"ဟာ .. ဟာ နေကြအုံး ။အောက်က ဘာကြီးတတ်နင်းမိလဲမသိဘူး ကြည့်ပေးကြပါအုံးကွ .."
"မင်းကလဲကွာ ဖြစ်ရပြန်ပြီ ရွာရောက်ပြီဆိုကတည်းက ဂဏှာကျိုမငွိမျဘူး ရေသောက်တာတောင် အရိုးမစူးလို့တော်သေး ။မဟုတ်ရင် ငါတို့ကောင်တွေကပဲ နင်းကန်ပြီးထုတ်ပေးရအုံးမယ်။"
"သာလွန် မင်းကတော်စမ်းပါကွာ မကူပေးပဲ ပြောနေလိုက်။"
"ဟားး ကိုကြီးညီစေ နွားချီးပုံတတ်နင်းမိတာပဲ ။"
"ဟင် .. ရှိုးတော့ပဲ့ပါပြီကွာ ။ဖိုးထောင် မင်းတို့ရွာက နွားတွေကိုက လမ်းလည်ခေါင်ကို ဘာကိစ္စတတ်ပါရတာလဲ။"
"ဒါတော့ဗျာ နွားကလူလိုမသိလို့ပေါ့ဗျာ ။လူလိုသိတဲ့ ကျွန်တော်တို့ကပဲ ရှောင်ရတာပေါ့။"
"မင်းက ငါ့ကိုလူလိုမသိဘူးပြောလိုက်တာလား။"
"ညီစေ မင်းဘာသာကန်းပြီးမမြင်တာကို ကလေးကိုပတ်ရမ်းမနေနဲ့ ။မော့ကြွားမော့ကြွားနဲ့ ရှိုးအထုတ်လွန်နေလို့ ဖြစ်တာ ။လမ်းက ဒီလောက်အကျယ်ကြီး မင်းကိုကအသုံးမကျတာ ။အဲ့ဒါကြောင့် မခိုင်မာကိုငါက ခေါ်လာမယ်ပြောတာ ။မင်းဆိုတဲ့ကောင်က ခုထဲက ရွာထဲကအပျိုတွေငမ်းနေပြီလေ အဟမ်း။"
"မင်းတို့ကလဲကွာ သူ့ကိုတော့ ပြန်မပြောကြနဲ့ ။ဒါတောင် လိုက်မယ်တကဲကဲလုပ်နေလို့ မနဲချော့ပြီးထားခဲ့ရတာ ။"
ရည်းစားခေါ်လာရင် မလွတ်လပ်မှာကြောက်လို့ ထားခဲ့ပါတယ်ဆို ဒီကောင်တွေနဲ့လာရတာက ပိုဆိုးနေသည် ။မရှိတဲ့သူကိုတောင် သွားတပြီး ချွန်တုံးလုပ်ချင်နေတာ ၊ကိုယ်တောင်တတာမဟုတ်ပေ ။လမ်းကအကျယ်ကြီးဆိုပေမဲ့ လမ်းလည်ခေါင်ရောက်နေတဲ့ ဒီနွားချီးပုံကို မမြင်မိပေ ။ထို့ကြောင့် တတ်နင်းမိတာကို ဖိုးထောင်ကလဲ တဟားဟား ။မနေ့ကမှ ခင်တယ်ဆိုပေမဲ့ ဖိုးထောင်ကသွတ်တော့ နှစ်ရှည်လများခင်လာခဲ့ကြတဲ့ကလေးလို အကုန်လုံးနဲ့ ရင်းရင်းနှီးနှီး ။
အင်း .. ရွာထဲက ရွာသူလေးတွေ ငမ်းရအောင်လဲ ခုထိခွေးတစ်ကောင်ကြောင်တစ်မှီးမှ တွေ့သေးတာမဟုတ်ပေ ။ပြန်တိုင်ပါမယ်ပြောတဲ့ ဒီကောင်တွေကလဲ မငမ်းတာမဟုတ် ။ဒါကို ဖအေ့ထက်သားတစ်လကြီးပြနေတဲ့ကောင်တွေ ။
ခုတော့ တတ်နင်းမိထားတဲ့နွားချေးကိစ္စ ဘယ်လိုဖြေရှင်းရမည် မသိပေ ။
"ကိုကြီးတို့ အမြန်သွားမှဖြစ်မယ်ထင်တယ် ။ကိုကြီးလက်ရုံးတို့ အရီးတို့အမေတို့က မနက်ထဲက ရောက်နေတာ နောက်ကျနေပြီဗျ။"
"မင်းကလဲ တစ်ကိုကြီးထဲ ကိုကြီးနေတော့တာပဲ ။မနက်ခင်းမျက်နှာသစ်ထဲက ကိုကြီးမြန်မြန်လုပ်ဆိုတာပဲ ။ငါ့အခြေအနေလဲကြည့်အုံး ဒီဟာကြီးတွေနဲ့ ဘယ်လိုသွားမလဲ ဖိနပ်တစ်ခုလုံးပေကုန်တာလေ။"
"ကိုကြီးတို့က မနက်အစောမှမထကြတာဗျ ။ကိုကြီးတို့နိုးတော့ ကိုကြီးလက်ရုံးတို့ကိုကြီးနှိုင်းတု
တို့က ရွာဦးကျောင်းတောင်ရောက်နေပြီ ။နှိုးမရလို့သာ ကျွန်တော့်ကို တာဝန်ပေးခဲ့တာ ။"
"အေးပါကွာ ခုဒီကိစ္စ ဒါကြီးရေဆေးချင်လို့ အိမ်ပြန်ဆေးရမလား ။ဘယ်မှာဆေးရမလဲ "
"ရွာဦးကျောင်း ရောက်ခါနီးပြီ ။ရွာဦးကျောင်းရောက်မှ အုတ်ကန်ထဲကဆေးလိုက်တော့ ကျွန်တော်တို့ရွာဦးကျောင်းက ရေကတော့
စပါယ်ရှယ်ပေါဗျာ ။"
"အေး ဒါဆိုလဲ မြန်မြန်သွားရအောင် ။ဒီအနံ့ကြီး မခံနိုင်တော့ဘူး ။"
"ညီစေ မင်းတော်တော် ကြီးကြီးကျယ်ကျယ်နိုင်တာပဲ ။နွားချီးက အဲ့လောက်နံလို့လား ။"
"ဒါဆို မင်းတတ်နင်းကြည့်လေ။"
ရှည်နေတဲ့ကောင်ကို တတ်နင်းကြည့်ပါပြောတော့ အသံထွက်မလာတော့ ။သဘောက သူကအရူးမဟုတ်ဘူး ၊ဘယ်လိုမှမနင်းနိုင်ပါဘူးပေါ့ ။ဒါကြောင့်ပြောတာ ခံစားဖူးမှသိမယ်တဲ့။
.....
မနက်အာရုဏ်တတ်ချိန်ထဲကထပြီး ဆရာတော်ဘုရားကို ဆွမ်းကပ်ဖို့ ဆွမ်းဟင်းချက်ထားရတာ ဖြစ်သည်။အလှူရံကအစ ပြင်ဆင်ရတာမလို့ အားလုံးထောင့်စေ့အောင်လုပ်ရသည်။မဟုတ်လျှင် ဆွမ်းကပ်ခါနီးမှ လိုအပ်တာတွေရှိလာနိုင်သည်။ထိုအခါမှ ဆရာတော်ဘုရားရှေ့ ဟိုဟာလို၊သည်ဟာလိုတာမျိုးက ပေါ့ဆရာရောက်သည်လေ ။
ဧည့်သည်ကတော့ ရွာထဲကအကြီးအကဲရပ်မိရပ်ဖလေးနဲ့ အမေတို့ခင်မင်မှုနဲ့ ဖိတ်ထားတဲ့ ဆယ်ဂဏန်းပမာဏလောက်သာရှိပေသည် ။ဧည့်သည်တွေ ကျွေးဖို့မွေးဖို့ရာအတွက်က ရွာဦးကျောင်းက ကပ္ပိယကြီးနဲ့ တိုင်ပင်ပြီး ရွာဦးကျောင်းမှာပဲ ချက်ပြုတ်ကျွေးမွေးကြမှာ ဖြစ်သည်။
ကျွန်တော်က ဒီအလုပ်တွေလုပ်နေကျပေမဲ့ ဒီလူ့ကိုတော့ မနက်အစောကြီးအိပ်ရေးမ၀မည်စိုး၍ မနှိုးပဲနေတာ ။တိတ်တိတ်လေးထလာသော်လည်း ဒီဟာလေးက ကျွန်တော့်ကိုယ်နဲ့ကွာသွားတာနဲ့ တန်းနိုးလာတာ ။စောသေး၍ ပြန်အိပ်ခိုင်းသော်လည်း မရတော့ ။ကျွန်တော်နဲ့အတူ ကိစ္စတိုင်ကို သူပါလိုက်လုပ်နေတော့တာ ။
"ဖိုးထောင်တို့ မလာကြသေးဘူးပဲ။"
"လာမှာပါ ဖိုးထောင်ကိုသေချာစောင့်ခေါ်ဖို့ရာ ပြောထားပါတယ် ။ဒါမှမဟုတ် ကျွန်တော်ကိုယ်တိုင် သွားခေါ်ပေးရမလား။ဒီမှာက အကုန်ပြီးစီးနေပြီ ။"
"ရပါတယ် ။သူတို့လာတာပဲ ဒီကစောင့်လိုက်တော့မယ် ။ဆွမ်းကပ်ချိန်နီးနေပြီမလား "
"ကပ်ရတော့မှာ ။"
"နှိုင်းတုရေ .. "
"ဟိုမှာ ဖိုးထောင်တို့လာကြပြီ ။တော်သေးတာပေါ့ ဒီကောင်တွေရောက်မလာတော့ဘူးထင်နေတာ။"
နှိုင်းတို့ ကျောင်းပေါ်က ဝေယျာဝစ္စတွေအကုန်ပြီးသည်မို့ ကျောင်းဆောင်လှေကားရင်းမှာ ထိုင်စောင့်နေတာဖြစ်သည် ။ကျောင်းပေါ်မှာတော့ အရီးတို့၊ဒယ်ဒီတို့အကုန်စုံနေကြသည် ။တရားနာရန် မပြန်သေးသည့် ဧည့်သည်များလည်းရှိသလို အလုပ်ကိစ္စမအားလပ်သည့်ဧည့်သည်အချို့ကလဲ နှိုင်းတို့နှစ်ယောက်ကို နှုတ်ဆက်ပြီး ပြန်နှင့်ကြသည် ။
ဆရာတော်ဘုရားလည်းကြွလာတော့မှာမလို့ ဖိုးထောင်တို့ကို ဆင်းစောင့်နေတာ ။ဒီကောင်လေးက သွားခေါ်ပေးမည်ပြောနေကာမှ လေးယောက်သား နှိုင်းတို့ကိုမြင်ပြီး ဘုန်းကြီးကျောင်းမရှောင်
မုဂ်ဝကနေ အော်ကြီးဟစ်ကျယ်နဲ့။
မနက်အစောလဲ နှိုးမရတာနဲ့ ထားခဲ့တာ တော်သေးတာပေါ့ အချိန်မှီရောက်လာပေလို့ ။
"မင်းတို့ရောက်လာကြသားပဲ ။ မင်းတို့ကောင်တွေကို ဖိုးထောင်တစ်ယောက် မနှိုးနိုင်တော့ဘူးထင်နေတာ ။ဒီအချိန်သာရောက်မလာရင် ဆရာတော်ဘုရားလဲနေ့ဆွမ်းဖြစ်တော့မယ်။"
"နှိုင်းတု မင်းကမသိပါဘူးကွာ ။လမ်းမှာ နွားချီးပုံလဲ တတ်နင်းမိခဲ့သေးတယ်ကွာ ကံမကောင်းလိုက်ပုံများ ။မင်းကလဲ ငါတို့ကောင်တွေကိုတောင် စောင့်မခေါ်နိုင်ဘူးလေ ဒီသူငယ်ချင်းတွေက မင်းကိုအားကိုးပြီး လာရတာကို ။"
"အေးပါကွာ မင်းတို့ဘာသာအိပ်ရေးကြီးပြီး နောက်ကျလဲ ငါ့အမှားပဲထားလိုက်ပါတော့ ။
ခုတော့ ကျောင်းပေါ်တတ်ကြရအောင် "
"သားရေလက်ရုံး လူလေးတို့ သူငယ်ချင်းတွေရောက်ပြီဆို ကျောင်းပေါ်တတ်ခဲ့ကြတော့ကွယ်။"
"ဟုတ် အမေ။တတ်ခဲ့ပါ့မယ် "
အရီးလာခေါ်မှပဲ စကားပြောတာဖြတ်ပြီ နှိုင်းတို့အကုန် ကျောင်းကြီးပေါ်တတ်ခဲ့ကြသည် ။
ခဏအကြာ ဆရာတော်ဘုရားရောက်လာမှ နှိုင်းတို့တစ်မိသားစုလုံး ဆရာတော်ဘုရားကို ဆွမ်းကပ်ကြသည် ။ဆွမ်းကပ်ပြီး အချိုပွဲဘောဇဉ်ကအစ ကပ်ပြီး ၊ဆရာတော်ဘုရား ဘုန်းပေးပြီးကာမှ တရားနာရသည် ။
ဆရာတော်ဘုရားက တရားကိုလည်း တိုတိုတုတ်တုတ်နဲ့ ရှစ်ပါးသီလကိုသာ ခံယူစေသည်။
"ဒကာလေးတို့ကို ဘုန်းဘုန်းက ပေါင်းစည်းခြင်းအထိမ်းအမှတ်အနေနဲ့ လက်ဖွဲ့ကြိုးလေးတွေ ချည်ပေးပါ့မယ် ။"
တရားနာပြီးတော့ နှိုင်းတို့နှစ်ယောက်ကို ဆရာတော်ဘုရားက လက်ဖွဲ့ကြိုးလေးတွေချည်ပေးပြီး ဆုံးမဩဝါဒစကားမိန့်ကြားတယ် ။
"ဒကာလေးတို့က ဒကာလေးတို့ဖြစ်တည်မှုကို ခုလိုရဲရဲဝံ့ဝံ့ထုတ်ပြပြီး ချစ်ခင်ကြတာဟာ လာဘ်တစ်ပါးပါပဲ ။ကျန်းမာခြင်းဟာလဲလာဘ် ၊ချမ်းသားခြင်းဟာလဲ လာဘ် ယခုလိုကိုယ့်ဖြစ်တည်မှုကို လက်ခံပြီးရင်ဆိုင်ခြင်းဟာလဲ လောကကြီးမှာ ပျော်ရွှင်ခြင်းဆိုတဲ့ လာဘ်ကိုရရှိတာပါပဲ။
ဒကာလေးတို့ကို နားလည်ခွင့်လွှတ်ပေးကြတဲ့ ဟော့ဒီ့ကနှစ်ဖက်မိဘဟာလည်း ကိုယ့်သားသမီးဖြစ်တည်မှုကိုလက်ခံပြီး ထပ်တူပျော်ရွှင်ကြရတာပဲ မဟုတ်လားကွဲ့ ။ ကိုယ့်သားသမီးက ဒီလိုကြီးဆိုပြီးများ ပူဆွေးသောကရောက်မနေကြတာ အကောင်းဆုံးပါပဲ ။
လောကမှာ ပုထုစဉ်လူသားတွေဟာ ကျား၊မ ကွဲပြားနေကြပေမယ့် ချစ်ခြင်းတွေကိုတော့ ခွဲခြားနေဖို့မလိုပါဘူးကွယ် ။မိဘနဲ့ သားသမီးကြားမှာဖြစ်စေ ၊ချစ်သူနှစ်ဦးကြားမှာဖြစ်စေ ချစ်ခြင်းတွေက တူညီကြပါတယ် ။
ချစ်ခြင်းမေတ္တာအတိမ်အနက်ကို ဘာနဲ့မှတိုင်းတာလို့ မရနိုင်ပါဘူးကွဲ့ ။ဘုန်းဘုန်းတို့ ဗုဒ္ဓဘုရားရှင်ဟာလဲ ဘယ်သူကဘယ်သူ့ကို ချစ်ရမယ်ဆိုတာမျိုး ကန့်ကွက်ထားတာ မရှိခဲ့ပါဘူးကွယ် ။တူညီတဲ့လိင်အမျိုးအစားချင်း ချစ်ခင်စုံမက်ကြလို့ ပေါင်းသင်းတာကိုလဲ ငရဲကြီးပါတယ် ဆိုပြီးမဟောခဲ့ဘူး ။ပညတ်ချက်တွေ မထားခဲ့ဘူး ။တစ်ယောက်အတွက် တစ်ယောက်ကပါရမီဖြည့်ဖက်သာမှန်ပါစေ နှစ်ဦးသဘောတူနေထိုင်လို့ရတာပါပဲကွယ် ။
အဲ့တော့ လူတွေပြောနေကြတဲ့ ဆုတောင်းမှားခြင်းတွေကိုလဲ ယုံဖို့မလိုအပ်သလို တစ်ယောက်အတွက်တစ်ယောက်ရှိနေရင်းပဲ ရှေ့ဆက်ပြီး ယုံယုံကြည်ကြည်လျှောက်လှမ်းကြပေါ့ကွယ် ။"
"တင်ပါ့ဘုရား ။တပည့်တော်တို့ မှတ်သားထားပါ့မယ် "
"ကဲ ..ဘုန်းဘုန်းလဲ သိသလောက်မှတ်သလောက်ပြောပြခြင်းသာ ဖြစ်တာမလို့ ကိုယ်တိုင်ပဲ နေထိုင်ပေါင်းသင်းရတာကြာလာတာနဲ့အမျှ အတွေ့အကြုံတွေရလာမှာပဲ ။လေ့လာကြ သင်ယူကြပေါ့ကွယ် "
"တင်ပါ့ဘုရား ။"
ဆရာတော်ဘုရားရဲ့ ဆုံးမစကားတွေက နှိုင်းတို့အတွက် အဆုံးမရှိတဲ့ခွန်အားတွေပေးလိုက်သလိုပါပဲ ။အစထဲက နှိုင်းဒီကောင်လေးကို တွေဝေခြင်းမရှိ ချစ်ခဲ့တာပါ ။ဒီကောင်လေးကလဲ နှိုင်းနဲ့ထပ်တူပဲ ထင်ပါသည် ။နှစ်ဦးသား တွေဝေခြင်းကင်းမဲ့စွာ ချည်နှောင်ခဲ့ကြတာမလို့ ဘယ်တော့မှ နောင်တရစရာတွေ ဖြစ်လာမှာတော့မဟုတ် ။
နှိုင်းတို့လည်း အရမ်းပျော်သလို နှိုင်းတို့မိဘတွေလည်း ပျော်နေခဲ့တာ ။ဦးကြီးကလဲ ဘေးကနေထိုင်ပြီး ဘာမှမပြောပေမဲ့ ထင်ရှားနေတဲ့အပြုံး
မျက်နှာက နှိုင်းတို့အတွက် ဂုဏ်ယူနေကြောင်းသက်သေ။အရီးကလဲ ထိုနည်းတူ နှိုင်းတို့နားလာပြီး ဘာလေးလိုအပ်လိုအပ် အကုန်ဖြည့်ဆည်းပေးတာ ။ကလေးငယ်တွေလို မျက်စိဒေါက်ထောက်အကုန်လိုက်ကြည့်ပေးခဲ့တာ ။အရီးက အချစ်တတ်ဆုံးပါပဲ ။နှိုင်းမိဘတွေနဲ့ တန်းတူနှိုင်းကို သားအရင်းတစ်ယောက်လို အမြဲချစ်ပေးတတ်တာပါပဲ ။ဒီချစ်ပေးမှုတွေကြောင့် နှိုင်းမှာ မျက်ရည်ဝဲရသည် အထိပါပဲ ။ဒီကောင်လေးကိုမွေးပေးခဲ့ပြီး နှိုင်းနဲ့ဆုံဆည်းပေးခဲ့လို့ သိပ်ကျေးဇူးတင်ရပါတယ် ။
ဒယ်ဒီနဲ့မာမီကလည်း မနေ့ကညနေမှရောက်လာကြခြင်းဖြစ်သည် ။ပင်ပန်းနေမည် ထင်သော်လည်း နှိုင်းအတွက်ဆိုတော့ မနက်ထဲကတတ်တတ်ကြွကြွ။ မင်္ဂလာဆွမ်းကျွေးသဘောမျိုးလေးဆိုတော့ အကြီးအကျယ်ခြိမ့်ခြိမ့်သဲကြီး မဟုတ်သော်လည်း ဒယ်ဒီတို့က ဒါကို နှိုင်းအတွက်ရော ဒယ်ဒီတို့ကိုယ်တိုင်အတွက်ပါ မျက်နှာပျက်စရာဟုမတွေးခဲ့ပေ ။ထိုအစား ဆရာတော်ဘုရားအတွက် ကျောင်းရန်ပုံငွေသိန်းနှစ်ဆယ် မတည်လှူဒါန်းပေးသည် ။မာမီကလည်း နှိုင်းတို့ကို လက်ခံနားလည်ပေးခဲ့သည့် လုပ်ရပ်ကို ပြန်ဂုဏ်ယူနေသလို ။ဆရာတော်ဘုရားရဲ့ ဟောကြားသည်များက မာမီ့အတွက်ပိုထိရောက်ခဲ့သည် ထင်ပါသည် ။ဆရာတော်ဘုရားမိန့်ကြားသည့် တစ်လျှောက်လုံး မာမီ့မျက်နှာက အမြင်မှန်ရထားသည့်လူလို ပြုံးလို့ရွှင်လို့ပင် ။
......
"ဒါဆို ကလေးက ဘယ်ကလဲ ၊ဒီကိုရောဘယ်သူနဲ့လာတာလဲဟင် ။"
"တားတားက မေမေနဲ့လာတာလေ ။ဒီမှာ ဘဘုန်းရှိတယ် အာ့ကြောင့် လာတာပါဂျ။"
"အတတ်လေးပဲဟင် ချစ်ဖို့ကောင်းလိုက်တာ ။
ကိုကို့နား လာပါအုံး မွှေးမွှေးပေးချင်လို့ ။"
"ဟုတ် "
ကိုကို့နားလာဆိုတော့လည်း တန်းလာတယ် ။မွှေးမွှေးပေးချင်လို့ပါ ပြောတော့လည်း ဘယ်လောက်တောင်သင်ထားလဲမသိ သူ့ပါးဖောင်းဖောင်းလေးကို တန်းထိုးပေးတယ် ။
"ကိုကိုကလှတယ် ။ပါးလေးလည်း လှတယ်"
"ကိုင်လို့ကောင်လားဟင်.."
"အင်း "
ကလေးက အလည်လေး ။သူ့လဲ အာဘွားပေးပြီးရော နှိုင်းပါးကို လှလိုက်တာဆိုပြီး သူ့လက်လေးတွေနဲ့ လာတို့လိုက် ဖိလိုက်နဲ့လုပ်နေတာ ။ကလေးက နှိုင်းပါးကိုဆော့နေရတာကိုပဲ တခစ်ခစ်နဲ့ ပျော်နေတဲ့ပုံ ။
"ခင်ဗျား ဒီမှာဘာလုပ်။ဟင်.."
"ငါဘာမှမလုပ်ပါဘူး ။ဒီမှာလေ ကလေးလေးတွေ့လို့ ကလေးနဲ့ဆော့ပေးနေတာ ။ကလေးက ချစ်ဖို့ကောင်းတယ် မင်းကြည့် "
နှိုင်း ကျောင်းကြီးပေါ်မှာ တရားနာပြီးဧည့်သည်တွေကျွေးတာမွေးတာကို လိုက်ဧည့်ခံပြီး အောက်ကိုခနဆင်းလာတာ ။ဘယ်လောက်မှကြာသေးတာမဟုတ် ၊ဒီကလေးလေးနဲ့တွေ့လို့ ကလေးနားဘယ်သူမှရှိမနေတာနဲ့ အဖော်လုပ်ပေးနေတာ ။
ဒီကောင်လေးက နောက်ကတန်းရောက်လာပြီး နှိုင်း ကလေးနဲ့ဆော့နေတာကို ဘာတွေဖြစ်သည်မသိ အံ့အံ့ဩဩ။ကလေးနဲ့ကစားပေးတာ ဘာထူးဆန်းလို့လဲ ။ကလေးကလည်း ဒီကောင်လေးမျက်နှာတည်တည်ကိုမြင်ပြီး ဆော့နေတာတောင် ရပ်သွားပြီး မော့ကြည့်နေတာ ။
"လွှတ်လိုက် "
"ဂျာ တားတားကိုပြောတာလား ။"
"ဟုတ်တယ် ။မင်းကိုပြောတာ အဲ့ပါးကိုကိုင်နေတဲ့လက်ကိုလွှတ်လိုက်လို့ ။အဲ့ဒါ ငါ့ဟာ "
"ဒီကိုကို့ပါးက လှလို့ကိုင်တာ ဘာလို့လွှတ်ရမှာလဲဂျ။ဒီကိုကိုက ကိုင်ခိုင်းတယ် ။ငါ့ဟာဆိုတာ ဘာပြောတာလဲ ဦးဦး ။"
"ငါ့ဟာဆိုတာ မင်းကိုင်နေတဲ့ဒီကိုကိုက ငါ့အပိုင်လို့ပြောတာ ။"
"ဦးဦးပြောတာနားမလည်ပါဘူး ။တားတားက ကိုင်ချင်လို့ကိုင်တာ "
"မင်း ကလေးကို ဘာလို့ရန်တွေ့နေရတာလဲ ကလေးက ဘာမှသိတာမှ မဟုတ်တာ ။"
"ဒါပေမဲ့ ဒီကလေးက ခင်ဗျားပါးကို ကိုင်တယ်လေ ။ကျွန်တော်မှ မကြိုက်တာ "
တကယ့်ကလေးကလည်း ဒီကောင်လေးဖြဲခြောက်နေတာကို မဖြုံပဲ အကြောတင်းတင်းပဲ ။ဒါကို ဒီကလေးမဟုတ်တဲ့ကလေးကလဲ ကလေးနားမလည်တဲ့စကားတွေပြောပြီး အကြောမခံ ။ကလေးက သူလုပ်ချင်တာကို ဒီကောင်လေးကိုအရေးမစိုက်ပဲ လုပ်ပြနေတော့ မခံချင်သည့်ပုံ မျက်နှာလေးက ကလေးနဲ့ဖက်ရန်ဖြစ်နေပြီး တည်တင်းလို့ ။တကယ် အရာရာတိုင်းမှာ ရင့်ကျက်သလောက် နှိုင်းနဲ့ပက်သက်ပြီဆို အမြဲယခုလိုပင်။ဘာမှမသိ ၊ဘာစိတ်မှမပါတဲ့ ကလေးလေးကိုတောင် သ၀န်တိုလို့ ။
ဒီကောင်လေးမျက်နှာလေးကို ကြည့်ပြီး နှိုင်းမှာ တဟားဟားရယ်ချလိုက်ချင်တာပါပဲ ။ မသိသာတဲ့ ဆူပုတ်ပုတ်မျက်နှာထားလေးကိုပဲ နှိုင်းကတော့ အတတ်သိပါသည် ။
"သားသား မေမေက ဘယ်သွားတာလဲဟင် ။ကိုကိုလိုက်ပို့ပေးမယ် "
"မေမေက ဒီနားလေးကစောင့်နေတဲ့ ။ခနနေရင် မေမေလာခေါ်တော့မှာ "
"မင်း ဧည့်သည်ရဲ့ကလေးနေမှာ ။မင်းသိလား ဘယ်သူ့ကလေးလဲဆိုတာ ကလေးကလည်ပေမဲ့ ငါစိတ်မချလို့် ကလေးအမေဆီ တစ်ခါထဲလိုက်ပို့ရအောင် "
"ကျွန်တော်လဲ မသိဘူး ။ခုမှ မြင်ဖူးတာ "
"ကိုကိုတို့ တားတားကိုလိုက်ပို့စရာမလိုပါဘူးဂျ ။သားသားက မကြောက်ဘူး "
သူ့ကိုလိုက်ပို့မည်ဆိုတာကို မကြောက်ပါဘူးတဲ့လေ ။တကယ့် ပန်ကာလေး ။
"အယ် ..သားလေး"
"မေမေ တားတားကစောင့်နေတာ ။ကိုကို ဒါ တားတားမေမေလေ "
"ကလေးအမေထင်တယ် ။ကျွန်တော်က ကလေးတစ်ယောက်တည်းဖြစ်နေလို့ စိတ်ပူတာနဲ့ စောင့်ပေးနေတာ "
"အော် ကျေးဇူးပါကွယ် ။သားက ဒီကိုလာနေကျမလို့ အမက ခနထားခဲ့တာပါကွယ်။ ဒါနဲ့ ဒီနေ့လက်ထပ်တဲ့ သတို့သားနှစ်ယောက်ထင်တယ်"
"အော် ဟုတ်ပါတယ်ဗျ ။"
"တကယ် ..အို အမကမြင်ဖူးချင်လွန်းလို့ လိုက်ကြည့်နေတာ ။ဒီရွာပြောင်းလာတာ မကြာသေးတော့ ရွာခံတွေလဲ သိပ်သိတာမဟုတ်ဘူး ။အနားက လူတွေလဲ လျှောက်မေးကြည့်နေတာ တွေ့မဲ့တွေ့တော့လဲ ဒီမှာတွေ့ရတယ်လို့။ ငါ့မောင်တို့က ချောလိုက်ကြတာကွယ် အမတစ်သက် ရွာမှာ ဒီလိုချောတဲ့သူမမြင်ဖူးဘူး မင်းသားတွေလိုပဲနော်။"
"ဟို .. ကျေးဇူးတင်ပါတယ်ဗျ။"
"သတို့သားနှစ်ယောက်ဆိုတော့ ထူးဆန်းနေပေမဲ့ ။ကြည့်လိုက်တော့မှ လိုက်ဖက်သားပဲ"
ကလေးအမေ အမက နှိုင်းနဲ့ ဒီကောင်လေးကိုကြည့်ပြီး လိုက်ဖက်ကြောင်း အားပါးတရကို ပြောနေတာဖြစ်သည်။စကားလုံးတွေလဲ ရေပက်မ၀င်ရလောက်အောင် သူတစ်ယောက်ထဲ လုပြောနေသလို ။ဒီအမမျက်နှာကြည့်ရတာ နှိုင်းတို့နှစ်ယောက်ကို တကယ်သဘောကျနေပုံ။
တောရွာမလို့ နှိုင်းတို့ကိုလက်မခံနိုင်ကြဘူးထင်နေတာ လူကြီးတွေကအစ မဖြစ်သင့်ဘူးဆိုတာမျိုးမဆို အားလုံးကသဘောထားကြီးပေးကြတာချည်းမို့ နှိုင်း ဒီရွာလေးကိုသဘောကျရပါသည် ။
"အမက ဒီကိုလာတာပဲမလား ။ကျောင်းကြီးပေါ်ရော တတ်ပြီးပြီလားဗျ ။မတတ်ရသေးရင် ကျွန်တော်တို့နဲ့ တစ်ခါထဲလိုက်ခဲ့လို့ ရတာပေါ့။"
"တတ်ပြီးပါပြီကွယ် ။အမ ထမင်းလဲစားလာခဲ့ပြီးပါပြီ ။ အမ အိမ်မှာကိစ္စလေးရှိသေးလို့ ခွင့်ပြုပါအုံးကွယ် "
"ကိုကို နောက်ခါတွေ့ရင် ကိုကို့ပါးကို တားတားက ကိုင်အုံးမှာနော် ။"
"အော် သားကတော့ ဘာလို့ကိုကို့ပါးကို ကိုင်ရမှာလဲကွယ် ။ဒီကိုကိုက ပိုင်ရှင်ရှိတယ် အဲ့လိုမလုပ်ရဘူး ကြားလား ။ မောင်လေးတို့ အမကပဲ တောင်းပန်တယ်ကွယ် အမသားက ဒီလိုပဲ လှတာမြင်ရင် ရတာမဟုတ်ဘူး ။"
"ရပါတယ် အမ ။ကလေးပဲကို ကျွန်တော်စိတ်ထဲမထားပါဘူး "
"ကျေးဇူးပါပဲကွယ် ။အမ သွားလိုက်အုံးမယ်"
"ဟုတ် ။"
.....
"မာမီတို့က ခေါ်ခိုင်းလို့လားဟင် "
"မဟုတ်ပါဘူး ။ခင်ဗျားပျောက်သွားလို့ လာရှာတာ ။အောက်ဆင်းမယ်ဆိုလဲ ဘာလို့ကျွန်တော့်ကို ပြောမသွားရတာလဲ "
"မင်းအလုပ်ရှုပ်နေလို့လေ ။ခနဆင်းတာပဲ ကလေးနဲ့တွေ့နေလို့ပါ ။ပြောမသွားလို့ စိတ်ကောက်နေတာလား မင်းက"
"မဟုတ်ပါဘူး ။စိတ်ပူသွားလို့ပါ "
"ဟုတ်ပါပြီ ။နောက် မပြောပဲဘယ်မှမသွားတော့ပါဘူးဗျာ"
"အင်း "
"ကိုကြီးလက်ရုံး .. "
"ပန်းနု "
"ဟုတ်ပါတယ် ပန်းနုပါ ။ကိုကြီးတို့ ကျောင်းပေါ်တတ်ကြမှာမလား ပန်းနုလဲ တစ်ခါထဲလိုက်ခဲ့မယ် "
"လိုက်ခဲ့လို့ရတာပေါ့ ။ပန်းနုတစ်ယောက်ထဲလား"
"အမေတို့က မလာအားလို့တဲ့ ။ပန်းနုတစ်ယောက်ထဲ လွှတ်လိုက်တာ ။အဲ့တာ ကိုကြီးတို့ကိုရော အရီးတို့ကိုပါ တောင်းပန်ရအုံးမှာ "
"ရပါတယ် ။"
"အမယ် ကိုကြီးလက်ရုံးရောကိုကြီးနှိုင်းတုရော ရွာပြန်မလာတာတောင်ကြာပေါ့ ။လာမဲ့လာတော့လဲ ဘာဘာညာညာတွေဖြစ်ကုန်ကြပြီ ။ကိုကြီးနှိုင်းတုကလဲ ရွာအလည်လာပြီး ပြန်မလာတာကြာပြီ ခုလာတော့လဲ တစ်ခါထဲ ပန်းနုတို့ရွာသား လုပ်လိုက်တာပဲနော် ။ဒါပေမဲ့ ပန်းနုက ကြိုက်တယ်တော့ ။ကိုကြီးနှိုင်းတုက ပန်းနုတို့ရွာသား လုံးလုံးကြီးဖြစ်သွားတော့ ဂုဏ်တောင်ယူသေး
အဟီး .. "
"ဒီလိုပြောလို့ ပန်းနုကို ကျေးဇူးတင်ပါတယ် ။
ဘာစားမလဲပြော "
"အို .. ကိုကြီးနှိုင်းတုကလဲ မလိုတာကို ။ပန်းနုက စားချင်လို့ပြောတာမဟုတ်ပါဘူး ။ဒါပေမဲ့ ခုတော့ အ၀ဆွဲမလို့လာတာ .. ။"
"ကြိုက်သလောက်ဆွဲပါဗျာ .. "
....
"ဟေ့ရောင် နှိုင်းတု မင်းရှာလိုက်ရတာ မောကွာ။
ဒီကောင် ရောက်ကတည်းက သူငယ်ချင်းတွေကိုပစ်ထားတာ အားတောင်ငယ်လာပြီ။"
"မင်းတို့က ဒါအားငယ်နေတာပေါ့ ဟုတ်လား။ဖိုးထောင်နဲ့ တစ်ကျောင်းလုံး နေရာလပ်မကျန် ပွေလီနေတာ အားငယ်နေတာပေါ့ "
"ဒါတော့ မင်းမှလိုက်မပြတာ ဖိုးထောင်ပဲအားကိုးရတာပေါ့ ။"
"ဒါနဲ့ နှိုင်းတု ဒီကညီမလေးက "
"အော် ညီမက ပန်းနုပါ ။ဒီက အကိုတို့က မြို့ကလာတဲ့ ကိုကြီးနှိုင်းတုသူငယ်ချင်းတွေထင်တယ်။"
"ဟုတ်တယ် ဟုတ်တယ် ။ကိုကြီးတို့က နှိုင်းတုသူငယ်ချင်းတွေ ။ညီမလေးက လှတယ်နော် "
"ဟေ့ကောင် ညီစေ ။ဘာမှလဲမဆိုင်ဘူး မင်းဟာက "
"အော် မင်းကလဲ ။ငါက ရွာမှာလဲ ဒီညီမလေးလို လှတဲ့သူတွေရှိကြောင်း ပြောတာပါ ။ဟုတ်တယ်နော် ညီမလေး "
"ညီမက စိတ်မဆိုးတတ်ပါဘူး ။ညီမကိုလှတယ်ပြောလို့ကျေးဇူးတောင် တင်သေး ။အကိုတို့လဲ ချောကြပါတယ် ။"
"ဟဲဟဲ ။ကိုကြီး နာမည်မှတ်ထားနော် ညီမလေး ကိုကြီးနာမည်က ညီစေတဲ့ ။ဒီကောင်ကတော့ သာလွန် ဒီဘက်က မိုးဇက်တဲ့ "
"ဒါက ဒီလိုရှိတယ် ညီမလေး ။ဒီသာလွန်နဲ့ညီစေက ကောင်မလေးတွေကိုယ်စီရှိကြတယ် ။ဒါပေမဲ့
အဟမ်း ..ကိုကြီးကတော့ မရှိသေးဘူး။"
"ပန်းနု မှတ်ထားပါ့မယ်နော် ။ကိုကြီးတို့နဲ့ တွေ့ရတာလဲ ၀မ်းသာပါတယ်.."
"မင်းတို့ကောင်တွေ တော်ကြတော့ ။ပန်းနု .. ဒီကောင်တွေလဲ ဒီလိုပဲနောက်တတ်ကြလို့ အားနာပါတယ်နော် ။"
"ရပါတယ် ကိုကြီးနှိုင်းတုရဲ့ ။"
"ကိုသာလွန်တို့ ခုကဘယ်သွားကြမလို့လဲ ။ဖိုးထောင်ကရော .."
"မင်းတို့နှစ်ယောက်ကိုပဲ လာခေါ်တာလေ ။အမှတ်တရ ဓာတ်ပုံရိုက်ကြမလို့တဲ့ မင်းတို့မရောက်သေးလို့ စောင့်နေကြတယ် ။ဖိုးထောင်လဲ အဲ့မှာပဲ "
"အော် ..ဘယ်နားမှာ ရိုက်ကြမှာတဲ့လဲ "
"ကျောင်းကြီးရှေ့က တရုတ်စံကားတန်းရှေ့မှာတဲ့ "
"ဒါဆို ပန်းနု ကျောင်းကြီးပေါ်ကို တစ်ယောက်ထဲ တတ်လို့ရတယ်မလား ။ အကိုတို့လိုက်မပို့တော့ဘူးနော် ..။အရီးတို့စောင့်နေရတာ ကြာမှာစိုးလို့ "
"ရပါတယ် ကိုကြီးနှိုင်းတုရဲ့ ။သွားမှာသာသွား ။ပန်းနုသွားလိုက်ပါ့မယ် "
ပန်းနုက တစ်ယောက်ထဲလဲရပါသည်ဆိုပြီး ကျောင်းကြီးပေါ်တတ်သွားသည် ။အ၀လာဆွဲတာပြောတဲ့သူကို အ၀စားခဲ့နော် လို့ပြောတော့ စိတ်ချတဲ့ ။ကိုယ်တိုင် ဧည့်ခံချင်ပေမဲ့ အရီးတို့ရော ဒယ်ဒီတို့ပါ စောင့်နေကြသည်မို့ မတတ်နိုင်ခဲ့။နှိုင်းတို့က ကာယကံရှင်ဖြစ်နေ၍ တာဝန်မကျေသလို ခံစားရသော်လည်း ဒီရွာသားတွေက အမြဲသဘောထားပြည့်ဝကြပါသည် ။
ဒီကောင်တွေနဲ့အတူ ကျောင်းရှေ့က တရုတ်စံကားပင်တန်းရှေ့ရောက်တော့ ဓာတ်ပုံဆရာရောပါ စောင့်နေသည့်ပုံ ။ဓာတ်ပုံဆရာရောပါ ငှားထားကြသည်ထင်ပါသည် ။နှိုင်းတို့တော့ မသိပေ ။ဒယ်ဒီတို့လည်း မဖြစ်နိုင် ။သေချာပေါက် အရီးတို့ပဲဖြစ်မှာပင် ။ရွာနားကမြို့ပေါ်က ဓာတ်ပုံဆရာထင်ပါသည် ။
အကျဉ်းချုပ် ရွာဦးကျောင်းမှာပြုလုပ်တဲ့ မင်္ဂလာဆွမ်းကျွေးလေးသာ ဖြစ်၍ ယခုကဲ့သို့မှတ်တမ်းတင် ဓာတ်ပုံရိုက်တာမျိုး ခေါင်းထဲကိုမရှိခဲ့တာ ။အခုတစ်ခါလဲ နှိုင်းတို့အတွက်ဆို အမြဲထောင့်စေ့အောင် လုပ်ပေးတတ်တဲ့ အရီးက ဒါတွေကို သတိရနေလိုက်ပြန်ပါပြီ ။
"သားတို့နှစ်ယောက် လာကြ ဓာတ်ပုံရိုက်ရအောင်။"
နှိုင်းတို့နှစ်ယောက်ကိုမြင်တာနဲ့ အရီးတင်စိန်က အူယားဖားယားလှမ်းခေါ်သည် ။ဖိုးထောင်နဲ့ဂွတိုကလဲ ဘယ်ချိန်ထဲကရောက်နေကြသည် မသိပေ။ဓာတ်ပုံဆရာ ကင်မရာကြီးကို ဟိုကိုင်ဒီကိုင်နဲ့။
...
နှိုင်းရယ် ဒီကောင်လေးရယ် ဒယ်ဒီ၊မာမီ ဦးကြီး၊အရီးတို့ ဦးစွာ တစ်ပုံရိုက်ကြတာဖြစ်သည် ။ပြီးမှ နှိုင်းသူငယ်ချင်းတွေရယ် ၊အရီးတင်စိန်ရယ် နှိုင်းတို့အကုန်လုံးကတစ်ပုံ ရိုက်ကြသည် ။ဒါကို ဖိုးထောင်နဲ့ဂွတိုတို့က ဓာတ်ပုံထဲသူတို့ပါချင်လို့ ဂဏှာမငြိမ် ။
ပြီးမှသာ သူတို့နှစ်ယောက်ကို ပါခိုင်းတော့ ၀တျထားတဲ့ အင်္ကျီအသစ်တွေကို ဓာတ်ပုံထဲ ထုတ်ကြွားကြသည်မှာ မျက်စိပင် နောက်လောက်စရာ ။တစ်ပုံထဲ အားမရလို့ ဆက်တိုက်ရိုက်ချင်ပါသည်ပြောလို့ စိတ်ချမ်းသာအောင် ဓာတ်ပုံဆရာကိုသူတို့စိတ်ကြိုက်ရိုက်ပေးလိုက်ပါဟု ပြောလိုက်ရသည် ။ဘယ်နှစ်ပုံမှန်းမသိ ရိုက်တာကိုပင် ပေးလိုက်တဲ့စတိုင်ဆိုတာ မကုန်နိုင် မခမ်းနိုင်ပေ။
ထိုနေ့က ရွာဦးကျောင်း ပင်မကျောင်းဆောင်ကြီးရှေ့က ရောင်စုံတရုတ်စံကားပန်းပင်တန်းကြီးကို နောက်ခံထားပြီး ရိုက်ခဲ့ကြသည့် ဓာတ်ပုံလှလှလေးတွေ ။
နှိုင်းနဲ့ဒီကောင်လေးကတော့ ဓာတ်ပုံတွေရိုက်စရာမလိုအောင် နှလုံးသားထဲက မှတ်တမ်းတင်ခဲ့ကြပြီးသား ။
________________________
#minus-zero
21 November 22
ပြီးတော့ပါမယ် 💛