RECOMMEND SONG !
........
"အကိုလေး ။ကား ကားသော့ မဖွင့်ရသေးဘူးလေ "
"အော် အင်း။မေ့သွားတာ "
"ဟုတ်ကဲ့ဗျ ။ဒီမှာ အကိုလေးပစ္စည်းတွေ ကျွန်တော်နောက်ခန်းထဲပဲ ထည့်လိုက်မယ်ဗျ။"
"အင်း "
ဒီနေ့မှ အကိုလေးက တစ်ခုခုကိုစိတ်တိုနေသလိုပင်။မနက်တည်းက အကိုလေးက အရင်နေ့များလို အကြည်ဓာတ်လေးဖြစ်မနေ ။ရုံးကလူတွေကို မကြည်တာမျိုးလဲမဟုတ် ။၀န်ထမ်းတွေကိုလဲ တစ်ယောက်မှ ခေါ်ပြီးဆူတာမျိုးမရှိ ။အကိုလေးက သူတစ်ယောက်တည်းကိုပဲ ဘာကိုအလိုမကျမှန်းမသိ ။အနီးကပ်နေရတဲ့ အတွင်းရေးမှူးကျွန်တော်ကပဲ သူဌေးကစိတ်တိုနေတော့ စစ်မြေပြင်ထဲ စစ်တိုက်ထွက်နေရသလို ကြောက်လန့်နေရပါသည်။ခန့်မှန်းမိသလောက်ဆို ဒီနေ့ အကိုလေးကသူ့ယောင်္ကျား လာမကြိုလို့များ စိတ်ကောက်နေတာလား ။
အကိုလေးထွက်သွားကာမှ ကျွန်တော်လည်း အသက်ကောင်းကောင်းရှုနိုင်တာဖြစ်သည်။ဟူး .. ကံသီပေလို့ပေါ့ ။ကျွန်တော်တို့အကိုလေးက သူဌေးကောင်း၊သူဌေးမြတ် ။ကျွန်တော်ကသာ ထိတ်လန့်နေတာ အကိုလေးက ကိုယ်ရေးကိုယ်တာကိစ္စအတွက်နဲ့တော့ ကျွန်တော်တို့ကို ဆူပူနေမည့်သူမျိုးမဟုတ်လို့ တော်ပါသေးသည်။
"ဟဲ့ ဒီနေ့တို့သူဌေးက ဘယ်လိုဖြစ်ရတာလဲ ၊ကြည့်ရတာ စိတ်တိုနေပုံပဲ "
"ဒီမှာ ၊အကိုလေးအကြောင်းကို ကွယ်ရာမှာအတင်းချမယ် မကြံနဲ့ ၊နင်တို့ အကိုလေးကို ကောင်းတိုင်း မထောင်းကြနဲ့ ။သဘောကောင်းတယ်ဆိုပြီး သစ်ကုလားအုပ် လုပ်မယ်မကြံနဲ့ ။"
"အံမယ် ၊အတွင်းရေးမှူးဆိုတိုင်း ထောင်ကြွားနေလိုက်တာ ။ဟဲ့ သူဌေးက ငါတို့သူဌေးလဲ ဟုတ်ပါတယ်နော် ။ငါတို့က စိတ်ပူလို့ပြောတာ အတင်းပြောစရာလား ။"
"ပြီးတာပဲ ။နင်တို့လဲ ပြန်ကြတော့ ငါလဲပြန်တော့မယ်။"
"ငါတို့က ခုပြန်တော့မှာ ၊နင်သာတစ်ယောက်ထဲကျန်ခဲ့တော့မှာ ရုံးထဲကသရဲခြောက်ရင်တော့ မတတ်နိုင်ဘူး ပြန်ပြီဟေ့ ဘိုင့်ဘိုင် ။"
"နင်တို့ မဟုတ်တာတွေ လျှောက်မပြောကြနဲ့နော် ။ဘာသရဲလဲ နေ့ခင်းကြောင်တောင် မရှိပါဘူးဟာ ။ငါ အပေါ်မှာ ငါ့အိတ်ကျန်ခဲ့သေးတယ်ဟ ။ဒီလို ခြောက်ခဲ့မယ်ဆို မနက်ဖြန်မှယူရလိမ့်မယ် ။ဟေ့ နေကြအုံးလေ "
"ဟားး ငကြောက်ကြီး ငကြောက်ကြီး "
သရဲကြောက်တတ်ပါတယ်ဆို ခြောက်ခဲ့ကြသေးသည် ။ဘယ်လောက်မမှောင်သေးဘူးပြောပြော တွေးတွေးပြီးကို ကြောက်တတ်တာ ။ခုတော့ မနက်ဖြန်မှ ကျန်ခဲ့တဲ့အိတ်ကိုယူရတော့မည် ။ငမွှေထိုးတွေ သရဲကြောက်တတ်မှန်းသိလို့ တစ်ကွက်ပြသွားတာ ။မကျေနပ်ပါ ။
.....
ဒီကောင်လေး မနက်က နှိုင်းဆီကိုကားထားခဲ့ပြီး ရေးကြီးသုတ်ပြာထွက်သွားသည် ။အဆိုးဆုံးက ညနေလဲလာမကြိုနိုင်တော့တာမလို့ အပြန်ကားသေချာစီးလာခဲ့ပါတဲ့ ။သူလဲ ပြန်တာနောက်ကျပါမည်တဲ့ ။ဘာအလုပ်တွေများ ဒီလောက်အရေးကြီးသည်မသိပေ ။နေလာတဲ့ တစ်လျှောက်လုံး လုပ်ငန်းအရေးကြီးတာမျိုးရှိတောင် ဒီကောင်လေး ဒီလောက်ပြာယာခတ်တာမျိုးတော့ မတွေ့ဖူး။ဒီကောင်လေး လာမကြိုဘူးဆိုတော့ နှိုင်းတစ်နေ့လုံးစိတ်ကြည်တာမဟုတ် ။လာမကြိုတာထက် အရင်ထက်ထူးဆန်းပြီး ဂဏှာမငြိမ်ဖြစ်နေသည့် ကောင်လေးကိုကြည့်ပြီး အလိုမကျတာ ။
ကားသော့မဖွင့်ပဲ စက်နှိုးနေမိတဲ့ နှိုင်းကိုပဲကြည့် ။အလွဲလွဲအချော်ချော်ဖြစ်နေသည့် နှိုင်းကို နှိုင်းအမြဲတည့်ပေးနေရတဲ့ နှိုင်းအတွင်းရေးမှူးက ပြန်တည့်ပေးနေရတာကိုပဲကြည့် ။ဒီရက်ပိုင်းလဲ တစ်ခုခုကိုဖုံးကွယ်ထားသလို ၊နှိုင်း တစ်ခုခုသိသွားမှာ စိုးရိမ်နေသလိုနဲ့ နှိုင်းသိပ်အလိုကျတာတော့ မဟုတ်။ဒီနေ့လဲ ဘာတွေများဒီလောက်အရေးကြီးနေတာလဲ ထိုင်စဉ်းစားရတာနဲ့ ခေါင်းချောင်နေပြီဖြစ်သည် ။
အိမ်လည်းပြန်ရောက်တော့မှာမလို့ ကားကိုသေချာအာရုံစိုက်ပြီးမောင်းမိသည် ။ဒီကောင်လေးက အပြန်နောက်ကျမည်ပြောထားတော့ ခုချိန်လဲအိမ်ပြန်ရောက်သေးမှာ မဟုတ် ။ဒီကောင်လေးပြန်လာရင် အသင့်စားဖို့ ဒီနေ့အတွက်တော့ နှိုင်းကိုယ်တိုင်ညစာ ချက်ရတော့မည်ဖြစ်သည်။
အရမ်းနောက်ကျနေရင်တော့ လိုက်ခေါ်ရမှာပဲ ။နှိုင်း စိတ်မချပါဘူး ။
ခြံတံခါးလည်း နှိုင်းကိုယ်တိုင် ကားပေါ်ကဆင်းပြီး ဖွင့်ရသည် ။ပြီးမှ ကားပေါ်ပြန်တတ်ပြီး ဂိုထောင်ထဲကားသွင်းလုပ်ပြီးတော့ တစ်ခါခြံတံခါးကို တစ်ဖန်ပြန်ပိတ်ရသေးသည် ။ဒီကောင်လေးက ခြံတံခါးကိုအမြဲပိတ်ဖို့ မှာထားတာ ။ သူမရှိတဲ့အချိန်ဆို ပိုသေချာအောင်ပိတ်ပါတဲ့လေ ။ ဒီကောင်လေးမရှိလဲ သူ့စကားနားထောင်ရသည် ။ဒီကောင်လေးမရှိတော့ နှိုင်းအတွက် ခြံတံခါးအဖွင့်အပိတ်ကအစ တာ၀န်တတ်နေရပါသည်။
....
ဖောင်း!
"HAPPY ONE MONTH ANNIVERSARY! "
အိမ်တံခါးကို ဆွဲဖွင့်ဖွင့်ချင်း ဖောင်းခနဲအသံနဲ့အတူ နှိုင်းခေါင်းပေါ်ကို ကျလာသော ရောင်စုံအမျှင်လေးတွေ ။တစ်ဆက်တည်းမှာပဲ ကြားလိုက်ရသော မောင့်ရဲ့ဆုတောင်းစကား ။
ဒီနေ့ နှိုင်းတို့ရဲ့ မင်္ဂလာဆွမ်းကျွေးအခမ်းအနား လေးပြီးတာ တစ်လပြည့်တဲ့နေ့ပဲ။တစ်နည်းအားဖြင့် နှိုင်းတို့တရား၀င်လက်ထပ်ခဲ့တာ တစ်လပြည့်သောနေ့။နှိုင်း မေ့နေခဲ့တာပဲ ။
ကိုယ့်အတွေးနဲ့ကိုယ်ဆိုတော့ ရုတ်တရတ်အံ့သြအောင်လုပ်လိုက်တဲ့အချိန်မှာ နှိုင်းတကယ်ကိုအံ့အံ့ဩဩပါပဲ ။ အံ့ဩပြီး ရင်ခုန်နေရလွန်းလို့ ခြေမကိုင်မိလက်မကိုင်မိ ။ပျော်လွန်းလို့လားမသိ မျက်ရည်တွေတောင် ကျတော့မလို။
နှိုင်းမြင်နေရတာတွေကို နှိုင်းကိုယ်တိုင်တောင်မယုံနိုင် ။ကိုယ့်ကိုကိုယ် ပြန်ဆိတ်ဆွဲကြည့်တော့လည်း နာတာပါပဲ ။အိမ်မက်မဟုတ်ဘူးပဲ ။နှိုင်းတို့နေတဲ့ အိမ်လေးက အရင်လိုမြင်ကွင်းမျိုးမဟုတ်။ မျက်နှာကျက်မှာရော ကြမ်းပြင်မှာပါ ရောင်စုံပူပေါင်းတွေနဲ့ လွှမ်းခြုံထားတာ ။နှင်းဆီပန်းတွေ ကြိုးတွေများဖြည်လိုက်ရင် ပျံတတ်တော့မဲ့ မိုးပျံပူပေါင်းတွေ ။ နံရံမှာချိတ်ဆွဲထားတဲ့ anniversary ဆုတောင်းတွေ ။စာလုံးလှရောင်စုံတွေနဲ့ ထွင်းထားသည်မို့ နှိုင်းမျက်လုံးထဲ ထင်းနေတာပါပဲ ။နံရံပေါ်မှာရော ကြိုးနဲ့ချည်ထားတဲ့ မိုးပျံပူပေါင်းလေးတွေပေါ်မှာရော ကပ်ထားတဲ့ နှိုင်းနဲ့မောင့်ရဲ့ မှတ်တမ်းတင် ဓာတ်ပုံလေးတွေ။
စားပွဲပေါ်မှာ တင်ထားတဲ့ Anniversary Cake လေး ။ပြင်ဆင်ထားတာတွေကို ကြည့်ပြီးခုထိ ကြောင်ကြောင်အအနဲ့ ။ကြိုက်လွန်းလို့ ရူးတော့မလိုပါပဲ ။နှိုင်းကို ဘယ်သူမှ ဒါမျိုးမလုပ်ပေးခဲ့ဖူး ။ဒီကောင်လေးက ပထမဆုံးပါပဲ ။
နှိုင်း ဘာမှမပြောနိုင်ဖြစ်နေစဉ်မှာပင် မောင်ကနှိုင်းလက်ကို ဆွဲခေါ်သွားပြီး ကိတ်တင်ထားတဲ့စားပွဲခုံပုလေးရှေ့မှာ ထိုင်ခိုင်းတယ်။မောင်ကိုယ်တိုင်လဲ နှိုင်းနဲ့အတူထိုင်တယ်။နှစ်ပတ်လည်ကိတ်လေးပေါ်မှာ အရံသင့်စိုက်ထားတဲ့ ဖယောင်းတိုင်လေးတွေပေါ်ကို မီးညှိလိုက်တယ်။
"ကိတ်ခွဲရအောင် မီးညှိထားတဲ့ဖယောင်းတိုင်လေးတွေ နှစ်ယောက်တူတူမှုတ်ကြမယ် ။အရင်ဆုတောင်းလိုက်အုံး "
"မောင် ဒါတွေက "
"ကျွန်တော်ကိုယ်တိုင်လုပ်ထားတာပေါ့ ဘာရှိအုံးမှာလဲ ။မေးမနေပဲ ကိတ်အရင်ခွဲရအောင် "
"အင်း "
နှိုင်းမှာ အယောင်ယောင်အမှားမှားနဲ့ ဘာမှမပြောနိုင်။ဆုတောင်းပြီး နှစ်ယောက်အတူတူ မှုတ်လိုက်ကြတဲ့အတွက် ငြိမ်းသွားတဲ့ဖယောင်းတိုင်မီးလေးတွေက နှိုင်းဆုတောင်းလိုက်တဲ့ 'မောင်နဲ့အတူတူ ဘ၀ဆက်တိုင်းအတူရှိပါရစေ' ဆိုတဲ့ဆုတောင်းကို အမှန်တကယ်ဖြည့်ဆည်းပေးမည်လား ။မောင်နဲ့ဘ၀ဆက်တိုင်းပေါင်းဖက်ရလောက်တဲ့ထိ ကုသိုလ်ကံမျိုး နှိုင်းမှာမရှိရင်တောင် ဆုံတွေ့ရတဲ့ဘ၀တစ်ကွေ့မှာတော့ တစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နဲ့ အတူရှိနေရပါစေ။
"မောင့်ကို ငါအရင်ခွံ့ကျွေးပါရစေ "
"အားး"
အရင်ခွံ့ကျွေးပါရစေဆိုတော့လဲ အပြောရလွတ် အားဆိုပြီး ကလေးငယ်လို သူ့ပါးစပ်ကိုအကျယ်ကြီး ဟပေးနေသေးတာ ။တကယ့် ကလေးပေါက် ။ပြီးကာမှ နှိုင်းကို တစ်လှည့်ပြန်ခွံ့ကျွေးတယ် ။
"ကလေးလို ပေအောင်စားနေတာပဲ "
နှိုင်းနှုတ်ခမ်းမှာ ပေသွားတဲ့အပေါ်ယံခရင်တွေကို လက်မနဲ့ဖိသုတ်သွားပြီး စားပစ်တယ်။
"မောင်က အများကြီးခွံ့တာကို "
"မောင်က စားစေချင်လို့ ။"
"ဒါတွေလုပ်ဖို့ မနက်ကအရေးကြီးနေတာလား ။ဟုတ်လား "
"အင်း ကျွန်တော်ကိုယ်တိုင် မနက်တည်းက အလုပ်မသွားပဲ ထိုင်လုပ်နေတာ ။လှတယ်မလား ကြိုက်ရဲ့လား ကျွန်တော်က မကြိုက်မှာကြောက်နေခဲ့တာ "
"မောင်ကိုယ်တိုင်လုပ်ထားတာပဲ ငါသိပ်ကြိုက်တာပေါ့ "
"တော်သေးတာပေါ့ "
"ဒီပုံလေးက ငါ့ပုံပဲ။ မောင်ရိုက်ထားတာလား တစ်ခါမှ မမြင်ဖူးဘူး။"
နှိုင်းတို့နှစ်ယောက်ပုံ မဟုတ်ပဲ နှိုင်းတစ်ယောက်ထဲပုံကိုပဲ ဓာတ်ပုံ ဘောင်သွင်းပြီး စားပွဲပေါ်မှာ သီးသန့်ထောင်ထားတာ ဖြစ်သည် ။နှိုင်းကိုယ်တိုင်လဲ တစ်ခါမှမမြင်ဖူး၍ မေးမိတော့ ...
"အင်း ။ဒါ ကျွန်တော်ပထမဆုံး ခိုးရိုက်ထားတဲ့ပုံလေး ။အဲ့နေ့က အရမ်းလှနေလို့ စိတ်မထိန်းနိုင်ပဲ ခိုးရိုက်လိုက်မိတာ ။ဒီပုံလေးကပဲ ကျွန်တော့်အတွက် အမှတ်တရ အဖြစ်ဆုံးနဲ့ အကြိုက်ဆုံးပုံလေးဖြစ်ခဲ့တာ ၊လှတယ်မလား "
"အင်း လှတယ် ။ဒါဆို မောင်က ငါ့ကိုအဲ့ထဲက ကြိုက်နေခဲ့တာပေါ့ "
"အဲ့အရင် စတွေ့ထဲက လိုချင်ခဲ့တာ "
"မောင် "
"အင်း "
"ငါလဲ မောင့်ကိုချစ်တယ်။"
"သိတယ် ။သိတာမလို့ မငိုရဘူး "
"ငါမငိုပါဘူး ။ပျော်လို့ပါ "
မောင်က နှိုင်းအကြောင်းကို သိပ်သိပါသည် ။တရှုံ့ရှုံ့ဖြစ်နေတဲ့နှိုင်းက ငိုတော့မှာကိုသိလို့ မငိုရဘူးတဲ့ ။နှိုင်းက ၀မ်းနည်းရင်လဲငိုသလို ၊ခုလိုစိတ်လှုပ်ရှားရင်လဲ ငိုတယ်။တကယ် ပျော်လွန်းလို့ပါ။
"မဆော့နဲ့လေ ပေကုန်မှာပေါ့ "
"ချစ်စရာကောင်းတယ် ၊မသုတ်ပစ်ရဘူး "
"မောင့်ကို ဒီလိုမျိုးစတယ်ပေါ့ ။ဒီလိုဆို ကဲဟာ ပြန်သုတ်တယ် "
"မောင် မလုပ်နဲ့။ငါမနေတတ်ဘူး "
"ချစ်စရာကောင်းလို့ သုတ်တာကို "
"ငါ့လို ပြန်ပြောနေတာလားဟင် "
"တကယ်ပါ "
"မစတော့နဲ့ မောင် ။မျက်နှာတစ်ခုလုံး ပေပွကုန်တော့မှာပဲ "
"ကျွန်တော်လည်း အတူတူပဲလေ ။အတူတူ ပေကြရအောင် "
တစ်ယောက်တစ်လှည့် တစ်ခွန်းပြောလိုက် ခရင်တွေနဲ့သုတ်လိုက်မလို့ နှစ်ယောက်လုံးမျက်နှာ ရစရာမရှိတော့လေပြီ။တစ်ယောက်တစ်လုပ်မျှသာစားပြီး ကျန်တဲ့ခရင်အကုန်က နှိုင်းတို့မျက်နှာပေါ်ချည်းပဲမို့ စားပွဲပေါ်ကကိတ်တောင် နှိုင်းတို့လောက်ကိတ်နဲ့တူမည်မဟုတ်ပေ။
"ညစ်ပတ်ကုန်ပြီ ကြည့်"
"မောင် သန့်ရှင်းပေးပါ့မယ် "
နှိုင်းမျက်နှာပေါ်ကခရင်တွေကို လက်ညှိုးထိုးပြပြီး တမူနွဲ့ကာ ဆိုလိုက်တော့ ချက်ချင်းပင် သူပြန်သန့်ရှင်းပေးပါ့မယ်တဲ့။ စပွေလိုက်တာက နှိုင်းပေမဲ့ နှိုင်းကပဲပြန်ဆိုးပြတော့လည်း မောင်ကအပိုတစ်ခွန်းမှမဆိုပဲ ၊နှိုင်းဆိုးနွဲ့တာမှန်သမျှလက်ခံတာပါပဲ ။
....
"မောင် ဒါတွေကရော ၊မောင်ကိုယ်တိုင်ပြင်ဆင်ထားတာပဲပေါ့ မိုက်တယ် "
ခါတိုင်းလိုပဲ ညစာစားကြမည်ထင်ထားတာ ။ ဒီကောင်လေးက ညစာစားပွဲအထိ လိုက်ပြင်ဆင်ထားခဲ့တာ ။စားပွဲပေါ်မှာတင်ထားတဲ့ ဝိုင်ပုလင်းတွေနဲ့ ယမကာအချို့ ။ နှိုင်းအကြိုက်ဟင်းလျာတွေနဲ့ သစ်သီးတွေကလဲ အရံသင့်နေရာယူထားပြီးသား။ မောင်က နှိုင်းကို ကျန်းမာရေးထိခိုက်မှာကြောက်၍ တခါတလေတောင် သောက်ခွင့်ပြုတော့တာမဟုတ်လို့ နှိုင်းမသောက်ဖြစ်တာတောင် ကြာနေပြီဖြစ်သည် ။ခုတော့ မောင်ကိုယ်တိုင် ဒါတွေကိုပြင်ဆင်ထားတာပါတဲ့ ။
"ကျွန်တော်ကိုယ်တိုင် အစအဆုံးလုပ်ထားတာ ၊သဘောကျတယ်မလားဟင် "
စားပွဲပေါ်မှာတင်ထားတဲ့ ဖယောင်းတိုင်လေးကို မီးထွန်းလိုက်ပြီး မောင်ကဆိုတယ်။
"သဘောကျတာပေါ့ ၊ အကြိုက်ဆုံးပဲ "
နှိုင်းက ဝိုင်ပုလင်းကြီးကိုင်မြှောက်ပြတော့ ...
"သိတယ် "
"မွှေးနေတာပဲ မောင် ၊ ဖယောင်းတိုင်ကအနံ့ပါတာလား "
"အမွှေးနံ့သာကြိုက်တာသိလို့ မောင်က ပြင်ဆင်ထားတာ "
"မောင်ကငါ့ကိုအလွတ်ရနေသလို သိပ်တော်တာပဲ ။"
"အလွတ်ရတာထက်ပိုတယ် ။"
"ဟုတ်ပါပြီ ။ငါ ဗိုက်ဆာနေပြီ "
"အင်း ကျွန်တော် ထည့်ပေးမယ်"
မသောက်ရတာကြာတော့ ဝိုင်အရသာက ပိုကောင်း၊ပိုစွဲမက်စရာဖြစ်နေတာ ။မောင်က ဒီနေ့တော့ နှိုင်းကို သောက်ချင်သလိုသောက်ဆိုပြီး လွှတ်ထားသလို ။မောင်ကိုယ်တိုင် ဆက်တိုက်ထည့်ပေးတဲ့ ခွက်အကုန် သောက်သော်လည်း နှိုင်းစကေးအတိုင်း မူးမသွား ။မောင်ကတော့ နှိုင်းကိုသာ စိတ်ကြိုက်ဖြစ်စေခဲ့တာ သူကိုယ်တိုင်တော့ တစ်ငုံသောက်လိုက် ၊သောက်ချင်တိုင်းသောက်နေတဲ့ နှိုင်းကိုဂရုစိုက်လိုက်။
တစ်ခွက်၊နှစ်ခွက်သာ ရှိတဲ့ပမာဏလေးနဲ့ မောင်ကတော့ မူးနေပြီလားမသိ ။အခိုးဝေနေတဲ့မျက်၀န်းတွေနဲ့ နှိုင်းကိုစူးစူးစိုက်စိုက်ကြည့်နေတော့ သောက်နေတဲ့ကြားထဲကပဲ ဒီစူးရှတဲ့အကြည့်တွေကြောင့် ရင်ခုန်ရပြန်သည် ။တကယ်ပြောတာ ။မောင်က မသောက်တတ်လို့လားမသိ ၊ခုလိုမသောက်တတ်သောက်တတ် ထထသောက်တဲ့အချိန်တိုင်းမှာလည်း နှိုင်းအတွက်မရိုးနိုင်တဲ့ ခံစားချက်အသစ်အဆန်းကို အမြဲပေးစွမ်းတယ် ။မူးသွားပြီဆိုရင်လဲ တည်တည်ငြိမ်ငြိမ်ပဲ ။မူးနေမှန်းမသိသာအောင် မူးတတ်တာမျိုး ။မောင်မူးစပြုပြီဆို နှိုင်းကိုစူးစူးစိုက်စိုက်နဲ့ ပေါက်ထွက်မတတ်စိုက်ကြည့်တတ်တယ်။
"ကျွန်တော့်ကို အများကြီးချစ်ပေးပါ ။"
"ငါက မောင့်ကို အများကြီးချစ်တာပေါ့လို့ ။ဒီလိုပြောနေတာ မူးနေပြီလား "
"ဒီလိုနေ့မျိုးမှာ မူးအောင်သောက်စရာလား ။လုပ်စရာရှိသေးတာကို "
"ဘာလုပ်စရာရှိတာလဲ "
"မသိဘူးလား လက်တွေ့ပြမယ် "
"မောင် ပြောတာ "
"ဟုတ်တယ် "
"မောင်က နှာပူးလေးပဲ .."
"နမ်းချင်တယ် ။မောင် ခင်ဗျားကို နမ်းချင်တယ်"
"ငါက မောင့်ကိုခွင့်မပြုဘူးဆိုရင်ရော "
"မပြုလဲ နမ်းမယ် "
"လူလည် "
မောင်က နမ်းချင်တယ်ဆိုပြီး ဒီအကြည့် ၊ဒီအပြုအမူတွေနဲ့ တောင်းဆိုနေပြန်တော့ ဘယ်ပုထုစဉ်က ခံနိုင်ရိုးရှိမလဲ ။ဒီလောက်စွဲမက်စရာကောင်းပြီး ပြုစားတတ်တဲ့ကောင်လေးကို နှိုင်းနှုတ်က ဘာတွေပဲပြောပြော မလွန်ဆန်နိုင်ခဲ့ပါ ။
နှိုင်းအနားလာပြီး ထိုင်ခုံပေါ်မှာထိုင်နေတဲ့ နှိုင်းနှုတ်ခမ်းတွေကို ငုံ့နမ်းတယ် ။နှိုင်းပါးပြင်တစ်ပြင်လုံးလဲ မောင့်နှုတ်ခမ်းရာတို့ အပြည့်ခြေရာချပြီးသား။အားမရသလို နှုတ်ခမ်းတစ်လွှာချင်းစီကို နမ်းရှိုက်နေတာ ။အနမ်းတွေရေရှည်လာတော့ ထုံးစံအတိုင်း နှိုင်းရင်ဘက်တို့ဟာ အစုန်အဆန်။နှိုင်းဟာ မောင်လောက် သက်လုံမကောင်းခဲ့ပါ ။မောင်က ကဝေလေးရယ်မို့ တာဝေးပြေးရတာထက် ပိုလေးနက်ပါတယ်။
အသက်လုရှုနေရတဲ့ နှိုင်းအခြေအနေကို စာနာသည့်နှယ် ။မောင်က လွှတ်ပေးလိုက်ပြီး ပွေ့ချီတယ် ။နှိုင်းက မောင့်လက်မောင်းတွေထဲ လုံးလုံးလျားလျား။ မောင့်ပုံစံက အလျင်လိုနေသလို ။ အမဲလိုက်တော့မည့် သားကောင်လို ကြည့်နေသည်မို့ နှိုင်း ကိုယ့်ကိုကိုယ် ယုန်သူငယ်လေးဟုပင် အထင်မှားနေရပါသည် ။သို့သော် မောင်မလို့ အကုန်ဖြစ်တယ် ။
နှိုင်းကိုပွေ့ချီပြီး အိပ်ခန်းထဲခေါ်သွားစဉ်မှာပင် နှိုင်းရင်တွေဟာ တလှပ်လှပ် ။နှလုံးသားတစ်ခုလုံးပေါက်ထွက်တော့မလို ခံစားချက်ကြီးက ခုထက်ထိ ကျင့်သားမရ ။ရင်ခုန်တာရော ၊ရင်တုန်တာတွေရောက မောင်တစ်ယောက်သာ ဖန်တီးနိုင်တာ ။
"ပြွတ်စ်!"
မောင်က ကုတင်အစပ်မှာထိုင်ကာ နှိုင်းကို သူ့ပေါင်ပေါ်ထိုင်ခိုင်းပြီး အနမ်းတို့ကို ဂဟေဆက်တယ် ။အပေါ်နှုတ်ခမ်းလွှာလေးကအစ အောက်နှုတ်ခမ်းလွှာအဆုံး ပယ်ပယ်နယ်နယ်နမ်းတတ်တာက မောင့်ရဲ့ကျွမ်းကျင်မှုတွေထဲက တစ်ခု။
မောင့်လက်တွေဟာ နှိုင်းဗိုက်သားလေးထံ ကျူးကျော်လာတော့ ကြက်သီးတွေဖျင်းဖျင်းထရတာ နှိုင်းပါပဲ ။ဘယ်နှစ်ခါဖြစ်ဖြစ် မထိန်းချုပ်နိုင်ခြင်း တရားတွေ ။နှိုင်း အပေါ်ပိုင်းတစ်ခုလုံးကို ပွတ်သပ်နေတဲ့ မောင့်ရဲ့လက်ဖဝါးကြီးကြောင့် ခန္ဓာကိုယ်ထဲက သွေးတွေဆူပွတ်လာရသလို ။လိုချင်တပ်မက်မှုတွေထံ ဦးတည်နေတာက နှိုင်းတစ်ယောက်တည်းတော့ ဟုတ်မယ်မထင်။
မောင့်ပေါင်ပေါ်မှာရှိနေတဲ့နှိုင်းကို မောင်ကပဲကုတင်ပေါ်ကို လှဲချလိုက်တာ ။အုပ်မိုးနေတဲ့ မောင့်ရဲ့ဗလတောင့်တောင့်ခန္ဓာကိုယ်ကြောင့် ရင်အခုန်မြန်နေရတာမို့ မျက်လုံးတွေကို ဇွတ်ဖိပိတ်ပစ်လိုက်တယ် ။ရှက်တာမဟုတ်ပဲ ရင်ခုန်လို့ဆိုတာ မောင်အသိဆုံး။ကြိုက်လွန်းလို့ဆိုတာ မောင်အသိဆုံး။
သေချာပေါက် ကပိုကယိုဖြစ်နေတဲ့ နှိုင်း အင်္ကျီလေးကို မောင်ကအရေးကြီးနေသလို ဆွဲချွတ်တယ် ။လစ်ဟာသွားတဲ့ ၊အထင်သားဖြစ်နေတဲ့ နှိုင်းရင်ဘက်တစ်လျှောက်လုံး မောင့်နှုတ်ခမ်းသွယ်သွယ်တို့ အခစား၀င်ရောက်တယ်။မောင့်ရဲ့လက်တွေကလည်း နှိုင်းအရှက်လေးကို လာထိပါးနေတာ ။ မိမွေးတိုင်းဖမွေးတိုင်းမဖြစ်ခင် နှိုင်းအတွင်းခံလေးအလိုမှာတင် မောင်ကသူ့အ၀တ်တွေကို တစ်ခုပြီးတစ်ခု ဆွဲချွတ်တယ် ။နှိုင်းကသာ ခုချိန်ထိရှက်လို့ကောင်းတုန်း ။မောင်ကတော့ ဒီနေရာမှာတော့ အရှက်တရားကင်းမဲ့တဲ့ကောင်လေးလို ဗွင်းဗွင်းရှင်းရှင်း ။
ကျန်နေသေးတဲ့နှိုင်းအတွင်းခံလေးကိုပါ ဆွဲချွတ်လိုက်တော့ နှိုင်းတို့နှစ်ယောက်လုံးက ကမ္ဘာဦးအစလူသားတွေလို ခပ်ရိုင်းရိုင်း။အဆင်ပြေစေဖို့ရာ ချောမောစေသည့်အရာကို နှိုင်းခရေလေးကို သုတ်လိမ်းပေးနေတာလဲ ခံစားမိနေတယ် ။ဖိပိတ်ထားတဲ့ မျက်လုံးတွေကိုတော့ မဖွင့်လိုက်ရဲ ။
"လက်နဲ့ အုပ်မထားနဲ့ ၊မောင် ခင်ဗျားကို မမြင်ရတော့ဘူး ။"
"ငါ ..ငါကြောက်လို့ "
"မောင်က မကြောက်အောင်လုပ်ပေးမှာမလို့ ဖွင့်လိုက် ။"
မောင်က နှိုင်းမျက်လုံးတွေကိုအုပ်ထားတဲ့ လက်တွေကိုခပ်ဖွဖွလေးထိပြီး ရုတ်သိမ်းစေချင်တော့ မောင့်ရဲညင်သာတဲ့အမိန့်ကိုပဲ နှိုင်းကမလွန်ဆန်နိုင်။နှိုင်းမျက်လုံးတွေဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ မောင့်အရာကြောင့် နေရာမှာပဲ မူးလဲချင်သွားသလို ။ပထမဆုံးမြင်ခဲ့ဖူးသည် မဟုတ်သော်လည်း မောင့်အရာ နှိုင်းနဲ့မတူသည်မို့ မြင်တိုင်းလန့်ရပါသည် ။
"မောင် လိုချင်နေပြီ "
"အင်း ယူ ယူလေ ။"
နှိုင်းမှာ စကားသံတွေတောင် ဗျည်း၊သရ မကွဲတော့ ။
မောင့်ရဲ့လက်ချောင်းတွေက နှိုင်းအရာလေးထဲ တစ်ချောင်းပြီးတစ်ချောင်း၀င်ထွက်နေတော့တာ ။နှိုင်းမှာ ဒီအစပျိုးမှုလေးနဲ့တင် မကူနိုင်မကယ်နိုင် ။ ကော့တတ်သွားတဲ့ နှိုင်းခါးလေးကို မောင့်လက်တွေနဲ့ ဆွဲယူထားတယ် ။
နှိုင်း အဆင်ပြေသွားလောက်သည့် အနေအထားရောက်မှ မောင်က ..
"စတော့မယ် "
"အင်း ။မောင်က သိပ်နှေးတာပဲ "
"မောင်ဘယ်လောက်မြန်ကြောင်းပြမယ် "
မောင်က သူ့အရာကို လက်နဲ့တစ်ချက်နှစ်ချက်လောက် ပွတ်ဆွဲလိုက်သည် ။
"မောင် ..နေ နေအုံး "
ခရီးအစမှာပဲ တားဆီးခြင်းမည်တဲ့ နှိုင်းစကားကြားတော့ မောင်က ညှိုးငယ်သွားသလို မော့ကြည့်လာတယ် ။
"ဒါမလုပ်ခင် မောင့်ကိုလုပ်စေချင်တာရှိလို့ "
"ဗျာ ၊အခုခိုင်းမှ ဖြစ်မှာလား "
"အင်း မောင်က ငါခိုင်းတာကို ခုချိန်မှလုပ်ပေးမှာ"
"ဘာလုပ်စေချင်တာမလို့လဲ "
"ကိုကိုလို့ခေါ် "
"ဗျာ "
"ငါ့ကို ကိုကိုလို့ခေါ် ၊မဟုတ်ရင် ဒီမှာပဲ ရပ်ရလိမ့်မယ် ။"
"ခေါ်ရင် ရတယ်မလား "
"အင်း သိပ်ရတာပေါ့ "
"ကိုကို "
"ဗျာ။ "
မောင်က အသက်သာငယ်တာ နှိုင်းကို ကိုကိုလို့ခေါ်ချင်တာမဟုတ် ။ခေါ်ခိုင်းတိုင်းလည်း အမြဲငြင်းတယ် ။အရိုင်းအစိုင်းလေးမဟုတ်ပေမဲ့ နှိုင်းနာမည်လဲမခေါ် သူခေါ်ချင်သလိုခေါ်တာ ။သူ့ကိုယ်သူလည်း မောင်ဖြစ်လိုက် ကျွန်တော်ဖြစ်လိုက် ။အခေါ်အဝေါ်တွေက အရေးမကြီးဘူး ရင်ဘက်ကြီးကအဓိကဆိုတာက ပါသေး။
ခုလို ခေါ်ခိုင်းလိုက်မှ မစ်ရှင်ကွန်ပလိတာ ။နှိုင်းက ဗျာလို့ ပြန်ထူးတော့ မောင်က မကျေနပ်သလိုမျက်စောင်းသေးသေးလေး ရွယ်တယ် ။နှိုင်းက မောင်မခေါ်ချင်တာကို အတင်းခေါ်ခိုင်းသည်ကို ။ဘယ်လိုဖြစ်ဖြစ် နှိုင်းဖြစ်စေချင်တာဖြစ်သည်မို့ ပျော်ပါသည်။
"ဒါဆို အဲ့လက်ဖယ်လို့ရပြီ "
နှိုင်းအရာလေးကို နှိုင်းကလက်လေးနဲ့ကာထားတာ ။ဒါလေးကို ဖယ်ခိုင်းနေတာ ။
နှိုင်းအရာလေးထဲ ၀င်ရောက်လာတဲ့အရာကြောင့် နှိုင်းမှာမွေ့ယာခင်းတွေကိုပင် လက်နဲ့ဆွဲဆုပ်ပြီးသား ။ထိပ်ဖူးလေး ၀င်စရှိသေး နှိုင်းကမခံနိုင် ။သို့ပေမဲ့ မောင်ကကျွမ်းတယ် ။နှိုင်းကိုပဲပိုင်တာမဟုတ် နှိုင်းအရာလေးကိုပါ ဘယ်လိုကိုင်တွယ်ရမည်ကို မောင်သိတယ်။နှိုင်းအတွင်းကြွက်သားတွေကို ချော့မြူသလိုတရစ်ရစ်သွင်းတော့ နောက်ဆုံး နှိုင်းအတွင်းထဲမှာ ကြည်ကြည်ဖြူဖြူနဲ့ အလုံးအရင်းနေရာယူတယ် ။တစ်ချက်ချင်း။အသွင်းအထုတ်ကနေ စိတ်လာဟန်ရှိတဲ့ အချက်အရေအတွက်တွေကြောင့် နာကျင်မှုတွေပျောက်ကွယ်ပြီး သာယာမှုတို့အနိုင်ယူကြီးစိုးတယ်။
နှိုင်း ကြိုက်လွန်းလို့ ရူးတော့မှာပဲ ။မောင့် အယုအယတွေအောက်မှာ နှိုင်းဟာ အတုန်းအရုန်းပြိုလဲတယ် ။နှိုင်းအပေါ်ကနေ လှုပ်ရှားနေတဲ့
မောင့်ကို နှိုင်းဖြင့် သိပ်ကြိုက်တာပါပဲ ။သိပ်စွဲမက်တာပါပဲ ။
ဒီညဟာလဲ ချွေးထွက်ပေမဲ့ ကျေနပ်စေတဲ့ ညတွေထဲက တစ်ည။
မောင်ဟာ ပြင်းရှရှဝိုင်တစ်ခွက်လိုပါပဲ ။
မောင်ဟာ တောနက်ထဲမှာ ပေါက်တဲ့သစ်ခွလေးလိုပါပဲ ။ မောင်ဟာ နှိုင်းအတွက်တော့ တခါတလေ ပြင်းရှရှဝိုင်တွေလို ယစ်မူးစရာကောင်းသလို ၊တခါတလေ တောနက်ထဲမှာ ပေါက်ရောက်တဲ့ သစ်ခွလေးတွေလို သိပ်လှပြီး သိပ်အဖိုးတန်တယ် ။ခံစားချက်မျိုးစုံပေးစွမ်းနိုင်ခြင်းက နှိုင်းအတွက်တော့ မောင်မှတစ်ပါးအခြားမရှိပေ။
လူသန်းပေါင်းများစွာထဲက ရှာဖွေတွေ့ရှိခဲ့တဲ့ အဖိုးတန်လူသားလေး။
အဲ့နေ့က အိပ်ချင်မူးတူးနဲ့ မောင့်မျက်နှာလေးကိုဝိုးတဝါးမြင်လိုက်ကတည်းက ရင်ဘက်တစ်ခြမ်းက ကဆုန်ပေါက်မြူးထူးနေခဲ့ရတာဆို မောင်ယုံလေမလား ။ မောင့်ကို ဂျစ်ကန်ကန်ပြန်ပြောခဲ့တာတွေက မောင့်အာရုံစိုက်မှုကို ရယူချင်ခဲ့လို့ ။
ပုံမှန်ထက်ပို သတိထားမိစေချင်ခဲ့လို့ ။သိပ်ချစ်တယ် ။မောင့်ကိုသိပ်ချစ်တာမို့ ချစ်တယ်ဆိုတဲ့စကားကို အသက်ရှင်သမျှ ပြောနေချင်တယ် ။
ထာ၀ရထက် တစ်ရက်ပိုနေချင်တယ် ။မောင်နဲ့သာဆို သံသရာတစ်ကွေ့ဘယ်လိုနည်းနဲ့ ပြန်ဆုံပါစေ ဆုံချင်တယ်။ မောင့်ကိုချစ်ရတဲ့ချစ်ခြင်းတွေဟာ ဘယ်လောက်သဘာ၀မဆန်ဘူးဆိုဆို မောင်နဲ့ဆိုရင်ဆိုင်ရဲတယ် ။
တကယ်တော့ မောင်နှိုင်းကိုချစ်တဲ့အချစ်တွေ နှိုင်းတုမမှီဘူးဆိုတာထက် နှိုင်းမောင့်ကို ချစ်တဲ့အချစ်တွေက ပိုပြီးနှိုင်းတုမမှီခဲ့တာ ။
ပြီးပါပြီ။
______________________
#minus-zero
28 November 22
ကျေးဇူးတင်လွှာ
ကျေးဇူးတင်ကြောင်းလေးကို မဖတ်ကြမှာစိုးလို့ ဒီမှာပဲရေးလိုက်ပါ့မယ် ။ ပထမဆုံးအနေနဲ့ viewer နည်းနည်းလေးနဲ့ ဇာတ်လမ်းတစ်ခုလို့တောင်မဆိုအပ်တဲ့ ဇာတ်လမ်းလေးကို စိတ်၀င်စားပြီး ၀င်ဖတ်ပေးခဲ့ကြတဲ့အတွက် အရမ်းကိုကျေးဇူးတင်ရတာပါ ။အဆုံးထိဖတ်ပေးခဲ့တာ ဒါဒါလေးတွေကိုလည်း အများကြီးကျေးဇူးတင်ပါတယ် ။အားရှိအောင် ကြယ်လေးတွေပေးခဲ့ကြတဲ့ ဒါဒါလေးတွေကိုလည်း ကျေးဇူးတင်ပါတယ် ။
ဘာပဲပြောပြော ကျေးဇူးကမ္ဘာ ။
ဘိုင့်ဘိုင် ချစ်တယ်ဗျို့ ။💛