ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိ...

By Mia_Romos

395K 37.9K 468

Title: My Mom's Second Marriage Gifted Me Seven Brothers Author: Jay English Translator: EndlessFantasy Tra... More

Intro
Chapter : 1
Chapter : 2
Chapter : 3
Chapter : 4
Chapter : 5
Chapter : 6
Chapter : 7
Chapter : 8
Chapter : 9
Chapter : 10
Chapter : 11
Chapter : 12
Chapter : 13
Chapter : 14
Chapter : 15
Chapter : 16
Chapter : 17
Chapter : 18
Chapter : 19
Chapter : 20
Chapter : 21
Chapter : 22
Chapter : 23
Chapter : 24
Chapter : 25
Chapter : 26
Chapter : 27
Chapter : 28
Chapter : 29
Chapter : 30
Chapter : 31
Chapter : 32
Chapter : 33
Chapter : 34
Chapter : 35
Chapter : 36
Chapter : 37
Chapter : 38
Chapter : 39
Chapter : 40
Chapter : 41
Chapter : 42
Chapter : 43
Chapter : 44
Chapter : 45
Chapter : 46
Chapter : 47
Chapter : 48
Chapter : 49
Chapter : 50
Chapter : 51
Chapter : 52
Chapter : 53
Chapter : 54
Chapter : 55
Chapter : 56
Chapter : 57
Chapter : 58
Chapter : 59
Chapter : 60
Chapter : 61
Chapter : 62
Chapter : 63
Chapter : 64
Chapter : 65
Chapter : 66
Chapter : 67
Chapter : 68
Chapter : 69
Chapter : 70
Chapter : 71
Chapter : 72
Chapter : 73
Chapter : 74
Chapter : 75
Chapter : 76
Chapter : 77
Chapter : 78
Chapter : 79
Chapter : 80
Chapter : 81
Chapter : 82
Chapter : 83
Chapter : 84
Chapter : 85
Chapter : 86
Chapter : 87
Chapter : 88
Chapter : 89
Chapter : 90
Chapter : 91
Chapter : 92
Chapter : 93
Chapter : 94
Chapter : 95
Chapter : 96
Chapter : 97
Chapter : 98
Chapter : 99
Chapter : 100
Chapter : 101
Chapter : 102
Chapter : 103
Chapter : 104
Chapter : 105
Chapter : 106
Chapter : 107
Chapter : 108
Chapter : 109
Chapter : 110
Chapter : 111
Chapter : 112
Chapter : 113
Chapter : 114
Chapter : 115
Chapter : 117
Chapter : 118
Chapter : 119
Chapter : 120
Chapter : 121
Chapter : 122
Chapter : 123
Chapter : 124
Chapter : 125
Chapter : 126
Chapter : 127
Chapter : 128
Chapter : 129
Chapter : 130
Chapter : 131
Chapter : 132
Chapter : 133
Chapter : 134
Chapter : 135
Chapter : 136
Chapter : 137
Chapter : 138
Chapter : 139
Chapter : 140
Chapter : 141
Chapter : 142
Chapter : 143
Chapter : 144
Chapter : 145
Chapter : 146
Chapter : 147
Chapter : 148
Chapter : 149
Chapter : 150
Chapter : 151
Chapter : 152
Chapter : 153
Chapter : 154
Chapter : 155
Chapter : 156
Chapter : 157
Chapter : 158
Chapter : 159
Chapter : 160
Chapter : 161
Chapter : 162
Chapter : 163
Chapter : 164
Chapter : 165
Chapter : 166
Chapter : 167
Chapter : 168
Chapter : 169
Chapter : 170
Chapter : 171
Chapter : 172
Chapter : 173
Chapter : 174
Chapter : 175

Chapter : 116

1.3K 134 1
By Mia_Romos

Zawgyi

အခန္း ၁၁၆- သူမက Bunnyျဖစ္ခဲ့တယ္

Maryက ေတာ္ေတာ္ေလး ေျပာင္းလဲသြားတယ္။

သူမသည္ ႐ိုးစင္းၿပီး အေရာင္လြင့္ေနေသာဆံပင္ေ႐ႊေရာင္နဲ႔။ သူမမွာ လွပတဲ့မ်က္ႏွာရွိေပမဲ့ သူမပုံစံကို ဘယ္ေတာ့မွဂ႐ုမစိုက္ဘူး။ သူမသည္ ေန႔တိုင္း အလြန္႐ိုးရွင္းေသာ အဝတ္အစားမ်ားကို ဝတ္ဆင္ထားၿပီး သူမအသြင္အျပင္ထက္ စာပဲေလ့လာေနခဲ့သည္။

သို႔ေသာ္ ယေန႔ သူမသည္ ႏူးညံ့သိမ္ေမြ႕လွပၿပီး အ႐ုပ္မေလးအတိုင္းပင္။

Monroeက ေခါင္းကိုငုံ႔ၿပီး Maryကို "မင္းသိတဲ့လူလား" ဟု တိုးတိုးေျပာလိုက္သည္။

Maryေခါင္းညိတ္လိုက္သည္။ "ေကာလိပ္တုန္းကပါ။ ဒါေပမဲ့သူတို႔ ဘြဲ႕မရေသးဖူးလို႔ ကြၽန္မထင္တယ္။"

Maryသည္ သူမ၏ေကာလိပ္ခရက္ဒစ္ ၿပီးေျမာက္ရန္ ႏွစ္ႏွစ္သာၾကာခဲ့သည္။ သူမသည္ သူမ၏ေကာလိပ္တြင္ အေက်ာ္ေဇယ် ျဖစ္ခဲ့သည္။

ထို႔ေၾကာင့္ ေကာလိပ္ရွိ ေက်ာင္းသားတိုင္းနီးပါးသည္ သူမ၏နာမည္ကို သိၾကသည္။

သို႔ေသာ္လည္း သူမသည္ သူမ၏အတန္းေဖာ္မ်ားကို ေသခ်ာ မသိ။ သူမသည္ သူမ၏ေလ့လာမႈအေပၚ အလြန္စိတ္အားထက္သန္ၿပီး တတ္ႏိုင္သမွ် ျမန္ျမန္ဘြဲ႕ရရန္ အရမ္း ဆႏၵရွိေသာေၾကာင့္ ျဖစ္သည္။

သို႔ေသာ္ သူမေရွ႕က လူသုံးဦးကိုေတာ့ သိတယ္။ သူတို႔ကအရမ္း နာမည္ႀကီးတယ္။

ဆံပင္ေ႐ႊေရာင္မိန္းကေလးသည္ Vernal College၏ အေခ်ာအလွေလးျဖစ္သည္။ သူမ၏နာမည္က Jessicaျဖစ္သည္။

ေနာက္မိန္းကေလးတစ္ေယာက္ႏွင့္ Jessicaတို႔သည္ best friendsျဖစ္သည္။ သူတို႔အတူတူႀကီးျပင္းလာခဲ့ၿပီး မိသားစုေနာက္ခံေကာင္းေကာင္းရွိတယ္။ သူမ၏အမည္မွာ Kayla ျဖစ္သည္။

ဒီေကာင္ေလးအတြက္ သူ႔ကို ပထမႏွစ္တြင္ သူေဌးသားဟုအမည္ေပးခဲ့ၿပီး သူ႔နာမည္က Ianဆိုတာကို သူမသိသည္။

သူတို႔ႏွစ္ေယာက္စလုံး ဆံပင္ေ႐ႊေရာင္နဲ႔အလွေလးေတြျဖစ္ေပမယ့္ ယခုMaryသည္ Jessicaထက္ ပိုလွပသည္! Jessicaမွလြဲ၍ Kaylaႏွင့္ Ian တို႔၏စိတ္ထဲတြင္ အေတြးတစ္ခုေပၚလာၾကသည္။ သူမအရင္တုန္းက သိုသိုသိပ္သိပ္ေနခဲ့တာလား?

"ဟယ္လို မေတြ႕ရတာေတာင္ၾကာၿပီ"

Maryေခါင္းညိတ္လိုက္သည္။ သူတို႔ဟာတစ္ေယာက္နဲ႔တစ္ေယာက္ မရင္းႏွီးခဲ့ဖူး။ ဒါေၾကာင့္ သူတို႔က တစ္ေယာက္ကိုတစ္ေယာက္ ႏႈတ္ဆက္ၿပီးရင္ good byeေျပာမယ္လို႔ ထင္ခဲ့တာ။

မေမွ်ာ္လင့္ဘဲ Jessicaက ႐ုတ္တရက္ သူမကို ပိတ္ဆို႔လိုက္သည္။

Monroeမ်က္ေမွာင္ၾကဳတ္ၿပီး Maryသည္ Monroe၏ေဒါသကိုတားရန္ သူမ၏လက္ကိုေျမႇာက္ခဲ့သည္။

သူစိမ္းမ်ားႏွင့္ဆက္ဆံရာတြင္ Monroeသည္ စိတ္ရွည္သည္းခံတတ္ျခင္း မရွိေပ။

အျခားတစ္ဖက္တြင္မူ Hughသည္ ျပပြဲကိုၾကည့္လိုေသာ သေဘာထားရွိသည္။

Jessicaသည္ အႏၲရာယ္အေငြ႕သက္အနည္းငယ္ကို သတိမထားပါ။ ရင္းႏွီးသလိုဟန္ေဆာင္ၿပီး Maryအားေျပာလိုက္သည္။ "Mary အလ်င္မလိုပါနဲ႔! ဒီႏွစ္ေယာက္က နင့္ရဲ႕သူငယ္ခ်င္းလား။ နင္႐ိုး႐ိုးရွင္းရွင္းပဲ ေနေလ့ရွိတာ။ နင္ဒီလို ေကာင္းေကာင္းေနရမယ္လို႔ ငါမထင္ထားမိဖူး။"

"ၿပီးေတာ့ သူငယ္ခ်င္းေဟာင္းတစ္ေယာက္အေနျဖင့္ နင့္ေျခေထာက္ ဘာျဖစ္ခဲ့လဲဆိုတာ ငါစိုးရိမ္တယ္။ နင္ ဘာလို႔ ျပန္မေျဖတာလဲ"

Jessicaသည္ မာနေထာင္လႊားၿပီး ပ်က္စီးေနသည္။ သူမသည္ ဤေလာကရွိ မည္သူမွ် သူမကို ျငင္းပယ္လိမ့္မည္မဟုတ္ဟု သူမကထင္ေသာ္လည္း ဒီေန႔ သူမဒုကၡေရာက္လိမ့္မည္ဆိုတာကို သူမ မသိ။

Maryရဲ႕ပုံက အရမ္းေအးေဆးရွိခဲ့ေပမဲ့ သူမရဲ႕စကားေတြက မယဥ္ေက်းဘူး။ "ငါ့ေျခေထာက္ဘာျဖစ္ခဲ့တာလဲ? ဒါကငါ့ကိစၥမဟုတ္ဖူးလား။ ငါ ေျပာတာ မေျပာတာက င့ါသေဘာပါ။ ဟုတ္တယ္မလား"

Jessica မ်က္ေမွာင္ၾကဳတ္လိုက္သည္။ "နင္ ဘာလို႔ ဒီလိုျဖစ္သြားတာလဲ။ နင္ ထမင္းစားဖို႔ ကန္တင္းကို အၿမဲသြားတယ္။ဒါေပမယ့္ နင္ ၾကက္ေပါင္စားဖို႔ေတာင္ မတတ္ႏိုင္ခဲ့တာ ငါမွတ္မိပါတယ္! ေန႔တိုင္း ေက်ာင္းမလာခင္ အလုပ္လုပ္ရတာေလ။ ဟုတ္တယ္မလား? တစ္ခါက နင့္ကို ဘားမွာ Bunny မိန္းကေလးတစ္ေယာက္အျဖစ္ေတာင္ ေတြ႕ခဲ့တယ္။ နင့္ရဲ႕ေခ်ာတဲ့အေဖာ္ႏွစ္ေယာက္က နင့္ပုံစံအစစ္မွန္ကို သိရမယ္ေလ။ ေငြအတြက္ဆို နင္အကုန္လုပ္ခဲ့တာေလ...."

"Jessica" Kaylaသည္ေရွ႕သို႔လွမ္းလာကာ Jessicaကို ဆြဲလိုက္သည္။ Jessicaအရမ္းလြန္သြားၿပီဆိုတာ သူမ သိသည္။

ေကာင္ေလးက Ianက မ်က္ေမွာင္ၾကဳတ္လိုက္တယ္။ သူ ဒီအေၾကာင္းကို တခါမွ မၾကားဖူးဘူး။ Maryက အရက္ေရာင္းတဲ့သူလုပ္ခဲ့တာလား။ ယုန္ယူနီေဖာင္း ဝတ္ၿပီးေတာ့ေလ?

Mary၏မ်က္ႏွာ ထိတ္လန႔္တုန္လႈပ္ဖြယ္တဲ့ အမူရာမ်ား ျဖတ္ေျပးသြားသည္။ Jessicaက ဒီလွ်ိဳ႕ဝွက္ခ်က္ကို ထုတ္ေျပာလိမ့္မယ္ မထင္ခဲ့ဖူး။

Monroe ဘာမွ မမွတ္မိဖို႔ သူဆုေတာင္းတယ္.....

သို႔ေသာ္ သူမ၏ထိတ္လန႔္တုန္လႈပ္ေနေသာ အမူရာသည္ Jessica၏မ်က္လုံးထဲတြင္ အဓိပၸာယ္တလြဲျဖစ္သြားသည္။

ထင္ထားသည့္အတိုင္း ဒီအရမ္းအရမ္းေခ်ာေမာေသာ ေယာက္်ားႏွစ္ဦးသည္ Mary၏ညစ္ပတ္ေသာအတိတ္ႏွင့္ ပတ္သက္၍ ဘာမွမသိဖူး။

Jessica၏ႏွလုံးသည္ စိတ္လႈပ္ရွားမႈႏွင့္ ျပည့္ႏွက္ေနၿပီး အေပၚယံမွာေတာ့ သူမ စိတ္မေကာင္းျဖစ္သလို ဟန္ေဆာင္ခဲ့သည္!

"Oh my god! Mary နင့္လွ်ိဳ႕ဝွက္ခ်က္ကို ထုတ္ေျပာမိလို႔ ငါ့ကို အျပစ္မတင္ဘူးမလား။ ငါ တကယ္ေတာ့ အဲဒါကို မေတာ္တဆေတြ႕ခဲ့တာ ... ဘယ္သူ႔ကိုမွမေျပာခဲ့ဖူး Kayla မွလြဲလို႔။"

သူတို႔ကို ဘာမွမလုပ္ရဲဖူးထင္ၿပီး ဒီsuper geniusနဲ႔ဘယ္လိုေတာင္ လာရႈပ္ရဲတာလဲ။

"Jessica! ေတာ္သင့္ၿပီ! ဒါကMaryရဲ႕ကိုယ္ပိုင္ကိစၥေလ။ နင္ဘာလုပ္ေနတာလဲ?!"

Kaylaက Jessicaလက္ကိုလႈပ္ယမ္းလိုက္ၿပီး Maryကို ေတာင္းပန္လိုက္သည္။ "Mary ငါတကယ္ေတာင္းပန္ပါတယ္! Jessicaက ... မနာလိုလို႔ပါ။"

Mary ခ်က္ခ်င္း သိသြားတယ္! Jessicaက သူမ၏ေခ်ာတဲ့အေဖာ္ႏွစ္ဦးကို မနာလိုျဖစ္ေနတာ။ သူမက ဒီလိုအ႐ူးကြက္ေတြနင္းၿပီး သူတို႔ကို ေသြးခြဲပစ္ခ်င္တာ။

**********

Unicode

အခန်း ၁၁၆- သူမက Bunnyဖြစ်ခဲ့တယ်

Maryက တော်တော်လေး ပြောင်းလဲသွားတယ်။

သူမသည် ရိုးစင်းပြီး အရောင်လွင့်နေသောဆံပင်ရွှေရောင်နဲ့။ သူမမှာ လှပတဲ့မျက်နှာရှိပေမဲ့ သူမပုံစံကို ဘယ်တော့မှဂရုမစိုက်ဘူး။ သူမသည် နေ့တိုင်း အလွန်ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူမအသွင်အပြင်ထက် စာပဲလေ့လာနေခဲ့သည်။

သို့သော် ယနေ့ သူမသည် နူးညံ့သိမ်မွေ့လှပပြီး အရုပ်မလေးအတိုင်းပင်။

Monroeက ခေါင်းကိုငုံ့ပြီး Maryကို "မင်းသိတဲ့လူလား" ဟု တိုးတိုးပြောလိုက်သည်။

Maryခေါင်းညိတ်လိုက်သည်။ "ကောလိပ်တုန်းကပါ။ ဒါပေမဲ့သူတို့ ဘွဲ့မရသေးဖူးလို့ ကျွန်မထင်တယ်။"

Maryသည် သူမ၏ကောလိပ်ခရက်ဒစ် ပြီးမြောက်ရန် နှစ်နှစ်သာကြာခဲ့သည်။ သူမသည် သူမ၏ကောလိပ်တွင် အကျော်ဇေယျ ဖြစ်ခဲ့သည်။

ထို့ကြောင့် ကောလိပ်ရှိ ကျောင်းသားတိုင်းနီးပါးသည် သူမ၏နာမည်ကို သိကြသည်။

သို့သော်လည်း သူမသည် သူမ၏အတန်းဖော်များကို သေချာ မသိ။ သူမသည် သူမ၏လေ့လာမှုအပေါ် အလွန်စိတ်အားထက်သန်ပြီး တတ်နိုင်သမျှ မြန်မြန်ဘွဲ့ရရန် အရမ်း ဆန္ဒရှိသောကြောင့် ဖြစ်သည်။

သို့သော် သူမရှေ့က လူသုံးဦးကိုတော့ သိတယ်။ သူတို့ကအရမ်း နာမည်ကြီးတယ်။

ဆံပင်ရွှေရောင်မိန်းကလေးသည် Vernal College၏ အချောအလှလေးဖြစ်သည်။ သူမ၏နာမည်က Jessicaဖြစ်သည်။

နောက်မိန်းကလေးတစ်ယောက်နှင့် Jessicaတို့သည် best friendsဖြစ်သည်။ သူတို့အတူတူကြီးပြင်းလာခဲ့ပြီး မိသားစုနောက်ခံကောင်းကောင်းရှိတယ်။ သူမ၏အမည်မှာ Kayla ဖြစ်သည်။

ဒီကောင်လေးအတွက် သူ့ကို ပထမနှစ်တွင် သူဌေးသားဟုအမည်ပေးခဲ့ပြီး သူ့နာမည်က Ianဆိုတာကို သူမသိသည်။

သူတို့နှစ်ယောက်စလုံး ဆံပင်ရွှေရောင်နဲ့အလှလေးတွေဖြစ်ပေမယ့် ယခုMaryသည် Jessicaထက် ပိုလှပသည်! Jessicaမှလွဲ၍ Kaylaနှင့် Ian တို့၏စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာကြသည်။ သူမအရင်တုန်းက သိုသိုသိပ်သိပ်နေခဲ့တာလား?

"ဟယ်လို မတွေ့ရတာတောင်ကြာပြီ"

Maryခေါင်းညိတ်လိုက်သည်။ သူတို့ဟာတစ်ယောက်နဲ့တစ်ယောက် မရင်းနှီးခဲ့ဖူး။ ဒါကြောင့် သူတို့က တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ပြီးရင် good byeပြောမယ်လို့ ထင်ခဲ့တာ။

မမျှော်လင့်ဘဲ Jessicaက ရုတ်တရက် သူမကို ပိတ်ဆို့လိုက်သည်။

Monroeမျက်မှောင်ကြုတ်ပြီး Maryသည် Monroe၏ဒေါသကိုတားရန် သူမ၏လက်ကိုမြှောက်ခဲ့သည်။

သူစိမ်းများနှင့်ဆက်ဆံရာတွင် Monroeသည် စိတ်ရှည်သည်းခံတတ်ခြင်း မရှိပေ။

အခြားတစ်ဖက်တွင်မူ Hughသည် ပြပွဲကိုကြည့်လိုသော သဘောထားရှိသည်။

Jessicaသည် အန္တရာယ်အငွေ့သက်အနည်းငယ်ကို သတိမထားပါ။ ရင်းနှီးသလိုဟန်ဆောင်ပြီး Maryအားပြောလိုက်သည်။ "Mary အလျင်မလိုပါနဲ့! ဒီနှစ်ယောက်က နင့်ရဲ့သူငယ်ချင်းလား။ နင်ရိုးရိုးရှင်းရှင်းပဲ နေလေ့ရှိတာ။ နင်ဒီလို ကောင်းကောင်းနေရမယ်လို့ ငါမထင်ထားမိဖူး။"

"ပြီးတော့ သူငယ်ချင်းဟောင်းတစ်ယောက်အနေဖြင့် နင့်ခြေထောက် ဘာဖြစ်ခဲ့လဲဆိုတာ ငါစိုးရိမ်တယ်။ နင် ဘာလို့ ပြန်မဖြေတာလဲ"

Jessicaသည် မာနထောင်လွှားပြီး ပျက်စီးနေသည်။ သူမသည် ဤလောကရှိ မည်သူမျှ သူမကို ငြင်းပယ်လိမ့်မည်မဟုတ်ဟု သူမကထင်သော်လည်း ဒီနေ့ သူမဒုက္ခရောက်လိမ့်မည်ဆိုတာကို သူမ မသိ။

Maryရဲ့ပုံက အရမ်းအေးဆေးရှိခဲ့ပေမဲ့ သူမရဲ့စကားတွေက မယဉ်ကျေးဘူး။ "ငါ့ခြေထောက်ဘာဖြစ်ခဲ့တာလဲ? ဒါကငါ့ကိစ္စမဟုတ်ဖူးလား။ ငါ ပြောတာ မပြောတာက င့ါသဘောပါ။ ဟုတ်တယ်မလား"

Jessica မျက်မှောင်ကြုတ်လိုက်သည်။ "နင် ဘာလို့ ဒီလိုဖြစ်သွားတာလဲ။ နင် ထမင်းစားဖို့ ကန်တင်းကို အမြဲသွားတယ်။ဒါပေမယ့် နင် ကြက်ပေါင်စားဖို့တောင် မတတ်နိုင်ခဲ့တာ ငါမှတ်မိပါတယ်! နေ့တိုင်း ကျောင်းမလာခင် အလုပ်လုပ်ရတာလေ။ ဟုတ်တယ်မလား? တစ်ခါက နင့်ကို ဘားမှာ Bunny မိန်းကလေးတစ်ယောက်အဖြစ်တောင် တွေ့ခဲ့တယ်။ နင့်ရဲ့ချောတဲ့အဖော်နှစ်ယောက်က နင့်ပုံစံအစစ်မှန်ကို သိရမယ်လေ။ ငွေအတွက်ဆို နင်အကုန်လုပ်ခဲ့တာလေ...."

"Jessica" Kaylaသည်ရှေ့သို့လှမ်းလာကာ Jessicaကို ဆွဲလိုက်သည်။ Jessicaအရမ်းလွန်သွားပြီဆိုတာ သူမ သိသည်။

ကောင်လေးက Ianက မျက်မှောင်ကြုတ်လိုက်တယ်။ သူ ဒီအကြောင်းကို တခါမှ မကြားဖူးဘူး။ Maryက အရက်ရောင်းတဲ့သူလုပ်ခဲ့တာလား။ ယုန်ယူနီဖောင်း ဝတ်ပြီးတော့လေ?

Mary၏မျက်နှာ ထိတ်လန့်တုန်လှုပ်ဖွယ်တဲ့ အမူရာများ ဖြတ်ပြေးသွားသည်။ Jessicaက ဒီလျှို့ဝှက်ချက်ကို ထုတ်ပြောလိမ့်မယ် မထင်ခဲ့ဖူး။

Monroe ဘာမှ မမှတ်မိဖို့ သူဆုတောင်းတယ်.....

သို့သော် သူမ၏ထိတ်လန့်တုန်လှုပ်နေသော အမူရာသည် Jessica၏မျက်လုံးထဲတွင် အဓိပ္ပာယ်တလွဲဖြစ်သွားသည်။

ထင်ထားသည့်အတိုင်း ဒီအရမ်းအရမ်းချောမောသော ယောက်ျားနှစ်ဦးသည် Mary၏ညစ်ပတ်သောအတိတ်နှင့် ပတ်သက်၍ ဘာမှမသိဖူး။

Jessica၏နှလုံးသည် စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်နေပြီး အပေါ်ယံမှာတော့ သူမ စိတ်မကောင်းဖြစ်သလို ဟန်ဆောင်ခဲ့သည်!

"Oh my god! Mary နင့်လျှို့ဝှက်ချက်ကို ထုတ်ပြောမိလို့ ငါ့ကို အပြစ်မတင်ဘူးမလား။ ငါ တကယ်တော့ အဲဒါကို မတော်တဆတွေ့ခဲ့တာ ... ဘယ်သူ့ကိုမှမပြောခဲ့ဖူး Kayla မှလွဲလို့။"

သူတို့ကို ဘာမှမလုပ်ရဲဖူးထင်ပြီး ဒီsuper geniusနဲ့ဘယ်လိုတောင် လာရှုပ်ရဲတာလဲ။

"Jessica! တော်သင့်ပြီ! ဒါကMaryရဲ့ကိုယ်ပိုင်ကိစ္စလေ။ နင်ဘာလုပ်နေတာလဲ?!"

Kaylaက Jessicaလက်ကိုလှုပ်ယမ်းလိုက်ပြီး Maryကို တောင်းပန်လိုက်သည်။ "Mary ငါတကယ်တောင်းပန်ပါတယ်! Jessicaက ... မနာလိုလို့ပါ။"

Mary ချက်ချင်း သိသွားတယ်! Jessicaက သူမ၏ချောတဲ့အဖော်နှစ်ဦးကို မနာလိုဖြစ်နေတာ။ သူမက ဒီလိုအရူးကွက်တွေနင်းပြီး သူတို့ကို သွေးခွဲပစ်ချင်တာ။

**********

Continue Reading

You'll Also Like

368K 39.9K 29
- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆိုရ...
1.3M 44.6K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
491K 53.9K 101
​ေဖ့က်င္​းသည္​ ဝမ္​းတြင္​းမည္​းမင္​းသားတစ္​ပါး...အျပင္​လူ​ေတြအျမင္​မွာေတာ့ သူက တည္​ၿငိမ္​​ေအး​ေဆးၿပီး ၾကင္​နာတတ္​​ေသာ လူႀကီးလူ​ေကာင္​းတစ္​​ေယာက္... ရ...
332K 42.8K 40
- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆိုရ...