ခမ်းနားသောချစ်ခြင်း (Complete)

By MoonDaIm

448K 9.5K 47

Fb က ဟာကိုကြိုက်လို့ပြန်ပြီး ကူးယူတင်ထားပါနော် မူရင်း Author ကို credit ပေးပါတယ်နော် More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66
Part-67
Part-68
Part-69
Part-70
Part-71
Part-72
Part+73
Part-74
Part-75
Part-76
Part-77
Part-78
Final Part

Part-31

4.6K 106 0
By MoonDaIm

💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-31)💜💜💜

ဘေဘီနဲ့နေ့လည်စာမစားခင်ကရော စားပီးကတည်းကရော ဘေဘီထိုင်တဲ့sofaပေါ်မှာထိုင်ပီး စားပွဲပေါ် laptop နှစ်လုံးတင်ပီး ဖိုင်တွဲတေအများကြီးနဲ့ ဦးတောက်လျှောက်အလုပ်တေ လုပ်နေရတာ

"ဦး ဘေဘီပြန်တော့မယ်လေ ဦးလဲအလုပ်ရှုပ်နေတာ"

"အတန်းချိန်မရှိဘူးမလား နေပါဦးခလေးရဲ့ ပျင်းနေပီလား ဦးဒါလေးပီးရင်ပီးပီ"

"မပျင်းပါဘူး ဦးအလုပ်ရှုပ်နေလို့ ဘေဘီရှိရင်ပိုရှုပ်နေမှာစိုးလို့"

"ဘာလို့ ရှုပ်ရမှာလဲ ခလေးရှိလို့ ဦးအလုပ်လုပ်ရတာ ပိုစိတ်ကြည်တာ မဟုက်ရင် ဒီလိုပုံမျိုးနဲ့ဆို ဝန်ထမ်းတေအကုန်အော်ခံထိပီးပီ"

"ဟီး အင်းပါ"

"အား ကျစ်"

"ဘာဖစ်လို့လဲ ဦး တချိန်လုံးခေါင်းပဲနှိပ်နေတယ်"

"ခေါင်းကိုက်နေတာ မနက်ကတည်းက အာရုံစိုက်စရာတေတအားများနေလို့ထင်တယ်"

"ဘေဘီနှိပ်ပေးရမလား"

"နေပါဗျာ လက်သေးသေးလေးတေနာနေပါ့မယ်"

"မနာပါဘူး နှိပ်ပေးမယ် အာ့တေခဏရပ်ပီး လှဲလိုက် ခေါင်းအုံးလေးသွားယူပေးမယ်"

ထလိုက်တဲ့ဘေဘီ့ကို လက်ကပြန်ဆွဲချပီ

"ခဏ မယူနဲ့ ပြန်ထိုင် ခလေးပေါင်ပေါ်မှာပဲအိပ်တော့မယ်"

"ဦး ခေါင်းခဏကြွပါဦး ဘုန်းနိမ့်လိမ့်မယ် ထ"

"မနိမ့်ပါဘူး ယောက်ျားနဲ့မိန်းမ ပက်သတ်မှုတေမှာ ဘုန်းနိမ့်တာမရှိဘူး"

"ဟုက်ဘူးလေ"

"ငြိမ်ငြိမ်နေကွာ ဦးခေါင်းကိုက်နေတယ်"

"အင်းပါ ခဏမှေးလိုက် ဘေဘီနှိပ်ပေးမယ်"

"ရပါတယ် မနှိပ်ပါနဲ့ဆို လုပ်ပေးချင်သပဆို ဦးခေါင်းလေးကိုသပ်ပေးနေ"

"ဟွန်း ခလေးကလုပ်ချင်သေး"

ဆူပုတ်ပုတ်ပြောရင်း ပေါင်ပေါ်ကခလေးကြီးရဲ့ခေါင်းကို ဖွဖွလေးသပ်ပေးနေသည်

"ဦးငယ်ငယ်က ဦးမေမေက ဒီလိုလေးသပ်ပေးလား"

"ဟင့်အင်း ဦးမှာအမေဆိုတာမျိုးမရှိဘူး ဂရုစိုက်ယုယမှုဆိုတာလဲ ခလေးတယောက်ထဲဆီကပဲ ရဖူးတယ်"

ဘေဘီဦးအားသနားမိသွားပြန်သည် ဦးနားမှာနေလေ ဦးဘဝကအရမ်းအထီးကျန်ခဲ့မှန်း ပိုသိလာလေ

"ဟင်းး အင်းပါ အခုအရမ်းပင်ပန်းနေလား ဘေဘီ့အသဲကြီး"

"အင်း ခေါင်းအရမ်းစားတယ် လုပ်ငန်းတေအများကြီး ဦးခေါင်းပေါ်မှာအကုန်ပိနေတာ"

"သနားပါတယ် မလုပ်ရင်ရော မရဘူးလား"

"မရဘူးလေ ဒယ်ဒီကဘာမှလုပ်နိုင်တော့ဘူး ဦးပဲအကုန်လုပ်နေရတာ"

"သူများတေလွှဲထားရင်ရော"

"လွှဲထားလဲ နောက်ဆုံးကိုယ်ပဲပြန်စီစစ်ရတာလေ
သူများတကာကိုအကုန်လွှဲထားရင် လုပ်ငန်းကမတိုးတတ်ပဲနေမှာပေါ့ ခလေးရဲ့"

"အင်းပါ နားလိုက်ဦးခဏ"

"သီချင်းဆိုပြပါလား ခလေး"

"ဘာသီချင်းဆိုပြရမလဲ"

"အင်းးးး ချစ်နေဖို့ Ar-T"

"အင်း ဆိုပြမယ် အာ့ဘယ်ကစတာ"

"မင်းအလင်းရောင်မှာ"

"အော် အင်း သိပီ သိပီ"

🎶မင်းအလင်းရောင်မှာ ဒီကမ္ဘာကြီးလင်းတယ်
မင်းစကားသံဟာ ဒီကမ္ဘာရဲ့သီချင်းပဲ🎶

🎶မင်းဆေးရောင်နဲ့ ကမ္ဘာတခွင်လုံးဆေးခြယ်
မင်းအတွက်ကဗျာတွေ ကမ္ဘာနဲ့ရင်းရေးဖွဲ့🎶

🎶မင်းနှင်းတွေရယ် အရာရာတိုင်းလွှမ်းခြုံတယ်
မင်းမြစ်ပြင်ကျယ် စုံဆန် ငါရွက်လွှင့်ခဲ့🎶

🎶အချစ်တခုကို  ဒီလိုမျိုးကိုးကွယ်ဆဲ🎶

🎶မင်းလေးမြင်နိုင်မှာပါ အချစ်ရေ
ကိုယ်ရဲ့ရင်ထဲ ဝင်ခွဲ မြင်လှည့် မင်းအတွက်ဆို🎶

🎶ဘဝကို ပုံပေးလဲ မလုံလောက်သေးပဲ🎶

🎶မင်းအတွက်ဆို…ဒီ့ထက်ပိုကိုယ်ကပေးဆပ်ချင်လို့🎶

🎶ကမ္ဘာတခုလုံး....... ရေမြေဆုံးအကုန် မင်းစိတ်ကြိုက်သုံး🎶

🎶ကိုယ့်ရဲ့အသက်ရှင်ခြင်းဆိုတာလဲ
အချစ် မင်းလေးတယောက်ကို ဆက်ပီး ချစ်နေဖို့🎶🎶🎶🎶

ပေါင်ပေါ်ကနေ ဘေဘီ့မျက်နှာကိုမော့ကြည့်ကာ ဘေဘီဆိုတဲ့သီချင်းကို အတူလိုက်ဆို နေတဲ့ဦး

ရုံးခန်းထဲမှာ အချစ်တေပြည့်နှပ်နေတဲ့ သီချင်းသံလေးနှစ်သံက ဖုံးလွှမ်းနေသည်

"ဒီသီချင်းက ဦးအသံနဲ့ပိုလိုက်တာ"

"အဟက် ဦးကခလေးကိုအဲ့သီချင်းထဲကလို ချစ်တာကိုး"

"ဟီးဟီး ဘေဘီဦးနားက မခွာနိုင်တဲ့တချက်ကလေ
ဦးကဘေဘီ့ကို သိပ်ချစ်တဲ့အကြောင်း ပုံစံအမျိုးမျိုးနဲ့ပြောတတ်တယ်"

"အရမ်းချစ်လို့ပေါ့ ချစ်လို့ချစ်တဲ့အကြောင်းပါးစပ်ဖျားထဲကမချပဲပြောနိုင်တာ"

"နောက်ပိုင်း ဦးအလုပ်တေအရမ်းများလာပီး ဘေဘီ့ကို အချိန်မပေးနိုင်ရင်တောင် ချစ်တယ်ဆိုတဲ့စကားလေးတော့မပြက် မကွက်ပြောပေးနော်"

"ဟြေပေးမှာပေါ့ ဒါမဲ့အလုပ်များလဲ ခလေးကို အချိန်ပေးမှာ ခလေးကဘယ်လိုအရာနဲ့ယှဉ်ယှဉ် ဦးအတွက်ပထမဦးစားပေးပဲ"

"တဖြေးဖြေး ချုပ်ဆေးကြွေးတဲ့သူကဦးဖစ်လာပီနော်"

"ခလေးလေး ကိုလှုပ်မရအောင်ကို ချုပ်ဦးမှာ"

"ဟီးး ဒါနဲ့ခေါင်းကြည်သွားပီလား"

"အင်း ကြည်သွားပီ"

" black coffee ချဉ်ချဉ်လေးတခွက်လောက်ထပ်သောက်လိုက် ပိုကြည်သွားအောင်"

"ဟုက်တယ်နော် ဖျော်ခိုင်းလိုက်ဦးမယ်"

ပြောရင်းစားပွဲပေါ်ကဖုန်းက်ုလက်လှမ်းလိုက်တော့

"နေနေ ဘေဘီဖျော်ပေးမယ်"

"ခလေးကဖျော်တတ်လို့လား"

"ဟင် အထင်သေးလို့ coffeeနှပ်ထားတဲ့ထဲသံပုရာသီးညှစ်ထည့်ရုံပဲကို"

"အဟက် အထင်သေးတာမဟုက်ပါဘူးဗျာ
ဟော့ဒီခလေးသေးသေးလေးကိုမခိုင်းရက်လို့"

"အဲ့လောက်အကဲမပိုရဘူးလေ ဘေဘီလဲလူပဲ လုပ်နိုင်သလောက်တော့ လုပ်ရမယ်"

"အဟက် ဟုက်ပါပီ ဒေါ်အတတ်လေးရယ် ဦးအကဲပိုကြီးအတွက် black coffeeတခွက်သွားဖျော်ကြမယ် လာ"

"အွန်း"

"MD ဒီဖိုင်လေးတချက်လောက် စစ်ပေးပါရှင်"

"အင်း စားပွဲပေါ်တင်ထားလိုက် ပီးမှလုပ်မယ်"

"ဦး အလုပ်လုပ်နေ ဘေဘီ အရှေ့ကအမတယောက်ယောက်နဲ့ သွားလိုက်မယ်"

"အာ ဦးလိုက်မယ်"

"ဦးနေမင်းသင်္ကေတ"

"ဗျာ"

"အလုပ်ကအရေးကြီးလား ဘေဘီကအရေးကြီးလား"

"ခလေးလေ"

"ဟာ ဟုက်ဘူးလေ အာ့ဆို black coffeeနဲ့အလုပ်"

"black coffee"

"ဟာ သေတော့မယ် ဒီလူကြီးတော့ အလုပ်ကအရေးကြီးတယ် အလုပ်လုပ်နေ လိုက်ရဲလိုက်လာကြည့် အပြက်ပဲ ဟွန့်"

"ဟုက်ပါပီ ခြိမ်းခြောက်သေးတယ် အလုပ်လုပ်ပါ့မယ် ကိုယ့်ဖာသာကြွပါမမလေး"

"ပီးရော သွားပီ"

"တကတည်း သူ့စိတ်မချလို့ လိုက်မယ့်ဟာကို အခုကတည်း အလုပ်ပဲဖိခိုင်းချင်နေတယ် ဟောက်လိုက်တာလဲလွန်ရော လူကြည့်တော့ပိစိလေးနဲ့"

"ဘာပြောတယ်!!!!"

"ဟမ် ဘာမှပြောဘူး ဟီး သေချာသွားနော်ခလေး"

"ဟွန်း အဖိုးကြီးနော် အတင်းကတုတ်သေးတယ်"

အံမယ်လူများအဖိုးကြီးတဲ့
ပွစိပွစိပြောကာ ခြေဆောင့်ပီးထွက်သွားတဲ့ ခလေးမလေးအား အနောက်ကကြည့်ကာ တခွိခွိရီနေမိတယ်
ဒီခလေးမလေး တဖြေးဖြေး သူ့ကိုပိုပိုပီး နိုင်စားလာတာ
ဒါလေးကိုပဲဒီလူကြီးက အသဲယားပီး အချစ်တေပိုနေရတာ

ဦးရဲ့ရုံးခန်းရှေ့အလုပ်ခန်းက အတွင်းရေးမှူးအမတယောက်နဲ့ ကော်ဖီဖျော်ဖို့လိုက်လာသည်

"အမ ဒီအခန်းက coffee ဖျော်တာလား"

"ဟုက်တယ် ဘေဘီလေး အအေးတို့ ဘာတို့လဲဒီမှာဖျော်တာပဲ"

"အင်း ခုံတေလဲအများကြီးနော် canteenလိုပဲ"

"အင်း ဒီနေရာက tea time ဆိုဒီအထပ်ကဝန်ထမ်းတေထိုင်ဖို့လေ ကော်ဖီ အအေး လက်ဖက်ရည် ရေနွေးကြမ်းနဲ့အဆာပြေမုန့်တေအားလုံးရှိတယ် MDကိုယ်တိုင်စီစဉ်ခိုင်းထားတာ သရေစာ နေကြာစေ့တို့ အချဉ်ထုပ်တို့စားပီးစကားများတာတော့ MDကမကြိုက်ဘူး"

"အင်း ဦးကမဆိုးဘူးနော် စည်းကမ်းကြီးပီ နဲနဲဒေါသကြီးပေမယ့်"

"ဟုက်တယ် MDက ဝန်ထမ်းတေအတွက် အရမ်းစဉ်းစားပေးတတ်တယ် အမတို့ ဒီမှာလုပ်ရတာ အကျိုးခံစားခွင့်တေလဲ အများကြီးရတယ် ပီးတော့ အမှားမလုပ်ရင်MDကမဆူပါဘူး အမတို့ကသာ ရှာကြံပီးကြောက်နေရတာ MD့အကြည့်နဲ့လေသံကို"

ဟီးး ဒီလောက်ငပေါကြီးကို

ဘေဘီစိတ်ထဲကပဲပြောလိုက်တာပါ ဦးအပေါ်အရိုအသေလျှော့ကြမှာစိုးလို့

"ကော်ဖီ ရတော့မှာလားမသိဘူး"

"အင်း ရပီ ထင်တယ် အမလုပ်ပေးမယ်"

"ဟင့်အင်း ဘေဘီလုပ်ပါ့မယ် ခလုတ်လေးဖိပီး ခွက်လေးခံရုံပဲကို"

"အပူလောင်ရင် MDဆူဦးမယ်"

"စိတ်ချ မလောင်စေရဘူး အမအဲ့နားလေးမှာ ငြိမ်ငြိမ်လေးကြည့်နေပေး ဟီးဟီး"

ချစ်စရာကောင်းလိုက်တဲ့ ခလေးမလေး ခဏလေးစကားပြောရင်ကို အပြုံးလေးနဲ့လေသံချိုချိုလေးထဲမှာပျော်ဝင်မိကြတာ လူတိုင်းပါ

"အမသံပုရာသီးနဲ့ဓားလေးပေးပါလား"

"…"

"အမ အမ"

"ဟင်"

"အော် ဘေဘီ့ကို သံပုရာသီးနဲ့ဓားလေးပေးပါဆို ဘာတေငေးနေတာလဲ အဟီး ရှက်တောင်လာပီ"

"အော် ဆောရီး ဆောရီး ဘေဘီလေး ဒီမှာ ရော့"

"ပေး"

"အမလှီးပေးရမလား"

"အမလေး သံပုရာသီးလှီးတာများ ဒီလိုလေးလှိမ့် ပီးရင်ဒီလိုလေးလှီး"

"ဟုက်ပါပီ"

"အားးးး!!! "

Continue Reading

You'll Also Like

6.2K 734 42
သစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာ...
1.1M 88.9K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.3M 43.7K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd