ပြန်လိုချင်တယ် (Completed) OC

By Eaint_Shin_Sitt

1.3M 39.9K 2.6K

"မင်း အဲ့သလောက် တိုနှံ့နှံ့လေးတွေဝတ်ပြီး ပွတ်သီးပွတ်သပ်လုပ်ပြရတာကြိုက်နေလား" "ကြိုက်တယ် ကျွန်မဟာကျွန်မကြိုက်လ... More

ခဏ
Part (1) Uni/Zawgyi
Part (2) Uni/Zawgyi
Part (3) Uni/Zawgyi
Part (4) Uni/Zawgyi
Part (5) Uni/Zawgyi
Part (6) Uni/Zawgyi
Part (7) Uni/Zawgyi
Part (8) Uni/Zawgyi
Part (9) Uni/Zawgyi
Part (10) Uni/Zawgyi
Part (11) Uni/Zawgyi
Part (12) Uni/Zawgyi
Part (13) Uni/Zawgyi
Part (14) Uni/Zawgyi
Part (15) Uni/Zawgyi
Part (16) Uni/Zawgyi
Part (17) Uni/Zawgyi
Part (18) Uni/Zawgyi
Part (19) Uni/Zawgyi
Part (20) Uni/Zawgyi
Part (22) Uni/Zawgyi
Part (23) Uni/Zawgyi
Part (24) Uni/Zawgyi
Part (25) Uni/Zawgyi
Part (26) Uni/Zawgyi
Part (27) Uni/Zawgyi
Part (28) Uni/Zawgyi
Part (29) Uni/Zawgyi
Part (30) Uni/Zawgyi
Part (31) Uni/Zawgyi
Part (32) Uni/Zawgyi
Part (33) Uni/Zawgyi
Part (34) Uni/Zawgyi
Part (35) Uni/Zawgyi
Part (36) Uni/Zawgyi
Part (37) Uni/Zawgyi
Part (38) Uni/Zawgyi
Part (39) Uni/Zawgyi
Part (40) Uni/Zawgyi
Part (41) Uni/Zawgyi
Part (42) Uni/Zawgyi
Part (43) Uni/Zawgyi
Part (44) Uni/Zawgyi
Part (45) Uni/Zawgyi
Part (46) Uni/Zawgyi
Part (47) Uni/Zawgyi
Part (48) Uni/Zawgyi
Part (49) Uni/Zawgyi
Final Part Uni/Zawgyi

Part (21) Uni/Zawgyi

21.2K 666 127
By Eaint_Shin_Sitt

ပြန်လိုချင်တယ်

အပိုင်း (21)

"အဲ့ဒီမှာ ခဏထိုင်ဦး ငါ အဝတ်အစားသွားလဲဦးမယ် အရမ်းပူလောင်နေပြီ "

ခင်သက်သည် ဆိုင်ကနေအပြန် သူမနဲ့တစ်ခါတည်းအိမ်သို့ပါလာသောယမင်းအား ဧည့်ခန်းကဆိုဖာမှာထိုင်စောင့်ဖို့ပြောပြီး သူမကအခန်းထဲသို့ခပ်သုတ်သုတ်ပြေးဝင်သွားသည်။

"လုပ်လုပ် ငါဒီမှာ ဖန်ခွက်တွေယူပြီး မုန့်တွေထည့်ထားလိုက်မယ်"

ယမင်းသည် ခင်သက်၏အိမ်သို့အခုမှရောက်ဖူးသူမဟုတ်။ ​ထို့ကြောင့်ကိုယ့်အိမ်ကိုယ့်ရာလိုပဲ သူမတို့သောက်ဖို့စားဖို့ဝယ်လာသော ပီဇာများနှင့်ဝိုင်ပုလင်းကိုယူ၍ ထမင်းစားခန်းထဲသို့ဝင်သွားသည်။ ယမင်းက ပီဇာဘူးကိုဖွင့်ကာ ပန်းကန်တွေထားသောစင်ပေါ်ကဝိုင်ခွက်နှစ်ခွက်ကိုယူလာပြီစားပွဲပေါ်သို့တင်လိုက်သည်။ ထို့နောက်ဝိုင်နီပုလင်းအား ရေခဲသေတ္တာထဲကဖောက်တံဖြင့်ဖွင့်ဖောက်လိုက်သည်။ ပီဇာဘူးကိုအရင်ဧည့်ခန်းထဲကစားပွဲပေါ်သို့သွားထားလိုက်ပြီးမှ ဝိုင်ပုလင်းနှင့်ဝိုင်ခွက်များကိုယူလာသည်။

ယမင်းက စားစရာသောက်စရာများအဆင်သင့်လုပ်ပြီးသည်နှင့် ခင်သက်က သူမရဲ့အခန်းထဲကနေ ဆံပင်ရှည်ကြီးကိုလည်းနောက်မှာစကုပ်ဖြင့်ကုပ်တင်ထားလျှက် ပေါ့ပါးသောဘောင်းဘီတိုကလေးနှင့် အင်္ကျီဂျိုင်းပြတ်လေးကိုလဲဝတ်လာသည်။

"အမလေးလေး ပူလိုက်တာ "

ငြီးငြူလျှက် ယမင်းအနားသို့လမ်းလျှောက်လာသောခင်သက်အား ဘောင်းဘီစကပ်ပွပွနှင့်တီရှပ်အဖြူကိုလွတ်လွတ်လပ်လပ်ရှိအောင်ဝတ်ထားပြီး ဆံပင်တိုကလေးကိုနားနောက်သို့ညှပ်သွင်းထားသည့် ယမင်းက

"ဟဲ့ Air Con ဖွင့်ထားတာပဲအဲ့သလောက်လည်းမပူတော့ပါဘူး နင်ကလည်း"

"ပူတယ်ဟဲ့ ငါကဆောင်းရာသီခိုက်ခိုက်တုန်အောင်ချမ်းချင်ချမ်းပါစေ ရတယ် ပူရင်တော့လုံးဝမနေနိုင်ဘူး"

ခင်သက်က ဧည့်ခန်းထဲကအလှစားပွဲကြီးအောက်တွင်ခင်းထားသောအမွှေးပွ ကောဇောကြီးပေါ်သို့ ဒူးတစ်ဖက်ထောင်ပြီးထိုင်ချလိုက်သည်။ ယမင်းကတော့ ဆိုဖာပေါ်မှာထိုင်နေပြီးခြေပစ်လက်ပစ်ထိုင်နေသည့်ခင်သက်ကို ကြက်သားပီဇာတစ်စိပ်ယူပေးသည်။

"ကောင်းသားပဲ နင်ဒီဆိုင်ဘယ်လိုသိတာလဲ ငါတို့စားနေကျဆိုင်မဟုတ်ဘူးမလား"

ခင်သက်က ယမင်းဝယ်လာသောပီဇာကိုအရသာတွေ့သွားကာ နောက်တစ်ကိုက်ထပ်စားရင်းနဲ့မေးလိုက်သည်။

"ပြောရမှာတော့အရှည်ကြီးပဲ ငါလည်းအဲ့တာတွေပြောချင်လို့နင်နဲ့ချိန်းထားတာပဲ ဟဲဟဲ"

ယမင်းကပါခင်သက်ဘေးသို့အောက်ဆင်းထိုင်လိုက်၍ ​ပီဇာဒိုင်ယာရီကိုပြောဖို့အသင့်အနေအထားသို့ပြင်ဆင်လိုက်သည်။

"အမ်းပြောပါဦး ငါ မေမေ့ဆီပြန်သွားတဲ့၂ရက် ၃ရက်အတွင်းဘာတွေဖြစ်သွားသလဲ"

"လွန်ခဲ့တဲ့၂ရက်ကလေ ငါ ဟိုမင်းသမီးရဲ့ဆေးမှုကိုလိုက်ရင်းနဲ့အပြန်ဟယ် ဗိုက်ဆာလို့ဆိုပြီးအဲ့ဒီနားက ဆိုင်မှာ ရှမ်းထမင်းဝင်စားတယ်"

******
ယမင်း တစ်ယောက် ကင်မရာတစ်လုံးနှင့် နေပူထဲကနေမောပမ်းစွာထိုရှမ်းထမင်းဆိုင်ထဲသို့အပြေးအလွှားဝင်လာသည်။ မနက်ကတည်းကအဲ့ဒီမင်းသမီး ရုံးချိန်းကနေအိမ်အပြန်အလာကိုစောင့်ပြီးဓာတ်ပုံရိုက်ရတာမို့ နေ့မွန်းတည့်ကျော်သည်အထိဘာမှမစားရသေး၍ ဗိုက်အလွန်ဆာနေတာဖြစ်သည်။ ထို့ကြောင့်လည်းစားနေကျမဟုတ်ပေမဲ့နီးတဲ့ဆိုင်ထဲသို့ဝင်စားဖို့ဆုံးဖြတ်လိုက်တာဖြစ်၏။

ဆိုင်ထဲမှာလည်း စားသုံးသူအသင့်အတင့်ရှိနေပြီး ယမင်းကတစ်ယောက်တည်း လွတ်တဲ့စားပွဲမှာဝင်ထိုင်လိုက်သည်။ ထို့နောက် ထမင်းဟင်းမှာဖို့ဆိုင်ဝန်ထမ်းတွေကိုလိုက်ကြည့်ပေမဲ့ တစ်ယောက်မှယမင်းဆီသို့မလာကြ။ ယမင်းလည်းအစကတည်းကစိတ်မြန်ကိုယ်မြန်လူမို့လို့ ကောင်တာရှေ့သွားပြီးသူမ စားချင်သောထမင်းနဲ့ဟင်းကိုမြန်မြန်လေးလုပ်ပေးဖို့သွားပြောလိုက်သည်။

ယမင်း ကင်မရာထဲကပုံအချို့ကိုကောင်းကောင်းရခဲ့ရဲ့လားဟုပြန်ကြည့်ရင်း သူမဆီရောက်လာမည့် ရှမ်းထမင်းပူပူလေးကိုစောင့်နေခဲ့သည်။ သို့သော် မိနစ် ၂၀အထိသူမမှာထားသောရှမ်းထမင်းဟာရောက်မလာဘဲ သူမနောက်မှရောက်လာသော Customer များပင်အရင်စားနေကြပြီဖြစ်သောကြောင့် ဆိုင်ဝန်ထမ်းတစ်ယောက်ကိုပြောလိုက်တဲ့အခါ ၁၀မိနစ်မျှကြာတော့ ထိုဝန်ထမ်းမလေးကသူမဆီသို့ထမင်းနှင့်ဟင်းလာချပေးပါသည်။

သို့သော် ဟင်းများသည်သူမမှာထားသောဟင်းမဟုတ်။ သူမဟာဝက်ချိုချဥ်မှာထားတာဖြစ်ပြီး သူမဆီသို့ရောက်လာတာဟာ ကြက်ကုန်းဘောင်ကြီးကြော်များသာဖြစ်သည်။ ဆိုင်ထဲသို့ဝင်လာကတည်းအဖက်မလုပ်တဲ့အတွက် စိတ်တိုနေတာဖြစ်ပြီးအခုလည်းအချိုးမပြေတာမို့ ယမင်းလည်းဗိုက်ဆာတဲ့အရှိန်နဲ့ ဒေါသအတော်လေးထွက်သွားရသည်။

"ဒါက ဘာသဘောလဲ ရှင်တို့ဆိုင်ကတော်တော်လေးအချိုးမပြေတာပဲ ကျွန်မဆိုင်ထဲရောက်လာကတည်းက ဘယ်ဝန်ထမ်းမှကျွန်မဆီကိုရောက်မလာဘူးကျွန်မကိုယ်တိုင်သွားမှာရတယ် ကိုယ်တိုင်သေချာမှာခဲ့တာတောင်မှ ကျွန်မနောက်မှမှာတဲ့သူတွေကအရင်စားရတယ် အခုလည်းကျွန်မမှာတဲ့ဟင်းတဲ့တခြားစီပဲ ဘယ်လိုဖြစ်တာလဲ! "

နေရာကနေထပြီး ပြောချလိုက်တော့ဘေးပတ်လည်က စားသုံးသူများကယမင်းကိုဝိုင်းကြည့်လာသည်။ ဆိုင်မန်နေဂျာကထလာပြီး ဘာအဆင်မပြေတာလဲမေးတော့ ယမင်းကအစကနေထပ်ပြီးရှင်းပြရသည်။ ဒါကိုလည်းဆိုင်မန်နေဂျာသည်ဟင်းမှားနေရင် လဲခိုင်းပါ့လားဆိုတဲ့အပေါက်ချိုးနေတာမို့လို့ ယမင်းလည်းတော်တော်တင်းသွားပြီး သူမရှေ့ကထမင်းပန်းကန်ကို ဂွက်ကနဲမြည်အောင်စားပွဲပေါ်သို့ချပစ်လိုက်သည်။

"မစားဘူး... တစ်သက်လုံးမစားဘူး ရှင်တို့ဆိုင်ကို "

"ယမင်း.. "

ယမင်းတော်တော်လေးပေါက်ကွဲနေတုန်းမှာ သူမနာမည်ခေါ်ပြီးအနားရောက်လာသူက သန့်ဇင်အောင်ဖြစ်သည်။

"လာ ကျွန်တော်တို့ပြန်ကြရအောင် "

စားပွဲပေါ်ကကင်မရာကိုလည်းသူကပဲကောက်ယူပြီး ယမင်းကိုလည်းဆွဲခေါ်လာသည်။ ဆိုင်အပြင်ရောက်တော့မှ သန့်ဇင်အောင်သူမကိုဆွဲခေါ်လာတယ်ဆိုတာ သတိထားမိတာဖြစ်ပြီး

"နေပါဦး....ရှင်က ကျွန်မကိုဘာလို့ခေါ်ထုတ်လာရတာလဲ"

"ကျွန်တော် ယမင်းဝင်လာကတည်းကယမင်းကိုပဲကြည့်နေတာပါ အခုကျွန်တော်ယမင်းကိုဆွဲခေါ်မလာရင် မကြာရင်ဆိုင်မန်နေဂျာရဲ့မျက်နှာမှာ ကြက်ကုန်းဘောင်တွေပေကုန်မယ်ထင်လို့"

ယမင်း ဆိုင်မန်နေဂျာကိုကြက်ကုန်းဘောင်ပန်းကန်နဲ့ပစ်ပေါက်လိုက်မည်ဟုသန့်ဇင်အောင်ထင်နေတာဖြစ်သည်။

"လာပါ ယမင်း ဗိုက်ဆာနေတာမဟုတ်လား ကျွန်တော်လိုက်ကျွေးပါ့မယ် "

သန့်ဇင်အောင်သည် သူ့ကားတံခါးကိုဖွင့်ပေးပြီး ယမင်းအား ကားပေါ်သို့ခေါ်သည်။ ယမင်းကအစကမလိုက်ဘူးငြင်းပေမဲ့ သန့်ဇင်အောင်ဟာသူမရဲ့ကင်မရာကိုယူထားတာဖြစ်သလို ဗိုက်ကလည်းဆာလွန်းလို့အသံမြည်နေပြီဖြစ်သောကြောင့် သူ့ကားနဲ့ပဲလိုက်သွားလိုက်ပါသည်။

သန့်ဇင်အောင်က ပီဇာနှင့်ကြက်ကြော်ပဲသီးသန့်ရောင်းတဲ့ဆိုင်တစ်ဆိုင်သို့ခေါ်သွားပြီး ဒီဆိုင်ကပီဇာဟာဘာနဲ့မတူဘဲအရမ်းကောင်းကြောင်း ချီးကျူးခန်းဖွင့်တော့သည်။ ယမင်းလည်းအစကတော့အပိုတွေပြောနေတာထင်ပေမဲ့ ပီဇာကတကယ်ကိုစားကောင်းနေတာဖြစ်၏။

"ကဲ မပြောဘူးလား ယမင်းကြိုက်တယ်မလား"

"အင်း ကြိုက်တယ်"

"ကျွန်တော့်ကိုရောလား"

"ဘာ!"

ယမင်းက ရိသဲ့သဲ့လာပြောတဲ့သန့်ဇင်အောင်အား မုန့်လိုက်ကျွေးတဲ့မျက်နှာတွေဘာတွေမထောက် မျက်မှောင်ကုပ်ပြီးအော်လိုက်တော့ သူကအမှန်အကန်လန့်သွားပုံရ၏။

"ကျွန်တော့်အစ်မဆိုင်လေ ဒီဆိုင်က
အဲ့တာ ကျွန်တော့်အစ်မဆိုင်ကပီဇာကိုကြိုက်လားမေးတာပါ"

ဟိုရွှီးဒီရွှီးနဲ့ ဒီဆိုင်ဟာသူ့အစ်မဆိုင်မှန်းသိလိုက်ရပြီး ယမင်းလည်း အရမ်းစားကောင်းတဲ့အကြောင်းဆိုင်ရှင်အစ်မကိုပါချီးကျူးလာခဲ့လိုက်သည်။

******************

"သြော...အဲ့ဒီတော့ သန့်ဇင်အောင် ကျေးဇူးနဲ့ ယောင်းမလောင်းလေးနဲ့လည်းစကားပြောခဲ့ရ ပီဇာကောင်းကောင်းလည်းစားခဲ့ရပေါ့ဟုတ်လား"

"ဟဲ့...ဘာ ယောင်းမလည်း ကောင်မနော် ငါသူတို့အဖွဲ့ကိုအရမ်းအမြင်ကပ်တာ"

"သန့်ဇင်အောင်ကိုတော့အခုအမြင်ကြည်နေပြီမလား"

ခင်သက်က ဖန်ခွက်ထဲသို့ဝိုင်နီအချို့လောင်းထည့်ရင်းနဲ့ ယမင်းအားလိုက်နောက်နေသည်။

"ဘာမှမကြည်ဘူး သွား!"

"အခုတောင် နင်သူ့အစ်မဆီက ဝယ်လာတာလေ "

"အဲ့တာ နင့်ကိုစားစေချင်လို့လေ ကောင်မ စေတနာပျက်အောင်မလုပ်နဲ့တော့"

ခင်သက်က ဝိုင်နီကိုတစ်ငုံငုံလိုက်ပြီး ယမင်းစိတ်ဆိုးနေပုံကိုကြည့်၍ရယ်နေသည်။

"ရယ်မနေနဲ့ စိုင်းခမ်းစစ်ပြန်ရောက်နေတာမလား ငါ့ကိုတောင်မပြောဘူး"

"နင်နဲ့ငါနဲ့မှမတွေ့တာကို မနက်ဖြန်ကတောင် သူကငါ့ကိုနေ့လည်စာလိုက်ကျွေးဖို့ပြောထားသေးတယ် မနက်ကBreakfastကို သူဝယ်ကျွေးသွားတာ နင်မနက်ဖြန်လာခဲ့လေတွေ့ချင်ရင်"

"မနက်ဖြန်မအားဘူး နောက်မှတွေ့တော့မယ် ဘယ်လိုလဲ စိုင်းခမ်းစစ်က နင့်ကိုအရင်လိုကြိုက်တုန်းပဲလား"

ခင်သက်က ဖန်ခွက်ကိုကိုင်ထားလျှက်သက်ပြင်းချလိုက်သည်။

"သူကတော့အရင်တုန်းကအတိုင်းပါပဲ ဒါပေမဲ့ ငါကတော့အဲ့လိုတွေမလုပ်စေချင်တော့ဘူး ငါကအိမ်ထောင်သည်လည်းဖြစ်နေပြီ ပြီးတော့သူ့ကိုလည်းမောင်လေးတစ်ယောက်လိုပဲသံယောဇဥ်ရှိတယ်"

"ငါက နင့်ကို နေပိုင်ထွဋ်နဲ့ထက် စိုင်းခမ်းစစ်နဲ့တောင်ပိုသဘောတူသေးတယ် စိုင်းခမ်းစစ်က နင်တက္ကသိုလ်ကျောင်းသူဘဝကတည်းက မမသက်မမသက်နဲ့"

"တော်ပါဟယ်နင်ကလည်း သူကအခုမှမင်းသားလုပ်မယ့်တက်သစ်စဖူးသစ်စလေးကို နင်သူ့ကိုလည်းသွားမြှောက်ပေးမနေနဲ့ဦး "

"ဒါနဲ့ နေပိုင်ထွဋ်ကရောပြန်မလာဘူးလား တော်တော်တောင်နောက်ကျနေပြီ "

ယမင်းက ဖုန်းထဲကနာရီကိုတစ်ချက်ကြည့်ပြီးမေးလေတော့ ခင်သက်က လက်ထဲကဝိုင်ခွက်ကိုစားပွဲပေါ်သို့ချလိုက်သည်။

"မသိဘူး မလာဘူးနေမှာပေါ့"

"သူကရော အခုဘာတွေလုပ်နေတာလဲ ရွှေအဆင်းနဲ့က မဟုတ်ဘူးထင်တယ် တော်တော်ငြိမ်သွားတာနော် "

ခင်သက်က မျက်လုံးကိုအထက်သို့လှန်တင်လိုက်ပြီး ဟက်ကနဲရယ်လိုက်သည်။

"ထင်ထားတဲ့လူနဲ့မဟုတ်ဘဲ မထင်ထားတဲ့ကောင်မနဲ့ငြိနေတာဟေ့ "

"ဘယ်သူလဲ "

"မှုံနံ့သာနဲ့ ငါကိုယ်တိုင်ဖုန်းထဲကနေမိပြီးပြီ "

"ဟမ်... မှုံနံ့သာ? အတည်လား "

ယမင်းပါအံ့သြပြီး ခင်သက်မျက်နှာကိုဆွဲလှည့်၍မေးသည်။

"အေး...မနေ့ကမှငါတို့ပြန်ရောက်ကြတာဆိုတော့ အခုလည်းသူ့ကောင်မနဲ့သွားအိပ်နေတာနေမှာပေါ့"

"ဟဲ့...နင်ကလွှတ်ထားမှာလား ဖုန်းဆက်လေဟယ် "

"မဆက်ပါဘူး တစ်ရက်တော့အပြင်မှာမိဦးမှာပဲ! "

"အဲ့ဒီကောင်ကလည်း တကယ်ပဲ မှုံနံ့သာကိုလည်းငါအဲ့ဒီလိုထင်မထားဘူးသိလား ရွှေအဆင်းထက်စာရင် မှုံနံ့သာကဆက်ဆံရေးပြေပြစ်ပြီး စိတ်ရင်းကောင်းတယ်ထင်ထားတာ"

"အေး လူတွေက အပေါ်ယံကြည့်ပြီးဆုံးဖြတ်လို့မရဘူးပဲ မှုံနံ့သာက ငါ့ကိုတောင်သူထိုင်းမှာဝတ်ဖို့Dress အပ်သွားသေးတာ ငါတကယ်မယုံနိုင်ဘူးသိလား!"

"ယောက်ျားတွေများနော် အိမ်မှာ ဒီလောက်လှတဲ့မိန်းမရှိနေလဲ မယားငယ်ကထားချင်ကြသေးတာပဲ တကယ်စိတ်ပျက်စရာ!"

"အေး ဘဝမှာနောင်တအရဆုံးကိုပြောပါဆိုရင်လေ ငါ နေပိုင်ထွဋ်ကို အရမ်းချစ်မိခဲ့တာကိုပဲ"

ခင်သက်က ပြောနေရင်းအသံလေးတိမ်ဝင်သွားတာမို့ ယမင်းလည်း ခင်သက်အခြေအနေကိုသိကာ နောက်ထပ်ဝိုင်တွေထပ်မသောက်တော့စေရန်ပုလင်းကိုအဝေးသို့ရွှေ့ထားလိုက်ပါတော့သည်။

"ငါကလေ...သူ့ကို အဲ့ဒီနေ့ကတည်းက မြ​င်မြင်ချင်းသဘောကျခဲ့မိတာသိလား ပြီးတော့ ချစ်သူဘဝမှာရော လက်ထပ်ပြီးတဲ့အထိရော အရမ်းချစ်တာ ငါလေ သူ့မျက်နှာတစ်ခုတည်းနဲ့ သူ့အိမ်က....သူ့အစ်မနဲ့သူ့အစ်မယောက်ျားကမကြည်တာတောင်မှအဲ့ဒီအိမ်ကိုသည်းခံပြီး သူ့အဘိုးနဲ့လိုက်တွေ့ပေးခဲ့တာ "

ခင်သက်သည် ပြောနေရင်းပဲမျက်နှာကလေးကမဲ့ကျသွားပြီး ဒူးပေါ်သို့ခေါင်းမှောက်ချလိုက်သည်။

"ငါအဲ့ဒီနေ့ကအကြောင်းကိုပြန်မစဥ်းစားချင်ဘူး ဟင့်...ငါအဲ့ဒီအကြောင်းကိုတွေးမိတိုင်းအသက်ရှူမဝဘူး"

ယမင်းက ခင်သက်ရဲ့ကျောကလေးခပ်ဖွဖွကလေးပွတ်ပြီးနှစ်သိမ့်ပေးသည်။ အစကတော့ယမင်းလည်း မိုးချုပ်နေလည်းအိမ်ပြန်ရန်အတွက်အစီအစဥ်ရှိပေမဲ့ သူငယ်ချင်းမရဲ့အခြေအနေကြောင့်အိမ်မပြန်ဘဲ ခင်သက်နဲ့အတူတူအိပ်ဖို့သာဆုံးဖြတ်လိုက်သည်။

*************************************

"လာ မြန်မြန်သွားစို့ မမသက်ရဲ့ ဗိုက်ဆာနေပြီ"

မနေ့ကတော့ Breakfastဝယ်ကျွေး၍ ဆိုင်လိုက်ပို့ပြီး သူမအားလို့ဟုဆိုကာခင်သက်ကို သူ့အတွက်ဒီဇိုင်းဆွဲဖို့တောင်အဆွေးနွေးမခံ။
ဒီနေ့တော့ ကိုကျော်သူကိုပါခေါ်လာပြီး နောက်ရိုက်မယ့်ရုပ်ရှင်အတွက်လိုက်ဖက်မည့် Suitများ ဒီဇိုင်းဆွဲဖို့ဆွေးနွေးခွင့်ရခဲ့သည်။ အသေအချာကိုကျော်သူနှင့်တိုင်ပင်လက်ခံပြီးနောက် သူရောက်ကတည်းက နေ့လည်စာဝယ်ကျွေးမည်ဟုကတိပေးထားခဲ့တဲ့အတိုင်း ခင်သက်အားနေ့လည်စာဝယ်ကျွေးဖို့ဇွတ်ပူဆာတော့သည်။

"အေး...အေးပါ သွားရှေ့ကနေစောင့်နှင့်လိုက်ခဲ့မယ် နင့်ကိုမြင်ရတာပြာယာခက်နေပြီ"

ခင်သက်သည် အနက်ရောင်အပေါ်မှာအနီရောင်အဆင်းတွေပါသည့်ရှပ်အင်္ကျီနဲ့ဘောင်းဘီရှည်အပွကိုဝတ်ထားသည့် ရှမ်းကလေးစိုင်းခမ်းစစ်အားရုံးခန်းထဲကနေနှင်လွှတ်လိုက်သည်။

ခင်သက်သည် အနီရောင်ကိုယ်ကြပ်ဂါဝန်တိုလက်ပြတ်ကလေးကိုရိုးရိုးရှင်းရှင်းဝတ်ထားပြီး ဆံပင်ရှည်ကြီးကိုကျောဘက်ကမှာဖြန့်ချထား၍သူမရဲ့လက်ကိုင်အိတ်အနီရောင်ကိုကောက်ယူဟာ စိုင်းခမ်းစစ်စောင့်နေတဲ့ကားပေါ်သို့တက်လာခဲ့သည်။

"ငါ့ကားယူခဲ့ပါ့မယ်ဆိုတာကို"

"မယူပါနဲ့ ပြန်လိုက်ပို့ပါ့မယ် မမသက်ကားကြီးချည်းပဲမောင်းနေရတာမမောင်းချင်တော့ဘူး"

ကားပေါ်ရောက်မှ သူမရဲ့ပုလဲလုံးတွေစီထားသောနားဆွဲလေးကိုပေါ်အောင်ဆံပင်များကိုနားနောက်သို့သိမ်းလိုက်သည်။

"ဘယ်ဆိုင်စားကြမလဲရွေးထားလား"

ခင်သက်ကမေးတော့ စိုင်းခမ်းစစ်ကခေါင်းညိတ်ပြီး သူသွားမယ့်ဆိုင်သို့တန်းမောင်းပါသည်။

"သြော် ဒီဆိုင်လား "

ခင်သက်က စိုင်းခမ်းစစ် ရပ်လိုက်သောဆိုင်ရှေ့သို့ရောက်တော့ကားပေါ်ကနေဆင်းပြီး ၃ထပ်တောင်မြင့်တဲ့ထိုအဆောက်အဦးကိုမော့ကြည့်ရင်း ရေရွတ်လိုက်ပါသည်။

"ဘာလို့လည်းမကြိုက်ဘူးလား ကိုကျော်ပြောတာ ဒီက ကြက်ကြော်ကောင်းတယ်တဲ့"

"မဟုတ်ပါဘူး ငါနဲ့ယမင်းလည်းဒီကကြက်ကြော်နဲ့ ဘာဂါနဲ့မှာစားနေကြမို့လို့"

"ကျွန်တော်လည်းအဲ့တာစားမလို့ပဲ "

စိုင်းခမ်းစစ်က ခင်သက်နဲ့အတူယှဥ်ပြီး ဆိုင်ထဲသို့ဝင်သွားလိုက်ပါသည်။

*******

စိုင်းခမ်းစစ်နဲ့ ခင်သက်အား လမ်းရဲ့တစ်ဖက်မှာရှိသောမျက်နှာချင်းဆိုင်က Beauty Sloon အပေါ်ထပ်မှနေ မြင်လိုက်ရသည့် မှုံနံ့သာသည် နေပိုင်ထွဋ်ဆီသို့ဖုန်းဆက်လိုက်ပါသည်။

"ဟယ်လို....ကိုကို"

".........."

"ဟိုလေ နံ့သာတို့ ****မှာပဲ ကြက်ကြော်နဲ့ဘာဂါစားကြမလားဟင် နံ့သာကအခုအဲ့ဒီနားက Beauty Sloon မှာ မော်ဒယ်လုပ်ပေးတာ အဲ့တာ Shooting Break တဲ့အချိန်ကလေးပဲနားမှာမို့လို့ နီးတဲ့ဆိုင်မှာပဲစားကြရအောင်နော် နောက်ရက်မှ Hotel Date ကြတာပေါ့"

မှုံနံ့သာက ဒီနေ့အတွက် နေ့လည်စာကို Hotel မှာစားဖို့သူမကိုယ်တိုင်တမင်သက်သက်ချိန်းခဲ့ပါသော်လည်း သူမရဲ့ရည်ရွယ်ချက်က ထိုကဲ့သို့မဟုတ်တော့ပေ။

မှုံနံ့သာဖုန်းဆက်ပြီး ၁၅မိနစ်ကြာတော့နေပိုင်ထွဋ်ရောက်လာသည်။ မှုံနံ့သာဟာ Beauty Sloon ထဲကနေ ဂါဝန်အဖြူကလေးဝတ်ထားပြီး ကားထဲကနေထွက်လာသောနေပိုင်ထွဋ်ဆီသို့ပြေးလာသည်။

"ကိုကို "

နေပိုင်ထွဋ်က သူ့ဆီသို့လမ်းကူးပြီးပြေးလာသောမှုံနံ့သာအား ခပ်မြန်မြန်လှမ်းဆွဲလိုက်ရသည်။

"ဘာလို့ပြေးတာလာတာလဲ ကားတိုက်ကုန်တော့မှာ!"

နေပိုင်ထွဋ်က ငေါက်လိုက်တော့ သူ့ရင်ခွင်ထဲသို့တစ်ဝက်ရောက်နေပြီဖြစ်တဲ့ မှုံနံ့သာသည် သူ့ကိုမျက်နှာငယ်လေးနှင့်မော့ကြည့်သည်။

"ကိုကို့ကိုတွေ့ချင်လို့ပေါ့"

ခပ်နွဲ့နွဲ့ကလေးပြန်ဖြေတော့ နေပိုင်ထွဋ်က မျက်မှောင်ကုပ်လျှက်ကြည့်ပြီး သူမလက်မောင်းကိုပြန်လွှတ်ပေးလိုက်သည်။ ထို့နောက် နှစ်ယောက်အတူဆိုင်ထဲသို့ဝင်လာကြရင်း ၃ထပ်ရှိသောဆိုင်ထဲ၌ အောက်ဆုံးထပ်မှာပဲထိုင်ဖြစ်ကြသည်။

မှုံနံ့သာသည် ခင်သက်တို့ဘယ်နားမှာထိုင်နေသလဲဆိုတာမသိပေမဲ့ အောက်ဆုံးထပ်မှာတော့မရှိတာမို့လို့ အပေါ်ထပ်မှလူတွေမြင်သာနိုင်သော အောက်ဆုံးထပ်ဆိုင်ရဲ့အရှေ့ဘက်ခြမ်းကိုရွေး၍ထိုင်သည်။

"ကိုကိုရော ကြက်ကြော်နဲ့ဘာဂါပဲလား"

"ဟင့်အင်း ကြက်ကြော်နဲ့ ကိုလာပဲ ဘာဂါမကြိုက်ဘူး"

"အဲ့တာဆို နံ့သာလည်း ကြက်ကြော်နဲ့ကိုလာပဲ"

ဟုဆိုကာ Menu စာအုပ်ကိုပိတ်ပြီး Waiter ကလေးသို့ပြန်ပေးလိုက်သည်။

ခင်သက်သည် နေပိုင်ထွဋ်နဲ့မှုံနံ့သာ ဆိုင်ထဲသို့အတူဝင်လာကတည်းက ဒုတိယထပ်ကနေပြီးမြင်နေခဲ့တာဖြစ်သည်။ စိုင်းခမ်းစစ်ကတော့အလိုက်သိစွာ ဘာမှမမေးဘဲ ခင်သက်နဲ့အတူငြိမ်ငြိမ်ကလေးကြည့်နေခဲ့သည်။

မှုံနံ့သာသည် အနက်ရောင် Suit အပြည့်ဝတ်ထားပြီး ခြေချိတ်လျှက်ထိုင်နေသော အလုပ်များလို့ပင်ပန်းနေပုံရသည့် နေပိုင်ထွဋ်ရဲ့မျက်ခုံးများရှုံ့ထားသောမျက်နှာကိုရှေ့တည့်တည့်ကနေမေးထောက်လျှက်ပြုံးကြည့်နေတာဖြစ်သည်။

"ကိုကို နည်းနည်းလောက်ပြုံးပါဦး ရုပ်ကြီးကဘာဖြစ်နေတာလဲ"

"စိတ်မကြည်လို့ မင်းကို ငါပဲအတူစားဖို့ချိန်းပြီးမှ အနှောက်အယှက်ပေးသလိုဖြစ်သွားရင် Sorry ပါ"

"ဟင့်အင်းမဖြစ်ပါဘူး နံ့သာက ကိုကိုနဲ့ဆိုပျော်ပါတယ် "

မှုံနံ့သာသည် စားပွဲပေါ်မှာရှိနေသော နေပိုင်ထွဋ်၏သွေးကြောများယှက်ဖျာလျှက်ရှိနေသော လက်ဖမိုးကြီးအား သူမလက်သေးသေးကလေးဖြင့်အုပ်ကိုင်လိုက်သည်။ တစ်ဖန် နေပိုင်ထွဋ်၏ ပုခုံးကိုလည်း တစ်ခုခုခါပေးသောပုံစံဖြင့်နှစ်ချက်လောက်ပုတ်လိုက်သည်။ ထို့နောက် နေပိုင်ထွဋ်ရဲ့လက်ကိုဆွဲယူပြီးသူမရဲ့ပါးဆီသို့ကပ်လိုက်သည်။

ထိုအခါ ခင်သက် အပေါ်ကနေပြီးဒီအတိုင်းကြည့်မနေနိုင်တော့ပါ။ စိုင်းခမ်းစစ်ရဲ့ဘေးကနေ ချက်ချင်းထပြီး အောက်ထပ်သို့ခြေလှမ်းသွက်သွက်ဖြင့်ဆင်းလာခဲ့သည်။ ဒေါက်ဖိနပ်နဲ့ကြွေပြားများနဲ့ဆီကနေကြားနေရသောခြေလှမ်းများကြောင့် ဘေးလူတွေကလည်းလှည့်ကြည့်လာကြသလို နေပိုင်ထွဋ်ကိုယ်တိုင်လည်းသူ့ဆီသို့လှမ်းလာနေသော အနီရောင်Dressနဲ့ ခင်သက်တင်အားတွေ့လိုက်ရသည်။

ခင်သက်သည် သူတို့ရှိသောစားပွဲသို့ရောက်လျှင်ရောက်ချင်းစားပွဲပေါ်မှာရှိသော ဖန်ခွက်ထဲကရေနဲ့ မှုံနံ့သာရဲ့မျက်နှာကိုဗျန်းကနဲနေအောင်ပက်ပစ်လိုက်သည်။

မှုံနံ့သာရဲ့မျက်လုံးများစုံမှိတ်သွားပြီးဆံပင်တွေရောမျက်နှာတစ်ခုလုံးရောရေတွေရွှဲကုန်လေသည်။ ရေနဲ့အပက်ခံလိုက်ရလို့ တအံ့တသြမော့ကြည့်လာသည့်မှုံနံ့သာကို ခင်သက်သည်လက်ဖဝါးတစ်ချက်ကိုလေပေါ်ကနေလွှဲကာဖြန်းကနဲထပ်ရိုက်ပစ်လိုက်သည်။

ခင်သက်တင်ရဲ့လုပ်ရပ်ကြောင့်နေပိုင်ထွဋ်မတ်တပ်ထရပ်လိုက်ကာ

"ခင်သက်တင်!"
ဟု ခပ်အုပ်အုပ်ခေါ်လိုက်သည်။

ခင်သက်ကတော့ ဂရုမစိုက်ဘဲနေပိုင်ထွဋ်ကိုလည်း ဖြန်းကနဲနေအောင်ပါးကိုရိုက်ပစ်လိုက်သည်။

နေပိုင်ထွဋ်သည် ခင်သက်၏လုပ်ရပ်ကြောင့်တစ်ဆိုင်လုံးဝိုင်းအကြည့်ခံလိုက်ရတဲ့အပေါ်အတော်ကလေးရှက်ရွံ့စွာနှင့် ခင်သက်အားလည်းဤကဲ့သို့လုပ်တဲ့အပေါ်ဒေါသထွက်စွာနဲ့စိုက်ကြည့်နေမိရင်း သူမကိုထိုနေရာကနေအမြန်ဆုံးဆွဲခေါ်လာခဲ့တော့သည်။

"လွှတ်စမ်း..နေပိုင်ထွဋ်...ကျွန်မကိုလွှတ်"

ဒေါသတကြီးဆွဲခေါ်သွားသောနေပိုင်ထွဋ်နောက်သို့ခင်သက်တစ်ယောက် ယက်ကန်ယက်ကန်နဲ့ပါသွားရသည်။ နေပိုင်ထွဋ်ကတော့ ဆိုင်ရဲ့အနောက်ဘက်မှာရှိသော သန့်စင်ခန်း ထဲသို့ဝင်လိုက်ကာ ကလန့်ထိုးပြီးသန့်စင်ခန်း ကိုပိတ်ပစ်လိုက်သည်။

"မင်း မရှက်ဘူးလားခင်သက်တင် မင်းအခုဘာလုပ်လိုက်တာလဲ"

"ပါးချလိုက်တာလေ ဖောက်ပြန်နေတဲ့ကောင်နဲ့ ကောင်မကို Public မှာ ပါးချလိုက်တာ !"

"တောက် ငါမင်းကိုမဟုတ်ပါဘူးလို့ပြောခဲ့တယ်မလား"

"အဲ့ဒီတော့ ရှင်တို့လက်တွေကိုင်ပါးတွေကိုင်နေကြတာကရိုးရိုးသားသားပေါ့ဟုတ်သလား!

ဖြေလေ... ရှင့်မိန်းမတစ်ယောက်လုံး ဆိုင်ထဲမှာရှိတာတောင်မမြင်အောင်မွှန်ထူနေတာ စိတ်ပျက်ဖို့ကောင်းလိုက်တာ!"

"မင်းကရော ဘယ်သူနဲ့လာလဲ ပြောစမ်းပါဦး မင်းလင်ငယ်ဖြစ်မယ့်ကောင်နဲ့ပဲလား!"

ဖြန်း!!!

ခင်သက်က နောက်တစ်ချက်ထပ်ရိုက်တော့ နေပိုင်ထွဋ်က မေးကြောများထောင်လာတဲ့အထိအံကြိတ်ထားသည်။

ခင်သက်က သူမရောက်နေတဲ့နေရာကိုအနည်းငယ်အကဲခက်ကြည့်ပြီး ယောက်ျားလေး Toilet ကြီးမှန်းသိလိုက်ရ၍ ဒီနေရာကနေထွက်ဖို့ချာကနဲလှည့်ထွက်တဲ့အခါ နေပိုင်ထွဋ်ကသူမကိုယ်လေးကိုဖမ်းဆွဲပြီး Toilet တံခါးဆီသို့ ဝုန်းကနဲကပ်ပစ်လိုက်သည်။

သူ့ကို ဟိုဘက်လှည့်ပြီး တံခါးမှာကပ်ထားတာမို့ခင်သက်ကပါးနဲ့ကပ်ထားရတာဖြစ်သည်။

"ကိုနေပိုင်ထွဋ် ရှင်ဘာလုပ်ဖို့ကြိုးစားနေတာလဲ!"

ခင်သက်က သူ့ကိုလှည့်မေးလိုက်တော့ နေပိုင်ထွဋ်က ခင်သက်ရဲ့လက်တွေကိုသူ့လက်တစ်ဖက်တည်းနဲ့အနောက်ဘက်ကနေ ခါးပေါ်မှာစုချုပ်ထားပြီး သူမရဲ့ဂါဝန်တိုကလေးကို တင်ပါးများပေါ်လာတဲ့အထိဆွဲလှန်ပစ်လိုက်သည်။

"ချမလို့လေ!  မင်းကငါ့ကို လူရှေ့သူရှေ့မှာ ပါးချတယ် ငါလည်း မင်းကို ယောက်ျားလေးသုံးအိမ်သာထဲမှာ ပြန်ချမယ်!"

ဖြောင်း!

သူမရဲ့တင်ပါးဖွေးဖွေးကလေးကို ဖြောင်းကနဲနေအောင်ရိုက်လိုက်တာမို့ ခင်သက်ကိုယ်ကလေးဆက်ကနဲတုန်သွားပြီး လွန့်လူးရုန်းထွက်သည်။

"ဟင့်အင်း...ဒါမျိုးနေရာမှာ မလုပ်နဲ့နော် ကိုနေပိုင်ထွဋ်..ဟင့်အင်း! "

နေပိုင်ထွဋ်က သူ့ကိုလှည့်ပြီးငြင်းနေတဲ့သူမနှုတ်ခမ်းများကို အတင်းစုပ်နမ်းလိုက်ပြီး စောနကရိုက်လိုက်လို့လက်ဝါးအရာကြီးထင်သွားတဲ့သူမတင်ပါးတစ်ခြမ်းကို ဆုပ်ကိုင်ပွတ်ချေလိုက်သည်။

ခင်သက်လည်း အများသုံးအိမ်သာမှာမဖွယ်မရာပြုဖို့ကြိုးစားနေသော တရားဝင်​အမျိုးသားကြောင့် ရင်တွေတုန်ကာ ဒီလိုနေရာမျိုးမှာဒါမျိုးကြုံရဖို့တစ်သက်နဲ့တစ်ကိုယ်မတွေးဖူးတာမို့ ရှက်ရွံ့လာသည်။ အပြင်ကများတစ်စုံတစ်ယောက်ကြားသွားခဲ့ပါလျှင်ဆိုတဲ့စိတ်နဲ့ခင်သက်သည် လက်တွေအချုပ်ခံထားရတာမို့ လှုပ်လို့ရနေသောခြေထောက်များကနေ နေပိုင်ထွဋ်ခြေထောက်ရှိသောနေရာသို့ခန့်မှန်းပြီး တစ်ချက်တည်းစောင့်နင်းပစ်လိုက်သည်။

"အ....အား!!"

သူမရဲ့ဒေါက်ဖိနပ်အမြင့်ကြီးနဲ့နင်းခံရတာမို့နေပိုင်ထွဋ်လည်းအီစိမ့်သွားရကာသူမကိုလွှတ်ပေးလိုက်သည်။ ခင်သက်သည်သူ့ဆီကလွတ်တာနဲ့စကပ်ကိုဆွဲချပြီး နှုတ်ခမ်းကိုလက်ဖဝါးဖြင့်ဖိသုတ်ကာ သူ့ကိုလည်းမျက်ရည်တွေဝေ့နေသောမျက်လုံးများဖြငိ့စိုက်ကြည့်ပြီး

"ခွေးလိုကောင်!"

ဟုဆဲရေးဆို၍ သန့်စင်ခန်းထဲမှပြေးထွက်သွားခဲ့သည်။

*************************************
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း (22) ဆက်ရန်

Zawgyi Version

ျပန္လိုခ်င္တယ္

အပိုင္း (21)

"အဲ့ဒီမွာ ခဏထိုင္ဦး ငါ အဝတ္အစားသြားလဲဦးမယ္ အရမ္းပူေလာင္ေနၿပီ "

ခင္သက္သည္ ဆိုင္ကေနအျပန္ သူမနဲ႕တစ္ခါတည္းအိမ္သို႔ပါလာေသာယမင္းအား ဧည့္ခန္းကဆိုဖာမွာထိုင္ေစာင့္ဖို႔ေျပာၿပီး သူမကအခန္းထဲသို႔ခပ္သုတ္သုတ္ေျပးဝင္သြားသည္။

"လုပ္လုပ္ ငါဒီမွာ ဖန္ခြက္ေတြယူၿပီး မုန့္ေတြထည့္ထားလိုက္မယ္"

ယမင္းသည္ ခင္သက္၏အိမ္သို႔အခုမွေရာက္ဖူးသူမဟုတ္။ ထို႔ေၾကာင့္ကိုယ့္အိမ္ကိုယ့္ရာလိုပဲ သူမတို႔ေသာက္ဖို႔စားဖို႔ဝယ္လာေသာ ပီဇာမ်ားႏွင့္ဝိုင္ပုလင္းကိုယူ၍ ထမင္းစားခန္းထဲသို႔ဝင္သြားသည္။ ယမင္းက ပီဇာဘူးကိုဖြင့္ကာ ပန္းကန္ေတြထားေသာစင္ေပၚကဝိုင္ခြက္ႏွစ္ခြက္ကိုယူလာၿပီစားပြဲေပၚသို႔တင္လိုက္သည္။ ထို႔ေနာက္ဝိုင္နီပုလင္းအား ေရခဲေသတၱာထဲကေဖာက္တံျဖင့္ဖြင့္ေဖာက္လိုက္သည္။ ပီဇာဘူးကိုအရင္ဧည့္ခန္းထဲကစားပြဲေပၚသို႔သြားထားလိုက္ၿပီးမွ ဝိုင္ပုလင္းႏွင့္ဝိုင္ခြက္မ်ားကိုယူလာသည္။

ယမင္းက စားစရာေသာက္စရာမ်ားအဆင္သင့္လုပ္ၿပီးသည္ႏွင့္ ခင္သက္က သူမရဲ႕အခန္းထဲကေန ဆံပင္ရွည္ႀကီးကိုလည္းေနာက္မွာစကုပ္ျဖင့္ကုပ္တင္ထားလွ်က္ ေပါ့ပါးေသာေဘာင္းဘီတိုကေလးႏွင့္ အကၤ်ီဂ်ိဳင္းျပတ္ေလးကိုလဲဝတ္လာသည္။

"အမေလးေလး ပူလိုက္တာ "

ၿငီးျငဴလွ်က္ ယမင္းအနားသို႔လမ္းေလွ်ာက္လာေသာခင္သက္အား ေဘာင္းဘီစကပ္ပြပြႏွင့္တီရွပ္အျဖဴကိုလြတ္လြတ္လပ္လပ္ရွိေအာင္ဝတ္ထားၿပီး ဆံပင္တိုကေလးကိုနားေနာက္သို႔ညွပ္သြင္းထားသည့္ ယမင္းက

"ဟဲ့ Air Con ဖြင့္ထားတာပဲအဲ့သေလာက္လည္းမပူေတာ့ပါဘူး နင္ကလည္း"

"ပူတယ္ဟဲ့ ငါကေဆာင္းရာသီခိုက္ခိုက္တုန္ေအာင္ခ်မ္းခ်င္ခ်မ္းပါေစ ရတယ္ ပူရင္ေတာ့လုံးဝမေနနိုင္ဘူး"

ခင္သက္က ဧည့္ခန္းထဲကအလွစားပြဲႀကီးေအာက္တြင္ခင္းထားေသာအေမႊးပြ ေကာေဇာႀကီးေပၚသို႔ ဒူးတစ္ဖက္ေထာင္ၿပီးထိုင္ခ်လိဳက္သည္။ ယမင္းကေတာ့ ဆိုဖာေပၚမွာထိုင္ေနၿပီးေျခပစ္လက္ပစ္ထိုင္ေနသည့္ခင္သက္ကို ၾကက္သားပီဇာတစ္စိပ္ယူေပးသည္။

"ေကာင္းသားပဲ နင္ဒီဆိုင္ဘယ္လိုသိတာလဲ ငါတို႔စားေနက်ဆိဳင္မဟုတ္ဘူးမလား"

ခင္သက္က ယမင္းဝယ္လာေသာပီဇာကိုအရသာေတြ႕သြားကာ ေနာက္တစ္ကိုက္ထပ္စားရင္းနဲ႕ေမးလိုက္သည္။

"ေျပာရမွာေတာ့အရွည္ႀကီးပဲ ငါလည္းအဲ့တာေတြေျပာခ်င္လို႔နင္နဲ႕ခ်ိန္းထားတာပဲ ဟဲဟဲ"

ယမင္းကပါခင္သက္ေဘးသို႔ေအာက္ဆင္းထိုင္လိုက္၍ ပီဇာဒိုင္ယာရီကိုေျပာဖို႔အသင့္အေနအထားသို႔ျပင္ဆင္လိုက္သည္။

"အမ္းေျပာပါဦး ငါ ေမေမ့ဆီျပန္သြားတဲ့၂ရက္ ၃ရက္အတြင္းဘာေတြျဖစ္သြားသလဲ"

"လြန္ခဲ့တဲ့၂ရက္ကေလ ငါ ဟိုမင္းသမီးရဲ႕ေဆးမႈကိုလိုက္ရင္းနဲ႕အျပန္ဟယ္ ဗိုက္ဆာလို႔ဆိုၿပီးအဲ့ဒီနားက ဆိုင္မွာ ရွမ္းထမင္းဝင္စားတယ္"

******
ယမင္း တစ္ေယာက္ ကင္မရာတစ္လုံးႏွင့္ ေနပူထဲကေနေမာပမ္းစြာထိုရွမ္းထမင္းဆိုင္ထဲသို႔အေျပးအလႊားဝင္လာသည္။ မနက္ကတည္းကအဲ့ဒီမင္းသမီး ႐ုံးခ်ိန္းကေနအိမ္အျပန္အလာကိုေစာင့္ၿပီးဓာတ္ပုံရိုက္ရတာမို႔ ေန႕မြန္းတည့္ေက်ာ္သည္အထိဘာမွမစားရေသး၍ ဗိုက္အလြန္ဆာေနတာျဖစ္သည္။ ထို႔ေၾကာင့္လည္းစားေနက်မဟုတ္ေပမဲ့နီးတဲ့ဆိုင္ထဲသို႔ဝင္စားဖို႔ဆုံးျဖတ္လိုက္တာျဖစ္၏။

ဆိုင္ထဲမွာလည္း စားသုံးသူအသင့္အတင့္ရွိေနၿပီး ယမင္းကတစ္ေယာက္တည္း လြတ္တဲ့စားပြဲမွာဝင္ထိုင္လိုက္သည္။ ထို႔ေနာက္ ထမင္းဟင္းမွာဖို႔ဆိုင္ဝန္ထမ္းေတြကိုလိုက္ၾကည့္ေပမဲ့ တစ္ေယာက္မွယမင္းဆီသို႔မလာၾက။ ယမင္းလည္းအစကတည္းကစိတ္ျမန္ကိုယ္ျမန္လူမို႔လို႔ ေကာင္တာေရွ႕သြားၿပီးသူမ စားခ်င္ေသာထမင္းနဲ႕ဟင္းကိုျမန္ျမန္ေလးလုပ္ေပးဖို႔သြားေျပာလိုက္သည္။

ယမင္း ကင္မရာထဲကပုံအခ်ိဳ႕ကိုေကာင္းေကာင္းရခဲ့ရဲ႕လားဟုျပန္ၾကည့္ရင္း သူမဆီေရာက္လာမည့္ ရွမ္းထမင္းပူပူေလးကိုေစာင့္ေနခဲ့သည္။ သို႔ေသာ္ မိနစ္ ၂၀အထိသူမမွာထားေသာရွမ္းထမင္းဟာေရာက္မလာဘဲ သူမေနာက္မွေရာက္လာေသာ Customer မ်ားပင္အရင္စားေနၾကၿပီျဖစ္ေသာေၾကာင့္ ဆိုင္ဝန္ထမ္းတစ္ေယာက္ကိုေျပာလိုက္တဲ့အခါ ၁၀မိနစ္မွ်ၾကာေတာ့ ထိုဝန္ထမ္းမေလးကသူမဆီသို႔ထမင္းႏွင့္ဟင္းလာခ်ေပးပါသည္။

သို႔ေသာ္ ဟင္းမ်ားသည္သူမမွာထားေသာဟင္းမဟုတ္။ သူမဟာဝက္ခ်ိဳခ်ဥ္မွာထားတာျဖစ္ၿပီး သူမဆီသို႔ေရာက္လာတာဟာ ၾကက္ကုန္းေဘာင္ႀကီးေၾကာ္မ်ားသာျဖစ္သည္။ ဆိုင္ထဲသို႔ဝင္လာကတည္းအဖက္မလုပ္တဲ့အတြက္ စိတ္တိုေနတာျဖစ္ၿပီးအခုလည္းအခ်ိဳးမေျပတာမို႔ ယမင္းလည္းဗိုက္ဆာတဲ့အရွိန္နဲ႕ ေဒါသအေတာ္ေလးထြက္သြားရသည္။

"ဒါက ဘာသေဘာလဲ ရွင္တို႔ဆိုင္ကေတာ္ေတာ္ေလးအခ်ိဳးမေျပတာပဲ ကြၽန္မဆိုင္ထဲေရာက္လာကတည္းက ဘယ္ဝန္ထမ္းမွကြၽန္မဆီကိုေရာက္မလာဘူးကြၽန္မကိုယ္တိုင္သြားမွာရတယ္ ကိုယ္တိုင္ေသခ်ာမွာခဲ့တာေတာင္မွ ကြၽန္မေနာက္မွမွာတဲ့သူေတြကအရင္စားရတယ္ အခုလည္းကြၽန္မမွာတဲ့ဟင္းတဲ့တျခားစီပဲ ဘယ္လိုျဖစ္တာလဲ! "

ေနရာကေနထၿပီး ေျပာခ်လိဳက္ေတာ့ေဘးပတ္လည္က စားသုံးသူမ်ားကယမင္းကိုဝိုင္းၾကည့္လာသည္။ ဆိုင္မန္ေနဂ်ာကထလာၿပီး ဘာအဆင္မေျပတာလဲေမးေတာ့ ယမင္းကအစကေနထပ္ၿပီးရွင္းျပရသည္။ ဒါကိုလည္းဆိုင္မန္ေနဂ်ာသည္ဟင္းမွားေနရင္ လဲခိုင္းပါ့လားဆိုတဲ့အေပါက္ခ်ိဳးေနတာမို႔လို႔ ယမင္းလည္းေတာ္ေတာ္တင္းသြားၿပီး သူမေရွ႕ကထမင္းပန္းကန္ကို ဂြက္ကနဲျမည္ေအာင္စားပြဲေပၚသို႔ခ်ပစ္လိုက္သည္။

"မစားဘူး... တစ္သက္လုံးမစားဘူး ရွင္တို႔ဆိုင္ကို "

"ယမင္း.. "

ယမင္းေတာ္ေတာ္ေလးေပါက္ကြဲေနတုန္းမွာ သူမနာမည္ေခၚၿပီးအနားေရာက္လာသူက သန့္ဇင္ေအာင္ျဖစ္သည္။

"လာ ကြၽန္ေတာ္တို႔ျပန္ၾကရေအာင္ "

စားပြဲေပၚကကင္မရာကိုလည္းသူကပဲေကာက္ယူၿပီး ယမင္းကိုလည္းဆြဲေခၚလာသည္။ ဆိုင္အျပင္ေရာက္ေတာ့မွ သန့္ဇင္ေအာင္သူမကိုဆြဲေခၚလာတယ္ဆိုတာ သတိထားမိတာျဖစ္ၿပီး

"ေနပါဦး....ရွင္က ကြၽန္မကိုဘာလို႔ေခၚထုတ္လာရတာလဲ"

"ကြၽန္ေတာ္ ယမင္းဝင္လာကတည္းကယမင္းကိုပဲၾကည့္ေနတာပါ အခုကြၽန္ေတာ္ယမင္းကိုဆြဲေခၚမလာရင္ မၾကာရင္ဆိုင္မန္ေနဂ်ာရဲ႕မ်က္ႏွာမွာ ၾကက္ကုန္းေဘာင္ေတြေပကုန္မယ္ထင္လို႔"

ယမင္း ဆိုင္မန္ေနဂ်ာကိုၾကက္ကုန္းေဘာင္ပန္းကန္နဲ႕ပစ္ေပါက္လိုက္မည္ဟုသန့္ဇင္ေအာင္ထင္ေနတာျဖစ္သည္။

"လာပါ ယမင္း ဗိုက္ဆာေနတာမဟုတ္လား ကြၽန္ေတာ္လိုက္ေကြၽးပါ့မယ္ "

သန့္ဇင္ေအာင္သည္ သူ႕ကားတံခါးကိုဖြင့္ေပးၿပီး ယမင္းအား ကားေပၚသို႔ေခၚသည္။ ယမင္းကအစကမလိုက္ဘူးျငင္းေပမဲ့ သန့္ဇင္ေအာင္ဟာသူမရဲ႕ကင္မရာကိုယူထားတာျဖစ္သလို ဗိုက္ကလည္းဆာလြန္းလို႔အသံျမည္ေနၿပီျဖစ္ေသာေၾကာင့္ သူ႕ကားနဲ႕ပဲလိုက္သြားလိုက္ပါသည္။

သန့္ဇင္ေအာင္က ပီဇာႏွင့္ၾကက္ေၾကာ္ပဲသီးသန့္ေရာင္းတဲ့ဆိုင္တစ္ဆိုင္သို႔ေခၚသြားၿပီး ဒီဆိုင္ကပီဇာဟာဘာနဲ႕မတူဘဲအရမ္းေကာင္းေၾကာင္း ခ်ီးက်ဴးခန္းဖြင့္ေတာ့သည္။ ယမင္းလည္းအစကေတာ့အပိုေတြေျပာေနတာထင္ေပမဲ့ ပီဇာကတကယ္ကိုစားေကာင္းေနတာျဖစ္၏။

"ကဲ မေျပာဘူးလား ယမင္းႀကိဳက္တယ္မလား"

"အင္း ႀကိဳက္တယ္"

"ကြၽန္ေတာ့္ကိုေရာလား"

"ဘာ!"

ယမင္းက ရိသဲ့သဲ့လာေျပာတဲ့သန့္ဇင္ေအာင္အား မုန့္လိုက္ေကြၽးတဲ့မ်က္ႏွာေတြဘာေတြမေထာက္ မ်က္ေမွာင္ကုပ္ၿပီးေအာ္လိုက္ေတာ့ သူကအမွန္အကန္လန့္သြားပုံရ၏။

"ကြၽန္ေတာ့္အစ္မဆိုင္ေလ ဒီဆိုင္က
အဲ့တာ ကြၽန္ေတာ့္အစ္မဆိုင္ကပီဇာကိုႀကိဳက္လားေမးတာပါ"

ဟို႐ႊီးဒီ႐ႊီးနဲ႕ ဒီဆိုင္ဟာသူ႕အစ္မဆိုင္မွန္းသိလိုက္ရၿပီး ယမင္းလည္း အရမ္းစားေကာင္းတဲ့အေၾကာင္းဆိုင္ရွင္အစ္မကိုပါခ်ီးက်ဴးလာခဲ့လိုက္သည္။

******************

"ေၾသာ...အဲ့ဒီေတာ့ သန့္ဇင္ေအာင္ ေက်းဇူးနဲ႕ ေယာင္းမေလာင္းေလးနဲ႕လည္းစကားေျပာခဲ့ရ ပီဇာေကာင္းေကာင္းလည္းစားခဲ့ရေပါ့ဟုတ္လား"

"ဟဲ့...ဘာ ေယာင္းမလည္း ေကာင္မေနာ္ ငါသူတို႔အဖြဲ႕ကိုအရမ္းအျမင္ကပ္တာ"

"သန့္ဇင္ေအာင္ကိုေတာ့အခုအျမင္ၾကည္ေနၿပီမလား"

ခင္သက္က ဖန္ခြက္ထဲသို႔ဝိုင္နီအခ်ိဳ႕ေလာင္းထည့္ရင္းနဲ႕ ယမင္းအားလိုက္ေနာက္ေနသည္။

"ဘာမွမၾကည္ဘူး သြား!"

"အခုေတာင္ နင္သူ႕အစ္မဆီက ဝယ္လာတာေလ "

"အဲ့တာ နင့္ကိုစားေစခ်င္လို႔ေလ ေကာင္မ ေစတနာပ်က္ေအာင္မလုပ္နဲ႕ေတာ့"

ခင္သက္က ဝိုင္နီကိုတစ္ငုံငုံလိုက္ၿပီး ယမင္းစိတ္ဆိုးေနပုံကိုၾကည့္၍ရယ္ေနသည္။

"ရယ္မေနနဲ႕ စိုင္းခမ္းစစ္ျပန္ေရာက္ေနတာမလား ငါ့ကိုေတာင္မေျပာဘူး"

"နင္နဲ႕ငါနဲ႕မွမေတြ႕တာကို မနက္ျဖန္ကေတာင္ သူကငါ့ကိုေန႕လည္စာလိုက္ေကြၽးဖို႔ေျပာထားေသးတယ္ မနက္ကBreakfastကို သူဝယ္ေကြၽးသြားတာ နင္မနက္ျဖန္လာခဲ့ေလေတြ႕ခ်င္ရင္"

"မနက္ျဖန္မအားဘူး ေနာက္မွေတြ႕ေတာ့မယ္ ဘယ္လိုလဲ စိုင္းခမ္းစစ္က နင့္ကိုအရင္လိုႀကိဳက္တုန္းပဲလား"

ခင္သက္က ဖန္ခြက္ကိုကိုင္ထားလွ်က္သက္ျပင္းခ်လိဳက္သည္။

"သူကေတာ့အရင္တုန္းကအတိုင္းပါပဲ ဒါေပမဲ့ ငါကေတာ့အဲ့လိုေတြမလုပ္ေစခ်င္ေတာ့ဘူး ငါကအိမ္ေထာင္သည္လည္းျဖစ္ေနၿပီ ၿပီးေတာ့သူ႕ကိုလည္းေမာင္ေလးတစ္ေယာက္လိုပဲသံေယာဇဥ္ရွိတယ္"

"ငါက နင့္ကို ေနပိုင္ထြဋ္နဲ႕ထက္ စိုင္းခမ္းစစ္နဲ႕ေတာင္ပိုသေဘာတူေသးတယ္ စိုင္းခမ္းစစ္က နင္တကၠသိုလ္ေက်ာင္းသူဘဝကတည္းက မမသက္မမသက္နဲ႕"

"ေတာ္ပါဟယ္နင္ကလည္း သူကအခုမွမင္းသားလုပ္မယ့္တက္သစ္စဖူးသစ္စေလးကို နင္သူ႕ကိုလည္းသြားျမႇောက္ေပးမေနနဲ႕ဦး "

"ဒါနဲ႕ ေနပိုင္ထြဋ္ကေရာျပန္မလာဘူးလား ေတာ္ေတာ္ေတာင္ေနာက္က်ေနၿပီ "

ယမင္းက ဖုန္းထဲကနာရီကိုတစ္ခ်က္ၾကည့္ၿပီးေမးေလေတာ့ ခင္သက္က လက္ထဲကဝိုင္ခြက္ကိုစားပြဲေပၚသို႔ခ်လိဳက္သည္။

"မသိဘူး မလာဘူးေနမွာေပါ့"

"သူကေရာ အခုဘာေတြလုပ္ေနတာလဲ ေ႐ႊအဆင္းနဲ႕က မဟုတ္ဘူးထင္တယ္ ေတာ္ေတာ္ၿငိမ္သြားတာေနာ္ "

ခင္သက္က မ်က္လုံးကိုအထက္သို႔လွန္တင္လိုက္ၿပီး ဟက္ကနဲရယ္လိုက္သည္။

"ထင္ထားတဲ့လူနဲ႕မဟုတ္ဘဲ မထင္ထားတဲ့ေကာင္မနဲ႕ၿငိေနတာေဟ့ "

"ဘယ္သူလဲ "

"မႈံနံ႕သာနဲ႕ ငါကိုယ္တိုင္ဖုန္းထဲကေနမိၿပီးၿပီ "

"ဟမ္... မႈံနံ႕သာ? အတည္လား "

ယမင္းပါအံ့ၾသၿပီး ခင္သက္မ်က္ႏွာကိုဆြဲလွည့္၍ေမးသည္။

"ေအး...မေန႕ကမွငါတို႔ျပန္ေရာက္ၾကတာဆိုေတာ့ အခုလည္းသူ႕ေကာင္မနဲ႕သြားအိပ္ေနတာေနမွာေပါ့"

"ဟဲ့...နင္ကလႊတ္ထားမွာလား ဖုန္းဆက္ေလဟယ္ "

"မဆက္ပါဘူး တစ္ရက္ေတာ့အျပင္မွာမိဦးမွာပဲ! "

"အဲ့ဒီေကာင္ကလည္း တကယ္ပဲ မႈံနံ႕သာကိုလည္းငါအဲ့ဒီလိုထင္မထားဘူးသိလား ေ႐ႊအဆင္းထက္စာရင္ မႈံနံ႕သာကဆက္ဆံေရးေျပျပစ္ၿပီး စိတ္ရင္းေကာင္းတယ္ထင္ထားတာ"

"ေအး လူေတြက အေပၚယံၾကည့္ၿပီးဆုံးျဖတ္လို႔မရဘူးပဲ မႈံနံ႕သာက ငါ့ကိုေတာင္သူထိုင္းမွာဝတ္ဖို႔Dress အပ္သြားေသးတာ ငါတကယ္မယုံနိုင္ဘူးသိလား!"

"ေယာက္်ားေတြမ်ားေနာ္ အိမ္မွာ ဒီေလာက္လွတဲ့မိန္းမရွိေနလဲ မယားငယ္ကထားခ်င္ၾကေသးတာပဲ တကယ္စိတ္ပ်က္စရာ!"

"ေအး ဘဝမွာေနာင္တအရဆုံးကိုေျပာပါဆိုရင္ေလ ငါ ေနပိုင္ထြဋ္ကို အရမ္းခ်စ္မိခဲ့တာကိုပဲ"

ခင္သက္က ေျပာေနရင္းအသံေလးတိမ္ဝင္သြားတာမို႔ ယမင္းလည္း ခင္သက္အေျခအေနကိုသိကာ ေနာက္ထပ္ဝိုင္ေတြထပ္မေသာက္ေတာ့ေစရန္ပုလင္းကိုအေဝးသို႔ေ႐ႊ႕ထားလိုက္ပါေတာ့သည္။

"ငါကေလ...သူ႕ကို အဲ့ဒီေန႕ကတည္းက ျမင္ျမင္ခ်င္းသေဘာက်ခဲ့မိတာသိလား ၿပီးေတာ့ ခ်စ္သူဘဝမွာေရာ လက္ထပ္ၿပီးတဲ့အထိေရာ အရမ္းခ်စ္တာ ငါေလ သူ႕မ်က္ႏွာတစ္ခုတည္းနဲ႕ သူ႕အိမ္က....သူ႕အစ္မနဲ႕သူ႕အစ္မေယာက္်ားကမၾကည္တာေတာင္မွအဲ့ဒီအိမ္ကိုသည္းခံၿပီး သူ႕အဘိုးနဲ႕လိုက္ေတြ႕ေပးခဲ့တာ "

ခင္သက္သည္ ေျပာေနရင္းပဲမ်က္ႏွာကေလးကမဲ့က်သြားၿပီး ဒူးေပၚသို႔ေခါင္းေမွာက္ခ်လိဳက္သည္။

"ငါအဲ့ဒီေန႕ကအေၾကာင္းကိုျပန္မစဥ္းစားခ်င္ဘူး ဟင့္...ငါအဲ့ဒီအေၾကာင္းကိုေတြးမိတိုင္းအသက္ရႉမဝဘူး"

ယမင္းက ခင္သက္ရဲ႕ေက်ာကေလးခပ္ဖြဖြကေလးပြတ္ၿပီးႏွစ္သိမ့္ေပးသည္။ အစကေတာ့ယမင္းလည္း မိုးခ်ဳပ္ေနလည္းအိမ္ျပန္ရန္အတြက္အစီအစဥ္ရွိေပမဲ့ သူငယ္ခ်င္းမရဲ႕အေျခအေနေၾကာင့္အိမ္မျပန္ဘဲ ခင္သက္နဲ႕အတူတူအိပ္ဖို႔သာဆုံးျဖတ္လိုက္သည္။

*************************************

"လာ ျမန္ျမန္သြားစို႔ မမသက္ရဲ႕ ဗိုက္ဆာေနၿပီ"

မေန႕ကေတာ့ Breakfastဝယ္ေကြၽး၍ ဆိုင္လိုက္ပို႔ၿပီး သူမအားလို႔ဟုဆိုကာခင္သက္ကို သူ႕အတြက္ဒီဇိုင္းဆြဲဖို႔ေတာင္အေဆြးႏြေးမခံ။
ဒီေန႕ေတာ့ ကိုေက်ာ္သူကိုပါေခၚလာၿပီး ေနာက္ရိုက္မယ့္႐ုပ္ရွင္အတြက္လိုက္ဖက္မည့္ Suitမ်ား ဒီဇိုင္းဆြဲဖို႔ေဆြးႏြေးခြင့္ရခဲ့သည္။ အေသအခ်ာကိုေက်ာ္သူႏွင့္တိုင္ပင္လက္ခံၿပီးေနာက္ သူေရာက္ကတည္းက ေန႕လည္စာဝယ္ေကြၽးမည္ဟုကတိေပးထားခဲ့တဲ့အတိုင္း ခင္သက္အားေန႕လည္စာဝယ္ေကြၽးဖို႔ဇြတ္ပူဆာေတာ့သည္။

"ေအး...ေအးပါ သြားေရွ႕ကေနေစာင့္ႏွင့္လိုက္ခဲ့မယ္ နင့္ကိုျမင္ရတာျပာယာခက္ေနၿပီ"

ခင္သက္သည္ အနက္ေရာင္အေပၚမွာအနီေရာင္အဆင္းေတြပါသည့္ရွပ္အကၤ်ီနဲ႕ေဘာင္းဘီရွည္အပြကိုဝတ္ထားသည့္ ရွမ္းကေလးစိုင္းခမ္းစစ္အား႐ုံးခန္းထဲကေနႏွင္လႊတ္လိုက္သည္။

ခင္သက္သည္ အနီေရာင္ကိုယ္ၾကပ္ဂါဝန္တိုလက္ျပတ္ကေလးကိုရိုးရိုးရွင္းရွင္းဝတ္ထားၿပီး ဆံပင္ရွည္ႀကီးကိုေက်ာဘက္ကမွာျဖန့္ခ်ထား၍သူမရဲ႕လက္ကိုင္အိတ္အနီေရာင္ကိုေကာက္ယူဟာ စိုင္းခမ္းစစ္ေစာင့္ေနတဲ့ကားေပၚသို႔တက္လာခဲ့သည္။

"ငါ့ကားယူခဲ့ပါ့မယ္ဆိုတာကို"

"မယူပါနဲ႕ ျပန္လိုက္ပို႔ပါ့မယ္ မမသက္ကားႀကီးခ်ည္းပဲေမာင္းေနရတာမေမာင္းခ်င္ေတာ့ဘူး"

ကားေပၚေရာက္မွ သူမရဲ႕ပုလဲလုံးေတြစီထားေသာနားဆြဲေလးကိုေပၚေအာင္ဆံပင္မ်ားကိုနားေနာက္သို႔သိမ္းလိုက္သည္။

"ဘယ္ဆိုင္စားၾကမလဲေ႐ြးထားလား"

ခင္သက္ကေမးေတာ့ စိုင္းခမ္းစစ္ကေခါင္းညိတ္ၿပီး သူသြားမယ့္ဆိုင္သို႔တန္းေမာင္းပါသည္။

"ေၾသာ္ ဒီဆိုင္လား "

ခင္သက္က စိုင္းခမ္းစစ္ ရပ္လိုက္ေသာဆိုင္ေရွ႕သို႔ေရာက္ေတာ့ကားေပၚကေနဆင္းၿပီး ၃ထပ္ေတာင္ျမင့္တဲ့ထိုအေဆာက္အဦးကိုေမာ့ၾကည့္ရင္း ေရ႐ြတ္လိုက္ပါသည္။

"ဘာလို႔လည္းမႀကိဳက္ဘူးလား ကိုေက်ာ္ေျပာတာ ဒီက ၾကက္ေၾကာ္ေကာင္းတယ္တဲ့"

"မဟုတ္ပါဘူး ငါနဲ႕ယမင္းလည္းဒီကၾကက္ေၾကာ္နဲ႕ ဘာဂါနဲ႕မွာစားေနၾကမို႔လို႔"

"ကြၽန္ေတာ္လည္းအဲ့တာစားမလို႔ပဲ "

စိုင္းခမ္းစစ္က ခင္သက္နဲ႕အတူယွဥ္ၿပီး ဆိုင္ထဲသို႔ဝင္သြားလိုက္ပါသည္။

*******

စိုင္းခမ္းစစ္နဲ႕ ခင္သက္အား လမ္းရဲ႕တစ္ဖက္မွာရွိေသာမ်က္ႏွာခ်င္းဆိုင္က Beauty Sloon အေပၚထပ္မွေန ျမင္လိုက္ရသည့္ မႈံနံ႕သာသည္ ေနပိုင္ထြဋ္ဆီသို႔ဖုန္းဆက္လိုက္ပါသည္။

"ဟယ္လို....ကိုကို"

".........."

"ဟိုေလ နံ႕သာတို႔ ****မွာပဲ ၾကက္ေၾကာ္နဲ႕ဘာဂါစားၾကမလားဟင္ နံ႕သာကအခုအဲ့ဒီနားက Beauty Sloon မွာ ေမာ္ဒယ္လုပ္ေပးတာ အဲ့တာ Shooting Break တဲ့အခ်ိန္ကေလးပဲနားမွာမို႔လို႔ နီးတဲ့ဆိုင္မွာပဲစားၾကရေအာင္ေနာ္ ေနာက္ရက္မွ Hotel Date ၾကတာေပါ့"

မႈံနံ႕သာက ဒီေန႕အတြက္ ေန႕လည္စာကို Hotel မွာစားဖို႔သူမကိုယ္တိုင္တမင္သက္သက္ခ်ိန္းခဲ့ပါေသာ္လည္း သူမရဲ႕ရည္႐ြယ္ခ်က္က ထိုကဲ့သို႔မဟုတ္ေတာ့ေပ။

မႈံနံ႕သာဖုန္းဆက္ၿပီး ၁၅မိနစ္ၾကာေတာ့ေနပိုင္ထြဋ္ေရာက္လာသည္။ မႈံနံ႕သာဟာ Beauty Sloon ထဲကေန ဂါဝန္အျဖဴကေလးဝတ္ထားၿပီး ကားထဲကေနထြက္လာေသာေနပိုင္ထြဋ္ဆီသို႔ေျပးလာသည္။

"ကိုကို "

ေနပိုင္ထြဋ္က သူ႕ဆီသို႔လမ္းကူးၿပီးေျပးလာေသာမႈံနံ႕သာအား ခပ္ျမန္ျမန္လွမ္းဆြဲလိုက္ရသည္။

"ဘာလို႔ေျပးတာလာတာလဲ ကားတိုက္ကုန္ေတာ့မွာ!"

ေနပိုင္ထြဋ္က ေငါက္လိုက္ေတာ့ သူ႕ရင္ခြင္ထဲသို႔တစ္ဝက္ေရာက္ေနၿပီျဖစ္တဲ့ မႈံနံ႕သာသည္ သူ႕ကိုမ်က္ႏွာငယ္ေလးႏွင့္ေမာ့ၾကည့္သည္။

"ကိုကို႔ကိုေတြ႕ခ်င္လို႔ေပါ့"

ခပ္ႏြဲ႕ႏြဲ႕ကေလးျပန္ေျဖေတာ့ ေနပိုင္ထြဋ္က မ်က္ေမွာင္ကုပ္လွ်က္ၾကည့္ၿပီး သူမလက္ေမာင္းကိုျပန္လႊတ္ေပးလိုက္သည္။ ထို႔ေနာက္ ႏွစ္ေယာက္အတူဆိုင္ထဲသို႔ဝင္လာၾကရင္း ၃ထပ္ရွိေသာဆိုင္ထဲ၌ ေအာက္ဆုံးထပ္မွာပဲထိုင္ျဖစ္ၾကသည္။

မႈံနံ႕သာသည္ ခင္သက္တို႔ဘယ္နားမွာထိုင္ေနသလဲဆိုတာမသိေပမဲ့ ေအာက္ဆုံးထပ္မွာေတာ့မရွိတာမို႔လို႔ အေပၚထပ္မွလူေတြျမင္သာနိုင္ေသာ ေအာက္ဆုံးထပ္ဆိုင္ရဲ႕အေရွ႕ဘက္ျခမ္းကိုေ႐ြး၍ထိုင္သည္။

"ကိုကိုေရာ ၾကက္ေၾကာ္နဲ႕ဘာဂါပဲလား"

"ဟင့္အင္း ၾကက္ေၾကာ္နဲ႕ ကိုလာပဲ ဘာဂါမႀကိဳက္ဘူး"

"အဲ့တာဆို နံ႕သာလည္း ၾကက္ေၾကာ္နဲ႕ကိုလာပဲ"

ဟုဆိုကာ Menu စာအုပ္ကိုပိတ္ၿပီး Waiter ကေလးသို႔ျပန္ေပးလိုက္သည္။

ခင္သက္သည္ ေနပိုင္ထြဋ္နဲ႕မႈံနံ႕သာ ဆိုင္ထဲသို႔အတူဝင္လာကတည္းက ဒုတိယထပ္ကေနၿပီးျမင္ေနခဲ့တာျဖစ္သည္။ စိုင္းခမ္းစစ္ကေတာ့အလိုက္သိစြာ ဘာမွမေမးဘဲ ခင္သက္နဲ႕အတူၿငိမ္ၿငိမ္ကေလးၾကည့္ေနခဲ့သည္။

မႈံနံ႕သာသည္ အနက္ေရာင္ Suit အျပည့္ဝတ္ထားၿပီး ေျခခ်ိတ္လွ်က္ထိုင္ေနေသာ အလုပ္မ်ားလို႔ပင္ပန္းေနပုံရသည့္ ေနပိုင္ထြဋ္ရဲ႕မ်က္ခုံးမ်ားရႈံ႕ထားေသာမ်က္ႏွာကိုေရွ႕တည့္တည့္ကေနေမးေထာက္လွ်က္ၿပဳံးၾကည့္ေနတာျဖစ္သည္။

"ကိုကို နည္းနည္းေလာက္ၿပဳံးပါဦး ႐ုပ္ႀကီးကဘာျဖစ္ေနတာလဲ"

"စိတ္မၾကည္လို႔ မင္းကို ငါပဲအတူစားဖို႔ခ်ိန္းၿပီးမွ အႏွောက္အယွက္ေပးသလိုျဖစ္သြားရင္ Sorry ပါ"

"ဟင့္အင္းမျဖစ္ပါဘူး နံ႕သာက ကိုကိုနဲ႕ဆိုေပ်ာ္ပါတယ္ "

မႈံနံ႕သာသည္ စားပြဲေပၚမွာရွိေနေသာ ေနပိုင္ထြဋ္၏ေသြးေၾကာမ်ားယွက္ဖ်ာလွ်က္ရွိေနေသာ လက္ဖမိုးႀကီးအား သူမလက္ေသးေသးကေလးျဖင့္အုပ္ကိုင္လိုက္သည္။ တစ္ဖန္ ေနပိုင္ထြဋ္၏ ပုခုံးကိုလည္း တစ္ခုခုခါေပးေသာပုံစံျဖင့္ႏွစ္ခ်က္ေလာက္ပုတ္လိုက္သည္။ ထို႔ေနာက္ ေနပိုင္ထြဋ္ရဲ႕လက္ကိုဆြဲယူၿပီးသူမရဲ႕ပါးဆီသို႔ကပ္လိုက္သည္။

ထိုအခါ ခင္သက္ အေပၚကေနၿပီးဒီအတိုင္းၾကည့္မေနနိုင္ေတာ့ပါ။ စိုင္းခမ္းစစ္ရဲ႕ေဘးကေန ခ်က္ခ်င္းထၿပီး ေအာက္ထပ္သို႔ေျခလွမ္းသြက္သြက္ျဖင့္ဆင္းလာခဲ့သည္။ ေဒါက္ဖိနပ္နဲ႕ေႂကြျပားမ်ားနဲ႕ဆီကေနၾကားေနရေသာေျခလွမ္းမ်ားေၾကာင့္ ေဘးလူေတြကလည္းလွည့္ၾကည့္လာၾကသလို ေနပိုင္ထြဋ္ကိုယ္တိုင္လည္းသူ႕ဆီသို႔လွမ္းလာေနေသာ အနီေရာင္Dressနဲ႕ ခင္သက္တင္အားေတြ႕လိုက္ရသည္။

ခင္သက္သည္ သူတို႔ရွိေသာစားပြဲသို႔ေရာက္လွ်င္ေရာက္ခ်င္းစားပြဲေပၚမွာရွိေသာ ဖန္ခြက္ထဲကေရနဲ႕ မႈံနံ႕သာရဲ႕မ်က္ႏွာကိုဗ်န္းကနဲေနေအာင္ပက္ပစ္လိုက္သည္။

မႈံနံ႕သာရဲ႕မ်က္လုံးမ်ားစုံမွိတ္သြားၿပီးဆံပင္ေတြေရာမ်က္ႏွာတစ္ခုလုံးေရာေရေတြ႐ႊဲကုန္ေလသည္။ ေရနဲ႕အပက္ခံလိုက္ရလို႔ တအံ့တၾသေမာ့ၾကည့္လာသည့္မႈံနံ႕သာကို ခင္သက္သည္လက္ဖဝါးတစ္ခ်က္ကိုေလေပၚကေနလႊဲကာျဖန္းကနဲထပ္ရိုက္ပစ္လိုက္သည္။

ခင္သက္တင္ရဲ႕လုပ္ရပ္ေၾကာင့္ေနပိုင္ထြဋ္မတ္တပ္ထရပ္လိုက္ကာ

"ခင္သက္တင္!"
ဟု ခပ္အုပ္အုပ္ေခၚလိုက္သည္။

ခင္သက္ကေတာ့ ဂ႐ုမစိုက္ဘဲေနပိုင္ထြဋ္ကိုလည္း ျဖန္းကနဲေနေအာင္ပါးကိုရိုက္ပစ္လိုက္သည္။

ေနပိုင္ထြဋ္သည္ ခင္သက္၏လုပ္ရပ္ေၾကာင့္တစ္ဆိုင္လုံးဝိုင္းအၾကည့္ခံလိုက္ရတဲ့အေပၚအေတာ္ကေလးရွက္႐ြံ႕စြာႏွင့္ ခင္သက္အားလည္းဤကဲ့သို႔လုပ္တဲ့အေပၚေဒါသထြက္စြာနဲ႕စိုက္ၾကည့္ေနမိရင္း သူမကိုထိုေနရာကေနအျမန္ဆုံးဆြဲေခၚလာခဲ့ေတာ့သည္။

"လႊတ္စမ္း..ေနပိုင္ထြဋ္...ကြၽန္မကိုလႊတ္"

ေဒါသတႀကီးဆြဲေခၚသြားေသာေနပိုင္ထြဋ္ေနာက္သို႔ခင္သက္တစ္ေယာက္ ယက္ကန္ယက္ကန္နဲ႕ပါသြားရသည္။ ေနပိုင္ထြဋ္ကေတာ့ ဆိုင္ရဲ႕အေနာက္ဘက္မွာရွိေသာ သန့္စင္ခန္း ထဲသို႔ဝင္လိုက္ကာ ကလန့္ထိုးၿပီးသန့္စင္ခန္း ကိုပိတ္ပစ္လိုက္သည္။

"မင္း မရွက္ဘူးလားခင္သက္တင္ မင္းအခုဘာလုပ္လိုက္တာလဲ"

"ပါးခ်လိဳက္တာေလ ေဖာက္ျပန္ေနတဲ့ေကာင္နဲ႕ ေကာင္မကို Public မွာ ပါးခ်လိဳက္တာ !"

"ေတာက္ ငါမင္းကိုမဟုတ္ပါဘူးလို႔ေျပာခဲ့တယ္မလား"

"အဲ့ဒီေတာ့ ရွင္တို႔လက္ေတြကိုင္ပါးေတြကိုင္ေနၾကတာကရိုးရိုးသားသားေပါ့ဟုတ္သလား!

ေျဖေလ... ရွင့္မိန္းမတစ္ေယာက္လုံး ဆိုင္ထဲမွာရွိတာေတာင္မျမင္ေအာင္မႊန္ထူေနတာ စိတ္ပ်က္ဖို႔ေကာင္းလိုက္တာ!"

"မင္းကေရာ ဘယ္သူနဲ႕လာလဲ ေျပာစမ္းပါဦး မင္းလင္ငယ္ျဖစ္မယ့္ေကာင္နဲ႕ပဲလား!"

ျဖန္း!!!

ခင္သက္က ေနာက္တစ္ခ်က္ထပ္ရိုက္ေတာ့ ေနပိုင္ထြဋ္က ေမးေၾကာမ်ားေထာင္လာတဲ့အထိအံႀကိတ္ထားသည္။

ခင္သက္က သူမေရာက္ေနတဲ့ေနရာကိုအနည္းငယ္အကဲခက္ၾကည့္ၿပီး ေယာက္်ားေလး Toilet ႀကီးမွန္းသိလိုက္ရ၍ ဒီေနရာကေနထြက္ဖို႔ခ်ာကနဲလွည့္ထြက္တဲ့အခါ ေနပိုင္ထြဋ္ကသူမကိုယ္ေလးကိုဖမ္းဆြဲၿပီး Toilet တံခါးဆီသို႔ ဝုန္းကနဲကပ္ပစ္လိုက္သည္။

သူ႕ကို ဟိုဘက္လွည့္ၿပီး တံခါးမွာကပ္ထားတာမို႔ခင္သက္ကပါးနဲ႕ကပ္ထားရတာျဖစ္သည္။

"ကိုေနပိုင္ထြဋ္ ရွင္ဘာလုပ္ဖို႔ႀကိဳးစားေနတာလဲ!"

ခင္သက္က သူ႕ကိုလွည့္ေမးလိုက္ေတာ့ ေနပိုင္ထြဋ္က ခင္သက္ရဲ႕လက္ေတြကိုသူ႕လက္တစ္ဖက္တည္းနဲ႕အေနာက္ဘက္ကေန ခါးေပၚမွာစုခ်ဳပ္ထားၿပီး သူမရဲ႕ဂါဝန္တိုကေလးကို တင္ပါးမ်ားေပၚလာတဲ့အထိဆြဲလွန္ပစ္လိုက္သည္။

"ခ်မလို႔ေလ!  မင္းကငါ့ကို လူေရွ႕သူေရွ႕မွာ ပါးခ်တယ္ ငါလည္း မင္းကို ေယာက္်ားေလးသုံးအိမ္သာထဲမွာ ျပန္ခ်မယ္!"

ေျဖာင္း!

သူမရဲ႕တင္ပါးေဖြးေဖြးကေလးကို ေျဖာင္းကနဲေနေအာင္ရိုက္လိုက္တာမို႔ ခင္သက္ကိုယ္ကေလးဆက္ကနဲတုန္သြားၿပီး လြန့္လူး႐ုန္းထြက္သည္။

"ဟင့္အင္း...ဒါမ်ိဳးေနရာမွာ မလုပ္နဲ႕ေနာ္ ကိုေနပိုင္ထြဋ္..ဟင့္အင္း! "

ေနပိုင္ထြဋ္က သူ႕ကိုလွည့္ၿပီးျငင္းေနတဲ့သူမႏႈတ္ခမ္းမ်ားကို အတင္းစုပ္နမ္းလိုက္ၿပီး ေစာနကရိုက္လိုက္လို႔လက္ဝါးအရာႀကီးထင္သြားတဲ့သူမတင္ပါးတစ္ျခမ္းကို ဆုပ္ကိုင္ပြတ္ေခ်လိဳက္သည္။

ခင္သက္လည္း အမ်ားသုံးအိမ္သာမွာမဖြယ္မရာျပဳဖို႔ႀကိဳးစားေနေသာ တရားဝင္အမ်ိဳးသားေၾကာင့္ ရင္ေတြတုန္ကာ ဒီလိုေနရာမ်ိဳးမွာဒါမ်ိဳးႀကဳံရဖို႔တစ္သက္နဲ႕တစ္ကိုယ္မေတြးဖူးတာမို႔ ရွက္႐ြံ႕လာသည္။ အျပင္ကမ်ားတစ္စုံတစ္ေယာက္ၾကားသြားခဲ့ပါလွ်င္ဆိုတဲ့စိတ္နဲ႕ခင္သက္သည္ လက္ေတြအခ်ဳပ္ခံထားရတာမို႔ လႈပ္လို႔ရေနေသာေျခေထာက္မ်ားကေန ေနပိုင္ထြဋ္ေျခေထာက္ရွိေသာေနရာသို႔ခန့္မွန္းၿပီး တစ္ခ်က္တည္းေစာင့္နင္းပစ္လိုက္သည္။

"အ....အား!!"

သူမရဲ႕ေဒါက္ဖိနပ္အျမင့္ႀကီးနဲ႕နင္းခံရတာမို႔ေနပိုင္ထြဋ္လည္းအီစိမ့္သြားရကာသူမကိုလႊတ္ေပးလိုက္သည္။ ခင္သက္သည္သူ႕ဆီကလြတ္တာနဲ႕စကပ္ကိုဆြဲခ်ၿပီး ႏႈတ္ခမ္းကိုလက္ဖဝါးျဖင့္ဖိသုတ္ကာ သူ႕ကိုလည္းမ်က္ရည္ေတြေဝ့ေနေသာမ်က္လုံးမ်ားျဖငိ့စိုက္ၾကည့္ၿပီး

"ေခြးလိုေကာင္!"

ဟုဆဲေရးဆို၍ သန့္စင္ခန္းထဲမွေျပးထြက္သြားခဲ့သည္။

*************************************
အမွားပါရင္ခြင့္လႊတ္ပါ
အပိုင္း (22) ဆက္ရန္

Continue Reading

You'll Also Like

2.5M 82.8K 83
ငါမကွေးဘူးဆိုတာသေချာတယ် (သျှင်နေစက်) Start in _ August 9, 2022 End in _December 4,2022
3.1K 55 28
ကျွန်တော် ရင်ခုန်သံ လေးနဲ့စတွေ့ တဲ့နေ့လေးကတော့ သူမ နဲ့ သူမရဲ့ ပိုင်ရှင် လေးတို့ရဲ့ ချစ်သူ သက်တန်း3နှစ်ပြည့် တဲ့နေ့လေးမှာဖြစ်တယ်။ ကျွန်တော်ရင်ခုန်သ...
74.7K 5.8K 43
"ၾကာျဖဴ ငါတို႔ေသျခင္းတရားမွာ မင္းအၿငိဳးေတြေျပပါေစေတာ့" ပင္လယ္ဒ႑ာရီတြင္ေၾကာက္စရာအေကာင္းဆံုးေသာ က်ိန္စာဆိုးမ်ားႏွင့္ၾကာျဖဴပံုျပင္... သို႔ေသာ္လြန္ခဲ့ေ...
718K 7.5K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...