My Cherry Will Explode in the...

By tobefly_highhigh

668K 96.1K 1.4K

《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံ... More

Description
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷《ကျန့်ယွင်နှင့်‌ နောက်တဖန်ပြန်ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸《‌နေရာလွတ်တစ်ခုရှိနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹 《ဆက်ဆံရေးက အလွဲတစ်ခုနဲ့စတင်ခဲ့တယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺 《မှော်ဆန်သောအရုပ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻 《ထပ်မရှောင်နိုင်တော့ ဆုံရပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼《ရှင်းရှင်းလင်းလင်းလုပ်ကြစို့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽《အမြတ်အစွန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾《ဒဏ်ရာများအား ဂရုစိုက်ပေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿 《အိပ်ယာအား အတူမျှဝေခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶《ဈေး၀ယ်ထွက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷《‌ကောင်းမွန်သောအရာများဆက်လက်ဖြစ်ပျက်နေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟸《ဖြိုဖျက်ရေးနှင့်ပြန်လည်နေရာချထားရေးသတိပေးချက်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟹《အတိတ်ဘ၀အကြောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟺《အတူတူရင်ဆိုင်ကြမယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟻《တွက်ချက်မှုများမအောင်မြင်ခဲ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟼《အိမ်နဲ့ကားရှိတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟽《မင်းလုပ်ရဲတယ်ပေါ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟾《ကမ္ဘာပျက်ကပ်ကြီးနီးလာပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟿《ကမ္ဘာပျက်ကပ်ကြီး ရောက်လာခဲ့ပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟶《စူပါမားကတ်*ကုန်တိုက်ကို အပြောင်ရှင်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟷《မ‌မျှော်လင့်ထားသော》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟸《ခွဲခွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟹《ပဲစေ့ကျည်ဆန်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟺《ထွက်လာကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟻《မကောင်းတဲ့သူတစ်ယောက်မဟုတ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟼《အမြု‌တေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟽《နှစ်မျိုးတွဲစွမ်းရည်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟾《Otakuတစ်ယောက်၏အလားအလာ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟿《ကယ်တင်မှာလား မကယ်တင်ဘူးလား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟶《ဦးနှောက်ပျက်စီးမှုကို ကယ်တင်လို့မရတော့ဘူး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟷《သူတို့ကစုံတွဲတစ်တွဲပဲ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟸《အဖွဲ့၀င်အသစ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟹《တစ်စုံတစ်ယောက်က တံခါးကိုဖျက်ပြီးဖွင့်ဖို့ကြိုးစားနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟺《ကမ္ဘာပျက်ကပ်အတွင်းပြောင်းလဲမှုများ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟻《နှုတ်ဆက်ပါတယ် အကြီးဆုံးဦးလေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟼《 အသက်ကယ် ကျေးဇူးတရား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟽《အနီရောင်မိုးရွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟾 《ဒဏ်ရာရ စစ်သားများနှင့်တွေ့ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟿《လူ့နှလုံးသားများသည် မခန့်မှန်းနိုင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟶《ကယ်ဆယ်ရေးအစီအစဉ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟷《ကယ််‌ဆယ်ရေးလုပ်ငန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟸《စစ်ဆင်‌ရေးစတင်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟹《အောင်အောင်မြင်မြင်လွတ်မြောက်ခြင်း》
Plants vs Zombies
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟺《ကယ်ဆယ်ရေးသတင်းစကား》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟻《ထွက်ခွာရန်စုစည်းကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟼《ဆင့်ကဲ‌ပြောင်းလဲနေသောဖုတ်ကောင်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟽《အဖိုးတန်ပဲစေ့များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟾《ကယ်ဆယ်ရေး စတင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟿《ချန်းယန် အလယ်တန်းကျောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟶《အကျပ်ရိုက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟷《ချန်းမောင်နှမများ》 
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟸 《နောက်တစ်ကြိမ်စကားပြောကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟹《 LED နေကြာပန်းမီးအိမ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟺《လယ်သမားဈေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟻《ရှောင်ဟေး၏ ကွဲပြားနေမှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟼《 အခြေစိုက်စခန်းသို့ ကနဦး၀င်ရောက်မှု》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟽《 အခြေစိုက်စခန်းထဲသို့ ပြောင်းရွှေ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟾《 အရေးပေါ်မစ်ရှင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟿《 စွမ်းရည်အဆင့်တက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟷《 သူလိမ်နေတာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟸《 မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟹《 ပုလင်းတစ်ခုထဲသို့ လိပ်ကိုဖမ်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟺《 အဆင့်သုံးဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟻《 စက်ရုံထဲ၀င်ရောက်ကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟼《 ကြွယ်၀သောရလဒ်များဖြင့်ပြန်လာကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟽《 ကျည်ဆန်အသစ်များ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟾《 အခြေစိုက်စခန်း၏ပြောင်းလဲခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟿 《 မြေမဲ့စိုက်ပျိုးရေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟶《 ၀မ်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟷《 အန်းဟွေ့မြို့ထဲရှိမငြိမ်သက်မှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟸《 သန္ဓေပြောင်းဝံပုလွေများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟹《 မြင်ရုံနဲ့ ‌ဝေစုလိုချင်တာလား? 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟺《 ကူးစက်ခံကြွက်၀င်ရောက်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟻《 ကြောင်နှင့်ကြွက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟼《 အကျပ်အတည်းဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟽《 စွမ်းရည်ဆေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟾《 သေခြင်းတရားကိုရှာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟿《 အခြေစိုက်စခန်းမှမောင်းထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟶《 အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟷《 လင်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟸《 ညစ်ပတ်သောလူသည် ညစ်ပတ်ခြင်းကိုသာမြင်၏ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟹《 King Kong ရှစ်ယောက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟺《 ကုသခြင်းစွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟻《 မိုးသည်းနေ့မှာလောင်သောမီး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟼《 အသိတချို့နှင့်ဆုံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟽《 မိုးသည်းကြီးနောက်ဆုံးတိတ်သွားပြီ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟾《 အနောက်မြောက်ဘက်သို့ဦးတည်သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟿《 ဖုတ်ကောင်ဝိုင်းရံခံရခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟶《 ပူးပေါင်း‌တိုက်ခိုက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟷《 ဘေးဒုက္ခအကျပ်အတည်းကို ဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟸《 စွမ်းရည်အဆင့်မြှင့်တင်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟹《 နှစ်သစ်ကူးနေ့ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟺《 နှစ်သစ်တစ်နှစ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟻《 နေရာလွတ်စွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟼《 အကူအညီတောင်းခံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟽《 မြောက်ပိုင်းသို့သွားရန်အသင့် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟾《 ထူးဆန်းသည့်ဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟿《 စွမ်းရည်နှစ်မျိုး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟶《 Snow Cruiser 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟷《 ကြင်နာမှုကို ကျေးဇူးသိတတ်မှုဖြင့် တုန့်ပြန်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟸《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟹《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟺《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟻《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟼《 ထိန်းချုပ်မရနိုင်ဖြစ်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟽《 မြွေပွေးခါးပိုက် ပိုက်-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟾《 မြွေပွေးခါးပိုက် ပိုက်-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟿《 မြို့တော်အခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟶《 မိသားစုနှစ်ခု၏အခြေအနေ-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟷《 မိသားစုနှစ်ခု၏အခြေအနေ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟸《 တွေ့ကြုံစုံစည်းကြခြင်း 》
𝙴𝚡𝚝𝚛𝚊《 ကွေ့ကောက်သောလမ်းသည် ဆိတ်ငြိမ်သောအရပ်သို့ ဦးတည်လေသည် 》
Complete 💯!!!
Completed Pdf file
ရာသီဥတု သတိပေးချက်
MMStoryteller website

𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟶 《 G မြို့သို့ သွားကြခြင်း 》

4.7K 733 1
By tobefly_highhigh

My Cherry Will Explode in the Apocalypse

Chapter 60《 G မြို့သို့ သွားကြခြင်း 》

Author: DrunkenLight Song
Source: Jostena M
Translator: オタク

Unicode

ယွီသုန်သုန်၏စွမ်းအား နိုးထလာသောအခါတွင် သူ့စားချင်စိတ်သည် ပိုကြီးလာ၏။ ယခင်က ခေါက်ဆွဲပြုတ်ပန်းကန်သေးသေးလေးသည် ဗိုက်ပြည့်စေရန် လုံလောက်သည်။ ယခုအခါမူ ခေါက်ဆွဲပန်းကန်လုံးကြီးနှစ်လုံးကို စားပြီး ဟင်းချိုအားလုံးကို သောက်လိုက်သည်။ ထို့အပြင် ယခုအထိ သူ့အား ကျေနပ်သလိုမခံစားရသေးချေ။ သူသည် စုရွေ့ကျယ်အားသူ့အတွက် နောက်ထပ်အထုပ်တစ်ထုပ်ကို ချက်ဖို့ နှောင့်ယှက်နေလေသည်။ ရှောင်ဟေးသည် သုန်သုန်၏ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သည်၊ ယွီသုန်သုန် ​​သူ၏ ခေါက်ဆွဲတတိယပန်းကန်လုံးရောက်သောအခါ ရှောင်ဟေးရောက်လာပြီး အသင့်စားခေါက်ဆွဲခြောက်စွပ်ပြုတ်စက်နှစ်စက်ကို သူ့လျှာလေးနှင့် လျှက်လေ၏။

“အာ၊ မင်းဒါကိုစားလို့မရဘူး!”

စုရွေ့ကျယ်သည် တားမြစ်ရန် အမြန်လာရောက်လာခဲ့သည်။ သူသည် ကြောင်များကိုမွေးမြူရာတွင် အတွေ့အကြုံမရှိသော်လည်း ကြောင်များ၏အူများနှင့် အစာအိမ်သည် အားနည်းကြောင်း ကြားသိခဲ့ရသည်။ ဆားလေးသောအစားအစာများ၊ ဆီများ နှင့် ခေါက်ဆွဲခြောက်ကဲ့သို့သော ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများကို လုံး၀တားမြစ်ထားလေသည်။

သို့သော် ရှောင်ဟေးက ဘာလို့ သူ့စကားတွေကို နားထောင်တာလဲ; ရှောင်ဟေးသည် သူ့ကိုတားဆီးရန် စုရွေ့ကျယ်ဆန့်ထားသော လက်တစ်ဖက်ကို ပေါ့ပေါ့ပါးပါး ခုန်တက်လိုက်ပြီး ခေါက်ဆွဲမျှင်ကို ဆွဲယူပြီး ဗိုက်ထဲသို့ အမြန်စုပ်ယူလိုက်သည်။

စုရွေ့ကျယ်သည် တကယ့်ကို စိတ်တို ဒေါသထွက်လာလေ၏။ သူ ၎င်းကိုစားပြီး ဖျားနာလျှင် တိရစ္ဆာန်ဆေးကုဆရာ၀န်တစ်ယောက်ကိုရှာဖို့ ဘယ်ကိုပြေးရမှန်းပင် မသိချေ။

“ကော၊ အဆင်ပြေပါတယ်။ ရှောင်ဟေးက အဲ့ဒါ အရသာရှိတယ်လို့ထင်နေတာ ”

ယွီသုန်သုန်သည် နူးညံ့ချောမွေ့သောအသံလေးနှင့် ပြောလာ၏။

စုရွေ့ကျယ်သည် သူ့စကားများကြောင့် ယွီသုန်သုန်ဆီသို့ လှမ်းကြည့်လိုက်ကာ အံ့သြစွာ မေးလိုက်သည်။

“မင်း သူနဲ့ ဆက်သွယ်ပြောဆိုနိုင်တာလား? ”

ယွီသုန်သုန် ခေါင်းခါလိုက်ပြီး

“ရှောင်ဟေးက သားကို မပြောနိုင်ဘူး၊ ဒါပေမယ့် သူအရမ်းပျော်နေတာကို ခံစားရတယ်”

ရှောင်ဟေး၏ စိတ်ခံစားချက်များကို ခံစားနိုင်မှုသည် ယွီသုန်သုန်၏ စိတ်စွမ်းအားဖြစ်သင့်သည်ဟု စုရွေ့ကျယ်သဘောပေါက်လိုက်၏။ ရှောင်ဟေးသည် သာမန်ကြောင်တစ်ကောင်မဟုတ်ဟုတွေးခြင်းဖြင့် သူ့ကိုယ်သူဖြေသိမ့်နိုင်လေသည်။ ဆင့်ကဲပြောင်းလဲလာသော တိရစ္ဆာန်များ၏ အူနှင့် အစာအိမ်သည် သာမာန်တိရစ္ဆာန်များနှင့် ကွဲပြားနေနိုင်သည်...

ကျန့်ကျားဟယ်သည် နောက်တစ်နေ့ နေ့လယ်တွင် နိုးလာသော်လည်း ကျန့်ယွင်သည် ဘာကြောင့် အဖျားကြီးနေဆဲဖြစ်သည်ကို သူတို့မသိကြပေ။

“ကော...ခင်ဗျားဘာလို့ မနိုးလာသေးတာလဲ? ကျွန်တော်စိုးရိမ်နေပြီ...ခင်ဗျားဗိုက်မဆာဘူးလားဟင်? အစားအစာတွေက အိုထဲမှာ ပူနေတုန်းပဲ...”

စုရွေ့ကျယ်သည် ကျန့်ယွင်၏နဖူးအား ပုဝါအစိုတစ်ခုနှင့် အေးအောင်လုပ်ပေးနေရင်း သူ့အား တီးတိုးပြောနေလေ၏။

ကျန့်ယွင်သည် သူ့အဆင့်မြှင့်တင်မှုတွင် အောင်မြင်လိမ့်မည်ဟု သူယုံကြည်သော်လည်း သူမစိုးရိမ်ဘဲမနေနိုင်ပေ။ နာရီဝက်တိုင်း မျက်နှာနှင့်လည်ပင်းကို ပုဝါအစိုနှင့်သုတ်ပေးပြီး ဖျော်ရည်နှင့် ရေတို့ကို ဆက်လက်တိုက်ကျွေးခဲ့ကာ အဖျားကြီးခြင်းကြောင့် ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။

ကျန့်ယွင်၏အဖျားသည် နေ့ရောညပါ တောက်လျှောက် တက်နေခဲ့ပြီး သုံးရက်မြောက်နေ့မွန်းတည့်ချိန်အထိ သူမနိုးလာသေးပေ။

“ကျန့်ကော! နောက်ဆုံးတော့ ခင်ဗျားနိုးလာပြီ? ”

စုရွေ့ကျယ်သည် ကျန့်ယွင်၏အခန်းထဲရှိ လှုပ်ရှားမှုများကို အာရုံစိုက်နေခဲ့သည်။ ကျန့်ယွင်အခန်းထဲမှထွက်လာသည်ကို မြင်လိုက်သောအခါ သူ့မျက်နှာသည် ပျော်ရွှင်၀မ်းမြောက်မှုဖြင့် ရွှင်လန်းတောက်ပလာလေသည်။

“ခင်ဗျား ဗိုက်ဆာနေလား? ကျွန်တော် ခင်ဗျားအတွက် အစားအသောက်အဆင့်သင့်လုပ်ထားတယ်။ ကျွန်တော် အခုချက်ချင်း ယူလာခဲ့ပေးမယ် ”

ကျန့်ယွင်သည် အကြာကြီး အိပ်ပျော်နေပြီးနောက်ဗိုက်ဆာနေလိမ့်မည်; ထို့ကြောင့် စုရွေ့ကျယ်သည် အစားအသောက်ကို စောစောပြင်ဆင်ထားပြီး သူနိုးလာသည်နှင့်ချက်ချင်းစားနိုင်ရန် စောင့်နေစဉ် အိုးထဲတွင် နွှေးနေခဲ့သည်။

“ဗိုက်မဆာပါဘူး ”

ဤအချိန်တွင် လူတိုင်းအိပ်ပျော်နေကြသည်။ တကယ်တော့ သူနှင့် စုရွေ့ကျယ်သာလျှင် အခန်း 501 တွင်နေကြခြင်းဖြစ်သည်။ ကျန့်ယွင်၏ နှလုံးခုန်သံသည် လှုပ်ရှားသွားပြီး သူသည် လျှောက်သွားကာ ထိုလူကို သူ့ရင်ခွင်ထဲသို့ လှမ်းဖက်ထားလိုက်လေသည်။

“ကော...”

စုရွေ့ကျယ်၏မျပ်နှာသည် ရုတ်တရက်ချက်ချင်းဆိုသလို ရှက်သွေးဖြာနီးမြန်သွားပြီး အသံအကျယ်ကြီး အော်မိသွားလေသည်။

“ကိုယ် အဖျားနဲ့ လဲနေချိန်မှာ တစ်စုံတစ်ယောက်က ကိုယ့်ကို စကားတွေပြောနေတာကို အမြဲကြားနေရတယ်”

“ကော ..ကျွန်တော်..”

စုရွေ့ကျယ်၏အသံသည် တုန်ယင်နေပြီး ကျောက်စိမ်းအဖြူလေးကဲ့သို့သော သူ့နားနှစ်ဖက်သည် သိမ်မွေ့နူးညံ့သောအနီရောင်သွေးများ ခြယ်လာလေတော့၏။ ကျန့်ယွင်သည် အချိန်အကြာကြီး အိပ်ပျော်နေခဲ့သည်။ စုရွေ့ကျယ်သည် အမြဲလိုလို စိတ်မသက်မသာ ခံစားရသော်လည်း ရင်ထဲတွင် သိမ်းဆည်းထားလေသည်။ သူ့စိတ်တွေ တုန်လှုပ်သွားသည့်အခါတိုင်း သူ စကားမပြောချင်ဘဲ မနေနိုင်ခဲ့ချေ။ သူသည် ရှက်စရာစကားအများကြီးကို ပြောခဲ့လေသည်။ မမျှော်လင့်ဘဲ ကျန့်ယွင်သည် ၎င်းတို့အားလုံးကို ကြားနေခဲ့သည်။ သူသေလောက်အောင် ရှက်နေပါပြီ.....

“ကိုယ်ဖျားနေချိန်မှာ ကိုယ်လည်းပဲမင်းကိုတွေးနေခဲ့တာ...”

ကျန့်ယွင်သည် သူ့ထဲမှ ကောင်လေးသည် အနည်းငယ်ကျုံ့သွားသည်ကို ခံစားလိုက်ရသည်။ သူ့ မျက်တောင်လေးများလှုပ်နေသည်။ သူပြုံးရင်း ခေါင်းငုံ့ကာ စုရွေ့ကျယ်၏နှုတ်ခမ်းများကို နမ်းလိုက်သည်။ သူ့ချစ်သူလေး၏နှုတ်ခမ်းများသည် နူးညံ့ချောမွေ့ကာ အနည်းငယ် သစ်သီးရနံ့လေးများဖြင့် ဖြစ်သည်။ သူ ယခုချက်ချင်းပင် အသီးအနှံအချို့ကိုစားရမှ ဖြစ်ပေတော့မည်။

ကျန့်ယွင်၏အနမ်းသည် ကြီးစိုးချယ်လှယ်ပြီး ကြောက်စရာကောင်းသည်မဟုတ်သော်လည်း နူးညံ့ပြီး ရင်းနှီးသောအရသာကို သယ်ဆောင်ထားလေသည်။ သူတို့၏ နှုတ်ခမ်းများနှင့် လျှာများသည်လိမ်ယှက်နေပြီး ဤရင်းနှီးမှုကို အပြည့်အ၀ ရစ်မူးနေခဲ့ကြလေ၏။

“ကော...”

အနမ်း၏အဆုံးတွင် စုရွေ့ကျယ်သည် ကျန့်ယွင်၏လက်နှစ်ဖက်ကိုမှီကာ ညင်သာစွာ ရှူထုတ်နေရလေ၏။  ရလဒ်မှာတော့ မာနေသည့်တစ်ခုခုသည် သူ့ပေါင်ကိုထိမိနေသည်ကို ခံစားလိုက်ရသည်။ ဘာဖြစ်သည်ကို သူသိလိုက်သောအခါတွင် သူ့ပါးပြင်များသည် သွေးများထွက်လုမတတ် နီရဲနေလေတော့သည်။

နောက်ဆုံးမှာတော့ ကျန့်ယွင်သည် သူ့အားအနိုင်ကျင့်ချင်စိတ် သိပ်မရှိတော့ပေ။ သူသည် အသက်ပြင်းပြင်းရှူပြီး သူ့အားလွှတ်ပေးလိုက်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်သည်။

“သွားပြီး ကော အတွက် အစားအသောက်ယူခဲ့။ သူဗိုက်ဆာနေပြီ ”

သူနောက်ဆုံးစကားနှစ်ခွန်းကိုပြောပြီးသောအခါ ကျန့်ယွင်၏မျက်လုံးများသည် စုရွေ့ကျယ်၏ စကားဖြင့် မပြောပြနိုင်သောကိုယ်ခန္ဓာအစိတ်အပိုင်းအချို့ဆီသို့ တမင်စုန်ချည်ဆန်ချည်လှည့်နေ့ပြီး စုရွေ့ကျယ်အား ပို၍ပင်ရှက်သွားစေသည်။

ကံကောင်းထောက်မစွာဖြင့် အစားအစာကို အမြဲပူနွေးနေအောင် နွှေးထားခဲ့ပြီး အစားအသောက်ကျွေးဖို့ အချိန်အများကြီးယူရမည်မဟုတ်ချေ။ အရသာရှိသည့် ပြောင်းဖူးနံရိုးစွပ်ပြုတ်၊ ၀က်သားပြုတ်အတုံးကြီးများ၊ ပူပူနွေးနွေး ထမင်းဖြူပူပူတို့သည် မွှေးရနံ့ဖုံးလွှမ်းနေပြီး လူများကို စားဖို့ဆွဲဆောင်နေလေ၏။

“ရှောင်ကျယ်၊ မင်းအခုထိ မစားရသေးဘူးလား?”

“ကျွန်တော်တို့အကုန်စားပြီးကြပြီ။ ဒါက ခင်ဗျားအတွက် အထူးပြင်ဆင်ပေးထားတာ။ ပူနေတုန်း မြန်မြန်စားလိုက်”

“ကောင်းတယ်”

“ကော၊ ခေါင်းဆောင်လီ ဒီနေ့ ဒီကိုလာသေးတယ်။ ဒီညနေ ခြောက်နာရီမှာ ကျွန်တော်တို့ အခြေစိုက်စခန်းရဲ့ ဂိတ်ပေါက်မှာ စုကြမယ်”

ကျန့်ယွင် စားသောက်နေစဉ် စုရွေ့ကျယ်သည် လီမင်းရောက်လာသည့်အကြောင်း သူ့အားပြောပြနေလေ၏။

လီမင်းသည် ကျန့်ယွင်၏အဖြေကို စောင့်နေခဲ့ခြင်းဖြစ်သည်။ သူ ဒီညနေထွက်သွားတော့မည်ဖြစ်သော်လည်း သူတို့ထံမှ မည်သည့်လှုပ်ရှားမှုမှ ရှိမလာခဲ့ချေ။ လီမင်းသည် ထပ်မစောင့်နိုင်တော့ပေ။ထို့ကြောင့် မနက်စောစော၌ လူကိုယ်တိုင်လာခဲ့ခြင်းဖြစ်သည်။

ကျန့်ယွင်သည် အိပ်ပျော်နေသေးပြီး ကျန်အဖွဲ့သားများသည် အသင်းခေါင်းဆောင်မဖြစ်နိုင်ဘူးဆိုတာ သိသာထင်ရှားသည်ဟု မည်သူသိနိုင်ပါ့မည်လဲ။ နောက်ဆုံးမှာတော့ စုရွေ့ကျယ်သည် ရှေ့သို့ရောက်လာပြီး ဤညမရောက်ခင် ကျန့်ယွင် နိုးလာသ၍ ဤညမစ်ရှစ်တွင် သူတို့ ကျိန်းသေပေါက်ပါဝင်မည်ဟု လီမင်းအားကတိပေးခဲ့သည်။ ထိုမှသာ လီမင်းသည် စိတ်အေးသက်သာ ငြိမ်းချမ်းစွာ ထွက်ခွာသွားခဲ့သည်။

“ကောင်းပြီ၊ ဒီညသွားကြစို့ ”

ကျန့်ယွင် ခေါင်းညိတ်လိုက်၏။ ဤတစ်ကြိမ်မှာတော့ သူတို့တာ၀န်တွင် ပါ၀င်သွားရမည်ဖြစ်သည်။

ညနေခြောက်နာရီ၌ ကျန့်ယွင်နှင့်သူ့အဖွဲ့သည်အခြေစိုက်စခန်းဂိတ်သို့ သူတို့၏ off road ကားကိုမောင်းကာ အချိန်မီရောက်လာခဲ့ကြ၏။ အခြေစိုက်စခန်း၏ ဂိတ်ပေါက်တွင် စစ်ကားလေးစီးနှင့် ကြီးမားသော ကုန်တင်ကားကြီးတစ်စီး တို့သည် လှည့်ပတ်ရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။

လီမင်းသည် ကျန့်ယွင်နှင့် သူ့အဖွဲ့ ရှိနေသည်ကို မြင်သောအခါ အသက်ရှူချောင်သွား၏။

“ခေါင်းဆောင်၊ ခင်ဗျားကျွန်တော်တိုနဲ့ပူးပေါင်းတာကို ၀မ်းသာပါတယ်”

ကျန့်ယွင်သည်လည်း သူ့အား ခေါင်းညိတ်ပြလိုက်ပြီး

“ခေါင်းဆောင်လီ၊ ကောင်းမွန်တဲ့ ပူးပေါင်းမှုတစ်ခုလုပ်ကြတာပေါ့ ”

နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုသည် ပထမဆုံးအကြိမ်မဟုတ်သည့်အတွက် အဓိပ္ပာယ်မရှိတာမျိုး သိပ်မရှိကြချေ။ သူတို့သည် ရိုးရိုးရှင်းရှင်းပင် မောင်းနှင်သွားကြလေသည်။

လီမင်း၏ စစ်ကားသည် ရှေ့တန်းမှ ယာဉ်တန်းကို ဦးဆောင်နေပြီး ကျန့်ယွင်၏ SUV ကားသည် သူတို့နောက်တွင် ရှိနေခဲ့သည်။

မထွက်ခွာမီ လီမင်းသည် သူတို့အား စစ်တပ်နှင့် အဆင်ပြေစွာ ဆက်သွယ်နိုင်ရန် ဝေါ်ကီတော်ကီပေးထားခဲ့သည်။ ဝေါ်ကီတော်ကီ၏ ထိရောက်သော အကွာအဝေးမှာ နှစ်ကီလိုမီတာဖြစ်သည်။

ထို့အပြင် လီမင်သည် သူတို့တစ်ယောက်ချင်းစီအတွက် အခြေစိုက်စခန်းရှိလူကြီးများချက်ပြုတ်ထားသော လက်သီးဆုပ်အရွယ် ဖက်ထုပ်များနှင့် ဟင်းသီးဟင်းရွက်ဆားစိမ် သာမက ဝက်ပေါင်ခြောက်အတုံးလေးများပါရှိသော ၀က်အူချောင်းများကို ထောက်ပံ့ပေးသည်။

လူကို သံဟု ခေါ်သော်လည်း ထမင်းသည် သံမဏိသာဖြစ်ပြီး ဆက်လက်တိုက်ပွဲဝင်ရန် အမြဲတမ်း အလုံအလောက်စားသုံးသင့်ပြီး ဉာဏ်ပညာရှိသော ဧကရာဇ်မင်းသည် စစ်သည်များကို ဆာလောင်မွတ်သိပ်သော စစ်သည်များကို ဆာလောင်စေလိမ့်မည်မဟုတ်ချေ။

ထမင်းဖက်ထုပ်များသည် ပူပူနွေးနွေးနှင့် အရသာရှိသော်လည်း စွမ်းအားရှငါတစ်ယောက်အတွက်မူ ဤအရွယ် ထမင်းဖက်ထုပ်သည် မလုံလောက်သေးပေ။ ကံကောင်းထောက်မစွာပဲ သူတို့သည် သူတို့ကိုယ်တိုင် off road ကားကို မောင်းလာခဲ့သည်။ ကားနောက်ခန်းတွင် မီးဖိုလေးတစ်ခုရှိပြီး ကိုယ်တိုင်စားဖို့ တစ်ခုခု ချက်ပြုတ်နိုင်ပါသည်။ ရှာဖွေတွေ့ရှိခံရမည်ကို ကြောက်နေစရာမလိုချေ။

အခြေစိုက်စခန်းမှ G မြို့သို့ရောက်ရန် ခရီးသည် နှစ်ရက်သုံးရက်လောက် ကြာမည်ဖြစ်သည်။ ကယ်ဆယ်ရေးတပ်ဖွဲ့များသည် သူတို့မထွက်ခွာခင် လမ်းမပေါ်တွင်ရှင်းလင်းပေးခားခဲ့ပြီးဖြစ်သဖြင့် သူတို့သည် လမ်းတလျှောက်ချောမွေ့ခဲ့ကြသည်။
ရံဖန်ရံခါသာ လမ်းပေါ်တွင် လှည့်လည်နေသော ဖုတ်ကောင်များနှင့် ဖြေရှင်းရန်သာ လိုအပ်သည်။

မိုးမလင်းခင်၌ သူတို့ စခန်းဖို့ ရွာငယ်လေးတစ်ရွာကို ရှာတွေ့ခဲ့ပြီး ထိုနေရာတွင် လူသားများမရှိဘဲ ဖြည်းညှင်းစွာလှည့်ပတ်သွားနေကြသော ဖုတ်ကောင်များသာ ရှိလေသည်။

ရွာကိုရှင်းလင်းပြီးနောက် စစ်သားများသည် ဖုတ်ကောင်များ၏ အမြုတေအူတိုင်ကို တူးဖော်ကာ အလောင်းများကို စုပုံပြီး မီးရှို့ခဲ့ကြသည်။ ထို့နောက် အနားယူရန် အိမ်သို့သွားကြသည်။

သို့သော်လည်း ကျန့်ယွင်၏အဖွဲ့မှ သူတို့၏လေးနှစ်အရွယ်ကလေးနှင့် အိမ်မွေးကြောင်လေးကိုခေါ်လာသည်ကိုတွေ့လိုက်ရသောအခါ လီမင်းစည် ပြောစရာစကားမဲ့သွားသလို ခံစားလိုက်ရ၏။ အဆုံးမှာတော့ ၎င်းသည် ကျန့်ယွင် နှင့် သူ့အဖွဲ့၏ကိုယ်ပိုင် ကိစ္စသာဖြစ်လေသည်။ သူတို့သည် ကလေးနှင့်ကြောင်အား စောင့်ရှောက်ကာကွယ်နိုင်ပြီး ဤတစ်ကြိမ်တာ၀န်ကိုမထိခိုက်သ၍ သူ့အတွက် မှတ်ချက်ပေးရန် နေရာမရှိချေ။

​နောက်​တစ်​​နေ့ ​နေဝင်​​သွားချိန်တွင် လူတိုင်းသည် အမြန်​လမ်း​ပေါ်သို့ပြန်​တက်ကြပြန်သည်။ ကားက လမ်း​ပေါ်​တလျှောက်​​မောင်းလာ​သည်နှင့် ပတ်​ဝန်းကျင်​သည် လုံးဝတိတ်​ဆိတ်နေလေသည်။ သုန်သုန်သည် ရုတ်​တရက်ပြောလာ၏။

“ကော အနောက်မှာ ကားတစ်စီးရှိတယ်”

သုန်သုန်သည် ယခုအခါတွင် စိတ်စွမ်းအားရှိသူဖြစ်ပြီး သူ၏ telepathy သည် မှန်ကန်သင့်သည်။ လူတိုင်းသည် တစ်ချိန်တည်း အနောက်သို့ လှမ်းကြည့်သော်လည်း ညသည် မှောင်နေပြီး လမ်းပေါ်တွင် လမ်းမီးများမရှိ၍ သူတို့သည် အနောက်ဘက်မှ အခြေအနေအားလုံးကို မမြင်နိုင်ပေ။

အကွေ့တစ်ကွေ့ရောက်မှသာ ကား၏ကိုယ်ထည်သည် လရောင်ကို ရောင်ပြန်ဟပ်နေသည်ကို မြင်လိုက်ရသည်။

အနက်ရောင်ကားတစ်စီးဖြစ်ရမည်။ ကားရှေ့မီးမဖွင့်ထားချေ။ မည်သည့်အချိန်ကတည်းက သူတို့နောက်မှ လိုက်နေမှန်းလည်းမသိချေ။ ညအမှောင်အောက်တွင် ၎င်းသည် ဂရုတစိုက်လိုက်လာနေ၏။ ယွီသုန်သုန်ကြောင့်သာ သာမဟုတ်လျှင် သူတို့လိုက်လာ နေကြမှန်းတောင်သိမည်မဟုတ်ချေ။

ကျန့်ယွင်သည် လီမင်းအား ဝေါ်ကီတော်ကီဖြင့် အခြေအနေကို ချက်ချင်းအကြောင်းကြားခဲ့သည်။

လီမင်းသည် အလွန်အံအားသင့်သွားခဲ့သည်။ သူသည် လမ်းပေါ်ကရွာ သို့မဟုတ် စတိုးဆိုင်ကို မသွားခဲ့ချေ။ ဒီကားက ဘယ်ကလာတာလဲ? သူတို့နောက်ကို ဘာလို့ လိုက်နေတာလဲ?

အသက်ရှင်ကျန်ရစ်သူဖြစ်ပါက သူတို့ကို အကူအညီတောင်းရန် နည်းလမ်းမရှာသင့်ဘူးလား? သူတို့နောက်ကို တိတ်တဆိတ် ခိုးလိုက်နေခြင်းသည် ဘာကိုဆိုလိုပါသနည်း?

ထိုကား၏နောက်ကွယ်တွင် ဘယ်လိုရည်ရွယ်ချက်မျိုးရှိပါစေ အရာအားလုံးကို ရှာဖွေဖော်ထုတ်ဖို့ လိုအပ်သည်။

ကျန့်ယွင်၏ off road ယာဉ်သည် ရုတ်တရက် မီးပိတ်သွားကာ ကားသည် တိတ်တဆိတ် ရပ်တန့်သွားလေသည်။ လီမင်း၏ မျဉ်းတန်းသည် ရှေ့သို့ ဆက်လက်ရွေ့လျားသွားသည်။ လမ်းမှောင်မှောင်ပေါ်တွင် တဖြည်းဖြည်း အလင်းများပျောက်ကွယ်သွားလေပြီး  အမှောင်ရိပ်အောက်တွင် ကားတစ်စီးရပ်ထားသည်ကို မည်သူမျှ မတွေ့ရတော့ပေ။

တစ်ခဏအကြာတွင် ထိုကားသည်နောက်မှ ပေါ်လာပြီး ဖြတ်ကျော်သွားလေ၏။

ကျန့်ယွင်သည် ရုတ်တရက် အမြင့်မီးများကို ရုတ်တရက်ဖွင့်လိုက်ရာ အားကောင်းသည့် ရှေ့မီးကြီးများက ရှေ့လမ်းကို လင်းထိန်သွားစေသည်။ အမည်မသိ စီးပွားရေးလုပ်ငန်းသုံးကား အနက်ရောင်သည် မီးရောင်ထဲတွင် ဖော်ထုတ်ခံလိုက်ရလာသည်ကို မည်သူသိနိုင်မည်နည်း။

ရှေ့မှ ကားမောင်းသူသည် သိသိသာသာ ထိတ်လန့်သွားပြီး ကျန့်ယွင်ဖယ်ချန်ထားခဲ့ရန် အရှိန်ပြင်းပြင်းနဲ့ အရှိန်မြှင့်တင်လိုက်သော်လည်း သူတို့ရှေ့မှ နောက်ထပ် မီးတန်းများ လင်းလာဖို့ မမျှော်လင့်ထားခဲ့ချေ။ စစ်ကားနှစ်စီးသည် လမ်းကို ပိတ်ဆို့ရန်ဘယ်အချိန်ကတည်းကရောက်နေသည်မသိရချေ။ ဒါဇင်နှင့်ချီသော စစ်သားများသည် ကားရှေ့ရှိ လမ်းကို လက်နက်ကြီးများဖြင့် ချိန်ထားလေသည်။

ရုတ်တရက် ဘရိတ်အုပ်သံနှင့်အတူ အနက်ရောင်စီးပွားရေးသုံးကားတစ်စီး ရပ်တန့်ဖို့ကြိုးစားရင်း လမ်းချော်သွားခဲ့သည်။

“မပစ်ပါနဲ့၊ မပစ်ပါနဲ့! ”

စီးပွားရေးလုပ်ငန်းသုံးကား၏တံခါးပွင့်လာပြီး အရပ်ပုပု၀၀လူတစ်ယောက်သည် သူ့လက်များကိုမြှောက်ကာ လျှောက်ထွက်လာ၏။

“မင်းတို့ ဘာလုပ်နေတာလဲ?! ”

လီမင်းသည် ဟောက်လိုက်၏။

“ကျွန်တော်က သာမန်လူတစ်ယောက်ပါ! ကျွန်တော့် မိန်းမနဲ့ ကလေးတွေက ကားထဲမှာပါ! ”

သူပြောပြီးသည်နှင့် ကားပေါ်ရှိလူများကို အမြန်ဆင်းခိုင်းလိုက်သည်။ ခုနစ်ယောက်စီး စီးပွားရေးလုပ်ငန်းသုံးကားထဲတွင် လူများအပြည့်ဖြင့် ဖြစ်၏။  လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး၊ အမျိုးသားသုံးဦးနှင့် ငယ်ရွယ်လှသော မိန်းကလေးနှစ်ဦး ဆင်းလာခဲ့သည်။

“ဒါက ကျွန်တော့မိန်းမ၊ သမီးနှစ်ယောက်၊ သားတစ်ယောက်နဲ့ သူတို့ရဲ့ သူငယ်ချင်းနှစ်ယောက်ပါ”

“ငါတို့နောက်ကို လိုက်နေပြီး ဘာလိုချင်လို့လဲ ?! ”

“ကျွန်တော်တို့က N မြို့က လွတ်မြောက်လာခဲ့ပြီးတော့ မိဘတွေကိုရှာဖို့ G မြို့ကို သွားချင်လို့ပါ။ မကြာသေးခင်က လမ်းက ငြိမ်းချမ်းမှုမရှိခဲ့ဘူး။ ကားထဲမှာ အမျိုးသမီးသုံးယာက်ရှိတယ်။ အဲ့ဒါက တကယ်ကို မလုံခြုံဘူး။ ကျွန်တော်တို့ လမ်းမပေါ်က ခင်ဗျားတို့ရဲ့ ကားမီးတွေကိုမြင်လိုက်ရတဲ့အချိန် ကျွန်တော်တို့ အန္တရာယ်ကင်းကင်းဆက်သွားနိုင်လိမ့်မယ်လို့ထင်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့ ခင်ဗျားတို့နောက်က တိတ်တိတ်လေးလိုက်လာခဲ့တာပါ။ ငါတို့ ဆိုးရွားတဲ့အတွေးတွေ တကယ်မရှိပါဘူး! ”

လူ၀သည် လေးလေးစားစားဖြင့်ပြောလာလေ၏။

သူတို့တွင် မည်သည့်အမှားမှ မရှိသည့်ပုံပေါက်နေလေ၏။ စစ်သားတစ်ယောက်အနေဖြင့် လီမင်းသည် သာမန်လူများနှင့် ပဋိပက္ခမဖြစ်နိုင်ချေ။ အကယ်၍ သူတို့သာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပါက သူတို့အား သူတို့နှင့်အတူခေါ်သွားပေလိမ့်မည်။ သို့သော် ယခုသည် အခြေစိာက်စခန်းတစ်ခုလုံးနှင့် သက်ဆိုင်သော အရေးပေါ်တာ၀န်ကို ထမ်းဆောင်ရန် လိုအပ်နေခဲ့ပြီး အန္တရာယ် အတိုင်းအတာတစ်ခုအထိ သယ်ဆောင်ထားခဲ့ရသည်။ သူတို့အား G မြို့အထိ တစ်ယောက်တည်း ခေါ်သွားဖို့ မဖြစ်နိုင်ချေ။

🍒🍒

Zawgyi  】

ယြီသုန္သုန္၏စြမ္းအား နိုးထလာေသာအခါတြင္ သူ႕စားခ်င္စိတ္သည္ ပိုႀကီးလာ၏။ ယခင္က ေခါက္ဆြဲျပဳတ္ပန္းကန္ေသးေသးေလးသည္ ဗိုက္ျပည့္ေစရန္ လုံေလာက္သည္။ ယခုအခါမူ ေခါက္ဆြဲပန္းကန္လုံးႀကီးႏွစ္လုံးကို စားၿပီး ဟင္းခ်ိဳအားလုံးကို ေသာက္လိုက္သည္။ ထို႔အျပင္ ယခုအထိ သူ႕အား ေက်နပ္သလိုမခံစားရေသးေခ်။ သူသည္ စုေ႐ြ႕က်ယ္အားသူ႕အတြက္ ေနာက္ထပ္အထုပ္တစ္ထုပ္ကို ခ်က္ဖို႔ ႏွောင့္ယွက္ေနေလသည္။ ေရွာင္ေဟးသည္ သုန္သုန္၏ လႊမ္းမိုးမႈေၾကာင့္ ျဖစ္နိုင္သည္၊ ယြီသုန္သုန္ ​​သူ၏ ေခါက္ဆြဲတတိယပန္းကန္လုံးေရာက္ေသာအခါ ေရွာင္ေဟးေရာက္လာၿပီး အသင့္စားေခါက္ဆြဲေျခာက္စြပ္ျပဳတ္စက္ႏွစ္စက္ကို သူ႕လွ်ာေလးႏွင့္ လွ်က္ေလ၏။

“အာ၊ မင္းဒါကိုစားလို႔မရဘူး!”

စုေ႐ြ႕က်ယ္သည္ တားျမစ္ရန္ အျမန္လာေရာက္လာခဲ့သည္။ သူသည္ ေၾကာင္မ်ားကိုေမြးျမဴရာတြင္ အေတြ႕အႀကဳံမရွိေသာ္လည္း ေၾကာင္မ်ား၏အူမ်ားႏွင့္ အစာအိမ္သည္ အားနည္းေၾကာင္း ၾကားသိခဲ့ရသည္။ ဆားေလးေသာအစားအစာမ်ား၊ ဆီမ်ား ႏွင့္ ေခါက္ဆြဲေျခာက္ကဲ့သို႔ေသာ က်န္းမာေရးႏွင့္ မညီၫြတ္ေသာ အစားအစာမ်ားကို လုံး၀တားျမစ္ထားေလသည္။

သို႔ေသာ္ ေရွာင္ေဟးက ဘာလို႔ သူ႕စကားေတြကို နားေထာင္တာလဲ; ေရွာင္ေဟးသည္ သူ႕ကိုတားဆီးရန္ စုေ႐ြ႕က်ယ္ဆန႔္ထားေသာ လက္တစ္ဖက္ကို ေပါ့ေပါ့ပါးပါး ခုန္တက္လိုက္ၿပီး ေခါက္ဆြဲမွ်င္ကို ဆြဲယူၿပီး ဗိုက္ထဲသို႔ အျမန္စုပ္ယူလိုက္သည္။

စုေ႐ြ႕က်ယ္သည္ တကယ့္ကို စိတ္တို ေဒါသထြက္လာေလ၏။ သူ ၎ကိုစားၿပီး ဖ်ားနာလွ်င္ တိရစ္ဆာန္ေဆးကုဆရာ၀န္တစ္ေယာက္ကိုရွာဖို႔ ဘယ္ကိုေျပးရမွန္းပင္ မသိေခ်။

“ေကာ၊ အဆင္ေျပပါတယ္။ ေရွာင္ေဟးက အဲ့ဒါ အရသာရွိတယ္လို႔ထင္ေနတာ ”

ယြီသုန္သုန္သည္ ႏူးညံ့ေခ်ာေမြ႕ေသာအသံေလးႏွင့္ ေျပာလာ၏။

စုေ႐ြ႕က်ယ္သည္ သူ႕စကားမ်ားေၾကာင့္ ယြီသုန္သုန္ဆီသို႔ လွမ္းၾကည့္လိုက္ကာ အံ့ၾသစြာ ေမးလိုက္သည္။

“မင္း သူနဲ႕ ဆက္သြယ္ေျပာဆိုနိုင္တာလား? ”

ယြီသုန္သုန္ ေခါင္းခါလိုက္ၿပီး

“ေရွာင္ေဟးက သားကို မေျပာနိုင္ဘူး၊ ဒါေပမယ့္ သူအရမ္းေပ်ာ္ေနတာကို ခံစားရတယ္”

ေရွာင္ေဟး၏ စိတ္ခံစားခ်က္မ်ားကို ခံစားနိုင္မႈသည္ ယြီသုန္သုန္၏ စိတ္စြမ္းအားျဖစ္သင့္သည္ဟု စုေ႐ြ႕က်ယ္သေဘာေပါက္လိုက္၏။ ေရွာင္ေဟးသည္ သာမန္ေၾကာင္တစ္ေကာင္မဟုတ္ဟုေတြးျခင္းျဖင့္ သူ႕ကိုယ္သူေျဖသိမ့္နိုင္ေလသည္။ ဆင့္ကဲေျပာင္းလဲလာေသာ တိရစ္ဆာန္မ်ား၏ အူႏွင့္ အစာအိမ္သည္ သာမာန္တိရစ္ဆာန္မ်ားႏွင့္ ကြဲျပားေနနိုင္သည္...

က်န႔္က်ားဟယ္သည္ ေနာက္တစ္ေန႕ ေန႕လယ္တြင္ နိုးလာေသာ္လည္း က်န့္ယြင္သည္ ဘာေၾကာင့္ အဖ်ားႀကီးေနဆဲျဖစ္သည္ကို သူတို႔မသိၾကေပ။

“ေကာ...ခင္ဗ်ားဘာလို႔ မနိုးလာေသးတာလဲ? ကြၽန္ေတာ္စိုးရိမ္ေနၿပီ...ခင္ဗ်ားဗိုက္မဆာဘူးလားဟင္? အစားအစာေတြက အိုထဲမွာ ပူေနတုန္းပဲ...”

စုေ႐ြ႕က်ယ္သည္ က်န႔္ယြင္၏နဖူးအား ပုဝါအစိုတစ္ခုႏွင့္ ေအးေအာင္လုပ္ေပးေနရင္း သူ႕အား တီးတိုးေျပာေနေလ၏။

က်န႔္ယြင္သည္ သူ႕အဆင့္ျမႇင့္တင္မႈတြင္ ေအာင္ျမင္လိမ့္မည္ဟု သူယုံၾကည္ေသာ္လည္း သူမစိုးရိမ္ဘဲမေနနိုင္ေပ။ နာရီဝက္တိုင္း မ်က္ႏွာႏွင့္လည္ပင္းကို ပုဝါအစိုႏွင့္သုတ္ေပးၿပီး ေဖ်ာ္ရည္ႏွင့္ ေရတို႔ကို ဆက္လက္တိုက္ေကြၽးခဲ့ကာ အဖ်ားႀကီးျခင္းေၾကာင့္ ေရဓာတ္ခန္းေျခာက္ျခင္းမွ ကာကြယ္ရန္ျဖစ္သည္။

က်န႔္ယြင္၏အဖ်ားသည္ ေန႕ေရာညပါ ေတာက္ေလွ်ာက္ တက္ေနခဲ့ၿပီး သုံးရက္ေျမာက္ေန႕မြန္းတည့္ခ်ိန္အထိ သူမနိုးလာေသးေပ။

“က်န႔္ေကာ! ေနာက္ဆုံးေတာ့ ခင္ဗ်ားနိုးလာၿပီ? ”

စုေ႐ြ႕က်ယ္သည္ က်န႔္ယြင္၏အခန္းထဲရွိ လႈပ္ရွားမႈမ်ားကို အာ႐ုံစိုက္ေနခဲ့သည္။ က်န႔္ယြင္အခန္းထဲမွထြက္လာသည္ကို ျမင္လိုက္ေသာအခါ သူ႕မ်က္ႏွာသည္ ေပ်ာ္႐ႊင္၀မ္းေျမာက္မႈျဖင့္ ႐ႊင္လန္းေတာက္ပလာေလသည္။

“ခင္ဗ်ား ဗိုက္ဆာေနလား? ကြၽန္ေတာ္ ခင္ဗ်ားအတြက္ အစားအေသာက္အဆင့္သင့္လုပ္ထားတယ္။ ကြၽန္ေတာ္ အခုခ်က္ခ်င္း ယူလာခဲ့ေပးမယ္ ”

က်န႔္ယြင္သည္ အၾကာႀကီး အိပ္ေပ်ာ္ေနၿပီးေနာက္ဗိုက္ဆာေနလိမ့္မည္; ထို႔ေၾကာင့္ စုေ႐ြ႕က်ယ္သည္ အစားအေသာက္ကို ေစာေစာျပင္ဆင္ထားၿပီး သူနိုးလာသည္ႏွင့္ခ်က္ခ်င္းစားနိုင္ရန္ ေစာင့္ေနစဥ္ အိုးထဲတြင္ ႏႊေးေနခဲ့သည္။

“ဗိုက္မဆာပါဘူး ”

ဤအခ်ိန္တြင္ လူတိုင္းအိပ္ေပ်ာ္ေနၾကသည္။ တကယ္ေတာ့ သူႏွင့္ စုေ႐ြ႕က်ယ္သာလွ်င္ အခန္း 501 တြင္ေနၾကျခင္းျဖစ္သည္။ က်န႔္ယြင္၏ ႏွလုံးခုန္သံသည္ လႈပ္ရွားသြားၿပီး သူသည္ ေလွ်ာက္သြားကာ ထိုလူကို သူ႕ရင္ခြင္ထဲသို႔ လွမ္းဖက္ထားလိုက္ေလသည္။

“ေကာ...”

စုေ႐ြ႕က်ယ္၏မ်ပ္ႏွာသည္ ႐ုတ္တရက္ခ်က္ခ်င္းဆိုသလို ရွက္ေသြးျဖာနီးျမန္သြားၿပီး အသံအက်ယ္ႀကီး ေအာ္မိသြားေလသည္။

“ကိုယ္ အဖ်ားနဲ႕ လဲေနခ်ိန္မွာ တစ္စုံတစ္ေယာက္က ကိုယ့္ကို စကားေတြေျပာေနတာကို အၿမဲၾကားေနရတယ္”

“ေကာ ..ကြၽန္ေတာ္..”

စုေ႐ြ႕က်ယ္၏အသံသည္ တုန္ယင္ေနၿပီး ေက်ာက္စိမ္းအျဖဴေလးကဲ့သို႔ေသာ သူ႕နားႏွစ္ဖက္သည္ သိမ္ေမြ႕ႏူးညံ့ေသာအနီေရာင္ေသြးမ်ား ျခယ္လာေလေတာ့၏။ က်န႔္ယြင္သည္ အခ်ိန္အၾကာႀကီး အိပ္ေပ်ာ္ေနခဲ့သည္။ စုေ႐ြ႕က်ယ္သည္ အၿမဲလိုလို စိတ္မသက္မသာ ခံစားရေသာ္လည္း ရင္ထဲတြင္ သိမ္းဆည္းထားေလသည္။ သူ႕စိတ္ေတြ တုန္လႈပ္သြားသည့္အခါတိုင္း သူ စကားမေျပာခ်င္ဘဲ မေနနိုင္ခဲ့ေခ်။ သူသည္ ရွက္စရာစကားအမ်ားႀကီးကို ေျပာခဲ့ေလသည္။ မေမွ်ာ္လင့္ဘဲ က်န႔္ယြင္သည္ ၎တို႔အားလုံးကို ၾကားေနခဲ့သည္။ သူေသေလာက္ေအာင္ ရွက္ေနပါၿပီ.....

“ကိုယ္ဖ်ားေနခ်ိန္မွာ ကိုယ္လည္းပဲမင္းကိုေတြးေနခဲ့တာ...”

က်န႔္ယြင္သည္ သူ႕ထဲမွ ေကာင္ေလးသည္ အနည္းငယ္က်ဳံ႕သြားသည္ကို ခံစားလိုက္ရသည္။ သူ႕ မ်က္ေတာင္ေလးမ်ားလႈပ္ေနသည္။ သူၿပဳံးရင္း ေခါင္းငုံ႕ကာ စုေ႐ြ႕က်ယ္၏ႏႈတ္ခမ္းမ်ားကို နမ္းလိုက္သည္။ သူ႕ခ်စ္သူေလး၏ႏႈတ္ခမ္းမ်ားသည္ ႏူးညံ့ေခ်ာေမြ႕ကာ အနည္းငယ္ သစ္သီးရနံ႕ေလးမ်ားျဖင့္ ျဖစ္သည္။ သူ ယခုခ်က္ခ်င္းပင္ အသီးအႏွံအခ်ိဳ႕ကိုစားရမွ ျဖစ္ေပေတာ့မည္။

က်န႔္ယြင္၏အနမ္းသည္ ႀကီးစိုးခ်ယ္လွယ္ၿပီး ေၾကာက္စရာေကာင္းသည္မဟုတ္ေသာ္လည္း ႏူးညံ့ၿပီး ရင္းႏွီးေသာအရသာကို သယ္ေဆာင္ထားေလသည္။ သူတို႔၏ ႏႈတ္ခမ္းမ်ားႏွင့္ လွ်ာမ်ားသည္လိမ္ယွက္ေနၿပီး ဤရင္းႏွီးမႈကို အျပည့္အ၀ ရစ္မူးေနခဲ့ၾကေလ၏။

“ေကာ...”

အနမ္း၏အဆုံးတြင္ စုေ႐ြ႕က်ယ္သည္ က်န႔္ယြင္၏လက္ႏွစ္ဖက္ကိုမွီကာ ညင္သာစြာ ရႉထုတ္ေနရေလ၏။  ရလဒ္မွာေတာ့ မာေနသည့္တစ္ခုခုသည္ သူ႕ေပါင္ကိုထိမိေနသည္ကို ခံစားလိုက္ရသည္။ ဘာျဖစ္သည္ကို သူသိလိုက္ေသာအခါတြင္ သူ႕ပါးျပင္မ်ားသည္ ေသြးမ်ားထြက္လုမတတ္ နီရဲေနေလေတာ့သည္။

ေနာက္ဆုံးမွာေတာ့ က်န႔္ယြင္သည္ သူ႕အားအနိုင္က်င့္ခ်င္စိတ္ သိပ္မရွိေတာ့ေပ။ သူသည္ အသက္ျပင္းျပင္းရႉၿပီး သူ႕အားလႊတ္ေပးလိုက္ၿပီး အသံတိုးတိုးနဲ႕ ေျပာလိုက္သည္။

“သြားၿပီး ေကာ အတြက္ အစားအေသာက္ယူခဲ့။ သူဗိုက္ဆာေနၿပီ ”

သူေနာက္ဆုံးစကားႏွစ္ခြန္းကိုေျပာၿပီးေသာအခါ က်န႔္ယြင္၏မ်က္လုံးမ်ားသည္ စုေ႐ြ႕က်ယ္၏ စကားျဖင့္ မေျပာျပနိုင္ေသာကိုယ္ခႏၶာအစိတ္အပိုင္းအခ်ိဳ႕ဆီသို႔ တမင္စုန္ခ်ည္ဆန္ခ်ည္လွည့္ေန႕ၿပီး စုေ႐ြ႕က်ယ္အား ပို၍ပင္ရွက္သြားေစသည္။

ကံေကာင္းေထာက္မစြာျဖင့္ အစားအစာကို အၿမဲပူႏြေးေနေအာင္ ႏႊေးထားခဲ့ၿပီး အစားအေသာက္ေကြၽးဖို႔ အခ်ိန္အမ်ားႀကီးယူရမည္မဟုတ္ေခ်။ အရသာရွိသည့္ ေျပာင္းဖူးနံရိုးစြပ္ျပဳတ္၊ ၀က္သားျပဳတ္အတုံးႀကီးမ်ား၊ ပူပူႏြေးႏြေး ထမင္းျဖဴပူပူတို႔သည္ ေမႊးရနံ႕ဖုံးလႊမ္းေနၿပီး လူမ်ားကို စားဖို႔ဆြဲေဆာင္ေနေလ၏။

“ေရွာင္က်ယ္၊ မင္းအခုထိ မစားရေသးဘူးလား?”

“ကြၽန္ေတာ္တို႔အကုန္စားၿပီးၾကၿပီ။ ဒါက ခင္ဗ်ားအတြက္ အထူးျပင္ဆင္ေပးထားတာ။ ပူေနတုန္း ျမန္ျမန္စားလိုက္”

“ေကာင္းတယ္”

“ေကာ၊ ေခါင္းေဆာင္လီ ဒီေန႕ ဒီကိုလာေသးတယ္။ ဒီညေန ေျခာက္နာရီမွာ ကြၽန္ေတာ္တို႔ အေျခစိုက္စခန္းရဲ႕ ဂိတ္ေပါက္မွာ စုၾကမယ္”

က်န႔္ယြင္ စားေသာက္ေနစဥ္ စုေ႐ြ႕က်ယ္သည္ လီမင္းေရာက္လာသည့္အေၾကာင္း သူ႕အားေျပာျပေနေလ၏။

လီမင္းသည္ က်န႔္ယြင္၏အေျဖကို ေစာင့္ေနခဲ့ျခင္းျဖစ္သည္။ သူ ဒီညေနထြက္သြားေတာ့မည္ျဖစ္ေသာ္လည္း သူတို႔ထံမွ မည္သည့္လႈပ္ရွားမႈမွ ရွိမလာခဲ့ေခ်။ လီမင္းသည္ ထပ္မေစာင့္နိုင္ေတာ့ေပ။ထို႔ေၾကာင့္ မနက္ေစာေစာ၌ လူကိုယ္တိုင္လာခဲ့ျခင္းျဖစ္သည္။

က်န႔္ယြင္သည္ အိပ္ေပ်ာ္ေနေသးၿပီး က်န္အဖြဲ႕သားမ်ားသည္ အသင္းေခါင္းေဆာင္မျဖစ္နိုင္ဘူးဆိုတာ သိသာထင္ရွားသည္ဟု မည္သူသိနိုင္ပါ့မည္လဲ။ ေနာက္ဆုံးမွာေတာ့ စုေ႐ြ႕က်ယ္သည္ ေရွ႕သို႔ေရာက္လာၿပီး ဤညမေရာက္ခင္ က်န႔္ယြင္ နိုးလာသ၍ ဤညမစ္ရွစ္တြင္ သူတို႔ က်ိန္းေသေပါက္ပါဝင္မည္ဟု လီမင္းအားကတိေပးခဲ့သည္။ ထိုမွသာ လီမင္းသည္ စိတ္ေအးသက္သာ ၿငိမ္းခ်မ္းစြာ ထြက္ခြာသြားခဲ့သည္။

“ေကာင္းၿပီ၊ ဒီညသြားၾကစို႔ ”

က်န႔္ယြင္ ေခါင္းညိတ္လိုက္၏။ ဤတစ္ႀကိမ္မွာေတာ့ သူတို႔တာ၀န္တြင္ ပါ၀င္သြားရမည္ျဖစ္သည္။

ညေနေျခာက္နာရီ၌ က်န႔္ယြင္ႏွင့္သူ႕အဖြဲ႕သည္အေျခစိုက္စခန္းဂိတ္သို႔ သူတို႔၏ off road ကားကိုေမာင္းကာ အခ်ိန္မီေရာက္လာခဲ့ၾက၏။ အေျခစိုက္စခန္း၏ ဂိတ္ေပါက္တြင္ စစ္ကားေလးစီးႏွင့္ ႀကီးမားေသာ ကုန္တင္ကားႀကီးတစ္စီး တို႔သည္ လွည့္ပတ္ရန္ အသင့္ျဖစ္ေနၾကၿပီျဖစ္သည္။

လီမင္းသည္ က်န႔္ယြင္ႏွင့္ သူ႕အဖြဲ႕ ရွိေနသည္ကို ျမင္ေသာအခါ အသက္ရႉေခ်ာင္သြား၏။

“ေခါင္းေဆာင္၊ ခင္ဗ်ားကြၽန္ေတာ္တိုနဲ႕ပူးေပါင္းတာကို ၀မ္းသာပါတယ္”

က်န႔္ယြင္သည္လည္း သူ႕အား ေခါင္းညိတ္ျပလိုက္ၿပီး

“ေခါင္းေဆာင္လီ၊ ေကာင္းမြန္တဲ့ ပူးေပါင္းမႈတစ္ခုလုပ္ၾကတာေပါ့ ”

ႏွစ္ဦးႏွစ္ဘက္ ပူးေပါင္းေဆာင္႐ြက္မႈသည္ ပထမဆုံးအႀကိမ္မဟုတ္သည့္အတြက္ အဓိပၸာယ္မရွိတာမ်ိဳး သိပ္မရွိၾကေခ်။ သူတို႔သည္ ရိုးရိုးရွင္းရွင္းပင္ ေမာင္းႏွင္သြားၾကေလသည္။

လီမင္း၏ စစ္ကားသည္ ေရွ႕တန္းမွ ယာဥ္တန္းကို ဦးေဆာင္ေနၿပီး က်န႔္ယြင္၏ SUV ကားသည္ သူတို႔ေနာက္တြင္ ရွိေနခဲ့သည္။

မထြက္ခြာမီ လီမင္းသည္ သူတို႔အား စစ္တပ္ႏွင့္ အဆင္ေျပစြာ ဆက္သြယ္နိုင္ရန္ ေဝၚကီေတာ္ကီေပးထားခဲ့သည္။ ေဝၚကီေတာ္ကီ၏ ထိေရာက္ေသာ အကြာအေဝးမွာ ႏွစ္ကီလိုမီတာျဖစ္သည္။

ထို႔အျပင္ လီမင္သည္ သူတို႔တစ္ေယာက္ခ်င္းစီအတြက္ အေျခစိုက္စခန္းရွိလူႀကီးမ်ားခ်က္ျပဳတ္ထားေသာ လက္သီးဆုပ္အ႐ြယ္ ဖက္ထုပ္မ်ားႏွင့္ ဟင္းသီးဟင္း႐ြက္ဆားစိမ္ သာမက ဝက္ေပါင္ေျခာက္အတုံးေလးမ်ားပါရွိေသာ ၀က္အူေခ်ာင္းမ်ားကို ေထာက္ပံ့ေပးသည္။

လူကို သံဟု ေခၚေသာ္လည္း ထမင္းသည္ သံမဏိသာျဖစ္ၿပီး ဆက္လက္တိုက္ပြဲဝင္ရန္ အၿမဲတမ္း အလုံအေလာက္စားသုံးသင့္ၿပီး ဉာဏ္ပညာရွိေသာ ဧကရာဇ္မင္းသည္ စစ္သည္မ်ားကို ဆာေလာင္မြတ္သိပ္ေသာ စစ္သည္မ်ားကို ဆာေလာင္ေစလိမ့္မည္မဟုတ္ေခ်။

ထမင္းဖက္ထုပ္မ်ားသည္ ပူပူႏြေးႏြေးႏွင့္ အရသာရွိေသာ္လည္း စြမ္းအားရွငါတစ္ေယာက္အတြက္မူ ဤအ႐ြယ္ ထမင္းဖက္ထုပ္သည္ မလုံေလာက္ေသးေပ။ ကံေကာင္းေထာက္မစြာပဲ သူတို႔သည္ သူတို႔ကိုယ္တိုင္ off road ကားကို ေမာင္းလာခဲ့သည္။ ကားေနာက္ခန္းတြင္ မီးဖိုေလးတစ္ခုရွိၿပီး ကိုယ္တိုင္စားဖို႔ တစ္ခုခု ခ်က္ျပဳတ္နိုင္ပါသည္။ ရွာေဖြေတြ႕ရွိခံရမည္ကို ေၾကာက္ေနစရာမလိုေခ်။

အေျခစိုက္စခန္းမွ G ၿမိဳ႕သို႔ေရာက္ရန္ ခရီးသည္ ႏွစ္ရက္သုံးရက္ေလာက္ ၾကာမည္ျဖစ္သည္။ ကယ္ဆယ္ေရးတပ္ဖြဲ႕မ်ားသည္ သူတို႔မထြက္ခြာခင္ လမ္းမေပၚတြင္ရွင္းလင္းေပးခားခဲ့ၿပီးျဖစ္သျဖင့္ သူတို႔သည္ လမ္းတေလွ်ာက္ေခ်ာေမြ႕ခဲ့ၾကသည္။
ရံဖန္ရံခါသာ လမ္းေပၚတြင္ လွည့္လည္ေနေသာ ဖုတ္ေကာင္မ်ားႏွင့္ ေျဖရွင္းရန္သာ လိုအပ္သည္။

မိုးမလင္းခင္၌ သူတို႔ စခန္းဖို႔ ႐ြာငယ္ေလးတစ္႐ြာကို ရွာေတြ႕ခဲ့ၿပီး ထိုေနရာတြင္ လူသားမ်ားမရွိဘဲ ျဖည္းညွင္းစြာလွည့္ပတ္သြားေနၾကေသာ ဖုတ္ေကာင္မ်ားသာ ရွိေလသည္။

႐ြာကိုရွင္းလင္းၿပီးေနာက္ စစ္သားမ်ားသည္ ဖုတ္ေကာင္မ်ား၏ အျမဳေတအူတိုင္ကို တူးေဖာ္ကာ အေလာင္းမ်ားကို စုပုံၿပီး မီးရွို႔ခဲ့ၾကသည္။ ထို႔ေနာက္ အနားယူရန္ အိမ္သို႔သြားၾကသည္။

သို႔ေသာ္လည္း က်န႔္ယြင္၏အဖြဲ႕မွ သူတို႔၏ေလးႏွစ္အ႐ြယ္ကေလးႏွင့္ အိမ္ေမြးေၾကာင္ေလးကိုေခၚလာသည္ကိုေတြ႕လိုက္ရေသာအခါ လီမင္းစည္ ေျပာစရာစကားမဲ့သြားသလို ခံစားလိုက္ရ၏။ အဆုံးမွာေတာ့ ၎သည္ က်န႔္ယြင္ ႏွင့္ သူ႕အဖြဲ႕၏ကိုယ္ပိုင္ ကိစၥသာျဖစ္ေလသည္။ သူတို႔သည္ ကေလးႏွင့္ေၾကာင္အား ေစာင့္ေရွာက္ကာကြယ္နိုင္ၿပီး ဤတစ္ႀကိမ္တာ၀န္ကိုမထိခိုက္သ၍ သူ႕အတြက္ မွတ္ခ်က္ေပးရန္ ေနရာမရွိေခ်။

​ေနာက္​တစ္​​ေန႕ ​ေနဝင္​​သြားခ်ိန္တြင္ လူတိုင္းသည္ အျမန္​လမ္း​ေပၚသို႔ျပန္​တက္ၾကျပန္သည္။ ကားက လမ္း​ေပၚ​တေလွ်ာက္​​ေမာင္းလာ​သည္ႏွင့္ ပတ္​ဝန္းက်င္​သည္ လုံးဝတိတ္​ဆိတ္ေနေလသည္။ သုန္သုန္သည္ ႐ုတ္​တရက္ေျပာလာ၏။

“ေကာ အေနာက္မွာ ကားတစ္စီးရွိတယ္”

သုန္သုန္သည္ ယခုအခါတြင္ စိတ္စြမ္းအားရွိသူျဖစ္ၿပီး သူ၏ telepathy သည္ မွန္ကန္သင့္သည္။ လူတိုင္းသည္ တစ္ခ်ိန္တည္း အေနာက္သို႔ လွမ္းၾကည့္ေသာ္လည္း ညသည္ ေမွာင္ေနၿပီး လမ္းေပၚတြင္ လမ္းမီးမ်ားမရွိ၍ သူတို႔သည္ အေနာက္ဘက္မွ အေျခအေနအားလုံးကို မျမင္နိုင္ေပ။

အေကြ႕တစ္ေကြ႕ေရာက္မွသာ ကား၏ကိုယ္ထည္သည္ လေရာင္ကို ေရာင္ျပန္ဟပ္ေနသည္ကို ျမင္လိုက္ရသည္။

အနက္ေရာင္ကားတစ္စီးျဖစ္ရမည္။ ကားေရွ႕မီးမဖြင့္ထားေခ်။ မည္သည့္အခ်ိန္ကတည္းက သူတို႔ေနာက္မွ လိုက္ေနမွန္းလည္းမသိေခ်။ ညအေမွာင္ေအာက္တြင္ ၎သည္ ဂ႐ုတစိုက္လိုက္လာေန၏။ ယြီသုန္သုန္ေၾကာင့္သာ သာမဟုတ္လွ်င္ သူတို႔လိုက္လာ ေနၾကမွန္းေတာင္သိမည္မဟုတ္ေခ်။

က်န႔္ယြင္သည္ လီမင္းအား ေဝၚကီေတာ္ကီျဖင့္ အေျခအေနကို ခ်က္ခ်င္းအေၾကာင္းၾကားခဲ့သည္။

လီမင္းသည္ အလြန္အံအားသင့္သြားခဲ့သည္။ သူသည္ လမ္းေပၚက႐ြာ သို႔မဟုတ္ စတိုးဆိုင္ကို မသြားခဲ့ေခ်။ ဒီကားက ဘယ္ကလာတာလဲ? သူတို႔ေနာက္ကို ဘာလို႔ လိုက္ေနတာလဲ?

အသက္ရွင္က်န္ရစ္သူျဖစ္ပါက သူတို႔ကို အကူအညီေတာင္းရန္ နည္းလမ္းမရွာသင့္ဘူးလား? သူတို႔ေနာက္ကို တိတ္တဆိတ္ ခိုးလိုက္ေနျခင္းသည္ ဘာကိုဆိုလိုပါသနည္း?

ထိုကား၏ေနာက္ကြယ္တြင္ ဘယ္လိုရည္႐ြယ္ခ်က္မ်ိဳးရွိပါေစ အရာအားလုံးကို ရွာေဖြေဖာ္ထုတ္ဖို႔ လိုအပ္သည္။

က်န႔္ယြင္၏ off road ယာဥ္သည္ ႐ုတ္တရက္ မီးပိတ္သြားကာ ကားသည္ တိတ္တဆိတ္ ရပ္တန႔္သြားေလသည္။ လီမင္း၏ မ်ဥ္းတန္းသည္ ေရွ႕သို႔ ဆက္လက္ေ႐ြ႕လ်ားသြားသည္။ လမ္းေမွာင္ေမွာင္ေပၚတြင္ တျဖည္းျဖည္း အလင္းမ်ားေပ်ာက္ကြယ္သြားေလၿပီး  အေမွာင္ရိပ္ေအာက္တြင္ ကားတစ္စီးရပ္ထားသည္ကို မည္သူမွ် မေတြ႕ရေတာ့ေပ။

တစ္ခဏအၾကာတြင္ ထိုကားသည္ေနာက္မွ ေပၚလာၿပီး ျဖတ္ေက်ာ္သြားေလ၏။

က်န႔္ယြင္သည္ ႐ုတ္တရက္ အျမင့္မီးမ်ားကို ႐ုတ္တရက္ဖြင့္လိုက္ရာ အားေကာင္းသည့္ ေရွ႕မီးႀကီးမ်ားက ေရွ႕လမ္းကို လင္းထိန္သြားေစသည္။ အမည္မသိ စီးပြားေရးလုပ္ငန္းသုံးကား အနက္ေရာင္သည္ မီးေရာင္ထဲတြင္ ေဖာ္ထုတ္ခံလိုက္ရလာသည္ကို မည္သူသိနိုင္မည္နည္း။

ေရွ႕မွ ကားေမာင္းသူသည္ သိသိသာသာ ထိတ္လန႔္သြားၿပီး က်န႔္ယြင္ဖယ္ခ်န္ထားခဲ့ရန္ အရွိန္ျပင္းျပင္းနဲ႕ အရွိန္ျမႇင့္တင္လိုက္ေသာ္လည္း သူတို႔ေရွ႕မွ ေနာက္ထပ္ မီးတန္းမ်ား လင္းလာဖို႔ မေမွ်ာ္လင့္ထားခဲ့ေခ်။ စစ္ကားႏွစ္စီးသည္ လမ္းကို ပိတ္ဆို႔ရန္ဘယ္အခ်ိန္ကတည္းကေရာက္ေနသည္မသိရေခ်။ ဒါဇင္ႏွင့္ခ်ီေသာ စစ္သားမ်ားသည္ ကားေရွ႕ရွိ လမ္းကို လက္နက္ႀကီးမ်ားျဖင့္ ခ်ိန္ထားေလသည္။

႐ုတ္တရက္ ဘရိတ္အုပ္သံႏွင့္အတူ အနက္ေရာင္စီးပြားေရးသုံးကားတစ္စီး ရပ္တန႔္ဖို႔ႀကိဳးစားရင္း လမ္းေခ်ာ္သြားခဲ့သည္။

“မပစ္ပါနဲ႕၊ မပစ္ပါနဲ႕! ”

စီးပြားေရးလုပ္ငန္းသုံးကား၏တံခါးပြင့္လာၿပီး အရပ္ပုပု၀၀လူတစ္ေယာက္သည္ သူ႕လက္မ်ားကိုျမႇောက္ကာ ေလွ်ာက္ထြက္လာ၏။

“မင္းတို႔ ဘာလုပ္ေနတာလဲ?! ”

လီမင္းသည္ ေဟာက္လိုက္၏။

“ကြၽန္ေတာ္က သာမန္လူတစ္ေယာက္ပါ! ကြၽန္ေတာ့္ မိန္းမနဲ႕ ကေလးေတြက ကားထဲမွာပါ! ”

သူေျပာၿပီးသည္ႏွင့္ ကားေပၚရွိလူမ်ားကို အျမန္ဆင္းခိုင္းလိုက္သည္။ ခုနစ္ေယာက္စီး စီးပြားေရးလုပ္ငန္းသုံးကားထဲတြင္ လူမ်ားအျပည့္ျဖင့္ ျဖစ္၏။  လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသမီးတစ္ဦး၊ အမ်ိဳးသားသုံးဦးႏွင့္ ငယ္႐ြယ္လွေသာ မိန္းကေလးႏွစ္ဦး ဆင္းလာခဲ့သည္။

“ဒါက ကြၽန္ေတာ့မိန္းမ၊ သမီးႏွစ္ေယာက္၊ သားတစ္ေယာက္နဲ႕ သူတို႔ရဲ႕ သူငယ္ခ်င္းႏွစ္ေယာက္ပါ”

“ငါတို႔ေနာက္ကို လိုက္ေနၿပီး ဘာလိုခ်င္လို႔လဲ ?! ”

“ကြၽန္ေတာ္တို႔က N ၿမိဳ႕က လြတ္ေျမာက္လာခဲ့ၿပီးေတာ့ မိဘေတြကိုရွာဖို႔ G ၿမိဳ႕ကို သြားခ်င္လို႔ပါ။ မၾကာေသးခင္က လမ္းက ၿငိမ္းခ်မ္းမႈမရွိခဲ့ဘူး။ ကားထဲမွာ အမ်ိဳးသမီးသုံးယာက္ရွိတယ္။ အဲ့ဒါက တကယ္ကို မလုံၿခဳံဘူး။ ကြၽန္ေတာ္တို႔ လမ္းမေပၚက ခင္ဗ်ားတို႔ရဲ႕ ကားမီးေတြကိုျမင္လိုက္ရတဲ့အခ်ိန္ ကြၽန္ေတာ္တို႔ အႏၱရာယ္ကင္းကင္းဆက္သြားနိုင္လိမ့္မယ္လို႔ထင္ခဲ့တာပါ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ခင္ဗ်ားတို႔ေနာက္က တိတ္တိတ္ေလးလိုက္လာခဲ့တာပါ။ ငါတို႔ ဆိုး႐ြားတဲ့အေတြးေတြ တကယ္မရွိပါဘူး! ”

လူ၀သည္ ေလးေလးစားစားျဖင့္ေျပာလာေလ၏။

သူတို႔တြင္ မည္သည့္အမွားမွ မရွိသည့္ပုံေပါက္ေနေလ၏။ စစ္သားတစ္ေယာက္အေနျဖင့္ လီမင္းသည္ သာမန္လူမ်ားႏွင့္ ပဋိပကၡမျဖစ္နိုင္ေခ်။ အကယ္၍ သူတို႔သာ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနပါက သူတို႔အား သူတို႔ႏွင့္အတူေခၚသြားေပလိမ့္မည္။ သို႔ေသာ္ ယခုသည္ အေျခစိာက္စခန္းတစ္ခုလုံးႏွင့္ သက္ဆိုင္ေသာ အေရးေပၚတာ၀န္ကို ထမ္းေဆာင္ရန္ လိုအပ္ေနခဲ့ၿပီး အႏၱရာယ္ အတိုင္းအတာတစ္ခုအထိ သယ္ေဆာင္ထားခဲ့ရသည္။ သူတို႔အား G ၿမိဳ႕အထိ တစ္ေယာက္တည္း ေခၚသြားဖို႔ မျဖစ္နိုင္ေခ်။

🍒🍒

Continue Reading

You'll Also Like

122K 23.3K 53
အရင် Acc ကဝင်မရလို့ Book ခွဲလိုက်ပါပြီနော် Book 1 ကို Boရဲ့ Reading list ထဲမှာ ဝင်ကြည့်ပေးကြပါရှင့်
223K 24.1K 200
THIS STORY IS NOT MY OWN. MANHWA NAME - ATTACK AND OCUPPY. YOU CAN GOOGLE SEARCH ON IT. English Translation can be found " Must Read " reading list...
188K 27.9K 44
Associated name- Guizu Nan Xiao (贵族男校) Author- Zheng Jiu Sha (郑九煞) Status in COO -155 Chapters+8 extra in original novel E: translation- Lazy Girls...