My Cherry Will Explode in the...

By tobefly_highhigh

655K 94.7K 1.4K

《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံ... More

Description
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷《ကျန့်ယွင်နှင့်‌ နောက်တဖန်ပြန်ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸《‌နေရာလွတ်တစ်ခုရှိနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹 《ဆက်ဆံရေးက အလွဲတစ်ခုနဲ့စတင်ခဲ့တယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺 《မှော်ဆန်သောအရုပ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻 《ထပ်မရှောင်နိုင်တော့ ဆုံရပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼《ရှင်းရှင်းလင်းလင်းလုပ်ကြစို့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽《အမြတ်အစွန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾《ဒဏ်ရာများအား ဂရုစိုက်ပေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿 《အိပ်ယာအား အတူမျှဝေခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶《ဈေး၀ယ်ထွက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷《‌ကောင်းမွန်သောအရာများဆက်လက်ဖြစ်ပျက်နေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟸《ဖြိုဖျက်ရေးနှင့်ပြန်လည်နေရာချထားရေးသတိပေးချက်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟹《အတိတ်ဘ၀အကြောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟺《အတူတူရင်ဆိုင်ကြမယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟻《တွက်ချက်မှုများမအောင်မြင်ခဲ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟼《အိမ်နဲ့ကားရှိတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟽《မင်းလုပ်ရဲတယ်ပေါ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟾《ကမ္ဘာပျက်ကပ်ကြီးနီးလာပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟿《ကမ္ဘာပျက်ကပ်ကြီး ရောက်လာခဲ့ပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟶《စူပါမားကတ်*ကုန်တိုက်ကို အပြောင်ရှင်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟷《မ‌မျှော်လင့်ထားသော》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟸《ခွဲခွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟹《ပဲစေ့ကျည်ဆန်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟺《ထွက်လာကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟻《မကောင်းတဲ့သူတစ်ယောက်မဟုတ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟼《အမြု‌တေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟽《နှစ်မျိုးတွဲစွမ်းရည်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟾《Otakuတစ်ယောက်၏အလားအလာ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟿《ကယ်တင်မှာလား မကယ်တင်ဘူးလား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟶《ဦးနှောက်ပျက်စီးမှုကို ကယ်တင်လို့မရတော့ဘူး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟷《သူတို့ကစုံတွဲတစ်တွဲပဲ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟸《အဖွဲ့၀င်အသစ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟹《တစ်စုံတစ်ယောက်က တံခါးကိုဖျက်ပြီးဖွင့်ဖို့ကြိုးစားနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟺《ကမ္ဘာပျက်ကပ်အတွင်းပြောင်းလဲမှုများ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟻《နှုတ်ဆက်ပါတယ် အကြီးဆုံးဦးလေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟼《 အသက်ကယ် ကျေးဇူးတရား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟽《အနီရောင်မိုးရွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟾 《ဒဏ်ရာရ စစ်သားများနှင့်တွေ့ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟿《လူ့နှလုံးသားများသည် မခန့်မှန်းနိုင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟶《ကယ်ဆယ်ရေးအစီအစဉ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟷《ကယ််‌ဆယ်ရေးလုပ်ငန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟸《စစ်ဆင်‌ရေးစတင်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟹《အောင်အောင်မြင်မြင်လွတ်မြောက်ခြင်း》
Plants vs Zombies
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟺《ကယ်ဆယ်ရေးသတင်းစကား》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟻《ထွက်ခွာရန်စုစည်းကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟼《ဆင့်ကဲ‌ပြောင်းလဲနေသောဖုတ်ကောင်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟽《အဖိုးတန်ပဲစေ့များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟾《ကယ်ဆယ်ရေး စတင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟿《ချန်းယန် အလယ်တန်းကျောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟶《အကျပ်ရိုက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟷《ချန်းမောင်နှမများ》 
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟸 《နောက်တစ်ကြိမ်စကားပြောကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟹《 LED နေကြာပန်းမီးအိမ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟺《လယ်သမားဈေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟻《ရှောင်ဟေး၏ ကွဲပြားနေမှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟼《 အခြေစိုက်စခန်းသို့ ကနဦး၀င်ရောက်မှု》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟽《 အခြေစိုက်စခန်းထဲသို့ ပြောင်းရွှေ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟾《 အရေးပေါ်မစ်ရှင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟿《 စွမ်းရည်အဆင့်တက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟶 《 G မြို့သို့ သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟷《 သူလိမ်နေတာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟸《 မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟹《 ပုလင်းတစ်ခုထဲသို့ လိပ်ကိုဖမ်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟺《 အဆင့်သုံးဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟻《 စက်ရုံထဲ၀င်ရောက်ကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟼《 ကြွယ်၀သောရလဒ်များဖြင့်ပြန်လာကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟽《 ကျည်ဆန်အသစ်များ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟾《 အခြေစိုက်စခန်း၏ပြောင်းလဲခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟿 《 မြေမဲ့စိုက်ပျိုးရေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟶《 ၀မ်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟷《 အန်းဟွေ့မြို့ထဲရှိမငြိမ်သက်မှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟸《 သန္ဓေပြောင်းဝံပုလွေများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟹《 မြင်ရုံနဲ့ ‌ဝေစုလိုချင်တာလား? 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟺《 ကူးစက်ခံကြွက်၀င်ရောက်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟻《 ကြောင်နှင့်ကြွက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟼《 အကျပ်အတည်းဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟽《 စွမ်းရည်ဆေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟾《 သေခြင်းတရားကိုရှာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟿《 အခြေစိုက်စခန်းမှမောင်းထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟶《 အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟷《 လင်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟸《 ညစ်ပတ်သောလူသည် ညစ်ပတ်ခြင်းကိုသာမြင်၏ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟹《 King Kong ရှစ်ယောက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟺《 ကုသခြင်းစွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟻《 မိုးသည်းနေ့မှာလောင်သောမီး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟽《 မိုးသည်းကြီးနောက်ဆုံးတိတ်သွားပြီ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟾《 အနောက်မြောက်ဘက်သို့ဦးတည်သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟿《 ဖုတ်ကောင်ဝိုင်းရံခံရခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟶《 ပူးပေါင်း‌တိုက်ခိုက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟷《 ဘေးဒုက္ခအကျပ်အတည်းကို ဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟸《 စွမ်းရည်အဆင့်မြှင့်တင်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟹《 နှစ်သစ်ကူးနေ့ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟺《 နှစ်သစ်တစ်နှစ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟻《 နေရာလွတ်စွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟼《 အကူအညီတောင်းခံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟽《 မြောက်ပိုင်းသို့သွားရန်အသင့် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟾《 ထူးဆန်းသည့်ဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟿《 စွမ်းရည်နှစ်မျိုး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟶《 Snow Cruiser 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟷《 ကြင်နာမှုကို ကျေးဇူးသိတတ်မှုဖြင့် တုန့်ပြန်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟸《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟹《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟺《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟻《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟼《 ထိန်းချုပ်မရနိုင်ဖြစ်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟽《 မြွေပွေးခါးပိုက် ပိုက်-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟾《 မြွေပွေးခါးပိုက် ပိုက်-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟿《 မြို့တော်အခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟶《 မိသားစုနှစ်ခု၏အခြေအနေ-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟷《 မိသားစုနှစ်ခု၏အခြေအနေ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟸《 တွေ့ကြုံစုံစည်းကြခြင်း 》
𝙴𝚡𝚝𝚛𝚊《 ကွေ့ကောက်သောလမ်းသည် ဆိတ်ငြိမ်သောအရပ်သို့ ဦးတည်လေသည် 》
Complete 💯!!!
Completed Pdf file
ရာသီဥတု သတိပေးချက်
MMStoryteller website

𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟼《 အသိတချို့နှင့်ဆုံခြင်း 》

3.6K 597 3
By tobefly_highhigh

My Cherry Will Explode in the Apocalypse

Chapter 86《 အသိတချို့နှင့်ဆုံခြင်း 》

Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク

“ကျန့်ရှုံးတိ!”

လူတစ်ဦးသည် ပျက်စီးနေသောအိမ်မှ ခြေထော့နဲ့နှင့်ထွက်လာပြီး ကျန့်ယွင်၏မျိုးရိုးနာမည်ကို လှမ်းခေါ်လိုက်သည်။
【TN : ကော(gē) အစ်ကို ၊ ရှုံးတိ (xiōng dì) ညီလေး】

ကျန့်ယွင်သည် တစ်ဖက်လူကို အံ့အားသင့်စွာကြည့်လိုက်၏။ သူ့မှာ ဒီလူနှင့်ပတ်သတ်ပြီး အထင်ကြီးစရာမရှိခဲ့ပါချေ။

“ကျန့်ရှုံးတိ၊ ငါက ကျန်းမောင့်ရုန်ပါ! ”

ထိုလူသည် ကျန့်ယွင်၏သံသယများကိုမြင်ပြီး သူ့မည်သူမည်ဝါဖြစ်ကြောင်း အလျင်အမြန်ပြသခဲ့သည်။

သူ့နာမည် ပြောပြခဲ့သော်လည်း ကျန့်ယွင်သည် ဒီလူနှင့်ရင်းနှီးသလို ခံစားခဲ့ရပေမယ့် သူဘယ်သူလဲဆိုသည်ကိုတော့ မမှတ်မိသေးပါချေ။

မှတ်မိခဲ့သည့်သူမှာတော့ စုရွေ့ကျယ်ဖြစ်လေသည်။  အဲ့ဒိဘေးကင်းရေးဇုန်ငယ်တစ်ခုကို တစ်ယောက်တည်းထူထောင်ကာ လွတ်မြောက်လာသူများကို ကိုယ်ခံပညာဖြင့်ကာကွယ်ခဲ့သည့်သူမဟုတ်လား? စုရွေ့ကျယ်သည် ဤလူကိုစဉ်းစားနိုင်သည်မှာ ချန်ဟွေ့ကျန်းနှင့် စုချီမင်းတို့လည်း ဘေးကင်းရေးဇုန်၌ပေါ်လာခဲ့သော‌ းကြောင့်ဖြစ်သည်။

စုရွေ့ကျယ်သည် ကျန့်ယွင်ကို တိုးတိုးလေးသတိပေးလိုက်ပြီး နောက်ဆုံးမှာတော့ ကျန့်ယွင်သည် ဒီလူကိုမှတ်မိသွားလေ၏။ ထိုသူ့အပေါ် သူ့ပထမဆုံးအထင်အမြင်သည် အဆင်ပြေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဘေးကင်းရေးဇုန်တစ်ခုကိုတည်ထောင်ခဲ့ပြီး တောင်ရှင်ဘုရင်မဖြစ်ချင်ခဲ့‌ပေ၊ သို့သော် လူအများအပြားကို ဘေးကင်းရန်သူ့အမှတ်တကယ် လိုချင်ခဲ့သည်ဖြစ်သည်။ အန္တရာယ်တစ်ခုရှိသည့်အချိန်တွင် သူသည် ရှေ့ကို အပြေးအလွှားသွားရန် ဆန္ဒရှိလိမ့်မည်ဖြစ်သည်။။

ကျန်းမောင့်ရုန်နှင့် သူသည် ဤအချိန်တွင် အများကြီး ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ နဂိုထိပ်ပြောင်တဲ့ ဦးခေါင်းကြီးဟာ ဆံပင်များပေါက်လာခဲ့ပြီး ဆံပင်ပုံစံသည် ပြောမပြနိုင်ပေ။ ဆံပင်ပုံစံသည် ကြက်အသိုက်နှင့်တူ၏။ သူ့ခန္ဓာကိုယ်သည် ယခင်ကလို သန်မာသော်လည်း သူ့ဘယ်ဘက်ခြေထောက်တွင်  အမာရွတ်များ အများကြီးရှိပြီး သူ့ဘယ်ခြေထောက်သည် ထော့နဲ့နေလေ၏။ ခြေထောက်ကို သစ်သားနှင့် တွဲချည်နှောင်ထားပြီး အရိုးကျိုးနေသည့်ပုံပင်ဖြစ်၏။

“ခင်ဗျား ဘာဖြစ်ခဲ့တာလဲ? ”

အကောင်းဆုံးဖြစ်နိုင်သည်ဖြစ်စေ မဖြစ်နိုင်သည်ဖြစ်စေ သူသည် ရုပ်ပိုင်းဆိုင်ရာစွမ်းအားရှင်တစ်ဦးလည်းဖြစ်၏။ ထိုကဲ့သို့ ဆိုးရွားသောအခြေအနေသို့ မည်သို့ကျရောက်နိုင်သနည်း? လင်ချန်းအခြေစိုက်စခန်း၌ စွမ်းအားရှင်များ၏ ဆက်ဆံမှုသည် အလွန်ကောင်းမွန်သည်ဟု သူတို့ပြောသည်မဟုတ်ပါလော?။

ကျန်းမောင့်ရုန်သည် တုံ့ဆိုင်းသွားပြီး အသံအနည်းငယ်ပြောစရာစကားမဲ့သွားလေသည်။

“အာ! ကျန်းကော! အဲ့ဒါကို ကျွန်တော်ပြောပါရစေ! ”

ထိုအချိန်တွင် အိမ်ထဲမှ အခြားလူငယ်တစ်ဦး ထွက်လာ၏။ သူသည် လုံခြုံရေးဧရိယာတွင် ဂိတ်စောင့်တာဝန်ယူထားသူတစ်ယောက်ဖြစ်၏။ ယခင်ကသူသည် သူတို့၏ SUV ကားကို စိတ်ဝင်စားခဲ့သူလည်းဖြစ်ပြီး ၎င်းကို ကျန်းကောဆီသို့အပ်နှံပေးချင်ခဲ့သည်။

ဤလူငယ်သည် တုကျန်းဟုခေါ်ပြီး လိုက်လျောညီထွေရှိသည့် စိတ်ဓာတ်မျိုးရှိ၏။ ကမ္ဘာပျက်ကပ်ကြီးစတင်ပေါက်ကွဲလာပြီးနောက် သူကို ဖုတ်ကောင်များလက်မှ ကျန်းမောင့်ရုန်ကကယ်တင်ခဲ့သည်။ ထိုကတည်းက သူသည် ကျန်းမောင့်ရုန်နောက်သို့ လိုက်လာခဲ့ခြင်းဖြစ်သည်။

တုကျန်းသည် အလွန်စကားပြေပြစ်သူဖြစ်၏။ သူသည် သူတို့အဖွဲ့မှထွက်ခွာသွားပြီးနောက် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို မကြာမီပင် ကျန့်ယွင်ကို စတင်ပြောပြလေတော့၏။ ကျန့်ယွင် နှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် မိုးစတင်ရွာလာခဲ့သည်။ မိုးတိတ်သွားသည့်အချိန်တွင် ဖုတ်ကောင်များ၏အင်အားသည် များစွာတိုးလာခဲ့သည်။

အစပိုင်းတွင် ကျန့်ယွင် သူတို့ကို သတိပေးခဲ့သည့်အတိုင်း ဖုတ်ကောင်များကို ဂိတ်တံခါးတစ်ခုတည်းဖြင့် တားဆီး၍မရသည့်အပြင် ဖုတ်ကောင်များ‌ကြောင့် လုံခြုံရေးဧရိယာငယ်သည် မကြာမီ ပြိုပျက်သွားလေသည်။ သို့သော်လည်း ကျန်းမောင့်ရုန်၏ကြိုးပမ်းမှု ကျေးဇူးကြောင့် လူအများစုသည်လွတ်မြောက်ခဲ့၏။ ကျန်းမောင့်ရုန်နှင့် ကျန်လူများသည် မြို့ကနေထွက်ပြေးလွတ်မြောက်ခဲ့ကြပြီးနောက် တစ်၀က်လောက်သည် ဤနေရာတွင် အသက်ရှင်ကျန်ရစ်သူအခြေစိုက်စခန်းရှိသည်ဟုကြားပြီး ဘာမှမပြောဘဲ ထွက်ပြေးကြလေသည်။

လူပမာဏသည် များပြားသည့်အတွက်ကြောင့် ကျန်းမောင့်ရုန်သည် မြို့ထဲသို့ဝင်ရန် သူတို့ယူဆောင်လာသော စားစရာအားလုံးကို မြို့ထဲသို့၀င်ရန် ၀င်ကြေးအတွက်ပေးခဲ့ရသည်။ သူတို့နေထိုင်ရန် မြို့၏အညစ်ပတ်ဆုံးနေရာကိုသာ ရွေးချယ်နိုင်ခဲ့ပြီး၊ သူတို့သည် ရပ်တန်နားခြင်းမရှိဘဲ အပြင်ထွက်ပြီးပစ္စည်းများရှာဖွေရန် အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းခဲ့ကြသည်။

သို့သော်လည်း အဆုံးမှာတော့ ကျန်းမောင့်ရုန်သည် သာရုပ်ပိုင်းဆိုင်ရာ စွမ်းအရှင်တစ်ယောက်သာဖြစ်လေ၏။ သူသည် အနီးကပ်တိုက်ပွဲတွင်သာ တိုက်ခိုက်နိုင်ပြီး အဝေးကို မတိုက်ခိုက်နိုင်‌ပေ။ ရလဒ်အနေဖြင့် သူ၏အဖွဲ့သည်ဓာတ်ငွေ့နှင့် လက်နက်များဝယ်ယူရန် ပစ္စည်းများအများအပြားသုံးစွဲခဲ့ရသည်ကို မဆိုထားနှင့် မကြာခဏဆိုသလို အန္တရာယ်ကြုံခဲ့ကြရသည်။ တဖြည်းဖြည်းနှင့် လူအချို့သည် တက်ကြွလာကြပြီး အခြားစွမ်းအားရှင်များထံ တွယ်ကပ်စပြုလာကြသည်။ ကျန်းမောင့်ရုန်၏အဖွဲ့အရေအတွက်သည် ပိုမိုသေးငယ်လာပြီး အားနည်းပြီး မသန်စွမ်းသူ၊ လူအိုအုပ်စုကိုသာ ချန်ထားရစ်ခဲ့သည်။

ကျန်းမောင့်ရုန် အခြေအနေကိုဆက်ထိန်းထားသည်နှင့်သာ သူတို့၏ဘဝများ ခက်ခဲကြသော်လည်း အနည်းဆုံးတော့ သူတို့ အသက်ရှင်သန်နိုင်ကြသေးသည်။

သို့သော် နောက်ပိုင်းတွင် သူတို့သည်ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်တစ်ကောင်နှင့်ကြုံခဲ့ကြရသည်။ ကျန်းမောင့်ရုန်၏ စွမ်းရည်နှင့် ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်ကို ကိုင်တွယ်ဖြေရှင်းဖို့ရန်ခက်ခဲခဲ့သည်။ နောက်ဆုံးမှာတော့ သူသည်ဖုတ်ကောင်ကို သူ့ရှိသမျှနှင့်သတ်ပစ်ခဲ့သော်လည်း သူသည်လည်း ဒဏ်ရာအပြင်းအထန်ရခဲ့လေသည်။

ထိုအချိန်တွင် ဘူများသည် ပိုထွက်ခွာသွားကြပြီး လူတစ်ဒါဇင်မျှသာ ကျန်ခဲ့တော့လေသည်။ သူတို့သည် ကျန်းမောင့်ရုန်၏ ကြိုးစားအားထုတ်မှုကိုတန်ဖိုးထားကြပြီး ရိက္ခာများရရှိရန် အခြေစိုက်စခန်းတွင် အလုပ်ကြိုးစားခဲ့ကြသည်။

အပျက်အစီးများထဲတွင် ရပ်နေသည့်လူများကို မဝံ့မရဲကြည့်ရင်း ကျန့်ယွင်နှင့်စုရွေ့ကျယ်တို့သည် သူတို့အတွက် စာနာစိတ်မ၀င်ဘဲမနေနိုင်ချေ။ ဆောင်းရာသီရောက်လာပြီး ကျန်းမောင့်ရုန်နှင့် သူ့မိသားစုသည် လင်ချန်းအခြေစိုက်စခန်း၌ ဆက်လက်နေထိုင်ကြရမည်ဖြစ်သည်။ သူတို့အတွက် သေဆုံးခြင်းဟူသည့်လမ်းတစ်ခုသာရှိတော့သည်။

ကျန့်ယွင်သည် ကျန့်မောင့်ရုန်သည် မဆင်မခြင်ဖြစ်သော်လည်း သူသည် စိတ်နှလုံးကောင်းရှိသူဟု ထင်သည်။ ဤလူများသည် ကျန်းမောင့်ရုန် ဒဏ်ရာရပြနောက် သူ့ကို ပြုစုစောင့်ရှောက်ဖို့ ရွေးချယ်နေကြတုန်းပင်ဖြစ်ကာ သူတို့အားလုံးတွင် အသိတရာတချို့ရှိကြလေသည်။ လင်ချန်းအခြေစိုက်စခန်းလို နေရာမျိုးတွင် နေထိုင်စဉ် သူတို့ အလွန်ခက်ခဲကြရုံသာဖြစ်၏။ သူတို့ တောင်ပိုင်းအခြေစိုက်စခန်းကို သွားချင်ကြပါက သူတို့အလုပ်လုပ်ချင်စိတ်ရှိပြီး မလိမ်မညာတတ်သရွေ့ ဘဝကိုကောင်းကောင်းနေထိုင်နိုင်မှာဖြစ်သည်။

လင်းကျား အကြောင်းကိုတွေးရင်း စုရွေ့ကျယ်သည် သူ့ရင်ထဲတွင်လှုပ်ရှားသွားသလို ခံစားလိုက်ရသည်။ သူသည် ကျန့်ယွင်နားထဲသို့ စကားလုံးအနည်းငယ် တိုးတိုးပြောလိုက်၏။ ကျန့်ယွင်သည် ခေါင်းညိတ်ပြီး သူ့အဆိုကို အတည်ပြုလိုက်သည်။

“မင်းတို့ထွက်သွားချင်လား?”

တကယ်တမ်းတွင် ကျန့်ယွသ်သည် သူတို့ကို ကူညီဖို့ဆန္ဒရှိသောကြောင့် သူသည်တောင်ပိုင်းအခြေစိုက်စခန်းအကြောင်း ယေဘုယျဖော်ပြချက်များပေးခဲ့ပြီး သူတို့၏ထင်မြင်ယူဆချက်များကို တောင်းဆိုခဲ့သည်။

လင်ချန်းအခြေစိုက်စခန်းသည် တောင်ပိုင်းအခြေစိုက်စခန်းနှင့် သိပ်မဝေးလှပေ။ နှစ်ရက်သုံးရက် ခရီးသာရှိ၏။ မိုးတိတ်သွားပြီးနောက်လမ်းတွင်ချက်ချင်းသွားနိုင်သည်။ ဆောင်းရာသီမတိုင်မီ တောင်ပိုင်းအခြေစိုက်စခန်းသို့ ရောက်သွားနိုင်သည်။ စုရွေ့ကျယ်၏အဆိုအရ သူ လင်းကျားကို ကယ်တင်လိုသည်။ လင်းကျားသည် ရှားရှားပါးပါး ကုသနိုင်စွမ်းရှိ၏။ တောင်ပိုင်အခြေစိုက်စခန်းသို့သွားခြင်းသည် အခြေစိုက်စခန်းအတွက် များစွာအထောက်အကူဖြစ်ရမည်ဖြစ်သည်။

သို့သော် သူတို့သည် အနောက်မြောက်ဘက်ကိုသွားဖို့ အလျင်လိုနေကြသည်ဖြစ်၏။ သူတို့သည် လင်းကျားကို သူတို့နှင့်အတူခေါ်မသွားနိုင်ပေ။ အကယ်၍ သူတို့သာ တောင်ပိုင်းအခြေစိုက်စခန်းကို သွားဖို့ဆန္ဒရှိပါက သူ့ကို သူတို့နှင့်အတူ ခေါ်သွားနိုင်သည်။ ထို့အပြင် ရွှီဖုန့်ယင်းသည် ထူးဆန်းပြီး ဆူညံသည့်စရိုက်လက္ခဏာ ရှိသော်လည်း သူမ၏ စရိုက်လက္ခဏာသည် အဆင်ပြေပုံရသည်။ သူမသာ သူတို့နှင့်အတူတူဖြစ်နိုင်ပါက လမ်းသည်ပိုလုံခြုံနိုင်မည်။

“ဒါပေါ့! ဒါပေါ့!”

ကျန်းမောင့်ရုန်နှင့်တုကျန်းတို့ နှစ်ယောက်စလုံးသည် ကြက်များဆန်ကောက်နေသလိုမျိုး ခေါင်းညိတ်ပြလေ၏။ လူများအားလုံးကို တန်းတူရည်တူဆက်ဆံပြီး သာမန်လူတွေကို ကောင်းကောင်းဆက်ဆံသည့် တောင်ပိုင်းအခြေစိုက်စခန်းလိုနေရာမျိုးကို သူတို့ဘယ်လိုများစိတ်ကူးနိုင်ပါ့မလဲ? ၎င်းသည် လင်းချန်းအခြေစိုက်စခန်းနှင့် လုံးဝကို ကွဲပြားသည်။ ဒီလောက်ကောင်းတဲ့ အရာကို သူတို့ မတောင်းဆိုနိုင်ချေ။ ဘယ်လို သဘောမတူဘဲ နေနိုင်မလဲ?

“ကောင်းပြီ၊ မင်းတို့ဒီမှာနေလို့မရဘူး။ ငါတို့နဲ့ တစ်ဖက်ကို လာ”

သုံးထပ်တိုက်တွင် အခန်းများ အများကြီးမရှိသော်လည်း နေရာသည်ထူးခြားနေသေး၏။ ကြမ်းပြင်ပေါ်တွင် အိပ်ယာခင်းများခင်းပြီးနောက် ဧည့်ခန်းထဲတွင် လူတစ်ဒါဇင်လောက် ဖြစ်ညစ်တိုးထည့်လျှင်ဘအဆင်ပြေသင့်သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် မိုးတိတ်သည်နှင့်ထွက်သွားဖို့ အသင့်ဖြစ်နေပြီး ထို့ကြောင့် အထူးတလည်မလိုအပ်တော့ချေ။

သူတို့သည် မိုးရေထဲတွင် ဆန့်ကျင်ဘက် အဆောက်အဦးသို့ ပြေးကြလေ၏။

ကျန့်ယွင်နှင့် အခြားသူများသည် နှင်းလျှောစီးဝတ်စုံများ ၀တ်ဆင်ထားသောကြောင့် သူတို့ ရေအများကြီးမစိုခဲ့ပေ။ သို့သော် ကျန်းမောင့်ရုန်နှင့် အခြားသူများအားလုံးသည် စိုရွှဲနေကြလေ၏။ သူတို့၏အဝတ်အစားများသည် စုတ်ပြဲနေပြီး တံခါးဝတွင် တုန်ယင်ကာ ရပ်နေကြလေသည်။ သူတို့သည် အလွန်သနားစရာကောင်းနေပုံရ၏။

“အပေါ်ထပ်မှာ အဝတ်ဟောင်းတချို့ရှိတာ မှတ်မိတယ်။ ကျွန်တော် ယူချလာခဲ့မယ်”

စုရွေ့ကျယ်သည် ကျန့်ယွင်ကို မျက်တောင်ခတ်ပြပြီး အပေါ်ထပ်ကိုပြေးသွားလေသည်။

“အားလုံး ၀င်လာကြ။ အပြင်မှာ လေပြင်းတွေတိုက်နေတယ်”

ကျန်းရှို့လျန် မပြောဘဲ မနေနိုင်တော့ချေ။

“ကြမ်းပြင်…”

သန့်ရှင်းသပ်ရပ်သော သစ်သားကြမ်းပြင်ကို ကြည့်ပြီး တုကျန်းသည် အထဲကိုဝင်ရမည်ကို တကယ်ကို ရှက်သွားသည်။

“ဘာအဓိပ္ပါယ်မရှိတာ! ဝင်လာခဲ့”

ကျန့်ယွင်၏ မျက်ခုံးမွှေးများ မတ်တပ်ရပ်ပြီးသူ့မျက်နှာ ရှုံ့တွသွားသည်နှင့်တပြိုင်နက် ထိုလူများသည် နာခံမှုရှိစွာ ချက်ခြင်းဝင်လာကြလေသည်။

စုရွေ့ကျယ်သည် နေရာလွတ်ထဲမှ ထုတ်ပစ်ရန် စီမံထားသော အဝတ်အသစ်နှင့်အဟောင်းတစ်ဝက်စီကိုကိုင်ကာ အပေါ်ထပ်မှ ပြေးဆင်းလာလေသည်။ သူတို့သည် မြို့တော် A ၌ ရှာဖွေကယ်ဆယ်ရေးတွင် ပါဝင်ခဲ့စဉ် လမ်းတွင်စုဆောင်းခဲ့ခြင်းဖြစ်၏။ ယခုအခါ ၎င်းတို့သည် နောက်ဆုံး၌အသုံးတည့်ပြီဖြစ်သည်။ စုန့်ချန်ရှုသည် သူ့နောက်လိုက်ခဲ့၏။ သူသည် ပုံးကြီးနှစ်ပုံးကို ထမ်းလာကာ ထိုလူများ၏ ခန္ဓာကိုယ်များကို ပွတ်တိုက်ဆေးကြောရန်အတွက် ရေနွေးဖြင့်ဖြည့်လိုက်သည်။

ဝူကျင်းနှင့် ချန်းကျောင်းတို့သည် သူတို့အား ကူညီရန် အပေါ်ထပ်မှ ဆင်းလာခဲ့ကြသည်။ သူတို့သည် လက်ထဲတွင် နို့မှုန့်ဗူးတစ်ဗူးကို ယူလာကာ စုန့်ချန်ရှုပေးသော ရေနွေးပူပူကို အသုံးပြုပြီး သူတို့ အသီးသီးအတွက် နို့ပူပူတစ်ခွက်ကို ဖျော်ပေးခဲ့သည်။ ၎င်းတို့ကို တစ်ခါသုံးခွက်များထဲတွင် ထည့်ပိုးထားပြီး သူတို့တစ်ယောက်ချင်းစီကို ဝေပေးခဲ့သည်။

ခန္ဓာကိုယ်ကို ရိုးရိုးရှင်းရှင်း ပွတ်တိုက်ဆေးကြောကြပြီး ပျော့ပျောင်းနူးညံ့ပြီး သက်တောင့်သက်သာရှိသောအ၀တ်အစားများ ပြောင်းလဲပြီးနောက် နို့ပူပူကိုကိုင်ကာ တစ်ကြိမ်လျှင် အလုပ်သေးသေးစီသောက်ကာ ဖြည်းဖြည်းချင်း အရသာခံနေကြလေ၏။ သူတို့မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာလေသည်။ ဤနေ့ရက်များတွင် သူတို့သည် ခက်ခံစာအသက်ရှင်နေထိုင်ခဲ့ကြရ၏။ ဤအခိုက်အတန့်တွင် သူတို့ အိပ်မက်မက်နေသလိုခံစားနေကြရ၏။

စုရွေ့ကျယ်သည် အပေါ်ထပ်မှ စောင်များစွာကို ယူလာခဲ့ပြီး ၎င်းတို့ထဲမှ နှစ်ခုသည် သုံးထပ်တိုက်ရှိ မူလစောင်များဖြစ်ပြီး ကျန်နှစ်ခုကို စုရွေ့ကျယ်၏ နေရာလွတ်ထဲမှ ထုတ်ယူလိုက်ခြင်းဖြစ်၏။ အဆောက်အအုံအတွင်းရှိ အိပ်ယာခင်းများသည် ဖုန်မှုန့်များဖြင့်စွန်းထင်းနေပြီး သူတို့လွှင့်ပစ်လိုက်ပြီးဖြစ်သော်လည်း၊ စောင်များသည် သန့်ရှင်းနေသေးပြီး ကူရှင်များအဖြစ်သုံးခဲ့ကြသည်။ ယခုအခါ အချိန်ကိုက်ပင် ကြမ်းပြင်ပေါ်တွင်ခင်းဖို့ သုံးနိုင်ပြီဖြစ်၏။

ကျန့်ယွင်နှင့် အခြားသူများသည် ဘီစကွတ်အချို့ကိုယူကာ သူတို့ ဗိုက်ပြည့်စေရန် ဝေငှကြသည်။

“စောစောနားကြ။ မိုးတိတ်တဲ့အခါ ငါတို့ဆက်သွားမယ် ”

လင်ချန်းအခြေစိုက်စခန်းသည် သာမန်လူများကို ဘယ်တုန်းကမှ ဂရုမစိုက်ဖူးချေ။ ကျန်းမောင့်ရုန်သည် ယခုအခါ ခြေကျိုးသွားခဲ့ပြီး ​​စွန့်ပစ်ခံရတာသည်နှင့် မခြားတော့ချေ။ သူတို့သာ လင်ချန်းအခြေစိုက်စခန်းမှ ထွက်ခွာချင်သည်ဆိုလျှင် သူတို့လုံးဝဂရုစိုက်လိမ့်မည်မဟုတ်ဟု ယုံကြည်ကြသည်။

“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်!”

လူများသည် ကျေးဇူးတင်စကား ဆက်တိုက်ပြောကြလေ၏။

ကျန့်ယွင်သည် လက်ဝှေ့ယမ်းပြပြီး အနားယူဖို့ အခန်းကိုပြန်သွားခဲ့လေသည်။

ဧည့်ခန်းရှိလူများသည် အတူတကွအိပ်နေကြရသော်လည်း ဤနေ့ရက်များအတွင်း သက်တောင့်သက်သာအရှိဆုံးအိပ်စက်ကြခြင်းဖြစ်သည်။

စုရွေ့ကျယ်နှင့် ကျန့်ယွင်တို့သည် အပေါ်ထပ်သို့တက်သွားပြီးနောက် သူတို့ကိုယ်ပိုင်အခန်းများထဲသို့ တိုက်ရိုက်မ၀င်ခဲ့ကြဘဲ ဝူကျင်းနှင့် ကျန်းရှို့လျန်တို့၏အခန်းသို့သွားခဲ့ကြသည်။ သူတို့ ဝူကျင်းကိုရှာခဲ့ကြသည်။ သူတို့အနေဖြင့် လင်းကျားကို ကယ်တင်လိုသော်လည်း မကယ်တင်မီတွင် သူ့စွမ်းအင်အလွန်အကျွံသုံးစွဲမှုပြဿနာကို ဖြေရှင်းရန် ကူညီပေးရမည်ဖြစ်သည်။ ဝူကျင်း၏စွမ်းရည်သည် အလွန်ထူးခြား၏။ လင်းကျားထောင်ကျနေသည့်နေရာကို ပိုမိုတင်းတင်းကျပ်ကျပ်ကာကွယ်ထားလျှင်တောင် ဝူကျင်း၏ရှေ့တွင် အသုံးမ၀င်ချေ။ သူမသည် ဆန္ဒရှိသလိုဝင်ထွက်နိုင်သည်။

သူတို့သည် ဝူကျင်းအား လင်းကျား၏နေရာကို တိတ်တဆိတ် သွားပြီး သူ့စွမ်းအားများကို ထောက်ပံ့ပေးပြီး သူ့ခွန်အားကို တတ်နိုင်သမျှအမြန်ဆုံး ပြန်လည်ကောင်းမွန်စေရန် အမြုတေတချို့ပို့ပေးခိုင်းပြီး ထို့နောက် တောင်ပိုင်းအခြေစိုက်စခန်း၏အခြေ အနေကို ပြောပြခိုင်းရန် စီစဉ်ထားသည်။ သူသာ တောင်ပိုင်းအခြေစိုက်စခန်းကို သွားလိုသည့် ဆန္ဒရှိသ၍ သူတို့ သူ့ကို ကယ်တင်ဖို့ နည်းလမ်းရှာကြမည်ဖြစ်သည်။

၎င်းကိုပြောနိုင်သော်လည်း ဝူကျင်းသည် သူမဆန်တီကြီးရောက်လာပြီး အအေးမိ‌၍ နေမကောင်းဖြစ်နေသည်။ သူတို့သည် သူမကို မိုးရေထဲအပြင်ထွက်ခိုင်းရလို့ စိတ်မကောင်းသော်လည်း သူတို့တွင် အချိန်မရှိချေ။ မိုးဘယ်တော့စဲမလဲဆိုသည်ကို သူတို့မသိကြချေ။ ဤနေရာတွင် နှောင့်နှေးဖို့ အချိန်အများကြီးမရှိပေ။ ကံကောင်းစွာဖြင့် လင်းကျားသည် ဒီနေရာနှင့်သိပ်မဝေးဘူးချေ။ အသွားအပြန်ဆို အချိန်အများကြီးမကြာပါချေ။ အမှောင်နှင့်မိုးရွာသည်ကို အခွင့်ကောင်းယူရသည်မှာ ပိုအဆင်ပြေလေ၏။

🍒🍒


My Cherry Will Explode in the Apocalypse

Chapter 86《 အသိခ်ိဳ႕ႏွင့္ဆုံျင္း

Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク

“က်န႔္ရႈံးတိ!”

လူတစ္ဦးသည္ ပ်က္စီးေနေသာအိမ္မွ ေျခေထာ့နဲ႕ႏွင့္ထြက္လာၿပီး က်န႔္ယြင္၏မ်ိဳးရိုးနာမည္ကို လွမ္းေခၚလိုက္သည္။
【TN : ေကာ(gē) အစ္ကို ၊ ရႈံးတိ (xiōng dì) ညီေလး】

က်န႔္ယြင္သည္ တစ္ဖက္လူကို အံ့အားသင့္စြာၾကည့္လိုက္၏။ သူ႕မွာ ဒီလူႏွင့္ပတ္သတ္ၿပီး အထင္ႀကီးစရာမရွိခဲ့ပါေခ်။

“က်န႔္ရႈံးတိ၊ ငါက က်န္းေမာင့္႐ုန္ပါ! ”

ထိုလူသည္ က်န႔္ယြင္၏သံသယမ်ားကိုျမင္ၿပီး သူ႕မည္သူမည္ဝါျဖစ္ေၾကာင္း အလ်င္အျမန္ျပသခဲ့သည္။

သူ႕နာမည္ ေျပာျပခဲ့ေသာ္လည္း က်န႔္ယြင္သည္ ဒီလူႏွင့္ရင္းႏွီးသလို ခံစားခဲ့ရေပမယ့္ သူဘယ္သူလဲဆိုသည္ကိုေတာ့ မမွတ္မိေသးပါေခ်။

မွတ္မိခဲ့သည့္သူမွာေတာ့ စုေ႐ြ႕က်ယ္ျဖစ္ေလသည္။  အဲ့ဒိေဘးကင္းေရးဇုန္ငယ္တစ္ခုကို တစ္ေယာက္တည္းထူေထာင္ကာ လြတ္ေျမာက္လာသူမ်ားကို ကိုယ္ခံပညာျဖင့္ကာကြယ္ခဲ့သည့္သူမဟုတ္လား? စုေ႐ြ႕က်ယ္သည္ ဤလူကိုစဥ္းစားနိုင္သည္မွာ ခ်န္ေဟြ႕က်န္းႏွင့္ စုခ်ီမင္းတို႔လည္း ေဘးကင္းေရးဇုန္၌ေပၚလာခဲ့ေသာ‌ းေၾကာင့္ျဖစ္သည္။

စုေ႐ြ႕က်ယ္သည္ က်န႔္ယြင္ကို တိုးတိုးေလးသတိေပးလိုက္ၿပီး ေနာက္ဆုံးမွာေတာ့ က်န႔္ယြင္သည္ ဒီလူကိုမွတ္မိသြားေလ၏။ ထိုသူ႕အေပၚ သူ႕ပထမဆုံးအထင္အျမင္သည္ အဆင္ေျပ၏။ အဘယ္ေၾကာင့္ဆိုေသာ္ သူသည္ ေဘးကင္းေရးဇုန္တစ္ခုကိုတည္ေထာင္ခဲ့ၿပီး ေတာင္ရွင္ဘုရင္မျဖစ္ခ်င္ခဲ့‌ေပ၊ သို႔ေသာ္ လူအမ်ားအျပားကို ေဘးကင္းရန္သူ႕အမွတ္တကယ္ လိုခ်င္ခဲ့သည္ျဖစ္သည္။ အႏၱရာယ္တစ္ခုရွိသည့္အခ်ိန္တြင္ သူသည္ ေရွ႕ကို အေျပးအလႊားသြားရန္ ဆႏၵရွိလိမ့္မည္ျဖစ္သည္။။

က်န္းေမာင့္႐ုန္ႏွင့္ သူသည္ ဤအခ်ိန္တြင္ အမ်ားႀကီး ေျပာင္းလဲသြားခဲ့ၿပီျဖစ္၏။ နဂိုထိပ္ေျပာင္တဲ့ ဦးေခါင္းႀကီးဟာ ဆံပင္မ်ားေပါက္လာခဲ့ၿပီး ဆံပင္ပုံစံသည္ ေျပာမျပနိုင္ေပ။ ဆံပင္ပုံစံသည္ ၾကက္အသိုက္ႏွင့္တူ၏။ သူ႕ခႏၶာကိုယ္သည္ ယခင္ကလို သန္မာေသာ္လည္း သူ႕ဘယ္ဘက္ေျခေထာက္တြင္  အမာ႐ြတ္မ်ား အမ်ားႀကီးရွိၿပီး သူ႕ဘယ္ေျခေထာက္သည္ ေထာ့နဲ႕ေနေလ၏။ ေျခေထာက္ကို သစ္သားႏွင့္ တြဲခ်ည္ႏွောင္ထားၿပီး အရိုးက်ိဳးေနသည့္ပုံပင္ျဖစ္၏။

“ခင္ဗ်ား ဘာျဖစ္ခဲ့တာလဲ? ”

အေကာင္းဆုံးျဖစ္နိုင္သည္ျဖစ္ေစ မျဖစ္နိုင္သည္ျဖစ္ေစ သူသည္ ႐ုပ္ပိုင္းဆိုင္ရာစြမ္းအားရွင္တစ္ဦးလည္းျဖစ္၏။ ထိုကဲ့သို႔ ဆိုး႐ြားေသာအေျခအေနသို႔ မည္သို႔က်ေရာက္နိုင္သနည္း? လင္ခ်န္းအေျခစိုက္စခန္း၌ စြမ္းအားရွင္မ်ား၏ ဆက္ဆံမႈသည္ အလြန္ေကာင္းမြန္သည္ဟု သူတို႔ေျပာသည္မဟုတ္ပါေလာ?။

က်န္းေမာင့္႐ုန္သည္ တုံ႕ဆိုင္းသြားၿပီး အသံအနည္းငယ္ေျပာစရာစကားမဲ့သြားေလသည္။

“အာ! က်န္းေကာ! အဲ့ဒါကို ကြၽန္ေတာ္ေျပာပါရေစ! ”

ထိုအခ်ိန္တြင္ အိမ္ထဲမွ အျခားလူငယ္တစ္ဦး ထြက္လာ၏။ သူသည္ လုံၿခဳံေရးဧရိယာတြင္ ဂိတ္ေစာင့္တာဝန္ယူထားသူတစ္ေယာက္ျဖစ္၏။ ယခင္ကသူသည္ သူတို႔၏ SUV ကားကို စိတ္ဝင္စားခဲ့သူလည္းျဖစ္ၿပီး ၎ကို က်န္းေကာဆီသို႔အပ္ႏွံေပးခ်င္ခဲ့သည္။

ဤလူငယ္သည္ တုက်န္းဟုေခၚၿပီး လိုက္ေလ်ာညီေထြရွိသည့္ စိတ္ဓာတ္မ်ိဳးရွိ၏။ ကမၻာပ်က္ကပ္ႀကီးစတင္ေပါက္ကြဲလာၿပီးေနာက္ သူကို ဖုတ္ေကာင္မ်ားလက္မွ က်န္းေမာင့္႐ုန္ကကယ္တင္ခဲ့သည္။ ထိုကတည္းက သူသည္ က်န္းေမာင့္႐ုန္ေနာက္သို႔ လိုက္လာခဲ့ျခင္းျဖစ္သည္။

တုက်န္းသည္ အလြန္စကားေျပျပစ္သူျဖစ္၏။ သူသည္ သူတို႔အဖြဲ႕မွထြက္ခြာသြားၿပီးေနာက္ ဘာေတြျဖစ္ပ်က္ခဲ့သလဲဆိုသည္ကို မၾကာမီပင္ က်န႔္ယြင္ကို စတင္ေျပာျပေလေတာ့၏။ က်န႔္ယြင္ ႏွင့္ အျခားသူမ်ား ထြက္ခြာသြားၿပီးေနာက္ မိုးစတင္႐ြာလာခဲ့သည္။ မိုးတိတ္သြားသည့္အခ်ိန္တြင္ ဖုတ္ေကာင္မ်ား၏အင္အားသည္ မ်ားစြာတိုးလာခဲ့သည္။

အစပိုင္းတြင္ က်န႔္ယြင္ သူတို႔ကို သတိေပးခဲ့သည့္အတိုင္း ဖုတ္ေကာင္မ်ားကို ဂိတ္တံခါးတစ္ခုတည္းျဖင့္ တားဆီး၍မရသည့္အျပင္ ဖုတ္ေကာင္မ်ား‌ေၾကာင့္ လုံၿခဳံေရးဧရိယာငယ္သည္ မၾကာမီ ၿပိဳပ်က္သြားေလသည္။ သို႔ေသာ္လည္း က်န္းေမာင့္႐ုန္၏ႀကိဳးပမ္းမႈ ေက်းဇူးေၾကာင့္ လူအမ်ားစုသည္လြတ္ေျမာက္ခဲ့၏။ က်န္းေမာင့္႐ုန္ႏွင့္ က်န္လူမ်ားသည္ ၿမိဳ႕ကေနထြက္ေျပးလြတ္ေျမာက္ခဲ့ၾကၿပီးေနာက္ တစ္၀က္ေလာက္သည္ ဤေနရာတြင္ အသက္ရွင္က်န္ရစ္သူအေျခစိုက္စခန္းရွိသည္ဟုၾကားၿပီး ဘာမွမေျပာဘဲ ထြက္ေျပးၾကေလသည္။

လူပမာဏသည္ မ်ားျပားသည့္အတြက္ေၾကာင့္ က်န္းေမာင့္႐ုန္သည္ ၿမိဳ႕ထဲသို႔ဝင္ရန္ သူတို႔ယူေဆာင္လာေသာ စားစရာအားလုံးကို ၿမိဳ႕ထဲသို႔၀င္ရန္ ၀င္ေၾကးအတြက္ေပးခဲ့ရသည္။ သူတို႔ေနထိုင္ရန္ ၿမိဳ႕၏အညစ္ပတ္ဆုံးေနရာကိုသာ ေ႐ြးခ်ယ္နိုင္ခဲ့ၿပီး၊ သူတို႔သည္ ရပ္တန္နားျခင္းမရွိဘဲ အျပင္ထြက္ၿပီးပစၥည္းမ်ားရွာေဖြရန္ အဖြဲ႕တစ္ဖြဲ႕ဖြဲ႕စည္းခဲ့ၾကသည္။

သို႔ေသာ္လည္း အဆုံးမွာေတာ့ က်န္းေမာင့္႐ုန္သည္ သာ႐ုပ္ပိုင္းဆိုင္ရာ စြမ္းအရွင္တစ္ေယာက္သာျဖစ္ေလ၏။ သူသည္ အနီးကပ္တိုက္ပြဲတြင္သာ တိုက္ခိုက္နိုင္ၿပီး အေဝးကို မတိုက္ခိုက္နိုင္‌ေပ။ ရလဒ္အေနျဖင့္ သူ၏အဖြဲ႕သည္ဓာတ္ေငြ႕ႏွင့္ လက္နက္မ်ားဝယ္ယူရန္ ပစၥည္းမ်ားအမ်ားအျပားသုံးစြဲခဲ့ရသည္ကို မဆိုထားႏွင့္ မၾကာခဏဆိုသလို အႏၱရာယ္ႀကဳံခဲ့ၾကရသည္။ တျဖည္းျဖည္းႏွင့္ လူအခ်ိဳ႕သည္ တက္ႂကြလာၾကၿပီး အျခားစြမ္းအားရွင္မ်ားထံ တြယ္ကပ္စျပဳလာၾကသည္။ က်န္းေမာင့္႐ုန္၏အဖြဲ႕အေရအတြက္သည္ ပိုမိုေသးငယ္လာၿပီး အားနည္းၿပီး မသန္စြမ္းသူ၊ လူအိုအုပ္စုကိုသာ ခ်န္ထားရစ္ခဲ့သည္။

က်န္းေမာင့္႐ုန္ အေျခအေနကိုဆက္ထိန္းထားသည္ႏွင့္သာ သူတို႔၏ဘဝမ်ား ခက္ခဲၾကေသာ္လည္း အနည္းဆုံးေတာ့ သူတို႔ အသက္ရွင္သန္နိုင္ၾကေသးသည္။

သို႔ေသာ္ ေနာက္ပိုင္းတြင္ သူတို႔သည္ဆင့္ကဲေျပာင္းလဲလာေသာ ဖုတ္ေကာင္တစ္ေကာင္ႏွင့္ႀကဳံခဲ့ၾကရသည္။ က်န္းေမာင့္႐ုန္၏ စြမ္းရည္ႏွင့္ ဆင့္ကဲေျပာင္းလဲလာေသာ ဖုတ္ေကာင္ကို ကိုင္တြယ္ေျဖရွင္းဖို႔ရန္ခက္ခဲခဲ့သည္။ ေနာက္ဆုံးမွာေတာ့ သူသည္ဖုတ္ေကာင္ကို သူ႕ရွိသမွ်ႏွင့္သတ္ပစ္ခဲ့ေသာ္လည္း သူသည္လည္း ဒဏ္ရာအျပင္းအထန္ရခဲ့ေလသည္။

ထိုအခ်ိန္တြင္ ဘူမ်ားသည္ ပိုထြက္ခြာသြားၾကၿပီး လူတစ္ဒါဇင္မွ်သာ က်န္ခဲ့ေတာ့ေလသည္။ သူတို႔သည္ က်န္းေမာင့္႐ုန္၏ ႀကိဳးစားအားထုတ္မႈကိုတန္ဖိုးထားၾကၿပီး ရိကၡာမ်ားရရွိရန္ အေျခစိုက္စခန္းတြင္ အလုပ္ႀကိဳးစားခဲ့ၾကသည္။

အပ်က္အစီးမ်ားထဲတြင္ ရပ္ေနသည့္လူမ်ားကို မဝံ့မရဲၾကည့္ရင္း က်န႔္ယြင္ႏွင့္စုေ႐ြ႕က်ယ္တို႔သည္ သူတို႔အတြက္ စာနာစိတ္မ၀င္ဘဲမေနနိုင္ေခ်။ ေဆာင္းရာသီေရာက္လာၿပီး က်န္းေမာင့္႐ုန္ႏွင့္ သူ႕မိသားစုသည္ လင္ခ်န္းအေျခစိုက္စခန္း၌ ဆက္လက္ေနထိုင္ၾကရမည္ျဖစ္သည္။ သူတို႔အတြက္ ေသဆုံးျခင္းဟူသည့္လမ္းတစ္ခုသာရွိေတာ့သည္။

က်န႔္ယြင္သည္ က်န႔္ေမာင့္႐ုန္သည္ မဆင္မျခင္ျဖစ္ေသာ္လည္း သူသည္ စိတ္ႏွလုံးေကာင္းရွိသူဟု ထင္သည္။ ဤလူမ်ားသည္ က်န္းေမာင့္႐ုန္ ဒဏ္ရာရျပေနာက္ သူ႕ကို ျပဳစုေစာင့္ေရွာက္ဖို႔ ေ႐ြးခ်ယ္ေနၾကတုန္းပင္ျဖစ္ကာ သူတို႔အားလုံးတြင္ အသိတရာတခ်ိဳ႕ရွိၾကေလသည္။ လင္ခ်န္းအေျခစိုက္စခန္းလို ေနရာမ်ိဳးတြင္ ေနထိုင္စဥ္ သူတို႔ အလြန္ခက္ခဲၾက႐ုံသာျဖစ္၏။ သူတို႔ ေတာင္ပိုင္းအေျခစိုက္စခန္းကို သြားခ်င္ၾကပါက သူတို႔အလုပ္လုပ္ခ်င္စိတ္ရွိၿပီး မလိမ္မညာတတ္သေ႐ြ႕ ဘဝကိုေကာင္းေကာင္းေနထိုင္နိုင္မွာျဖစ္သည္။

လင္းက်ား အေၾကာင္းကိုေတြးရင္း စုေ႐ြ႕က်ယ္သည္ သူ႕ရင္ထဲတြင္လႈပ္ရွားသြားသလို ခံစားလိုက္ရသည္။ သူသည္ က်န႔္ယြင္နားထဲသို႔ စကားလုံးအနည္းငယ္ တိုးတိုးေျပာလိုက္၏။ က်န႔္ယြင္သည္ ေခါင္းညိတ္ၿပီး သူ႕အဆိုကို အတည္ျပဳလိုက္သည္။

“မင္းတို႔ထြက္သြားခ်င္လား?”

တကယ္တမ္းတြင္ က်န႔္ယြသ္သည္ သူတို႔ကို ကူညီဖို႔ဆႏၵရွိေသာေၾကာင့္ သူသည္ေတာင္ပိုင္းအေျခစိုက္စခန္းအေၾကာင္း ေယဘုယ်ေဖာ္ျပခ်က္မ်ားေပးခဲ့ၿပီး သူတို႔၏ထင္ျမင္ယူဆခ်က္မ်ားကို ေတာင္းဆိုခဲ့သည္။

လင္ခ်န္းအေျခစိုက္စခန္းသည္ ေတာင္ပိုင္းအေျခစိုက္စခန္းႏွင့္ သိပ္မေဝးလွေပ။ ႏွစ္ရက္သုံးရက္ ခရီးသာရွိ၏။ မိုးတိတ္သြားၿပီးေနာက္လမ္းတြင္ခ်က္ခ်င္းသြားနိုင္သည္။ ေဆာင္းရာသီမတိုင္မီ ေတာင္ပိုင္းအေျခစိုက္စခန္းသို႔ ေရာက္သြားနိုင္သည္။ စုေ႐ြ႕က်ယ္၏အဆိုအရ သူ လင္းက်ားကို ကယ္တင္လိုသည္။ လင္းက်ားသည္ ရွားရွားပါးပါး ကုသနိုင္စြမ္းရွိ၏။ ေတာင္ပိုင္အေျခစိုက္စခန္းသို႔သြားျခင္းသည္ အေျခစိုက္စခန္းအတြက္ မ်ားစြာအေထာက္အကူျဖစ္ရမည္ျဖစ္သည္။

သို႔ေသာ္ သူတို႔သည္ အေနာက္ေျမာက္ဘက္ကိုသြားဖို႔ အလ်င္လိုေနၾကသည္ျဖစ္၏။ သူတို႔သည္ လင္းက်ားကို သူတို႔ႏွင့္အတူေခၚမသြားနိုင္ေပ။ အကယ္၍ သူတို႔သာ ေတာင္ပိုင္းအေျခစိုက္စခန္းကို သြားဖို႔ဆႏၵရွိပါက သူ႕ကို သူတို႔ႏွင့္အတူ ေခၚသြားနိုင္သည္။ ထို႔အျပင္ ႐ႊီဖုန႔္ယင္းသည္ ထူးဆန္းၿပီး ဆူညံသည့္စရိုက္လကၡဏာ ရွိေသာ္လည္း သူမ၏ စရိုက္လကၡဏာသည္ အဆင္ေျပပုံရသည္။ သူမသာ သူတို႔ႏွင့္အတူတူျဖစ္နိုင္ပါက လမ္းသည္ပိုလုံၿခဳံနိုင္မည္။

“ဒါေပါ့! ဒါေပါ့!”

က်န္းေမာင့္႐ုန္ႏွင့္တုက်န္းတို႔ ႏွစ္ေယာက္စလုံးသည္ ၾကက္မ်ားဆန္ေကာက္ေနသလိုမ်ိဳး ေခါင္းညိတ္ျပေလ၏။ လူမ်ားအားလုံးကို တန္းတူရည္တူဆက္ဆံၿပီး သာမန္လူေတြကို ေကာင္းေကာင္းဆက္ဆံသည့္ ေတာင္ပိုင္းအေျခစိုက္စခန္းလိုေနရာမ်ိဳးကို သူတို႔ဘယ္လိုမ်ားစိတ္ကူးနိုင္ပါ့မလဲ? ၎သည္ လင္းခ်န္းအေျခစိုက္စခန္းႏွင့္ လုံးဝကို ကြဲျပားသည္။ ဒီေလာက္ေကာင္းတဲ့ အရာကို သူတို႔ မေတာင္းဆိုနိုင္ေခ်။ ဘယ္လို သေဘာမတူဘဲ ေနနိုင္မလဲ?

“ေကာင္းၿပီ၊ မင္းတို႔ဒီမွာေနလို႔မရဘူး။ ငါတို႔နဲ႕ တစ္ဖက္ကို လာ”

သုံးထပ္တိုက္တြင္ အခန္းမ်ား အမ်ားႀကီးမရွိေသာ္လည္း ေနရာသည္ထူးျခားေနေသး၏။ ၾကမ္းျပင္ေပၚတြင္ အိပ္ယာခင္းမ်ားခင္းၿပီးေနာက္ ဧည့္ခန္းထဲတြင္ လူတစ္ဒါဇင္ေလာက္ ျဖစ္ညစ္တိုးထည့္လွ်င္ဘအဆင္ေျပသင့္သည္။ မည္သို႔ပင္ျဖစ္ေစ သူတို႔သည္ မိုးတိတ္သည္ႏွင့္ထြက္သြားဖို႔ အသင့္ျဖစ္ေနၿပီး ထို႔ေၾကာင့္ အထူးတလည္မလိုအပ္ေတာ့ေခ်။

သူတို႔သည္ မိုးေရထဲတြင္ ဆန႔္က်င္ဘက္ အေဆာက္အဦးသို႔ ေျပးၾကေလ၏။

က်န႔္ယြင္ႏွင့္ အျခားသူမ်ားသည္ ႏွင္းေလွ်ာစီးဝတ္စုံမ်ား ၀တ္ဆင္ထားေသာေၾကာင့္ သူတို႔ ေရအမ်ားႀကီးမစိုခဲ့ေပ။ သို႔ေသာ္ က်န္းေမာင့္႐ုန္ႏွင့္ အျခားသူမ်ားအားလုံးသည္ စို႐ႊဲေနၾကေလ၏။ သူတို႔၏အဝတ္အစားမ်ားသည္ စုတ္ၿပဲေနၿပီး တံခါးဝတြင္ တုန္ယင္ကာ ရပ္ေနၾကေလသည္။ သူတို႔သည္ အလြန္သနားစရာေကာင္းေနပုံရ၏။

“အေပၚထပ္မွာ အဝတ္ေဟာင္းတခ်ိဳ႕ရွိတာ မွတ္မိတယ္။ ကြၽန္ေတာ္ ယူခ်လာခဲ့မယ္”

စုေ႐ြ႕က်ယ္သည္ က်န႔္ယြင္ကို မ်က္ေတာင္ခတ္ျပၿပီး အေပၚထပ္ကိုေျပးသြားေလသည္။

“အားလုံး ၀င္လာၾက။ အျပင္မွာ ေလျပင္းေတြတိုက္ေနတယ္”

က်န္းရွို႔လ်န္ မေျပာဘဲ မေနနိုင္ေတာ့ေခ်။

“ၾကမ္းျပင္…”

သန႔္ရွင္းသပ္ရပ္ေသာ သစ္သားၾကမ္းျပင္ကို ၾကည့္ၿပီး တုက်န္းသည္ အထဲကိုဝင္ရမည္ကို တကယ္ကို ရွက္သြားသည္။

“ဘာအဓိပၸါယ္မရွိတာ! ဝင္လာခဲ့”

က်န႔္ယြင္၏ မ်က္ခုံးေမႊးမ်ား မတ္တပ္ရပ္ၿပီးသူ႕မ်က္ႏွာ ရႈံ႕တြသြားသည္ႏွင့္တၿပိဳင္နက္ ထိုလူမ်ားသည္ နာခံမႈရွိစြာ ခ်က္ျခင္းဝင္လာၾကေလသည္။

စုေ႐ြ႕က်ယ္သည္ ေနရာလြတ္ထဲမွ ထုတ္ပစ္ရန္ စီမံထားေသာ အဝတ္အသစ္ႏွင့္အေဟာင္းတစ္ဝက္စီကိုကိုင္ကာ အေပၚထပ္မွ ေျပးဆင္းလာေလသည္။ သူတို႔သည္ ၿမိဳ႕ေတာ္ A ၌ ရွာေဖြကယ္ဆယ္ေရးတြင္ ပါဝင္ခဲ့စဥ္ လမ္းတြင္စုေဆာင္းခဲ့ျခင္းျဖစ္၏။ ယခုအခါ ၎တို႔သည္ ေနာက္ဆုံး၌အသုံးတည့္ၿပီျဖစ္သည္။ စုန႔္ခ်န္ရႈသည္ သူ႕ေနာက္လိုက္ခဲ့၏။ သူသည္ ပုံးႀကီးႏွစ္ပုံးကို ထမ္းလာကာ ထိုလူမ်ား၏ ခႏၶာကိုယ္မ်ားကို ပြတ္တိုက္ေဆးေၾကာရန္အတြက္ ေရႏြေးျဖင့္ျဖည့္လိုက္သည္။

ဝူက်င္းႏွင့္ ခ်န္းေက်ာင္းတို႔သည္ သူတို႔အား ကူညီရန္ အေပၚထပ္မွ ဆင္းလာခဲ့ၾကသည္။ သူတို႔သည္ လက္ထဲတြင္ နို႔မႈန႔္ဗူးတစ္ဗူးကို ယူလာကာ စုန႔္ခ်န္ရႈေပးေသာ ေရႏြေးပူပူကို အသုံးျပဳၿပီး သူတို႔ အသီးသီးအတြက္ နို႔ပူပူတစ္ခြက္ကို ေဖ်ာ္ေပးခဲ့သည္။ ၎တို႔ကို တစ္ခါသုံးခြက္မ်ားထဲတြင္ ထည့္ပိုးထားၿပီး သူတို႔တစ္ေယာက္ခ်င္းစီကို ေဝေပးခဲ့သည္။

ခႏၶာကိုယ္ကို ရိုးရိုးရွင္းရွင္း ပြတ္တိုက္ေဆးေၾကာၾကၿပီး ေပ်ာ့ေပ်ာင္းႏူးညံ့ၿပီး သက္ေတာင့္သက္သာရွိေသာအ၀တ္အစားမ်ား ေျပာင္းလဲၿပီးေနာက္ နို႔ပူပူကိုကိုင္ကာ တစ္ႀကိမ္လွ်င္ အလုပ္ေသးေသးစီေသာက္ကာ ျဖည္းျဖည္းခ်င္း အရသာခံေနၾကေလ၏။ သူတို႔မ်က္လုံးမ်ားထဲမွ မ်က္ရည္မ်ား စီးက်လာေလသည္။ ဤေန႕ရက္မ်ားတြင္ သူတို႔သည္ ခက္ခံစာအသက္ရွင္ေနထိုင္ခဲ့ၾကရ၏။ ဤအခိုက္အတန႔္တြင္ သူတို႔ အိပ္မက္မက္ေနသလိုခံစားေနၾကရ၏။

စုေ႐ြ႕က်ယ္သည္ အေပၚထပ္မွ ေစာင္မ်ားစြာကို ယူလာခဲ့ၿပီး ၎တို႔ထဲမွ ႏွစ္ခုသည္ သုံးထပ္တိုက္ရွိ မူလေစာင္မ်ားျဖစ္ၿပီး က်န္ႏွစ္ခုကို စုေ႐ြ႕က်ယ္၏ ေနရာလြတ္ထဲမွ ထုတ္ယူလိုက္ျခင္းျဖစ္၏။ အေဆာက္အအုံအတြင္းရွိ အိပ္ယာခင္းမ်ားသည္ ဖုန္မႈန႔္မ်ားျဖင့္စြန္းထင္းေနၿပီး သူတို႔လႊင့္ပစ္လိုက္ၿပီးျဖစ္ေသာ္လည္း၊ ေစာင္မ်ားသည္ သန႔္ရွင္းေနေသးၿပီး ကူရွင္မ်ားအျဖစ္သုံးခဲ့ၾကသည္။ ယခုအခါ အခ်ိန္ကိုက္ပင္ ၾကမ္းျပင္ေပၚတြင္ခင္းဖို႔ သုံးနိုင္ၿပီျဖစ္၏။

က်န႔္ယြင္ႏွင့္ အျခားသူမ်ားသည္ ဘီစကြတ္အခ်ိဳ႕ကိုယူကာ သူတို႔ ဗိုက္ျပည့္ေစရန္ ေဝငွၾကသည္။

“ေစာေစာနားၾက။ မိုးတိတ္တဲ့အခါ ငါတို႔ဆက္သြားမယ္ ”

လင္ခ်န္းအေျခစိုက္စခန္းသည္ သာမန္လူမ်ားကို ဘယ္တုန္းကမွ ဂ႐ုမစိုက္ဖူးေခ်။ က်န္းေမာင့္႐ုန္သည္ ယခုအခါ ေျခက်ိဳးသြားခဲ့ၿပီး ​​စြန႔္ပစ္ခံရတာသည္ႏွင့္ မျခားေတာ့ေခ်။ သူတို႔သာ လင္ခ်န္းအေျခစိုက္စခန္းမွ ထြက္ခြာခ်င္သည္ဆိုလွ်င္ သူတို႔လုံးဝဂ႐ုစိုက္လိမ့္မည္မဟုတ္ဟု ယုံၾကည္ၾကသည္။

“ေက်းဇူးတင္ပါတယ္၊ ေက်းဇူးတင္ပါတယ္!”

လူမ်ားသည္ ေက်းဇူးတင္စကား ဆက္တိုက္ေျပာၾကေလ၏။

က်န႔္ယြင္သည္ လက္ေဝွ႕ယမ္းျပၿပီး အနားယူဖို႔ အခန္းကိုျပန္သြားခဲ့ေလသည္။

ဧည့္ခန္းရွိလူမ်ားသည္ အတူတကြအိပ္ေနၾကရေသာ္လည္း ဤေန႕ရက္မ်ားအတြင္း သက္ေတာင့္သက္သာအရွိဆုံးအိပ္စက္ၾကျခင္းျဖစ္သည္။

စုေ႐ြ႕က်ယ္ႏွင့္ က်န႔္ယြင္တို႔သည္ အေပၚထပ္သို႔တက္သြားၿပီးေနာက္ သူတို႔ကိုယ္ပိုင္အခန္းမ်ားထဲသို႔ တိုက္ရိုက္မ၀င္ခဲ့ၾကဘဲ ဝူက်င္းႏွင့္ က်န္းရွို႔လ်န္တို႔၏အခန္းသို႔သြားခဲ့ၾကသည္။ သူတို႔ ဝူက်င္းကိုရွာခဲ့ၾကသည္။ သူတို႔အေနျဖင့္ လင္းက်ားကို ကယ္တင္လိုေသာ္လည္း မကယ္တင္မီတြင္ သူ႕စြမ္းအင္အလြန္အကြၽံသုံးစြဲမႈျပႆနာကို ေျဖရွင္းရန္ ကူညီေပးရမည္ျဖစ္သည္။ ဝူက်င္း၏စြမ္းရည္သည္ အလြန္ထူးျခား၏။ လင္းက်ားေထာင္က်ေနသည့္ေနရာကို ပိုမိုတင္းတင္းက်ပ္က်ပ္ကာကြယ္ထားလွ်င္ေတာင္ ဝူက်င္း၏ေရွ႕တြင္ အသုံးမ၀င္ေခ်။ သူမသည္ ဆႏၵရွိသလိုဝင္ထြက္နိုင္သည္။

သူတို႔သည္ ဝူက်င္းအား လင္းက်ား၏ေနရာကို တိတ္တဆိတ္ သြားၿပီး သူ႕စြမ္းအားမ်ားကို ေထာက္ပံ့ေပးၿပီး သူ႕ခြန္အားကို တတ္နိုင္သမွ်အျမန္ဆုံး ျပန္လည္ေကာင္းမြန္ေစရန္ အျမဳေတတခ်ိဳ႕ပို႔ေပးခိုင္းၿပီး ထို႔ေနာက္ ေတာင္ပိုင္းအေျခစိုက္စခန္း၏အေျခ အေနကို ေျပာျပခိုင္းရန္ စီစဥ္ထားသည္။ သူသာ ေတာင္ပိုင္းအေျခစိုက္စခန္းကို သြားလိုသည့္ ဆႏၵရွိသ၍ သူတို႔ သူ႕ကို ကယ္တင္ဖို႔ နည္းလမ္းရွာၾကမည္ျဖစ္သည္။

၎ကိုေျပာနိုင္ေသာ္လည္း ဝူက်င္းသည္ သူမဆန္တီႀကီးေရာက္လာၿပီး အေအးမိ‌၍ ေနမေကာင္းျဖစ္ေနသည္။ သူတို႔သည္ သူမကို မိုးေရထဲအျပင္ထြက္ခိုင္းရလို႔ စိတ္မေကာင္းေသာ္လည္း သူတို႔တြင္ အခ်ိန္မရွိေခ်။ မိုးဘယ္ေတာ့စဲမလဲဆိုသည္ကို သူတို႔မသိၾကေခ်။ ဤေနရာတြင္ ႏွောင့္ႏွေးဖို႔ အခ်ိန္အမ်ားႀကီးမရွိေပ။ ကံေကာင္းစြာျဖင့္ လင္းက်ားသည္ ဒီေနရာႏွင့္သိပ္မေဝးဘူးေခ်။ အသြားအျပန္ဆို အခ်ိန္အမ်ားႀကီးမၾကာပါေခ်။ အေမွာင္ႏွင့္မိုး႐ြာသည္ကို အခြင့္ေကာင္းယူရသည္မွာ ပိုအဆင္ေျပေလ၏။

🍒🍒

Continue Reading

You'll Also Like

733K 7.8K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
616K 84.9K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
403K 10.1K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
121K 23.1K 53
အရင် Acc ကဝင်မရလို့ Book ခွဲလိုက်ပါပြီနော် Book 1 ကို Boရဲ့ Reading list ထဲမှာ ဝင်ကြည့်ပေးကြပါရှင့်