My Cherry Will Explode in the...

By tobefly_highhigh

653K 94.5K 1.4K

《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံ... More

Description
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷《ကျန့်ယွင်နှင့်‌ နောက်တဖန်ပြန်ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸《‌နေရာလွတ်တစ်ခုရှိနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹 《ဆက်ဆံရေးက အလွဲတစ်ခုနဲ့စတင်ခဲ့တယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺 《မှော်ဆန်သောအရုပ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻 《ထပ်မရှောင်နိုင်တော့ ဆုံရပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼《ရှင်းရှင်းလင်းလင်းလုပ်ကြစို့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽《အမြတ်အစွန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾《ဒဏ်ရာများအား ဂရုစိုက်ပေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿 《အိပ်ယာအား အတူမျှဝေခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶《ဈေး၀ယ်ထွက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷《‌ကောင်းမွန်သောအရာများဆက်လက်ဖြစ်ပျက်နေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟸《ဖြိုဖျက်ရေးနှင့်ပြန်လည်နေရာချထားရေးသတိပေးချက်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟹《အတိတ်ဘ၀အကြောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟺《အတူတူရင်ဆိုင်ကြမယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟻《တွက်ချက်မှုများမအောင်မြင်ခဲ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟼《အိမ်နဲ့ကားရှိတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟽《မင်းလုပ်ရဲတယ်ပေါ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟾《ကမ္ဘာပျက်ကပ်ကြီးနီးလာပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟿《ကမ္ဘာပျက်ကပ်ကြီး ရောက်လာခဲ့ပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟶《စူပါမားကတ်*ကုန်တိုက်ကို အပြောင်ရှင်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟷《မ‌မျှော်လင့်ထားသော》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟸《ခွဲခွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟹《ပဲစေ့ကျည်ဆန်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟺《ထွက်လာကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟻《မကောင်းတဲ့သူတစ်ယောက်မဟုတ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟼《အမြု‌တေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟽《နှစ်မျိုးတွဲစွမ်းရည်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟾《Otakuတစ်ယောက်၏အလားအလာ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟿《ကယ်တင်မှာလား မကယ်တင်ဘူးလား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟶《ဦးနှောက်ပျက်စီးမှုကို ကယ်တင်လို့မရတော့ဘူး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟷《သူတို့ကစုံတွဲတစ်တွဲပဲ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟸《အဖွဲ့၀င်အသစ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟹《တစ်စုံတစ်ယောက်က တံခါးကိုဖျက်ပြီးဖွင့်ဖို့ကြိုးစားနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟺《ကမ္ဘာပျက်ကပ်အတွင်းပြောင်းလဲမှုများ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟻《နှုတ်ဆက်ပါတယ် အကြီးဆုံးဦးလေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟼《 အသက်ကယ် ကျေးဇူးတရား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟽《အနီရောင်မိုးရွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟾 《ဒဏ်ရာရ စစ်သားများနှင့်တွေ့ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟿《လူ့နှလုံးသားများသည် မခန့်မှန်းနိုင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟶《ကယ်ဆယ်ရေးအစီအစဉ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟷《ကယ််‌ဆယ်ရေးလုပ်ငန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟸《စစ်ဆင်‌ရေးစတင်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟹《အောင်အောင်မြင်မြင်လွတ်မြောက်ခြင်း》
Plants vs Zombies
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟺《ကယ်ဆယ်ရေးသတင်းစကား》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟻《ထွက်ခွာရန်စုစည်းကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟼《ဆင့်ကဲ‌ပြောင်းလဲနေသောဖုတ်ကောင်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟽《အဖိုးတန်ပဲစေ့များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟾《ကယ်ဆယ်ရေး စတင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟿《ချန်းယန် အလယ်တန်းကျောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟶《အကျပ်ရိုက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟷《ချန်းမောင်နှမများ》 
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟸 《နောက်တစ်ကြိမ်စကားပြောကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟹《 LED နေကြာပန်းမီးအိမ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟺《လယ်သမားဈေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟻《ရှောင်ဟေး၏ ကွဲပြားနေမှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟼《 အခြေစိုက်စခန်းသို့ ကနဦး၀င်ရောက်မှု》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟽《 အခြေစိုက်စခန်းထဲသို့ ပြောင်းရွှေ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟾《 အရေးပေါ်မစ်ရှင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟿《 စွမ်းရည်အဆင့်တက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟶 《 G မြို့သို့ သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟷《 သူလိမ်နေတာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟸《 မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟹《 ပုလင်းတစ်ခုထဲသို့ လိပ်ကိုဖမ်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟺《 အဆင့်သုံးဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟻《 စက်ရုံထဲ၀င်ရောက်ကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟼《 ကြွယ်၀သောရလဒ်များဖြင့်ပြန်လာကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟽《 ကျည်ဆန်အသစ်များ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟾《 အခြေစိုက်စခန်း၏ပြောင်းလဲခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟿 《 မြေမဲ့စိုက်ပျိုးရေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟶《 ၀မ်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟷《 အန်းဟွေ့မြို့ထဲရှိမငြိမ်သက်မှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟸《 သန္ဓေပြောင်းဝံပုလွေများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟹《 မြင်ရုံနဲ့ ‌ဝေစုလိုချင်တာလား? 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟺《 ကူးစက်ခံကြွက်၀င်ရောက်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟻《 ကြောင်နှင့်ကြွက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟼《 အကျပ်အတည်းဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟽《 စွမ်းရည်ဆေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟾《 သေခြင်းတရားကိုရှာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟿《 အခြေစိုက်စခန်းမှမောင်းထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟶《 အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟷《 လင်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟸《 ညစ်ပတ်သောလူသည် ညစ်ပတ်ခြင်းကိုသာမြင်၏ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟹《 King Kong ရှစ်ယောက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟺《 ကုသခြင်းစွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟻《 မိုးသည်းနေ့မှာလောင်သောမီး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟼《 အသိတချို့နှင့်ဆုံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟽《 မိုးသည်းကြီးနောက်ဆုံးတိတ်သွားပြီ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟾《 အနောက်မြောက်ဘက်သို့ဦးတည်သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟿《 ဖုတ်ကောင်ဝိုင်းရံခံရခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟶《 ပူးပေါင်း‌တိုက်ခိုက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟷《 ဘေးဒုက္ခအကျပ်အတည်းကို ဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟸《 စွမ်းရည်အဆင့်မြှင့်တင်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟹《 နှစ်သစ်ကူးနေ့ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟺《 နှစ်သစ်တစ်နှစ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟻《 နေရာလွတ်စွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟼《 အကူအညီတောင်းခံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟽《 မြောက်ပိုင်းသို့သွားရန်အသင့် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟾《 ထူးဆန်းသည့်ဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟿《 စွမ်းရည်နှစ်မျိုး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟶《 Snow Cruiser 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟸《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟹《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟺《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟻《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟼《 ထိန်းချုပ်မရနိုင်ဖြစ်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟽《 မြွေပွေးခါးပိုက် ပိုက်-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟾《 မြွေပွေးခါးပိုက် ပိုက်-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟿《 မြို့တော်အခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟶《 မိသားစုနှစ်ခု၏အခြေအနေ-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟷《 မိသားစုနှစ်ခု၏အခြေအနေ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟸《 တွေ့ကြုံစုံစည်းကြခြင်း 》
𝙴𝚡𝚝𝚛𝚊《 ကွေ့ကောက်သောလမ်းသည် ဆိတ်ငြိမ်သောအရပ်သို့ ဦးတည်လေသည် 》
Complete 💯!!!
Completed Pdf file
ရာသီဥတု သတိပေးချက်
MMStoryteller website

𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟷《 ကြင်နာမှုကို ကျေးဇူးသိတတ်မှုဖြင့် တုန့်ပြန်ခြင်း 》

3.2K 499 0
By tobefly_highhigh

My Cherry Will Explode in the Apocalypse

Chapter 101《 ကြင်နာမှုကို ကျေးဇူးသိတတ်မှုဖြင့် တုန့်ပြန်ခြင်း 》

Author: Drunken Light Song
Source: Jostena M
Translator: オタク

ကျန့်ယွင်၏အဖွဲ့မှလူတိုင်းသည် လင်ချန်းအခြေစိုက်စခန်းသို့ တစ်ကြိမ်ရောက်ဖူးကြပြီး လမ်းနှင့်ရင်းနှီးသောကြောင့် သူတို့စိတ်ထဲတွင်ရှိသည့်လမ်းကြောင်းအတိုင်း လင်ချန်းအခြေစိုက်စခန်းဆီသို့ မောင်းသွားခဲ့ကြသည်။

သို့သော် လင်ချန်းအခြေစိုက်စခန်း၏အသွင်အပြင်ကို မြင်လိုက်ရသောအခါ သူတို့အားလုံးထိတ်လန့်သွားကြလေသည်။ ခိုင်ခံ့မှုမရှိသော လင်ချန်းအခြေစိုက်စခန်း၏နံရံသည် ပြိုကျနေခဲ့ပြီး နေရာတိုင်းတွင် ကျိုးပဲ့နေသော နံရံများနှင့် အပျက်အစီးများ ရှိနေခဲ့လေသည်။

နှင်းများထူထပ်စွာကျဆင်းမှုကြောင့် မြို့ပြိုကျပြီးနောက် သဲလွန်စအများစုကို အဖြူရောင်စွတ်စွတ်ဖြင့် ဖုံးလွှမ်းထားခဲ့လေသည်။ သို့သော်လည်း မြို့ရိုး၏တစ်စိတ်တစ်ပိုင်း၌ ခြောက်သွေ့နေသော သွေးစွန်းကွက်အများအပြားကို တွေ့ရှိခဲ့ကြရပြီး မြို့ပြိုကျိုးပေါက်သွားသောအခါ စစ်ပွဲသည် အလွန်ပြင်းထန်ခဲ့ကြောင်း ပြသနေလေသည်။

မြို့အနီးရှိ ကြီးမားသောအခြေစိုက်စခန်းသည် နေရာတိုင်းတွင် သေစေနိုင်လောက်အောင် တိတ်ဆိတ်ငြိမ်သက်နေပြီး သေဆုံးနေသောမြို့ကြီးတစ်ခုကဲ့သို့ ဖြစ်လုနီးပါးဖြစ်နေပြီဖြစ်လေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က မြင်ကွင်းနှင့် နှိုင်းယှဉ်ပါက လူအများ၏နှလုံးသားထဲတွင် လေးလံနေခဲ့ကြလေသည်။

“သူတို့... အားလုံး... သေကုန်ကြပြီလား?”

ကျောက်ပင်း၏အသံသည် အနည်းငယ်တုန်လှုပ်သွားလေသည်။ ရက်အနည်းငယ်အတွင်း အခြေစိုက်စခန်းတစ်ခုလုံး သေဆုံးသွားခဲ့ပြီလား?

ဒါဟာ ထောင်ပေါင်းများစွာသော အသက်တွေလေ....

“မသေချာပါဘူး”

ကျန့်ယွင်သည် လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အရင်ဆုံး သွားပြီး ကြည့်ရအောင်...”

လင်ချန်းအခြေစိုက်စခန်းသည် ကြီးမားသောအခြေစိုက်စခန်းတစ်ခုမဟုတ်သော်လည်း ကင်းကောင်ရှစ်ယောက်ကဲ့သို့သော ထောင်ပေါင်းများစွာသော အသက်ရှင်ကျန်ရစ်သူများ နေထိုင်ခဲ့လေသည်။ အမှားအယွင်းဖြစ်သွားသောအခါတွင် သူတို့သည် မြို့ကိုစွန့်ခွာကာ ထွက်ပြေးလွတ်မြောက်နိုင်သည်၊ သို့မဟုတ် အခြားသွားစရာနည်းလမ်းများစွာရှိလေသည်။ သူတို့ ဖုတ်ကောင်များကြောင့် အလွယ်တကူ မသေဆုံးသင့်ဟု သူထင်လေသည်။

စုရွေ့ကျယ်သည်လည်း သူ့ပြန်လည်မွေးဖွားလာခြင်းကြောင့် လင်ချန်းအခြေစိုက်စခန်းတွင် ဆိုလာစွမ်းအင်မရှိသည့်အပြင် ကမ္ဘာပျက်ကပ်အစောပိုင်း၌ အခြေစိုက်စခန်းလျင်မညန်စွာ မကြီးထွားလာခဲ့သာ်လည်း သူ့မှတ်ဉာဏ်ထဲတွင် လင်ချန်းအခြေစိုက်စခန်း၏လောင်တသည် လေးနက်သောရည်ရွယ်ချက်နှင့် တိကျသေချာသောအမြော်အမြင်ရှိသောလူဖြစ်သောကြောင့် သူတည်ဆောက်ထားသော အခြေစိုက်စခန်းကို အပျက်စီးခံဖို့ မဖြစ်နိုင်ကြောင်း သူထင်လေသည်။

နှင်းမော်တော်ကားသည် လင်ချန်းအခြေစိုက်စခန်း၏ အပျက်အစီးများထဲသို့ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့လေ၏။ နှင်းထဲတွင် အစာရှာနေသော ဖုတ်ကောင်ခွေးအများအပြားသည် သူတို့ကို တွေ့ရှိလိုက်ကြပြီး နှင်းမော်တော်ကားဆီသို့ ချက်ချင်း ပြေးလာခဲ့ကြလေသည်။

တွဲဘက်ယာဉ်မောင်းထိုင်ခုံတွင် ထိုင်နေသော ချန်းချီသည် ဖုတ်ကောင်ခွေးများကို သေအောင် အလွယ်တကူထိမှန်နိုင်သည့် မိုးကြိုးကို တိုက်ရိုက်ထုတ်လွှတ်လိုက်သည်။

သူတို့သည်မြို့ကိုပတ်ကာ လှည့်ပတ်ကြည့်လိုက်ကြပြီး အရပ်ရပ်သို့ ပြန့်ကျဲနေသော ဖုတ်ကောင်အနည်းငယ်မျှသာရှိပြီး ၎င်းတို့အပြင် သက်ရှိဟူ၍ မတွေ့ခဲ့ကြရချေ။

သို့သော်လည်း ကျန့်ယွင်သည် သူတို့ မြို့ကိုစွန့်ခွာပြီး ထွက်ပြေးခြင်းဖြစ်သင့်သည်ဟု တွေးထင်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူအနီးနားသို့ ရောက်ရှိလာသောအခါ နဂိုအတိုင်းရှိသည့်အိမ်အများအပြားသည် ရှုပ်ပွနေကြသော်လည်း အစားအစာနှင့်အဝတ်အစားများအားလုံးကို ယူဆောင်သွားကြပြီး၊  စားပွဲများ၊ ကုလားထိုင်များနှင့် ခုံတန်းလျားအချို့လည်း ပျောက်ကွယ်သွားသောကြောင့်ဖြစ်လေသည်။ ကင်းကောင်ရှစ်ယောက်သည် ကျန်လူများနှင့်အတူ အဝေးသို့ထွက်ပြေးသွားကြပြီဖြစ်ကြောင်း သူမှန်းဆလိုက်သည်။

ကျန့်ယွင်၏ထင်မြင်ယူဆချက်ကို နားထောင်ပြီးနောက် လူတိုင်းသည် ဤအရာသည် အဓိပ္ပါယ်များစွာရှိသည်ဟု ထင်ခဲ့ကြသည်။ သို့သော်လည်း ထိုလူများ၏နေရာကို ရှာဖွေရန် သူတို့တွင် အချိန်မရှိကြ‌ပေ။ အစားအစာအားလုံးကို ယူဆောင်သွားကြပြီးဖြစ်သောကြောင့် သူတို့သည် အချိန်အတိုင်းအတာတစ်ခုအထိ အသက်ရှင်နေသင့်သည်။ သူတို့ မြောက်ဘက်မှ ပြန်လာကြသောအချိန်မှ ဖြည်းဖြည်းချင်း ရှာဖွေနိုင်‌ပေသည်။

ထို့ကြောင့် သူတို့၏ကားသည် လင်ချန်းအခြေစိုက်စခန်းမှ ထွက်ခွာပြီး မြောက်ဘက်သို့ ဦးတည်သွားခဲ့ကြလေသည်။ လင်ချန်းသည် ပင်မမြို့ပြဧရိယာအပြင်ဘက်မှ သေးငယ်သောစိုက်ပျိုးရေးမြို့ဖြစ်သောကြောင့် လယ်မြေများနှင့် အပြင်ဘက်တွင် ရွာများစွာရှိလေသည်။

ကမ္ဘာပျက်ကပ်စတင်ပြီးနောက် ရာသီဥတုဆိုးရွားမှုကြောင့် လယ်ကွင်းများသည် စိုက်ပျိုးရန် မသင့်တော်ကြတော့ဘဲ ၎င်းတို့သည် တဖြည်းဖြည်း မြေရိုင်းများဖြစ်လာခဲ့ကြသည်။

အခြေခံအားဖြင့် အနီးနားကျေးရွာများရှိ လယ်မြေများတွင် နေထိုင်ကြသော တောင်သူလယ်သမားများသည် အရန်ဆန်စပါးများဖြင့် လင်ချန်းအခြေစိုက်စခန်းသို့ သွားခဲ့ကြသည်။ ထို့ကြောင့် ဤကျေးရွာများသည် အလွတ်ဖြစ်နေသင့်သည်။

သူတို့ကားသည် မြောက်ဘက်သို့ တစ်ဆယ်ကီလိုမီတာကျော်ကျော်ကို မောင်းလာပြီးနောက်မှသာ ဖုတ်ကောင်များ၏အသံများ ထွက်ပေါ်လာနေသည့် ရွာငယ်လေးတစ်ရွာကို တွေ့လိုက်ကြရသည်။ ထိုနေရာတွင် အသံအများအပြားရှိနေဆဲဖြစ်လေ၏။

“အဲဒီရွာမှာ အသက်ရှင်နေတဲ့ နေထိုင်သူတွေရှိတယ်!”

ကျောက်ပင်းသည် စိတ်လှုပ်ရှားစွာ အော်လိုက်လေ၏

“ငါတို့ တစ်ချက်လောက် သွားကြည့်ရမလား?”

ဖုတ်ကောင်များသည် အကြောင်းပြချက်မရှိဘဲ လူသူမဲ့ရွာတစ်ဝိုက်တွင် လှည့်လည်ခြင်းမရှိကြချေ။ ၎င်းတို့သည် အသွေးအသားရနံ့ကို အနံ့ခံကာ ဤနေရာတွင် စုရုံးကြခြင်းဖြစ်ရမည်။ ဤရွာရှိလူများသည် လင်ချန်းအခြေစိုက်စခန်းမှ ထွက်ပြေးလွတ်မြောက်လာသူများ ဖြစ်နိုင်ချေ အများဆုံးဖြစ်သည်။

“ကောင်းပြီ၊ တစ်ချက်လောက် သွားကြည့်ရအောင်”

ကျန့်ယွင် ပြောလိုက်သည်။

ယခု မြင်တွေ့နေရသည်ဖြစ်သောကြောင့် သူတို့ လျစ်လျူမရှုနိုင်ကြပေ။

ထို့ကြောင့် ကားမောင်းရန်တာ၀န်ကျသည့် ကျန်းရှို့လျန်သည် လယ်ကွင်းထဲသို့ ကားကိုတိုက်ရိုက်မောင်းပြီး ဖြတ်သွားဖို့ စီစဉ်ထားလေသည်။ မည်သို့ပင်ဖြစ်ဖြစ် မြေပြင်သည် နှင်းထုထူထူဖြင့် ဖုံးလွှမ်းနေပြီး နှင်းခရူဇာသည် လွန်စွာချောချောမွေ့မွေ့ မောင်းနှင်လာခဲ့လေသည်။

ကား ရွာနားရောက်လာသည်နှင့် ဖုတ်ကောင်များသည် သူတို့ကားဆီသို့ ပြေးလွှားလာကြလေသည်။ ချန်းချီသည် ပြဿနာအားလုံးကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့လေသည်။

ထိုဖုတ်ကောင်အရေအတွက်သည် ကြီးမားပုံရသော်လည်း ၎င်းတို့သည် သာမာန်ဖုတ်ကောင်များသာဖြစ်လေသည်။ မိုးကြိုးစွမ်းအား၏ဒုတိယအဆင့်သို့ရောက်ရှိခဲ့သော ချန်းချီအတွက် ၎င်းသည် သေးငယ်သောအရာတစ်ခုမျှသာဖြစ်လေသည်။

ရွာသည် မကြီးသည့်အတွက် နှင်းခရူဇာကို မမောင်း၀င်နိုင်သောကြောင့် ကျန့်ယွင်သည် ဟန်လဲ့နှင့်ယွီသုန်သုန်တို့ကို ကားထဲတွင်နေခဲ့ခိုင်းပြီး တခြားလူများကို အခြေအနေကြည့်ရန် ရွာထဲသို့သွားခိုင်းလေသည်။

ဟန်လဲ့သည် နည်းပညာရှင်တစ်ယောက်ဖြစ်ကာ စွမ်းအားရှင်မဟုတ်ပေ။ သူနှင့်ယွီသုန်သုန်ကို ကားထဲတွင် နေခဲ့ခိုင်းခြင်းသည် ပိုလုံခြုံလိမ့်မည်ဖြစ်သည်။

သို့သော် ကျန့်ယွင်သည် ကားပေါ်မှဆင်းခင် ယွီသုန်သုန်ကို သူ့စိတ်စွမ်းအားဖြင့် ရွာထဲတွင် အသက်ရှင်နေသူများ ပုန်းအောင်းနေသည့်နေရာကိုရှာဖွေခိုင်းလိုင်လေသည်။ ထို့ကြောင့် သူတို့အနေဖြင့် တစ်စုံတစ်ယောက်ကို တစ်အိမ်၀င်တစ်အိမ်ထွက် ရှာနေစရာမလိုတော့ချေ။

ယွီသုန်သုန်သည် ခေါင်းလေးကို စောင်းငဲ့လိုက်ပြီး

“ အဲ့ဒိအိမ်တွေအောက်မှာ လူတွေရှိတယ်”

“မင်း လူတွေရှိတယ်လို့ပြောတာလား?”

ကျောက်ပင်း၏မျက်နှာသည် ဝမ်းသာအားရအကြည့်တစ်ခု ရုတ်တရက် ပေါ်လာလေသည်။

ကျေးလက်ရှိ မိသားစုတိုင်းလိုလိုနီးပါးတွင် မြေအောက်ခန်းနှင့် အခြားနေရာများရှိကြသည်။ ဤရွာငယ်လေးတွင် မိသားစုတစ်ဒါဇင်မျှသာ ရှိသော်လည်း အိမ်တိုင်း၏အောက်တွင် ပုန်းအောင်းနေသူများ အများအပြား ရှိလိမ့်မည်ဖြစ်ကာ ထိုနေရာတွင် သူတို့အများအပြားရှိကြလိမ့်မည်။

ကျောက်ပင်းသည် လင်ချန်းအခြေစိုက်စခန်းရှိ ထောင်ပေါင်းများစွာသော လူများ၏အသက်ကို စိတ်ပူပန်နေခဲ့လေသည်။ ယခု အသက်ရှင်နေသေးသည့်လူများရှိ‌နေဆဲဖြစ်ကို သိလိုက်ရသည့်အတွက် သူအလွန်ဝမ်းသာမိလေသည်။

ကလေးလေးသည် ခေါင်းညိတ်ပြီး ထပ်ပြောလာလေသည်။

“လူတွေအများကြီးရှိတယ်”

“ကောင်းပြီ ကားကိုစောင့်ကြည့်ပြီး ငါတို့ပြန်လာတာကိုစောင့်နေနော်”

စုရွေ့ကျယ်သည် ကလေး၏ခေါင်းကို ပုတ်လိုက်ပြီး  ကားထဲမှထွက်ကာ ကျန့်ယွင်နောက်သို့လိုက်သွားလေသည်။

သူတို့ ရွာထဲသို့၀င်လာသည့်အချိန်၌ လက်နက်များနှင့်လူနှစ်ဒါဇင်လောက်သည် နှစ်ဖက်အိမ်များထဲမှ ပြေးထွက်လာကြပြီး ကျန့်ယွင်နှင့်တခြားသူများကို ဝိုင်းထားကြလေ၏။

သူတို့အဝတ်အစားများသည် အလွန်ညစ်ပတ်နေကြလေ၏။ သူတို့ဝတ်နိုင်သည့်အဝတ်အစားများအကုန်နီးပါးဝတ်ထားကြ‌လေ၏။ တစ်ချို့လူများသည် ဘာပုံမှမပေါ်တော့သည့် အမျိုးသမီးအင်္ကျီများတောင်ဝတ်ထားကြလေသည်။

“အစားအစာနဲ့ မင်းတို့ဝတ်ထားတဲ့အဝတ်အစားတွေကို ပေးခဲ့!”

သေနတ်များနှင့် လူခုနစ်ယောက် ရှစ်ယောက်လောက်သည် အမဲရောင်ပြောင်း၀အားလုံးကို ကျန့်ယွင်နှင့်တခြားသူများကို ချိန်ထားလေ၏။

“လောင်တ၊ အဲဒီမိန်းမနှစ်ယောက်ကို ထားခဲ့ခိုင်းဖို့ မမေ့နဲ့နော်!”

သူတို့ထဲမှ တစ်ယောက်ဖြစ်သည့် ယင်ဆိုသည့်လူသည် ပြုံးပြီးပြောလိုက်၏။

ကျန့်ယွင်သည် ထိုလူများကို ဂရုတစိုက်ကြည့်ရှု့‌ လေ့လာနေသည်။ သူတို့၏မျက်နှာများသည် အဆင်ပြေနေကြသော်လည်း အအေးဒဏ်ကြောင့်သူတို့အားလုံး တုန်ယင်နေကြလေသည်။

“မင်းတို့ ငါတို့ကို လုယက်ချင်နေတာ သေချာလား? ငါတို့ အခုတင် အပြင်မှာ ဖုတ်ကောင်တွေကို သတ်လိုက်တာ။ မင်းတို့ ကျေးဇူးတင်ရကောင်းမှန်း မသိဘူးဆိုရင် မင်းတို့ရဲ့ ကြင်နာမှုကို ဘယ်လိုပြန်ဆပ်နိုင်မလဲ?”

ချန်းချီ၏လက်ထဲရှိ မိုးကြိုးသည် လင်းလက်သွားလေသည်။

ချန်းချီ၏လက်ထဲရှိ အလင်းရောင်ကို မြင်လိုက်ရချိန်၌ ခေါင်းဆောင်၏မျက်လုံးများ တဖျပ်ဖျပ်ဖျပ်ခတ်သွားသော်လည်း သူကြောက်ရွံ့ခြင်းမခံစားခဲ့ရပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူပိုပြင်းထန်လာခဲ့လေသည်။ ဒီလူတွေများသည် သေနတ်များမသုံးဘဲ အပြင်ဘက်၌ ဖုတ်ကောင်များကို သတ်နိုင်ခဲ့ကြသည်ဆိုကတည်းက စွမ်းအားရှင် တစ်ယောက် သို့မဟုတ် နှစ်ယောက် ရှိရမည်ဟု ဆိုလိုခြင်းဖြစ်လေသည်။ စွမ်းအားရှင်များသည် မည်မျှပင် အစွမ်းထက်နေပါစေ သူတို့တွင် အသွေးအသားများရှိကြဆဲပင် မဟုတ်ပါလား?  သေနတ်အများကြီးနှင့် လူများစွာနှင့်ဆိုလျှင် သူတို့ထဲမှ တစ်ယောက် နှစ်ယောက်ကို သတ်ဖို့ အခက်အခဲရှိပါ့မလား?

ဘယ်ပစ်မှတ်ကို အရင်ပစ်ရမှန်း မသိကြသည့်အတွက် ပထမဆုံးလူမိုက်သည် သူ့ကိုယ်သူ ထုတ်ဖော်လိုက်လေသည်။

“စွမ်းအားရှင်တစ်ယောက်ပဲလေ။ ဘာကြီးကြီးကျယ်ကျယ် ဖြစ်နေလို့လဲ!? ငါက မင်းတို့လို တခြားသူတွေကို သတ်လိုက်တဲ့သူပဲ!  ”

ထိုလူသည် ပြောနေရင်း သူမျက်လုံးများသည် ပို၍ ပြင်းထန်လာပြီး သေနတ်ပြောင်း၀ကို ချန်းချီဆီသို့တိုက်ရိုက် ချိန်ရွယ်လိုက်လေသည်။

ကျန့်ယွင် မျက်မှောင်ကြုတ်လိုက်ပြီး ဒီလူ၏ စိတ်နေစိတ်ထားသည် တစ်ခုခု လွဲမှားနေပြီဆိုသည်ကို မြင်နိုင်လေသည်။ သူ့လက်ချောင်းများ လှုပ်ရှားသွားပြီး မောင်းခလုတ်ကို ဆွဲလိုက်တော့မည်ကိုမြင်ပြီး သူ့အစွမ်းကို ချက်ချင်း စတင်လိုက်လေသည်။

ပြင်းထန်သော မြေဆွဲငင်အားဆယ်ဆသည် တောင်ကြီးတစ်ခုကဲ့သို့ ချက်ခြင်းဖိချလိုက်ပြီး လူကို မြေပြင်ပေါ်သို့ ချက်ချင်း တွန်းချလိုက်လေသည်။

မြေပြင်ကို နှင်းများဖုံးလွှမ်းနေပြီး ထိုလူသည် မြေပြင်ပေါ်သို့အဖိခံထားရလေသည်။ ထို့အပြင် အသက်မရှူနိုင်လောက်သည့်ဝေဒနာအပြင် ထိုးဖောက်နေသောအအေးဓာတ်ကိုလည်း ခံစားလိုက်ရပြီး ချက်ချင်းဆိုသလို မျက်ရည်များကျ‌လာလေသည်။ သူသည် စကားမပြောနိုင်ဘဲ သနားညှာတာဖို့ တောင်းပန်မရနိုင်ချေ။

“ငလူး!!!”

ထိုအချင်းအရာကို တခြားသူများမြင်လိုက်ကြသောအခါ သူတို့သည် ချက်ချင်းပစ်ခတ်ခဲ့ကြလေသည်။

ကျန်းရှို့လျန်၏မြေတံတိုင်း နှင့် စုရွေ့ကျယ်၏ ပေါက်ကွဲခြင်းဒဏ်ခံနိုင်သော အကာအကွယ်ကို တချိန်တည်းမှာပင် အသက်သွင်းလိုက်လေသည်။ သူတို့သည် မတူညီသောလားရာများမှ ကျည်ဆန်များကို လွယ်လွယ်ကူကူခုခံနိုင်ကြလေသည်။ သူတို့ပစ်ခတ်ခြင်း ရပ်တန့်သွကြပြီးနောက် သူတို့သည် ချက်ချင်း ပြန်တိုက်ခိုက်ခဲ့ကြလေသည်။

ဒီလူကိုးယောက်လုံးသည် အားလုံး စွမ်းအားရှင်များ ဖြစ်ကြသည်ကို ထိုလူများ ဘယ်တုန်းကမှ မတွေးခဲ့ကြချေ။ သူတို့သည် လက်နက်အများအပြားကိုင်ဆောင်ထားပြီး ချိန်ရွယ်ထားကြသော်လည်း သူတို့လက်အောက်သို့ရောက်ရန် သုံးမိနစ်ကြာအောင်ပင် မထိန်းထားနိုင်ခဲ့ချေ။

မီးလုံး၊ လေဓား၊ ရေခဲဆူး၊ လျှပ်စစ်ရှော့နှင့် သံတုတ်ချောင်းတို့သည် ထိုလူများကို အလွယ်တကူ ရိုက်ချပစ်လိုက်လေသည်။

ကျန့်ယွင်သည် တမင်တကာ အပြင်းအထန် တိုက်ခိုက်ခြင်း မရှိသော်လည်း သူတို့အား သင်ခန်းစာတစ်ခုသာ သင်ပေးခြင်းဖြစ်လေသော်လည်း သူတို့အား စိတ်ဆင်းရဲစေခဲ့လေသည်။

ကျန့်ယွင်သည် သူ့စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်ပြီး ခေါင်းဆောင်ကို နှင်းထဲမှဆွဲထုတ်လိုက်ကာ ထိုလူ၏လည်ပင်းကို ဓားမြှောင်တစ်ချောင်းထောက်လိုက်ကာ

“ မင်းတို့က ဘယ်သူလဲ? မင်းတို့ဒီကို ဘယ်လိုရောက်လာတာလဲ?”

“ငါတို့က လင်ချန်းကပါ... ဖုတ်ကောင်တွေ  ဖုတ်ကောင်တွေ မြို့ထဲကို ထိုးဖောက်လာလို့...ငါတို့၊ ငါတို့.. ထွက်ပြေး..ထွက်ပြေးလွတ်မြောက်လာကြပြီး... ဒီရွာက ငါတို့သိတဲ့ တခြားသူတွေကို တွေ့ခဲ့ကြတယ်....”

ထိုလူသည် နှင်းထဲ၌ အလွန်အေးခဲလွန်းသဖြင့် တုန်တုန်ယင်ယင်ဖြစ်နေကာ ကျန့်ယွင်၏မေးခွန်းများကို ရိုးရိုးသားသား ဖြေခဲ့လေသည်။

“တောင်းပန်ပါတယ်၊ ငါတို့မှားသွားပါတယ်!”

“အသက်အရွယ်ကြီးတဲ့သူအများကြီးကို ထည့်စဉ်းစားပါ။ ငါတို့ကို သွားခွင့်ပြုပါ! ငါတို့ ရက်အတော်ကြာ ဗိုက်ဆာနေကြလို့ပါ။ ငါတို့ ခဏလောက် ပုန်းနေခဲ့ရတာ! ငါ တောင်းပန်ပါတယ်! ငါတောင်းပန်ပါတယ်”

လူတချို့သည် ပြောရင်း အရိုအသေပေးနေကြလေသည်။

“ဟားဟား”

သို့သော် ချန်းကျောင်းသည် လှောင်ပြောင်လိုက်ပြီး ထိုလူများ၏ မုသားစကားများကို သူမ မယုံကြည်ခဲ့ချေ။ တချို့များ၏ အဓိပ္ပါယ်မရှိပြောနေခြင်းကို မဆိုထားနှင့် ယခုလေးတင် ဒီလူများသည် မေးခွန်းများမမေးဘဲ သူတို့တားသတ်ရန်သာလာခဲ့ကြလေသည်။ သူတို့သည် သူမနှင့် ဝူကျင်းတို့ကိုတောင် တွေးရဲကြသည်လေ!

🍒🍒




My Cherry Will Explode in the Apocalypse

Chapter 101《 ၾကင္နာမႈကို ေက်းဇူးသိတတ္မႈျဖင့္ တုန႔္ျပန္ျခင္း 》

Author: Drunken Light Song
Source: Jostena M
Translator: オタク

က်န႔္ယြင္၏အဖြဲ႕မွလူတိုင္းသည္ လင္ခ်န္းအေျခစိုက္စခန္းသို႔ တစ္ႀကိမ္ေရာက္ဖူးၾကၿပီး လမ္းႏွင့္ရင္းႏွီးေသာေၾကာင့္ သူတို႔စိတ္ထဲတြင္ရွိသည့္လမ္းေၾကာင္းအတိုင္း လင္ခ်န္းအေျခစိုက္စခန္းဆီသို႔ ေမာင္းသြားခဲ့ၾကသည္။

သို႔ေသာ္ လင္ခ်န္းအေျခစိုက္စခန္း၏အသြင္အျပင္ကို ျမင္လိုက္ရေသာအခါ သူတို႔အားလုံးထိတ္လန႔္သြားၾကေလသည္။ ခိုင္ခံ့မႈမရွိေသာ လင္ခ်န္းအေျခစိုက္စခန္း၏နံရံသည္ ၿပိဳက်ေနခဲ့ၿပီး ေနရာတိုင္းတြင္ က်ိဳးပဲ့ေနေသာ နံရံမ်ားႏွင့္ အပ်က္အစီးမ်ား ရွိေနခဲ့ေလသည္။

ႏွင္းမ်ားထူထပ္စြာက်ဆင္းမႈေၾကာင့္ ၿမိဳ႕ၿပိဳက်ၿပီးေနာက္ သဲလြန္စအမ်ားစုကို အျဖဴေရာင္စြတ္စြတ္ျဖင့္ ဖုံးလႊမ္းထားခဲ့ေလသည္။ သို႔ေသာ္လည္း ၿမိဳ႕ရိုး၏တစ္စိတ္တစ္ပိုင္း၌ ေျခာက္ေသြ႕ေနေသာ ေသြးစြန္းကြက္အမ်ားအျပားကို ေတြ႕ရွိခဲ့ၾကရၿပီး ၿမိဳ႕ၿပိဳက်ိဳးေပါက္သြားေသာအခါ စစ္ပြဲသည္ အလြန္ျပင္းထန္ခဲ့ေၾကာင္း ျပသေနေလသည္။

ၿမိဳ႕အနီးရွိ ႀကီးမားေသာအေျခစိုက္စခန္းသည္ ေနရာတိုင္းတြင္ ေသေစနိုင္ေလာက္ေအာင္ တိတ္ဆိတ္ၿငိမ္သက္ေနၿပီး ေသဆုံးေနေသာၿမိဳ႕ႀကီးတစ္ခုကဲ့သို႔ ျဖစ္လုနီးပါးျဖစ္ေနၿပီျဖစ္ေလသည္။ လြန္ခဲ့ေသာ ရက္အနည္းငယ္က ျမင္ကြင္းႏွင့္ ႏွိုင္းယွဥ္ပါက လူအမ်ား၏ႏွလုံးသားထဲတြင္ ေလးလံေနခဲ့ၾကေလသည္။

“သူတို႔... အားလုံး... ေသကုန္ၾကၿပီလား?”

ေက်ာက္ပင္း၏အသံသည္ အနည္းငယ္တုန္လႈပ္သြားေလသည္။ ရက္အနည္းငယ္အတြင္း အေျခစိုက္စခန္းတစ္ခုလုံး ေသဆုံးသြားခဲ့ၿပီလား?

ဒါဟာ ေထာင္ေပါင္းမ်ားစြာေသာ အသက္ေတြေလ....

“မေသခ်ာပါဘူး”

က်န႔္ယြင္သည္ ေလးနက္ေသာအသံျဖင့္ ေျပာလိုက္၏။

“အရင္ဆုံး သြားၿပီး ၾကည့္ရေအာင္...”

လင္ခ်န္းအေျခစိုက္စခန္းသည္ ႀကီးမားေသာအေျခစိုက္စခန္းတစ္ခုမဟုတ္ေသာ္လည္း ကင္းေကာင္ရွစ္ေယာက္ကဲ့သို႔ေသာ ေထာင္ေပါင္းမ်ားစြာေသာ အသက္ရွင္က်န္ရစ္သူမ်ား ေနထိုင္ခဲ့ေလသည္။ အမွားအယြင္းျဖစ္သြားေသာအခါတြင္ သူတို႔သည္ ၿမိဳ႕ကိုစြန႔္ခြာကာ ထြက္ေျပးလြတ္ေျမာက္နိုင္သည္၊ သို႔မဟုတ္ အျခားသြားစရာနည္းလမ္းမ်ားစြာရွိေလသည္။ သူတို႔ ဖုတ္ေကာင္မ်ားေၾကာင့္ အလြယ္တကူ မေသဆုံးသင့္ဟု သူထင္ေလသည္။

စုေ႐ြ႕က်ယ္သည္လည္း သူ႕ျပန္လည္ေမြးဖြားလာျခင္းေၾကာင့္ လင္ခ်န္းအေျခစိုက္စခန္းတြင္ ဆိုလာစြမ္းအင္မရွိသည့္အျပင္ ကမၻာပ်က္ကပ္အေစာပိုင္း၌ အေျခစိုက္စခန္းလ်င္မညန္စြာ မႀကီးထြားလာခဲ့သာ္လည္း သူ႕မွတ္ဉာဏ္ထဲတြင္ လင္ခ်န္းအေျခစိုက္စခန္း၏ေလာင္တသည္ ေလးနက္ေသာရည္႐ြယ္ခ်က္ႏွင့္ တိက်ေသခ်ာေသာအေျမာ္အျမင္ရွိေသာလူျဖစ္ေသာေၾကာင့္ သူတည္ေဆာက္ထားေသာ အေျခစိုက္စခန္းကို အပ်က္စီးခံဖို႔ မျဖစ္နိုင္ေၾကာင္း သူထင္ေလသည္။

ႏွင္းေမာ္ေတာ္ကားသည္ လင္ခ်န္းအေျခစိုက္စခန္း၏ အပ်က္အစီးမ်ားထဲသို႔ ျဖည္းညွင္းစြာ ေမာင္းႏွင္လာခဲ့ေလ၏။ ႏွင္းထဲတြင္ အစာရွာေနေသာ ဖုတ္ေကာင္ေခြးအမ်ားအျပားသည္ သူတို႔ကို ေတြ႕ရွိလိုက္ၾကၿပီး ႏွင္းေမာ္ေတာ္ကားဆီသို႔ ခ်က္ခ်င္း ေျပးလာခဲ့ၾကေလသည္။

တြဲဘက္ယာဥ္ေမာင္းထိုင္ခုံတြင္ ထိုင္ေနေသာ ခ်န္းခ်ီသည္ ဖုတ္ေကာင္ေခြးမ်ားကို ေသေအာင္ အလြယ္တကူထိမွန္နိုင္သည့္ မိုးႀကိဳးကို တိုက္ရိုက္ထုတ္လႊတ္လိုက္သည္။

သူတို႔သည္ၿမိဳ႕ကိုပတ္ကာ လွည့္ပတ္ၾကည့္လိုက္ၾကၿပီး အရပ္ရပ္သို႔ ျပန႔္က်ဲေနေသာ ဖုတ္ေကာင္အနည္းငယ္မွ်သာရွိၿပီး ၎တို႔အျပင္ သက္ရွိဟူ၍ မေတြ႕ခဲ့ၾကရေခ်။

သို႔ေသာ္လည္း က်န႔္ယြင္သည္ သူတို႔ ၿမိဳ႕ကိုစြန႔္ခြာၿပီး ထြက္ေျပးျခင္းျဖစ္သင့္သည္ဟု ေတြးထင္ခဲ့သည္။ အဘယ့္ေၾကာင့္ဆိုေသာ္ သူအနီးနားသို႔ ေရာက္ရွိလာေသာအခါ နဂိုအတိုင္းရွိသည့္အိမ္အမ်ားအျပားသည္ ရႈပ္ပြေနၾကေသာ္လည္း အစားအစာႏွင့္အဝတ္အစားမ်ားအားလုံးကို ယူေဆာင္သြားၾကၿပီး၊  စားပြဲမ်ား၊ ကုလားထိုင္မ်ားႏွင့္ ခုံတန္းလ်ားအခ်ိဳ႕လည္း ေပ်ာက္ကြယ္သြားေသာေၾကာင့္ျဖစ္ေလသည္။ ကင္းေကာင္ရွစ္ေယာက္သည္ က်န္လူမ်ားႏွင့္အတူ အေဝးသို႔ထြက္ေျပးသြားၾကၿပီျဖစ္ေၾကာင္း သူမွန္းဆလိုက္သည္။

က်န႔္ယြင္၏ထင္ျမင္ယူဆခ်က္ကို နားေထာင္ၿပီးေနာက္ လူတိုင္းသည္ ဤအရာသည္ အဓိပၸါယ္မ်ားစြာရွိသည္ဟု ထင္ခဲ့ၾကသည္။ သို႔ေသာ္လည္း ထိုလူမ်ား၏ေနရာကို ရွာေဖြရန္ သူတို႔တြင္ အခ်ိန္မရွိၾက‌ေပ။ အစားအစာအားလုံးကို ယူေဆာင္သြားၾကၿပီးျဖစ္ေသာေၾကာင့္ သူတို႔သည္ အခ်ိန္အတိုင္းအတာတစ္ခုအထိ အသက္ရွင္ေနသင့္သည္။ သူတို႔ ေျမာက္ဘက္မွ ျပန္လာၾကေသာအခ်ိန္မွ ျဖည္းျဖည္းခ်င္း ရွာေဖြနိုင္‌ေပသည္။

ထို႔ေၾကာင့္ သူတို႔၏ကားသည္ လင္ခ်န္းအေျခစိုက္စခန္းမွ ထြက္ခြာၿပီး ေျမာက္ဘက္သို႔ ဦးတည္သြားခဲ့ၾကေလသည္။ လင္ခ်န္းသည္ ပင္မၿမိဳ႕ျပဧရိယာအျပင္ဘက္မွ ေသးငယ္ေသာစိုက္ပ်ိဳးေရးၿမိဳ႕ျဖစ္ေသာေၾကာင့္ လယ္ေျမမ်ားႏွင့္ အျပင္ဘက္တြင္ ႐ြာမ်ားစြာရွိေလသည္။

ကမၻာပ်က္ကပ္စတင္ၿပီးေနာက္ ရာသီဥတုဆိုး႐ြားမႈေၾကာင့္ လယ္ကြင္းမ်ားသည္ စိုက္ပ်ိဳးရန္ မသင့္ေတာ္ၾကေတာ့ဘဲ ၎တို႔သည္ တျဖည္းျဖည္း ေျမရိုင္းမ်ားျဖစ္လာခဲ့ၾကသည္။

အေျခခံအားျဖင့္ အနီးနားေက်း႐ြာမ်ားရွိ လယ္ေျမမ်ားတြင္ ေနထိုင္ၾကေသာ ေတာင္သူလယ္သမားမ်ားသည္ အရန္ဆန္စပါးမ်ားျဖင့္ လင္ခ်န္းအေျခစိုက္စခန္းသို႔ သြားခဲ့ၾကသည္။ ထို႔ေၾကာင့္ ဤေက်း႐ြာမ်ားသည္ အလြတ္ျဖစ္ေနသင့္သည္။

သူတို႔ကားသည္ ေျမာက္ဘက္သို႔ တစ္ဆယ္ကီလိုမီတာေက်ာ္ေက်ာ္ကို ေမာင္းလာၿပီးေနာက္မွသာ ဖုတ္ေကာင္မ်ား၏အသံမ်ား ထြက္ေပၚလာေနသည့္ ႐ြာငယ္ေလးတစ္႐ြာကို ေတြ႕လိုက္ၾကရသည္။ ထိုေနရာတြင္ အသံအမ်ားအျပားရွိေနဆဲျဖစ္ေလ၏။

“အဲဒီ႐ြာမွာ အသက္ရွင္ေနတဲ့ ေနထိုင္သူေတြရွိတယ္!”

ေက်ာက္ပင္းသည္ စိတ္လႈပ္ရွားစြာ ေအာ္လိုက္ေလ၏

“ငါတို႔ တစ္ခ်က္ေလာက္ သြားၾကည့္ရမလား?”

ဖုတ္ေကာင္မ်ားသည္ အေၾကာင္းျပခ်က္မရွိဘဲ လူသူမဲ့႐ြာတစ္ဝိုက္တြင္ လွည့္လည္ျခင္းမရွိၾကေခ်။ ၎တို႔သည္ အေသြးအသားရနံ႕ကို အနံ႕ခံကာ ဤေနရာတြင္ စု႐ုံးၾကျခင္းျဖစ္ရမည္။ ဤ႐ြာရွိလူမ်ားသည္ လင္ခ်န္းအေျခစိုက္စခန္းမွ ထြက္ေျပးလြတ္ေျမာက္လာသူမ်ား ျဖစ္နိုင္ေခ် အမ်ားဆုံးျဖစ္သည္။

“ေကာင္းၿပီ၊ တစ္ခ်က္ေလာက္ သြားၾကည့္ရေအာင္”

က်န႔္ယြင္ ေျပာလိုက္သည္။

ယခု ျမင္ေတြ႕ေနရသည္ျဖစ္ေသာေၾကာင့္ သူတို႔ လ်စ္လ်ဴမရႈနိုင္ၾကေပ။

ထို႔ေၾကာင့္ ကားေမာင္းရန္တာ၀န္က်သည့္ က်န္းရွို႔လ်န္သည္ လယ္ကြင္းထဲသို႔ ကားကိုတိုက္ရိုက္ေမာင္းၿပီး ျဖတ္သြားဖို႔ စီစဥ္ထားေလသည္။ မည္သို႔ပင္ျဖစ္ျဖစ္ ေျမျပင္သည္ ႏွင္းထုထူထူျဖင့္ ဖုံးလႊမ္းေနၿပီး ႏွင္းခ႐ူဇာသည္ လြန္စြာေခ်ာေခ်ာေမြ႕ေမြ႕ ေမာင္းႏွင္လာခဲ့ေလသည္။

ကား ႐ြာနားေရာက္လာသည္ႏွင့္ ဖုတ္ေကာင္မ်ားသည္ သူတို႔ကားဆီသို႔ ေျပးလႊားလာၾကေလသည္။ ခ်န္းခ်ီသည္ ျပႆနာအားလုံးကို အလြယ္တကူ ေျဖရွင္းနိုင္ခဲ့ေလသည္။

ထိုဖုတ္ေကာင္အေရအတြက္သည္ ႀကီးမားပုံရေသာ္လည္း ၎တို႔သည္ သာမာန္ဖုတ္ေကာင္မ်ားသာျဖစ္ေလသည္။ မိုးႀကိဳးစြမ္းအား၏ဒုတိယအဆင့္သို႔ေရာက္ရွိခဲ့ေသာ ခ်န္းခ်ီအတြက္ ၎သည္ ေသးငယ္ေသာအရာတစ္ခုမွ်သာျဖစ္ေလသည္။

႐ြာသည္ မႀကီးသည့္အတြက္ ႏွင္းခ႐ူဇာကို မေမာင္း၀င္နိုင္ေသာေၾကာင့္ က်န႔္ယြင္သည္ ဟန္လဲ့ႏွင့္ယြီသုန္သုန္တို႔ကို ကားထဲတြင္ေနခဲ့ခိုင္းၿပီး တျခားလူမ်ားကို အေျခအေနၾကည့္ရန္ ႐ြာထဲသို႔သြားခိုင္းေလသည္။

ဟန္လဲ့သည္ နည္းပညာရွင္တစ္ေယာက္ျဖစ္ကာ စြမ္းအားရွင္မဟုတ္ေပ။ သူႏွင့္ယြီသုန္သုန္ကို ကားထဲတြင္ ေနခဲ့ခိုင္းျခင္းသည္ ပိုလုံၿခဳံလိမ့္မည္ျဖစ္သည္။

သို႔ေသာ္ က်န႔္ယြင္သည္ ကားေပၚမွဆင္းခင္ ယြီသုန္သုန္ကို သူ႕စိတ္စြမ္းအားျဖင့္ ႐ြာထဲတြင္ အသက္ရွင္ေနသူမ်ား ပုန္းေအာင္းေနသည့္ေနရာကိုရွာေဖြခိုင္းလိုင္ေလသည္။ ထို႔ေၾကာင့္ သူတို႔အေနျဖင့္ တစ္စုံတစ္ေယာက္ကို တစ္အိမ္၀င္တစ္အိမ္ထြက္ ရွာေနစရာမလိုေတာ့ေခ်။

ယြီသုန္သုန္သည္ ေခါင္းေလးကို ေစာင္းငဲ့လိုက္ၿပီး

“ အဲ့ဒိအိမ္ေတြေအာက္မွာ လူေတြရွိတယ္”

“မင္း လူေတြရွိတယ္လို႔ေျပာတာလား?”

ေက်ာက္ပင္း၏မ်က္ႏွာသည္ ဝမ္းသာအားရအၾကည့္တစ္ခု ႐ုတ္တရက္ ေပၚလာေလသည္။

ေက်းလက္ရွိ မိသားစုတိုင္းလိုလိုနီးပါးတြင္ ေျမေအာက္ခန္းႏွင့္ အျခားေနရာမ်ားရွိၾကသည္။ ဤ႐ြာငယ္ေလးတြင္ မိသားစုတစ္ဒါဇင္မွ်သာ ရွိေသာ္လည္း အိမ္တိုင္း၏ေအာက္တြင္ ပုန္းေအာင္းေနသူမ်ား အမ်ားအျပား ရွိလိမ့္မည္ျဖစ္ကာ ထိုေနရာတြင္ သူတို႔အမ်ားအျပားရွိၾကလိမ့္မည္။

ေက်ာက္ပင္းသည္ လင္ခ်န္းအေျခစိုက္စခန္းရွိ ေထာင္ေပါင္းမ်ားစြာေသာ လူမ်ား၏အသက္ကို စိတ္ပူပန္ေနခဲ့ေလသည္။ ယခု အသက္ရွင္ေနေသးသည့္လူမ်ားရွိ‌ေနဆဲျဖစ္ကို သိလိုက္ရသည့္အတြက္ သူအလြန္ဝမ္းသာမိေလသည္။

ကေလးေလးသည္ ေခါင္းညိတ္ၿပီး ထပ္ေျပာလာေလသည္။

“လူေတြအမ်ားႀကီးရွိတယ္”

“ေကာင္းၿပီ ကားကိုေစာင့္ၾကည့္ၿပီး ငါတို႔ျပန္လာတာကိုေစာင့္ေနေနာ္”

စုေ႐ြ႕က်ယ္သည္ ကေလး၏ေခါင္းကို ပုတ္လိုက္ၿပီး  ကားထဲမွထြက္ကာ က်န႔္ယြင္ေနာက္သို႔လိုက္သြားေလသည္။

သူတို႔ ႐ြာထဲသို႔၀င္လာသည့္အခ်ိန္၌ လက္နက္မ်ားႏွင့္လူႏွစ္ဒါဇင္ေလာက္သည္ ႏွစ္ဖက္အိမ္မ်ားထဲမွ ေျပးထြက္လာၾကၿပီး က်န႔္ယြင္ႏွင့္တျခားသူမ်ားကို ဝိုင္းထားၾကေလ၏။

သူတို႔အဝတ္အစားမ်ားသည္ အလြန္ညစ္ပတ္ေနၾကေလ၏။ သူတို႔ဝတ္နိုင္သည့္အဝတ္အစားမ်ားအကုန္နီးပါးဝတ္ထားၾက‌ေလ၏။ တစ္ခ်ိဳ႕လူမ်ားသည္ ဘာပုံမွမေပၚေတာ့သည့္ အမ်ိဳးသမီးအကၤ်ီမ်ားေတာင္ဝတ္ထားၾကေလသည္။

“အစားအစာနဲ႕ မင္းတို႔ဝတ္ထားတဲ့အဝတ္အစားေတြကို ေပးခဲ့!”

ေသနတ္မ်ားႏွင့္ လူခုနစ္ေယာက္ ရွစ္ေယာက္ေလာက္သည္ အမဲေရာင္ေျပာင္း၀အားလုံးကို က်န့္ယြင္ႏွင့္တျခားသူမ်ားကို ခ်ိန္ထားေလ၏။

“ေလာင္တ၊ အဲဒီမိန္းမႏွစ္ေယာက္ကို ထားခဲ့ခိုင္းဖို႔ မေမ့နဲ႕ေနာ္!”

သူတို႔ထဲမွ တစ္ေယာက္ျဖစ္သည့္ ယင္ဆိုသည့္လူသည္ ၿပဳံးၿပီးေျပာလိုက္၏။

က်န႔္ယြင္သည္ ထိုလူမ်ားကို ဂ႐ုတစိုက္ၾကည့္ရႈ႕‌ ေလ့လာေနသည္။ သူတို႔၏မ်က္ႏွာမ်ားသည္ အဆင္ေျပေနၾကေသာ္လည္း အေအးဒဏ္ေၾကာင့္သူတို႔အားလုံး တုန္ယင္ေနၾကေလသည္။

“မင္းတို႔ ငါတို႔ကို လုယက္ခ်င္ေနတာ ေသခ်ာလား? ငါတို႔ အခုတင္ အျပင္မွာ ဖုတ္ေကာင္ေတြကို သတ္လိုက္တာ။ မင္းတို႔ ေက်းဇူးတင္ရေကာင္းမွန္း မသိဘူးဆိုရင္ မင္းတို႔ရဲ႕ ၾကင္နာမႈကို ဘယ္လိုျပန္ဆပ္နိုင္မလဲ?”

ခ်န္းခ်ီ၏လက္ထဲရွိ မိုးႀကိဳးသည္ လင္းလက္သြားေလသည္။

ခ်န္းခ်ီ၏လက္ထဲရွိ အလင္းေရာင္ကို ျမင္လိုက္ရခ်ိန္၌ ေခါင္းေဆာင္၏မ်က္လုံးမ်ား တဖ်ပ္ဖ်ပ္ဖ်ပ္ခတ္သြားေသာ္လည္း သူေၾကာက္႐ြံ႕ျခင္းမခံစားခဲ့ရေပ။ ဆန႔္က်င္ဘက္အေနျဖင့္ သူပိုျပင္းထန္လာခဲ့ေလသည္။ ဒီလူေတြမ်ားသည္ ေသနတ္မ်ားမသုံးဘဲ အျပင္ဘက္၌ ဖုတ္ေကာင္မ်ားကို သတ္နိုင္ခဲ့ၾကသည္ဆိုကတည္းက စြမ္းအားရွင္ တစ္ေယာက္ သို႔မဟုတ္ ႏွစ္ေယာက္ ရွိရမည္ဟု ဆိုလိုျခင္းျဖစ္ေလသည္။ စြမ္းအားရွင္မ်ားသည္ မည္မွ်ပင္ အစြမ္းထက္ေနပါေစ သူတို႔တြင္ အေသြးအသားမ်ားရွိၾကဆဲပင္ မဟုတ္ပါလား?  ေသနတ္အမ်ားႀကီးႏွင့္ လူမ်ားစြာႏွင့္ဆိုလွ်င္ သူတို႔ထဲမွ တစ္ေယာက္ ႏွစ္ေယာက္ကို သတ္ဖို႔ အခက္အခဲရွိပါ့မလား?

ဘယ္ပစ္မွတ္ကို အရင္ပစ္ရမွန္း မသိၾကသည့္အတြက္ ပထမဆုံးလူမိုက္သည္ သူ႕ကိုယ္သူ ထုတ္ေဖာ္လိုက္ေလသည္။

“စြမ္းအားရွင္တစ္ေယာက္ပဲေလ။ ဘာႀကီးႀကီးက်ယ္က်ယ္ ျဖစ္ေနလို႔လဲ!? ငါက မင္းတို႔လို တျခားသူေတြကို သတ္လိုက္တဲ့သူပဲ!  ”

ထိုလူသည္ ေျပာေနရင္း သူမ်က္လုံးမ်ားသည္ ပို၍ ျပင္းထန္လာၿပီး ေသနတ္ေျပာင္း၀ကို ခ်န္းခ်ီဆီသို႔တိုက္ရိုက္ ခ်ိန္႐ြယ္လိုက္ေလသည္။

က်န႔္ယြင္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ဒီလူ၏ စိတ္ေနစိတ္ထားသည္ တစ္ခုခု လြဲမွားေနၿပီဆိုသည္ကို ျမင္နိုင္ေလသည္။ သူ႕လက္ေခ်ာင္းမ်ား လႈပ္ရွားသြားၿပီး ေမာင္းခလုတ္ကို ဆြဲလိုက္ေတာ့မည္ကိုျမင္ၿပီး သူ႕အစြမ္းကို ခ်က္ခ်င္း စတင္လိုက္ေလသည္။

ျပင္းထန္ေသာ ေျမဆြဲငင္အားဆယ္ဆသည္ ေတာင္ႀကီးတစ္ခုကဲ့သို႔ ခ်က္ျခင္းဖိခ်လိဳက္ၿပီး လူကို ေျမျပင္ေပၚသို႔ ခ်က္ခ်င္း တြန္းခ်လိဳက္ေလသည္။

ေျမျပင္ကို ႏွင္းမ်ားဖုံးလႊမ္းေနၿပီး ထိုလူသည္ ေျမျပင္ေပၚသို႔အဖိခံထားရေလသည္။ ထို႔အျပင္ အသက္မရႉနိုင္ေလာက္သည့္ေဝဒနာအျပင္ ထိုးေဖာက္ေနေသာအေအးဓာတ္ကိုလည္း ခံစားလိုက္ရၿပီး ခ်က္ခ်င္းဆိုသလို မ်က္ရည္မ်ားက်‌လာေလသည္။ သူသည္ စကားမေျပာနိုင္ဘဲ သနားညွာတာဖို႔ ေတာင္းပန္မရနိုင္ေခ်။

“ငလူး!!!”

ထိုအခ်င္းအရာကို တျခားသူမ်ားျမင္လိုက္ၾကေသာအခါ သူတို႔သည္ ခ်က္ခ်င္းပစ္ခတ္ခဲ့ၾကေလသည္။

က်န္းရွို႔လ်န္၏ေျမတံတိုင္း ႏွင့္ စုေ႐ြ႕က်ယ္၏ ေပါက္ကြဲျခင္းဒဏ္ခံနိုင္ေသာ အကာအကြယ္ကို တခ်ိန္တည္းမွာပင္ အသက္သြင္းလိုက္ေလသည္။ သူတို႔သည္ မတူညီေသာလားရာမ်ားမွ က်ည္ဆန္မ်ားကို လြယ္လြယ္ကူကူခုခံနိုင္ၾကေလသည္။ သူတို႔ပစ္ခတ္ျခင္း ရပ္တန႔္သြၾကၿပီးေနာက္ သူတို႔သည္ ခ်က္ခ်င္း ျပန္တိုက္ခိုက္ခဲ့ၾကေလသည္။

ဒီလူကိုးေယာက္လုံးသည္ အားလုံး စြမ္းအားရွင္မ်ား ျဖစ္ၾကသည္ကို ထိုလူမ်ား ဘယ္တုန္းကမွ မေတြးခဲ့ၾကေခ်။ သူတို႔သည္ လက္နက္အမ်ားအျပားကိုင္ေဆာင္ထားၿပီး ခ်ိန္႐ြယ္ထားၾကေသာ္လည္း သူတို႔လက္ေအာက္သို႔ေရာက္ရန္ သုံးမိနစ္ၾကာေအာင္ပင္ မထိန္းထားနိုင္ခဲ့ေခ်။

မီးလုံး၊ ေလဓား၊ ေရခဲဆူး၊ လွ်ပ္စစ္ေရွာ့ႏွင့္ သံတုတ္ေခ်ာင္းတို႔သည္ ထိုလူမ်ားကို အလြယ္တကူ ရိုက္ခ်ပစ္လိုက္ေလသည္။

က်န႔္ယြင္သည္ တမင္တကာ အျပင္းအထန္ တိုက္ခိုက္ျခင္း မရွိေသာ္လည္း သူတို႔အား သင္ခန္းစာတစ္ခုသာ သင္ေပးျခင္းျဖစ္ေလေသာ္လည္း သူတို႔အား စိတ္ဆင္းရဲေစခဲ့ေလသည္။

က်န႔္ယြင္သည္ သူ႕စြမ္းအားကို ျပန္႐ုတ္သိမ္းလိုက္ၿပီး ေခါင္းေဆာင္ကို ႏွင္းထဲမွဆြဲထုတ္လိုက္ကာ ထိုလူ၏လည္ပင္းကို ဓားျမႇောင္တစ္ေခ်ာင္းေထာက္လိုက္ကာ

“ မင္းတို႔က ဘယ္သူလဲ? မင္းတို႔ဒီကို ဘယ္လိုေရာက္လာတာလဲ?”

“ငါတို႔က လင္ခ်န္းကပါ... ဖုတ္ေကာင္ေတြ  ဖုတ္ေကာင္ေတြ ၿမိဳ႕ထဲကို ထိုးေဖာက္လာလို႔...ငါတို႔၊ ငါတို႔.. ထြက္ေျပး..ထြက္ေျပးလြတ္ေျမာက္လာၾကၿပီး... ဒီ႐ြာက ငါတို႔သိတဲ့ တျခားသူေတြကို ေတြ႕ခဲ့ၾကတယ္....”

ထိုလူသည္ ႏွင္းထဲ၌ အလြန္ေအးခဲလြန္းသျဖင့္ တုန္တုန္ယင္ယင္ျဖစ္ေနကာ က်န႔္ယြင္၏ေမးခြန္းမ်ားကို ရိုးရိုးသားသား ေျဖခဲ့ေလသည္။

“ေတာင္းပန္ပါတယ္၊ ငါတို႔မွားသြားပါတယ္!”

“အသက္အ႐ြယ္ႀကီးတဲ့သူအမ်ားႀကီးကို ထည့္စဥ္းစားပါ။ ငါတို႔ကို သြားခြင့္ျပဳပါ! ငါတို႔ ရက္အေတာ္ၾကာ ဗိုက္ဆာေနၾကလို႔ပါ။ ငါတို႔ ခဏေလာက္ ပုန္းေနခဲ့ရတာ! ငါ ေတာင္းပန္ပါတယ္! ငါေတာင္းပန္ပါတယ္”

လူတခ်ိဳ႕သည္ ေျပာရင္း အရိုအေသေပးေနၾကေလသည္။

“ဟားဟား”

သို႔ေသာ္ ခ်န္းေက်ာင္းသည္ ေလွာင္ေျပာင္လိုက္ၿပီး ထိုလူမ်ား၏ မုသားစကားမ်ားကို သူမ မယုံၾကည္ခဲ့ေခ်။ တခ်ိဳ႕မ်ား၏ အဓိပၸါယ္မရွိေျပာေနျခင္းကို မဆိုထားႏွင့္ ယခုေလးတင္ ဒီလူမ်ားသည္ ေမးခြန္းမ်ားမေမးဘဲ သူတို႔တားသတ္ရန္သာလာခဲ့ၾကေလသည္။ သူတို႔သည္ သူမႏွင့္ ဝူက်င္းတို႔ကိုေတာင္ ေတြးရဲၾကသည္ေလ!

🍒🍒

Continue Reading

You'll Also Like

398K 10K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
995K 35.7K 42
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences ေတြပါဝင္တာေၾကာင့္ မႀက...
8.4K 1.7K 14
A cute and fluffy story I found and share with your guys... Original title : Knight, the dragon snatch the princess again! Author : Red mouth white t...
35.2K 5.2K 11
Title : I Just Want To Live Peacefully (ငါ အေးအေးချမ်းချမ်းလေးပဲနေချင်တာ) Genre : historical, romance, shounen-ai Start Date : 1.June.2021 End Date :...