Zgy
Mine 28
လက္ထဲမွာ ဆန္းဒဝွစ္ရွ္ရယ္ ႏြားႏို႔ဘူးေလးရယ္။ ေလာ့စ္အိန္ဂ်လိစ္ရဲ့ မနက္ခင္းတစ္ခုမွာ ခ်န္းေယာလ္ အနည္းငယ္အူျမဴးေနတယ္။ ပင္လယ္ေလဟာ လတ္ဆတ္တဲ့ရနံ႔နဲ႔ တိုးေဝ႔ွက်ီစယ္လာတဲ့အခါ ခ်န္းေယာလ္က ခပ္ျမဴးျမဴးသီခ်င္းေလးတစ္ပုဒ္ကို စိတ္ထဲကေန စည္းခ်က္လိုက္ၿပီးညည္းလိုက္ေသးတယ္။ ခ်န္းေယာလ္ရဲ့အပိုင္ေလးကို အခုသြားေတြ့ေတာ့မလို႔ျဖစ္တယ္။
ကမ္းစပ္တစ္ေလ်ွာက္မွာ ဒိေန့မွ လူရွင္းေနသလို ထင္လာရတဲ့အခါ ခ်န္းေယာလ္က သူ႔ရဲ့ေျခလွမ္းေတြကို အနည္းငယ္ရိွန္တင္လိုက္တယ္။ တကယ္ကို ထိုအမ်ိဳးသားေလးကို ေတြ့ခ်င္စိတ္ျပင္းျပလာတယ္။ ဒိတစ္ခါျပန္ေတြ့မႈမွာ ဘယ္လို ပေယာဂ ေၾကာင့္မွ သူ႔အပိုင္ေလးကို လက္လႊတ္ေပးဖို႔ စိတ္ကူးမရိွေတာ့ဘူး။
တစ္ခ်ိန္တုန္းက အေျခအေနမွာ သူဟာ ဘာမွမတတ္ႏိုင္ခဲ့တဲ့ ကေလးသာသာျဖစ္ေနခဲ့လို႔။ အခုေတာ့ သူ႔မွာ ဘယ္အရာကိုမဆို ရင္ဆိုင္ႏိုင္ေနၿပီ။ ဒိႏွစ္ေတြအတြင္းမွာ သူက အမ်ားႀကီးသန္မာလာခဲ့ၿပီးၿပီ။ ကိုယ့္အားနည္းရပ္ဝန္းဟာ ပင္လယ္ဇင္ေယာ္ေတြသာျဖစ္တယ္။ ခပ္ေမွးေမွး မ်က္ဝန္းငယ္ေလးတစ္စံုသာျဖစ္တယ္။ ေနြးေထြးေနတတ္တဲ့ လက္ေခ်ာင္းသြယ္သြယ္ေလးေတြမွာသာ မွီတည္ပါတယ္။
ခပ္စိပ္စိပ္ေလ်ွာက္လာတဲ့ ေျခလွမ္းေတြ ေလးလံသြားမႈမွာ စိတ္ကူးအိပ္မက္ေလး ရိုက္ခ်ခံလိုက္ရသလို ႏွလံုးသားသာ က်င္ခနဲ။ သူ႔အတြက္ဆိုၿပီး မနက္ေစာေစာျပင္ဆင္ခဲ့တဲ့ မနက္စာေလးဟာ ငိုေနေတာ့မယ္။ ဇင္ေယာ္အနည္းငယ္နဲ႔ လိႈင္းလံုးေတြဟာ ကမ္းစပ္ကေန ခ်န္းေယာလ္ကို ေလွာင္ရယ္ေနတယ္။
တစ္ေယာက္တည္းမက္တဲ့ အိမ္မက္ေတြကေန ႏိုးထသင့္ၿပီတဲ့။
ဟင့္အင္း သူေတာ့မထင္ဘူး။
ရတယ္ ။ ေျပးစမ္းပါ။ မင္းေျပးႏိုင္သေလာက္ေျပး။ ငါမွာ မင္းကိုကပ္တြယ္ဖို႔ အစီအစဉ္ေတြ ေထာင္နဲ႔ခ်ီရိွတယ္။ ငါမင္းကို ရဖို႔ ဘယ္ကိုျဖစ္ျဖစ္ ဘယ္ေနရာျဖစ္ျဖစ္။
ဒီေလာက္ကေလးနဲ႔ ေနာက္ဆုတ္ရရင္ ငါေစာင့္ခဲ့ဖူးတဲ့ ေန့ရက္ေတြက ေလွာင္ရယ္ေနေတာ့မွာေပါ့။ ငါ့ညေတြတိုင္း မင္းမပါပဲ မက္တဲ့ အိမ္မက္ တစ္ခုေလးေတာင္ မရိွဖူးဘူး။ ဘယ္အခ်ိန္ျဖစ္ျဖစ္ ဘယ္ေနရာျဖစ္ျဖစ္ မင္းဟာ ငါ့အပိုင္ျဖစ္ဆဲပဲ။
မဟုတ္ဘူး အခုကစၿပီး ငါက မင္းအပိုင္ျဖစ္ေပးမယ္။ ၿပီးေတာ့ ငါ့သခင္ေနာက္ ငါဟာ ထပ္ၾကပ္မကြာ လိုက္ပါ ေတာ့မယ္။
ခ်န္းေယာလ္ရဲ့ ဒီတစ္ခါအိမ္ျပန္လမ္းဟာ အရင္လိုေျခာက္ကပ္ဆဲပဲ။ မင္းမပါတဲ့ ပင္လယ္ဆီ ကိုယ္မသြားဘူး။ အဲ့ဒီအစား ကိုယ့္အိမ္ေရ႔ွနားေလးမွာ လီလီပန္းေတြေဖြးေနေအာင္ ကိုယ္ေပါင္းသင္ေရေလာင္းထားတယ္။ ဒီပန္းေတြက ငယ္ငယ္က မင္းပိုးဖူးတဲ့မမအတြက္ေတာ့မဟုတ္ဘူး။ ငါျမတ္ႏိုးတဲ့ မင္းအတြက္ျဖစ္ေစမယ္။
ေလယာဉ္ရဲ့ေဘးခံုေလးမွာ စကိတ္ဘုတ္ေလးေထာင္လ်ွက္ပါလာတယ္။ မင္းအျမတ္တႏိုးသိမ္းထားခဲ့ဖူးတယ္ဆိုတဲ့အသိေလာက္နဲ႔ပဲ ငါျမတ္ႏိုးဖို႔လံုေလာက္ပါတယ္။ငယ္ငယ္က ခဏတာရူးသြပ္ဖူးတဲ့ စကိတ္စီးျခင္းဟာ ဘတ္ဟြၽန္းစံုေတြ့ေပးဖို႔ ျဖစ္ေနေလာက္မလားလို႔ ေတြးၾကၫ့္မိေတာ့ အဲ့ဒိတုန္းက ခ်ာတိတ္ေလးေတြကို ျပန္ျမင္ေယာင္လာတယ္။
မနက္တိုင္း ႏြားႏို႔ဘူးေလးကိုင္လို႔ ေရာက္လာတတ္တဲ့ လံုးလံုးေလးကို ငါက အၿမဲျပတင္းေပါက္ကၾကၫ့္ေနခဲ့တာ။ ငါ့အလစ္ကိုအၿမဲေခ်ာင္းေနတတ္တဲ့ေကာင္ေလးကို ငါကလြဲရင္ ဘယ္သူနဲ႔ ခင္မင္ေနတာကိုမွ ငါတကယ္မႀကိဳက္ခဲ့တာ။ မင္းကို အေႂကြးေတြေက်သြားမွာ ငါတကယ္ကိုစိုးရိမ္ခဲ့ဖူးတာ။ ငါ့အနားကေန ေပ်ာက္ကြယ္သြားမွာကို ငါလဲပဲ တိတ္တိတ္ေလး စိုးရြံ႔ခဲ့ဖူးတာ။
မွတ္မိေသးတယ္။ ငါတို႔အထက္တန္းႏွစ္မွာ ေကာင္မေလးတစ္ေယာက္က မင္းကိုသေဘာက်တယ္ဆိုတာကို ဖြင့္ေျပာေနတာ ေတြ့တဲ့ေနကေပါ့။ ငါကိုကာကိုလာေတြကို အစကေန ျပန္မုန္းမိတဲ့ေန့ကေပါ့။ ၿပီးေတာ့ ရည္းစားလိုလို ဘာလိုလိုေတြ စထားပစ္လိုက္တုန္းကေပါ့။
တကယ္ဆို ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ေယာက္က လိင္တူသူငယ္ခ်ငိးေကာင္ေလးအေပၚမရိုးသားတာေတြ ဖံုးဖိခ်င္ခဲ့ဖူးတာ။ မင္းနဲ႔မွသာ ယိမ္ယိုင္လာတတ္တဲ့ သမာဓိေတြကို ငါဥေပကၡာ ျပဳၾကၫ့္ခ်င္ခဲ့တာ။ ငါအရြယ္မေရာက္ခင္ထဲက ငါ့ရင္ထဲကို မင္းအရင္ေရာက္ေနခဲ့တာ။
LA ရဲ့အျပန္လမ္းဟာ အေတြးစေတြ ပ်ံ့ပ်ံ့က်ဲက်ဲနဲ႔။ ကိုးရီးယား ဆိုလ္းကို ေျခခ်တဲ့အခ်ိန္ဟာ မနက္ခင္း ၃နာရီ။ လူသြားလူလာနည္းပါးေနတဲ့ ညရဲ့လမ္းမေတြထက္မွာ ခ်န္းေယာလ္ဟာ လတ္ဆတ္တဲ့ေလကို တစ္ဝႀကီးရႉရိုက္လို႔ တစ္စံုတစ္ေယာက္ကို တခုတ္တရလြမ္းပစ္လိုက္တယ္။ မ်က္ႏွာေလးျမင္လိုက္ရမွ အလြမ္းစိတ္ပိုလာသလို။ ကိုယ္မင္းကို တကယ္ႀကီးကိုလြမ္းေနတယ္။
**********
"ခ်န္းေယာလ္..."
ရံုးခန္းထဲက ဆိုဖာမွာ ေျခခ်ိတ္ထိုင္ေနတဲ့သူဆီက သူ႔နာမည္ထြက္လာေတာ့ခ်န္းေယာလ္က အနည္းေလးငဲ့ၾကၫ့္တယ္ဆိုယံုေလာက္ေလး ၾကၫ့္လိုက္တယ္။ ၿပီးေတာ့ သူ႔ရဲ့အလုပ္စားပြဲဆီကို တန္းတန္းမတ္မတ္ဝင္ထိုင္လိုက္ၿပီးမွ
"ကြၽန္ေတာ္ကို ရွာတာ ဘာကိစၥလဲ မစၥပတ္..,"
"ခ်န္းေယာလ္ မင္းအခုထိ အသိတရားမရေသးဘူးလား
ဘယ္အခ်ိန္ထိ အရူးတစ္ေယာက္လို လုပ္ေနဦးမွာလဲ ဟမ္..
ဘာမဟုတ္တဲ့ ေယာက်ာ္းတစ္ေယာက္အတြက္နဲ႔မ်ား...."
*ဘာမဟုတ္တဲ့ ေယာက်ာ္းတစ္ေယာက္အတြက္* ဆိုတဲ့ ေနရာမွာ ခ်န္းေယာလ္မ်က္ဝန္းေတြ က်ဉ္းေျမာင္းစူးရွလာတယ္။
"ဟုတ္တာေပါ့ မစၥစ္ပတ္အတြက္ကေတာ့ ေယာက်ာ္းေသတာေတာင္ စီးပြားေရး အလုပ္မျပတ္ခဲ့ဘူးေလ...ဟက္..
ဒါေပမယ့္ ဘယ္လိုလုပ္မလဲ ကြၽန္ေတာ္ကေတာ့ အဲ့ဒီေယာက္က်ာ္းအတြက္ ဘာေတြပဲ လုပ္ရရ ျဖစ္ေပးရရ ေနာက္ဆံုး အသက္ေပးျပစ္လိုက္ရရင္ေတာင္ အဆင္ေျပတဲ့ ေကာင္ေလ..."
"ပတ္ ခ်န္း ေယာလ္..."
တစ္လံုးခ်င္း နင့္နင့္သည္းသည္းေခၚတဲ့အသံကိုခ်န္းေယာလ္က မ်က္ခံုးေလးပင့္တယ္ဆိုယံုေလး နဲ႔ အသိမွတ္ျပဳေပးလိုက္တယ္။
"မင္းအသက္ ၃၀ ထဲေရာက္ေနၿပီခ်န္းေယာလ္ အခုထိ ကေလးတုန္းက စိတ္ကစားခဲ့တဲ့အရာကို ဘဝႀကီးလိုလုပ္မေနနဲ႔..."
"ဘယ္တုန္းမ်ား ကြၽန္ေတာ္က စိတ္ကစားခဲ့တာပါလို႔ ေျပာဖူးလို႔လဲ.."
"မင္းကအခုထိ အဲ့တာကို အခ်စ္လို႔ အထင္မွားေနတာပဲ ခ်န္းေယာလ္
ငါလံုးဝ အဲ့ဒီလိုကိစၥမ်ိဳးကို လက္မခံႏိုင္ဘူး ခ်န္းေယာလ္..."
"အေမလက္ခံမွာကို ကြၽန္ေတာ္လဲ ေတာင္းခံမေနပါဘူး ..."
"ဘယ္လို.."
"ဘာလို႔ဆို ေျဗာင္ဘတ္ဟြၽန္းဆိုတဲ့ အမ်ိဳးသားကို ကြၽန္ေတာ္က လြန္ခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္ထဲက ပိုင္ဆိုင္ၿပီးသား.."
"ခ်န္းေယာလ္ ဘာစကားေတြေျပာေနတာလဲ အခု..."
"ဒီေနရာမွ အခုခ်ိန္ထိ ဘာလို႔ေျခခ်ဳပ္မိေနလဲ အေမဘယ္တုန္းကမွ ေမးမၾကၫ့္ခဲ့ဘူးေနာ္..."
"ခ်န္းေယာလ္..."
"ဟုတ္တယ္ သူ႔ကိုရွာမေတြ့ေသးလို႔..ၿပီးေတာ့..."
"မင္းသူ႔ကို ရွာေတြ့ႏိုင္မွာ မဟုတ္ဘူး..."
"ေတြ့ၿပီးခဲ့ၿပီ ဆိုရင္ေရာ..."
"ဘာ..."
မနက္ခင္းတစ္ခ်ိဳ႕ တိတ္ဆိတ္သြားမႈမွာ ပန္းရနံ႔သင္းသင္းေလးေမႊးပ်ံ့သြားတယ္။ ဆိုလ္းရဲ့ မနက္ခင္းေတြဟာ အဲ့ဒီလိုအထီးက်န္စြာ ရုန္းရင္းဆန္ခတ္...
#Heki
#3.12.22
Uni
Mine 28
လက်ထဲမှာ ဆန်းဒဝှစ်ရှ်ရယ် နွားနို့ဘူးလေးရယ်။ လော့စ်အိန်ဂျလိစ်ရဲ့ မနက်ခင်းတစ်ခုမှာ ချန်းယောလ် အနည်းငယ်အူမြူးနေတယ်။ ပင်လယ်လေဟာ လတ်ဆတ်တဲ့ရနံ့နဲ့ တိုးဝှေ့ကျီစယ်လာတဲ့အခါ ချန်းယောလ်က ခပ်မြူးမြူးသီချင်းလေးတစ်ပုဒ်ကို စိတ်ထဲကနေ စည်းချက်လိုက်ပြီးညည်းလိုက်သေးတယ်။ ချန်းယောလ်ရဲ့အပိုင်လေးကို အခုသွားတွေ့တော့မလို့ဖြစ်တယ်။
ကမ်းစပ်တစ်လျှောက်မှာ ဒိနေ့မှ လူရှင်းနေသလို ထင်လာရတဲ့အခါ ချန်းယောလ်က သူ့ရဲ့ခြေလှမ်းတွေကို အနည်းငယ်ရှိန်တင်လိုက်တယ်။ တကယ်ကို ထိုအမျိုးသားလေးကို တွေ့ချင်စိတ်ပြင်းပြလာတယ်။ ဒိတစ်ခါပြန်တွေ့မှုမှာ ဘယ်လို ပယောဂ ကြောင့်မှ သူ့အပိုင်လေးကို လက်လွှတ်ပေးဖို့ စိတ်ကူးမရှိတော့ဘူး။
တစ်ချိန်တုန်းက အခြေအနေမှာ သူဟာ ဘာမှမတတ်နိုင်ခဲ့တဲ့ ကလေးသာသာဖြစ်နေခဲ့လို့။ အခုတော့ သူ့မှာ ဘယ်အရာကိုမဆို ရင်ဆိုင်နိုင်နေပြီ။ ဒိနှစ်တွေအတွင်းမှာ သူက အများကြီးသန်မာလာခဲ့ပြီးပြီ။ ကိုယ့်အားနည်းရပ်ဝန်းဟာ ပင်လယ်ဇင်ယော်တွေသာဖြစ်တယ်။ ခပ်မှေးမှေး မျက်ဝန်းငယ်လေးတစ်စုံသာဖြစ်တယ်။ နွေးထွေးနေတတ်တဲ့ လက်ချောင်းသွယ်သွယ်လေးတွေမှာသာ မှီတည်ပါတယ်။
ခပ်စိပ်စိပ်လျှောက်လာတဲ့ ခြေလှမ်းတွေ လေးလံသွားမှုမှာ စိတ်ကူးအိပ်မက်လေး ရိုက်ချခံလိုက်ရသလို နှလုံးသားသာ ကျင်ခနဲ။ သူ့အတွက်ဆိုပြီး မနက်စောစောပြင်ဆင်ခဲ့တဲ့ မနက်စာလေးဟာ ငိုနေတော့မယ်။ ဇင်ယော်အနည်းငယ်နဲ့ လှိုင်းလုံးတွေဟာ ကမ်းစပ်ကနေ ချန်းယောလ်ကို လှောင်ရယ်နေတယ်။
တစ်ယောက်တည်းမက်တဲ့ အိမ်မက်တွေကနေ နိုးထသင့်ပြီတဲ့။
ဟင့်အင်း သူတော့မထင်ဘူး။
ရတယ် ။ ပြေးစမ်းပါ။ မင်းပြေးနိုင်သလောက်ပြေး။ ငါမှာ မင်းကိုကပ်တွယ်ဖို့ အစီအစဉ်တွေ ထောင်နဲ့ချီရှိတယ်။ ငါမင်းကို ရဖို့ ဘယ်ကိုဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ်။
ဒီလောက်ကလေးနဲ့ နောက်ဆုတ်ရရင် ငါစောင့်ခဲ့ဖူးတဲ့ နေ့ရက်တွေက လှောင်ရယ်နေတော့မှာပေါ့။ ငါ့ညတွေတိုင်း မင်းမပါပဲ မက်တဲ့ အိမ်မက် တစ်ခုလေးတောင် မရှိဖူးဘူး။ ဘယ်အချိန်ဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ် မင်းဟာ ငါ့အပိုင်ဖြစ်ဆဲပဲ။
မဟုတ်ဘူး အခုကစပြီး ငါက မင်းအပိုင်ဖြစ်ပေးမယ်။ ပြီးတော့ ငါ့သခင်နောက် ငါဟာ ထပ်ကြပ်မကွာ လိုက်ပါ တော့မယ်။
ချန်းယောလ်ရဲ့ ဒီတစ်ခါအိမ်ပြန်လမ်းဟာ အရင်လိုခြောက်ကပ်ဆဲပဲ။ မင်းမပါတဲ့ ပင်လယ်ဆီ ကိုယ်မသွားဘူး။ အဲ့ဒီအစား ကိုယ့်အိမ်ရှေ့နားလေးမှာ လီလီပန်းတွေဖွေးနေအောင် ကိုယ်ပေါင်းသင်ရေလောင်းထားတယ်။ ဒီပန်းတွေက ငယ်ငယ်က မင်းပိုးဖူးတဲ့မမအတွက်တော့မဟုတ်ဘူး။ ငါမြတ်နိုးတဲ့ မင်းအတွက်ဖြစ်စေမယ်။
လေယာဉ်ရဲ့ဘေးခုံလေးမှာ စကိတ်ဘုတ်လေးထောင်လျှက်ပါလာတယ်။ မင်းအမြတ်တနိုးသိမ်းထားခဲ့ဖူးတယ်ဆိုတဲ့အသိလောက်နဲ့ပဲ ငါမြတ်နိုးဖို့လုံလောက်ပါတယ်။ငယ်ငယ်က ခဏတာရူးသွပ်ဖူးတဲ့ စကိတ်စီးခြင်းဟာ ဘတ်ဟျွန်းစုံတွေ့ပေးဖို့ ဖြစ်နေလောက်မလားလို့ တွေးကြည့်မိတော့ အဲ့ဒိတုန်းက ချာတိတ်လေးတွေကို ပြန်မြင်ယောင်လာတယ်။
မနက်တိုင်း နွားနို့ဘူးလေးကိုင်လို့ ရောက်လာတတ်တဲ့ လုံးလုံးလေးကို ငါက အမြဲပြတင်းပေါက်ကကြည့်နေခဲ့တာ။ ငါ့အလစ်ကိုအမြဲချောင်းနေတတ်တဲ့ကောင်လေးကို ငါကလွဲရင် ဘယ်သူနဲ့ ခင်မင်နေတာကိုမှ ငါတကယ်မကြိုက်ခဲ့တာ။ မင်းကို အကြွေးတွေကျေသွားမှာ ငါတကယ်ကိုစိုးရိမ်ခဲ့ဖူးတာ။ ငါ့အနားကနေ ပျောက်ကွယ်သွားမှာကို ငါလဲပဲ တိတ်တိတ်လေး စိုးရွံ့ခဲ့ဖူးတာ။
မှတ်မိသေးတယ်။ ငါတို့အထက်တန်းနှစ်မှာ ကောင်မလေးတစ်ယောက်က မင်းကိုသဘောကျတယ်ဆိုတာကို ဖွင့်ပြောနေတာ တွေ့တဲ့နေကပေါ့။ ငါကိုကာကိုလာတွေကို အစကနေ ပြန်မုန်းမိတဲ့နေ့ကပေါ့။ ပြီးတော့ ရည်းစားလိုလို ဘာလိုလိုတွေ စထားပစ်လိုက်တုန်းကပေါ့။
တကယ်ဆို ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က လိင်တူသူငယ်ချငိးကောင်လေးအပေါ်မရိုးသားတာတွေ ဖုံးဖိချင်ခဲ့ဖူးတာ။ မင်းနဲ့မှသာ ယိမ်ယိုင်လာတတ်တဲ့ သမာဓိတွေကို ငါဥပေက္ခာ ပြုကြည့်ချင်ခဲ့တာ။ ငါအရွယ်မရောက်ခင်ထဲက ငါ့ရင်ထဲကို မင်းအရင်ရောက်နေခဲ့တာ။
LA ရဲ့အပြန်လမ်းဟာ အတွေးစတွေ ပျံ့ပျံ့ကျဲကျဲနဲ့။ ကိုးရီးယား ဆိုလ်းကို ခြေချတဲ့အချိန်ဟာ မနက်ခင်း ၃နာရီ။ လူသွားလူလာနည်းပါးနေတဲ့ ညရဲ့လမ်းမတွေထက်မှာ ချန်းယောလ်ဟာ လတ်ဆတ်တဲ့လေကို တစ်ဝကြီးရှူရိုက်လို့ တစ်စုံတစ်ယောက်ကို တခုတ်တရလွမ်းပစ်လိုက်တယ်။ မျက်နှာေလးမြင်လိုက်ရမှ အလွမ်းစိတ်ပိုလာသလို။ ကိုယ်မင်းကို တကယ်ကြီးကိုလွမ်းနေတယ်။
**********
"ချန်းယောလ်..."
ရုံးခန်းထဲက ဆိုဖာမှာ ခြေချိတ်ထိုင်နေတဲ့သူဆီက သူ့နာမည်ထွက်လာတော့ချန်းယောလ်က အနည်းလေးငဲ့ကြည့်တယ်ဆိုယုံလောက်လေး ကြည့်လိုက်တယ်။ ပြီးတော့ သူ့ရဲ့အလုပ်စားပွဲဆီကို တန်းတန်းမတ်မတ်ဝင်ထိုင်လိုက်ပြီးမှ
"ကျွန်တော်ကို ရှာတာ ဘာကိစ္စလဲ မစ္စပတ်..,"
"ချန်းယောလ် မင်းအခုထိ အသိတရားမရသေးဘူးလား
ဘယ်အချိန်ထိ အရူးတစ်ယောက်လို လုပ်နေဦးမှာလဲ ဟမ်..
ဘာမဟုတ်တဲ့ ယောကျာ်းတစ်ယောက်အတွက်နဲ့များ...."
*ဘာမဟုတ်တဲ့ ယောကျာ်းတစ်ယောက်အတွက်* ဆိုတဲ့ နေရာမှာ ချန်းယောလ်မျက်ဝန်းတွေ ကျဉ်းမြောင်းစူးရှလာတယ်။
"ဟုတ်တာပေါ့ မစ္စစ်ပတ်အတွက်ကတော့ ယောကျာ်းသေတာတောင် စီးပွားရေး အလုပ်မပြတ်ခဲ့ဘူးလေ...ဟက်..
ဒါပေမယ့် ဘယ်လိုလုပ်မလဲ ကျွန်တော်ကတော့ အဲ့ဒီယောက်ကျာ်းအတွက် ဘာတွေပဲ လုပ်ရရ ဖြစ်ပေးရရ နောက်ဆုံး အသက်ပေးပြစ်လိုက်ရရင်တောင် အဆင်ပြေတဲ့ ကောင်လေ..."
"ပတ် ချန်း ယောလ်..."
တစ်လုံးချင်း နင့်နင့်သည်းသည်းခေါ်တဲ့အသံကိုချန်းယောလ်က မျက်ခုံးလေးပင့်တယ်ဆိုယုံလေး နဲ့ အသိမှတ်ပြုပေးလိုက်တယ်။
"မင်းအသက် ၃၀ ထဲရောက်နေပြီချန်းယောလ် အခုထိ ကလေးတုန်းက စိတ်ကစားခဲ့တဲ့အရာကို ဘဝကြီးလိုလုပ်မနေနဲ့..."
"ဘယ်တုန်းများ ကျွန်တော်က စိတ်ကစားခဲ့တာပါလို့ ပြောဖူးလို့လဲ.."
"မင်းကအခုထိ အဲ့တာကို အချစ်လို့ အထင်မှားနေတာပဲ ချန်းယောလ်
ငါလုံးဝ အဲ့ဒီလိုကိစ္စမျိုးကို လက်မခံနိုင်ဘူး ချန်းယောလ်..."
"အမေလက်ခံမှာကို ကျွန်တော်လဲ တောင်းခံမနေပါဘူး ..."
"ဘယ်လို.."
"ဘာလို့ဆို ဗြောင်ဘတ်ဟျွန်းဆိုတဲ့ အမျိုးသားကို ကျွန်တော်က လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ထဲက ပိုင်ဆိုင်ပြီးသား.."
"ချန်းယောလ် ဘာစကားတွေပြောနေတာလဲ အခု..."
"ဒီနေရာမှ အခုချိန်ထိ ဘာလို့ခြေချုပ်မိနေလဲ အမေဘယ်တုန်းကမှ မေးမကြည့်ခဲ့ဘူးေနာ်..."
"ချန်းယောလ်..."
"ဟုတ်တယ် သူ့ကိုရှာမတွေ့သေးလို့..ပြီးတော့..."
"မင်းသူ့ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး..."
"တွေ့ပြီးခဲ့ပြီ ဆိုရင်ရော..."
"ဘာ..."
မနက်ခင်းတစ်ချို့ တိတ်ဆိတ်သွားမှုမှာ ပန်းရနံ့သင်းသင်းလေးမွှေးပျံ့သွားတယ်။ ဆိုလ်းရဲ့ မနက်ခင်းတွေဟာ အဲ့ဒီလိုအထီးကျန်စွာ ရုန်းရင်းဆန်ခတ်...
#Heki
#3.12.22