My Cherry Will Explode in the...

By tobefly_highhigh

648K 93.8K 1.4K

《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံ... More

Description
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷《ကျန့်ယွင်နှင့်‌ နောက်တဖန်ပြန်ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸《‌နေရာလွတ်တစ်ခုရှိနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹 《ဆက်ဆံရေးက အလွဲတစ်ခုနဲ့စတင်ခဲ့တယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺 《မှော်ဆန်သောအရုပ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻 《ထပ်မရှောင်နိုင်တော့ ဆုံရပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼《ရှင်းရှင်းလင်းလင်းလုပ်ကြစို့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽《အမြတ်အစွန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾《ဒဏ်ရာများအား ဂရုစိုက်ပေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿 《အိပ်ယာအား အတူမျှဝေခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶《ဈေး၀ယ်ထွက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷《‌ကောင်းမွန်သောအရာများဆက်လက်ဖြစ်ပျက်နေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟸《ဖြိုဖျက်ရေးနှင့်ပြန်လည်နေရာချထားရေးသတိပေးချက်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟹《အတိတ်ဘ၀အကြောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟺《အတူတူရင်ဆိုင်ကြမယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟻《တွက်ချက်မှုများမအောင်မြင်ခဲ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟼《အိမ်နဲ့ကားရှိတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟽《မင်းလုပ်ရဲတယ်ပေါ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟾《ကမ္ဘာပျက်ကပ်ကြီးနီးလာပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟿《ကမ္ဘာပျက်ကပ်ကြီး ရောက်လာခဲ့ပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟶《စူပါမားကတ်*ကုန်တိုက်ကို အပြောင်ရှင်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟷《မ‌မျှော်လင့်ထားသော》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟸《ခွဲခွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟹《ပဲစေ့ကျည်ဆန်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟺《ထွက်လာကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟻《မကောင်းတဲ့သူတစ်ယောက်မဟုတ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟼《အမြု‌တေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟽《နှစ်မျိုးတွဲစွမ်းရည်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟾《Otakuတစ်ယောက်၏အလားအလာ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟿《ကယ်တင်မှာလား မကယ်တင်ဘူးလား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟶《ဦးနှောက်ပျက်စီးမှုကို ကယ်တင်လို့မရတော့ဘူး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟷《သူတို့ကစုံတွဲတစ်တွဲပဲ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟸《အဖွဲ့၀င်အသစ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟹《တစ်စုံတစ်ယောက်က တံခါးကိုဖျက်ပြီးဖွင့်ဖို့ကြိုးစားနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟺《ကမ္ဘာပျက်ကပ်အတွင်းပြောင်းလဲမှုများ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟻《နှုတ်ဆက်ပါတယ် အကြီးဆုံးဦးလေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟼《 အသက်ကယ် ကျေးဇူးတရား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟽《အနီရောင်မိုးရွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟾 《ဒဏ်ရာရ စစ်သားများနှင့်တွေ့ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟿《လူ့နှလုံးသားများသည် မခန့်မှန်းနိုင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟶《ကယ်ဆယ်ရေးအစီအစဉ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟷《ကယ််‌ဆယ်ရေးလုပ်ငန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟸《စစ်ဆင်‌ရေးစတင်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟹《အောင်အောင်မြင်မြင်လွတ်မြောက်ခြင်း》
Plants vs Zombies
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟺《ကယ်ဆယ်ရေးသတင်းစကား》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟻《ထွက်ခွာရန်စုစည်းကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟼《ဆင့်ကဲ‌ပြောင်းလဲနေသောဖုတ်ကောင်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟽《အဖိုးတန်ပဲစေ့များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟾《ကယ်ဆယ်ရေး စတင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟿《ချန်းယန် အလယ်တန်းကျောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟶《အကျပ်ရိုက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟷《ချန်းမောင်နှမများ》 
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟸 《နောက်တစ်ကြိမ်စကားပြောကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟹《 LED နေကြာပန်းမီးအိမ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟺《လယ်သမားဈေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟻《ရှောင်ဟေး၏ ကွဲပြားနေမှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟼《 အခြေစိုက်စခန်းသို့ ကနဦး၀င်ရောက်မှု》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟽《 အခြေစိုက်စခန်းထဲသို့ ပြောင်းရွှေ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟾《 အရေးပေါ်မစ်ရှင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟿《 စွမ်းရည်အဆင့်တက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟶 《 G မြို့သို့ သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟷《 သူလိမ်နေတာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟸《 မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟹《 ပုလင်းတစ်ခုထဲသို့ လိပ်ကိုဖမ်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟺《 အဆင့်သုံးဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟻《 စက်ရုံထဲ၀င်ရောက်ကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟼《 ကြွယ်၀သောရလဒ်များဖြင့်ပြန်လာကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟽《 ကျည်ဆန်အသစ်များ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟾《 အခြေစိုက်စခန်း၏ပြောင်းလဲခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟿 《 မြေမဲ့စိုက်ပျိုးရေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟶《 ၀မ်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟷《 အန်းဟွေ့မြို့ထဲရှိမငြိမ်သက်မှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟸《 သန္ဓေပြောင်းဝံပုလွေများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟹《 မြင်ရုံနဲ့ ‌ဝေစုလိုချင်တာလား? 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟺《 ကူးစက်ခံကြွက်၀င်ရောက်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟻《 ကြောင်နှင့်ကြွက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟼《 အကျပ်အတည်းဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟽《 စွမ်းရည်ဆေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟾《 သေခြင်းတရားကိုရှာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟿《 အခြေစိုက်စခန်းမှမောင်းထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟶《 အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟷《 လင်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟸《 ညစ်ပတ်သောလူသည် ညစ်ပတ်ခြင်းကိုသာမြင်၏ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟹《 King Kong ရှစ်ယောက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟻《 မိုးသည်းနေ့မှာလောင်သောမီး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟼《 အသိတချို့နှင့်ဆုံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟽《 မိုးသည်းကြီးနောက်ဆုံးတိတ်သွားပြီ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟾《 အနောက်မြောက်ဘက်သို့ဦးတည်သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟿《 ဖုတ်ကောင်ဝိုင်းရံခံရခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟶《 ပူးပေါင်း‌တိုက်ခိုက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟷《 ဘေးဒုက္ခအကျပ်အတည်းကို ဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟸《 စွမ်းရည်အဆင့်မြှင့်တင်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟹《 နှစ်သစ်ကူးနေ့ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟺《 နှစ်သစ်တစ်နှစ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟻《 နေရာလွတ်စွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟼《 အကူအညီတောင်းခံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟽《 မြောက်ပိုင်းသို့သွားရန်အသင့် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟾《 ထူးဆန်းသည့်ဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟿《 စွမ်းရည်နှစ်မျိုး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟶《 Snow Cruiser 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟷《 ကြင်နာမှုကို ကျေးဇူးသိတတ်မှုဖြင့် တုန့်ပြန်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟸《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟹《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟺《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟻《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟼《 ထိန်းချုပ်မရနိုင်ဖြစ်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟽《 မြွေပွေးခါးပိုက် ပိုက်-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟾《 မြွေပွေးခါးပိုက် ပိုက်-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟿《 မြို့တော်အခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟶《 မိသားစုနှစ်ခု၏အခြေအနေ-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟷《 မိသားစုနှစ်ခု၏အခြေအနေ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟸《 တွေ့ကြုံစုံစည်းကြခြင်း 》
𝙴𝚡𝚝𝚛𝚊《 ကွေ့ကောက်သောလမ်းသည် ဆိတ်ငြိမ်သောအရပ်သို့ ဦးတည်လေသည် 》
Complete 💯!!!
Completed Pdf file
ရာသီဥတု သတိပေးချက်
MMStoryteller website

𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟺《 ကုသခြင်းစွမ်းရည် 》

3.6K 602 3
By tobefly_highhigh

My Cherry Will Explode in the Apocalypse

Chapter 84《 ကုသခြင်းစွမ်းရည် 》

Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク

“ရပ်တော့!”

ဝူရယ်သည် သူ့ညီအစ်ကို ရှုံးနေသည်ကို မြင်လိုက်သဖြင့် တခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ လက်ဖ၀ါးနှစ်ဖက်မှ အေးစက်သည့် လေအေးတစ်ချက်ကို ကျန့်ယွင်၏မျက်နှာဆီကို တည့်တည့်ပစ်လွှတ်လိုက်လေ၏။

တစ်ချိန်တည်းမှာပင် စုန့်ချန်ရှုသည် လျင်မြန်သောလှုပ်ရှားမှုတစ်ခုလုပ်လိုက်လေ၏။ ရေပူတန်းတစ်ခုသည် အေးစက်သောလေကို တိုက်ရိုက်ထိမှန်ပြီး သုတ်သင်ပစ်လိုက်၏။

ဝူရယ်သည် ထိတ်လန့်သွားလေ၏။ မမျှော်လင့်ထားဘဲ ပျော့ညံ့ပုံရသည့်လူသည်လည်း စွမ်းအားရှင်တစ်ဦး ဖြစ်နေခဲ့သည်။

သူတို့ပြောသည်မှာ အမှန်တရားဖြစ်သည်ဟူသော အလွန်ထူးဆန်းသော အတွေးတစ်ခု သူ့စိတ်ထဲတွင် ပေါ်လာသည်။ သူတို့သည် အမှန်တကယ်ပင် စွမ်းအားရှင်များ ဖြစ်နေသည်လား?

သို့သော် သူဘာမှ မပြောနိုင်ခင်မှာပင် တစ်ယောက်ယောက်သည် အော်နေလေ၏။

“ပစ်! ပစ်!”

နှစ်ဖက်စလုံး တိုက်ခိုက်နေကြပြီဖြစ်သည်ကိုမြင်ပြီး ဝူရယ်နှင့် ချီးရယ်တို့ ရှုံးလိမ့်မည်ကို စိုးရိမ်နေသည့်လိုင်ဆန်းသည် တခြားသူများကို ပစ်ဖို့ သတိပေးဖို့ ကြွေးကြော်လိုက်လေ၏။

“မပစ်နဲ့!”

သူ ပြောလိုက်၏။

သို့သော် အချိန်နှောင်းသွားခဲ့ပြီး သူ့စိတ်နောက်စရာ ညီအစ်ကိုများသည် သေနတ်မောင်းခလုတ်ကို ဆွဲကာ တစ်ချိန်တည်းမှာပင် ပစ်ခတ်မှုပေါင်းများစွာကို လုပ်လိုက်လေ၏။

သွားပြီ!!!

ဝူရယ်၏ ၏နှလုံးသားသည် ရုတ်ချည်း နစ်မြုပ်သွားလေ၏။ သူ၏ အမျိုးအစားကွဲပြားသည့် ရေခဲစွမ်းအင်သည် လင်ချန်းအခြေစိုက်စခန်းတွင် အလွန်အစွမ်းထက်လှသော်လည်း ထိုသို့‌သော အရေးမပါသည့်ပုံရသည့် ရေစွမ်းအားရှင်မှ အလွယ်တကူဖြိုခွဲလိုက်လေသည်။ လေစွမ်းအားရှင်အမျိုးသမီးသည်  သူ့၏သတ္တမမြောက်ညီ၏  မီးကို အလိုအလျောက်ပြိုကွဲစေနိုင်သည်။ ထို့အပြင် အရပ်ရှည်ပြီး ချောမောသောယောက်ျားသည် လောင်ချီးအား မြေပြင်ပေါ်တွင် ဖိနှိပ်ထားနိုင်လေ၏။

အားသာချက်သည် သူတို့ဘက်တွင်ရှိနေသည်မှာ လုံးဝကိုသိသာမြင်သာပါ၏… အကယ်၍သာ သူတို့ပြောခဲ့သည့် သူတို့အားလုံးသည် စွမ်းအားရှင်များဖြစ်ပြီး ထိုကဲ့သို့သော ခွန်အားမျိုးနှင့်ဆိုပါက သာမာန်ကျည်ဆန်များကြောင့် အလွယ်တကူ ထိခိုက်ဒဏ်ရာရမည် မဟုတ်ချေ။ သူတို့အားလုံးသာ လုံခြုံဘေးကင်းပြီး သန်မာပါက လှည့်ပတ်ကြည့်ဖို့ အခနရှိနေဆဲဖြစ်၏။ သို့သော် တစ်စုံတစ်ယောက်သည် ထပ်ပြီးဒဏ်ရာရခဲ့မည်ဆိုလျှင် သူတို့သည် ထာဝရလက်စားချေလိမ့်မည်ကို ကြောက်မိ၏။

သေနတ်သံကို ကြားလိုက်သည့်အခိုက်တွင် စုရွေ့ကျယ်၏ နှလုံးသားသည် လှုပ်ရှားသွားလေ၏။ သူ့ဘယ်ဘက်လက်ဖဝါးတွင် အခွံမာသီးတစ်လုံး ပေါ်လာပြီး ၎င်းကိုပေါင်းစပ်ပြီးဓာတ်ပြုလိုက်ကာ သူ့လက်ထဲတွင် ကြီးမားသောပေါက်ကွဲဒဏ်ခံနိုင်သော ဒိုင်းကာတစ်ခုပေါ်လာခဲ့လေသည်။ သို့သော်  ဒိုင်းကာ၏အရွယ်အစားမှာ အကန့်အသတ်ရှိပြီး လူသုံးဦးသာ ကာကွယ်နိုင်သည်။ ထို့ကြောင့် စုရွေ့ကျယ်သည် ယွီသုန်သုန်ကို ချီထားသောကျန့်ကျားဟယ်ဆီသို့ ယွီသုန်သုန်နှင့် စုန့်ချန်ရှုတို့ကို ကာကွယ်ပေးရန် ဒိုင်းကာကို ပစ်ပေးလိုက်၏။

ကံကောင်းထောက်မစွာဖြင့် သူ့အပြင် ကျန်းရှို့လျန်သည် ကျည်ဆန်များကို ခုခံရန် နံရံတစ်ခုကို အမြန်တည်ဆောက်နိုင်ခဲ့၏။ သူ့စွမ်းရည်သည် အဆင့် သုံး သို့ ရောက်ရှိသွားပြီးဖြစ်‌၏။ သူတည်ဆောက်ခဲ့သော နံရံသည် အလွန်မာ‌ကြောပြီး ကွန်ကရိနံရံနှင့် ယှဉ်နိုင်လောက်သည်။ သူသည် ကျန်လူအားလုံးကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ကာ ကျည်ဆံအားလုံးကို ရပ်တန့်ပစ်နိုင်ခဲ့လေသည်။ မည်သူတစ်ဦးတစ်ယောက်မှ နောက်တစ်ကြိမ်ဒဏ်ရာမရခဲ့ချေ။

“ မင်းတို့အားလုံးရပ်၊ သေနတ်ကို အောက်ချလိုက်!”

ဆန့်ကျင်ဘက်ရှိလူများသည် မထိခိုက်ကြောင်းကိုမြင်သောအခါ သူသည် စိတ်သက်သာရာရသွားပြီး ညီငယ်များအား အော်ဟောက်လိုက်သည်။

တကယ်တမ်းတွင် ဝူရယ်သူ့ပါးစပ်ကို ဖွင့်ဖို့ မလိုအပ်တော့ချေ။ ယခုလေးတင် ကျန်းရှို့လျန်နှင့်စုရွေ့ကျယ်တို့သည် ကျည်ဆံအားလုံးကို အလွယ်တကူ ပိတ်ဆို့လိုက်ပြီး သူတို့အား ပြင်းပြင်းထန်ထန် ထိတ်လန့်တုန်လှုပ်သွားစေလေသည်။

ဒီလူတွေက တကယ်ပဲစွမ်းအားရှင်တွေလား?

“အောင်မြင်မှုထက် ကျရှုံးခြင်းက ငါတို့ကိုပိုဆုံးရှုံးစေတယ်! ဘယ်သူက မင်းတို့ကို လိုက်လုပ်ဖို့အမိန့်ပေးပြီး နောက်ဆုံးစကားဖြစ်တာလဲ? မင်းငါ့ကို ညွှန်ကြားဖို့လိုအပ်သေးလား?”

ဝူရယ်သည် လိုင်ဆန်း၏မျက်နှာဆီသို့ နှစ်လှမ်းသုံးလှမ်းလောက် အပြေးသွားကာ မြေပြင် ပေါ်သို့ ဖြတ်ရိုက်ချလိုက်လေ၏။

လိုင်ဆန်းသည်လည်း ကြီးမားသောအမှားတစ်ခုကို ကျူးလွန်မိကြောင်း သတိပြုမိသွားပြီး သစ်ရွက်ကဲ့သို့ တုန်ခါသွားလေ၏။ ဝူရယ်သည် သူ့ဘ၀ကို စိတ်ပျက်လက်ပျက်ကယ်တင်ခဲ့သည်မှာ လိုင်ဆန်းသည် သူ့အစ်ကိုအကြီးဆုံး၏ ဝေးကွာသောဝမ်းကွဲဖြစ်သည်ကို သတိရသောကြောင့် ဖြစ်လေသည်။

နောက်မှ ဝူရယ်သည် ဂရုတစိုက်ခြေလှမ်းအနည်းငယ်လှမ်းကာ လှေကားထစ်တွင်ရပ်နေသော လူများကို သူ့လက်သီးဆုပ်များဖြင့် အလေးပြုလိုက်၏။

“စိတ်မဆိုးပါနဲ့၊ မင်းတို့ နားလည်မှုလွဲနေတာပါ။ အားလုံးက နားလည်မှုလွဲနေတာပါ။ ဒီအစ်ကိုက မင်းနဲ့ ပြုဆင်ဖို့ ဒီကိုလာနေတာပါ!”

ကျန့်ယွင်နှင့် အခြားလူများသည် သူ့ကို အေးစက်စွာကြည့်ကာ မလှုပ်ကြချေ။ ထိုလူများသည် သုန်သုန်ကိုထိခိုက်စေပြီး ပေါ့ပေါ့တန်တန် တောင်းပန်ခြင်းတစ်ခုဖြင့် မဖြေရှင်းနိုင်ချေ။

ထိုအခြင်းအရာကိုမြင်ပြီး ဝူရယ်သည် ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းကာ အသံလျှော့ကာပြောလိုက်၏။

“အခု မင်းတို့ ဒီကလေးငယ်ကို မတော်တဆထိခိုက်မိ‌စေတာ ငါ့သတ္တမညီလေးရဲ့အမှားပါ။ ကံကောင်းထောက်လို့ ဒဏ်ရာက ပခုံးမှာမို့ မသေစေနိုင်ပါဘူး။ ငါတို့အခြေစိုက်စခန်းမှာ ကုသပေးသူရှိတယ်။ ဒီလိုဒဏ်ရာ အသေးစားအနည်းငယ်ကို ချက်ချင်းသက်သာပျောက်ကင်းစေနိုင်ပါတယ်။ ကျေးဇူးပြုပြီး ငါ့ သတ္တမမြောက်ညီငယ်လေးအား လွှတ်ပေးပါ”

ထိုစကားကြောင့် စုရွေ့ကျယ်၏မျက်လုံးများသည် ခဏတာမှိတ်တုတ်မှိတ်တုတ် ဖြစ်သွားကာ ကျန့်ယွင်၏လက်ချောင်းကို လှမ်းဆွဲလိုက်၏။

ကျန့်ယွင်သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူအသာအယာ ခေါင်းညိတ်ပြသည်ကို မြင်မှ သူ့စွမ်းအားကို ပြန်ယူလိုက်လေသည်။

ဤနေရာ၌ အမြဲလိုလိုအရေးပါအရာရောက်ခဲ့သော ချီးရယ်သည် နောက်ဆုံး၌ အသက်ရှုလို့ရသွားလေသည်။ နာကျင်စွာ ညည်းတွားလိုက်၏။ သူသည် ထရပ်ကားတစ်စီး တက်ကြိတ်သွားသကဲ့သို့ ခံစားလိုက်ရကာ အသက်ရှုရတာတောင် ခက်ခဲနေ၏။ ညီငယ်အချို့သည် ရှေ့သို့အမြန်ပြေးကာ သူ့အား ဂရုတစိုက်ကူတွဲလိုက်ကြလေ၏။

“လာ! သွားပြီး ကလေးနဲ့ ချီးရယ်ကို ကုသဖို့ ပြင်ဆင်ဖို့ မစ္စတာလင်းကို ပြောလိုက်!”

“ဟုတ်ကဲ့”

မြန်ဆန်သောခြေထောက်နှင့်လူသည် ထိုနေရာမှ ပြေးသွားပြီးဖြစ်၏။

“ကျေးဇူးပြုပြီး ငါနဲ့လိုက်ခဲ့ပါ”

“အခုတော့ ငါတို့ လိမ်နေတယ်လို့ နင်ဘာလို့မပြောတော့တာလဲ?”

ချန်းကျောင်းသည် အေးစက်စွာ နှာမှုတ်လိုက်၏။

ဝူရယ်သည် ချက်ချင်းပင် ချွေးများထွက်လာကာ ကမန်းကတန်း ဆက်၍ တောင်းပန်လေ၏

“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ နားလည်မှုလွဲသွားတာပါ ”

ယခုလေးတင် သူတို့ထဲက တော်တော်များများသည် အဆက်မပြတ် လှုပ်ရှားမှုများ လုပ်ခဲ့ကြပြီး သူတို့အားလုံးသည် ဖုံးကွယ်ထားသည့် အဆင့်မြင့်အရည်အချင်းများဖြစ်ကြ၏။ သူတို့သည် ဒီအဖွဲ့၏ကြံ့ခိုင်မှုကို အပြည့်အ၀ သက်သေပြခဲ့ပြီးဖြစ်၏။ ဒဏ်ရာရထားသည့်ကလေးသည်လည်း စွမ်းအားရှင်တစ်ယောက်ဟု သူ မယုံကြည်နိုင်ဆဲ ဖြစ်သော်လည်း ယခုလေးတင်မှကဲ့သို့ ရိက္ခာ သုံးငါးဂျင်းလောက်အတွက် သူတို့နှင့် ဘယ်လိုများတိုက်ခိုက်နိုင်ပါ့မလဲ?

“လိုင့်ဆန်း!  လီပင်းကို ခေါ်လိုက်! စာရင်းသွင်းတာကိုဆက်လုပ်!”

အစားအသောက်ရိက္ခာကို ပေးရန်မလိုအပ်သော်လည်း စာရင်းသွင်းရန် လိုအပ်သေးသည်။ အနည်းဆုံးတော့ အဆက်အသွယ်ထပ်မံရရှိရန် ဤလူများ၏ဇာစ်မြစ်ကို သိရန်လိုအပ်ပါသေးသည်။

လိုင်ဆန်းသည် မြေပြင်မှ အမြန်ထကာ အော်ဟစ်ရန် အပေါ်ထပ်သို့ တက်သွားလေသည်။

ထိုအချိန်တွင် အပြင်ဘက်၌ မိုးစရွာလာပြီး ဝူရယ်သည် တစ်စုံတစ်‌ယောက်အား ထီးယူလာစေပြီး ကျန့်ယွင် နှင့်အခြားလူများအားထံသို့ ပေးလိုက်၏။ သုန်သုန်အားကုသရန် အရေးကြီးသည်မှာ ပထမဖြစ်‌သည်ကို ထည့်စဉ်းစားပြီး မည်သို့သောအဓိပ္ပါယ်မရှိတာမျိုးကိုမျှမလုပ်ကြချေ။ ထီးကို တိုက်ရိုက်ယူကာ သူတို့နောက်မှ အပြင်သို့ ထွက်သွားကြလေသည်။

လင်ချန်းအခြေစိုက်စခန်းသည် သိပ်မကြီးလှဘဲ သူတို့သွားမည့်နေရာည် သိပ်မဝေးချေ။ ထို့ကြောင့် လူတိုင်းသည် မြန်မြန်လမ်းလျှောက်သွားကြပြီး မကြာမီပင် ထိုနေရာသို့ ရောက်သွားကြလေ၏။

၎င်းသည် ခြောက်ထပ်တိုက် အဆောက်အအုံတစ်ခုဖြစ်၏။ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် သူခိုးကာကွယ်ရေးဂိတ်ပေါက်ဝတွင် အလွတ်နီးပါးရှိနေ၏။ ထိုနေရာတွင် သော့ခတ်ထားသော သံကွင်းကြီးတစ်ခု ချိတ်ဆွဲထားကာ ဂိတ်ဝတွင် လူသုံးဦး ရပ်ပြီးစောင့်ကြပ်နေကြခြင်းဖြစ်သည်။ တံခါးကို အပြင်ဘက်မှ သော့ခတ်ခြင်းသာဖြစ်၏။ လုံခြုံရအတွက် ကာကွယ်ခြင်းနှင့်မတူဘဲ ထောင်တစ်ခုနှင့်တူလေ၏။

ဝူရယ် မိုးရွာထဲမှလာနေသည်ကို မြင်ပြီး တံခါးစောင့်သည် သော့ကိုအမြန်ထုတ်ပြီး တံခါးကိုဖွင့်လိုက်၏။

“ဝူရယ့်၊ လူကြီးမင်း လင်းက ဒုတိယထပ်မှာ ရှိပါတယ်”

ဝူရယ်သည် ခေါင်းညိတ်ပြလိုက်ပြီး ကျန့်ယွင်နှင့် တခြားသူများကို အပေါ်ထပ်သို့သွရန် လက်ယပ်ခေါ်လိုက်၏။

ဒုတိယထပ်လှေကားနှင့် မျက်နှာမူထားသော အိမ်ကိုလည်း သံသော့ဖြင့်ခတ်ထား၏။ ထိုနေရာတွင် စောင့်ကြပ်တာ၀င်ကျသည့်လူတစ်ယောက်ရှိ၏။ ဝူရယ်ကို မြင်ပြီးနောက် သူသည် သော့ကိုထုတ်ကာ တံခါးဖွင့်ပေးလိုက်သည်။

“အထဲမှာက နေရာသေးလေးတစ်ခုပဲရှိတယ်။ လူအများကြီး မတိုးနိုင်တော့ကို စိုးရိမ်မိပါတယ်”

ဝူရယ်သည် ကျန့်ယွင်ဆီသို့ ကြည့်ရင်း ရှက်ရွံ့နေသည့်ပုံပြထားနေ၏။

“ငါ ရှောင်ကျယ်နဲ့ ၀င်သွားလိုက်မယ်။ တခြားသူတွေ အပြင်မှာ စောင့်နေလိမ့်မယ်”

ကျန့်ယွင်သည် ဒဏ်ရာရနေသော သုန်သုန်ကို ကျန့်ကျားဟယ်၏လက်မှ ခေါ်ယူလိုက်သည်။

သုန်သုန်၏ မျက်နှာငယ်လေးသည် နီရဲနေသော မျက်လုံးများဖြင့် ဖြူဖျော့နေ၏။ မျက်လုံးထဲမှ မျက်ရည်များ မထွက်နိုင်ဘဲ သနားစရာကောင်းလှသည်။ ပုခုံးပေါ်ရှိ ဒဏ်ရာသည် သွေးများ အဆက်မပြတ်ထွက်နေ၏။ ကလေးသည် အလွန်လိမ္မာပါးနပ်ပြီး စကားတစ်ခွန်းမှမပြောဘဲ ကျန့်ယွင်၏ရင်ခွင်ထဲတွင်သာ လဲလျောင်းနေလေသည်။ ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့သည် နာကျင်ခံစားရရုံမှတစ်ပါး မတတ်နိုင်ကြပေ။

“မကြောက်ပါနဲ့၊ အဆင်ပြေသွားမှာနော်”

စုရွေ့ကျယ်သည် သုန်သုန်၏ခေါင်းကို ညင်သာစွာနဲ့ထိလိုက်၏။

လူတချို့သည် အခန်းထဲသို့ဝင်လာပြီး အခန်းသည် အမှန်တကယ်ကို သေးသည့်နေရာတစ်ခုဖြစ်ကာ ခြောက်ဆယ် ခုနစ်ဆယ် စတုရန်းမီတာခန့်၊ အခန်းနှစ်ခန်းနှင့် ခန်းမတစ်ခုရှိ၏။ ဖြူဖျော့နေသော လူလတ်ပိုင်းအရွယ်လူတစ်ယောက်သည် ဧည့်ခန်းထဲတွင် မတ်တပ်ရပ်နေကာ သူ့မျက်လုံးများသည် ခန်းခြောက်နေသောရေတွင်းကဲ့သို့ အသက်မရှိလှချေ။

“လူကြီးမင်းလင်း၊ လူနှစ်ယောက် ဒဏ်ရာရလို့၊ ဒုက္ခဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ်”

ဝူရယ်သည် ယွီသုန်သုန်နှင့် ချီးရယ်တို့ကို ရည်ညွှန်းခဲ့၏။

လင်းကျားသည် စုရွေ့ကျယ်၏ ရင်ခွင်ထဲမှ ကောင်ငယ်လေးကို မြင်သောအခါ သူ့မျက်လုံးများထဲတွင် အနည်းငယ် ပြောင်းလဲသွားလေသည်။

“ဒီဘက်”

လင်းကျားသည် မာစတာအိပ်ခန်းဆီသို့ ညွှန်ပြလိုက်သည်။

မာစတာအိပ်ခန်းထဲတွင် ကျဉ်းမြောင်းသော တစ်ယောက်အိပ်ကုတင်လေးခုနှင့် အဖြူရောင် အိပ်ယာခင်းများ၊ အဖြူရောင် နံရံများ ရှိသည်။ ဆေးရုံဝါဒ့်တစ်ခုနှင့်တူသော်လည်း ဆေးရုံထက်စာလျှင် ပစ္စည်းကိရိယာနည်းပါးလှသည်။

ကျန့်ယွင်သည် သုန်သုန်ကို ကုတင်တစ်လုံးပေါ်တွင် ဂရုတစိုက်ချထားလိုက်ပြီး ညီငယ်နှစ်ယောက်သည် ချီးရယ်ကို နောက်ကုတင်တစ်ခုဆီသို့ ကူညီပေးခဲ့ကြသည်။

လင်းကျားသည် ယွီသုန်သုန်၏ပခုံးပေါ်ရှိ ဒဏ်ရာပေါ်ကို သူ့လက်ဖြင့်တင်လိုက်၏။ ဒဏ်ရာကို ထိလုနီးပါးပင်ဖြစ်၏။ ကလေးသည် နာကျင်မှုကြောင့် ရုတ်တရက် တုန်ယင်သွားကာ သူ့မျက်လုံးများထဲမှ မျက်ရည်များ ကျဆင်းလာလေသည်။

“ကလေး၊ မငိုပါနဲ့။ အဆင်ပြေသွားမှာပါ”

လင်းကျားသည် သူ့အား ကို့ယို့ကားယားနှစ်သိမ့်လိုက်ကာ သူ့ဒဏ်ရာပေါ်ကို သူ့လက်ဖဝါးတင်လိုက်ပြီး ပျော့ပျောင်းသော အဖြူရောင်အလင်းတစ်ခုကို ဖြည်းညှင်းစွာ ထုတ်လွှတ်လိုက်သည်။

ဒဏ်ရာသည် သိပ်မနာတော့ချေ။ ယွီသုန်သုန်၏ မျက်ရည်များ တဖြေးဖြေးရပ်တန့်သွားပြီး ဒဏ်ရာထဲရှိ ကျည်ဆန်ကို ဖြည်းညှင်းစွာ ညှစ်ထုတ်လိုက်ပြီးနောက် ဒဏ်ရာသည် သာမန်မျက်စိနှင့်မြင်နိုင် လောက်သည့်အရှိန်နှင့် သက်သာသွားလေသည်။

ကုသမှုအဆုံးတွင် ယွီသုန်သုန်၏ဒဏ်ရာသည် လုံးဝပျောက်ကင်းသွားပြီး ဒဏ်ရာရထားခဲ့သည်ကိုပင် မမြင်နိုင်လောက်တော့ချေ။

သို့သော် လင်းကျား၏မျက်နှာသည် ဖြူဖျော့လာပြီး သူ့နဖူးသည် ချွေးများနှင့် ဖုံးလွှမ်းသွားကာ သူ့ခန္ဓာကိုယ်သည် မသိမသာ တုန်ယင်သွားလေသည်။

“ခင်ဗျား အဆင်ပြေရဲ့လား?”

စုရွေ့ကျယ်သည် အမြန်ရှေ့ထွက်လာပြီး သူ့ကိုကူညီလိုက်၏။

“ငါ အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ်”

လင်းကျားသည် နူးညံ့သောအသံဖြင့် ကျေးဇူးတင်စကားဆိုပြီးနောက် ချီးရယ်၏ကုတင်သို့သွားကာ သူ့လက်ကို သူ့အပေါ်သို့တင်လိုက်၏။

ထိုအခိုက်အတန့်တွင် လင်းကျား၏မျက်နှာတွင် အရိပ်အယောင်မရှိခဲ့သော်လည်း စုရွေ့ကျယ်သည် သူ့မျက်လုံးများတွင် အမုန်းတရားများနှင့် ရွံရှာခြင်းများကို ထင်ထင်ရှားရှားတွေ့လိုက်ရသည်။

သူ့အရင်ဘ၀၌ စုရွေ့ကျယ်သည် လင်ချန်းအခြေစိုက်စခန်းတွင် တစ်ချိန်က ကုသသူတစ်ဦးရှိခဲ့ဖူးကြောင်း ကြားဖူးခဲ့သည်။ သူကြားရုံသာကြားဖူးခဲ့ခြင်းဖြစ်ကာ အဘယ်ကြောင့်ဆိုသော် သူလင်ချန်းအခြေစိုက်စခန်းသို့ရောက်သည့်အချိန်၌ ကုသသူသည် သေဆုံးသွားပြီးဖြစ်သောကြောင့်ဖြစ်လေသည်။

ကုသသူသည် ပင်ပန်းနွမ်းနယ်မှုကြောင့် သေဆုံးခဲ့ရသည်ဟု ဆိုကြသည်။ သို့သော်လည်း စုရွေ့ကျယ်သည် နောက်ပိုင်း၌ သုတေသနဌာနထဲသို့ သွင်းခံလိုက်ရသောအခါတွင်မှ ကုသသူသည် သူ၏စွမ်းအင်အူတိုင်ကို ဖယ်ရှားခံလိုက်ရသောကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

စုရွေ့ကျယ်ကဲ့သို့ပင် သူသည် “လူသားတို့၏ အနာဂတ်ကို အကျိုးပြုရန်” တွန်းအားပေးခံခဲ့ရသည်။

စုရွေ့ကျယ်သည် ကုသသူသည် အခြားသူများကို ကုသပေးသောအခါတွင် သူကိုယ်တိုင်စွမ်းအင်များစွာကို သုံးစွဲခဲ့သည်ဟု သုတေသနပညာရှင်များပြောနေသည်ကို ကြားသိခဲ့ရသည်။ ကုသသူ၏ ခန္ဓာကိုယ်သည် လအနည်းငယ်အတွင်း လျင်မြန်စွာ ပျက်ပြားသွားခဲ့သည်။ နောက်ဆုံး၌ သုတေသနအဖွဲ့သည် သူ့အမြုတေအား တူးထုတ်ခဲ့ခြင်းဖြစ်၏။ အကြောင်းရင်းမှာ ဘာပဲဖြစ်ဖြစ် သူသေရတော့မည်ဖြစ်၍ ဖြစ်သည်။ လူသားများ၏ အနာဂတ်အတွက် အကျိုးပြုရန် လုပ်ခြင်းသည် ပိုကောင်း၍ဖြစ်လေသည်။

စွမ်းအားရှင်၏အမြုတေသည် ဖုတ်ကောင်၏အမြု‌တေနှင့် ဆင်တူကာ ၎င်းသည် စွမ်းအင်စုဆောင်းပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။  ဖုတ်ကောင်၏အမြုတေသည် ဦးနှောက်ထဲတွင်ရှိပြီး စွမ်းအားရှင်များ၏အမြုတေသည် သူတို့၏ဝမ်းဗိုက်ရှိ တန်းထျန်ထဲတွင်ရှိ၏။ စွမ်းအားရှင်စေဆုံးသွပြီးနောက် စွမ်းအင်အူတိုင်သည် ပျောက်ကွယ်သွားမည်ဖြစ်သည်။ ထို့ကြောင့် စွမ်းအင်အူတိုင်ကိုတူးဖော်လိုပါက စွမ်းအားရှင်အသက်ရှင်နေဆဲချိန်၌ ၎င်းကိုလုပ်ဆောင်ရမည်ဖြစ်သည်။

【TN : 丹田 (dān tiàn) ကတော့ တရုတ် ဝူရှ/ရှန်းရှ ၀တ္ထုတွေဖတ်ဖူးသူဆို သိကြမှာပါ။ လူတစ်ယောက်ရဲ့ ချီ အဓိက စုနေတဲ့နေရာပေါ့။ သိုင်းကားထဲမှာဆို ဗိုက်ရဲ့ ဘယ်နားက ချီကို ဘယ်နားကိုရွေ့ဆိုပြီး သိုင်းကျင့်ကြတာ မြင်ဖူးမှာပါ။ သိုင်းပညာတို့ အတွင်းအားတို့ကို ဖျက်စီးချင်ရင် အဲ့ဒါကိုဖျက်စီးကြတယ်လေ။ အဲ့ ချီပင်လယ် ကို တန်းထျန်လို့ ခေါ်ပါတယ်တဲ့။ 】

ထိုရောဂါဗေဒသုတေသီများ၏ မျက်လုံးများထဲတွင် လက်တွေ့စမ်းသပ်ခံ စွမ်းအားရှင်များသည် လူသေများကဲ့သို့ပင်ဖြစ်၏။ သူတို့သည် ထုံဆေးများကို ဖြုန်းတီးရန်ဆန္ဒမရှိကြချေ။ သူတို့၏ဗိုက်ကိုတူးကာ သူတို့၏ တန်းထျန်မှ စွမ်းအင်အူတိုင်များကို ထုတ်ယူလိုက်ကြရုံသာဖြစ်သည်။

ဘယ်လောက်ရက်စက်လိုက်သလဲ?!

ကုစားနိုင်သော စွမ်းအားအမြုတေကို နောက်ပိုင်းတွင် ထိုလူများသည် အမှုန့်ဖြစ်အောင်ကြိတ်ကာ အခြေစိုက်စခန်းတပ်မှူးမှ တန်ဖိုးထားသည့် အဖိုးတန်အသက်ကယ်ဆေးအဖြစ် ဖန်တီးခဲ့ကြသည်။

နောက်ပိုင်း၌ ကြည်လင်သောသလင်းကျောက် အမြုတေသည် စွမ်းအားရှင်များအား သူတို့၏ စွမ်းအားများ ပြန်လည်ဖြည့်တင်းရန် ကူညီပေးနိုင်ကြောင်း သိရှိလာကြသောအခါတွင်မှ သူတို့သည် ရွှေကြက်မတစ်ကောင်ကို မှားယွင်းစွာသတ်မိခဲ့ခြင်းအတွက် နောင်တရသွားခဲ့ကြသည်။

အမှားများကို ထပ်မလုပ်မိစေဖို့ရန်အတွက် နောက်ခံမရှိသည့် အထူးအစွမ်းအစရှိသော စွမ်းအားရှင်အချို့ကို သူတို့ တိုးတက်လာစေရန်ကူညီရန်နှင့် သူတို့၏ယုံကြည်မှုကိုရရှိရန် စွမ်းရည်အချက်အလက်များကို စုဆောင်းရခြင်းအကြောင်းအရင်းနှင့် ရွေးချယ်ကြလေသည်။ သူတို့၏စွမ်းအားများကို သုတေသနပြုနိုင်သည်ဆိုသည်ကို တွေ့ရှိကြပြီးသည်နှင့် သုတေသနဌာနသည် လူမဆန်သော စမ်းသပ်မှုများအတွက် သူတို့အားချက်ခြင်းဖမ်းလိမ့်မည်ဖြစ်သည်။

စုရွေ့ကျယ်သည် ထိုကံမကောင်းသောစမ်းသပ်ပစ္စည်းများထဲမှတစ်ခုဖြစ်၏။ ထပ်ခါတလဲလဲစမ်းသပ်မှုများပြုလုပ်ပြီးနောက် သစုရွေ့ကျယ်သည်နောက်ထပ်သုတေသနတန်ဖိုးမရှိတော့ကြောင်း သူတို့ဆုံးဖြတ်လိုက်ကြပြီးနောက် သူအလွန်စောစီးစွာသေသွားပြီး အလွန်အလဟဿဖြစ်သွားမည်ကို စိုးရိမ်ကြသောကြောင့် သူ့စွမ်းအင်အူတိုင်ကို တူးထုတ်ခဲ့ကြသည်။

ထိုလူများ လင်းကျားကို အကျဉ်းချထားသည့်နည်းလမ်း နှင့် လင်းကျားကိုယ်တိုင်ကို မြင်ပြီးနောက် စုရွေ့ကျယ်သည် သူသည် သူ့ယခင်ဘဝတွင် သေဆုံးသွားခဲ့သော ကုသသူဖြစ်သင့်သည်ဟု အတည်ပြုခဲ့သည်။ သူ၏ယခင်ဘဝ၌ ဖြစ်ပျက်ခဲ့သောအရာများကို တွေးတောရင်း စုရွေ့ကျယ်သည် သေခြင်းတရား အနိဌာရုံကို ခံစားခဲ့ရလေသည်။

ဒီလူတွေ ဘာကြောင့်များ တခြားလူတွေရဲ့ဘဝကို နင်းချေနိုင်ရတာလဲ?! ဒီလူတွေက ဘာကြောင့်များ သူတို့လုပ်ချင်တာကို လုပ်နေကြတာလဲ?!

သူ့ကံကြမ္မာကို ပြောင်းလဲခဲ့ပြီးဖြစ်ပြီး ဒီလူကို သူ့ကံကြမ္မာကိုပြောင်းလဲဖို့ သူကူညီချင်တယ်။

  🍒🍒

My Cherry Will Explode in the Apocalypse

Chapter 84《 ကုသျင္းစြမ္းည္

Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク

“ရပ္ေတာ့!”

ဝူရယ္သည္ သူ႕ညီအစ္ကို ရႈံးေနသည္ကို ျမင္လိုက္သျဖင့္ တျခားဘာကိုမွ ဂ႐ုမစိုက္နိုင္ေတာ့ဘဲ လက္ဖ၀ါးႏွစ္ဖက္မွ ေအးစက္သည့္ ေလေအးတစ္ခ်က္ကို က်န႔္ယြင္၏မ်က္ႏွာဆီကို တည့္တည့္ပစ္လႊတ္လိုက္ေလ၏။

တစ္ခ်ိန္တည္းမွာပင္ စုန႔္ခ်န္ရႈသည္ လ်င္ျမန္ေသာလႈပ္ရွားမႈတစ္ခုလုပ္လိုက္ေလ၏။ ေရပူတန္းတစ္ခုသည္ ေအးစက္ေသာေလကို တိုက္ရိုက္ထိမွန္ၿပီး သုတ္သင္ပစ္လိုက္၏။

ဝူရယ္သည္ ထိတ္လန႔္သြားေလ၏။ မေမွ်ာ္လင့္ထားဘဲ ေပ်ာ့ညံ့ပုံရသည့္လူသည္လည္း စြမ္းအားရွင္တစ္ဦး ျဖစ္ေနခဲ့သည္။

သူတို႔ေျပာသည္မွာ အမွန္တရားျဖစ္သည္ဟူေသာ အလြန္ထူးဆန္းေသာ အေတြးတစ္ခု သူ႕စိတ္ထဲတြင္ ေပၚလာသည္။ သူတို႔သည္ အမွန္တကယ္ပင္ စြမ္းအားရွင္မ်ား ျဖစ္ေနသည္လား?

သို႔ေသာ္ သူဘာမွ မေျပာနိုင္ခင္မွာပင္ တစ္ေယာက္ေယာက္သည္ ေအာ္ေနေလ၏။

“ပစ္! ပစ္!”

ႏွစ္ဖက္စလုံး တိုက္ခိုက္ေနၾကၿပီျဖစ္သည္ကိုျမင္ၿပီး ဝူရယ္ႏွင့္ ခ်ီးရယ္တို႔ ရႈံးလိမ့္မည္ကို စိုးရိမ္ေနသည့္လိုင္ဆန္းသည္ တျခားသူမ်ားကို ပစ္ဖို႔ သတိေပးဖို႔ ေႂကြးေၾကာ္လိုက္ေလ၏။

“မပစ္နဲ႕!”

သူ ေျပာလိုက္၏။

သို႔ေသာ္ အခ်ိန္ႏွောင္းသြားခဲ့ၿပီး သူ႕စိတ္ေနာက္စရာ ညီအစ္ကိုမ်ားသည္ ေသနတ္ေမာင္းခလုတ္ကို ဆြဲကာ တစ္ခ်ိန္တည္းမွာပင္ ပစ္ခတ္မႈေပါင္းမ်ားစြာကို လုပ္လိုက္ေလ၏။

သြားၿပီ!!!

ဝူရယ္၏ ၏ႏွလုံးသားသည္ ႐ုတ္ခ်ည္း နစ္ျမဳပ္သြားေလ၏။ သူ၏ အမ်ိဳးအစားကြဲျပားသည့္ ေရခဲစြမ္းအင္သည္ လင္ခ်န္းအေျခစိုက္စခန္းတြင္ အလြန္အစြမ္းထက္လွေသာ္လည္း ထိုသို႔‌ေသာ အေရးမပါသည့္ပုံရသည့္ ေရစြမ္းအားရွင္မွ အလြယ္တကူၿဖိဳခြဲလိုက္ေလသည္။ ေလစြမ္းအားရွင္အမ်ိဳးသမီးသည္  သူ႕၏သတၱမေျမာက္ညီ၏  မီးကို အလိုအေလ်ာက္ၿပိဳကြဲေစနိုင္သည္။ ထို႔အျပင္ အရပ္ရွည္ၿပီး ေခ်ာေမာေသာေယာက္်ားသည္ ေလာင္ခ်ီးအား ေျမျပင္ေပၚတြင္ ဖိႏွိပ္ထားနိုင္ေလ၏။

အားသာခ်က္သည္ သူတို႔ဘက္တြင္ရွိေနသည္မွာ လုံးဝကိုသိသာျမင္သာပါ၏… အကယ္၍သာ သူတို႔ေျပာခဲ့သည့္ သူတို႔အားလုံးသည္ စြမ္းအားရွင္မ်ားျဖစ္ၿပီး ထိုကဲ့သို႔ေသာ ခြန္အားမ်ိဳးႏွင့္ဆိုပါက သာမာန္က်ည္ဆန္မ်ားေၾကာင့္ အလြယ္တကူ ထိခိုက္ဒဏ္ရာရမည္ မဟုတ္ေခ်။ သူတို႔အားလုံးသာ လုံၿခဳံေဘးကင္းၿပီး သန္မာပါက လွည့္ပတ္ၾကည့္ဖို႔ အခနရွိေနဆဲျဖစ္၏။ သို႔ေသာ္ တစ္စုံတစ္ေယာက္သည္ ထပ္ၿပီးဒဏ္ရာရခဲ့မည္ဆိုလွ်င္ သူတို႔သည္ ထာဝရလက္စားေခ်လိမ့္မည္ကို ေၾကာက္မိ၏။

ေသနတ္သံကို ၾကားလိုက္သည့္အခိုက္တြင္ စုေ႐ြ႕က်ယ္၏ ႏွလုံးသားသည္ လႈပ္ရွားသြားေလ၏။ သူ႕ဘယ္ဘက္လက္ဖဝါးတြင္ အခြံမာသီးတစ္လုံး ေပၚလာၿပီး ၎ကိုေပါင္းစပ္ၿပီးဓာတ္ျပဳလိုက္ကာ သူ႕လက္ထဲတြင္ ႀကီးမားေသာေပါက္ကြဲဒဏ္ခံနိုင္ေသာ ဒိုင္းကာတစ္ခုေပၚလာခဲ့ေလသည္။ သို႔ေသာ္  ဒိုင္းကာ၏အ႐ြယ္အစားမွာ အကန႔္အသတ္ရွိၿပီး လူသုံးဦးသာ ကာကြယ္နိုင္သည္။ ထို႔ေၾကာင့္ စုေ႐ြ႕က်ယ္သည္ ယြီသုန္သုန္ကို ခ်ီထားေသာက်န႔္က်ားဟယ္ဆီသို႔ ယြီသုန္သုန္ႏွင့္ စုန႔္ခ်န္ရႈတို႔ကို ကာကြယ္ေပးရန္ ဒိုင္းကာကို ပစ္ေပးလိုက္၏။

ကံေကာင္းေထာက္မစြာျဖင့္ သူ႕အျပင္ က်န္းရွို႔လ်န္သည္ က်ည္ဆန္မ်ားကို ခုခံရန္ နံရံတစ္ခုကို အျမန္တည္ေဆာက္နိုင္ခဲ့၏။ သူ႕စြမ္းရည္သည္ အဆင့္ သုံး သို႔ ေရာက္ရွိသြားၿပီးျဖစ္‌၏။ သူတည္ေဆာက္ခဲ့ေသာ နံရံသည္ အလြန္မာ‌ေၾကာၿပီး ကြန္ကရိနံရံႏွင့္ ယွဥ္နိုင္ေလာက္သည္။ သူသည္ က်န္လူအားလုံးကို ေအာင္ျမင္စြာ ကာကြယ္နိုင္ခဲ့ကာ က်ည္ဆံအားလုံးကို ရပ္တန႔္ပစ္နိုင္ခဲ့ေလသည္။ မည္သူတစ္ဦးတစ္ေယာက္မွ ေနာက္တစ္ႀကိမ္ဒဏ္ရာမရခဲ့ေခ်။

“ မင္းတို႔အားလုံးရပ္၊ ေသနတ္ကို ေအာက္ခ်လိဳက္!”

ဆန႔္က်င္ဘက္ရွိလူမ်ားသည္ မထိခိုက္ေၾကာင္းကိုျမင္ေသာအခါ သူသည္ စိတ္သက္သာရာရသြားၿပီး ညီငယ္မ်ားအား ေအာ္ေဟာက္လိုက္သည္။

တကယ္တမ္းတြင္ ဝူရယ္သူ႕ပါးစပ္ကို ဖြင့္ဖို႔ မလိုအပ္ေတာ့ေခ်။ ယခုေလးတင္ က်န္းရွို႔လ်န္ႏွင့္စုေ႐ြ႕က်ယ္တို႔သည္ က်ည္ဆံအားလုံးကို အလြယ္တကူ ပိတ္ဆို႔လိုက္ၿပီး သူတို႔အား ျပင္းျပင္းထန္ထန္ ထိတ္လန႔္တုန္လႈပ္သြားေစေလသည္။

ဒီလူေတြက တကယ္ပဲစြမ္းအားရွင္ေတြလား?

“ေအာင္ျမင္မႈထက္ က်ရႈံးျခင္းက ငါတို႔ကိုပိုဆုံးရႈံးေစတယ္! ဘယ္သူက မင္းတို႔ကို လိုက္လုပ္ဖို႔အမိန႔္ေပးၿပီး ေနာက္ဆုံးစကားျဖစ္တာလဲ? မင္းငါ့ကို ၫႊန္ၾကားဖို႔လိုအပ္ေသးလား?”

ဝူရယ္သည္ လိုင္ဆန္း၏မ်က္ႏွာဆီသို႔ ႏွစ္လွမ္းသုံးလွမ္းေလာက္ အေျပးသြားကာ ေျမျပင္ ေပၚသို႔ ျဖတ္ရိုက္ခ်လိဳက္ေလ၏။

လိုင္ဆန္းသည္လည္း ႀကီးမားေသာအမွားတစ္ခုကို က်ဴးလြန္မိေၾကာင္း သတိျပဳမိသြားၿပီး သစ္႐ြက္ကဲ့သို႔ တုန္ခါသြားေလ၏။ ဝူရယ္သည္ သူ႕ဘ၀ကို စိတ္ပ်က္လက္ပ်က္ကယ္တင္ခဲ့သည္မွာ လိုင္ဆန္းသည္ သူ႕အစ္ကိုအႀကီးဆုံး၏ ေဝးကြာေသာဝမ္းကြဲျဖစ္သည္ကို သတိရေသာေၾကာင့္ ျဖစ္ေလသည္။

ေနာက္မွ ဝူရယ္သည္ ဂ႐ုတစိုက္ေျခလွမ္းအနည္းငယ္လွမ္းကာ ေလွကားထစ္တြင္ရပ္ေနေသာ လူမ်ားကို သူ႕လက္သီးဆုပ္မ်ားျဖင့္ အေလးျပဳလိုက္၏။

“စိတ္မဆိုးပါနဲ႕၊ မင္းတို႔ နားလည္မႈလြဲေနတာပါ။ အားလုံးက နားလည္မႈလြဲေနတာပါ။ ဒီအစ္ကိုက မင္းနဲ႕ ျပဳဆင္ဖို႔ ဒီကိုလာေနတာပါ!”

က်န႔္ယြင္ႏွင့္ အျခားလူမ်ားသည္ သူ႕ကို ေအးစက္စြာၾကည့္ကာ မလႈပ္ၾကေခ်။ ထိုလူမ်ားသည္ သုန္သုန္ကိုထိခိုက္ေစၿပီး ေပါ့ေပါ့တန္တန္ ေတာင္းပန္ျခင္းတစ္ခုျဖင့္ မေျဖရွင္းနိုင္ေခ်။

ထိုအျခင္းအရာကိုျမင္ၿပီး ဝူရယ္သည္ ေရွ႕သို႔ေျခလွမ္းအနည္းငယ္လွမ္းကာ အသံေလွ်ာ့ကာေျပာလိုက္၏။

“အခု မင္းတို႔ ဒီကေလးငယ္ကို မေတာ္တဆထိခိုက္မိ‌ေစတာ ငါ့သတၱမညီေလးရဲ႕အမွားပါ။ ကံေကာင္းေထာက္လို႔ ဒဏ္ရာက ပခုံးမွာမို႔ မေသေစနိုင္ပါဘူး။ ငါတို႔အေျခစိုက္စခန္းမွာ ကုသေပးသူရွိတယ္။ ဒီလိုဒဏ္ရာ အေသးစားအနည္းငယ္ကို ခ်က္ခ်င္းသက္သာေပ်ာက္ကင္းေစနိုင္ပါတယ္။ ေက်းဇူးျပဳၿပီး ငါ့ သတၱမေျမာက္ညီငယ္ေလးအား လႊတ္ေပးပါ”

ထိုစကားေၾကာင့္ စုေ႐ြ႕က်ယ္၏မ်က္လုံးမ်ားသည္ ခဏတာမွိတ္တုတ္မွိတ္တုတ္ ျဖစ္သြားကာ က်န႔္ယြင္၏လက္ေခ်ာင္းကို လွမ္းဆြဲလိုက္၏။

က်န႔္ယြင္သည္ သူ႕ကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူအသာအယာ ေခါင္းညိတ္ျပသည္ကို ျမင္မွ သူ႕စြမ္းအားကို ျပန္ယူလိုက္ေလသည္။

ဤေနရာ၌ အၿမဲလိုလိုအေရးပါအရာေရာက္ခဲ့ေသာ ခ်ီးရယ္သည္ ေနာက္ဆုံး၌ အသက္ရႈလို႔ရသြားေလသည္။ နာက်င္စြာ ညည္းတြားလိုက္၏။ သူသည္ ထရပ္ကားတစ္စီး တက္ႀကိတ္သြားသကဲ့သို႔ ခံစားလိုက္ရကာ အသက္ရႈရတာေတာင္ ခက္ခဲေန၏။ ညီငယ္အခ်ိဳ႕သည္ ေရွ႕သို႔အျမန္ေျပးကာ သူ႕အား ဂ႐ုတစိုက္ကူတြဲလိုက္ၾကေလ၏။

“လာ! သြားၿပီး ကေလးနဲ႕ ခ်ီးရယ္ကို ကုသဖို႔ ျပင္ဆင္ဖို႔ မစၥတာလင္းကို ေျပာလိုက္!”

“ဟုတ္ကဲ့”

ျမန္ဆန္ေသာေျခေထာက္ႏွင့္လူသည္ ထိုေနရာမွ ေျပးသြားၿပီးျဖစ္၏။

“ေက်းဇူးျပဳၿပီး ငါနဲ႕လိုက္ခဲ့ပါ”

“အခုေတာ့ ငါတို႔ လိမ္ေနတယ္လို႔ နင္ဘာလို႔မေျပာေတာ့တာလဲ?”

ခ်န္းေက်ာင္းသည္ ေအးစက္စြာ ႏွာမႈတ္လိုက္၏။

ဝူရယ္သည္ ခ်က္ခ်င္းပင္ ေခြၽးမ်ားထြက္လာကာ ကမန္းကတန္း ဆက္၍ ေတာင္းပန္ေလ၏

“ေတာင္းပန္ပါတယ္၊ ေတာင္းပန္ပါတယ္၊ နားလည္မႈလြဲသြားတာပါ ”

ယခုေလးတင္ သူတို႔ထဲက ေတာ္ေတာ္မ်ားမ်ားသည္ အဆက္မျပတ္ လႈပ္ရွားမႈမ်ား လုပ္ခဲ့ၾကၿပီး သူတို႔အားလုံးသည္ ဖုံးကြယ္ထားသည့္ အဆင့္ျမင့္အရည္အခ်င္းမ်ားျဖစ္ၾက၏။ သူတို႔သည္ ဒီအဖြဲ႕၏ႀကံ့ခိုင္မႈကို အျပည့္အ၀ သက္ေသျပခဲ့ၿပီးျဖစ္၏။ ဒဏ္ရာရထားသည့္ကေလးသည္လည္း စြမ္းအားရွင္တစ္ေယာက္ဟု သူ မယုံၾကည္နိုင္ဆဲ ျဖစ္ေသာ္လည္း ယခုေလးတင္မွကဲ့သို႔ ရိကၡာ သုံးငါးဂ်င္းေလာက္အတြက္ သူတို႔ႏွင့္ ဘယ္လိုမ်ားတိုက္ခိုက္နိုင္ပါ့မလဲ?

“လိုင့္ဆန္း!  လီပင္းကို ေခၚလိုက္! စာရင္းသြင္းတာကိုဆက္လုပ္!”

အစားအေသာက္ရိကၡာကို ေပးရန္မလိုအပ္ေသာ္လည္း စာရင္းသြင္းရန္ လိုအပ္ေသးသည္။ အနည္းဆုံးေတာ့ အဆက္အသြယ္ထပ္မံရရွိရန္ ဤလူမ်ား၏ဇာစ္ျမစ္ကို သိရန္လိုအပ္ပါေသးသည္။

လိုင္ဆန္းသည္ ေျမျပင္မွ အျမန္ထကာ ေအာ္ဟစ္ရန္ အေပၚထပ္သို႔ တက္သြားေလသည္။

ထိုအခ်ိန္တြင္ အျပင္ဘက္၌ မိုးစ႐ြာလာၿပီး ဝူရယ္သည္ တစ္စုံတစ္‌ေယာက္အား ထီးယူလာေစၿပီး က်န႔္ယြင္ ႏွင့္အျခားလူမ်ားအားထံသို႔ ေပးလိုက္၏။ သုန္သုန္အားကုသရန္ အေရးႀကီးသည္မွာ ပထမျဖစ္‌သည္ကို ထည့္စဥ္းစားၿပီး မည္သို႔ေသာအဓိပၸါယ္မရွိတာမ်ိဳးကိုမွ်မလုပ္ၾကေခ်။ ထီးကို တိုက္ရိုက္ယူကာ သူတို႔ေနာက္မွ အျပင္သို႔ ထြက္သြားၾကေလသည္။

လင္ခ်န္းအေျခစိုက္စခန္းသည္ သိပ္မႀကီးလွဘဲ သူတို႔သြားမည့္ေနရာည္ သိပ္မေဝးေခ်။ ထို႔ေၾကာင့္ လူတိုင္းသည္ ျမန္ျမန္လမ္းေလွ်ာက္သြားၾကၿပီး မၾကာမီပင္ ထိုေနရာသို႔ ေရာက္သြားၾကေလ၏။

၎သည္ ေျခာက္ထပ္တိုက္ အေဆာက္အအုံတစ္ခုျဖစ္၏။ လွ်ပ္စစ္မီး ျပတ္ေတာက္မႈေၾကာင့္ သူခိုးကာကြယ္ေရးဂိတ္ေပါက္ဝတြင္ အလြတ္နီးပါးရွိေန၏။ ထိုေနရာတြင္ ေသာ့ခတ္ထားေသာ သံကြင္းႀကီးတစ္ခု ခ်ိတ္ဆြဲထားကာ ဂိတ္ဝတြင္ လူသုံးဦး ရပ္ၿပီးေစာင့္ၾကပ္ေနၾကျခင္းျဖစ္သည္။ တံခါးကို အျပင္ဘက္မွ ေသာ့ခတ္ျခင္းသာျဖစ္၏။ လုံၿခဳံရအတြက္ ကာကြယ္ျခင္းႏွင့္မတူဘဲ ေထာင္တစ္ခုႏွင့္တူေလ၏။

ဝူရယ္ မိုး႐ြာထဲမွလာေနသည္ကို ျမင္ၿပီး တံခါးေစာင့္သည္ ေသာ့ကိုအျမန္ထုတ္ၿပီး တံခါးကိုဖြင့္လိုက္၏။

“ဝူရယ့္၊ လူႀကီးမင္း လင္းက ဒုတိယထပ္မွာ ရွိပါတယ္”

ဝူရယ္သည္ ေခါင္းညိတ္ျပလိုက္ၿပီး က်န႔္ယြင္ႏွင့္ တျခားသူမ်ားကို အေပၚထပ္သို႔သြရန္ လက္ယပ္ေခၚလိုက္၏။

ဒုတိယထပ္ေလွကားႏွင့္ မ်က္ႏွာမူထားေသာ အိမ္ကိုလည္း သံေသာ့ျဖင့္ခတ္ထား၏။ ထိုေနရာတြင္ ေစာင့္ၾကပ္တာ၀င္က်သည့္လူတစ္ေယာက္ရွိ၏။ ဝူရယ္ကို ျမင္ၿပီးေနာက္ သူသည္ ေသာ့ကိုထုတ္ကာ တံခါးဖြင့္ေပးလိုက္သည္။

“အထဲမွာက ေနရာေသးေလးတစ္ခုပဲရွိတယ္။ လူအမ်ားႀကီး မတိုးနိုင္ေတာ့ကို စိုးရိမ္မိပါတယ္”

ဝူရယ္သည္ က်န႔္ယြင္ဆီသို႔ ၾကည့္ရင္း ရွက္႐ြံ႕ေနသည့္ပုံျပထားေန၏။

“ငါ ေရွာင္က်ယ္နဲ႕ ၀င္သြားလိုက္မယ္။ တျခားသူေတြ အျပင္မွာ ေစာင့္ေနလိမ့္မယ္”

က်န႔္ယြင္သည္ ဒဏ္ရာရေနေသာ သုန္သုန္ကို က်န႔္က်ားဟယ္၏လက္မွ ေခၚယူလိုက္သည္။

သုန္သုန္၏ မ်က္ႏွာငယ္ေလးသည္ နီရဲေနေသာ မ်က္လုံးမ်ားျဖင့္ ျဖဴေဖ်ာ့ေန၏။ မ်က္လုံးထဲမွ မ်က္ရည္မ်ား မထြက္နိုင္ဘဲ သနားစရာေကာင္းလွသည္။ ပုခုံးေပၚရွိ ဒဏ္ရာသည္ ေသြးမ်ား အဆက္မျပတ္ထြက္ေန၏။ ကေလးသည္ အလြန္လိမၼာပါးနပ္ၿပီး စကားတစ္ခြန္းမွမေျပာဘဲ က်န႔္ယြင္၏ရင္ခြင္ထဲတြင္သာ လဲေလ်ာင္းေနေလသည္။ က်န႔္ယြင္ႏွင့္ စုေ႐ြ႕က်ယ္တို႔သည္ နာက်င္ခံစားရ႐ုံမွတစ္ပါး မတတ္နိုင္ၾကေပ။

“မေၾကာက္ပါနဲ႕၊ အဆင္ေျပသြားမွာေနာ္”

စုေ႐ြ႕က်ယ္သည္ သုန္သုန္၏ေခါင္းကို ညင္သာစြာနဲ႕ထိလိုက္၏။

လူတခ်ိဳ႕သည္ အခန္းထဲသို႔ဝင္လာၿပီး အခန္းသည္ အမွန္တကယ္ကို ေသးသည့္ေနရာတစ္ခုျဖစ္ကာ ေျခာက္ဆယ္ ခုနစ္ဆယ္ စတုရန္းမီတာခန႔္၊ အခန္းႏွစ္ခန္းႏွင့္ ခန္းမတစ္ခုရွိ၏။ ျဖဴေဖ်ာ့ေနေသာ လူလတ္ပိုင္းအ႐ြယ္လူတစ္ေယာက္သည္ ဧည့္ခန္းထဲတြင္ မတ္တပ္ရပ္ေနကာ သူ႕မ်က္လုံးမ်ားသည္ ခန္းေျခာက္ေနေသာေရတြင္းကဲ့သို႔ အသက္မရွိလွေခ်။

“လူႀကီးမင္းလင္း၊ လူႏွစ္ေယာက္ ဒဏ္ရာရလို႔၊ ဒုကၡျဖစ္ေစတဲ့အတြက္ ေတာင္းပန္ပါတယ္”

ဝူရယ္သည္ ယြီသုန္သုန္ႏွင့္ ခ်ီးရယ္တို႔ကို ရည္ၫႊန္းခဲ့၏။

လင္းက်ားသည္ စုေ႐ြ႕က်ယ္၏ ရင္ခြင္ထဲမွ ေကာင္ငယ္ေလးကို ျမင္ေသာအခါ သူ႕မ်က္လုံးမ်ားထဲတြင္ အနည္းငယ္ ေျပာင္းလဲသြားေလသည္။

“ဒီဘက္”

လင္းက်ားသည္ မာစတာအိပ္ခန္းဆီသို႔ ၫႊန္ျပလိုက္သည္။

မာစတာအိပ္ခန္းထဲတြင္ က်ဥ္းေျမာင္းေသာ တစ္ေယာက္အိပ္ကုတင္ေလးခုႏွင့္ အျဖဴေရာင္ အိပ္ယာခင္းမ်ား၊ အျဖဴေရာင္ နံရံမ်ား ရွိသည္။ ေဆး႐ုံဝါဒ့္တစ္ခုႏွင့္တူေသာ္လည္း ေဆး႐ုံထက္စာလွ်င္ ပစၥည္းကိရိယာနည္းပါးလွသည္။

က်န႔္ယြင္သည္ သုန္သုန္ကို ကုတင္တစ္လုံးေပၚတြင္ ဂ႐ုတစိုက္ခ်ထားလိုက္ၿပီး ညီငယ္ႏွစ္ေယာက္သည္ ခ်ီးရယ္ကို ေနာက္ကုတင္တစ္ခုဆီသို႔ ကူညီေပးခဲ့ၾကသည္။

လင္းက်ားသည္ ယြီသုန္သုန္၏ပခုံးေပၚရွိ ဒဏ္ရာေပၚကို သူ႕လက္ျဖင့္တင္လိုက္၏။ ဒဏ္ရာကို ထိလုနီးပါးပင္ျဖစ္၏။ ကေလးသည္ နာက်င္မႈေၾကာင့္ ႐ုတ္တရက္ တုန္ယင္သြားကာ သူ႕မ်က္လုံးမ်ားထဲမွ မ်က္ရည္မ်ား က်ဆင္းလာေလသည္။

“ကေလး၊ မငိုပါနဲ႕။ အဆင္ေျပသြားမွာပါ”

လင္းက်ားသည္ သူ႕အား ကို႔ယို႔ကားယားႏွစ္သိမ့္လိုက္ကာ သူ႕ဒဏ္ရာေပၚကို သူ႕လက္ဖဝါးတင္လိုက္ၿပီး ေပ်ာ့ေပ်ာင္းေသာ အျဖဴေရာင္အလင္းတစ္ခုကို ျဖည္းညွင္းစြာ ထုတ္လႊတ္လိုက္သည္။

ဒဏ္ရာသည္ သိပ္မနာေတာ့ေခ်။ ယြီသုန္သုန္၏ မ်က္ရည္မ်ား တေျဖးေျဖးရပ္တန႔္သြားၿပီး ဒဏ္ရာထဲရွိ က်ည္ဆန္ကို ျဖည္းညွင္းစြာ ညွစ္ထုတ္လိုက္ၿပီးေနာက္ ဒဏ္ရာသည္ သာမန္မ်က္စိႏွင့္ျမင္နိုင္ ေလာက္သည့္အရွိန္ႏွင့္ သက္သာသြားေလသည္။

ကုသမႈအဆုံးတြင္ ယြီသုန္သုန္၏ဒဏ္ရာသည္ လုံးဝေပ်ာက္ကင္းသြားၿပီး ဒဏ္ရာရထားခဲ့သည္ကိုပင္ မျမင္နိုင္ေလာက္ေတာ့ေခ်။

သို႔ေသာ္ လင္းက်ား၏မ်က္ႏွာသည္ ျဖဴေဖ်ာ့လာၿပီး သူ႕နဖူးသည္ ေခြၽးမ်ားႏွင့္ ဖုံးလႊမ္းသြားကာ သူ႕ခႏၶာကိုယ္သည္ မသိမသာ တုန္ယင္သြားေလသည္။

“ခင္ဗ်ား အဆင္ေျပရဲ႕လား?”

စုေ႐ြ႕က်ယ္သည္ အျမန္ေရွ႕ထြက္လာၿပီး သူ႕ကိုကူညီလိုက္၏။

“ငါ အဆင္ေျပပါတယ္။ ေက်းဇူးတင္ပါတယ္”

လင္းက်ားသည္ ႏူးညံ့ေသာအသံျဖင့္ ေက်းဇူးတင္စကားဆိုၿပီးေနာက္ ခ်ီးရယ္၏ကုတင္သို႔သြားကာ သူ႕လက္ကို သူ႕အေပၚသို႔တင္လိုက္၏။

ထိုအခိုက္အတန့္တြင္ လင္းက်ား၏မ်က္ႏွာတြင္ အရိပ္အေယာင္မရွိခဲ့ေသာ္လည္း စုေ႐ြ႕က်ယ္သည္ သူ႕မ်က္လုံးမ်ားတြင္ အမုန္းတရားမ်ားႏွင့္ ႐ြံရွာျခင္းမ်ားကို ထင္ထင္ရွားရွားေတြ႕လိုက္ရသည္။

သူ႕အရင္ဘ၀၌ စုေ႐ြ႕က်ယ္သည္ လင္ခ်န္းအေျခစိုက္စခန္းတြင္ တစ္ခ်ိန္က ကုသသူတစ္ဦးရွိခဲ့ဖူးေၾကာင္း ၾကားဖူးခဲ့သည္။ သူၾကား႐ုံသာၾကားဖူးခဲ့ျခင္းျဖစ္ကာ အဘယ္ေၾကာင့္ဆိုေသာ္ သူလင္ခ်န္းအေျခစိုက္စခန္းသို႔ေရာက္သည့္အခ်ိန္၌ ကုသသူသည္ ေသဆုံးသြားၿပီးျဖစ္ေသာေၾကာင့္ျဖစ္ေလသည္။

ကုသသူသည္ ပင္ပန္းႏြမ္းနယ္မႈေၾကာင့္ ေသဆုံးခဲ့ရသည္ဟု ဆိုၾကသည္။ သို႔ေသာ္လည္း စုေ႐ြ႕က်ယ္သည္ ေနာက္ပိုင္း၌ သုေတသနဌာနထဲသို႔ သြင္းခံလိုက္ရေသာအခါတြင္မွ ကုသသူသည္ သူ၏စြမ္းအင္အူတိုင္ကို ဖယ္ရွားခံလိုက္ရေသာေၾကာင့္ ေသဆုံးသြားျခင္းျဖစ္ေၾကာင္း ေတြ႕ရွိခဲ့ရသည္။

စုေ႐ြ႕က်ယ္ကဲ့သို႔ပင္ သူသည္ “လူသားတို႔၏ အနာဂတ္ကို အက်ိဳးျပဳရန္” တြန္းအားေပးခံခဲ့ရသည္။

စုေ႐ြ႕က်ယ္သည္ ကုသသူသည္ အျခားသူမ်ားကို ကုသေပးေသာအခါတြင္ သူကိုယ္တိုင္စြမ္းအင္မ်ားစြာကို သုံးစြဲခဲ့သည္ဟု သုေတသနပညာရွင္မ်ားေျပာေနသည္ကို ၾကားသိခဲ့ရသည္။ ကုသသူ၏ ခႏၶာကိုယ္သည္ လအနည္းငယ္အတြင္း လ်င္ျမန္စြာ ပ်က္ျပားသြားခဲ့သည္။ ေနာက္ဆုံး၌ သုေတသနအဖြဲ႕သည္ သူ႕အျမဳေတအား တူးထုတ္ခဲ့ျခင္းျဖစ္၏။ အေၾကာင္းရင္းမွာ ဘာပဲျဖစ္ျဖစ္ သူေသရေတာ့မည္ျဖစ္၍ ျဖစ္သည္။ လူသားမ်ား၏ အနာဂတ္အတြက္ အက်ိဳးျပဳရန္ လုပ္ျခင္းသည္ ပိုေကာင္း၍ျဖစ္ေလသည္။

စြမ္းအားရွင္၏အျမဳေတသည္ ဖုတ္ေကာင္၏အျမဳ‌ေတႏွင့္ ဆင္တူကာ ၎သည္ စြမ္းအင္စုေဆာင္းၿပီးေနာက္ ျဖစ္ေပၚလာျခင္းျဖစ္သည္။  ဖုတ္ေကာင္၏အျမဳေတသည္ ဦးႏွောက္ထဲတြင္ရွိၿပီး စြမ္းအားရွင္မ်ား၏အျမဳေတသည္ သူတို႔၏ဝမ္းဗိုက္ရွိ တန္းထ်န္ထဲတြင္ရွိ၏။ စြမ္းအားရွင္ေစဆုံးသြၿပီးေနာက္ စြမ္းအင္အူတိုင္သည္ ေပ်ာက္ကြယ္သြားမည္ျဖစ္သည္။ ထို႔ေၾကာင့္ စြမ္းအင္အူတိုင္ကိုတူးေဖာ္လိုပါက စြမ္းအားရွင္အသက္ရွင္ေနဆဲခ်ိန္၌ ၎ကိုလုပ္ေဆာင္ရမည္ျဖစ္သည္။

【TN : 丹田 (dān tiàn) ကေတာ့ တ႐ုတ္ ဝူရွ/ရွန္းရွ ၀တၳဳေတြဖတ္ဖူးသူဆို သိၾကမွာပါ။ လူတစ္ေယာက္ရဲ႕ ခ်ီ အဓိက စုေနတဲ့ေနရာေပါ့။ သိုင္းကားထဲမွာဆို ဗိုက္ရဲ႕ ဘယ္နားက ခ်ီကို ဘယ္နားကိုေ႐ြ႕ဆိုၿပီး သိုင္းက်င့္ၾကတာ ျမင္ဖူးမွာပါ။ သိုင္းပညာတို႔ အတြင္းအားတို႔ကို ဖ်က္စီးခ်င္ရင္ အဲ့ဒါကိုဖ်က္စီးၾကတယ္ေလ။ အဲ့ ခ်ီပင္လယ္ ကို တန္းထ်န္လို႔ ေခၚပါတယ္တဲ့။ 】

ထိုေရာဂါေဗဒသုေတသီမ်ား၏ မ်က္လုံးမ်ားထဲတြင္ လက္ေတြ႕စမ္းသပ္ခံ စြမ္းအားရွင္မ်ားသည္ လူေသမ်ားကဲ့သို႔ပင္ျဖစ္၏။ သူတို႔သည္ ထုံေဆးမ်ားကို ျဖဳန္းတီးရန္ဆႏၵမရွိၾကေခ်။ သူတို႔၏ဗိုက္ကိုတူးကာ သူတို႔၏ တန္းထ်န္မွ စြမ္းအင္အူတိုင္မ်ားကို ထုတ္ယူလိုက္ၾက႐ုံသာျဖစ္သည္။

ဘယ္ေလာက္ရက္စက္လိုက္သလဲ?!

ကုစားနိုင္ေသာ စြမ္းအားအျမဳေတကို ေနာက္ပိုင္းတြင္ ထိုလူမ်ားသည္ အမႈန႔္ျဖစ္ေအာင္ႀကိတ္ကာ အေျခစိုက္စခန္းတပ္မႉးမွ တန္ဖိုးထားသည့္ အဖိုးတန္အသက္ကယ္ေဆးအျဖစ္ ဖန္တီးခဲ့ၾကသည္။

ေနာက္ပိုင္း၌ ၾကည္လင္ေသာသလင္းေက်ာက္ အျမဳေတသည္ စြမ္းအားရွင္မ်ားအား သူတို႔၏ စြမ္းအားမ်ား ျပန္လည္ျဖည့္တင္းရန္ ကူညီေပးနိုင္ေၾကာင္း သိရွိလာၾကေသာအခါတြင္မွ သူတို႔သည္ ေ႐ႊၾကက္မတစ္ေကာင္ကို မွားယြင္းစြာသတ္မိခဲ့ျခင္းအတြက္ ေနာင္တရသြားခဲ့ၾကသည္။

အမွားမ်ားကို ထပ္မလုပ္မိေစဖို႔ရန္အတြက္ ေနာက္ခံမရွိသည့္ အထူးအစြမ္းအစရွိေသာ စြမ္းအားရွင္အခ်ိဳ႕ကို သူတို႔ တိုးတက္လာေစရန္ကူညီရန္ႏွင့္ သူတို႔၏ယုံၾကည္မႈကိုရရွိရန္ စြမ္းရည္အခ်က္အလက္မ်ားကို စုေဆာင္းရျခင္းအေၾကာင္းအရင္းႏွင့္ ေ႐ြးခ်ယ္ၾကေလသည္။ သူတို႔၏စြမ္းအားမ်ားကို သုေတသနျပဳနိုင္သည္ဆိုသည္ကို ေတြ႕ရွိၾကၿပီးသည္ႏွင့္ သုေတသနဌာနသည္ လူမဆန္ေသာ စမ္းသပ္မႈမ်ားအတြက္ သူတို႔အားခ်က္ျခင္းဖမ္းလိမ့္မည္ျဖစ္သည္။

စုေ႐ြ႕က်ယ္သည္ ထိုကံမေကာင္းေသာစမ္းသပ္ပစၥည္းမ်ားထဲမွတစ္ခုျဖစ္၏။ ထပ္ခါတလဲလဲစမ္းသပ္မႈမ်ားျပဳလုပ္ၿပီးေနာက္ သစုေ႐ြ႕က်ယ္သည္ေနာက္ထပ္သုေတသနတန္ဖိုးမရွိေတာ့ေၾကာင္း သူတို႔ဆုံးျဖတ္လိုက္ၾကၿပီးေနာက္ သူအလြန္ေစာစီးစြာေသသြားၿပီး အလြန္အလဟႆျဖစ္သြားမည္ကို စိုးရိမ္ၾကေသာေၾကာင့္ သူ႕စြမ္းအင္အူတိုင္ကို တူးထုတ္ခဲ့ၾကသည္။

ထိုလူမ်ား လင္းက်ားကို အက်ဥ္းခ်ထားသည့္နည္းလမ္း ႏွင့္ လင္းက်ားကိုယ္တိုင္ကို ျမင္ၿပီးေနာက္ စုေ႐ြ႕က်ယ္သည္ သူသည္ သူ႕ယခင္ဘဝတြင္ ေသဆုံးသြားခဲ့ေသာ ကုသသူျဖစ္သင့္သည္ဟု အတည္ျပဳခဲ့သည္။ သူ၏ယခင္ဘဝ၌ ျဖစ္ပ်က္ခဲ့ေသာအရာမ်ားကို ေတြးေတာရင္း စုေ႐ြ႕က်ယ္သည္ ေသျခင္းတရား အနိဌာ႐ုံကို ခံစားခဲ့ရေလသည္။

ဒီလူေတြ ဘာေၾကာင့္မ်ား တျခားလူေတြရဲ႕ဘဝကို နင္းေခ်နိဳင္ရတာလဲ?! ဒီလူေတြက ဘာေၾကာင့္မ်ား သူတို႔လုပ္ခ်င္တာကို လုပ္ေနၾကတာလဲ?!

သူ႕ကံၾကမၼာကို ေျပာင္းလဲခဲ့ၿပီးျဖစ္ၿပီး ဒီလူကို သူ႕ကံၾကမၼာကိုေျပာင္းလဲဖို႔ သူကူညီခ်င္တယ္။

  🍒🍒

Continue Reading

You'll Also Like

265K 11K 37
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
181K 34.3K 70
Author - Yin Ya MM translate from English Translate Chapter (663- ) Crd to original novel
6.6M 433K 94
Hanary Victor + Loon Tar Nay San
43.3K 5.8K 14
Title - THE TYRANT'S BELOVED EMPRESS Type - WEB NOVEL Author - 绣生 / Xiu Sheng Origina...