MINE(Completed)

By Heki-21

15.8K 1.8K 168

**Mine** တစ်ယောက်က နာကျင်မှုကို စီးကရက်ငွေ့တွေလို ရှိုက်ထုတ်ပြစ်လိုက်တယ်🚬🚬 နောက်တစ်ယောက် ဘရန်ဒီတစ်ပုလင်းလို... More

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
!!Attention plz!!
25
!Hello!
26
28
29
30
31
32
33
34
35
36
37
38
39
40(Final Part)

27

306 34 0
By Heki-21

Zgy

Mine 27

"စီးကရက္ေတြကို အရမ္းသေဘာက်တာပဲလား ဟြၽန္းနီး..."

*မင္းေလာက္ေတာ့ မဟုတ္ဘူး* ဆိုတဲ့အေျဖကို ရင္ထဲကသာေျဖမိတယ္။ တကယ္ဆို ဘတ္ဟြၽန္းစီးကရက္ကို ေသာက္ျဖစ္တာက လြယ္ကူစြာေသာက္ႏိုင္ေအာင္ သူအစျပဳေပးထားတဲ့အရာမို႔။ ဆိုဂ်ူေတြ မေသာက္ေတာ့တာ သူမပါတဲ့အတြက္ေၾကာင့္မို႔။

တိတ္ဆိတ္ေနတဲ့ ဘတ္ဟြၽန္းရဲ့ မ်က္ႏွာေပၚက လိႈင္းေတြကို ခ်န္းေယာလ္က မလြတ္တမ္းဖတ္တယ္။ ဒါေပမယ့္ အခါမ်ားစြာကလို လြယ္ကူမေနတာေတာ့ ဝန္ခံရမယ္။

"မနက္ျဖန္မွ ျပန္လာခဲ့မယ္"

ဘတ္ဟြၽန္းဟာ အၿမဲရပ္က်န္ေနခဲ့ရတဲ့အတိုင္း သေဘၤာလက္ရန္းမွာ ဒီတိုင္းက်န္ေနခဲ့ရတယ္။ ဒါေပမယ့္ ဒီတစ္ခါမွာေတာ့ သူက ေနာက္ျပန္လွည့္လို႔ အၿပံဳးတစ္ပြင့္နဲ႔ ႏႈတ္ဆက္ေနပါတယ္။

#####

"ဘတ္ဟြၽန္းဆံပင္ေတြ ၫွပ္လိုက္တာလား.."

"ဟုတ္.."

ရွက္ရယ္ရယ္ရင္း ေခါင္းေလးငံု႔သြားတဲ့ ဘတ္ဟြၽန္းကို ဘရန္ဒီေလးေမာ့ရင္းကေန ကင္ၪီးေလးႀကီးက သေဘာတက် ရယ္ေမာသြားတယ္။

"မင္းနဲ႔လိုက္တယ္ ေကာင္ေလး"

"ၪီးေလးကလဲဗ်ာ..."

ဘရန္ဒီပုလင္းေလးေျမႇာက္ျပၿပီး ပဲ့ခန္းထဲဝင္သြားတဲ့ ကင္ၪီးေလးႀကီးကို ဘတ္ဟြၽန္းက မ်က္စိတစ္ဆံုးၾကည့္ၿပီးမွ ပင္လယ္ဘက္မ်က္ႏွာမူလိုက္တယ္။ ဒီေန့လဲ ပင္လယ္ဇင္ေယာ္ေတြ ခပ္နိမ့္နိမ့္ပ်ံသန္းေနၾကတယ္။

"သေဘၤာတက္တဲ့အခါတိုင္း
ပဲ့ကို ကရုစိုက္ကိုင္တြယ္ေမာင္းႏွင္တိုင္း
ပင္လယ္ဇင္ေယာ္ေတြ ခပ္လွမ္းလွမ္းဆီ ပ်ံဝဲသြားတိုင္း
ၿပီးေတာ့ စက္ဘီးတစ္စီးကို ေကာင္ေလးႏွစ္ေယာက္ စီးႏွင္းလိုက္ပါသြားတာ ျမင္တိုင္း
ငါးဖားေလာင္းေလးေတြ ျမင္တိုင္း
ငါ မင္းကိုအရင္သတိရေပးတုန္းပဲ ခ်န္း.."

တိုးတိတ္တိတ္ေရရြတ္သံဟာ လိႈင္းပုတ္သံၾကားေပ်ာက္ကြယ္သြားတယ္။ ဘတ္ဟြၽန္းက တိုႏွံ႔ႏွံ့ ဆံပင္ေတြၾကား လက္ထိုးဖြလိုက္တဲ့အခါ အရင္ကလို ၾကမ္းတမ္းမေနေတာ့တာေတာ့ သိသိသာသာခံစားလိုက္ရတယ္။ ၿပီးေတာ့ စီးကရက္တစ္လိပ္ခဲကာ ပဲ့ခန္းထဲကို လွမ္းဝင္သြားလိုက္ေတာ့တယ္။

တေရြ့ေရြ့ ေရြ့လ်ားေနဆဲ သေဘၤာေပၚက ကပၸတိန္ေကာင္ေလးက စီးကရက္ေငြ့ေတြ လြင့္ခနဲ မႈတ္ထုတ္လိုက္တယ္။ ဒီတစ္ခါ ဆိုက္ကပ္မယ့္ ကမ္းစပ္ဟာ နယ္သာလန္ကိုျဖစ္တယ္။
ႏွလံုးသားကေတာ့ *မင္းေျခေထာက္ေပၚဖိနင္းၿပီး မင္းေမးဖ်ားေလး ေမာ့နမ္းခဲ့ဖူးတဲ့ ေက်ာင္းလမ္းကို လြမ္းတယ္* တဲ့..

ဒီအခ်ိန္ဆို ကိုးရီးယားမွာ ခ်ယ္ရီေတြ ပြင့္ေနေလာက္ေတာ့မလား။ မက္မြန္ပန္းနံ႔ေတြနဲ႔ ထံုျဖာေနေလာက္မလား။ ငါကေတာ့ အေဖ့ရဲ့ သစ္သားနံ႔ စိမ္းေရြေရြရယ္ ၪီးေလးႀကီးအိမ္ေရ႔ွက လီလီပန္းေတြရယ္ကို ဒီေန့မွ တစ္ခုတ္တရ ပိုလြမ္းေနတယ္။

မင္းေရာ ငါတို႔ ပင္လယ္ကို ျပန္ေရာက္ျဖစ္ေသးလားလို႔ ေနာက္တစ္ေခါက္ျပန္ေတြ့ရင္ ေမးၾကည့္ရၪီးမယ္။
ေနာက္တစ္ေခါက္ျပန္ေတြ့တဲ့အခါ အဲ့ဒီအခါ မင္းကို ကပ္တြယ္ေနခြင့္ေပးမယ္။

မင္းဘယ္ေလာက္ရွာႏိုင္မလဲ မသိေပမယ့္ ရွာလို႔ေတြ့တဲ့ေန့ ငါတို႔ ကံၾကမၼာႀကိဳးကို ငါတို႔ကိုယ္တိုင္ျပန္ဆက္မယ္။
အဲ့ဒီအခါက်ရင္ မင္းကိုမုန္းရတဲ့အေၾကာင္းေတြ ရယ္ရယ္ေမာေမာေျပာျပမယ္။ ဒီတစ္ခါေတာ့ ငါတကယ္ကို လြမ္းရမယ္ထင္တယ္။

မုန္းတယ္လို႔ ေအာ္စရာမလိုေတာ့တဲ့ အလြမ္းဟာ နည္းနည္းေလးကဗ်ာဆန္တယ္။

မနက္ျဖန္ေတြ့မယ္ဆိုတဲ့ မင္းကို ဒီတစ္ခါ ႏႈတ္မဆက္ပဲ ထားသြားတာဟာ ငါျဖစ္တယ္။ ဒီေလါက္ဆိုရင္ ငါတို႔ ေက်ၿပီလို႔ သတ္မွတ္လိုက္လို႔ ျဖစ္တယ္။

မင္းက အခုထိ ငါတစ္ေယာက္တည္းပါလို႔ ေျပာေသးရင္ ဒီတစ္ခါ **ခ်စ္တယ္** ဆိုတဲ့ စကားကို ေျပာမယ့္သူဟာ ငါကိုယ္တိုင္ျဖစ္ေပးမယ္။ လြန္ခဲ့တဲ့ ၈ႏွစ္တာမွာ ငါမင္းကို ခ်စ္တယ္လို႔ မေျပာတာဟာ ငါက မင္းအပိုင္ျဖစ္ေနလို႔။

ဒီတစ္ခါ ငါက စၿပီး **ခ်စ္တဲ့အေၾကာင္း** ေတြကို ႏွလံုးသားဖြင့္ဟျပမယ္။ ျပန္ဆံုမယ့္ေန့မွာ မင္းဟာ ငါ့ရဲ့အပိုင္ပဲ ျဖစ္ရလိမ့္မယ္။ အဲ့ဒီအခါ ငါ့အပိုင္ေလးကို ငါဟာ ငါ့ႏွလံုးသားထဲ ထုပ္ပိုးသိမ္းဆည္းထားပါ့မယ္။ ငါ့ရဲ့ စီးကရက္ဟာ မင္းႏႈတ္ခမ္းဖူးဖူးေတြ ျဖစ္ေကာင္းျဖစ္လိမ့္မယ္။

မင္းကေတာ့ မနာက်ည္းပဲ ဒီတစ္ခါငါ့ကို နာနာက်င္က်င္လြမ္းပါ။
ငါကေတာ့ ႏွစ္ႏွစ္ကာကာ တစ္သိမ့္သိမ့္လြမ္းမယ္။

ငါနာက်င္ခဲ့တဲ့ ၈ ႏွစ္တာဟာ ေပါ့တန္တန္မဟုတ္တာမို႔ ကံၾကမၼာကို ငါတာဝန္လႊဲေပးလိုက္တယ္။ ကံၾကမၼာက မ်က္ႏွာလိုက္တဲ့ေန့ ငါတို႔ တမ္းတမ္းတတ ဆံုၾကမယ္။

ငါတကယ္ မင္းကို တသိမ့္သိမ့္ လြမ္းေနပါတယ္....

#Heki
#27.11.22

Happy chanyeol day ပါ Baby တို႔ေရ။



Uni

Mine 27

"စီးကရက်တွေကို အရမ်းသဘောကျတာပဲလား ဟျွန်းနီး..."

*မင်းလောက်တော့ မဟုတ်ဘူး* ဆိုတဲ့အဖြေကို ရင်ထဲကသာဖြေမိတယ်။ တကယ်ဆို ဘတ်ဟျွန်းစီးကရက်ကို သောက်ဖြစ်တာက လွယ်ကူစွာသောက်နိုင်အောင် သူအစပြုပေးထားတဲ့အရာမို့။ ဆိုဂျူတွေ မသောက်တော့တာ သူမပါတဲ့အတွက်ကြောင့်မို့။

တိတ်ဆိတ်နေတဲ့ ဘတ်ဟျွန်းရဲ့ မျက်နှာပေါ်က လှိုင်းတွေကို ချန်းယောလ်က မလွတ်တမ်းဖတ်တယ်။ ဒါပေမယ့် အခါများစွာကလို လွယ်ကူမနေတာတော့ ဝန်ခံရမယ်။

"မနက်ဖြန်မှ ပြန်လာခဲ့မယ်"

ဘတ်ဟျွန်းဟာ အမြဲရပ်ကျန်နေခဲ့ရတဲ့အတိုင်း သင်္ဘောလက်ရန်းမှာ ဒီတိုင်းကျန်နေခဲ့ရတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ သူက နောက်ပြန်လှည့်လို့ အပြုံးတစ်ပွင့်နဲ့ နှုတ်ဆက်နေပါတယ်။

#####

"ဘတ်ဟျွန်းဆံပင်တွေ ညှပ်လိုက်တာလား.."

"ဟုတ်.."

ရှက်ရယ်ရယ်ရင်း ခေါင်းလေးငုံ့သွားတဲ့ ဘတ်ဟျွန်းကို ဘရန်ဒီလေးမော့ရင်းကနေ ကင်ဦးလေးကြီးက သဘောတကျ ရယ်မောသွားတယ်။

"မင်းနဲ့လိုက်တယ် ကောင်လေး"

"ဦးလေးကလဲဗျာ..."

ဘရန်ဒီပုလင်းလေးမြှောက်ပြပြီး ပဲ့ခန်းထဲဝင်သွားတဲ့ ကင်ဦးလေးကြီးကို ဘတ်ဟျွန်းက မျက်စိတစ်ဆုံးကြည့်ပြီးမှ ပင်လယ်ဘက်မျက်နှာမူလိုက်တယ်။ ဒီနေ့လဲ ပင်လယ်ဇင်ယော်တွေ ခပ်နိမ့်နိမ့်ပျံသန်းနေကြတယ်။

"သင်္ဘောတက်တဲ့အခါတိုင်း
ပဲ့ကို ကရုစိုက်ကိုင်တွယ်မောင်းနှင်တိုင်း
ပင်လယ်ဇင်ယော်တွေ ခပ်လှမ်းလှမ်းဆီ ပျံဝဲသွားတိုင်း
ပြီးတော့ စက်ဘီးတစ်စီးကို ကောင်လေးနှစ်ယောက် စီးနှင်းလိုက်ပါသွားတာ မြင်တိုင်း
ငါးဖားလောင်းလေးတွေ မြင်တိုင်း
ငါ မင်းကိုအရင်သတိရပေးတုန်းပဲ ချန်း.."

တိုးတိတ်တိတ်ရေရွတ်သံဟာ လှိုင်းပုတ်သံကြားပျောက်ကွယ်သွားတယ်။ ဘတ်ဟျွန်းက တိုနှံ့နှံ့ ဆံပင်တွေကြား လက်ထိုးဖွလိုက်တဲ့အခါ အရင်ကလို ကြမ်းတမ်းမနေတော့တာတော့ သိသိသာသာခံစားလိုက်ရတယ်။ ပြီးတော့ စီးကရက်တစ်လိပ်ခဲကာ ပဲ့ခန်းထဲကို လှမ်းဝင်သွားလိုက်တော့တယ်။

တရွေ့ရွေ့ ရွေ့လျားနေဆဲ သင်္ဘောပေါ်က ကပ္ပတိန်ကောင်လေးက စီးကရက်ငွေ့တွေ လွင့်ခနဲ မှုတ်ထုတ်လိုက်တယ်။ ဒီတစ်ခါ ဆိုက်ကပ်မယ့် ကမ်းစပ်ဟာ နယ်သာလန်ကိုဖြစ်တယ်။
နှလုံးသားကတော့ *မင်းခြေထောက်ပေါ်ဖိနင်းပြီး မင်းမေးဖျားလေး မော့နမ်းခဲ့ဖူးတဲ့ ကျောင်းလမ်းကို လွမ်းတယ်* တဲ့..

ဒီအချိန်ဆို ကိုးရီးယားမှာ ချယ်ရီတွေ ပွင့်နေလောက်တော့မလား။ မက်မွန်ပန်းနံ့တွေနဲ့ ထုံဖြာနေလောက်မလား။ ငါကတော့ အဖေ့ရဲ့ သစ်သားနံ့ စိမ်းရွေရွေရယ် ဦးလေးကြီးအိမ်ရှေ့က လီလီပန်းတွေရယ်ကို ဒီနေ့မှ တစ်ခုတ်တရ ပိုလွမ်းနေတယ်။

မင်းရော ငါတို့ ပင်လယ်ကို ပြန်ရောက်ဖြစ်သေးလားလို့ နောက်တစ်ခေါက်ပြန်တွေ့ရင် မေးကြည့်ရဦးမယ်။
နောက်တစ်ခေါက်ပြန်တွေ့တဲ့အခါ အဲ့ဒီအခါ မင်းကို ကပ်တွယ်နေခွင့်ပေးမယ်။

မင်းဘယ်လောက်ရှာနိုင်မလဲ မသိပေမယ့် ရှာလို့တွေ့တဲ့နေ့ ငါတို့ ကံကြမ္မာကြိုးကို ငါတို့ကိုယ်တိုင်ပြန်ဆက်မယ်။
အဲ့ဒီအခါကျရင် မင်းကိုမုန်းရတဲ့အကြောင်းတွေ ရယ်ရယ်မောမောပြောပြမယ်။ ဒီတစ်ခါတော့ ငါတကယ်ကို လွမ်းရမယ်ထင်တယ်။

မုန်းတယ်လို့ အော်စရာမလိုတော့တဲ့ အလွမ်းဟာ နည်းနည်းလေးကဗျာဆန်တယ်။

မနက်ဖြန်တွေ့မယ်ဆိုတဲ့ မင်းကို ဒီတစ်ခါ နှုတ်မဆက်ပဲ ထားသွားတာဟာ ငါဖြစ်တယ်။ ဒီလေါက်ဆိုရင် ငါတို့ ကျေပြီလို့ သတ်မှတ်လိုက်လို့ ဖြစ်တယ်။

မင်းက အခုထိ ငါတစ်ယောက်တည်းပါလို့ ပြောသေးရင် ဒီတစ်ခါ **ချစ်တယ်** ဆိုတဲ့ စကားကို ပြောမယ့်သူဟာ ငါကိုယ်တိုင်ဖြစ်ပေးမယ်။ လွန်ခဲ့တဲ့ ၈နှစ်တာမှာ ငါမင်းကို ချစ်တယ်လို့ မပြောတာဟာ ငါက မင်းအပိုင်ဖြစ်နေလို့။

ဒီတစ်ခါ ငါက စပြီး **ချစ်တဲ့အကြောင်း** တွေကို နှလုံးသားဖွင့်ဟပြမယ်။ ပြန်ဆုံမယ့်နေ့မှာ မင်းဟာ ငါ့ရဲ့အပိုင်ပဲ ဖြစ်ရလိမ့်မယ်။ အဲ့ဒီအခါ ငါ့အပိုင်လေးကို ငါဟာ ငါ့နှလုံးသားထဲ ထုပ်ပိုးသိမ်းဆည်းထားပါ့မယ်။ ငါ့ရဲ့ စီးကရက်ဟာ မင်းနှုတ်ခမ်းဖူးဖူးတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။

မင်းကတော့ မနာကျည်းပဲ ဒီတစ်ခါငါ့ကို နာနာကျင်ကျင်လွမ်းပါ။
ငါကတော့ နှစ်နှစ်ကာကာ တစ်သိမ့်သိမ့်လွမ်းမယ်။

ငါနာကျင်ခဲ့တဲ့ ၈ နှစ်တာဟာ ပေါ့တန်တန်မဟုတ်တာမို့ ကံကြမ္မာကို ငါတာဝန်လွှဲပေးလိုက်တယ်။ ကံကြမ္မာက မျက်နှာလိုက်တဲ့နေ့ ငါတို့ တမ်းတမ်းတတ ဆုံကြမယ်။

ငါတကယ် မင်းကို တသိမ့်သိမ့် လွမ်းနေပါတယ်....

#Heki
#27.11.22

Happy chanyeol day ပါ Baby တို့ရေ။



Continue Reading

You'll Also Like

4K 346 10
[𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽] "𝖨𝗆 𝗎𝗋 𝗉𝗋𝖾𝗍𝗍𝗒 𝗈𝗆𝖾𝗀𝖺~" "𝖧𝗄𝗄! 𝖸𝖾𝗌, 𝗎𝗋 𝗆𝗒 𝗉𝗋𝖾𝗍𝗍𝗒 𝗈𝗆𝖾𝗀𝖺!!" 𝖣𝖺𝗍𝖾 𝖲𝗍𝖺𝗋𝗍 : 230803 𝖤𝗇𝖽 :...
4.6K 361 7
အချစ်ကဘာလဲလို့မေးရင်ယူဂျင်းအတွက်ကတော့ဘာမှပြောစရာမရှိပဲနာကျင်ရတဲ့အရာပါပဲ နာကျင်ရမှန်းသိ‌တာ‌တောင်ချစ်ခဲ့တာလည်းယူဂျင်းကိုယ်တိုင်ပဲမလား.....
868K 40.3K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
4.3K 417 19
ကိုယ့်ကို ပြန်ပြင်ဆင်ခွင့်ပြုပါ..