Bodyguard (Complete)

By Sandi_Bear

645K 57.1K 4.6K

Kim Taehyung ร— Jeon Jungkook More

Part ~ 1
Part ~ 2
Part ~ 3
Part ~ 4
Part ~ 5
Part ~ 6
Part ~ 7
Part ~ 8
Part ~ 9
Part ~ 10
Part ~ 11
Part ~ 12
Part ~ 13
Part ~ 14
Part ~ 15
Part ~ 16
Part ~ 17
Part ~ 18
Part ~ 19
Part ~ 20
Part ~ 21
Part ~ 22
Part ~ 23
Part ~ 24
Part ~ 25
Part ~ 26
Part ~ 27
Part ~ 28
Part ~ 29
Part ~ 30
Part ~ 31
Part ~ 32
Part ~ 33
Part ~ 34
Part ~ 35
Part ~ 36
Part ~ 37
Part ~ 38
Part ~ 40 (final)

Part ~ 39

11.2K 1.1K 68
By Sandi_Bear

zawgyi





" အာ... ဟုတ်ကဲ့...."


" အော..."



" ဘာမလို့လဲ... ပြောလေ..."






" အာ... အဲ့လိုလား...."

























" အင်း... ပထမဆုံးပဲ...."





















" ဟုတ်လား..."



















" အား... ခိ..ခိ... ယားတယ်... Jung..."


" အညိုလေး...."

" အင်း..."

" ချစ်တယ်..."

" အင်း..."

" ဒါပဲလား..."


" ဒါပဲလားလို့... ဟမ်?..."

" ချစ်တယ်..."



.
.
.

Sandi Bear
Taekook makes me happy.

unicode

" ဒါဆို... Netherlandsမှာပဲ... လက်ထပ်စာချုပ် လက်မှတ်ထိုးမှာလား...."

သူဌေးKimသည် သူ့မျက်စိရှေ့က သားဖြစ်သူနှင့်Jungkookကိုကြည့်ရင်း အမေးထုတ်လိုက်လျှင် Jungkookက ခေါင်းညိတ်ပြလာသည် ။

" ဟုတ်ကဲ့... သူဌေး... အဲ့မှာက လိင်တူထိမ်းမြားလက်ထပ်ခွင့်ရှိတယ်ဆိုတော့... ကျွန်တော်တို့ အဲ့ဒီ့မှာ လက်ထပ်စာချုပ် ချုပ်ဖြစ်ပြီး လနည်းနည်းတော့နေဖြစ်မယ်..."

" အာ.... သူဌေးဆိုတာက ဘာလဲ... မင်းက ငါ့ရဲ့သားမက်ဖြစ်တော့မှာပဲကို... အခေါ်အဝေါ်ပြောင်းတော့ပေါ့... အဖေ...မဟုတ်ရင်တောင်.. ဦးလေးဖြစ်ဖြစ်..."

" အာ... ဟုတ်ကဲ့...."

" Netherlandsကိုတော့ ငါ လိုက်နိုင်မှာမဟုတ်ဘူးဆိုတော့.. မင်းတို့ အဲ့ကိုမသွားခင်အတောအတွင်းတော့... ငါ့အိမ်မှာပဲ အဖော်ပြုပြီးနေပေးလို့ရမလား..."

" အော..."

ဖခင်ဖြစ်သူ၏တောင်းဆိုမှုကို Taehyungသည် ခေါင်းညိတ်လက်ခံလိုက်ရင်းမှ တစ်ခုခုပြောစရာရှိနေ၍ နှုတ်ခမ်းသားလေးက လှုပ်လှုပ်ယွယွ..။

Jungkookကလည်း Taehyungကို ပြောလိုက်လေ'ဟူသည့် သဘောနှင့်လက်တို့လိုက်သည့်အခါ သူဌေးKimကတော့ မျက်ခုံးပင့်ပြီးတော့သာ ကြည့်နေသည် ။

" ဘာမလို့လဲ... ပြောလေ..."

" ဟို... ကျွန်တော်... အဖေ့အတွက်... အဟမ်း... ပုံတူ ပန်းပုထုပေးထားတယ်... ဘယ်မှာ ထားချင်လဲ... အိမ်ကိုသယ်လာခိုင်းမလို့..."

Taehyung၏စကားကြောင့် သူဌေးKimသည် မှင်သက်သွားရင်းမှ သဘောကျသည့်အပြုံးတို့ဖြစ်ပေါ်လာသည် ။

သားက သူ့မိခင်၏ခြေရာကိုလိုက်နင်းကာ ပန်းပုလက်မှုပညာကို လိုက်စားခဲ့သော်လည်း သားဆီကနေ သူ့အတွက် ပုံတူပန်းပုလက်ဆောင်ကို အခုမှပင်ပထမဆုံးရရှိဖူးသည် ။

" ဧည့်ခန်းမှာထားမယ်လေ... ဧည့်သည်တွေလာတဲ့အခါလည်း.. အဖေကပြန်ကြွားလို့ရတာပေါ့... အာ... ပုံတူပန်းပုကိုတင်ဖို့အတွက် စင်ကောင်းကောင်းလေးလည်းလိုတယ်... ခဏ... အတွင်းရေးမှူးကို လှမ်းမှာလိုက်မယ်..."

" မလိုဘူး... ကျွန်တော်က စင်ကိုပါ.. ပြင်ပေးထားတယ်... ထားဖို့နေရာကိုသာ.. ရွေးလိုက်...."

" အာ... အဲ့လိုလား...."

Taehyung၏စကားကြောင့် သူဌေးKimသည် အနည်းငယ်ပျာလောင်ခတ်သွားသည့် အမူအရာမျိုးနှင့် စာကြည့်စားပွဲကနေထကာ ဧည့်ခန်းအတွင်းမှာ နေရာကောင်းကိုသွားရှာနေလျှင် Taehyungသည် ရယ်မိသွားရသည် ။

Jungkookသည်လည်း သားအဖနှစ်ယောက်၏ပြေလည်စအခြေအနေတွေဟာ အနည်းငယ် ကိုးရိုးကားယားနိုင်သော်လည်း ချစ်စဖွယ်ဖြစ်၍ သဘောတကျရယ်မိသည် ။

Taehyungနှင့်Jungkookသည် Netherlandsမှာပင် လက်ထပ်ဖို့စီစဥ်ထားကာ လအနည်းငယ်နေထိုင်ဖို့ကိုလည်း တွေးထားသည် ။

Taehyung၏အိပ်မက်မှာ ကမ္ဘာပတ်ပြီး နေရာအစုံမှာလုပ်ချင်သည်ဖြစ်၍ တစ်နေရာထဲမှာတော့ သူတို့ဟာအခြေကြာကြာမချပေ..။

Netherlandsကိုမသွားခင်အတောအတွင်းက သူဌေးKim၏အိမ်မှာသာ နေထိုင်သည်ဖြစ်၍ Jungkook၏တိုက်ခန်းကိုက သော့ခတ်ထားခဲ့ပြီး မိဘမဲ့ဂေဟာကိုပင် သော့အပိုင်ပေးထားလိုက်သည် ။

ညအချိန်ဖြစ်၍ ကုတင်ထက်မှာ ဝမ်းလျားမှောက်ကာ ဘောင်းဘီကင်းမဲ့နေသည့် တင်လုံးလုံးလေးနှစ်ခုပေါ်မှာ ပေါင်းတင်ကပ်ခွာတစ်ခုဆီ ကပ်ထားပါသည့် Taehyungသည် Netherlandsအကြောင်း ရေးထားသည့် မဂ္ဂဇင်းစာအုပ်ကိုဖတ်နေသည် ။

Jungkookကတော့ Taehyung၏ဘေးမှာထိုင်နေကာ Taehyung၏ညာဘက်အောက်မှာ Tattooထိုးထားသည့် သူ့၏အမည်နာမဖြစ်သော Jeon Jungkookဟူသည့် စကားလုံးအလှလေးအား လက်ညိုးလေးနှင့်ခပ်ဖွဖွလေးပွတ်ဆွဲရင်း ပြုံးသည် ။

" Jung... မင်း ဆွနေလို့... ငါ့ဟာonလာရင်တော့... တာဝန်ယူရမှာနော်..."

" မonတဲ့အချိန်က အစတည်းက ခပ်ရှားရှားပဲကို... သွားချင်တဲ့နေရာတွေရွေးပြီးပြီလား..."

" အင်း... လေရဟတ်တွေရှိတဲ့နေရာသွားချင်တယ်... ဒီမှာ ကျူးလစ်ပန်းခင်းကလည်း မျက်စိတစ်ဆုံးပဲ..."

" Netherlandsမှာ နေဖို့ရှာထားတဲ့အိမ်မှာလည်း.. ကျူးလစ်ပန်းခင်းရှိတယ်... အုပ်ကြွပ်တွေနဲ့ကာမိုးထားတဲ့ ထပ်ခိုးပါတဲ့အိမ်လေးရယ်... အမျိုးအစားအရောင်စုံလင်တဲ့ ကျူးလစ်ပန်းခင်းရယ်.. သစ်သားခုံတန်းတစ်ခုရယ်... ပြီးတော့ Netherlandsမှာ နေထိုင်သူတွေမှာ စက်ဘီးတစ်စီးဆီရှိတတ်ကြတယ်ဆိုတော့... စက်ဘီးတစ်စီးရယ်... အင်း... သဘောကျချင်စရာလေးမလား... အေးချမ်းပြီး ပြီးပြည့်စုံတယ်..."

Jungkookက အတွေးနှင့်ပုံဖော်သည်တောင် နေထိုင်ချင်စရာ လူနေမှုပတ်ဝန်းကျင်လေးဖြစ်၍ အပြုံးရေးရေးဖြစ်သွားသော်လည်း အညိုလေးကတော့ လက်တစ်ဖက်လေးထောက်လျက် Jungkookကိုလှည့်ကြည့်လာသည် ။

" ငါ့အတွက်က.. အဲ့လိုတွေမလိုပါဘူး... Jung... အင်း... အနီရောင်သန်းနေတဲ့ အခန်းတစ်ခုရယ်... လက်ထိပ်ခြေထိပ်တွေဆင်ထားတဲ့ သံကုတင်တစ်ခုရယ်... sex toysအစုံထည့်ထားတဲ့.. boxတစ်ခုရယ်... မင်းရယ်... အင်း... Perfectပဲ...."

အညိုလေး၏စကားကြောင့် Jungkookမှာ မနိုင်လှစွာ အသံထွက်ရယ်မောရင်း မျက်နှာလှလှလေးကို လက်နှစ်ဖက်လုံးနှင့်ဆွဲယူရင်း မျက်နှာအနံ့ကို ကလေးငယ်တစ်ယောက်ကိုအနမ်းပေးသလိုမျိုး တမွမွအနမ်းပေးလိုက်သည် ။

" အသည်းယားဖို့ကောင်းလိုက်တဲ့.. သားလေး.."

" ငါ-ိုးပါပဲ.. Daddyဖားသားရယ်..."

သူ့ကို ကလေးတစ်ယောက်လို ဆက်ဆံလျှင်လုံးဝမကြိုက်ပါသည့် အညိုလေးမှာ ခပ်ပြုံးပြုံးပင်ဆဲရေးလာသည် ။

Netherlandsသို့သွားမည့်နေ့၌ Incheonလေဆိပ်သို့ Bodyguard Bae Jinyoungက လိုက်ပို့ပေးသလို Jihoonနှင့်Yeonjunကလည်း ကားတစ်စီးနှင့်သက်သက်လိုက်ကာပို့သည် ။

Jihoonနှင့် Bodyguard Bae Jinyoungမှာလည်း တွဲနေပြီဖြစ်ကာ Yeonjunနှင့် Choi Soobinကလည်း တရားဝင်အတွဲတွေဖြစ်သွားခဲ့ပြီ..။

" Hyung... Koreaကို ပြန်ရောက်တဲ့အခါမှ.. ကျွန်တော်တို့တွေဆုံပြီး.. ပွဲသက်သက်လုပ်တာပေါ့... ကျန်းမာရေးကိုတော့ ဂရုစိုက်... ကြားထဲမှာ အဆက်အသွယ်တော့ မပျက်နဲ့ဦး..."

" အင်း.. ငါ့မှာကလည်း.. အပေါင်းအသင်းဆိုလို့.. မင်းတို့နှစ်ယောက်ပဲရှိတာကို... အဆက်အသွယ်တော့ မပျက်ပါဘူး..."

" ကောင်းကောင်းသွားပါ... Hyung... Jungkookရောပဲ..."

လေဆိပ်မှာ Yeonjunနှင့်Jihoonကို နှုတ်ဆက်စကားဆိုပြီးမှ လေယာဥ်ထွက်ခွာချိန် ကြေညာသံထွက်ပေါ်လာသည့်အခါ Taehyungနှင့်Jungkookသည် ခရီးဆောင်အိတ်များကိုအပ်ပြီး လေယာဥ်ပေါ်သို့တက်လာခဲ့သည် ။

" Jung... ဒါက.. ငါတို့နှစ်ယောက်ရဲ့ ပထမဆုံး ပြည်ပခရီးစဥ်ဖြစ်မှာမလား..."

" အင်း... ပထမဆုံးပဲ...."

Taehyungက အိပ်သည့်အခါ ခေါင်းအုံးတစ်လုံးကိုဖက်ပြီးမှ အိပ်တတ်သည်ကြောင့် Jungkookသည် သူ့၏ခေါင်းအုံးကို Taehyungအားပေးကာ သူကတော့ ဒီအတိုင်းသာလေယာဥ်ထက်မှာ မှေးစက်လာသည် ။

နာရီပေါင်းများစွာ လေယာဥ်စီးပြီးနောက် Netherlandsသို့ ရောက်လာသည့်အခါ Tourist guideမှာ Jungkookတို့ကို အသင့်စောင့်ကြိုနေကာ Jungkook ကြိုတင်ဌားယမ်းထားသည့် အိမ်ဆီသို့လိုက်လံပို့ဆောင်ပေးသည် ။

ခြံဝင်းအကျယ်ကြီးနှင့် အိမ်ရာလေးတွေဟာ ကျူးလစ်ပန်းခင်းမှာ အိမ်တိုင်းလိုလိုစိုက်ပျိုးထားသည်ကြောင့် မျက်စိပဒေသာဖြစ်လွန်းကာ လေတစ်ချက်ဝေ့တိုင်း ကျူးလစ်ပန်းအနံ့က နှာဖျားဝကိုတိုးဝေ့ကျီစယ်လာသည် ။

" မွှေးတယ်မလား.. ကျူးလစ်ပန်းအနံ့က..."

" ငါ့နှာခေါင်းထဲမှာတော့..အစိမ်းနံ့ပဲရတယ်..."

" Aigoo.. ရိုဆန်တာကို မသိဘူးပဲ... အညိုလေးက..."

" အင်း.. ငါက အပြာဆန်တာပဲသိတယ်..."

သူတို့နေရမည့်အိမ်ကိုရောက်လျှင် Jungkookက ကားအနောက်ခန်းကနေ သူတို့၏ခရီးဆောင်အိတ်များကိုချနေကာ Taehyungကတော့ ခြံဝင်းအတွင်းကိုစူးစမ်းနေသည် ။

Jungပြောသလိုပင် အုပ်မိုးအုပ်ကြွပ်နှင့်ကာရံထားသည့် အိမ်ခေါင်မိုးဟာ အနီဖျော့ဖျော့နှင့် နံရံဆေးသားကတော့ နို့နှစ်ရောင်ဖြစ်သည် ။

အိမ်ရှေ့မျက်နှာစာမှာတော့ လူသွားလမ်းလေးသာ ချန်ထားကာ တစ်ဖက်တစ်ချက်ဆီမှာ ကျူးလစ်ပန်းခင်းများက အရောင်အသွေးစုံလင်စွာနှင့် စိုက်ပျိုးထားသည် ။
ပြီးတော့ သစ်သားခုံတန်းလေးတစ်ခုနှင့် စက်ဘီးခရမ်းဖျော့လေးတစ်စီးကိုလည်း ဒေါက်ထောက်ရပ်ထားသည် ။

" သဘောကျလား.. လနည်းနည်းကြာအောင် နေရမယ့်အိမ်ပဲ..."

" အင်း... မဆိုးပါဘူး... အစိမ်းနံ့ကလည်း လှိုင်နေတာပဲ..."

ကျူးလစ်ပန်းရနံ့ကို တင်စားလာပါသည့်အညိုလေးကြောင့် Jungkookမှာရယ်မိသွားသည် ။

သူတို့နှစ်ဦးသည် အိမ်အတွင်းမှာ ခရီးဆောင်အိတ်များကိုနေရာချလိုက်ကာ ညနေစာကိုတော့ အပြင်မှာပဲ ထွက်စားလိုက်ကြသည် ။

နောက်တစ်နေ့သို့ရောက်လျှင် ကြိုတင်စီစဉ်ထားသည့်အတိုင်းပင် တရားရုံးမှာ တရားဝင်ပင် လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးလိုက်ကြသည် ။

ရှပ်အဖြူနှင့် Jungkookကတော့ စတိုင်ပန်အနက်ကို ဝတ်ဆင်ကာ Taehyungကတော့ နို့နှစ်ရောင်စတိုင်ပန်လေးကို ဝတ်ဆင်ထားကာ နှစ်ဦးသားလုံးမှာ အရောင်လွင်လွင်နှင့် ပေါ့ပေါ့ပါးပါး..။

လက်ထပ်လက်စွပ်အဖြစ် ရိုးရိုးရှင်းရှင်း မောင်းကွင်းလေးကိုသာ အပြန်အလှန် ဝတ်ဆင်ပေးကာ သူတို့နှစ်ဦးသားသည် စာချုပ်စာတမ်းနှင့် တရားဝင် ချည်နှောင် သက်ဆိုင်သည့်သူတွေ ဖြစ်သွားခဲ့ပြီ...။

" ငါတို့က တရားဝင် လက်ထပ်လိုက်ပြီဆိုတော့... ဒီနေ့က မင်္ဂလာဦးညလို့ ပြောရမှာပေါ့... ဟုတ်တယ်မလား... Jung... ဒါနဲ့.. ငါတို့ လုပ်ခဲ့တာက... အကြိမ်ရေဘယ်လောက်တောင် ရှိသွားပြီလဲ.. ငါ ရေတောင်မရေနိုင်တော့ဘူး..."

Taehyungက အိမ်ကိုပြန်ရောက်မှ အတွေးပေါက်သွားသလိုမျိုး မျက်မှောင်လေးစုကြုံပြီးပင် လက်ချောင်းလေတွေချိုးရေကာ ရေတွက်လာခဲ့လျှင် Jungkookလည်း တွေးဆဆနှင့် တွက်ချက်မိသည် ။

" အကြိမ်ရေ ငါးဆယ်လောက်တော့.. ရှိပြီထင်တယ်... "

" ဟုတ်လား..."

" အင်း... အဲ့ဝန်းကျင်လောက်ပဲ..."

" ဒါဆို ငါတို့ မင်္ဂလာဦးတာက အကြိမ်ရေငါးဆယ်ဆက်ဆံပြီးမှ ဦးရတာပေါ့..."

" ဒါကို မင်္ဂလာဦးလို့ သုံးလို့ရောရလို့လား..."

" သုံးလို့ရတာပေါ့... မင်းနဲ့ငါက အခုမှ တရားဝင် လက်ထပ်စာချုပ် ချုပ်တာလေ..."

" အဝတ်အစား လဲရအောင်... ညနေစာကို ဘာစားမလဲ အိမ်မှာပဲ ပြင်ပေးမယ်..."

နှစ်ယောက်သားအိပ်စက်သည့် အခန်းတွင်းထဲသို့ စကားတပြောပြောနှင့် ဝင်လာသည့် Taehyungနှင့်Jungkook..။

Jungkookသည် ရှပ်ကြယ်သီးကိုဆွဲဖြုတ်ကာ အဝတ်ဗီဒိုကို ဖွင့်လိုက်ရင်း အိမ်နေအဝတ်အစားလဲဝတ်ရန်အတွက် အဝတ်အစားထုတ်နေစဥ် အညိုလေး၏အသံသည် အနောက်ပါးဆီကနေ ထွက်ပေါ်လာသည် ။

" Jung... ငါ့ခြေအိတ်ကို ချွတ်ပေးမလား..."

ထိုစကားကြောင့် Jungkookမှာ လှည့်ကြည့်မိလိုက်လျှင် မြင်လိုက်ရသည့်အညိုလေး၏ပုံရိပ်ကြောင့် မှင်သက်ဆွံ့အသွားရသည် ။

အညိုလေးသည် နို့နှစ်ရောင်စတိုင်ပန်နှင့်ရှပ်ကို မည်သည့်အချိန်ကဆွဲချွတ်လိုက်သည်မသိဘဲ သွယ်လျလျနှင့် အချိုးအစားကျနသည့် အညိုရောင်အဆင်း ခန္ဓာကိုယ်ထက်မှာ ပခုံးစွန်းလေးထက် ကြိုးတစ်လုံးနှင့် ဇာအဖြူရောင်အတွင်းခံလေးက ရင်ဘတ်နှစ်ခုကို ယှက်ကာထားပြီး ဝမ်းဗိုက်သားချပ်ချပ်မှာတော့လှစ်ဟာနေခဲ့ကာ Juniorလေးကိုလည်း မလုံတလုံနှင့်ဖုံးအုပ်ထားသည် ။

ကုတင်အစွန်းတွင် လက်လေးနှစ်ဖက်နောက်ပစ်အားပြုကာ ထိုင်နေသည့်အညိုလေးက ပေါင်လယ်ထိရှည်သည့် အဖြူရောင်ဇာခြေအိတ်လေးဝတ်ဆင်ထားသည့် ခြေတံသွယ်သွယ်အား Jungkookရှိရာဘက် ထိုးပေးလာရင်း ခြေအိတ်ချွတ်ခိုင်းလာတာ...။

အကြိမ်ကြိမ်အခါခါ မြင်ဖူးသည့်အပြင် ထပ်ခါထပ်ခါလည်း ထိတွေ့ဖူးသည့် အညိုရောင်အဆင်းခန္ဓာကိုယ်ဟာ Jungkookအတွက်တော့ အမြဲလိုလိုမှင်သက်နေစေဆဲပင်..။

" ဟေး... ငါ့ယောက်ျားက မတ်တပ်မေ့သွားတာလား... ခြေအိတ်လာချွတ်ပေးလို့..."

ညာဘက်ခြေတံလေးအား မြှောက်ပြလာလျက် မေးဆတ်ညွှန်ပြသည့် အညိုလေးကြောင့် Jungkookမှာ ခပ်သောသောရယ်မောမိကာ အညိုလေးဆီကိုလှမ်းလာရင်း ကုတင်ထက်ထိုင်နေသည့် အညိုလေး၏အရှေ့မှာ ဒူးတစ်ဖက်ထောက်ချရင်း ထိုင်လိုက်သည် ။

မျက်နှာလှလှလေးကို မော်ဖူးလိုက်သည့်အခါ ခပ်စစအပြုံးနှင့်အညိုလေးက Jungkook၏ပခုံးထက်ကို သူ့ညာခြေထောက်လေးအား ပစ်တင်လာခဲ့လျှင် Jungkookသည် အညိုလေး၏ညာဘက်ခြေတံလေးအားထိန်းကိုင်ဆောင်လျက် ပေါင်လယ်ထက်က ဇာခြေအိတ်၏အနားသားလေးကို သွားဖျားလေးနှင့်ကိုက်ဆွဲကာ ခြေအိတ်ကိုဆွဲချွတ်ချပေးလိုက်ပါလျှင် အညိုလေးထံမှ သဘောကျသလို ခိုးခိုးခစ်ခစ် ရယ်သံမှာထွက်ပေါ်လာသည် ။

" အတွင်းခံကိုလည်း ချွတ်ပေးမယ်လေ.. အညိုလေး..."

" မင်းချွတ်ရအောင်ပဲ ငါက တကူးတက ဝတ်ထားတာလေ.. ငါ့ရဲ့Jungရဲ့..."

Jungkook၏ပခုံးစွန်းလေးကို အညိုလေးက ခြေအိတ်ချွတ်လိုက်၍ အကာအကွယ်ရှင်းလင်းသွားသည့် ခြေချောင်းရှည်ရှည်လေးတွေနှင့် ပွတ်ဆွဲကျီစယ်လာသည့်အခါ Jungkookသည် ထိုခြေချောင်းရှည်ရှည်လေးတွေကိုဖမ်းဆွဲရင်း ငုံထွေးကိုက်ခဲလိုက်သည် ။

" အား... ခိ..ခိ... ယားတယ်... Jung..."

ကုတင်ထက်မှာ ပက်လက်လှန်လျက် လဲကျသွားသည်အထိ ရယ်မောလာပါသော Taehyungအပေါ်မှာ Jungkookသည် အုပ်မိုးလာခဲ့ကာ Taehyung၏မျက်ရစ်တစ်ဖက်သာရှိသည့် မျက်ဝန်းအိမ်ကျယ်လှလှလေးကို ပျော်ဝင်လေးနက်သည့်ခံစားချက်များ ရောပြွန်းနေသည့်အကြည့်နက်နက်နှင့် စိုက်ကြည့်သည် ။

" အညိုလေး...."

" အင်း..."

" ချစ်တယ်..."

" အင်း..."

" ဒါပဲလား..."

Jung၏ဝန်ခံမှုကြောင့် Taehyungသည် အနည်းငယ်တော့ ရင်လှပ်ခနဲဖြစ်သွားသည် ။

" ဒါပဲလားလို့... ဟမ်?..."

" ချစ်တယ်..."

အနိမ့်သံသုံးလျက် ခပ်ရှရှမေးလာပါသည့်Jungကြောင့် Taehyungသည် အောက်နှုတ်ခမ်းသားကို အသာဖိကိုက်ရင်းမှ တန်ပြန်ပြောလိုက်သည့်အခါ Jungသည် ခပ်တိုးတိုးရယ်လာသည် ။

သို့ပေမယ့် Taehyungနှင့်တော့ အကြည့်ချင်းဆုံထားဆဲဖြစ်ကာ Taehyung၏နှုတ်ခမ်းသားထံငုံ့ဆင်းလာခဲ့ရင်း နမ်းရှိုက်လာသည့်အခါ Taehyungလည်း သူ့၏လည်တိုင်ကို လက်နှစ်ဖက်လုံးနှင့်ချိတ်တွယ်လိုက်ရင်း အနမ်းတို့ကို မက်မက်မောမောတုံ့ပြန်လိုက်သည် ။

တစ်ယောက်ကိုတစ်ယောက် ဝါးမြိုမတတ်နမ်းရှိုက်နေကြသည့် ကြင်စဦးမောင်နှံမှာ ခန္ဓာကိုယ်အချင်းချင်းကိုလည်း မီးပွင့်မတတ်ပွတ်သပ်ကိုင်တွယ်ရင်း ပူလောင်ပြင်းပြလှသည့် သူတို့နှစ်ဦး၏ မင်္ဂလာဦးညလေးမှာ အသက်ဝင်ခဲ့တော့သည် ။
.
.
.

Sandi Bear
Taekook makes me happy.

Continue Reading

You'll Also Like

762K 17.2K 46
In wich a one night stand turns out to be a lot more than that.
1.1M 60.8K 38
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
51.4K 1K 30
Insouciance is the cheerful feeling you have when nothing is troubling you and Love is an intense feeling of deep attraction. Dylan Hayes has a lot...
2.1K 437 9
แ€™แ€ผแ€แ€บแ€…แ€ฝแ€ฌแ€˜แ€ฏแ€›แ€ฌแ€ธแ€†แ€ฎแ€™แ€พแ€ฌ แ€†แ€ฏแ€แ€…แ€บแ€†แ€ฏแ€žแ€ฌแ€แ€ฑแ€ฌแ€„แ€บแ€ธแ€•แ€ซ แ€แ€šแ€บแ‹ แ€„แ€ผแ€ญแ€™แ€บแ€ธแ€€แ€ญแ€ฏแ€€แ€ปแ€ฏแ€•แ€บแ€•แ€ญแ€ฏแ€„แ€บแ€›แ€•แ€ซแ€…แ€ฑแ‹