My Cherry Will Explode in the...

By tobefly_highhigh

653K 94.4K 1.4K

《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံ... More

Description
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷《ကျန့်ယွင်နှင့်‌ နောက်တဖန်ပြန်ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸《‌နေရာလွတ်တစ်ခုရှိနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹 《ဆက်ဆံရေးက အလွဲတစ်ခုနဲ့စတင်ခဲ့တယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺 《မှော်ဆန်သောအရုပ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻 《ထပ်မရှောင်နိုင်တော့ ဆုံရပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼《ရှင်းရှင်းလင်းလင်းလုပ်ကြစို့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽《အမြတ်အစွန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾《ဒဏ်ရာများအား ဂရုစိုက်ပေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿 《အိပ်ယာအား အတူမျှဝေခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶《ဈေး၀ယ်ထွက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷《‌ကောင်းမွန်သောအရာများဆက်လက်ဖြစ်ပျက်နေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟸《ဖြိုဖျက်ရေးနှင့်ပြန်လည်နေရာချထားရေးသတိပေးချက်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟹《အတိတ်ဘ၀အကြောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟺《အတူတူရင်ဆိုင်ကြမယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟻《တွက်ချက်မှုများမအောင်မြင်ခဲ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟼《အိမ်နဲ့ကားရှိတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟽《မင်းလုပ်ရဲတယ်ပေါ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟾《ကမ္ဘာပျက်ကပ်ကြီးနီးလာပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟿《ကမ္ဘာပျက်ကပ်ကြီး ရောက်လာခဲ့ပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟶《စူပါမားကတ်*ကုန်တိုက်ကို အပြောင်ရှင်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟷《မ‌မျှော်လင့်ထားသော》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟸《ခွဲခွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟹《ပဲစေ့ကျည်ဆန်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟺《ထွက်လာကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟻《မကောင်းတဲ့သူတစ်ယောက်မဟုတ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟼《အမြု‌တေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟽《နှစ်မျိုးတွဲစွမ်းရည်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟾《Otakuတစ်ယောက်၏အလားအလာ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟿《ကယ်တင်မှာလား မကယ်တင်ဘူးလား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟶《ဦးနှောက်ပျက်စီးမှုကို ကယ်တင်လို့မရတော့ဘူး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟷《သူတို့ကစုံတွဲတစ်တွဲပဲ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟸《အဖွဲ့၀င်အသစ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟹《တစ်စုံတစ်ယောက်က တံခါးကိုဖျက်ပြီးဖွင့်ဖို့ကြိုးစားနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟺《ကမ္ဘာပျက်ကပ်အတွင်းပြောင်းလဲမှုများ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟻《နှုတ်ဆက်ပါတယ် အကြီးဆုံးဦးလေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟼《 အသက်ကယ် ကျေးဇူးတရား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟽《အနီရောင်မိုးရွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟾 《ဒဏ်ရာရ စစ်သားများနှင့်တွေ့ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟿《လူ့နှလုံးသားများသည် မခန့်မှန်းနိုင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟶《ကယ်ဆယ်ရေးအစီအစဉ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟷《ကယ််‌ဆယ်ရေးလုပ်ငန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟸《စစ်ဆင်‌ရေးစတင်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟹《အောင်အောင်မြင်မြင်လွတ်မြောက်ခြင်း》
Plants vs Zombies
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟺《ကယ်ဆယ်ရေးသတင်းစကား》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟻《ထွက်ခွာရန်စုစည်းကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟼《ဆင့်ကဲ‌ပြောင်းလဲနေသောဖုတ်ကောင်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟽《အဖိုးတန်ပဲစေ့များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟾《ကယ်ဆယ်ရေး စတင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟿《ချန်းယန် အလယ်တန်းကျောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟶《အကျပ်ရိုက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟷《ချန်းမောင်နှမများ》 
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟸 《နောက်တစ်ကြိမ်စကားပြောကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟹《 LED နေကြာပန်းမီးအိမ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟺《လယ်သမားဈေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟻《ရှောင်ဟေး၏ ကွဲပြားနေမှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟼《 အခြေစိုက်စခန်းသို့ ကနဦး၀င်ရောက်မှု》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟽《 အခြေစိုက်စခန်းထဲသို့ ပြောင်းရွှေ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟾《 အရေးပေါ်မစ်ရှင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟿《 စွမ်းရည်အဆင့်တက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟶 《 G မြို့သို့ သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟷《 သူလိမ်နေတာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟸《 မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟹《 ပုလင်းတစ်ခုထဲသို့ လိပ်ကိုဖမ်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟺《 အဆင့်သုံးဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟻《 စက်ရုံထဲ၀င်ရောက်ကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟼《 ကြွယ်၀သောရလဒ်များဖြင့်ပြန်လာကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟽《 ကျည်ဆန်အသစ်များ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟾《 အခြေစိုက်စခန်း၏ပြောင်းလဲခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟿 《 မြေမဲ့စိုက်ပျိုးရေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟶《 ၀မ်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟷《 အန်းဟွေ့မြို့ထဲရှိမငြိမ်သက်မှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟸《 သန္ဓေပြောင်းဝံပုလွေများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟹《 မြင်ရုံနဲ့ ‌ဝေစုလိုချင်တာလား? 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟺《 ကူးစက်ခံကြွက်၀င်ရောက်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟻《 ကြောင်နှင့်ကြွက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟼《 အကျပ်အတည်းဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟽《 စွမ်းရည်ဆေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟾《 သေခြင်းတရားကိုရှာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟿《 အခြေစိုက်စခန်းမှမောင်းထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟶《 အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟷《 လင်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟸《 ညစ်ပတ်သောလူသည် ညစ်ပတ်ခြင်းကိုသာမြင်၏ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟹《 King Kong ရှစ်ယောက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟺《 ကုသခြင်းစွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟻《 မိုးသည်းနေ့မှာလောင်သောမီး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟼《 အသိတချို့နှင့်ဆုံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟽《 မိုးသည်းကြီးနောက်ဆုံးတိတ်သွားပြီ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟾《 အနောက်မြောက်ဘက်သို့ဦးတည်သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟿《 ဖုတ်ကောင်ဝိုင်းရံခံရခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟶《 ပူးပေါင်း‌တိုက်ခိုက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟷《 ဘေးဒုက္ခအကျပ်အတည်းကို ဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟸《 စွမ်းရည်အဆင့်မြှင့်တင်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟹《 နှစ်သစ်ကူးနေ့ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟺《 နှစ်သစ်တစ်နှစ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟻《 နေရာလွတ်စွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟼《 အကူအညီတောင်းခံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟽《 မြောက်ပိုင်းသို့သွားရန်အသင့် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟿《 စွမ်းရည်နှစ်မျိုး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟶《 Snow Cruiser 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟷《 ကြင်နာမှုကို ကျေးဇူးသိတတ်မှုဖြင့် တုန့်ပြန်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟸《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟹《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟺《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟻《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟼《 ထိန်းချုပ်မရနိုင်ဖြစ်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟽《 မြွေပွေးခါးပိုက် ပိုက်-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟾《 မြွေပွေးခါးပိုက် ပိုက်-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟿《 မြို့တော်အခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟶《 မိသားစုနှစ်ခု၏အခြေအနေ-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟷《 မိသားစုနှစ်ခု၏အခြေအနေ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟸《 တွေ့ကြုံစုံစည်းကြခြင်း 》
𝙴𝚡𝚝𝚛𝚊《 ကွေ့ကောက်သောလမ်းသည် ဆိတ်ငြိမ်သောအရပ်သို့ ဦးတည်လေသည် 》
Complete 💯!!!
Completed Pdf file
ရာသီဥတု သတိပေးချက်
MMStoryteller website

𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟾《 ထူးဆန်းသည့်ဖုတ်ကောင် 》

3.4K 554 1
By tobefly_highhigh

My Cherry Will Explode in the Apocalypse

Chapter 98《 ထူးဆန်းသည့်ဖုတ်ကောင် 》

Author: Drunken Light Song
Source: Jostena M
Translator: オタク

ကားသည် R&D အခြေစိုက်စခန်းထဲသို့ ဖြည်းညှင်းစွာ မောင်း၀င်လာသောအခါ နေရာတိုင်း၌ မီးခိုးခေါင်းတိုင်များနှင့် စက်ရုံများ တန်းစီနေသည်မှာ အလွန်အံ့မခန်းဖွယ်ကောင်းလောက်သည်။ တောက်ပထွန်းလင်းနေရမည့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေစိုက်စခန်းတွင် အလင်းရောင်တစ်စုံတစ်ရာမရှိဘဲ အနက်ရောင်ဆေးအပြည့်ခြယ်ထားခဲ့လေသည်။ ကွန်ကရစ်နံရံသည် ကျိုးပဲ့ဆွေးမြေ့နေပြီး စက်ရုံမှန်တံခါးများသည် ကွဲနေခဲ့ကာ အလွန်စိတ်ပျက်စရာကောင်းသော ခံစားချက်ကို ပေးနေသည်။

ဗိုလ်ချုပ်ကျန်း၏ ပေးလိုက်သောသဲလွန်စအရ အဆိုပါ နှင်းခရူဇာ ထုတ်လုပ်မှုအလုပ်ရုံသည် R&D အခြေစိုက်စခန်း၏ ဧရိယာ Bထဲတွင် လက်တွေ့စမ်းသပ် အဆောက်အဦးနောက်ရှိ အကြီးဆုံး အလုပ်ရုံဖြစ်လေသည် ။

“ဒါနဲ့... ဧရိယာ Bက ဘယ်မှာလဲ?”

စုန့်ချန်ရှုသည် ကားကို ရပ်လိုက်လေသည်။ နှင်းများထူထပ်နေသောကြောင့် နေရာတိုင်းတွင် အဖြူရောင် လွင်ပြင်ကျယ်ဖြစ်နေ၏။ လမ်းညွှန်ဆိုင်းဘုတ်များ အားလုံးသည် ရေခဲများနှင့် နှင်းများဖုံးလွှမ်းနေခဲ့လေသည်။ ဧရိယာ B သည် မည်သည့်နေရာတွင်ရှိသလဲဆိုသည်နှင့် လက်တွေ့စမ်းသပ်မှုအဆောက်အအုံသည် မည်သည့်နေရာတွင်တည်ရှိသည်ကို မည်သူမှ မမြင်နိုင်ပေ။

“ပတ်မောင်းကြည့်လိုက်။ ချန်းကျောင်း နဲ့ ကျောက်ပင်းတို့ကို အဆောက်အဦးအပြင်ဘက်နံရံ‌တွေနဲ့ ဆိုင်းဘုတ်တွေက ဆီးနှင်းတွေကို သူတို့စွမ်းအားကိုသုံးပြီး ဖယ်ရှားခိုင်းလိုက် ”

ဟု ကျန့်ယွင် ပြောလိုက်သည်။

“ကောင်းပြီ”

သူတို့ ကားပေါ်မှ ဆင်းပြီးချင်းမှာပင် လေးအေးတစ်ချက်တိုက်သွားလေ၏။ ချန်းကျောင်းနှင့် ကျောက်ပင်းတို့သည် ကုတ်အင်္ကျီအထူကြီးများနှင့် မျက်နှာဖုံးများ၊ လက်အိတ်များ၊ လည်စည်းများနှင့် ထုပ်ပိုးထားကြသော်လည်း ကားထဲမှထွက်လာသည့်အချိန်မှာတော့ မတုန်ယင်သွားဘဲမနေနိုင်ကြချေ။ သူတို့သည် ဤကဲ့သို့သော အေးခဲ့သည့်ရာသီဥတု၊ အရေးပြားပေါ်လာရောက်ရိုက်ခတ်သည့် လေးသည် အရေပြားကို ဓားတစ်ချောင်းကဲ့သို့ လှီးဖြတ်ရန် ကြိုးစားနေသကဲ့သို့သောဒဏ်ကို ဘယ်တုန်းကမှ မခံစားခဲ့ကြဖူးချေ။

တစ်ယောက်သည် ဆိုင်းဘုတ်ပေါ်ရှိ ရေခဲနှင့် နှင်းများကို မီးဖြင့် အရည်ပျော်သွားစေပြီး နောက်တစ်ယောက်သည် ပြင်းထန်သောလေဖြင့် အဆောက်အဦးပေါ်ရှိ နှင်းများကို မှုတ်ထုတ်လိုက်ကာ ကွယ်နေသောဆိုင်းဘုတ်များ ပေါ်လာလေသည်။

သို့သော် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေစိုက်စခန်းထဲရှိ ဖုတ်ကောင်များသည် အစားအစာ၏အနံ့ကို အနံ့ခံကာ ဖြည်းညှင်းစွာ စတင်စုရုံးလာကြသည်။ နှင်းထုသည် ထူထဲကာ ထိုဖုတ်ကောင်များ၏လှုပ်ရှားမှုအပေါ်သက်ရောက်နေ၏။

ကျန့်ယွင်နှင့် တခြားသူများသည် မရှင်းမလင်းဖြစ်နေကြကာ သူတို့၏သေနတ်များကို ဆွဲထုတ်ပြီး စတင်ပစ်ခတ်ကြလေသည်။ ဤတိုက်ပွဲကာလကြီးပြီးနောက် ကမ္ဘာမပျက်ခင်က သေနတ်မကိုင်ဖူးခဲ့ကြသည့် ကျန်းရှို့လျန်၊ ဝူကျင်း၊ ကျန့်ကျားဟယ်နှင့်ဦးနှောက်တွင်းကြီးတို့ဟာလည်း အလွန်ကောင်းမွန်လာခဲ့ကြပြီး ထိုပြန့်ကျဲနေသည့် ဖုတ်ကောင်များသည် မကြာခင်မှာပဲ အသတ်ခံလိုက်ကြရလေသည်။

“ဒါက Area C ပြီးတော့ Area B က ဟိုဘက်မှာ”

တည်နေရာကိုရှာဖွေကြပြီးနောက် ချန်းကျောင်းနှင့်ကျောက်ပင်းတို့သည် ကားပေါ်သို့ ချက်ချင်းပြန်သွကြပြီး Area B ဆီသို့ ဦးတည်သွားခဲ့ကြသည်။

သို့သော် ယွီသုန်သုန်၏ခန္ဓာကိုယ်သည် ပိုပို၍ တောင့်တင်းလာပြီး သူ့ပင်ကိုယ်ဗီဇက သူ့အား အန္တရာယ်ရှိသည်ဟု ခံစားရစေသော ဖုတ်ကောင်သည် ဤနေရာနှင့်နီးနေပြီဟု သူ့အားပြောပြနေလေသည်။

နယ်မြေဒေသနှင့် မရင်းနှီးကြသောကြောင့် သူတို့ကားသည် ဧရိယာ C နှင့် ဧရိယာ B ကြားတွင် နှစ်ကြိမ် လှည့်ပတ်နေခဲ့ကြကာ နောက်ဆုံး၌ ဧရိယာ B ရှိ လက်တွေ့စမ်းသပ်အဆောက်အအုံ၏ ဘေးတံခါးအပြင်ဘက်တွင် ရပ်တန့်သွားကြလေသည်။ သူတို့သည် စမ်းသပ်အဆောက်အအုံထဲသို့ ဝင်ရန် လိုအပ်ပြီး အနောက်ဘက်စက်ရုံသို့ရောက်ရန် ရှည်လျားသော စင်္ကြံကိုဖြတ်ကာ သွားခဲ့ကြရသည်။

မှောင်စပြုလာသည်ကိုမြင်ပြီး ကျန့်ယွင်သည် အချိန် ထပ်မဖြုန်းချင်တော့ချေ။ သူတို့သည် ကားပေါ်ကဆင်းပြီး George Patton နှစ်စီးကို နေရာလွတ်ထဲသို့ ထည့်လိုက်လေသည်။ ထို့နောက် နှင်းခရူဇာများကိုရှာဖွေဖို့ အနောက်ဘက်တွင်ရှိသည့် စက်ရုံအဆောက်အဦးဆီသို့ လက်တွေ့စမ်းသပ်ခန်းမှဖြတ်သွားကြခဲ့သည်။ မည်သို့ပင်ဖြး်နေပါစေ နေရာလွတ်စွမ်းအားရှင်တစ်ဦးဖြစ်သည့် စုရွေ့ကျယ်သည် သူတို့ရှာဖွေနေသည့်အရာကို ရှာဖွေတွေ့ရှိပြီးနောက် ကားကို အလွယ်တကူထုတ်ယူနိုင်လေသည်။

လက်ထဲတွင် ဓာတ်မီးများကိုင်ဆောင်ထားသော လူတိုင်းသည် လက်တွေ့စမ်းသပ်အဆောက်အအုံထဲသို့ ဂရုတစိုက်ဝင်ရောက်လာခဲ့ကြသည်။

အဖွဲ့သည် လက်တွေ့စမ်းသပ် အဆောက်အဦးထဲသို့ ဝင်လိုက်သည်နှင့်တပြိုင်နက် တံခါးဝတွင် လုံးဝပြိုကျပျက်စီးနေသောအရိုးများ အများအပြားသည် လဲကျနေကြကာ သွေးများခြောက်ကပ်နေပြီး ခြေလက်များကျိုးပဲ့နေသည်ကို တွေ့လိုက်ကြရသည်။ သူတို့သည် ထိတ်လန့်တုန်လှုပ်သွားကြလေသည်။

“ကောကော၊ သတိထား.... ”

ယွီသုန်သုန်သည် စုရွေ့ကျယ်၏ အပေါ်ထပ်အင်္ကျီကို လှမ်းဆွဲလိုက်သည်။

“စိတ်မပူပါနဲ့၊ ငါတို့နောက်လိုက်ခဲ့နော်”

စုရွေ့ကျယ်သည် ကလေး၏ခေါင်းကိုထိပြီးနောက် ကျန့်ယွင်နောက်သို့ လက်တွေ့စမ်းသပ်ခန်း အဆောက်အဦးထဲသို့ လိုက်သွားလေသည်။ ကမ္ဘာပျက်ကပ်သည် ညအချိန်၌ ပေါက်ကွဲသွားခဲ့သော်လည်း  R&D အခြေစိုက်စခန်းတွင် အချိန်ပိုအလုပ်လုပ်နေသူများစွာရှိနေသေးသည်။ ဤအဆောက်အဦထဲတွင် ပုန်းခိုနေသည့် ဖုတ်ကောင်တချို့ရှိနေမည်မှာ အံ့သြစရာမဟုတ်တော့ချေ။

အဆောက်အဦးသည် အလွန်တိတ်ဆိတ်နေပြီး သူတို့၏ခြေသံများကို ကြိမ်ဖန်များစွာ ကျယ်လောင်စွာ ပဲ့တင်ထပ်နေပုံရလေကာ အသံသည် အလွန်ကျယ်လောင်လေ၏။ ဓာတ်မီးဖြင့်ထိုးလိုက်သည့် နေရာတိုင်းသည် ဖုန်မှုန့်များ သို့မဟုတ် သွေးအစွန်းအထင်းများဖြင့် လူများကို အထိတ်တလန့်ဖြစ်စေသည့် ခံစားချက်ပေးနေလေသည်။

အဆောက်အဦးကိုဖြတ်ကူးပြီး ရှည်လျားကျဉ်းမြောင်းသည့်စင်္ကြံထဲသို့ ၀င်ခါနီး၌ သူတို့သည်  ဗြန်း ခနဲ အသံတစ်ခု ရုတ်တရက်ကြားလိုက်ကြရလေသည်။ ကောင်းကင်မှ တစ်ခုခုကျလာပြီး သူတို့နှင့် အနီးမဝေးကို တိုက်မိသွားလေသည်။

“အဲဒါ ဘာကြီးလဲ?”

လူတော်တော်များများ၏အမူအရာသည် ရုတ်တရက်ပြောင်းလဲသွားပြီး၊  ချန်းချီသည် အမည်မသိအရာဝတ္ထုကို ဓာတ်မီးလှမ်းထိုးလိုက်ပြီး ရွံရှာဖွယ်ကောင်းတဲ့ အူပုပ်တစ်ခုဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

ကျန့်ကျားဟယ်သည် မသိစိတ်ကြောင့်ကြည့်လိုက်ပြီး  နီမြန်းတောက်ပနေသော မျက်လုံးတစ်စုံနှင့် မျက်နှာချင်းဆိုင်လိုက်ရကာ သူ့အား ထိတ်လန့်သွားလေသည်။

“ဖုတ်ကောင် တစ်ကောင်ရှိတယ်....”

ကျန့်ကျားဟယ် သူ့အား သတိပေးရန်ပင်မလိုခဲ့ချေ။ ကျန့်ယွင်သည် ဆွဲငင်အားဖြင့် လူတိုင်းကို အဝေးသို့တွန်းထုတ်ရန် သူ့စွမ်းရည်ကို ချက်ချင်းထုတ်‌ဖော်လိုက်ပြီး ဒုတိယထပ်မှ ခုန်ဆင်းလာသော ဖုတ်ကောင်ကို ရှောင်ရှားလိုက်လေသည်။

ဖုတ်ကောင်၏အသွင်အပြင်သည် အလွန်စိတ်ဆင်းရဲစရာကောင်း၏။ ဘယ်ဘက်ပခုံးမှ ဝမ်းဗိုက်အထိ အသွေးအသားအားလုံးသည် သန့်ရှင်းသည်အထိ ကိုက်ဝါးမျိုခံထားရလေသည်။

သွားရာအမှတ်အသားများစွာရှိပြီး ဘယ်ဘက်လက်ဖဝါးမှာ ပျောက်နေ၏။ လက်အရိုးဗလာသာကျန်နေသော်လည်း ညာဘက်တစ်ခြမ်းသည် ယခင်အတိုင်းရှိနေလေ၏။ သူ မသေခင်မှာပင် ဖုတ်ကောင်များ၏ ဝိုင်းရံခံရပြီး အကိုက်ခံခဲ့ရကာ သေဆုံးခဲ့ပုံရသည်။

သို့သော်လည်း ဤဖုတ်ကောင်၏ဘယ်ဘက်လက်မောင်းရိုးသည် သာမန်မီးခိုးရောင်မဟုတ်ပေ။ သို့သော် ကျောက်စိမ်းနှင့်တူသောအရောင်ရှိ၏။ ၎င်းသည် ဓားထက်ထက်တစ်ချောင်းကဲ့သို့ မာကျောထက်ရှပုံရကာ လူများကို အလိုလိုပင် အန္တရာယ်ကိုခံစားရစေသည်။

“အားလုံးသတိထားကြ။ ဒီဖုတ်ကောင်က အဆင့်သုံး ဖုတ်ကောင်ပဲ”

ကျန့်ယွင်သည် လေးနက်နေသော လေသံနှင့် ပြောလိုက်၏။ အဆင့်သုံးသာဖြစ်သော်လည်း ဤဖုတ်ကောင်သယ်ဆောင်လာသောဖိအားကို ကျန့်ယွင် ခံစားရနိုင်လေသည်။ ဤဖုတ်ကောင်သည် လုံလောက်သောစွမ်းအင်ကို စုပ်ယူနိုင်ခဲ့ပါက မကြာခင် အဆင့်လေးအထိ တိုးလာမည်ဟု သူ ယုံကြည်နေသည်။

ကျန့်ယွင်သည် တိုက်ခိုက်သည့် အနေအထားကို ပြင်ပြီးနောက် ဖုတ်ကောင်သည် ရုတ်တရက် နောက်ပြန်ဆုတ်သွားပြီး ရုပ်ပုံသည် အမှောင်ထဲသို့ ပျောက်ကွယ်သွားလေသည်။

သူတို့သည် ချက်ချင်းပင် ဓာတ်မီးများကို အရပ်ရပ်သို့ ထိုးလိုက်ကြသော်လည်း ထွက်ပြေးလာသော ဖုတ်ကောင်ကို ရှာမတွေ့ခဲ့ပေ။

၎င်းသည် ဖုတ်ကောင်၏အမြန်နှုန်းသည် အလွန့်အလွန်ကိုလျင်မြန်ပြီး ရွေ့လျားမှုသည် ပြောင်းလွယ်ပြင်လွယ်ဖြစ်သည်ကို ပြသနေသည်။

“သုန်သုန် မင်း ဖုတ်ကောင်ကို ရှာတွေ့နိုင်မလား?”

ကျန့်ယွင်သည် သုန်သုန်ကို ကြည့်နေ၏။

“ကျွန်တော် ကြိုးစားမယ်”

ယွီသုန်သုန်သည် မျက်လုံးများကိုမှိတ်ထားပြီး သူ့စိတ်စွမ်းအားနှင့် သူတို့ပတ်ဝန်းကျင်ကို စတင်ရှာဖွေလေသည်။ သူ့စိတ်စွမ်းအားသည် ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ဖြည်းဖြည်းချင်းပြန့်နှံ့သွားလေသည်။

ရုတ်တရက်  ယွီသုန်သုန်သည် မျက်လုံးများပွင့်လာလေ၏။ စကားမပြောနိုင်ဘဲ စုရွေ့ကျယ်ပေါ်သို့ခုန်တက်လိုက်လေ၏။ စုရွေ့ကျယ်သည် ပစ်၀င်လာသည့်ကလေးနှင့် တိုက်မိလိုက်ပြီး အပေါ်ထပ်အင်္ကျီအထူကို အလွှာပါးလေးတစ်ခုကဲ့သို့ဖြစ်သွားလေ၏။

ချွန်ထက်သောအရိုးဓားတစ်ချောင်းသည် နံရံမှထွက်လာပြီး စုရွေ့ကျယ်၏လည်ပင်းကို ပွတ်သွားလေ၏။ ယွီသုန်သုန်ကြောင့်သာ မတိုက်မိခဲ့ပါက စုရွေ့ကျယ် ချက်ချင်း သေဆုံးသွားနိုင်လေသည်။

ကျန်းရှို့လျန်သည် စွေပြီး ရှောင်လိုက်ကာ သူ့လက်ကို အရိုးဓားသွားဘက်သို့ လှမ်းလိုက်လေ၏။

သူ့မြေကြီးစွမ်းရည်ကို အသုံးပြုပြီး နံရံကို ချက်ချင်း ဖြိုဖျက်လိုက်သော်လည်း ဖုတ်ကောင်သည် ပျောက်ကွယ်သွားဆဲဖြစ်လေ၏။

သိသိသာသာပင် ဤဖုတ်ကောင်သည် သာမန်ဖုတ်ကောင်တစ်ကောင်မဟုတ်ပဲ အလွန်ထူးဆန်းသည့် စွမ်းအားများရှိလေသည်။

“အဲ့ဒါ...အဲ့ဒါက မြန်မြန်ရွေ့နေတယ်...”

ယွီသုန်သုန်၏မျက်နှာလေးသည် တင်းမာနေပြီး သူ့ခေါင်းသည် နေရာတိုင်းသို့ လှည့်ပတ်နေပြီး ဖုတ်ကောင်၏နေရာကို ကျောက်ချနိုင်ဖို့ အသည်းအသန်ကြိုးစားနေလေသည်။

လူအုပ်ကြီးသည်လည်း ကြောင်တက်တက်ဖြင့် ဝိုင်းကြည့်နေကြသော်လည်း ပတ်ပတ်လည်တွင် နံရံများသာရှိပြီး ဘာကိုမျှ မမြင်နိုင်ချေ။

“သတိထား!”

ယွီသုန်သုန်သည် သူ့ဘေးရှိ စုရွေ့ကျယ်ကို ထပ်တွန်းလိုက်ပြန်၏။ စုရွေ့ကျယ်သည် ပိုပိန်းပါး သောကြောင့်သာ ဒီကောင်လေးသည် သူ့ကို တွန်းထုတ်လို့ ရနိုင်လေသည်။

သူတို့သည် အဖြူရောင်အရိုးဓါးသည် တခဏချင်း ထိုးသွင်းလာသည်ကို တွေ့လိုက်ကြပြီး စုရွေ့ကျယ်၏ခြေထောက်ကို ပွတ်သွားခဲ့ကာ နောက်ပြန်ဆွဲသွားခဲ့လေသည်။

“ဘာတွေဖြစ်နေတာလဲ? ဒီဖုတ်ကောင်က ရှောင်ကျယ်နောက်ကိုလိုက်နေတာလား?”

၎င်းသည် စုရွေ့ကျယ်ကို နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဖြစ်၍ သူတို့မတတ်နိုင်ကြသော်လည်း သူ့အားရည်ရွယ်ထားသည့် ဆက်တိုက်တိုက်ခိုက်မှုနှစ်ခုမှနေ မှန်းဆနိုင်လေသည်။

“ဖုတ်ကောင်တွေရဲ့ အမြုတေကို ငါတို့ အသုံးချနိုင်သလိုပဲ စွမ်းအားရှင်တွေရဲ့ အသွေးအသားတွေကို မျိုချခြင်းကလည်း သူတို့ကိုယ်သူတို့ အဆင့်မြှင့်ဖို့  ဖုတ်ကောင်တွေကိုကူညီပေးနိုင်တယ်။ ရှောင်ကျယ်က ငါတို့ကြားထဲမှာ အမြင့်ဆုံးအဆင့်ပဲ။ အဲ့ဒါကြောင့် ဖုတ်ကောင်က သူ့ကို ပစ်မှတ်ထားနေတာ ဖြစ်နိုင်တယ်”

ကျန့်ယွင် လေးနက်စွာပြောလိုက်၏။

စုရွေ့ကျယ်သည်လည်း ကျန့်ယွင်၏ အတွေးကိုသဘောတူကာ ခုခံကာကွယ်ခြင်းသည် အကောင်းဆုံးနည်းလမ်းမဟုတ်ချေ။ သူသည် နေရာလွတ်ထဲမှ အခွံများသီးတစ်ဆုပ်ကိုထုတ်ယူလိုက်ကာ ၎င်းတို့ကို အခွံမာသီး သံချပ်ကာတစ်ခုအဖြစ်ပြောင်းလဲရန် သူ့စွမ်းအကို တိုက်ရိုက်သုံးလိုက်ပြီး ၎င်းသည် စုရွေ့ကျယ်၏တစ်ကိုယ်လုံးကိုဖုံးအုပ်ထားလေသည်။ ပုံစံသည် အနောက်တိုင်းသူရဲကောင်းများဝတ်ဆင်သည့် သံချပ်ကာနှင့် ဆင်တူပြီး သို့သော်လည်း အရောင်သည် အနည်းငယ်ရုပ်ဆိုး ကာ အခွံမာသီး၏ထူးခြားသောအဝါရောင်ဖြစ်လေသည်။

ထို့နောက် စုရွေ့ကျယ်သည် သေးငယ်သော ချပ်ဝတ်တန်ဆာတစ်ခုကို ပြောင်းလဲလိုက်ကာ ယွီသုန်သုန်ပေါ်၀တ်ပေးလိုက်၏။ ကျန်းရှို့လျန်သည် ဖုတ်ကောင်များ ၎င်းကို ဖြတ်ပြီးလမ်းမလျှောက်နိုင်စေရန် မျှော်လင့်ချက်ဖြင့် သူတို့၏ခြေထောက်အောက်ရှိ ကြမ်းပြင်ကို ပိုမိုမာကျောစေရန် သူ့စွမ်းရည်ကို ထပ်မံထုတ်သုံးလိုက်ပြန်သည်။

သို့သော် သူ့ပြင်ဆင်မှုသည် အလုပ်မဖြစ်ခဲ့ချေ။ ဖုတ်ကောင်သည် ကြမ်းပြင်အောက်မှနေ မမျှော်လင့်ဘဲ တိုက်ခိုက်ခဲ့သော်လည်း စုရွေ့ကျယ်၏သံချပ်ကာမှ ပိတ်ဆို့ထားခဲ့လေသည်။ သို့သော် စုရွေ့ကျယ်သည် သူ့သံချပ်ကာအောက်ခြေ၌ အက်ကွဲကြောင်းတချို့ ရှိနေပုံရသည်ကို ခံစားလိုက်ရ၏။ ၎င်းသည် အဆင့်လေးစွမ်းရည်မှ ပြောင်းလဲထားသည့် သံချပ်ဝတ် ဖြစ်သော်လည်း အဆင့်သုံး ဖုတ်ကောင်၏ ထိုးနှက်မှုကြောင့် အက်ကွဲသွားခဲ့သည်။ ဖုတ်ကောင်၏ တိုက်ခိုက်ပျက်စီးမှုကို လျှော့တွက်၍မရနိုင်ကြောင်း မြသ်သာလေသည်။

“သေစမ်း... အဲ့ ဖုတ်ကောင်က ထူရှင်ဆွင်းရဲ့မြေးလားဟ? ”

နံရံများနှင့် မြေပြင်ကိုဖြတ်ပြီး သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခြင်းခံခဲ့ရခြင်းသည် ကျန့်ကျားဟယ်ကိုဤစာကြောင်း ပြောမထွက်ဘဲမနေနိုင်ဆော့ချေ။

【TN : ထူရှင်ဆွင်း (Tǔ xíng sūn)ကတော့ တရုတ် မင်ခေတ်၀တ္တု  Investiture of the Gods《封神演义》နဲ့ အဆက်အဆက်တွေအထဲမှာပါတဲ့ ဇာတ်ကောင်တစ်ခုပါတဲ့။ သူရဲ့ ဇာတ်ကောင်က မြေးကိုထားခဲ့ဖို့ ကြောက်တာပါတဲ့။ ပြီးတော့ သူ့ပါဝါက မြေကြီးမှော်ပညာလို့ဆိုပါတယ်။  သူက ဇာတ်ကားထဲမှာတော့ ပါလာသလားမသိပါဘူး မကြည့်ဘူးလို့။ မင်းသား Deng LUN တို့ သရုပ်ဆောင်ထားပါတယ်။ အဲ့အထဲက Deng JuiGong ရဲ့ သားမက်ပါတဲ့။ ထပ်သိချင်ရင်တော့ ဂူဂဲလင်းကြပါ ခညာ။ 】

“တိတ်တိတ်နေ!”

ချန်းကျောင်းသည် သူ့ကို ချက်ခြင်း စိုက်ကြည့်လိုက်ကာ ဒါက ဒီလို အန္တရာယ်များတဲ့ မြင်ကွင်းကို  နောက်ပြောင်နေဖို့ အချိန်မျိုးရှိလား?

ကျန့်ကျားဟယ်သည်  လည်ပင်းကို ပုလိုက်ကာ နောက်တစ်ခါ လှည့်ပတ်ကြည့်လိုက်သည်။

စုရွေ့ကျယ်ကို ကာကွယ်ရန် လူတိုင်းပြင်ဆင်နေကြစဉ် ကျန့်ယွင်သည် ရုတ်တရက် အန္တရာယ်အနည်းငယ်ကို ခံစားလိုက်ရလေသည်။ သူမသိစိတ်ကြောင့် ပျံတက်သွားရန် သူ့ဆွဲအားစွမ်းရည်ကိုသုံးလိုက်ပြီးနောက် သူတက်သွားသည့်နောက်သို့ မြေပြင်မှ အရိုးဓားတစ်ချောင်း ထွက်လာသည်ကို မြင်လိုက်ရလေသည်။

ဖုတ်ကောင်သည် စုရွေ့ကျယ်ကို သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ရန် မအောင်မြင်သောကြောင့် အဖွဲ့တွင် ဒုတိယအဆင့်အမြင့်ဆုံး ကျန့်ယွင်ကို တိုက်ခိုက်ရန် လှည့်လာခဲ့သည်။

ရုတ်ချည်းဆိုသလို ဖုတ်ကောင်၏တိုက်ခိုက်မှု ဖြစ်လာခဲ့သည်။ ကျန့်ယွင်သည် အချိန်မီ မပျံတက်နိုင်ခဲ့ပါက သူ ထိုးဖောက်ခံလိုက်ရလိမ့်မည်ဖြစ်နိုင်သည်။ ဖုတ်ကောင်သည် အခြားပစ်မှတ်ကို စတင်တိုက်ခိုက်လာပါက သူတို့ လွတ်မြောက်နိုင်ပါ့မလား?

ထိုအခိုက်အတန့်၌ အားလုံး၏ အမူအရာများ ရုပ်ဆိုးသွားကြလေတော့၏။

🍒🍒





My Cherry Will Explode in the Apocalypse

Chapter 98《 ထူးဆန္းသည့္ဖုတ္ေကာင္ 》

Author: Drunken Light Song
Source: Jostena M
Translator: オタク

ကားသည္ R&D အေျခစိုက္စခန္းထဲသို႔ ျဖည္းညွင္းစြာ ေမာင္း၀င္လာေသာအခါ ေနရာတိုင္း၌ မီးခိုးေခါင္းတိုင္မ်ားႏွင့္ စက္႐ုံမ်ား တန္းစီေနသည္မွာ အလြန္အံ့မခန္းဖြယ္ေကာင္းေလာက္သည္။ ေတာက္ပထြန္းလင္းေနရမည့္ သုေတသနႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး အေျခစိုက္စခန္းတြင္ အလင္းေရာင္တစ္စုံတစ္ရာမရွိဘဲ အနက္ေရာင္ေဆးအျပည့္ျခယ္ထားခဲ့ေလသည္။ ကြန္ကရစ္နံရံသည္ က်ိဳးပဲ့ေဆြးေျမ့ေနၿပီး စက္႐ုံမွန္တံခါးမ်ားသည္ ကြဲေနခဲ့ကာ အလြန္စိတ္ပ်က္စရာေကာင္းေသာ ခံစားခ်က္ကို ေပးေနသည္။

ဗိုလ္ခ်ဳပ္က်န္း၏ ေပးလိုက္ေသာသဲလြန္စအရ အဆိုပါ ႏွင္းခ႐ူဇာ ထုတ္လုပ္မႈအလုပ္႐ုံသည္ R&D အေျခစိုက္စခန္း၏ ဧရိယာ Bထဲတြင္ လက္ေတြ႕စမ္းသပ္ အေဆာက္အဦးေနာက္ရွိ အႀကီးဆုံး အလုပ္႐ုံျဖစ္ေလသည္ ။

“ဒါနဲ႕... ဧရိယာ Bက ဘယ္မွာလဲ?”

စုန႔္ခ်န္ရႈသည္ ကားကို ရပ္လိုက္ေလသည္။ ႏွင္းမ်ားထူထပ္ေနေသာေၾကာင့္ ေနရာတိုင္းတြင္ အျဖဴေရာင္ လြင္ျပင္က်ယ္ျဖစ္ေန၏။ လမ္းၫႊန္ဆိုင္းဘုတ္မ်ား အားလုံးသည္ ေရခဲမ်ားႏွင့္ ႏွင္းမ်ားဖုံးလႊမ္းေနခဲ့ေလသည္။ ဧရိယာ B သည္ မည္သည့္ေနရာတြင္ရွိသလဲဆိုသည္ႏွင့္ လက္ေတြ႕စမ္းသပ္မႈအေဆာက္အအုံသည္ မည္သည့္ေနရာတြင္တည္ရွိသည္ကို မည္သူမွ မျမင္နိုင္ေပ။

“ပတ္ေမာင္းၾကည့္လိုက္။ ခ်န္းေက်ာင္း နဲ႕ ေက်ာက္ပင္းတို႔ကို အေဆာက္အဦးအျပင္ဘက္နံရံ‌ေတြနဲ႕ ဆိုင္းဘုတ္ေတြက ဆီးႏွင္းေတြကို သူတို႔စြမ္းအားကိုသုံးၿပီး ဖယ္ရွားခိုင္းလိုက္ ”

ဟု က်န႔္ယြင္ ေျပာလိုက္သည္။

“ေကာင္းၿပီ”

သူတို႔ ကားေပၚမွ ဆင္းၿပီးခ်င္းမွာပင္ ေလးေအးတစ္ခ်က္တိုက္သြားေလ၏။ ခ်န္းေက်ာင္းႏွင့္ ေက်ာက္ပင္းတို႔သည္ ကုတ္အကၤ်ီအထူႀကီးမ်ားႏွင့္ မ်က္ႏွာဖုံးမ်ား၊ လက္အိတ္မ်ား၊ လည္စည္းမ်ားႏွင့္ ထုပ္ပိုးထားၾကေသာ္လည္း ကားထဲမွထြက္လာသည့္အခ်ိန္မွာေတာ့ မတုန္ယင္သြားဘဲမေနနိုင္ၾကေခ်။ သူတို႔သည္ ဤကဲ့သို႔ေသာ ေအးခဲ့သည့္ရာသီဥတု၊ အေရးျပားေပၚလာေရာက္ရိုက္ခတ္သည့္ ေလးသည္ အေရျပားကို ဓားတစ္ေခ်ာင္းကဲ့သို႔ လွီးျဖတ္ရန္ ႀကိဳးစားေနသကဲ့သို႔ေသာဒဏ္ကို ဘယ္တုန္းကမွ မခံစားခဲ့ၾကဖူးေခ်။

တစ္ေယာက္သည္ ဆိုင္းဘုတ္ေပၚရွိ ေရခဲႏွင့္ ႏွင္းမ်ားကို မီးျဖင့္ အရည္ေပ်ာ္သြားေစၿပီး ေနာက္တစ္ေယာက္သည္ ျပင္းထန္ေသာေလျဖင့္ အေဆာက္အဦးေပၚရွိ ႏွင္းမ်ားကို မႈတ္ထုတ္လိုက္ကာ ကြယ္ေနေသာဆိုင္းဘုတ္မ်ား ေပၚလာေလသည္။

သို႔ေသာ္ သုေတသနႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး အေျခစိုက္စခန္းထဲရွိ ဖုတ္ေကာင္မ်ားသည္ အစားအစာ၏အနံ႕ကို အနံ႕ခံကာ ျဖည္းညွင္းစြာ စတင္စု႐ုံးလာၾကသည္။ ႏွင္းထုသည္ ထူထဲကာ ထိုဖုတ္ေကာင္မ်ား၏လႈပ္ရွားမႈအေပၚသက္ေရာက္ေန၏။

က်န႔္ယြင္ႏွင့္ တျခားသူမ်ားသည္ မရွင္းမလင္းျဖစ္ေနၾကကာ သူတို႔၏ေသနတ္မ်ားကို ဆြဲထုတ္ၿပီး စတင္ပစ္ခတ္ၾကေလသည္။ ဤတိုက္ပြဲကာလႀကီးၿပီးေနာက္ ကမၻာမပ်က္ခင္က ေသနတ္မကိုင္ဖူးခဲ့ၾကသည့္ က်န္းရွို႔လ်န္၊ ဝူက်င္း၊ က်န႔္က်ားဟယ္ႏွင့္ဦးႏွောက္တြင္းႀကီးတို႔ဟာလည္း အလြန္ေကာင္းမြန္လာခဲ့ၾကၿပီး ထိုျပန႔္က်ဲေနသည့္ ဖုတ္ေကာင္မ်ားသည္ မၾကာခင္မွာပဲ အသတ္ခံလိုက္ၾကရေလသည္။

“ဒါက Area C ၿပီးေတာ့ Area B က ဟိုဘက္မွာ”

တည္ေနရာကိုရွာေဖြၾကၿပီးေနာက္ ခ်န္းေက်ာင္းႏွင့္ေက်ာက္ပင္းတို႔သည္ ကားေပၚသို႔ ခ်က္ခ်င္းျပန္သြၾကၿပီး Area B ဆီသို႔ ဦးတည္သြားခဲ့ၾကသည္။

သို႔ေသာ္ ယြီသုန္သုန္၏ခႏၶာကိုယ္သည္ ပိုပို၍ ေတာင့္တင္းလာၿပီး သူ႕ပင္ကိုယ္ဗီဇက သူ႕အား အႏၱရာယ္ရွိသည္ဟု ခံစားရေစေသာ ဖုတ္ေကာင္သည္ ဤေနရာႏွင့္နီးေနၿပီဟု သူ႕အားေျပာျပေနေလသည္။

နယ္ေျမေဒသႏွင့္ မရင္းႏွီးၾကေသာေၾကာင့္ သူတို႔ကားသည္ ဧရိယာ C ႏွင့္ ဧရိယာ B ၾကားတြင္ ႏွစ္ႀကိမ္ လွည့္ပတ္ေနခဲ့ၾကကာ ေနာက္ဆုံး၌ ဧရိယာ B ရွိ လက္ေတြ႕စမ္းသပ္အေဆာက္အအုံ၏ ေဘးတံခါးအျပင္ဘက္တြင္ ရပ္တန႔္သြားၾကေလသည္။ သူတို႔သည္ စမ္းသပ္အေဆာက္အအုံထဲသို႔ ဝင္ရန္ လိုအပ္ၿပီး အေနာက္ဘက္စက္႐ုံသို႔ေရာက္ရန္ ရွည္လ်ားေသာ စၾကၤံကိုျဖတ္ကာ သြားခဲ့ၾကရသည္။

ေမွာင္စျပဳလာသည္ကိုျမင္ၿပီး က်န႔္ယြင္သည္ အခ်ိန္ ထပ္မျဖဳန္းခ်င္ေတာ့ေခ်။ သူတို႔သည္ ကားေပၚကဆင္းၿပီး George Patton ႏွစ္စီးကို ေနရာလြတ္ထဲသို႔ ထည့္လိုက္ေလသည္။ ထို႔ေနာက္ ႏွင္းခ႐ူဇာမ်ားကိုရွာေဖြဖို႔ အေနာက္ဘက္တြင္ရွိသည့္ စက္႐ုံအေဆာက္အဦးဆီသို႔ လက္ေတြ႕စမ္းသပ္ခန္းမွျဖတ္သြားၾကခဲ့သည္။ မည္သို႔ပင္ျဖး္ေနပါေစ ေနရာလြတ္စြမ္းအားရွင္တစ္ဦးျဖစ္သည့္ စုေ႐ြ႕က်ယ္သည္ သူတို႔ရွာေဖြေနသည့္အရာကို ရွာေဖြေတြ႕ရွိၿပီးေနာက္ ကားကို အလြယ္တကူထုတ္ယူနိုင္ေလသည္။

လက္ထဲတြင္ ဓာတ္မီးမ်ားကိုင္ေဆာင္ထားေသာ လူတိုင္းသည္ လက္ေတြ႕စမ္းသပ္အေဆာက္အအုံထဲသို႔ ဂ႐ုတစိုက္ဝင္ေရာက္လာခဲ့ၾကသည္။

အဖြဲ႕သည္ လက္ေတြ႕စမ္းသပ္ အေဆာက္အဦးထဲသို႔ ဝင္လိုက္သည္ႏွင့္တၿပိဳင္နက္ တံခါးဝတြင္ လုံးဝၿပိဳက်ပ်က္စီးေနေသာအရိုးမ်ား အမ်ားအျပားသည္ လဲက်ေနၾကကာ ေသြးမ်ားေျခာက္ကပ္ေနၿပီး ေျခလက္မ်ားက်ိဳးပဲ့ေနသည္ကို ေတြ႕လိုက္ၾကရသည္။ သူတို႔သည္ ထိတ္လန႔္တုန္လႈပ္သြားၾကေလသည္။

“ေကာေကာ၊ သတိထား.... ”

ယြီသုန္သုန္သည္ စုေ႐ြ႕က်ယ္၏ အေပၚထပ္အကၤ်ီကို လွမ္းဆြဲလိုက္သည္။

“စိတ္မပူပါနဲ႕၊ ငါတို႔ေနာက္လိုက္ခဲ့ေနာ္”

စုေ႐ြ႕က်ယ္သည္ ကေလး၏ေခါင္းကိုထိၿပီးေနာက္ က်န႔္ယြင္ေနာက္သို႔ လက္ေတြ႕စမ္းသပ္ခန္း အေဆာက္အဦးထဲသို႔ လိုက္သြားေလသည္။ ကမၻာပ်က္ကပ္သည္ ညအခ်ိန္၌ ေပါက္ကြဲသြားခဲ့ေသာ္လည္း  R&D အေျခစိုက္စခန္းတြင္ အခ်ိန္ပိုအလုပ္လုပ္ေနသူမ်ားစြာရွိေနေသးသည္။ ဤအေဆာက္အဦထဲတြင္ ပုန္းခိုေနသည့္ ဖုတ္ေကာင္တခ်ိဳ႕ရွိေနမည္မွာ အံ့ၾသစရာမဟုတ္ေတာ့ေခ်။

အေဆာက္အဦးသည္ အလြန္တိတ္ဆိတ္ေနၿပီး သူတို႔၏ေျခသံမ်ားကို ႀကိမ္ဖန္မ်ားစြာ က်ယ္ေလာင္စြာ ပဲ့တင္ထပ္ေနပုံရေလကာ အသံသည္ အလြန္က်ယ္ေလာင္ေလ၏။ ဓာတ္မီးျဖင့္ထိုးလိုက္သည့္ ေနရာတိုင္းသည္ ဖုန္မႈန႔္မ်ား သို႔မဟုတ္ ေသြးအစြန္းအထင္းမ်ားျဖင့္ လူမ်ားကို အထိတ္တလန႔္ျဖစ္ေစသည့္ ခံစားခ်က္ေပးေနေလသည္။

အေဆာက္အဦးကိုျဖတ္ကူးၿပီး ရွည္လ်ားက်ဥ္းေျမာင္းသည့္စၾကၤံထဲသို႔ ၀င္ခါနီး၌ သူတို႔သည္  ျဗန္း ခနဲ အသံတစ္ခု ႐ုတ္တရက္ၾကားလိုက္ၾကရေလသည္။ ေကာင္းကင္မွ တစ္ခုခုက်လာၿပီး သူတို႔ႏွင့္ အနီးမေဝးကို တိုက္မိသြားေလသည္။

“အဲဒါ ဘာႀကီးလဲ?”

လူေတာ္ေတာ္မ်ားမ်ား၏အမူအရာသည္ ႐ုတ္တရက္ေျပာင္းလဲသြားၿပီး၊  ခ်န္းခ်ီသည္ အမည္မသိအရာဝတၳဳကို ဓာတ္မီးလွမ္းထိုးလိုက္ၿပီး ႐ြံရွာဖြယ္ေကာင္းတဲ့ အူပုပ္တစ္ခုျဖစ္ေနသည္ကို ေတြ႕လိုက္ရေလသည္။

က်န႔္က်ားဟယ္သည္ မသိစိတ္ေၾကာင့္ၾကည့္လိုက္ၿပီး  နီျမန္းေတာက္ပေနေသာ မ်က္လုံးတစ္စုံႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္ရကာ သူ႕အား ထိတ္လန႔္သြားေလသည္။

“ဖုတ္ေကာင္ တစ္ေကာင္ရွိတယ္....”

က်န႔္က်ားဟယ္ သူ႕အား သတိေပးရန္ပင္မလိုခဲ့ေခ်။ က်န့္ယြင္သည္ ဆြဲငင္အားျဖင့္ လူတိုင္းကို အေဝးသို႔တြန္းထုတ္ရန္ သူ႕စြမ္းရည္ကို ခ်က္ခ်င္းထုတ္‌ေဖာ္လိုက္ၿပီး ဒုတိယထပ္မွ ခုန္ဆင္းလာေသာ ဖုတ္ေကာင္ကို ေရွာင္ရွားလိုက္ေလသည္။

ဖုတ္ေကာင္၏အသြင္အျပင္သည္ အလြန္စိတ္ဆင္းရဲစရာေကာင္း၏။ ဘယ္ဘက္ပခုံးမွ ဝမ္းဗိုက္အထိ အေသြးအသားအားလုံးသည္ သန႔္ရွင္းသည္အထိ ကိုက္ဝါးမ်ိဳခံထားရေလသည္။

သြားရာအမွတ္အသားမ်ားစြာရွိၿပီး ဘယ္ဘက္လက္ဖဝါးမွာ ေပ်ာက္ေန၏။ လက္အရိုးဗလာသာက်န္ေနေသာ္လည္း ညာဘက္တစ္ျခမ္းသည္ ယခင္အတိုင္းရွိေနေလ၏။ သူ မေသခင္မွာပင္ ဖုတ္ေကာင္မ်ား၏ ဝိုင္းရံခံရၿပီး အကိုက္ခံခဲ့ရကာ ေသဆုံးခဲ့ပုံရသည္။

သို႔ေသာ္လည္း ဤဖုတ္ေကာင္၏ဘယ္ဘက္လက္ေမာင္းရိုးသည္ သာမန္မီးခိုးေရာင္မဟုတ္ေပ။ သို႔ေသာ္ ေက်ာက္စိမ္းႏွင့္တူေသာအေရာင္ရွိ၏။ ၎သည္ ဓားထက္ထက္တစ္ေခ်ာင္းကဲ့သို႔ မာေက်ာထက္ရွပုံရကာ လူမ်ားကို အလိုလိုပင္ အႏၱရာယ္ကိုခံစားရေစသည္။

“အားလုံးသတိထားၾက။ ဒီဖုတ္ေကာင္က အဆင့္သုံး ဖုတ္ေကာင္ပဲ”

က်န႔္ယြင္သည္ ေလးနက္ေနေသာ ေလသံႏွင့္ ေျပာလိုက္၏။ အဆင့္သုံးသာျဖစ္ေသာ္လည္း ဤဖုတ္ေကာင္သယ္ေဆာင္လာေသာဖိအားကို က်န႔္ယြင္ ခံစားရနိုင္ေလသည္။ ဤဖုတ္ေကာင္သည္ လုံေလာက္ေသာစြမ္းအင္ကို စုပ္ယူနိုင္ခဲ့ပါက မၾကာခင္ အဆင့္ေလးအထိ တိုးလာမည္ဟု သူ ယုံၾကည္ေနသည္။

က်န႔္ယြင္သည္ တိုက္ခိုက္သည့္ အေနအထားကို ျပင္ၿပီးေနာက္ ဖုတ္ေကာင္သည္ ႐ုတ္တရက္ ေနာက္ျပန္ဆုတ္သြားၿပီး ႐ုပ္ပုံသည္ အေမွာင္ထဲသို႔ ေပ်ာက္ကြယ္သြားေလသည္။

သူတို႔သည္ ခ်က္ခ်င္းပင္ ဓာတ္မီးမ်ားကို အရပ္ရပ္သို႔ ထိုးလိုက္ၾကေသာ္လည္း ထြက္ေျပးလာေသာ ဖုတ္ေကာင္ကို ရွာမေတြ႕ခဲ့ေပ။

၎သည္ ဖုတ္ေကာင္၏အျမန္ႏႈန္းသည္ အလြန့္အလြန္ကိုလ်င္ျမန္ၿပီး ေ႐ြ႕လ်ားမႈသည္ ေျပာင္းလြယ္ျပင္လြယ္ျဖစ္သည္ကို ျပသေနသည္။

“သုန္သုန္ မင္း ဖုတ္ေကာင္ကို ရွာေတြ႕နိုင္မလား?”

က်န႔္ယြင္သည္ သုန္သုန္ကို ၾကည့္ေန၏။

“ကြၽန္ေတာ္ ႀကိဳးစားမယ္”

ယြီသုန္သုန္သည္ မ်က္လုံးမ်ားကိုမွိတ္ထားၿပီး သူ႕စိတ္စြမ္းအားႏွင့္ သူတို႔ပတ္ဝန္းက်င္ကို စတင္ရွာေဖြေလသည္။ သူ႕စိတ္စြမ္းအားသည္ ပိုက္ကြန္ႀကီးတစ္ခုကဲ့သို႔ ျဖည္းျဖည္းခ်င္းျပန႔္ႏွံ႕သြားေလသည္။

႐ုတ္တရက္  ယြီသုန္သုန္သည္ မ်က္လုံးမ်ားပြင့္လာေလ၏။ စကားမေျပာနိုင္ဘဲ စုေ႐ြ႕က်ယ္ေပၚသို႔ခုန္တက္လိုက္ေလ၏။ စုေ႐ြ႕က်ယ္သည္ ပစ္၀င္လာသည့္ကေလးႏွင့္ တိုက္မိလိုက္ၿပီး အေပၚထပ္အကၤ်ီအထူကို အလႊာပါးေလးတစ္ခုကဲ့သို႔ျဖစ္သြားေလ၏။

ခြၽန္ထက္ေသာအရိုးဓားတစ္ေခ်ာင္းသည္ နံရံမွထြက္လာၿပီး စုေ႐ြ႕က်ယ္၏လည္ပင္းကို ပြတ္သြားေလ၏။ ယြီသုန္သုန္ေၾကာင့္သာ မတိုက္မိခဲ့ပါက စုေ႐ြ႕က်ယ္ ခ်က္ခ်င္း ေသဆုံးသြားနိုင္ေလသည္။

က်န္းရွို႔လ်န္သည္ ေစြၿပီး ေရွာင္လိုက္ကာ သူ႕လက္ကို အရိုးဓားသြားဘက္သို႔ လွမ္းလိုက္ေလ၏။

သူ႕ေျမႀကီးစြမ္းရည္ကို အသုံးျပဳၿပီး နံရံကို ခ်က္ခ်င္း ၿဖိဳဖ်က္လိုက္ေသာ္လည္း ဖုတ္ေကာင္သည္ ေပ်ာက္ကြယ္သြားဆဲျဖစ္ေလ၏။

သိသိသာသာပင္ ဤဖုတ္ေကာင္သည္ သာမန္ဖုတ္ေကာင္တစ္ေကာင္မဟုတ္ပဲ အလြန္ထူးဆန္းသည့္ စြမ္းအားမ်ားရွိေလသည္။

“အဲ့ဒါ...အဲ့ဒါက ျမန္ျမန္ေ႐ြ႕ေနတယ္...”

ယြီသုန္သုန္၏မ်က္ႏွာေလးသည္ တင္းမာေနၿပီး သူ႕ေခါင္းသည္ ေနရာတိုင္းသို႔ လွည့္ပတ္ေနၿပီး ဖုတ္ေကာင္၏ေနရာကို ေက်ာက္ခ်နိဳင္ဖို႔ အသည္းအသန္ႀကိဳးစားေနေလသည္။

လူအုပ္ႀကီးသည္လည္း ေၾကာင္တက္တက္ျဖင့္ ဝိုင္းၾကည့္ေနၾကေသာ္လည္း ပတ္ပတ္လည္တြင္ နံရံမ်ားသာရွိၿပီး ဘာကိုမွ် မျမင္နိုင္ေခ်။

“သတိထား!”

ယြီသုန္သုန္သည္ သူ႕ေဘးရွိ စုေ႐ြ႕က်ယ္ကို ထပ္တြန္းလိုက္ျပန္၏။ စုေ႐ြ႕က်ယ္သည္ ပိုပိန္းပါး ေသာေၾကာင့္သာ ဒီေကာင္ေလးသည္ သူ႕ကို တြန္းထုတ္လို႔ ရနိုင္ေလသည္။

သူတို႔သည္ အျဖဴေရာင္အရိုးဓါးသည္ တခဏခ်င္း ထိုးသြင္းလာသည္ကို ေတြ႕လိုက္ၾကၿပီး စုေ႐ြ႕က်ယ္၏ေျခေထာက္ကို ပြတ္သြားခဲ့ကာ ေနာက္ျပန္ဆြဲသြားခဲ့ေလသည္။

“ဘာေတြျဖစ္ေနတာလဲ? ဒီဖုတ္ေကာင္က ေရွာင္က်ယ္ေနာက္ကိုလိုက္ေနတာလား?”

၎သည္ စုေ႐ြ႕က်ယ္ကို ႏွစ္ႀကိမ္တိုက္ခိုက္ခဲ့သည္ျဖစ္၍ သူတို႔မတတ္နိုင္ၾကေသာ္လည္း သူ႕အားရည္႐ြယ္ထားသည့္ ဆက္တိုက္တိုက္ခိုက္မႈႏွစ္ခုမွေန မွန္းဆနိုင္ေလသည္။

“ဖုတ္ေကာင္ေတြရဲ႕ အျမဳေတကို ငါတို႔ အသုံးခ်နိဳင္သလိုပဲ စြမ္းအားရွင္ေတြရဲ႕ အေသြးအသားေတြကို မ်ိဳခ်ျခင္းကလည္း သူတို႔ကိုယ္သူတို႔ အဆင့္ျမႇင့္ဖို႔  ဖုတ္ေကာင္ေတြကိုကူညီေပးနိုင္တယ္။ ေရွာင္က်ယ္က ငါတို႔ၾကားထဲမွာ အျမင့္ဆုံးအဆင့္ပဲ။ အဲ့ဒါေၾကာင့္ ဖုတ္ေကာင္က သူ႕ကို ပစ္မွတ္ထားေနတာ ျဖစ္နိုင္တယ္”

က်န႔္ယြင္ ေလးနက္စြာေျပာလိုက္၏။

စုေ႐ြ႕က်ယ္သည္လည္း က်န႔္ယြင္၏ အေတြးကိုသေဘာတူကာ ခုခံကာကြယ္ျခင္းသည္ အေကာင္းဆုံးနည္းလမ္းမဟုတ္ေခ်။ သူသည္ ေနရာလြတ္ထဲမွ အခြံမ်ားသီးတစ္ဆုပ္ကိုထုတ္ယူလိုက္ကာ ၎တို႔ကို အခြံမာသီး သံခ်ပ္ကာတစ္ခုအျဖစ္ေျပာင္းလဲရန္ သူ႕စြမ္းအကို တိုက္ရိုက္သုံးလိုက္ၿပီး ၎သည္ စုေ႐ြ႕က်ယ္၏တစ္ကိုယ္လုံးကိုဖုံးအုပ္ထားေလသည္။ ပုံစံသည္ အေနာက္တိုင္းသူရဲေကာင္းမ်ားဝတ္ဆင္သည့္ သံခ်ပ္ကာႏွင့္ ဆင္တူၿပီး သို႔ေသာ္လည္း အေရာင္သည္ အနည္းငယ္႐ုပ္ဆိုး ကာ အခြံမာသီး၏ထူးျခားေသာအဝါေရာင္ျဖစ္ေလသည္။

ထို႔ေနာက္ စုေ႐ြ႕က်ယ္သည္ ေသးငယ္ေသာ ခ်ပ္ဝတ္တန္ဆာတစ္ခုကို ေျပာင္းလဲလိုက္ကာ ယြီသုန္သုန္ေပၚ၀တ္ေပးလိုက္၏။ က်န္းရွို႔လ်န္သည္ ဖုတ္ေကာင္မ်ား ၎ကို ျဖတ္ၿပီးလမ္းမေလွ်ာက္နိုင္ေစရန္ ေမွ်ာ္လင့္ခ်က္ျဖင့္ သူတို႔၏ေျခေထာက္ေအာက္ရွိ ၾကမ္းျပင္ကို ပိုမိုမာေက်ာေစရန္ သူ႕စြမ္းရည္ကို ထပ္မံထုတ္သုံးလိုက္ျပန္သည္။

သို႔ေသာ္ သူ႕ျပင္ဆင္မႈသည္ အလုပ္မျဖစ္ခဲ့ေခ်။ ဖုတ္ေကာင္သည္ ၾကမ္းျပင္ေအာက္မွေန မေမွ်ာ္လင့္ဘဲ တိုက္ခိုက္ခဲ့ေသာ္လည္း စုေ႐ြ႕က်ယ္၏သံခ်ပ္ကာမွ ပိတ္ဆို႔ထားခဲ့ေလသည္။ သို႔ေသာ္ စုေ႐ြ႕က်ယ္သည္ သူ႕သံခ်ပ္ကာေအာက္ေျခ၌ အက္ကြဲေၾကာင္းတခ်ိဳ႕ ရွိေနပုံရသည္ကို ခံစားလိုက္ရ၏။ ၎သည္ အဆင့္ေလးစြမ္းရည္မွ ေျပာင္းလဲထားသည့္ သံခ်ပ္ဝတ္ ျဖစ္ေသာ္လည္း အဆင့္သုံး ဖုတ္ေကာင္၏ ထိုးႏွက္မႈေၾကာင့္ အက္ကြဲသြားခဲ့သည္။ ဖုတ္ေကာင္၏ တိုက္ခိုက္ပ်က္စီးမႈကို ေလွ်ာ့တြက္၍မရနိုင္ေၾကာင္း ျမသ္သာေလသည္။

“ေသစမ္း... အဲ့ ဖုတ္ေကာင္က ထူရွင္ဆြင္းရဲ႕ေျမးလားဟ? ”

နံရံမ်ားႏွင့္ ေျမျပင္ကိုျဖတ္ၿပီး သုံးႀကိမ္တိုင္တိုင္ တိုက္ခိုက္ျခင္းခံခဲ့ရျခင္းသည္ က်န႔္က်ားဟယ္ကိုဤစာေၾကာင္း ေျပာမထြက္ဘဲမေနနိုင္ေဆာ့ေခ်။

【TN : ထူရွင္ဆြင္း (Tǔ xíng sūn)ကေတာ့ တ႐ုတ္ မင္ေခတ္၀တၱဳ  Investiture of the Gods《封神演义》နဲ႕ အဆက္အဆက္ေတြအထဲမွာပါတဲ့ ဇာတ္ေကာင္တစ္ခုပါတဲ့။ သူရဲ႕ ဇာတ္ေကာင္က ေျမးကိုထားခဲ့ဖို႔ ေၾကာက္တာပါတဲ့။ ၿပီးေတာ့ သူ႕ပါဝါက ေျမႀကီးေမွာ္ပညာလို႔ဆိုပါတယ္။  သူက ဇာတ္ကားထဲမွာေတာ့ ပါလာသလားမသိပါဘူး မၾကည့္ဘူးလို႔။ မင္းသား Deng LUN တို႔ သ႐ုပ္ေဆာင္ထားပါတယ္။ အဲ့အထဲက Deng JuiGong ရဲ႕ သားမက္ပါတဲ့။ ထပ္သိခ်င္ရင္ေတာ့ ဂူဂဲလင္းၾကပါ ခညာ။ 】

“တိတ္တိတ္ေန!”

ခ်န္းေက်ာင္းသည္ သူ႕ကို ခ်က္ျခင္း စိုက္ၾကည့္လိုက္ကာ ဒါက ဒီလို အႏၱရာယ္မ်ားတဲ့ ျမင္ကြင္းကို  ေနာက္ေျပာင္ေနဖို႔ အခ်ိန္မ်ိဳးရွိလား?

က်န႔္က်ားဟယ္သည္  လည္ပင္းကို ပုလိုက္ကာ ေနာက္တစ္ခါ လွည့္ပတ္ၾကည့္လိုက္သည္။

စုေ႐ြ႕က်ယ္ကို ကာကြယ္ရန္ လူတိုင္းျပင္ဆင္ေနၾကစဥ္ က်န႔္ယြင္သည္ ႐ုတ္တရက္ အႏၱရာယ္အနည္းငယ္ကို ခံစားလိုက္ရေလသည္။ သူမသိစိတ္ေၾကာင့္ ပ်ံတက္သြားရန္ သူ႕ဆြဲအားစြမ္းရည္ကိုသုံးလိုက္ၿပီးေနာက္ သူတက္သြားသည့္ေနာက္သို႔ ေျမျပင္မွ အရိုးဓားတစ္ေခ်ာင္း ထြက္လာသည္ကို ျမင္လိုက္ရေလသည္။

ဖုတ္ေကာင္သည္ စုေ႐ြ႕က်ယ္ကို သုံးႀကိမ္တိုင္တိုင္ တိုက္ခိုက္ရန္ မေအာင္ျမင္ေသာေၾကာင့္ အဖြဲ႕တြင္ ဒုတိယအဆင့္အျမင့္ဆုံး က်န႔္ယြင္ကို တိုက္ခိုက္ရန္ လွည့္လာခဲ့သည္။

႐ုတ္ခ်ည္းဆိုသလို ဖုတ္ေကာင္၏တိုက္ခိုက္မႈ ျဖစ္လာခဲ့သည္။ က်န႔္ယြင္သည္ အခ်ိန္မီ မပ်ံတက္နိုင္ခဲ့ပါက သူ ထိုးေဖာက္ခံလိုက္ရလိမ့္မည္ျဖစ္နိုင္သည္။ ဖုတ္ေကာင္သည္ အျခားပစ္မွတ္ကို စတင္တိုက္ခိုက္လာပါက သူတို႔ လြတ္ေျမာက္နိုင္ပါ့မလား?

ထိုအခိုက္အတန႔္၌ အားလုံး၏ အမူအရာမ်ား ႐ုပ္ဆိုးသြားၾကေလေတာ့၏။

🍒🍒

Continue Reading

You'll Also Like

614K 84.6K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
515K 83.9K 115
Both Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Origina...
157K 26.2K 29
Delicious Food Got Me Famous Across the Galaxy (Myanmar Translation) - Complete Credit to Original Author - 我靠美食火遍银河系 by 瓦伦丁 English Translation - Ex...
27.3K 3.3K 89
Two young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိ...