သူမ မှ တစ်ပါး

By SummerMaung

554K 14K 315

တစ်ခါတစ်လေ Exတွေပြန်လာတယ်ဆိုတာ ကိုယ့်ရဲ့နံရိုးပိုင်ရှင်ဖြစ်လို့မဟုတ်ဘဲ ကံကြမ္မာက နင်အရင်လိုကျပ်မပြည့်တုန်းပဲ... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41 (ဇာတ်သိမ်း)

Part 9

10.4K 323 7
By SummerMaung

💞 Part - 9 💞
~~~~~~~~~~~~~~

"နင် နေသာ့ကိုဘယ်လိုမြင်လဲ Sea"

နှုတ်ခမ်းနီဆိုးနေရင်း ကိုင်းမေးလိုက်သည့်စကားကြောင့် Seaက ပခုံးတွန့်ပြပြီး ဖုန်းအသုံးမပြတ်တာမို့ အမြင်ကတ်ကတ်ဖြင့် သူ့ဖုန်းကိုဆွဲယူလိုက်သည်။
ထိုအခါမှ Seaက ကျွတ်ခနဲဖြစ်သွားပြီး လျော့တိလျော့ရဲထိုင်နေရာမှ မတ်မတ်ပြင်ထိုင်လိုက်ကာ...

"ဘယ်လိုမြင်ရမှာလဲ နေသာက နေသာပဲပေါ့"

"နေသာက နေသာပဲလုပ်မနေနဲ့ သူနင့်ကိုသဘောကျနေတာ ငါသိတယ် ငါလည်း သဘောတူတယ်"

"နင်သဘောတူရင် နင်ပဲယူပါ့လား ဘာလို့ငါ့ကိုဆွဲထည့်နေတာလဲ နေပါဦး.. အဲ့ဒါကြောင့်မို့ နင် ငါ့ကောင်မလေးတွေကို လိုက်ဖျက်နေတာလား"

တကယ်လည်းဟုတ်နေသော ကိုင်းက ဆတ်ခနဲခေါင်းညိတ်ပြလိုက်၍ Seaက တင်းသွားဟန်ဖြင့် ကိုင်းကို ခေါင်းအုံးနှင့်လှမ်းပစ်သည်။
ဘုတ်ခနဲထိသွား၍ သေချာပြုပြင်ထားသည့် ဆံပင်တွေ နည်းနည်းဖွာသွား၍ ကိုင်း စိတ်တိုသွားပြီး နေရာမှထကာ Seaဆံပင်ကိုလှမ်းဆွဲ၏။
ကိုင်းလုပ်လာမည်ကို သိနေဟန်ဖြင့် Seaရှောင်သွားတော့ မမိလိုက်တာမို့ ပိုစိတ်တိုသွားပြီး ခုန်အုပ်ပစ်လိုက်သည့်အခါ အရှိန်မထိန်းနိုင်တော့ဘဲ ဆိုဖာက ဝုန်းခနဲလဲသွားတော့သည်။

"အ!! သေပါပြီ အဲ့ဒါနင့်ကြောင့် Seaစုတ်ရဲ့"

"ငါလည်းနာတာပဲ ဖယ်စမ်း ဝက်မရဲ့ အလေးကြီးပဲ"

"နင်သာဝက်"

"နင်သေဖို့သာပြင်"

ကိုင်းတို့ အသံတွေကို ကြားလိုက်ပုံရသောမေမေက အပြေးအလွှားရောက်လာသည်အထိ ကိုင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေကြဆဲ။
ကိုင်း သူ့ဆံပင်ကိုဆွဲထားသလို Seaကလည်း ကိုင်းအပေါ်ကမဖယ်သေးဘဲ ဖိထားဆဲ…

"ကဲ တော်ကြစမ်း"

"သူအရင်စတာ"       "သူအရင်စတာ"

"နင်ကဘာလို့လိုက်ပြောနေတာလဲ"

"ငါအရင်ပြောတာ နင်သာလိုက်ပြောနေတာ"

"ကဲ.. တော်တော့လို့ပြောနေတယ်နော်"

မေမေ့အသံက ဒေါသသံပါလာ၍ နှစ်ယောက်သားငြိမ်ပေးလိုက်ရင်း ဆံပင်ကိုပြန်လွှတ်ပေးလိုက်တော့ Seaကလည်း ဖိထားရမှ ပြန်လွှတ်ပေး၏။
သို့သော် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မကျေမနပ် အံကြိတ်ကြတာခြင်းလည်းအတူတူ။
မေမေကတော့ ရိုးအီနေသလိုကြည့်နေကာ နောက်တစ်ခွန်းထပ်ထွက်လာလျှင် ခေါင်းခေါက်ခံရမှာသေချာသည်။

"Sky သမီး ဟိုတစ်ရက်ကိစ္စအတွက် နောင်တရပြီလား"

"ရပါပြီ မေမေ ကိုင်းနောက်ခါအဲ့လိုမဆိုးတော့ပါဘူး ကိုင်းကတိပေးပါတယ်"

"ပြီးရော.. မနက်ဖြန်Blind dateတစ်ခုလုပ်ထားတယ် မောင့်ရဲ့မိတ်ဆွေမိသားစုက သားတစ်ယောက်ပဲ အဲ့ဒီကလေးကို မောင်ကတော့ သဘောကျတယ် အဲ့ဒါသမီးသွားတွေ့လိုက်"

"ဟာ!! မေမေကလည်း ကိုင်းMBAတက်ရဦးမယ်လေ အိမ်ထောင်မပြုချင်ပါဘူး"

"မရဘူး သမီးကို မေမေအလိုလိုက်ခဲ့တာများပြီ Seaနဲ့တန်းတူ အခွင့်အရေးပေးနေတယ်ဆိုတာလည်း Seaက သူ့အစ်မကိုစောင့်ရှောက်မယ်လို့ ယုံကြည်ထားလို့ပဲ တကယ်တမ်းကျ Seaလည်း မနိုင်ဘူးမလား"

"မဟုတ်ပါဘူး ကိုင်းက ကိုယ့်မောင်ကိုချစ်လို့အနိုင်ယူတာပါ Seaကထိန်းပေးရင် သမီးလည်း လိုက်နာပါ့မယ် Blind Dateတော့မသွားချင်ပါဘူး"

"ဟုတ်သားပဲ မေမေရယ် မ ကိုအပြစ်ပေးချင်ရင်လည်း တခြားနည်းနဲ့"

"ပြာနှစ်ပြာ"

မေမေ့အသံသည် စောစောကထက်ပိုပြီးတင်းမာသွားသည့်အခါ Seaက မျက်နှာပြောင်တိုက်စွာဖြင့် ဘက်ပြောင်းသွားခဲ့၏။

"ဟုတ်သားပဲ မေမေကကောင်းစေချင်လို့ စီစဥ်ပေးတာ သွားလိုက်ပါ မနက်ဖြန်ကျရင်ငါလိုက်ပို့မယ်"

ကိုင်းရဲ့အမာခံပရိသတ်ကြီး ဖေဖေအိမ်မှာမရှိချိန်တိုင်း ကိုင်း ဤသားအမိက ဤသို့အနိုင်ကျင့်ခံရစမြဲမို့ နှုတ်ခမ်းစူပစ်ပြီး ဆောင့်အောင့်ကာ အဝတ်ဗီရိုကိုဆွဲဖွင့်လိုက်သည်။
အလကားမောင်လေး...
တစ်ဗိုက်တည်း အတူတူနေလာရပြီး အားမကိုးရဘူး...
မေမေ့ဗိုက်ထဲမှာကတည်းက နင့်ကို နှစ်ချက်လောက်ဆောင့်ကန်ခဲ့ရမှာ...

💞💞💞💞💞💞

ကျော်စွာ့ကိုစုံစမ်းခိုင်းရုံဖြင့် သူမ ဘယ်မှာနေလဲအလွယ်တကူသိရသလို ထိုသို့သိရသည့်တိုင် သူ ဖုန်းမဆက်အားခဲ့။
နှစ်ချုပ်ချိန်မို့ အလုပ်တွေဆက်တိုက်လုပ်နေရင်း ညဘက်အိပ်ယာဝင်ချိန်သည် ၁၁နာရီ ဆိုတာအစောဆုံး။
ထိုအချိန်မျိုးဆို ကျော်စွာပါ အိမ်မှာလာအိပ်ပြီးကူလုပ်ရသည်အထိ။

"မင်း အိပ်တော့မှာလား"

"မအိပ်သေးဘူး ဆရာ ဘာခိုင်းဦးမလို့လဲ"

"ကိုင်းတို့အိမ် ခဏသွားချင်လို့"

"မသွားပါနဲ့တော့ ဆရာရယ် မိုးချုပ်နေပါပြီ ဖုန်းဆက်ချင်ဆက်လိုက်ပါ"

ဒီအချိန်သွားလည်း သူမ ထွက်​တွေ့မည်မထင်​၍ ဖုန်းပဲဆက်ဖို့စိတ်ကဖြစ်ကာ နံပါတ်လေးတွေကိုနှိပ်ရင်း ရင်တွေခုန်လာတာကအရိုင်းဆန်စွာ။
ပြုစားနိုင်လွန်းသော ထိုကောင်မလေးကို Enchantress(မှော်ဆရာမ)ဟု contact မှတ်ထားမိသည်အထိ။

"ကိုင်းအကြောင်း ဘယ်သူ့ကိုမှမသိစေနဲ့နော်"

"ဟုတ်ကဲ့ ဆရာ"

သူ့အသက်၊ သူ့အနေအထားဖြင့် ကိုင်းလိုမိန်းကလေးငယ်ငယ်လေးကိုစိတ်ဝင်စားမိသည့်အတွက်ကို နည်းနည်းရှက်နေမိသည်။
သူမကိုချစ်ကြောင်းဝန်ခံပြီး သူမဘက်ကလည်း ချစ်တယ်လို့ပြောလာမှ သူ့မိန်းကလေးအဖြစ်တစ်လောကလုံးကို ပေးသိချင်သည်။

"ဟဲလို"

"ကိုင်း အိပ်ပြီလား"

"ဦး"

ချစ်စရာကောင်းစွာ နူးညံ့သည့်အသံလေးဖြင့် ဦး ဟု သူမခေါ်လာတော့ ရင်ထဲကြည်နူးသွားကာ ပြုံးသွားမိသည်။
သူ့အသံကို ကလေးလေးက မှတ်မိနေတာပဲ...

"ကိုင်း မအိပ်သေးပါဘူး Seaအပြင်ထွက်သွားလို့ တံခါးဖွင့်ပေးဖို့စောင့်နေတာ"

"ဒီတစ်ခါတော့ Seaက အစ်မကိုခေါ်မသွားတော့ဘူးပေါ့"

"Clubကိုသွားတာ ဦးရဲ့ ကိုင်းလိုက်ရင် ရန်ဖြစ်မှာစိုးလို့တဲ့ တကယ်ကလေ သူက သူ့ကောင်မလေးနဲ့ပဲ သွားချင်တာသိလား ကိုင်းကိုဆိုအမြဲ ချောင်ထဲထိုးထားချင်နေတာ"

စောင့်ပေးနေရတာကို မကျေနပ်နေသလို သူ့ကိုအတင်းအုပ်နေသေးတာမို့ သူ ရယ်လိုက်သည်။
အားကိုးစရာရှိသော ကလေးငယ်လေးက တိုင်တန်းနေသလို ချစ်စဖွယ်လေး...

"မင်းကလေ တကယ်ပဲ"

"ဦးက ဒီအချိန်မှအားတာလား အဲ့လိုဆို ကိုင်းမုန့်ဝယ်ကျွေးဖို့ကျ"

"အားတဲ့ရက်ရှိပါတယ် ဒီရက်တွေကနှစ်ချုပ်နေလို့ ကိုယ်မအားသေးတာပါ"

"ဦးပြောတဲ့စီးပွားရေးဆိုတာက ဘာလဲဟင် နည်းနည်းပြောပြပါလား"

"ကိုယ့်ခံယူချက်ကတော့ စီးပွားရေးဆိုတာမျက်လှည့်တစ်ခုပဲ ကိုယ်က ငွေကိုအဓိကထားပြီး စီးပွားရှာတာမဟုတ်ဘူး Chessကစားရသလိုမျိုး ပြိုင်ဘက်တစ်ယောက်နဲ့ အကွက်ရွှေ့နေရသလိုမျိုး သဘောထားတာ
ဥပမာ ခုမင်းတို့ကလေးတွေဆော့ကြတဲ့ mobile legendsလို ဂိမ်းမျိုးလိုပေါ့ ကိုယ့်ဘက်ကို ခိုင်မာအောင် အရင်itemဆက်တယ် Battleဆိုင်ဖို့အဆင်သင့်ဖြစ်ရင် ဝင်တိုက်တယ် အဲ့ဒါကဗျူဟာတစ်မျိုးပဲလေ စီးပွားရေးကလည်းအဲ့လိုပဲ တစ်ခုရှိတာက ကိုယ်ကဖုန်း၊ ကွန်ပျူတာသုံးစရာမလိုဘူး"

"ဦးပြောလိုက်တော့လည်း စီးပွားရေးလုပ်ငန်းက စိတ်ဝင်စားစရာဖြစ်သွားရော"

"ကိုင်းကရော"

"ကိုင်းက ကျောင်းဆက်တက်မလို့ပြင်ဆင်နေတာလေ ဒီကြားထဲ ဂစ်တာတီးလိုက် သီချင်းဆိုလိုက် ဂိမ်းဆော့လိုက်ပေါ့"

"နောက်ဆို ကိုင်း ဘာလုပ်ဖို့ရည်ရွယ်ထားလဲ"

"သိဘူး Seaရည်းစားထားရင် လိုက်နှောက်ဖို့ပဲစိတ်ကူးထားရသေးတယ်"

ကလေးဆန်လွန်းသော သူမရဲ့ရည်ရွယ်ချက်ကိုကြားတော့ သူ ဟက်ဟက်ပက်ပက်ရယ်မိသည်။
ခုချိန်အထိ ဘာလုပ်ချင်လဲ ရေရေရာရာ မသိသေးသော သူမကို သနားစိတ်လည်းဝင်သွားမိကာ...

"ကိုယ်ဖြစ်ချင်တာကို တစ်ခါတည်းစိတ်ကူးထားရတယ် ကိုင်းရဲ့ စိတ်ကူးပြီးရင် ရအောင်လုပ်မယ် ဆိုတဲ့ Planလည်းရှိရတယ် ဒါမှတိုးတက်မှာပေါ့"

"ကိုင်းက UKမှာ MBAသွားတက်မှာ ကျောင်းပြီးရင် အဲ့ဒီမှာပဲဖြစ်ဖြစ် ဒီကိုပြန်လာတာပဲဖြစ်ဖြစ် အလုပ်လုပ်ချင်တာ အဲ့ဒါကိုင်းရဲ့planပဲ"

စကားဆုံးသည်နှင့် ဂစ်တာကြိုးကိုဆွဲချလိုက်သံကြားတော့ သူမ ဂစ်တာတီးနေသလားဟု တွေးမိ သွားသည်။
ဟိုတစ်ရက်က သူမဆိုခဲ့သည့် Crazierဆိုသည့်သီချင်းကိုပြန်သတိရသွားကာ သူမကို ထိုသီချင်းအကြောင်း ပြောပြဖို့ပြင်လိုက်စဥ်...

"ဦး သီချင်းနားထောင်မလား ကိုင်းပျင်းနေလို့ သီချင်းဆိုပြမယ်"

သူ့စိတ်ထဲကိုလှမ်းမြင်နေရသလို ခပ်ချွဲချွဲလေးပြောလာတော့ Okဟု ခပ်တိုးတိုးပြောလိုက်မိသည်။

Heart beats fast
(ရင်ခုန်သံတွေလည်း မြန်နေတယ်)
Colors and promises
(ကတိတွေနဲ့ မင်းပေးတဲ့အကြောင်းအရာတွေ)
How to be brave?
(တို့ ဘယ်လိုရဲရင့်ရမလဲ)
How can I love when I'm afraid to fall
(ချစ်ရမှာကြောက်နေတဲ့အချိန်မှာ ဘယ်လိုချစ်နိုင်မှာလဲ)
But watching you stand alone?
(မင်းတစ်ယောက်တည်းဖြစ်နေတာကိုကြည့်နေရင်းနဲ့)
All of my doubt suddenly goes away somehow
(တို့ရဲ့သံသယတွေအားလုံး ဘာကြောင့်မှန်းမသိ ပျောက်သွားတယ်)
One step closer
(ကိုယ့်ဆီကို ခြေလှမ်းတစ်လှမ်းတိုးခဲ့ပါ)

I have died everyday waiting for you
(မင်းကိုစောင့်မျှော်နေရတဲ့နေ့ရက်တိုင်းက သေဆုံးနေခဲ့ရသလိုပါပဲ)
Darling don't be afraid I have love you
(တို့ မချစ်တော့မှာကို မစိုးရိမ်ပါနဲ့ အချစ်ရယ်)
For a thousand years
(နှစ်ပေါင်းထောင်ချီတဲ့အထိ ချစ်မှာပါ)
I'll love you for a thousand more
(နှစ်ပေါင်းထောင်ချီမကအထိ မင်းကိုချစ်နေဦးမှာ)

ထိုသီချင်းကို သူ ကြားဖူးပေမယ့် ဘယ်သူဆိုမှန်းတော့မသိပါ။
သူမသီချင်းဆိုတိုင်း ကလေးသံလေး မဟုတ်တော့ဘဲ စိတ်ပါလက်ပါဆိုတတ်တာမို့ လေးလေးနက်နက်ရှိကာနားထောင်လို့ကောင်းသည်။

"အဲ့ဒါ ကိုင်းရဲ့ favourite songလေ"

"ပြောရရင် ကိုယ်အဲ့လိုတွေသိပ်နားမထောင်ဖြစ်ဘူး မင်းဆိုပြမှပဲ သေချာနားထောင်ဖူးတော့တယ်"

"ဦးကလည်း ကလေးကျနေတာပဲ​ Christina Perrisရဲ့သီချင်းလေ A Thousand Yearsတဲ့ မသိဘူးလား ဟော.. အေး မအိပ်သေးဘူး Seaပြန်ရောက်နေပြီ ဦး"

"ဒါဆို ကိုယ်ဖုန်းချ​တော့မယ် ပြီးရင် ကိုင်းအိပ်တော့နော် ဂစ်တာမတီးနဲ့တော့"

ဟုတ် ဆိုသည့်အသံတိမ်တိမ်လေးဖြင့် သူမဖုန်းချသွားသည်။

"ကိုယ့်ဆီကို ခြေလှမ်းတစ်လှမ်းတိုးခဲ့ပါ တဲ့လား"

ဟု ခပ်တိုးတိုးပြောရင်း သူပြုံးမိသည်။
သူမသီချင်းတစ်ပုဒ် ဆိုပြပြီးတိုင်း ရင်ထဲမှာတစ်ခါစူးနစ်ကျန်နေခဲ့ကာ ဒီသီချင်းလေးကတော့ မှတ်မှတ်ရရဖြစ်သည်။

💞💞💞💞💞💞

"ကောင်းကင်ပြာနော်"

"ဟုတ်ကဲ့"

"ထိုင်လေ ညီမ"

ကိုင်းထက် အသက်နည်းနည်းကြီးမည့်ပုံဖြင့် ခပ်ချောချောဖြစ်ပေမယ့် ဒီလူရဲ့ချောမွေ့မှုက Koreaမင်းသားတွေလို နုနုဖတ်ဖတ်လေး။
Koreaစတိုင်ကိုကြိုက်ပေမယ့် Blind Dateဆိုသည့်တွေ့ဆုံမှုကြောင့် ဒီလူ့ကိုကြည့်ရတာတော့ တော်တော်လေး အမြင်ကတ်စရာကောင်းနေ၏။

"ဘာစားမလဲ ကောင်းကင်ပြာ"

"သံပုရာရည်ပဲ သောက်တော့မယ်"

"ကျွန်တော်က ဆိုဂျူ"

ထိုလူက Seaကိုတစ်ချက်ကြည့်ကာ ကိုင်းကိုပြုံးပြပြီး ဆိုဂျူရော၊ သံပုရာရည်ကိုပါ မှာပေးတော့ Seaက မျက်စိတစ်ဖက်မှိတ်ပြ၏။
ကိုင်း ကြိတ်ပြုံးလိုက်ပြီး ညက တံခါးစောင့်ဖွင့်ပေးရကျိုးနပ်ကြောင်း ပြန်တွေးမိလေ၏။

"Clubကိုလိမ့်ချင်တာ နင်ငါ့ကို တံခါးစောင့်ဖွင့်ပေး မနက်ဖြန် Blind dateပျက်စေရမယ် အာမခံတယ်"

Seaရဲ့ကတိဟာ ရွှေတမျှတန်ဖိုးကြီးလှတာမို့ ကိုင်းသဘောတူလိုက်ကာ ချိန်းထားသည့်ဆိုင်ကိုရောက်သည်နှင့် ဒင်းက ကန့်လန့်လုပ်တော့၏။
သံပုရည်ရောက်လာတော့လည်း သူကအရင် တစ်ဝက်လောက်သောက်ပစ်ကာ ဆိုဂျူပုလင်းကိုဖောက်ပြီး သံပုရာရည်ထဲလောင်းထည့်၏။

"ဟဲ့"

"Sorry မ ရယ် နင်Barရောက်တိုင်း နင်အဲ့လိုသောက်နေကျပဲမို့လို့ ရောသွားတာ တကယ်sorry"

ကိုင်းရယ်ချင်နေပေမယ့် အောင့်အည်းနေလိုက်ကာ တစ်ဖက်ကလူကို အကဲခတ်တော့ သူသည် နည်းနည်းစိတ်ညစ်သွားဟန်ရှိသည်။
သူ့မျက်လုံးထဲမှာလည်း Seaဟာ ဆူးညှောင့်တစ်ခုလို ရှုပ်နေမှာ အသေအချာ…

"Sorryနော် ကျွန်မနဲ့Seaနဲ့က အမွှာတွေလေ ကျွန်မက သိပ်ချစ်တော့ကျ သူနဲ့တပူးပူးတတွဲတွဲပဲ တကယ်လို့ ကျွန်မတို့လက်ထပ်ဖြစ်ရင်"

"ငါ နင်နဲ့လိုက်နေမှာနော် မ"

ကိုင်းစကားကိုဖြတ်ပြောပေမယ့် Seaရဲ့အကြည့်တွေက တစ်ဖက်လူဆီမှာဖြစ်ကာ အကြည့်တွေက ရွှန်းရွှန်းလဲ့လဲ့။
ထိုလူ့ကို ခေါင်းကနေ ခြေဖျားအထိ တစိမ့်စိမ့်ကြည့်ကာ ပြုံးစိစိမျက်နှာဖြင့်...

"မ နဲ့ယူမယ့်သူပဲ ကိုကိုလို့ခေါ်ရမလား"

"အာ! မဟုတ်သေးပါဘူး အခုမှတွေ့ရုံ.."

"မ နင်သဘောကျတယ်မလား"

Seaသည် ကိုင်းကိုလှည့်မေးပေမယ့် ကိုင်းအဖြေကိုမစောင့်ဘဲ ထိုသူ့ကို သူ့ကောင်မလေးအလား ရွှန်းလဲ့စွာပြုံးကြည့်ရင်း...

"ငါတော့သဘောကျတယ်"

"As you like ငါ့ကောင်.. နေဦး ငါသူနဲ့"

"အမ်း... ကိုယ်အလုပ်လေးရှိသေးလို့ နောက်မှထပ်တွေ့လို့ရမလား"

"ဟင်!! မဟုတ်သေးဘူးလေ ကိုင်းက"

"See you"

ထိုလူ နောက်ထပ်၅မိနစ်လောက်နေလျှင် ကမ္ဘာပျက်တော့မလို အမူအယာဖြင့် ဆိုင်ထဲကထွက်ပြေးသွားတော့မှ Seaကမချိုမချဥ်ရုပ်ဖြင့် ဆိုဂျူပုလင်းကိုမော့သောက်၏။
ကိုင်းကတော့ အတော်လေးကျေနပ်သွားရသည်မို့ Seaကို တံတောင်နှင့်တွက်ကာ...

"နင်လိုချင်တဲ့ Earringလေး ငါမှာထားတယ်"

"တကယ်လား ပြစမ်း"

Seaဟန်မဆောင်နိုင်အောင်ဖြစ်သွားပြီး ကိုင်းရဲ့ဖုန်းကိုယူကြည့်တော့ Seaလိုချင်နေသော စိန်တစ်ပွင့်တည်းEarringလေးကို orderတင်ထားကြောင်းပြလိုက်၏။
ထိုOrderကိုကြည့်ပြီး Seaက ပျော်သွားသလို ဖုန်းကို ကိုင်းဆီပြန်ပေးရင်း လက်မထောင်ကာ...

"You're the best girl in my life"
(နင်ကငါ့ဘဝရဲ့ အကောင်းဆုံးမိန်းကလေးပဲ)

"You too bro"
(အတူတူပဲ)

💞💞💞💞💞💞

Part 10 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~

    
💞 Part - 9 💞
~~~~~~~~~~~~~~









"နင်သာဝက်"

"နင်သေဖို့သာပြင်"


"ကဲ တော်ကြစမ်း"

"သူအရင်စတာ"       "သူအရင်စတာ"












"ပြာနှစ်ပြာ"



အလကားမောင်လေး...

💞💞💞💞💞💞


"မင်း အိပ်တော့မှာလား"






"ဟုတ်ကဲ့ ဆရာ"


"ဟဲလို"

"ကိုင်း အိပ်ပြီလား"

"ဦး"






"မင်းကလေ တကယ်ပဲ"






"ကိုင်းကရော"










Heart beats fast
Colors and promises
How to be brave?
One step closer

For a thousand years









💞💞💞💞💞💞

"ကောင်းကင်ပြာနော်"

"ဟုတ်ကဲ့"

"ထိုင်လေ ညီမ"




"ကျွန်တော်က ဆိုဂျူ"




"ဟဲ့"








"မ နင်သဘောကျတယ်မလား"


"ငါတော့သဘောကျတယ်"




"See you"



"တကယ်လား ပြစမ်း"



"You too bro"
(အတူတူပဲ)

💞💞💞💞💞💞

Part 10 ဆက်ရန်

#shinthant1141997

Continue Reading

You'll Also Like

235K 7K 33
She just smiled and told him, "Trouble."
9.9M 648K 75
Yaduvanshi series #1 An Arranged Marriage Story. POWER!!!!! That's what he always wanted. He is king of a small kingdom of Madhya Pradesh but his pow...
856K 77.8K 38
She is shy He is outspoken She is clumsy He is graceful She is innocent He is cunning She is broken He is perfect or is he? . . . . . . . . JI...
22.6K 369 17
ရွှေရုပ်ငယ်တစ်ယောက်မိဘတွေအကြွေးပိပြီးမာနလင်းထင်ဆိုတဲ့အဥေးသားတစ်ယောက်စီရောက်သွားတယ် မာနလင်းထင်ကကော်ရွှေရုပ်လွှာကိုဘယ်လိုလုပ်မလဲရွှေရုပ်ငယ်ကကော်ထွက်ပြေ...