The Villain Dressed As a Litt...

Por Mimosa2002

90.1K 15.5K 447

Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - U... Más

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16 (Thadingyut Surprise)
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
ဟီးဟီး
Chapter 29
Chapter 30
Chapter 32
Chapter 33
Chapter 34
Chapter 35
တောင်းပန်စာ
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38.1
Chapter -38.2
Chapter 39
Chapter -40.1
Chapter -40.2
Chapter -41.1
Chapter -41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter - 46

Chapter 31

1.2K 260 13
Por Mimosa2002

  လင်ရှီးနှုတ်ခမ်းကိုကိုက်ပြီးမျက်မှောင်ကိုတင်းတင်းကျုံ့လိုက်သည်။ သူဘာလို့ချင်ရှောင်းနဲ့ အိပ်လိုက်မိလဲဆိုတာ မသိတော့ချေ။

      လင်ရှီးဖြည်းညှင်းစွာ အသက်ရှူလိုက်သည်။

     အဲ့ဒါကဖြစ်ပြီးသွားတဲ့ကိစ္စပဲ။ နောင်တရတာပဲဖြစ်ဖြစ် အနှောင့်အယှက်ပဲဖြစ်ဖြစ် မတတ်နိုင်တော့ဘူး။

      သူ့မှာအချိန်နောက်ပြန်ဆုတ်တဲ့စွမ်းရည်မှမရှိတာ...

     ရိုးရိုးသားသားပြောရရင် လင်ရှီးအဲ့ဒီအကြောင်းကို ခဏလောက်ပြန်စဉ်းစားခဲ့ပေမယ့် တကယ်တမ်းတော့ပြန်တွေးစရာမလိုအောင်ကို အဲ့ဒီအဖြစ်အပျက်တွေက အဲ့အဖြစ်အပျက်တွေက သူ့စိတ်နှလုံးသားထဲရှင်းရှင်းလင်းလင်းကို မှတ်မိနေခဲ့သည်။

      ဒါက တကယ်ကိုအရမ်းပျော်ဖို့ကောင်းတဲ့ကိစ္စပဲ။

    ပင်လယ်စာပွဲကြီးထက်တောင်ပိုပြီး အရသာရှိပုံရတယ်။

     အဲ့တာကပင် လင်ရှီးကို သူ့နှလုံးသားလေးတုန်တုန်ယင်ယင်ဖြစ်စေတဲ့ခံစားချက်မျိုး ခံစားရစေသည်။

      သူ့ကိုရိုးတွင်းခြင်ဆီအရသာကို သိအောင်နည်းနည်းလေးမြည်းစမ်းခွင့်ပြုလိုက်တာပင်။

     [T/N- မလုပ်ဖူးတဲ့အရာတစ်ခုကိုလုပ်ဖူးအောင်စမ်းသပ်ခိုင်းလိုက်သလိုမျိုးပါ]

    ဒါပေမဲ့ နောက်တစ်ကြိမ်ဆိုတာရှိတော့မည်မဟုတ်မှန်း လင်ရှီးသိသည်။

      လင်ရှီးအားနည်းတဲ့လူတစ်ယောက်အဖြစ် ပြုစုပျိုးထောင်ခံနေရတာကိုမကြိုက်ပေ။

     သူထွက်ပြေးမယ့်အစီအစဉ်ကိုအကောင်အထည်ဖော်ရမယ့်အချိန်ဆိုတာ သူသိ၏။

      လင်ရှီးလူမသိအောင်တိတ်တိတ်လေး ဘယ်လိုပြေးရမလဲဆိုတာစဉ်းစားနေလိုက်သည်။

        တစ်စုံတစ်ယောက်ကအခွင့်အရေးကို ယူဆောင်လာခဲ့သည်။

      ချင်ရှောင်းရဲ့ရာထူးကြောင့်သူက အမြဲတမ်းအိမ်မှာမရှိပဲ မကြာခဏဆိုသလို ရက်အနည်းငယ် ဒါမှမဟုတ် ပိုကြာကြာအပြင်ထွက်နေရတတ်သည်။

     မတိုင်မီက ပါတီပွဲမှာတွေ့ခဲ့ရသည့် ရေသူမကိုလင်ရှီးဆက်သွယ်လိုက်၏။

     ဖုန်းလန်က လင်ရှီးကိုကြယ်သီးပုံစံဆက်သွယ်ရေးစက်တစ်ခုပေးထားခဲ့တာကြောင့် လင်ရှီးယူထားခဲ့သည်။

      လင်ရှီးကို ဖုန်းလန်က ချင်ရှောင်းရဲ့စာကြည့်ခန်းထဲရှိ ကွန်ပျူတာကိုခိုးဖွင့်ကာ ဝဘ်ဆိုက်အချို့ကိုဖွင့်၍အကောင့်ထဲဝင်စေပြီး အဲ့ဒီနောက်ကွန်ပျူတာထဲက လျှို့ဝှက်ချက်တွေခိုးမယ့်ကိစ္စကို လင်ရှီးလုပ်စရာမလိုဘဲ ဖုန်းလန်ဘက်ကကျွမ်းကျင်ဟက်ကာက အကောင့်ထဲဖောက်ဝင်ကာခိုးယူမှာဖြစ်သည်။

    လင်ရှီး ပြောသလိုလုပ်လိုက်ကာ တစ်ချိန်ထဲမှာပဲဖုန်းလန်ကို ချင်ရှောင်းရဲ့ကွန်ပျူတာကိုဟက်ပြီးအထဲကအချက်အလက်တွေခိုးပြီးနောက် သူ့အားအကူအညီတစ်ခုပေးရန်လောဆော်ခဲ့သည်။

      သူပင်လယ်ကြီးဆီထွက်သွားမယ်။

     အပြင်ပန်းမှာတော့ ဖုန်းလန်သဘောတူလိုက်ပေမယ့် တကယ်တမ်းတော့ သူမသခင်ကလင်ရှီးဆီကကွဲပြားချက်ကိုမြင်ပြီးသားဖြစ်နေ၏။ ချင်ရှောင်းသဘောကျရတဲ့ရေသူက သေချာပေါက်သာမန်ရေသူတစ်ကောင်တော့ မဟုတ်ဘူးပေါ့။

    ဒီလိုရေသူမျိုးကိုသူ့အနေနဲ့ လုံးဝအသုံးချနိုင်လျှင် ဒီလိုကိစ္စကြီးတွေရဲ့ရလာဒ်က နှစ်ဆဖြစ်‌သွား‌နိုင်သည်။

    ထို့ကြောင့် လင်ရှီးရဲ့ထွက်ပြေးမဲ့ကိစ္စကို ကူညီဖို့အသုံးပြုမည့်လူတွေက သူ့သခင်ရဲ့‌လူတွေပင်။

     ဒါ့အပြင်အရင်က တစ်ခုခုဖြစ်လို့ဆေးရုံတက်နေရတဲ့ သူငယ်ချင်းတစ်ယောက်ရှိကြောင်းကိုလည်း လင်ရှီးပြောခဲ့သည်။

    သူထွက်သွားတဲ့အချိန်မှာ သူ့သူငယ်ချင်းလင်ကျင့်ကိုပါ ခေါ်သွားမှာဖြစ်သည်။

     သေချာပေါက်ဖုန်းလန်ကတော့ ပြဿနာမရှိဘူးပြောတာပေါ့။

     အဝေးရောက်နေတဲ့ချင်ရှောင်းကတော့ အိမ်မှာဖြစ်ပျက်နေတဲ့ ကွန်ပျူတာဟက်ခံရတာရော၊ လင်ရှီးထွက်ပြေးတာကိုရောမသိပေ။ သူကအလုပ်ပြီးတာနှင့် တတ်နိုင်သမျှ စောစောပြန်ရမယ်လို့သာတွေးနေခဲ့သည်။

      သူ့မှာရေသူလေးနှင့် ရင်းနှီးတဲ့ဆက်ဆံရေးရှိသွားပြီဖြစ်ကာ တစ်ဖက်ကနိုးမလာခင်ထွက်လာတာကြောင့် လင်ရှီးစိတ်ဆိုးနေမလားသူမသိချေ။

      သူအိမ်ပြန်ရောက်တဲ့အခါ လင်ရှီးကိုတောင်းပန်ပြီး ဒီဘဝမှာသူ့ကိုအဖော်လုပ်ပေးမယ့်သူက လင်ရှီးပဲဖြစ်တယ်ဆိုတာကို ရေသူလေးနဲ့ရှင်းရှင်းလင်းလင်းလုပ်မယ်လို့တောင် သူစဉ်းစားနေသည်။

      ဖုန်းလန်၏အနောက်ကလူသားရဲ့ အင်အားကကြီးမားပြီး လင်ရှီးနဲ့လင်ကျင့်ကိုခေါ်ထုတ်သွားဖို့ဆိုတာအတော်လေးလွယ်ကူလှသည်။

      လင်ရှီး ဆေးရုံသွားတဲ့လမ်းမှာဖြစ်သည်။ မတော်တဆလို့ထင်ရပေမယ့် ကြိုတင်စီစဉ်ထားသည့်မတော်တဆက ချင်ရှောင်းရဲ့ကိုယ်ပိုင်စောင့်ကြည့်စစ်ဆေးမှုကနေ လွတ်မြောက်စေခဲ့၏။ လင်ရှီးသူ့ကိုလာခေါ်တဲ့လူတွေရဲ့ ယာဉ်ပျံပေါ်တက်သွားလိုက်သည်။

       ယာဉ်ပျံပေါ်တွင်စောင့်နှင့်နေသည့် လင်ကျင့်ကိုလင်ရှီးမြင်လိုက်ရ၏။

      သူတက်လာတာနဲ့ လင်ကျင့်ကစိတ်လှုပ်ရှားစွာပြေးလွှားလာခဲ့သည်။ ထွက်ပြေးတာနှင့်ပတ်သက်ပြီး အရင်ဆုံးလင်ကျင့်ကိုမပြောထားနှင့်ဖို့ ဖုန်းလန်ကိုသူပြောထား၏။ လင်ကျင့်က သတင်းပေါက်ကြားသွားစေမှာကို သူကြောက်ရွံ့တာကြောင့်သာမက လင်ကျင့်အဲ့တာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်သွားမှာကို သူမလိုချင်တာကြောင့်လည်းပါသည်။

      လင်ကျင့်ပြေးလာပြီးနောက် ဖုန်းလန်လည်းသူ့ဘေးကိုလျှောက်လာခဲ့၏။

      သူမ‌မျက်နှာပေါ်ကအပြုံးတွေကဖော်ရွေမှုနဲ့ပြည့်နေပြီး လင်ရှီးရဲ့စွမ်းရည်က ကြိုတင်နမိတ်ပြထားတာမဟုတ်ပါက ဖုန်းလန်ကသူတို့ကိုကြင်ကြင်နာနာနဲ့ကူညီပေးနေတယ် လို့တောင်ထင်သွားနိုင်သည်။

      သို့သော်ငြားလင်ရှီးမှာကြိုတင်နမိတ်ဖတ်စွမ်းရည်ရှိတာကြောင့် ဖုန်းလန်နဲ့သူမရဲ့လူသားသခင်တို့က တစ်ဖွဲ့တည်းဆိုတာကို လင်ရှီးသိနေ၏။

       သူတို့ကမျိုးနွယ်တစ်ခုတည်းကဖြစ်နေရင်တောင်မှ ဒီတစ်ကြိမ်ဖုန်းလန်ကူညီရတာက သူမသခင်ကလင်ရှီးကိုလုံးဝထိန်းချုပ်ချင်နေခြင်းကြောင့်သာ။

      ထိုလူက လင်ရှီးကိုသူ့ရည်ရွယ်ချက်တွေပြီးမြာက်အောင် အသုံးချချင်နေတာပင်။

      ဒီကိစ္စမှာကစားဖို့(playဖို့) လင်ရှီးကအနုပညာကျောင်းသားမဟုတ်ပေမယ့် သူကတကယ်တမ်းကျွမ်းကျင်သူဖြစ်သည်။
[T/N- ဟန်ဆောင်ကောင်းတယ် သရုပ်ဆောင်ကောင်းတယ်ပြောတာပါ]

      ဗီလိန်ဖြစ်ခဲ့တဲ့ဘဝတုန်းက တစ်ချို့ရည်ရွယ်ချက်တွေမှာ လင်ရှီးဟန်ဆောင်နေခဲ့တယ်လို့ပြောလို့ရပေသည်။

     လင်ရှီး လင်ကျင့်ကိုဖက်ပြီးကျောကိုပုတ်လိုက်၏။

     ဒီကမ္ဘာမှာ လင်ရှီးအယုံကြည်ရဆုံးကိုပြောရမယ်ဆိုလျှင် လင်ကျင့်ကိုဘယ်အရာကမှမကျော်နိုင်ပေ။

     လင်ရှီး လင်ကျင့်ကိုလွှတ်ရန်အချက်ပြလိုက်ပြီး ဖုန်းလန်ကိုကြည့်ကာရိုးသားစွာနဲ့ ကျေးဇူးတင်လိုက်၏။

     "ကျေးဇူးတင်ပါတယ် ဖုန်းလန်"

     "မလိုပါဘူး၊ တစ်ယောက်ကိုတစ်ယောက်ကူညီကျတာပဲဟာ"

      ဖုန်းလန်လင်ရှီးကိုပြောလိုက်၏။ ယာဉ်ပျံကမတ်တပ်ရပ်ဖို့အဆင်မပြေတာကြောင့် လင်ကျင့်ထိုင်ချလိုက်သည်။ လင်ရှီးလည်း လင်ကျင့်လက်ကိုကိုင်ပြီးလင်ကျင့်နှင့်အတူထိုင်လိုက်၏။

     ဖုန်းလန်၏မျက်လုံးတွေက လင်ရှီးနှင့်လင်ကျင့်ရဲ့လက်တွေမှာ နှစ်စက္ကန့်လောက်ရပ်တန့်နေပြီးနောက် လင်ရှီးကိုသူမထပ်ကြည့်လိုက်သည်။ ဤမျက်နှာလေးက ပထမဆုံးဆုံတွေ့မှုမှာတင် အံ့အားသင့်သွားစေခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ပိုပြီးတောင်အကျိုးသက်ရောက်မှုရှိလှပေသည်။

      အရမ်းလှပြီး ထက်ရှတယ်။

      ထက်ရှနေတဲ့ဓားသွားတစ်ခုလို သူ့ကိုမြင်တဲ့ဘယ်သူမဆို‌ဆွဲဆောင်ခံရနိုင်သည်။

       ရေသူမတစ်ကောင်အနေနဲ့ သဘာဝကျကျပင် ဖုန်းလန်အမျိုးအစားတူတဲ့အခြားသူတွေကိုမြင်ဖူးသည်။

      လူသားတွေရဲ့လွှမ်းမိုးခြင်းကိုခံရတဲ့ အဲ့ဒီရေသူတွေနဲ့ယှဉ်ရင် လင်ရှီးကကွဲပြားသည်ဆိုတာကို ဖုန်းလန်သိသည်။

     ဒီကွဲပြားခြားနားမှုက ဘာကိုမှစိတ်ဝင်စားမှုမရှိပဲကြမ်းတမ်းနေတဲ့ ချင်ရှောင်းကို လှုပ်ရှားစေခဲ့တာပင်။

     သူမရဲ့သခင်က လင်ရှီးကိုထိန်းချုပ်ပြီးအသုံးချချင်နေသည်။ ဖုန်းလန်ရဲ့အတွေးထဲမှာတော့ ဒီကိစ္စကသူမကိုသဝန်‌တိုအောင်မလုပ်နိုင်ပါချေ။

      အဘယ့်ကြောင့်ဆိုသော် လင်ရှီးမှာလှပတဲ့အသားအရည်၊ လှပတဲ့မျက်လုံးမျက်ခုံးတွေ၊ ထူးခြားတဲ့ပင်ကိုယ်လက္ခဏာတွေ ရှိနေပေမယ့်လည်း ဒီလောက်နဲ့တော့ လင်ရှီးက သူမရဲ့နေရာကိုအစားထိုးမဝင်နိုင်ပေ။

     ဘယ်သူမှ သူမရဲ့နေရာအစားမဝင်နိုင်ဘူး။

      ဖုန်းလန် သူမစိတ်ထဲတစ်ခုခုတွေးပြီးနောက် လင်ရှီးကိုမေးလိုက်၏။

       "နင် နင့်သူငယ်ချင်းနဲ့ ပင်လယ်ထဲကိုတကယ်သွားချင်တာလား?" "ပင်လယ်ကြီးကအဆုံးမဲ့အောင်ကျယ်လွန်းတယ်၊ နင်တို့နှစ်ယောက်ထဲ ဒီလိုဦးတည်ရာမဲ့လိုက်ရှာနေရင် ရေသူမျိုးနွယ်စုကို ရှာတွေ့မှာမဟုတ်ဘူး"

      'တကယ်လို့ သူတို့ရှာတွေ့သွားရင်တောင် လူသားတွေနဲ့ပတ်သက်ဆက်နွယ်ဖူးတဲ့ရေသူတွေကို ရေသူမျိုးနွယ်စုကလက်ခံမှာမဟုတ်ဘူး'

    အနောက်ကစကားကိုတော့ဖုန်းလန်မပြောလိုက်ပေ။

    လင်ရှီးတို့ကို မျှော်လင့်ချက်ပေးပြီးမှရိုက်ချိုးလိုက်တာ မဆိုးပါဘူးလေ။

       ဖုန်းလန်ရဲ့အမူအရာက လင်ရှီး‌တို့အပေါ်စိတ်ရင်းနဲ့ တွေးပေးနေတယ်လို့ထင်ရပေမယ့် လင်ရှီးကတော့သူမက သူတို့ရှေ့မှာသရုပ်ဆောင်နေတယ်ဆိုတာကို လုံးဝသိနေပေသည်။

      လင်ရှီးခေါင့်ငြိမ့်လိုက်ပြီး သူ့ရဲ့အမူအရာကပြောင်းလဲမှုမရှိဘဲ

       "မတွေ့လဲကိစ္စမရှိပါဘူး၊ ရှာတာရပ်ပြီး ငါတို့တစ်နေရာရာမှာအခြေချလိုက်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် လူသားတွေရဲ့မွေးမြူခံရတာထက်တော့ပိုကောင်းတယ်"

      ဖုန်းလန်ရဲ့နှုတ်ခမ်းတွေက အနည်းငယ်ဟသွားပြီး ပြောချင်တာတွေကိုပြန်မျိုချလိုက်ရ၏။

      "ရေသူတွေရဲ့အသွင်အပြင်က လူသားတွေခွဲခြားဖို့အရမ်းလွယ်တယ်၊ တကယ်လို့နင်တို့အခြေချဖို့နေရာရှာတဲ့အခါ လူသားတွေနဲ့ဝေးနိုင်သမျှဝေးဝေးနေသင့်တယ်၊ ဒီအထဲမှာနင်တို့အတွက် ပိုက်ဆံနည်းနည်းရှိတယ်။ နင်တို့နှစ်ယောက် နှစ်နှစ်လောက်တော့သုံးလို့လောက်မှာပါ"

        ဖုန်းလန်က လင်ရှီးလက်ထဲစက်သေးသေးလေးတစ်ခု ထည့်ပေးလာသည်။

     ထိုစက်လေးက လုပ်ဆောင်ချက်တွေအတော်လေးပါဝင်ပြီး အွန်လိုင်းရှော့ပင်နဲ့ ဆက်သွယ်ရေးတောင်လုပ်လို့ရသည်။

      ဖုန်းလန် လင်ရှီးနောက်ပိုင်းကျသူမကို မဆက်သွယ်ချင်မှာကိုတွေးမိလိုက်တာကြောင့် ဆက်သွယ်ရေးကိုဘယ်လိုသုံးရတယ်ဆိုတာပြောပြလိုက်၏။

      သူမကအရာရာကိုလိုက်တွေးနေတဲ့ပုံပင်။

      လင်ရှီးက ဖုန်းလန်ကိုမယဉ်ကျေးခဲ့ပေမယ့်လည်း အဲ့တာကိုယူပြီးလက်ထဲကိုင်ထားလိုက်၏။

     [T/N- သူတို့ဆီမှာယဉ်ကျေးတယ်ဆိုတာအားနာတာတို့၊ ငြင်းတာတို့ အားနာပြီးကျေးဇူးတင်တာတို့ပါ]

     ဒီနေရာကပင်လယ်အစပ်နဲ့အနည်းငယ်ဝေးပြီး အဲ့ဒီနေရာကိုရောက်ဖို့ တစ်နှာရီနှစ်နာရီလောက် ပျံသန်းရပေမည်။

     ဖုန်းလန်က လမ်းတစ်ဝက်မှာတင် ယာဉ်ပျံပေါ်ကဆင်းလိုက်၏။ သူမမှာအခြားအလုပ်ကိစ္စတွေရှိသေးတာကြောင့် လင်ရှီးတို့ကိုလိုက်မပို့နိုင်ပေ။

      သူမကပြုံးပြီး "ငါတကယ်ခွဲခွာရတာကိုမကြိုက်ဘူး"

      "ဒါဆိုငါတို့နဲ့လိုက်လေ" လင်ရှီးပြန်ဖြေလိုက်သည်။
[ဆရာသမားကနော်🤣]

       ဖုန်းလန်ခဏတာမျှအေးခဲသွားပြီး လင်ရှီးကိုဗလာမျက်လုံးတွေနှင့်ကြည့်နေမိသည်။ လင်ရှီးရဲ့အာရုံစူးစိုက်ထားတဲ့မျက်လုံးတစ်စုံကြောင့် လင်ရှီးနောက်နေတာမဟုတ်မှန်းသိလိုက်ရ၏။

      ဖုန်းလန်စိတ်နည်းနည်းလှုပ်ရှားသွားတယ်။

     "ဟင့်အင်း၊ ငါလူသားကမ္ဘာမှာပဲဘဝကိုကုန်ဆုံးတော့မှာ။ နင်တို့အဆင်ပြေပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်"

     ဖုန်းလန်ထွက်ခွာသွားလေပြီ။

     အဲ့ဒီခဏမှာ သူမတကယ်ကိုခေါင်းငြိမ့်သဘောတူချင်ခဲ့ကြောင်းနဲ့ လင်ရှီးလိုချင်တဲ့ လွတ်လပ်မှုကို ဘာလို့သူမ မလိုချင်တာလဲ ဆိုတဲ့အကြောင်းကို လင်ရှီးကိုမပြောပြနိုင်ခဲ့ဘူး။

     ဒါပေမယ့် သူမအတွက်လွတ်လပ်ခြင်းဆိုတာက အာဏာလောက်ဆွဲဆောင်မှုမကြီးမားပေ။

      လူသားတွေကရေသူတွေကို အမြဲတမ်းထိန်းချုပ်ခဲ့ပြီး ဖုန်းလန်ကလည်းသူမကိုထိန်းချုပ်ခဲ့တဲ့ အဲ့ဒီလူသားတွေကိုကြည့်ပြီး သူမလူသားတွေကိုထိန်းချုပ်ချင်နေပေသည်။

        "အစ်ကို" လင်ရှီးထိုင်လိုက်ပြီးနောက် လင်ကျင့်ရဲ့အညိုဖျော့ရောင်မျက်လုံးလေးတွေက လင်ရှီးဆီကျရောက်လာ၏။

     သူကိုယ်တိုင်ပဲအမှတ်မှားတာလားမသိဘူး။ ဒီနေ့ရဲ့လင်ရှီးက အရင်တုန်းကနဲ့မတူဘူးလို့ လင်ကျင့်ခံစားမိသည်။

      လင်ရှီးလင်ကျင့်ကိုပြန်ကြည့်လိုက်တော့ လင်ကျင့်ရဲ့ဝိုင်းစက်နေတဲ့မျက်ဝန်းတွေကနေ အနာဂါတ်အတွက်စိုးရိမ်နေတဲ့ အရိပ်အယောင်တွေမြင်လိုက်ရတော့သည်။

     "ဘာမှမဖြစ်ဘူး၊ ခဏနေရင်ကမ်းစပ်အကြီးကြီးကိုရောက်တော့မယ်"

     လင်ရှီးလင်ကျင့်ကိုနှစ်သိမ့်ပေးလိုက်၏။

     လင်ကျင့်ခေါင်းငြိမ့်လိုက်ပေမယ့်လည်း အစကပြေလျော့နေတဲ့သူ့မျက်ခုံးတွေက မသိမသာကျုံ့သွားလေသည်။

     လင်ကျင့်အဆင်မပြေသေးဘူးဆိုတာသတိပြု‌မိတော့ လင်ကျင့်ကအန္တရာယ်အချို့ကိုခံစားမိနေပုံရတယ်လို့ လင်ရှီးတွေးမိတော့သည်။

      ဘယ်လိုပဲဖြစ်ဖြစ်သူတို့တွေက‌ ရေသူတွေပဲလေ။ သူတို့ရဲ့အာရုံခံစားနိုင်စွမ်းက လူသားတွေထက်တောင်ပိုထက်ရှသေးတယ်။

     ယာဉ်ပျံကမြန်မြန်ဆန်ဆန်ပျံ‌သန်းနေပေမယ့် ပင်လယ်ကိုအခုထိမမြင်ရသေးပေ။

     ယာဉ်ပျံပေါ်တွင်လူသားတွေရှိနေပြီး တစ်ယောက်ကရေနှစ်ခွက်နှင့်လျှောက်လာ၏။ အချိန်အချို့ပျံသန်းပြီနောက် ရေသူထီးလေးနှစ်ကောင်အတွက် သောက်ဖို့ရေယူလာပေးခြင်းပင်။ လင်ကျင့်ကရေထဲဆေးခပ်ထားတာမသိတာကြောင့် ခွက်ကိုယူပြီးအငမ်းမရသောက်တော့သည်။ ရေသောက်ပြီးတဲ့နောက် ရေငတ်မပြေသေးတာကြောင့် ထိုလူသားကိုနောက်တစ်ခွက်ထပ်ပေးဖို့ တောင်းဆိုလိုက်သည်။

     လင်ရှီးက လင်ကျင့်ကိုသူ့ရေအားပေးလိုက်လေသည်။

       အဲ့ဒီနောက်လင်ကျင့်ရဲ့ခွက်ကို လူသားဆီပေးပြီး သူ့ကိုရေနည်းနည်းလောက်ပေးဖို့ပြောလိုက်၏။

     ရေတစ်ခွက်ကရောက်လာခဲ့ပြီး လင်ရှီးဆေးခပ်ထားမှန်းသိပေမယ့်လည်း တုံ့ဆိုင်းခြင်းမရှိပဲ‌ခေါင်းမော့ကာသောက်လိုက်သည်။

      ရေသောက်ပြီးတဲ့နောက် လင်ရှီးတမင်သပ်သပ် လူသားရဲ့အမူအရာကိုကြည့်လိုက်၏။ တစ်ဖက်ကအမူအရာကိုဖုံးကွယ်ထားပေမယ့်လည်း လင်ရှီးတစ်ခုခုထူးဆန်းနေတာကိုမြင်နေဆဲပင်။

       ယာဉ်ပျံ၏အတွင်းပိုင်းက အရမ်းကျယ်ပြီး သန့်စင်ခန်းလည်းရှိသည်။

     လင်ရှီးသန့်စင်ခန်းစီလျှောက်သွားလိုက်ကာ ထိုလူတွေကို စောင့်ကြည့်နေလိုက်၏။ သူတို့ကိုစောင့်ကြည့်နေတဲ့လူသားက သံသယမဝင်ပဲ လင်ရှီးနောက်ကိုလိုက်မလာခဲ့ပေ။ လင်ရှီးနဲ့လင်ကျင့်နှစ်ယောက်လုံး သူတို့ရှေ့မှာတင်ရေသောက်လိုက်ပြီး ဆိုလိုချင်တာက သူတို့နှစ်ယောက်က အင်တာနက်ကငါးတွေ‌ဖြစ်ကာ ထွက်ပြေးဖို့ဆိုတာမဖြစ်နိုင်ပေ။

    [T/N- လက်ခုပ်ထဲကရေလိုမျိုးဆိုလိုချင်တာလားမသိဘူး]

     လူသားတွေကတော့ လင်ရှီးသန့်စင်ခန်းသွားပြီး သောက်ခဲ့တဲ့ရေတွေကိုအန်ထုတ်လိုက်တယ်ဆိုတာကို မသိလိုက်ချေ။

     လင်ရှီးဆေးခပ်ခံရမယ်ဆိုတာ ကြိုတင်မြင်ထားတာကြောင့် လုံလုံလောက်လောက်ကြိုတင်ပြင်ဆင်ခဲ့သည်။

     ရေသူတွေရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံတွေက ကြည့်ရင်လူသားနဲ့တော်တော်တူပေမယ့် အတွင်းပိုင်းအင်္ဂါတွေကကွဲပြားလှသည်။

      လင်ရှီးသောက်ခဲ့သမျှရေတွေကို အန်ထုတ်ပစ်လိုက်၏။

      ဖုန်းလန်ယူလာတဲ့ဆေးတစ်ချို့လို့ ခန့်မှန်းမိကာ အဲ့တာတွေကအဆိပ်မဟုတ်ပေ။

     သူတို့ကိုသေအောင် အဆိပ်ခပ်သတ်ဖို့မလိုပါချေ။ ဖုန်းလန်ရဲ့သခင်က သူတို့ကိုကောင်းကောင်းအသုံးချချင်နေတာပင်။

      လင်ရှီးနဲ့လင်ကျင့်က ရေသူတွေဖြစ်ပြီး ဘယ်ဂယက်ထမှုမျိုးကိုမှမလုပ်နိုင်တာကြောင့် သူတို့ကိုဆန့်ကျင်ဖို့မလုပ်နိုင်ဘူးလို့ ထင်နေကြတာဖြစ်နိုင်သည်။

      လင်ရှီးပိပိရိရိဟန်ဆောင်ခဲ့တာလို့သာပြောနိုင်တော့သည်။

       ယာဉ်ပျံထဲမှာလက်နက်တွေရှိပြီး လင်ရှီးတိတ်တိတ်လေးရှာ‌ဖွေနေခဲ့ပြီးသားပင်။

       တစ်ချိန်တည်းမှာပင် လင်ရှီးတစ်ခုကိုသတိပြုမိသွားသည်။ အဲ့တာကခုနကမတ်တပ်ရပ်နေတဲ့လူသားရဲ့မျက်လုံးတွေက သူ့ရဲ့မျက်နှာဆီကျရောက်နေတာပဲဖြစ်သည်။

      သိသာစွာနဲ့သူ့ရဲ့မျက်နှာလှလှလေးကလူသားတွေကိုဆွဲဆောင်ဖို့ လုံလုံလောက်လောက်ဆွဲဆောင်မှုရှိနေ၏။

      ထူးကဲတဲ့အသွင်အပြင်က လင်ရှီးအတွက်လက်နက်တစ်ခုဖြစ်သည်။

       သူကတော့လက်နက်တစ်ခုလို့မြင်နေတာပင်။

      ယာဉ်ပျံကဆက်ပြီးပျံသန်းနေ၏။

      သိပ်မကြာခင်မှာပဲ ပြတင်းပေါက်ကနေအပြင်ဘက်ကပင်လယ်ကြီးကို မြင်လိုက်ရသည်။ ရေလှိုင်းတွေကတလိပ်လိပ်နှင့်ပင်။ သူလူသားဖြစ်ခဲ့တုန်းကပင်လယ်ကိုသိပ်မကြိုက်‌ခဲ့ပေ။ အခုတော့သူကရေသူဖြစ်နေပေပြီ။

     ပင်လယ်ကိုသူမြင်လိုက်ရတဲ့အချိန် သူ့ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းအနက်‌တစ်နေရာကနေ ပျော်ရွှင်စိတ်လှုပ်ရှားမှုကိုခံစားလိုက်ရ၏။

      သူယာဉ်ပျံထဲကနေတောင်ခုန်ထွက်ပြီး ပင်လယ်ထဲခုန်ချလိုက်ချင်မိသည်။

     

#6.12.2022

အချစ်ကလေးကတော့ထွက်ပြေးပါပြီ။




~~Zawgyi ~~

လင္ရွီးႏႈတ္ခမ္းကိုကိုက္ၿပီးမ်က္ေမွာင္ကိုတင္းတင္းက်ဳံ႕လိုက္သည္။ သူဘာလို႔ခ်င္ေရွာင္းနဲ႕ အိပ္လိုက္မိလဲဆိုတာ မသိေတာ့ေခ်။

   လင္ရွီးျဖည္းညွင္းစြာ အသက္ရႉလိုက္သည္။

  အဲ့ဒါကျဖစ္ၿပီးသြားတဲ့ကိစၥပဲ။ ေနာင္တရတာပဲျဖစ္ျဖစ္ အႏွောင့္အယွက္ပဲျဖစ္ျဖစ္ မတတ္နိုင္ေတာ့ဘူး။

   သူ႕မွာအခ်ိန္ေနာက္ျပန္ဆုတ္တဲ့စြမ္းရည္မွမရွိတာ...

  ရိုးရိုးသားသားေျပာရရင္ လင္ရွီးအဲ့ဒီအေၾကာင္းကို ခဏေလာက္ျပန္စဥ္းစားခဲ့ေပမယ့္ တကယ္တမ္းေတာ့ျပန္ေတြးစရာမလိုေအာင္ကို အဲ့ဒီအျဖစ္အပ်က္ေတြက အဲ့အျဖစ္အပ်က္ေတြက သူ႕စိတ္ႏွလုံးသားထဲရွင္းရွင္းလင္းလင္းကို မွတ္မိေနခဲ့သည္။

   ဒါက တကယ္ကိုအရမ္းေပ်ာ္ဖို႔ေကာင္းတဲ့ကိစၥပဲ။

  ပင္လယ္စာပြဲႀကီးထက္ေတာင္ပိုၿပီး အရသာရွိပုံရတယ္။

  အဲ့တာကပင္ လင္ရွီးကို သူ႕ႏွလုံးသားေလးတုန္တုန္ယင္ယင္ျဖစ္ေစတဲ့ခံစားခ်က္မ်ိဳး ခံစားရေစသည္။

   သူ႕ကိုရိုးတြင္းျခင္ဆီအရသာကို သိေအာင္နည္းနည္းေလးျမည္းစမ္းခြင့္ျပဳလိုက္တာပင္။

  [T/N- မလုပ္ဖူးတဲ့အရာတစ္ခုကိုလုပ္ဖူးေအာင္စမ္းသပ္ခိုင္းလိုက္သလိုမ်ိဳးပါ]

  ဒါေပမဲ့ ေနာက္တစ္ႀကိမ္ဆိုတာရွိေတာ့မည္မဟုတ္မွန္း လင္ရွီးသိသည္။

   လင္ရွီးအားနည္းတဲ့လူတစ္ေယာက္အျဖစ္ ျပဳစုပ်ိဳးေထာင္ခံေနရတာကိုမႀကိဳက္ေပ။

  သူထြက္ေျပးမယ့္အစီအစဥ္ကိုအေကာင္အထည္ေဖာ္ရမယ့္အခ်ိန္ဆိုတာ သူသိ၏။

   လင္ရွီးလူမသိေအာင္တိတ္တိတ္ေလး ဘယ္လိုေျပးရမလဲဆိုတာစဥ္းစားေနလိုက္သည္။

    တစ္စုံတစ္ေယာက္ကအခြင့္အေရးကို ယူေဆာင္လာခဲ့သည္။

   ခ်င္ေရွာင္းရဲ႕ရာထူးေၾကာင့္သူက အၿမဲတမ္းအိမ္မွာမရွိပဲ မၾကာခဏဆိုသလို ရက္အနည္းငယ္ ဒါမွမဟုတ္ ပိုၾကာၾကာအျပင္ထြက္ေနရတတ္သည္။

  မတိုင္မီက ပါတီပြဲမွာေတြ႕ခဲ့ရသည့္ ေရသူမကိုလင္ရွီးဆက္သြယ္လိုက္၏။

  ဖုန္းလန္က လင္ရွီးကိုၾကယ္သီးပုံစံဆက္သြယ္ေရးစက္တစ္ခုေပးထားခဲ့တာေၾကာင့္ လင္ရွီးယူထားခဲ့သည္။

   လင္ရွီးကို ဖုန္းလန္က ခ်င္ေရွာင္းရဲ႕စာၾကည့္ခန္းထဲရွိ ကြန္ပ်ဴတာကိုခိုးဖြင့္ကာ ဝဘ္ဆိုက္အခ်ိဳ႕ကိုဖြင့္၍အေကာင့္ထဲဝင္ေစၿပီး အဲ့ဒီေနာက္ကြန္ပ်ဴတာထဲက လွ်ို႔ဝွက္ခ်က္ေတြခိုးမယ့္ကိစၥကို လင္ရွီးလုပ္စရာမလိုဘဲ ဖုန္းလန္ဘက္ကကြၽမ္းက်င္ဟက္ကာက အေကာင့္ထဲေဖာက္ဝင္ကာခိုးယူမွာျဖစ္သည္။

  လင္ရွီး ေျပာသလိုလုပ္လိုက္ကာ တစ္ခ်ိန္ထဲမွာပဲဖုန္းလန္ကို ခ်င္ေရွာင္းရဲ႕ကြန္ပ်ဴတာကိုဟက္ၿပီးအထဲကအခ်က္အလက္ေတြခိုးၿပီးေနာက္ သူ႕အားအကူအညီတစ္ခုေပးရန္ေလာေဆာ္ခဲ့သည္။

   သူပင္လယ္ႀကီးဆီထြက္သြားမယ္။

  အျပင္ပန္းမွာေတာ့ ဖုန္းလန္သေဘာတူလိုက္ေပမယ့္ တကယ္တမ္းေတာ့ သူမသခင္ကလင္ရွီးဆီကကြဲျပားခ်က္ကိုျမင္ၿပီးသားျဖစ္ေန၏။ ခ်င္ေရွာင္းသေဘာက်ရတဲ့ေရသူက ေသခ်ာေပါက္သာမန္ေရသူတစ္ေကာင္ေတာ့ မဟုတ္ဘူးေပါ့။

  ဒီလိုေရသူမ်ိဳးကိုသူ႕အေနနဲ႕ လုံးဝအသုံးခ်နိဳင္လွ်င္ ဒီလိုကိစၥႀကီးေတြရဲ႕ရလာဒ္က ႏွစ္ဆျဖစ္သြားနိုင္သည္။

  ထို႔ေၾကာင့္ လင္ရွီးရဲ႕ထြက္ေျပးမဲ့ကိစၥကို ကူညီဖို႔အသုံးျပဳမည့္လူေတြက သူ႕သခင္ရဲ႕လူေတြပင္။

  ဒါ့အျပင္အရင္က တစ္ခုခုျဖစ္လို႔ေဆး႐ုံတက္ေနရတဲ့ သူငယ္ခ်င္းတစ္ေယာက္ရွိေၾကာင္းကိုလည္း လင္ရွီးေျပာခဲ့သည္။

  သူထြက္သြားတဲ့အခ်ိန္မွာ သူ႕သူငယ္ခ်င္းလင္က်င့္ကိုပါ ေခၚသြားမွာျဖစ္သည္။

  ေသခ်ာေပါက္ဖုန္းလန္ကေတာ့ ျပႆနာမရွိဘူးေျပာတာေပါ့။

  အေဝးေရာက္ေနတဲ့ခ်င္ေရွာင္းကေတာ့ အိမ္မွာျဖစ္ပ်က္ေနတဲ့ ကြန္ပ်ဴတာဟက္ခံရတာေရာ၊ လင္ရွီးထြက္ေျပးတာကိုေရာမသိေပ။ သူကအလုပ္ၿပီးတာႏွင့္ တတ္နိုင္သမွ် ေစာေစာျပန္ရမယ္လို႔သာေတြးေနခဲ့သည္။

   သူ႕မွာေရသူေလးႏွင့္ ရင္းႏွီးတဲ့ဆက္ဆံေရးရွိသြားၿပီျဖစ္ကာ တစ္ဖက္ကနိုးမလာခင္ထြက္လာတာေၾကာင့္ လင္ရွီးစိတ္ဆိုးေနမလားသူမသိေခ်။

   သူအိမ္ျပန္ေရာက္တဲ့အခါ လင္ရွီးကိုေတာင္းပန္ၿပီး ဒီဘဝမွာသူ႕ကိုအေဖာ္လုပ္ေပးမယ့္သူက လင္ရွီးပဲျဖစ္တယ္ဆိုတာကို ေရသူေလးနဲ႕ရွင္းရွင္းလင္းလင္းလုပ္မယ္လို႔ေတာင္ သူစဥ္းစားေနသည္။

   ဖုန္းလန္၏အေနာက္ကလူသားရဲ႕ အင္အားကႀကီးမားၿပီး လင္ရွီးနဲ႕လင္က်င့္ကိုေခၚထုတ္သြားဖို႔ဆိုတာအေတာ္ေလးလြယ္ကူလွသည္။

   လင္ရွီး ေဆး႐ုံသြားတဲ့လမ္းမွာျဖစ္သည္။ မေတာ္တဆလို႔ထင္ရေပမယ့္ ႀကိဳတင္စီစဥ္ထားသည့္မေတာ္တဆက ခ်င္ေရွာင္းရဲ႕ကိုယ္ပိုင္ေစာင့္ၾကည့္စစ္ေဆးမႈကေန လြတ္ေျမာက္ေစခဲ့၏။ လင္ရွီးသူ႕ကိုလာေခၚတဲ့လူေတြရဲ႕ ယာဥ္ပ်ံေပၚတက္သြားလိုက္သည္။

   ယာဥ္ပ်ံေပၚတြင္ေစာင့္ႏွင့္ေနသည့္ လင္က်င့္ကိုလင္ရွီးျမင္လိုက္ရ၏။

   သူတက္လာတာနဲ႕ လင္က်င့္ကစိတ္လႈပ္ရွားစြာေျပးလႊားလာခဲ့သည္။ ထြက္ေျပးတာႏွင့္ပတ္သက္ၿပီး အရင္ဆုံးလင္က်င့္ကိုမေျပာထားႏွင့္ဖို႔ ဖုန္းလန္ကိုသူေျပာထား၏။ လင္က်င့္က သတင္းေပါက္ၾကားသြားေစမွာကို သူေၾကာက္႐ြံ႕တာေၾကာင့္သာမက လင္က်င့္အဲ့တာနဲ႕ပတ္သက္ၿပီး စိုးရိမ္ပူပန္သြားမွာကို သူမလိုခ်င္တာေၾကာင့္လည္းပါသည္။

   လင္က်င့္ေျပးလာၿပီးေနာက္ ဖုန္းလန္လည္းသူ႕ေဘးကိုေလွ်ာက္လာခဲ့၏။

   သူမမ်က္ႏွာေပၚကအၿပဳံးေတြကေဖာ္ေ႐ြမႈနဲ႕ျပည့္ေနၿပီး လင္ရွီးရဲ႕စြမ္းရည္က ႀကိဳတင္နမိတ္ျပထားတာမဟုတ္ပါက ဖုန္းလန္ကသူတို႔ကိုၾကင္ၾကင္နာနာနဲ႕ကူညီေပးေနတယ္ လို႔ေတာင္ထင္သြားနိုင္သည္။

   သို႔ေသာ္ျငားလင္ရွီးမွာႀကိဳတင္နမိတ္ဖတ္စြမ္းရည္ရွိတာေၾကာင့္ ဖုန္းလန္နဲ႕သူမရဲ႕လူသားသခင္တို႔က တစ္ဖြဲ႕တည္းဆိုတာကို လင္ရွီးသိေန၏။

   သူတို႔ကမ်ိဳးႏြယ္တစ္ခုတည္းကျဖစ္ေနရင္ေတာင္မွ ဒီတစ္ႀကိမ္ဖုန္းလန္ကူညီရတာက သူမသခင္ကလင္ရွီးကိုလုံးဝထိန္းခ်ဳပ္ခ်င္ေနျခင္းေၾကာင့္သာ။

   ထိုလူက လင္ရွီးကိုသူ႕ရည္႐ြယ္ခ်က္ေတြၿပီးျမာက္ေအာင္ အသုံးခ်ခ်င္ေနတာပင္။

   ဒီကိစၥမွာကစားဖို႔(playဖို႔) လင္ရွီးကအႏုပညာေက်ာင္းသားမဟုတ္ေပမယ့္ သူကတကယ္တမ္းကြၽမ္းက်င္သူျဖစ္သည္။
[T/N- ဟန္ေဆာင္ေကာင္းတယ္ သ႐ုပ္ေဆာင္ေကာင္းတယ္ေျပာတာပါ]

   ဗီလိန္ျဖစ္ခဲ့တဲ့ဘဝတုန္းက တစ္ခ်ိဳ႕ရည္႐ြယ္ခ်က္ေတြမွာ လင္ရွီးဟန္ေဆာင္ေနခဲ့တယ္လို႔ေျပာလို႔ရေပသည္။

  လင္ရွီး လင္က်င့္ကိုဖက္ၿပီးေက်ာကိုပုတ္လိုက္၏။

  ဒီကမၻာမွာ လင္ရွီးအယုံၾကည္ရဆုံးကိုေျပာရမယ္ဆိုလွ်င္ လင္က်င့္ကိုဘယ္အရာကမွမေက်ာ္နိုင္ေပ။

  လင္ရွီး လင္က်င့္ကိုလႊတ္ရန္အခ်က္ျပလိုက္ၿပီး ဖုန္းလန္ကိုၾကည့္ကာရိုးသားစြာနဲ႕ ေက်းဇူးတင္လိုက္၏။

  "ေက်းဇူးတင္ပါတယ္ ဖုန္းလန္"

  "မလိုပါဘူး၊ တစ္ေယာက္ကိုတစ္ေယာက္ကူညီက်တာပဲဟာ"

   ဖုန္းလန္လင္ရွီးကိုေျပာလိုက္၏။ ယာဥ္ပ်ံကမတ္တပ္ရပ္ဖို႔အဆင္မေျပတာေၾကာင့္ လင္က်င့္ထိုင္ခ်လိဳက္သည္။ လင္ရွီးလည္း လင္က်င့္လက္ကိုကိုင္ၿပီးလင္က်င့္ႏွင့္အတူထိုင္လိုက္၏။

  ဖုန္းလန္၏မ်က္လုံးေတြက လင္ရွီးႏွင့္လင္က်င့္ရဲ႕လက္ေတြမွာ ႏွစ္စကၠန႔္ေလာက္ရပ္တန႔္ေနၿပီးေနာက္ လင္ရွီးကိုသူမထပ္ၾကည့္လိုက္သည္။ ဤမ်က္ႏွာေလးက ပထမဆုံးဆုံေတြ႕မႈမွာတင္ အံ့အားသင့္သြားေစခဲ့ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ပိုၿပီးေတာင္အက်ိဳးသက္ေရာက္မႈရွိလွေပသည္။

   အရမ္းလွၿပီး ထက္ရွတယ္။

   ထက္ရွေနတဲ့ဓားသြားတစ္ခုလို သူ႕ကိုျမင္တဲ့ဘယ္သူမဆိုဆြဲေဆာင္ခံရနိုင္သည္။

   ေရသူမတစ္ေကာင္အေနနဲ႕ သဘာဝက်က်ပင္ ဖုန္းလန္အမ်ိဳးအစားတူတဲ့အျခားသူေတြကိုျမင္ဖူးသည္။

   လူသားေတြရဲ႕လႊမ္းမိုးျခင္းကိုခံရတဲ့ အဲ့ဒီေရသူေတြနဲ႕ယွဥ္ရင္ လင္ရွီးကကြဲျပားသည္ဆိုတာကို ဖုန္းလန္သိသည္။

  ဒီကြဲျပားျခားနားမႈက ဘာကိုမွစိတ္ဝင္စားမႈမရွိပဲၾကမ္းတမ္းေနတဲ့ ခ်င္ေရွာင္းကို လႈပ္ရွားေစခဲ့တာပင္။

  သူမရဲ႕သခင္က လင္ရွီးကိုထိန္းခ်ဳပ္ၿပီးအသုံးခ်ခ်င္ေနသည္။ ဖုန္းလန္ရဲ႕အေတြးထဲမွာေတာ့ ဒီကိစၥကသူမကိုသဝန္တိုေအာင္မလုပ္နိုင္ပါေခ်။

   အဘယ့္ေၾကာင့္ဆိုေသာ္ လင္ရွီးမွာလွပတဲ့အသားအရည္၊ လွပတဲ့မ်က္လုံးမ်က္ခုံးေတြ၊ ထူးျခားတဲ့ပင္ကိုယ္လကၡဏာေတြ ရွိေနေပမယ့္လည္း ဒီေလာက္နဲ႕ေတာ့ လင္ရွီးက သူမရဲ႕ေနရာကိုအစားထိုးမဝင္နိုင္ေပ။

  ဘယ္သူမွ သူမရဲ႕ေနရာအစားမဝင္နိုင္ဘူး။

   ဖုန္းလန္ သူမစိတ္ထဲတစ္ခုခုေတြးၿပီးေနာက္ လင္ရွီးကိုေမးလိုက္၏။

   "နင္ နင့္သူငယ္ခ်င္းနဲ႕ ပင္လယ္ထဲကိုတကယ္သြားခ်င္တာလား?" "ပင္လယ္ႀကီးကအဆုံးမဲ့ေအာင္က်ယ္လြန္းတယ္၊ နင္တို႔ႏွစ္ေယာက္ထဲ ဒီလိုဦးတည္ရာမဲ့လိုက္ရွာေနရင္ ေရသူမ်ိဳးႏြယ္စုကို ရွာေတြ႕မွာမဟုတ္ဘူး"

   'တကယ္လို႔ သူတို႔ရွာေတြ႕သြားရင္ေတာင္ လူသားေတြနဲ႕ပတ္သက္ဆက္ႏြယ္ဖူးတဲ့ေရသူေတြကို ေရသူမ်ိဳးႏြယ္စုကလက္ခံမွာမဟုတ္ဘူး'

  အေနာက္ကစကားကိုေတာ့ဖုန္းလန္မေျပာလိုက္ေပ။

  လင္ရွီးတို႔ကို ေမွ်ာ္လင့္ခ်က္ေပးၿပီးမွရိုက္ခ်ိဳးလိုက္တာ မဆိုးပါဘူးေလ။

   ဖုန္းလန္ရဲ႕အမူအရာက လင္ရွီးတို႔အေပၚစိတ္ရင္းနဲ႕ ေတြးေပးေနတယ္လို႔ထင္ရေပမယ့္ လင္ရွီးကေတာ့သူမက သူတို႔ေရွ႕မွာသ႐ုပ္ေဆာင္ေနတယ္ဆိုတာကို လုံးဝသိေနေပသည္။

   လင္ရွီးေခါင့္ၿငိမ့္လိုက္ၿပီး သူ႕ရဲ႕အမူအရာကေျပာင္းလဲမႈမရွိဘဲ

   "မေတြ႕လဲကိစၥမရွိပါဘူး၊ ရွာတာရပ္ၿပီး ငါတို႔တစ္ေနရာရာမွာအေျခခ်လိဳက္မယ္၊ ဘယ္လိုပဲျဖစ္ျဖစ္ လူသားေတြရဲ႕ေမြးျမဴခံရတာထက္ေတာ့ပိုေကာင္းတယ္"

   ဖုန္းလန္ရဲ႕ႏႈတ္ခမ္းေတြက အနည္းငယ္ဟသြားၿပီး ေျပာခ်င္တာေတြကိုျပန္မ်ိဳခ်လိဳက္ရ၏။

   "ေရသူေတြရဲ႕အသြင္အျပင္က လူသားေတြခြဲျခားဖို႔အရမ္းလြယ္တယ္၊ တကယ္လို႔နင္တို႔အေျခခ်ဖိဳ႕ေနရာရွာတဲ့အခါ လူသားေတြနဲ႕ေဝးနိုင္သမွ်ေဝးေဝးေနသင့္တယ္၊ ဒီအထဲမွာနင္တို႔အတြက္ ပိုက္ဆံနည္းနည္းရွိတယ္။ နင္တို႔ႏွစ္ေယာက္ ႏွစ္ႏွစ္ေလာက္ေတာ့သုံးလို႔ေလာက္မွာပါ"

    ဖုန္းလန္က လင္ရွီးလက္ထဲစက္ေသးေသးေလးတစ္ခု ထည့္ေပးလာသည္။

  ထိုစက္ေလးက လုပ္ေဆာင္ခ်က္ေတြအေတာ္ေလးပါဝင္ၿပီး အြန္လိုင္းေရွာ့ပင္နဲ႕ ဆက္သြယ္ေရးေတာင္လုပ္လို႔ရသည္။

   ဖုန္းလန္ လင္ရွီးေနာက္ပိုင္းက်သဴမကို မဆက္သြယ္ခ်င္မွာကိုေတြးမိလိုက္တာေၾကာင့္ ဆက္သြယ္ေရးကိုဘယ္လိုသုံးရတယ္ဆိုတာေျပာျပလိုက္၏။

   သူမကအရာရာကိုလိုက္ေတြးေနတဲ့ပုံပင္။

   လင္ရွီးက ဖုန္းလန္ကိုမယဥ္ေက်းခဲ့ေပမယ့္လည္း အဲ့တာကိုယူၿပီးလက္ထဲကိုင္ထားလိုက္၏။

  [T/N- သူတို႔ဆီမွာယဥ္ေက်းတယ္ဆိုတာအားနာတာတို႔၊ ျငင္းတာတို႔ အားနာၿပီးေက်းဇူးတင္တာတို႔ပါ]

  ဒီေနရာကပင္လယ္အစပ္နဲ႕အနည္းငယ္ေဝးၿပီး အဲ့ဒီေနရာကိုေရာက္ဖို႔ တစ္ႏွာရီႏွစ္နာရီေလာက္ ပ်ံသန္းရေပမည္။

  ဖုန္းလန္က လမ္းတစ္ဝက္မွာတင္ ယာဥ္ပ်ံေပၚကဆင္းလိုက္၏။ သူမမွာအျခားအလုပ္ကိစၥေတြရွိေသးတာေၾကာင့္ လင္ရွီးတို႔ကိုလိုက္မပို႔နိုင္ေပ။

   သူမကၿပဳံးၿပီး "ငါတကယ္ခြဲခြာရတာကိုမႀကိဳက္ဘူး"

   "ဒါဆိုငါတို႔နဲ႕လိုက္ေလ" လင္ရွီးျပန္ေျဖလိုက္သည္။
[ဆရာသမားကေနာ္]

   ဖုန္းလန္ခဏတာမွ်ေအးခဲသြားၿပီး လင္ရွီးကိုဗလာမ်က္လုံးေတြႏွင့္ၾကည့္ေနမိသည္။ လင္ရွီးရဲ႕အာ႐ုံစူးစိုက္ထားတဲ့မ်က္လုံးတစ္စုံေၾကာင့္ လင္ရွီးေနာက္ေနတာမဟုတ္မွန္းသိလိုက္ရ၏။

   ဖုန္းလန္စိတ္နည္းနည္းလႈပ္ရွားသြားတယ္။

  "ဟင့္အင္း၊ ငါလူသားကမၻာမွာပဲဘဝကိုကုန္ဆုံးေတာ့မွာ။ နင္တို႔အဆင္ေျပပါေစလို႔ ငါဆုေတာင္းေပးလိုက္ပါတယ္"

  ဖုန္းလန္ထြက္ခြာသြားေလၿပီ။

  အဲ့ဒီခဏမွာ သူမတကယ္ကိုေခါင္းၿငိမ့္သေဘာတူခ်င္ခဲ့ေၾကာင္းနဲ႕ လင္ရွီးလိုခ်င္တဲ့ လြတ္လပ္မႈကို ဘာလို႔သူမ မလိုခ်င္တာလဲ ဆိုတဲ့အေၾကာင္းကို လင္ရွီးကိုမေျပာျပနိုင္ခဲ့ဘူး။

  ဒါေပမယ့္ သူမအတြက္လြတ္လပ္ျခင္းဆိုတာက အာဏာေလာက္ဆြဲေဆာင္မႈမႀကီးမားေပ။

   လူသားေတြကေရသူေတြကို အၿမဲတမ္းထိန္းခ်ဳပ္ခဲ့ၿပီး ဖုန္းလန္ကလည္းသူမကိုထိန္းခ်ဳပ္ခဲ့တဲ့ အဲ့ဒီလူသားေတြကိုၾကည့္ၿပီး သူမလူသားေတြကိုထိန္းခ်ဳပ္ခ်င္ေနေပသည္။

    "အစ္ကို" လင္ရွီးထိုင္လိုက္ၿပီးေနာက္ လင္က်င့္ရဲ႕အညိုေဖ်ာ့ေရာင္မ်က္လုံးေလးေတြက လင္ရွီးဆီက်ေရာက္လာ၏။

  သူကိုယ္တိုင္ပဲအမွတ္မွားတာလားမသိဘူး။ ဒီေန႕ရဲ႕လင္ရွီးက အရင္တုန္းကနဲ႕မတူဘူးလို႔ လင္က်င့္ခံစားမိသည္။

   လင္ရွီးလင္က်င့္ကိုျပန္ၾကည့္လိုက္ေတာ့ လင္က်င့္ရဲ႕ဝိုင္းစက္ေနတဲ့မ်က္ဝန္းေတြကေန အနာဂါတ္အတြက္စိုးရိမ္ေနတဲ့ အရိပ္အေယာင္ေတြျမင္လိုက္ရေတာ့သည္။

  "ဘာမွမျဖစ္ဘူး၊ ခဏေနရင္ကမ္းစပ္အႀကီးႀကီးကိုေရာက္ေတာ့မယ္"

  လင္ရွီးလင္က်င့္ကိုႏွစ္သိမ့္ေပးလိုက္၏။

  လင္က်င့္ေခါင္းၿငိမ့္လိုက္ေပမယ့္လည္း အစကေျပေလ်ာ့ေနတဲ့သူ႕မ်က္ခုံးေတြက မသိမသာက်ဳံ႕သြားေလသည္။

  လင္က်င့္အဆင္မေျပေသးဘူးဆိုတာသတိျပဳမိေတာ့ လင္က်င့္ကအႏၱရာယ္အခ်ိဳ႕ကိုခံစားမိေနပုံရတယ္လို႔ လင္ရွီးေတြးမိေတာ့သည္။

   ဘယ္လိုပဲျဖစ္ျဖစ္သူတို႔ေတြက ေရသူေတြပဲေလ။ သူတို႔ရဲ႕အာ႐ုံခံစားနိုင္စြမ္းက လူသားေတြထက္ေတာင္ပိုထက္ရွေသးတယ္။

  ယာဥ္ပ်ံကျမန္ျမန္ဆန္ဆန္ပ်ံသန္းေနေပမယ့္ ပင္လယ္ကိုအခုထိမျမင္ရေသးေပ။

  ယာဥ္ပ်ံေပၚတြင္လူသားေတြရွိေနၿပီး တစ္ေယာက္ကေရႏွစ္ခြက္ႏွင့္ေလွ်ာက္လာ၏။ အခ်ိန္အခ်ိဳ႕ပ်ံသန္းၿပီေနာက္ ေရသူထီးေလးႏွစ္ေကာင္အတြက္ ေသာက္ဖို႔ေရယူလာေပးျခင္းပင္။ လင္က်င့္ကေရထဲေဆးခပ္ထားတာမသိတာေၾကာင့္ ခြက္ကိုယူၿပီးအငမ္းမရေသာက္ေတာ့သည္။ ေရေသာက္ၿပီးတဲ့ေနာက္ ေရငတ္မေျပေသးတာေၾကာင့္ ထိုလူသားကိုေနာက္တစ္ခြက္ထပ္ေပးဖို႔ ေတာင္းဆိုလိုက္သည္။

  လင္ရွီးက လင္က်င့္ကိုသူ႕ေရအားေပးလိုက္ေလသည္။

   အဲ့ဒီေနာက္လင္က်င့္ရဲ႕ခြက္ကို လူသားဆီေပးၿပီး သူ႕ကိုေရနည္းနည္းေလာက္ေပးဖို႔ေျပာလိုက္၏။

  ေရတစ္ခြက္ကေရာက္လာခဲ့ၿပီး လင္ရွီးေဆးခပ္ထားမွန္းသိေပမယ့္လည္း တုံ႕ဆိုင္းျခင္းမရွိပဲေခါင္းေမာ့ကာေသာက္လိုက္သည္။

   ေရေသာက္ၿပီးတဲ့ေနာက္ လင္ရွီးတမင္သပ္သပ္ လူသားရဲ႕အမူအရာကိုၾကည့္လိုက္၏။ တစ္ဖက္ကအမူအရာကိုဖုံးကြယ္ထားေပမယ့္လည္း လင္ရွီးတစ္ခုခုထူးဆန္းေနတာကိုျမင္ေနဆဲပင္။

   ယာဥ္ပ်ံ၏အတြင္းပိုင္းက အရမ္းက်ယ္ၿပီး သန႔္စင္ခန္းလည္းရွိသည္။

  လင္ရွီးသန႔္စင္ခန္းစီေလွ်ာက္သြားလိုက္ကာ ထိုလူေတြကို ေစာင့္ၾကည့္ေနလိုက္၏။ သူတို႔ကိုေစာင့္ၾကည့္ေနတဲ့လူသားက သံသယမဝင္ပဲ လင္ရွီးေနာက္ကိုလိုက္မလာခဲ့ေပ။ လင္ရွီးနဲ႕လင္က်င့္ႏွစ္ေယာက္လုံး သူတို႔ေရွ႕မွာတင္ေရေသာက္လိုက္ၿပီး ဆိုလိုခ်င္တာက သူတို႔ႏွစ္ေယာက္က အင္တာနက္ကငါးေတြျဖစ္ကာ ထြက္ေျပးဖို႔ဆိုတာမျဖစ္နိုင္ေပ။

  [T/N- လက္ခုပ္ထဲကေရလိုမ်ိဳးဆိုလိုခ်င္တာလားမသိဘူး]

  လူသားေတြကေတာ့ လင္ရွီးသန႔္စင္ခန္းသြားၿပီး ေသာက္ခဲ့တဲ့ေရေတြကိုအန္ထုတ္လိုက္တယ္ဆိုတာကို မသိလိုက္ေခ်။

  လင္ရွီးေဆးခပ္ခံရမယ္ဆိုတာ ႀကိဳတင္ျမင္ထားတာေၾကာင့္ လုံလုံေလာက္ေလာက္ႀကိဳတင္ျပင္ဆင္ခဲ့သည္။

  ေရသူေတြရဲ႕ခႏၶာကိုယ္တည္ေဆာက္ပုံေတြက ၾကည့္ရင္လူသားနဲ႕ေတာ္ေတာ္တူေပမယ့္ အတြင္းပိုင္းအဂၤါေတြကကြဲျပားလွသည္။

   လင္ရွီးေသာက္ခဲ့သမွ်ေရေတြကို အန္ထုတ္ပစ္လိုက္၏။

   ဖုန္းလန္ယူလာတဲ့ေဆးတစ္ခ်ိဳ႕လို႔ ခန႔္မွန္းမိကာ အဲ့တာေတြကအဆိပ္မဟုတ္ေပ။

  သူတို႔ကိုေသေအာင္ အဆိပ္ခပ္သတ္ဖို႔မလိုပါေခ်။ ဖုန္းလန္ရဲ႕သခင္က သူတို႔ကိုေကာင္းေကာင္းအသုံးခ်ခ်င္ေနတာပင္။

   လင္ရွီးနဲ႕လင္က်င့္က ေရသူေတြျဖစ္ၿပီး ဘယ္ဂယက္ထမႈမ်ိဳးကိုမွမလုပ္နိုင္တာေၾကာင့္ သူတို႔ကိုဆန႔္က်င္ဖို႔မလုပ္နိုင္ဘူးလို႔ ထင္ေနၾကတာျဖစ္နိုင္သည္။

   လင္ရွီးပိပိရိရိဟန္ေဆာင္ခဲ့တာလို႔သာေျပာနိုင္ေတာ့သည္။

   ယာဥ္ပ်ံထဲမွာလက္နက္ေတြရွိၿပီး လင္ရွီးတိတ္တိတ္ေလးရွာေဖြေနခဲ့ၿပီးသားပင္။

   တစ္ခ်ိန္တည္းမွာပင္ လင္ရွီးတစ္ခုကိုသတိျပဳမိသြားသည္။ အဲ့တာကခုနကမတ္တပ္ရပ္ေနတဲ့လူသားရဲ႕မ်က္လုံးေတြက သူ႕ရဲ႕မ်က္ႏွာဆီက်ေရာက္ေနတာပဲျဖစ္သည္။

   သိသာစြာနဲ႕သူ႕ရဲ႕မ်က္ႏွာလွလွေလးကလူသားေတြကိုဆြဲေဆာင္ဖို႔ လုံလုံေလာက္ေလာက္ဆြဲေဆာင္မႈရွိေန၏။

   ထူးကဲတဲ့အသြင္အျပင္က လင္ရွီးအတြက္လက္နက္တစ္ခုျဖစ္သည္။

   သူကေတာ့လက္နက္တစ္ခုလို႔ျမင္ေနတာပင္။

   ယာဥ္ပ်ံကဆက္ၿပီးပ်ံသန္းေန၏။

   သိပ္မၾကာခင္မွာပဲ ျပတင္းေပါက္ကေနအျပင္ဘက္ကပင္လယ္ႀကီးကို ျမင္လိုက္ရသည္။ ေရလွိုင္းေတြကတလိပ္လိပ္ႏွင့္ပင္။ သူလူသားျဖစ္ခဲ့တုန္းကပင္လယ္ကိုသိပ္မႀကိဳက္ခဲ့ေပ။ အခုေတာ့သူကေရသူျဖစ္ေနေပၿပီ။

  ပင္လယ္ကိုသူျမင္လိုက္ရတဲ့အခ်ိန္ သူ႕ခႏၶာကိုယ္ရဲ႕အတြင္းပိုင္းအနက္တစ္ေနရာကေန ေပ်ာ္႐ႊင္စိတ္လႈပ္ရွားမႈကိုခံစားလိုက္ရ၏။

   သူယာဥ္ပ်ံထဲကေနေတာင္ခုန္ထြက္ၿပီး ပင္လယ္ထဲခုန္ခ်လိဳက္ခ်င္မိသည္။

  

#6.12.2022

အခ်စ္ကေလးကေတာ့ထြက္ေျပးပါၿပီ။

Seguir leyendo

También te gustarán

579K 36.5K 61
ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
369K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
33.3K 6.4K 100
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...