My Cherry Will Explode in the...

By tobefly_highhigh

668K 96.1K 1.4K

《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံ... More

Description
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷《ကျန့်ယွင်နှင့်‌ နောက်တဖန်ပြန်ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸《‌နေရာလွတ်တစ်ခုရှိနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹 《ဆက်ဆံရေးက အလွဲတစ်ခုနဲ့စတင်ခဲ့တယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺 《မှော်ဆန်သောအရုပ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻 《ထပ်မရှောင်နိုင်တော့ ဆုံရပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼《ရှင်းရှင်းလင်းလင်းလုပ်ကြစို့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽《အမြတ်အစွန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾《ဒဏ်ရာများအား ဂရုစိုက်ပေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿 《အိပ်ယာအား အတူမျှဝေခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶《ဈေး၀ယ်ထွက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷《‌ကောင်းမွန်သောအရာများဆက်လက်ဖြစ်ပျက်နေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟸《ဖြိုဖျက်ရေးနှင့်ပြန်လည်နေရာချထားရေးသတိပေးချက်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟹《အတိတ်ဘ၀အကြောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟺《အတူတူရင်ဆိုင်ကြမယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟻《တွက်ချက်မှုများမအောင်မြင်ခဲ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟼《အိမ်နဲ့ကားရှိတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟽《မင်းလုပ်ရဲတယ်ပေါ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟾《ကမ္ဘာပျက်ကပ်ကြီးနီးလာပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟿《ကမ္ဘာပျက်ကပ်ကြီး ရောက်လာခဲ့ပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟶《စူပါမားကတ်*ကုန်တိုက်ကို အပြောင်ရှင်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟷《မ‌မျှော်လင့်ထားသော》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟸《ခွဲခွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟹《ပဲစေ့ကျည်ဆန်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟺《ထွက်လာကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟻《မကောင်းတဲ့သူတစ်ယောက်မဟုတ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟼《အမြု‌တေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟽《နှစ်မျိုးတွဲစွမ်းရည်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟾《Otakuတစ်ယောက်၏အလားအလာ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟿《ကယ်တင်မှာလား မကယ်တင်ဘူးလား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟶《ဦးနှောက်ပျက်စီးမှုကို ကယ်တင်လို့မရတော့ဘူး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟷《သူတို့ကစုံတွဲတစ်တွဲပဲ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟸《အဖွဲ့၀င်အသစ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟹《တစ်စုံတစ်ယောက်က တံခါးကိုဖျက်ပြီးဖွင့်ဖို့ကြိုးစားနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟺《ကမ္ဘာပျက်ကပ်အတွင်းပြောင်းလဲမှုများ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟻《နှုတ်ဆက်ပါတယ် အကြီးဆုံးဦးလေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟼《 အသက်ကယ် ကျေးဇူးတရား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟽《အနီရောင်မိုးရွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟾 《ဒဏ်ရာရ စစ်သားများနှင့်တွေ့ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟿《လူ့နှလုံးသားများသည် မခန့်မှန်းနိုင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟶《ကယ်ဆယ်ရေးအစီအစဉ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟷《ကယ််‌ဆယ်ရေးလုပ်ငန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟸《စစ်ဆင်‌ရေးစတင်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟹《အောင်အောင်မြင်မြင်လွတ်မြောက်ခြင်း》
Plants vs Zombies
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟺《ကယ်ဆယ်ရေးသတင်းစကား》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟻《ထွက်ခွာရန်စုစည်းကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟼《ဆင့်ကဲ‌ပြောင်းလဲနေသောဖုတ်ကောင်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟽《အဖိုးတန်ပဲစေ့များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟾《ကယ်ဆယ်ရေး စတင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟿《ချန်းယန် အလယ်တန်းကျောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟶《အကျပ်ရိုက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟷《ချန်းမောင်နှမများ》 
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟸 《နောက်တစ်ကြိမ်စကားပြောကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟹《 LED နေကြာပန်းမီးအိမ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟺《လယ်သမားဈေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟻《ရှောင်ဟေး၏ ကွဲပြားနေမှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟼《 အခြေစိုက်စခန်းသို့ ကနဦး၀င်ရောက်မှု》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟽《 အခြေစိုက်စခန်းထဲသို့ ပြောင်းရွှေ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟾《 အရေးပေါ်မစ်ရှင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟶 《 G မြို့သို့ သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟷《 သူလိမ်နေတာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟸《 မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟹《 ပုလင်းတစ်ခုထဲသို့ လိပ်ကိုဖမ်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟺《 အဆင့်သုံးဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟻《 စက်ရုံထဲ၀င်ရောက်ကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟼《 ကြွယ်၀သောရလဒ်များဖြင့်ပြန်လာကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟽《 ကျည်ဆန်အသစ်များ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟾《 အခြေစိုက်စခန်း၏ပြောင်းလဲခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟿 《 မြေမဲ့စိုက်ပျိုးရေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟶《 ၀မ်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟷《 အန်းဟွေ့မြို့ထဲရှိမငြိမ်သက်မှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟸《 သန္ဓေပြောင်းဝံပုလွေများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟹《 မြင်ရုံနဲ့ ‌ဝေစုလိုချင်တာလား? 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟺《 ကူးစက်ခံကြွက်၀င်ရောက်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟻《 ကြောင်နှင့်ကြွက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟼《 အကျပ်အတည်းဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟽《 စွမ်းရည်ဆေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟾《 သေခြင်းတရားကိုရှာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟿《 အခြေစိုက်စခန်းမှမောင်းထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟶《 အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟷《 လင်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟸《 ညစ်ပတ်သောလူသည် ညစ်ပတ်ခြင်းကိုသာမြင်၏ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟹《 King Kong ရှစ်ယောက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟺《 ကုသခြင်းစွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟻《 မိုးသည်းနေ့မှာလောင်သောမီး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟼《 အသိတချို့နှင့်ဆုံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟽《 မိုးသည်းကြီးနောက်ဆုံးတိတ်သွားပြီ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟾《 အနောက်မြောက်ဘက်သို့ဦးတည်သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟿《 ဖုတ်ကောင်ဝိုင်းရံခံရခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟶《 ပူးပေါင်း‌တိုက်ခိုက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟷《 ဘေးဒုက္ခအကျပ်အတည်းကို ဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟸《 စွမ်းရည်အဆင့်မြှင့်တင်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟹《 နှစ်သစ်ကူးနေ့ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟺《 နှစ်သစ်တစ်နှစ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟻《 နေရာလွတ်စွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟼《 အကူအညီတောင်းခံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟽《 မြောက်ပိုင်းသို့သွားရန်အသင့် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟾《 ထူးဆန်းသည့်ဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟿《 စွမ်းရည်နှစ်မျိုး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟶《 Snow Cruiser 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟷《 ကြင်နာမှုကို ကျေးဇူးသိတတ်မှုဖြင့် တုန့်ပြန်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟸《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟹《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟺《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟻《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟼《 ထိန်းချုပ်မရနိုင်ဖြစ်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟽《 မြွေပွေးခါးပိုက် ပိုက်-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟾《 မြွေပွေးခါးပိုက် ပိုက်-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟿《 မြို့တော်အခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟶《 မိသားစုနှစ်ခု၏အခြေအနေ-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟷《 မိသားစုနှစ်ခု၏အခြေအနေ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟸《 တွေ့ကြုံစုံစည်းကြခြင်း 》
𝙴𝚡𝚝𝚛𝚊《 ကွေ့ကောက်သောလမ်းသည် ဆိတ်ငြိမ်သောအရပ်သို့ ဦးတည်လေသည် 》
Complete 💯!!!
Completed Pdf file
ရာသီဥတု သတိပေးချက်
MMStoryteller website

𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟿《 စွမ်းရည်အဆင့်တက်ခြင်း 》

4.9K 762 19
By tobefly_highhigh

My Cherry Will Explode in the Apocalypse

Chapter 59《 စွမ်းရည်အဆင့်တက်ခြင်း 》

Author: Drunken Light Song
Source: Jostena M
Translator: オタク

Unicode

လီမင်းသည် နျိုသလီအား  ကျန့်ယွင်နှင့်တခြားလူများကို အထပ်မြင့် အဆောက်အအုံဆီသို့ ကားဖြင့် ပြန်မောင်းပို့ခိုင်းခဲ့ပြီး သူတို့ပတ်ဝန်းကျင်ရှိ လူတော်တော်များများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ သို့သော်လည်း သူတို့သည် အခြေစိုက်စခန်းရှိ ယာဉ်များနှင့် စစ်သားများ၏ ခေါ်ဆောင်သွားသည်ကို တွေ့လိုက်သောအခါ တက်ကြွထက်မြက်သော စိတ်ရှိသူများသည် သူတို့သည် ဆန္ဒရှိသလို နှိုး‌ဆော်နိုင်သည့်သူများမဟုတ် သူသည့် စာရင်းတွင် တိတ်တဆိတ် ထည့်ထားခဲ့ကြသည်။

အပေါ်ထပ်သို့တက်သွားပြီးနောက် သူတို့သည် ဧည့်ခန်းတွင်ထိုင်ကာ စတင်ဆွေးနွေးကြသည်။ မစ်ရှင်တွင်ပါဝင်သင့်သည်ဟု လူတိုင်း တွေးနေကြသည်။ မစ်ရှင်ဆိုက်တွင် ဆင့်ကဲပြောင်းလဲလာသောဖုတ်ကောင်များရှိနေသော်လည်း ဆင့်ကဲပြောင်းလဲလာသည့် ဖုတ်ကောင်များနှင့် ဖြေရှင်းရာတွင် သူတို့၌ အတွေ့အကြုံအချို့ရှိသည်။ သူတို့ပူးပေါင်းပါ၀င်မှုနှင့် မစ်ရှင်၏ အန္တရာယ်ကို အလွန်လျှော့ချ ပေးနိုင်လိမ့်မည်။ ထိုဆိုလာပြားများသည် အခြေစိာက်စခန်းအတွက် အလွန်အရေးကြီးသည်။ ဆိုလာမီးစက်များဖြင့် သူတို့သည် အခြေစိုက်စခန်း ၏ဓာတ်အားထောက်ပံ့မှုပြဿနာကိုဖြေရှင်းနိုင်ပြီး ၎င်းသည် လူတိုင်းအတွက်ကောင်းမွန်၏။

ဆိုရိုးစကားအတိုင်းပင် တိုက်ပွဲများမှနေတဆင့် သူတို့၏ စွမ်းအားများကို အဆက်မပြတ် အသုံးချပြီး သူတို့၏ ခွန်အားကို မြှင့်တင်ဖို့ လိုသည်။ သူတို့အနေဖြင့် စုရွေ့ကျယ်၏ နေရာလွတ်ကို မျက်စိစုံမှိတ်အားကိုးပြီး လုံခြုံသောနေရာတစ်ခုတွင် ပုန်း‌နေပါက သူတို့သည် မကြာမီမှာပင် ရက်စက်ကြမ်းကြုတ်သောကမ္ဘာကြီးမှ ဖယ်ထုတ်ခံရလိမ့်မည်ဖြစ်သည်။

မစ်ရှင်တွင် လူတိုင်းပါ၀င်ပါက သုန်သုန်နှင့်ရှောင်ဟေးကိုခေါ်ဆောင်သွားဖို့ရာ အနည်းငယ်ဒုက္ခရှိလိမ့်မည် ဆိုသည့် ကျန်သည့်ကိစ္စများကို သူတို့‌မည်သို့ဖြေရှင်းရမည်ဆိုသည်ပင်။ အခုအချိန်တွင် ရှောင်ဟေး၏ စွမ်းရည်ကို မည်သို့အသုံးချရမှန်း သူတို့မသိ ဖြစ်နေပြီး ကလေးကလည်း အရမ်းငယ်သေးပြီး အန္တရာယ်ရှိလိမ့်မည်။ သို့သော် မစ်ရှင်ရှိတိုင်း ကလေးကို ထားခဲ့၍ မရ‌ချေ။ မဟုတ်ဘူးလား?

ကျောက်ပင်း နှင့် အခြားသူများမှာလည်း ကိုယ်ပိုင်အလုပ်များ ရှိသည်။ တစ်ကြိမ် တစ်ခါ သို့မဟုတ် နှစ်ကြိမ်လောက် အကူအညီတောင်းရန် အဆင်ပြေသော်လည်း ကလေးအားကူညီစောင့်ရှောက်ပေးရန် အမြဲအကူအညီတောင်းရန် မသင့်လျော်ပါချေ။ ကလေးကို ပြုစုစောင့်ရှောက်ဖို့ အခြေစိုက်စခန်းရှိ တစ်စုံတစ်ယောက်ထံ ပို့လိုက်ရ၍ သူတို့လည်း စိတ်မသက်မသာဖြစ်နေကြသည်။ အကောင်းဆုံးနည်းလမ်းမှာ ကလေးကို နိုးထလာအောင် နှိုးဆော်ပေးခြင်းဖြစ်ပြီး အနည်းဆုံးတော့ မိမိကိုယ်မိမိ ကာကွယ်နိုင်စွမ်းရှိစေရန် ဖြစ်သည်။

ဒါပေမယ့် သူတို့ ကလေးကို နိုးထစေချင်သလား ?

တကယ်တော့ နူကလိယကို ဝါးမျိုလိုက်ခြင်းဖြင့် စွမ်းရည်ကို နိုးထရန် အခွင့်အလမ်းသည် 50% သာ ဖြစ်သည်။ ကလေး၏ခန္ဓာကိုယ်တွင် ဖုတ်ကောင်ဗိုင်းရပ်စ်ပိုးတိုက်စားမှုကို တွန်းလှန်နိုင်သည့် ပဋိပစ္စည်းရှိသည် သို့မဟုတ် ကလေးသည် နိုးထလာခြင်း၏အဖျားကြီးခြင်းမှ သေချာပေါက် အသက်ရှင်နိုင်သည်ဟု မည်သူမျှ အာမမခံနိုင်ပေ။ အဆုံးမှာတော့ ကလေးသည် အလွန်ငယ်လွန်းနေသေသည်။

ထို့အပြင် ကျန့်ယွင်သည် လွန်ခဲ့သောရက်အနည်းငယ်က သူ့ ဆွဲငင်အားကိုအသုံးပြုသောအခါတွင် အဆင့်တက်သည့်အဆင့်ကို ထိလိုက် သကဲ့သို့ လျှို့ဝှက်ဆန်းကြယ်စွာ ချိုးဖောက်ဝင်ရောက်လုနီးပါး ခံစားခဲ့ရသော်လည်း သူမဝင်ရောက်နိုင်ခဲ့ပေ။ သူ ဘယ်လို အဆင့်တိုးတက်အောင်လုပ်ရမလဲဆိုသည်ကို စုရွေ့ကျယ်အားမေးထားပြီးဖြစ်၏။ စုရွေ့ကျယ်ပြောခဲ့သည်မှာ စွမ်းအားရှင်သည် အဆင့်တိုးတက်မည့်အခြေအနေကိုရရှိဖို့အတွက် အမြုတေကိုစားခြင်းကို အားကိုး၍မရပါချေ။

စွမ်းရည်နိုးထမှုတစ်ခုအတွက် အများအားဖြင့် ဖောက်ထွင်းမြင်ရသော အမြုတေခဲအား စွမ်းရည်ကို ဖြည့်စွက်အားဖြစ်စေရန်အတွက်သာ အသုံးပြုနိုင်သည်။ စွမ်းရည်ကို နောက်ထပ်ပိုမြှင့်တင်လိုပါက ဆင့်ကဲပြောင်းလဲနေသောဖုတ်ကောင်များ၏ အမြုတေနှင့် တွဲဖက်အသုံးပြုရမည်ဖြစ်သည်။ သင်သည် တစ်ကြိမ်တွင် အောင်မြင်နိုင်သော်လည်း အလျင်စလို မလုပ်နိုင်ချေ။

အမြုတေသည် ဖုတ်ကောင်များ၏ ခန္ဓာကိုယ်ရှိ စွမ်းအင်ပုံဆောင်ခဲတစ်မျိုးဖြစ်ပြီး ဖုတ်ကောင်‌ေရာဂါပိုး အများအပြားပါရှိသည်။ ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်များ၏အမြုတေသည် ပြောင်းလဲသွားပြီး ၎င်းတွင်ပါရှိသော ရောဂါပိုးသည်လည်း ပိုမိုပြင်းထန်လာသည်။ ဆင့်ကဲဖြစ်စဉ်အခြေအနေများနှင့်မကိုက်ညီဘဲ ဆင့်ကဲပြောင်းလဲနေသောဖုတ်ကောင်များ၏ အမြုတေကိုယူသုံးလိုက်ပါက ၎င်းသည် ရောဂါပိုး၏တိုက်ရိုက်တိုက်စားခံရပြီး ဖုတ်ကောင်ဖြစ်လာနိုင်ဖွယ်ရှိသည်။

ထို့ကြောင့် စွမ်းအားရှင်များသည် ပိုမိုပြင်းထန်သောဖုတ်ကောင်ဗိုင်းရပ်စ်ပိုး၏ တိုက်စားမှုကို တွန်းလှန်နိုင်ရန်အတွက် သူတို့၏ စွမ်းရည်နှင့် အဆက်မပြတ်တိုက်ပွဲများကို အဆက်မပြတ်အသုံးပြုခြင်းဖြင့် သူတို့၏ခွန်အားနှင့် ကိုယ်ခန္ဓာကို မြှင့်တင်ရမည်ဖြစ်သည်။

အဆင့်တက်ခြင်းဖြစ်စဉ်သည် နိုးထခြင်းထက် ပိုမိုရှည်လျားပြီး ပိုပြီးအန္တရာယ်များသောကြောင့် ကျန့်ကျားဟယ်သည် အဖွဲ့တစ်ခုလုံးတွင် အဆင့်တက်ခြင်းအဆင့်ကို ပထမဆုံးထိ‌တွေ့သူဖြစ်သော်လည်း သူ၏စွမ်းရည်ကို အဆင့်မြှင့်တင်ရန် မှန်ကန်သည့်အခြေအနေကို ရှာမတွေ့သေးချေ။

ကျန့်ယွင်သည် လီမင်းအား သဘောမတူခဲ့ရသည့် တကယ့် အကြောင်းအရင်းသည် ဤပြဿနာကို ဖြေရှင်းဖို့ အချိန်နည်းနည်းလိုသောကြောင့်ဖြစ်သည်။

ပထမဆုံးအနေနှင့် ယွီသုန်သုန်ကို နိုးထစေမှာလားဆိုသည့်ပြဿနာကို ဖြေရှင်းဖို့ရန် လိုအပ်သည်။ ရလဒ်အနေနှင့် အဖွဲ့ထဲတွင် ထောက်ခံချက်နဲ့ အတိုက်အခံမဲအရေအတွက်သည် လေးခု လေးခု အထိဖြစ်ပြီး သရေသာဖြစ်နေသည်။

ကလေးသည် ချစ်ဖို့ကောင်းပြီး နာခံမှုရှိသည်။ အဖွဲ့တစ်ဖွဲ့လုံးက သုန်သုန်ကိုအရမ်းသဘောကျကြပြီး အထူးသဖြင့် သုန်သုန်ကို သူ့ညီ‌လေးဟုသတ်မှတ်ပြီးသား စုရွေ့ကျယ်ဖြစ်၏။ စုရွေ့ကျယ်သည် သူ့ကိုစွန့်စားခွင့်မပေးချင် သောကြောင့် ကန့်ကွက်ရန် မဲပေးခဲ့သည်။ ဝူကျင်း၊ ကျန်းရှို့လျန်နှင့် စုန့်ချန်ရှုတို့အားလုံးသည် နိုးထခြင်းဝေဒနာကို ခံစားခဲ့ရသည့် အတွေ့အကြုံရှိပြီး ကလေး၏အသက်ကို စွန့်စားဖို့ ရန်ဝန်လေးနေကြသောကြောင့် ကန့်ကွက်မဲပေးခဲ့ကြပါတယ်။

ကျန့်ယွင်၊ ကျန့်ကျားဟယ်၊ ချန်းချီနှင့် ချန်းကျောင်းတို့သည် ကလေးကို ပိုသန်မာဖို့ အခွင့်အရေးတစ်ခုပေးသင့်သည်ဟု ခံစားကြရသည်။ ဤသည်မှာ သုန်သုန်ကို မချစ်ဘူးဟုပြောသည်မဟုတ်ပေ။ သို့သော် လူတိုင်း၌ မတူညီသည့် အမြင်ရှုထောင့်များ ရှိကြသည်။

လူတိုင်း ရှေ့မတိုးနောက်မဆုတ်သာဖြစ်နေချိန်၌ ကျန့်ကျားဟယ်သည်

“တကယ်တော့ ဒီလိုမဲမျိုးကို မရေတွက်ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သုန်သုန်ကို သူ့ကိုယ်ပိုင်ထင်မြင်ချက်ကို မေးဖို့ မသွားတာလဲ ”

သူတို့ကြားသောအခါ ကျိုးကြောင်းဆီလျော်သည်ဟု ထင်ကြပြီး ယွိသုန်သုန်ကို ခေါ်ရန် ဆုံးဖြတ်လိုက်ကြသည်။

ရလဒ်အနေဖြင့် သူတို့မသွားခင်မှာပင် ကလေး၏ အခန်းတံခါးသည့် ပွင့်နေပြီးဖြစ်၏။ ကလေးသည်တံခါးဝတွင်ရပ်နေပြီး ကြည်လင်သော မျက်လုံးနက်ကြီးများနှင့်  ကြည်လင်သောအသံဖြင့် ပြောလာသည်။

“သားကြိုးစားချင်ပါတယ်။ သား သားကိုကိုလိုမျိုး တော်ချင်ပါတယ် ”

ယွီသုန်သုန်လေး၏ အကြံသည် အလွန်ရိုးရှင်းသည်။ သူသည် တစ်ချိန်လုံး အထီးကျန်မနေချင်ပေ။သူ့အစ်ကိုတွေနှင့်လည်း ယှဉ်ပြီး တိုက်ခိုက်ချင်သည်။ ဒီရက်များတွင် သူသည် စွမ်းရည်တစ်ခုဆိုတာ ဘာဆိုသည်ကို သိလာရပြီး ၎င်းသည် အလွန်ခွန်အားကြီးသောစွမ်းအားတစ်ခုဖြစ်သည်။ တီဗီထဲရှိ စူပါမင်းလိုပင် သူလည်း အလွန်အစွမ်းထက်လာချင်ပြီး သူ့အစ်ကိုများကို ကူညီပြီး ဘီလူးများကို အတူတူတိုက်ခိုက်ချင်ခဲ့သည်။

လူတိုင်းသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြ၏။ ခဏအကြာ စုရွေ့ကျယ်သည် ဧွီသုန်သုန်ထံသို့ရောက်လာပြီး သူ့ကိုကြည့်ရန် ငုံ့ကိုင်းလိုက်သည်။

“သုန်သုန် အဲ့အကြောင်း‌ကို ‌တွေးပြီးပြီလား? နိုးထခြင်းဖြစ်စဉ်က နာကျင်ရလိမ့်မယ်။ ပြီးတော့ ကျရှုံးသွားပြီး မင်းက ကြောက်စရာဘီလူးကြီးဖြစ်လာလိမ့်မယ်။ မင်းမကြောက်ဘူးလား? ”

သုန်သုန်သည် နူးညံ့ပြီး ချစ်စရာအသံလေးနှင့်ပြောလာ၏။

“သုန်သုန်က မကြောက်ဘူး။ သုန်သုန် ပိုပြီး စွမ်းအားကြီးချင်တယ် ”

“ဒါဆို ကောင်းပြီ ”

စုရွေ့ကျယ်သည် သက်ပြင်းချလိုက်ပြီး သုန်သုန်ကို ဆိုဖာပေါ်သို့တင်ကာ နေရာလွတ်ထဲမှ ဖောက်ထွင်းမြင်ရသော အမြုတေကိုထုတ်ပြီး သူ့ပါးစပ်ဆီသို့ ကမ်းပေးလိုက်သည်။

သုန်သုန်သည် သူ့ပါးစပ်ကိုဖွင့်ပြီး အာ ဟုဆိုကာ  အမြုတေကို မျိုချလိုက်ပြီး မျက်လုံးကြီးတွေကိုခတ်ပြီး ပြောလာ၏။

“ကောကော အဲ့ဒါက ပူတယ်.....”

သူ့စကားမဆုံးခင်မှာပင် ကလေးသည် မူးမေ့လဲသွားလေသည်။ သူ့တစ်ကိုယ်လုံး ပူပြီး မျက်နှာသည်နီရဲနေခဲ့၏။ အဖျားကြီးခြင်းကို ခံစားနေရပြီး တကယ်ကိုပင် ကြမ်းတမ်းလှသည်။ ကလေး၏ချစ်စဖွယ်မျက်နှာသွင်ပြင်များသည် ရှံ့မဲ့နေပြီး နဖူးတွင် ချွေးအေးစက်စက်များနှင့် ဖုံးလွှမ်းနေကာ သူ့ခန္ဒာကိုယ်သည် တုန်ယင်နေတာ မရပ်နိုင်အောင်ပင်ဖြစ်‌နေကာ စုရွေ့ကျယ်အား အရမ်းဝမ်းနည်းစေလေသည်။

သူသည် သစ်တော်သီးနှင့် သခွားသီးအမြောက်အမြားကို အမြန်ထုတ်ယူပြီး ကျန့်ကျားဟယ်အား ဟင်းသီးဟင်းရွက်ဖျော်ရည်များစွာကို ညှစ်ထုတ်ခိုင်းလိုက်သည်။ သူသည် အဠါန်စိုးရိမ်နေသဖြင့် ကလေးအား ဟင်းရွက်ဖျော်ရည်သုံးခွက်တိုက်ကျွေးကာ ကလေးကို အခန်းထဲမပြန်မီ သူ့အတွက် ပိုးသတ်ဆေးပင်တိုက်ခဲ့‌ေလသည်။ ဒီဇယ်ကို လုံးဝဂရုမစိုက်ဘဲ ကလေး၏အခန်းထဲတွင်လေအေးပေးစက်ကိုဖွင့်ထားခဲ့သည်။

သူလုပ်နိုင်တာတွေကို ပြီးသွားပြီးနောက် ကလေးဘာလုပ်နိုင်သည်ကိုသာကြည့်နိုင်သည်။ ဝူကျင်းသည် ကလေးကို ပြုစုစောင့်ရှောက်ရန် စေတနာ့ဝန်ထမ်းလုပ်ပေးခဲ့သည်။ စုရွေ့ကျယ် ဖြေရှင်းရမည့် တခြားအရာတွေရှိသည်ဆိုသည်ကို သူမသိသည်။

စုရွေ့ကျယ်သည် ဝူကျင်း၏ကြင်နာမှုကိုလက်ခံပြီး ဧည့်ခန်းထဲသို့ပြန်သွားလေသည်။

“အမြုတေကိုစားပြီးရင် စွမ်းအားနိုးထလာနိုင်တာလား? ”

ချန်းချီသည် မေးရန် မစောင့်နိုင်တော့ချေ။ အဖွဲ့ထဲတွင် စွမ်းအားမရှိသည့် သာမာန်လူဆိုလို့ ယွီသုန်သုန်မှ လွဲ၍ ချန်းချီသာဖြစ်ပြီး သူလည်း စွမ်းရည်ကို တောင့်တနေခဲ့သည်။

ကျန့်ယွင်သည် အမြုတေကို မည်သို့အသုံးပြုရကြောင်းနှင့် ၎င်း၏အန္တရာယ်များကို ရိုးရိုးရှင်းရှင်းရှင်းပြပြီးနောက် မျက်ခုံးပင့်ကာ မေးလိုက်၏။

“မင်းကော စမ်းကြည့်ချင်လား”

တကယ်တော့ ချန်းချီ၏အရည်အချင်းနှင့် သူဟာ အရည်အချင်းမရှိလျှင်တောင် တခြားသူများထက် ပိုမဆိုးပေ။ သို့သော် သူ ချန်းချီကိုနားလည်သဘောပေါက်‌သောကြောင့် ဒီလူသည် တခြားသူများနောက်တွင်နေဖို့ ဆန္ဒရှိမည် မဟုတ်ပါချေ။

“ဒါပေါ့၊ ဒီအစ်ကိုကြီးက ကျောင်းကျောင်းကိုတောင် မယှဉ်နိုင်ဘူး! ”

အသေအချာပင် ချန်းချီသည် စဉ်းစားတွေးတောခြင်းမရှိဘဲ ချက်ချင်းပြန်‌ဖြေလာ၏။

စုရွေ့ကျယ်သည် ချန်းချီကိုလည်း အမြုတေတစ်ခုပေးလိုက်၏။ သူမေ့လဲသွားပြီးနောက် သူသည် ဟင်းသီး ဟင်းရွက်ဖျော်ရည် နှစ်ခွက် တိုက်လိုက်ပြီး သူ့ကို ပြုစုစောင့်ရှောက်နိုင်ရန် ချန်းကျောင်းကိုပြောကာ သူ့အခန်းသို့ ပြန်ပို့ခဲ့သည်။

ထို့နောက် အဆင့်မြှင့်တင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သော ကျန့်ယွင်နှင့် ကျန့်ကျားဟယ်တို့ဖြစ်သည်။ စုကွေ့ကျယ်သည် အနီ‌ဖျော့ရောင်ဆင့်ကဲပြောင်းလဲပြီးအမြုတေကို နေရာလွတ်ထဲမှ ထုတ်ယူပြီး သူတို့၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ အမြုတေအစားမီ သူသည် သူတို့အားပန်းသီးတစ်လုံးနှင့် ကြက်ဟင်းခါးသီးတစ်လုံး ဝါးစားခိုင်းကာ ဟင်းရွက်ဖျော်ရည် ခွက်ကြီးနှစ်ခွက်ခန့် သောက်စေ၏။ ထို့နောက် အမြုတေကို မျိုချခိုင်းလိုက်သည်။

မကြာခင်မှာပင် သူတို့သည် အဖျားတက်လာပြီး ကျန်းရှိုးလျန်သည် စုရွေ့ကျယ်နှင့် စုန့်ချန်ရှုကိုကူညီကာ သူတို့အား သူတို့အခန်းထဲပြန်ပို့ပေးခဲ့သည်။

စုန့်ချန်ရှုသည် ရေခဲရေများစွာကို ထုတ်လိုက်ကာ  အဖျားရှိသူများကိုအေးမြစေရန် မျက်နှာသုတ်ပဝါများကို အသုံးပြုခဲ့သည်။ ၎င်းသည် သူတို့အား တိုက်ခိုက်ရာတွင် အောင်မြင်စွာမကူညီနိုင်သော်လည်း ၎င်းသည် သူတို့အား သေချာပေါက် သက်သာရာရစေမည်ဖြစ်သည်။

ထိုအချိန်တွင် လူလေးဦးသည် အဖျားတက်နေပြီး  ကျန်သည့်လူများမှာ အနားယူလို စိတ်မရှိကြဘဲ သူတို့အား အလှည့်ကျ ပြုစုနေကြလေသည်။

ပထမဆုံး နိုးလာသူမှာ ချန်းချီဖြစ်ပြီး သူကို သူ့ညီမဖြစ်သူမှ ထူထားပြီး ဖြေးညှင်းစွာ မျက်လုံးများပွင့်လာလေ၏။

“ကော! နင်နိုးလာပြီ! ”

ချန်းချီသည် တစ်နေ့လုံး အိပ်ပျော်နေခဲ့၏။ အစ်ကိုဖြစ်သူ၏ အဆင်မပြေသည့်အသွင်အပြင်ကိုကြည့်ရင်း ချန်းကျောင်းသည် သူ့အတွက် စိတ်ပူနေခဲ့သည်။ အစ်ကိုနှင့် ညီမသည် အမြဲတမ်းရန်ဖြစ်ကြပြီး ဒုက္ခပေးတတ်ကြသည်ဟု ပြောကြသော်လည်း တကယ်တော့ သူတို့၏ခံစားချက်များသည် အလွန်ကောင်းမွန်ပါ၏။

“ကောင်းပြီ၊ ငါအဆင်ပြေပါတယ် ”

“ကော နင်ရဲ့စွမ်းအားက ဘာလဲ ? ”

ချန်းကျောင်းသည် စိတ်လှုပ်ရှားစွာမေးလာ၏။

ချန်းချီသည် အသက်ပြင်းပြင်းရှူပြီး သူ့ခန္ဓာကိုယ်မှ ထူးဆန်းသော စွမ်းအားများကို ခံစားမိခဲ့သည်။ ထို့နောက် ရွှေရောင်အလင်းတန်းတစ်ခုသည် သူ့လက်ဖဝါးတွင် ထွက်ပေါ်လာလေသည်။

ချန်းကျောင်းသည် အံ့ဩသွားလေ၏။

“အာ! အဲ့ဒါက မိုးကြိုးစွမ်းရည်လား?! ကော နင်အရမ်းမိုက်တာပဲ! ”

“ဟားဟားဟား ! ”

ချန်းချီသည်လည်း အလွန်စိတ်လှုပ်ရှားနေခဲ့၏။ သူ့စွမ်းရည်သည် သူ့ညီမ၏စွမ်းရည်ထက် ပိုသန်မာပံရ၏။

နိုးထလာသည့် နောက်တစ်ယောက်မှာတော့ ယွီသုန်သုန်ဖြစ်သည်။ ကောင်ငယ်လေးနိုးလာသောအခါ ဗိုက်ဆာနေပြီလို့ အော်ဟစ်လာခဲ့‌လေ၏ ။စုရွေ့ကျယ်သည် သူစားဖို့ တစ်ခုခုလုပ်ဖို့ရန် အရင်သွားလေ၏။ ခေါက်ဆွဲခြောက်ကို ပြုတ်တာက အလျင်မြန်ဆုံး ပူပူနွေးနွေး စားစရာဖြစ်သည်။ ထို့ကြောင့် စုရွေ့ကျယ်သည် မီးဖိုခန်းထဲ၌ လျှပ်စစ်သံလိုက်မီးဖိုနှင့် ခေါက်ဆွဲခြောက်ကိုချက်ပြုတ်ခဲ့သည်။ သို့သော် သူအထုပ်ကို မဖောက်ရသေးခင်မှာပင် အခန်းထဲမှ ကလေးအော်သံကြားလိုက်ရ၏။

“ကော‌ကော၊ သား အသီးအရွက်ချဉ်တွေ မစားချငဘူး၊ သား အမဲသားကင်စားချင်တာ”

စုရွေ့ကျယ်သည် အံ့အားသင့်သွားပြီး သူ့လက်ထဲရှိ ခေါက်ဆွဲထုပ်အဟောင်းကိုကြည့်လိုက်၏။ ဒီကောင်လေးက အခန်းထဲကနေ ဘယ်လိုခေါက်ဆွဲမျိုးလဲဆိုတာ ဘယ်လိုမြင်နိုင်တာလဲ? မဟုတ်မှ...

“တကော၊ သားအဝေးကြီးကို မြင်နိုင်တဲ့ပုံရတယ်”

ကလေး၏အသံသည် အလွန်ခွန်အားပြည့်နေလေ၏။

၎င်းသည် စိတ်စွမ်းရည်တစ်မျိုး ဖြစ်ပုံရသည်။ အကယ်၍ ၎င်းသည် အမြင်အာရုံတိုးလာမှုသာဆိုပါက နံရံကိုဖြတ်မသွားနိုင်ချေ။ ကောင်လေး၏ စူးစမ်းလေ့လာရေး နယ်ပယ်သည် အလှမ်းဝေးနေသေးပုံရသည်။ စိတ်အမျိုးအစားများသည် အဆင့်မြင့်မားလာသောအခါတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်စွမ်းလည်းရှိကြောင်း သူသတိရမိသည် ။ ဤကောင်လေး၏ ကံတရားသည် တကယ်ကို ကောင်းနေပုံရသည်။

🍒🍒

Zawgyi  】

လီမင္းသည္ န်ိဳသလီအား  က်န႔္ယြင္ႏွင့္တျခားလူမ်ားကို အထပ္ျမင့္ အေဆာက္အအုံဆီသို႔ ကားျဖင့္ ျပန္ေမာင္းပို႔ခိုင္းခဲ့ၿပီး သူတို႔ပတ္ဝန္းက်င္ရွိ လူေတာ္ေတာ္မ်ားမ်ား၏ အာ႐ုံစိုက္မႈကို ဆြဲေဆာင္နိုင္ခဲ့သည္။ သို႔ေသာ္လည္း သူတို႔သည္ အေျခစိုက္စခန္းရွိ ယာဥ္မ်ားႏွင့္ စစ္သားမ်ား၏ ေခၚေဆာင္သြားသည္ကို ေတြ႕လိုက္ေသာအခါ တက္ႂကြထက္ျမက္ေသာ စိတ္ရွိသူမ်ားသည္ သူတို႔သည္ ဆႏၵရွိသလို ႏွိုး‌ေဆာ္နိုင္သည့္သူမ်ားမဟုတ္ သူသည့္ စာရင္းတြင္ တိတ္တဆိတ္ ထည့္ထားခဲ့ၾကသည္။

အေပၚထပ္သို႔တက္သြားၿပီးေနာက္ သူတို႔သည္ ဧည့္ခန္းတြင္ထိုင္ကာ စတင္ေဆြးႏြေးၾကသည္။ မစ္ရွင္တြင္ပါဝင္သင့္သည္ဟု လူတိုင္း ေတြးေနၾကသည္။ မစ္ရွင္ဆိုက္တြင္ ဆင့္ကဲေျပာင္းလဲလာေသာဖုတ္ေကာင္မ်ားရွိေနေသာ္လည္း ဆင့္ကဲေျပာင္းလဲလာသည့္ ဖုတ္ေကာင္မ်ားႏွင့္ ေျဖရွင္းရာတြင္ သူတို႔၌ အေတြ႕အႀကဳံအခ်ိဳ႕ရွိသည္။ သူတို႔ပူးေပါင္းပါ၀င္မႈႏွင့္ မစ္ရွင္၏ အႏၱရာယ္ကို အလြန္ေလွ်ာ့ခ် ေပးနိုင္လိမ့္မည္။ ထိုဆိုလာျပားမ်ားသည္ အေျခစိာက္စခန္းအတြက္ အလြန္အေရးႀကီးသည္။ ဆိုလာမီးစက္မ်ားျဖင့္ သူတို႔သည္ အေျခစိုက္စခန္း ၏ဓာတ္အားေထာက္ပံ့မႈျပႆနာကိုေျဖရွင္းနိုင္ၿပီး ၎သည္ လူတိုင္းအတြက္ေကာင္းမြန္၏။

ဆိုရိုးစကားအတိုင္းပင္ တိုက္ပြဲမ်ားမွေနတဆင့္ သူတို႔၏ စြမ္းအားမ်ားကို အဆက္မျပတ္ အသုံးခ်ၿပီး သူတို႔၏ ခြန္အားကို ျမႇင့္တင္ဖို႔ လိုသည္။ သူတို႔အေနျဖင့္ စုေ႐ြ႕က်ယ္၏ ေနရာလြတ္ကို မ်က္စိစုံမွိတ္အားကိုးၿပီး လုံၿခဳံေသာေနရာတစ္ခုတြင္ ပုန္း‌ေနပါက သူတို႔သည္ မၾကာမီမွာပင္ ရက္စက္ၾကမ္းၾကဳတ္ေသာကမၻာႀကီးမွ ဖယ္ထုတ္ခံရလိမ့္မည္ျဖစ္သည္။

မစ္ရွင္တြင္ လူတိုင္းပါ၀င္ပါက သုန္သုန္ႏွင့္ေရွာင္ေဟးကိုေခၚေဆာင္သြားဖို႔ရာ အနည္းငယ္ဒုကၡရွိလိမ့္မည္ ဆိုသည့္ က်န္သည့္ကိစၥမ်ားကို သူတို႔‌မည္သို႔ေျဖရွင္းရမည္ဆိုသည္ပင္။ အခုအခ်ိန္တြင္ ေရွာင္ေဟး၏ စြမ္းရည္ကို မည္သို႔အသုံးခ်ရမွန္း သူတို႔မသိ ျဖစ္ေနၿပီး ကေလးကလည္း အရမ္းငယ္ေသးၿပီး အႏၱရာယ္ရွိလိမ့္မည္။ သို႔ေသာ္ မစ္ရွင္ရွိတိုင္း ကေလးကို ထားခဲ့၍ မရ‌ေခ်။ မဟုတ္ဘူးလား?

ေက်ာက္ပင္း ႏွင့္ အျခားသူမ်ားမွာလည္း ကိုယ္ပိုင္အလုပ္မ်ား ရွိသည္။ တစ္ႀကိမ္ တစ္ခါ သို႔မဟုတ္ ႏွစ္ႀကိမ္ေလာက္ အကူအညီေတာင္းရန္ အဆင္ေျပေသာ္လည္း ကေလးအားကူညီေစာင့္ေရွာက္ေပးရန္ အၿမဲအကူအညီေတာင္းရန္ မသင့္ေလ်ာ္ပါေခ်။ ကေလးကို ျပဳစုေစာင့္ေရွာက္ဖို႔ အေျခစိုက္စခန္းရွိ တစ္စုံတစ္ေယာက္ထံ ပို႔လိုက္ရ၍ သူတို႔လည္း စိတ္မသက္မသာျဖစ္ေနၾကသည္။ အေကာင္းဆုံးနည္းလမ္းမွာ ကေလးကို နိုးထလာေအာင္ ႏွိုးေဆာ္ေပးျခင္းျဖစ္ၿပီး အနည္းဆုံးေတာ့ မိမိကိုယ္မိမိ ကာကြယ္နိုင္စြမ္းရွိေစရန္ ျဖစ္သည္။

ဒါေပမယ့္ သူတို႔ ကေလးကို နိုးထေစခ်င္သလား ?

တကယ္ေတာ့ ႏူကလိယကို ဝါးမ်ိဳလိုက္ျခင္းျဖင့္ စြမ္းရည္ကို နိုးထရန္ အခြင့္အလမ္းသည္ 50% သာ ျဖစ္သည္။ ကေလး၏ခႏၶာကိုယ္တြင္ ဖုတ္ေကာင္ဗိုင္းရပ္စ္ပိုးတိုက္စားမႈကို တြန္းလွန္နိုင္သည့္ ပဋိပစၥည္းရွိသည္ သို႔မဟုတ္ ကေလးသည္ နိုးထလာျခင္း၏အဖ်ားႀကီးျခင္းမွ ေသခ်ာေပါက္ အသက္ရွင္နိုင္သည္ဟု မည္သူမွ် အာမမခံနိုင္ေပ။ အဆုံးမွာေတာ့ ကေလးသည္ အလြန္ငယ္လြန္းေနေသသည္။

ထို႔အျပင္ က်န႔္ယြင္သည္ လြန္ခဲ့ေသာရက္အနည္းငယ္က သူ႕ ဆြဲငင္အားကိုအသုံးျပဳေသာအခါတြင္ အဆင့္တက္သည့္အဆင့္ကို ထိလိုက္ သကဲ့သို႔ လွ်ို႔ဝွက္ဆန္းၾကယ္စြာ ခ်ိဳးေဖာက္ဝင္ေရာက္လုနီးပါး ခံစားခဲ့ရေသာ္လည္း သူမဝင္ေရာက္နိုင္ခဲ့ေပ။ သူ ဘယ္လို အဆင့္တိုးတက္ေအာင္လုပ္ရမလဲဆိုသည္ကို စုေ႐ြ႕က်ယ္အားေမးထားၿပီးျဖစ္၏။ စုေ႐ြ႕က်ယ္ေျပာခဲ့သည္မွာ စြမ္းအားရွင္သည္ အဆင့္တိုးတက္မည့္အေျခအေနကိုရရွိဖို႔အတြက္ အျမဳေတကိုစားျခင္းကို အားကိုး၍မရပါေခ်။

စြမ္းရည္နိုးထမႈတစ္ခုအတြက္ အမ်ားအားျဖင့္ ေဖာက္ထြင္းျမင္ရေသာ အျမဳေတခဲအား စြမ္းရည္ကို ျဖည့္စြက္အားျဖစ္ေစရန္အတြက္သာ အသုံးျပဳနိုင္သည္။ စြမ္းရည္ကို ေနာက္ထပ္ပိုျမႇင့္တင္လိုပါက ဆင့္ကဲေျပာင္းလဲေနေသာဖုတ္ေကာင္မ်ား၏ အျမဳေတႏွင့္ တြဲဖက္အသုံးျပဳရမည္ျဖစ္သည္။ သင္သည္ တစ္ႀကိမ္တြင္ ေအာင္ျမင္နိုင္ေသာ္လည္း အလ်င္စလို မလုပ္နိုင္ေခ်။

အျမဳေတသည္ ဖုတ္ေကာင္မ်ား၏ ခႏၶာကိုယ္ရွိ စြမ္းအင္ပုံေဆာင္ခဲတစ္မ်ိဳးျဖစ္ၿပီး ဖုတ္ေကာင္‌ေရာဂါပိုး အမ်ားအျပားပါရွိသည္။ ဆင့္ကဲေျပာင္းလဲလာေသာ ဖုတ္ေကာင္မ်ား၏အျမဳေတသည္ ေျပာင္းလဲသြားၿပီး ၎တြင္ပါရွိေသာ ေရာဂါပိုးသည္လည္း ပိုမိုျပင္းထန္လာသည္။ ဆင့္ကဲျဖစ္စဥ္အေျခအေနမ်ားႏွင့္မကိုက္ညီဘဲ ဆင့္ကဲေျပာင္းလဲေနေသာဖုတ္ေကာင္မ်ား၏ အျမဳေတကိုယူသုံးလိုက္ပါက ၎သည္ ေရာဂါပိုး၏တိုက္ရိုက္တိုက္စားခံရၿပီး ဖုတ္ေကာင္ျဖစ္လာနိုင္ဖြယ္ရွိသည္။

ထို႔ေၾကာင့္ စြမ္းအားရွင္မ်ားသည္ ပိုမိုျပင္းထန္ေသာဖုတ္ေကာင္ဗိုင္းရပ္စ္ပိုး၏ တိုက္စားမႈကို တြန္းလွန္နိုင္ရန္အတြက္ သူတို႔၏ စြမ္းရည္ႏွင့္ အဆက္မျပတ္တိုက္ပြဲမ်ားကို အဆက္မျပတ္အသုံးျပဳျခင္းျဖင့္ သူတို႔၏ခြန္အားႏွင့္ ကိုယ္ခႏၶာကို ျမႇင့္တင္ရမည္ျဖစ္သည္။

အဆင့္တက္ျခင္းျဖစ္စဥ္သည္ နိုးထျခင္းထက္ ပိုမိုရွည္လ်ားၿပီး ပိုၿပီးအႏၱရာယ္မ်ားေသာေၾကာင့္ က်န႔္က်ားဟယ္သည္ အဖြဲ႕တစ္ခုလုံးတြင္ အဆင့္တက္ျခင္းအဆင့္ကို ပထမဆုံးထိ‌ေတြ႕သူျဖစ္ေသာ္လည္း သူ၏စြမ္းရည္ကို အဆင့္ျမႇင့္တင္ရန္ မွန္ကန္သည့္အေျခအေနကို ရွာမေတြ႕ေသးေခ်။

က်န႔္ယြင္သည္ လီမင္းအား သေဘာမတူခဲ့ရသည့္ တကယ့္ အေၾကာင္းအရင္းသည္ ဤျပႆနာကို ေျဖရွင္းဖို႔ အခ်ိန္နည္းနည္းလိုေသာေၾကာင့္ျဖစ္သည္။

ပထမဆုံးအေနႏွင့္ ယြီသုန္သုန္ကို နိုးထေစမွာလားဆိုသည့္ျပႆနာကို ေျဖရွင္းဖို႔ရန္ လိုအပ္သည္။ ရလဒ္အေနႏွင့္ အဖြဲ႕ထဲတြင္ ေထာက္ခံခ်က္နဲ႕ အတိုက္အခံမဲအေရအတြက္သည္ ေလးခု ေလးခု အထိျဖစ္ၿပီး သေရသာျဖစ္ေနသည္။

ကေလးသည္ ခ်စ္ဖို႔ေကာင္းၿပီး နာခံမႈရွိသည္။ အဖြဲ႕တစ္ဖြဲ႕လုံးက သုန္သုန္ကိုအရမ္းသေဘာက်ၾကၿပီး အထူးသျဖင့္ သုန္သုန္ကို သူ႕ညီ‌ေလးဟုသတ္မွတ္ၿပီးသား စုေ႐ြ႕က်ယ္ျဖစ္၏။ စုေ႐ြ႕က်ယ္သည္ သူ႕ကိုစြန႔္စားခြင့္မေပးခ်င္ ေသာေၾကာင့္ ကန႔္ကြက္ရန္ မဲေပးခဲ့သည္။ ဝူက်င္း၊ က်န္းရွို႔လ်န္ႏွင့္ စုန႔္ခ်န္ရႈတို႔အားလုံးသည္ နိုးထျခင္းေဝဒနာကို ခံစားခဲ့ရသည့္ အေတြ႕အႀကဳံရွိၿပီး ကေလး၏အသက္ကို စြန႔္စားဖို႔ ရန္ဝန္ေလးေနၾကေသာေၾကာင့္ ကန႔္ကြက္မဲေပးခဲ့ၾကပါတယ္။

က်န႔္ယြင္၊ က်န႔္က်ားဟယ္၊ ခ်န္းခ်ီႏွင့္ ခ်န္းေက်ာင္းတို႔သည္ ကေလးကို ပိုသန္မာဖို႔ အခြင့္အေရးတစ္ခုေပးသင့္သည္ဟု ခံစားၾကရသည္။ ဤသည္မွာ သုန္သုန္ကို မခ်စ္ဘူးဟုေျပာသည္မဟုတ္ေပ။ သို႔ေသာ္ လူတိုင္း၌ မတူညီသည့္ အျမင္ရႈေထာင့္မ်ား ရွိၾကသည္။

လူတိုင္း ေရွ႕မတိုးေနာက္မဆုတ္သာျဖစ္ေနခ်ိန္၌ က်န႔္က်ားဟယ္သည္

“တကယ္ေတာ့ ဒီလိုမဲမ်ိဳးကို မေရတြက္ဘူး၊ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ သုန္သုန္ကို သူ႕ကိုယ္ပိုင္ထင္ျမင္ခ်က္ကို ေမးဖို႔ မသြားတာလဲ ”

သူတို႔ၾကားေသာအခါ က်ိဳးေၾကာင္းဆီေလ်ာ္သည္ဟု ထင္ၾကၿပီး ယြိသုန္သုန္ကို ေခၚရန္ ဆုံးျဖတ္လိုက္ၾကသည္။

ရလဒ္အေနျဖင့္ သူတို႔မသြားခင္မွာပင္ ကေလး၏ အခန္းတံခါးသည့္ ပြင့္ေနၿပီးျဖစ္၏။ ကေလးသည္တံခါးဝတြင္ရပ္ေနၿပီး ၾကည္လင္ေသာ မ်က္လုံးနက္ႀကီးမ်ားႏွင့္  ၾကည္လင္ေသာအသံျဖင့္ ေျပာလာသည္။

“သားႀကိဳးစားခ်င္ပါတယ္။ သား သားကိုကိုလိုမ်ိဳး ေတာ္ခ်င္ပါတယ္ ”

ယြီသုန္သုန္ေလး၏ အႀကံသည္ အလြန္ရိုးရွင္းသည္။ သူသည္ တစ္ခ်ိန္လုံး အထီးက်န္မေနခ်င္ေပ။သူ႕အစ္ကိုေတြႏွင့္လည္း ယွဥ္ၿပီး တိုက္ခိုက္ခ်င္သည္။ ဒီရက္မ်ားတြင္ သူသည္ စြမ္းရည္တစ္ခုဆိုတာ ဘာဆိုသည္ကို သိလာရၿပီး ၎သည္ အလြန္ခြန္အားႀကီးေသာစြမ္းအားတစ္ခုျဖစ္သည္။ တီဗီထဲရွိ စူပါမင္းလိုပင္ သူလည္း အလြန္အစြမ္းထက္လာခ်င္ၿပီး သူ႕အစ္ကိုမ်ားကို ကူညီၿပီး ဘီလူးမ်ားကို အတူတူတိုက္ခိုက္ခ်င္ခဲ့သည္။

လူတိုင္းသည္ တစ္ေယာက္ႏွင့္တစ္ေယာက္ၾကည့္လိုက္ၾက၏။ ခဏအၾကာ စုေ႐ြ႕က်ယ္သည္ ဧြီသုန္သုန္ထံသို႔ေရာက္လာၿပီး သူ႕ကိုၾကည့္ရန္ ငုံ႕ကိုင္းလိုက္သည္။

“သုန္သုန္ အဲ့အေၾကာင္း‌ကို ‌ေတြးၿပီးၿပီလား? နိုးထျခင္းျဖစ္စဥ္က နာက်င္ရလိမ့္မယ္။ ၿပီးေတာ့ က်ရႈံးသြားၿပီး မင္းက ေၾကာက္စရာဘီလူးႀကီးျဖစ္လာလိမ့္မယ္။ မင္းမေၾကာက္ဘူးလား? ”

သုန္သုန္သည္ ႏူးညံ့ၿပီး ခ်စ္စရာအသံေလးႏွင့္ေျပာလာ၏။

“သုန္သုန္က မေၾကာက္ဘူး။ သုန္သုန္ ပိုၿပီး စြမ္းအားႀကီးခ်င္တယ္ ”

“ဒါဆို ေကာင္းၿပီ ”

စုေ႐ြ႕က်ယ္သည္ သက္ျပင္းခ်လိဳက္ၿပီး သုန္သုန္ကို ဆိုဖာေပၚသို႔တင္ကာ ေနရာလြတ္ထဲမွ ေဖာက္ထြင္းျမင္ရေသာ အျမဳေတကိုထုတ္ၿပီး သူ႕ပါးစပ္ဆီသို႔ ကမ္းေပးလိုက္သည္။

သုန္သုန္သည္ သူ႕ပါးစပ္ကိုဖြင့္ၿပီး အာ ဟုဆိုကာ  အျမဳေတကို မ်ိဳခ်လိဳက္ၿပီး မ်က္လုံးႀကီးေတြကိုခတ္ၿပီး ေျပာလာ၏။

“ေကာေကာ အဲ့ဒါက ပူတယ္.....”

သူ႕စကားမဆုံးခင္မွာပင္ ကေလးသည္ မူးေမ့လဲသြားေလသည္။ သူ႕တစ္ကိုယ္လုံး ပူၿပီး မ်က္ႏွာသည္နီရဲေနခဲ့၏။ အဖ်ားႀကီးျခင္းကို ခံစားေနရၿပီး တကယ္ကိုပင္ ၾကမ္းတမ္းလွသည္။ ကေလး၏ခ်စ္စဖြယ္မ်က္ႏွာသြင္ျပင္မ်ားသည္ ရွံ႕မဲ့ေနၿပီး နဖူးတြင္ ေခြၽးေအးစက္စက္မ်ားႏွင့္ ဖုံးလႊမ္းေနကာ သူ႕ခႏၵာကိုယ္သည္ တုန္ယင္ေနတာ မရပ္နိုင္ေအာင္ပင္ျဖစ္‌ေနကာ စုေ႐ြ႕က်ယ္အား အရမ္းဝမ္းနည္းေစေလသည္။

သူသည္ သစ္ေတာ္သီးႏွင့္ သခြားသီးအေျမာက္အျမားကို အျမန္ထုတ္ယူၿပီး က်န႔္က်ားဟယ္အား ဟင္းသီးဟင္း႐ြက္ေဖ်ာ္ရည္မ်ားစြာကို ညွစ္ထုတ္ခိုင္းလိုက္သည္။ သူသည္ အဠါန္စိုးရိမ္ေနသျဖင့္ ကေလးအား ဟင္း႐ြက္ေဖ်ာ္ရည္သုံးခြက္တိုက္ေကြၽးကာ ကေလးကို အခန္းထဲမျပန္မီ သူ႕အတြက္ ပိုးသတ္ေဆးပင္တိုက္ခဲ့‌ေလသည္။ ဒီဇယ္ကို လုံးဝဂ႐ုမစိုက္ဘဲ ကေလး၏အခန္းထဲတြင္ေလေအးေပးစက္ကိုဖြင့္ထားခဲ့သည္။

သူလုပ္နိုင္တာေတြကို ၿပီးသြားၿပီးေနာက္ ကေလးဘာလုပ္နိုင္သည္ကိုသာၾကည့္နိုင္သည္။ ဝူက်င္းသည္ ကေလးကို ျပဳစုေစာင့္ေရွာက္ရန္ ေစတနာ့ဝန္ထမ္းလုပ္ေပးခဲ့သည္။ စုေ႐ြ႕က်ယ္ ေျဖရွင္းရမည့္ တျခားအရာေတြရွိသည္ဆိုသည္ကို သူမသိသည္။

စုေ႐ြ႕က်ယ္သည္ ဝူက်င္း၏ၾကင္နာမႈကိုလက္ခံၿပီး ဧည့္ခန္းထဲသို႔ျပန္သြားေလသည္။

“အျမဳေတကိုစားၿပီးရင္ စြမ္းအားနိုးထလာနိုင္တာလား? ”

ခ်န္းခ်ီသည္ ေမးရန္ မေစာင့္နိုင္ေတာ့ေခ်။ အဖြဲ႕ထဲတြင္ စြမ္းအားမရွိသည့္ သာမာန္လူဆိုလို႔ ယြီသုန္သုန္မွ လြဲ၍ ခ်န္းခ်ီသာျဖစ္ၿပီး သူလည္း စြမ္းရည္ကို ေတာင့္တေနခဲ့သည္။

က်န႔္ယြင္သည္ အျမဳေတကို မည္သို႔အသုံးျပဳရေၾကာင္းႏွင့္ ၎၏အႏၱရာယ္မ်ားကို ရိုးရိုးရွင္းရွင္းရွင္းျပၿပီးေနာက္ မ်က္ခုံးပင့္ကာ ေမးလိုက္၏။

“မင္းေကာ စမ္းၾကည့္ခ်င္လား”

တကယ္ေတာ့ ခ်န္းခ်ီ၏အရည္အခ်င္းႏွင့္ သူဟာ အရည္အခ်င္းမရွိလွ်င္ေတာင္ တျခားသူမ်ားထက္ ပိုမဆိုးေပ။ သို႔ေသာ္ သူ ခ်န္းခ်ီကိုနားလည္သေဘာေပါက္‌ေသာေၾကာင့္ ဒီလူသည္ တျခားသူမ်ားေနာက္တြင္ေနဖို႔ ဆႏၵရွိမည္ မဟုတ္ပါေခ်။

“ဒါေပါ့၊ ဒီအစ္ကိုႀကီးက ေက်ာင္းေက်ာင္းကိုေတာင္ မယွဥ္နိုင္ဘူး! ”

အေသအခ်ာပင္ ခ်န္းခ်ီသည္ စဥ္းစားေတြးေတာျခင္းမရွိဘဲ ခ်က္ခ်င္းျပန္‌ေျဖလာ၏။

စုေ႐ြ႕က်ယ္သည္ ခ်န္းခ်ီကိုလည္း အျမဳေတတစ္ခုေပးလိုက္၏။ သူေမ့လဲသြားၿပီးေနာက္ သူသည္ ဟင္းသီး ဟင္း႐ြက္ေဖ်ာ္ရည္ ႏွစ္ခြက္ တိုက္လိုက္ၿပီး သူ႕ကို ျပဳစုေစာင့္ေရွာက္နိုင္ရန္ ခ်န္းေက်ာင္းကိုေျပာကာ သူ႕အခန္းသို႔ ျပန္ပို႔ခဲ့သည္။

ထို႔ေနာက္ အဆင့္ျမႇင့္တင္ရန္ အဆင္သင့္ျဖစ္ေနၿပီ ျဖစ္ေသာ က်န႔္ယြင္ႏွင့္ က်န႔္က်ားဟယ္တို႔ျဖစ္သည္။ စုေကြ႕က်ယ္သည္ အနီ‌ေဖ်ာ့ေရာင္ဆင့္ကဲေျပာင္းလဲၿပီးအျမဳေတကို ေနရာလြတ္ထဲမွ ထုတ္ယူၿပီး သူတို႔၏လက္ထဲသို႔ ထည့္ေပးလိုက္သည္။ အျမဳေတအစားမီ သူသည္ သူတို႔အားပန္းသီးတစ္လုံးႏွင့္ ၾကက္ဟင္းခါးသီးတစ္လုံး ဝါးစားခိုင္းကာ ဟင္း႐ြက္ေဖ်ာ္ရည္ ခြက္ႀကီးႏွစ္ခြက္ခန႔္ ေသာက္ေစ၏။ ထို႔ေနာက္ အျမဳေတကို မ်ိဳခ်ခိဳင္းလိုက္သည္။

မၾကာခင္မွာပင္ သူတို႔သည္ အဖ်ားတက္လာၿပီး က်န္းရွိုးလ်န္သည္ စုေ႐ြ႕က်ယ္ႏွင့္ စုန႔္ခ်န္ရႈကိုကူညီကာ သူတို႔အား သူတို႔အခန္းထဲျပန္ပို႔ေပးခဲ့သည္။

စုန႔္ခ်န္ရႈသည္ ေရခဲေရမ်ားစြာကို ထုတ္လိုက္ကာ  အဖ်ားရွိသူမ်ားကိုေအးျမေစရန္ မ်က္ႏွာသုတ္ပဝါမ်ားကို အသုံးျပဳခဲ့သည္။ ၎သည္ သူတို႔အား တိုက္ခိုက္ရာတြင္ ေအာင္ျမင္စြာမကူညီနိုင္ေသာ္လည္း ၎သည္ သူတို႔အား ေသခ်ာေပါက္ သက္သာရာရေစမည္ျဖစ္သည္။

ထိုအခ်ိန္တြင္ လူေလးဦးသည္ အဖ်ားတက္ေနၿပီး  က်န္သည့္လူမ်ားမွာ အနားယူလို စိတ္မရွိၾကဘဲ သူတို႔အား အလွည့္က် ျပဳစုေနၾကေလသည္။

ပထမဆုံး နိုးလာသူမွာ ခ်န္းခ်ီျဖစ္ၿပီး သူကို သူ႕ညီမျဖစ္သူမွ ထူထားၿပီး ေျဖးညွင္းစြာ မ်က္လုံးမ်ားပြင့္လာေလ၏။

“ေကာ! နင္နိုးလာၿပီ! ”

ခ်န္းခ်ီသည္ တစ္ေန႕လုံး အိပ္ေပ်ာ္ေနခဲ့၏။ အစ္ကိုျဖစ္သူ၏ အဆင္မေျပသည့္အသြင္အျပင္ကိုၾကည့္ရင္း ခ်န္းေက်ာင္းသည္ သူ႕အတြက္ စိတ္ပူေနခဲ့သည္။ အစ္ကိုႏွင့္ ညီမသည္ အၿမဲတမ္းရန္ျဖစ္ၾကၿပီး ဒုကၡေပးတတ္ၾကသည္ဟု ေျပာၾကေသာ္လည္း တကယ္ေတာ့ သူတို႔၏ခံစားခ်က္မ်ားသည္ အလြန္ေကာင္းမြန္ပါ၏။

“ေကာင္းၿပီ၊ ငါအဆင္ေျပပါတယ္ ”

“ေကာ နင္ရဲ႕စြမ္းအားက ဘာလဲ ? ”

ခ်န္းေက်ာင္းသည္ စိတ္လႈပ္ရွားစြာေမးလာ၏။

ခ်န္းခ်ီသည္ အသက္ျပင္းျပင္းရႉၿပီး သူ႕ခႏၶာကိုယ္မွ ထူးဆန္းေသာ စြမ္းအားမ်ားကို ခံစားမိခဲ့သည္။ ထို႔ေနာက္ ေ႐ႊေရာင္အလင္းတန္းတစ္ခုသည္ သူ႕လက္ဖဝါးတြင္ ထြက္ေပၚလာေလသည္။

ခ်န္းေက်ာင္းသည္ အံ့ဩသြားေလ၏။

“အာ! အဲ့ဒါက မိုးႀကိဳးစြမ္းရည္လား?! ေကာ နင္အရမ္းမိုက္တာပဲ! ”

“ဟားဟားဟား ! ”

ခ်န္းခ်ီသည္လည္း အလြန္စိတ္လႈပ္ရွားေနခဲ့၏။ သူ႕စြမ္းရည္သည္ သူ႕ညီမ၏စြမ္းရည္ထက္ ပိုသန္မာပံရ၏။

နိုးထလာသည့္ ေနာက္တစ္ေယာက္မွာေတာ့ ယြီသုန္သုန္ျဖစ္သည္။ ေကာင္ငယ္ေလးနိုးလာေသာအခါ ဗိုက္ဆာေနၿပီလို႔ ေအာ္ဟစ္လာခဲ့‌ေလ၏ ။စုေ႐ြ႕က်ယ္သည္ သူစားဖို႔ တစ္ခုခုလုပ္ဖို႔ရန္ အရင္သြားေလ၏။ ေခါက္ဆြဲေျခာက္ကို ျပဳတ္တာက အလ်င္ျမန္ဆုံး ပူပူႏြေးႏြေး စားစရာျဖစ္သည္။ ထို႔ေၾကာင့္ စုေ႐ြ႕က်ယ္သည္ မီးဖိုခန္းထဲ၌ လွ်ပ္စစ္သံလိုက္မီးဖိုႏွင့္ ေခါက္ဆြဲေျခာက္ကိုခ်က္ျပဳတ္ခဲ့သည္။ သို႔ေသာ္ သူအထုပ္ကို မေဖာက္ရေသးခင္မွာပင္ အခန္းထဲမွ ကေလးေအာ္သံၾကားလိုက္ရ၏။

“ေကာ‌ေကာ၊ သား အသီးအ႐ြက္ခ်ဥ္ေတြ မစားခ်ငဘူး၊ သား အမဲသားကင္စားခ်င္တာ”

စုေ႐ြ႕က်ယ္သည္ အံ့အားသင့္သြားၿပီး သူ႕လက္ထဲရွိ ေခါက္ဆြဲထုပ္အေဟာင္းကိုၾကည့္လိုက္၏။ ဒီေကာင္ေလးက အခန္းထဲကေန ဘယ္လိုေခါက္ဆြဲမ်ိဳးလဲဆိုတာ ဘယ္လိုျမင္နိုင္တာလဲ? မဟုတ္မွ...

“တေကာ၊ သားအေဝးႀကီးကို ျမင္နိုင္တဲ့ပုံရတယ္”

ကေလး၏အသံသည္ အလြန္ခြန္အားျပည့္ေနေလ၏။

၎သည္ စိတ္စြမ္းရည္တစ္မ်ိဳး ျဖစ္ပုံရသည္။ အကယ္၍ ၎သည္ အျမင္အာ႐ုံတိုးလာမႈသာဆိုပါက နံရံကိုျဖတ္မသြားနိုင္ေခ်။ ေကာင္ေလး၏ စူးစမ္းေလ့လာေရး နယ္ပယ္သည္ အလွမ္းေဝးေနေသးပုံရသည္။ စိတ္အမ်ိဳးအစားမ်ားသည္ အဆင့္ျမင့္မားလာေသာအခါတြင္ ျပင္းျပင္းထန္ထန္ တိုက္ခိုက္နိုင္စြမ္းလည္းရွိေၾကာင္း သူသတိရမိသည္ ။ ဤေကာင္ေလး၏ ကံတရားသည္ တကယ္ကို ေကာင္းေနပုံရသည္။

🍒🍒

Continue Reading

You'll Also Like

72.2K 9.3K 54
An ordinary teenager who unexpectedly encounters a little zombie and begins an adventure full of surprises and frights. Original chinese manhua name...
122K 23.3K 53
အရင် Acc ကဝင်မရလို့ Book ခွဲလိုက်ပါပြီနော် Book 1 ကို Boရဲ့ Reading list ထဲမှာ ဝင်ကြည့်ပေးကြပါရှင့်
260K 44.1K 127
English name:The Zombie Emperor's Domesticated Cat Type : web novel Genre : Adventure, romance, supernatural, yaoi Status in COO:95 chapters+2 extra...