Zgy
Mine 31
ပံုမွန္ထက္ပိုလြန္စြာ ခ်မ္းေအးေနတာက ပင္လယ္ေလေၾကာင့္ ျဖစ္မည္။ ဒါဆို ဘတ္ဟြန္းေနြးေထြးေနတာက နားသယ္စပ္ကက်ီစယ္ေနတဲ့ ေလေငြ့ေနြးေနြးေၾကာင့္ျဖစ္လိမ့္မည္ထင္သည္။ ထိကပ္ေနတဲ့ ဝဲဘက္ရင္အံုက အရင္ကေရာ အခုေရာ သူ႔အတြက္ပဲ တည္ရိွခဲ့တာကိုသိသည္။ ဒါေပမယ့္ ခြင့္မလႊတ္ႏိုင္တာဟာ မလုပ္ဖို႔ ေတာင္းဆိုထားတာကိုမွ တိတိပပႀကီးလုပ္သြားလို႔။
မထားခဲ့ဖို႔လဲ သူမတားခဲ့ဘူး။ မသြားပါနဲ႔လို႔လဲ သူဆြဲမထားခဲ့ပါပဲ။
ဘတ္ဟြၽန္းေတာင္းဆိုခဲ့တာ တစ္ခုတည္းပါ။
ထြက္သြားမယ္ဆိုရင္ေတာင္ အသိပဲ ေပးသြားပါ ဆိုတဲ့ ေတာင္းဆိုခ်က္ဟာ ဘတ္ဟြၽန္းခ်စ္ရသူေတြမွာပဲ ပိုၿပီးခက္ခဲခဲ့ေလသလား။
လက္ကေလးေတာင္ မျပပဲ။ အရိပ္အႁမြက္ေလးေတာင္ မခ်န္ခဲ့ပဲ ေပ်ာက္ကြယ္သြားၾကတာေတြဟာ ႏွလံုးသားထဲ ဒဏ္ခ်က္ေတြအျဖစ္တိုက္စားတယ္။ ဒါကို ခ်န္းေယာလ္ သူအသိဆံုး မဟုတ္လား။
ဘဝရဲ့ သံုးပံုႏွစ္ပံုဟာ သူ႔အနားမွာ ကပ္တြယ္ေနခဲ့တာ ။ ဘဝထဲက ႏႈတ္မဆက္ပဲ ထြက္သြားသူေတြေၾကာင့္ ဘတ္ဟြၽန္းဘဝႀကီး ေျဗာင္းဆန္ဖူးတာ။
မလြမ္းမိေပမယ့္ ေတြးတိုင္းသတိရတတ္ခဲ့တဲ့ အေမဆိုတဲ့ အမ်ိဳးသမီးရယ္။ ေရႏြေအိုးေလး ပြက္ခ်ိန္ထိေတာင္ မေစာင့္ပဲ ဘတ္ဟြၽန္းရင္ကို မြန္းၾကပ္သြားတဲ့အထိ အထီးက်န္ဆန္စြာ ထားရစ္ခဲ့တဲ့အေဖရယ္။ ဒါေတာင္အားမရေသးလို႔ ခ်န္းေယာလ္အထိ။
နာက်င္လာတာဟာ ရင္ဘတ္တစ္ျပင္လံုးမို႔ ဘတ္ဟြၽန္းရင္ေငြ့ေနြးေနြးကေန ခြါလိုက္ဖို႔ စိတ္ကူးလိုက္တယ္။
အျပင္ကိုထြက္လာတဲ့ ဘတ္ဟြၽန္းကိုယ္ေပၚမွာ ဆယ္တာပါးေလးတစ္ထည္သာပါတယ္။ ဦးေလးႀကီးက မနက္စာျပင္ေနတာမို႔ ဘတ္ဟြၽန္းလဲ ဝိုင္းကူျပင္ဆင္ေပးျဖစ္တယ္။ၿပီးေတာ့ ၿခံအျပင္ဘက္ေလၫွင္းခံ ထြက္လာမိတယ္။
ေဆာင္းေလဟာ သိသိသာသာကို အခ်မ္းပိုေစတာမို႔ လက္ႏွစ္ဖက္ကိုပိုက္လို႔ ဘတ္ဟြၽန္းက ေလကိုတစ္ဝႀကီးရႉရိႈက္ပစ္လိုက္တယ္။ လီလီပန္းေတြရဲ့ ရနံ႔သင္းသင္းေလးဟာ ပင္လယ္ရဲ့ အနံ႔နဲ႔အတူေရာေနွာဝင္ေရာက္လာတယ္။ ဒီလိုအရသာမ်ိဳး တကယ္ကိုလြမ္းေနခဲ့ရတာ။ ဘဝသက္တမ္းတစ္ေလ်ွာက္လံုး ပင္လယ္မွာပဲ က်င္လည္ခဲ့တာေပမယ့္ ဘတ္ဟြၽန္းက ဘယ္ေသာအခါမွ ပင္လယ္ကို မၿငီးေငြ့ဖူးဘူး။
ၿခံစပ္က ေရဖ်န္းပံုးေလးကိုင္ၿပီး စိတ္လိုလက္ရ ပန္းပင္ေလးေတြ ေရေလာင္းေနမိတယ္။ အရင္က ဒီေနရာမွာ စူပုပ္ပုပ္ၿမိဳ႔ႀကီးသားေလးတစ္ေယာက္ ေရေတြရႊဲသြားဖူးတယ္။
တကယ္ဆို အတိတ္ဟာ ၾကည္ႏူးစရာေကာင္းပါတယ္။ တစ္ခ်ိဳ႕ေသာနာက်င္စရာအျဖစ္အပ်က္ေတြကို ေမ့ထားမယ္ဆိုရင္ေပါ့။
အေတြးစေတြထဲ နစ္ဝင္ေနတဲ့ ဘတ္ဟြၽန္းကို ေနြးေထြးသြားေစတဲ့ ဂြမ္းသဘက္ေလးနဲ႔ ေက်ာဘက္ကေန လႊမ္းၿခံဳေပးလာတဲ့သူဟာ ခ်န္းေယာလ္ဆိုတာ လွၫ့္ၾကၫ့္စရာမလိုပဲ သိပါတယ္။ ဒိကိုယ္သင္းနံ႔ဟာ အလြတ္က်က္စရာမလိုပဲ ရင္းႏွီးခဲ့တာမဟုတ္လား။
"မေအးဘူးလား.."
ၾသရွရွအသံဟာ အၿမဲတေစလို ၾကည္လင္ေအးျမေနဆဲပင္။ အခါမ်ားစြာေတြကလို ေနြးေထြးေနဆဲပင္။
"အင္း ေအးတယ္.."
ဘတ္ဟြၽန္းတကယ္လဲ ေအးေနတာမို႔ ဝန္ခံလိုက္ေတာ့ ရယ္သံရွရွေလးက နားစည္ထဲတိုးသဲ့သဲ့ဝင္လာတယ္။
ဒီပတ္ခ်န္းေယာလ္ဟာ လူကိုျမဴဆြယ္ေနပါတယ္။
"ေကာင္ေလးေတြ ဝင္ခဲ့ၾကေတာ့ အျပင္မွာေအးတယ္.."
ၪီးေလးႀကီးရဲ့ အိမ္ထဲကေအာ္သံေၾကာင့္ ႏွစ္ေယာက္သား အိမ္ထဲကိုျပန္ဝင္လာၾကေတာ့တယ္။ သို႔ေသာ္ ခ်န္းေယာလ္က ဘတ္ဟြၽန္းကို ေျဖလႊတ္ေပးဖို႔ နည္းနည္းမွ စိတ္ကူးရိွဟန္မတူေပ။
ထို႔ေၾကာင့္...
"ခ်န္းေယာလ္ လႊတ္..."
"ဟင့္အင္း..."
အနည္းငယ္တုန္ရီေနသလို အသံေၾကာင့္ ဘတ္ဟြၽန္းအနည္းငယ္လန္႔သြားရသည္။ ဘာလို႔မ်ားပါလဲ။
တကယ္ကို ဘာျဖစ္လို႔ပါလဲ။
"ခ်န္း..."
"ဟင့္အင္း..."
"ခ်န္းလႊတ္ၪီး... မင္းဘာျဖစ္လို႔..."
အတင္းလွည့္လိုက္တဲ့ ဘတ္ဟြၽန္းကို ခ်န္းေယာလ္က သူ႔မ်က္ရည္ေတြ မျမင္ရေအာင္ သူရဲ့ရွည္လ်ားတဲ့အရပ္ႀကီးကို ငံု႔မိုးခ်လို႔ ဘတ္ဟြၽန္းလည္ပင္းစပ္ဆီ ပုန္းကြယ္လိုက္တယ္။ ဒါေပမယ့္ မ်က္ဝန္းစပ္က မ်က္ရည္စေတြကို ဘတ္ဟြၽန္းက ျမင္ျဖစ္ေအာင္ ျမင္လိုက္ေသးတယ္။
"ခ်န္းး.."
အခါမ်ားစြာကလို ႏူးႏူးညံ့ညံ့ေလး သူသေဘာက်ရတဲ့ နာမ္စားကိုေခၚလိုက္ေတာ့ လည္ပင္းသာေတြဆီ တိုးကပ္ရိႈက္လိုက္တယ္။ ၿပီးေတာ့..
"ထပ္ၿပီးထားသြားၿပီ ထင္ေနတာ..."
ဘယ္ဘက္ရင္အံုဟာ ဆစ္ခနဲ။ တကယ္ဆို ငါအမ်ားႀကီး မင္းကိုမုန္းၪီးမလို႔ေလ။ ဒီေလါက္ေလးနဲ႔ မင္းကၿပိဳလဲေနရင္ ေရ႔ွေလ်ွာက္ငါဘယ္လို ရက္စက္ရပါ့မလဲ။
အရင္အခါေတြကေရာ ငါ့အနားကိုအၿမဲ အမွတ္မရိွသလို ေရာက္လာၿပီး ဒီလိုပဲ နာက်င္ေနတာလား။ ဒီလိုပဲ ေၾကာက္ရြံ႔တုန္လႈပ္ေနခဲ့မလား။ အေတြးစတစ္ခုကေတာင္ ေဆာင္းတြင္းမနက္ခင္းမွာ ဘတ္ဟြၽန္းရင္ကို မီးလိုပူျပင္းေစပါတယ္။
ခ်န္းေယာလ္ဟာ ဘတ္ဟြၽန္းအတြက္ အရာရာျဖစ္ပါတယ္။
********
ညေနခင္းမွာ ဘတ္ဟြၽန္းတို႔အရင္ေနခဲ့တဲ့ အိမ္ေလးဆီ ဘတ္ဟြၽန္းက ေလ်ွာက္လာခဲ့တယ္။ လမ္းထိပ္က ကစားကြင္းေလးမွာ
ကေလးေလးေတြ ဟိုတစ္စုဒီတစ္စု ေျပးလႊားကစားေနၾကတယ္။အပူပင္ကင္းမဲ့မႈဟာ ဆပ္ျပာပူေပါင္းေလးေတြလို ေပါ့ေပါ့ပါးပါး ၾကည္ၾကည္စင္စင္။
ထပ္ၾကပ္မကြာ ပါလာတဲ့ ေျခသံရဲ့ပိုင္ရွင္ဟာ ခ်န္းေယာလ္ျဖစ္တယ္။ ဖုန္းေတြဝင္ေနတာ မနက္တည္းကမို႔ အေရးႀကီးကိစၥေတြ ဘယ္ေလာက္အမ်ားႀကီးပစ္ထားခဲ့တာလဲလို႔ ေတြးမိေတာ့ မဆိုင္ပဲအားနာရျပန္တယ္။ မဆိုင္ပါဘူးလို႔ ေခါင္းကို နာနာရမ္းပစ္ရင္း ေျခလွမ္းေတြကို အရိွန္တင္ပစ္လိုက္တယ္။
ခ်က္ခ်င္းပဲ အနားကိုေရာက္လာတဲ့ ခ်န္းေယာလ္က လက္ဖဝါးေလးကို မသိခ်င္ဟန္ေဆာင္လို႔ ဆြဲကိုင္လာတယ္။
ဆက္တိုက္ကိုဝင္ေနတဲ့ ဖုန္းသံ တုန္ခါေနတာမို႔ ဘတ္ဟြၽန္း မေနသာေတာ့..
"ဖုန္းမကိုင္ဘူးလား..."
"အေရးမႀကီးဘူး ဟြၽန္းနီးရတယ္..."
"မနက္ထဲက ဆက္တိုက္လာေနတာ မဟုတ္လား အေရးႀကီးလို႔ျဖစ္ေနရင္ေရာ။"
"ဖုန္းသံေၾကာင့္ စိတ္အေနွာက္ယွက္ျဖစ္ရင္ ဖုန္းပိတ္ထားလိုက္..."
"ခ်န္း.."
"တကယ္ အေရးမႀကီးလို႔ပါ .."
အဲ့လိုနဲ႔ ပတ္ခ်န္းေယာလ္ဆိုတဲ့ ၿမိဳ႔ႀကီးသားေလးက တကယ္ကို ဖုန္းကဒ္ကိုထုတ္ပစ္လိုက္ေတာ့တယ္။
အိမ္ကေလးဆီေရာက္ေတာ့ ဖုန္အလိမ္းလိမ္းတက္ေနေလာက္မယ္လို႔ ထင္ထားခဲ့တာနဲ႔ တက္တက္စင္ေအာင္ကို လြဲေတာ့တယ္။
ဖုန္ေတြ ကင္းအိမ္ေတြ ရိွမေနတာကလြဲရင္ ဘတ္ဟြၽန္းထားခဲ့တုန္းကအတိုင္း ဘယ္ဟာမွ လက္ရာမပ်က္ဟေျခရာမပ်က္။
"မင္းျပန္လာရင္ ဆိုၿပီး ရွင္းထားတာ ေနာက္ဆံုးေတာ့ မင္းနဲ႔အတူ လာျဖစ္ခဲ့ၿပီ.."
"အၿမဲတမ္းလာျဖစ္တာလား..."
"တစ္လတစ္ခါေလာက္
မင္းကို အရမ္းကို ျပင္းျပင္ျပျပလြမ္းမိတဲ့ အခါမ်ိဳးေတြေလာက္ေပါ့..."
"ငါ့ကို ေျပာစရာရိွလား..."
"ခ်စ္တယ္.."
ဘတ္ဟြၽန္းမ်က္ႏွာၾကည္လင္လင္ေလးမွာ အၿပံဳးႏုႏုေလးပန္ဆင္သြားပါတယ္။ ခ်န္းေယာလ္ တစ္ေမ့တစ္ေမာေငးတတ္တဲ့ မ်က္ဝန္းေမွးေလးေတြဟာ အေရာင္အနည္းငယ္ ေမွးမိွန္ေနသလို ထင္ရတယ္။
အေဖအလုပ္လုပ္ေနက် ေနရာေလးမွာ ရပ္ရင္း အေဖ့အလုပ္စားပြဲကို ပြတ္သပ္ရင္း..
"ဘာလို႔ ႏႈတ္ေတာင္ မဆက္ ဘာသတင္းမွ မရပဲ ေပ်ာက္ကြယ္သြားရတာလဲ..."
ခ်န္းေယာလ္ကို မၾကည့္ပဲ ေမးလိုက္တဲ့ ေမးခြန္းကို ခ်န္းေယာလ္က ဟိုခပ္ေဝးေဝးက တိမ္ေတြဆီၾကည့္ရင္း ေျဖတယ္။
"ေတာင္းပန္ပါတယ္တဲ့.."
တကယ္ဆို ဘတ္ဟြၽန္းက ေသခ်ာတဲ့ အေၾကာင္းျပခ်က္တစ္ခုကို သိခ်င္တာျဖစ္တယ္။
"ခ်န္းေယာလ္..."
"ကိုယ္တကယ္ ေတာင္းပန္ပါတယ္ ဟြၽန္းနီး..."
ခ်န္းေယာလ္က ထိုစကားကို အထပ္ထပ္အခါခါ ေျပာေနေတာ့တယ္။
ဟိုးအေနာက္ဘက္ ေကာင္းကင္ဆ္ီမွာ ဝါက်င္က်င္ေနလံုးဟာ လ်ိဳတိုးေပ်ာက္ကြယ္သြားတယ္။ ဘတ္ဟြၽန္းနဲ႔အတူ ခ်န္းေယာလ္ပါ တိတ္ဆိတ္ေနၾကတယ္။
အခ်စ္ဟာ တစ္ခါတစ္ရံ ပေဟ႒ိတစ္ခုလို ေျဖရန္ခက္လွတယ္။ တစ္ေယာက္ရဲ့အမွန္တရားရယ္ ေနာက္တစ္ေယာက္ရက္ ယံုၾကည္မႈရယ္။
ျမဴတစ္မႈံစာေလာက္ေလးပဲ လႊဲတဲ့ နားလည္မႈကေတာင္ အရာရာကို ပ်က္ဆီးေစႏိုင္ပါတယ္။
#Heki
#11.12.22
Uni
Mine 31
ပုံမှန်ထက်ပိုလွန်စွာ ချမ်းအေးနေတာက ပင်လယ်လေကြောင့် ဖြစ်မည်။ ဒါဆို ဘတ်ဟွန်းနွေးထွေးနေတာက နားသယ်စပ်ကကျီစယ်နေတဲ့ လေငွေ့နွေးနွေးကြောင့်ဖြစ်လိမ့်မည်ထင်သည်။ ထိကပ်နေတဲ့ ဝဲဘက်ရင်အုံက အရင်ကရော အခုရော သူ့အတွက်ပဲ တည်ရှိခဲ့တာကိုသိသည်။ ဒါပေမယ့် ခွင့်မလွှတ်နိုင်တာဟာ မလုပ်ဖို့ တောင်းဆိုထားတာကိုမှ တိတိပပကြီးလုပ်သွားလို့။
မထားခဲ့ဖို့လဲ သူမတားခဲ့ဘူး။ မသွားပါနဲ့လို့လဲ သူဆွဲမထားခဲ့ပါပဲ။
ဘတ်ဟျွန်းတောင်းဆိုခဲ့တာ တစ်ခုတည်းပါ။
ထွက်သွားမယ်ဆိုရင်တောင် အသိပဲ ပေးသွားပါ ဆိုတဲ့ တောင်းဆိုချက်ဟာ ဘတ်ဟျွန်းချစ်ရသူတွေမှာပဲ ပိုပြီးခက်ခဲခဲ့လေသလား။
လက်ကလေးတောင် မပြပဲ။ အရိပ်အမြွက်လေးတောင် မချန်ခဲ့ပဲ ပျောက်ကွယ်သွားကြတာတွေဟာ နှလုံးသားထဲ ဒဏ်ချက်တွေအဖြစ်တိုက်စားတယ်။ ဒါကို ချန်းယောလ် သူအသိဆုံး မဟုတ်လား။
ဘဝရဲ့ သုံးပုံနှစ်ပုံဟာ သူ့အနားမှာ ကပ်တွယ်နေခဲ့တာ ။ ဘဝထဲက နှုတ်မဆက်ပဲ ထွက်သွားသူတွေကြောင့် ဘတ်ဟျွန်းဘဝကြီး ဗြောင်းဆန်ဖူးတာ။
မလွမ်းမိပေမယ့် တွေးတိုင်းသတိရတတ်ခဲ့တဲ့ အမေဆိုတဲ့ အမျိုးသမီးရယ်။ ရေနွေအိုးလေး ပွက်ချိန်ထိတောင် မစောင့်ပဲ ဘတ်ဟျွန်းရင်ကို မွန်းကြပ်သွားတဲ့အထိ အထီးကျန်ဆန်စွာ ထားရစ်ခဲ့တဲ့အဖေရယ်။ ဒါတောင်အားမရသေးလို့ ချန်းယောလ်အထိ။
နာကျင်လာတာဟာ ရင်ဘတ်တစ်ပြင်လုံးမို့ ဘတ်ဟျွန်းရင်ငွေ့နွေးနွေးကနေ ခွါလိုက်ဖို့ စိတ်ကူးလိုက်တယ်။
အပြင်ကိုထွက်လာတဲ့ ဘတ်ဟျွန်းကိုယ်ပေါ်မှာ ဆယ်တာပါးလေးတစ်ထည်သာပါတယ်။ ဦးလေးကြီးက မနက်စာပြင်နေတာမို့ ဘတ်ဟျွန်းလဲ ဝိုင်းကူပြင်ဆင်ပေးဖြစ်တယ်။ပြီးတော့ ခြံအပြင်ဘက်လေညှင်းခံ ထွက်လာမိတယ်။
ဆောင်းလေဟာ သိသိသာသာကို အချမ်းပိုစေတာမို့ လက်နှစ်ဖက်ကိုပိုက်လို့ ဘတ်ဟျွန်းက လေကိုတစ်ဝကြီးရှူရှိုက်ပစ်လိုက်တယ်။ လီလီပန်းတွေရဲ့ ရနံ့သင်းသင်းလေးဟာ ပင်လယ်ရဲ့ အနံ့နဲ့အတူရောနှောဝင်ရောက်လာတယ်။ ဒီလိုအရသာမျိုး တကယ်ကိုလွမ်းနေခဲ့ရတာ။ ဘဝသက်တမ်းတစ်လျှောက်လုံး ပင်လယ်မှာပဲ ကျင်လည်ခဲ့တာပေမယ့် ဘတ်ဟျွန်းက ဘယ်သောအခါမှ ပင်လယ်ကို မငြီးငွေ့ဖူးဘူး။
ခြံစပ်က ရေဖျန်းပုံးလေးကိုင်ပြီး စိတ်လိုလက်ရ ပန်းပင်လေးတွေ ရေလောင်းနေမိတယ်။ အရင်က ဒီနေရာမှာ စူပုပ်ပုပ်မြို့ကြီးသားလေးတစ်ယောက် ရေတွေရွှဲသွားဖူးတယ်။
တကယ်ဆို အတိတ်ဟာ ကြည်နူးစရာကောင်းပါတယ်။ တစ်ချို့သောနာကျင်စရာအဖြစ်အပျက်တွေကို မေ့ထားမယ်ဆိုရင်ပေါ့။
အတွေးစတွေထဲ နစ်ဝင်နေတဲ့ ဘတ်ဟျွန်းကို နွေးထွေးသွားစေတဲ့ ဂွမ်းသဘက်လေးနဲ့ ကျောဘက်ကနေ လွှမ်းခြုံပေးလာတဲ့သူဟာ ချန်းယောလ်ဆိုတာ လှည့်ကြည့်စရာမလိုပဲ သိပါတယ်။ ဒိကိုယ်သင်းနံ့ဟာ အလွတ်ကျက်စရာမလိုပဲ ရင်းနှီးခဲ့တာမဟုတ်လား။
"မအေးဘူးလား.."
သြရှရှအသံဟာ အမြဲတစေလို ကြည်လင်အေးမြနေဆဲပင်။ အခါများစွာတွေကလို နွေးထွေးနေဆဲပင်။
"အင်း အေးတယ်.."
ဘတ်ဟျွန်းတကယ်လဲ အေးနေတာမို့ ဝန်ခံလိုက်တော့ ရယ်သံရှရှလေးက နားစည်ထဲတိုးသဲ့သဲ့ဝင်လာတယ်။
ဒီပတ်ချန်းယောလ်ဟာ လူကိုမြူဆွယ်နေပါတယ်။
"ကောင်လေးတွေ ဝင်ခဲ့ကြတော့ အပြင်မှာအေးတယ်.."
ဦးလေးကြီးရဲ့ အိမ်ထဲကအော်သံကြောင့် နှစ်ယောက်သား အိမ်ထဲကိုပြန်ဝင်လာကြတော့တယ်။ သို့သော် ချန်းယောလ်က ဘတ်ဟျွန်းကို ဖြေလွှတ်ပေးဖို့ နည်းနည်းမှ စိတ်ကူးရှိဟန်မတူပေ။
ထို့ကြောင့်...
"ချန်းယောလ် လွှတ်..."
"ဟင့်အင်း..."
အနည်းငယ်တုန်ရီနေသလို အသံကြောင့် ဘတ်ဟျွန်းအနည်းငယ်လန့်သွားရသည်။ ဘာလို့များပါလဲ။
တကယ်ကို ဘာဖြစ်လို့ပါလဲ။
"ချန်း..."
"ဟင့်အင်း..."
"ချန်းလွှတ်ဦး... မင်းဘာဖြစ်လို့..."
အတင်းလှည့်လိုက်တဲ့ ဘတ်ဟျွန်းကို ချန်းယောလ်က သူ့မျက်ရည်တွေ မမြင်ရအောင် သူရဲ့ရှည်လျားတဲ့အရပ်ကြီးကို ငုံ့မိုးချလို့ ဘတ်ဟျွန်းလည်ပင်းစပ်ဆီ ပုန်းကွယ်လိုက်တယ်။ ဒါပေမယ့် မျက်ဝန်းစပ်က မျက်ရည်စတွေကို ဘတ်ဟျွန်းက မြင်ဖြစ်အောင် မြင်လိုက်သေးတယ်။
"ချန်းး.."
အခါများစွာကလို နူးနူးညံ့ညံ့လေး သူသဘောကျရတဲ့ နာမ်စားကိုခေါ်လိုက်တော့ လည်ပင်းသာတွေဆီ တိုးကပ်ရှိုက်လိုက်တယ်။ ပြီးတော့..
"ထပ်ပြီးထားသွားပြီ ထင်နေတာ..."
ဘယ်ဘက်ရင်အုံဟာ ဆစ်ခနဲ။ တကယ်ဆို ငါအများကြီး မင်းကိုမုန်းဦးမလို့လေ။ ဒီလေါက်လေးနဲ့ မင်းကပြိုလဲနေရင် ရှေ့လျှောက်ငါဘယ်လို ရက်စက်ရပါ့မလဲ။
အရင်အခါတွေကရော ငါ့အနားကိုအမြဲ အမှတ်မရှိသလို ရောက်လာပြီး ဒီလိုပဲ နာကျင်နေတာလား။ ဒီလိုပဲ ကြောက်ရွံ့တုန်လှုပ်နေခဲ့မလား။ အတွေးစတစ်ခုကတောင် ဆောင်းတွင်းမနက်ခင်းမှာ ဘတ်ဟျွန်းရင်ကို မီးလိုပူပြင်းစေပါတယ်။
ချန်းယောလ်ဟာ ဘတ်ဟျွန်းအတွက် အရာရာဖြစ်ပါတယ်။
********
ညနေခင်းမှာ ဘတ်ဟျွန်းတို့အရင်နေခဲ့တဲ့ အိမ်လေးဆီ ဘတ်ဟျွန်းက လျှောက်လာခဲ့တယ်။ လမ်းထိပ်က ကစားကွင်းလေးမှာ
ကလေးလေးတွေ ဟိုတစ်စုဒီတစ်စု ပြေးလွှားကစားနေကြတယ်။အပူပင်ကင်းမဲ့မှုဟာ ဆပ်ပြာပူပေါင်းလေးတွေလို ပေါ့ပေါ့ပါးပါး ကြည်ကြည်စင်စင်။
ထပ်ကြပ်မကွာ ပါလာတဲ့ ခြေသံရဲ့ပိုင်ရှင်ဟာ ချန်းယောလ်ဖြစ်တယ်။ ဖုန်းတွေဝင်နေတာ မနက်တည်းကမို့ အရေးကြီးကိစ္စတွေ ဘယ်လောက်အများကြီးပစ်ထားခဲ့တာလဲလို့ တွေးမိတော့ မဆိုင်ပဲအားနာရပြန်တယ်။ မဆိုင်ပါဘူးလို့ ခေါင်းကို နာနာရမ်းပစ်ရင်း ခြေလှမ်းတွေကို အရှိန်တင်ပစ်လိုက်တယ်။
ချက်ချင်းပဲ အနားကိုရောက်လာတဲ့ ချန်းယောလ်က လက်ဖဝါးလေးကို မသိချင်ဟန်ဆောင်လို့ ဆွဲကိုင်လာတယ်။
ဆက်တိုက်ကိုဝင်နေတဲ့ ဖုန်းသံ တုန်ခါနေတာမို့ ဘတ်ဟျွန်း မနေသာတော့..
"ဖုန်းမကိုင်ဘူးလား..."
"အရေးမကြီးဘူး ဟျွန်းနီးရတယ်..."
"မနက်ထဲက ဆက်တိုက်လာနေတာ မဟုတ်လား အရေးကြီးလို့ဖြစ်နေရင်ရော။"
"ဖုန်းသံကြောင့် စိတ်အနှောက်ယှက်ဖြစ်ရင် ဖုန်းပိတ်ထားလိုက်..."
"ချန်း.."
"တကယ် အရေးမကြီးလို့ပါ .."
အဲ့လိုနဲ့ ပတ်ချန်းယောလ်ဆိုတဲ့ မြို့ကြီးသားလေးက တကယ်ကို ဖုန်းကဒ်ကိုထုတ်ပစ်လိုက်တော့တယ်။
အိမ်ကလေးဆီရောက်တော့ ဖုန်အလိမ်းလိမ်းတက်နေလောက်မယ်လို့ ထင်ထားခဲ့တာနဲ့ တက်တက်စင်အောင်ကို လွဲတော့တယ်။
ဖုန်တွေ ကင်းအိမ်တွေ ရှိမနေတာကလွဲရင် ဘတ်ဟျွန်းထားခဲ့တုန်းကအတိုင်း ဘယ်ဟာမှ လက်ရာမပျက်ဟခြေရာမပျက်။
"မင်းပြန်လာရင် ဆိုပြီး ရှင်းထားတာ နောက်ဆုံးတော့ မင်းနဲ့အတူ လာဖြစ်ခဲ့ပြီ.."
"အမြဲတမ်းလာဖြစ်တာလား..."
"တစ်လတစ်ခါလောက်
မင်းကို အရမ်းကို ပြင်းပြင်ပြပြလွမ်းမိတဲ့ အခါမျိုးတွေလောက်ပေါ့..."
"ငါ့ကို ပြောစရာရှိလား..."
"ချစ်တယ်.."
ဘတ်ဟျွန်းမျက်နှာကြည်လင်လင်လေးမှာ အပြုံးနုနုလေးပန်ဆင်သွားပါတယ်။ ချန်းယောလ် တစ်မေ့တစ်မောငေးတတ်တဲ့ မျက်ဝန်းမှေးလေးတွေဟာ အရောင်အနည်းငယ် မှေးမှိန်နေသလို ထင်ရတယ်။
အဖေအလုပ်လုပ်နေကျ နေရာလေးမှာ ရပ်ရင်း အဖေ့အလုပ်စားပွဲကို ပွတ်သပ်ရင်း..
"ဘာလို့ နှုတ်တောင် မဆက် ဘာသတင်းမှ မရပဲ ပျောက်ကွယ်သွားရတာလဲ..."
ချန်းယောလ်ကို မကြည့်ပဲ မေးလိုက်တဲ့ မေးခွန်းကို ချန်းယောလ်က ဟိုခပ်ဝေးဝေးက တိမ်တွေဆီကြည့်ရင်း ဖြေတယ်။
"တောင်းပန်ပါတယ်တဲ့.."
တကယ်ဆို ဘတ်ဟျွန်းက သေချာတဲ့ အကြောင်းပြချက်တစ်ခုကို သိချင်တာဖြစ်တယ်။
"ချန်းယောလ်..."
"ကိုယ်တကယ် တောင်းပန်ပါတယ် ဟျွန်းနီး..."
ချန်းယောလ်က ထိုစကားကို အထပ်ထပ်အခါခါ ပြောနေတော့တယ်။
ဟိုးအနောက်ဘက် ကောင်းကင်ဆ်ီမှာ ဝါကျင်ကျင်နေလုံးဟာ လျိုတိုးပျောက်ကွယ်သွားတယ်။ ဘတ်ဟျွန်းနဲ့အတူ ချန်းယောလ်ပါ တိတ်ဆိတ်နေကြတယ်။
အချစ်ဟာ တစ်ခါတစ်ရံ ပဟေဋ္ဌိတစ်ခုလို ဖြေရန်ခက်လှတယ်။ တစ်ယောက်ရဲ့အမှန်တရားရယ် နောက်တစ်ယောက်ရက် ယုံကြည်မှုရယ်။
မြူတစ်မှုံစာလောက်လေးပဲ လွှဲတဲ့ နားလည်မှုကတောင် အရာရာကို ပျက်ဆီးစေနိုင်ပါတယ်။
#Heki
#11.12.22