သူမ မှ တစ်ပါး

By SummerMaung

553K 14K 315

တစ်ခါတစ်လေ Exတွေပြန်လာတယ်ဆိုတာ ကိုယ့်ရဲ့နံရိုးပိုင်ရှင်ဖြစ်လို့မဟုတ်ဘဲ ကံကြမ္မာက နင်အရင်လိုကျပ်မပြည့်တုန်းပဲ... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41 (ဇာတ်သိမ်း)

Part 15

11.3K 341 4
By SummerMaung

💞 Part - 15 💞
~~~~~~~~~~~~~~

"ဘယ်လိုတွေဖြစ်ကုန်တာလဲ အခုက"

ဦးမြဲမြံအသံက မာကြောပြတ်သားနေ၍ နေသာကတော့ ခေါင်းမဖော်ရဲဘဲ တရှုံ့ရှုံ့ကြိတ်ငိုနေပြီဖြစ်သည်။
အန်တီအိမ်မက်သည်လည်း စိတ်ဆိုးနေဟန်ဖြင့် မျက်နှာကတင်းမာမှုန်ကုပ်နေကာ ဖေဖေနဲ့မေမေကတော့ ကိုင်းတို့ကို အမှုန့်ချေမတတ်ကြည့်နေ၏။
ဒီလိုအခြေအနေတွေရှိလာနိုင်တာကို ကိုင်းသိထားပေမယ့် လက်တွေ့ကြုံရတော့ ရင်တွေတုန်နေမိကာ Seaလက်ကို ဆုပ်ကိုင်ထားရင်း ကြောက်နေမိသည်။

"ကျွန်တော့်သားအတွက် ကျွန်တော်ကပဲ တောင်းပန်ပါတယ်အစ်ကို"

"ငါကြားချင်နေတာ တောင်းပန်စကားမဟုတ်ဘူး ဧကန်.. ငါကငါ့သမီးကို အိမ်မှာထားခဲ့ရင် ဖြစ်ချင်တိုင်းဖြစ်သွားမှာစိုးလို့ မင်းတို့အိမ်ကိုလာအပ်ထားတာ"

"ဟုတ်ပါတယ် ကလေးတွေကို လွှတ်ထားမိတာ ကျွန်တော့်အမှားပါ အခုကိစ္စကိုလည်း အစ်ကိုဘယ်လိုလုပ်ပေးရင် ကျေနပ်နိုင်မလဲ ဒါကအနိုင်ပိုင်းပြီးပြောတာမဟုတ်ပါဘူး
ကျွန်တော်က တကယ်.."

"ကိုင်းအပြစ်ပါ ဖေဖေ"

"ဘယ်လို"

ကိုင်း မတ်တပ်ထရပ်လိုက်ရင်း ခေါင်းလေးငုံ့ကာပြောလိုက်တော့ အားလုံးရဲ့အကြည့်တွေ ကိုင်းဆီရောက်လာကြသည်။
တကယ်လည်း partyလုပ်ဖို့ စပြီးစည်းရုံးခဲ့တာက ကိုင်းပဲမဟုတ်လား…

"ကိုင်းကြောင့်ပါ"

ကိုင်းရဲ့ဝန်ခံစကားကြောင့် ဖေဖေက ဒေါသဖြစ်သွားဟန်ဖြင့် အရင်ထရပ်လိုက်ပြီး ကိုင်းအနားကိုရောက်လာသည်။
ဖြန်းခနဲအသံနှင့်အတူ ပါးတစ်ဖက်လုံးထူပူသွားကာ ဒီလောက်အထိထင်မထား၍ ကိုင်းဆိုဖာပေါ်ကို ထိုင်လျက်ကလေးပြန်ကျသွားသည်။
နာကျင်သွားသည့် ပါးလေးတစ်ဖက်ကိုအုပ်ကိုင်ရင်း ဖေဖေ့ကိုမော့ကြည့်မိတာ အလန့်တကြား…

"ဖေဖေ"

"သူငယ်ချင်း အချင်းချင်း၊ မောင်နှမအချင်းချင်း ကူည်ိစောင့်ရှောက်မှုမရှိဘဲနဲ့ ဒီလောက်ထိ မိုက်မဲတဲ့မိန်းကလေး"

"မောင် တော်ပြီ ကလေးကိုလက်မပါနဲ့"

"မ သမီးကိုက အချိုးမပြေတာ ဟိုကောင်Sea ထစမ်း
မင်းကရော မင်းယောကျာ်းမဟုတ်ဘူးလား မိန်းကလေးတစ်ယောက်အပေါ် အသားယူရတာ မင်းတော်တော်ကျေနပ်နေတာလား"

Seaက ဖေဖေ့ကိုပြန်မပြောရဲဘဲ ခေါင်းငုံ့ထားပေမယ့် တအိအိငိုနေသော နေသာ့ဆီအကြည့်ရောက်သွားကာ ထိုင်ရာမှ ထရပ်ဖို့ပြင်လိုက်၏။
သို့သော် Sea ထလာလျှင် ဖေဖေက ထိုးကြိတ်ဆုူံမတော့မှာ သေချာပေါက်…

"သမီးကြောင့်ပါ ဖေဖေရဲ့ သမီးလုပ်တာပါ သမီးပြောတာနားထောင်ပါဦး Seaကိုမလုပ်ပါနဲ့ ဖေဖေရဲ့"

ကိုင်း ငိုယိုနေရင်း ဖေဖေ့လက်ကိုအတင်းဆွဲထားလိုက်တော့ ဖေဖေက ဒေါသကြီးနေဆဲဖြစ်ပေမယ့် ငြိမ်သွားသည်။
ရုတ်တရက် အခြေအနေပြောင်းလဲသွား၍ ကိုင်းက ဖေဖေ့ရှေ့ဒူးထောက်ထိုင်ချလိုက်ပြီး...

"သူတို့ချင်းငြိတွယ်နေတာကို ပွင့်ထွက်လာအောင် သမီးလုပ်မိတာပါ သမီးမှာပဲအပြစ်ရှိပါတယ် Seaရော နေသာရော အပြစ်မရှိပါဘူး သမီးကိုပဲရိုက်ပါ သမီးကိုပဲစိတ်ဆိုးပါနော် ဦးမြဲ"

"မဟုတ်ဘူး ကျွန်တော့်အပြစ်ပါ ကျွန်တော် နေသာ့ကိုချစ်တယ် ဒါပေမယ့် ဖွင့်မပြောရဲခဲ့လို့ မ က ကူညီပေးတာပါ ကျွန်တော့်ကြောင့်ပါ"

Seaကလည်း ကိုင်းလို ဖေဖေ့ရှေ့ ဒူးထောင်ထိုင်ချကာ ဝန်ခံလာသလို ဖေဖေ့ကိုတောင်းပန်လိုက်၊ ဦးမြဲကိုပြောလိုက်ဖြင့် ငိုယိုနေသောကိုင်းကိုကြည့်ရင်း မေမေက ဝမ်းနည်းသွားလေသည်။
ချက်ချင်းလိုလို ဟီးခနဲငိုချပစ်ပြီး ထိုင်နေရာမှထရပ်ကာ ဖေဖေ့ကိုအတင်းတွန်းထိုးတော့၏။

"ငါ့ကလေးတွေ အဲ့လောက်တောင်းပန်နေတာကို နင်မကျေနိုင်သေးဘူးလား မောင်"

"မ ဝင်မပါနဲ့"

"မပါလို့မရဘူး ကလေးတွေဒီလောက်တောင်းပန်နေတာ မြဲမြံ နင်ကရော ဘယ်လိုလုပ်ပေးမှ ကျေနပ်မှာလဲ နင်ကျေနပ်မှမောင်က မရိုက်တော့မှာ..
ဧကန် ငါ့ကလေးတွေကို မရိုက်ပါနဲ့တော့ သူတို့ကိုမဆုံးမမိတဲ့ အမေတစ်ယောက်ရဲ့အမှားပါ ငါတောင်းပန်ပါတယ် ငါ့ကိုပဲရိုက်ပါ"

"မ"

"ငါ့သားကိုရော ငါ့သမီးကိုရော နောက်ထပ် မထိနဲ့.. နင်ဒေါသမပြေသေးရင် ငါ့ကိုပဲရိုက်"

မေမေက ဟီးခနဲငိုချတော့ ဖေဖေ့ရဲ့တင်းမာမှုတွေလျော့ကျသွားကာ အန်တီအိမ်မက်ကလည်း စိတ်မကောင်းဖြစ်သွားပုံဖြင့် မျက်နှာလေးလွှဲသွားသည်။
နေသာ့ငိုသံလည်း တဖြည်းဖြည်းကျယ်လာတော့ ဦးမြဲက နေသာ့ကိုတစ်ချက်ကြည့်ကာ Seaကိုပြန်ကြည့်လာသည်။

"ကျွန်တော် နေသာ့ကိုလက်ထပ်ပါရစေ ကျွန်တော်ကမှားလို့ တာဝန်ယူတယ်ဆိုတာထက် သူ့ကိုကျွန်တော်ချစ်လို့ပါ ဒါကြောင့်လည်း ခုလောက်ထိဖြစ်ခဲ့တာပါ"

"ငါခွင့်မပြုဘူး ငါ့သမီး ကလေးပဲရှိသေးတာ မင်းက.."

"တော်ပါတော့ကိုကိုရယ် ဖြစ်ခဲ့တာကို ထိုင်ပြီးအပြစ်တင်နေလို့လည်း ဘာမှပြောင်းလဲမသွားတာ"

"ဘာ!!"

"ဟုတ်တယ်လေ ရှေ့ဆက်ရမယ့်ကိစ္စကိုပဲစဥ်းစားသင့်တာ ကလေးတွေကိုရိုက်လိုက်၊ ဆူလိုက်ရုံနဲ့ပြီးသွားမှာမှမဟုတ်တာ"

"အိမ်မက် အဲ့ဒါမင်းရဲ့သမီးနော်"

"အိမ်မက်ရဲ့သမီးမို့ပြောနေတာပေါ့ ကိုကိုဒေါသကြီးနေကတည်းက နေသာကငိုနေတဲ့ဥစ္စာ နေသာ့ကိုလည်းပြန်ကြည့်ပါဦး ကိုကိုရယ်"

ထိုအခါမှ အားလုံးရဲ့အကြည့်တွေက နေသာ့ဆီရောက်သွားတော့ နေသာက မျက်လုံးလေးတွေကိုဖိပွတ်ရင်း တအိအိငိုနေဆဲ။
ဦးမြဲက စိတ်လျှော့ချလိုက်ဟန်ဖြင့် နေသာ့ဘေးမှာ ဝင်ထိုင်ပြီး နေသာ့လက်ကလေးကိုဆုပ်ကိုင်ကာ ဖေဖေ့ကို တည့်တည့်ကြည့်သည်။

"မင်းကရော ဧကန်"

"ကျွန်တော်က ဘာပြောနိုင်ဦးမှာလဲ အစ်ကိုရာ အစ်ကိုတို့နှစ်ယောက်နဲ့ နေသာ့ရဲ့ဆုံးဖြတ်ချက်အတိုင်း ဒီအမွှာနှစ်ကောင်ကို ဆုံးမသင့်ရင်ဆုံးမမယ် လုပ်သင့်တာလုပ်မယ်
အစ်ကိုဘာမှမလုပ်ချင်ရင်လည်း ကျွန်တော့်ဘာသာလုပ်မယ်"

ဖေဖေ့စကားကို ကိုင်းတကယ်ပဲကြောက်သွားမိသည်။
ထိုအခါ Seaက ကိုင်းလက်တစ်ဖက်ကိုဆွဲယူကာ အားပေးသလိုဆုပ်ကိုင်လိုက်၍ ကိုင်းသည်လည်း Seaရဲ့လက်ကို ပြန်ဆုပ်ကိုင်ထားလိုက်သည်။
လုပ်လည်းအတူတူ၊ ခံလည်းအတူတူပေါ့...

"မင်းရဲ့သားနဲ့ လက်ထပ်ဖို့သဘောတူတယ်"

ဦးမြဲစကားကြောင့် အားလုံးဝမ်းသာသွားကြသလို အပူအပင်တွေကြားမှ Seaပြုံးလိုက်သည်ကိုလည်း ကိုင်းလှမ်းမြင်လိုက်ရသည်။

"ဒါပေမယ့် ငါ့သမီးက ဒက်ဒီလာခေါ်ပါဆိုတဲ့စကားထွက်လာရင်တော့ ဘာမှမမေးဘဲ၊ မတားဆီးဘဲ ငါ့လက်ထဲပြန်ထည့်ပေးလိုက်"

"ဟုတ်ကဲ့ ရပါတယ် အစ်ကို နေသာကလည်း ကျွန်တော့်သမီးလိုပါပဲ အခုတော့ တကယ်သမီးပေါ့"

အလျှော့ပေးလိုက်ပေမယ့် ဖေဖေမကျေနပ်သေးမှန်းသိနေသလို ငြိမ်နေသည့်မေမေကလည်း ကိုင်းတို့ကို မကျေမနပ်ဖြစ်နေသေးသော်ငြား ဖေဖေကထပ်မရိုက်အောင်ကြည့်နေသည်။
အန်တီအိမ်မက်ကတော့ ဘာမှမပြောတော့ဘဲ နေသာ့ဆံပင်တွေကိုသာ ဖွဖွလေးပွတ်သပ်သည်။

"နေ သမီးလည်း သဘောတူတယ်မလား"

"ဟုတ်ကဲ့"

နေသာက ခေါင်းလေးငုံ့ထားဆဲဖြစ်ပေမယ့် ပြဿနာဟာ ငြိမ်းချမ်းသွားခဲ့ပြီမို့ မောင်နှမနှစ်ယောက် သက်ပြင်းကိုယ်စီချလိုက်မိသည်အထိ။
ပါးတစ်ဖက်တော့နာခဲ့ပေမယ့် အုံ့ပုန်းနှစ်ကောင်ဟာ တွဲဖြစ်တာထက်ပိုကာ တကယ်လက်ထပ်ရတော့မည်မို့ ကိုင်းကျေနပ်မိပါသည်။
ဦးသိရင်တော့ ကိုင်းကို ဘာပြောဦးမလဲမသိ။

💞💞💞💞💞💞

"နာနေသေးလား အခု"

သူမက ခေါင်းလေးခါပြရင်း ချောကလက်ရေခဲမုန့်ကို တစ်ဇွန်းပြီးတစ်ဇွန်းစားနေပေမယ့် သူကတော့ ထိုပါးလေးကို ထိဖို့တို့ဖို့တောင် မဝံ့မရဲ။
သူမလေး ထင်ရာစိုင်းတတ်တာကို သိထားပေမယ့် ဒီလောက်ထိဆိုးလိမ့်မယ်လို့ မတွေးခဲ့မိ။

"မနာတော့ပါဘူး ဦးရဲ့ ဖေဖေက ကိုင်းကိုစိတ်ဆိုးလို့ရိုက်တာပါ အားလုံးပြေလည်သွားပြီဆိုမှ လာချော့တာ သိလား"

"အဲ့ဒါတော့ ကိုယ်လည်းသိတာပေါ့ ဒါပေမယ့် နောက်တစ်ခါ အဲ့လိုမဆိုးနဲ့တော့နော်"

"ဦးနော် သူများကိုလူဆိုးမကြီးကျနေတာပဲ ကိုင်းလည်း အမြဲတမ်းမဆိုးပါဘူး အခုက Seaကြောင့်မို့"

"ယောကျာ်းလေးတစ်ယောက်က သူချစ်တဲ့မိန်းကလေးကို ဖွင့်မပြောရဲဘူးဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘာဝပဲလေ ကိုယ့်မောင်ဖြစ်နေတိုင်း နေရာတကာဝင်ပါနေလို့ မဖြစ်ဘူးလေ"

ထိုသို့ပြောလိုက်သည့်စကားအဆုံးမှာ အလိုမကျဖြစ်သွားသောမျက်နှာလေးက ချက်ချင်းစူပုတ်သွားကာ ရေခဲမုန့်ဇွန်းကို ပစ်ချသည်။
သူမက အမွှာလည်းဖြစ်၊ တစ်ဦးတည်းသောမောင်လေးလည်းဖြစ်သည့် Seaကို အတော်လေးခင်တွယ်ပုံရပြီး သူ့စကားကိုလည်း သဘောကျဟန်မရှိ။

"အဲ့လိုပြောတာ ကိုင်းမကြိုက်ဘူး ဦး"

"မကြိုက်ရင်လည်း ပြောရမှာပဲ ချာတိတ် ဘာလို့လဲဆိုတော့.."

"မကြားချင်ဘူး"

ကိုင်းက တကယ်စိတ်ဆိုးသွားဟန်ဖြင့် နားနှစ်ဖက်လုံးကိုပိတ်ပစ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်လာသည်။
ဒီလိုကလေးဆန်သည့်အပြုအမူကို လက်မခံချင်သလို သူမအတွက်ပြောသည့် စကားတို့ကိုလည်း နားထောင်စေချင်သည်။
ဒီ့ထက်ပိုတော်သည့်၊ ပိုပြီးယဥ်ကျေးသိမ်မွေ့သည့်၊ လူတိုင်းအားကျရလောက်သည့် မိန်းကလေးမျိုးဖြစ်လာစေချင်ကာ တစ်ဘဝလုံးလက်တွဲဖို့ ရည်ရွယ်ထား၍ နေရာတကာ ကလေးမဆန်စေချင်။

သူမကိုကြည့်တော့ ကိုယ် ဘာပြောပြော လက်မခံချင်သည့်လက္ခဏာအပြည့်ဖြင့် စူပုတ်မှုန်ကုပ်ကာ ဂြိုဟ်ကြည့် ကြည့်နေလေသည်။
ကိုယ်ကပဲရင့်ကျက်လွန်းနေသလား၊ ကိုင်းကပဲ ကလေးဆန်လွန်းနေသလားတော့ သေချာမကွဲပြားတော့၍ ကျစ်ခနဲစုပ်သပ်လိုက်သည့်အခါ ကိုင်းကမျက်ရည်တွေဝဲလာပြီး သူ့ရင်ဘတ်ကို တဘုန်းဘုန်းထုတော့၏။

"ဦး စိတ်ပျက်နေပြီလား ဘာလို့အဲ့လို စိတ်ပျက်သလိုလုပ်နေတာလဲ"

"ကိုယ် မင်းအတွက်ပြောနေတာ ကိုင်း စေတနာနဲ့.."

"ဦးရဲ့စေတနာက ဘာလို့Seaနဲ့ခွဲခြားနေတာလဲ ကိုင်းလည်း သူ မရှိလို့မရသလို သူလည်းကိုင်းမရှိလို့မရဘူးလေ ဦးသိရဲ့သားနဲ့"

Seaသည် သူမရဲ့အမွှာမောင်လေးဆိုပေမယ့် ထိုစကားကိုတော့ သဘောမကျစွာမျက်မှောင်ကုပ်ပစ်လိုက်သည်။
ကိုင်းရဲ့မရှိမဖြစ်ဟာ သူ မဟုတ်ပါဘဲ ဘာကြောင့်Seaဖြစ်နေရသလဲ၊
ထိုကောင်လေးလောက်တောင် သူ့အပေါ်မချစ်လို့လား ဆိုသည့် ပေါက်ကရအတွေးတွေဝင်လာမိသည်အထိ…

"အဲ့ဒါမဟုတ်တာ ကိုင်းရယ် အမွှာဆိုတာကိုယ်သိတယ်လေ မင်းSeaကိုအရမ်းချစ်မှန်းလည်း ကိုယ်သိတယ် ဒါပေမယ့် မရှိမဖြစ်ဆိုတာက.."

"ဦးဘာသိလို့လဲ ကိုင်းဖျားရင် သူလည်းလိုက်ဖျားတာ ဦးက အဲ့လိုလိုက်ဖျားလို့လား Seaက အဲ့လိုမျိုးဆက်စပ်နေတဲ့ဟာ.. ခွဲလို့မှမရတာ ဒါကို ဦးက"

အီးခနဲငိုချလိုက်သည့်သူမကြောင့် စောစောက မကျေမလည်ဖြစ်နေသည့်စိတ်တွေ၊ ဒေါသတွေ ဘယ်ရောက်သွားမှန်းမသိဘဲ စိတ်မကောင်းဖြစ်သွားမိသည်။
တအီးအီးငိုနေသော သူမကတီရှပ်ကို ဘောင်းဘီတိုလေးဝတ်ထားပြီး ခြေဆင်းငိုနေ၍ ကလေးနဲ့ပိုတူနေ၏။

"ကိုင်း"

"မခေါ်နဲ့.. သွား"

သူ့လက်တွေကိုပုတ်ထုတ်ပစ်ကာ သူမက မျက်ရည်တွေသုတ်လိုက်၊ နှာရည်တွေညှစ်လိုက်ဖြင့် တစ်ရှူးတွေကိုလည်း တွေ့ကရာလွှင့်ပစ်တတ်သေးသည်။
အလိုလိုက်မှန်းသိတော့ သူ့အပေါ်မှာ ဆိုးချင်တိုင်းဆိုးလာကာ သူ့ရုံးခန်းကိုလည်း ဖွချင်တိုင်းဖွတတ်သည့် ကလေးဆိုးလေး...

"ကိုယ် အဲ့လိုပြောတာမဟုတ်ဘူးလေ ကိုယ့်အသည်းလေးကလည်း"

"သူများမောင်နှမကို သွေးခွဲတဲ့လူကြီး"

"မဟုတ်ပါဘူး"

"အသက်ကြီးလို့ ကိုင်းကိုနားလည်ပေးမယ်မှတ်နေတာ Seaကိုတောင် လိုက်သဝန်တိုနေတာ"

"ခလေးကလည်းကွာ.. ကိုယ်ပြောပြမယ် ခဏပဲနားထောင်"

"ဘာလဲ"

"ကိုင်းအခုလိုလုပ်လိုက်တာ အားလုံးအဆင်ပြေသွားတယ်ဆိုပေမယ့် နေသာ့အတွက် စိတ်ဒဏ်ရာဖြစ်ချင် ဖြစ်သွားနိုင်တယ် ပြီးတော့ ဦးမြဲမြံသာ အလျှော့မပေးခဲ့ရင် မုဒိမ်းမှုတောင်ဖြစ်သွားနိုင်တယ်
လူဆိုတာ အမြဲတမ်းကံမကောင်းနိုင်ဘူးလေ ကိုင်းရဲ့.. Seaနဲ့သွေးခွဲတာမဟုတ်ဘူး ကိုယ်ပြောတာ သဘောပေါက်လား"

"မပေါက်သေးဘူး"

"အခု ကိုယ့်လိုပေါ့ မင်းကိုကိုယ်သိပ်ချစ်တယ် မင်းရဲ့ပြဿနာတွေတိုင်းမှာ ကိုယ်ဝင်ပါချင်ရင်ရော မင်းလက်ခံမလား"

"ဟင့်အင်း"

"အဲ့လိုပဲပေါ့ ကိုင်းကလည်း.. ကိုယ့်မောင်လေးဖြစ်နေရင်တောင် သူ့ဆန္ဒ၊သူ့ဆုံးဖြတ်ချက်ကို လေးစားပေးဖို့၊ လက်ခံပေးဖို့လိုတယ် ကိုယ်ပြောချင်တာကအဲ့ဒါ"

"အဲ့လိုလား"

ထိုအခါမှ သူမအငိုတိတ်သွားပြီး မျက်လုံးလေးတွေကိုဖိပွတ်ကာ သူ့ကိုမော့ကြည့်လာတော့ နီရဲနေသည့်မျက်နှာလေးက ပြောင်ပြောင်တင်းတင်းလေး။
မိတ်ကပ်တွေလည်းမရှိတော့ဘဲ လက်ခုံနှင့် ပွတ်သုတ်ထားသဖြင့် နှုတ်ခမ်းနီတွေကလည်း ပါးပေါ်အထိရောက်လို့…

သူ တစ်ချက်ပြုံးကာ တစ်ရှူးတစ်ရွက်ထုတ်ယူလိုက်ပြီး နှုတ်ခမ်းနီတွေကို ယုယုယယသုတ်ပေးလိုက်ရင်း ဆံပင်လေးတွေကိုဆွဲဖွလိုက်သည်။
သူမထက်ချစ်စရာကောင်းသူတွေတောင် သူမလောက်ချစ်စရာကောင်းပါ့မလားမသိ…

"ချစ်စရာကောင်းတယ်"

"ကိုင်းကတော့ ဦးကိုမချစ်တော့ဘူး"

"မရပါဘူး မင်းမချစ်လည်း ကိုယ်နဲ့ပဲနေသွားရတော့မှာ.. ကိုယ်မင်းကိုချည်ထားတယ်"

ဟမ်းချိန်းလေးဝတ်ထားသည့် လက်ကလေးကိုဆွဲယူရင်း လက်ဖမိုးလေးကိုနမ်းလိုက်သည့်အခါ သူမကရယ်သံချိုချိုလေးနှင့် သူ့ရင်ခွင်ထဲခေါင်းလေးတိုးဝင်လာ၏။
အချိန်ခဏလေးမှာ ရယ်လိုက်ငိုလိုက်ဖြင့် သူမသည် ဒီလိုချွဲနည်းလေးတွေဖြင့် သူ့နှလုံးသားကိုချွေယူတတ်ကာ ဒီကလေးလေးကိုချော့ရခြင်းမှာ ပျော်ဝင်လာမိသည်။
သူမနှုတ်ခမ်းလေးတွေမှာ ရုန်းမရနိုင်အောင်ငြိတွယ်နေပြီး ကိုယ်လုံးသေးသေးလေးကိုလည်း တယုတယဖက်ထားမိသည်အထိ..

"ဦး"

"အင်း.."

"ဦးက ကိုင်းရဲ့အပိုင်ပဲနော် တခြားဘယ်မိန်းမကိုမှ မျက်စိစွေမကြည့်ရဘူး ကြားလား"

"ကြည့်မိရင်ရော"

သူမမျက်နှာလေးငယ်ကျသွားပြီး နှုတ်ခမ်းလေးကိုဖွဖွကိုက်ကာ ရုံးခန်းတံခါးဘက်ဆီ မျက်နှာလေးလှည့်သွားသည်။
စိတ်ထဲမှာရယ်ချင်သွားပြီး သူမမျက်နှာလေးကို ပြန်လှည့်လာအောင် ဆွဲယူပြီး ပါးဖောင်းဖောင်းလေးအပါအဝင် နေရာအနှံ့နမ်းပစ်လိုက်သည်။
သို့ပေမယ့် သူမက ပြန်ရုန်းထွက်သွားပြီး...

"ကြည့်ရင် ကိုင်း ငိုမှာနော်"

"ကိုယ်စတာပါ ချာတိတ်ရာ မင်းကိုတောင်ချစ်လို့မဝသေးတာ ကြည့်လို့မဝသေးတာ ဘယ်သူ့ကိုသွားကြည့်ရမှာလဲ နော်.."

"အဲ့ဒါဆိုကြည့် မျက်နှာလွှဲရင်စိတ်ကောက်မယ်"

ဂျစ်ကန်ကန်မျက်နှာပေးဖြင့် သူမမျက်နှာလေးရှေ့တိုးလာတော့ သူကပြုံးရုံသာပြုံးကာ ထိုမျက်နှာလေးကို တစိမ့်စိမ့်ကြည့်မိသည်။
အမြဲလိုလို မွှေးပျံ့ဖောင်းအိနေတတ်သည့်ပါးနုနုလေး၊ သူအမြဲနမ်းနေကျ နဖူးပြင်လေး၊ ဘယ်အချိန်နမ်းနမ်း ချိုမြလွန်းသည့်နှုတ်ခမ်းကလေး...

မြတ်နိုးရလွန်း၍ စိတ်ကူးထဲမှာရော၊ လက်တွေ့မှာပါ အပိုင်သိမ်းချင်စရာ သက်ရှိအရုပ်မလေးမို့ သူမကို ဘယ်လိုမှမခွဲနိုင်တာက သေချာသလောက်။
တစ်ခုချင်းစီကို အသေးစိပ်ကြည့်နေမိရင်း တစ်ယောက်တည်းရင်ခုန်နေချိန် သူမက မနေတတ်တော့သလို မျက်နှာလေးလွှဲသွားပြီး ရှက်ကိုးရှက်ကန်းရယ်သည်။

"ဘာလဲကွာ ကိုယ်ကြည့်နေတာ မပြီးသေးဘူးလေ"

"ရှက်တယ် ဟီး!"

"မင်းပဲစိန်ခေါ်တာလေ ချာတိတ်လေးရဲ့"

သူမကိုယ်လေးကို ပေါင်ပေါ်ဆွဲပွေ့တင်လိုက်ပြီး ခါးလေးကိုဖက်ကာ ဖူးအိနီမြန်းနေသောနှုတ်ခမ်းလေးဆီ အနမ်းတွေ ကျူးကျော်မိပြန်သည်။
ကိုင်းက သူ့လည်ပင်းကိုဖက်ကာ မျက်လုံးကလေးမှိတ်ပေးထား၍ ထိုမျက်နှာလေးဟာ ရင်ခုန်မေ့မူးဖွယ်အတိ။

"ဦး တော်ပြီ အသက်ရှုကြပ်တယ်"

မောနေသံလေးဖြင့်ဆိုကာ မျက်နှာလေးပြန်လွှဲသွားတော့ သူကပဲအလျှော့ပေးလိုက်ရပြီး ဖက်ထားသည့်လက်တွေကို ဖြေလျှော့ပေးလိုက်သည်။
နမ်းချင်နေသေး၍ လည်တိုင်လေးကိုထပ်နမ်းတော့ တခစ်ခစ်ရယ်သံလေးဖြင့် သူ့ဆံပင်တွေကိုဆွဲလာပြီး…

"အမောပြေရင်ထပ်နမ်းမယ်လေ ဦးကလည်း"

ဟု ချော့သလိုလေးပြောလာတော့ ထိုမျက်နှာလေးကို အသေအလဲရူးသွပ်သွားမိတော့သည်။
ထို့နောက် သူ့နှုတ်ခမ်းပေါ်ထိကပ်လာသော သူ့ရဲ့သကြားလုံးလေးကြောင့် အနမ်းတွေ တစ်ဖန်ပြန်အစပျိုးလာခဲ့ပြီး
မချစ်ဖူးတော့လည်း သူ့မှာအရူးတစ်ယောက်လို သူမလေးကို စွဲမက်မြတ်နိူးစွာ...

💞💞💞💞💞

Part 16 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~

    
💞 Part - 15 💞
~~~~~~~~~~~~~~

"ဘယ္လိုေတျြဖစ္ကုန္တာလဲ အခုက"

ဦးၿမဲျမံအသံက မာေၾကာျပတ္သားေန၍ ေနသာကေတာ့ ေခါင္းမေဖာ္ရဲဘဲ တရႈံ႔ရႈံ႔ႀကိတ္ငိုေနၿပီျဖစ္သည္။
အန္တီအိမ္မက္သည္လည္း စိတ္ဆိုးေနဟန္ျဖင့္ မ်က္ႏွာကတင္းမာမႈန္ကုပ္ေနကာ ေဖေဖနဲ႔ေမေမကေတာ့ ကိုင္းတို႔ကို အမႈန႔္ေခ်မတတ္ၾကၫ့္ေန၏။
ဒီလိုအေျခအေနေတြရိွလာႏိုင္တာကို ကိုင္းသိထားေပမယ့္ လက္ေတြ့ႄကံုရေတာ့ ရင္ေတြတုန္ေနမိကာ Seaလက္ကို ဆုပ္ကိုင္ထားရင္း ေၾကာက္ေနမိသည္။

"ကၽြန္ေတာ့္သားအတြက္ ကၽြန္ေတာ္ကပဲ ေတာင္းပန္ပါတယ္အစ္ကို"

"ငါၾကားခ်င္ေနတာ ေတာင္းပန္စကားမဟုတ္ဘူး ဧကန္.. ငါကငါ့သမီးကို အိမ္မွာထားခဲ့ရင္ ျဖစ္ခ်င္တိုင္းျဖစ္သြားမွာစိုးလို႔ မင္းတို႔အိမ္ကိုလာအပ္ထားတာ"

"ဟုတ္ပါတယ္ ကေလးေတြကို လႊတ္ထားမိတာ ကၽြန္ေတာ့္အမွားပါ အခုကိစၥကိုလည္း အစ္ကိုဘယ္လိုလုပ္ေပးရင္ ေက်နပ္ႏိုင္မလဲ ဒါကအႏိုင္ပိုင္းၿပီးေျပာတာမဟုတ္ပါဘူး
ကၽြန္ေတာ္က တကယ္.."

"ကိုင္းအျပစ္ပါ ေဖေဖ"

"ဘယ္လို"

ကိုင္း မတ္တပ္ထရပ္လိုက္ရင္း ေခါင္းေလးငံု႔ကာေျပာလိုက္ေတာ့ အားလံုးရဲ့အၾကၫ့္ေတြ ကိုင္းဆီေရာက္လာၾကသည္။
တကယ္လည္း partyလုပ္ဖို႔ စၿပီးစည္းရံုးခဲ့တာက ကိုင္းပဲမဟုတ္လား…

"ကိုင္းေၾကာင့္ပါ"

ကိုင္းရဲ့ဝန္ခံစကားေၾကာင့္ ေဖေဖက ေဒါသျဖစ္သြားဟန္ျဖင့္ အရင္ထရပ္လိုက္ၿပီး ကိုင္းအနားကိုေရာက္လာသည္။
ျဖန္းခနဲအသံႏွင့္အတူ ပါးတစ္ဖက္လံုးထူပူသြားကာ ဒီေလာက္အထိထင္မထား၍ ကိုင္းဆိုဖာေပၚကို ထိုင္လ်က္ကေလးျပန္က်သြားသည္။
နာက်င္သြားသၫ့္ ပါးေလးတစ္ဖက္ကိုအုပ္ကိုင္ရင္း ေဖေဖ့ကိုေမာ့ၾကၫ့္မိတာ အလန႔္တၾကား…

"ေဖေဖ"

"သူငယ္ခ်င္း အခ်င္းခ်င္း၊ ေမာင္ႏွမအခ်င္းခ်င္း ကူည္ိေစာင့္ေရွာက္မႈမရိွဘဲနဲ႔ ဒီေလာက္ထိ မိုက္မဲတဲ့မိန္းကေလး"

"ေမာင္ ေတာ္ၿပီ ကေလးကိုလက္မပါနဲ႔"

"မ သမီးကိုက အခ်ိဳးမေျပတာ ဟိုေကာင္Sea ထစမ္း
မင္းကေရာ မင္းေယာက်ာ္းမဟုတ္ဘူးလား မိန္းကေလးတစ္ေယာက္အေပၚ အသားယူရတာ မင္းေတာ္ေတာ္ေက်နပ္ေနတာလား"

Seaက ေဖေဖ့ကိုျပန္မေျပာရဲဘဲ ေခါင္းငံု႔ထားေပမယ့္ တအိအိငိုေနေသာ ေနသာ့ဆီအၾကၫ့္ေရာက္သြားကာ ထိုင္ရာမွ ထရပ္ဖို႔ျပင္လိုက္၏။
သို႔ေသာ္ Sea ထလာလ်ွင္ ေဖေဖက ထိုးႀကိတ္ဆုံမေတာ့မွာ ေသခ်ာေပါက္…

"သမီးေၾကာင့္ပါ ေဖေဖရဲ့ သမီးလုပ္တာပါ သမီးေျပာတာနားေထာင္ပါဦး Seaကိုမလုပ္ပါနဲ႔ ေဖေဖရဲ့"

ကိုင္း ငိုယိုေနရင္း ေဖေဖ့လက္ကိုအတင္းဆဲြထားလိုက္ေတာ့ ေဖေဖက ေဒါသႀကီးေနဆဲျဖစ္ေပမယ့္ ၿငိမ္သြားသည္။
ရုတ္တရက္ အေျခအေနေျပာင္းလဲသြား၍ ကိုင္းက ေဖေဖ့ေရ႔ွဒူးေထာက္ထိုင္ခ်လိုက္ၿပီး...

"သူတို႔ခ်င္းၿငိတြယ္ေနတာကို ပြင့္ထြက္လာေအာင္ သမီးလုပ္မိတာပါ သမီးမွာပဲအျပစ္ရိွပါတယ္ Seaေရာ ေနသာေရာ အျပစ္မရိွပါဘူး သမီးကိုပဲရိုက္ပါ သမီးကိုပဲစိတ္ဆိုးပါေနာ္ ဦးၿမဲ"

"မဟုတ္ဘူး ကၽြန္ေတာ့္အျပစ္ပါ ကၽြန္ေတာ္ ေနသာ့ကိုခ်စ္တယ္ ဒါေပမယ့္ ဖြင့္မေျပာရဲခဲ့လို႔ မ က ကူညီေပးတာပါ ကၽြန္ေတာ့္ေၾကာင့္ပါ"

Seaကလည္း ကိုင္းလို ေဖေဖ့ေရ႔ွ ဒူးေထာင္ထိုင္ခ်ကာ ဝန္ခံလာသလို ေဖေဖ့ကိုေတာင္းပန္လိုက္၊ ဦးၿမဲကိုေျပာလိုက္ျဖင့္ ငိုယိုေနေသာကိုင္းကိုၾကၫ့္ရင္း ေမေမက ဝမ္းနည္းသြားေလသည္။
ခ်က္ခ်င္းလိုလို ဟီးခနဲငိုခ်ပစ္ၿပီး ထိုင္ေနရာမွထရပ္ကာ ေဖေဖ့ကိုအတင္းတြန္းထိုးေတာ့၏။

"ငါ့ကေလးေတြ အဲ့ေလာက္ေတာင္းပန္ေနတာကို နင္မေက်ႏိုင္ေသးဘူးလား ေမာင္"

"မ ဝင္မပါနဲ႔"

"မပါလို႔မရဘူး ကေလးေတြဒီေလာက္ေတာင္းပန္ေနတာ ၿမဲျမံ နင္ကေရာ ဘယ္လိုလုပ္ေပးမွ ေက်နပ္မွာလဲ နင္ေက်နပ္မွေမာင္က မရိုက္ေတာ့မွာ..
ဧကန္ ငါ့ကေလးေတြကို မရိုက္ပါနဲ႔ေတာ့ သူတို႔ကိုမဆံုးမမိတဲ့ အေမတစ္ေယာက္ရဲ့အမွားပါ ငါေတာင္းပန္ပါတယ္ ငါ့ကိုပဲရိုက္ပါ"

"မ"

"ငါ့သားကိုေရာ ငါ့သမီးကိုေရာ ေနာက္ထပ္ မထိနဲ႔.. နင္ေဒါသမေျပေသးရင္ ငါ့ကိုပဲရိုက္"

ေမေမက ဟီးခနဲငိုခ်ေတာ့ ေဖေဖ့ရဲ့တင္းမာမႈေတြေလ်ာ့က်သြားကာ အန္တီအိမ္မက္ကလည္း စိတ္မေကာင္းျဖစ္သြားပံုျဖင့္ မ်က္ႏွာေလးလႊဲသြားသည္။
ေနသာ့ငိုသံလည္း တျဖည္းျဖည္းက်ယ္လာေတာ့ ဦးၿမဲက ေနသာ့ကိုတစ္ခ်က္ၾကၫ့္ကာ Seaကိုျပန္ၾကၫ့္လာသည္။

"ကၽြန္ေတာ္ ေနသာ့ကိုလက္ထပ္ပါရေစ ကၽြန္ေတာ္ကမွားလို႔ တာဝန္ယူတယ္ဆိုတာထက္ သူ႔ကိုကၽြန္ေတာ္ခ်စ္လို႔ပါ ဒါေၾကာင့္လည္း ခုေလာက္ထိျဖစ္ခဲ့တာပါ"

"ငါခြင့္မျပဳဘူး ငါ့သမီး ကေလးပဲရိွေသးတာ မင္းက.."

"ေတာ္ပါေတာ့ကိုကိုရယ္ ျဖစ္ခဲ့တာကို ထိုင္ၿပီးအျပစ္တင္ေနလို႔လည္း ဘာမွေျပာင္းလဲမသြားတာ"

"ဘာ!!"

"ဟုတ္တယ္ေလ ေရ႔ွဆက္ရမယ့္ကိစၥကိုပဲစဥ္းစားသင့္တာ ကေလးေတြကိုရိုက္လိုက္၊ ဆူလိုက္ရံုနဲ႔ၿပီးသြားမွာမွမဟုတ္တာ"

"အိမ္မက္ အဲ့ဒါမင္းရဲ့သမီးေနာ္"

"အိမ္မက္ရဲ့သမီးမို႔ေျပာေနတာေပါ့ ကိုကိုေဒါသႀကီးေနကတည္းက ေနသာကငိုေနတဲ့ဥစၥာ ေနသာ့ကိုလည္းျပန္ၾကၫ့္ပါဦး ကိုကိုရယ္"

ထိုအခါမွ အားလံုးရဲ့အၾကၫ့္ေတြက ေနသာ့ဆီေရာက္သြားေတာ့ ေနသာက မ်က္လံုးေလးေတြကိုဖိပြတ္ရင္း တအိအိငိုေနဆဲ။
ဦးၿမဲက စိတ္ေလ်ွာ့ခ်လိုက္ဟန္ျဖင့္ ေနသာ့ေဘးမွာ ဝင္ထိုင္ၿပီး ေနသာ့လက္ကေလးကိုဆုပ္ကိုင္ကာ ေဖေဖ့ကို တၫ့္တၫ့္ၾကၫ့္သည္။

"မင္းကေရာ ဧကန္"

"ကၽြန္ေတာ္က ဘာေျပာႏိုင္ဦးမွာလဲ အစ္ကိုရာ အစ္ကိုတို႔ႏွစ္ေယာက္နဲ႔ ေနသာ့ရဲ့ဆံုးျဖတ္ခ်က္အတိုင္း ဒီအမႊာႏွစ္ေကာင္ကို ဆံုးမသင့္ရင္ဆံုးမမယ္ လုပ္သင့္တာလုပ္မယ္
အစ္ကိုဘာမွမလုပ္ခ်င္ရင္လည္း ကၽြန္ေတာ့္ဘာသာလုပ္မယ္"

ေဖေဖ့စကားကို ကိုင္းတကယ္ပဲေၾကာက္သြားမိသည္။
ထိုအခါ Seaက ကိုင္းလက္တစ္ဖက္ကိုဆဲြယူကာ အားေပးသလိုဆုပ္ကိုင္လိုက္၍ ကိုင္းသည္လည္း Seaရဲ့လက္ကို ျပန္ဆုပ္ကိုင္ထားလိုက္သည္။
လုပ္လည္းအတူတူ၊ ခံလည္းအတူတူေပါ့...

"မင္းရဲ့သားနဲ႔ လက္ထပ္ဖို႔သေဘာတူတယ္"

ဦးၿမဲစကားေၾကာင့္ အားလံုးဝမ္းသာသြားၾကသလို အပူအပင္ေတြၾကားမွ Seaႃပံုးလိုက္သည္ကိုလည္း ကိုင္းလွမ္းျမင္လိုက္ရသည္။

"ဒါေပမယ့္ ငါ့သမီးက ဒက္ဒီလာေခၚပါဆိုတဲ့စကားထြက္လာရင္ေတာ့ ဘာမွမေမးဘဲ၊ မတားဆီးဘဲ ငါ့လက္ထဲျပန္ထၫ့္ေပးလိုက္"

"ဟုတ္ကဲ့ ရပါတယ္ အစ္ကို ေနသာကလည္း ကၽြန္ေတာ့္သမီးလိုပါပဲ အခုေတာ့ တကယ္သမီးေပါ့"

အေလ်ွာ့ေပးလိုက္ေပမယ့္ ေဖေဖမေက်နပ္ေသးမွန္းသိေနသလို ၿငိမ္ေနသၫ့္ေမေမကလည္း ကိုင္းတို႔ကို မေက်မနပ္ျဖစ္ေနေသးေသာ္ျငား ေဖေဖကထပ္မရိုက္ေအာင္ၾကၫ့္ေနသည္။
အန္တီအိမ္မက္ကေတာ့ ဘာမွမေျပာေတာ့ဘဲ ေနသာ့ဆံပင္ေတြကိုသာ ဖြဖြေလးပြတ္သပ္သည္။

"ေန သမီးလည္း သေဘာတူတယ္မလား"

"ဟုတ္ကဲ့"

ေနသာက ေခါင္းေလးငံု႔ထားဆဲျဖစ္ေပမယ့္ ျပႆနာဟာ ၿငိမ္းခ်မ္းသြားခဲ့ၿပီမို႔ ေမာင္ႏွမႏွစ္ေယာက္ သက္ျပင္းကိုယ္စီခ်လိုက္မိသည္အထိ။
ပါးတစ္ဖက္ေတာ့နာခဲ့ေပမယ့္ အံု႔ပုန္းႏွစ္ေကာင္ဟာ တဲြျဖစ္တာထက္ပိုကာ တကယ္လက္ထပ္ရေတာ့မည္မို႔ ကိုင္းေက်နပ္မိပါသည္။
ဦးသိရင္ေတာ့ ကိုင္းကို ဘာေျပာဦးမလဲမသိ။

💞💞💞💞💞💞

"နာေနေသးလား အခု"

သူမက ေခါင္းေလးခါျပရင္း ေခ်ာကလက္ေရခဲမုန႔္ကို တစ္ဇြန္းၿပီးတစ္ဇြန္းစားေနေပမယ့္ သူကေတာ့ ထိုပါးေလးကို ထိဖို႔တို႔ဖို႔ေတာင္ မဝံ့မရဲ။
သူမေလး ထင္ရာစိုင္းတတ္တာကို သိထားေပမယ့္ ဒီေလာက္ထိဆိုးလိမ့္မယ္လို႔ မေတြးခဲ့မိ။

"မနာေတာ့ပါဘူး ဦးရဲ့ ေဖေဖက ကိုင္းကိုစိတ္ဆိုးလို႔ရိုက္တာပါ အားလံုးေျပလည္သြားၿပီဆိုမွ လာေခ်ာ့တာ သိလား"

"အဲ့ဒါေတာ့ ကိုယ္လည္းသိတာေပါ့ ဒါေပမယ့္ ေနာက္တစ္ခါ အဲ့လိုမဆိုးနဲ႔ေတာ့ေနာ္"

"ဦးေနာ္ သူမ်ားကိုလူဆိုးမႀကီးက်ေနတာပဲ ကိုင္းလည္း အၿမဲတမ္းမဆိုးပါဘူး အခုက Seaေၾကာင့္မို႔"

"ေယာက်ာ္းေလးတစ္ေယာက္က သူခ်စ္တဲ့မိန္းကေလးကို ဖြင့္မေျပာရဲဘူးဆိုတာ ျဖစ္ေလ့ျဖစ္ထရိွတဲ့သဘာဝပဲေလ ကိုယ့္ေမာင္ျဖစ္ေနတိုင္း ေနရာတကာဝင္ပါေနလို႔ မျဖစ္ဘူးေလ"

ထိုသို႔ေျပာလိုက္သၫ့္စကားအဆံုးမွာ အလိုမက်ျဖစ္သြားေသာမ်က္ႏွာေလးက ခ်က္ခ်င္းစူပုတ္သြားကာ ေရခဲမုန႔္ဇြန္းကို ပစ္ခ်သည္။
သူမက အမႊာလည္းျဖစ္၊ တစ္ဦးတည္းေသာေမာင္ေလးလည္းျဖစ္သၫ့္ Seaကို အေတာ္ေလးခင္တြယ္ပံုရၿပီး သူ႔စကားကိုလည္း သေဘာက်ဟန္မရိွ။

"အဲ့လိုေျပာတာ ကိုင္းမႀကိဳက္ဘူး ဦး"

"မႀကိဳက္ရင္လည္း ေျပာရမွာပဲ ခ်ာတိတ္ ဘာလို႔လဲဆိုေတာ့.."

"မၾကားခ်င္ဘူး"

ကိုင္းက တကယ္စိတ္ဆိုးသြားဟန္ျဖင့္ နားႏွစ္ဖက္လံုးကိုပိတ္ပစ္လိုက္ၿပီး အသံက်ယ္က်ယ္ျဖင့္ ေအာ္လာသည္။
ဒီလိုကေလးဆန္သၫ့္အျပဳအမူကို လက္မခံခ်င္သလို သူမအတြက္ေျပာသၫ့္ စကားတို႔ကိုလည္း နားေထာင္ေစခ်င္သည္။
ဒီ့ထက္ပိုေတာ္သၫ့္၊ ပိုၿပီးယဥ္ေက်းသိမ္ေမြ့သၫ့္၊ လူတိုင္းအားက်ရေလာက္သၫ့္ မိန္းကေလးမ်ိဳးျဖစ္လာေစခ်င္ကာ တစ္ဘဝလံုးလက္တဲြဖို႔ ရည္ရြယ္ထား၍ ေနရာတကာ ကေလးမဆန္ေစခ်င္။

သူမကိုၾကၫ့္ေတာ့ ကိုယ္ ဘာေျပာေျပာ လက္မခံခ်င္သၫ့္လကၡဏာအျပၫ့္ျဖင့္ စူပုတ္မႈန္ကုပ္ကာ ၿဂိဳဟ္ၾကၫ့္ ၾကၫ့္ေနေလသည္။
ကိုယ္ကပဲရင့္က်က္လြန္းေနသလား၊ ကိုင္းကပဲ ကေလးဆန္လြန္းေနသလားေတာ့ ေသခ်ာမကဲြျပားေတာ့၍ က်စ္ခနဲစုပ္သပ္လိုက္သၫ့္အခါ ကိုင္းကမ်က္ရည္ေတြဝဲလာၿပီး သူ႔ရင္ဘတ္ကို တဘုန္းဘုန္းထုေတာ့၏။

"ဦး စိတ္ပ်က္ေနၿပီလား ဘာလို႔အဲ့လို စိတ္ပ်က္သလိုလုပ္ေနတာလဲ"

"ကိုယ္ မင္းအတြက္ေျပာေနတာ ကိုင္း ေစတနာနဲ႔.."

"ဦးရဲ့ေစတနာက ဘာလို႔Seaနဲ႔ခဲြျခားေနတာလဲ ကိုင္းလည္း သူ မရိွလို႔မရသလို သူလည္းကိုင္းမရိွလို႔မရဘူးေလ ဦးသိရဲ့သားနဲ႔"

Seaသည္ သူမရဲ့အမႊာေမာင္ေလးဆိုေပမယ့္ ထိုစကားကိုေတာ့ သေဘာမက်စြာမ်က္ေမွာင္ကုပ္ပစ္လိုက္သည္။
ကိုင္းရဲ့မရိွမျဖစ္ဟာ သူ မဟုတ္ပါဘဲ ဘာေၾကာင့္Seaျဖစ္ေနရသလဲ၊
ထိုေကာင္ေလးေလာက္ေတာင္ သူ႔အေပၚမခ်စ္လို႔လား ဆိုသၫ့္ ေပါက္ကရအေတြးေတြဝင္လာမိသည္အထိ…

"အဲ့ဒါမဟုတ္တာ ကိုင္းရယ္ အမႊာဆိုတာကိုယ္သိတယ္ေလ မင္းSeaကိုအရမ္းခ်စ္မွန္းလည္း ကိုယ္သိတယ္ ဒါေပမယ့္ မရိွမျဖစ္ဆိုတာက.."

"ဦးဘာသိလို႔လဲ ကိုင္းဖ်ားရင္ သူလည္းလိုက္ဖ်ားတာ ဦးက အဲ့လိုလိုက္ဖ်ားလို႔လား Seaက အဲ့လိုမ်ိဳးဆက္စပ္ေနတဲ့ဟာ.. ခဲြလို႔မွမရတာ ဒါကို ဦးက"

အီးခနဲငိုခ်လိုက္သၫ့္သူမေၾကာင့္ ေစာေစာက မေက်မလည္ျဖစ္ေနသၫ့္စိတ္ေတြ၊ ေဒါသေတြ ဘယ္ေရာက္သြားမွန္းမသိဘဲ စိတ္မေကာင္းျဖစ္သြားမိသည္။
တအီးအီးငိုေနေသာ သူမကတီရွပ္ကို ေဘာင္းဘီတိုေလးဝတ္ထားၿပီး ေျခဆင္းငိုေန၍ ကေလးနဲ႔ပိုတူေန၏။

"ကိုင္း"

"မေခၚနဲ႔.. သြား"

သူ႔လက္ေတြကိုပုတ္ထုတ္ပစ္ကာ သူမက မ်က္ရည္ေတြသုတ္လိုက္၊ ႏွာရည္ေတြၫွစ္လိုက္ျဖင့္ တစ္ရႉးေတြကိုလည္း ေတြ့ကရာလႊင့္ပစ္တတ္ေသးသည္။
အလိုလိုက္မွန္းသိေတာ့ သူ႔အေပၚမွာ ဆိုးခ်င္တိုင္းဆိုးလာကာ သူ႔ရံုးခန္းကိုလည္း ဖြခ်င္တိုင္းဖြတတ္သၫ့္ ကေလးဆိုးေလး...

"ကိုယ္ အဲ့လိုေျပာတာမဟုတ္ဘူးေလ ကိုယ့္အသည္းေလးကလည္း"

"သူမ်ားေမာင္ႏွမကို ေသြးခဲြတဲ့လူႀကီး"

"မဟုတ္ပါဘူး"

"အသက္ႀကီးလို႔ ကိုင္းကိုနားလည္ေပးမယ္မွတ္ေနတာ Seaကိုေတာင္ လိုက္သဝန္တိုေနတာ"

"ခေလးကလည္းကြာ.. ကိုယ္ေျပာျပမယ္ ခဏပဲနားေထာင္"

"ဘာလဲ"

"ကိုင္းအခုလိုလုပ္လိုက္တာ အားလံုးအဆင္ေျပသြားတယ္ဆိုေပမယ့္ ေနသာ့အတြက္ စိတ္ဒဏ္ရာျဖစ္ခ်င္ ျဖစ္သြားႏိုင္တယ္ ၿပီးေတာ့ ဦးၿမဲျမံသာ အေလ်ွာ့မေပးခဲ့ရင္ မုဒိမ္းမႈေတာင္ျဖစ္သြားႏိုင္တယ္
လူဆိုတာ အၿမဲတမ္းကံမေကာင္းႏိုင္ဘူးေလ ကိုင္းရဲ့.. Seaနဲ႔ေသြးခဲြတာမဟုတ္ဘူး ကိုယ္ေျပာတာ သေဘာေပါက္လား"

"မေပါက္ေသးဘူး"

"အခု ကိုယ့္လိုေပါ့ မင္းကိုကိုယ္သိပ္ခ်စ္တယ္ မင္းရဲ့ျပႆနာေတြတိုင္းမွာ ကိုယ္ဝင္ပါခ်င္ရင္ေရာ မင္းလက္ခံမလား"

"ဟင့္အင္း"

"အဲ့လိုပဲေပါ့ ကိုင္းကလည္း.. ကိုယ့္ေမာင္ေလးျဖစ္ေနရင္ေတာင္ သူ႔ဆႏၵ၊သူ႔ဆံုးျဖတ္ခ်က္ကို ေလးစားေပးဖို႔၊ လက္ခံေပးဖို႔လိုတယ္ ကိုယ္ေျပာခ်င္တာကအဲ့ဒါ"

"အဲ့လိုလား"

ထိုအခါမွ သူမအငိုတိတ္သြားၿပီး မ်က္လံုးေလးေတြကိုဖိပြတ္ကာ သူ႔ကိုေမာ့ၾကၫ့္လာေတာ့ နီရဲေနသၫ့္မ်က္ႏွာေလးက ေျပာင္ေျပာင္တင္းတင္းေလး။
မိတ္ကပ္ေတြလည္းမရိွေတာ့ဘဲ လက္ခံုႏွင့္ ပြတ္သုတ္ထားသျဖင့္ ႏႈတ္ခမ္းနီေတြကလည္း ပါးေပၚအထိေရာက္လို႔…

သူ တစ္ခ်က္ႃပံုးကာ တစ္ရႉးတစ္ရြက္ထုတ္ယူလိုက္ၿပီး ႏႈတ္ခမ္းနီေတြကို ယုယုယယသုတ္ေပးလိုက္ရင္း ဆံပင္ေလးေတြကိုဆဲြဖြလိုက္သည္။
သူမထက္ခ်စ္စရာေကာင္းသူေတြေတာင္ သူမေလာက္ခ်စ္စရာေကာင္းပါ့မလားမသိ…

"ခ်စ္စရာေကာင္းတယ္"

"ကိုင္းကေတာ့ ဦးကိုမခ်စ္ေတာ့ဘူး"

"မရပါဘူး မင္းမခ်စ္လည္း ကိုယ္နဲ႔ပဲေနသြားရေတာ့မွာ.. ကိုယ္မင္းကိုခ်ည္ထားတယ္"

ဟမ္းခ်ိန္းေလးဝတ္ထားသၫ့္ လက္ကေလးကိုဆဲြယူရင္း လက္ဖမိုးေလးကိုနမ္းလိုက္သၫ့္အခါ သူမကရယ္သံခ်ိဳခ်ိဳေလးႏွင့္ သူ႔ရင္ခြင္ထဲေခါင္းေလးတိုးဝင္လာ၏။
အခ်ိန္ခဏေလးမွာ ရယ္လိုက္ငိုလိုက္ျဖင့္ သူမသည္ ဒီလိုခၽဲြနည္းေလးေတျြဖင့္ သူ႔ႏွလံုးသားကိုခၽြေယူတတ္ကာ ဒီကေလးေလးကိုေခ်ာ့ရျခင္းမွာ ေပ်ာ္ဝင္လာမိသည္။
သူမႏႈတ္ခမ္းေလးေတြမွာ ရုန္းမရႏိုင္ေအာင္ၿငိတြယ္ေနၿပီး ကိုယ္လံုးေသးေသးေလးကိုလည္း တယုတယဖက္ထားမိသည္အထိ..

"ဦး"

"အင္း.."

"ဦးက ကိုင္းရဲ့အပိုင္ပဲေနာ္ တျခားဘယ္မိန္းမကိုမွ မ်က္စိေစြမၾကၫ့္ရဘူး ၾကားလား"

"ၾကၫ့္မိရင္ေရာ"

သူမမ်က္ႏွာေလးငယ္က်သြားၿပီး ႏႈတ္ခမ္းေလးကိုဖြဖြကိုက္ကာ ရံုးခန္းတံခါးဘက္ဆီ မ်က္ႏွာေလးလွၫ့္သြားသည္။
စိတ္ထဲမွာရယ္ခ်င္သြားၿပီး သူမမ်က္ႏွာေလးကို ျပန္လွၫ့္လာေအာင္ ဆဲြယူၿပီး ပါးေဖာင္းေဖာင္းေလးအပါအဝင္ ေနရာအႏွံ႔နမ္းပစ္လိုက္သည္။
သို႔ေပမယ့္ သူမက ျပန္ရုန္းထြက္သြားၿပီး...

"ၾကၫ့္ရင္ ကိုင္း ငိုမွာေနာ္"

"ကိုယ္စတာပါ ခ်ာတိတ္ရာ မင္းကိုေတာင္ခ်စ္လို႔မဝေသးတာ ၾကည့္လို႔မဝေသးတာ ဘယ္သူ႔ကိုသြားၾကၫ့္ရမွာလဲ ေနာ္.."

"အဲ့ဒါဆိုၾကၫ့္ မ်က္ႏွာလႊဲရင္စိတ္ေကာက္မယ္"

ဂ်စ္ကန္ကန္မ်က္ႏွာေပးျဖင့္ သူမမ်က္ႏွာေလးေရ႔ွတိုးလာေတာ့ သူကႃပံုးရံုသာႃပံုးကာ ထိုမ်က္ႏွာေလးကို တစိမ့္စိမ့္ၾကၫ့္မိသည္။
အၿမဲလိုလို ေမႊးပ်ံ႔ေဖာင္းအိေနတတ္သၫ့္ပါးႏုႏုေလး၊ သူအၿမဲနမ္းေနက် နဖူးျပင္ေလး၊ ဘယ္အခ်ိန္နမ္းနမ္း ခ်ိဳျမလြန္းသည့္ႏႈတ္ခမ္းကေလး...

ျမတ္ႏိုးရလြန္း၍ စိတ္ကူးထဲမွာေရာ၊ လက္ေတြ့မွာပါ အပိုင္သိမ္းခ်င္စရာ သက္ရိွအရုပ္မေလးမို႔ သူမကို ဘယ္လိုမွမခဲြႏိုင္တာက ေသခ်ာသေလာက္။
တစ္ခုခ်င္းစီကို အေသးစိပ္ၾကၫ့္ေနမိရင္း တစ္ေယာက္တည္းရင္ခုန္ေနခ်ိန္ သူမက မေနတတ္ေတာ့သလို မ်က္ႏွာေလးလႊဲသြားၿပီး ရွက္ကိုးရွက္ကန္းရယ္သည္။

"ဘာလဲကြာ ကိုယ္ၾကၫ့္ေနတာ မၿပီးေသးဘူးေလ"

"ရွက္တယ္ ဟီး!"

"မင္းပဲစိန္ေခၚတာေလ ခ်ာတိတ္ေလးရဲ့"

သူမကိုယ္ေလးကို ေပါင္ေပၚဆဲြေပြ့တင္လိုက္ၿပီး ခါးေလးကိုဖက္ကာ ဖူးအိနီျမန္းေနေသာႏႈတ္ခမ္းေလးဆီ အနမ္းေတြ က်ူးေက်ာ္မိျပန္သည္။
ကိုင္းက သူ႔လည္ပင္းကိုဖက္ကာ မ်က္လံုးကေလးမိွတ္ေပးထား၍ ထိုမ်က္ႏွာေလးဟာ ရင္ခုန္ေမ့မူးဖြယ္အတိ။

"ဦး ေတာ္ၿပီ အသက္ရႈၾကပ္တယ္"

ေမာေနသံေလးျဖင့္ဆိုကာ မ်က္ႏွာေလးျပန္လႊဲသြားေတာ့ သူကပဲအေလ်ွာ့ေပးလိုက္ရၿပီး ဖက္ထားသၫ့္လက္ေတြကို ေျဖေလ်ွာ့ေပးလိုက္သည္။
နမ္းခ်င္ေနေသး၍ လည္တိုင္ေလးကိုထပ္နမ္းေတာ့ တခစ္ခစ္ရယ္သံေလးျဖင့္ သူ႔ဆံပင္ေတြကိုဆဲြလာၿပီး…

"အေမာေျပရင္ထပ္နမ္းမယ္ေလ ဦးကလည္း"

ဟု ေခ်ာ့သလိုေလးေျပာလာေတာ့ ထိုမ်က္ႏွာေလးကို အေသအလဲရူးသြပ္သြားမိေတာ့သည္။
ထို႔ေနာက္ သူ႔ႏႈတ္ခမ္းေပၚထိကပ္လာေသာ သူ႔ရဲ့သၾကားလံုးေလးေၾကာင့္ အနမ္းေတြ တစ္ဖန္ျပန္အစပ်ိဳးလာခဲ့ၿပီး
မခ်စ္ဖူးေတာ့လည္း သူ႔မွာအရူးတစ္ေယာက္လို သူမေလးကို စဲြမက္ျမတ္ႏိူးစြာ...

💞💞💞💞💞

Part 16 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Continue Reading

You'll Also Like

3.6M 153K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
39.8K 5.5K 55
Author(s) - Tang Wei Shuai 糖尾帅 Mm translator - Dora_lucy Total chapter - 176 Chapters + 1 Extra Start date - 18.10.2023 I do...
3.7K 216 6
Amaranthine (n) : eternally beautiful and unfading, everlasting , undying, IMMORTAL ✯¸.•'*¨'*•✿ ✿•*'¨*'•.¸✯ What if jinyowon had...
59.3K 1.7K 23
ခွန်မြတ်မင်းမာန် '' ဒါဆို ဘုရင်လို့ခေါ်လေ '' ဟေသရီလွန်း '' ဘာရှင့် ''