My Cherry Will Explode in the...

By tobefly_highhigh

668K 96.1K 1.4K

《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံ... More

Description
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷《ကျန့်ယွင်နှင့်‌ နောက်တဖန်ပြန်ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸《‌နေရာလွတ်တစ်ခုရှိနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹 《ဆက်ဆံရေးက အလွဲတစ်ခုနဲ့စတင်ခဲ့တယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺 《မှော်ဆန်သောအရုပ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻 《ထပ်မရှောင်နိုင်တော့ ဆုံရပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼《ရှင်းရှင်းလင်းလင်းလုပ်ကြစို့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽《အမြတ်အစွန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾《ဒဏ်ရာများအား ဂရုစိုက်ပေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿 《အိပ်ယာအား အတူမျှဝေခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶《ဈေး၀ယ်ထွက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷《‌ကောင်းမွန်သောအရာများဆက်လက်ဖြစ်ပျက်နေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟸《ဖြိုဖျက်ရေးနှင့်ပြန်လည်နေရာချထားရေးသတိပေးချက်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟹《အတိတ်ဘ၀အကြောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟺《အတူတူရင်ဆိုင်ကြမယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟻《တွက်ချက်မှုများမအောင်မြင်ခဲ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟼《အိမ်နဲ့ကားရှိတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟽《မင်းလုပ်ရဲတယ်ပေါ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟾《ကမ္ဘာပျက်ကပ်ကြီးနီးလာပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟿《ကမ္ဘာပျက်ကပ်ကြီး ရောက်လာခဲ့ပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟶《စူပါမားကတ်*ကုန်တိုက်ကို အပြောင်ရှင်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟷《မ‌မျှော်လင့်ထားသော》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟸《ခွဲခွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟹《ပဲစေ့ကျည်ဆန်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟺《ထွက်လာကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟻《မကောင်းတဲ့သူတစ်ယောက်မဟုတ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟼《အမြု‌တေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟽《နှစ်မျိုးတွဲစွမ်းရည်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟾《Otakuတစ်ယောက်၏အလားအလာ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟿《ကယ်တင်မှာလား မကယ်တင်ဘူးလား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟶《ဦးနှောက်ပျက်စီးမှုကို ကယ်တင်လို့မရတော့ဘူး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟷《သူတို့ကစုံတွဲတစ်တွဲပဲ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟸《အဖွဲ့၀င်အသစ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟹《တစ်စုံတစ်ယောက်က တံခါးကိုဖျက်ပြီးဖွင့်ဖို့ကြိုးစားနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟺《ကမ္ဘာပျက်ကပ်အတွင်းပြောင်းလဲမှုများ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟻《နှုတ်ဆက်ပါတယ် အကြီးဆုံးဦးလေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟼《 အသက်ကယ် ကျေးဇူးတရား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟽《အနီရောင်မိုးရွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟾 《ဒဏ်ရာရ စစ်သားများနှင့်တွေ့ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟿《လူ့နှလုံးသားများသည် မခန့်မှန်းနိုင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟶《ကယ်ဆယ်ရေးအစီအစဉ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟷《ကယ််‌ဆယ်ရေးလုပ်ငန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟸《စစ်ဆင်‌ရေးစတင်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟹《အောင်အောင်မြင်မြင်လွတ်မြောက်ခြင်း》
Plants vs Zombies
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟺《ကယ်ဆယ်ရေးသတင်းစကား》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟻《ထွက်ခွာရန်စုစည်းကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟼《ဆင့်ကဲ‌ပြောင်းလဲနေသောဖုတ်ကောင်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟽《အဖိုးတန်ပဲစေ့များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟾《ကယ်ဆယ်ရေး စတင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟿《ချန်းယန် အလယ်တန်းကျောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟶《အကျပ်ရိုက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟷《ချန်းမောင်နှမများ》 
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟸 《နောက်တစ်ကြိမ်စကားပြောကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟹《 LED နေကြာပန်းမီးအိမ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟺《လယ်သမားဈေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟻《ရှောင်ဟေး၏ ကွဲပြားနေမှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟼《 အခြေစိုက်စခန်းသို့ ကနဦး၀င်ရောက်မှု》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟽《 အခြေစိုက်စခန်းထဲသို့ ပြောင်းရွှေ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟾《 အရေးပေါ်မစ်ရှင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟿《 စွမ်းရည်အဆင့်တက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟶 《 G မြို့သို့ သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟷《 သူလိမ်နေတာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟸《 မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟹《 ပုလင်းတစ်ခုထဲသို့ လိပ်ကိုဖမ်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟺《 အဆင့်သုံးဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟻《 စက်ရုံထဲ၀င်ရောက်ကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟽《 ကျည်ဆန်အသစ်များ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟾《 အခြေစိုက်စခန်း၏ပြောင်းလဲခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟿 《 မြေမဲ့စိုက်ပျိုးရေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟶《 ၀မ်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟷《 အန်းဟွေ့မြို့ထဲရှိမငြိမ်သက်မှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟸《 သန္ဓေပြောင်းဝံပုလွေများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟹《 မြင်ရုံနဲ့ ‌ဝေစုလိုချင်တာလား? 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟺《 ကူးစက်ခံကြွက်၀င်ရောက်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟻《 ကြောင်နှင့်ကြွက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟼《 အကျပ်အတည်းဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟽《 စွမ်းရည်ဆေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟾《 သေခြင်းတရားကိုရှာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟿《 အခြေစိုက်စခန်းမှမောင်းထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟶《 အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟷《 လင်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟸《 ညစ်ပတ်သောလူသည် ညစ်ပတ်ခြင်းကိုသာမြင်၏ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟹《 King Kong ရှစ်ယောက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟺《 ကုသခြင်းစွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟻《 မိုးသည်းနေ့မှာလောင်သောမီး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟼《 အသိတချို့နှင့်ဆုံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟽《 မိုးသည်းကြီးနောက်ဆုံးတိတ်သွားပြီ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟾《 အနောက်မြောက်ဘက်သို့ဦးတည်သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟿《 ဖုတ်ကောင်ဝိုင်းရံခံရခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟶《 ပူးပေါင်း‌တိုက်ခိုက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟷《 ဘေးဒုက္ခအကျပ်အတည်းကို ဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟸《 စွမ်းရည်အဆင့်မြှင့်တင်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟹《 နှစ်သစ်ကူးနေ့ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟺《 နှစ်သစ်တစ်နှစ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟻《 နေရာလွတ်စွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟼《 အကူအညီတောင်းခံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟽《 မြောက်ပိုင်းသို့သွားရန်အသင့် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟾《 ထူးဆန်းသည့်ဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟿《 စွမ်းရည်နှစ်မျိုး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟶《 Snow Cruiser 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟷《 ကြင်နာမှုကို ကျေးဇူးသိတတ်မှုဖြင့် တုန့်ပြန်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟸《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟹《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟺《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟻《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟼《 ထိန်းချုပ်မရနိုင်ဖြစ်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟽《 မြွေပွေးခါးပိုက် ပိုက်-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟾《 မြွေပွေးခါးပိုက် ပိုက်-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟿《 မြို့တော်အခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟶《 မိသားစုနှစ်ခု၏အခြေအနေ-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟷《 မိသားစုနှစ်ခု၏အခြေအနေ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟸《 တွေ့ကြုံစုံစည်းကြခြင်း 》
𝙴𝚡𝚝𝚛𝚊《 ကွေ့ကောက်သောလမ်းသည် ဆိတ်ငြိမ်သောအရပ်သို့ ဦးတည်လေသည် 》
Complete 💯!!!
Completed Pdf file
ရာသီဥတု သတိပေးချက်
MMStoryteller website

𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟼《 ကြွယ်၀သောရလဒ်များဖြင့်ပြန်လာကြခြင်း 》

4.5K 699 2
By tobefly_highhigh

My Cherry Will Explode in the Apocalypse

Chapter 66《 ကြွယ်၀သောရလဒ်များဖြင့်ပြန်လာကြခြင်း 》

Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク

Unicode

နောက်ဆုံးတွင် ချန်းချီနှင့် သူ့လူများသည် သယ်ယူသည့်ကားတစ်စီးကို ရှာရန်သွားခဲ့ကြသည်။ သူတို့အားလုံးသည် ကြီးမားများပြားသည့်ထုတ်လုပ်ပြီးစက်ကိရိယာများကို ဖြိုဖျက်ကာ သူတို့ရှာဖွေနိုင်ခဲ့သော ကုန်ကြမ်းများအားလုံးကို အကြီးစားကွန်တိန်နာတင်ထရပ်ကားပေါ်သို့ တင်ခဲ့ကြသည်။ ထုတ်လုပ်ရေးအဆင့်ပြီးဆုံးထားသည့် ဆိုလာပြားများကိုတော့ စစ်ကားတစ်စီးစီတွင် တပ်ဆင်လိုက်ကြကာ မူရင်းကားတွင်ရှိသော စစ်သားများသည် အခြားစစ်ကားသုံးစီးအတွင်းတွင် စုလိုက်ခဲ့ကြသည်။

မစ်ရှင်သည် အောင်မြင်စွာပြီးမြောက်ခဲ့ပြီး အမု့တေများစွာကိုလည်း ရိတ်သိမ်းစုဆောင်းနိုင်ခဲ့သည်။ လီမင်းသည် ကျန့်ယွင်နှင့် စုရွေ့ကျယ် တို့ကိုပို၍ပင်ကျေးဇူးတင်ခဲ့သည်။ သူတို့အားကျေးဇူးတင်ရပေမည်။ ဤတစ်ကြိမ်တွင် အခြားသူများအား(ဖက်တီးတို့အဖွဲ့) ထည့်မတွက်လျှင်တောင် သူတို့သည် အဆင့်မြင့်ရှိဖုတ်ကောင်များနှင့် ဖုတ်ကောင်ခွေးများ၏ခြေသည်းများနှင့် သွားများအောက်တွင် ပြင်းထန်စွာဒဏ်ရာရသွားကြခြင်းဖြစ်နိုင်သည်။ လီမင်းသည် အစီရင်ခံသတင်းပို့စာတွင် သူတို့အတွက် ပိုကောင်းသည့် ချီးကျူးစကားများထည့်ရေးပြီး ပြန်ရောက်သည့်အခါတွင် အကျိုးကျေးဇူးများ ပိုရလာစေဖို့ ကူညီပေးရန် စိတ်ပိုင်းဖြတ်ထားလေသည်။

သူတို့သည် အဆောက်အဦးသေးသေးလေးတွင် အနားယူနေသော ဒဏ်ရာရစစ်သားများကို ခေါ်ဆောင်ပြီး အဖွဲ့သည် သူတို့လမ်းကြောင်းသို့ပြန်တက်လာခဲ့ကြလေသည်။

ဒဏ်ရာရသွားသည့် စစ်သားများသည် ကံကောင်းကြလေ၏။ သူတို့အားလုံး ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်ပြီး သူတို့ရဲ့ စွမ်းအားများ အောင်အောင်မြင်မြင် နိုးထခဲ့ကြသည်။ အလွန်ထူးခြားသည့်အာကာသစွမ်းရည်ကို နိုးထလာသည့် စစ်သားငယ်တစ်ဦးလည်း ရှိခဲ့သည်။

ထိုနေရာသည် ငါးကုဗမီတာ ကျယ်ဝန်းပြီး ပစ္စည်းများစံာကို ထိုအထဲသို့ထည့်နိုင်လောက်သည်အထိ ကြီးလေသည်။ ဤအချိန်တွင် ကောအန်းသည် အဖွဲ့၏ ရတနာကြီးတစ်ခုဖြစ်လာခဲ့သည်။ နောင်အနာဂါတ်တွင် ပစ္စည်းများကို စုဆောင်းရန် သို့မဟုတ် သယ်ဆောင်သွားရန်လိုအပ်ပါက ပြဿနာမရှိတော့ချေ။ ထိုအာကာသမှော်ဆရာ၏ အကူအညီဖြင့် အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။

သုံးရက်ကြာပြီးနောက် အဖွဲ့သည် ဝန်အပြည့်ဖြင့် ပြန်ရောက်လာခဲ့လေသည်။ ခြောက်ရက်မှ ခုနစ်ရက်ခန့်သာကြာခဲ့သော်လည်း အခြေစိုက်စခန်းမှာ များစွာပြောင်းလဲသွားခဲ့သည်။ အုတ်တံတိုင်းဆောက်လုပ်ရန် စာရင်းသွင်းသူအရေအတွက်မှာ အလွန်များပြားသောကြောင့်ဖြစ်နိုင်သည်။ နံရံတည်ဆောက်မှုသည် အတော်မြန်လေသည်။ အပြင်ဘက်မှ ကြည့်လျှင် နံရံမြင့်များနှင့် တာဝါတိုင်များသည် သမိုင်းဝင် တီဗီစီးရီးများထဲက ကဲ့သို့ပင် ဖြစ်သည်။

နောက်ထပ်ဂိတ်တံခါးပေါက် တစ်ပေါက် ထပ်တိုးလာခဲ့သည်။ ဘယ်ဘက်တံခါးသည် မြို့ထဲသို့ဝင်ရောက်လာတဲ့ အသက်ရှင်ကျန်ရစ်သူအသစ်များအတွက် သီးသန့်ထားခဲ့သည်။ ဤရက်များတွင်  အသက်ရှင်ကျန်ရစ်သူ အများအပြားသည် ရေဒီယိုကြေငြာချက်ကို နားထောင်ပြီး အခြေစိုက်စခန်းသို့ဆက်တိုက်ရောက်လာခဲ့ကြသည်။ သူတို့အားလုံးသည် စာရင်းသွင်းရန်နှင့် မြို့ထဲသို့ဝင်ရန် ဂိတ်ဝတွင် တန်းစီရပ်နေကြလေသည်။

လက်ယာဘက်မြို့တံခါးသည် အခြေစိုက်စခန်း၏ ယာယီနေထိုင်ခွင့်နှင့် တရားဝင်မှတ်ပုံတင်ကတ်ပြားများ ရရှိထားသူများအတွက်သာဖြစ်သည်။ ဝင်ခွင့်ရရှိရန် သူတို့၏ သက်သေခံကတ်ပြားများကို ပြသရန် အလွန်မြန်ဆန်ပြီး အဆင်ပြေလေသည်။

စုရွေ့ကျယ်သည် မြို့မှထွက်ခွာလာသည့် ယာဉ်တန်းကိုတွေ့လိုက်ရသည်။ ၎င်းသည် မြို့စောင့်တပ်သားများဖြစ်ပုံရသည်။ သူတို့သည် အနီးအနားရှိ ဖုတ်ကောင်များကို ရှင်းလင်းရန် နေ့တိုင်းမြို့တွင်းမှ ထွက်ခွာရန် လိုအပ်သည်။

စစ်ကားလေးစီးနှင့် ဟဲဗီးဝိတ်ထရပ်ကားတစ်စစီးသည် မြို့တွင်းဝင်ထွက်နေသူများကို ဆွဲဆောင်ခဲ့သည်။ မြို့တံခါးအစောင့်အကြပ်တပ်သားများသည် အခြေအနေကို သူတို့၏အထက်အရာရှိများအား ချက်ခြင်းအကြောင်းကြားခဲ့ပြီး ကားများဖြတ်သန်းသွားနိုင်စေရန် မြို့တံခါးကို အမြင့်ဆုံးကန့်သတ်ချက်အထိ ဖွင့်လှစ်ခဲ့သည်။

ကျန့်ယွင်၏ ယာယီနေထိုင်ခွင့်ကတ် သက်တမ်းကုန်သွားသဖြင့် သူတို့သည် ပြန်လည်မှတ်ပုံတင်ရန်နှင့် တရားဝင်မှတ်ပုံတင်ကတ်များရယူရန် မှတ်ပုံတင်ရုံးသို့သွားရန် လိုအပ်နေသည်။

ကျန့်ယွင်သည် မြို့တံခါးတွင် ကားရပ်ပြီး သူတို့၏ ID ကတ်များကို အရင်ယူရန် သွားလေသည်။

လီမင်းနှင့်သူ့အဖွဲ့သည် နေရောင်ခြည်စွမ်းအင်သုံး ကိရိယာများနှင့်အတူ အလုပ်တာဝန်ကို အမြန်ထမ်းဆောင်ရန် ပြေးလွှားနေကြလေသည် ကျန့်ယွင် ကို နှုတ်ဆက်ပြီးနောက် သူတို့သည် အရင်ဆုံးထွက်သွားခဲ့ကြသည် ။

မြို့ထဲသို့ဝင်ရောက်ပြီးနောက် စုရွေ့ကျယ်သည် မြို့တံခါးအနီး လေဟာပြင်တွင် တဲအမြောက်အမြားရှိနေသည်ကို တွေ့ရှိခဲ့သည်။ သူတို့သည် စစ်သားတစ်ဦးအား မေးမြန်းခဲ့ပြီး အများစုမှာ အိမ်ငှားခပေးရန်မတတ်နိုင်သော သို့မဟုတ် ငှားရမ်းခမပေးလိုသော အသက်ရှင်ကျန်ရစ်သူများဖြစ်ကြောင်း နားလည်ခဲ့ကြသည်။

“သူတို့က ဘာလို့အလုပ်မလုပ်တာလဲ? မြို့ထဲကအလုပ်တွေ အကုန်ကုန်သွားလို့လား? ”

ကျန့်ကျားဟယ်သည် အထူးတဆန်းဖြစ်စွာဖြင့် မေးလိုက်၏။

တဲအတွင်း၌ မလှုပ်မယှက်အိပ်နေသော လူများ သို့မဟုတ် တဲထဲမှထွက်ကာ နေရာတိုင်းတွင် အစာတောင်းစားရန် ရှာဖွေနေသူများကို စောင့်ကြည့်နေခဲ့သည်။ ထိုအဖွဲ့တွင် အဓိကအားဖြင့် အသက်ကြီး၍ အားနည်းသော အမျိုးသမီးများနှင့် ကလေးငယ်များ ပါ၀င်သော်လည်း ခြေလက်နှင့် အလုပ်လုပ်နိုင်သော အမျိုးသားများ အများအပြားလည်းရှိနေသည်။

“ဘယ်လိုတတ်နိုင်မလဲ? အခြေစိုက်စခန်းစတည်ဆောက်တုန်းက နေရာတိုင်းမှာ လူပြတ်လပ်နေခဲ့တာ။ အဲ့လူတွေက သူတို့အရမ်းခါးခါးသီးသီးဖြစ်နေပြီး အလုပ်လုပ်ဖို့ တွန့်ဆုတ်နေကြတာ ”

စစ်သားသည် မထီမဲ့မြင်ပြုလိုသောအကြည့်ဖြင့်ကြည့်ကာ ပြောပြလိုက်၏။

သူတို့အခြေခံစိုက်စခန်း၏စနစ်သည် အလွန်လူသားဆန်သည်ဟု သူပြောနိုင်သည်။ အခြေစိုက်စခန်းသည် အသက်ကြီးသူများ၊ အားနည်းသူများနှင့် မသန်စွမ်းသူများတောင် သူတို့အတွက် လွယ်ကူသည့်အလုပ်များကို စီစဉ်ပေးဖို့ နည်းလမ်းများ စဉ်းစားပေးလိမ့်မည်ဖြစ်သည်။

သက်ကြီးရွယ်အိုများအတွက် သူတို့သည် ရေလောင်းခြင်း နှင့် တံမြက်လှည်းခြင်း အလုပ်တချို့ကို စီစဉ်ပေးခဲ့ကြသည်။ ကျန်းမာရေးမကောင်းပါက အချက်အလက်များခွဲထုတ်ရန် ကူညီပေးလိမ့်မည်။ ဖျားနာသူများအတွက် အခြေစိုက်စခန်းမှ ဆေး၀ါးများ ထောက်ပံ့ပေးမည်ဖြစ်သော်လည်း ပြန်လည်ကောင်းမွန်လာပြီးနောက် သူတို့သုံးခဲ့သည့် ဆေးဝါးများအတွက် အကြွေးဆပ်ရန် အလုပ်လုပ်ကြရမည်ဖြစ်သည်။ လိုက်လျောညီထွေမရှိသူများအတွက်လည်း အရိုးရှင်းဆုံးအလုပ်အချို့ကို စီစဉ်ပေးလိမ့်မည်ဖြစ်သည်။

မြို့တံခါး၌ အသက်ရှင်ကျန်ရစ်သူအသစ်များစာရင်းကို တာဝန်ယူနေသည့် ၀မ်အာ့ကော် လိုပင် သူသည် ငယ်ငယ်ကတည်းက ပိုလီယိုရောဂါ ခံစား နေခဲ့ရပြီး သူ့ဘယ်ခြေထောက်သည် ပြင်းထန်စွာသိမ်နေသော်လည်း သူစာရေးနိုင် နေသေးပေသည်။

“စုရွေ့ကျယ် ! ”

ရုတ်တရက် စုရွေ့ကျယ်၏ နာမည်ကို တစ်စုံတစ်ယောက်မှ ခေါ်လာလေ၏။

စုရွေ့ကျယ်သည် အသံလာသည့်ဘက်ကို မသိစိတ်ဖြင့် ကြည့်လိုက်ရာ ရင်းနှီးနေသည့် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရလေသည်။ သူမသည် မီးခိုးရောင်ပိတ်စကတ်ကို ၀တ်ထားကာ ဆံပင်များက ကောက်ရိုးကဲ့သို့ ရှုပ်ယှက်ခတ်နေခဲ့သည်။ သတို့သော်လည်း သူမ၏ဆံပင်ကို ဆွဲဖယ်ပြီးနောက် သူမ၏မျက်နှာသည် အလွန်နူးညံ့ပြီး ချစ်စဖွယ်ဖြစ်နေသည်။

“မင်းက ဘယ်သူလဲ? ”

မိန်းကလေးသည် စုရွေ့ကျယ် ဒီလိုမေးခွန်းမျိုးမေးလာဖို့ မမျှော်လင့်ထားခဲ့ဘဲ သူမ၏မျက်နှာသည်ရုတ်တရက်ဖြူရော်သွားလေသည်။

“ငါက ရွှီကျားနီလေ! ”

နာမည်နှင့် မျက်နှာသည် အမှန်တကယ်ရင်းနှီးပုံပေါက်သော်လည်း စုရွေ့ကျယ်ယခုထိ မမှတ်မိနိုင်သေးချေ။

“ငါမင်းအတွက် ဘာလုပ်ပေးရမလဲ? ”

စုရွေ့ကျယ်သည် သူမကို မမှတ်မိနိုင်ခဲ့သောကြောင့် တွန့်ဆုတ်နေခဲ့သည်။ တစ်ဖက်လူအား သူမ ဘာလုပ်ချင်လဲဟုသာ တိုက်ရိုက်မေးလိုက်သည်။

ကောင်မလေး၏ နှုတ်ခမ်းများသည် တုန်လှုပ်သွားပြီး မျက်လုံးများက မျက်ရည်များ စီးကျလာပြီး သူမပြင်းထန်စွာ ထိခိုက်သွားပုံရလေသည်။

သူမဘာလုပ်ချင်လို့လဲ? သူမ တခြားဘာများလုပ်ချင်သေးလို့လဲ? လွတ်မြောက်လာသူများ၏ အခြေစိုက်စခန်းကို ရောက်လာခဲ့သည်မှာ နှစ်ရက်ရှိပြီဖြစ်သည်။ မနက်ဖြန်သည် အလကားရသည့် နောက်ဆုံးနေ့ဖြစ်သဖြင့် ညစ်ပတ်ပြီး ပင်ပန်းတဲ့ အလုပ်များကို သူမလုပ်ရပေတော့မည်။ သူမ ဘယ်လို သည်းခံနိုင်ပါ့မလဲ?

အုတ်သယ်ရွှေ့သည့်အလုပ်တစ်ခုကိုစာရင်းသွင်းရန် ဖခင်ဖြစ်သူနှင့်အတူ အလုပ်ခန်းမသို့ လိုက်ပါသွားခဲ့သည်။ ထိုအလုပ်သည် နေ့စဉ် အလုပ်ငါးမှတ်သာ ရမည်ဖြစ်သည်။ သူမသည် တည်းခိုခကို အလုပ်မှတ်နှစ်မှတ်ဖြင့် ပေးဆောင်ကာ အလုပ်သုံးမှတ်သာ ကျန်တော့သည်။ ၎င်းသည် ခန့်မှန်းချေ စားသောက်စရိတ်မှာ နှစ်ရက်နှင့် တစ်၀က်စာသာကျန်တော့သည်။

အသက်ရှင်ကျန်ရစ်သူများ၏ အခြေစိုက်စခန်းသို့ မရောက်မီက သူမသည် ရက်ပေါင်းများစွာ အစားအစာအလုံအလောက်မရှိခဲ့ချေ။ ထို့အပြင် သူမသည် ဆာလောင်မှုအပြည့်ဖြင့်ဘဝကို အမှန်တကယ် မနေထိုင်ချင်ခဲ့ပေ။

သူမသည် စုရွေ့ကျယ်နှင့် ဤလူအုပ်စုသည် တခြားတံခါးမှ မြို့ထဲကို ဝင်လာသည်ကို တွေ့လိုက်ရလေသည်။ သူတို့တွင် ကားများ၊ သေနတ်များရှိကြသည်။ သူတို့သည် အဖွဲ့တစ်ဖွဲ့ဖြစ်ရမည်။ သူတို့သည် ထိုဖော်ရွေမှုမရှိသည့် စစ်သားများနှင့်လည်း စကားပြောနိုင်ကြသည်။ သူတို့သည် အလွန်အားကောင်းသည့် အနေအထားရှိရမည်ဖြစ်သည်။

သူမ ကျောင်းတက်စဉ်က စုရွေ့ကျယ်၏ ထိုင်ခုံသည် သူမအတန်းနှင့်ထောင့်ဖြတ်နေရာတွင်ရှိသည်။ ထိုအချိန်က လူတိုင်းသည် အချစ်စိတ်ကစားသည့်အသက်အရွယ်လေးများဖြစ်ကြသည်။ အတန်းဖော်များနှင့် စကားစမြည်ပြောသည့်အခါ တွင် စုရွေ့ကျယ်နှင့်သူ့အဖွဲ့ စကားစမြည်ပြောသံကိုကြားခဲ့ရပြီး သူက သူမအရမ်းလှသည်ဟု သူမကြားခဲ့ရသည်။ သို့သော် သူမသည် စုရွေ့ကျယ်၏မိသားစုသည် အဆင်မပြေသည်ကို သိသည့်အတွက် သူနှင့် ဘယ်တုန်းကမှ အဆက်အသွယ် မရှိခဲ့ချေ။

အခုထိ သူမကို သဘောကျနေသေးတာ ဖြစ်နိုင်လား? အကယ်၍ သူသာ သူမကို ကူညီချင်စိတ်ရှိရင်...

ရွှီကျားနီ၏ နှလုံးသားသည် ကြောင်လေးတစ်ကောင်မှ ကုတ်ခြစ်ခံလိုက်ရသကဲ့သို့ ခံစားနေရချေသည်။ စုရွေ့ကျယ် မှတ်ပုံတင်ရုံးသို့ ဝင်ခါနီးကို မြင်လိုက်ရသောအခါ သူ့အားအော်မခေါ်ဘဲ မနေနိုင်တော့ချေ။

ဒါဆို... သူ သူမကို မမှတ်မိတော့ဘူးပေါ့...

နွေရာသီ အားလပ်ရက်လေးပဲရှိသေးတယ်လေ။ သူက ဘာလို့ သူမကို မမှတ်မိတော့တာလဲ?!

သူမတွေးထားသည့် နွေရာသီအားလပ်ရက်တိုလေးသည် စုရွေ့ကျယ်အတွက် ဘ၀တစ်သက်တာလုံးကဲ့သို့ဖြစ်နေမည်ကို သူမဘယ်သိနိုင်ပါ့မလဲ။ စုရွေ့ကျယ်သည် ဘဝသစ်တစ်ခုမှ ပြန်ရောက်လာခဲ့ပြီး သူ့မျက်လုံးများသည် ကျန့်ယွင်နှင့်သာ ပြည့်နှက်နေခဲ့သည်။ သူနှင့် သိပ်မရင်းနှီးသည့် အတန်းဖော်တစ်ယောက်ကို အဘယ်ကြောင့် မှတ်မိနိုင်ပါ့မလဲ?

“ငါ၊ ငါ....”

ရွှီကျားနီသည် စကားမပြောနိုင်တော့ချေ။

စုရွေ့ကျယ်သည် အနည်းငယ် စိတ်မရှည်ဖြစ်လာလေသည်။ သူ့အတွေးတွင် သူလမ်းပေါ်တွင် လျှောက်သွားနေပြီး သူ မသိသည့်လူက လှမ်းခေါ်လာခဲ့ပြီး သူတို့ စကား အကြာကြီးမပြောခဲ့ကြချေ ထိုသို့ဖြစ်ကာ ယခုအခြေအနေသည် သူ့အား စိတ်ရှုပ်သွားစေသည်။

“မင်းမှာ ဘာ ပြဿနာရှိလို့လဲ? မရှိတော့ရင် ငါအရင်ဆုံးသွားတော့မယ်”

“နင်..နင်....”

ရွှီကျားနီ၏ မျက်လုံးများသည် မကျေနပ်ချက်များဖြင့် နီရဲလာလေ၏။

“ဟားဟားဟား ၊ ရှောင်ကျယ်။ မင်း ဒီလိုမျိုး အရမ်းစိတ်ရှုပ်ထွေးနေမယ်လို့ ငါမထင်ထားဘူး”

ချန်းကျောင်းသည် ရယ်မောရင်း ရောက်လာပြီး စုရွေ့ကျယ်၏ ပခုံးကို လှမ်းဆွဲလိုက်သည်။

“တခြားမိန်းကလေးက နင့်ကိုကြိုက်နေတာ သိသာနေတာကို!”

“ကျွန်တော် သူမကိုတောင်မှ မသိတာ?! ”

ကျန့်ယွင်သည် ပြုံးလျက်ဘေးတွင် ရပ်နေသည်ကို တော့လိုက်ရသောအခါ စုရွေ့ကျယ်သည် သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို အမြန်ရှင်းပြလိုက်သည်။

ထိုအချိန်တွင် အနီးနားတွင် လူများစွာရှိနေသည်။ သူတို့အားလုံးသည် ရွှီကျားနီကို လက်ညှိုးထိုးနေခဲ့ကြသည်။ ကောင်မငယ်လေးက ဘယ်လိုတောင်ဒီလို ရပ်တည်နိုင်သလဲ? သူမသည် မုန်းတီးမှုဖြင့် ခြေဆောင့်ကာ မျက်ရည်များဖြင့် ထွက်ပြေးသွားခဲ့လေသည်။

သို့သော် စုရွေ့ကျယ်သည် သူ့ခေါင်းပေါ်တွင် မေးခွန်းအမှတ်အသားဖြင့် ထိုနေရာတွင် ဆက်၍ရပ်နေခဲ့လေသည်။

“သွားကြစို့။ အဓိပ္ပါယ်မရှိတာတွေ ပြောမနေတော့နဲ့။ သွားပြီး စာရင်းသွင်း။ လူတွေ စောင့်နေတယ်”

ကျန့်ယွင်သည် ချန်ကျောင်းကို ဆွဲထုတ်လိုက်ပြီး စုရွေ့ကျယ်၏ လက်ကောက်ဝတ်ကို ဆွဲကာ မှတ်ပုံတင်ရုံးထဲသို့ ဆွဲခေါ်သွားလေသည်။

ကျန်းရွှီကျိုးသည် သူတို့အတွက် တရားဝင် ID ကတ်များကို ပြင်ဆင်ထားရန် အမိန်ပေးထားပြီးဖြစ်သည်။ သူတို့စာရင်းသွင်းပြီး သူတို့၏ လက်ဗွေရာများကို မှတ်တမ်းတွင် ထည့်သွင်းပြီးသည်နှင့် သူတို့သည် မှတ်ပုံတင်ကတ်များကို ချောမွေ့စွာရခဲ့ကြလေသည်။ ကတ်ပြားများနှင့်အတူ သူတို့သည် စားရန် သို့မဟုတ်  ရိုးရှင်းသော ပစ္စည်းများလဲလှယ်ရန်အတွက် ပွတ်ဆွဲရန်သာလိုအပ်လေသည်။

နားမလည်နိုင်စွာ ပေါ်လာပြီး နားမလည်နိုင်အောင် ထွက်ပြေးသွားသည့် မိန်းကလေးသည် သူတို့အပေါ် အထင်ကြီးလောက်စရာ အမြင်မကျန်ရှိခဲ့ပါချေ။

🍒🍒

Zawgyi

ေနာက္ဆုံးတြင္ ခ်န္းခ်ီႏွင့္ သူ႕လူမ်ားသည္ သယ္ယူသည့္ကားတစ္စီးကို ရွာရန္သြားခဲ့ၾကသည္။ သူတို႔အားလုံးသည္ ႀကီးမားမ်ားျပားသည့္ထုတ္လုပ္ၿပီးစက္ကိရိယာမ်ားကို ၿဖိဳဖ်က္ကာ သူတို႔ရွာေဖြနိုင္ခဲ့ေသာ ကုန္ၾကမ္းမ်ားအားလုံးကို အႀကီးစားကြန္တိန္နာတင္ထရပ္ကားေပၚသို႔ တင္ခဲ့ၾကသည္။ ထုတ္လုပ္ေရးအဆင့္ၿပီးဆုံးထားသည့္ ဆိုလာျပားမ်ားကိုေတာ့ စစ္ကားတစ္စီးစီတြင္ တပ္ဆင္လိုက္ၾကကာ မူရင္းကားတြင္ရွိေသာ စစ္သားမ်ားသည္ အျခားစစ္ကားသုံးစီးအတြင္းတြင္ စုလိုက္ခဲ့ၾကသည္။

မစ္ရွင္သည္ ေအာင္ျမင္စြာၿပီးေျမာက္ခဲ့ၿပီး အမု႔ေတမ်ားစြာကိုလည္း ရိတ္သိမ္းစုေဆာင္းနိုင္ခဲ့သည္။ လီမင္းသည္ က်န႔္ယြင္ႏွင့္ စုေ႐ြ႕က်ယ္ တို႔ကိုပို၍ပင္ေက်းဇူးတင္ခဲ့သည္။ သူတို႔အားေက်းဇူးတင္ရေပမည္။ ဤတစ္ႀကိမ္တြင္ အျခားသူမ်ားအား(ဖက္တီးတို႔အဖြဲ႕) ထည့္မတြက္လွ်င္ေတာင္ သူတို႔သည္ အဆင့္ျမင့္ရွိဖုတ္ေကာင္မ်ားႏွင့္ ဖုတ္ေကာင္ေခြးမ်ား၏ေျခသည္းမ်ားႏွင့္ သြားမ်ားေအာက္တြင္ ျပင္းထန္စြာဒဏ္ရာရသြားၾကျခင္းျဖစ္နိုင္သည္။ လီမင္းသည္ အစီရင္ခံသတင္းပို႔စာတြင္ သူတို႔အတြက္ ပိုေကာင္းသည့္ ခ်ီးက်ဴးစကားမ်ားထည့္ေရးၿပီး ျပန္ေရာက္သည့္အခါတြင္ အက်ိဳးေက်းဇူးမ်ား ပိုရလာေစဖို႔ ကူညီေပးရန္ စိတ္ပိုင္းျဖတ္ထားေလသည္။

သူတို႔သည္ အေဆာက္အဦးေသးေသးေလးတြင္ အနားယူေနေသာ ဒဏ္ရာရစစ္သားမ်ားကို ေခၚေဆာင္ၿပီး အဖြဲ႕သည္ သူတို႔လမ္းေၾကာင္းသို႔ျပန္တက္လာခဲ့ၾကေလသည္။

ဒဏ္ရာရသြားသည့္ စစ္သားမ်ားသည္ ကံေကာင္းၾကေလ၏။ သူတို႔အားလုံး ဗိုင္းရပ္စ္ပိုးကို သယ္ေဆာင္ၿပီး သူတို႔ရဲ႕ စြမ္းအားမ်ား ေအာင္ေအာင္ျမင္ျမင္ နိုးထခဲ့ၾကသည္။ အလြန္ထူးျခားသည့္အာကာသစြမ္းရည္ကို နိုးထလာသည့္ စစ္သားငယ္တစ္ဦးလည္း ရွိခဲ့သည္။

ထိုေနရာသည္ ငါးကုဗမီတာ က်ယ္ဝန္းၿပီး ပစၥည္းမ်ားစံာကို ထိုအထဲသို႔ထည့္နိုင္ေလာက္သည္အထိ ႀကီးေလသည္။ ဤအခ်ိန္တြင္ ေကာအန္းသည္ အဖြဲ႕၏ ရတနာႀကီးတစ္ခုျဖစ္လာခဲ့သည္။ ေနာင္အနာဂါတ္တြင္ ပစၥည္းမ်ားကို စုေဆာင္းရန္ သို႔မဟုတ္ သယ္ေဆာင္သြားရန္လိုအပ္ပါက ျပႆနာမရွိေတာ့ေခ်။ ထိုအာကာသေမွာ္ဆရာ၏ အကူအညီျဖင့္ အလြယ္တကူ ေျဖရွင္းနိုင္လိမ့္မည္ျဖစ္သည္။

သုံးရက္ၾကာၿပီးေနာက္ အဖြဲ႕သည္ ဝန္အျပည့္ျဖင့္ ျပန္ေရာက္လာခဲ့ေလသည္။ ေျခာက္ရက္မွ ခုနစ္ရက္ခန႔္သာၾကာခဲ့ေသာ္လည္း အေျခစိုက္စခန္းမွာ မ်ားစြာေျပာင္းလဲသြားခဲ့သည္။ အုတ္တံတိုင္းေဆာက္လုပ္ရန္ စာရင္းသြင္းသူအေရအတြက္မွာ အလြန္မ်ားျပားေသာေၾကာင့္ျဖစ္နိုင္သည္။ နံရံတည္ေဆာက္မႈသည္ အေတာ္ျမန္ေလသည္။ အျပင္ဘက္မွ ၾကည့္လွ်င္ နံရံျမင့္မ်ားႏွင့္ တာဝါတိုင္မ်ားသည္ သမိုင္းဝင္ တီဗီစီးရီးမ်ားထဲက ကဲ့သို႔ပင္ ျဖစ္သည္။

ေနာက္ထပ္ဂိတ္တံခါးေပါက္ တစ္ေပါက္ ထပ္တိုးလာခဲ့သည္။ ဘယ္ဘက္တံခါးသည္ ၿမိဳ႕ထဲသို႔ဝင္ေရာက္လာတဲ့ အသက္ရွင္က်န္ရစ္သူအသစ္မ်ားအတြက္ သီးသန႔္ထားခဲ့သည္။ ဤရက္မ်ားတြင္  အသက္ရွင္က်န္ရစ္သူ အမ်ားအျပားသည္ ေရဒီယိုေၾကျငာခ်က္ကို နားေထာင္ၿပီး အေျခစိုက္စခန္းသို႔ဆက္တိုက္ေရာက္လာခဲ့ၾကသည္။ သူတို႔အားလုံးသည္ စာရင္းသြင္းရန္ႏွင့္ ၿမိဳ႕ထဲသို႔ဝင္ရန္ ဂိတ္ဝတြင္ တန္းစီရပ္ေနၾကေလသည္။

လက္ယာဘက္ၿမိဳ႕တံခါးသည္ အေျခစိုက္စခန္း၏ ယာယီေနထိုင္ခြင့္ႏွင့္ တရားဝင္မွတ္ပုံတင္ကတ္ျပားမ်ား ရရွိထားသူမ်ားအတြက္သာျဖစ္သည္။ ဝင္ခြင့္ရရွိရန္ သူတို႔၏ သက္ေသခံကတ္ျပားမ်ားကို ျပသရန္ အလြန္ျမန္ဆန္ၿပီး အဆင္ေျပေလသည္။

စုေ႐ြ႕က်ယ္သည္ ၿမိဳ႕မွထြက္ခြာလာသည့္ ယာဥ္တန္းကိုေတြ႕လိုက္ရသည္။ ၎သည္ ၿမိဳ႕ေစာင့္တပ္သားမ်ားျဖစ္ပုံရသည္။ သူတို႔သည္ အနီးအနားရွိ ဖုတ္ေကာင္မ်ားကို ရွင္းလင္းရန္ ေန႕တိုင္းၿမိဳ႕တြင္းမွ ထြက္ခြာရန္ လိုအပ္သည္။

စစ္ကားေလးစီးႏွင့္ ဟဲဗီးဝိတ္ထရပ္ကားတစ္စစီးသည္ ၿမိဳ႕တြင္းဝင္ထြက္ေနသူမ်ားကို ဆြဲေဆာင္ခဲ့သည္။ ၿမိဳ႕တံခါးအေစာင့္အၾကပ္တပ္သားမ်ားသည္ အေျခအေနကို သူတို႔၏အထက္အရာရွိမ်ားအား ခ်က္ျခင္းအေၾကာင္းၾကားခဲ့ၿပီး ကားမ်ားျဖတ္သန္းသြားနိုင္ေစရန္ ၿမိဳ႕တံခါးကို အျမင့္ဆုံးကန႔္သတ္ခ်က္အထိ ဖြင့္လွစ္ခဲ့သည္။

က်န႔္ယြင္၏ ယာယီေနထိုင္ခြင့္ကတ္ သက္တမ္းကုန္သြားသျဖင့္ သူတို႔သည္ ျပန္လည္မွတ္ပုံတင္ရန္ႏွင့္ တရားဝင္မွတ္ပုံတင္ကတ္မ်ားရယူရန္ မွတ္ပုံတင္႐ုံးသို႔သြားရန္ လိုအပ္ေနသည္။

က်န႔္ယြင္သည္ ၿမိဳ႕တံခါးတြင္ ကားရပ္ၿပီး သူတို႔၏ ID ကတ္မ်ားကို အရင္ယူရန္ သြားေလသည္။

လီမင္းႏွင့္သူ႕အဖြဲ႕သည္ ေနေရာင္ျခည္စြမ္းအင္သုံး ကိရိယာမ်ားႏွင့္အတူ အလုပ္တာဝန္ကို အျမန္ထမ္းေဆာင္ရန္ ေျပးလႊားေနၾကေလသည္။ က်န႔္ယြင္ကို ႏႈတ္ဆက္ၿပီးေနာက္ သူတို႔သည္ အရင္ဆုံးထြက္သြားခဲ့ၾကသည္ ။

ၿမိဳ႕ထဲသို႔ဝင္ေရာက္ၿပီးေနာက္ စုေ႐ြ႕က်ယ္သည္ ၿမိဳ႕တံခါးအနီး ေလဟာျပင္တြင္ တဲအေျမာက္အျမားရွိေနသည္ကို ေတြ႕ရွိခဲ့သည္။ သူတို႔သည္ စစ္သားတစ္ဦးအား ေမးျမန္းခဲ့ၿပီး အမ်ားစုမွာ အိမ္ငွားခေပးရန္မတတ္နိုင္ေသာ သို႔မဟုတ္ ငွားရမ္းခမေပးလိုေသာ အသက္ရွင္က်န္ရစ္သူမ်ားျဖစ္ေၾကာင္း နားလည္ခဲ့ၾကသည္။

“သူတို႔က ဘာလို႔အလုပ္မလုပ္တာလဲ? ၿမိဳ႕ထဲကအလုပ္ေတြ အကုန္ကုန္သြားလို႔လား? ”

က်န႔္က်ားဟယ္သည္ အထူးတဆန္းျဖစ္စြာျဖင့္ ေမးလိုက္၏။

တဲအတြင္း၌ မလႈပ္မယွက္အိပ္ေနေသာ လူမ်ား သို႔မဟုတ္ တဲထဲမွထြက္ကာ ေနရာတိုင္းတြင္ အစာေတာင္းစားရန္ ရွာေဖြေနသူမ်ားကို ေစာင့္ၾကည့္ေနခဲ့သည္။ ထိုအဖြဲ႕တြင္ အဓိကအားျဖင့္ အသက္ႀကီး၍ အားနည္းေသာ အမ်ိဳးသမီးမ်ားႏွင့္ ကေလးငယ္မ်ား ပါ၀င္ေသာ္လည္း ေျခလက္ႏွင့္ အလုပ္လုပ္နိုင္ေသာ အမ်ိဳးသားမ်ား အမ်ားအျပားလည္းရွိေနသည္။

“ဘယ္လိုတတ္နိုင္မလဲ? အေျခစိုက္စခန္းစတည္ေဆာက္တုန္းက ေနရာတိုင္းမွာ လူျပတ္လပ္ေနခဲ့တာ။ အဲ့လူေတြက သူတို႔အရမ္းခါးခါးသီးသီးျဖစ္ေနၿပီး အလုပ္လုပ္ဖို႔ တြန႔္ဆုတ္ေနၾကတာ ”

စစ္သားသည္ မထီမဲ့ျမင္ျပဳလိုေသာအၾကည့္ျဖင့္ၾကည့္ကာ ေျပာျပလိုက္၏။

သူတို႔အေျခခံစိုက္စခန္း၏စနစ္သည္ အလြန္လူသားဆန္သည္ဟု သူေျပာနိုင္သည္။ အေျခစိုက္စခန္းသည္ အသက္ႀကီးသူမ်ား၊ အားနည္းသူမ်ားႏွင့္ မသန္စြမ္းသူမ်ားေတာင္ သူတို႔အတြက္ လြယ္ကူသည့္အလုပ္မ်ားကို စီစဥ္ေပးဖို႔ နည္းလမ္းမ်ား စဥ္းစားေပးလိမ့္မည္ျဖစ္သည္။

သက္ႀကီး႐ြယ္အိုမ်ားအတြက္ သူတို႔သည္ ေရေလာင္းျခင္း ႏွင့္ တံျမက္လွည္းျခင္း အလုပ္တခ်ိဳ႕ကို စီစဥ္ေပးခဲ့ၾကသည္။ က်န္းမာေရးမေကာင္းပါက အခ်က္အလက္မ်ားခြဲထုတ္ရန္ ကူညီေပးလိမ့္မည္။ ဖ်ားနာသူမ်ားအတြက္ အေျခစိုက္စခန္းမွ ေဆး၀ါးမ်ား ေထာက္ပံ့ေပးမည္ျဖစ္ေသာ္လည္း ျပန္လည္ေကာင္းမြန္လာၿပီးေနာက္ သူတို႔သုံးခဲ့သည့္ ေဆးဝါးမ်ားအတြက္ အေႂကြးဆပ္ရန္ အလုပ္လုပ္ၾကရမည္ျဖစ္သည္။ လိုက္ေလ်ာညီေထြမရွိသူမ်ားအတြက္လည္း အရိုးရွင္းဆုံးအလုပ္အခ်ိဳ႕ကို စီစဥ္ေပးလိမ့္မည္ျဖစ္သည္။

ၿမိဳ႕တံခါး၌ အသက္ရွင္က်န္ရစ္သူအသစ္မ်ားစာရင္းကို တာဝန္ယူေနသည့္ ၀မ္အာ့ေကာ္ လိုပင္ သူသည္ ငယ္ငယ္ကတည္းက ပိုလီယိုေရာဂါ ခံစား ေနခဲ့ရၿပီး သူ႕ဘယ္ေျခေထာက္သည္ ျပင္းထန္စြာသိမ္ေနေသာ္လည္း သူစာေရးနိုင္ ေနေသးေပသည္။

“စုေ႐ြ႕က်ယ္ ! ”

႐ုတ္တရက္ စုေ႐ြ႕က်ယ္၏ နာမည္ကို တစ္စုံတစ္ေယာက္မွ ေခၚလာေလ၏။

စုေ႐ြ႕က်ယ္သည္ အသံလာသည့္ဘက္ကို မသိစိတ္ျဖင့္ ၾကည့္လိုက္ရာ ရင္းႏွီးေနသည့္ မိန္းကေလးတစ္ဦးကို ေတြ႕လိုက္ရေလသည္။ သူမသည္ မီးခိုးေရာင္ပိတ္စကတ္ကို ၀တ္ထားကာ ဆံပင္မ်ားက ေကာက္ရိုးကဲ့သို႔ ရႈပ္ယွက္ခတ္ေနခဲ့သည္။ သတို႔ေသာ္လည္း သူမ၏ဆံပင္ကို ဆြဲဖယ္ၿပီးေနာက္ သူမ၏မ်က္ႏွာသည္ အလြန္ႏူးညံ့ၿပီး ခ်စ္စဖြယ္ျဖစ္ေနသည္။

“မင္းက ဘယ္သူလဲ? ”

မိန္းကေလးသည္ စုေ႐ြ႕က်ယ္ ဒီလိုေမးခြန္းမ်ိဳးေမးလာဖို႔ မေမွ်ာ္လင့္ထားခဲ့ဘဲ သူမ၏မ်က္ႏွာသည္႐ုတ္တရက္ျဖဴေရာ္သြားေလသည္။

“ငါက ႐ႊီက်ားနီေလ! ”

နာမည္ႏွင့္ မ်က္ႏွာသည္ အမွန္တကယ္ရင္းႏွီးပုံေပါက္ေသာ္လည္း စုေ႐ြ႕က်ယ္ယခုထိ မမွတ္မိနိုင္ေသးေခ်။

“ငါမင္းအတြက္ ဘာလုပ္ေပးရမလဲ? ”

စုေ႐ြ႕က်ယ္သည္ သူမကို မမွတ္မိနိုင္ခဲ့ေသာေၾကာင့္ တြန႔္ဆုတ္ေနခဲ့သည္။ တစ္ဖက္လူအား သူမ ဘာလုပ္ခ်င္လဲဟုသာ တိုက္ရိုက္ေမးလိုက္သည္။

ေကာင္မေလး၏ ႏႈတ္ခမ္းမ်ားသည္ တုန္လႈပ္သြားၿပီး မ်က္လုံးမ်ားက မ်က္ရည္မ်ား စီးက်လာၿပီး သူမျပင္းထန္စြာ ထိခိုက္သြားပုံရေလသည္။

သူမဘာလုပ္ခ်င္လို႔လဲ? သူမ တျခားဘာမ်ားလုပ္ခ်င္ေသးလို႔လဲ? လြတ္ေျမာက္လာသူမ်ား၏ အေျခစိုက္စခန္းကို ေရာက္လာခဲ့သည္မွာ ႏွစ္ရက္ရွိၿပီျဖစ္သည္။ မနက္ျဖန္သည္ အလကားရသည့္ ေနာက္ဆုံးေန႕ျဖစ္သျဖင့္ ညစ္ပတ္ၿပီး ပင္ပန္းတဲ့ အလုပ္မ်ားကို သူမလုပ္ရေပေတာ့မည္။ သူမ ဘယ္လို သည္းခံနိုင္ပါ့မလဲ?

အုတ္သယ္ေ႐ႊ႕သည့္အလုပ္တစ္ခုကိုစာရင္းသြင္းရန္ ဖခင္ျဖစ္သူႏွင့္အတူ အလုပ္ခန္းမသို႔ လိုက္ပါသြားခဲ့သည္။ ထိုအလုပ္သည္ ေန႕စဥ္ အလုပ္ငါးမွတ္သာ ရမည္ျဖစ္သည္။ သူမသည္ တည္းခိုခကို အလုပ္မွတ္ႏွစ္မွတ္ျဖင့္ ေပးေဆာင္ကာ အလုပ္သုံးမွတ္သာ က်န္ေတာ့သည္။ ၎သည္ ခန႔္မွန္းေခ် စားေသာက္စရိတ္မွာ ႏွစ္ရက္ႏွင့္ တစ္၀က္စာသာက်န္ေတာ့သည္။

အသက္ရွင္က်န္ရစ္သူမ်ား၏ အေျခစိုက္စခန္းသို႔ မေရာက္မီက သူမသည္ ရက္ေပါင္းမ်ားစြာ အစားအစာအလုံအေလာက္မရွိခဲ့ေခ်။ ထို႔အျပင္ သူမသည္ ဆာေလာင္မႈအျပည့္ျဖင့္ဘဝကို အမွန္တကယ္ မေနထိုင္ခ်င္ခဲ့ေပ။

သူမသည္ စုေ႐ြ႕က်ယ္ႏွင့္ ဤလူအုပ္စုသည္ တျခားတံခါးမွ ၿမိဳ႕ထဲကို ဝင္လာသည္ကို ေတြ႕လိုက္ရေလသည္။ သူတို႔တြင္ ကားမ်ား၊ ေသနတ္မ်ားရွိၾကသည္။ သူတို႔သည္ အဖြဲ႕တစ္ဖြဲ႕ျဖစ္ရမည္။ သူတို႔သည္ ထိုေဖာ္ေ႐ြမႈမရွိသည့္ စစ္သားမ်ားႏွင့္လည္း စကားေျပာနိုင္ၾကသည္။ သူတို႔သည္ အလြန္အားေကာင္းသည့္ အေနအထားရွိရမည္ျဖစ္သည္။

သူမ ေက်ာင္းတက္စဥ္က စုေ႐ြ႕က်ယ္၏ ထိုင္ခုံသည္ သူမအတန္းႏွင့္ေထာင့္ျဖတ္ေနရာတြင္ရွိသည္။ ထိုအခ်ိန္က လူတိုင္းသည္ အခ်စ္စိတ္ကစားသည့္အသက္အ႐ြယ္ေလးမ်ားျဖစ္ၾကသည္။ အတန္းေဖာ္မ်ားႏွင့္ စကားစျမည္ေျပာသည့္အခါ တြင္ စုေ႐ြ႕က်ယ္ႏွင့္သူ႕အဖြဲ႕ စကားစျမည္ေျပာသံကိုၾကားခဲ့ရၿပီး သူက သူမအရမ္းလွသည္ဟု သူမၾကားခဲ့ရသည္။ သို႔ေသာ္ သူမသည္ စုေ႐ြ႕က်ယ္၏မိသားစုသည္ အဆင္မေျပသည္ကို သိသည့္အတြက္ သူႏွင့္ ဘယ္တုန္းကမွ အဆက္အသြယ္ မရွိခဲ့ေခ်။

အခုထိ သူမကို သေဘာက်ေနေသးတာ ျဖစ္နိုင္လား? အကယ္၍ သူသာ သူမကို ကူညီခ်င္စိတ္ရွိရင္...

႐ႊီက်ားနီ၏ ႏွလုံးသားသည္ ေၾကာင္ေလးတစ္ေကာင္မွ ကုတ္ျခစ္ခံလိုက္ရသကဲ့သို႔ ခံစားေနရေခ်သည္။ စုေ႐ြ႕က်ယ္ မွတ္ပုံတင္႐ုံးသို႔ ဝင္ခါနီးကို ျမင္လိုက္ရေသာအခါ သူ႕အားေအာ္မေခၚဘဲ မေနနိုင္ေတာ့ေခ်။

ဒါဆို... သူ သူမကို မမွတ္မိေတာ့ဘူးေပါ့...

ႏြေရာသီ အားလပ္ရက္ေလးပဲရွိေသးတယ္ေလ။ သူက ဘာလို႔ သူမကို မမွတ္မိေတာ့တာလဲ?!

သူမေတြးထားသည့္ ႏြေရာသီအားလပ္ရက္တိုေလးသည္ စုေ႐ြ႕က်ယ္အတြက္ ဘ၀တစ္သက္တာလုံးကဲ့သို႔ျဖစ္ေနမည္ကို သူမဘယ္သိနိုင္ပါ့မလဲ။ စုေ႐ြ႕က်ယ္သည္ ဘဝသစ္တစ္ခုမွ ျပန္ေရာက္လာခဲ့ၿပီး သူ႕မ်က္လုံးမ်ားသည္ က်န႔္ယြင္ႏွင့္သာ ျပည့္ႏွက္ေနခဲ့သည္။ သူႏွင့္ သိပ္မရင္းႏွီးသည့္ အတန္းေဖာ္တစ္ေယာက္ကို အဘယ္ေၾကာင့္ မွတ္မိနိုင္ပါ့မလဲ?

“ငါ၊ ငါ....”

႐ႊီက်ားနီသည္ စကားမေျပာနိုင္ေတာ့ေခ်။

စုေ႐ြ႕က်ယ္သည္ အနည္းငယ္ စိတ္မရွည္ျဖစ္လာေလသည္။ သူ႕အေတြးတြင္ သူလမ္းေပၚတြင္ ေလွ်ာက္သြားေနၿပီး သူ မသိသည့္လူက လွမ္းေခၚလာခဲ့ၿပီး သူတို႔ စကား အၾကာႀကီးမေျပာခဲ့ၾကေခ် ထိုသို႔ျဖစ္ကာ ယခုအေျခအေနသည္ သူ႕အား စိတ္ရႈပ္သြားေစသည္။

“မင္းမွာ ဘာ ျပႆနာရွိလို႔လဲ? မရွိေတာ့ရင္ ငါအရင္ဆုံးသြားေတာ့မယ္”

“နင္..နင္....”

႐ႊီက်ားနီ၏ မ်က္လုံးမ်ားသည္ မေက်နပ္ခ်က္မ်ားျဖင့္ နီရဲလာေလ၏။

“ဟားဟားဟား ၊ ေရွာင္က်ယ္။ မင္း ဒီလိုမ်ိဳး အရမ္းစိတ္ရႈပ္ေထြးေနမယ္လို႔ ငါမထင္ထားဘူး”

ခ်န္းေက်ာင္းသည္ ရယ္ေမာရင္း ေရာက္လာၿပီး စုေ႐ြ႕က်ယ္၏ ပခုံးကို လွမ္းဆြဲလိုက္သည္။

“တျခားမိန္းကေလးက နင့္ကိုႀကိဳက္ေနတာ သိသာေနတာကို!”

“ကြၽန္ေတာ္ သူမကိုေတာင္မွ မသိတာ?! ”

က်န႔္ယြင္သည္ ၿပဳံးလ်က္ေဘးတြင္ ရပ္ေနသည္ကို ေတာ့လိုက္ရေသာအခါ စုေ႐ြ႕က်ယ္သည္ သူတို႔ႏွစ္ေယာက္၏ ဆက္ဆံေရးကို အျမန္ရွင္းျပလိုက္သည္။

ထိုအခ်ိန္တြင္ အနီးနားတြင္ လူမ်ားစြာရွိေနသည္။ သူတို႔အားလုံးသည္ ႐ႊီက်ားနီကို လက္ညွိုးထိုးေနခဲ့ၾကသည္။ ေကာင္မငယ္ေလးက ဘယ္လိုေတာင္ဒီလို ရပ္တည္နိုင္သလဲ? သူမသည္ မုန္းတီးမႈျဖင့္ ေျခေဆာင့္ကာ မ်က္ရည္မ်ားျဖင့္ ထြက္ေျပးသြားခဲ့ေလသည္။

သို႔ေသာ္ စုေ႐ြ႕က်ယ္သည္ သူ႕ေခါင္းေပၚတြင္ ေမးခြန္းအမွတ္အသားျဖင့္ ထိုေနရာတြင္ ဆက္၍ရပ္ေနခဲ့ေလသည္။

“သြားၾကစို႔။ အဓိပၸါယ္မရွိတာေတြ ေျပာမေနေတာ့နဲ႕။ သြားၿပီး စာရင္းသြင္း။ လူေတြ ေစာင့္ေနတယ္”

က်န႔္ယြင္သည္ ခ်န္ေက်ာင္းကို ဆြဲထုတ္လိုက္ၿပီး စုေ႐ြ႕က်ယ္၏ လက္ေကာက္ဝတ္ကို ဆြဲကာ မွတ္ပုံတင္႐ုံးထဲသို႔ ဆြဲေခၚသြားေလသည္။

က်န္း႐ႊီက်ိဳးသည္ သူတို႔အတြက္ တရားဝင္ ID ကတ္မ်ားကို ျပင္ဆင္ထားရန္ အမိန္ေပးထားၿပီးျဖစ္သည္။ သူတို႔စာရင္းသြင္းၿပီး သူတို႔၏ လက္ေဗြရာမ်ားကို မွတ္တမ္းတြင္ ထည့္သြင္းၿပီးသည္ႏွင့္ သူတို႔သည္ မွတ္ပုံတင္ကတ္မ်ားကို ေခ်ာေမြ႕စြာရခဲ့ၾကေလသည္။ ကတ္ျပားမ်ားႏွင့္အတူ သူတို႔သည္ စားရန္ သို႔မဟုတ္  ရိုးရွင္းေသာ ပစၥည္းမ်ားလဲလွယ္ရန္အတြက္ ပြတ္ဆြဲရန္သာလိုအပ္ေလသည္။

နားမလည္နိုင္စြာ ေပၚလာၿပီး နားမလည္နိုင္ေအာင္ ထြက္ေျပးသြားသည့္ မိန္းကေလးသည္ သူတို႔အေပၚ အထင္ႀကီးေလာက္စရာ အျမင္မက်န္ရွိခဲ့ပါေခ်။

🍒🍒

Continue Reading

You'll Also Like

122K 23.3K 53
အရင် Acc ကဝင်မရလို့ Book ခွဲလိုက်ပါပြီနော် Book 1 ကို Boရဲ့ Reading list ထဲမှာ ဝင်ကြည့်ပေးကြပါရှင့်
72.2K 9.3K 54
An ordinary teenager who unexpectedly encounters a little zombie and begins an adventure full of surprises and frights. Original chinese manhua name...
1.3M 45.3K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd