သူမ မှ တစ်ပါး

Por SummerMaung

546K 14K 315

တစ်ခါတစ်လေ Exတွေပြန်လာတယ်ဆိုတာ ကိုယ့်ရဲ့နံရိုးပိုင်ရှင်ဖြစ်လို့မဟုတ်ဘဲ ကံကြမ္မာက နင်အရင်လိုကျပ်မပြည့်တုန်းပဲ... Más

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41 (ဇာတ်သိမ်း)

Part 17

10.3K 310 5
Por SummerMaung

💞 Part - 17 💞
~~~~~~~~~~~~~~

"မင်္ဂလာပွဲမှာ ငါတို့Mask partyလေးလုပ်ရအောင်"

မ စကားစလာတော့ သူကျောချမ်းသွားပြီး ခေါင်းကိုပြုတ်ထွက်မတတ် ခါရမ်းပြလိုက်သည်။
သို့သော် မ က သူ့ကိုမကျေမနပ်ကြည့်ကာ သူ့ခေါင်းကို လက်နှစ်ဖက်နှင့်ညှပ်ယူပြီး ညိတ်အောင်လုပ်ပေမယ့် သူက တောင့်ထားလိုက်ပြီး နည်းနည်းလေးမှ မညိတ်စေရ။
သူ့ရဲ့ချစ်လှစွာသော မ,သည် ပြဿနာကို မီးထွန်းရှာတတ်သော အမျိုးသမီးလေးမလား...

"နင်ကလည်း"

"တော်.. တော် မ.. နင့်ကိုယုံစားမိလို့ နေသာနဲ့ငါ ဒီအခြေအနေထိရောက်သွားတာ"

"အော်ဟော်.. ကောင်းစားစေချင်လို့ ဇိကုပ်ပြီး နတ်ပြည်တင်ပေးလိုက်တာကို ကျေးဇူးကန်းနေတယ် ကြည့်စမ်း Seaစုတ် ငါဖန်တီးပေးလိုက်တဲ့ အခုအခြေအနေမှာ နင်ကစိတ်ဆင်းရဲနေရလို့လား"

"အဲ့ဒါကတော့.."

မရဲ့စကားကြောင့် နေသာက တခစ်ခစ်ရယ်ကာ သူ့လက်မောင်းကိုဖက်ရင်း ရင်ခွင်ထဲတိုးဝင်မှီနွဲ့လာသည့်အခါ ရင်ထဲကြည်နူးသွားမိသည်။
သို့သော် မကြာလိုက်...

"Baby ငါတို့Mask partyလုပ်ရအောင်ပါ"

နေသာ့ကိုခေါ်လိုက်တာ Babyတဲ့...
သူစိတ်တိုသွားရပြီး သူမကိုဖက်ထားသည့် မ,လက်တွေကိုဖယ်ထုတ်ပစ်ကာ နေသာ့တစ်ကိုယ်လုံးမြှုပ်သွားအောင် ပွေ့ဖက်ပစ်လိုက်သည်။
မ,သည် ဒါကိုပဲအလွန်မြင်ပြင်းကတ်သွားဟန်ဖြင့် နေသာ့ကို အတင်းပြန်ဆွဲသည့်အခါ နေသာသည် သူတို့မောင်နှမကြားမှယိမ်းထိုးနေရင်း တခစ်ခစ်ရယ်နေတော့၏။

"Sea နင်နော် အခုမှဖြစ်မနေစမ်းနဲ့ နင်ပလစ်ထားတုန်းက နေသာက ငါ့အချစ်ကလေးပဲဥစ္စာ"

"အဲ့ဒါအရင်တုန်းကကိစ္စ.. အခုဘာမှမဆိုင်ဘူး မရဘူး နင့်ဦးကိုပဲသွားချစ်လိုက် ဒါငါ့မိန်းမ"

"Babyရေ"

"နေသာလို့ပဲခေါ်.. ဘာBabyလဲ မ, နင်တော်တော့ဟာ"

စိတ်တိုတိုဖြင့် မ လက်တွေကိုတွန်းဖယ်ပစ်လိုက်တော့ မ,သည် မျက်နှာလေးမဲ့ရွဲ့သွားရင်း သူ့ကိုမျက်စောင်းထိုးကာ..

"Mask Partyလုပ်ရအောင်ပါ"

"ဟုတ်သားပဲ Seaရယ် အမှတ်တရလေးဖြစ်သွားအောင်လုပ်ရအောင်လေ နော်"

နေသာက သူ့ရင်ဘတ်ပေါ်က အင်္ကျီစကိုဆွဲဆုပ်ရင်း ပူဆာသလိုလေးပြောလာတော့ မ,ကိုပေစောင်းစောင်းကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါမှ လူဆိုးမကပျော်သွားပြီး လက်နှစ်ဖက်ကိုဆန့်တန်းကာ ဟေးခနဲအော်တော့ သူ စိတ်ချသွားပြီး နေသာ့ကိုပြန်လွှတ်ပေးလိုက်မိသည်။

"ငါ့Babyက တော်လိုက်တာ Seaလိုကောင်ကိုတစ်ခွန်းတည်းနဲ့ ခေါင်းညိတ်အောင်လုပ်နိုင်တယ် အရမ်းချစ်.. မွှမ့်💋"

နေသာ့ပါးလေးကို ရှိုက်ခနဲနမ်းပစ်လိုက်၍ သူ ဒေါသဖြစ်သွားပြီး မ,ကိုလှမ်းဆွဲတော့ ဒါကိုကြိုသိနေသည့် မ,က လှစ်ခနဲထပြေးသွား၏။
လျှပ်စီးလက်သလိုလျှင်လွန်းသော အရှုပ်ထုတ်Skyကို သူ မမှီလိုက်ဘဲ လက်ကားယား၊ ခြေကားယားဖြင့် ကျန်နေခဲ့တော့ ဒေါသဖြစ်ဖြစ်နှင့်ကျိန်ဆဲမိတော့သည်။
နေသာကတော့ သူ့ကိုကြည့်ရင်းရယ်နေ၍ ထိုပါးလေးကို သေချာငုံ့ကြည့်ကာ နှုတ်ခမ်းနီအရာပါးပါးလေးထင်နေသည်ကို လက်ဖဝါးနှင့်ဖိပွတ်ပေးပြီး ငုံ့နမ်းပစ်လိုက်သည်။

"မှတ်ထား ဒါ ငါ့ပစ္စည်း"

"အင်း"

"ကိုင်းကိုတောင်အထိမခံနဲ့ ကြားလား"

"နင်ကလည်း"

"ဘာလဲ မရဘူးနော် ငါခွင့်မပြုနိုင်ဘူး ငါပဲထိမယ်"

ညစ်ကျယ်ကျယ်ဖြင့် ချုပ်ချယ်လိုသော ဤစကားအဆုံးမှာတော့ သူမ မျက်စောင်းထိုးလေ၏။

💞💞💞💞💞💞

"ဆရာ ဒီစာချုပ်မှာ လက်မှတ်.."

"ရှူး!"

အသံတိတ်နေဖို့အချက်ပြလိုက်သည်နှင့် ကျော်စွာက ပါးစပ်ပိတ်သွားကာ ရင်ခွင်ထဲမှာအိပ်ပျော်နေသော ချာတိတ်လေးကို တစ်ချက်ငုံ့ကြည့်မိသည်။
သူမလေး အိပ်ပျော်နေမှန်း သေချာသွားတော့မှ စာရွက်လှမ်းပေးဖို့အသံတိတ် အချက်ပြလိုက်ကာ ကျော်စွာကလည်း ခြေသံဖွဖွဖြင့် သူ့အနားကပ်လာ၏။

"ဒါပဲလား"

သူ့ကိုစ,နောက်လိုပုံရသော ကျော်စွာက ခေါင်းကိုသာညိတ်ပြတာမို့ အံကြိတ်ပြရင်း လက်သီးထောင်ပြလိုက်၏။
ထိုအခါ ဒင်းက ကလေးချော့သိပ်နေဟန်ပြန်လုပ်ပြတာမို့ စာရင်းစာအုပ်ဖြင့်ပေါက်ဖို့ပြင်တော့ ကျော်စွာက ခြေဖျားထောက်ပြီးပြန်လှည့်ပြေးသွားသည်။

သူ့မှာတော့ ကိုင်းကိုနိုးသွားမှာစိုးသည့်စိတ်ဖြင့် စကားကိုလည်းအကျယ်ကြီးမပြောရဲသလို Keyboardကိုတောင် အသာလေးရိုက်နေရသည်အထိ။
လူဆိုးမလေးက သူ့ရင်ခွင်မှာမျက်နှာလေးအပ်ပြီး ဆိုဖာပေါ်မှာ ကွေးကွေးလေးဆက်အိပ်နေခဲ့သည်။

"ဟိုဘက်မှာ မွေ့ရာရှိတယ် သက်သောင့်သက်သာသွားအိပ်ပါ"

ဆိုတော့လည်း ခေါင်းလေးခါပြီး သူ့ကိုအတင်းဖက်တွယ်ကာ မရမကအိပ်သွားခဲ့သည်။
အလိုလိုက်မှန်းသိလာလေ သူမဟာအနိုင်ယူဗိုလ်ကျလာလေ...

"ဦး"

အိပ်ချင်မူးတူးအသံလေးဖြင့် မျက်လုံးလေးတွေဖိပွတ်လာတော့ လုပ်လက်စအလုပ်တွေဖယ်ထားလိုက်ပြီး ဆံပင်လေးတွေသပ်ပေးလိုက်၏။
သူမက အိပ်နေရာမှမထသေးဘဲ လည်ပင်းကိုသိုင်းဖက်လာကာ...

"အိပ်ချင်သေးတယ်"

"ညဘက် ဘာတွေလုပ်နေလို့လဲ ကလေးရာ ၃ယောက်ပေါင်းပြီးလျှောက်သွားနေတာလား"

"ဟုတ်တယ် ဟီး!"

"ကိုင်းနော် ကိုယ်ဒီလောက်မှာနေတာကို ဂရုမစိုက်ဘူး Seaရဲ့မင်္ဂလာပွဲကျမှ မျက်တွင်းကျနေရင် ဘယ်လိုလုပ်မလဲ မလှတော့ဘဲနေမယ်"

"အဲ့ကျ"

"ညဘက်စောစောအိပ်.. ကိုယ်ဝယ်ပေးထားတဲ့ ပဲနို့ဘူးလေးတွေသောက်"

"ဦးကိုလည်းကိုက်မယ်လေ"

ကလေးစုတ်လေးဟာ သူ့လည်ပင်းကို ဖွဖွလေးဖိကိုက်လာတော့သည်၊
အသည်းယားသွားမိသလို စူးခနဲလည်းဖြစ်သွားသောကြောင့် တစ်ချက်ရယ်လိုက်မိရင်း ကိုင်းကိုပွေ့ချီပြီး ရုံးခန်းအနောက်ဘက်ဝင်လာခဲ့သည်။
တစ်ခါတစ်လေ ရုံးမှာညအိပ်ရတာမို့ အိပ်ခန်း၊ ရေချိုးခန်းကအစ ထည့်ထားတာမို့ ဒါကိုအခုမှသိသောကိုင်းက မျက်လုံးပြူးလေးဖြင့် လိုက်ကြည့်နေ၏။

မွေ့ရာပေါ် အသာလေးတင်ပေးလိုက်ပြီး သူမကိုယ်ပေါ်ကိုအုပ်မိုးထားရင်း နှုတ်ခမ်းတွေကို ဖိနမ်းပစ်တော့ ကိုင်းကမျက်နှာလေးလွှဲပစ်သည်။
သူ့ကျောပြင်ကိုလည်း ထုနှက်ကုတ်ဖဲ့လာ၍ ထိုလက်ကလေးတွေကို ဆွဲမြှောက်ဖမ်းချုပ်ကာ မျက်နှာလွှဲရာဆီကို မရမကနမ်းမိသည်။

"ဦးနော် မနေတတ်ဘူး"

"နေလိုက်ပါ ကိုယ်အသည်းယားနေတာကြာပြီ"

"နာတယ်လို့!"

လည်တိုင်လေးကိုဖိကိုက်တော့ ညည်းသံလေးနှင့်အတူ သူမတစ်ကိုယ်လုံးတွန့်လိမ်သွား၍ ခပ်တိုးတိုးရယ်မိရင်း လက်တွေကိုပြန်လွှတ်ပေးလိုက်သည်။
ထိုအခါမှ သူမက မျက်စောင်းလေးချီကာ...

"သူဆိုးတာကျ အသံမထွက်ဘူး"

ဟု ရွဲ့သလိုလေးပြောလာတော့ ထိုနှုတ်ခမ်းတွေကို အပိုင်သိမ်းကာ ခပ်ပြင်းပြင်းစုပ်ယူနမ်းမိ၏။
ကယောင်ကတမ်းဖက်တွယ်လာသော လက်ကလေးတွေက နှောင်ကြိုးတွေလို ပိုပြီးရစ်နှောင်လာသလို သူမကိုနမ်းနေရင်းနဲ့တောင် အားမရတော့...

"ကိုယ် အဆင့်တက်ရင်ရော စိတ်ဆိုးမှာလား"

"ဟင်!"

"နော်"

ခွင့်တောင်းစကားနှင့်အတူ ကိုင်းရင်ဘတ်ပေါ် ဖိကပ်နမ်းနေသောနှုတ်ခမ်းတွေကြောင့် ရင်တွေလည်းခုန်လာသလို ကြောက်လည်းကြောက်မိသည်။
ဦးက တကယ်ပဲ ကိုင်းကို...

"မိန်းကလေးတစ်ယောက်ကို ထိဖို့ကိုင်ဖို့ဆိုတာ မင်းနဲ့မှဖြစ်လာတာ နှာဘူးကြီးလို့ကျိန်ဆဲချင်ဆဲကွာ ကိုယ်တကယ်မင်းကို နှာဘူးထချင်တယ်"

"ကိုင်းကြောက်တယ်"

"နမ်းရုံလေးပဲနမ်းမယ်လေ နော်.. အဲ့ထက်ပိုပြီး ကိုယ်မယုတ်မာပါဘူး"

ကိုင်းရှက်သွားမိကာ နှုတ်ခမ်းလေးကိုဖိကိုက်ရင်း ခေါင်းညိတ်ပြလိုက်သလား မသဲကွဲတော့ဘဲ ဦးကိုယ်ကြီးကိုသာ တင်းတင်းဖက်ထားလိုက်မိတော့သည်။
Braပေါ်မှအုပ်ကိုင်လာသော ဦးရဲ့လက်တွေကြောင့် ရင်တွေပိုခုန်လာကာ ပြင်းရှသောအနမ်းတွေဖြင့် ဦးက အလိုလိုက်ဖို့မြှူဆွယ်နေခဲ့သည်။

"ချိတ်မဖြုတ်တတ်ဘူးလား ဦးက"

ရှက်နေသည့်ကြားမှ မေးဖြစ်အောင်မေးမိတော့ ဦးက ရယ်လျက်ခေါင်းခါပြတော့ ကိုင်းပါရယ်ချင်သွားမိသည်အထိ။
နေရာတကာမှာတော်ပေမယ့် ဒီနေရာမှာတော့ ဦးဟာ Zeroဖြစ်နေ၍ ကိုင်းကိုယ်တိုင် ချိတ်ဖြုတ်ပေးလိုက်တော့မှ ဦးက နှာခေါင်းရှုံ့ပြကာ...

"ခဏခဏဖြုတ်ရင် လွယ်သွားမှာပါ"

"ဦးနော်"

ကိုင်း နှုတ်ခမ်းလေးစူကာ ဦးရင်ဘတ်ကိုဘုတ်ခနဲထုပစ်လိုက်ပေမယ့် ဦးက ကိုင်းနှုတ်ခမ်းတွေကို ထပ်နမ်းလာ၏။
ရင်ဘတ်မို့မို့မှာ ကျူးကျော်နေသောလက်တွေကြောင့် မနေတတ်သလိုဖြစ်မိပေမယ့် မကြံဖူးသောအထိအတွေ့အသစ်ကြောင့် ရင်တွေလှိုက်မောနေခဲ့သည်။
ထို့အပြင် ရင်သားနုနုကို ငုံထွေးစုပ်ယူသွားသည့် ဦးနှုတ်ခမ်းရဲ့အထိအတွေ့ကြောင့် ဤအထိအတွေ့ကိုမက်မောသွားပြီး ဦးဆံပင်တွေကိုဆွဲဖွလိုက်မိသည်။

"ကိုယ်တို့လက်ထပ်ကြမယ်နော်"

လည်တိုင်ကိုဖိကပ်နမ်းနေရင်း ဦးက ပြောလာသည့်အခါ ဦးရဲ့လေသံတွေဟာ တုန်ယင်လှိုက်မောနေ၏။
ကိုင်း အပြုံးလေးဖြင့် ခေါင်းလေးခါပြလိုက်ကာ ဦးရဲ့မေးဖျားကို ဖွဖွလေးနမ်းပစ်လိုက်ပြီး...

"ယူချင်သေးပါဘူး ကိုင်း ဒီအတိုင်းလေးနေချင်သေးတယ်"

"ကိုယ်ကအသက်ကြီးပြီလေ"

"စောစောကတော့ ကလေးလိုပါပဲ"

"ညစ်ပြီကွာ"

နားရွက်ဖျားတွေရဲသွားသော ဦးက ရှက်ကိုးရှက်ကန်းဖြင့်ရယ်ကာ ကိုင်းနဖူးလေးကို အမြတ်တနိုးငုံ့နမ်းပြီး ဖရိုဖရဲဖြစ်နေသောအင်္ကျီကို သေသေချာချာပြန်ဝတ်ပေး၏။
ပြီးမှ ကိုင်းလက်ဖဝါးလေးကို ဖိဆုပ်ကာ...

"အိပ်ချင်သေးလား"

"ဟင့်အင်း မုန့်စားချင်တာ.. ၅၈လမ်းမှာအသားကင်ကောင်းတယ်တဲ့"

"သွားမလား"

"ဦးက သူစားချင်တာစားပြီးတော့ ကိုင်းစားချင်တာကိုပြန်ကျွေးတာလား"

"ချာတိတ်နော်"

"ချစ်စရာကြီး"

ကိုင်း ရယ်သံလေးဖြင့် ဦးလည်ပင်းကိုသိုင်းဖက်တော့ ဦးက တယုတယပွေ့ချီကာ ကိုင်းဆံပင်တွေထဲမျက်နှာနှစ်ထား၏။
လူပျိုကြီးရှက်နေပုံက အသည်းယားစရာကောင်းသလို ဦးရဲ့ဖြစ်တည်ခြင်းဟာ ကိုင်းအတွက်သီးသန့်ဟု စိတ်ထဲခံယူလိုက်မိတော့သည်အထိ...

💞💞💞💞💞💞

"လှလိုက်တာ နေသာရယ် တကယ်..တကယ်.. Seaမပြောနဲ့ ငါတောင်ကြိုက်ချင်လာပြီ"

အခန်းထဲက မ အသံကြားရလေ၊ စိတ်ထဲမရိုးမယွဖြစ်လာလေမို့ စေ့ထားသည့်တံခါးကို မမြင်ရမှန်းသိပါလျက် ချောင်းမိပြန်သည်။
နေသာအလှပြင်နေတာမို့ သူကအပြင်ထွက်နေရကာ မ,ကတော့ နေသာ့ဘေးနားကနေ ကပ်မြှောင်လုပ်ကာ သူ့စိတ်ကိုလည်းဆွနေသေးသည်။
နေသာလှတာသိပေမယ့် သတို့သမီးဝတ်စုံလေးဖြင့် ဘယ်လောက်ထိလှနေမလဲ သိချင်မိကာ မ အသံတစ်ခါထွက်လာလိုက်၊ တစ်ခါချောင်းမိလိုက်။

"Sea ငါ့သား အေးအေးဆေးဆေးလာထိုင်ပါကွာ မဟုတ်လည်း ခဏနေပြီးတော့မှာပဲ"

ဦးမြဲက နာရီကိုတစ်ချက်ငုံ့ကြည့်ရင်း ပြောလာသည့်တိုင် သူ့မှာမရှက်နိုင်ဘဲ ဗျာများနေမိသည်အထိ။
သတို့သားတိုင်းဒီလိုစိတ်လှုပ်ရှား၊ ဗျာများတတ်ကြသလားတော့မသိ။

"Seaကိုမြင်တော့ ကိုယ်လက်ထပ်ခဲ့တုန်းက အချိန်ကိုတောင်သတိရသွားပြီ"

"ကျွန်တော်မသိလိုက်ဘူး အစ်ကို ပြောပါဦး"

"အဲ့ဒီတုန်းက အိမ်မက်အပေါ်စိတ်မပြေသေးဘူးလေ သူကကိုယ့်ကိုပစ်ပြေးသွားတာကိုး ၂နှစ်လောက်ကြာမှပြန်တွေ့တော့ ငြင်းမရအောင်ချုပ်ပြီး ယူထားရတာ"

"ဦးမြဲတို့က ချစ်ကြတယ်မဟုတ်ဘူးလား အဲ့ဒါကိုဘာလို့"

သူစိတ်ဝင်စားလာ၍ ထမေးလိုက်တော့ ဦးမြဲကခေါင်းညိတ်ပြကာ အခုအချိန်ထိ နေသာနဲ့အပြိုင် ပျိုမျစ်နုနယ်နေဆဲ အန်တီအိမ်မက်ကို မျက်လုံးထဲပြေးမြင်မိ၏။
သူတို့တွေမှာလည်း အကြောင်းကိုယ်စီနဲ့ပါလား...

"သူက UKမှာမနေချင်ဘူးလေ အဲ့ဒီမှာပဲနေမယ် လက်ထပ်မယ်လည်းဆိုရော ထွက်ပြေးသွားတာပဲ တစ်ခါတောင်မဟုတ်ဘူး နှစ်ခါ"

"ငါ့အစ်ကိုက နှစ်ထပ်ကွမ်းစော်ပစ်ကောင်ပဲ အဟေး... ဒုတိယတစ်ခါကရော ဘာလို့လဲ"

"သူ့ကိုတက်ခေါက်မိလို့ကွာ အဲ့ဒီတုန်းက သမီးကိုလွယ်ထားရပြီ ကိုယ်ကမသိဘူး အိမ်ပေါ်ကဆင်းသွားလို့လိုက်ရှာရတာ သူကတော့ပုဂံမှာ သူငယ်ချင်းတွေနဲ့လည်ပတ်နေတာ...
ပြောသေးတယ် ကိုကိုလိုက်လာမှာမှန်းသိတယ်တဲ့"

"ကောင်းပါ့ဗျာ မ,လည်း ကျွန်တော့်ကိုလက်မထပ်ချင်တာမှ ခါးခါးသီးသီးဗျာ နင့်ကိုမုန်းတယ် နင်ကလွဲလို့ဘယ်သူဖြစ်ဖြစ် ဆိုပြီး"

"မေမေကလေ"

"ဟုတ်ပါ့ဗျာ မင်းအမေက သိပ်အသည်းမာတဲ့မိန်းမ ဖေဖေ့ကိုနည်းနည်းလေးမှ မျက်နှာသာမပေးခဲ့ဖူးဘူး ကားအတိုက်ခံလိုက်ရမှပဲ ယုံသွားတော့တယ်"

"ငါနောက်မှပြန်ကြားရတာ အဲ့ဒီတုန်းက မိုးညထွက်ပြေးလို့ မင်းနောက်ကလိုက်ရင်း အတိုက်ခံရတာဆို"

"အင်း... မိန်းကလေးတွေက ဘာလို့ထွက်ပြေးချင်ကြတာလဲမသိဘူးနော် အစ်ကို"

သူ့ရင်ထဲဒိန်းခနဲဖြစ်သွားပြီး အလှပြင်ခန်းကို တံခါးတစ်ချက်ခေါက်ကာ အတင်းတွန်းဖွင့်ပစ်လိုက်သည့်အခါ တအံ့တဩလှည့်ကြည့်လာကြသည့် မေမေ၊ အန်တီအိမ်မက်နှင့် မ...
ပြီးတော့ သတို့သမီးဝတ်စုံဖြင့် သူ့ရဲ့နတ်သမီးလေး...

"နင် ဘာတွေလောနေတာလဲ Seaအစုတ်ပလုတ်ရဲ့ အားလုံးပြီးနေပြီ အချိန်တန်ရင်ထွက်လာလိမ့်မယ်ပေါ့ တကတည်းအမြင်ကိုကတ်တယ်"

"အေးလေဟယ် ဘယ်လိုကလေးမှန်းမသိဘူး"

အားလုံးက သူ့ကိုမကျေမနပ်ပွစိပွစိပြောကြတော့ သူ ရှက်ပြုံး ပြုံးကာ လည်ပင်းကို အကြောင်းမဲ့ပွတ်သပ်နေမိသည်။
သည်းလွန်းသည့်သူ့ကို မ က မျက်စောင်းချီရင်း အလှပြင်ဆရာမနှင့် မေမေတို့ကို ခေါ်ထုတ်သွားသည့်အခါ စိတ်ထဲကျေးဇူးတင်သွားမိသည်။
မ သည် အရှုပ်ထုတ်ဖြစ်ပေမယ့် ဒီလိုလည်း အားကိုးရသေးတာပဲ...

"ခဏနေရင်ပြီးပြီဟာ ဘာလို့ဇွတ်ကြီးဖြစ်နေတာလဲ နင်နော် ရှက်စရာကြီး"

"မဟုတ်ပါဘူး ဖေဖေနဲ့ဦးမြဲ ငါ့ကိုကြပ်လွှတ်လိုက်လို့ပါ နင်ထွက်ပြေးသွားမှာစိုးလို့"

"ဘာလို့ပြေးရမှာလဲ မင်္ဂလာပွဲတောင်ရောက်နေပြီကို ပြီးတော့ငါ့မှာ နင့်ရဲ့ဟိုဟာရှိချင်ရှိနေမှာ"

စူပုတ်ပုတ်လေးပြောလာသည့် နေ့မျက်နှာလေးကြောင့် သူ တအားအော်ရယ်ပစ်လိုက်တော့ သူမကမျက်စောင်းလေးချီသည်။
ဟိုညကကိစ္စကို ပြောနေမှန်းသိကာ သူမကိုယ်သူမ ဘာဖြစ်ထားလဲဆိုတာတောင် မသိဘူးလား...
တကယ်ငအူမလေး...

"ဘာရှိရမှာလဲ ဒီခေတ်မှာ Emergencyဆေးတွေပေါနေတာကို"

"ငါမှမသိတာ ကိုင်းကိုပြောတော့လည်း သူကရတယ်ပဲပြောနေတာ ငါ့မှာနင့်ကြောင့်မို့"

"နေရယ် ငါနင့်ကိုဘာမှမလုပ်ခဲ့ပါဘူး အဲ့ဒီတုန်းက ငါတောင်မေမေလာနှိုးမှ နိုးတာကို ဘာတွေတွေးနေတာလဲ"

သူမမျက်နှာလေးရဲခနဲဖြစ်သွားပြီး သူ့ရင်ဘတ်ကိုထုနှက်ပြီး နှုတ်ခမ်းလေးကိုကိုက်ကာ...

"နင်ရော၊ ကိုင်းရော ညစ်တာပေါ့ အဲ့ဒါဆို"

"ကိုင်းညစ်တာပါ ငါနဲ့မဆိုင်ဘူး သူ့ကြောင့်မို့ဒီလိုဖြစ်သွားတာလေ ငါကအဖြူထည်လေးပါ ဒါပေမယ့်..."

"ဒီညတော့ မဖြူချင်တော့ဘူး"

"နင်နော်"

သူ တမင်ပြုံးစိစိလုပ်လိုက်ပြီး နေသာ့နဖူးလေးကို အမြတ်တနိုးနမ်းလိုက်တော့ ရင်ထဲနွေးခနဲဖြစ်သွားသည်။
ရှက်သွားသည့် သူမမျက်နှာလေးဟာ သူ့ရင်ကိုပိုပြီးအခုန်မြန်စေတာမို့ တယုတယထွေးပိုက်ရင်း နဖူးလေးကိုဒုတိယတစ်ခါ ထပ်နမ်းမိသည်။
အရမ်းချစ်တယ် နေသာ...

💞💞💞💞💞💞

Part 18 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~


💞 Part - 17 💞
~~~~~~~~~~~~~~

"မဂၤလာပဲြမွာ ငါတို႔Mask partyေလးလုပ္ရေအာင္"

မ စကားစလာေတာ့ သူေက်ာခ်မ္းသြားၿပီး ေခါင္းကိုျပဳတ္ထြက္မတတ္ ခါရမ္းျပလိုက္သည္။
သို႔ေသာ္ မ က သူ႔ကိုမေက်မနပ္ၾကၫ့္ကာ သူ႔ေခါင္းကို လက္ႏွစ္ဖက္ႏွင့္ၫွပ္ယူၿပီး ညိတ္ေအာင္လုပ္ေပမယ့္ သူက ေတာင့္ထားလိုက္ၿပီး နည္းနည္းေလးမွ မညိတ္ေစရ။
သူ႔ရဲ့ခ်စ္လွစြာေသာ မ,သည္ ျပႆနာကို မီးထြန္းရွာတတ္ေသာ အမ်ိဳးသမီးေလးမလား...

"နင္ကလည္း"

"ေတာ္.. ေတာ္ မ.. နင့္ကိုယံုစားမိလို႔ ေနသာနဲ႔ငါ ဒီအေျခအေနထိေရာက္သြားတာ"

"ေအာ္ေဟာ္.. ေကာင္းစားေစခ်င္လို႔ ဇိကုပ္ၿပီး နတ္ျပည္တင္ေပးလိုက္တာကို ေက်းဇူးကန္းေနတယ္ ၾကၫ့္စမ္း Seaစုတ္ ငါဖန္တီးေပးလိုက္တဲ့ အခုအေျခအေနမွာ နင္ကစိတ္ဆင္းရဲေနရလို႔လား"

"အဲ့ဒါကေတာ့.."

မရဲ့စကားေၾကာင့္ ေနသာက တခစ္ခစ္ရယ္ကာ သူ႔လက္ေမာင္းကိုဖက္ရင္း ရင္ခြင္ထဲတိုးဝင္မွီႏဲြ႔လာသၫ့္အခါ ရင္ထဲၾကည္ႏူးသြားမိသည္။
သို႔ေသာ္ မၾကာလိုက္...

"Baby ငါတို႔Mask partyလုပ္ရေအာင္ပါ"

ေနသာ့ကိုေခၚလိုက္တာ Babyတဲ့...
သူစိတ္တိုသြားရၿပီး သူမကိုဖက္ထားသၫ့္ မ,လက္ေတြကိုဖယ္ထုတ္ပစ္ကာ ေနသာ့တစ္ကိုယ္လံုးၿမွဳပ္သြားေအာင္ ေပြ့ဖက္ပစ္လိုက္သည္။
မ,သည္ ဒါကိုပဲအလြန္ျမင္ျပင္းကတ္သြားဟန္ျဖင့္ ေနသာ့ကို အတင္းျပန္ဆဲြသၫ့္အခါ ေနသာသည္ သူတို႔ေမာင္ႏွမၾကားမွယိမ္းထိုးေနရင္း တခစ္ခစ္ရယ္ေနေတာ့၏။

"Sea နင္ေနာ္ အခုမျွဖစ္မေနစမ္းနဲ႔ နင္ပလစ္ထားတုန္းက ေနသာက ငါ့အခ်စ္ကေလးပဲဥစၥာ"

"အဲ့ဒါအရင္တုန္းကကိစၥ.. အခုဘာမွမဆိုင္ဘူး မရဘူး နင့္ဦးကိုပဲသြားခ်စ္လိုက္ ဒါငါ့မိန္းမ"

"Babyေရ"

"ေနသာလို႔ပဲေခၚ.. ဘာBabyလဲ မ, နင္ေတာ္ေတာ့ဟာ"

စိတ္တိုတိုျဖင့္ မ လက္ေတြကိုတြန္းဖယ္ပစ္လိုက္ေတာ့ မ,သည္ မ်က္ႏွာေလးမဲ့ရဲြ႔သြားရင္း သူ႔ကိုမ်က္ေစာင္းထိုးကာ..

"Mask Partyလုပ္ရေအာင္ပါ"

"ဟုတ္သားပဲ Seaရယ္ အမွတ္တရေလးျဖစ္သြားေအာင္လုပ္ရေအာင္ေလ ေနာ္"

ေနသာက သူ႔ရင္ဘတ္ေပၚက အက်ႌစကိုဆဲြဆုပ္ရင္း ပူဆာသလိုေလးေျပာလာေတာ့ မ,ကိုေပေစာင္းေစာင္းၾကၫ့္ရင္း ေခါင္းညိတ္ျပလိုက္သည္။
ထိုအခါမွ လူဆိုးမကေပ်ာ္သြားၿပီး လက္ႏွစ္ဖက္ကိုဆန႔္တန္းကာ ေဟးခနဲေအာ္ေတာ့ သူ စိတ္ခ်သြားၿပီး ေနသာ့ကိုျပန္လႊတ္ေပးလိုက္မိသည္။

"ငါ့Babyက ေတာ္လိုက္တာ Seaလိုေကာင္ကိုတစ္ခြန္းတည္းနဲ႔ ေခါင္းညိတ္ေအာင္လုပ္ႏိုင္တယ္ အရမ္းခ်စ္.. မႊမ့္💋"

ေနသာ့ပါးေလးကို ရိႈက္ခနဲနမ္းပစ္လိုက္၍ သူ ေဒါသျဖစ္သြားၿပီး မ,ကိုလွမ္းဆဲြေတာ့ ဒါကိုႀကိဳသိေနသၫ့္ မ,က လွစ္ခနဲထေျပးသြား၏။
လ်ွပ္စီးလက္သလိုလ်ွင္လြန္းေသာ အရႈပ္ထုတ္Skyကို သူ မမွီလိုက္ဘဲ လက္ကားယား၊ ေျခကားယားျဖင့္ က်န္ေနခဲ့ေတာ့ ေဒါသျဖစ္ျဖစ္ႏွင့္က်ိန္ဆဲမိေတာ့သည္။
ေနသာကေတာ့ သူ႔ကိုၾကၫ့္ရင္းရယ္ေန၍ ထိုပါးေလးကို ေသခ်ာငံု႔ၾကၫ့္ကာ ႏႈတ္ခမ္းနီအရာပါးပါးေလးထင္ေနသည္ကို လက္ဖဝါးႏွင့္ဖိပြတ္ေပးၿပီး ငံု႔နမ္းပစ္လိုက္သည္။

"မွတ္ထား ဒါ ငါ့ပစၥည္း"

"အင္း"

"ကိုင္းကိုေတာင္အထိမခံနဲ႔ ၾကားလား"

"နင္ကလည္း"

"ဘာလဲ မရဘူးေနာ္ ငါခြင့္မျပဳႏိုင္ဘူး ငါပဲထိမယ္"

ညစ္က်ယ္က်ယ္ျဖင့္ ခ်ဳပ္ခ်ယ္လိုေသာ ဤစကားအဆံုးမွာေတာ့ သူမ မ်က္ေစာင္းထိုးေလ၏။

💞💞💞💞💞💞

"ဆရာ ဒီစာခ်ဳပ္မွာ လက္မွတ္.."

"ရႉး!"

အသံတိတ္ေနဖို႔အခ်က္ျပလိုက္သည္ႏွင့္ ေက်ာ္စြာက ပါးစပ္ပိတ္သြားကာ ရင္ခြင္ထဲမွာအိပ္ေပ်ာ္ေနေသာ ခ်ာတိတ္ေလးကို တစ္ခ်က္ငံု႔ၾကၫ့္မိသည္။
သူမေလး အိပ္ေပ်ာ္ေနမွန္း ေသခ်ာသြားေတာ့မွ စာရြက္လွမ္းေပးဖို႔အသံတိတ္ အခ်က္ျပလိုက္ကာ ေက်ာ္စြာကလည္း ေျခသံဖြဖျြဖင့္ သူ႔အနားကပ္လာ၏။

"ဒါပဲလား"

သူ႔ကိုစ,ေနာက္လိုပံုရေသာ ေက်ာ္စြာက ေခါင္းကိုသာညိတ္ျပတာမို႔ အံႀကိတ္ျပရင္း လက္သီးေထာင္ျပလိုက္၏။
ထိုအခါ ဒင္းက ကေလးေခ်ာ့သိပ္ေနဟန္ျပန္လုပ္ျပတာမို႔ စာရင္းစာအုပ္ျဖင့္ေပါက္ဖို႔ျပင္ေတာ့ ေက်ာ္စြာက ေျခဖ်ားေထာက္ၿပီးျပန္လွၫ့္ေျပးသြားသည္။

သူ႔မွာေတာ့ ကိုင္းကိုႏိုးသြားမွာစိုးသၫ့္စိတ္ျဖင့္ စကားကိုလည္းအက်ယ္ႀကီးမေျပာရဲသလို Keyboardကိုေတာင္ အသာေလးရိုက္ေနရသည္အထိ။
လူဆိုးမေလးက သူ႔ရင္ခြင္မွာမ်က္ႏွာေလးအပ္ၿပီး ဆိုဖာေပၚမွာ ေကြးေကြးေလးဆက္အိပ္ေနခဲ့သည္။

"ဟိုဘက္မွာ ေမြ့ရာရိွတယ္ သက္ေသာင့္သက္သာသြားအိပ္ပါ"

ဆိုေတာ့လည္း ေခါင္းေလးခါၿပီး သူ႔ကိုအတင္းဖက္တြယ္ကာ မရမကအိပ္သြားခဲ့သည္။
အလိုလိုက္မွန္းသိလာေလ သူမဟာအႏိုင္ယူဗိုလ္က်လာေလ...

"ဦး"

အိပ္ခ်င္မူးတူးအသံေလးျဖင့္ မ်က္လံုးေလးေတြဖိပြတ္လာေတာ့ လုပ္လက္စအလုပ္ေတြဖယ္ထားလိုက္ၿပီး ဆံပင္ေလးေတြသပ္ေပးလိုက္၏။
သူမက အိပ္ေနရာမွမထေသးဘဲ လည္ပင္းကိုသိုင္းဖက္လာကာ...

"အိပ္ခ်င္ေသးတယ္"

"ညဘက္ ဘာေတြလုပ္ေနလို႔လဲ ကေလးရာ ၃ေယာက္ေပါင္းၿပီးေလ်ွာက္သြားေနတာလား"

"ဟုတ္တယ္ ဟီး!"

"ကိုင္းေနာ္ ကိုယ္ဒီေလာက္မွာေနတာကို ဂရုမစိုက္ဘူး Seaရဲ့မဂၤလာပဲြက်မွ မ်က္တြင္းက်ေနရင္ ဘယ္လိုလုပ္မလဲ မလွေတာ့ဘဲေနမယ္"

"အဲ့က်"

"ညဘက္ေစာေစာအိပ္.. ကိုယ္ဝယ္ေပးထားတဲ့ ပဲႏို႔ဘူးေလးေတြေသာက္"

"ဦးကိုလည္းကိုက္မယ္ေလ"

ကေလးစုတ္ေလးဟာ သူ႔လည္ပင္းကို ဖြဖြေလးဖိကိုက္လာေတာ့သည္၊
အသည္းယားသြားမိသလို စူးခနဲလည္းျဖစ္သြားေသာေၾကာင့္ တစ္ခ်က္ရယ္လိုက္မိရင္း ကိုင္းကိုေပြ့ခ်ီၿပီး ရံုးခန္းအေနာက္ဘက္ဝင္လာခဲ့သည္။
တစ္ခါတစ္ေလ ရံုးမွာညအိပ္ရတာမို႔ အိပ္ခန္း၊ ေရခ်ိဳးခန္းကအစ ထၫ့္ထားတာမို႔ ဒါကိုအခုမွသိေသာကိုင္းက မ်က္လံုးျပဴးေလးျဖင့္ လိုက္ၾကၫ့္ေန၏။

ေမြ့ရာေပၚ အသာေလးတင္ေပးလိုက္ၿပီး သူမကိုယ္ေပၚကိုအုပ္မိုးထားရင္း ႏႈတ္ခမ္းေတြကို ဖိနမ္းပစ္ေတာ့ ကိုင္းကမ်က္ႏွာေလးလႊဲပစ္သည္။
သူ႔ေက်ာျပင္ကိုလည္း ထုႏွက္ကုတ္ဖဲ့လာ၍ ထိုလက္ကေလးေတြကို ဆဲြၿမွောက္ဖမ္းခ်ဳပ္ကာ မ်က္ႏွာလႊဲရာဆီကို မရမကနမ္းမိသည္။

"ဦးေနာ္ မေနတတ္ဘူး"

"ေနလိုက္ပါ ကိုယ္အသည္းယားေနတာၾကာၿပီ"

"နာတယ္လို႔!"

လည္တိုင္ေလးကိုဖိကိုက္ေတာ့ ညည္းသံေလးႏွင့္အတူ သူမတစ္ကိုယ္လံုးတြန႔္လိမ္သြား၍ ခပ္တိုးတိုးရယ္မိရင္း လက္ေတြကိုျပန္လႊတ္ေပးလိုက္သည္။
ထိုအခါမွ သူမက မ်က္ေစာင္းေလးခ်ီကာ...

"သူဆိုးတာက် အသံမထြက္ဘူး"

ဟု ရဲြ႔သလိုေလးေျပာလာေတာ့ ထိုႏႈတ္ခမ္းေတြကို အပိုင္သိမ္းကာ ခပ္ျပင္းျပင္းစုပ္ယူနမ္းမိ၏။
ကေယာင္ကတမ္းဖက္တြယ္လာေသာ လက္ကေလးေတြက ေနွာင္ႀကိဳးေတြလို ပိုၿပီးရစ္ေနွာင္လာသလို သူမကိုနမ္းေနရင္းနဲ႔ေတာင္ အားမရေတာ့...

"ကိုယ္ အဆင့္တက္ရင္ေရာ စိတ္ဆိုးမွာလား"

"ဟင္!"

"ေနာ္"

ခြင့္ေတာင္းစကားႏွင့္အတူ ကိုင္းရင္ဘတ္ေပၚ ဖိကပ္နမ္းေနေသာႏႈတ္ခမ္းေတြေၾကာင့္ ရင္ေတြလည္းခုန္လာသလို ေၾကာက္လည္းေၾကာက္မိသည္။
ဦးက တကယ္ပဲ ကိုင္းကို...

"မိန္းကေလးတစ္ေယာက္ကို ထိဖို႔ကိုင္ဖို႔ဆိုတာ မင္းနဲ႔မျွဖစ္လာတာ ႏွာဘူးႀကီးလို႔က်ိန္ဆဲခ်င္ဆဲကြာ ကိုယ္တကယ္မင္းကို ႏွာဘူးထခ်င္တယ္"

"ကိုင္းေၾကာက္တယ္"

"နမ္းရံုေလးပဲနမ္းမယ္ေလ ေနာ္.. အဲ့ထက္ပိုၿပီး ကိုယ္မယုတ္မာပါဘူး"

ကိုင္းရွက္သြားမိကာ ႏႈတ္ခမ္းေလးကိုဖိကိုက္ရင္း ေခါင္းညိတ္ျပလိုက္သလား မသဲကဲြေတာ့ဘဲ ဦးကိုယ္ႀကီးကိုသာ တင္းတင္းဖက္ထားလိုက္မိေတာ့သည္။
Braေပၚမွအုပ္ကိုင္လာေသာ ဦးရဲ့လက္ေတြေၾကာင့္ ရင္ေတြပိုခုန္လာကာ ျပင္းရွေသာအနမ္းေတျြဖင့္ ဦးက အလိုလိုက္ဖို႔ၿမွူဆြယ္ေနခဲ့သည္။

"ခ်ိတ္မျဖဳတ္တတ္ဘူးလား ဦးက"

ရွက္ေနသၫ့္ၾကားမွ ေမးျဖစ္ေအာင္ေမးမိေတာ့ ဦးက ရယ္လ်က္ေခါင္းခါျပေတာ့ ကိုင္းပါရယ္ခ်င္သြားမိသည္အထိ။
ေနရာတကာမွာေတာ္ေပမယ့္ ဒီေနရာမွာေတာ့ ဦးဟာ Zeroျဖစ္ေန၍ ကိုင္းကိုယ္တိုင္ ခ်ိတ္ျဖဳတ္ေပးလိုက္ေတာ့မွ ဦးက ႏွာေခါင္းရႈံ႔ျပကာ...

"ခဏခဏျဖဳတ္ရင္ လြယ္သြားမွာပါ"

"ဦးေနာ္"

ကိုင္း ႏႈတ္ခမ္းေလးစူကာ ဦးရင္ဘတ္ကိုဘုတ္ခနဲထုပစ္လိုက္ေပမယ့္ ဦးက ကိုင္းႏႈတ္ခမ္းေတြကို ထပ္နမ္းလာ၏။
ရင္ဘတ္မို႔မို႔မွာ က်ူးေက်ာ္ေနေသာလက္ေတြေၾကာင့္ မေနတတ္သလိုျဖစ္မိေပမယ့္ မႀကံဖူးေသာအထိအေတြ့အသစ္ေၾကာင့္ ရင္ေတြလိႈက္ေမာေနခဲ့သည္။
ထို႔အျပင္ ရင္သားႏုႏုကို ငံုေထြးစုပ္ယူသြားသၫ့္ ဦးႏႈတ္ခမ္းရဲ့အထိအေတြ့ေၾကာင့္ ဤအထိအေတြ့ကိုမက္ေမာသြားၿပီး ဦးဆံပင္ေတြကိုဆဲြဖြလိုက္မိသည္။

"ကိုယ္တို႔လက္ထပ္ၾကမယ္ေနာ္"

လည္တိုင္ကိုဖိကပ္နမ္းေနရင္း ဦးက ေျပာလာသည့္အခါ ဦးရဲ့ေလသံေတြဟာ တုန္ယင္လိႈက္ေမာေန၏။
ကိုင္း အႃပံုးေလးျဖင့္ ေခါင္းေလးခါျပလိုက္ကာ ဦးရဲ့ေမးဖ်ားကို ဖြဖြေလးနမ္းပစ္လိုက္ၿပီး...

"ယူခ်င္ေသးပါဘူး ကိုင္း ဒီအတိုင္းေလးေနခ်င္ေသးတယ္"

"ကိုယ္ကအသက္ႀကီးၿပီေလ"

"ေစာေစာကေတာ့ ကေလးလိုပါပဲ"

"ညစ္ၿပီကြာ"

နားရြက္ဖ်ားေတြရဲသြားေသာ ဦးက ရွက္ကိုးရွက္ကန္းျဖင့္ရယ္ကာ ကိုင္းနဖူးေလးကို အျမတ္တႏိုးငံု႔နမ္းၿပီး ဖရိုဖရဲျဖစ္ေနေသာအက်ႌကို ေသေသခ်ာခ်ာျပန္ဝတ္ေပး၏။
ၿပီးမွ ကိုင္းလက္ဖဝါးေလးကို ဖိဆုပ္ကာ...

"အိပ္ခ်င္ေသးလား"

"ဟင့္အင္း မုန႔္စားခ်င္တာ.. ၅၈လမ္းမွာအသားကင္ေကာင္းတယ္တဲ့"

"သြားမလား"

"ဦးက သူစားခ်င္တာစားၿပီးေတာ့ ကိုင္းစားခ်င္တာကိုျပန္ကၽြေးတာလား"

"ခ်ာတိတ္ေနာ္"

"ခ်စ္စရာႀကီး"

ကိုင္း ရယ္သံေလးျဖင့္ ဦးလည္ပင္းကိုသိုင္းဖက္ေတာ့ ဦးက တယုတယေပြ့ခ်ီကာ ကိုင္းဆံပင္ေတြထဲမ်က္ႏွာႏွစ္ထား၏။
လူပ်ိဳႀကီးရွက္ေနပံုက အသည္းယားစရာေကာင္းသလို ဦးရဲ့ျဖစ္တည္ျခင္းဟာ ကိုင္းအတြက္သီးသန႔္ဟု စိတ္ထဲခံယူလိုက္မိေတာ့သည္အထိ...

💞💞💞💞💞💞

"လွလိုက္တာ ေနသာရယ္ တကယ္..တကယ္.. Seaမေျပာနဲ႔ ငါေတာင္ႀကိဳက္ခ်င္လာၿပီ"

အခန္းထဲက မ အသံၾကားရေလ၊ စိတ္ထဲမရိုးမယျြဖစ္လာေလမို႔ ေစ့ထားသၫ့္တံခါးကို မျမင္ရမွန္းသိပါလ်က္ ေခ်ာင္းမိျပန္သည္။
ေနသာအလျွပင္ေနတာမို႔ သူကအျပင္ထြက္ေနရကာ မ,ကေတာ့ ေနသာ့ေဘးနားကေန ကပ္ၿမွောင္လုပ္ကာ သူ႔စိတ္ကိုလည္းဆြေနေသးသည္။
ေနသာလွတာသိေပမယ့္ သတို႔သမီးဝတ္စံုေလးျဖင့္ ဘယ္ေလာက္ထိလွေနမလဲ သိခ်င္မိကာ မ အသံတစ္ခါထြက္လာလိုက္၊ တစ္ခါေခ်ာင္းမိလိုက္။

"Sea ငါ့သား ေအးေအးေဆးေဆးလာထိုင္ပါကြာ မဟုတ္လည္း ခဏေနၿပီးေတာ့မွာပဲ"

ဦးၿမဲက နာရီကိုတစ္ခ်က္ငံု႔ၾကၫ့္ရင္း ေျပာလာသၫ့္တိုင္ သူ႔မွာမရွက္ႏိုင္ဘဲ ဗ်ာမ်ားေနမိသည္အထိ။
သတို႔သားတိုင္းဒီလိုစိတ္လႈပ္ရွား၊ ဗ်ာမ်ားတတ္ၾကသလားေတာ့မသိ။

"Seaကိုျမင္ေတာ့ ကိုယ္လက္ထပ္ခဲ့တုန္းက အခ်ိန္ကိုေတာင္သတိရသြားၿပီ"

"ကၽြန္ေတာ္မသိလိုက္ဘူး အစ္ကို ေျပာပါဦး"

"အဲ့ဒီတုန္းက အိမ္မက္အေပၚစိတ္မေျပေသးဘူးေလ သူကကိုယ့္ကိုပစ္ေျပးသြားတာကိုး ၂ႏွစ္ေလာက္ၾကာမျွပန္ေတြ့ေတာ့ ျငင္းမရေအာင္ခ်ဳပ္ၿပီး ယူထားရတာ"

"ဦးၿမဲတို႔က ခ်စ္ၾကတယ္မဟုတ္ဘူးလား အဲ့ဒါကိုဘာလို႔"

သူစိတ္ဝင္စားလာ၍ ထေမးလိုက္ေတာ့ ဦးၿမဲကေခါင္းညိတ္ျပကာ အခုအခ်ိန္ထိ ေနသာနဲ႔အၿပိဳင္ ပ်ိဳမ်စ္ႏုနယ္ေနဆဲ အန္တီအိမ္မက္ကို မ်က္လံုးထဲေျပးျမင္မိ၏။
သူတို႔ေတြမွာလည္း အေၾကာင္းကိုယ္စီနဲ႔ပါလား...

"သူက UKမွာမေနခ်င္ဘူးေလ အဲ့ဒီမွာပဲေနမယ္ လက္ထပ္မယ္လည္းဆိုေရာ ထြက္ေျပးသြားတာပဲ တစ္ခါေတာင္မဟုတ္ဘူး ႏွစ္ခါ"

"ငါ့အစ္ကိုက ႏွစ္ထပ္ကြမ္းေစာ္ပစ္ေကာင္ပဲ အေဟး... ဒုတိယတစ္ခါကေရာ ဘာလို႔လဲ"

"သူ႔ကိုတက္ေခါက္မိလို႔ကြာ အဲ့ဒီတုန္းက သမီးကိုလြယ္ထားရၿပီ ကိုယ္ကမသိဘူး အိမ္ေပၚကဆင္းသြားလို႔လိုက္ရွာရတာ သူကေတာ့ပုဂံမွာ သူငယ္ခ်င္းေတြနဲ႔လည္ပတ္ေနတာ...
ေျပာေသးတယ္ ကိုကိုလိုက္လာမွာမွန္းသိတယ္တဲ့"

"ေကာင္းပါ့ဗ်ာ မ,လည္း ကၽြန္ေတာ့္ကိုလက္မထပ္ခ်င္တာမွ ခါးခါးသီးသီးဗ်ာ နင့္ကိုမုန္းတယ္ နင္ကလဲြလို႔ဘယ္သူျဖစ္ျဖစ္ ဆိုၿပီး"

"ေမေမကေလ"

"ဟုတ္ပါ့ဗ်ာ မင္းအေမက သိပ္အသည္းမာတဲ့မိန္းမ ေဖေဖ့ကိုနည္းနည္းေလးမွ မ်က္ႏွာသာမေပးခဲ့ဖူးဘူး ကားအတိုက္ခံလိုက္ရမွပဲ ယံုသြားေတာ့တယ္"

"ငါေနာက္မျွပန္ၾကားရတာ အဲ့ဒီတုန္းက မိုးညထြက္ေျပးလို႔ မင္းေနာက္ကလိုက္ရင္း အတိုက္ခံရတာဆို"

"အင္း... မိန္းကေလးေတြက ဘာလို႔ထြက္ေျပးခ်င္ၾကတာလဲမသိဘူးေနာ္ အစ္ကို"

သူ႔ရင္ထဲဒိန္းခနဲျဖစ္သြားၿပီး အလျွပင္ခန္းကို တံခါးတစ္ခ်က္ေခါက္ကာ အတင္းတြန္းဖြင့္ပစ္လိုက္သည့္အခါ တအံ့တဩလွၫ့္ၾကၫ့္လာၾကသၫ့္ ေမေမ၊ အန္တီအိမ္မက္ႏွင့္ မ...
ၿပီးေတာ့ သတို႔သမီးဝတ္စံုျဖင့္ သူ႔ရဲ့နတ္သမီးေလး...

"နင္ ဘာေတြေလာေနတာလဲ Seaအစုတ္ပလုတ္ရဲ့ အားလံုးၿပီးေနၿပီ အခ်ိန္တန္ရင္ထြက္လာလိမ့္မယ္ေပါ့ တကတည္းအျမင္ကိုကတ္တယ္"

"ေအးေလဟယ္ ဘယ္လိုကေလးမွန္းမသိဘူး"

အားလံုးက သူ႔ကိုမေက်မနပ္ပြစိပြစိေျပာၾကေတာ့ သူ ရွက္ႃပံုး ႃပံုးကာ လည္ပင္းကို အေၾကာင္းမဲ့ပြတ္သပ္ေနမိသည္။
သည္းလြန္းသၫ့္သူ႔ကို မ က မ်က္ေစာင္းခ်ီရင္း အလျွပင္ဆရာမႏွင့္ ေမေမတို႔ကို ေခၚထုတ္သြားသၫ့္အခါ စိတ္ထဲေက်းဇူးတင္သြားမိသည္။
မ သည္ အရႈပ္ထုတ္ျဖစ္ေပမယ့္ ဒီလိုလည္း အားကိုးရေသးတာပဲ...

"ခဏေနရင္ၿပီးၿပီဟာ ဘာလို႔ဇြတ္ႀကီးျဖစ္ေနတာလဲ နင္ေနာ္ ရွက္စရာႀကီး"

"မဟုတ္ပါဘူး ေဖေဖနဲ႔ဦးၿမဲ ငါ့ကိုၾကပ္လႊတ္လိုက္လို႔ပါ နင္ထြက္ေျပးသြားမွာစိုးလို႔"

"ဘာလို႔ေျပးရမွာလဲ မဂၤလာပဲြေတာင္ေရာက္ေနၿပီကို ၿပီးေတာ့ငါ့မွာ နင့္ရဲ့ဟိုဟာရိွခ်င္ရိွေနမွာ"

စူပုတ္ပုတ္ေလးေျပာလာသၫ့္ ေန့မ်က္ႏွာေလးေၾကာင့္ သူ တအားေအာ္ရယ္ပစ္လိုက္ေတာ့ သူမကမ်က္ေစာင္းေလးခ်ီသည္။
ဟိုညကကိစၥကို ေျပာေနမွန္းသိကာ သူမကိုယ္သူမ ဘာျဖစ္ထားလဲဆိုတာေတာင္ မသိဘူးလား...
တကယ္ငအူမေလး...

"ဘာရိွရမွာလဲ ဒီေခတ္မွာ Emergencyေဆးေတြေပါေနတာကို"

"ငါမွမသိတာ ကိုင္းကိုေျပာေတာ့လည္း သူကရတယ္ပဲေျပာေနတာ ငါ့မွာနင့္ေၾကာင့္မို႔"

"ေနရယ္ ငါနင့္ကိုဘာမွမလုပ္ခဲ့ပါဘူး အဲ့ဒီတုန္းက ငါေတာင္ေမေမလာႏိႈးမွ ႏိုးတာကို ဘာေတြေတြးေနတာလဲ"

သူမမ်က္ႏွာေလးရဲခနဲျဖစ္သြားၿပီး သူ႔ရင္ဘတ္ကိုထုႏွက္ၿပီး ႏႈတ္ခမ္းေလးကိုကိုက္ကာ...

"နင္ေရာ၊ ကိုင္းေရာ ညစ္တာေပါ့ အဲ့ဒါဆို"

"ကိုင္းညစ္တာပါ ငါနဲ႔မဆိုင္ဘူး သူ႔ေၾကာင့္မို႔ဒီလိုျဖစ္သြားတာေလ ငါကအျဖဴထည္ေလးပါ ဒါေပမယ့္..."

"ဒီညေတာ့ မျဖဴခ်င္ေတာ့ဘူး"

"နင္ေနာ္"

သူ တမင္ႃပံုးစိစိလုပ္လိုက္ၿပီး ေနသာ့နဖူးေလးကို အျမတ္တႏိုးနမ္းလိုက္ေတာ့ ရင္ထဲေနြးခနဲျဖစ္သြားသည္။
ရွက္သြားသၫ့္ သူမမ်က္ႏွာေလးဟာ သူ႔ရင္ကိုပိုၿပီးအခုန္ျမန္ေစတာမို႔ တယုတယေထြးပိုက္ရင္း နဖူးေလးကိုဒုတိယတစ္ခါ ထပ္နမ္းမိသည္။
အရမ္းခ်စ္တယ္ ေနသာ...

💞💞💞💞💞💞

Part 18 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Seguir leyendo

También te gustarán

3.6M 151K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
19.7K 733 8
simple story 💛 [Unicode only]
235K 7K 33
She just smiled and told him, "Trouble."
5.5K 106 15
အချစ်ကြမ်းတဲ့လူကြီး "မဟာစည်း" ကောင်မလေးကို ချစ်လွန်းလို့ အတင်းလက်ထပ်ယူခဲ့တဲ့ အချစ်ကြမ်းသူကြီး အငြိုးကြီးကြီး ကောင်မလေး "မေလဝန်း" ချစ်သူရဲ့ သေဆုံးမူအတ...