားဟားဟား၊ မိုက္မဲတဲ့ သႏၶေေျပာင္းသမင္တစ္ေကာင္ကို ဖမ္းမိတာ ကံေကာင္းလို႔ပါ။ အဲ့ဒါအရသာရွိတယ္။ ျမန္ျမန္ေလး စမ္းၾကည့္လိုက္!”

“ပူလြန္းေသးတယ္။ မစားခင္ အေအးခံလိုက္အုဖံးမယ္”

စကားေျပာၿပီးေနာက္ အျပင္ဘက္သို႔စားဖို႔ ေျပးလာၾကသည့္ လူမ်ားကို ႀကဳံသလို မ်က္စိကစားလိုက္၏။

“ရပါတယ္၊ ကိစၥမရွိပါဘူး၊ ငါ အျပင္ဘက္ကားေပၚကလူေတြကိုလည္း ထမင္းသြားပို႔ေပးလိုက္မယ္ေလ..?”

“မလိုပါဘူး၊ ကားက လူနာေတြျပည့္ေနလို႔။ ပိုးဝင္တာျဖစ္ရင္ ဆိုးလိမ့္မယ္။ သူတို႔ေဝစုကို ထားခဲ့လိုက္ပါ ၿပီးရင္ ကြၽန္ေတာ္တို႔ကိုယ္တိုင္ သူတို႔ကို ပို႔ေပးလိုက္မယ္”

“ေကာင္းပါၿပီ၊ မင္းတို႔ စားၾက။ ငါေနာက္မွ ပန္းကန္ေတြ သိမ္းဖို႔ တစ္ေယာက္ေယာက္ကို လႊတ္လိုက္မယ္”

ဝူရယ္သည္ သူတို႔အား သတိထားေနသည္ ေတြ႕လိုက္ရေသာ္လည္း သူ႕မ်က္ႏွာသည္ ၿပဳံးေနဆဲျဖစ္သည္။ သူသည္ လုံးဝမေပ်ာ္ၿပံမျပဘဲ သူ႕လူမ်ားႏွင့္ထြက္သြားခဲ့ေလ၏။

တံခါးပိတ္ၿပီးေနာက္ က်န႔္ယြင္သည္ စုေ႐ြ႕က်ယ္ကို ပိုႀကီးသည့္ ခြက္တစ္လုံးကို ထုတ္ခိုင္းလိုက္ၿပီး ေန်ာ့ခီဟင္းရည္အားလုံးကို ေလာင္းထည့္လိုက္ၿပီးေနာက္ ေနရာလြတ္ထဲသို႔ ထည့္ခိုင္းလိုက္သည္။

မည္သူကမွ ဘာမွမေျပာၾကေခ်။ က်န႔္ယြင္သည္ ထိုလူမ်ား သူတို႔၏အစားအေသာက္မ်ားႏွင့္ ရႈပ္ပြျခင္းကိုတားဆီးရန္ ႀကိဳးစားေနသည္ဟု အားလုံးက ထင္ေနၾကသည္။ အသားသည္ ရွားပါးေသာ္လည္း ဒီအဖြဲ႕ထဲရွိ လူတိုင္းအတြက္မူ ဆြဲေဆာင္မႈမရွိဘူးပါေခ်။ အဆူံမွာေတာ့ သူတို႔၌ ေ႐ႊေပါင္လုံးႀကီးတစ္ခုရွိေလသည္။

စုေ႐ြ႕က်ယ္သည္ ပလပ္ေပါက္တစ္ခုႏွင့္တူေလသည္။ ေနရာလြတ္ထဲတြင္ ၾကက္၊ ဘဲႏွင့္ ငါး အမ်ိဳးအစားအစုံရွိသည္။ အလိုရွိတိုင္း စားနိုင္ေလသည္။ ဤ ေန်ာ့ခီဟင္းခ်ိဳအတြက္ စိုးရိမ္ေနစရာမလိုပါေခ်။ ယြီသုန္သုန္သည္ ကုတင္ေပၚတြင္ နာနာခံခံျဖင့္ က်ဳံ႕‌ေနေသာ္လည္း သူ႕မ်က္လုံးေလးမ်ားသည္ စုေ႐ြ႕က်ယ္ဘက္သို႔ စိတ္အားထက္သန္စြာ စိုက္ၾကည့္ေနေလသည္။ သူသည္ အဆုံးမွာေတာ့ ကေလးသာရွိေသးေသာေၾကာင့္ ဗိုက္ဆာလြယ္ေလသည္။

စုေ႐ြ႕က်ယ္သည္ သူ၏ ခ်စ္စဖြယ္အသြင္အျပင္ေၾကာင့္ ရယ္ေမာလိုက္ေလသည္။ ပစၥည္းမ်ားကို ဖယ္ထုတ္ၿပီးေနာက္ သူသည္ ေပါင္မုန႔္ကိုထုတ္ကာ လူတိုင္းအားေပးလိုက္ၿပီး အထူးသျဖင့္  ယြီသုန္သုန္ကို ဝက္အူေခ်ာင္းႏွစ္ေခ်ာင္းကိုပါ ေပးလိုက္ေလသည္။

“ေက်းဇူးတင္ပါတယ္ ေကာေကာ”

ယြီသုန္သုန္၏ မ်က္ႏွာငယ္ေလးသည္ ခ်စ္စရာေကာင္းေသာ အၿပဳံးကို ခ်က္ခ်င္းျပသလိုက္ေလသည္။ သူသည္ ဝက္ေပါင္ေျခာက္၀က္အူ‌ေခ်ာင္းအထုပ္ကို ဆုတ္ၿဖဲကာ ႂကြက္ငယ္ေလးတစ္ေကာင္ကဲ့သို႔ ဝါးစားေနေလသည္။ အပိုင္းေသးေသးေလးမ်ားျဖတ္ကာ ေရွာင္ေဟးကို ေကြၽးရန္လည္းမေမ့ခဲ့ေပ။

စုေ႐ြ႕က်ယ္ႏွင့္က်န႔္ယြင္တို႔သည္ ပန္းကန္လုံးမ်ားကိုသယ္ၿပီး ကားေပၚရွိလူမ်ားကို အစာပို႔ဟန္ေဆာင္ၿပီးေနာက္ ပန္းကန္အလြတ္မ်ားႏွင့္ ျပန္သြားခဲ့ၾကေလသည္။ တကယ္တမ္း၌ သူတို႔အား ေပါင္မုန႔္အခ်ိဳ႕သာ ေပးခဲ့ေလသည္။

ပန္းကန္လုံးအလြတ္ကို ေျမႀကီးေပၚခ်ၿပီး လူတိုင္းသည္ ဗိုက္ကိုေပါင္မုန႔္ႏွင့္ ႏွစ္သိမ့္လိုက္ၿပီး အိပ္ယာေပၚတြင္လွဲၿပီး မ်က္စိမွိတ္အနားယူၾကေလသည္။

သိပ္မၾကာခင္ ဝူရယ္သည္ ပန္းကန္မ်ားကိုသိမ္းရန္ လူႏွစ္ဦးကို ေစလႊတ္လိုက္ေလသည္။ သန႔္ရွင္းၿပီး အရိုးပင္မက်န္ေသာ ေျမျပင္ေပၚရွိ ပန္းကန္မ်ားကို ေတြ႕ေသာအခါ သူတို႔၏ပါးစပ္ေထာင့္တြင္ေလွာင္ေျပာင္လိုမႈမ်ား ထြက္ေပၚလာေလသည္။ သို႔ေစာ္ မၾကာခင္မွာပင္ သူတို႔သည္ ၎ကို ဖုံးကြယ္လိုက္ၾကကာ သူတို႔၏ေခါင္းမ်ားကိုငုံ႕ၿပီး အလ်င္အျမန္ထြက္ခြာသြားၾကေလသည္။

သူတို႔ထြက္သြားၿပီးေနာက္ က်န႔္ယြင္သည္ ဝူက်င္းကို မ်က္စိမွိတ္ျပလိုက္ၿပီး ဝူက်င္းသည္ ခ်က္ခ်င္း ျမဳခိုးေငြ႕အျဖစ္ တိတ္တိတ္ဆိတ္ဆိတ္ ေျပာင္းသြားၿပီး သူတို႔ေနာက္မွ လိုက္ထြက္သြားေလသည္။

ပန္းကန္လုံးကိုကိုင္ထားသည့္ လူႏွစ္ေယာက္သည္ လမ္းေလွ်ာက္ရင္း အသံတိုးတိုးႏွင့္ စကားေျပာေနၾကေလ၏။

“ဟက္၊ ဒီလူေတြက အရမ္းသန္မာသလို လုပ္ေနေပမယ့္ အရင္က အသားမစားဖူးသလိုလုပ္ေနေသးတယ္ ”

“ဟုတ္တယ္၊ အရိုးေတြေတာင္ မက်န္ခဲ့ဘူး၊ သူတို႔ အရိုးကိုေတာင္ ဝါးစားပစ္တာျဖစ္ရမယ္”

“ဟားဟားဟား”

ရယ္ေမာရင္း စကားေျပာရင္း သူတို႔သည္ အေရွ႕ အေဆာက္အဦးဆီသို႔ ေလွ်ာက္သြားၾကေလသည္။

“ဘယ္လိုလဲ? သူတို႔အားလုံး စားၿပီးၾကၿပီလား?”

ဝူရယ္သည္ တံခါးနားတြင္ ေစာင့္ေနေလသည္။

“ဟုတ္ကဲ့ ၊ဟုတ္ကဲ့”

သူတို႔သည္ လက္ထဲရွိ ပန္းကန္အလြတ္မ်ားကို  ျမႇောက္ျပလိုက္ၿပီး

“အစားအေသာက္ေတြ သန႔္ရွင္းသြားၿပီး သူတို႔ ဘာမွေတာင္ မက်န္ခဲ့ဘူး”

“သူတို႔ တစ္ခုခုေျပာခဲ့ေသးလား?”

“ဘာမွ မေျပာပါဘူး....”

“ဟမ္?”

ဝူရယ္သည္ အနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

“ကြၽန္ေတာ္တို႔အဲဒီမွာရွိတုန္းက သူတို႔အားလုံး လွဲအိပ္ေနၾကတာပဲ။ သူတို႔ ပင္ပန္းေနေတာ့ ဒီဟင္းရည္ရဲ႕ အာနိသင္ကို ေကာင္းေကာင္းနားမလည္ၾကဘူး၊ ဟုတ္တယ္မလား? ”

“အိပ္ေပ်ာ္ေနတာ?”

ဝူရယ္၏ မ်က္ခုံးမ်ားသည္ ႐ုတ္တရက္ ေျပေလ်ာ့သြားေလသည္။ လူႏွစ္ေယာက္၏ ဗလာက်င္း‌ ေနေသာပုံသ႑ာန္ လ်စ္လ်ဴရႈလိုက္ကာ ေခ်ာင္ခ်ီရွန္းကိုရွာရန္ အေပၚထပ္သို႔ တက္လာခဲ့ေလသည္။

တံခါးကို ခဏေလာက္ေခါက္လိုက္ၿပီးေနာက္ ေခ်ာင္ခ်ီရွန္းသည္ ျဖည္းညွင္းစြာ တံခါးဖြင့္လာေလသည္။ ျပင္းထန္ေသာ အနံ႕အသက္ဆိုးတစ္ခု သူ႕ႏွာေခါင္းဆီသို႔ ေရာက္လာေလသည္။ ဝူရယ္သည္ အခန္း၏ကုတင္ေပၚရွိ အျဖဴေရာင္ခႏၶာကိုယ္ကို ေယာင္ဝါးဝါးျမင္လိုက္ရေလသည္။

“ဘာကိစၥလဲ?”

ေခ်ာင္ခ်ီရွန္းက ေမးလာ၏။

“ေလာင္တ၊ သူတို႔ စားလိုက္ၾကတယ္”

ဝူရယ္သည္ အေျခအေနကို အတိုခ်ဳံးေျပာျပေလသည္။

“ဟားဟား၊ အရမ္းေကာင္းတယ္။ သူတို႔စားလိုက္ၿပီဆိုကတည္းက သူတို႔မေျပးနိုင္ေတာ့ဘူး”

ေခ်ာင္ခ်ီရွန္းသည္ အၿပဳံးညစ္ညစ္ကို ျပလာခဲ့ေလသည္။

“ညီအစ္ကိုေတြကို ညက်ရင္ သတိရွိၾကပါေစ ”

“ဟုတ္ကဲ့၊ ဟုတ္ကဲ့၊ ကိစၥမရွိပါဘူး”

ဝူရယ္သည္လည္း အလားတူ ညစ္တစ္ၿပီး ဆိုးယုတ္သည့္အၿပဳံးကို ျပလာေလသည္။

ၿပီးခဲ့တဲ့အႀကိမ္  လင္းေ႐ြ႕ေပ်ာက္သြားတုန္းက သူတို႔လုပ္တာလို႔ ကြၽန္ေတာ္ သံသယရွိခဲ့တာ။ သူတို႔ ျမန္မ့န္ ေျပးသြားၾကတာ စိတ္မေကာင္းစရာပါပဲ။ ဒီတစ္ႀကိမ္ သူတို႔ ငါတို႔ကိုဝင္တိုက္မိလို႔ သူတို႔အတြက္ေတာ့ ကံဆိုးတာပဲ။

ဝူရယ္ ထြက္သြားၿပီးေနာက္ ဝူက်င္းသည္ သူ႕ေနာက္သို႔ တခ်ိန္လုံးလိုက္သြားေလသည္။ သူသည္ လူဒါဇင္ေပါင္းမ်ားစြာကို ရွာၿပီး အခန္းတစ္ခုထဲတြင္ အသင့္လူစုထားေလ၏။ ထိုလူမ်ား၏ အသြင္အျပင္အရ အမ်ားစုသည္ စြမ္းအားရွင္မ်ားျဖစ္ၾက၏။

ညနက္လာသည္ႏွင့္အမွ် အဖြဲ႕သားမ်ားသည္ အခန္းထဲတြင္ တိတ္တဆိတ္ထိုင္ေနၾကၿပီး မီးပုံနားတြင္ သူတို႔ကိုယ္သူတို႔ အႏြေးဓာတ္ေပးေနၾကကာ ထိတ္လန႔္စရာ႐ုပ္ရွင္ထဲမွ လူသတ္သမားမ်ားကဲ့သို႔ ေထာင္၏ ဦးတည္ရာဆီသို႔ ေလာဘႀကီးစြာႏွင့္ မႈန္မႈန္မွိုင္းမွိုင္း ေငးေမာကာေနၾကေလသည္။

“သူတို႔အားလုံး အိပ္ေပ်ာ္ၿပီး ေနာက္တစ္နာရီေလာက္ၾကာရင္ အာ့ေကာ မင္း ကားကိုလုဖို႔ လူေတြေခၚသြားလိုက္။ ဒါေပမယ့္ ကားထဲမွာ ဘယ္သူပါလဲေတာ့ ငါမသိဘူး အသားကို စားခဲ့ၾကေပမယ့္ သူတို႔က စြမ္းအားရွင္မ်ားျဖစ္ေနတုန္းပဲ။ သူတို႔မွာ ထူးထူးျခားျခားအရည္အခ်င္းတခ်ိဳ႕ရွိေနမွာကို ငါစိုးရိမ္တယ္။ မင္းသတိထားသင့္တယ္”
【TN : အာ့ေကာ = ဒုတိယအစ္ကို 】

“နားလည္ၿပီ”

“တျခားသူေတြ ငါ့ေနာက္က လိုက္ခဲ့။ မင္းတို႔အားလုံး  ဘာလုပ္ရမယ္ဆိုတာသိၾကလား?”

“ငါတို႔ သိပါတယ္!”

“ဒါဇင္နဲ႕ခ်ီတဲ့ အဆင့္ျမင့္စြမ္းအားရွင္ေတြပဲဟာ။ သူတို႔ရဲ႕ စြမ္းအင္အူတိုင္ေတြကို အဆင့္ျမႇင့္ဖို႔ သုံးနိုင္႐ုံသာမကဘူး သူတို႔ရဲ႕အသားေတြကလည္း စြမ္းအင္ကို သယ္ေဆာင္ေပးတယ္”

“အာ၊ သနားစရာပဲ။ ေကာင္မေလးႏွစ္ေယာက္က အရမ္းၾကည့္ေကာင္းတယ္....”

“နည္းနည္းေလး သနားၿပီး သူတို႔ရဲ႕အသက္ကို မထိခိုက္ေစဘဲ စြမ္းရည္အျမဳ‌ေတကို တူးေဖာ္ဖို႔ ဆရာဝန္ကို ခြဲစိတ္ခိုင္းလိုက္ရေအာင္”

“ေဟ့၊ အဲ့ အႀကံေကာင္းတယ္! ”

“ေလာင္တက အဲဒီေကာင္ငယ္ေလးကို အရမ္းစိတ္ဝင္စားေနပုံရတယ္။ အဲဒီအခ်ိန္က်ရင္ ဆရာဝန္ကို သူ႕ကိုဂ႐ုစိုက္ခိုင္းလိုက္စို႔”

သူတို႔ေျပာသည္ကို နားေထာင္ၿပီး ဝူရယ္သည္ ႐ုတ္တရက္ ၾကားျဖတ္လိုက္ေလသည္။

“အဲ့ဒါ ေလာင္တႀကိဳက္တာပဲေလ။ သိမ္းထားသင့္တာေပါ့။ တျခားသူအားလုံးကို သတ္လိုက္ရင္ ေဟး၊ စြမ္းအင္အူတိုင္ရွစ္ခုက်န္ေသးတယ္။ အစ္ကိုအႀကီးဆုံးရွစ္ေယာက္က က်န္တဲ့အသားေတြကို မင္းတို႔နဲ႕ ခြဲလိမ့္မယ္။ ၿပီးရင္ လူတိုင္း အဆင့္ျမႇင့္နိုင္လိမ့္မယ္! ”

“ဟုတ္တယ္! ငါတို႔ရဲ႕စြမ္းအားက အဲဒီေကာင္ေတြလို အစြမ္းထက္ၿပီးရင္ ဖုတ္ေကာင္ေတြဝိုင္းရံခံရမွာကို ေနာက္ထပ္ စိတ္ပူစရာ မလိုေတာ့ဘူး! ဒါဆို ငါတို႔ အေျခစိုက္စခန္းကို ျပန္တည္ေဆာက္နိုင္ၿပီး အဲဒီေတာင္ပိုင္းအေျခစိုက္စခန္းကို သိမ္းပိုက္နိုင္မွာပါ!”

“ဟားဟားဟားဟား”

ဝူက်င္းသည္ ဤလူအုပ္စု၏ ထူးဆန္းေသာေဆြးႏြေးမႈကို နားေထာင္ရင္း သူမသာ သာမန္လူတစ္ေယာက္ျဖစ္ေနပါက သူမ၏ ေနာက္ေက်ာသည္ ေအးစက္ေနၿပီး သူမတစ္ကိုယ္လုံး ၾကက္သီးေမႊးညင္းထကာ တုန္လႈပ္ေခ်ာက္ခ်ားေနလိမ့္မည္ဟု ခံစားရေလသည္။

စာေရးသူမွာ ေျပာရာရွိပါတယ္

【လမ္းမေပၚက ျပဇာတ္ယ္ေလး

ခ်ာင္ေလာင္ : ဒီေကာင္ေလးက အရမ္းေခ်ာတာပဲ။ သူ႕ကို တစ္ခ်က္ေလာက္ၾကည့္ရေအာင္။

ဝူယ္ : ေခ်ာင္ေလာင္တ မင္း သူ႕ကို မရနိုင္ဘူး။ ဒီလူႏွစ္ေယာက္က အရမ္းစြမ္းအားႀကီးတယ္။ ငါတို႔ ေန႕ခင္းေၾကာင္ေတာင္ တျခားသူေတြကို မက္ေမာလို႔ မရဘူး။

ခ်ာင္ေလာင္ : အဲ့ဒါေၾကာင့္ ဒီနည္းနဲ႕ဆို မင္း သူတို႔ကို ေကာင္းေကာင္း ဆက္ဆံနိုင္တယ္။ (ညကို ေစာင့္႐ုံပဲ)

က်န႔္ေရွာင္ယြင္ : လာပါ၊ ဒုကၡေရာက္ေအာင္လုပ္ၾကစို႔။ ဘယ္သူလုပ္နိုင္မလဲ ၾကည့္ရေအာင္!

🍒🍒

Continue Reading

You'll Also Like

539K 78.4K 138
ပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်...
15.1K 1.9K 32
Original Author - Gye-ja 계자 Original Publishers - Radibooks Chapter - 108 Chapters and 22 extras Genre - Yaoi Action Ma...
717K 7.5K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
516K 83.9K 115
Both Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Origina...