My Cherry Will Explode in the...

By tobefly_highhigh

647K 93.7K 1.4K

《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံ... More

Description
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷《ကျန့်ယွင်နှင့်‌ နောက်တဖန်ပြန်ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸《‌နေရာလွတ်တစ်ခုရှိနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹 《ဆက်ဆံရေးက အလွဲတစ်ခုနဲ့စတင်ခဲ့တယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺 《မှော်ဆန်သောအရုပ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻 《ထပ်မရှောင်နိုင်တော့ ဆုံရပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼《ရှင်းရှင်းလင်းလင်းလုပ်ကြစို့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽《အမြတ်အစွန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾《ဒဏ်ရာများအား ဂရုစိုက်ပေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿 《အိပ်ယာအား အတူမျှဝေခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶《ဈေး၀ယ်ထွက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷《‌ကောင်းမွန်သောအရာများဆက်လက်ဖြစ်ပျက်နေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟸《ဖြိုဖျက်ရေးနှင့်ပြန်လည်နေရာချထားရေးသတိပေးချက်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟹《အတိတ်ဘ၀အကြောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟺《အတူတူရင်ဆိုင်ကြမယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟻《တွက်ချက်မှုများမအောင်မြင်ခဲ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟼《အိမ်နဲ့ကားရှိတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟽《မင်းလုပ်ရဲတယ်ပေါ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟾《ကမ္ဘာပျက်ကပ်ကြီးနီးလာပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟿《ကမ္ဘာပျက်ကပ်ကြီး ရောက်လာခဲ့ပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟶《စူပါမားကတ်*ကုန်တိုက်ကို အပြောင်ရှင်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟷《မ‌မျှော်လင့်ထားသော》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟸《ခွဲခွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟹《ပဲစေ့ကျည်ဆန်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟺《ထွက်လာကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟻《မကောင်းတဲ့သူတစ်ယောက်မဟုတ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟼《အမြု‌တေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟽《နှစ်မျိုးတွဲစွမ်းရည်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟾《Otakuတစ်ယောက်၏အလားအလာ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟿《ကယ်တင်မှာလား မကယ်တင်ဘူးလား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟶《ဦးနှောက်ပျက်စီးမှုကို ကယ်တင်လို့မရတော့ဘူး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟷《သူတို့ကစုံတွဲတစ်တွဲပဲ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟸《အဖွဲ့၀င်အသစ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟹《တစ်စုံတစ်ယောက်က တံခါးကိုဖျက်ပြီးဖွင့်ဖို့ကြိုးစားနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟺《ကမ္ဘာပျက်ကပ်အတွင်းပြောင်းလဲမှုများ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟻《နှုတ်ဆက်ပါတယ် အကြီးဆုံးဦးလေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟼《 အသက်ကယ် ကျေးဇူးတရား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟽《အနီရောင်မိုးရွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟾 《ဒဏ်ရာရ စစ်သားများနှင့်တွေ့ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟿《လူ့နှလုံးသားများသည် မခန့်မှန်းနိုင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟶《ကယ်ဆယ်ရေးအစီအစဉ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟷《ကယ််‌ဆယ်ရေးလုပ်ငန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟸《စစ်ဆင်‌ရေးစတင်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟹《အောင်အောင်မြင်မြင်လွတ်မြောက်ခြင်း》
Plants vs Zombies
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟺《ကယ်ဆယ်ရေးသတင်းစကား》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟻《ထွက်ခွာရန်စုစည်းကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟼《ဆင့်ကဲ‌ပြောင်းလဲနေသောဖုတ်ကောင်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟽《အဖိုးတန်ပဲစေ့များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟾《ကယ်ဆယ်ရေး စတင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟿《ချန်းယန် အလယ်တန်းကျောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟶《အကျပ်ရိုက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟷《ချန်းမောင်နှမများ》 
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟸 《နောက်တစ်ကြိမ်စကားပြောကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟹《 LED နေကြာပန်းမီးအိမ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟺《လယ်သမားဈေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟻《ရှောင်ဟေး၏ ကွဲပြားနေမှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟼《 အခြေစိုက်စခန်းသို့ ကနဦး၀င်ရောက်မှု》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟽《 အခြေစိုက်စခန်းထဲသို့ ပြောင်းရွှေ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟾《 အရေးပေါ်မစ်ရှင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟿《 စွမ်းရည်အဆင့်တက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟶 《 G မြို့သို့ သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟷《 သူလိမ်နေတာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟸《 မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟹《 ပုလင်းတစ်ခုထဲသို့ လိပ်ကိုဖမ်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟻《 စက်ရုံထဲ၀င်ရောက်ကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟼《 ကြွယ်၀သောရလဒ်များဖြင့်ပြန်လာကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟽《 ကျည်ဆန်အသစ်များ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟾《 အခြေစိုက်စခန်း၏ပြောင်းလဲခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟿 《 မြေမဲ့စိုက်ပျိုးရေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟶《 ၀မ်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟷《 အန်းဟွေ့မြို့ထဲရှိမငြိမ်သက်မှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟸《 သန္ဓေပြောင်းဝံပုလွေများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟹《 မြင်ရုံနဲ့ ‌ဝေစုလိုချင်တာလား? 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟺《 ကူးစက်ခံကြွက်၀င်ရောက်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟻《 ကြောင်နှင့်ကြွက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟼《 အကျပ်အတည်းဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟽《 စွမ်းရည်ဆေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟾《 သေခြင်းတရားကိုရှာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟿《 အခြေစိုက်စခန်းမှမောင်းထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟶《 အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟷《 လင်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟸《 ညစ်ပတ်သောလူသည် ညစ်ပတ်ခြင်းကိုသာမြင်၏ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟹《 King Kong ရှစ်ယောက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟺《 ကုသခြင်းစွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟻《 မိုးသည်းနေ့မှာလောင်သောမီး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟼《 အသိတချို့နှင့်ဆုံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟽《 မိုးသည်းကြီးနောက်ဆုံးတိတ်သွားပြီ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟾《 အနောက်မြောက်ဘက်သို့ဦးတည်သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟿《 ဖုတ်ကောင်ဝိုင်းရံခံရခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟶《 ပူးပေါင်း‌တိုက်ခိုက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟷《 ဘေးဒုက္ခအကျပ်အတည်းကို ဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟸《 စွမ်းရည်အဆင့်မြှင့်တင်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟹《 နှစ်သစ်ကူးနေ့ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟺《 နှစ်သစ်တစ်နှစ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟻《 နေရာလွတ်စွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟼《 အကူအညီတောင်းခံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟽《 မြောက်ပိုင်းသို့သွားရန်အသင့် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟾《 ထူးဆန်းသည့်ဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟿《 စွမ်းရည်နှစ်မျိုး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟶《 Snow Cruiser 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟷《 ကြင်နာမှုကို ကျေးဇူးသိတတ်မှုဖြင့် တုန့်ပြန်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟸《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟹《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟺《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟻《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟼《 ထိန်းချုပ်မရနိုင်ဖြစ်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟽《 မြွေပွေးခါးပိုက် ပိုက်-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟾《 မြွေပွေးခါးပိုက် ပိုက်-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟿《 မြို့တော်အခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟶《 မိသားစုနှစ်ခု၏အခြေအနေ-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟷《 မိသားစုနှစ်ခု၏အခြေအနေ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟸《 တွေ့ကြုံစုံစည်းကြခြင်း 》
𝙴𝚡𝚝𝚛𝚊《 ကွေ့ကောက်သောလမ်းသည် ဆိတ်ငြိမ်သောအရပ်သို့ ဦးတည်လေသည် 》
Complete 💯!!!
Completed Pdf file
ရာသီဥတု သတိပေးချက်
MMStoryteller website

𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟺《 အဆင့်သုံးဖုတ်ကောင် 》

4.5K 663 1
By tobefly_highhigh

My Cherry Will Explode in the Apocalypse

Chapter 64《 အဆင့်သုံးဖုတ်ကောင် 》

Author: Drunken Light Song
Source: Jostena M
Editor: Dragon
Translator: オタク

Unicode

လီမင်းနှင့် အခြားသူများ သတိပြန်ရလာကြသောအခါ ဖက်တီးနှင့် သူ၏ 'ဇနီး' တို့သည် သေဆုံးသွားကြပြီဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။ လူငယ်များသည် အရာအားလုံးကို ၀န်ခံခဲ့ကြလေသည်။ လီမင်း၏ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး သူတို့ကြုံတွေ့ရမည့်အရာပင်ဖြစ်သည်။

သူတို့၏ မူလအစ ရည်ရွယ်ချက်ကို သိသွားသည့်အခါမှာတော့ လီမင်းနှင့်တခြားလူများအားလုံး တိတ်ဆိတ်သွားကြလေသည်။

ဤလူများသည် စစ်တပ်ကို ဓားပြတိုက်ဖို့သာမက သတ်ပစ်ဖို့ပါ ရည်ရွယ်ထားကြလေသည်။သူတို့သည် ငယ်ရွယ်ကြသော်လည်း ၎င်းကိုလုပ်ဖို့ရန် ရက်စက်ကြမ်းကြုတ်နေကြပြီဖြစ်သည်။ အကယ်၍ ဤမစ်ရှင်တွင် ကျန့်ယွင်နှင့်သူ့အဖွဲ့၏ပူးပေါင်းပါဝင်မှု မရှိခဲ့ဘူးဆိုလျှင် အခုဆို ဒီနေရာတွင် စစ်သားများ သေဆုံးသွားကြမည် မဟုတ်ပါလား? သူတို့သည် အေးခဲနေသည့် အလောင်းများဖြစ်နေပေလိမ့်မည်။

“ကျေးဇူးပြုပြီး ကျွန်မတို့ကို သွားခွင့်ပြုပါ...”

“ကျွန်မတို့ မှားတာကိုသိပါပြီ......”

“ကျွန်မတို့ ဒီလိုမျိုးနောက်တစ်ကြိမခထပ်မလုပ်ရဲတော့ပါဘူး ဝူး ဝူး ဝူး ”

လူတိုင်းသည် ကြောက်ရွံ့ထိတ်လန့်ပြီး အဆက်မပြတ်တောင်းပန်နေခဲ့ကြလေသည်။ မိနကလေးနှစ်ယောက်သည် ငိုယိုပြီး တောင်းပန်နေခဲ့ကြလေသည်။

ယခု သူတို့ရှေ့တွင် ရွေးချယ်စရာနှစ်ခုသာရှိသည်။ သူတို့ကို သတ်ရမလား နှင့် တခြားတစ်ခုသည် သူတိုကို လွှတ်ပေးလိုက်ရမလားပင်။

သူတို့ကို လွှတ်လိုက်ဖို့ လုံးဝမဖြစ်နိုင်ချေ။ ဤလူများသည် ငယ်ရွယ်ပုံပေါက်သော်လည်း လုယန်အား ​​မကောင်းမှုများစွာကို ပြုလုပ်ဖို့ ကူညီပေးခဲ့ကြပြီး သူတို့၏လက်များတွင် အပြစ်မဲ့လူများစွာ၏ သွေးများစွန်းထင်းနေကြပေသည်။ သူတို့ကိုလွှတ်ပေးလိုက်ခြင်းသည် ကျားကို တောင်ပေါ်သို့ ပြန်လွှတ်လိုက်သလိုပင်ဖြစ်လိမ့်မည်။ ယနေ့ သူတို့၏တဒင်္ဂအားနည်းမှုသည် နောင်အနာဂတ်တဠင်အပြစ်မဲ့သေဆုံးမှုများ ပိုများလာလေမလားဆိုသည်ကို မည်သူသိနိုင်ပါမည်နည်း။

လီမင်းသည် စက္ကန့်အနည်းငယ်မျှ မျက်လုံးမှိတ်ထားပြီး ပြန်မဖွင့်မီ  စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ 

“သူတို့ကို ထုတ်လိုက် ”

“ဟုတ်ကဲ့ ”

စစ်သားအချို့သည် ရှေ့သို့လာပြီး တချိန်လုံး ငိုနေကြသည့်လူများကို သူတို့၏ပါးစပ်များကို အုပ်ကာ ဆွဲထုတ်သွားကြလေသည်။

စစ်သားမျာသည် မကြာခင် ပြန်ရောက်လာပြီးသူတို့ဆွဲထုတ်သွားသည့်လူများမပါလာခဲ့ချေ။ အပြင်ဘက်တွင် မီးလောင်နေပြီး ဘာ်နေရာမှန်း ဘယ်သူသိပါ့မလဲ။ မီးလောင်သည့်အနံ့ကို ရနေကြသော်လည်း ဘယ်သူမှ မေးခွန်းမမေးလာကြဘဲ မသိတာက ပိုကောင်းပါသည်။

အခန်းသည် နောက်တစ်ကြိမ် တိတ်ဆိတ်သွားလေသည်။ ဝူကျင်းသည် မှန်တံခါးများကို ပိတ်ကာ အဝတ်ပုဝါဖြင့် ပိတ်ကာလိုက်သည်။ နောက်ဆုံးတွင် သူတို့ ကောင်းကောင်းအနားယူနိုင်ကြပြီသည်။

ညဘက်ရောက်သောအခါ တစ်ခုခုစားကြပြီး လမ်းပေါ်ပြန်တက်ခဲ့ကြလေသည်။

ဝန်ဆောင်မှုဧရိယာတွင် စီးပွားရေးလုပ်ငန်းသုံးကားအလွတ်တစ်စီးနှင့် ပြာများသာ ကျန်ရှိခဲ့တော့သည်။

နှစ်ရာရီ၀န်းကျင်လောက်တွင် အဖွဲ့သည် Gမြို့ဆိုင်းဘုတ်ကို မြင်လိုက်ကြရသည်။

ငါတို့ ရှေ့က တိုးဂိတ်ကိုဖြတ်ပြီးတာနဲ့ Gမြို့ထဲကို ၀င်ရောက်ပြီဖြစ်လိမ့်မယ်။ သတိကပ်ထားကြပါ။ Gမြို့ထဲမှာ ဆင့်ကဲပြောင်းလဲနေတဲ့ ဖုတ်ကောင်တွေတစ်ကောင်ထက်ပိုရှိပြီး မြို့က အရမ်း အန္တရာယ်များတယ်။

Gမြို့သို့ မ၀င်ရောက်မီ လီမင်းသည် နှစ်မျိုးသုံး ရေဒီယိုမှတဆင့် အချိန်မရွေးတိုက်ပွဲအတွက် အသင့်ပြင်ဆင်ထားကြရန် လူတိုင်းအား သတိပေးလိုက်သည်။

G မြို့တွင်လည်း လျှပ်စစ်ဓာတ်အားမရှိခဲ့ချေ။ အဖွဲ့သည် မီးမဖွင့်ဘဲ မောင်းလာခဲ့ကြသည်။ အဝေးက မှောင်မိုက်နေသည့် မြို့ကြီးသည် အဆုံးမရှိသည့် မဲမှောင်နေသည့် အပေါက်တစ်ခုလိုပင်  အဖွဲ့ကို ဖြည်းညှင်းစွာ ဝါးမျိုသွားသကဲ့သို့ပင် ဖြစ်နေသည်။

“ရှေ့လမ်းခွဲရောက်ရင် ဘယ်ဘက်ကိုကွေ့ ”

လီမင်းသည် ဓာတ်မီးတစ်ခုကိုကိုင်ထားပြီး လျှပ်စစ်စက်ရုံအသစ်တည်နေရာဆီသို့ အဖွဲ့အားလမ်းညွှန်ပေးရန် မြေပုံကို ကြည့်နေခဲ့သည်။

“ရပ်! ရပ်! ”

ကျန့်ယွင်၏ အရေးတကြီးအော်သံသည် ရေဒီယိုမှတဆင့်ထွက်လာလေ၏။

အရှိန်ပြင်းပြင်းနှင့် မောင်းနေသည့်ကားသည် ချက်ချင်း ဘရိတ်အုပ်လိုက်၏။ ဘရိတ်အုပ်သံသည် လူတိုင်း၏ နားစည်ကို ထိခိုက်သွားလေသည်။

“ခေါင်းဆောင်၊ ဘာဖြစ်လို့လဲ ? ဘာလို့ရပ်လိုက်တာလဲ? ”

အီနားရှားကြောင့် လီမင်း၏ခေါင်းသည် ကားဘောင်ကို တိုက်မိလိုက်သော်လည်း သူ့ဒဏ်ရာများကို ဂရုစိုက်ရန် အချိန်မရချေ။ နာကျင်မှုကို ခံနိုင်ရည်ရှိရန် ကြိုးစားပြီး ရေဒီယိုကို ကောက်ကိုင်ကာ ဘာဖြစ်သွားတာလဲဟု ကျန့်ယွင်အား မေးလိုက်သည်။

“အပြင်ဘက်ကိုကြည့်လိုက်! ”

လီမင်၏ နှလုံးသားထဲတွင် တားမြစ်ထားသည့် အာရုံတစ်ခု တိုးထွက်လာလေသည်။ သူ့စကားအတိုင်း ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။ အမှောင်ထဲတွင် နီရဲနေသောမျက်လုံးအစုံများသည် အနီရောင်မီးလုံးကြီးတစ်လုံးကဲ့သို့ တောက်ပနေသည်။ သူတို့သည် ဘယ်အချိန်က သူတို့အား ဖုတ်ကောင်များ ဝိုင်းလာသည်ကို မသိလိုက်ကြချေ။

“ပြန်လှည့်! မြန်မြန်! ဒီကနေထွက်သွားကြမယ်! ”

ယခု သူတို့သည် မြို့ထဲသို့၀င်လာခဲ့ပြီး အဆောက်အဦးများ နှင့် လမ်းများ၀န်းရံနေသည်။ အထဲတွင် ဖုတ်ကောင်မည်မျှ ပုန်းနေမည်ကို ဘုရားသာသိလိမ့်မည်။ သူတို့သည် ဤနေရာမှ အမြန်ဆုတ်ကာ ပိုပွင့်လင်းသည့်နေရာတစ်ခုသို့ အမြန်သွားကြရမည်။

ကမောင်းသူသည် ချက်ချင်းပြန်ဆုတ်လေသည်။ သို့သော် ပြတ်သားသည့် သေနတ်သံသည် လူအုပ်အားလုံး၀ကို တင်းမာသွာစေ၏။ အရှေ့ဘက်တွင် တိုက်ပွဲစတင်ခဲ့ပုံရသည်။

“ဘာဖြစ်နေတာလဲ! ကျေးဇူးပြုပြီး၊ ပြန်ဖြေပါ! ကျေးဇူးပြုပြီး၊ ပြန်ဖြေပါ! ”

နှစ်မျိုးသုံးရေဒီယိုမှ ပြင်းပြင်းထန်ထန် အက်ကွဲသံများကြားရပြီးနောက် ဖန်ကွဲအက်သံများနှင့် သံပြားပေါ်မှ လက်သည်းများ ကုတ်ခြစ်နေသည့် အေးစက်စက်အသံများကိုသာ ကြားလိုက်ကြရသည်။

“ရှေ့မီးတွေကိုဖွင့်လိုက်၊ လူတိုင်း တိုက်ခိုက်ဖို့အသင့်ပြင်! ”

လီမင်းသည် ထိတ်လန့်သွားပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်၏

စစ်တပ်ကားများပေါ်မှ မီးသီးများစွာကို ဖွင့်လိုက်ကြသည်။ လီမင်းအမိန့်ပေးလိုက်ပြီးနောက် သူတို့ဖွင့်လိုက်ကြသည်။ ပတ်ဝန်းကျင်ရှိ အမှောင်လမ်းများသည် နေ့အလင်းရောင်ကဲ့သို့ တောက်ပလာခဲ့ပြီး အမှောင်ထဲတွင် ပုန်းနေသော ရုပ်လုံးများကို ထုတ်ဖော်ပြသလိုက်လေသည်။

သိသိသာသာပင် လီမင်း၏အဖွဲ့သည် တိုက်ခံခံနေရပြီး အကူအညီလိုနေခဲ့သည်။

“အားချီ၊ ကျောင်းကျောင်း၊ ငါနဲ့အပြင်လိုက်ခဲ့။ ကျန်တဲ့သူတွေ ကားထဲကစောင့်နေကြ ”

ကျန့်ယွင်သည် သေနတ်ကိုယူကာ တံခါးကိုအမြန်ဖွင့်ပြီး ကားထဲမှ ထွက်လိုက်၏။

ချန်းချီနှင့် ချန်းကျောင်းတို့သည်လည်း အနီးမှ ကပ်လိုက်သွားကြကာ လူသုံးယောက်သည် ကျောချင်းကပ်ထားကြကာ လျင်မြန်သည့်လှုပ်ရှားမှုဖြင့် ရှေ့သို့သွားနေကြသည်။

သုံးယောက်သားသည် လှုပ်ရှားရင်း ဆက်တိုက်ပစ်ခတ်နေကြသည်။ ပစ်ချက်တိုင်းသည် နီးကပ်လာသည့် အလောင်းကောင်ကို တိကျစွာ ပစ်နိုင်ခဲ့သည်။

ရုတ်တရက် တစ်စုံတစ်ယောက်က SUVကား၏ ခေါင်မိုးပေါ်သို့ ခုန်ဆင်းသွားသလိုမျိုး အပေါ်ကနေ ကျယ်လောင်သည့် အသံတစ်ခုထွက်လာလေသည်။

နောက်အခိုက်အတန့်မှာပင် သံစိမ်းရောင်အရေပြားနှင့် အရိုးငေါငေါလက်တစ်ဖက်သည် ၎င်း၏အမဲရောင်လက်သည်းများဖြင့် ခေါင်မိုးပေါ်သို့ကုတ်ခြစ်ပြီး တည့်တည့်စိုက်၀င်သွားလေသည်။

ကျန့်ကျားဟယ်သည် သူ့ပုံမှန်ဂေါက်ကလပ်ကို ချက်ချင်း လွှဲယမ်းလိုက်ပြီး ၎င်း၏လက်မောင်းကို ပြင်းပြင်းထန်ထန် ထိသွားလေသည်။ ၎င်းသည် သာမာန်ဖုန်ကောင်တစ်ကောင်ဆိုပါက ဤအဆင့်နှစ်စွမ်းအားရျင်၏ရိုက်ချက်ကြောင့် ၎င်း၏ လက်မောင်းရိုးများ လုံးဝကွဲသွားစေသင့်သည်။  ဖုတ်ကောင်၏လက်မောင်းသည် ရွဲ့စောင်းနေပြီး အရိုး နေရာလွဲသွားပုံရသော်လည်း ကျန့်ကျားဟယ်၏လက်များထုံနေချိန်တွင် ၎င်းသည်လုံးဝမကျိုးသွားခဲ့ချေ။

“၀ှက်သယ်ဖက်! အဲ့ဒါကြီးက ဘယ်လိုတောင်လဲ? ဖုတ်ကောင်ရဲ့အရိုးတွေက စတီးနဲ့လုပ်ထားတာလား? ”

ကျန့်ကျားဟယ်သည် မကျိန်ဆဲဘဲမနေနိုင်တော့ချေ။

စုရွေ့ကျယ်သည် သူ့စကားကိုကြားသောအခါ သူထိတ်လန့်သွားသည်။ မာကျောသောအရိုးများ၊ ကြမ်းတမ်းသော အသားအရည်နှင့် တိုးလာသောခွန်အား။ စသည့်အရာများအားလုံးသည် အဆင့် သုံး ဖုတ်ကောင်များ၏ ညွှန်ပြချက်များပင်ဖြစ်သည် ။

အကယ်၍ အစပိုင်းတွင်ပေါ်လာခဲ့သော သာမန်ဖုတ်ကောင်များသည် လှုပ်ရှားမှုနှေးကွေးပြီး၊ မီးခိုးရောင်နှင့် ကိုင်တွယ်ရလွယ်ကူသည့် ဖြတ်ကောင်များသည် အဆင့် တစ် ဖုတ်ကောင်များဖြစ်ကာ နောက်ဆင့်ကဲဖြစ်စဉ်သည် အဆင့် နှး် ဖုတ်ကောင်ဖြစ်သည်။ ထို့အပြင် ယခု သူတို့သည် နောက်တစ်ကြိမ်ဆင့်ကဲတိုးတက်သွားသည့် အဆင့်သုံးဖုတ်ကောင်များနှင့် ရင်ဆိုင်နေကြရပြီဖြစ်သည်။

၎င်းသည် အဆင့် တစ် စွမ်းအားရှင်များ တွန်းလှန်နိုင်သည့်အရာမဟုတ်ပေ။ ကျန့်ကျားဟယ်သည် အဆင့်နှစ်စွမ်းအားရှင်တစ်တစ်ယောက်ဖြစ်နေခဲ့လျှင်တောင် ၎င်းသည် ရင်ဆိုင်ဖြေရှင်းရန် အလွန်ခက်ခဲကြောင်း တွေ့လိမ့်မည်ပင်....

“ကားထဲကမထွက်နဲ့! ကျွန်တော်အဲ့ဖုတ်ကောင်ကို ဂရုစိုက်လိုက်မယ်!”

စုရွေ့ကျယ် သူ့သူငယ်ချင်းများအား ပြောလိုက်၏။

အနည်းဆုံးတော့ သူသည် အဆင့်သုံးစွမ်းအားရှင်တစ်ယောက်ဖြစ်နေပြီဖြစ်သည်။ ယခု သူသည်ထိန်းချုပ်နိုင်သည့် အပင်များစွာ ရှိနေပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် အခြားသူများထံမှ ပုန်းကွယ်မနေချင်တော့ချေ။ သူ့တွင် သူကာကွယ်ချင်သည့်သူအားလုံးကို ကာကွယ်ပေးနိုင်စွမ်းရှိသည်ဟု သူယုံကြည်သည်။

လက်သည် ကားခေါင်မိုးသို့ နောက်တစ်ခါကျလာပြန်သည်။  ဤတစ်ကြိမ်တွင် စုရွေ့ကျယ်၏ဘက်ဆီသို့ တိကျစွာ ချိန်ရွယ်ထားလေသည်။

စုရွေ့ကျယ်သည် သူ၏ ဘယ်လက်ထဲတွင် အခွံမာသီးတစ်လုံးကို ကိုင်ထား၏။ သူ့စွမ်းရည်ကို အသက်သွင်းပြီးနောက် စုရွေ့ကျယ်သည် ဖုတ်ကောင်များ၏ တိုက်ခိုက်မှုကို အလွယ်တကူ တားဆီးပိတ်ဆို့နိုင်သည့် အဝါရောင်ဒိုင်းငယ်တစ်ခုကို ဖန်တီးခဲ့သည်။

တစ်ချိန်တည်းမှာပင် ကားတံခါးကိုဖွင့်ပြီး ကားထဲမှ အမြန်ထွက်လာခဲ့သည်။

ဖုတ်ကောင်သည် သူ့ကို ပစ်မှတ်ထားနေပုံရပြီး ကားခေါင်မိုးပေါ်ကနေ ခုန်ချလာခဲ့သည်။ ၎င်းသည် ခြောက်သွေ့နေသည့် ဖုတ်ကောင်တစ်ကောင်ဖြစ်သည်။ မျက်နှာတစ်ပြင်တစ်ခုလုံးသည် ရုပ်ရှင်ထဲက ET လောက် ထိတ်လန့်ကြောက်ရွံ့စရာကောင်းသည်။ ၎င်းသည် ၎င်း၏အပြာရောင်မျက်နှာနှင့် အစွယ်များနှင့် ကြောက်စရာကောင်းလှသည်။

ဖုတ်ကောင်များမြေပေါ်သို့ရောက်သည်ကို မစောင့်ဘဲ စုရွေ့ကျယ်သည် သူ့သေနတ်ကို မြှောက်ကာ ဖုတ်ကောင်ကို တိကျစွာ ပစ်လိုက်သည်။ အစိမ်းရောင်ကျည်ဆန်သည် ဖုတ်ကောင်၏ရင်ဘတ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသော်လည်း သွေးများထွက်မလာခဲ့ချေ။ ခန္ဓာကိုယ်ရှိ စွမ်းအင်အားလုံးကို ဦးခေါင်းရှိ အမြုတေမှ စုပ်ယူသွားခဲ့ပြီးဖြစ်သည်။

ဂရား!

ဖုတ်ကောင်သည် ဒေါသထွက်နေပုံရပြီး  သွေးလိုနီရဲနေသည့် မျက်လုံးများဖြင့် စုကွေ့ကျယ်အား စိုက်ကြည့်လာလေကာ ချက်ချင်းစားချင် နေသကဲ့သို့ပင်!

သူ့ဆီရောက်လာသောအခါ ဘေးဘက်ဆီသို့ရှောင်တိမ်းကာ ဖုတ်ကောင်ကို သုံးချက်ဆက်တိုက် ပစ် လိုက်သည်။ ဖုတ်ကောင်တိုက်ခိုက်သည့်အချိန်တိုင်း စုရွေ့ကျယ်၏လက်ထဲရှိ အခွံမာသီးဒိုင်းကာသည် ဖုတ်ကောင်ကို ပိတ်ဆို့ထားလိမ့်မည်ဖြစ်သည်။

ဆက်တိုက် တိုက်ခိုက်ပြီးနောက် ပဲစေ့ကျည်ဆန်သည် နောက်ဆုံးတွင် ၎င်း၏အာနိသင်ကိုပြလာ ‌လေသည်။ အဆင့်သုံး ဖုတ်ကောင်သည် လဲကျသွားပြီး ၎င်း၏ အရေပြားသည် အရောင်ပြောင်းသွားလေသည်။

ဂရား!

ဖုတ်ကောင်သည် ကျယ်လောင်စွာ အော်ဟောက်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များကို နှိုးဆွခံလိုက်ရသလိုဖြစ်လာသည်။ ၎င်းတို့အားလုံးသည် လှည့်လာပြီး စုရွေ့ကျယ်ဘက်ဆီသို့ စုရုံးလာကြလေသည်။

သို့သော် စုရွေ့ကျယ်သည် မတုန်လှုပ်ခဲ့ပါချေ။ သူ့လက်ထဲတွင် ချယ်ရီဗုံးနှစ်လုံးရှိသည်။ သူသည် ဖုတ်ကောင်များဆီ ချိန်ပြီး ၎င်းတို့ကို ပစ်ချလိုက်လေသည်။

ဘွန်း!
ဗုံးသည် ပေါက်ကွဲသွားလေပြီး ဖုတ်ကောင်များစွာသည် ပေါက်ကွဲကုန်ကြလေသည်။

ဂရား!

ဖုတ်ကောင်သည် ဆက်၍ အော်ဟောက်နေဆဲဖြစ်လေသည်။

နေရာတိုင်းဆီမှ ဖုတ်ကောင်များသည် တဖွဲဖွဲရောက်လာကြလေသည်။ ကြောက်ရွံ့မှုဆိုသည်ကို မသိပါဘဲ ၎င်းတို့သည် စုရွေ့ကျယ်ဘက်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာကြကာ ထို့နောက်မှာတော့ ၎င်းတို့သည် တစ်ခါ ထပ်ခါပင် လဲကြကုန်ကြလေ၏။

စုရွေ့ကျယ်၏နဖူးမှ ချွေးအေးများ တဖြည်းဖြည်းထွက်လာလေသည်။ သူ့စွမ်းအားသည် အားကောင်းသန်မာလျှင်တောင် အားအင်ကုန်ခမ်းသွားသောအခါတွင် အသုံးမဝင်တော့ချေ။အဆက်မပြတ် အပင်များကို လက်နက်များအဖြစ်အသွင်ပြောင်းလဲခြင်းသည် သူ့စွမ်းအားများစွာ သုံးစွဲခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ့ စွမ်းအားမျာ အချိန်မီ ဖြည့်တင်းနိုင်ရန်အတွက် ကြည်လင်သောအမြုတေ အများအပြားကို သယ်ယူလာခဲ့သည်။

ဤနေရာတွင် စုဝေးနေသည့် ဖုတ်ကောင်များ အလွန်များပြားလာ‌နေသည်။ ဖုတ်ကောင်များသည် SUVကားနှင့် ဆက်တိုက်တိုက်မိနေကြသည်။  ကျန့်ကျားဟယ်နှင့် ကျန်းရှို့လျန်တို့သည် သေနတ်များဖြင့် ပစ်ခတ်နေကြသော်လည်း သူတို့၏ သတ်ဖြတ်မှုအမြန်နှုန်းသည် ဖုတ်ကောင်များစုရုံးသည့် အရှိန်ထက် များစွာနှေးကွေးနေသည်။

အခြေအနေ မကောင်းချေ။ ဤနေရာတွင် ဖုတ်ကောင်များ များစွာစု‌ဝေးနေခဲ့ပြီးဖြစ်သည်။  တခြားသူများ အန္တရာယ်ရှိလိမ့်မည်။ အဆင့် သုံးဖုတ်ကောင်ကို အရင်ဆုံးဖြေရှင်းရမည်!

နောက်တစ်ဖန် စုရွေ့ကျယ်သည် သူ့နေရာလွတ်မှ ပဲစိမ်းလက်တစ်ဆုပ်စာကို ထုတ်ယူလိုက်ပြီး ငုံးဥအရွယ်ပဲစေ့တစ်စေ့အဖြစ် သူ့စွမ်းအားနှင့် ပေါင်းစပ်ကာ ကျည်ဆန်တစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်သည်။ ဤတစ်ကြိမ်တွင် ပဲကျည်ဆန်များသည် အစိမ်းရောင်တောက်လုနီးပါး ဖြစ်လာခဲ့သည်။

စုရွေ့ကျယ်သည် သူ၏ စုတ်ပြတ်နေသော အခွံမာသီးဒိုင်းကာကို ချွတ်ဖယ်ပစ်လိုက်ပြီး အဆင့်သုံးဖုတ်ကောင်ဆီသို့ ပြေးသွားခဲ့လေသည်။

အဆင့်သုံးဖုတ်ကောင်သည် အန္တရာယ်ကို သိနေသော်လည်း သူ့ရှေ့ရှိ လူ့ခန္ဓာကိုယ်၏ မွှေးကြိုင်သောရနံ့ကို မခုခံနိုင်ခဲ့ချေ။ ၎င်းသည် သူ့အားစားနိုင်သရွေ့ သန်မာလာလိမ့်မည်ဖြစ်သကဲ့သို့ သူ့ရှေ့ရှိ လူ့အသွေးအသားကို တောင့်တနေခဲ့လေသည်။

စုရွေ့ကျယ်သည် သူ့သေနတ်ကို မြှောက်လိုက်ပြီး အဆင့်သုံးဖုတ်ကောင်ကောင်ကို ချိန်ကာ အသက်ပြင်းပြင်းရှူပြီးနောက် မောင်းခလုတ်ကို ထပ်မံဆွဲလိုက်လေသည်။

အဆင့်သုံးဖုတ်ကောင်သည် သူ့အနားသို့ပိုနီးနီးရောက်လာလေသည်။ သူ့နှာခေါင်းမှပင် အဆင့် သုံးဖုတ်ကောင်၏ ပါးစပ်အတွင်းမှ အပုပ်နံ့ဆိုးများကို ရနေနိုင်ပြီး ၎င်း၏အနက်ရောင်လက်သည်းများသည် သူ့လည်ပင်းသို့ရောက်ရှိလုနီးပါးပင်...

သို့သော်လည်း နောက်တစ်ခဏတွင် အဆင့်သုံးဖုတ်ကောင်၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ယိုယွင်းလာကာ အော်ဟောက်ပြီး မြေပြင်ပေါ်သို့ လဲကျသွား‌လေသည်။

စုရွေ့ကျယ်သည် အဆင့်သုံးဖုတ်ကောင်၏ ခေါင်းကိုတူးပြီး ၎င်းထဲမှလိမ္မော်ရောင်နီရောင် အမြုတေကိုထုတ်ကာ လက်ကိုင်ပဝါဖြင့်သုတ်လိုက်ပြီး ဘေးကင်းစေရန် သူ့နေရာလွတ်၌ထားလိုက်သည်။

အဆင့်သုံးဖုတ်ကောင်၏ အဆက်မပြတ် ခေါ်ခြင်းမရှိဘဲ အနီးနားရှိဖုတ်ကောင်များ ပြေးလွှားပြီးထပ်ရောက်မလာတော့ချေ။ စစ်တပ်၏ပစ်ခတ်မှုအောက်တွင် ၎င်းတို့အား လျင်မြန်စွာဖယ်ရှားပစ်နိုင်ခဲ့လေသည်။

စာရေးသူတွင် ပြောစရာရှိပါတယ်။

လမ်းမပေါ်ကပြဇာတ်ငယ်လေး

လုယန် : ဒီစစ်တပ်က ငါ့ရဲ့တောက်ပတဲ့အနာဂတ်ကို နှောင့်ယှက်ဟန့်တားနေတာပဲ! သူတို့ကို ဖယ်ထုတ်လိုက်စမ်း! အဖွဲ့က မပျော်‌နေဘူးပဲ။ သူတို့အကုန်လုံးကို ဖယ်ထုတ်လိုက်စမ်း!

ကျန့်ရှောင်ယွင် : ဖီ! မင်းဘာအကြောင်းပြောနေတာလဲ? စကားပြောဖို့ နောက်ကျလွန်းနေပြီမဟုတ်ဘူးလား?

ညီငယ်လေးများ : သခင်လေး၊ အသက်ချမ်းသာပေးပါ!

စုရှောင်ကျယ် : အကြောင်းပြချက် တစ်ခုပေး

အမျိုးသမီး A : ကျွန်မမှာ ရေစွမ်းအားရှိပါတယ်။ (ကျန့်ကျားဟယ် : ဝေါင်း၊ ဒီရေက ပန်းတွေအတွက်အကူအညီဖြစ်နိုင်တာပဲ)

လူငယ် A : ကျွန်တော်...ကျွန်တော် မြန်မြန်ပြေးနိုင်ပါတယ် ( ကျန့်ကျားဟယ် : လေလိုယောက်ျားတစ်ယောက်ကို ဘာအတွက်သုံးရမှာလဲ)

လူငယ် B : ကျွန်တော် အမြင့်ခုန်နိုင်ပါတယ်??(ကျန့်ကျားဟယ် : မင်းနေနဲ့ ဘေးချင်းကပ်အထိ ရောက်နိုင်လို့လား)

လူငယ် C : ကျွန်တော် အရောင်ပြောင်းနိုင်ပါတယ်? (ကျန့်ကျားဟယ် : မင်းက သဘာ၀ကြီးနဲ့ ပေါင်းစပ်ချင်နေတာလား)

အမျိုးသမီး B : ကျွန်မ လွတ်မြောက်ဖို့အတွက် တောက်တဲ့တစ်ကောင်အဖြစ်ပြောင်းနိုင်ပါတယ်။ (ကျန့်ကျားဟယ် : တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ပြီးတဲ့နောက်အထိ တိရိစ္ဆာန်တွေ ကျင့်ကြံနေနိုင်တုန်းလား? ချန်ကျောင်း: မိစ္ဆာ! နင်မလွတ်မြောက်နိုင်ဘူး!)

🍒🍒


Zawgyi  】

လီမင္းႏွင့္ အျခားသူမ်ား သတိျပန္ရလာၾကေသာအခါ ဖက္တီးႏွင့္ သူ၏ 'ဇနီး' တို႔သည္ ေသဆုံးသြားၾကၿပီျဖစ္ေၾကာင္း ေတြ႕ရွိခဲ့ၾကသည္။ လူငယ္မ်ားသည္ အရာအားလုံးကို ၀န္ခံခဲ့ၾကေလသည္။ လီမင္း၏ ဆုံးျဖတ္ခ်က္အေပၚ မူတည္ၿပီး သူတို႔ႀကဳံေတြ႕ရမည့္အရာပင္ျဖစ္သည္။

သူတို႔၏ မူလအစ ရည္႐ြယ္ခ်က္ကို သိသြားသည့္အခါမွာေတာ့ လီမင္းႏွင့္တျခားလူမ်ားအားလုံး တိတ္ဆိတ္သြားၾကေလသည္။

ဤလူမ်ားသည္ စစ္တပ္ကို ဓားျပတိုက္ဖို႔သာမက သတ္ပစ္ဖို႔ပါ ရည္႐ြယ္ထားၾကေလသည္။သူတို႔သည္ ငယ္႐ြယ္ၾကေသာ္လည္း ၎ကိုလုပ္ဖို႔ရန္ ရက္စက္ၾကမ္းၾကဳတ္ေနၾကၿပီျဖစ္သည္။ အကယ္၍ ဤမစ္ရွင္တြင္ က်န႔္ယြင္ႏွင့္သူ႕အဖြဲ႕၏ပူးေပါင္းပါဝင္မႈ မရွိခဲ့ဘူးဆိုလွ်င္ အခုဆို ဒီေနရာတြင္ စစ္သားမ်ား ေသဆုံးသြားၾကမည္ မဟုတ္ပါလား? သူတို႔သည္ ေအးခဲေနသည့္ အေလာင္းမ်ားျဖစ္ေနေပလိမ့္မည္။

“ေက်းဇူးျပဳၿပီး ကြၽန္မတို႔ကို သြားခြင့္ျပဳပါ...”

“ကြၽန္မတို႔ မွားတာကိုသိပါၿပီ......”

“ကြၽန္မတို႔ ဒီလိုမ်ိဳးေနာက္တစ္ႀကိမခထပ္မလုပ္ရဲေတာ့ပါဘူး ဝူး ဝူး ဝူး ”

လူတိုင္းသည္ ေၾကာက္႐ြံ႕ထိတ္လန႔္ၿပီး အဆက္မျပတ္ေတာင္းပန္ေနခဲ့ၾကေလသည္။ မိနကေလးႏွစ္ေယာက္သည္ ငိုယိုၿပီး ေတာင္းပန္ေနခဲ့ၾကေလသည္။

ယခု သူတို႔ေရွ႕တြင္ ေ႐ြးခ်ယ္စရာႏွစ္ခုသာရွိသည္။ သူတို႔ကို သတ္ရမလား ႏွင့္ တျခားတစ္ခုသည္ သူတိုကို လႊတ္ေပးလိုက္ရမလားပင္။

သူတို႔ကို လႊတ္လိုက္ဖို႔ လုံးဝမျဖစ္နိုင္ေခ်။ ဤလူမ်ားသည္ ငယ္႐ြယ္ပုံေပါက္ေသာ္လည္း လုယန္အား ​​မေကာင္းမႈမ်ားစြာကို ျပဳလုပ္ဖို႔ ကူညီေပးခဲ့ၾကၿပီး သူတို႔၏လက္မ်ားတြင္ အျပစ္မဲ့လူမ်ားစြာ၏ ေသြးမ်ားစြန္းထင္းေနၾကေပသည္။ သူတို႔ကိုလႊတ္ေပးလိုက္ျခင္းသည္ က်ားကို ေတာင္ေပၚသို႔ ျပန္လႊတ္လိုက္သလိုပင္ျဖစ္လိမ့္မည္။ ယေန႕ သူတို႔၏တဒဂၤအားနည္းမႈသည္ ေနာင္အနာဂတ္တဠင္အျပစ္မဲ့ေသဆုံးမႈမ်ား ပိုမ်ားလာေလမလားဆိုသည္ကို မည္သူသိနိုင္ပါမည္နည္း။

လီမင္းသည္ စကၠန႔္အနည္းငယ္မွ် မ်က္လုံးမွိတ္ထားၿပီး ျပန္မဖြင့္မီ  စိတ္ထဲတြင္ ဆုံးျဖတ္ခ်က္တစ္ခုခ်လိဳက္သည္။ 

“သူတို႔ကို ထုတ္လိုက္ ”

“ဟုတ္ကဲ့ ”

စစ္သားအခ်ိဳ႕သည္ ေရွ႕သို႔လာၿပီး တခ်ိန္လုံး ငိုေနၾကသည့္လူမ်ားကို သူတို႔၏ပါးစပ္မ်ားကို အုပ္ကာ ဆြဲထုတ္သြားၾကေလသည္။

စစ္သားမ်ာသည္ မၾကာခင္ ျပန္ေရာက္လာၿပီးသူတို႔ဆြဲထုတ္သြားသည့္လူမ်ားမပါလာခဲ့ေခ်။ အျပင္ဘက္တြင္ မီးေလာင္ေနၿပီး ဘာ္ေနရာမွန္း ဘယ္သူသိပါ့မလဲ။ မီးေလာင္သည့္အနံ႕ကို ရေနၾကေသာ္လည္း ဘယ္သူမွ ေမးခြန္းမေမးလာၾကဘဲ မသိတာက ပိုေကာင္းပါသည္။

အခန္းသည္ ေနာက္တစ္ႀကိမ္ တိတ္ဆိတ္သြားေလသည္။ ဝူက်င္းသည္ မွန္တံခါးမ်ားကို ပိတ္ကာ အဝတ္ပုဝါျဖင့္ ပိတ္ကာလိုက္သည္။ ေနာက္ဆုံးတြင္ သူတို႔ ေကာင္းေကာင္းအနားယူနိုင္ၾကၿပီသည္။

ညဘက္ေရာက္ေသာအခါ တစ္ခုခုစားၾကၿပီး လမ္းေပၚျပန္တက္ခဲ့ၾကေလသည္။

ဝန္ေဆာင္မႈဧရိယာတြင္ စီးပြားေရးလုပ္ငန္းသုံးကားအလြတ္တစ္စီးႏွင့္ ျပာမ်ားသာ က်န္ရွိခဲ့ေတာ့သည္။

ႏွစ္ရာရီ၀န္းက်င္ေလာက္တြင္ အဖြဲ႕သည္ Gၿမိဳ႕ဆိုင္းဘုတ္ကို ျမင္လိုက္ၾကရသည္။

ငါတို႔ ေရွ႕က တိုးဂိတ္ကိုျဖတ္ၿပီးတာနဲ႕ Gၿမိဳ႕ထဲကို ၀င္ေရာက္ၿပီျဖစ္လိမ့္မယ္။ သတိကပ္ထားၾကပါ။ Gၿမိဳ႕ထဲမွာ ဆင့္ကဲေျပာင္းလဲေနတဲ့ ဖုတ္ေကာင္ေတြတစ္ေကာင္ထက္ပိုရွိၿပီး ၿမိဳ႕က အရမ္း အႏၱရာယ္မ်ားတယ္။

Gၿမိဳ႕သို႔ မ၀င္ေရာက္မီ လီမင္းသည္ ႏွစ္မ်ိဳးသုံး ေရဒီယိုမွတဆင့္ အခ်ိန္မေ႐ြးတိုက္ပြဲအတြက္ အသင့္ျပင္ဆင္ထားၾကရန္ လူတိုင္းအား သတိေပးလိုက္သည္။

G ၿမိဳ႕တြင္လည္း လွ်ပ္စစ္ဓာတ္အားမရွိခဲ့ေခ်။ အဖြဲ႕သည္ မီးမဖြင့္ဘဲ ေမာင္းလာခဲ့ၾကသည္။ အေဝးက ေမွာင္မိုက္ေနသည့္ ၿမိဳ႕ႀကီးသည္ အဆုံးမရွိသည့္ မဲေမွာင္ေနသည့္ အေပါက္တစ္ခုလိုပင္  အဖြဲ႕ကို ျဖည္းညွင္းစြာ ဝါးမ်ိဳသြားသကဲ့သို႔ပင္ ျဖစ္ေနသည္။

“ေရွ႕လမ္းခြဲေရာက္ရင္ ဘယ္ဘက္ကိုေကြ႕ ”

လီမင္းသည္ ဓာတ္မီးတစ္ခုကိုကိုင္ထားၿပီး လွ်ပ္စစ္စက္႐ုံအသစ္တည္ေနရာဆီသို႔ အဖြဲ႕အားလမ္းၫႊန္ေပးရန္ ေျမပုံကို ၾကည့္ေနခဲ့သည္။

“ရပ္! ရပ္! ”

က်န႔္ယြင္၏ အေရးတႀကီးေအာ္သံသည္ ေရဒီယိုမွတဆင့္ထြက္လာေလ၏။

အရွိန္ျပင္းျပင္းႏွင့္ ေမာင္းေနသည့္ကားသည္ ခ်က္ခ်င္း ဘရိတ္အုပ္လိုက္၏။ ဘရိတ္အုပ္သံသည္ လူတိုင္း၏ နားစည္ကို ထိခိုက္သြားေလသည္။

“ေခါင္းေဆာင္၊ ဘာျဖစ္လို႔လဲ ? ဘာလို႔ရပ္လိုက္တာလဲ? ”

အီနားရွားေၾကာင့္ လီမင္း၏ေခါင္းသည္ ကားေဘာင္ကို တိုက္မိလိုက္ေသာ္လည္း သူ႕ဒဏ္ရာမ်ားကို ဂ႐ုစိုက္ရန္ အခ်ိန္မရေခ်။ နာက်င္မႈကို ခံနိုင္ရည္ရွိရန္ ႀကိဳးစားၿပီး ေရဒီယိုကို ေကာက္ကိုင္ကာ ဘာျဖစ္သြားတာလဲဟု က်န႔္ယြင္အား ေမးလိုက္သည္။

“အျပင္ဘက္ကိုၾကည့္လိုက္! ”

လီမင္၏ ႏွလုံးသားထဲတြင္ တားျမစ္ထားသည့္ အာ႐ုံတစ္ခု တိုးထြက္လာေလသည္။ သူ႕စကားအတိုင္း ျပတင္းေပါက္မွ လွမ္းၾကည့္လိုက္သည္။ အေမွာင္ထဲတြင္ နီရဲေနေသာမ်က္လုံးအစုံမ်ားသည္ အနီေရာင္မီးလုံးႀကီးတစ္လုံးကဲ့သို႔ ေတာက္ပေနသည္။ သူတို႔သည္ ဘယ္အခ်ိန္က သူတို႔အား ဖုတ္ေကာင္မ်ား ဝိုင္းလာသည္ကို မသိလိုက္ၾကေခ်။

“ျပန္လွည့္! ျမန္ျမန္! ဒီကေနထြက္သြားၾကမယ္! ”

ယခု သူတို႔သည္ ၿမိဳ႕ထဲသို႔၀င္လာခဲ့ၿပီး အေဆာက္အဦးမ်ား ႏွင့္ လမ္းမ်ား၀န္းရံေနသည္။ အထဲတြင္ ဖုတ္ေကာင္မည္မွ် ပုန္းေနမည္ကို ဘုရားသာသိလိမ့္မည္။ သူတို႔သည္ ဤေနရာမွ အျမန္ဆုတ္ကာ ပိုပြင့္လင္းသည့္ေနရာတစ္ခုသို႔ အျမန္သြားၾကရမည္။

ကေမာင္းသူသည္ ခ်က္ခ်င္းျပန္ဆုတ္ေလသည္။ သို႔ေသာ္ ျပတ္သားသည့္ ေသနတ္သံသည္ လူအုပ္အားလုံး၀ကို တင္းမာသြာေစ၏။ အေရွ႕ဘက္တြင္ တိုက္ပြဲစတင္ခဲ့ပုံရသည္။

“ဘာျဖစ္ေနတာလဲ! ေက်းဇူးျပဳၿပီး၊ ျပန္ေျဖပါ! ေက်းဇူးျပဳၿပီး၊ ျပန္ေျဖပါ! ”

ႏွစ္မ်ိဳးသုံးေရဒီယိုမွ ျပင္းျပင္းထန္ထန္ အက္ကြဲသံမ်ားၾကားရၿပီးေနာက္ ဖန္ကြဲအက္သံမ်ားႏွင့္ သံျပားေပၚမွ လက္သည္းမ်ား ကုတ္ျခစ္ေနသည့္ ေအးစက္စက္အသံမ်ားကိုသာ ၾကားလိုက္ၾကရသည္။

“ေရွ႕မီးေတြကိုဖြင့္လိုက္၊ လူတိုင္း တိုက္ခိုက္ဖို႔အသင့္ျပင္! ”

လီမင္းသည္ ထိတ္လန႔္သြားၿပီး က်ယ္ေလာင္စြာ အမိန႔္ေပးလိုက္၏

စစ္တပ္ကားမ်ားေပၚမွ မီးသီးမ်ားစြာကို ဖြင့္လိုက္ၾကသည္။ လီမင္းအမိန႔္ေပးလိုက္ၿပီးေနာက္ သူတို႔ဖြင့္လိုက္ၾကသည္။ ပတ္ဝန္းက်င္ရွိ အေမွာင္လမ္းမ်ားသည္ ေန႕အလင္းေရာင္ကဲ့သို႔ ေတာက္ပလာခဲ့ၿပီး အေမွာင္ထဲတြင္ ပုန္းေနေသာ ႐ုပ္လုံးမ်ားကို ထုတ္ေဖာ္ျပသလိုက္ေလသည္။

သိသိသာသာပင္ လီမင္း၏အဖြဲ႕သည္ တိုက္ခံခံေနရၿပီး အကူအညီလိုေနခဲ့သည္။

“အားခ်ီ၊ ေက်ာင္းေက်ာင္း၊ ငါနဲ႕အျပင္လိုက္ခဲ့။ က်န္တဲ့သူေတြ ကားထဲကေစာင့္ေနၾက ”

က်န႔္ယြင္သည္ ေသနတ္ကိုယူကာ တံခါးကိုအျမန္ဖြင့္ၿပီး ကားထဲမွ ထြက္လိုက္၏။

ခ်န္းခ်ီႏွင့္ ခ်န္းေက်ာင္းတို႔သည္လည္း အနီးမွ ကပ္လိုက္သြားၾကကာ လူသုံးေယာက္သည္ ေက်ာခ်င္းကပ္ထားၾကကာ လ်င္ျမန္သည့္လႈပ္ရွားမႈျဖင့္ ေရွ႕သို႔သြားေနၾကသည္။

သုံးေယာက္သားသည္ လႈပ္ရွားရင္း ဆက္တိုက္ပစ္ခတ္ေနၾကသည္။ ပစ္ခ်က္တိုင္းသည္ နီးကပ္လာသည့္ အေလာင္းေကာင္ကို တိက်စြာ ပစ္နိုင္ခဲ့သည္။

႐ုတ္တရက္ တစ္စုံတစ္ေယာက္က SUVကား၏ ေခါင္မိုးေပၚသို႔ ခုန္ဆင္းသြားသလိုမ်ိဳး အေပၚကေန က်ယ္ေလာင္သည့္ အသံတစ္ခုထြက္လာေလသည္။

ေနာက္အခိုက္အတန႔္မွာပင္ သံစိမ္းေရာင္အေရျပားႏွင့္ အရိုးေငါေငါလက္တစ္ဖက္သည္ ၎၏အမဲေရာင္လက္သည္းမ်ားျဖင့္ ေခါင္မိုးေပၚသို႔ကုတ္ျခစ္ၿပီး တည့္တည့္စိုက္၀င္သြားေလသည္။

က်န႔္က်ားဟယ္သည္ သူ႕ပုံမွန္ေဂါက္ကလပ္ကို ခ်က္ခ်င္း လႊဲယမ္းလိုက္ၿပီး ၎၏လက္ေမာင္းကို ျပင္းျပင္းထန္ထန္ ထိသြားေလသည္။ ၎သည္ သာမာန္ဖုန္ေကာင္တစ္ေကာင္ဆိုပါက ဤအဆင့္ႏွစ္စြမ္းအားရ်င္၏ရိုက္ခ်က္ေၾကာင့္ ၎၏ လက္ေမာင္းရိုးမ်ား လုံးဝကြဲသြားေစသင့္သည္။  ဖုတ္ေကာင္၏လက္ေမာင္းသည္ ႐ြဲ႕ေစာင္းေနၿပီး အရိုး ေနရာလြဲသြားပုံရေသာ္လည္း က်န႔္က်ားဟယ္၏လက္မ်ားထုံေနခ်ိန္တြင္ ၎သည္လုံးဝမက်ိဳးသြားခဲ့ေခ်။

“၀ွက္သယ္ဖက္! အဲ့ဒါႀကီးက ဘယ္လိုေတာင္လဲ? ဖုတ္ေကာင္ရဲ႕အရိုးေတြက စတီးနဲ႕လုပ္ထားတာလား? ”

က်န႔္က်ားဟယ္သည္ မက်ိန္ဆဲဘဲမေနနိုင္ေတာ့ေခ်။

စုေ႐ြ႕က်ယ္သည္ သူ႕စကားကိုၾကားေသာအခါ သူထိတ္လန့္သြားသည္။ မာေက်ာေသာအရိုးမ်ား၊ ၾကမ္းတမ္းေသာ အသားအရည္ႏွင့္ တိုးလာေသာခြန္အား။ စသည့္အရာမ်ားအားလုံးသည္ အဆင့္ သုံး ဖုတ္ေကာင္မ်ား၏ ၫႊန္ျပခ်က္မ်ားပင္ျဖစ္သည္ ။

အကယ္၍ အစပိုင္းတြင္ေပၚလာခဲ့ေသာ သာမန္ဖုတ္ေကာင္မ်ားသည္ လႈပ္ရွားမႈႏွေးေကြးၿပီး၊ မီးခိုးေရာင္ႏွင့္ ကိုင္တြယ္ရလြယ္ကူသည့္ ျဖတ္ေကာင္မ်ားသည္ အဆင့္ တစ္ ဖုတ္ေကာင္မ်ားျဖစ္ကာ ေနာက္ဆင့္ကဲျဖစ္စဥ္သည္ အဆင့္ ႏွး္ ဖုတ္ေကာင္ျဖစ္သည္။ ထို႔အျပင္ ယခု သူတို႔သည္ ေနာက္တစ္ႀကိမ္ဆင့္ကဲတိုးတက္သြားသည့္ အဆင့္သုံးဖုတ္ေကာင္မ်ားႏွင့္ ရင္ဆိုင္ေနၾကရၿပီျဖစ္သည္။

၎သည္ အဆင့္ တစ္ စြမ္းအားရွင္မ်ား တြန္းလွန္နိုင္သည့္အရာမဟုတ္ေပ။ က်န႔္က်ားဟယ္သည္ အဆင့္ႏွစ္စြမ္းအားရွင္တစ္တစ္ေယာက္ျဖစ္ေနခဲ့လွ်င္ေတာင္ ၎သည္ ရင္ဆိုင္ေျဖရွင္းရန္ အလြန္ခက္ခဲေၾကာင္း ေတြ႕လိမ့္မည္ပင္....

“ကားထဲကမထြက္နဲ႕! ကြၽန္ေတာ္အဲ့ဖုတ္ေကာင္ကို ဂ႐ုစိုက္လိုက္မယ္!”

စုေ႐ြ႕က်ယ္ သူ႕သူငယ္ခ်င္းမ်ားအား ေျပာလိုက္၏။

အနည္းဆုံးေတာ့ သူသည္ အဆင့္သုံးစြမ္းအားရွင္တစ္ေယာက္ျဖစ္ေနၿပီျဖစ္သည္။ ယခု သူသည္ထိန္းခ်ဳပ္နိုင္သည့္ အပင္မ်ားစြာ ရွိေနၿပီျဖစ္သည္။ ဤတစ္ႀကိမ္တြင္ အျခားသူမ်ားထံမွ ပုန္းကြယ္မေနခ်င္ေတာ့ေခ်။ သူ႕တြင္ သူကာကြယ္ခ်င္သည့္သူအားလုံးကို ကာကြယ္ေပးနိုင္စြမ္းရွိသည္ဟု သူယုံၾကည္သည္။

လက္သည္ ကားေခါင္မိုးသို႔ ေနာက္တစ္ခါက်လာျပန္သည္။  ဤတစ္ႀကိမ္တြင္ စုေ႐ြ႕က်ယ္၏ဘက္ဆီသို႔ တိက်စြာ ခ်ိန္႐ြယ္ထားေလသည္။

စုေ႐ြ႕က်ယ္သည္ သူ၏ ဘယ္လက္ထဲတြင္ အခြံမာသီးတစ္လုံးကို ကိုင္ထား၏။ သူ႕စြမ္းရည္ကို အသက္သြင္းၿပီးေနာက္ စုေ႐ြ႕က်ယ္သည္ ဖုတ္ေကာင္မ်ား၏ တိုက္ခိုက္မႈကို အလြယ္တကူ တားဆီးပိတ္ဆို႔နိုင္သည့္ အဝါေရာင္ဒိုင္းငယ္တစ္ခုကို ဖန္တီးခဲ့သည္။

တစ္ခ်ိန္တည္းမွာပင္ ကားတံခါးကိုဖြင့္ၿပီး ကားထဲမွ အျမန္ထြက္လာခဲ့သည္။

ဖုတ္ေကာင္သည္ သူ႕ကို ပစ္မွတ္ထားေနပုံရၿပီး ကားေခါင္မိုးေပၚကေန ခုန္ခ်လာခဲ့သည္။ ၎သည္ ေျခာက္ေသြ႕ေနသည့္ ဖုတ္ေကာင္တစ္ေကာင္ျဖစ္သည္။ မ်က္ႏွာတစ္ျပင္တစ္ခုလုံးသည္ ႐ုပ္ရွင္ထဲက ET ေလာက္ ထိတ္လန႔္ေၾကာက္႐ြံ႕စရာေကာင္းသည္။ ၎သည္ ၎၏အျပာေရာင္မ်က္ႏွာႏွင့္ အစြယ္မ်ားႏွင့္ ေၾကာက္စရာေကာင္းလွသည္။

ဖုတ္ေကာင္မ်ားေျမေပၚသို႔ေရာက္သည္ကို မေစာင့္ဘဲ စုေ႐ြ႕က်ယ္သည္ သူ႕ေသနတ္ကို ျမႇောက္ကာ ဖုတ္ေကာင္ကို တိက်စြာ ပစ္လိုက္သည္။ အစိမ္းေရာင္က်ည္ဆန္သည္ ဖုတ္ေကာင္၏ရင္ဘတ္အတြင္းသို႔ ထိုးေဖာက္ဝင္ေရာက္သြားေသာ္လည္း ေသြးမ်ားထြက္မလာခဲ့ေခ်။ ခႏၶာကိုယ္ရွိ စြမ္းအင္အားလုံးကို ဦးေခါင္းရွိ အျမဳေတမွ စုပ္ယူသြားခဲ့ၿပီးျဖစ္သည္။

ဂရား!

ဖုတ္ေကာင္သည္ ေဒါသထြက္ေနပုံရၿပီး  ေသြးလိုနီရဲေနသည့္ မ်က္လုံးမ်ားျဖင့္ စုေကြ႕က်ယ္အား စိုက္ၾကည့္လာေလကာ ခ်က္ခ်င္းစားခ်င္ ေနသကဲ့သို႔ပင္!

သူ႕ဆီေရာက္လာေသာအခါ ေဘးဘက္ဆီသို႔ေရွာင္တိမ္းကာ ဖုတ္ေကာင္ကို သုံးခ်က္ဆက္တိုက္ ပစ္ လိုက္သည္။ ဖုတ္ေကာင္တိုက္ခိုက္သည့္အခ်ိန္တိုင္း စုေ႐ြ႕က်ယ္၏လက္ထဲရွိ အခြံမာသီးဒိုင္းကာသည္ ဖုတ္ေကာင္ကို ပိတ္ဆို႔ထားလိမ့္မည္ျဖစ္သည္။

ဆက္တိုက္ တိုက္ခိုက္ၿပီးေနာက္ ပဲေစ့က်ည္ဆန္သည္ ေနာက္ဆုံးတြင္ ၎၏အာနိသင္ကိုျပလာ ‌ေလသည္။ အဆင့္သုံး ဖုတ္ေကာင္သည္ လဲက်သြားၿပီး ၎၏ အေရျပားသည္ အေရာင္ေျပာင္းသြားေလသည္။

ဂရား!

ဖုတ္ေကာင္သည္ က်ယ္ေလာင္စြာ ေအာ္ေဟာက္လိုက္ၿပီး ပတ္ဝန္းက်င္ရွိ ဖုတ္ေကာင္မ်ားကို ႏွိုးဆြခံလိုက္ရသလိုျဖစ္လာသည္။ ၎တို႔အားလုံးသည္ လွည့္လာၿပီး စုေ႐ြ႕က်ယ္ဘက္ဆီသို႔ စု႐ုံးလာၾကေလသည္။

သို႔ေသာ္ စုေ႐ြ႕က်ယ္သည္ မတုန္လႈပ္ခဲ့ပါေခ်။ သူ႕လက္ထဲတြင္ ခ်ယ္ရီဗုံးႏွစ္လုံးရွိသည္။ သူသည္ ဖုတ္ေကာင္မ်ားဆီ ခ်ိန္ၿပီး ၎တို႔ကို ပစ္ခ်လိဳက္ေလသည္။

ဘြန္း!
ဗုံးသည္ ေပါက္ကြဲသြားေလၿပီး ဖုတ္ေကာင္မ်ားစြာသည္ ေပါက္ကြဲကုန္ၾကေလသည္။

ဂရား!

ဖုတ္ေကာင္သည္ ဆက္၍ ေအာ္ေဟာက္ေနဆဲျဖစ္ေလသည္။

ေနရာတိုင္းဆီမွ ဖုတ္ေကာင္မ်ားသည္ တဖြဲဖြဲေရာက္လာၾကေလသည္။ ေၾကာက္႐ြံ႕မႈဆိုသည္ကို မသိပါဘဲ ၎တို႔သည္ စုေ႐ြ႕က်ယ္ဘက္ဆီသို႔ တန္းတန္းမတ္မတ္ ေျပးဝင္လာၾကကာ ထို႔ေနာက္မွာေတာ့ ၎တို႔သည္ တစ္ခါ ထပ္ခါပင္ လဲၾကကုန္ၾကေလ၏။

စုေ႐ြ႕က်ယ္၏နဖူးမွ ေခြၽးေအးမ်ား တျဖည္းျဖည္းထြက္လာေလသည္။ သူ႕စြမ္းအားသည္ အားေကာင္းသန္မာလွ်င္ေတာင္ အားအင္ကုန္ခမ္းသြားေသာအခါတြင္ အသုံးမဝင္ေတာ့ေခ်။အဆက္မျပတ္ အပင္မ်ားကို လက္နက္မ်ားအျဖစ္အသြင္ေျပာင္းလဲျခင္းသည္ သူ႕စြမ္းအားမ်ားစြာ သုံးစြဲခဲ့ရသည္။ ကံေကာင္းေထာက္မစြာျဖင့္ သူ႕ စြမ္းအားမ်ာ အခ်ိန္မီ ျဖည့္တင္းနိုင္ရန္အတြက္ ၾကည္လင္ေသာအျမဳေတ အမ်ားအျပားကို သယ္ယူလာခဲ့သည္။

ဤေနရာတြင္ စုေဝးေနသည့္ ဖုတ္ေကာင္မ်ား အလြန္မ်ားျပားလာ‌ေနသည္။ ဖုတ္ေကာင္မ်ားသည္ SUVကားႏွင့္ ဆက္တိုက္တိုက္မိေနၾကသည္။  က်န႔္က်ားဟယ္ႏွင့္ က်န္းရွို႔လ်န္တို႔သည္ ေသနတ္မ်ားျဖင့္ ပစ္ခတ္ေနၾကေသာ္လည္း သူတို႔၏ သတ္ျဖတ္မႈအျမန္ႏႈန္းသည္ ဖုတ္ေကာင္မ်ားစု႐ုံးသည့္ အရွိန္ထက္ မ်ားစြာႏွေးေကြးေနသည္။

အေျခအေန မေကာင္းေခ်။ ဤေနရာတြင္ ဖုတ္ေကာင္မ်ား မ်ားစြာစု‌ေဝးေနခဲ့ၿပီးျဖစ္သည္။  တျခားသူမ်ား အႏၱရာယ္ရွိလိမ့္မည္။ အဆင့္ သုံးဖုတ္ေကာင္ကို အရင္ဆုံးေျဖရွင္းရမည္!

ေနာက္တစ္ဖန္ စုေ႐ြ႕က်ယ္သည္ သူ႕ေနရာလြတ္မွ ပဲစိမ္းလက္တစ္ဆုပ္စာကို ထုတ္ယူလိုက္ၿပီး ငုံးဥအ႐ြယ္ပဲေစ့တစ္ေစ့အျဖစ္ သူ႕စြမ္းအားႏွင့္ ေပါင္းစပ္ကာ က်ည္ဆန္တစ္ခုအျဖစ္သို႔ ေျပာင္းလဲလိုက္သည္။ ဤတစ္ႀကိမ္တြင္ ပဲက်ည္ဆန္မ်ားသည္ အစိမ္းေရာင္ေတာက္လုနီးပါး ျဖစ္လာခဲ့သည္။

စုေ႐ြ႕က်ယ္သည္ သူ၏ စုတ္ျပတ္ေနေသာ အခြံမာသီးဒိုင္းကာကို ခြၽတ္ဖယ္ပစ္လိုက္ၿပီး အဆင့္သုံးဖုတ္ေကာင္ဆီသို႔ ေျပးသြားခဲ့ေလသည္။

အဆင့္သုံးဖုတ္ေကာင္သည္ အႏၱရာယ္ကို သိေနေသာ္လည္း သူ႕ေရွ႕ရွိ လူ႕ခႏၶာကိုယ္၏ ေမႊးႀကိဳင္ေသာရနံ႕ကို မခုခံနိုင္ခဲ့ေခ်။ ၎သည္ သူ႕အားစားနိုင္သေ႐ြ႕ သန္မာလာလိမ့္မည္ျဖစ္သကဲ့သို႔ သူ႕ေရွ႕ရွိ လူ႕အေသြးအသားကို ေတာင့္တေနခဲ့ေလသည္။

စုေ႐ြ႕က်ယ္သည္ သူ႕ေသနတ္ကို ျမႇောက္လိုက္ၿပီး အဆင့္သုံးဖုတ္ေကာင္ေကာင္ကို ခ်ိန္ကာ အသက္ျပင္းျပင္းရႉၿပီးေနာက္ ေမာင္းခလုတ္ကို ထပ္မံဆြဲလိုက္ေလသည္။

အဆင့္သုံးဖုတ္ေကာင္သည္ သူ႕အနားသို႔ပိုနီးနီးေရာက္လာေလသည္။ သူ႕ႏွာေခါင္းမွပင္ အဆင့္ သုံးဖုတ္ေကာင္၏ ပါးစပ္အတြင္းမွ အပုပ္နံ႕ဆိုးမ်ားကို ရေနနိုင္ၿပီး ၎၏အနက္ေရာင္လက္သည္းမ်ားသည္ သူ႕လည္ပင္းသို႔ေရာက္ရွိလုနီးပါးပင္...

သို႔ေသာ္လည္း ေနာက္တစ္ခဏတြင္ အဆင့္သုံးဖုတ္ေကာင္၏ ခႏၶာကိုယ္သည္ လ်င္ျမန္စြာ ယိုယြင္းလာကာ ေအာ္ေဟာက္ၿပီး ေျမျပင္ေပၚသို႔ လဲက်သြား‌ေလသည္။

စုေ႐ြ႕က်ယ္သည္ အဆင့္သုံးဖုတ္ေကာင္၏ ေခါင္းကိုတူးၿပီး ၎ထဲမွလိေမၼာ္ေရာင္နီေရာင္ အျမဳေတကိုထုတ္ကာ လက္ကိုင္ပဝါျဖင့္သုတ္လိုက္ၿပီး ေဘးကင္းေစရန္ သူ႕ေနရာလြတ္၌ထားလိုက္သည္။

အဆင့္သုံးဖုတ္ေကာင္၏ အဆက္မျပတ္ ေခၚျခင္းမရွိဘဲ အနီးနားရွိဖုတ္ေကာင္မ်ား ေျပးလႊားၿပီးထပ္ေရာက္မလာေတာ့ေခ်။ စစ္တပ္၏ပစ္ခတ္မႈေအာက္တြင္ ၎တို႔အား လ်င္ျမန္စြာဖယ္ရွားပစ္နိုင္ခဲ့ေလသည္။

စာေရးသူတြင္ ေျပာရာရွိပါတယ္

【လမ္းမေပၚကျပဇာတ္ယ္ေလး

လုန္ : ဒီစစ္တပ္က ငါ့ရဲ႕ေတာက္ပတဲ့အနာဂတ္ကို ႏွောင့္ယွက္ဟန႔္တားေနတာပဲ! သူတို႔ကို ဖယ္ထုတ္လိုက္စမ္း! အဖြဲ႕က မေပ်ာ္‌ေနဘူးပဲ။ သူတို႔အကုန္လုံးကို ဖယ္ထုတ္လိုက္စမ္း!

က်န႔္ေရွာင္ယြင္ : ဖီ! မင္းဘာအေၾကာင္းေျပာေနတာလဲ? စကားေျပာဖို႔ ေနာက္က်လြန္းေနၿပီမဟုတ္ဘူးလား?

ညီယ္ေလးမ်ား : သခင္ေလး၊ အသက္ခ်မ္းသာေပးပါ!

စုေရွာင္က်ယ္ : အေၾကာင္းျပခ်က္ တစ္ခုေပး

မ်ိဳးသမီး A : ကြၽန္မမွာ ေရစြမ္းအားရွိပါတယ္။ (က်န့္က်ားဟယ္ : ေဝါင္း၊ ဒီေရက ပန္းေတြအတြက္အကူအညီျဖစ္နိုင္တာပဲ)

လူငယ္ A : ကြၽန္ေတာ္...ကြၽန္ေတာ္ ျမန္ျမန္ေျပးနိုင္ပါတယ္ ( က်န႔္က်ားဟယ္ : ေလလိုေယာက္်ားတစ္ေယာက္ကို ဘာအတြက္သုံးရမွာလဲ)

လူငယ္ B : ကြၽန္ေတာ္ အျမင့္ခုန္နိုင္ပါတယ္??(က်န႔္က်ားဟယ္ : မင္းေနနဲ႕ ေဘးခ်င္းကပ္အထိ ေရာက္နိုင္လို႔လား)

လူငယ္ C : ကြၽန္ေတာ္ အေရာင္ေျပာင္းနိုင္ပါတယ္? (က်န႔္က်ားဟယ္ : မင္းက သဘာ၀ႀကီးနဲ႕ ေပါင္းစပ္ခ်င္ေနတာလား)

မ်ိဳးသမီး B : ကြၽန္မ လြတ္ေျမာက္ဖို႔အတြက္ ေတာက္တဲ့တစ္ေကာင္အျဖစ္ေျပာင္းနိုင္ပါတယ္။ (က်န႔္က်ားဟယ္ : တ႐ုတ္ျပည္သူ႕သမၼတနိုင္ငံကို ထူေထာင္ၿပီးတဲ့ေနာက္အထိ တိရိစ္ဆာန္ေတြ က်င့္ႀကံေနနိုင္တုန္းလား? ခ်န္ေက်ာင္း: မိစ္ဆာ! နင္မလြတ္ေျမာက္နိုင္ဘူး!)

🍒🍒

Continue Reading

You'll Also Like

43.2K 5.8K 14
Title - THE TYRANT'S BELOVED EMPRESS Type - WEB NOVEL Author - 绣生 / Xiu Sheng Origina...
249K 42.7K 127
English name:The Zombie Emperor's Domesticated Cat Type : web novel Genre : Adventure, romance, supernatural, yaoi Status in COO:95 chapters+2 extra...
26.5K 3.2K 89
Two young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိ...
512K 83.6K 115
Both Unicode and Zawgyi are available! Title - 穿越之灵植师 Author - Ye Yiluo (叶忆落) Type - Web Novel (CN) Status in COO - 397 chapters (Complete) Origina...