💞 Part - 3 💞
~~~~~~~~~~~~~~
"နေမင်းမဟာ့ကိုကြည့်ရတာ တစ်ခုခုလွဲနေသလိုပဲလို့ နင်မထင်ဘူးလား ခက်"
ပိုပို့စကားကြောင့် ခက် ခေတ္တတော့ငြိမ်သွားပြီးတခြားဘာများဆက်ပြောဦးမလဲဟု ခဏစောင့်မိသည်။
ပိုပိုက ခက်ကိုအကဲခတ်သလိုကြည့်နေပြီး ဘာမှဆက်မပြော၍ တကယ်လည်း ကို တစ်ခုခုလွဲနေမှန်းသိသော ခက်သည် နှုတ်ဆိတ်မနေနိုင်။
"နင်တောင်သတိထားမိတယ်လား ပိုပို"
"အေးလေ အသိသာကြီး"
အသိသာကြီးဆိုပေမယ့် ကိုက အိန္ဒြေပျက်ရလောက်တဲ့အထိ မှိုင်တွေနေတာမျိုးမဟုတ်။
တစ်ခါတစ်လေ အကြောင်းမဲ့ ဆွေးသွားတာမျိုးရှိတတ်ကာ ဘာကြောင့်လဲဟု ခက်တောင် ရေရေရာရာမသိ။
နေမင်းမဟာအကြောင်းကလည်း ခက် စိတ်ဝင်စားရလောက်သည်အထိ မယ်မယ်ရရမရှိခဲ့သလို ကြားဖူးထားသည့်သတင်းတွေကလည်း ကောင်းခြင်းတွေချည်းသာ…
"တစ်ယောက်ယောက်နဲ့ငြိခဲ့ဖူးလို့လား"
"အဲ့လိုတော့ ငါမကြားမိဘူးရယ် နင့်ကိုလည်းမပြောပြဘူးလား"
ပိုပိုမေးလာတော့ ခက် တစ်ချက်တွေဝေသွားပြီးခေါင်းခါပြလိုက်သည်။
သူဘာပဲဖြစ်နေနေ ခက်ကို ဝင်မပါဖို့ သူပြောထားပြီးပြီဖြစ်ကာ မိန်းမအရှုပ်အရှင်းကင်းခဲ့သော ကိုက လက်ထပ်ခါနီးမှ ဘာဖြစ်နေသလဲ ခက်လည်းနားမလည်...
ပြီးတော့ ခက်တို့လက်ထပ်ဖို့ကိစ္စက သူ စီးပွားရေးလောကထဲ စတင်ဝင်ရောက်သည့် အရင်ကတည်းကရှိခဲ့တာ...
"တကယ်ဆို နင့်ကိုတော့ပြောပြသင့်ပါတယ်"
"လောလောဆယ် သူအဆင်သင့်မဖြစ်သေးလို့ပါ တဲ့ အချိန်တန်ရင်သိရမှာဆိုပေမယ့်.."
"သိချင်တယ်မလား"
ခက် ခေါင်းညိတ်ပြတော့ ပိုပိုကလည်း ခက်ကိုထောက်ခံသလို ခေါင်းညိတ်ပြသည်။
"နင်စုံစမ်းကြည့်မလား"
"ဒါပေမယ့်ဟာ သတင်းတစ်ခုကြားရတယ်ဆိုရင်တောင် လိုတာပိုတာတွေပါနိုင်တယ် အများရဲ့စကားတစ်ခွန်းမှာ နစ်မြောသွားတာမျိုးလည်း ငါမဖြစ်ချင်ဘူး ပိုပို"
"အဲ့ဒါလည်း ဟုတ်ပါတယ် အဲ့ဒါဆိုလည်းထားလိုက်တာပေါ့ သိပ်သံသယတွေထားမနေနဲ့"
ပိုပိုက အလွယ်တကူစကားဖြတ်သွားပေမယ့် ပိုပိုနဲ့တွေ့ပြီး အိမ်ပြန်လာသည်အထိ ခက်စိတ်တွေ ထွေပြားနေခဲ့သည်။
ကို ဖြစ်နေတာကလည်းအသည်းကွဲနေတဲ့လူလိုလို၊ ဘာလိုလိုမို့ ကို့မှာ မိန်းကလေးတစ်ယောက်ရှိခဲ့သလား၊
ဒါကြောင့်ပဲ ကို့ကို ခက်က မလွှမ်းမိုးနိုင်တာလား...
သိချင်စိတ်တွေပြင်းပြလာခဲ့၍ ခက် ကို့ရုံးခန်းကိုလှည့်ဝင်လာတော့ ကို့ရုံးကလူတွေက ကိုနဲ့လက်ထပ်မည့်သူမှန်း ခက်ကိုသိကြသည်။
ကို့ရဲ့ရုံးခန်း ဘယ်နေရာမှာရှိသလဲဆိုတာကိုလည်း ခက်သိနေတာမို့ တားမည့်သူလည်းမရှိဘဲ ရုံးခန်းရှေ့အထိရောက်လာခဲ့သည်။
သို့သော် ကို့ရုံးခန်းရှေ့ရောက်မှ PAကောင်လေးက တားလိုက်ကာ...
"မပန်းခက်ဖြာဝေ ဆရာနဲ့တွေ့ဖို့လား"
"ဟုတ်တယ်"
"ကျွန်တော်အကြောင်းကြားပေးပါ့မယ် ခဏစောင့်ပါ"
တစ်လမ်းလုံးဘယ်သူကမှမတားဆီးပါဘဲ ဒီကောင်လေးကပဲ တားဆီးနေတာမို့ ခက် စိတ်ရှုပ်သွားသလို ကျွတ်ခနဲ စုပ်သတ်လိုက်မိသည်။
သို့ပေမယ့် ဒါဟာဖြစ်သင့်တာပဲမို့ ခဏရပ်စောင့်လိုက်တော့ အကြောင်းကြားပြီးသည့်PAက ကိုယ်တိုင်တံခါးဖွင့်ပေးသည်။
"ဘယ်ကလှည့်လာတာလဲ ခက် ထိုင်လေ"
"အပြင်ထွက်လာရင်း ကို့ဆီခဏဝင်လာတာ ခက်ပြောစရာလည်းရှိလို့"
"အရေးကြီးလို့လား"
"ခက်အတွက်က ကြီးတယ်"
ခက်ကိုအရေးတယူမဆက်ဆံသလို ခက်ရောက်လာခြင်းအပေါ် အရေးမကြီးသလိုပြောနေသော ကို့ကြောင့် ခက် ခံပြင်းသွားမိသည်။
ထို့ကြောင့် အသံနည်းနည်းမာသွားတော့ ကိုကဖျတ်ခနဲမော့လာပြီး ကွန်ပျူတာပေါ်ကနေ လက်ဖယ်လိုက်ကာ...
"ဆောရီး ကိုယ်ကအလုပ်ချိန်မှာ personalကိစ္စမဆွေးနွှေးချင်လို့ပါ"
"ဒါဆို ခက် ပြန်ရမလား"
"အခုတစ်ခါတော့ ထားလိုက်ပါ ပြောပါ မင်းဘာပြောချင်လို့လဲ"
ခက်သည် ကို့စားပွဲရှေ့ထိုင်ခုံမှာ ထိုင်ချလိုက်ပြီး ကို့ကို သေချာစိုက်ကြည့်မိသည်။
တစ်နေ့ကပဲ ခက်ကိုဝင်မပါဖို့ ပြောထားပြီးသားမို့ ခက် သိချင်နေတာကို သူပြောပါ့မလားမသိ။
"ဘယ်လိုမေးလာရင် ဘယ်လိုဖြေမယ်ဆိုတဲ့အတွေးတော့ ကို့ဆီမှာရှိနေလောက်တယ် ကို့ရဲ့အတိတ်ဆိုတာကို ခက် သိချင်တယ်"
ကို့မျက်လုံးတွေ ပိုပြီးစူးရှသွားသလို တံတောင်နှစ်ဖက်ကိုထောက်ပြီး မျက်မှန်ကို ဖြည်းဖြည်းချင်းဆွဲချွတ်သည်။
ထို့နောက် စားပွဲပေါ်အသံမမြည်အောင်ချပြီး ခက်ကိုကျောပေးကာ မှန်ပြတင်းဘက်ကိုလှည့်သွားသည်။
"ကိုယ်တို့ အဲ့ဒီကိစ္စဆွေးနွှေးပြီးပြီမလား မင်းလည်းလက်ခံပေးခဲ့တာပဲ"
"ဒါပေမယ့် ပြန်တွေးကြည့်မိတော့ ခက် လက်မခံနိုင်ဘူး ကို.. သဘောထားကြီးကျယ်မြင့်မြတ်တဲ့ မိန်းမဆိုတာ ဘယ်လိုလဲတော့မသိပေမယ့် အဲ့ထဲမှာတော့ ခက်မပါနိုင်ဘူး"
"မင်းနဲ့ ဒီစကားတွေနဲ့သိပ်မလိုက်ဖက်သေးဘူး ကိုယ်က ပွေရှုပ်နေတဲ့လူလည်းမဟုတ်သလို မင်းနဲ့လည်း လက်မထပ်ရသေးဘူးမလား"
"ဟုတ်ပါတယ် ဒါပေမယ့် တခြားတစ်ယောက်ကိုလွမ်းနေတဲ့ပုံစံမျိုးနဲ့ ခက်ကိုဘေးဖယ်နေဖို့လည်း ကို မပြောသင့်ဘူး တကယ်ဆို ကို့မှာတခြားသူရှိနေရင်လည်း လက်ထပ်ပွဲကိုငြင်းလို့ရတယ်မလား"
"ကိုယ့်အတိတ်က ကိုယ့်အမှားတစ်ခုပဲ ပြင်ဆင်လို့မရတော့တဲ့အမှားတစ်ခုမို့ နေပါစေတော့ဆ်ုတဲ့စိတ်နဲ့ မင်းကိုလက်ခံထားတဲ့အတိုင်း ငါနေခဲ့တာပေါ့ ဒါကိုမင်း.."
"ကို့မှာချစ်သူရှိခဲ့တာလား ကို တခြားတစ်ယောက်ကိုချစ်ခဲ့တာလား"
ခက်တည့်တည့်ပဲမေးလိုက်သည့်အခါ ဖျတ်ခနဲလှည့်လာသည့်ကို့အကြည့်တွေက စူးစူးရဲရဲ..
နှုတ်ခမ်းတွေတင်းတင်းစေ့ပြီးကြည့်နေပုံက သူပြန်သတိမရချင်သည့် အမှန်တရားတစ်ခုကို ခက်က ထုတ်ပြောမိသလိုမျိုး။
"မင်းမေးတဲ့မေးခွန်းက သိပ်စိတ်ဝင်စားစရာမကောင်းဘူး ခက် တကယ်စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းမျိုး ငါမေးရမလား"
သူ့လေသံမာကျောလာသလို ငါ ဟု စိမ်းသက်စွာသုံးနှုန်းလာ၍ ခက်ပိုပြီးစိတ်တိုမိသည်။
သို့သော် ကို ဘာပြောလာမလဲသိချင်၍ ခက် ဘာမှပြန်မဖြေဘဲစိုက်ကြည့်ရင်း ငြိမ်သက်နေလိုက်သည်။
"မင်း ငါ့ဆီကအချစ်ကိုမျှော်လင့်နေတာလား"
ခက် မေးဖျားလေးမော့သွားသည်ထိ ခပ်တိုးတိုးရယ်လိုက်သည်။
ကို မေးလိုက်တာကိုလှောင်သလို လုပ်ပစ်နေပေမယ့် တကယ်မျှော်လင့်နေမိသော ခက်မှာ ချက်ချင်းပြန်မဖြေနိုင်။
မကြာခင်မှာပဲ နှစ်ယောက်တစ်ဘဝ ထူထောင်ရတော့မည့် ခင်ပွန်းလောင်းဆီက ထွက်လာသည့်မေးခွန်းဟာ ဘယ်လောက်ရက်စက်လိုက်တဲ့မေးခွန်းလဲ…
ခက်ဟာ သူ့ဆီကအချစ်တွေ၊ ဂရုစိုက်မှု၊ ယုယကြင်နာမှုတွေကို မဖြစ်မနေတောင်းခံမှရမှာလား…
"မေးရဲတယ်နော်"
ဟု ခပ်နွဲ့နွဲ့လေးထရပ်ရင်း ခက်ပြန်မေးလိုက်မိတော့ ခက်ကိုစူးစိုက်ကြည့်နေဆဲ ကိုက ဘာမှထပ်မပြော။
မာနကြီးသော နှုတ်ခမ်းပါးတွေက တင်းတင်းစေ့နေဆဲ…
"ကိုက ချစ်ခဲ့ပြီးပြီလို့ပြောချင်လို့လား"
"မင်းသိဖို့မလိုသေးဘူး ငါ့ဆီကအချစ်ကို မျှော်လင့်မထားဘူးဆိုရင် ငါမေ့ထားတဲ့အတိတ်ကို မင်းမသိချင်ပါနဲ့ ထပ်လည်းမတူးဆွပါနဲ့
မင်းသိချင်တယ်ဆိုရင် ငါပြောနိုင်တာတစ်ခုပဲရှိတယ်
ငါတစ်စုံတစ်ယောက်ကို ချစ်နေတယ်ပဲဖြစ်ဖြစ် ချစ်ခဲ့တယ်ပဲဖြစ်ဖြစ် အဲ့ဒါဟာမင်းမဟုတ်သေးဘူး ခက်"
ခက် နာကြည်းခံပြင်းသွားမိသည်။
ယောကျာ်းတိုင်းငေးရသည့် ပန်းခက်ဖြာဝေဟာ သူ့အတွက် ဘာမှမဟုတ်ခဲ့ဘူးလား။
ခက်ရဲ့ဘေးမှာ ခက်ရဲ့ခေါင်းညိတ်ပေးမှုကို စောင့်စားနေကြသည့် ယောကျာ်းတွေထဲမှာ နေမင်းမဟာ ဆိုတဲ့လူမပါမှန်း တိတိကျကျသိလိုက်ရပြီဖြစ်သည်။
သို့သော် ထိုမပါသည့်လူကိုမှ ခက်ဟာ ပိုပြီးလိုချင်မက်မောသွားမိသည်။
သို့သော် ယောကျာ်းတစ်ယောက်ကို အရှုံးမပေးချင်သည့် မာနစိတ်က သူ့ရှေ့မှာဒူးထောက်ဖို့လည်းမဖြစ်နိုင်သလို ခက်ဘက်က သူ့အချစ်ကို မျှော်လင့်နေတာမျိုးလည်းမဖြစ်ချင်။
သူ ခက်ကိုချစ်လာရမည်။
ခက်ဘာပြောပြော ခေါင်းညိတ်ရမည်။
💞💞💞💞💞💞
"သား ပြီးပြီလား"
မေမေ့လေသံက ပြောစရာတစ်ခုခုရှိနေ၍ တားဆီးလိုက်သလိုမို့ ထသွားဖို့ပြင်နေရာမှ သူပြန်ထိုင်လိုက်သည်။
ဒီရက်တွေမှာ သူမကိုလွမ်းနေမိတာကြောင့် ဘယ်သူနဲ့မှစကားမပြောဖြစ်ဘဲ အလုပ်ကိုပဲဖိလုပ်နေပြီး ကိုယ့်စိတ်ကို အကျဥ်းချထားခြင်းဖြစ်သည်။
"သား နေမကောင်းဘူးလား"
"ကောင်းပါတယ် သားနည်းနည်းအလုပ်ရှုပ်နေလို့ stressများနေတာပါ"
မေမေ့မျက်နှာက ဒေါသဖြင့်မှုန်ကုပ်ကုပ်ဖြစ်နေကာ ထိုဒေါသတွေဖြစ်ချင်းဖြစ် တစ်ခွန်းမှမပြောဘဲ သူနေနိုင်သည့်ကိစ္စအတွက် ဂရုဏာဒေါသတွေသာဖြစ်နိုင်သည်။
သူက စကားနားထောင်တတ်သည့် သားလိမ္မာတော့မဟုတ်ပေမယ့် ပြောမရဆိုမရသောကြောင့် မေမေစိတ်ညစ်ခဲ့တာမျိုးတော့ သိပ်မရှိခဲ့။
ဒါကြောင့်လည်းမေမေက သူဒီအသက်အရွယ်အထိ အရိပ်တကြည့်ကြည့်ဖြင့် ကလေးတစ်ယောက်လိုချစ်မဝနိုင်သေးဘဲ နောက်အိမ်ထောင်လည်းမပြု။
"သားအဖေက သားနဲ့အတူ ရှိမပေးနိုင်ပေမယ့် မေမေကတော့ရှိပေးနိုင်တယ် နောက်ထပ်အိမ်ထောင်ရေးကိစ္စတွေ စိတ်မဝင်စားပါဘူး သားရယ်"
ဟု မေမေ ခဏခဏပြောနေကျ။
အဖေနဲ့မေမေလမ်းခွဲခဲ့ပုံက အမုန်းတွေနဲ့မဟုတ်ဘဲတစ်ယောက်ကို တစ်ယောက်ခွင့်လွှတ်ခြင်းတွေနဲ့ဖြစ်ကာ သူ့ဘဝနဲ့သူ၊ ကိုယ့်ဘဝနဲ့ကိုယ်။
မေမေ့ကိုတစ်ယောက်တည်းထားခဲ့ရသလားဟု အဖေ့အပေါ် နာကြည်းခြင်းလည်းမရှိအောင် မေမေကဆုံးမတတ်သေးသည်။
"မေမေ့ဘဝမှာ သားကအရေးအကြီးဆုံးပဲဆိုတာ သိတယ်မလား"
"သိပါတယ်"
"သား ဘာဖြစ်နေလဲ မေမေ့ကိုပြောမပြချင်ဘူးလား သားလုပ်နေတာက ကိုယ့်ကိုယ်ကိုညှင်းဆဲနေသလိုပဲ ခက်သိရင်လည်း ဘယ်စိတ်ကောင်းမလဲ"
မေမေနဲ့ခက် စကားပြောခဲ့ပြီးပြီမှန်း သိလိုက်တော့ သူမေ့ချင်ခဲ့သည့်ကိစ္စကိုပြန်အစဖော်ဦးမှာမို့ သူ စိတ်ပျက်သွားသည်။
အတိတ်ကိုပြန်မပြောချင်သလို သူမအကြောင်းကိုလည်း ထပ်မပြောချင်…
"မေမေတို့က နှစ်ယောက်တစ်ယောက် အတင်းညှပ်ပိတ်ပြီးမေးမလို့လား သားမပြောချင်ဘူး"
"မေးရမယ် ငါ့သား ဒီကိစ္စမျိုးက မင်းပြောသလောက် မှေးမှိန်ကျန်ခဲ့မယ့်ကိစ္စမျိုး မဟုတ်ခဲ့ရင်"
"အဲ့လိုမဖြစ်ပါဘူး"
မပွင့်တပွင့်ပြောရင်း သူခေါင်းခါပစ်လိုက်ပြီး မျက်ခုံးတွေတွန့်ကုပ်ရင်း သူမမျက်နှာလေးကိုပြန်မြင်လာ၍ စက္ကန့်များစွာငြိမ်ကျသွားသည်။
ထိုအချိန်က လက်လွှတ်မယ့် စကားမျိုးမဟုတ်ပါစေနဲ့ ဟု သူ ကြိတ်ဆုတောင်းမိပေမယ့် သူမက ထိုသို့မဟုတ်။
"ကျွန်မတို့ရွေးချယ်ခဲ့၊ ကျေနပ်ခဲ့ကြတာမှန်ပေမယ့် ကျွန်မဘဝကိုထားခဲ့ပြီး ရှင့်နောက်ကိုမလိုက်နိုင်ဘူး ဦးနေမင်းမဟာ ကျွန်မကိုချုပ်ကိုင်ဖို့မကြိုးစားပါနဲ့"
"မင်းလည်း မင်းလမ်းမင်းလျှောက် ကိုယ်လည်းကိုယ့်နေရာနဲ့ကိုယ် ဆက်ရှိနေရုံပဲ မင်းကို ကိုယ့်မိန်းကလေးဖြစ်လာဖို့မျှော်လင့်ခဲ့မိတာ ကိုယ်မှားခဲ့တာ"
သူ ပြောဆိုအော်ငေါက်ခဲ့တုန်းက ဒေါသတကြီးဖြစ်ပေမယ့် တကယ်တမ်းကျ နေပူထဲပစ်ထားခံရသည့် ရေခဲတုံးလို တမြေ့မြေ့အရည်ပျော်နေခဲ့သည်။
သူ မြတ်နိုးခဲ့ရသည့်၊ သူချစ်ခဲ့ရသည့် နှုတ်ခမ်းလေးတွေကပဲ သူ့မျှော်လင့်ချက်တွေကို ခြေမွဖျက်စီးပစ်ခဲ့ကာ ရက်စက်ရက်သည့်သူမကို စိတ်နာချင်ပေမယ့် မနာနိုင်။
"မေမေ သားကိုအဲ့လောက်စိတ်မပူပါနဲ့ သားကိုယ်သားဒုက္ခရောက်မခံပါဘူး အနာရွတ်တစ်ခုကိုမြင်နေရရင် ဒီအနာရွတ်ဘာကြောင့်ရခဲ့လဲ ပြန်တွေးမိရုံ သပ်သပ်ပါပဲ"
"သားရယ် သားမှာ ချစ်သူရှိခဲ့တယ်ဆိုလည်း"
"ပြီးခဲ့ပါပြီ"
သား ပါးစပ်ကထွက်လာမှ ဒေါ်ဆွေမင်း အံ့သြသွားပေမယ့် မသိသလိုနေလိုက်သည်။
ဒီရက်ပိုင်းထဲ သားကို တွေ့လိုက်သည့်အချိန်တိုင်း ဟုတ်တယ်ဆို အင်းဟု ခေါင်းညိတ်၊ မဟုတ်ဘူးဆို ဟင့်အင်းဟုခေါင်းခါပြီး ဒီ့ထက်မပိုသော အေးစက်သည့်လှုပ်ရှားမှုတွေဖြင့်...
ညဘက်ဆို အိပ်ယာဝင်နောက်ကျတတ်သည့်သားကို အိပ်ပြီလားဟု တိတ်တဆိတ်သွားကြည့်မိတိုင်းလည်း
သားက တိတ်ဆိတ်ငြိမ်သက်နေတတ်သည်။
အိပ်ယာပေါ်လှဲနေပေမယ့် တဖျတ်ဖျတ်လှုပ်နေတတ်သည့်မျက်တောင်ဖျားတွေက အိပ်နေတာမဟုတ်မှန်း သိသာသည်။
သားရဲ့စိတ်ဒဏ်ရာဟာ ဘယ်လောက်ထိနက်ရှိုင်းလဲမသိပေမယ့် ဒါကို ကြိတ်မှိတ်နာကျင်နေမှန်း နားလည်ခဲ့သည်။
ထို့ကြောင့် အနီးစပ်ဆုံးတွေးလိုက်မိသည်က အမေစိတ်ချမ်းသာဖို့ ခက်ကိုလက်ခံခဲ့ပြီးမှ တစ်ယောက်တည်း ကြိတ်ခံစားနေသည်ဟု…
"သားရယ် သားအခုဖြစ်နေတာက ခက်နဲ့လက်ထပ်လိုက်ရုံနဲ့ပြီးသွားမှာလား အိမ်ထောင်သည် တစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ့်ဇနီးမယားကိုကြင်နာရမှာပဲ အဲ့ဒီအချိန်ထိ မင်း ဟိုမိန်းကလေးကိုမမေ့သေးရင်.."
"လက်ထပ်ဖို့အတွက်အချိန်ယူထားတာပဲ မေမေရယ် ဒီကြားထဲမှာ အဲ့ဒီအတိတ်ကိုမေ့ပစ်မှာပါ ပြီးတော့ ဒီအကြောင်းတွေကြောင့် သား အိမ်ထောင်ရေးကိုအထိခိုက်မခံပါဘူး အခုတော့နေတတ်သလို နေပါရစေ သားကိုလွှတ်ထားပေးပါ"
"သား အဲ့လိုလုပ်နေတာက အိပ်ယာကမထသေးဘဲ ရုံးကိုရောက်ချင်ပါပြီလို့ ညည်းနေတာနဲ့မတူဘူးလား"
မေမေပြောတာမှန်နေတာပဲမို့ ဘာမှထပ်မပြောနိုင်ဘဲ ခက်နဲ့လက်မထပ်ခင်အကြား သူမကို ပြင်းပြစွာလွမ်းဆွတ်နေမိသည့်အဖြစ်က ဖုံးဖိမရအောင်ကြီးစိုးနေခဲ့သည်။
ခက် အနေနဲ့လည်း လက်မခံဘူးဟုအပြတ်အသတ်ကြေညာသွားပေမယ့်....
"ခက်က ဘာပြောလဲ သား"
"သူလက်မခံဘူးလို့ပြောတယ်"
"ဒါကတော့ သားရယ် မကြာခင်လက်ထပ်ကြတော့မယ့်သူတွေပဲ သူ့ဘက်မှာ ဒီလိုမာနတွေလည်းရှိမှာပေါ့ သား ခုလိုမပြတ်မသားလုပ်နေတာကို ခက်က ရက်စက်တယ်လို့ထင်နေမှာပဲ"
"သားအခု မေ့ဖို့ကြိုးစားနေတာပါ ဒါမှခက်နဲ့လက်ထပ်တဲ့အချိန်ကျရင် အဆင်ပြေနိုင်မှာ အခုလောလောဆယ် ခက်အတွက်ရက်စက်သလိုဖြစ်နေပေမယ့် ခက်အတွက်ပါ"
ခက်အတွက်ပါ ဆိုပေမယ့် သူမကိုဘယ်လိုမေ့နိုင်မှာတဲ့လဲ။
သူ့ရဲ့အိမ်မက်၊ သူမြတ်နိုးရတဲ့အရုပ်ကလေး။
ပြီးတော့ သူ့အနာဂတ်။
သူ အမက်မောခဲ့ရဆုံးသောသတို့သမီးလောင်းလေး…
💞💞💞💞💞💞
Part 4 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~
💞 Part - 3 💞
~~~~~~~~~~~~~~
"ေနမင္းမဟာ့ကိုၾကၫ့္ရတာ တစ္ခုခုလဲြေနသလိုပဲလို႔ နင္မထင္ဘူးလား ခက္"
ပိုပို႔စကားေၾကာင့္ ခက္ ေခတၲေတာ့ၿငိမ္သြားၿပီးတျခားဘာမ်ားဆက္ေျပာဦးမလဲဟု ခဏေစာင့္မိသည္။
ပိုပိုက ခက္ကိုအကဲခတ္သလိုၾကၫ့္ေနၿပီး ဘာမွဆက္မေျပာ၍ တကယ္လည္း ကို တစ္ခုခုလဲြေနမွန္းသိေသာ ခက္သည္ ႏႈတ္ဆိတ္မေနႏိုင္။
"နင္ေတာင္သတိထားမိတယ္လား ပိုပို"
"ေအးေလ အသိသာႀကီး"
အသိသာႀကီးဆိုေပမယ့္ ကိုက အိႁႏၵေပ်က္ရေလာက္တဲ့အထိ မိႈင္ေတြေနတာမ်ိဳးမဟုတ္။
တစ္ခါတစ္ေလ အေၾကာင္းမဲ့ ေဆြးသြားတာမ်ိဳးရိွတတ္ကာ ဘာေၾကာင့္လဲဟု ခက္ေတာင္ ေရေရရာရာမသိ။
ေနမင္းမဟာအေၾကာင္းကလည္း ခက္ စိတ္ဝင္စားရေလာက္သည္အထိ မယ္မယ္ရရမရိွခဲ့သလို ၾကားဖူးထားသည့္သတင္းေတြကလည္း ေကာင္းျခင္းေတြခ်ည္းသာ…
"တစ္ေယာက္ေယာက္နဲ႔ၿငိခဲ့ဖူးလို႔လား"
"အဲ့လိုေတာ့ ငါမၾကားမိဘူးရယ္ နင့္ကိုလည္းမေျပာျပဘူးလား"
ပိုပိုေမးလာေတာ့ ခက္ တစ္ခ်က္ေတြေဝသြားၿပီးေခါင္းခါျပလိုက္သည္။
သူဘာပဲျဖစ္ေနေန ခက္ကို ဝင္မပါဖို႔ သူေျပာထားၿပီးၿပီျဖစ္ကာ မိန္းမအရႈပ္အရွင္းကင္းခဲ့ေသာ ကိုက လက္ထပ္ခါနီးမွ ဘာျဖစ္ေနသလဲ ခက္လည္းနားမလည္...
ၿပီးေတာ့ ခက္တို႔လက္ထပ္ဖို႔ကိစၥက သူ စီးပြားေရးေလာကထဲ စတင္ဝင္ေရာက္သၫ့္ အရင္ကတည္းကရိွခဲ့တာ...
"တကယ္ဆို နင့္ကိုေတာ့ေျပာျပသင့္ပါတယ္"
"ေလာေလာဆယ္ သူအဆင္သင့္မျဖစ္ေသးလို႔ပါ တဲ့ အခ်ိန္တန္ရင္သိရမွာဆိုေပမယ့္.."
"သိခ်င္တယ္မလား"
ခက္ ေခါင္းညိတ္ျပေတာ့ ပိုပိုကလည္း ခက္ကိုေထာက္ခံသလို ေခါင္းညိတ္ျပသည္။
"နင္စံုစမ္းၾကၫ့္မလား"
"ဒါေပမယ့္ဟာ သတင္းတစ္ခုၾကားရတယ္ဆိုရင္ေတာင္ လိုတာပိုတာေတြပါႏိုင္တယ္ အမ်ားရဲ့စကားတစ္ခြန္းမွာ နစ္ေျမာသြားတာမ်ိဳးလည္း ငါမျဖစ္ခ်င္ဘူး ပိုပို"
"အဲ့ဒါလည္း ဟုတ္ပါတယ္ အဲ့ဒါဆိုလည္းထားလိုက္တာေပါ့ သိပ္သံသယေတြထားမေနနဲ႔"
ပိုပိုက အလြယ္တကူစကားျဖတ္သြားေပမယ့္ ပိုပိုနဲ႔ေတြ့ၿပီး အိမ္ျပန္လာသည္အထိ ခက္စိတ္ေတြ ေထျြပားေနခဲ့သည္။
ကို ျဖစ္ေနတာကလည္းအသည္းကဲြေနတဲ့လူလိုလို၊ ဘာလိုလိုမို႔ ကို႔မွာ မိန္းကေလးတစ္ေယာက္ရိွခဲ့သလား၊
ဒါေၾကာင့္ပဲ ကို႔ကို ခက္က မလႊမ္းမိုးႏိုင္တာလား...
သိခ်င္စိတ္ေတျြပင္းျပလာခဲ့၍ ခက္ ကို႔ရံုးခန္းကိုလွၫ့္ဝင္လာေတာ့ ကို႔ရံုးကလူေတြက ကိုနဲ႔လက္ထပ္မၫ့္သူမွန္း ခက္ကိုသိၾကသည္။
ကို႔ရဲ့ရံုးခန္း ဘယ္ေနရာမွာရိွသလဲဆိုတာကိုလည္း ခက္သိေနတာမို႔ တားမၫ့္သူလည္းမရိွဘဲ ရံုးခန္းေရ႔ွအထိေရာက္လာခဲ့သည္။
သို႔ေသာ္ ကို႔ရံုးခန္းေရ႔ွေရာက္မွ PAေကာင္ေလးက တားလိုက္ကာ...
"မပန္းခက္ျဖာေဝ ဆရာနဲ႔ေတြ့ဖို႔လား"
"ဟုတ္တယ္"
"ကၽြန္ေတာ္အေၾကာင္းၾကားေပးပါ့မယ္ ခဏေစာင့္ပါ"
တစ္လမ္းလံုးဘယ္သူကမွမတားဆီးပါဘဲ ဒီေကာင္ေလးကပဲ တားဆီးေနတာမို႔ ခက္ စိတ္ရႈပ္သြားသလို ကၽြတ္ခနဲ စုပ္သတ္လိုက္မိသည္။
သို႔ေပမယ့္ ဒါဟာျဖစ္သင့္တာပဲမို႔ ခဏရပ္ေစာင့္လိုက္ေတာ့ အေၾကာင္းၾကားၿပီးသၫ့္PAက ကိုယ္တိုင္တံခါးဖြင့္ေပးသည္။
"ဘယ္ကလွၫ့္လာတာလဲ ခက္ ထိုင္ေလ"
"အျပင္ထြက္လာရင္း ကို႔ဆီခဏဝင္လာတာ ခက္ေျပာစရာလည္းရိွလို႔"
"အေရးႀကီးလို႔လား"
"ခက္အတြက္က ႀကီးတယ္"
ခက္ကိုအေရးတယူမဆက္ဆံသလို ခက္ေရာက္လာျခင္းအေပၚ အေရးမႀကီးသလိုေျပာေနေသာ ကို႔ေၾကာင့္ ခက္ ခံျပင္းသြားမိသည္။
ထို႔ေၾကာင့္ အသံနည္းနည္းမာသြားေတာ့ ကိုကဖ်တ္ခနဲေမာ့လာၿပီး ကြန္ပ်ူတာေပၚကေန လက္ဖယ္လိုက္ကာ...
"ေဆာရီး ကိုယ္ကအလုပ္ခ်ိန္မွာ personalကိစၥမေဆြးေနႊးခ်င္လို႔ပါ"
"ဒါဆို ခက္ ျပန္ရမလား"
"အခုတစ္ခါေတာ့ ထားလိုက္ပါ ေျပာပါ မင္းဘာေျပာခ်င္လို႔လဲ"
ခက္သည္ ကို႔စားပဲြေရ႔ွထိုင္ခံုမွာ ထိုင္ခ်လိုက္ၿပီး ကို႔ကို ေသခ်ာစိုက္ၾကၫ့္မိသည္။
တစ္ေန့ကပဲ ခက္ကိုဝင္မပါဖို႔ ေျပာထားၿပီးသားမို႔ ခက္ သိခ်င္ေနတာကို သူေျပာပါ့မလားမသိ။
"ဘယ္လိုေမးလာရင္ ဘယ္လိုေျဖမယ္ဆိုတဲ့အေတြးေတာ့ ကို႔ဆီမွာရိွေနေလာက္တယ္ ကို႔ရဲ့အတိတ္ဆိုတာကို ခက္ သိခ်င္တယ္"
ကို႔မ်က္လံုးေတြ ပိုၿပီးစူးရွသြားသလို တံေတာင္ႏွစ္ဖက္ကိုေထာက္ၿပီး မ်က္မွန္ကို ျဖည္းျဖည္းခ်င္းဆဲြခၽြတ္သည္။
ထို႔ေနာက္ စားပဲြေပၚအသံမျမည္ေအာင္ခ်ၿပီး ခက္ကိုေက်ာေပးကာ မွန္ျပတင္းဘက္ကိုလွၫ့္သြားသည္။
"ကိုယ္တို႔ အဲ့ဒီကိစၥေဆြးေနႊးၿပီးၿပီမလား မင္းလည္းလက္ခံေပးခဲ့တာပဲ"
"ဒါေပမယ့္ ျပန္ေတြးၾကၫ့္မိေတာ့ ခက္ လက္မခံႏိုင္ဘူး ကို.. သေဘာထားႀကီးက်ယ္ျမင့္ျမတ္တဲ့ မိန္းမဆိုတာ ဘယ္လိုလဲေတာ့မသိေပမယ့္ အဲ့ထဲမွာေတာ့ ခက္မပါႏိုင္ဘူး"
"မင္းနဲ႔ ဒီစကားေတြနဲ႔သိပ္မလိုက္ဖက္ေသးဘူး ကိုယ္က ေပြရႈပ္ေနတဲ့လူလည္းမဟုတ္သလို မင္းနဲ႔လည္း လက္မထပ္ရေသးဘူးမလား"
"ဟုတ္ပါတယ္ ဒါေပမယ့္ တျခားတစ္ေယာက္ကိုလြမ္းေနတဲ့ပံုစံမ်ိဳးနဲ႔ ခက္ကိုေဘးဖယ္ေနဖို႔လည္း ကို မေျပာသင့္ဘူး တကယ္ဆို ကို႔မွာတျခားသူရိွေနရင္လည္း လက္ထပ္ပဲြကိုျငင္းလို႔ရတယ္မလား"
"ကိုယ့္အတိတ္က ကိုယ့္အမွားတစ္ခုပဲ ျပင္ဆင္လို႔မရေတာ့တဲ့အမွားတစ္ခုမို႔ ေနပါေစေတာ့ဆ္ုတဲ့စိတ္နဲ႔ မင္းကိုလက္ခံထားတဲ့အတိုင္း ငါေနခဲ့တာေပါ့ ဒါကိုမင္း.."
"ကို႔မွာခ်စ္သူရိွခဲ့တာလား ကို တျခားတစ္ေယာက္ကိုခ်စ္ခဲ့တာလား"
ခက္တၫ့္တၫ့္ပဲေမးလိုက္သၫ့္အခါ ဖ်တ္ခနဲလွၫ့္လာသၫ့္ကို႔အၾကၫ့္ေတြက စူးစူးရဲရဲ..
ႏႈတ္ခမ္းေတြတင္းတင္းေစ့ၿပီးၾကည့္ေနပံုက သူျပန္သတိမရခ်င္သၫ့္ အမွန္တရားတစ္ခုကို ခက္က ထုတ္ေျပာမိသလိုမ်ိဳး။
"မင္းေမးတဲ့ေမးခြန္းက သိပ္စိတ္ဝင္စားစရာမေကာင္းဘူး ခက္ တကယ္စိတ္ဝင္စားစရာေကာင္းတဲ့ ေမးခြန္းမ်ိဳး ငါေမးရမလား"
သူ႔ေလသံမာေက်ာလာသလို ငါ ဟု စိမ္းသက္စြာသံုးႏႈန္းလာ၍ ခက္ပိုၿပီးစိတ္တိုမိသည္။
သို႔ေသာ္ ကို ဘာေျပာလာမလဲသိခ်င္၍ ခက္ ဘာမျွပန္မေျဖဘဲစိုက္ၾကၫ့္ရင္း ၿငိမ္သက္ေနလိုက္သည္။
"မင္း ငါ့ဆီကအခ်စ္ကိုေမ်ွာ္လင့္ေနတာလား"
ခက္ ေမးဖ်ားေလးေမာ့သြားသည္ထိ ခပ္တိုးတိုးရယ္လိုက္သည္။
ကို ေမးလိုက္တာကိုေလွာင္သလို လုပ္ပစ္ေနေပမယ့္ တကယ္ေမ်ွာ္လင့္ေနမိေသာ ခက္မွာ ခ်က္ခ်င္းျပန္မေျဖႏိုင္။
မၾကာခင္မွာပဲ ႏွစ္ေယာက္တစ္ဘဝ ထူေထာင္ရေတာ့မၫ့္ ခင္ပြန္းေလာင္းဆီက ထြက္လာသၫ့္ေမးခြန္းဟာ ဘယ္ေလာက္ရက္စက္လိုက္တဲ့ေမးခြန္းလဲ…
ခက္ဟာ သူ႔ဆီကအခ်စ္ေတြ၊ ဂရုစိုက္မႈ၊ ယုယၾကင္နာမႈေတြကို မျဖစ္မေနေတာင္းခံမွရမွာလား…
"ေမးရဲတယ္ေနာ္"
ဟု ခပ္ႏဲြ႔ႏဲြ့ေလးထရပ္ရင္း ခက္ျပန္ေမးလိုက္မိေတာ့ ခက္ကိုစူးစိုက္ၾကၫ့္ေနဆဲ ကိုက ဘာမွထပ္မေျပာ။
မာနႀကီးေသာ ႏႈတ္ခမ္းပါးေတြက တင္းတင္းေစ့ေနဆဲ…
"ကိုက ခ်စ္ခဲ့ၿပီးၿပီလို႔ေျပာခ်င္လို႔လား"
"မင္းသိဖို႔မလိုေသးဘူး ငါ့ဆီကအခ်စ္ကို ေမ်ွာ္လင့္မထားဘူးဆိုရင္ ငါေမ့ထားတဲ့အတိတ္ကို မင္းမသိခ်င္ပါနဲ႔ ထပ္လည္းမတူးဆြပါနဲ႔
မင္းသိခ်င္တယ္ဆိုရင္ ငါေျပာႏိုင္တာတစ္ခုပဲရိွတယ္
ငါတစ္စံုတစ္ေယာက္ကို ခ်စ္ေနတယ္ပဲျဖစ္ျဖစ္ ခ်စ္ခဲ့တယ္ပဲျဖစ္ျဖစ္ အဲ့ဒါဟာမင္းမဟုတ္ေသးဘူး ခက္"
ခက္ နာၾကည္းခံျပင္းသြားမိသည္။
ေယာက်ာ္းတိုင္းေငးရသၫ့္ ပန္းခက္ျဖာေဝဟာ သူ႔အတြက္ ဘာမွမဟုတ္ခဲ့ဘူးလား။
ခက္ရဲ့ေဘးမွာ ခက္ရဲ့ေခါင္းညိတ္ေပးမႈကို ေစာင့္စားေနၾကသၫ့္ ေယာက်ာ္းေတြထဲမွာ ေနမင္းမဟာ ဆိုတဲ့လူမပါမွန္း တိတိက်က်သိလိုက္ရၿပီျဖစ္သည္။
သို႔ေသာ္ ထိုမပါသၫ့္လူကိုမွ ခက္ဟာ ပိုၿပီးလိုခ်င္မက္ေမာသြားမိသည္။
သို႔ေသာ္ ေယာက်ာ္းတစ္ေယာက္ကို အရႈံးမေပးခ်င္သၫ့္ မာနစိတ္က သူ႔ေရ႔ွမွာဒူးေထာက္ဖို႔လည္းမျဖစ္ႏိုင္သလို ခက္ဘက္က သူ႔အခ်စ္ကို ေမ်ွာ္လင့္ေနတာမ်ိဳးလည္းမျဖစ္ခ်င္။
သူ ခက္ကိုခ်စ္လာရမည္။
ခက္ဘာေျပာေျပာ ေခါင္းညိတ္ရမည္။
💞💞💞💞💞💞
"သား ၿပီးၿပီလား"
ေမေမ့ေလသံက ေျပာစရာတစ္ခုခုရိွေန၍ တားဆီးလိုက္သလိုမို႔ ထသြားဖို႔ျပင္ေနရာမွ သူျပန္ထိုင္လိုက္သည္။
ဒီရက္ေတြမွာ သူမကိုလြမ္းေနမိတာေၾကာင့္ ဘယ္သူနဲ႔မွစကားမေျပာျဖစ္ဘဲ အလုပ္ကိုပဲဖိလုပ္ေနၿပီး ကိုယ့္စိတ္ကို အက်ဥ္းခ်ထားျခင္းျဖစ္သည္။
"သား ေနမေကာင္းဘူးလား"
"ေကာင္းပါတယ္ သားနည္းနည္းအလုပ္ရႈပ္ေနလို႔ stressမ်ားေနတာပါ"
ေမေမ့မ်က္ႏွာက ေဒါသျဖင့္မႈန္ကုပ္ကုပ္ျဖစ္ေနကာ ထိုေဒါသေတျြဖစ္ခ်င္းျဖစ္ တစ္ခြန္းမွမေျပာဘဲ သူေနႏိုင္သၫ့္ကိစၥအတြက္ ဂရုဏာေဒါသေတြသာျဖစ္ႏိုင္သည္။
သူက စကားနားေထာင္တတ္သၫ့္ သားလိမၼာေတာ့မဟုတ္ေပမယ့္ ေျပာမရဆိုမရေသာေၾကာင့္ ေမေမစိတ္ညစ္ခဲ့တာမ်ိဳးေတာ့ သိပ္မရိွခဲ့။
ဒါေၾကာင့္လည္းေမေမက သူဒီအသက္အရြယ္အထိ အရိပ္တၾကၫ့္ၾကၫ့္ျဖင့္ ကေလးတစ္ေယာက္လိုခ်စ္မဝႏိုင္ေသးဘဲ ေနာက္အိမ္ေထာင္လည္းမျပဳ။
"သားအေဖက သားနဲ႔အတူ ရိွမေပးႏိုင္ေပမယ့္ ေမေမကေတာ့ရိွေပးႏိုင္တယ္ ေနာက္ထပ္အိမ္ေထာင္ေရးကိစၥေတြ စိတ္မဝင္စားပါဘူး သားရယ္"
ဟု ေမေမ ခဏခဏေျပာေနက်။
အေဖနဲ႔ေမေမလမ္းခဲြခဲ့ပံုက အမုန္းေတြနဲ႔မဟုတ္ဘဲတစ္ေယာက္ကို တစ္ေယာက္ခြင့္လႊတ္ျခင္းေတြနဲ႔ျဖစ္ကာ သူ႔ဘဝနဲ႔သူ၊ ကိုယ့္ဘဝနဲ႔ကိုယ္။
ေမေမ့ကိုတစ္ေယာက္တည္းထားခဲ့ရသလားဟု အေဖ့အေပၚ နာၾကည္းျခင္းလည္းမရိွေအာင္ ေမေမကဆံုးမတတ္ေသးသည္။
"ေမေမ့ဘဝမွာ သားကအေရးအႀကီးဆံုးပဲဆိုတာ သိတယ္မလား"
"သိပါတယ္"
"သား ဘာျဖစ္ေနလဲ ေမေမ့ကိုေျပာမျပခ်င္ဘူးလား သားလုပ္ေနတာက ကိုယ့္ကိုယ္ကိုၫွင္းဆဲေနသလိုပဲ ခက္သိရင္လည္း ဘယ္စိတ္ေကာင္းမလဲ"
ေမေမနဲ႔ခက္ စကားေျပာခဲ့ၿပီးၿပီမွန္း သိလိုက္ေတာ့ သူေမ့ခ်င္ခဲ့သၫ့္ကိစၥကိုျပန္အစေဖာ္ဦးမွာမို႔ သူ စိတ္ပ်က္သြားသည္။
အတိတ္ကိုျပန္မေျပာခ်င္သလို သူမအေၾကာင္းကိုလည္း ထပ္မေျပာခ်င္…
"ေမေမတို႔က ႏွစ္ေယာက္တစ္ေယာက္ အတင္းၫွပ္ပိတ္ၿပီးေမးမလို႔လား သားမေျပာခ်င္ဘူး"
"ေမးရမယ္ ငါ့သား ဒီကိစၥမ်ိဳးက မင္းေျပာသေလာက္ ေမွးမိွန္က်န္ခဲ့မယ့္ကိစၥမ်ိဳး မဟုတ္ခဲ့ရင္"
"အဲ့လိုမျဖစ္ပါဘူး"
မပြင့္တပြင့္ေျပာရင္း သူေခါင္းခါပစ္လိုက္ၿပီး မ်က္ခံုးေတြတြန႔္ကုပ္ရင္း သူမမ်က္ႏွာေလးကိုျပန္ျမင္လာ၍ စကၠန႔္မ်ားစြာၿငိမ္က်သြားသည္။
ထိုအခ်ိန္က လက္လႊတ္မယ့္ စကားမ်ိဳးမဟုတ္ပါေစနဲ႔ ဟု သူ ႀကိတ္ဆုေတာင္းမိေပမယ့္ သူမက ထိုသို႔မဟုတ္။
"ကၽြန္မတို႔ေရြးခ်ယ္ခဲ့၊ ေက်နပ္ခဲ့ၾကတာမွန္ေပမယ့္ ကၽြန္မဘဝကိုထားခဲ့ၿပီး ရွင့္ေနာက္ကိုမလိုက္ႏိုင္ဘူး ဦးေနမင္းမဟာ ကၽြန္မကိုခ်ဳပ္ကိုင္ဖို႔မႀကိဳးစားပါနဲ႔"
"မင္းလည္း မင္းလမ္းမင္းေလ်ွာက္ ကိုယ္လည္းကိုယ့္ေနရာနဲ႔ကိုယ္ ဆက္ရိွေနရံုပဲ မင္းကို ကိုယ့္မိန္းကေလးျဖစ္လာဖို႔ေမ်ွာ္လင့္ခဲ့မိတာ ကိုယ္မွားခဲ့တာ"
သူ ေျပာဆိုေအာ္ေငါက္ခဲ့တုန္းက ေဒါသတႀကီးျဖစ္ေပမယ့္ တကယ္တမ္းက် ေနပူထဲပစ္ထားခံရသၫ့္ ေရခဲတံုးလို တေႁမ့ေႁမ့အရည္ေပ်ာ္ေနခဲ့သည္။
သူ ျမတ္ႏိုးခဲ့ရသၫ့္၊ သူခ်စ္ခဲ့ရသၫ့္ ႏႈတ္ခမ္းေလးေတြကပဲ သူ႔ေမ်ွာ္လင့္ခ်က္ေတြကို ေျခမြဖ်က္စီးပစ္ခဲ့ကာ ရက္စက္ရက္သၫ့္သူမကို စိတ္နာခ်င္ေပမယ့္ မနာႏိုင္။
"ေမေမ သားကိုအဲ့ေလာက္စိတ္မပူပါနဲ႔ သားကိုယ္သားဒုကၡေရာက္မခံပါဘူး အနာရြတ္တစ္ခုကိုျမင္ေနရရင္ ဒီအနာရြတ္ဘာေၾကာင့္ရခဲ့လဲ ျပန္ေတြးမိရံု သပ္သပ္ပါပဲ"
"သားရယ္ သားမွာ ခ်စ္သူရိွခဲ့တယ္ဆိုလည္း"
"ၿပီးခဲ့ပါၿပီ"
သား ပါးစပ္ကထြက္လာမွ ေဒၚေဆြမင္း အံ့ၾသသြားေပမယ့္ မသိသလိုေနလိုက္သည္။
ဒီရက္ပိုင္းထဲ သားကို ေတြ့လိုက္သၫ့္အခ်ိန္တိုင္း ဟုတ္တယ္ဆို အင္းဟု ေခါင္းညိတ္၊ မဟုတ္ဘူးဆို ဟင့္အင္းဟုေခါင္းခါၿပီး ဒီ့ထက္မပိုေသာ ေအးစက္သၫ့္လႈပ္ရွားမႈေတျြဖင့္...
ညဘက္ဆို အိပ္ယာဝင္ေနာက္က်တတ္သၫ့္သားကို အိပ္ၿပီလားဟု တိတ္တဆိတ္သြားၾကၫ့္မိတိုင္းလည္း
သားက တိတ္ဆိတ္ၿငိမ္သက္ေနတတ္သည္။
အိပ္ယာေပၚလွဲေနေပမယ့္ တဖ်တ္ဖ်တ္လႈပ္ေနတတ္သၫ့္မ်က္ေတာင္ဖ်ားေတြက အိပ္ေနတာမဟုတ္မွန္း သိသာသည္။
သားရဲ့စိတ္ဒဏ္ရာဟာ ဘယ္ေလာက္ထိနက္ရိႈင္းလဲမသိေပမယ့္ ဒါကို ႀကိတ္မိွတ္နာက်င္ေနမွန္း နားလည္ခဲ့သည္။
ထို႔ေၾကာင့္ အနီးစပ္ဆံုးေတြးလိုက္မိသည္က အေမစိတ္ခ်မ္းသာဖို႔ ခက္ကိုလက္ခံခဲ့ၿပီးမွ တစ္ေယာက္တည္း ႀကိတ္ခံစားေနသည္ဟု…
"သားရယ္ သားအခုျဖစ္ေနတာက ခက္နဲ႔လက္ထပ္လိုက္ရံုနဲ႔ၿပီးသြားမွာလား အိမ္ေထာင္သည္ တစ္ေယာက္ျဖစ္လာၿပီဆိုရင္ ကိုယ့္ဇနီးမယားကိုၾကင္နာရမွာပဲ အဲ့ဒီအခ်ိန္ထိ မင္း ဟိုမိန္းကေလးကိုမေမ့ေသးရင္.."
"လက္ထပ္ဖို႔အတြက္အခ်ိန္ယူထားတာပဲ ေမေမရယ္ ဒီၾကားထဲမွာ အဲ့ဒီအတိတ္ကိုေမ့ပစ္မွာပါ ၿပီးေတာ့ ဒီအေၾကာင္းေတြေၾကာင့္ သား အိမ္ေထာင္ေရးကိုအထိခိုက္မခံပါဘူး အခုေတာ့ေနတတ္သလို ေနပါရေစ သားကိုလႊတ္ထားေပးပါ"
"သား အဲ့လိုလုပ္ေနတာက အိပ္ယာကမထေသးဘဲ ရံုးကိုေရာက္ခ်င္ပါၿပီလို႔ ညည္းေနတာနဲ႔မတူဘူးလား"
ေမေမေျပာတာမွန္ေနတာပဲမို႔ ဘာမွထပ္မေျပာႏိုင္ဘဲ ခက္နဲ႔လက္မထပ္ခင္အၾကား သူမကို ျပင္းျပစြာလြမ္းဆြတ္ေနမိသၫ့္အျဖစ္က ဖံုးဖိမရေအာင္ႀကီးစိုးေနခဲ့သည္။
ခက္ အေနနဲ႔လည္း လက္မခံဘူးဟုအျပတ္အသတ္ေၾကညာသြားေပမယ့္....
"ခက္က ဘာေျပာလဲ သား"
"သူလက္မခံဘူးလို႔ေျပာတယ္"
"ဒါကေတာ့ သားရယ္ မၾကာခင္လက္ထပ္ၾကေတာ့မယ့္သူေတြပဲ သူ႔ဘက္မွာ ဒီလိုမာနေတြလည္းရိွမွာေပါ့ သား ခုလိုမျပတ္မသားလုပ္ေနတာကို ခက္က ရက္စက္တယ္လို႔ထင္ေနမွာပဲ"
"သားအခု ေမ့ဖို႔ႀကိဳးစားေနတာပါ ဒါမွခက္နဲ႔လက္ထပ္တဲ့အခ်ိန္က်ရင္ အဆင္ေျပႏိုင္မွာ အခုေလာေလာဆယ္ ခက္အတြက္ရက္စက္သလိုျဖစ္ေနေပမယ့္ ခက္အတြက္ပါ"
ခက္အတြက္ပါ ဆိုေပမယ့္ သူမကိုဘယ္လိုေမ့ႏိုင္မွာတဲ့လဲ။
သူ႔ရဲ့အိမ္မက္၊ သူျမတ္ႏိုးရတဲ့အရုပ္ကေလး။
ၿပီးေတာ့ သူ႔အနာဂတ္။
သူ အမက္ေမာခဲ့ရဆံုးေသာသတို႔သမီးေလာင္းေလး…
💞💞💞💞💞💞
Part 4 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997