My Cherry Will Explode in the Apocalypse
Chapter 87《 မိုးသည်းကြီးနောက်ဆုံးတိတ်သွားပြီ 》
Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လင်းကျားရှိသည့် အဆောက်အဦး၏ တံခါးဝမှအစောင့်များသည် အဆောက်အဦးထဲသို့၀င်နေခဲ့ကြသည်။ အပြင်ဘက်တွင် မည်သူမျှမရှိခဲ့ပေ။ ဝူကျင်းသည် ညအမှောင်၏အကာအကွယ်အောက်တွင် အဆောက်အဦးအပြင်ဘက်သို့ လွယ်လင့်တကူထွက်လာလေသည်။ သူမ၏အသွင်အပြင်သည် လျင်မြန်စွာ မြူခိုးများအဖြစ်သို့ပြောင်းလဲသွားပြီး ဒုတိယအထပ်သို့လွင့်မျောသွားခဲ့လေသည်။ သူမသည် ဖောက်ထွင်းမှုကာကွယ်ရေးပြတင်းပေါက်မှ ဖြတ်ပြီး လင်းကျား၏ အခန်းထဲသို့ဝင်သွားခဲ့သည်။
သူ့အခန်းထဲတွင် သူတယောက်တည်း ရှိနေ၏။ ထိုအချိန်၌ ကုတင်ပေါ် တွင်လဲလျောင်းရင်း မသက်မသာအိပ်ပျော်နေခဲ့သည်။
ပြန်လည်ကောင်းမွန်လာပြီးနောက် ဝူကျင်းသည် လင်းကျားကို ညင်သာစွာ တွန်းလိုက်သည်။
မသက်မသာဖြစ်နေသောကြောင့် လင်းကျားသည် အနည်းငယ်သာအိပ်မောကျနေသောကြောင့် ချက်ချင်းနီးပါးပင် နိုးလာခဲ့သည်။
သူ့ရှေ့ရှိ ထူးဆန်းပြီး လှပသောအမျိုးသမီးကို အံ့သြတကြီး ကြည့်နေပြီး
“မင်းက ဘယ်သူလဲ? မင်းက ဘယ်လိုဝင်လာတာလဲ?”
“နိဟောင်၊ ကျွန်မနာမည်က ဝူကျင်းပါ”
ဝူကျင်းသည် အသံကို လျှော့ပြီး သူမ၏ဇာတိပကတိကို အတိုချုံးပြောပြလိုက်၏။ ပြီးနောက် သူမသည် ကြည်လင်သောအမြုတေခဲအများအပြားကို ထုတ်ကာ လင်းကျားကို ပေးလိုက်သည်။
“ ဒါတွေကို အမြုတေလို့ ခေါ်တယ်။ သူတို့တွေက ဖုတ်ကောင်တွေရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအင်ပုံဆောင်ခဲတွေပါ၊ သူတို့တွေရဲ့ စွမ်းအင်ကို ထောက်ပံ့ပေးနိုင်တဲ့အရာတွေပေါ့။ ရှင့်ရဲ့စွမ်းအားတွေကို အလွန်အကျွံသုံးစွဲတာကြောင့် ရှင့်ခန္ဓာကိုယ် ကအားနည်းလာတာ။ အမြုတေကို သုံးလိုက်ရင် ရှင် ပိုကောင်းလာလိမ့်မယ်”
လင်းကျားသည် သူ့လက်ထဲရှိ အမြုတေကို မယုံကြည်နိုင်စွာ ကြည့်ပြီး မေးလာ၏။
“ဒါကို ကျွန်တော် ဘယ်လိုသုံးရမှာလဲ? ”
“စားလိုက်”
“စားရမယ်? ”
လင်းကျားသည် သူမကို မယုံကြည်နိုင်စွာ ကြည့်လိာက်၏။ သူ ဒီလောက်ကြီးတဲ့ဟာကို ဘယ်လိုစားနိုင်မလဲ?
“ကျွန်မကိုယုံပါ။ အဲ့ဒါကို ရှင့်ပါးစပ်ထဲထည့်လိုက်တာနဲ့ ရှင်သိလိမ့်မယ်”
လင်းကျားသည် တစ်ခဏမျှတုန့်ဆိုင်းနေပြီး ကြိုးစားမည်ဟူသောအတွေးနှင့် အမြုတေကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။ အသေအချာပင် အမြုတေသည် သူ့ခန္ဓာကိုယ်ထဲသို့၀င်သွားသည်နှင့်တပြိုင်နက် အရည်စီးကြောင်းတစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားလေပြီး အားနည်းနေသော သူ့ခန္ဓာကိုယ်အား တဖြည်းဖြည်းနှင့် ကြံ့ခိုင်မှုတချို့ ပြန်လည်ရရှိလာစေသည်။
တကယ်ထိရောက်တာလား?
“မိန်ကလေးဝူ၊ မင်းငါ့ကို ဒီကနေခေါ်ထုတ်သွားချင်တယ်လို့ပြောခဲ့တာလား?”
“ဟုတ်ပါတယ်၊ ရှင်သဘောကျလိမ့်မလားဆိုတာကို ကျွန်မ သိချင်ပါတယ်?”
လင်းကျားသည် နှုတ်ဆိတ်သွားခဲ့လေသည်။ တကယ်တမ်းတွင် သူ ရုန်းကန်နေခဲ့ရ၏။ ဤအချိန်များအတွင်း နေရောင်ကိုမမြင်နိုင်သည့်နေရာမှ အကျဉ်းသားတစ်ယောက်လိုပင်။ နေ့တိုင်း သူ့ရုပ်ပိုင်းဆိုင်ရာ မသက်မသာမှုများကို ခံနိုင်ရည်ရှိအောင် ကြိုးစားပြီး သူ့တို့၏လိုအပ်ချက်များအတိုင်း သူတို့လူများကို ကုသပေးဖို့ သွားခဲ့ရသည်။
သူ့အတွက်တော့ ၎င်းသည်လုံလောက်နေပြီဖြစ်၏။ သူ ဤနေရာကနေ ထွက်သွားချင်ခဲ့ပြီး သူရူးသွပ်လုနီးပါးပင် ခံစားနေရ၏။
သို့သော်လည်း သူ့ရှေ့ရှိအမျိုးသမီးကို သူမသိခဲ့ပါချေ။ သူမပြောပြခဲ့သည့် တောင်ပိုင်းအခြေစိုက်စခန်းအကြောင်းသည် သူ့အတွက်တော့ ကောင်းကင်ဘုံလိုနေရာမျိုးပင်။ ထိုသို့သော နေရာမျိုး တကယ်ရှိပါသလား? သူ လင်းချန်းအခြေစိုက်စခန်းမှထွက်ပြီး တောင်ပိုင်းအခြေစိုက်စခန်းသို့သွားဖို့ ရွေးချယ်ပါက ကျားတွင်းထဲမှ ထွက်ပြီး ဝံပုလွေတွင်းထဲသို့ နောက်တစ်ကြိမ် ပြန်ရောက်သွားလေမလား?
ဝူကျင်းသည် မတိုက်တွန်းခဲ့ဘဲ တစ်ဖက်တွင်ထိုင်ပြီး သူ့အဖြေကို ငြိမ်သက်စွာစောင့်မျှော်နေခဲ့သည်။
လင်းကျားသည် နောက်ဆုံးတွင် သဘောတူလိုက်၏။ သူ ကံကောင်းခြင်းအပေါ် လောင်းကြေးထပ်ရန်ရွေးချယ်ခဲ့သည်။ အကယ်၍ သူအနိုင်ရခဲ့ပါက သူ လွတ်လပ်မှုရပြီး ဘဝသစ်တစ်ခုရနိုင်လိမ့်မည်။ အလောင်းအစားရှုံးသွားပါက သူ့နေရာကို ပြောင်းလဲပြ ဆက်လက်သော့ခတ်ခံထားရမည်ဖြစ်သည်။ ကွာခြားမှုမရှိပေ။
“မင်းငါ့ကို ဘယ်လိုခေါ်ထုတ်သွားမှာလဲ?”
“ဒါက ခေါင်းဆောင် ဆုံးဖြတ်မှာပါ။ ကျွန်မက ဒီသတင်းကို ဒီကိုပို့ပေးရုံပါပဲ ”
၀ူကျင်းသည်ပြုံးလျက် ပြောခဲ့လေ၏။
“စိတ်မပူပါနဲ့ ၊ ရှင် အဲဒီအချိန်ကျမှ သိလိမ့်မယ်”
ခဏတာ စကားစမြည်ပြောပြီးနောက် ဝူကျင်းသည် အခိုးအငွေ့အဖြစ်သို့ ပြန်ပြောင်းသွားခဲ့ပြီး ထွက်သွားခဲ့လေသည်။
ဝူကျင်း၏ ရောက်လာခြင်းနှင့် ပြန်ထွက်သွားခြင်းကိုကြည့်ပြီး လင်းကျားသည် သူ့နှလုံးသားထဲတွင် မျှော်လင့်ချက်များ ပိုများလာခဲ့သည်။
ဝူကျင်းသည် ဗီလာထဲသို့ တိတ်တဆိတ်ပြန်ရောက်လာခဲ့၏။ ကျနမောင့်ရုန် နှင့် ပထမထပ်တွင် အနားယူနေသော အခြားသူများကို မနှောက်ယှက်ဘဲ ဝူကျင်းသည်ပြတင်းပေါက်မှ ဒုတိယထပ်သို့သွားလိုက်ပြီး လင်းကျားနှင့် ပြောဆိုခဲ့သည်များကို ကျန့်ယွင်နှင့် စုရွေ့ကျယ်ကို ပြန်ပြောပြလိုက်သည်။ လင်ူကျားသည် ထွက်ခွာရန် သဘောတူသည်ဆိုကတည်းက ပြဿနာကြီးကြီးမားမားတော့ မဖြစ်သင့်တော့ချေ။
“ကောင်းကောင်း အနားယူပါ။ မိုးတိတ်သွားရင် ခက်ခက်ခဲခဲ တိုက်ပွဲတစ်ခုဝင်ရလိမ့်မယ်”
ကောင်းသောညတစ်ည၏ အိပ်စက်ခြင်းပင်။
သို့သော်လည်း သူတို့ မမျှော်လင့်ထားသည့်အရာမှာမိုးသည် နေ့ရောညပါ သည်းထန်စွာရွာနေခဲ့သည်။
သုံးရက်မြောက်နေ့ နံနက်မတိုင်မီအထိဖြစ်ပြီး မိုးတဖြည်းဖြည်းအားလျော့သွားကာ နေ့လည်ပိုင်းမှသာ လုံးဝတိတ်သွားလေသည်။
ဤမိုးသည်း၏ သည်းထန်စွာရွာသွန်းမှုကြောင့် လင်ချန်းအခြေစိုက်စခန်းသည် ရေများပြည့်နေပြီး လင်ချန်းအခြေစိုက်စခန်းမှ အလုပ်သမားများအား အားလုံးကို ရေထုတ်ရန် စုစည်းထားလေသည်။
သို့သော် ကျန့်ယွင်၏အဖွဲ့သည် မိုးတိတ်သွားကတည်းက ပစ္စည်းများစတင်ထုပ်ပိုးကာ ချက်ချင်းထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ကျန်းမောင့်ရုန်နှင့် သူ့ဇနီးသည် လူခုနစ်ယောက် သို့မဟုတ် ရှစ်ယောက်စီးနိုင်သော ဗင်ကား အဟောင်းတစ်စီးရှိ၏။ သို့သော်လည်း ၎င်းသည် မဆန့်သည်မှာ သိသာထင်ရှားလှ၏။ ကျန့်ယွင်သည် ချန်းချီကို ပစ္စည်းများပါသည့် အိတ်သေးတစ်လုံးကိုယူပြီး ရွှီဖုန့်ယင်းကိုရှာခိုင်းပြီး ဆီအပြည့်ပါသော ကားတစ်စီးဝယ်ပေးရန် သူမကို အကူအညီတောင်းခိုင်းခဲ့သည်။
မီးစွမ်းအားရှင်တစ်ဦးဖြစ်သည့် ရွှီဖုန့်ယင်းသည် အခြေစိုက်စခန်းတွင် လှည့်ပတ်သွားလာရန် နည်းလမ်းအချို့ရှိနေဆဲဖြစ်ပြီး အားစိုက်ထုတ်မှုများစွာမရှိဘဲ သူမသည် မီနီဘတ်စ်တစ်စီးကိုရလာခဲ့သည်။ ထို့အပြင် ရွှီဖုန့်ယင်းသည် သူတို့သည် သူတို့ကိုယ်တိုင် ထွက်ခွာသွားရုံသာမက အသိမိတ်ဆွေဟောင်းတစ်စုလည်း လိုက်ပါသွားကြောင်း ကြားခဲ့ရသည်။ သူတို့အား ဖြားယောင်းသွေးဆောင်မှုကို ကယ်တင်သော သူတို့နှင့်အတူ သူမကို ခေါ်ဆောင်နိုင်မလား ဆိုသည်ကို သူမမေးလိုက်၏။
မီနီဘတ်စ်သည် လူဆယ့်ခြောက်ဦးကို တင်ဆောင်နိုင်သည်။ သူတို့အားလုံးသည် ကျန်းမောင့်ရုန်နှင့် သူ့အဖွဲ့ကို တင်ရာတွင် ပြဿနာမရှိချေ။ သူတို့သည် လင်းကျားနှင့် ရွှီဖုန့်ယင်းတို့အတွက် အခန်းတစ်ခုစာနေရာလည်းပေးနိုင်သည်။
ကျန်းမောင့်ရုန်၏ ခြေထောက်များသည် အဆင်မပြေသဖြင့် တုကျန်းအား ကားမောင်းရန် တာဝန်ပေးခဲ့ပြီး ရွှီဖုန့်ယင်းသည် သူတို့နှင့်အတူ ကားပေါ်လိုက်ပါခဲ့သည်။ ကျန့်ယွင်သည် တုကျန်းကို ကားအား အခြေစိုက်စခန်းအပြင်ဘက်သို့ တိုက်ရိုက်မောင်းခိုင်းပြီး လင်ချန်းနှင့်အဝေးတစ်လျှောက်သွားခိုင်းကာ အဝေးပြေးလမ်းတစ်ဖက်၌ ဆုံကြရန် သူတို့ကိုစောင့်ခိုင်းလိုက်သည်။ သူတို့သည် နေခဲ့ပြီးညလင်းကျားကို ခွဲထုတ်ဖို့ ကြိုးစားကြမည်ဖြစ်သည်။
ဤအချိန်တွင် ကျန်းမောင့်ရုန်သည် ကျန့်ယွင်၏အမိန့်ကိုကြားပြီး နာခံခဲ့သည်။ သူတို့သည် နောက်ထပ်မေးခွန်းများမမေးတော့ဘဲ မြို့ပြင်သို့ထွက်ခွာရန် မီနီဘတ်စ်ကိုသာ မောင်းနှင်သွားခဲ့ကြသည်။
မင်းမြို့ကထွက်သွားသည့်အခါ ဖြတ်ကျော်စစ်ဆေးခြင်းအချို့ကို မင်းမလွဲမသွေကြုံတွေ့ရမည်ဖြစ်ပြီး၊ အဘယ်ကြောင့်ဆိုသော် မင်းအဖွဲ့ထဲတွင် ကျန်းမောင့်ရုန်နှင့် ရွှီဖုန့်ယင်းတို့ရှိနေကြ၍ဖြစ်သည်။ ထိုမြို့စောင့်မျသည် ဘာကိုမှသံသယမရှိသောကြောင့် သူတို့ကို ရိုးရိုးရှင်းရှင်း သွားခွင့်ပြုလိုက်လေသည်။
သို့သော် ကျန့်ယွင်၏အဖွဲ့သည် ဗီလာမှထွက်လာသောအခါတွင် ဝူရယ်ကိုတွေ့ဆုံခဲ့ကြသည်။
တကယ်တမ်း သူတို့အချင်းချင်းတွေ့ဆုံမည်ကို မပြောနိုင်ပေ။ ဝူရယ်သည် သူတို့ကို ရည်ရွယ်ချက်ရှိရှိရှာဖို့ လာခဲ့ခြင်းဖြစ်သည်ဟု ပြောနိုင်သည်။ ဝူရယ်သည် မိုးတိတ်သည်နှင့် သူတို့ထွက်သွားမည်ဟု သူတို့ ပြောခဲ့သည်ကို မမေ့ခဲ့ချေ။ ထို့ကြောင့် သူတို့ ထွက်မသွားဘဲ နေမည်ကို ကြောက်၍ ဒီကိုတစ်ချက်လာကြည့်ခြင်းဖြစ်လေသည်။
ယခုမြင်ရပုံအရ သူတို့ ထွက်သွားဖို့ အဆင်သင့်ဖြစ်နေပုံရသဖြင့် ဝူရယ်သည် စိတ်သက်သာရာ ရသွားလေသည်။
“ဟားဟားဟား၊ မင်းတို့ထွက်ခါနီးတွေ့ဖို့ ငါအချိန်ကိုက်ရောက်လာပုံရတယ်”
“ကျေးဇူးအများကြီးတင်ပါတယ်၊ ဒါပေမယ့် ငါတို့မသွားခင် ဓာတ်ဆီတချို့ပြောင်းချင်တယ်။ ဘယ်သွားရမလဲ ခင်ဗျားသိလား?”
“ဒါပေါ့၊ ဒါပေါ့! ”
ဓာတ်ဆီပြောင်းရန် သွားမည်ဟုကြားပြီး ဝူရယ်သည် ပိုသက်တောင့်သက်သာရှိလာပြီး လဲလှယ်ရန် သူတို့ကို ကမ်းလှမ်းလိုက်သည်။
“ရှောင်ကျယ်၊ မင်း ငါတို့ကို ကားထဲကစောင့်နေ။ ငါ လောင်စုန့်နဲ့ သွားလိုက်မယ်”
“ကောင်းပြီ”
နှစ်ယောက်သားသည် အကြည့်ချင်းဖလှယ်ကာ တစ်ဦး၏အဓိပ္ပါယ်ကိုတစ်ဦး နားလည်ခဲ့ကြသည်။
ချန်းချီ နှင့် ချန်းကျောင်းတို့သည် ကားသော့ဖြင့် ဂိတ်သို့သွားကာ သူတို့အားတွေ့ဆုံရန် အဆင်သင့်ဖြစ်နေသည်။ စုရွေ့ကျယ်သည် ကျန်သူများကို လင်းကျားကိုကယ်တင်ရန် ခေါ်သွားခဲ့သည်။
သူတို့အတွက် ကံကောင်းထောက်မစွာဖြင့် လင်းကျား၏အိမ်နီးချင်းအိမ်များသည် ရေများ ပြည့်လျှံနေ၏။ လငကျားကို စောင့်ကြပ်ရန်တာဝန်ရှိသည့်လူများအားလုံးသည် ပထမထပ်တွင် ရေများခပ်ထုတ်ရင်း အလုပ်ရှုပ်နေကြပြီး အပြင်ဘက်ကို ဘယ်သူမှ ဂရုမစိုက်ခဲ့ကြချေ။
လူတချို့သည် လင်းကျား၏ အဆောင်အအုံငယ်လေး၏ အနောက်ဘက်ကို ချောမွေ့စွာချဉ်းကပ်သွားခဲ့ကြလေသည်။ သုန်သုန်သည် လူနေအဆောက်အအုံထဲရှိ လှုပ်ရှားမှုများကို စကန်ဖတ်ရန် သူ့စွမ်းရည်ကို စတင်လိုက်သည်။ လင်းကျား ၏အခန်းထဲတွင် မည်သူမျှမရှိကြောင်း အတည်ပြုပြီးနောက် စုရွေ့ကျယ်သည် ဝူကျင်းကို လင်းကျား၏အခန်းထဲသို့ ကြိုးတစ်ချောင်းဖြင့်ဝင်ရောက်ပြီး သူ့ကို တိတ်တဆိတ်နေဖို့ သတိပေးရန် တောင်းဆိုခဲ့သည်။
စုရွေ့ကျယ်သည် ထို့နောက် နွယ်ပင်များကို ထုတ်လိုက်ပြီး ဒုတိယထပ်ရှိနံရံတွင် အပေါက်တစ်ပေါက်ကို တိတ်တဆိတ်ဖွင့်လိုက်ကာ လင်းကျား အပေါက်ထဲမှ တိုက်ရိုက်ထွက်နိုင်စေရန်ဖြစ်သည်။
လင်းကျားသည် ပြတင်းပေါက်ရှိ သံလက်ရန်းတွင် ကြိုးကိုခိုင်အောင်ချည်ပြီး ဖြေးဖြေးချင်း ဆင်းလာခဲ့လေ၏။ သူဆင်းလာသည့်အချိန်တွင် ဝူကျင်းသည် အပေါက်ကို ဗီရိုတစ်လုံနှင့်တိတ်တဆိတ် ပိတ်ဆို့လိုက်ပြီး ကြိုးကိုဖြုတ်ပြီးသည်နှင့် မြေပေါ်သို့ တိတ်တိတ်လေး ပြန်ဆင်းလာခဲ့လေသည်။
စုရွေ့ကျယ်သည် သူ့ကျောပိုးအိတ်ထဲမှ ဟူဒီတစ်ထည်ကိုထုတ်ပြီး လင်းကျားပေါ်သို့၀တ်ပေးလိုက်၏။ ထို့နောက် မျက်နှာဖုံးနှင့် ပဝါတစ်ခုကို ဝတ်ရန်ကူညီပေးလိုက်၏။ ထို့နောက် ဘာမှမဖြစ်သလို အပြင်ထွက်ဖို့ ဟန်ဆောင်လိုက်သည်။
လူတိုင်းသည် ရေများခပ်ထုတ်ရင်းအလုပ်ရှုပ်နေကြပြီး ဒီအဖွဲ့တွင် ဘာမှားနေသလဲဆိုသည်ကို ဘယ်သူမှ သတိမထားမိခဲ့ကြပါချေ။
ဘတ်စကားပေါ်မတက်ခင်အထိ လင်ူကျားသည် နောက်ပြန်လှည့်မကြည့်ခဲ့ချေ။ သူ အိပ်မက်မက်နေသလို ခံစားခဲ့ရသည်။ သူ့အား လပေါင်းများစွာကြာအောင် ချုပ်နှောင်ထားသည့် လှောင်အိမ်ထဲမှ သူ လွယ်လွယ်ကူကူ မည်သို့လွတ်မြောက်သွားသလဲဆိုသည်ကို စိတ်ကူးမယဉ်နိုင်ခဲ့ချေ။ တစ်ချိန်တည်းမှာပင် ဤလူများ၏ လုပ်ဆောင်မှုစွမ်းအားများကြောင့်လည်း ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။
အစမှအဆုံး ဤလူများသည် စကားတစ်ခွန်းမှ မပြောကြချေ။ အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြပြီး လျင်မြန်စွာ လုပ်ဆောင်ကြကာ သူတို့၏ အစွမ်းအစများကိုအသုံးပြုရာတွင် အလွန်ကျွမ်းကျင်ခဲ့ကြသည်။ ဤလူများအပေါ် သူ့အမြင်များကို ပြန်လည်ချိန်ညှိသင့်သည်ဟု သူခံစားရသည်။
“လူကြီးမင်းလင်း၊ ခင်ဗျား နောက်ခန်းထဲမှာ တိုးညှစ်ရလို့ အဆင်မပြေဖြစ်လိမ့်မယ်”
တကယ်တမ်း နောက်ခန်း၏နေရာသည် လူများအတွက်အသင့်တော်ဆုံးဖြစ်ပြီး အရှေ့ထက် အတော်လေးထူးခြားသည်။ ချန်းချီနှင့်ချန်းကျောင်းတို့သည် နောက်ခန်းထဲတွင် ပေါ့ပေါ့ပါးပါးထိုင်ကြပြီး လင်းကျားသည် အရှေ့ဘက်မှ ရှာရန်ခက်သော အောက်ခြေတွင် လဲလျောင်းနေလေ သည်။
လင်းကျားသည် အထွန့်တက်ခြင်းမရှိဘဲ လဲလျောငါးနေလေ၏။ အနေအထားသည် သက်တောင့်သက်သာမရှိသော်လည်း သူ မြို့မှထွက်သွားနိုင်သရွေ့ သူ ပုန်းနေစရာမလိုပါတော့ချေ။
ကျန့်ယွင်နှင့်စုန့်ချန်ရှုတို့သည် မကြာမီ သူတို့၏လက်ထဲတွင် ဓာတ်ဆီစည်နှစ်စည်ဖြင့် ပြန်ရောက်လာပြီးနောက် ဝူရယ်နှင့် တခြားသူများသည် လိုက်လာကြလေ၏။
“ဒါဆို ငါတို့ သွားတော့မယ်။ ခင်ဗျားရဲ့ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်”
“ ရပါတယ်ဗျာ၊ အခွင့်အခါသင့်ရင် ထပ်လာခဲ့ပါအုံး”
နှစ်ဖက်စလုံးသည် စကားအနည်းငယ်ဖြင့် ကြောင်သူတော်လို ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုကြပြီး ကျန့်ယွင်နှင့်စုန့်ချန်ရှုတို့လည်း ကားပေါ်သို့တက်ခဲ့ကြသည်။
သူတို့ မြို့မှ ထွက်သွားသည့်အချိန်တွင် မမေးဘဲမနေနျုင်တော့ချေ။ ကျန့်ယွင်နှင့် လူကိုးယောက်အုပ်စုသည် off roadကားတစ်စီးနှင့်ပြည့်အောင် စုပြုံနေခဲ့သည်။ ဝူရယ်သည် မြို့စောင့်များကို စကားပြောခဲ့ပြီး ထို့ကြောင့်ပင် သူတို့သည်သာမန်ကာလျှံကာကြည့်ပြီး သွားခွင့်ပြုလိုက်ကြသည်။ သူတို့ကားထဲတွင် အပိုလူတစ်ယောက်ရှိနေမှန်း ဘယ်သူမှ မတွေ့ခဲ့ကြချေ။
ကားသည် လင်းချန်းအခြေစိုက်စခန်းမှ ထွက်ခွာလာခဲ့ပြီး တစ်လမ်းလုံးလျင်မြန်စွာဖြင့် အမြန်လမ်းပေါ်ရှိ အနီးနားဂိတ်တစ်ခုတွင် အဝါရောင်မီနီဘတ်စ်နှင့် တွေ့ဆုံမည့်နေရာသို့ တည့်တည့်ထွက်ခွာသွားခဲ့ကြသည်။
“တောင်းပန်ပါတယ် ငါတို့မှာမစ်ရှင်တစ်ခုရှိလို့။ ငါတို့ အနောက်မြောက်ဘက်ကို ချက်ချင်းအမြန်သွားရမယ်။ ငါတို့မင်းတို့နဲ့မလိုက်နိုင်တော့ဘူး။ ဒါပေမယ့် တောင်ပိုင်းအခြေစိုက်စခန်းက ဒီကနေ မဝေးပါဘူး။ မင်းနေ့ရောညပါ ခရီးသွားနိုင်ပြီး နှစ်ရက်လောက်ကြာရင် ရောက်နိုင်တယ်”
ကျန့်ယွင်သည် လင်းကျားကိုကားပေါ်မှဆင်းစေပြီး မီနီဘတ်စ်ပေါ်တက်စေလိုက်သည်။ သူသည် သူတို့အား မြေပုံတစ်ခုပေးလိုက်ကာ မြေပုံအတိုင်း တောင်ပိုင်းအခြေစိုက်စခန်းသို့သွားရန်ပြောလိုက်သည်။ သူ့နာမည်ကို သတင်းပို့သရွေ့ သူတို့လက်ခံပေးလိမ့်မည်ဖြစ်သည်။
ကျန့်ယွင်သည် လင်းကျားကို ကျန်းမောင့်ရုန်၏ခြေထောက်ဒဏ်ရာကို ကုသပေးရန်လည်း တောင်းဆိုခဲ့သည်။ လမ်းပေါ်တွင် အန္တရာယ်နှင့် ရင်ဆိုင်ရမလား ဆိုသည်ကို မည်သူမျှ မပြောနိုင်ချေ။ တိုက်ပွဲစွမ်းအားများ ပိုရရှိရန်သည် အမြဲတမ်းကောင်းမွန်ပါသည်။
ရွှိဖုန့်ယင်းသည် လင်းကျားကိုမသိပေ၊ သို့သော်လည်း သူသည် ကုသပေးသူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသောအခါ သူမ ကြက်သေသေသွားရလေ၏။ ကျန့်ယွင်နှင့်သူ့အဖွဲ့သည် လင်ချန်းအခြေစိုက်စခန်းခေါင်းဆောင်ထံမှ "လင်ချန်း၏ရတနာ" ကို ခိုးယူခဲ့သည်ကို မမျှော်လင့်ထားခဲ့ချေ။ လင်ချန်းအခြေစိုက်စခန်းသည် စွမ်းအားရှင်များကို ပိုစုဆောင်းနေခဲ့ပြီး အခြေစိုက်စခန်းထဲတွင် ရောနှောထားသော အင်အားစုများကို ဖြစ်ပေါ်စေလာစေသည်။ အခြေစိုက်စခန်းခေါင်းဆောင်သည် တစ်ခုတည်းသော ကုသနိုင်စွမ်းရှိသူကို မထိန်းချုပ်နိုင်ခဲ့ပါက အခြားတပ်ဖွဲ့များသည် သူ့အားတောင်းဆိုမှုများ များစွာလာရှိမည်ဖြစ်ကာ အခြေစိုက်စခန်းသည် ဤမျှငြိမ်းချမ်းတော့မည်မဟုတ်ချေ။
“စိတ်မပူပါနဲ့။ ငါတို့က တောင်ပိုင်းအခြေစိုက်စခန်းကမှန်း သူတို့မသိဘူး။ ငါတို့က အနောက်မြောက်ဘက်ကိုသွားမယ်ဆိုတာပဲသိတယ်။ တစ်ခုခုမှားနေတာတွေ့ရင် သူတို့ အနောက်မြောက်ဘက်ကိုငါတို့ကိုပဲ ပြေးလိုက်လာလိမ့်မယ်။ မင်းတို့ကိုသံသယရှိမှာမဟုတ်ဘူး”
ရွှီဖုန့်ယင်း၏ ထိတ်လန့်မှုကိုမြင်ပြီး ကျန့်ယွင်သည် သူမ အငြိုးထားခံရမည်ကို စိုးရိမ်နေလိမ့်မည်ဖြစ်သဖြင့် ပါးစပ်ကိုဖွင့်ပြီး ရှင်းပြလိုက်သည်။
“ မဟုတ်ဘူး၊ မဟုတ်ဘူး၊မဟုတ်ဘူး၊ ရှင် ကျွန်မကို အထင်လွဲနေတာ!”
ရွှီဖုန့်ယင်းသည် လင်ချန်းအခြေစိုက်စခန်းအပေါ် ခံစားချက်မရှိချေ။ သို့မဟုတ်ပါက သူမ သူတို့နှင့်ထွက်ခွာဖို့ အရမ်းစိတ်အားထက်သန်နေမည်မဟုတ်ပါချေ။ တောင်ပိုင်းအခြေစိုက်စခန်းအကြောင်း ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ သို့သော်လည်း ကျန့်ယွင်နှင့် တခြားသူများသည် ထူးထူးခြားခြားသန်မာမှု ရှိသည်ဟု သူမခံစားမိခဲ့သည်။
သူမ လွမ်းဆွတ်မိသည်။ ကျန်းမောင့်ရုန်နှင့် အခြားသူများလို လူမျကတောင် ကူညီရန် ဆန္ဒရှိကြသည်။ သူတို့နောက်ကို လိုက်ရတာမှန်သည်ဟု သူမ ခံစားလာရသည့်အပြင် ဒီလိုလူတစ်စုနှင့်ဆို အလွန်ကောင်းမွန်သောနေရာတစ်ခု ဖြစ်မည်သေချာသည်။ သူမတစ်ချက်လောက်တော့ ကြည့်ချင်မိသည်။
🍒🍒
My Cherry Will Explode in the Apocalypse
Chapter 87《 မိုးသည္းႀကီးေနာက္ဆုံးတိတ္သြားၿပီ 》
Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク
မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ လင္းက်ားရွိသည့္ အေဆာက္အဦး၏ တံခါးဝမွအေစာင့္မ်ားသည္ အေဆာက္အဦးထဲသို႔၀င္ေနခဲ့ၾကသည္။ အျပင္ဘက္တြင္ မည္သူမွ်မရွိခဲ့ေပ။ ဝူက်င္းသည္ ညအေမွာင္၏အကာအကြယ္ေအာက္တြင္ အေဆာက္အဦးအျပင္ဘက္သို႔ လြယ္လင့္တကူထြက္လာေလသည္။ သူမ၏အသြင္အျပင္သည္ လ်င္ျမန္စြာ ျမဴခိုးမ်ားအျဖစ္သို႔ေျပာင္းလဲသြားၿပီး ဒုတိယအထပ္သို႔လြင့္ေမ်ာသြားခဲ့ေလသည္။ သူမသည္ ေဖာက္ထြင္းမႈကာကြယ္ေရးျပတင္းေပါက္မွ ျဖတ္ၿပီး လင္းက်ား၏ အခန္းထဲသို႔ဝင္သြားခဲ့သည္။
သူ႕အခန္းထဲတြင္ သူတေယာက္တည္း ရွိေန၏။ ထိုအခ်ိန္၌ ကုတင္ေပၚ တြင္လဲေလ်ာင္းရင္း မသက္မသာအိပ္ေပ်ာ္ေနခဲ့သည္။
ျပန္လည္ေကာင္းမြန္လာၿပီးေနာက္ ဝူက်င္းသည္ လင္းက်ားကို ညင္သာစြာ တြန္းလိုက္သည္။
မသက္မသာျဖစ္ေနေသာေၾကာင့္ လင္းက်ားသည္ အနည္းငယ္သာအိပ္ေမာက်ေနေသာေၾကာင့္ ခ်က္ခ်င္းနီးပါးပင္ နိုးလာခဲ့သည္။
သူ႕ေရွ႕ရွိ ထူးဆန္းၿပီး လွပေသာအမ်ိဳးသမီးကို အံ့ၾသတႀကီး ၾကည့္ေနၿပီး
“မင္းက ဘယ္သူလဲ? မင္းက ဘယ္လိုဝင္လာတာလဲ?”
“နိေဟာင္၊ ကြၽန္မနာမည္က ဝူက်င္းပါ”
ဝူက်င္းသည္ အသံကို ေလွ်ာ့ၿပီး သူမ၏ဇာတိပကတိကို အတိုခ်ဳံးေျပာျပလိုက္၏။ ၿပီးေနာက္ သူမသည္ ၾကည္လင္ေသာအျမဳေတခဲအမ်ားအျပားကို ထုတ္ကာ လင္းက်ားကို ေပးလိုက္သည္။
“ ဒါေတြကို အျမဳေတလို႔ ေခၚတယ္။ သူတို႔ေတြက ဖုတ္ေကာင္ေတြရဲ႕ ခႏၶာကိုယ္ထဲက စြမ္းအင္ပုံေဆာင္ခဲေတြပါ၊ သူတို႔ေတြရဲ႕ စြမ္းအင္ကို ေထာက္ပံ့ေပးနိုင္တဲ့အရာေတြေပါ့။ ရွင့္ရဲ႕စြမ္းအားေတြကို အလြန္အကြၽံသုံးစြဲတာေၾကာင့္ ရွင့္ခႏၶာကိုယ္ ကအားနည္းလာတာ။ အျမဳေတကို သုံးလိုက္ရင္ ရွင္ ပိုေကာင္းလာလိမ့္မယ္”
လင္းက်ားသည္ သူ႕လက္ထဲရွိ အျမဳေတကို မယုံၾကည္နိုင္စြာ ၾကည့္ၿပီး ေမးလာ၏။
“ဒါကို ကြၽန္ေတာ္ ဘယ္လိုသုံးရမွာလဲ? ”
“စားလိုက္”
“စားရမယ္? ”
လင္းက်ားသည္ သူမကို မယုံၾကည္နိုင္စြာ ၾကည့္လိာက္၏။ သူ ဒီေလာက္ႀကီးတဲ့ဟာကို ဘယ္လိုစားနိုင္မလဲ?
“ကြၽန္မကိုယုံပါ။ အဲ့ဒါကို ရွင့္ပါးစပ္ထဲထည့္လိုက္တာနဲ႕ ရွင္သိလိမ့္မယ္”
လင္းက်ားသည္ တစ္ခဏမွ်တုန႔္ဆိုင္းေနၿပီး ႀကိဳးစားမည္ဟူေသာအေတြးႏွင့္ အျမဳေတကို သူ႕ပါးစပ္ထဲသို႔ ထည့္လိုက္ေလသည္။ အေသအခ်ာပင္ အျမဳေတသည္ သူ႕ခႏၶာကိုယ္ထဲသို႔၀င္သြားသည္ႏွင့္တၿပိဳင္နက္ အရည္စီးေၾကာင္းတစ္ခုအျဖစ္သို႔ လ်င္ျမန္စြာ ေျပာင္းလဲသြားေလၿပီး အားနည္းေနေသာ သူ႕ခႏၶာကိုယ္အား တျဖည္းျဖည္းႏွင့္ ႀကံ့ခိုင္မႈတခ်ိဳ႕ ျပန္လည္ရရွိလာေစသည္။
တကယ္ထိေရာက္တာလား?
“မိန္ကေလးဝူ၊ မင္းငါ့ကို ဒီကေနေခၚထုတ္သြားခ်င္တယ္လို႔ေျပာခဲ့တာလား?”
“ဟုတ္ပါတယ္၊ ရွင္သေဘာက်လိမ့္မလားဆိုတာကို ကြၽန္မ သိခ်င္ပါတယ္?”
လင္းက်ားသည္ ႏႈတ္ဆိတ္သြားခဲ့ေလသည္။ တကယ္တမ္းတြင္ သူ ႐ုန္းကန္ေနခဲ့ရ၏။ ဤအခ်ိန္မ်ားအတြင္း ေနေရာင္ကိုမျမင္နိုင္သည့္ေနရာမွ အက်ဥ္းသားတစ္ေယာက္လိုပင္။ ေန႕တိုင္း သူ႕႐ုပ္ပိုင္းဆိုင္ရာ မသက္မသာမႈမ်ားကို ခံနိုင္ရည္ရွိေအာင္ ႀကိဳးစားၿပီး သူ႕တို႔၏လိုအပ္ခ်က္မ်ားအတိုင္း သူတို႔လူမ်ားကို ကုသေပးဖို႔ သြားခဲ့ရသည္။
သူ႕အတြက္ေတာ့ ၎သည္လုံေလာက္ေနၿပီျဖစ္၏။ သူ ဤေနရာကေန ထြက္သြားခ်င္ခဲ့ၿပီး သူ႐ူးသြပ္လုနီးပါးပင္ ခံစားေနရ၏။
သို႔ေသာ္လည္း သူ႕ေရွ႕ရွိအမ်ိဳးသမီးကို သူမသိခဲ့ပါေခ်။ သူမေျပာျပခဲ့သည့္ ေတာင္ပိုင္းအေျခစိုက္စခန္းအေၾကာင္းသည္ သူ႕အတြက္ေတာ့ ေကာင္းကင္ဘုံလိုေနရာမ်ိဳးပင္။ ထိုသို႔ေသာ ေနရာမ်ိဳး တကယ္ရွိပါသလား? သူ လင္းခ်န္းအေျခစိုက္စခန္းမွထြက္ၿပီး ေတာင္ပိုင္းအေျခစိုက္စခန္းသို႔သြားဖို႔ ေ႐ြးခ်ယ္ပါက က်ားတြင္းထဲမွ ထြက္ၿပီး ဝံပုေလြတြင္းထဲသို႔ ေနာက္တစ္ႀကိမ္ ျပန္ေရာက္သြားေလမလား?
ဝူက်င္းသည္ မတိုက္တြန္းခဲ့ဘဲ တစ္ဖက္တြင္ထိုင္ၿပီး သူ႕အေျဖကို ၿငိမ္သက္စြာေစာင့္ေမွ်ာ္ေနခဲ့သည္။
လင္းက်ားသည္ ေနာက္ဆုံးတြင္ သေဘာတူလိုက္၏။ သူ ကံေကာင္းျခင္းအေပၚ ေလာင္းေၾကးထပ္ရန္ေ႐ြးခ်ယ္ခဲ့သည္။ အကယ္၍ သူအနိုင္ရခဲ့ပါက သူ လြတ္လပ္မႈရၿပီး ဘဝသစ္တစ္ခုရနိုင္လိမ့္မည္။ အေလာင္းအစားရႈံးသြားပါက သူ႕ေနရာကို ေျပာင္းလဲျပ ဆက္လက္ေသာ့ခတ္ခံထားရမည္ျဖစ္သည္။ ကြာျခားမႈမရွိေပ။
“မင္းငါ့ကို ဘယ္လိုေခၚထုတ္သြားမွာလဲ?”
“ဒါက ေခါင္းေဆာင္ ဆုံးျဖတ္မွာပါ။ ကြၽန္မက ဒီသတင္းကို ဒီကိုပို႔ေပး႐ုံပါပဲ ”
၀ူက်င္းသည္ၿပဳံးလ်က္ ေျပာခဲ့ေလ၏။
“စိတ္မပူပါနဲ႕ ၊ ရွင္ အဲဒီအခ်ိန္က်မွ သိလိမ့္မယ္”
ခဏတာ စကားစျမည္ေျပာၿပီးေနာက္ ဝူက်င္းသည္ အခိုးအေငြ႕အျဖစ္သို႔ ျပန္ေျပာင္းသြားခဲ့ၿပီး ထြက္သြားခဲ့ေလသည္။
ဝူက်င္း၏ ေရာက္လာျခင္းႏွင့္ ျပန္ထြက္သြားျခင္းကိုၾကည့္ၿပီး လင္းက်ားသည္ သူ႕ႏွလုံးသားထဲတြင္ ေမွ်ာ္လင့္ခ်က္မ်ား ပိုမ်ားလာခဲ့သည္။
ဝူက်င္းသည္ ဗီလာထဲသို႔ တိတ္တဆိတ္ျပန္ေရာက္လာခဲ့၏။ က်နေမာင့္႐ုန္ ႏွင့္ ပထမထပ္တြင္ အနားယူေနေသာ အျခားသူမ်ားကို မႏွောက္ယွက္ဘဲ ဝူက်င္းသည္ျပတင္းေပါက္မွ ဒုတိယထပ္သို႔သြားလိုက္ၿပီး လင္းက်ားႏွင့္ ေျပာဆိုခဲ့သည္မ်ားကို က်န႔္ယြင္ႏွင့္ စုေ႐ြ႕က်ယ္ကို ျပန္ေျပာျပလိုက္သည္။ လင္ူက်ားသည္ ထြက္ခြာရန္ သေဘာတူသည္ဆိုကတည္းက ျပႆနာႀကီးႀကီးမားမားေတာ့ မျဖစ္သင့္ေတာ့ေခ်။
“ေကာင္းေကာင္း အနားယူပါ။ မိုးတိတ္သြားရင္ ခက္ခက္ခဲခဲ တိုက္ပြဲတစ္ခုဝင္ရလိမ့္မယ္”
ေကာင္းေသာညတစ္ည၏ အိပ္စက္ျခင္းပင္။
သို႔ေသာ္လည္း သူတို႔ မေမွ်ာ္လင့္ထားသည့္အရာမွာမိုးသည္ ေန႕ေရာညပါ သည္းထန္စြာ႐ြာေနခဲ့သည္။
သုံးရက္ေျမာက္ေန႕ နံနက္မတိုင္မီအထိျဖစ္ၿပီး မိုးတျဖည္းျဖည္းအားေလ်ာ့သြားကာ ေန႕လည္ပိုင္းမွသာ လုံးဝတိတ္သြားေလသည္။
ဤမိုးသည္း၏ သည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ လင္ခ်န္းအေျခစိုက္စခန္းသည္ ေရမ်ားျပည့္ေနၿပီး လင္ခ်န္းအေျခစိုက္စခန္းမွ အလုပ္သမားမ်ားအား အားလုံးကို ေရထုတ္ရန္ စုစည္းထားေလသည္။
သို႔ေသာ္ က်န႔္ယြင္၏အဖြဲ႕သည္ မိုးတိတ္သြားကတည္းက ပစၥည္းမ်ားစတင္ထုပ္ပိုးကာ ခ်က္ခ်င္းထြက္ခြာရန္ အဆင္သင့္ျဖစ္ေနၿပီျဖစ္သည္။
က်န္းေမာင့္႐ုန္ႏွင့္ သူ႕ဇနီးသည္ လူခုနစ္ေယာက္ သို႔မဟုတ္ ရွစ္ေယာက္စီးနိုင္ေသာ ဗင္ကား အေဟာင္းတစ္စီးရွိ၏။ သို႔ေသာ္လည္း ၎သည္ မဆန့္သည္မွာ သိသာထင္ရွားလွ၏။ က်န႔္ယြင္သည္ ခ်န္းခ်ီကို ပစၥည္းမ်ားပါသည့္ အိတ္ေသးတစ္လုံးကိုယူၿပီး ႐ႊီဖုန႔္ယင္းကိုရွာခိုင္းၿပီး ဆီအျပည့္ပါေသာ ကားတစ္စီးဝယ္ေပးရန္ သူမကို အကူအညီေတာင္းခိုင္းခဲ့သည္။
မီးစြမ္းအားရွင္တစ္ဦးျဖစ္သည့္ ႐ႊီဖုန႔္ယင္းသည္ အေျခစိုက္စခန္းတြင္ လွည့္ပတ္သြားလာရန္ နည္းလမ္းအခ်ိဳ႕ရွိေနဆဲျဖစ္ၿပီး အားစိုက္ထုတ္မႈမ်ားစြာမရွိဘဲ သူမသည္ မီနီဘတ္စ္တစ္စီးကိုရလာခဲ့သည္။ ထို႔အျပင္ ႐ႊီဖုန႔္ယင္းသည္ သူတို႔သည္ သူတို႔ကိုယ္တိုင္ ထြက္ခြာသြား႐ုံသာမက အသိမိတ္ေဆြေဟာင္းတစ္စုလည္း လိုက္ပါသြားေၾကာင္း ၾကားခဲ့ရသည္။ သူတို႔အား ျဖားေယာင္းေသြးေဆာင္မႈကို ကယ္တင္ေသာ သူတို႔ႏွင့္အတူ သူမကို ေခၚေဆာင္နိုင္မလား ဆိုသည္ကို သူမေမးလိုက္၏။
မီနီဘတ္စ္သည္ လူဆယ့္ေျခာက္ဦးကို တင္ေဆာင္နိုင္သည္။ သူတို႔အားလုံးသည္ က်န္းေမာင့္႐ုန္ႏွင့္ သူ႕အဖြဲ႕ကို တင္ရာတြင္ ျပႆနာမရွိေခ်။ သူတို႔သည္ လင္းက်ားႏွင့္ ႐ႊီဖုန႔္ယင္းတို႔အတြက္ အခန္းတစ္ခုစာေနရာလည္းေပးနိုင္သည္။
က်န္းေမာင့္႐ုန္၏ ေျခေထာက္မ်ားသည္ အဆင္မေျပသျဖင့္ တုက်န္းအား ကားေမာင္းရန္ တာဝန္ေပးခဲ့ၿပီး ႐ႊီဖုန႔္ယင္းသည္ သူတို႔ႏွင့္အတူ ကားေပၚလိုက္ပါခဲ့သည္။ က်န႔္ယြင္သည္ တုက်န္းကို ကားအား အေျခစိုက္စခန္းအျပင္ဘက္သို႔ တိုက္ရိုက္ေမာင္းခိုင္းၿပီး လင္ခ်န္းႏွင့္အေဝးတစ္ေလွ်ာက္သြားခိုင္းကာ အေဝးေျပးလမ္းတစ္ဖက္၌ ဆုံၾကရန္ သူတို႔ကိုေစာင့္ခိုင္းလိုက္သည္။ သူတို႔သည္ ေနခဲ့ၿပီးညလင္းက်ားကို ခြဲထုတ္ဖို႔ ႀကိဳးစားၾကမည္ျဖစ္သည္။
ဤအခ်ိန္တြင္ က်န္းေမာင့္႐ုန္သည္ က်န႔္ယြင္၏အမိန႔္ကိုၾကားၿပီး နာခံခဲ့သည္။ သူတို႔သည္ ေနာက္ထပ္ေမးခြန္းမ်ားမေမးေတာ့ဘဲ ၿမိဳ႕ျပင္သို႔ထြက္ခြာရန္ မီနီဘတ္စ္ကိုသာ ေမာင္းႏွင္သြားခဲ့ၾကသည္။
မင္းၿမိဳ႕ကထြက္သြားသည့္အခါ ျဖတ္ေက်ာ္စစ္ေဆးျခင္းအခ်ိဳ႕ကို မင္းမလြဲမေသြႀကဳံေတြ႕ရမည္ျဖစ္ၿပီး၊ အဘယ္ေၾကာင့္ဆိုေသာ္ မင္းအဖြဲ႕ထဲတြင္ က်န္းေမာင့္႐ုန္ႏွင့္ ႐ႊီဖုန့္ယင္းတို႔ရွိေနၾက၍ျဖစ္သည္။ ထိုၿမိဳ႕ေစာင့္မ်သည္ ဘာကိုမွသံသယမရွိေသာေၾကာင့္ သူတို႔ကို ရိုးရိုးရွင္းရွင္း သြားခြင့္ျပဳလိုက္ေလသည္။
သို႔ေသာ္ က်န႔္ယြင္၏အဖြဲ႕သည္ ဗီလာမွထြက္လာေသာအခါတြင္ ဝူရယ္ကိုေတြ႕ဆုံခဲ့ၾကသည္။
တကယ္တမ္း သူတို႔အခ်င္းခ်င္းေတြ႕ဆုံမည္ကို မေျပာနိုင္ေပ။ ဝူရယ္သည္ သူတို႔ကို ရည္႐ြယ္ခ်က္ရွိရွိရွာဖို႔ လာခဲ့ျခင္းျဖစ္သည္ဟု ေျပာနိုင္သည္။ ဝူရယ္သည္ မိုးတိတ္သည္ႏွင့္ သူတို႔ထြက္သြားမည္ဟု သူတို႔ ေျပာခဲ့သည္ကို မေမ့ခဲ့ေခ်။ ထို႔ေၾကာင့္ သူတို႔ ထြက္မသြားဘဲ ေနမည္ကို ေၾကာက္၍ ဒီကိုတစ္ခ်က္လာၾကည့္ျခင္းျဖစ္ေလသည္။
ယခုျမင္ရပုံအရ သူတို႔ ထြက္သြားဖို႔ အဆင္သင့္ျဖစ္ေနပုံရသျဖင့္ ဝူရယ္သည္ စိတ္သက္သာရာ ရသြားေလသည္။
“ဟားဟားဟား၊ မင္းတို႔ထြက္ခါနီးေတြ႕ဖို႔ ငါအခ်ိန္ကိုက္ေရာက္လာပုံရတယ္”
“ေက်းဇူးအမ်ားႀကီးတင္ပါတယ္၊ ဒါေပမယ့္ ငါတို႔မသြားခင္ ဓာတ္ဆီတခ်ိဳ႕ေျပာင္းခ်င္တယ္။ ဘယ္သြားရမလဲ ခင္ဗ်ားသိလား?”
“ဒါေပါ့၊ ဒါေပါ့! ”
ဓာတ္ဆီေျပာင္းရန္ သြားမည္ဟုၾကားၿပီး ဝူရယ္သည္ ပိုသက္ေတာင့္သက္သာရွိလာၿပီး လဲလွယ္ရန္ သူတို႔ကို ကမ္းလွမ္းလိုက္သည္။
“ေရွာင္က်ယ္၊ မင္း ငါတို႔ကို ကားထဲကေစာင့္ေန။ ငါ ေလာင္စုန႔္နဲ႕ သြားလိုက္မယ္”
“ေကာင္းၿပီ”
ႏွစ္ေယာက္သားသည္ အၾကည့္ခ်င္းဖလွယ္ကာ တစ္ဦး၏အဓိပၸါယ္ကိုတစ္ဦး နားလည္ခဲ့ၾကသည္။
ခ်န္းခ်ီ ႏွင့္ ခ်န္းေက်ာင္းတို႔သည္ ကားေသာ့ျဖင့္ ဂိတ္သို႔သြားကာ သူတို႔အားေတြ႕ဆုံရန္ အဆင္သင့္ျဖစ္ေနသည္။ စုေ႐ြ႕က်ယ္သည္ က်န္သူမ်ားကို လင္းက်ားကိုကယ္တင္ရန္ ေခၚသြားခဲ့သည္။
သူတို႔အတြက္ ကံေကာင္းေထာက္မစြာျဖင့္ လင္းက်ား၏အိမ္နီးခ်င္းအိမ္မ်ားသည္ ေရမ်ား ျပည့္လွ်ံေန၏။ လငက်ားကို ေစာင့္ၾကပ္ရန္တာဝန္ရွိသည့္လူမ်ားအားလုံးသည္ ပထမထပ္တြင္ ေရမ်ားခပ္ထုတ္ရင္း အလုပ္ရႈပ္ေနၾကၿပီး အျပင္ဘက္ကို ဘယ္သူမွ ဂ႐ုမစိုက္ခဲ့ၾကေခ်။
လူတခ်ိဳ႕သည္ လင္းက်ား၏ အေဆာင္အအုံငယ္ေလး၏ အေနာက္ဘက္ကို ေခ်ာေမြ႕စြာခ်ဥ္းကပ္သြားခဲ့ၾကေလသည္။ သုန္သုန္သည္ လူေနအေဆာက္အအုံထဲရွိ လႈပ္ရွားမႈမ်ားကို စကန္ဖတ္ရန္ သူ႕စြမ္းရည္ကို စတင္လိုက္သည္။ လင္းက်ား ၏အခန္းထဲတြင္ မည္သူမွ်မရွိေၾကာင္း အတည္ျပဳၿပီးေနာက္ စုေ႐ြ႕က်ယ္သည္ ဝူက်င္းကို လင္းက်ား၏အခန္းထဲသို႔ ႀကိဳးတစ္ေခ်ာင္းျဖင့္ဝင္ေရာက္ၿပီး သူ႕ကို တိတ္တဆိတ္ေနဖို႔ သတိေပးရန္ ေတာင္းဆိုခဲ့သည္။
စုေ႐ြ႕က်ယ္သည္ ထို႔ေနာက္ ႏြယ္ပင္မ်ားကို ထုတ္လိုက္ၿပီး ဒုတိယထပ္ရွိနံရံတြင္ အေပါက္တစ္ေပါက္ကို တိတ္တဆိတ္ဖြင့္လိုက္ကာ လင္းက်ား အေပါက္ထဲမွ တိုက္ရိုက္ထြက္နိုင္ေစရန္ျဖစ္သည္။
လင္းက်ားသည္ ျပတင္းေပါက္ရွိ သံလက္ရန္းတြင္ ႀကိဳးကိုခိုင္ေအာင္ခ်ည္ၿပီး ေျဖးေျဖးခ်င္း ဆင္းလာခဲ့ေလ၏။ သူဆင္းလာသည့္အခ်ိန္တြင္ ဝူက်င္းသည္ အေပါက္ကို ဗီရိုတစ္လုံႏွင့္တိတ္တဆိတ္ ပိတ္ဆို႔လိုက္ၿပီး ႀကိဳးကိုျဖဳတ္ၿပီးသည္ႏွင့္ ေျမေပၚသို႔ တိတ္တိတ္ေလး ျပန္ဆင္းလာခဲ့ေလသည္။
စုေ႐ြ႕က်ယ္သည္ သူ႕ေက်ာပိုးအိတ္ထဲမွ ဟူဒီတစ္ထည္ကိုထုတ္ၿပီး လင္းက်ားေပၚသို႔၀တ္ေပးလိုက္၏။ ထို႔ေနာက္ မ်က္ႏွာဖုံးႏွင့္ ပဝါတစ္ခုကို ဝတ္ရန္ကူညီေပးလိုက္၏။ ထို႔ေနာက္ ဘာမွမျဖစ္သလို အျပင္ထြက္ဖို႔ ဟန္ေဆာင္လိုက္သည္။
လူတိုင္းသည္ ေရမ်ားခပ္ထုတ္ရင္းအလုပ္ရႈပ္ေနၾကၿပီး ဒီအဖြဲ႕တြင္ ဘာမွားေနသလဲဆိုသည္ကို ဘယ္သူမွ သတိမထားမိခဲ့ၾကပါေခ်။
ဘတ္စကားေပၚမတက္ခင္အထိ လင္ူက်ားသည္ ေနာက္ျပန္လွည့္မၾကည့္ခဲ့ေခ်။ သူ အိပ္မက္မက္ေနသလို ခံစားခဲ့ရသည္။ သူ႕အား လေပါင္းမ်ားစြာၾကာေအာင္ ခ်ဳပ္ႏွောင္ထားသည့္ ေလွာင္အိမ္ထဲမွ သူ လြယ္လြယ္ကူကူ မည္သို႔လြတ္ေျမာက္သြားသလဲဆိုသည္ကို စိတ္ကူးမယဥ္နိုင္ခဲ့ေခ်။ တစ္ခ်ိန္တည္းမွာပင္ ဤလူမ်ား၏ လုပ္ေဆာင္မႈစြမ္းအားမ်ားေၾကာင့္လည္း ထိတ္လန႔္တုန္လႈပ္သြားခဲ့ရသည္။
အစမွအဆုံး ဤလူမ်ားသည္ စကားတစ္ခြန္းမွ မေျပာၾကေခ်။ အခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္ၾကၿပီး လ်င္ျမန္စြာ လုပ္ေဆာင္ၾကကာ သူတို႔၏ အစြမ္းအစမ်ားကိုအသုံးျပဳရာတြင္ အလြန္ကြၽမ္းက်င္ခဲ့ၾကသည္။ ဤလူမ်ားအေပၚ သူ႕အျမင္မ်ားကို ျပန္လည္ခ်ိန္ညွိသင့္သည္ဟု သူခံစားရသည္။
“လူႀကီးမင္းလင္း၊ ခင္ဗ်ား ေနာက္ခန္းထဲမွာ တိုးညွစ္ရလို႔ အဆင္မေျပျဖစ္လိမ့္မယ္”
တကယ္တမ္း ေနာက္ခန္း၏ေနရာသည္ လူမ်ားအတြက္အသင့္ေတာ္ဆုံးျဖစ္ၿပီး အေရွ႕ထက္ အေတာ္ေလးထူးျခားသည္။ ခ်န္းခ်ီႏွင့္ခ်န္းေက်ာင္းတို႔သည္ ေနာက္ခန္းထဲတြင္ ေပါ့ေပါ့ပါးပါးထိုင္ၾကၿပီး လင္းက်ားသည္ အေရွ႕ဘက္မွ ရွာရန္ခက္ေသာ ေအာက္ေျခတြင္ လဲေလ်ာင္းေနေလ သည္။
လင္းက်ားသည္ အထြန႔္တက္ျခင္းမရွိဘဲ လဲေလ်ာငါးေနေလ၏။ အေနအထားသည္ သက္ေတာင့္သက္သာမရွိေသာ္လည္း သူ ၿမိဳ႕မွထြက္သြားနိုင္သေ႐ြ႕ သူ ပုန္းေနစရာမလိုပါေတာ့ေခ်။
က်န႔္ယြင္ႏွင့္စုန႔္ခ်န္ရႈတို႔သည္ မၾကာမီ သူတို႔၏လက္ထဲတြင္ ဓာတ္ဆီစည္ႏွစ္စည္ျဖင့္ ျပန္ေရာက္လာၿပီးေနာက္ ဝူရယ္ႏွင့္ တျခားသူမ်ားသည္ လိုက္လာၾကေလ၏။
“ဒါဆို ငါတို႔ သြားေတာ့မယ္။ ခင္ဗ်ားရဲ႕ဧည့္ဝတ္ေက်ပြန္မႈအတြက္ ေက်းဇူးတင္ပါတယ္”
“ ရပါတယ္ဗ်ာ၊ အခြင့္အခါသင့္ရင္ ထပ္လာခဲ့ပါအုံး”
ႏွစ္ဖက္စလုံးသည္ စကားအနည္းငယ္ျဖင့္ ေၾကာင္သူေတာ္လို ယဥ္ေက်းသိမ္ေမြ႕စြာ ေျပာဆိုၾကၿပီး က်န႔္ယြင္ႏွင့္စုန႔္ခ်န္ရႈတို႔လည္း ကားေပၚသို႔တက္ခဲ့ၾကသည္။
သူတို႔ ၿမိဳ႕မွ ထြက္သြားသည့္အခ်ိန္တြင္ မေမးဘဲမေနန်ဳင္ေတာ့ေခ်။ က်န႔္ယြင္ႏွင့္ လူကိုးေယာက္အုပ္စုသည္ off roadကားတစ္စီးႏွင့္ျပည့္ေအာင္ စုၿပဳံေနခဲ့သည္။ ဝူရယ္သည္ ၿမိဳ႕ေစာင့္မ်ားကို စကားေျပာခဲ့ၿပီး ထို႔ေၾကာင့္ပင္ သူတို႔သည္သာမန္ကာလွ်ံကာၾကည့္ၿပီး သြားခြင့္ျပဳလိုက္ၾကသည္။ သူတို႔ကားထဲတြင္ အပိုလူတစ္ေယာက္ရွိေနမွန္း ဘယ္သူမွ မေတြ႕ခဲ့ၾကေခ်။
ကားသည္ လင္းခ်န္းအေျခစိုက္စခန္းမွ ထြက္ခြာလာခဲ့ၿပီး တစ္လမ္းလုံးလ်င္ျမန္စြာျဖင့္ အျမန္လမ္းေပၚရွိ အနီးနားဂိတ္တစ္ခုတြင္ အဝါေရာင္မီနီဘတ္စ္ႏွင့္ ေတြ႕ဆုံမည့္ေနရာသို႔ တည့္တည့္ထြက္ခြာသြားခဲ့ၾကသည္။
“ေတာင္းပန္ပါတယ္ ငါတို႔မွာမစ္ရွင္တစ္ခုရွိလို႔။ ငါတို႔ အေနာက္ေျမာက္ဘက္ကို ခ်က္ခ်င္းအျမန္သြားရမယ္။ ငါတို႔မင္းတို႔နဲ႕မလိုက္နိုင္ေတာ့ဘူး။ ဒါေပမယ့္ ေတာင္ပိုင္းအေျခစိုက္စခန္းက ဒီကေန မေဝးပါဘူး။ မင္းေန႕ေရာညပါ ခရီးသြားနိုင္ၿပီး ႏွစ္ရက္ေလာက္ၾကာရင္ ေရာက္နိုင္တယ္”
က်န႔္ယြင္သည္ လင္းက်ားကိုကားေပၚမွဆင္းေစၿပီး မီနီဘတ္စ္ေပၚတက္ေစလိုက္သည္။ သူသည္ သူတို႔အား ေျမပုံတစ္ခုေပးလိုက္ကာ ေျမပုံအတိုင္း ေတာင္ပိုင္းအေျခစိုက္စခန္းသို႔သြားရန္ေျပာလိုက္သည္။ သူ႕နာမည္ကို သတင္းပို႔သေ႐ြ႕ သူတို႔လက္ခံေပးလိမ့္မည္ျဖစ္သည္။
က်န႔္ယြင္သည္ လင္းက်ားကို က်န္းေမာင့္႐ုန္၏ေျခေထာက္ဒဏ္ရာကို ကုသေပးရန္လည္း ေတာင္းဆိုခဲ့သည္။ လမ္းေပၚတြင္ အႏၱရာယ္ႏွင့္ ရင္ဆိုင္ရမလား ဆိုသည္ကို မည္သူမွ် မေျပာနိုင္ေခ်။ တိုက္ပြဲစြမ္းအားမ်ား ပိုရရွိရန္သည္ အၿမဲတမ္းေကာင္းမြန္ပါသည္။
႐ႊိဖုန႔္ယင္းသည္ လင္းက်ားကိုမသိေပ၊ သို႔ေသာ္လည္း သူသည္ ကုသေပးသူတစ္ေယာက္ျဖစ္ေၾကာင္း သိလိုက္ရေသာအခါ သူမ ၾကက္ေသေသသြားရေလ၏။ က်န႔္ယြင္ႏွင့္သူ႕အဖြဲ႕သည္ လင္ခ်န္းအေျခစိုက္စခန္းေခါင္းေဆာင္ထံမွ "လင္ခ်န္း၏ရတနာ" ကို ခိုးယူခဲ့သည္ကို မေမွ်ာ္လင့္ထားခဲ့ေခ်။ လင္ခ်န္းအေျခစိုက္စခန္းသည္ စြမ္းအားရွင္မ်ားကို ပိုစုေဆာင္းေနခဲ့ၿပီး အေျခစိုက္စခန္းထဲတြင္ ေရာႏွောထားေသာ အင္အားစုမ်ားကို ျဖစ္ေပၚေစလာေစသည္။ အေျခစိုက္စခန္းေခါင္းေဆာင္သည္ တစ္ခုတည္းေသာ ကုသနိုင္စြမ္းရွိသူကို မထိန္းခ်ဳပ္နိုင္ခဲ့ပါက အျခားတပ္ဖြဲ႕မ်ားသည္ သူ႕အားေတာင္းဆိုမႈမ်ား မ်ားစြာလာရွိမည္ျဖစ္ကာ အေျခစိုက္စခန္းသည္ ဤမွ်ၿငိမ္းခ်မ္းေတာ့မည္မဟုတ္ေခ်။
“စိတ္မပူပါနဲ႕။ ငါတို႔က ေတာင္ပိုင္းအေျခစိုက္စခန္းကမွန္း သူတို႔မသိဘူး။ ငါတို႔က အေနာက္ေျမာက္ဘက္ကိုသြားမယ္ဆိုတာပဲသိတယ္။ တစ္ခုခုမွားေနတာေတြ႕ရင္ သူတို႔ အေနာက္ေျမာက္ဘက္ကိုငါတို႔ကိုပဲ ေျပးလိုက္လာလိမ့္မယ္။ မင္းတို႔ကိုသံသယရွိမွာမဟုတ္ဘူး”
႐ႊီဖုန႔္ယင္း၏ ထိတ္လန႔္မႈကိုျမင္ၿပီး က်န႔္ယြင္သည္ သူမ အၿငိဳးထားခံရမည္ကို စိုးရိမ္ေနလိမ့္မည္ျဖစ္သျဖင့္ ပါးစပ္ကိုဖြင့္ၿပီး ရွင္းျပလိုက္သည္။
“ မဟုတ္ဘူး၊ မဟုတ္ဘူး၊မဟုတ္ဘူး၊ ရွင္ ကြၽန္မကို အထင္လြဲေနတာ!”
႐ႊီဖုန႔္ယင္းသည္ လင္ခ်န္းအေျခစိုက္စခန္းအေပၚ ခံစားခ်က္မရွိေခ်။ သို႔မဟုတ္ပါက သူမ သူတို႔ႏွင့္ထြက္ခြာဖို႔ အရမ္းစိတ္အားထက္သန္ေနမည္မဟုတ္ပါေခ်။ ေတာင္ပိုင္းအေျခစိုက္စခန္းအေၾကာင္း ပထမဆုံးအႀကိမ္ ၾကားဖူးျခင္းျဖစ္သည္။ သို႔ေသာ္လည္း က်န႔္ယြင္ႏွင့္ တျခားသူမ်ားသည္ ထူးထူးျခားျခားသန္မာမႈ ရွိသည္ဟု သူမခံစားမိခဲ့သည္။
သူမ လြမ္းဆြတ္မိသည္။ က်န္းေမာင့္႐ုန္ႏွင့္ အျခားသူမ်ားလို လူမ်ကေတာင္ ကူညီရန္ ဆႏၵရွိၾကသည္။ သူတို႔ေနာက္ကို လိုက္ရတာမွန္သည္ဟု သူမ ခံစားလာရသည့္အျပင္ ဒီလိုလူတစ္စုႏွင့္ဆို အလြန္ေကာင္းမြန္ေသာေနရာတစ္ခု ျဖစ္မည္ေသခ်ာသည္။ သူမတစ္ခ်က္ေလာက္ေတာ့ ၾကည့္ခ်င္မိသည္။
🍒🍒