MINE(Completed)

By Heki-21

15.8K 1.8K 168

**Mine** တစ်ယောက်က နာကျင်မှုကို စီးကရက်ငွေ့တွေလို ရှိုက်ထုတ်ပြစ်လိုက်တယ်🚬🚬 နောက်တစ်ယောက် ဘရန်ဒီတစ်ပုလင်းလို... More

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
!!Attention plz!!
25
!Hello!
26
27
28
29
30
31
32
33
35
36
37
38
39
40(Final Part)

34

259 30 9
By Heki-21

Zgy

Mine 34

​ေမ်ာလြင့္သြားတဲ့ Dandalian ေတြရယ္ ႏႈတ္ခမ္းပါးထက္က ေနြးေထြးမႈေလးရယ္။ ဒီႏွစ္ေဆာင္းမွာ ဒီရင္ခြင္ဆီ ဘတ္ဟြၽန္းျပန္ေရာက္ခဲ့တယ္။

ႏူးႏူးညံ့ညံ့ေလး ထိေတြ့ေနတဲ့ အနမ္းဟာ ခ်ိဳျမေနတာ ဘတ္ဟြၽန္းမျငင္းႏိုင္ဘူး။ ေလတိုးလာတာနဲအမ်ွ ေအးလာတဲ့ ပတ္ဝန္းက်င္မွာ ႏွလံုးသားဟာ ေနြးေနြးေထြးေထြးလိႈက္ခံုေနတယ္။

တိုးဖြဖြ အတည္ျပဳသံဟာ ဘတ္ဟြၽန္းနားထဲကို ၾသရွရွေလးတိုးဝင္လာတယ္

"တကယ္ အမ်ားႀကီးလြမ္းေနခဲ့တာ"

ဘတ္ဟြၽန္းၿပိဳလဲခဲ့တဲ့ ၇ ႏွစ္တာဟာ ထိုစကားသံမွာ ေမွးမိွန္သြားပါတယ္။
ညရဲ့ျပဳစားမႈေၾကာင့္လား
ဒါမွမဟုတ္ ဝဲလြင့္ေနတဲ့ dandalian ေတြေၾကာင့္လား

"အိမ္ျပန္စို႔..."

"အင္း.."

လက္ဖဝါးထဲကို ထည့္ၿပီးပိုင္ႏိုင္စြာဆုပ္ကိုင္လိုက္တဲ့အခါ လံုၿခံဳမႈဟာ ဟိုးအရင္အခ်ိန္ေတြတုန္းက အတိုင္း

"ကိုယ့္ကို မင္းရဲ့ ၇ ႏွစ္တာကို မ်ွေဝေပးမလား..."

"တစ္ခုပဲ သိခ်င္တာ ခ်န္း
တကယ္ အဲ့ဒီတစ္ခုေလးပဲ ေျဖေပးပါ."

"..."

"ဘာလို႔ တစ္ခါေလးေတာင္ မဆက္သြယ္ခဲ့တာလဲ..."

တိတ္ဆိတ္သြားတဲ့ ေလထုမွာ ခ်န္းေယာလ္ေျခလွမ္းေတြပါ ရပ္တန္႔သြားတယ္။ ေမွာင္လာတဲ့ ညၪီးယံဟာ ပင္လယ္ေဒသမို႔ ေလတိုးသံေတြထိ သိသိသာသာၾကားေနရတယ္။

အသက္ရႈသံတစ္ခုသာ ႀကီးစိုးေနတဲ့ ညရဲ့တိတ္ဆိတ္ျခင္းသာ ပကတိ ႀကီးစိုးေနတယ္။

"ေတာင္းပန္ပါတယ္"

ေလထုဟာ ဒီေလါက္နဲ႔ပဲ ထပ္မံၿငိမ္သက္သြားျပန္တယ္။ အေမးစကားသံေတြ ထပ္ထြက္မလာေတာ့သလို ေျဖရွင္းခ်က္တစ္စံုတစ္ရာလည္း မရိွခဲ့ေတာ့ဘူး။ ေက်ာက္စရစ္လမ္းေလးထဲ ဖိနပ္သံ တစ္လ်ွပ္လ်ွပ္သာ ရိွေနေလေတာ့တယ္။

*******

ေဘးဘက္မွာ အိပ္ေမာက်ေနတဲ့ အမ်ိဳးသားငယ္ဟာ မ်က္ရည္စေတြနဲ႔။ ဘယ္ေလာက္ထိ ႏွလံုးသားႏုလြန္းတဲ့ ေကာင္ေလးမွန္း ခ်န္းေယာလ္အသိဆံုး။ ဘယ္လိုပင္ မာေက်ာျပေနလဲ အဲ့ဒီႏွလံုးသားေလးမေျပာင္းလဲႏိုင္မွန္းေတာ့ ခ်န္းေယာလ္ယံုၾကည္တယ္။

မင္းကိုယ္မင္း အျပစ္ျပန္မတင္ေလာက္ေတာ့တဲ့ အေျခအေနေလာက္က်ရင္ *ေတာင္းပန္ပါတယ္* ဆိုတဲ့အစား မင္းလိုခ်င္တဲ့ ေျဖရွင္းမႈေလးေပးပါ့မယ္။

နဖူးစက ဆံႏြယ္ေလးေတြ ပင့္တင္ေပးလိူက္ရင္း နဖူးေလးကို ျမတ္ျမတ္ႏိုးႏိုး ၾကင္နာမိတယ္။ ဒီအမ်ိဳးသားေလးဟာ ေနာက္တစ္ဖန္ သူ႔ဆီကို ျပန္လည္ေရာက္လာဖို႔ ကံၾကမၼာက မ်က္ႏွာသာေပးလိုက္ပါတယ္။

အတိတ္တစ္ခုကို ေျပာင္းလဲလို႔မရႏိုင္တဲ့အခါ ခ်န္းေယာလ္က အနာဂတ္ေတြလွဖို႔ကိုပဲ ၪီးတည္တယ္။

ခ်န္းေယာလ္ရဲ့ အနာဂတ္ဆိုတာဟာ ဒီအမ်ိဳးသားနဲ႔ ႏိုးထရတဲ့ မနက္ခင္းတိုင္းကို ရည္ၫႊန္းပါတယ္။

ပိုက္ေထြးထားတဲ့ တစ္ဘဝစါခ်စ္ျခင္းေမတၲာေလးရယ္။ လိႈက္ျဖာေနတဲ့ ေနျခည္ျခည္ေနြးေနြးရယ္။

အနာဂတ္မွာ ဘာျဖစ္ခ်င္လဲဆိုရင္
ေျဗာင္ဘတ္ဟြၽန္းရဲ့ အမ်ိဳးသား အိမ္ၪီးနတ္သာ ျဖစ္ခ်င္ပါတယ္လို႔ ခ်န္းေယာလ္က ေျဖမယ္။

ခ်န္းေယာလ္ရဲ့ အနာဂတ္ေလးဟာ ၾကည္စင္စြာ အိပ္စက္ေနဆဲျဖစ္တယ္။

အနည္းငယ္လူးလြန္႔လာတဲ့ ကိုယ္ေလးနဲ႔ အိပ္မႈန္စံုမႊားႏိုးထလာတဲ့ မ်က္ႏိုးဖြယ္ရာေလးဟာ ေခြးစုတ္ဖြားေလးတစ္ေကာင္လို ခ်စ္စဖြယ္။

"ဘယ္ခ်ိန္ရိွၿပီလဲ..."

အိပ္ခ်င္မူးတူးသံေလးဟာ ကမ႓ာေပၚက ဆည္းလည္းသံတိုင္းထက္ သာယာပါတယ္လို႔ ေျပာရင္ လက္ခံလိုက္ပါ။

ပြေယာင္းေယာင္းဆံႏြယ္ေတြ ရႈပ္ခါေနတာဟာ မနက္ခင္းသစ္ရဲ့ ပန္းခ်ီလို႔ကြၽန္ေတာ္ေျပာရင္ မျငင္းပါနဲ႔။

မ်က္ဝန္းေမွးေမွးေလးေတြ မပြင့္တစ္ပြင့္ျဖစ္ေနပံုဟာ ပန္းေတြထက္ကို ပိုလွတယ္လို႔ ကြၽန္ေတာ္ေျပာတဲ့အခါ ယံုလိုက္ပါ။

ခ်စ္ျခင္းေမတၲာဟာ အဲ့သလို ဆန္းၾကယ္တယ္ဆိုတာ အမွန္ပါ။

"ဟင္ ခ်န္း...
ဘယ္ခ်ိန္ရိွၿပီလဲလို႔..."

အေတြးထဲ ကေန ရုန္းထြက္ခဲ့ဖို႔ စကားသံေလးေတြ အေဖာ္ျပဳတဲ့အခါ စားပြဲေပၚက ဖုန္းေလးကို လွည့္ယူလိုက္တယ္။

Screen ေပၚမွာ ေပၚေနတာ ၈:၃၀

"8:30 ၿပီး ဟြၽန္းနီး..."

"အင္းးးး ထရေတာ့မွာပဲ
ေနာက္ေတာင္က်ေနၿပီ "

ပ်င္းေက်ာေလးဆြဲၿပီး ညည္းညည္းၫူၫူေလးေျပာသံဟာ အိမ္ရွင္မေလးတစ္ေယာက္လို အထင္မွားလာေစတယ္။ ဒီပံုစံသာဆို ခ်န္းေယာလ္မွာ ယဉ္ယဉ္ေလး ရူးရပါေတာ့မယ္။

အားမလိုအားမရ ျဖစ္ညစ္လိုက္ခ်င္စိတ္ကို အတင္းျပန္ထိုးထည့္ထားလိုက္ရင္း ခ်န္းေယာလ္က အိပ္ရာကေနထရတယ္။ ဒီလိုမနက္ခင္းေတြသာဆိုရင္ ဘယ္အရာမွ မရခ်င္ေတာ့ပါဘူး။ မနက္ျဖန္တိုင္းရဲ့ မနက္ခင္းတိုင္းမွာ ဒီလိုႏိူးထခြင့္နဲ႔ဆိုရင္ ဘယ္လိုအရာမ်ိဳးကိုမွ သူထပ္ၿပီးမေတာင္းဆိုေတာ့ပါဘူး။

ရက္တၲပတ္ကုန္လြန္ၿပီးတဲ့အခါမွာ ခ်န္းေယာလ္တို႔ ေလၿငိမ္ေနတဲ့ ကမ္းစပ္ေလးဆီ လိႈင္းလံုးေတြ ရိုက္ခတ္လာေတာ့တယ္။

ပံုမွန္ညေနခင္းတစ္ခုထဲ ဘတ္ဟြၽန္းက အိမ္ေရ႔ွမွာ လီလီေတြကိုေရေလာင္းေနတယ္။ ၪီးေလးကေတာ့ အျပင္သြားစရာရိွလို႔ဆိုၿပီး မနက္ခင္းထဲက သြားလိုက္တာ ေပၚမလာေသး။
ခ်န္းေယာလ္ရဲ့ စက္ပိတ္ထားတဲ့ ဟန္းစက္ေလးဟာ အိပ္ရာေဘးက အံဆြဲေလးထဲၿငိမ္သက္စြာ။

ခ်န္းေယာလ္က အိပ္ခန္းရဲ့ျပတင္းတံခါးကေန ထိုအမ်ိဳးသားေလးရဲ့ ပံုရိပ္ကို ၿငိမ္ၿငိမ္ေလးေငးေနတယ္။

ဘတ္ဟြၽန္းေရ႔ွမွာ တိတိပပရပ္တန္႔သြားတဲ့ ဖိနပ္တစ္ရံ။ ေျခၪီးထိပ္မွာေတာင္ ဖုန္တင္မေနတဲ့ အေကာင္းစား ေဒါက္ဖိနပ္တစ္ရံ။

"ျဖန္း"

*ေဒါက္*

လက္ဖဝါးတစ္ဖက္နဲ႔ ပါးျပင္တစ္ဖက္ ရိုက္ခတ္လိုက္သံမွာ ေရအနည္းငယ္က်န္ေနေသးတဲ့ ေရကရားေလးေဒါက္ခနဲ ျမည္ေအာင္ ေျမေပၚက်ဆင္းသြားတယ္။ ၿပီးေတာ့ ဖိတ္စင္က်သြားတဲ့ေရစက္ေတြဟာ ဟိုဟိုဒီဒီပ်ံ့က်ဲ စီးဆင္းသြားတယ္။

ေနာက္နားဆီက ေျပးလႊားလာသံတစ္လ်ွပ္လ်ွပ္ၾကားမွ ဘတ္ဟြၽန္းဟာ ပါးျပင္တစ္ဖက္နာက်င္သြားမႈကို သတိရတယ္။ သူမွားခဲ့ဖူးလို႔လဲ...

"ငါ့သားကို မင္းဘယ္လိုေတာင္ ျပဳစားထားသလဲ  ဟမ္...
ေယာက်ာ္းတစ္ေယာက္ျဖစ္ရဲ့နဲ႔ အရွက္မရိွ.."

ဘာကိုမွ နားမလည္ႏိုင္ျဖစ္ေနခ်ိန္မွာ အနားကို အားအင္ေလးစိုက္ေရာက္လာခဲ့တယ္။
ဘတ္ဟြၽန္း ဘာမွန္းမသိတဲ့ တစ္စံုတစ္ခါကို အနည္းငယ္ရိပ္မိလာပါေတာ့တယ္။

မဟုတ္မွ ဒီအမ်ိဳးသမီးႀကီးက...

#Heki
#22,12,22

ဒီရက္ပိုင္းမွ စိတ္လက္ညစ္ၫူးစရာေတြမ်ားေနတာမို႔
ကိုယ့္ကိုကိုယ္ေပ်ာက္ဆံုးသြားၿပီလို႔ခံစားရတဲ့အထိ စိတ္ေတြႏြမ္းလ်ေနတာမို႔ စာမေရးႏိုင္ေနတာပါ Babyတို႔ေရ။
တကယ္အရမ္းကို Depression ေတြဝင္ေနတာမို႔ အပန္းမႀကီးရင္ အားအင္ေလးတစ္စံုတစ္ရာ ေဝမ်ွေပးၾကရင္ေကာင္းမွာပါ...

Uni

Mine 34

​မျောလွင့်သွားတဲ့ Dandalian တွေရယ် နှုတ်ခမ်းပါးထက်က နွေးထွေးမှုလေးရယ်။ ဒီနှစ်ဆောင်းမှာ ဒီရင်ခွင်ဆီ ဘတ်ဟျွန်းပြန်ရောက်ခဲ့တယ်။

နူးနူးညံ့ညံ့လေး ထိတွေ့နေတဲ့ အနမ်းဟာ ချိုမြနေတာ ဘတ်ဟျွန်းမငြင်းနိုင်ဘူး။ လေတိုးလာတာနဲအမျှ အေးလာတဲ့ ပတ်ဝန်းကျင်မှာ နှလုံးသားဟာ နွေးနွေးထွေးထွေးလှိုက်ခုံနေတယ်။

တိုးဖွဖွ အတည်ပြုသံဟာ ဘတ်ဟျွန်းနားထဲကို သြရှရှလေးတိုးဝင်လာတယ်

"တကယ် အများကြီးလွမ်းနေခဲ့တာ"

ဘတ်ဟျွန်းပြိုလဲခဲ့တဲ့ ၇ နှစ်တာဟာ ထိုစကားသံမှာ မှေးမှိန်သွားပါတယ်။
ညရဲ့ပြုစားမှုကြောင့်လား
ဒါမှမဟုတ် ဝဲလွင့်နေတဲ့ dandalian တွေကြောင့်လား

"အိမ်ပြန်စို့..."

"အင်း.."

လက်ဖဝါးထဲကို ထည့်ပြီးပိုင်နိုင်စွာဆုပ်ကိုင်လိုက်တဲ့အခါ လုံခြုံမှုဟာ ဟိုးအရင်အချိန်တွေတုန်းက အတိုင်း

"ကိုယ့်ကို မင်းရဲ့ ၇ နှစ်တာကို မျှဝေပေးမလား..."

"တစ်ခုပဲ သိချင်တာ ချန်း
တကယ် အဲ့ဒီတစ်ခုလေးပဲ ဖြေပေးပါ."

"..."

"ဘာလို့ တစ်ခါလေးတောင် မဆက်သွယ်ခဲ့တာလဲ..."

တိတ်ဆိတ်သွားတဲ့ လေထုမှာ ချန်းယောလ်ခြေလှမ်းတွေပါ ရပ်တန့်သွားတယ်။ မှောင်လာတဲ့ ညဦးယံဟာ ပင်လယ်ဒေသမို့ လေတိုးသံတွေထိ သိသိသာသာကြားနေရတယ်။

အသက်ရှုသံတစ်ခုသာ ကြီးစိုးနေတဲ့ ညရဲ့တိတ်ဆိတ်ခြင်းသာ ပကတိ ကြီးစိုးနေတယ်။

"တောင်းပန်ပါတယ်"

လေထုဟာ ဒီလေါက်နဲ့ပဲ ထပ်မံငြိမ်သက်သွားပြန်တယ်။ အမေးစကားသံတွေ ထပ်ထွက်မလာတော့သလို ဖြေရှင်းချက်တစ်စုံတစ်ရာလည်း မရှိခဲ့တော့ဘူး။ ကျောက်စရစ်လမ်းလေးထဲ ဖိနပ်သံ တစ်လျှပ်လျှပ်သာ ရှိနေလေတော့တယ်။

*******

ဘေးဘက်မှာ အိပ်မောကျနေတဲ့ အမျိုးသားငယ်ဟာ မျက်ရည်စတွေနဲ့။ ဘယ်လောက်ထိ နှလုံးသားနုလွန်းတဲ့ ကောင်လေးမှန်း ချန်းယောလ်အသိဆုံး။ ဘယ်လိုပင် မာကျောပြနေလဲ အဲ့ဒီနှလုံးသားလေးမပြောင်းလဲနိုင်မှန်းတော့ ချန်းယောလ်ယုံကြည်တယ်။

မင်းကိုယ်မင်း အပြစ်ပြန်မတင်လောက်တော့တဲ့ အခြေအနေလောက်ကျရင် *တောင်းပန်ပါတယ်* ဆိုတဲ့အစား မင်းလိုချင်တဲ့ ဖြေရှင်းမှုလေးပေးပါ့မယ်။

နဖူးစက ဆံနွယ်လေးတွေ ပင့်တင်ပေးလိူက်ရင်း နဖူးလေးကို မြတ်မြတ်နိုးနိုး ကြင်နာမိတယ်။ ဒီအမျိုးသားလေးဟာ နောက်တစ်ဖန် သူ့ဆီကို ပြန်လည်ရောက်လာဖို့ ကံကြမ္မာက မျက်နှာသာပေးလိုက်ပါတယ်။

အတိတ်တစ်ခုကို ပြောင်းလဲလို့မရနိုင်တဲ့အခါ ချန်းယောလ်က အနာဂတ်တွေလှဖို့ကိုပဲ ဦးတည်တယ်။

ချန်းယောလ်ရဲ့ အနာဂတ်ဆိုတာဟာ ဒီအမျိုးသားနဲ့ နိုးထရတဲ့ မနက်ခင်းတိုင်းကို ရည်ညွှန်းပါတယ်။

ပိုက်ထွေးထားတဲ့ တစ်ဘဝစါချစ်ခြင်းမေတ္တာလေးရယ်။ လှိုက်ဖြာနေတဲ့ နေခြည်ခြည်နွေးနွေးရယ်။

အနာဂတ်မှာ ဘာဖြစ်ချင်လဲဆိုရင်
ဗြောင်ဘတ်ဟျွန်းရဲ့ အမျိုးသား အိမ်ဦးနတ်သာ ဖြစ်ချင်ပါတယ်လို့ ချန်းယောလ်က ဖြေမယ်။

ချန်းယောလ်ရဲ့ အနာဂတ်လေးဟာ ကြည်စင်စွာ အိပ်စက်နေဆဲဖြစ်တယ်။

အနည်းငယ်လူးလွန့်လာတဲ့ ကိုယ်လေးနဲ့ အိပ်မှုန်စုံမွှားနိုးထလာတဲ့ မျက်နိုးဖွယ်ရာလေးဟာ ခွေးစုတ်ဖွားလေးတစ်ကောင်လို ချစ်စဖွယ်။

"ဘယ်ချိန်ရှိပြီလဲ..."

အိပ်ချင်မူးတူးသံလေးဟာ ကမ္ဘာပေါ်က ဆည်းလည်းသံတိုင်းထက် သာယာပါတယ်လို့ ပြောရင် လက်ခံလိုက်ပါ။

ပွယောင်းယောင်းဆံနွယ်တွေ ရှုပ်ခါနေတာဟာ မနက်ခင်းသစ်ရဲ့ ပန်းချီလို့ကျွန်တော်ပြောရင် မငြင်းပါနဲ့။

မျက်ဝန်းမှေးမှေးလေးတွေ မပွင့်တစ်ပွင့်ဖြစ်နေပုံဟာ ပန်းတွေထက်ကို ပိုလှတယ်လို့ ကျွန်တော်ပြောတဲ့အခါ ယုံလိုက်ပါ။

ချစ်ခြင်းမေတ္တာဟာ အဲ့သလို ဆန်းကြယ်တယ်ဆိုတာ အမှန်ပါ။

"ဟင် ချန်း...
ဘယ်ချိန်ရှိပြီလဲလို့..."

အတွေးထဲ ကနေ ရုန်းထွက်ခဲ့ဖို့ စကားသံလေးတွေ အဖော်ပြုတဲ့အခါ စားပွဲပေါ်က ဖုန်းလေးကို လှည့်ယူလိုက်တယ်။

Screen ပေါ်မှာ ပေါ်နေတာ ၈:၃၀

"8:30 ပြီး ဟျွန်းနီး..."

"အင်းးးး ထရတော့မှာပဲ
နောက်တောင်ကျနေပြီ "

ပျင်းကျောလေးဆွဲပြီး ညည်းညည်းညူညူလေးပြောသံဟာ အိမ်ရှင်မလေးတစ်ယောက်လို အထင်မှားလာစေတယ်။ ဒီပုံစံသာဆို ချန်းယောလ်မှာ ယဉ်ယဉ်လေး ရူးရပါတော့မယ်။

အားမလိုအားမရ ဖြစ်ညစ်လိုက်ချင်စိတ်ကို အတင်းပြန်ထိုးထည့်ထားလိုက်ရင်း ချန်းယောလ်က အိပ်ရာကနေထရတယ်။ ဒီလိုမနက်ခင်းတွေသာဆိုရင် ဘယ်အရာမှ မရချင်တော့ပါဘူး။ မနက်ဖြန်တိုင်းရဲ့ မနက်ခင်းတိုင်းမှာ ဒီလိုနိူးထခွင့်နဲ့ဆိုရင် ဘယ်လိုအရာမျိုးကိုမှ သူထပ်ပြီးမတောင်းဆိုတော့ပါဘူး။

ရက်တ္တပတ်ကုန်လွန်ပြီးတဲ့အခါမှာ ချန်းယောလ်တို့ လေငြိမ်နေတဲ့ ကမ်းစပ်လေးဆီ လှိုင်းလုံးတွေ ရိုက်ခတ်လာတော့တယ်။

ပုံမှန်ညနေခင်းတစ်ခုထဲ ဘတ်ဟျွန်းက အိမ်ရှေ့မှာ လီလီတွေကိုရေလောင်းနေတယ်။ ဦးလေးကတော့ အပြင်သွားစရာရှိလို့ဆိုပြီး မနက်ခင်းထဲက သွားလိုက်တာ ပေါ်မလာသေး။
ချန်းယောလ်ရဲ့ စက်ပိတ်ထားတဲ့ ဟန်းစက်လေးဟာ အိပ်ရာဘေးက အံဆွဲလေးထဲငြိမ်သက်စွာ။

ချန်းယောလ်က အိပ်ခန်းရဲ့ပြတင်းတံခါးကနေ ထိုအမျိုးသားလေးရဲ့ ပုံရိပ်ကို ငြိမ်ငြိမ်လေးငေးနေတယ်။

ဘတ်ဟျွန်းရှေ့မှာ တိတိပပရပ်တန့်သွားတဲ့ ဖိနပ်တစ်ရံ။ ခြေဦးထိပ်မှာတောင် ဖုန်တင်မနေတဲ့ အကောင်းစား ဒေါက်ဖိနပ်တစ်ရံ။

"ဖြန်း"

*ဒေါက်*

လက်ဖဝါးတစ်ဖက်နဲ့ ပါးပြင်တစ်ဖက် ရိုက်ခတ်လိုက်သံမှာ ရေအနည်းငယ်ကျန်နေသေးတဲ့ ရေကရားလေးဒေါက်ခနဲ မြည်အောင် မြေပေါ်ကျဆင်းသွားတယ်။ ပြီးတော့ ဖိတ်စင်ကျသွားတဲ့ရေစက်တွေဟာ ဟိိုဟိုဒီဒီပျံ့ကျဲ စီးဆင်းသွားတယ်။

နောက်နားဆီက ပြေးလွှားလာသံတစ်လျှပ်လျှပ်ကြားမှ ဘတ်ဟျွန်းဟာ ပါးပြင်တစ်ဖက်နာကျင်သွားမှုကို သတိရတယ်။ သူမှားခဲ့ဖူးလို့လဲ...

"ငါ့သားကို မင်းဘယ်လိုတောင် ပြုစားထားသလဲ  ဟမ်...
ယောကျာ်းတစ်ယောက်ဖြစ်ရဲ့နဲ့ အရှက်မရှိ.."

ဘာကိုမှ နားမလည်နိုင်ဖြစ်နေချိိန်မှာ အနားကို အားအင်လေးစိုက်ရောက်လာခဲ့တယ်။
ဘတ်ဟျွန်း ဘာမှန်းမသိတဲ့ တစ်စုံတစ်ခါကို အနည်းငယ်ရိပ်မိလာပါတော့တယ်။

မဟုတ်မှ ဒီအမျိုးသမီးကြီးက...

#Heki
#22,12,22

ဒီရက်ပိုင်းမှ စိတ်လက်ညစ်ညူးစရာတွေများနေတာမို့
ကိုယ့်ကိုကိုယ်ပျောက်ဆုံးသွားပြီလို့ခံစားရတဲ့အထိ စိတ်တွေနွမ်းလျနေတာမို့ စာမရေးနိုင်နေတာပါ Babyတို့ရေ။
တကယ်အရမ်းကို Depression တွေဝင်နေတာမို့ အပန်းမကြီးရင် အားအင်လေးတစ်စုံတစ်ရာ ဝေမျှပေးကြရင်ကောင်းမှာပါ...

Continue Reading

You'll Also Like

1.6M 57.2K 29
"how have you never held a gun before?" - DISCLAIMER: profanity, homicide, organized crime - #1 in chan | january 8, 2020 #1 in felix | september 11...
308K 9.5K 40
"Kookie i'm sorry ,I promise to never hangout or look at any body else the way I look at you " #topkook #bottomtae
1.1M 44.3K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
4.6K 361 7
အချစ်ကဘာလဲလို့မေးရင်ယူဂျင်းအတွက်ကတော့ဘာမှပြောစရာမရှိပဲနာကျင်ရတဲ့အရာပါပဲ နာကျင်ရမှန်းသိ‌တာ‌တောင်ချစ်ခဲ့တာလည်းယူဂျင်းကိုယ်တိုင်ပဲမလား.....