သူမ မှ တစ်ပါး

Autorstwa SummerMaung

552K 14K 315

တစ်ခါတစ်လေ Exတွေပြန်လာတယ်ဆိုတာ ကိုယ့်ရဲ့နံရိုးပိုင်ရှင်ဖြစ်လို့မဟုတ်ဘဲ ကံကြမ္မာက နင်အရင်လိုကျပ်မပြည့်တုန်းပဲ... Więcej

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41 (ဇာတ်သိမ်း)

Part 14

10.5K 335 3
Autorstwa SummerMaung

💞 Part - 14 💞

~~~~~~~~~~~~~

ထူနက်နေသောမျက်ခုံးတွေက ရှည်လည်းရှည်ကာ အနားသပ်နေရာတွေမှာ အမွှေးနုလေးတွေပါရှိ၍ စိမ်းမြနေ၏။
မျက်တောင်တွေက တိုတိုစိပ်စိပ်ဖြစ်ပေမယ့် ဒီအကြည့်စူးစူးတွေကြောင့် ကိုင်းရင်ခုန်ခဲ့ရသည်။
ဖြောင့်စင်းသောနှာတံက မျက်နှာတစ်ခုလုံးမှာ အထင်ရှားဆုံးဖြစ်သလို လေးကိုင်းသဏ္ဍာန် နှုတ်ခမ်းတွေက အထူအပါးညီသည်။
ဦးရဲ့နှုတ်ခမ်းတွေက နည်းနည်းညိုသည့်ဘက်ရောက်တာမို့ ဆေးလိပ်သောက်ဟန်ရှိကာ ဖြူသောမျက်နှာမှာ နှုတ်ခမ်းညိုတာကလည်း ကြည့်ကောင်းနေပြန်သည်။

"ဘာလို့ ကိုယ့်ကိုအဲ့လိုကြီးစိုက်ကြည့်နေတာလဲ ချာတိတ်"

"ဦးကို အရမ်းသဘောကျလို့"

ကိုင်း မေးထောက်ရင်းကြည့်နေတာကို မနေတတ်သလိုမေးလာတော့ ရှက်နေသောလူပျိုကြီးကို တမင်စချင်လာသည်။
မျက်လုံးလေးမှေးစင်းကာ ခပ်ပြုံးပြုံးလေးကြည့်နေလိုက်တော့ ဦးက ရည်းစားမထားဖူးမှန်းသိသာကာ နားရွက်ဖျားတွေရဲတက်လာတော့သည်။

"ဦး ရည်းစားမထားဖူးမှန်း အရမ်းသိသာတယ်"

"မင်းကရော ပညာတွေသိပ်ပြည့်ဝနေသလိုပဲ ဟုတ်လား ချာတိတ်"

ကိုင်း နှာခေါင်းလေးရှုံ့ပြလိုက်ကာ ဦး လက်မောင်းကိုဖက်ထားလိုက်ပြီး ဦးပခုံးပေါ် ခေါင်းလေးတင်ထားလိုက်သည်။
ဦးရဲ့ပခုံးက နွေးနေသလို ဆပ်ပြာနံ့လား၊ ရေမွှေးနံ့လားမသိသော မွှေးရနံ့တစ်ခုရလိုက်တာမို့ ကိုင်း ဦးလည်ပင်းကို မသိမသာနမ်းကြည့်မိသည်။
ဒါကိုပဲအသည်းယားသွားသလို ဦးက တွန့်ခနဲဖြစ်သွားပြီး…

"ဒီခေတ်မိန်းကလေးတွေများ လက်ရဲဇက်ရဲရှိလိုက်တာ"

"ဦးနော်"

"အင်းပါ လူယုတ်မာမလေးက ချစ်စရာကောင်းတော့ ကိုယ် အယုတ်မာခံလိုက်ပါ့မယ် ဒါပေမယ့် မထိတထိလေးတော့မလုပ်နဲ့ ယားတယ်ကွ"

ကိုင်း တခစ်ခစ်ရယ်ပြီး ဦးလက်မောင်းကို တအားကိုက်ပစ်တော့ ဦးကတွန့်ခနဲဖြစ်သွားပေမယ့် အသံမထွက်။
မော့ကြည့်မိတော့ ပြုံးနေသည့်မျက်နှာဖြင့် ကိုင်းကို နူးနူးညံ့ညံ့လေးစိုက်ကြည့်နေသည်။
သူ့အကြည့်တွေသည် ကိုင်းဘာလုပ်နေနေ အပြစ်မမြင်နိုင်သည့် မြတ်နိုးယုယခြင်းတွေဖြင့်…

"ကိုင်း အရမ်းကံကောင်းတယ်ထင်တယ်"

"ဘာလို့"

"ဦးနဲ့တွဲရလို့လေ ဦးက ချောလည်းချောတယ် လူကြီးလူကောင်းလည်းဆန်တယ် ကိုင်းလို ပေပေတေတေကောင်မလေးနဲ့ မလိုက်သလိုပဲ ဦးကဆော်ကြည်ဘဲကြီး"

တကယ်လည်း ကော်ဖီဆိုင်လေးထဲမှာ လူတချို့ရှိနေကာ အများစုက ကိုင်းတို့နှစ်ယောက်ကို ကြည့်နေကြသည်။
ဦးနဲ့ကိုင်းက အဲ့လောက်ထိ အသက်ကွာတဲ့ပုံမျိုးမို့လို့လား။
သို့သော် ဦးကလည်း ၃၀ကျော်လို့မထင်ရအောင်နုသလို ကိုင်းကလည်း အရပ်မြင့်သောကြောင့် သိပ်မသိသာပါဘူးဟု ဖြေတွေးတွေးလိုက်မိသည်။

"မင်းက ကလေးလေးအတိုင်းပဲ ကိုယ်သဘောကျတယ် ပြီးတော့ကွာ လိုက်ဖက်တယ် မလိုက်ဖက်ဘူးဆိုတာ မင်းနဲ့ကိုယ့်ကြားမှာပဲရှိတယ် ခလေး.. တခြားသူတွေရဲ့ပါးစပ်ဖျားမှာမဟုတ်ဘူး"

"ကိုင်းသိပါတယ် ဒါပေမယ့် ဦးက.."

"တော်ပြီကွာ မင်းသိရင်ရပြီ တစ်လောကလုံး မင်းကိုဘယ်လိုပဲမြင်နေနေ ကိုယ့်အတွက်ကတော့ ယုယုယယချစ်ပေးရမယ့်ကလေးလေးပဲ အရမ်းချစ်ဖို့ကောင်းတယ် ဖြူစင်တယ်"

"အာ့ကျ ဦးက sugar daddyကြီးပေါ့ ဟီး..."

ဦးက ရယ်နေရင်း ခေါင်းညိတ်ပြပြီး ကိုင်းလက်ကလေးကိုဖယ်ချ၍ ကိုင်းပခုံးကိုဖက်ပြီး ရင်ခွင်ထဲဆွဲသွင်းကာ နဖူးလေးကိုဖွဖွနမ်းသည်။
ဦးနမ်းလိုက်တိုင်း အမြတ်တနိုးမို့ နှုတ်ခမ်းနဲ့ဖိကပ်ထားပြီး ခဏနဲ့လည်းဖယ်မပေး။
ဖေဖေကနမ်းလိုက်၊ နေသာကနမ်းလိုက်၊ တစ်ခါတစ်လေဆို အန်တီအိမ်မက်ကနမ်းလိုက်ဖြင့် ဒီအရွယ်အထိအနမ်းခံရဆဲဖြစ်ပေမယ့် ဦးအနမ်းတွေလောက်တော့ ရင်မခုန်။

"Sugar Daddyကြီး ဖြစ်လည်းဖြစ်ပါစေ မင်းကိုချစ်ရရင်ပြီးတာပဲ"

"ဆော်ကြည်ဘဲကြီးက ချွေတတ်လိုက်တာ"

"ဆော်ကြည်ဘဲမဟုတ်ပါဘူးဆိုကွာ"

"ဟုတ်ပါတယ် ဟိုမှာမမလှလှတွေ ဦးကိုလှမ်းကြည့်နေကြတယ် ကြည့်လိုက်"

ကြည့်လိုက်ဆိုပေမယ့် ဦးက မကြည့်ပါ။
ကိုင်းကိုသာ ကြည့်နေတာမို့ ကိုင်းနှုတ်ခမ်းလေးစူပစ်ကာ...

"ဟိုမယ် ဟိုမမတွေက လှပါတယ်ဆို"

"မလှပါဘူး အခုကိုယ့်မျက်လုံးထဲမှာ အလှဆုံးဆိုတဲ့သူကို ကြည့်နေတယ်"

ကိုင်း ရှက်ကိုးရှက်ကန်းလေးဖြစ်သွားပြီး ဦးရင်ခွင်ထဲတိုးဝင်ခဲ့တော့ ဦးလက်တွေက ကိုင်းကို ခပ်တင်းတင်းလေးဖက်တွယ်လာသည်။
လူလည်ကျသည့်ဦးက ဖက်ထားရင်း မသိမသာဖြင့် နားရွက်ဖျားလေးတွေကိုငုံ့နမ်းတတ်၍ လူမြင်မှာလည်းစိုးကာ ခြေဖျားလက်ဖျားတွေ အေးစက်လာသည်အထိ။

"ဦးနော် သူများတွေမြင်ကုန်မယ် တော်ပြီ"

"နောက်ဆို ကော်ဖီဆိုင်မထိုင်ချင်ဘူး မလွတ်လပ်ဘူး ရုံးခန်းမှာပဲတွေ့ရအောင်"

ပြုံးလျက်ပြောလာတော့ ကိုင်းမျက်စောင်းလေးချီမိပြီး ဦးမေးဖျားကို မော့နမ်းပစ်လိုက်သည်။
ကိုင်းကနမ်းချင်ရင်တော့ ဘယ်သူမြင်မြင်...

"ချာတိတ်နော် မင်းသိပ်လူလည်ကျနေတယ် ဟုတ်လား"

"ဟုတ်တယ် အဲ့ဒါကြောင့်လည်း ဒီလူကြီးကို အပိုင်သိမ်းထားချင်တာ ဦးရဲ့လူကိုရော၊ စိတ်ကိုရော ကိုင်းကပဲ အပိုင်ရချင်တာ"

"စိတ်ကတော့ ရပါတယ် လူကိုပေးဖို့ဆိုရင်တော့ စဥ်းစားမှဖြစ်မယ် မင်းက နှိုက်စားသွားရုံဆို ကိုယ်ဘဝပျက်နေခဲ့မှာပေါ့"

ကိုင်း ပါးစပ်ကလေးကိုအုပ်ကာ တခစ်ခစ်ရယ်မိပြီး ဦး ဒီလိုတွေပြောတတ်မည်ဟု မထင်ခဲ့။
လူကြီးလူကောင်းဟု ကိုင်းထင်ထားမိပေမယ့် ဦးက ကိုင်းရှေ့မှာတော့ ရွယ်တူလိုဖြစ်နေကာ ရင်ခုန်ချင်စရာကောင်းနေ၏။

"တည်ငြိမ်ခန့်ညားတဲ့လူကြီးမှတ်လို့ ကြိုက်မိတာ မှားပြီထင်ပါရဲ့"

"မဟုတ်ပါဘူး ကိုယ်က တည်တည်ငြိမ်ငြိမ်နေရတာကို ကြိုက်တယ် ဒါပေမယ့် မင်းနဲ့ဆိုအဲ့လိုမနေချင်ဘူးလေ စိတ်ပေါ့ပေါ့ပါးပါးလေးပဲဖြစ်ချင်တယ် မင်းကိုပျော်စေချင်တယ်
မင်းပျော်အောင် ကိုယ်က မျက်နှာပြောင်ပေးရလည်းဖြစ်တယ် လူရွှင်တော်ကြီးလို ဟာသ,သရုပ်ဆောင်ကြီးလို"

"ကဲ.. ဦးလို့"

"ဟုတ်တယ်လေ နေမင်းမဟာက ကောင်းကင်ပြာအတွက် Privateလူရွှင်တော်ကြီး"

"အာ့ဆို အဲ့ဒီလူရွှင်တော်ကြီးကို အများကြီးချစ်တယ်"

ဦးပခုံးကို ခေါင်းလေးမှီကာ ဦးလက်ဖမိုးကို ဖွဖွလေးကိုက်လိုက်သည့်အခါ လက်ဖမိုးမှာ ကိုင်းရဲ့သွားရာအတိုင်း အဝိုင်းလေးဖြစ်နေခဲ့သည်။
ဦးက ဒါကိုငုံ့ကြည့်ရင်း ကိုင်းလက်ကလေးကို ဖိဆုပ်ကိုင်ကာ...

"ကိုယ်ပြန်ကိုက်မှ မငိုနဲ့နော် မင်းအကြွေးတွေသိပ်များနေပြီ"

ကိုင်း ဦးကိုမော့ကြည့်ကာ လျှာလေးထုတ်ပြလိုက်၏။
ချစ်တယ် ဦးရယ်...

💞💞💞💞💞

"နင်ဝယ်လာတာလည်း နည်းလိုက်တာ Seaရယ် ဒါဘယ်လောက်ဖိုးလဲ"

"ဘယ်လောက်ဖိုးနေနေဟာ အဲ့လောက်နဲ့ပဲကျေနပ်လိုက် မေမေရှိတယ်နော် သိပ်ကဲမနေနဲ့"

"နင်ဘုံးထားမှာစိုးလို့ဟေ့"

"ဘုံးစရာလား ပိုတာမှ ၁သောင်းစွန်းစွန်း"

"အဲ့တစ်သောင်းကို ထပ်ဝယ်ခဲ့ပါလား တခြားဘာဖြစ်ဖြစ်"

ကိုင်းက ခေါင်းအုံးလေးဖြင့် တဘုန်းဘုန်းထုရင်း Seaကိုရန်တွေ့နေကာ အမြဲတမ်းမတည့်သည့်ထိုနှစ်ယောက်ကို နေ သဘောကျသည်။
နေက တစ်ဦးတည်းသောသမီးမို့ အဖော်လည်းမရှိပါဘဲ ဒက်ဒီကလည်း သူ့အလုပ်နဲ့သူ...
မာမီကလည်း ဆေးရုံတစ်ဖက်နှင့်မို့ တတ်နိုင်သလောက်အချိန်ပေးပေမယ့် သူတို့မောင်နှမလို တစ်ချိန်လုံး ကပ်တွယ်နေရမည့်သူ မရှိ။

"သမီးဒက်ဒီကို စိတ်မဆိုးနဲ့နော် သူကအရင်ကတည်းက အလုပ်ကိုအရမ်းလုပ်တတ်တာ ဒါကြောင့်လည်း မာမီနဲ့သမီးနဲ့ ပြည့်ပြည့်စုံစုံနေရတာပေါ့"

"နေ သိပါတယ်"

သိပါတယ်ဆိုပေမယ့် မာမီတို့အချိန်ပေးတာက အန်တီမိုးညကိုတော့ ဘယ်မှီနိုင်ပါ့မလဲ။
ကိုယ့်မိဘတွေရဲ့ အလိုလိုက်ယုယမှုထက် အများကြီးအလိုလိုက်ယုယခံရသည့် အမွှာတို့ကို အားကျမိတာကတော့ အမှန်။

Seaရဲ့အခန်းမှာပဲ Bluetooth boxတွေနှင့်တွဲကာ clubအသေးလေးလုပ်ပစ်လိုက်၍ ၃ယောက်သားခုန်ပေါက် ကလိုက်ကြ၊ ဘီယာသောက်လိုက်ကြ။
Seaကတော့ သိပ်မသောက်ဘဲ ကိုင်းနဲ့နေတို့ အတော်လေးမူးလာသည့်အခါ ရွှေဉာဏ်တော် ထက်လွန်းသည့်ကိုင်းက အရင်စကားစလာသည်။

"လျှပ်တပြက်မေးခွန်းမေးရအောင် ကြာလို့မရဘူး ချက်ချင်းဖြေရမယ် ဇာတ်ကားတစ်ကားထဲမှာကြည့်ဖူးထားတာ စိတ်ထဲရှိတာတွေပေါ်တယ်ဆိုပဲ"

"မူးနေတုန်းကိုဟာ"

"အေးလေ အဲ့ဒါကြောင့် ဆန်းစစ်ကြည့်ရအောင်လို့ အဲ့ဒီဂိမ်းလေး ဆော့ရအောင်လို့ပြောတာ"

ရီဝေဝေနှင့်ကိုင်းက ဘယ်လိုလဲဆိုသည့်သဘောဖြင့် မျက်စပစ်ပြလာတော့ နေရော၊ Seaပါ ခေါင်းညိတ်မိလျက်သား။
နေနဲ့ကိုင်းကသာ မူးနေပေမယ့် Seaကတော့ နေတို့ကို ကလေးထိန်းသလို ထိန်းရမှာမို့ သိပ်မသောက်ထားဘဲ စကားသွက်နေရုံသာ။

"ငါတို့ဘာတွေဝန်ခံခဲ့လဲ ပြန်သိရအောင် Recordယူထားလိုက် Sea သွားဟ"

"OK"

Seaက ကင်မရာကိုလက်ကကိုင်ကာ Recordစယူတော့ နေက ပြုံးစိစိမျက်နှာဖြင့် အကြောင်းမဲ့အော်ရယ်ပစ်လိုက်မိသည်။
အရက်မူးရတာ ဒီတစ်ခုတော့ကောင်းကာ မူးလာရင် စိတ်ထဲဘာမှမကျန်တော့အောင် ပွင့်ထွက်လာတတ်သည်လေ…

"ကိုင်း နင်ဖြေ Cocktail"

"ဦး"

"ဘာမှလည်းမဆိုင်ဘူးနော် ဘာလဲ ဦးကိုချစ်ရတာ cocktailသောက်ရသလိုပဲလို့ ပြောချင်တာလား"

"အင်း Sea နင်ဖြေ lipstick"

"ကိုင်း.. ဘာလို့လဲမမေးနဲ့ နင့်ရဲ့lipstickတွေအကုန် ငါဝယ်ပေးထားတာ"

"Oh!! ဒါတော့ အောက်ဖဲလှန်တာပဲ"

"ကိုင်း... Light"

"My Dad"

"အဲ့ဒါတော့ ဖားတာပဲ"

"Nope! နေနေမ.. ပင်လယ်"

"Love"

နေ့ရဲ့အဖြေကြောင့် မေးခွန်းထုတ်လိုက်သည့်ကိုင်းရော၊ သူပါ ကြောင်အသွားကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်အထိ။
ပင်လယ်ကို Loveလို့ သူမ ဖြေလိုက်တာ...

"နေ နင်ပင်လယ်ကို Loveလို့ဖြေတာ သေချာလား"

ကိုင်းက သေချာအောင်ထပ်မေးတော့လည်း နေကခေါင်းညိတ်ပြကာ သူ့ကိုခပ်စူးစူးတစ်ချက်ကြည့်လာသည်။
မူးနေမှန်းသိသာနေသော မျက်နှာလေးက နီရဲနေပြီး နေသာသည် သူမကိုယ်သူမ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေခဲ့သည်။
ထန်းရည်မူးရင် ကျွဲခိုးပေါ်ဆိုတာ ဒါမျိုးကိုပြောတာလား...

"နင် ဘာလို့တစ်ခါပဲဖွင့်ပြောတာလဲ"

"ဟမ်!!"

"ဘာလို့နောက်ထပ်မပြောတာလဲလို့ ငါ့မှာတော့ နင်များထပ်ဖွင့်ပြောမလားလို့ စောင့်လိုက်ရတာ သူကတော့ ရည်းစားတွေပတ်ထားနေတယ် အီး..ဟီး"

ပြောရင်းငိုချပစ်သည့် နေသာ့ကြောင့် ကိုင်းကပြာယာခတ်သွားသလို သူလည်း စိတ်မကောင်းဖြစ်သွားပြီး Cameraကိုပိတ်ပစ်လိုက်သည်။
ကိုယ်က သူမ သဘောမကျဘူးဟုထင်ပြီး တမင်ရှောင်ခဲ့ပေမယ့် သူမကတော့ ကိုယ့်ကိုမျှော်လင့်နေခဲ့တာပဲ…
သူတို့နှစ်ယောက်က နားလည်မှုတွေလွဲခဲ့ကြတာ...

"လာပါ အခန်းကိုပြန်ရအောင်ပါ နေရယ် ထ နော်"

"နင့်မောင်က လူယုတ်မာ"

"အေးပါ ဟုတ်ပါတယ် လူယုတ်မာပါ"

"ငါ့ကိုရည်းစားစကားပြောပြီးတာနဲ့ နမ်းဖို့ပြင်တာ ငါဘာမှပြန်မပြောရသေးဘဲနဲ့"

"နင်ကလည်း ကြိုက်နေတာကို ငြိမ်နေလိုက်တာတော့ မဟုတ်ဘူး"

"မနေဘူး အဟင့်!"

ကိုင်းက နေ့ကိုထူမပြီး အခန်းထဲကထွက်သွားဖို့ပြင်ပေမယ့် ကိုင်းကိုယ်တိုင်ကလည်း ယိုင်နေတာမို့ နှစ်ယောက်လုံးကို သူပဲထိန်းလိုက်ရ၏။
နေကတော့ငိုနေသူမို့ ကြမ်းပြင်မှာထိုင်လျက်ရှိနေပေမယ့် ခြေကားယားလက်ကားယားဖြင့် မ ကတော့ ဒယိမ်းဒယိုင်မို့ ကောက်ပွေ့လိုက်ရသည်။

"ဒီမှာပဲအိပ်လိုက် ငါပြင်ပေးမယ်"

"ကြမ်းပြင်ပေါ်မအိပ်ချင်ဘူး"

"ငါ့အိပ်ယာပေါ်သွားအိပ်ပါ ငါက ဟိုဘက်အခန်းသွားအိပ်မယ်"

ဆိုကာ မ ကို အရင်မွေ့ရာပေါ်တင်ပေးလိုက်သည်။
နေသာကတော့ သူချပေးလိုက်သည့်အတိုင်း မ ရဲ့ဘေးမှာ ခွေခွေလေးအိပ်ပျော်သွား၍ သူမဆံပင်တွေကို ဆွဲဖွမိတာ ယုယုယယ…

"တောင်းပန်ပါတယ်"

ပါးလေးကိုငုံ့နမ်းရင်း ပြောမိပေမယ့် သူမကတော့ ကြားနိုင်တော့မှာမဟုတ်၍ သက်ပြင်းတစ်ချက်ချပြီး မ,ရဲ့အခန်းကို ပြန်လှည့်ထွက်လာခဲ့သည်။
ဤနေရာမှာပဲ ပြေလည်သွားသည့် လူငယ်ညသည် တချို့သောဘဝတွေကိုပြောင်းလဲသွားစေမှန်း သူတို့သိခဲ့ပါလျှင်...

💞💞💞💞💞💞

"အမလေး ဒါက.. ဒါကဘယ်လိုဖြစ်တာလဲ ဟဲ့.. ထစမ်း Sea"

မနက်စောစော မေမေ့အသံကြောင့် ကိုင်းငုတ်တုတ်ထထိုင်မိကာ အခန်းထဲမှာဘယ်သူမှမရှိသောကြောင့် ထိတ်ခနဲဖြစ်သွားပြီး မျက်လုံးကိုပြူးပြဲကြည့်မိသည်။
ဒါ Seaရဲ့အခန်းပဲ...

"နေသာရော"

ကိုင်း ဝုန်းခနဲထကာ မေမေ့အသံဖြင့်ဆူညံနေသော ကိုင်းရဲ့အခန်းဆီပြေးလာခဲ့တော့ Seaနဲ့နေသာက ကိုင်းရဲ့အိပ်ယာပေါ်မှာ။

"Sea မင်း..."

"မဟုတ်ဘူး အန်တီထင်သလိုမဟုတ်ဘူး အဟင့်!.. နင် ဘာလို့ဒီအခန်းရောက်နေတာလဲ Sea"

"ညကတည်းက ငါဒီမှာအိပ်မယ်လို့ပြောသားပဲ နင်.. နင်အခန်းမှားဝင်လာတာ ညတုန်းက နင်တို့မူး.."

ကိုင်း မျက်လုံးပြူးသွားကာ Seaအနားပြေးသွားပြီး ပါးစပ်ကိုအတင်းပိတ်ကာ သူတို့ကြားမွေ့ရာပေါ် ထိုင်ချပစ်လိုက်သည်။
ညတုန်းက သောက်ထားတာကို မေမေမိသွားလျှင် နှစ်ယောက်လုံးသေမှာမလား…
စပ်ဖြဲဖြဲမျက်နှာဖြင့် ကိုင်းသည် မေမေ့ရဲ့ဒေါသအကြည့်တွေနှင့် Seaတို့နှစ်ယောက်ရဲ့အကြည့်တွေကို မသိကျိုးကျွံပြုရင်း...

"သူတို့နှစ်ယောက်က တွဲနေတာကြာပြီ မေမေ"

"ဘာ!!"

"ကိုင်း!"

ကန့်ကွက်လာမည့်နေသာ့ကို ကိုင်းလှည့်ကြည့်ပြီး မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ကာ မေမေ့ကိုပြန်ကြည့်တော့ မေမေက ဒေါသဖြစ်နေဆဲ။
ပို့မယ့်ပို့ ကူးတို့အထိရောက်အောင် ပို့ပေးတော့ဖို့လည်း ကြိတ်ဆုံးဖြတ်လိုက်ပြီး ဆတ်ခနဲခေါင်းညိတ်ပြလိုက်ကာ…

"ကိုင်းပြောတာတကယ်ပါ သမီးတို့ပန်းပွဲတော်သွားကတည်းက သူတို့တွဲနေတာပါ"

"ကိုင်း"

"ဒီကိစ္စကရော ဘယ်သူ့အကြံလဲ"

"ဘယ်သူ့အကြံမှမဟုတ်ပါဘူး ဒါပေမယ့် ဒီလိုဖြစ်သွားတာက ကိုင်းကြောင့်ပါ"

"Sky အောက်ဆင်းခဲ့"

မေမေက ထိုမျှသာပြောကာ လှည့်ထွက်သွားတော့ တစ်ချိန်လုံးငြိမ်နေကြရသည့် Seaနဲ့နေနေက ကိုင်းကိုခေါင်းအုံးတွေနှင့် ဝိုင်းထုကြတော့၏။
နေရင်းထိုင်ရင်း အိမ်ထောင်သည်ဘဝကို ကိုင်းကတွန်းပို့မိသည်မဟုတ်လား...

"မ နင်အတော်မွှေတာပဲ"

"အဲ့လိုဆို နင်ပြောလိုက်လေ ညကမူးပြီးသောင်းကျန်းကြတာ နေသာကငိုပြီး နင့်ကိုရင်ဖွင့်တာ"

"မ"          "ငါဘာရင်ဖွင့်လို့လဲ"

"နင်ပဲ ပင်လယ်ဆိုတာ အချစ်ပဲဆို"

"မ နင်သေပြီသာမှတ်..."

ဒီတစ်ခါတော့ အလွန်ဒေါသဖြစ်သွားသောSeaက ကိုင်းကို တကယ်လုပ်တော့မှာမို့ လှစ်ခနဲထပြေးရင်း ကိုင်းအရောက်တွန်းပို့လိုက်သေး၏။

"နင်တို့က ယူကိုယူရတော့မှာ တစ်ညလုံးအတူတူဖက်အိပ်ပြီးပြီဆိုတော့.."

"မ"

💞💞💞💞💞💞

Part 15 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~~~

     
💞 Part - 14 💞

~~~~~~~~~~~~~

ထူနက္ေနေသာမ်က္ခံုးေတြက ရွည္လည္းရွည္ကာ အနားသပ္ေနရာေတြမွာ အေမႊးႏုေလးေတြပါရိွ၍ စိမ္းျမေန၏။
မ်က္ေတာင္ေတြက တိုတိုစိပ္စိပ္ျဖစ္ေပမယ့္ ဒီအၾကၫ့္စူးစူးေတြေၾကာင့္ ကိုင္းရင္ခုန္ခဲ့ရသည္။
ေျဖာင့္စင္းေသာႏွာတံက မ်က္ႏွာတစ္ခုလံုးမွာ အထင္ရွားဆံုးျဖစ္သလို ေလးကိုင္းသ႑ာန္ ႏႈတ္ခမ္းေတြက အထူအပါးညီသည္။
ဦးရဲ့ႏႈတ္ခမ္းေတြက နည္းနည္းညိုသၫ့္ဘက္ေရာက္တာမို႔ ေဆးလိပ္ေသာက္ဟန္ရိွကာ ျဖဴေသာမ်က္ႏွာမွာ ႏႈတ္ခမ္းညိုတာကလည္း ၾကၫ့္ေကာင္းေနျပန္သည္။

"ဘာလို႔ ကိုယ့္ကိုအဲ့လိုႀကီးစိုက္ၾကၫ့္ေနတာလဲ ခ်ာတိတ္"

"ဦးကို အရမ္းသေဘာက်လို႔"

ကိုင္း ေမးေထာက္ရင္းၾကၫ့္ေနတာကို မေနတတ္သလိုေမးလာေတာ့ ရွက္ေနေသာလူပ်ိဳႀကီးကို တမင္စခ်င္လာသည္။
မ်က္လံုးေလးေမွးစင္းကာ ခပ္ႃပံုးႃပံုးေလးၾကၫ့္ေနလိုက္ေတာ့ ဦးက ရည္းစားမထားဖူးမွန္းသိသာကာ နားရြက္ဖ်ားေတြရဲတက္လာေတာ့သည္။

"ဦး ရည္းစားမထားဖူးမွန္း အရမ္းသိသာတယ္"

"မင္းကေရာ ပညာေတြသိပ္ျပၫ့္ဝေနသလိုပဲ ဟုတ္လား ခ်ာတိတ္"

ကိုင္း ႏွာေခါင္းေလးရႈံ႔ျပလိုက္ကာ ဦး လက္ေမာင္းကိုဖက္ထားလိုက္ၿပီး ဦးပခံုးေပၚ ေခါင္းေလးတင္ထားလိုက္သည္။
ဦးရဲ့ပခံုးက ေနြးေနသလို ဆပ္ျပာနံ႔လား၊ ေရေမႊးနံ႔လားမသိေသာ ေမႊးရနံ႔တစ္ခုရလိုက္တာမို႔ ကိုင္း ဦးလည္ပင္းကို မသိမသာနမ္းၾကၫ့္မိသည္။
ဒါကိုပဲအသည္းယားသြားသလို ဦးက တြန႔္ခနဲျဖစ္သြားၿပီး…

"ဒီေခတ္မိန္းကေလးေတြမ်ား လက္ရဲဇက္ရဲရိွလိုက္တာ"

"ဦးေနာ္"

"အင္းပါ လူယုတ္မာမေလးက ခ်စ္စရာေကာင္းေတာ့ ကိုယ္ အယုတ္မာခံလိုက္ပါ့မယ္ ဒါေပမယ့္ မထိတထိေလးေတာ့မလုပ္နဲ႔ ယားတယ္ကြ"

ကိုင္း တခစ္ခစ္ရယ္ၿပီး ဦးလက္ေမာင္းကို တအားကိုက္ပစ္ေတာ့ ဦးကတြန႔္ခနဲျဖစ္သြားေပမယ့္ အသံမထြက္။
ေမာ့ၾကၫ့္မိေတာ့ ႃပံုးေနသၫ့္မ်က္ႏွာျဖင့္ ကိုင္းကို ႏူးႏူးညံ့ညံ့ေလးစိုက္ၾကၫ့္ေနသည္။
သူ႔အၾကၫ့္ေတြသည္ ကိုင္းဘာလုပ္ေနေန အျပစ္မျမင္ႏိုင္သၫ့္ ျမတ္ႏိုးယုယျခင္းေတျြဖင့္…

"ကိုင္း အရမ္းကံေကာင္းတယ္ထင္တယ္"

"ဘာလို႔"

"ဦးနဲ႔တဲြရလို႔ေလ ဦးက ေခ်ာလည္းေခ်ာတယ္ လူႀကီးလူေကာင္းလည္းဆန္တယ္ ကိုင္းလို ေပေပေတေတေကာင္မေလးနဲ႔ မလိုက္သလိုပဲ ဦးကေဆာ္ၾကည္ဘဲႀကီး"

တကယ္လည္း ေကာ္ဖီဆိုင္ေလးထဲမွာ လူတခ်ိဳ႕ရိွေနကာ အမ်ားစုက ကိုင္းတို႔ႏွစ္ေယာက္ကို ၾကၫ့္ေနၾကသည္။
ဦးနဲ႔ကိုင္းက အဲ့ေလာက္ထိ အသက္ကြာတဲ့ပံုမ်ိဳးမို႔လို႔လား။
သို႔ေသာ္ ဦးကလည္း ၃၀ေက်ာ္လို႔မထင္ရေအာင္ႏုသလို ကိုင္းကလည္း အရပ္ျမင့္ေသာေၾကာင့္ သိပ္မသိသာပါဘူးဟု ေျဖေတြးေတြးလိုက္မိသည္။

"မင္းက ကေလးေလးအတိုင္းပဲ ကိုယ္သေဘာက်တယ္ ၿပီးေတာ့ကြာ လိုက္ဖက္တယ္ မလိုက္ဖက္ဘူးဆိုတာ မင္းနဲ႔ကိုယ့္ၾကားမွာပဲရိွတယ္ ခေလး.. တျခားသူေတြရဲ့ပါးစပ္ဖ်ားမွာမဟုတ္ဘူး"

"ကိုင္းသိပါတယ္ ဒါေပမယ့္ ဦးက.."

"ေတာ္ၿပီကြာ မင္းသိရင္ရၿပီ တစ္ေလာကလံုး မင္းကိုဘယ္လိုပဲျမင္ေနေန ကိုယ့္အတြက္ကေတာ့ ယုယုယယခ်စ္ေပးရမယ့္ကေလးေလးပဲ အရမ္းခ်စ္ဖို႔ေကာင္းတယ္ ျဖဴစင္တယ္"

"အာ့က် ဦးက sugar daddyႀကီးေပါ့ ဟီး..."

ဦးက ရယ္ေနရင္း ေခါင္းညိတ္ျပၿပီး ကိုင္းလက္ကေလးကိုဖယ္ခ်၍ ကိုင္းပခံုးကိုဖက္ၿပီး ရင္ခြင္ထဲဆဲြသြင္းကာ နဖူးေလးကိုဖြဖြနမ္းသည္။
ဦးနမ္းလိုက္တိုင္း အျမတ္တႏိုးမို႔ ႏႈတ္ခမ္းနဲ႔ဖိကပ္ထားၿပီး ခဏနဲ႔လည္းဖယ္မေပး။
ေဖေဖကနမ္းလိုက္၊ ေနသာကနမ္းလိုက္၊ တစ္ခါတစ္ေလဆို အန္တီအိမ္မက္ကနမ္းလိုက္ျဖင့္ ဒီအရြယ္အထိအနမ္းခံရဆဲျဖစ္ေပမယ့္ ဦးအနမ္းေတြေလာက္ေတာ့ ရင္မခုန္။

"Sugar Daddyႀကီး ျဖစ္လည္းျဖစ္ပါေစ မင္းကိုခ်စ္ရရင္ၿပီးတာပဲ"

"ေဆာ္ၾကည္ဘဲႀကီးက ခၽြေတတ္လိုက္တာ"

"ေဆာ္ၾကည္ဘဲမဟုတ္ပါဘူးဆိုကြာ"

"ဟုတ္ပါတယ္ ဟိုမွာမမလွလွေတြ ဦးကိုလွမ္းၾကည့္ေနၾကတယ္ ၾကၫ့္လိုက္"

ၾကၫ့္လိုက္ဆိုေပမယ့္ ဦးက မၾကၫ့္ပါ။
ကိုင္းကိုသာ ၾကၫ့္ေနတာမို႔ ကိုင္းႏႈတ္ခမ္းေလးစူပစ္ကာ...

"ဟိုမယ္ ဟိုမမေတြက လွပါတယ္ဆို"

"မလွပါဘူး အခုကိုယ့္မ်က္လံုးထဲမွာ အလွဆံုးဆိုတဲ့သူကို ၾကၫ့္ေနတယ္"

ကိုင္း ရွက္ကိုးရွက္ကန္းေလးျဖစ္သြားၿပီး ဦးရင္ခြင္ထဲတိုးဝင္ခဲ့ေတာ့ ဦးလက္ေတြက ကိုင္းကို ခပ္တင္းတင္းေလးဖက္တြယ္လာသည္။
လူလည္က်သၫ့္ဦးက ဖက္ထားရင္း မသိမသာျဖင့္ နားရြက္ဖ်ားေလးေတြကိုငံု႔နမ္းတတ္၍ လူျမင္မွာလည္းစိုးကာ ေျခဖ်ားလက္ဖ်ားေတြ ေအးစက္လာသည္အထိ။

"ဦးေနာ္ သူမ်ားေတျြမင္ကုန္မယ္ ေတာ္ၿပီ"

"ေနာက္ဆို ေကာ္ဖီဆိုင္မထိုင္ခ်င္ဘူး မလြတ္လပ္ဘူး ရံုးခန္းမွာပဲေတြ့ရေအာင္"

ႃပံုးလ်က္ေျပာလာေတာ့ ကိုင္းမ်က္ေစာင္းေလးခ်ီမိၿပီး ဦးေမးဖ်ားကို ေမာ့နမ္းပစ္လိုက္သည္။
ကိုင္းကနမ္းခ်င္ရင္ေတာ့ ဘယ္သူျမင္ျမင္...

"ခ်ာတိတ္ေနာ္ မင္းသိပ္လူလည္က်ေနတယ္ ဟုတ္လား"

"ဟုတ္တယ္ အဲ့ဒါေၾကာင့္လည္း ဒီလူႀကီးကို အပိုင္သိမ္းထားခ်င္တာ ဦးရဲ့လူကိုေရာ၊ စိတ္ကိုေရာ ကိုင္းကပဲ အပိုင္ရခ်င္တာ"

"စိတ္ကေတာ့ ရပါတယ္ လူကိုေပးဖို႔ဆိုရင္ေတာ့ စဥ္းစားမျွဖစ္မယ္ မင္းက ႏိႈက္စားသြားရံုဆို ကိုယ္ဘဝပ်က္ေနခဲ့မွာေပါ့"

ကိုင္း ပါးစပ္ကေလးကိုအုပ္ကာ တခစ္ခစ္ရယ္မိၿပီး ဦး ဒီလိုေတြေျပာတတ္မည္ဟု မထင္ခဲ့။
လူႀကီးလူေကာင္းဟု ကိုင္းထင္ထားမိေပမယ့္ ဦးက ကိုင္းေရ႔ွမွာေတာ့ ရြယ္တူလိုျဖစ္ေနကာ ရင္ခုန္ခ်င္စရာေကာင္းေန၏။

"တည္ၿငိမ္ခန႔္ညားတဲ့လူႀကီးမွတ္လို႔ ႀကိဳက္မိတာ မွားၿပီထင္ပါရဲ့"

"မဟုတ္ပါဘူး ကိုယ္က တည္တည္ၿငိမ္ၿငိမ္ေနရတာကို ႀကိဳက္တယ္ ဒါေပမယ့္ မင္းနဲ႔ဆိုအဲ့လိုမေနခ်င္ဘူးေလ စိတ္ေပါ့ေပါ့ပါးပါးေလးပဲျဖစ္ခ်င္တယ္ မင္းကိုေပ်ာ္ေစခ်င္တယ္
မင္းေပ်ာ္ေအာင္ ကိုယ္က မ်က္ႏွာေျပာင္ေပးရလည္းျဖစ္တယ္ လူရႊင္ေတာ္ႀကီးလို ဟာသ,သရုပ္ေဆာင္ႀကီးလို"

"ကဲ.. ဦးလို႔"

"ဟုတ္တယ္ေလ ေနမင္းမဟာက ေကာင္းကင္ျပာအတြက္ Privateလူရႊင္ေတာ္ႀကီး"

"အာ့ဆို အဲ့ဒီလူရႊင္ေတာ္ႀကီးကို အမ်ားႀကီးခ်စ္တယ္"

ဦးပခံုးကို ေခါင္းေလးမွီကာ ဦးလက္ဖမိုးကို ဖြဖြေလးကိုက္လိုက္သၫ့္အခါ လက္ဖမိုးမွာ ကိုင္းရဲ့သြားရာအတိုင္း အဝိုင္းေလးျဖစ္ေနခဲ့သည္။
ဦးက ဒါကိုငံု႔ၾကၫ့္ရင္း ကိုင္းလက္ကေလးကို ဖိဆုပ္ကိုင္ကာ...

"ကိုယ္ျပန္ကိုက္မွ မငိုနဲ႔ေနာ္ မင္းအႂကြေးေတြသိပ္မ်ားေနၿပီ"

ကိုင္း ဦးကိုေမာ့ၾကၫ့္ကာ လ်ွာေလးထုတ္ျပလိုက္၏။
ခ်စ္တယ္ ဦးရယ္...

💞💞💞💞💞

"နင္ဝယ္လာတာလည္း နည္းလိုက္တာ Seaရယ္ ဒါဘယ္ေလာက္ဖိုးလဲ"

"ဘယ္ေလာက္ဖိုးေနေနဟာ အဲ့ေလာက္နဲ႔ပဲေက်နပ္လိုက္ ေမေမရိွတယ္ေနာ္ သိပ္ကဲမေနနဲ႔"

"နင္ဘံုးထားမွာစိုးလို႔ေဟ့"

"ဘံုးစရာလား ပိုတာမွ ၁ေသာင္းစြန္းစြန္း"

"အဲ့တစ္ေသာင္းကို ထပ္ဝယ္ခဲ့ပါလား တျခားဘာျဖစ္ျဖစ္"

ကိုင္းက ေခါင္းအံုးေလးျဖင့္ တဘုန္းဘုန္းထုရင္း Seaကိုရန္ေတြ့ေနကာ အၿမဲတမ္းမတၫ့္သၫ့္ထိုႏွစ္ေယာက္ကို ေန သေဘာက်သည္။
ေနက တစ္ဦးတည္းေသာသမီးမို႔ အေဖာ္လည္းမရိွပါဘဲ ဒက္ဒီကလည္း သူ႔အလုပ္နဲ႔သူ...
မာမီကလည္း ေဆးရံုတစ္ဖက္ႏွင့္မို႔ တတ္ႏိုင္သေလာက္အခ်ိန္ေပးေပမယ့္ သူတို႔ေမာင္ႏွမလို တစ္ခ်ိန္လံုး ကပ္တြယ္ေနရမၫ့္သူ မရိွ။

"သမီးဒက္ဒီကို စိတ္မဆိုးနဲ႔ေနာ္ သူကအရင္ကတည္းက အလုပ္ကိုအရမ္းလုပ္တတ္တာ ဒါေၾကာင့္လည္း မာမီနဲ႔သမီးနဲ႔ ျပၫ့္ျပၫ့္စံုစံုေနရတာေပါ့"

"ေန သိပါတယ္"

သိပါတယ္ဆိုေပမယ့္ မာမီတို႔အခ်ိန္ေပးတာက အန္တီမိုးညကိုေတာ့ ဘယ္မွီႏိုင္ပါ့မလဲ။
ကိုယ့္မိဘေတြရဲ့ အလိုလိုက္ယုယမႈထက္ အမ်ားႀကီးအလိုလိုက္ယုယခံရသၫ့္ အမႊာတို႔ကို အားက်မိတာကေတာ့ အမွန္။

Seaရဲ့အခန္းမွာပဲ Bluetooth boxေတြႏွင့္တဲြကာ clubအေသးေလးလုပ္ပစ္လိုက္၍ ၃ေယာက္သားခုန္ေပါက္ ကလိုက္ၾက၊ ဘီယာေသာက္လိုက္ၾက။
Seaကေတာ့ သိပ္မေသာက္ဘဲ ကိုင္းနဲ႔ေနတို႔ အေတာ္ေလးမူးလာသၫ့္အခါ ေရႊဉာဏ္ေတာ္ ထက္လြန္းသၫ့္ကိုင္းက အရင္စကားစလာသည္။

"လ်ွပ္တျပက္ေမးခြန္းေမးရေအာင္ ၾကာလို႔မရဘူး ခ်က္ခ်င္းေျဖရမယ္ ဇာတ္ကားတစ္ကားထဲမွာၾကၫ့္ဖူးထားတာ စိတ္ထဲရိွတာေတြေပၚတယ္ဆိုပဲ"

"မူးေနတုန္းကိုဟာ"

"ေအးေလ အဲ့ဒါေၾကာင့္ ဆန္းစစ္ၾကၫ့္ရေအာင္လို႔ အဲ့ဒီဂိမ္းေလး ေဆာ့ရေအာင္လို႔ေျပာတာ"

ရီေဝေဝႏွင့္ကိုင္းက ဘယ္လိုလဲဆိုသၫ့္သေဘာျဖင့္ မ်က္စပစ္ျပလာေတာ့ ေနေရာ၊ Seaပါ ေခါင္းညိတ္မိလ်က္သား။
ေနနဲ႔ကိုင္းကသာ မူးေနေပမယ့္ Seaကေတာ့ ေနတို႔ကို ကေလးထိန္းသလို ထိန္းရမွာမို႔ သိပ္မေသာက္ထားဘဲ စကားသြက္ေနရံုသာ။

"ငါတို႔ဘာေတြဝန္ခံခဲ့လဲ ျပန္သိရေအာင္ Recordယူထားလိုက္ Sea သြားဟ"

"OK"

Seaက ကင္မရာကိုလက္ကကိုင္ကာ Recordစယူေတာ့ ေနက ႃပံုးစိစိမ်က္ႏွာျဖင့္ အေၾကာင္းမဲ့ေအာ္ရယ္ပစ္လိုက္မိသည္။
အရက္မူးရတာ ဒီတစ္ခုေတာ့ေကာင္းကာ မူးလာရင္ စိတ္ထဲဘာမွမက်န္ေတာ့ေအာင္ ပြင့္ထြက္လာတတ္သည္ေလ…

"ကိုင္း နင္ေျဖ Cocktail"

"ဦး"

"ဘာမွလည္းမဆိုင္ဘူးေနာ္ ဘာလဲ ဦးကိုခ်စ္ရတာ cocktailေသာက္ရသလိုပဲလို႔ ေျပာခ်င္တာလား"

"အင္း Sea နင္ေျဖ lipstick"

"ကိုင္း.. ဘာလို႔လဲမေမးနဲ႔ နင့္ရဲ့lipstickေတြအကုန္ ငါဝယ္ေပးထားတာ"

"Oh!! ဒါေတာ့ ေအာက္ဖဲလွန္တာပဲ"

"ကိုင္း... Light"

"My Dad"

"အဲ့ဒါေတာ့ ဖားတာပဲ"

"Nope! ေနေနမ.. ပင္လယ္"

"Love"

ေန့ရဲ့အေျဖၾကောင့္ ေမးခြန္းထုတ္လိုက္သၫ့္ကိုင္းေရာ၊ သူပါ ေၾကာင္အသြားကာ တစ္ေယာက္ကိုတစ္ေယာက္ ၾကၫ့္လိုက္မိသည္အထိ။
ပင္လယ္ကို Loveလို႔ သူမ ေျဖလိုက္တာ...

"ေန နင္ပင္လယ္ကို Loveလို႔ေျဖတာ ေသခ်ာလား"

ကိုင္းက ေသခ်ာေအာင္ထပ္ေမးေတာ့လည္း ေနကေခါင္းညိတ္ျပကာ သူ႔ကိုခပ္စူးစူးတစ္ခ်က္ၾကၫ့္လာသည္။
မူးေနမွန္းသိသာေနေသာ မ်က္ႏွာေလးက နီရဲေနၿပီး ေနသာသည္ သူမကိုယ္သူမ ထိန္းခ်ဳပ္ႏိုင္စြမ္း ကင္းမဲ့ေနခဲ့သည္။
ထန္းရည္မူးရင္ ကၽဲြခိုးေပၚဆိုတာ ဒါမ်ိဳးကိုေျပာတာလား...

"နင္ ဘာလို႔တစ္ခါပဲဖြင့္ေျပာတာလဲ"

"ဟမ္!!"

"ဘာလို႔ေနာက္ထပ္မေျပာတာလဲလို႔ ငါ့မွာေတာ့ နင္မ်ားထပ္ဖြင့္ေျပာမလားလို႔ ေစာင့္လိုက္ရတာ သူကေတာ့ ရည္းစားေတြပတ္ထားေနတယ္ အီး..ဟီး"

ေျပာရင္းငိုခ်ပစ္သၫ့္ ေနသာ့ေၾကာင့္ ကိုင္းကျပာယာခတ္သြားသလို သူလည္း စိတ္မေကာင္းျဖစ္သြားၿပီး Cameraကိုပိတ္ပစ္လိုက္သည္။
ကိုယ္က သူမ သေဘာမက်ဘူးဟုထင္ၿပီး တမင္ေရွာင္ခဲ့ေပမယ့္ သူမကေတာ့ ကိုယ့္ကိုေမ်ွာ္လင့္ေနခဲ့တာပဲ…
သူတို႔ႏွစ္ေယာက္က နားလည္မႈေတြလဲြခဲ့ၾကတာ...

"လာပါ အခန္းကိုျပန္ရေအာင္ပါ ေနရယ္ ထ ေနာ္"

"နင့္ေမာင္က လူယုတ္မာ"

"ေအးပါ ဟုတ္ပါတယ္ လူယုတ္မာပါ"

"ငါ့ကိုရည္းစားစကားေျပာၿပီးတာနဲ႔ နမ္းဖို႔ျပင္တာ ငါဘာမျွပန္မေျပာရေသးဘဲနဲ႔"

"နင္ကလည္း ႀကိဳက္ေနတာကို ၿငိမ္ေနလိုက္တာေတာ့ မဟုတ္ဘူး"

"မေနဘူး အဟင့္!"

ကိုင္းက ေန့ကိုထူမၿပီး အခန္းထဲကထြက္သြားဖို႔ျပင္ေပမယ့္ ကိုင္းကိုယ္တိုင္ကလည္း ယိုင္ေနတာမို႔ ႏွစ္ေယာက္လံုးကို သူပဲထိန္းလိုက္ရ၏။
ေနကေတာ့ငိုေနသူမို႔ ၾကမ္းျပင္မွာထိုင္လ်က္ရိွေနေပမယ့္ ေျခကားယားလက္ကားယားျဖင့္ မ ကေတာ့ ဒယိမ္းဒယိုင္မို႔ ေကာက္ေပြ့လိုက္ရသည္။

"ဒီမွာပဲအိပ္လိုက္ ငါျပင္ေပးမယ္"

"ၾကမ္းျပင္ေပၚမအိပ္ခ်င္ဘူး"

"ငါ့အိပ္ယာေပၚသြားအိပ္ပါ ငါက ဟိုဘက္အခန္းသြားအိပ္မယ္"

ဆိုကာ မ ကို အရင္ေမြ့ရာေပၚတင္ေပးလိုက္သည္။
ေနသာကေတာ့ သူခ်ေပးလိုက္သၫ့္အတိုင္း မ ရဲ့ေဘးမွာ ေခြေခြေလးအိပ္ေပ်ာ္သြား၍ သူမဆံပင္ေတြကို ဆဲြဖြမိတာ ယုယုယယ…

"ေတာင္းပန္ပါတယ္"

ပါးေလးကိုငံု႔နမ္းရင္း ေျပာမိေပမယ့္ သူမကေတာ့ ၾကားႏိုင္ေတာ့မွာမဟုတ္၍ သက္ျပင္းတစ္ခ်က္ခ်ၿပီး မ,ရဲ့အခန္းကို ျပန္လွၫ့္ထြက္လာခဲ့သည္။
ဤေနရာမွာပဲ ေျပလည္သြားသၫ့္ လူငယ္ညသည္ တခ်ိဳ႕ေသာဘဝေတြကိုေျပာင္းလဲသြားေစမွန္း သူတို႔သိခဲ့ပါလ်ွင္...

💞💞💞💞💞💞

"အမေလး ဒါက.. ဒါကဘယ္လိုျဖစ္တာလဲ ဟဲ့.. ထစမ္း Sea"

မနက္ေစာေစာ ေမေမ့အသံေၾကာင့္ ကိုင္းငုတ္တုတ္ထထိုင္မိကာ အခန္းထဲမွာဘယ္သူမွမရိွေသာေၾကာင့္ ထိတ္ခနဲျဖစ္သြားၿပီး မ်က္လံုးကိုျပဴးၿပဲၾကၫ့္မိသည္။
ဒါ Seaရဲ့အခန္းပဲ...

"ေနသာေရာ"

ကိုင္း ဝုန္းခနဲထကာ ေမေမ့အသံျဖင့္ဆူညံေနေသာ ကိုင္းရဲ့အခန္းဆီေျပးလာခဲ့ေတာ့ Seaနဲ႔ေနသာက ကိုင္းရဲ့အိပ္ယာေပၚမွာ။

"Sea မင္း..."

"မဟုတ္ဘူး အန္တီထင္သလိုမဟုတ္ဘူး အဟင့္!.. နင္ ဘာလို႔ဒီအခန္းေရာက္ေနတာလဲ Sea"

"ညကတည္းက ငါဒီမွာအိပ္မယ္လို႔ေျပာသားပဲ နင္.. နင္အခန္းမွားဝင္လာတာ ညတုန္းက နင္တို႔မူး.."

ကိုင္း မ်က္လံုးျပဴးသြားကာ Seaအနားေျပးသြားၿပီး ပါးစပ္ကိုအတင္းပိတ္ကာ သူတို႔ၾကားေမြ့ရာေပၚ ထိုင္ခ်ပစ္လိုက္သည္။
ညတုန္းက ေသာက္ထားတာကို ေမေမမိသြားလ်ွင္ ႏွစ္ေယာက္လံုးေသမွာမလား…
စပ္ၿဖဲျဖဲမ်က္ႏွာျဖင့္ ကိုင္းသည္ ေမေမ့ရဲ့ေဒါသအၾကၫ့္ေတြႏွင့္ Seaတို႔ႏွစ္ေယာက္ရဲ့အၾကၫ့္ေတြကို မသိက်ိဳးကၽြံျပဳရင္း...

"သူတို႔ႏွစ္ေယာက္က တဲြေနတာၾကာၿပီ ေမေမ"

"ဘာ!!"

"ကိုင္း!"

ကန႔္ကြက္လာမၫ့္ေနသာ့ကို ကိုင္းလွၫ့္ၾကၫ့္ၿပီး မ်က္လံုးတစ္ဖက္မိွတ္ျပလိုက္ကာ ေမေမ့ကိုျပန္ၾကၫ့္ေတာ့ ေမေမက ေဒါသျဖစ္ေနဆဲ။
ပို႔မယ့္ပို႔ ကူးတို႔အထိေရာက္ေအာင္ ပို႔ေပးေတာ့ဖို႔လည္း ႀကိတ္ဆံုးျဖတ္လိုက္ၿပီး ဆတ္ခနဲေခါင္းညိတ္ျပလိုက္ကာ…

"ကိုင္းေျပာတာတကယ္ပါ သမီးတို႔ပန္းပဲြေတာ္သြားကတည္းက သူတို႔တဲြေနတာပါ"

"ကိုင္း"

"ဒီကိစၥကေရာ ဘယ္သူ႔အႀကံလဲ"

"ဘယ္သူ႔အႀကံမွမဟုတ္ပါဘူး ဒါေပမယ့္ ဒီလိုျဖစ္သြားတာက ကိုင္းေၾကာင့္ပါ"

"Sky ေအာက္ဆင္းခဲ့"

ေမေမက ထိုမ်ွသာေျပာကာ လွၫ့္ထြက္သြားေတာ့ တစ္ခ်ိန္လံုးၿငိမ္ေနၾကရသၫ့္ Seaနဲ႔ေနေနက ကိုင္းကိုေခါင္းအံုးေတြႏွင့္ ဝိုင္းထုၾကေတာ့၏။
ေနရင္းထိုင္ရင္း အိမ္ေထာင္သည္ဘဝကို ကိုင္းကတြန္းပို႔မိသည္မဟုတ္လား...

"မ နင္အေတာ္ေမႊတာပဲ"

"အဲ့လိုဆို နင္ေျပာလိုက္ေလ ညကမူးၿပီးေသာင္းက်န္းၾကတာ ေနသာကငိုၿပီး နင့္ကိုရင္ဖြင့္တာ"

"မ"          "ငါဘာရင္ဖြင့္လို႔လဲ"

"နင္ပဲ ပင္လယ္ဆိုတာ အခ်စ္ပဲဆို"

"မ နင္ေသၿပီသာမွတ္..."

ဒီတစ္ခါေတာ့ အလြန္ေဒါသျဖစ္သြားေသာSeaက ကိုင္းကို တကယ္လုပ္ေတာ့မွာမို႔ လွစ္ခနဲထေျပးရင္း ကိုင္းအေရာက္တြန္းပို႔လိုက္ေသး၏။

"နင္တို႔က ယူကိုယူရေတာ့မွာ တစ္ညလံုးအတူတူဖက္အိပ္ၿပီးၿပီဆိုေတာ့.."

"မ"

💞💞💞💞💞💞

Part 15 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Czytaj Dalej

To Też Polubisz

21.5K 1.9K 46
Yeh kahani hai Vansh aur Riddhima ki.... 🥀 Jo ek dusre se beintehaa pyar krte hai..... Pr unnke zindagi mai kuch aisa hua ki dono ek doosre se jud...
19.7K 733 8
simple story 💛 [Unicode only]
6.1K 121 15
အချစ်ကြမ်းတဲ့လူကြီး "မဟာစည်း" ကောင်မလေးကို ချစ်လွန်းလို့ အတင်းလက်ထပ်ယူခဲ့တဲ့ အချစ်ကြမ်းသူကြီး အငြိုးကြီးကြီး ကောင်မလေး "မေလဝန်း" ချစ်သူရဲ့ သေဆုံးမူအတ...
854K 86.8K 30
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...