My Cherry Will Explode in the...

By tobefly_highhigh

650K 94K 1.4K

《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံ... More

Description
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷《ကျန့်ယွင်နှင့်‌ နောက်တဖန်ပြန်ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸《‌နေရာလွတ်တစ်ခုရှိနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹 《ဆက်ဆံရေးက အလွဲတစ်ခုနဲ့စတင်ခဲ့တယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺 《မှော်ဆန်သောအရုပ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻 《ထပ်မရှောင်နိုင်တော့ ဆုံရပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼《ရှင်းရှင်းလင်းလင်းလုပ်ကြစို့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽《အမြတ်အစွန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾《ဒဏ်ရာများအား ဂရုစိုက်ပေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿 《အိပ်ယာအား အတူမျှဝေခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶《ဈေး၀ယ်ထွက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷《‌ကောင်းမွန်သောအရာများဆက်လက်ဖြစ်ပျက်နေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟸《ဖြိုဖျက်ရေးနှင့်ပြန်လည်နေရာချထားရေးသတိပေးချက်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟹《အတိတ်ဘ၀အကြောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟺《အတူတူရင်ဆိုင်ကြမယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟻《တွက်ချက်မှုများမအောင်မြင်ခဲ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟼《အိမ်နဲ့ကားရှိတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟽《မင်းလုပ်ရဲတယ်ပေါ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟾《ကမ္ဘာပျက်ကပ်ကြီးနီးလာပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟿《ကမ္ဘာပျက်ကပ်ကြီး ရောက်လာခဲ့ပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟶《စူပါမားကတ်*ကုန်တိုက်ကို အပြောင်ရှင်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟷《မ‌မျှော်လင့်ထားသော》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟸《ခွဲခွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟹《ပဲစေ့ကျည်ဆန်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟺《ထွက်လာကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟻《မကောင်းတဲ့သူတစ်ယောက်မဟုတ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟼《အမြု‌တေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟽《နှစ်မျိုးတွဲစွမ်းရည်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟾《Otakuတစ်ယောက်၏အလားအလာ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟿《ကယ်တင်မှာလား မကယ်တင်ဘူးလား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟶《ဦးနှောက်ပျက်စီးမှုကို ကယ်တင်လို့မရတော့ဘူး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟷《သူတို့ကစုံတွဲတစ်တွဲပဲ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟸《အဖွဲ့၀င်အသစ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟹《တစ်စုံတစ်ယောက်က တံခါးကိုဖျက်ပြီးဖွင့်ဖို့ကြိုးစားနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟺《ကမ္ဘာပျက်ကပ်အတွင်းပြောင်းလဲမှုများ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟻《နှုတ်ဆက်ပါတယ် အကြီးဆုံးဦးလေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟼《 အသက်ကယ် ကျေးဇူးတရား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟽《အနီရောင်မိုးရွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟾 《ဒဏ်ရာရ စစ်သားများနှင့်တွေ့ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟿《လူ့နှလုံးသားများသည် မခန့်မှန်းနိုင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟶《ကယ်ဆယ်ရေးအစီအစဉ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟷《ကယ််‌ဆယ်ရေးလုပ်ငန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟸《စစ်ဆင်‌ရေးစတင်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟹《အောင်အောင်မြင်မြင်လွတ်မြောက်ခြင်း》
Plants vs Zombies
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟺《ကယ်ဆယ်ရေးသတင်းစကား》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟻《ထွက်ခွာရန်စုစည်းကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟼《ဆင့်ကဲ‌ပြောင်းလဲနေသောဖုတ်ကောင်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟽《အဖိုးတန်ပဲစေ့များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟾《ကယ်ဆယ်ရေး စတင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟿《ချန်းယန် အလယ်တန်းကျောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟶《အကျပ်ရိုက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟷《ချန်းမောင်နှမများ》 
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟸 《နောက်တစ်ကြိမ်စကားပြောကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟹《 LED နေကြာပန်းမီးအိမ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟺《လယ်သမားဈေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟻《ရှောင်ဟေး၏ ကွဲပြားနေမှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟼《 အခြေစိုက်စခန်းသို့ ကနဦး၀င်ရောက်မှု》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟽《 အခြေစိုက်စခန်းထဲသို့ ပြောင်းရွှေ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟾《 အရေးပေါ်မစ်ရှင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟿《 စွမ်းရည်အဆင့်တက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟶 《 G မြို့သို့ သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟷《 သူလိမ်နေတာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟸《 မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟹《 ပုလင်းတစ်ခုထဲသို့ လိပ်ကိုဖမ်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟺《 အဆင့်သုံးဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟻《 စက်ရုံထဲ၀င်ရောက်ကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟼《 ကြွယ်၀သောရလဒ်များဖြင့်ပြန်လာကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟽《 ကျည်ဆန်အသစ်များ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟾《 အခြေစိုက်စခန်း၏ပြောင်းလဲခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟿 《 မြေမဲ့စိုက်ပျိုးရေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟶《 ၀မ်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟷《 အန်းဟွေ့မြို့ထဲရှိမငြိမ်သက်မှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟸《 သန္ဓေပြောင်းဝံပုလွေများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟺《 ကူးစက်ခံကြွက်၀င်ရောက်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟻《 ကြောင်နှင့်ကြွက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟼《 အကျပ်အတည်းဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟽《 စွမ်းရည်ဆေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟾《 သေခြင်းတရားကိုရှာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟿《 အခြေစိုက်စခန်းမှမောင်းထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟶《 အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟷《 လင်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟸《 ညစ်ပတ်သောလူသည် ညစ်ပတ်ခြင်းကိုသာမြင်၏ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟹《 King Kong ရှစ်ယောက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟺《 ကုသခြင်းစွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟻《 မိုးသည်းနေ့မှာလောင်သောမီး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟼《 အသိတချို့နှင့်ဆုံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟽《 မိုးသည်းကြီးနောက်ဆုံးတိတ်သွားပြီ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟾《 အနောက်မြောက်ဘက်သို့ဦးတည်သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟿《 ဖုတ်ကောင်ဝိုင်းရံခံရခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟶《 ပူးပေါင်း‌တိုက်ခိုက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟷《 ဘေးဒုက္ခအကျပ်အတည်းကို ဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟸《 စွမ်းရည်အဆင့်မြှင့်တင်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟹《 နှစ်သစ်ကူးနေ့ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟺《 နှစ်သစ်တစ်နှစ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟻《 နေရာလွတ်စွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟼《 အကူအညီတောင်းခံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟽《 မြောက်ပိုင်းသို့သွားရန်အသင့် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟾《 ထူးဆန်းသည့်ဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟿《 စွမ်းရည်နှစ်မျိုး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟶《 Snow Cruiser 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟷《 ကြင်နာမှုကို ကျေးဇူးသိတတ်မှုဖြင့် တုန့်ပြန်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟸《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟹《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟺《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟻《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟼《 ထိန်းချုပ်မရနိုင်ဖြစ်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟽《 မြွေပွေးခါးပိုက် ပိုက်-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟾《 မြွေပွေးခါးပိုက် ပိုက်-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟿《 မြို့တော်အခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟶《 မိသားစုနှစ်ခု၏အခြေအနေ-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟷《 မိသားစုနှစ်ခု၏အခြေအနေ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟸《 တွေ့ကြုံစုံစည်းကြခြင်း 》
𝙴𝚡𝚝𝚛𝚊《 ကွေ့ကောက်သောလမ်းသည် ဆိတ်ငြိမ်သောအရပ်သို့ ဦးတည်လေသည် 》
Complete 💯!!!
Completed Pdf file
ရာသီဥတု သတိပေးချက်
MMStoryteller website

𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟹《 မြင်ရုံနဲ့ ‌ဝေစုလိုချင်တာလား? 》

4K 609 10
By tobefly_highhigh

My Cherry Will Explode in the Apocalypse

Chapter 73《 မြင်ရုံနဲ့ ‌ဝေစုလိုချင်တာလား? 》

Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク

ကျန့်ယွင်နောက်လိုက်လာသည့်လူများသည် ဝံပုလွေများအားလုံး ကျန့်ယွင်၏ဆွဲဆောင်မှုခံလိုက်ကြရသည်ကို တွေ့လိုက်ကြရပြီး သူတို့အား အာရုံစိုက်ရန်အချိန်မရှိကြချေ။ သူတို့သည် ဂရုမစိုက်ကြဘဲ သူတို့ကားများဆီသို့ ချက်ခြင်းထွက်ပြေးသွားကြလေ၏။

ထိုလူများသည် အခြေခံအားဖြင့် စွမ်းအားရှင်တစ်ယောက်နောာက်မှ စွမ်းအားကိုတွဲခိုနေကြသည့် သာမန်လူများသာဖြစ်ကြသည်။ သူတို့သည် ဤကဲ့သို့ သန္ဓေပြောင်းဝံပုလွေအုပ်စုကြီးနှင့်တွေ့ကြသောအခါ သူတို့အားလုံး သေကုန်ကြလိမ့်မည်ဖြစ်သည်။ အကယ်၍ သူတို့သာ အခုထွက်မပြေးပါက ထိုလူများနှင့် အတူနေပြီး သေနိုင်ကြပါ့မလား?

သို့သော်လည်း သူတို့သေလိမ့်မည်ဟု ထင်ထားသည့် ကျန့်ယွင်နှင့်တခြားသူများသည် ထိတ်လန့်တကြားထွက်မပြေးကြချေ။ ကျန့်ယွင်သည် ကျန်နေသည့် ဝံပုလွေများကို ရေတွက်လိုက်ပြီး တည်ငြိမ်စွာပြောလာလေ၏။

"သုန်သုန်ကလွဲပြီး ငါတို့တစ်ယောက်ကို သုံးကောင်စီယူမယ် "

"ကိစ္စမရှိပါဘူး"

ချန်းချီသည် ရယ်မောရင်း သူ့လက်ဖဝါးများသည် မိုးကြိုးနှင့်တောက်ပနေပြီး ချန်ကျောင်း၏ ဓားသည်လည်း အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

နက်မှောင်သည့် မီးခိုးရောင်အမွှေးများနှင့် ဝံပုလွေကြီးတစ်ကောင်သည် ရုတ်တရက် ကောင်းကင်သို့မူပြီး အူလိုက်လေ၏။ လူအားလုံးသည် သူတို့ခြေထောက်များကို ရွှံ့ထဲတွင် ပိတ်မိနေသည်ဟုခံစားမိလိုက်ကြရ၏။ ဤမြေကို ဖန်တီးခဲ့သူသည် သူတို့ရှေ့ရှိ ကြီးမားသည့်ဝံပုလွေကြီးဖြစ်ပုံရ၏။

ကျန့်ယွင်သည် အနည်းငယ် စွေကြည့်လိုက်၏။ ဆွဲငင်အားထွက်လာသည်နှင့် တပြိုင်နက် မြေပြင်ပေါ်ရှိဝံပုလွေကို ဖိချလိုက်လေ၏။ ကြီးမားသော ဖိအားကြောင့် ဝံပုလွေသည် ညည်းညူပြီး တွားသွား‌လေ၏။

ထို့နောက် ကျန်းရှို့လျန်သည် သူတို့အားလုံးလွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်စေရန် လူတိုင်း၏ခြေအောက်ရှိ မြေကိုမာစေရန် စွမ်းအားကို ချက်ချင်းထုတ်လွှတ်လိုက်၏။

စုန့်ချန်ရှုထံမှ ထုတ်လွှတ်လိုက်သော ရေနွေးများသည် သူတို့ဆီသို့ နီးကပ်ရန် ရည်မှန်းထားသည့် ဝံပုလွေများကို ပူလောင်ကျွမ်းစေကာ အနီးစို့ ကပ်မလာရဲကြတော့ချေ။ ကျန့်ကျားဟယ်၏ဂေါက်ကလပ်သည် အလွန် ကြောင်စရာကောင်းပြီး လုန်ရန်ရဲသည့် မည်သည့်ဝံပုလွေမဆို ၎င်း၏လမ်းကြောင်း ကျိုးပဲ့သွားမည်ဖြစ်သည်။

ထိုအချိန်တွင် စုရွေ့ကျယ်သည် နေရာလွတ်ထဲမှ ဆူးရှားစောင်းပင်တစ်ပင်ကို ဖြည်းညှင်းစွာထုတ်ယူလိုက်ပြီး သူ့ဘယ်ဘက်လက်ဖြင့်ကိုင်လိုက်ကာ အစိမ်းရောင်ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲလိုက်‌လေ၏။ ၎င်းသည် မကြာသေးမီကမှ ကျန့်ကျားဟယ်၏ အတွေးကြောင့် တီထွင်ခဲ့သော အပင်အခြေခံလက်နက်အသစ်တစ်ခုဖြစ်သည်။ လက်နက်အဖြစ်ပြောင်းလဲပြီးနောက် ၎င်းသည် အလွန်ထက်ရှလာပြီး သံမဏိကို ရွှံ့ကဲ့သို့ ဖြစ်တောက်နိုင်သည့် အကျိုးသက်ရောက်မှုရှိ၏။

စုရွေ့ကျယ်သည် ဓားရှည်ကို ကိုင်ထားပြီး သူ့ကို တိုက်ခိုက်လာသော ဝံပုလွေနှစ်ကောင်ကို လွှဲယမ်းခုတ်ပိုင်းလိုက်၏။ နောက်အခိုက်အတန့်တွင် ဝံပုလွေနှစ်ကောင်ကို နှစ်ပိုင်းခွဲပြီးသားဖြစ်သွားပြီး သွေးပူနွေးနွေးများက သူ့အပေါ်သို့ ရုတ်တရက် စင်ကုန်လေတော့၏။

စုရွေ့ကျယ် :.....

အနာဂတ်မှာ ဒီလက်နက်ကို လျှော့သုံးတာက ပိုကောင်းမယ်ထင်တယ်။

【TN : စုရှောင်ကျယ်ရဲ့ ရှားစောင်းပင်ဓားနဲ့ အခွံမာသီးဒိုင်းကာ 】

ယွီသုန်သုန်သည် ကြောင်ကလေးကို ကိုင်ထားပြီး အခြားသူများက အကာအကွယ်‌ပေးထားလေသည်။ သို့သော်လည်း ဝံပုလွေ‌ပေါက်ကလေးတစ်ကောင်သည် သူ့အားစိုက်ကြည့်နေလေ၏။ အဖွဲ့သည် အခြားဝံပုလွေများနှင့် ဖြေရှင်းနေချိန်တွင် ၎င်းသည် ယွီသုန်သုန်ဆီသို့ အလွန်လျင်မြန်စွာ ပြေးသွားလေ၏။ ယွီသုန်သုန်သည် သူ့ရှေ့ရှိ မျက်လုံးစီမ်းတစ်စံနှင့် ပန်းပွင့်လေးတစ်ပွင့်ကို ခံစားလိုက်ရ၏။ ကလေးသည် ကြောက်ရွံ့စွာ နောက်ပြန်ဆုတ်သွားပြီး ဘာလုပ်ရမှန်းမသိတော့ချေ။

စုရွေ့ကျယ်သည် ချွေး‌အေးများဖြင့် ထိတ်လန့်သွားပြီး ချက်ချင်းပင် ဓားနှင့် ၎င်းကိုထိုးလိုက်လေ၏။ သူသည် ဝံပုလွေပေါက်လေးအပေါ် နက်ပြီး ရှည်လျားသော ဒဏ်ရာကို ဖြတ်လိုက်လေ၏။ ၎င်းသည် ဝံပုလွေပေါက်လေးအား အလွန်စိတ်ဆိုးသွားစေလေသည်။ သူသည် ထိုသို့ နာကျင်သွားသောအခါတွင် ယွီသုန်သုန်အားကိုက်ရန် ပါးစပ်ဖွင့်လိုက်လေ၏။

"မြောင်!"

ရှောင်ဟေးသည်သည် အလွန်သိက္ခာရှိသော ကြောင်ကလေးတစ်ကောင်၏ အသံဖြင့် အော်လိုက်သော်လည်း ဝံပုလွေကလေး၏ မျက်နှာကို ခြေသည်းတစ်ချောင်းနှင့် ရိုက်ပြီးနောက် ဝံပုလွေကလေးအား ပျံထွက်သွားစေကာ မြေပြင်သို့ ပြင်းပြင်းထန်ထန်ရိုက်မိသွားလေ၏။

ဝံပုလွေပေါက်သည် စုရွေ့ကျယ်ကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးဖြစ်၏။ ထိုကဲ့သို့ ရိုက်ခတ်မိပြီးနောက် နှစ်ချက်တွန့်ပြီးနောက် အသက်မရှုတော့ပေ။

"အာဝူး..."

ဝံပုလွေများသည် တစ်ကောင်ပြီးတစ်ကောင် လဲကျသွားကာ နောက်ဆုံးငါးကောင်သည် အော်ဟစ်ကာ လွတ်မြောက်သွားကြလေ၏။

သူတို့အားလုံးသည် ယွီသုန်သုန်၏လက်မောင်းထဲတွင်ကိုင်ဆောင်ထားဆဲဖြစ်သည့် ကြောင်နက်လေးကို ကြည့်လိုက်မိကြ၏။ ရှောင်ဟေးသည် မျက်လုံးများကို မှေးကျဉ်းထားပြီး သူ့ခြေသည်းလေးများကို လျက်နေချိန်တွင် သူ့ အားမာန်နှင့် ကျွမ်းကျင်မှုကို ဖုံးကွယ်ထားခဲ့လေ၏။

ထိုအရွယ်အစားကြောင်လေးတစ်ကောင်သည် ဝံပုလွေတစ်ကောင်ကို အကြိမ်ပေါင်းများစွာ ရိုက်နှက်လိုက်၏။ ဝံပုလွေသည် ဒဏ်ရာရသွားခဲ့လျှင်တောင် ၎င်းသည် လက်တွေ့မကျဘူးဟုထင်ရသည်...

ရှောင်ဟေးသည် နောက်ဆုံးတစ်ကြိမ် ကျန့်ကျားဟယ်ကို ကိုက်လိုက်ပြီး ခန္ဓာကိုယ်ကို လဲလှယ်ပြီးနောက် သူ့စွမ်းရည်တစ်စိတ်တစ်ပိုင်းကို ရရှိခဲ့တာ ဖြစ်နိုင်မလား?

သို့သော် ရှောင်ဟေးသည် ကြောင်တစ်ကောင်သာဖြစ်ပြီး သူတို့တွင်ကြောင်တစ်ကောင်ကို အများကြီးမျှော်လင့်ထားခြင်းမျိုးမရှိချေ။ ရှောင်ဟေးသည် အမှန်တကယ် စွမ်းအားကြီးသည်ဆိုရင်တော့ ၎င်းသည် ကောင်းသည့်အရာပင်။ ထိုသို့ မဟုတ်လျှင်လည်း ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါချေ။

စုရွေ့ကျယ်သည် လျှောက်သွားလိုက်ပြီး ပြုံးလျက် ရှောင်ဟေး၏ခေါင်းလေးကို လှမ်းကိုင်လိုက်ပြီး

" ကောင်းပြီ၊ ငါတို့ပြန်ရောက်ရင် ငါးခြောက်ကျွေးမယ်"

"မြောင်!"

ရှောင်ဟေးသည် သူနားလည်သကဲ့သို့ နူးနူးညံ့ညံ့လေးအော်လိုက်၏။

စုရွေ့ကျယ်သည် ဝံပုလွေအလောင်းကိုကြည့်ကာ ကျန့်ယွင်ဘက်သို့ ခေါင်းလှည့်ပြီး မေးလိုက်သည်။

"ကော၊ ဒီဝံပုလွေတွေရဲ့အသားက အဲဒီနည်းပညာနဲ့ လဲလှယ်ဖို့ လုံလောက်တယ်လို့ ခင်ဗျားထင်လား"

ကျန့်ယွင်သည် ဝံပုလွေများကို ကြည့်လိုက်၏။ ပိန်ပုံပေါ်သော်လည်း ၎င်းတို့သည် ကြီးမားကြ၏။ ၎င်းတို့ တစ်ကောင်စီသည် အနည်းဆုံး 70-80 ဂျင်းရှိရမည်။ မြေပြင်ပေါ်ရှိ ထိုအရာအားလုံးပေါင်းသည် Jin 1000 ဂျင်းအထိရှိရမည်ဖြစ်သည်။ Jin ထောင်ချီသည့် အသားများသည် ဘယ်အရာအတွက်မဆို လုံလောက်ပါချေ၏။

"ဒါက လောက် လောက်တယ်။ ခန္ဓာကိုယ်တွေကိုသန့်ရှင်းပြီး ငါတို့နဲ့အတူ ယူသွားကြရအောင်"

ထို့နောက် သူတို့သာ် ဝံပုလွေများ၏ကိုယ်များကို စုစည်းကာ ကားပေါ်သို့ သယ်ဆောင်သွားကြလေ၏။

"ခဏနေဦး"

အမည်မသိလူတစ်ယောက်သည် ရုတ်တရတ် ဆူညံသံတစ်ခုထွက်လာလေ၏။

သူတို့ ကြည့်လိုက်သောအခါ လျင်မြန်စွာထွက်ပြေးသွားသောလူများ ပြန်လာကြပြီး သူတို့သည်ရပ်လျက် လောဘကြီးစွာ ဝံပုလွေသေများကို စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ကြရသည်။

"မင်းတို့ဘာလိုချင်လို့လဲ"

"ဒီဝံပုလွေတွေကို ငါတို့လည်း ဝေမျှသင့်တယ်"

"အိုး? ဘာလို့လဲ?"

ချန်းကျောင်းသည် သူတို့အားအထင်အမြင်သေးစွာဖြင့် တစ်ချက်ကြည့်လိုက်၏။

"ဒီဝံပုလွေတွေကို ဖြေရှင်းဖို့အတွက် ငါတို့ညီအကိုတွေအများကြီးကို ဆုံးရှုံးခဲ့ရတယ်။ ငါတို့ ကြိုးကြိုးစားစား လုပ်ခဲ့ပေမယ့် ဘာမှမရဘူး"

ထိုလူသည် ဝံပုလွေကို သူတို့သတ်လိုက်သည်ဟု ပြောရမှာ ရှက်ရွံ့နေပြီး ထို့ကြောင့် သူတို့၏ ရလဒ်ဆိုးကိုရောင်းချခြင်းဖြင့် တစ်ပိုင်းတစ်စရအောင် ကြိုးစားခဲ့လေ၏။

"ဟားဟား၊ လွတ်မြောက်အောင် ဘယ်လို‌ပြေးရမှန်းပဲသိတဲ့ လူတစ်အုပ်က သူတို့ပါးစပ်ကို ဘယ်လိုဖွင့်ရမယ်ဆိုတာလည်းသိကြသားပဲ "

ချန်းကျောင်းသည် ရွဲ့စောင်းပြောလိုက်၏။

"ခွေးမ၊ နင် အဓိပ္ပာယ်မရှိတာပြော...အား!"

လူတချို့သည် အမျိုးသမီးတစ်ဦး၏ ကဲ့ရဲ့လှောင်ပြောင်ခြင်းကို မခံမရပ်နိုင်ဖြစ်ကြလေ၏။ သူတို့သည် ဆဲဆိုကြတော့မည်ဖြစ်သော်လည်း သူတို့၏ပါးပြင်တွင် စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ကြရလေ၏။ သူတို့သည် လက်ကိုမြှောက်ကာ မျက်နှာကိုကိုင်ကြည့်လိုက်ကြသောအခါ သွေးများထွက်နေသည်ကို တွေ့လိုက်ကြရသည်။

"နင်ဘာပြောလိုက်တာလဲ? ဒီအဒေါ်က နင်ပြောတာကို ရှင်းရှင်းလင်းလင်း မကြားရဘူး"

ချန်းကျောင်းသည် ဆံပင်တွေကို လိမ်နေပြီး အေရပြားသည် ရယ်နေပြီး အသွေးအသားကတော့ မပြုံးနေချေ။

"ထပ်ပြောပါအုံး?"

ချန်ကျောင်း သူမလက်ရွှေ့လိုက်သည်ကို ဘယ်သူမှ မမြင်ခဲ့ကြသော်လည်း သူမလုပ်လိုက်တာကိုတော့ လူတိုင်းသိလိုက်ကြ၏။

ထိုလူသည် ချွေးအေးများဖြင့် ရွှဲနေပြီး နောက် သူ့ရှေ့ရှိလူများအားလုံးသည် စွမ်းအားရှင်များဖြစ်ကြောင်း ရုတ်တရက်သတိရသွားလေ၏။

"ပါးစပ်ပိတ်ထား! မင်း စကားမပြောနိုင်ရင် ဒီနေရာက တိတ်တိတ်ဆိတ်ဆိတ် ထွက်သွား"

ဝံပုလွေကိုယ်ကို အရင်တောင်းသည့်လူသည် သူ့မျက်နှာကို ပါးရိုက်လိုက်ပြီး အဖွဲ့၏အဆုံးထိ တွန်းထုတ်လိုက်လေ၏။ ထို့နောက် ပြုံးနေသည့်မျက်နှာနှင့် ပြန်ကြည့်ကာ ပြောလာလေ၏။

"ဒီအရူးက စကားမပြောတတ်ဘူး။ ကျေးဇူးပြုပြီး သူ့ကိုစိတ်ထဲမထားပါနဲ့ "

"ဟမ့်"

ချန်းကျောင်းသည် အေးစက်စွာနှာမှုတ်လိုက်၏။

"ခင်ဗျားတို့၊ ဒီဝံပုလွေတွေအတွက် ငါတို့ညီအစ်ကိုတွေရဲ့အသက်ကို ဆုံးရှုံးခဲ့ကြရတာ။ နောက်ဆုံးတော့ ငါတို့အလှူတစ်ခုလုပ်ပြီးပြီပဲ။ ကျေးဇူးပြုပြီး ငါတို့ညီအစ်ကို‌တွေနဲ့ငါတို့မိသားစုတွေအတွက် ငါတို့ ဘယ်လောက်အနစ်နာခံခဲ့လဲဆိုတာ ကြည့်ပေးပါအုံး.... တချို့ကို မျှဝေကြရအောင်..."

ထိုလူ၏ နောက်ဆုံးစကားသည် သူ့မျက်နှာ အနည်းငယ်ပူသွားသော်လည်း ၎င်းကို အခိုင်အမာ ပြောလိုက်၏။

ကျန့်ယွင်သည် သူတို့ကိုဂရုမစိုက်ချင်သော်လည်း ဤလူများသည် ၀မ်မိသားစု သို့မဟုတ် ဟုန် မိသားစုနှင့် တွဲထားခြင်းဖြစ်နိုင်သည်ဟု သူထင်ခဲ့သည်။ နောက်ဆုံးမှာတော့ သူတို့သည် တာ၀န်များကို အာရုံစိုက်နေကြဆဲဖြစ်ပြီး ဝံပုလွေအသားများကလည်း လုံလောက်‌သည်။ သူတို့အား တချို့လောက်ပေးခြင်းအတွက် ကိစ္စမရှိပါချေ။

"အဲ့ဘက်ကဝံပုလွေကို ယူသွား"

ကျန့်ယွင်သည် မြေပြင်ပေါ်ရှိ ရှောင်ဟေး၏လက်ဖဝါးဖြင့် ကုတ်သတ်ခံခဲ့ရသော ဝံပုလွေပေါက်၏ကိုယ်ကို ညွှန်ပြလိုက်သည်။

ဝံပုလွေပေါက်သည် အရွယ်မရောက်သေးသော်လည်း သန္ဓေပြောင်းဝံပုလွေတစ်ကောင်လည်းဖြစ်သည့်အတွက် အနည်းဆုံး တစ်ကိုယ်လုံးသည် 30 သို့မဟုတ် 40 ဂျင်း ရှိသည်။

ထိုလူများကြားတွင် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့လေသည်။ ခွဲစရာများ အလွန်နည်းသော်လည်း ခေါင်းဆောင်သည် သူတို့ကို ရပ်တန့်စေလိုက်၏။ ဤလူများသည် ဖော်ရွေမှုမရှိသည်ကို သူမြင်နိုင်သည်။ သူတို့အဖွဲ့သည် လူအနည်းငယ်သာရှိသော်လည်း သန္ဓေပြောင်းဝံပုလွေအုပ်စုကိုသတ်နိုင်ကြသည်။ သူတို့ ဒေါသထွက်ပါက သူတို့ပင်သတ်ပစ်ခံရနိုင်သည်။ သိကြတဲ့အတိုင်း အဆုံးမှာတော့ လူ့ဘဝဟာ အဖိုးနည်းဆုံးအရာဖြစ်လေ၏။

အနည်းငယ်‌သည် ဘာမှမရှိတာထက်တော့ပိုကောင်းလေ၏။ အသားသုံးဆယ် သို့မဟုတ် လေးဆယ်ဂျင်းလောက်သည် ယွမ်ရာနှင့်ချီသည့် အကြွေစေ့များနှင့် လဲလှယ်ဖို့ လုံလောက်သည်။ ဒါဆိုရင် ညီအစ်ကိုများသည် ရက်အနည်းငယ်ကြာအောင် ထမင်းအပြည့်စားနိုင်တော့မည်ဖြစ်သည်။ မှားနေတာမရှိပါချေ။

"ကျေးဇူးအများကြီးတင်ပါတယ်"

ထိုလူသည် ဝံပုလွေခန္ဓာကိုယ်ကို ကားပေါ်ရွှေ့ဖို့ တခြားသူများကို ကမန်းကတန်း လက်ယက်ခေါ်လိုက်၏။

ဝံပုလွေခန္ဓာကိုယ်များနှင့် ပြည့်နေသည့် ကားများနှင့်အတူ ကျန့်ယွင်နှင့်အဖွဲ့သည် ၀မ်ချန်း အခြေစိုက်စခန်းကို ပြန်သွားခဲ့ကြလေသည်။

ဂိတ်ပေါက်၌ သူတို့သည် မြို့ထဲကိုဝင်ဖို့တန်းစီကြရသည်။ မြို့ထဲမှထွက်ကာ ပစ္စည်းများစုဆောင်းသည့်အဖွဲ့များသည် မြို့ထဲသို့ ဝင်သောအခါ ပစ္စည်းတစ်ဝက်ပေးကြရ၏။

ယနေ့ မြို့တံခါးတွင် တာဝန်ကျသည့် လူတစ်စုသည် တခြားအုက်စုတစ်စုဖြစ်၏။ သူတို့သည် ဟုန်မိသားစုမှ လာကြဟုပြောကြ၏။ ကျန့်ယွင်ထံမှ ဝံပုလွေတစ်ကောင် တောင်းခဲ့သူများသည် ဟုန် မိသားစုနှင့်တွဲပုံရသင့်သည်။ သူတို့သည် တံခါးစောင့်နှင့် စကားအနည်းငယ်ပြောဖို့ရောက်လာပြီး သူတို့၏ရိက္ခာများကို မစုဆောင်းဘဲ မြို့ထဲသို့ တိုက်ရိုက်လွှတ်လိုက်ကြလေ၏။

၀မ်ချန်းရှိ ထိုတပ်ဖွဲ့များသည် မြို့တံခါးကို အလှည့်ကျ စောင့်ကြပ်နေကြပုံရ၏။ သူတို့ရရှိသည့်အရာများသည် မိသားစုတစ်ခုစီ၏၀င်ငွေဖြစ်၏။ ဟုန်မိသားစု၏အဖွဲ့များသည် ပစ္စည်းများနှပေးဆောင်ရန် မလိုအပ်သည်မှာ အံဩစရာမဟုတ်ချေ။ ထိုနည်းလမ်းဖြင့် လူများကိုပူးပေါင်းပါဝင်ရန်ဆွဲဆောင်ပြီး သူတို့၏အင်အားချဲ့ထွင်သည့်နည်းလမ်းလေဖြစ်သည်။

ကျန့်ယွင်သည် သူတို့အလုပ်ကြိုးစားပြီး ပြန်သယ်လာသောအရာများကို တဝက်ခွဲပေးရန် မလိုလားချေ။ သူနှင့်စုရွေ့ကျယ်သည် ကကိုစောင့်ကြည့်ရန် အပြင်တွင်နေကြလေ၏။ ချန်းချီနှင့် ချန်းကျောင်း တို့သည် အမြန်ဆုံး လွှဲပြောင်းပေးရန် မြို့ထဲသို့သွားကာ ကွမ်းဟုန်ကိုရှာလေ၏။

ချန်းချီနှင့်ချနကျောင်းတို့ မြို့ထဲသို့ဝင်ပြီး ဟိုတယ်သို့သွားကာ ကွမ်းဟုန်ကိုရှာတွေ့ခဲ့ကြသည်။ သူတို့သည် သန္ဓေပြောင်းဝံပုလွေများနှင့် ဆုံခဲ့ကြောင်းသူ့အားပြောလိုက်၏။ ယခု ဂျင်းထောင်နှင့်ချီသည့်ဝံပုလွေအသားများကို ပြန်ယူလာခဲ့ကြသည်။မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို သင်ယူရန်အတွက် ဝံပုလွေအသားကို 'ကုန်ကျစရိတ်' အဖြစ် အသုံးပြုနိုင်မလားဆိုစည်ကို ၀မ်ချန်းအခြေစိုက်စခန်းအား မေးမြန်းရန် တောင်းဆိုခဲ့ကြ၏။

ကွမ်းဟုန်သည် ဒေသခံမြို့စောင့်တပ်ကို ချက်ချင်းဆက်သွယ်ခဲ့ပြီး နယ်မြေခံတပ်သည် လုမိသားစုကို ဆက်သွယ်ခဲ့ကြသည်။ လုမိသားစုသည် ၀မ် မိသားစုနှင့် ဟုန် မိသားစုကို ထပ်မံအကြောင်းကြားခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့သဘောတူခဲ့ကြ၏။

သန္ဓေပြောင်းတိရစ္ဆာန်များ၏အသားသည် စားလို့ကောင်း၏။ ထူထဲသည့်အမွေးများကိုမပြောဘဲနှင့်ဆို အရသာရှိ၏။ ၎င်းကို သားမွေးအင်္ကျီထဲ ထည့်လုပ်ထားမည်ဆိုပါက လုံးဝအအေးဒဏ်ခံနိုင်လိမ့်မည်။ ယခုနွေရာသီမှာတော့ အလွန်ပူနေပြီး ဆောင်းရာသီတွင် လွယ်ကူလိမ့်မည်ဟုမထင်ကြချေ။ စောစောပြင်ဆင်ထားခြင်းသည် အမြဲတမ်းမှန်၏။

နယ်မြေခံမြို့စောင့်တပ်အပြင် မိသားစုသုံးစုတို့ကလည်း သူတို့နှင့်သက်ဆိုင်သည့် ဝံပုလွေအသား ကီလိုဂရမ်ထောင်ပေါင်းများစွာကို လက်ခံရယူရန်အတွက် သူတို့၏ကိုယ်စားလှယ်များကို မြို့ပြင်သို့ စေလွှတ်ခဲ့ကြသည်။

၀မ်ရွှီရုန်သည် ဝမ်မိသားစုမှစေလွှတ်လိုက်သော ကိုယ်စားလှယ်ဖြစ်၏။ စစ်ထရပ်ကားပေါ်ရှိဝံပုလွေအလောင်းပုံကြီးကို မြင်သောအခါ သူသည်မျက်မှောင်မကြုတ်မိဘဲ မနေနိုင်တော့ချေ။

" ဒါတွေအားလုံး မင်းတို့သတ်ခဲ့တာလား "

"ဟုတ်ပါတယ်"

ကျန့်ယွင်သည် ပြုံးလျက် ပြန်ဖြေလိုက်၏။

၀မ်ရွှီရုန်သည် ကျန့်ယွင်တို့အဖွဲ့၏ အနီရောင် တံဆိပ်များကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ်တောက်ပနေသောမျက်လုံးများဖြင့် ပြောလာခဲ့လေ၏။

"ကောင်းလိုက်တဲ့ ကျွမ်းကျင်မှု။ မင်းတို့ ၀မ်ချန်းအခြေစိုက်စခန်းမှာ နေချင်ကြလား? ငါတို့ မင်းတို့ကို အကောင်းဆုံး ဆက်ဆံပေးနိုင်ပါတယ်။"

ကွမ်းဟုန်သည် ထိုစကားကို ကြားလိုက်သောအခါ သူ့မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားလေ၏။ ၀မ်ရွှီရုန်က သူ့ရှေ့မှာပဲ သူတို့အခြေစိုက်စခန်းကလူတွေကို ခိုးယူချင်နေတာလား?! သူတို့တကယ်ကို တောင်ပိုင်းအခြေစိုက်စခန်းကို မျက်လုံးထဲ မထည့်ထားတာပဲ။

သို့သော် ကွမ်းဟုန် စကားမပြောခင်မှာပင် ကျန့်ယွင်သည် ငြင်းပယ်ပြီးသားဖြစ်နေလေ၏။

"မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် မလိုအပ်ပါဘူး"

၀မ်ရွှီရုန်၏ သံလွင်ခက်ကို တစ်စုံတစ်ယောက်မှ မယဉ်ကျေးစွာ ပြန်လှန်ပစ်ခြင်းခံလိုက်ရပြီး သူ့မျက်နှာသည် ချက်ချင်းကြည့်မကောင်းတော့ချေ။ သို့သော်လည်း လက်ရှိနေရာတွင် ဟုန်မိသားစုနှင့် လုမိသားစုများရှိနေသေးသည်။ သူဘယ်လို သူ့ကိုယ်သူထိန်းကျောင်းရမည်ဆိုသည်ကိုသိသောကြောင့် သူစကားထပ်မပြောတော့ချေ။

ဝံပုလွေအလောင်းတွေကို အောက်ချလိုက်ပြီး ချိန်တွယ်လိုက်ကြပြီးနောက် အလေးချိန် ဂျင်း 1400 ကျော်ရှိ‌ေလ၏။ ထိုလောက်များသည့် အသားများရှိပါက ပစ္စည်းများအဖြစ်သို့ ပြောင်းလိုက်လျှင် ကြီးမားသည့် ကိစ္စပင်။ မြေဆီလွှာမဲ့ စိုက်ပျိုးရေးနည်းပညာကို လေ့လာဖို့ရန်လုံလောက်သည်မှာ သေချာပေ၏။

စာရေးသူတွင် ပြောစရာရှိပါတယ်:

လမ်းမပေါ်ကပြဇာတ်ငယ်လေး】

အရူးစုန့် : ဒီအခန်းက စားဖို့အသားရှိတယ်နော်!

စုရှောင်ကျယ် : အသား? ကျွန်တော်လိုချင်တယ်!

ကျန့်ရှောင်ယွင် : ရှောင်ကျယ် အသားစားချင်လို့လား? မတတ်နိုင်ဘူး၊ အချစ်ကလေးစိတ်ကျေနပ်ဖို့ ကိုယ့်ကိုယ်ကိုယ် အနစ်နာခံရုံပဲရှိတယ်။

ညနေပိုင်းတွင်...

ကျန့်ရှောင်ယွင် : ရှောင်ကျယ်၊ အသားစားချင်‌လား?

စုရှောင်ကျယ် : ဟုတ်!

ကျန့်ရှောင်ယွင် : စောင့်၊ ကိုယ်အရင်ဆုံးပူအောင်လုပ်လိုက်မယ်။ မစိုးရိမ်နဲ့!

စုရှောင်ကျယ် : ပူအောင်လုပ်မယ်? အသားကို အပူပေးရမှာလား? ကျွန်တော်လုပ်နိုင်တယ်။ စောင့်အုံး! ခင်ဗျားဘာလို့ အ၀တ်တွေချွတ်နေတာလဲ? ခင်‌ဗျား ဒိုက်သွားထိုးမလို့လား?

ကျန့်ရှောင်ယွင် : ဟဲဟဲ၊ မင်းအသားမစားချင်ဘူးလား? ပူပြီ၊ လာခဲ့! လာစားတော့!

စုရှောင်ကျယ် : ဒေါက်တာစုန့်! ကျန့်ရှောင်ယွင်ရူးနေပြီ။ လာပြီး သူ့ဦးနှောက်ကို ရေအေးအေးနဲ့ချိုးပေးပါအုံး!

🍒🍒

Zawgyi

က်န႔္ယြင္ေနာက္လိုက္လာသည့္လူမ်ားသည္ ဝံပုေလြမ်ားအားလုံး က်န႔္ယြင္၏ဆြဲေဆာင္မႈခံလိုက္ၾကရသည္ကို ေတြ႕လိုက္ၾကရၿပီး သူတို႔အား အာ႐ုံစိုက္ရန္အခ်ိန္မရွိၾကေခ်။ သူတို႔သည္ ဂ႐ုမစိုက္ၾကဘဲ သူတို႔ကားမ်ားဆီသို႔ ခ်က္ျခင္းထြက္ေျပးသြားၾကေလ၏။

ထိုလူမ်ားသည္ အေျခခံအားျဖင့္ စြမ္းအားရွင္တစ္ေယာက္ေနာာက္မွ စြမ္းအားကိုတြဲခိုေနၾကသည့္ သာမန္လူမ်ားသာျဖစ္ၾကသည္။ သူတို႔သည္ ဤကဲ့သို႔ သႏၶေေျပာင္းဝံပုေလြအုပ္စုႀကီးႏွင့္ေတြ႕ၾကေသာအခါ သူတို႔အားလုံး ေသကုန္ၾကလိမ့္မည္ျဖစ္သည္။ အကယ္၍ သူတို႔သာ အခုထြက္မေျပးပါက ထိုလူမ်ားႏွင့္ အတူေနၿပီး ေသနိုင္ၾကပါ့မလား?

သို႔ေသာ္လည္း သူတို႔ေသလိမ့္မည္ဟု ထင္ထားသည့္ က်န႔္ယြင္ႏွင့္တျခားသူမ်ားသည္ ထိတ္လန႔္တၾကားထြက္မေျပးၾကေခ်။ က်န႔္ယြင္သည္ က်န္ေနသည့္ ဝံပုေလြမ်ားကို ေရတြက္လိုက္ၿပီး တည္ၿငိမ္စြာေျပာလာေလ၏။

"သုန္သုန္ကလြဲၿပီး ငါတို႔တစ္ေယာက္ကို သုံးေကာင္စီယူမယ္ "

"ကိစၥမရွိပါဘူး"

ခ်န္းခ်ီသည္ ရယ္ေမာရင္း သူ႕လက္ဖဝါးမ်ားသည္ မိုးႀကိဳးႏွင့္ေတာက္ပေနၿပီး ခ်န္ေက်ာင္း၏ ဓားသည္လည္း အဆင္သင့္ျဖစ္ေနၿပီျဖစ္သည္။

နက္ေမွာင္သည့္ မီးခိုးေရာင္အေမႊးမ်ားႏွင့္ ဝံပုေလြႀကီးတစ္ေကာင္သည္ ႐ုတ္တရက္ ေကာင္းကင္သို႔မူၿပီး အူလိုက္ေလ၏။ လူအားလုံးသည္ သူတို႔ေျခေထာက္မ်ားကို ႐ႊံ႕ထဲတြင္ ပိတ္မိေနသည္ဟုခံစားမိလိုက္ၾကရ၏။ ဤေျမကို ဖန္တီးခဲ့သူသည္ သူတို႔ေရွ႕ရွိ ႀကီးမားသည့္ဝံပုေလြႀကီးျဖစ္ပုံရ၏။

က်န႔္ယြင္သည္ အနည္းငယ္ ေစြၾကည့္လိုက္၏။ ဆြဲငင္အားထြက္လာသည္ႏွင့္ တၿပိဳင္နက္ ေျမျပင္ေပၚရွိဝံပုေလြကို ဖိခ်လိဳက္ေလ၏။ ႀကီးမားေသာ ဖိအားေၾကာင့္ ဝံပုေလြသည္ ညည္းၫူၿပီး တြားသြား‌ေလ၏။

ထို႔ေနာက္ က်န္းရွို႔လ်န္သည္ သူတို႔အားလုံးလြတ္လြတ္လပ္လပ္ လႈပ္ရွားနိုင္ေစရန္ လူတိုင္း၏ေျခေအာက္ရွိ ေျမကိုမာေစရန္ စြမ္းအားကို ခ်က္ခ်င္းထုတ္လႊတ္လိုက္၏။

စုန႔္ခ်န္ရႈထံမွ ထုတ္လႊတ္လိုက္ေသာ ေရႏြေးမ်ားသည္ သူတို႔ဆီသို႔ နီးကပ္ရန္ ရည္မွန္းထားသည့္ ဝံပုေလြမ်ားကို ပူေလာင္ကြၽမ္းေစကာ အနီးစို႔ ကပ္မလာရဲၾကေတာ့ေခ်။ က်န႔္က်ားဟယ္၏ေဂါက္ကလပ္သည္ အလြန္ ေၾကာင္စရာေကာင္းၿပီး လုန္ရန္ရဲသည့္ မည္သည့္ဝံပုေလြမဆို ၎၏လမ္းေၾကာင္း က်ိဳးပဲ့သြားမည္ျဖစ္သည္။

ထိုအခ်ိန္တြင္ စုေ႐ြ႕က်ယ္သည္ ေနရာလြတ္ထဲမွ ဆူးရွားေစာင္းပင္တစ္ပင္ကို ျဖည္းညွင္းစြာထုတ္ယူလိုက္ၿပီး သူ႕ဘယ္ဘက္လက္ျဖင့္ကိုင္လိုက္ကာ အစိမ္းေရာင္ဓားတစ္လက္အျဖစ္သို႔ ေျပာင္းလဲလိုက္‌ေလ၏။ ၎သည္ မၾကာေသးမီကမွ က်န႔္က်ားဟယ္၏ အေတြးေၾကာင့္ တီထြင္ခဲ့ေသာ အပင္အေျခခံလက္နက္အသစ္တစ္ခုျဖစ္သည္။ လက္နက္အျဖစ္ေျပာင္းလဲၿပီးေနာက္ ၎သည္ အလြန္ထက္ရွလာၿပီး သံမဏိကို ႐ႊံ႕ကဲ့သို႔ ျဖစ္ေတာက္နိုင္သည့္ အက်ိဳးသက္ေရာက္မႈရွိ၏။

စုေ႐ြ႕က်ယ္သည္ ဓားရွည္ကို ကိုင္ထားၿပီး သူ႕ကို တိုက္ခိုက္လာေသာ ဝံပုေလြႏွစ္ေကာင္ကို လႊဲယမ္းခုတ္ပိုင္းလိုက္၏။ ေနာက္အခိုက္အတန႔္တြင္ ဝံပုေလြႏွစ္ေကာင္ကို ႏွစ္ပိုင္းခြဲၿပီးသားျဖစ္သြားၿပီး ေသြးပူႏြေးႏြေးမ်ားက သူ႕အေပၚသို႔ ႐ုတ္တရက္ စင္ကုန္ေလေတာ့၏။

စုေ႐ြ႕က်ယ္ :.....

အနာဂတ္မွာ ဒီလက္နက္ကို ေလွ်ာ့သုံးတာက ပိုေကာင္းမယ္ထင္တယ္။

【TN : စုေရွာင္က်ယ္ရဲ႕ ရွားေစာင္းပင္ဓားနဲ႕ အခြံမာသီးဒိုင္းကာ 】

ယြီသုန္သုန္သည္ ေၾကာင္ကေလးကို ကိုင္ထားၿပီး အျခားသူမ်ားက အကာအကြယ္‌ေပးထားေလသည္။ သို႔ေသာ္လည္း ဝံပုေလြ‌ေပါက္ကေလးတစ္ေကာင္သည္ သူ႕အားစိုက္ၾကည့္ေနေလ၏။ အဖြဲ႕သည္ အျခားဝံပုေလြမ်ားႏွင့္ ေျဖရွင္းေနခ်ိန္တြင္ ၎သည္ ယြီသုန္သုန္ဆီသို႔ အလြန္လ်င္ျမန္စြာ ေျပးသြားေလ၏။ ယြီသုန္သုန္သည္ သူ႕ေရွ႕ရွိ မ်က္လုံးစီမ္းတစ္စံႏွင့္ ပန္းပြင့္ေလးတစ္ပြင့္ကို ခံစားလိုက္ရ၏။ ကေလးသည္ ေၾကာက္႐ြံ႕စြာ ေနာက္ျပန္ဆုတ္သြားၿပီး ဘာလုပ္ရမွန္းမသိေတာ့ေခ်။

စုေ႐ြ႕က်ယ္သည္ ေခြၽး‌ေအးမ်ားျဖင့္ ထိတ္လန႔္သြားၿပီး ခ်က္ခ်င္းပင္ ဓားႏွင့္ ၎ကိုထိုးလိုက္ေလ၏။ သူသည္ ဝံပုေလြေပါက္ေလးအေပၚ နက္ၿပီး ရွည္လ်ားေသာ ဒဏ္ရာကို ျဖတ္လိုက္ေလ၏။ ၎သည္ ဝံပုေလြေပါက္ေလးအား အလြန္စိတ္ဆိုးသြားေစေလသည္။ သူသည္ ထိုသို႔ နာက်င္သြားေသာအခါတြင္ ယြီသုန္သုန္အားကိုက္ရန္ ပါးစပ္ဖြင့္လိုက္ေလ၏။

"ေျမာင္!"

ေရွာင္ေဟးသည္သည္ အလြန္သိကၡာရွိေသာ ေၾကာင္ကေလးတစ္ေကာင္၏ အသံျဖင့္ ေအာ္လိုက္ေသာ္လည္း ဝံပုေလြကေလး၏ မ်က္ႏွာကို ေျခသည္းတစ္ေခ်ာင္းႏွင့္ ရိုက္ၿပီးေနာက္ ဝံပုေလြကေလးအား ပ်ံထြက္သြားေစကာ ေျမျပင္သို႔ ျပင္းျပင္းထန္ထန္ရိုက္မိသြားေလ၏။

ဝံပုေလြေပါက္သည္ စုေ႐ြ႕က်ယ္ေၾကာင့္ ျပင္းထန္စြာဒဏ္ရာရရွိခဲ့ၿပီးျဖစ္၏။ ထိုကဲ့သို႔ ရိုက္ခတ္မိၿပီးေနာက္ ႏွစ္ခ်က္တြန့္ၿပီးေနာက္ အသက္မရႈေတာ့ေပ။

"အာဝူး..."

ဝံပုေလြမ်ားသည္ တစ္ေကာင္ၿပီးတစ္ေကာင္ လဲက်သြားကာ ေနာက္ဆုံးငါးေကာင္သည္ ေအာ္ဟစ္ကာ လြတ္ေျမာက္သြားၾကေလ၏။

သူတို႔အားလုံးသည္ ယြီသုန္သုန္၏လက္ေမာင္းထဲတြင္ကိုင္ေဆာင္ထားဆဲျဖစ္သည့္ ေၾကာင္နက္ေလးကို ၾကည့္လိုက္မိၾက၏။ ေရွာင္ေဟးသည္ မ်က္လုံးမ်ားကို ေမွးက်ဥ္းထားၿပီး သူ႕ေျခသည္းေလးမ်ားကို လ်က္ေနခ်ိန္တြင္ သူ႕ အားမာန္ႏွင့္ ကြၽမ္းက်င္မႈကို ဖုံးကြယ္ထားခဲ့ေလ၏။

ထိုအ႐ြယ္အစားေၾကာင္ေလးတစ္ေကာင္သည္ ဝံပုေလြတစ္ေကာင္ကို အႀကိမ္ေပါင္းမ်ားစြာ ရိုက္ႏွက္လိုက္၏။ ဝံပုေလြသည္ ဒဏ္ရာရသြားခဲ့လွ်င္ေတာင္ ၎သည္ လက္ေတြ႕မက်ဘဴးဟုထင္ရသည္...

ေရွာင္ေဟးသည္ ေနာက္ဆုံးတစ္ႀကိမ္ က်န႔္က်ားဟယ္ကို ကိုက္လိုက္ၿပီး ခႏၶာကိုယ္ကို လဲလွယ္ၿပီးေနာက္ သူ႕စြမ္းရည္တစ္စိတ္တစ္ပိုင္းကို ရရွိခဲ့တာ ျဖစ္နိုင္မလား?

သို႔ေသာ္ ေရွာင္ေဟးသည္ ေၾကာင္တစ္ေကာင္သာျဖစ္ၿပီး သူတို႔တြင္ေၾကာင္တစ္ေကာင္ကို အမ်ားႀကီးေမွ်ာ္လင့္ထားျခင္းမ်ိဳးမရွိေခ်။ ေရွာင္ေဟးသည္ အမွန္တကယ္ စြမ္းအားႀကီးသည္ဆိုရင္ေတာ့ ၎သည္ ေကာင္းသည့္အရာပင္။ ထိုသို႔ မဟုတ္လွ်င္လည္း ျပႆနာႀကီးႀကီးမားမားေတာ့ မဟုတ္ပါေခ်။

စုေ႐ြ႕က်ယ္သည္ ေလွ်ာက္သြားလိုက္ၿပီး ၿပဳံးလ်က္ ေရွာင္ေဟး၏ေခါင္းေလးကို လွမ္းကိုင္လိုက္ၿပီး

" ေကာင္းၿပီ၊ ငါတို႔ျပန္ေရာက္ရင္ ငါးေျခာက္ေကြၽးမယ္"

"ေျမာင္!"

ေရွာင္ေဟးသည္ သူနားလည္သကဲ့သို႔ ႏူးႏူးညံ့ညံ့ေလးေအာ္လိုက္၏။

စုေ႐ြ႕က်ယ္သည္ ဝံပုေလြအေလာင္းကိုၾကည့္ကာ က်န႔္ယြင္ဘက္သို႔ ေခါင္းလွည့္ၿပီး ေမးလိုက္သည္။

"ေကာ၊ ဒီဝံပုေလြေတြရဲ႕အသားက အဲဒီနည္းပညာနဲ႕ လဲလွယ္ဖို႔ လုံေလာက္တယ္လို႔ ခင္ဗ်ားထင္လား"

က်န႔္ယြင္သည္ ဝံပုေလြမ်ားကို ၾကည့္လိုက္၏။ ပိန္ပုံေပၚေသာ္လည္း ၎တို႔သည္ ႀကီးမားၾက၏။ ၎တို႔ တစ္ေကာင္စီသည္ အနည္းဆုံး 70-80 ဂ်င္းရွိရမည္။ ေျမျပင္ေပၚရွိ ထိုအရာအားလုံးေပါင္းသည္ Jin 1000 ဂ်င္းအထိရွိရမည္ျဖစ္သည္။ Jin ေထာင္ခ်ီသည့္ အသားမ်ားသည္ ဘယ္အရာအတြက္မဆို လုံေလာက္ပါေခ်၏။

"ဒါက ေလာက္ ေလာက္တယ္။ ခႏၶာကိုယ္ေတြကိုသန႔္ရွင္းၿပီး ငါတို႔နဲ႕အတူ ယူသြားၾကရေအာင္"

ထို႔ေနာက္ သူတို႔သာ္ ဝံပုေလြမ်ား၏ကိုယ္မ်ားကို စုစည္းကာ ကားေပၚသို႔ သယ္ေဆာင္သြားၾကေလ၏။

"ခဏေနဦး"

အမည္မသိလူတစ္ေယာက္သည္ ႐ုတ္တရတ္ ဆူညံသံတစ္ခုထြက္လာေလ၏။

သူတို႔ ၾကည့္လိုက္ေသာအခါ လ်င္ျမန္စြာထြက္ေျပးသြားေသာလူမ်ား ျပန္လာၾကၿပီး သူတို႔သည္ရပ္လ်က္ ေလာဘႀကီးစြာ ဝံပုေလြေသမ်ားကို စိုက္ၾကည့္ေနၾကသည္ကို ေတြ႕လိုက္ၾကရသည္။

"မင္းတို႔ဘာလိုခ်င္လို႔လဲ"

"ဒီဝံပုေလြေတြကို ငါတို႔လည္း ေဝမွ်သင့္တယ္"

"အိုး? ဘာလို႔လဲ?"

ခ်န္းေက်ာင္းသည္ သူတို႔အားအထင္အျမင္ေသးစြာျဖင့္ တစ္ခ်က္ၾကည့္လိုက္၏။

"ဒီဝံပုေလြေတြကို ေျဖရွင္းဖို႔အတြက္ ငါတို႔ညီအကိုေတြအမ်ားႀကီးကို ဆုံးရႈံးခဲ့ရတယ္။ ငါတို႔ ႀကိဳးႀကိဳးစားစား လုပ္ခဲ့ေပမယ့္ ဘာမွမရဘူး"

ထိုလူသည္ ဝံပုေလြကို သူတို႔သတ္လိုက္သည္ဟု ေျပာရမွာ ရွက္႐ြံ႕ေနၿပီး ထို႔ေၾကာင့္ သူတို႔၏ ရလဒ္ဆိုးကိုေရာင္းခ်ျခင္းျဖင့္ တစ္ပိုင္းတစ္စရေအာင္ ႀကိဳးစားခဲ့ေလ၏။

"ဟားဟား၊ လြတ္ေျမာက္ေအာင္ ဘယ္လို‌ေျပးရမွန္းပဲသိတဲ့ လူတစ္အုပ္က သူတို႔ပါးစပ္ကို ဘယ္လိုဖြင့္ရမယ္ဆိုတာလည္းသိၾကသားပဲ "

ခ်န္းေက်ာင္းသည္ ႐ြဲ႕ေစာင္းေျပာလိုက္၏။

"ေခြးမ၊ နင္ အဓိပၸာယ္မရွိတာေျပာ...အား!"

လူတခ်ိဳ႕သည္ အမ်ိဳးသမီးတစ္ဦး၏ ကဲ့ရဲ႕ေလွာင္ေျပာင္ျခင္းကို မခံမရပ္နိုင္ျဖစ္ၾကေလ၏။ သူတို႔သည္ ဆဲဆိုၾကေတာ့မည္ျဖစ္ေသာ္လည္း သူတို႔၏ပါးျပင္တြင္ စူးစူးရွရွ နာက်င္မႈကို ခံစားလိုက္ၾကရေလ၏။ သူတို႔သည္ လက္ကိုျမႇောက္ကာ မ်က္ႏွာကိုကိုင္ၾကည့္လိုက္ၾကေသာအခါ ေသြးမ်ားထြက္ေနသည္ကို ေတြ႕လိုက္ၾကရသည္။

"နင္ဘာေျပာလိုက္တာလဲ? ဒီအေဒၚက နင္ေျပာတာကို ရွင္းရွင္းလင္းလင္း မၾကားရဘူး"

ခ်န္းေက်ာင္းသည္ ဆံပင္ေတြကို လိမ္ေနၿပီး ေအရျပားသည္ ရယ္ေနၿပီး အေသြးအသားကေတာ့ မၿပဳံးေနေခ်။

"ထပ္ေျပာပါအုံး?"

ခ်န္ေက်ာင္း သူမလက္ေ႐ႊ႕လိုက္သည္ကို ဘယ္သူမွ မျမင္ခဲ့ၾကေသာ္လည္း သူမလုပ္လိုက္တာကိုေတာ့ လူတိုင္းသိလိုက္ၾက၏။

ထိုလူသည္ ေခြၽးေအးမ်ားျဖင့္ ႐ႊဲေနၿပီး ေနာက္ သူ႕ေရွ႕ရွိလူမ်ားအားလုံးသည္ စြမ္းအားရွင္မ်ားျဖစ္ေၾကာင္း ႐ုတ္တရက္သတိရသြားေလ၏။

"ပါးစပ္ပိတ္ထား! မင္း စကားမေျပာနိုင္ရင္ ဒီေနရာက တိတ္တိတ္ဆိတ္ဆိတ္ ထြက္သြား"

ဝံပုေလြကိုယ္ကို အရင္ေတာင္းသည့္လူသည္ သူ႕မ်က္ႏွာကို ပါးရိုက္လိုက္ၿပီး အဖြဲ႕၏အဆုံးထိ တြန္းထုတ္လိုက္ေလ၏။ ထို႔ေနာက္ ၿပဳံးေနသည့္မ်က္ႏွာႏွင့္ ျပန္ၾကည့္ကာ ေျပာလာေလ၏။

"ဒီအ႐ူးက စကားမေျပာတတ္ဘူး။ ေက်းဇူးျပဳၿပီး သူ႕ကိုစိတ္ထဲမထားပါနဲ႕ "

"ဟမ့္"

ခ်န္းေက်ာင္းသည္ ေအးစက္စြာႏွာမႈတ္လိုက္၏။

"ခင္ဗ်ားတို႔၊ ဒီဝံပုေလြေတြအတြက္ ငါတို႔ညီအစ္ကိုေတြရဲ႕အသက္ကို ဆုံးရႈံးခဲ့ၾကရတာ။ ေနာက္ဆုံးေတာ့ ငါတို႔အလႉတစ္ခုလုပ္ၿပီးၿပီပဲ။ ေက်းဇူးျပဳၿပီး ငါတို႔ညီအစ္ကို‌ေတြနဲ႕ငါတို႔မိသားစုေတြအတြက္ ငါတို႔ ဘယ္ေလာက္အနစ္နာခံခဲ့လဲဆိုတာ ၾကည့္ေပးပါအုံး.... တခ်ိဳ႕ကို မွ်ေဝၾကရေအာင္..."

ထိုလူ၏ ေနာက္ဆုံးစကားသည္ သူ႕မ်က္ႏွာ အနည္းငယ္ပူသြားေသာ္လည္း ၎ကို အခိုင္အမာ ေျပာလိုက္၏။

က်န႔္ယြင္သည္ သူတို႔ကိုဂ႐ုမစိုက္ခ်င္ေသာ္လည္း ဤလူမ်ားသည္ ၀မ္မိသားစု သို႔မဟုတ္ ဟုန္ မိသားစုႏွင့္ တြဲထားျခင္းျဖစ္နိုင္သည္ဟု သူထင္ခဲ့သည္။ ေနာက္ဆုံးမွာေတာ့ သူတို႔သည္ တာ၀န္မ်ားကို အာ႐ုံစိုက္ေနၾကဆဲျဖစ္ၿပီး ဝံပုေလြအသားမ်ားကလည္း လုံေလာက္‌သည္။ သူတို႔အား တခ်ိဳ႕ေလာက္ေပးျခင္းအတြက္ ကိစၥမရွိပါေခ်။

"အဲ့ဘက္ကဝံပုေလြကို ယူသြား"

က်န႔္ယြင္သည္ ေျမျပင္ေပၚရွိ ေရွာင္ေဟး၏လက္ဖဝါးျဖင့္ ကုတ္သတ္ခံခဲ့ရေသာ ဝံပုေလြေပါက္၏ကိုယ္ကို ၫႊန္ျပလိုက္သည္။

ဝံပုေလြေပါက္သည္ အ႐ြယ္မေရာက္ေသးေသာ္လည္း သႏၶေေျပာင္းဝံပုေလြတစ္ေကာင္လည္းျဖစ္သည့္အတြက္ အနည္းဆုံး တစ္ကိုယ္လုံးသည္ 30 သို႔မဟုတ္ 40 ဂ်င္း ရွိသည္။

ထိုလူမ်ားၾကားတြင္ ႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့ေလသည္။ ခြဲစရာမ်ား အလြန္နည္းေသာ္လည္း ေခါင္းေဆာင္သည္ သူတို႔ကို ရပ္တန႔္ေစလိုက္၏။ ဤလူမ်ားသည္ ေဖာ္ေ႐ြမႈမရွိသည္ကို သူျမင္နိုင္သည္။ သူတို႔အဖြဲ႕သည္ လူအနည္းငယ္သာရွိေသာ္လည္း သႏၶေေျပာင္းဝံပုေလြအုပ္စုကိုသတ္နိုင္ၾကသည္။ သူတို႔ ေဒါသထြက္ပါက သူတို႔ပင္သတ္ပစ္ခံရနိုင္သည္။ သိၾကတဲ့အတိုင္း အဆုံးမွာေတာ့ လူ႕ဘဝဟာ အဖိုးနည္းဆုံးအရာျဖစ္ေလ၏။

အနည္းငယ္‌သည္ ဘာမွမရွိတာထက္ေတာ့ပိုေကာင္းေလ၏။ အသားသုံးဆယ္ သို႔မဟုတ္ ေလးဆယ္ဂ်င္းေလာက္သည္ ယြမ္ရာႏွင့္ခ်ီသည့္ အေႂကြေစ့မ်ားႏွင့္ လဲလွယ္ဖို႔ လုံေလာက္သည္။ ဒါဆိုရင္ ညီအစ္ကိုမ်ားသည္ ရက္အနည္းငယ္ၾကာေအာင္ ထမင္းအျပည့္စားနိုင္ေတာ့မည္ျဖစ္သည္။ မွားေနတာမရွိပါေခ်။

"ေက်းဇူးအမ်ားႀကီးတင္ပါတယ္"

ထိုလူသည္ ဝံပုေလြခႏၶာကိုယ္ကို ကားေပၚေ႐ႊ႕ဖို႔ တျခားသူမ်ားကို ကမန္းကတန္း လက္ယက္ေခၚလိုက္၏။

ဝံပုေလြခႏၶာကိုယ္မ်ားႏွင့္ ျပည့္ေနသည့္ ကားမ်ားႏွင့္အတူ က်န႔္ယြင္ႏွင့္အဖြဲ႕သည္ ၀မ္ခ်န္း အေျခစိုက္စခန္းကို ျပန္သြားခဲ့ၾကေလသည္။

ဂိတ္ေပါက္၌ သူတို႔သည္ ၿမိဳ႕ထဲကိုဝင္ဖို႔တန္းစီၾကရသည္။ ၿမိဳ႕ထဲမွထြက္ကာ ပစၥည္းမ်ားစုေဆာင္းသည့္အဖြဲ႕မ်ားသည္ ၿမိဳ႕ထဲသို႔ ဝင္ေသာအခါ ပစၥည္းတစ္ဝက္ေပးၾကရ၏။

ယေန႕ ၿမိဳ႕တံခါးတြင္ တာဝန္က်သည့္ လူတစ္စုသည္ တျခားအုက္စုတစ္စုျဖစ္၏။ သူတို႔သည္ ဟုန္မိသားစုမွ လာၾကဟုေျပာၾက၏။ က်န႔္ယြင္ထံမွ ဝံပုေလြတစ္ေကာင္ ေတာင္းခဲ့သူမ်ားသည္ ဟုန္ မိသားစုႏွင့္တြဲပုံရသင့္သည္။ သူတို႔သည္ တံခါးေစာင့္ႏွင့္ စကားအနည္းငယ္ေျပာဖို႔ေရာက္လာၿပီး သူတို႔၏ရိကၡာမ်ားကို မစုေဆာင္းဘဲ ၿမိဳ႕ထဲသို႔ တိုက္ရိုက္လႊတ္လိုက္ၾကေလ၏။

၀မ္ခ်န္းရွိ ထိုတပ္ဖြဲ႕မ်ားသည္ ၿမိဳ႕တံခါးကို အလွည့္က် ေစာင့္ၾကပ္ေနၾကပုံရ၏။ သူတို႔ရရွိသည့္အရာမ်ားသည္ မိသားစုတစ္ခုစီ၏၀င္ေငြျဖစ္၏။ ဟုန္မိသားစု၏အဖြဲ႕မ်ားသည္ ပစၥည္းမ်ားႏွေပးေဆာင္ရန္ မလိုအပ္သည္မွာ အံဩစရာမဟုတ္ေခ်။ ထိုနည္းလမ္းျဖင့္ လူမ်ားကိုပူးေပါင္းပါဝင္ရန္ဆြဲေဆာင္ၿပီး သူတို႔၏အင္အားခ်ဲ့ထြင္သည့္နည္းလမ္းေလျဖစ္သည္။

က်န႔္ယြင္သည္ သူတို႔အလုပ္ႀကိဳးစားၿပီး ျပန္သယ္လာေသာအရာမ်ားကို တဝက္ခြဲေပးရန္ မလိုလားေခ်။ သူႏွင့္စုေ႐ြ႕က်ယ္သည္ ကကိုေစာင့္ၾကည့္ရန္ အျပင္တြင္ေနၾကေလ၏။ ခ်န္းခ်ီႏွင့္ ခ်န္းေက်ာင္း တို႔သည္ အျမန္ဆုံး လႊဲေျပာင္းေပးရန္ ၿမိဳ႕ထဲသို႔သြားကာ ကြမ္းဟုန္ကိုရွာေလ၏။

ခ်န္းခ်ီႏွင့္ခ်နေက်ာင္းတို႔ ၿမိဳ႕ထဲသို႔ဝင္ၿပီး ဟိုတယ္သို႔သြားကာ ကြမ္းဟုန္ကိုရွာေတြ႕ခဲ့ၾကသည္။ သူတို႔သည္ သႏၶေေျပာင္းဝံပုေလြမ်ားႏွင့္ ဆုံခဲ့ေၾကာင္းသူ႕အားေျပာလိုက္၏။ ယခု ဂ်င္းေထာင္ႏွင့္ခ်ီသည့္ဝံပုေလြအသားမ်ားကို ျပန္ယူလာခဲ့ၾကသည္။ေျမဆီလႊာမဲ့ စိုက္ပ်ိဳးေရးနည္းပညာကို သင္ယူရန္အတြက္ ဝံပုေလြအသားကို 'ကုန္က်စရိတ္' အျဖစ္ အသုံးျပဳနိုင္မလားဆိုစည္ကို ၀မ္ခ်န္းအေျခစိုက္စခန္းအား ေမးျမန္းရန္ ေတာင္းဆိုခဲ့ၾက၏။

ကြမ္းဟုန္သည္ ေဒသခံၿမိဳ႕ေစာင့္တပ္ကို ခ်က္ခ်င္းဆက္သြယ္ခဲ့ၿပီး နယ္ေျမခံတပ္သည္ လုမိသားစုကို ဆက္သြယ္ခဲ့ၾကသည္။ လုမိသားစုသည္ ၀မ္ မိသားစုႏွင့္ ဟုန္ မိသားစုကို ထပ္မံအေၾကာင္းၾကားခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ သူတို႔သေဘာတူခဲ့ၾက၏။

သႏၶေေျပာင္းတိရစ္ဆာန္မ်ား၏အသားသည္ စားလို႔ေကာင္း၏။ ထူထဲသည့္အေမြးမ်ားကိုမေျပာဘဲႏွင့္ဆို အရသာရွိ၏။ ၎ကို သားေမြးအကၤ်ီထဲ ထည့္လုပ္ထားမည္ဆိုပါက လုံးဝအေအးဒဏ္ခံနိုင္လိမ့္မည္။ ယခုႏြေရာသီမွာေတာ့ အလြန္ပူေနၿပီး ေဆာင္းရာသီတြင္ လြယ္ကူလိမ့္မည္ဟုမထင္ၾကေခ်။ ေစာေစာျပင္ဆင္ထားျခင္းသည္ အၿမဲတမ္းမွန္၏။

နယ္ေျမခံၿမိဳ႕ေစာင့္တပ္အျပင္ မိသားစုသုံးစုတို႔ကလည္း သူတို႔ႏွင့္သက္ဆိုင္သည့္ ဝံပုေလြအသား ကီလိုဂရမ္ေထာင္ေပါင္းမ်ားစြာကို လက္ခံရယူရန္အတြက္ သူတို႔၏ကိုယ္စားလွယ္မ်ားကို ၿမိဳ႕ျပင္သို႔ ေစလႊတ္ခဲ့ၾကသည္။

၀မ္႐ႊီ႐ုန္သည္ ဝမ္မိသားစုမွေစလႊတ္လိုက္ေသာ ကိုယ္စားလွယ္ျဖစ္၏။ စစ္ထရပ္ကားေပၚရွိဝံပုေလြအေလာင္းပုံႀကီးကို ျမင္ေသာအခါ သူသည္မ်က္ေမွာင္မၾကဳတ္မိဘဲ မေနနိုင္ေတာ့ေခ်။

" ဒါေတြအားလုံး မင္းတို႔သတ္ခဲ့တာလား "

"ဟုတ္ပါတယ္"

က်န႔္ယြင္သည္ ၿပဳံးလ်က္ ျပန္ေျဖလိုက္၏။

၀မ္႐ႊီ႐ုန္သည္ က်န႔္ယြင္တို႔အဖြဲ႕၏ အနီေရာင္ တံဆိပ္မ်ားကို တစ္ခ်က္ၾကည့္လိုက္ၿပီး အနည္းငယ္ေတာက္ပေနေသာမ်က္လုံးမ်ားျဖင့္ ေျပာလာခဲ့ေလ၏။

"ေကာင္းလိုက္တဲ့ ကြၽမ္းက်င္မႈ။ မင္းတို႔ ၀မ္ခ်န္းအေျခစိုက္စခန္းမွာ ေနခ်င္ၾကလား? ငါတို႔ မင္းတို႔ကို အေကာင္းဆုံး ဆက္ဆံေပးနိုင္ပါတယ္။"

ကြမ္းဟုန္သည္ ထိုစကားကို ၾကားလိုက္ေသာအခါ သူ႕မ်က္ႏွာသည္ ႐ုတ္တရက္ ေျပာင္းလဲသြားေလ၏။ ၀မ္႐ႊီ႐ုန္က သူ႕ေရွ႕မွာပဲ သူတို႔အေျခစိုက္စခန္းကလူေတြကို ခိုးယူခ်င္ေနတာလား?! သူတို႔တကယ္ကို ေတာင္ပိုင္းအေျခစိုက္စခန္းကို မ်က္လုံးထဲ မထည့္ထားတာပဲ။

သို႔ေသာ္ ကြမ္းဟုန္ စကားမေျပာခင္မွာပင္ က်န႔္ယြင္သည္ ျငင္းပယ္ၿပီးသားျဖစ္ေနေလ၏။

"မင္းရဲ႕ၾကင္နာမႈအတြက္ ေက်းဇူးတင္ပါတယ္၊ ဒါေပမယ့္ မလိုအပ္ပါဘူး"

၀မ္႐ႊီ႐ုန္၏ သံလြင္ခက္ကို တစ္စုံတစ္ေယာက္မွ မယဥ္ေက်းစြာ ျပန္လွန္ပစ္ျခင္းခံလိုက္ရၿပီး သူ႕မ်က္ႏွာသည္ ခ်က္ခ်င္းၾကည့္မေကာင္းေတာ့ေခ်။ သို႔ေသာ္လည္း လက္ရွိေနရာတြင္ ဟုန္မိသားစုႏွင့္ လုမိသားစုမ်ားရွိေနေသးသည္။ သူဘယ္လို သူ႕ကိုယ္သူထိန္းေက်ာင္းရမည္ဆိုသည္ကိုသိေသာေၾကာင့္ သူစကားထပ္မေျပာေတာ့ေခ်။

ဝံပုေလြအေလာင္းေတြကို ေအာက္ခ်လိဳက္ၿပီး ခ်ိန္တြယ္လိုက္ၾကၿပီးေနာက္ အေလးခ်ိန္ ဂ်င္း 1400 ေက်ာ္ရွိ‌ေလ၏။ ထိုေလာက္မ်ားသည့္ အသားမ်ားရွိပါက ပစၥည္းမ်ားအျဖစ္သို႔ ေျပာင္းလိုက္လွ်င္ ႀကီးမားသည့္ ကိစၥပင္။ ေျမဆီလႊာမဲ့ စိုက္ပ်ိဳးေရးနည္းပညာကို ေလ့လာဖို႔ရန္လုံေလာက္သည္မွာ ေသခ်ာေပ၏။

စာေရးသူတြင္ ေျပာရာရွိပါတယ္:

【လမ္းမေပၚကျပဇာတ္ယ္ေလး

အ႐ူးစုန႔္ : ဒီအခန္းက စားဖို႔အသားရွိတယ္ေနာ္!

စုေရွာင္က်ယ္ : အသား? ကြၽန္ေတာ္လိုခ်င္တယ္!

က်န႔္ေရွာင္ယြင္ : ေရွာင္က်ယ္ အသားစားခ်င္လို႔လား? မတတ္နိုင္ဘူး၊ အခ်စ္ကေလးစိတ္ေက်နပ္ဖို႔ ကိုယ့္ကိုယ္ကိုယ္ အနစ္နာခံ႐ုံပဲရွိတယ္။

ညေနပိုင္းတြင္...

က်န႔္ေရွာင္ယြင္ : ေရွာင္က်ယ္၊ အသားစားခ်င္‌လား?

စုေရွာင္က်ယ္ : ဟုတ္!

က်န႔္ေရွာင္ယြင္ : ေစာင့္၊ ကိုယ္အရင္ဆုံးပူေအာင္လုပ္လိုက္မယ္။ မစိုးရိမ္နဲ႕!

စုေရွာင္က်ယ္ : ပူေအာင္လုပ္မယ္? အသားကို အပူေပးရမွာလား? ကြၽန္ေတာ္လုပ္နိုင္တယ္။ ေစာင့္အုံး! ခင္ဗ်ားဘာလို႔ အ၀တ္ေတြခြၽတ္ေနတာလဲ? ခင္‌ဗ်ား ဒိုက္သြားထိုးမလို႔လား?

က်န႔္ေရွာင္ယြင္ : ဟဲဟဲ၊ မင္းအသားမစားခ်င္ဘူးလား? ပူၿပီ၊ လာခဲ့! လာစားေတာ့!

စုေရွာင္က်ယ္ : ေဒါက္တာစုန႔္! က်န႔္ေရွာင္ယြင္႐ူးေနၿပီ။ လာၿပီး သူ႕ဦးႏွောက္ကို ေရေအးေအးနဲ႕ခ်ိဳးေပးပါအုံး!

🍒🍒


Continue Reading

You'll Also Like

267K 11.1K 37
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
26.9K 3.2K 89
Two young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိ...
19.4K 1.5K 60
English Title: Kiss me,Liar "ငါက ယောကျာ်းတွေနဲ့မအိပ်ဘူး ဒါပေမဲ့ ယွန်ဝူးကိုတော့ ထည့်မတွက်နဲ့ Keith Knight Pittman.ငါ့ဘဝကိုအမျိုးမျိုးဖြစ်စေခဲ့တဲ့လူ ဒ...
182K 34.3K 70
Author - Yin Ya MM translate from English Translate Chapter (663- ) Crd to original novel