မောင့်ရဲ့နှိုင်း (သို့မဟုတ်)န...

By Minus-Zero

710K 26.9K 494

"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး" More

မောင့်ရဲ့နှိုင်း(သို့မဟုတ်)နှိုင်းတုမမှီ
1
1(Zawgyi)
2
2(Zawgyi)
3
3(Zawgyi)
4
4(Zawgyi)
To My A Little Readers ❤️
5
5(Zawgyi)
6
6(Zawgyi)
7
7(Zawgyi)
8
8(Zawgyi)
9
9(Zawgyi)
10
10(Zawgyi)
11
11(Zawgyi)
12
12(Zawgyi)
13
13(Zawgyi)
14
14(Zawgyi )
15
15(Zawgyi)
16
16(Zawgyi)
17
17(Zawgyi )
18
18(Zawgyi)
19
19(Zawgyi)
20
20(Zawgyi)
21
21(Zawgyi)
22
22(Zawgyi)
23
23(Zawgyi)
24
24(Zawgyi)
25
25(Zawgyi)
26( Part-1)
26(Part -2)
27
26 Part-1(Zawgyi)
26 Part -2 (Zawgyi)
27 (Zawgyi)
28
28(Zawgyi )
29
29(Zawgyi)
30
30(Zawgyi )
31
31(Zawgyi )
31 (Part-2)
31 Part-2(Zawgyi )
32
32 (Zawgyi )
32 (Part 2)
32 Part2 ( Zawgyi )
33
33(Zawgyi)
33(Part_2)
33 Part-2 (Zawgyi)
34
34(Zawgyi )
34(Part 2)
34 Part -2(Zawgyi )
35(Zawgyi )
36
36(Zawgyi )
37
37(Zawgyi )
FINAL PART
FINAL PART (Zawgyi )
Physical Book 📖
Book Details ✨

35

8.2K 300 2
By Minus-Zero

မိုးရေ တတ်ရေ တဖွေးဖွေး ..
ကွင်းကျယ် အဝေးဝေး .. ။
လယ်စောင့်တဲလေး ခြေတံရှည် ..
မိုးကုတ်အောက်မှာနေ ..။
ကြာဖြူတစ်ပွင့် နီတစ်ပွင့် ...
တဲနဲ့ ပနံသင့်တယ်လို့ ..
ကျောင်းစာတွေ အော်ကျက်ရင်းနဲ့ ..
မိအေးနဲ့ တို့ရဲ့အဖော်တွေ ..
ကျောင်းကအပြန် လယ်ကွက်ထဲမှာ ..
မိုးထဲရေထဲ ...

ကိုကြီးဖိုးထောင် !

"လန့်လိုက်တာ ဂွတိုရာ ဘာလို့နေရင်းထိုင်ရင်းကြီး ထအော်ရတာလဲ။"

"နားညီးလို့ဗျ နားညီးလို့ ။ဒီလို ဆက်ဆိုနေမယ်ဆို ရောက်တဲ့နေရာက‌နေ ထပြန်ရလိမ့်မယ်။"

"ဟေ့ကောင် ဂွတို မင်းကနာမည်တင်မဟုတ်ဘူး လူလဲ အတော်ဂွကျတာပဲ ။အနုပညာကို မခံစားတတ်ဘူးကွာ အာ့ကြောင့် ဝေးတယ် ပြောရတာ ။ဒီမှာ ငါဆိုတဲ့ ဖိုးထောင်က တွေးရင်းငေးရင်း ဆိုနေတာ ၊အလကားသက်သက်အားလို့မဟုတ်ဘူး။"

"ဘာထူးလို့လဲ ။ကိုကြီးဖိုးထောင် လေကြီးတာတော့ လှတောသားတောင် လိုက်မမှီလောက်ဘူး"

"ငါကြားဖူးတာတော့ လှတောသားတွေက အပြောကြွယ်တာပါကွာ ။ဘယ့်နှယ့် မင်းကျမှ လေကြီးတယ်လို့ ။"

"မဖြစ်နိုင်တာတွေ ပြောမှတော့ လေကြီးတာ မဟုတ်လို့ ဘာလဲ။"

"အေး သူ့ဘာသာ အပြောကြွယ်ကြွယ် လေကြီးကြီး ခနထားလိုက်အုံး ။ငါတွေးနေတာ ကိုကြီးလက်ရုံးကိုကွ ..မိန်းမလဲရသွားပြီ ယောက္ခမနဲ့လဲ အဆင်ပြေသွားပြီဆိုတော့ ရွာပြန်လာမယ်ပြောတာ ခုထိအစအနတောင် မတွေ့ရသေးဘူးကွာ။"

"ဟာ ..ကိုကြီးလက်ရုံးက ကိုကြီးနှိုင်းတုနဲ့ရတာလေ ။မိန်းမရသွားတာမှ မဟုတ်ပဲ "

"မင်းကလဲကွာ စကားကိုမမှားရဲဘူး ။ငရဲပြည်က ယမမင်းတောင် မင်းလောက်မတိကျလောက်ဘူး။ငါလဲ ရုတ်တရက် ယောင်သွားလို့ပါကွာ ..ပြီးတော့ ကိုကြီးနှိုင်းတုကိုကြည့်လေ မိန်းမတွေထက် သာတယ် တကယ်အလှပဂေးလေးလေ ။
ဒါနဲ့ မင်းကဘယ်လိုသိ "

"မသိစရာလား ။ကိုကြီးလက်ရုံးက သူဌေးဦးမာန်ရှိန်သားကို ခိုးပြေးတယ်ဆိုလား နှစ်ယောက်သားထွက်ပြေးသွားတယ်ဆိုလား ဦးမာန်ရှိန်မိန်းမကတော့ ဒီကိစ္စကိုသဘောမတူဘူးဆိုလား .. အဲ့တာ တစ်ရွာလုံးသိတယ် ။တရားခံကလဲ ကိုကြီးဖိုးထောင်ပဲ မလား "

"ငါမဟုတ်ဘူး တစ်ရွာလုံးကို ငါလုံး၀မပြောဘူး ။ကိုကြီးလက်ရုံးက အရီးတို့ကိုတောင် အစကပြောခိုင်းတာမဟုတ်လို့ အရိပ်အမြွတ်လောက်ပြောတာ ဘယ်လိုသိသွားကြလဲတော့ ငါလဲမသိဘူးကွ။"

"ဒါဆို ကိုကြီးလက်ရုံးကိုယ်တိုင်လာပြောတာလား"

"မဖြစ်နိုင်တာ "

"ရွဲ့ပြောနေတာဗျ။ ကိုကြီးဖိုးထောင်မပြောပဲနဲ့ ဘယ်သူကပြောမှာလဲဗျ "

"အဲ မပြောဘူးဆိုလို့ တစ်ယောက်တော့ပြောလိုက်မိတယ် ။ငါက အရိတ်အမြွတ်လောက်ပေးတာကို ဇွတ်မေးတာလေ ။မုန့်၀ယ်ကျွေးမယ်ဆိုလို့ ဘယ်သူ့မှပြန်မပြောနဲ့နော်ဆိုပြီး ပြောပြလိုက်မိတာ "

"ဘယ်သူ့ကိုပြောလိုက်တာမလို့လဲ "

"ဟို ..ရွာလည်ခေါင်ကလေ ‌အရီးဂျမ်းစိန်ကို "

"ဗျာ ..။အရီးဂျမ်းစိန်က ရွာလည်ခေါင်မှာနေပြီး ဆီဆုံလှည့်သလို ဟိုးလေးတကျော်ကျော်ဖြစ်အောင် ပြောတာလေ ။ရွာထဲကလူတွေ ဘာသိချင်ချင်သူ့ဆီသွားကြတာ ။ရွာနီးလျှောက်စပ်က အကြောင်း သူမသိတာမရှိဘူး ။တစ်ရွာလုံးသိကုန်တာ မဆန်းပါဘူးဗျာ "

"အေး ..ငါတော့ ခေါင်းကြိမ်းနေပြီကွ"

ဖိုးထောင် တကယ်ခေါင်းကြိမ်းနေပါသည် ။ကိုကြီးလက်ရုံးက အစကတော့ အရီးတို့ကိုပင်မပြောခိုင်း‌ပေမဲ့ ခုတော့မပြောနဲ့လို့ မတားတော့။သို့ပေမဲ့ အာချောင်မိတာ ဖိုးထောင်အမှား ။အဲ့နေ့က ရွာထဲကအကြော်ဆိုင်က ကြိုက်တာစား၊၀အောင်စားဆိုလို့ ပြောလိုက်မိတာ ။တကယ်ပါ ၊အရီးဂျမ်းစိန်ဆိုသည်မှာ မြို့ကသတင်းသမားတွေလို သတင်းတွေအတင်းလိုက်စုံစမ်းပြီး ပိုက်ဆံရတာမျိုးမဟုတ် ။သူက ပိုက်ဆံပေးပြီး အလကားသတင်းဖြန့်ပေးတဲ့ ဖြန့်ဝေရေးဌာန ။ခုလို တစ်ရွာလုံးသိကုန်ပါသည်ဆိုတော့လဲ ရှင်းပြစရာမလိုတော့တာပေါ့လေ ။

ဒီကောင် ဂွတိုကလဲ တစ်ယောက်ထဲတောထဲလာရမှာပျင်းလို့ ခေါ်တာကို တစ်ခါထဲနဲ့ခေါ်လာ၍ရတာမဟုတ် ။အတင်းကို ကုပ်နဲ့ကော်ပြီးခေါ်လာခဲ့ရခြင်း ။သူမလိုက်ချင်လိုက်ချင်နဲ့ လိုက်လာရတော့ ဖိုးထောင်ရဲ့သာယာနာပျော်ဖွယ်သီချင်းသံကိုပင် အပြစ်ရှာကာ ပြန်မယ်တကဲကဲလုပ်နေတဲ့ကောင် ။

"ကိုကြီးဖိုးထောင် ဟိုမှာကြည့်လိုက် အဲ့တာကားမလား ကိုကြီးနှိုင်းတုကားမလား .."

"ဟင် ..ဘယ်မှာလဲကွ"

"ဟာ ..ဟိုမှာလေဗျာ "

ဒီလောက်ရှင်းလင်းနေတာကိုမမြင်ပဲ ကျော်ကြည့်နေတဲ့ အဝေးမှုံအနီးကန်း ကိုကြီးဖိုးထောင်ကို နားရွက်ဆွဲပြီး တစ်ပတ်လှည့်ပြလိုက်ကာမှ ..

"ဟာ ..ဟုတ်တယ်ကွ ။အဲ့တာ ကိုကြီးနှိုင်းတုကားကွ ။ဟေ့ကောင် ဂွတို မြန် မြန်တယ်ကွ ။မြန်မြန်သွားတားရအောင် "

"ဒါဆို ပြေးပြီဗျို့ ။ဘယ်သူ့ကားဖြစ်ဖြစ် သွားကြည့်ရအောင် .."

"ဟာ ..ဟေ့ကောင် ဂွတို ငါ့စောင့်အုံးလေ ။ဟေ့ကောင် "

ဖိုးထောင်တို့က မြေနီလမ်းနဲ့ တစ်ဧကလောက်အကွာ စပါးခင်းတွေမှာ ရောက်နေတာဖြစ်သည်။

ဒါကို ကိုကြီးနှိုင်းတုကားလာတာကို မြင်တာနဲ့
ဒီငပိန်ဂွတိုက ပြေးလိုက်တာဆိုတာ ။အရိုးထဲက အားတွေထွက်‌နေသည်လားမသိ ။ဖိုးထောင် မနဲအမှီလိုက်ရပါသည် ။

ဗွမ်း!

"အား ..ဟေ့ကောင်ဂွတို ရပ်အုံးကွ ။ဒီမှာ ငါစပါးခင်းထဲ ကျသွားပြီကွ ။ရွှံ့တွေလူးကုန်ပြီ သွားပါပြီကွာ .."

ဖိုးထောင်တော့ ဒီနေ့ကံမကောင်းပါ ။

ရှေ့ကအတင်းပြေးနေတဲ့ ဂွတိုကို အသားကုန်လှမ်းခေါ်လိုက်ကာမှ ပြန်လှည့်လာသည် ။

"ဟားး ..ကိုကြီးဖိုးထောင် ဘယ်လိုဖြစ်တာလဲဗျာ ။ဟိုနားဒီနားပြေးတာကို ကန်သင်းပေါ်က ချော်ကျရတယ်လို့ ကြောင်ချီးရုပ်ဖြစ်နေပြီ "

"မရီနဲ့ကွ ။ဒီမှာ သူများတကာ တကယ်ခံစားနေရတာ "

"ရီလဲမရီဘူး စောင့်လဲမစောင့်ဘူး ။ဟိုမှာ ကားကရောက်လာတော့မယ်ဗျာ တော်ကြာမမှီပဲနေအုံးမယ် ။ကျွန်တော် အရင်သွားတားလိုက်မယ် "

"ဟေ့ကောင် ငါ့ကိုအရင်ထူသွားအုံးလေကွာ ။အ..ကျွတ် ကျွတ် နာလိုက်တာကွာ ။မင်းလို သစ္စာဖောက်တဲ့ကောင် ၊သစ္စာမရှိတဲ့ကောင်ကို ရှေ့လျှောက်လဲ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီလို့ ဘယ်တော့မှာ မသတ်မှတ်တော့ဘူး ။ခွေးကောင် ဂွတို ..အ! ၊ခြေထောက်တွေကျိုးကုန်ပြီလား မသိပါဘူးဗျာ .."

နဲနဲမြင့်တဲ့ပေါ်ကကျတာမို့ နဲနဲတော့အီသွားရပြန်သည် ။တောသားဆိုပေမယ့် နုနုနယ်နယ်ပေမို့ အထိရှ လွယ်ပါသည် ။ဒါကို ဟိုကောင်ဂွတိုက လဲနေသူထူပေးရကောင်းမှန်း မသိပါ ။ဖိုးထောင်အလှည့်ရောက်မှ ကောင်းကောင်းတွေ့ပါအုံးမည် ။ခုများတော့ ကိုယ့်ဘာသာထရပါသည် ။ခါးတွေရော ၊ခြေထောက်တွေကော ခေါက်ပြီး ကျိုးပြီမှန်းတောင် မသိ ။

^

နှိုင်းတို့ ဒီနေ့ အရီးတို့ဆီကို လာတာဖြစ်သည် ။နှိုင်းတို့ဆန္ဒအတိုင်း နှိုင်းတို့နှစ်ဦးပေါင်းစည်းခြင်းရဲ့ အမှတ်သ‌‌ေင်္ကတလေးကို နှိုင်းတို့စတွေ့ခဲ့တဲ့ ဒီရွာလေးမှာပဲ ဖြစ်စေချင်သည်မို့ လာခြင်းလည်းမည်သည် ။ဒယ်ဒီနဲ့ မာမီကလဲ အလိုလိုက်ပေးသည် ။သဘောတူပေးပါသည် ။

"ဟိုမှာ ဖိုးထောင်တို့လား ။"

"ဗျာ .. ဟုတ်တယ်ထင်တယ် ။ပုဆိုးစလွယ်သိုင်းတွေနဲ့ လဲမှာမကြောက် ပြေးလာနေကြတာ ။"

"အင်း .. ငါတို့ကို မြင်လို့ထင်တယ် ၊ခနရပ်"

..
"ကိုကြီးနှိုင်းတု ကိုကြီးလက်ရုံး ရပ်အုံးဗျ ။
ရပ်အုံး ကျွန်တော်ဂွတိုပါ "

"ဖိုးထောင်လည်း ပါတယ်"

နှစ်ယောက်သား ကန်သင်းပေါ်ကနေ ပြေးလွှားလာနေကြတာ သူတို့ကိုယ်သူတို့ စွမ်းအားရှင်ဇာတ်ကားရိုက်နေသည်ထင်နေသလားမသိကြပေ ။ဝှီးခနဲ ဝှီးခနဲ ။ရပ်ပေးလိုက်တာကိုပင် အရှိန်မသတ်နိုင် ။မြေနီလမ်းနဲ့ လယ်ကွက်ကြားက ရေတိုက်စားထားသည့် ချောက်ကိုပင် ပြုတ်ကျသွားမှာမကြောက် ခုန်ပျံကျော်လွှား ။

"ဖိုးထောင် ဂွတို ။ "

"ဟုတ်တယ် ကျွန်တော်တို့ပဲဗျ ။အမလေး မောသွားပြီဗျာ ကိုကြီးလက်ရုံးတို့ဆီ ပြေးလာရတာ။"

ဟောဟဲတွေတောင် ဆိုက်သည်အထိ ပြေးလာကြတော့ စကားပင် တန်းမပြောနိုင် ။ဒူးနှစ်‌ဖက်ကို လက်နဲ့ထောက်ပြီး မောပြနေသည် ။

"ကိုကြီးနှိုင်းတုရောဟင် ကိုကြီးနှိုင်းတု ။ကျွန် တော်တို့က လွမ်းနေတာဗျ ။ ကိုကြီးလက်ရုံးက လာမယ်ဆိုပြီး တန်းရောက်မလာဘူးလေ ။လာရင်လဲ ကိုကြီးနှိုင်းတုကို အပါခေါ်ခဲ့ဖို့ ပြောပြီးသား "

မောရင်းနဲ့ ဒီဘက်ခုံမှာထိုင်နေတဲ့ နှိုင်းကိုမမြင်ဘုးထင်ပါသည် ။ထွက်ပြလိုက်ကာမှ တရစပ်ပြောတော့တာပဲ ။

"ငါတို့ လုပ်စရာလေးတွေရှိသေးလို့မလာဖြစ်တာ ။ဒါနဲ့ မင်းတစ်ကိုယ်လုံး ရွှံ့တွေ "

"ဟီး ဟဲဟဲ ဒါလား ။ပြေးလာရင်းနဲ့ စပါးခင်းထဲ ချော်ကြတာ ။အာ့ကြောင့် ဒီရွှံ့တွေပေနေတာလေ"

"အော် .."

"ကျွန်တော်တို့က ခုလေးတင် ကိုကြီးလက်ရုံးတို့ မလာသေးကြောင်းပြောနေတာ ။အဲ့တာပဲ နေ့ပြောနောက်ကြည့် ညပြောအောက်ကြည့်ဆိုတာ အဲ အတင်းပြောတာတော့ မဟုတ်ပါဘူး ။ဒါပေမဲ့ ကိုကြီးလက်ရုံးက ကိုကြီးနှိုင်းတုနဲ့ရသွားပြီဆိုတာတော့ ကိုကြီးဖိုးထောင်ပြောလို့ တစ်ရွာလုံး သိကုန်ပြီ‌ဗျ "

"ဟေ့ကောင် မင်းပြောစရာလား ။ငါ့ကို ကိုကြီးလက်ရုံးဆော်ပလော်တီးတာ မြင်ချင်လို့လား ။"

"မဟုတ်လို့လား ကိုကြီးဖိုးထောင်ကလဲ ။ကျွန်တော်မပြောလဲ သိမှာပဲလေဗျာ "

"အေး မင်းတော့ သေပြီသာမှတ်"

"ကဲပါ မင်းတို့နှစ်ယောက် ချွေးတလုံးလုံးနဲ့ ပူနေကြပြီ ။ရွာထဲ ပြန်ကြတော့မှာမလား "

"ပြန်လိုက်မယ်ဗျ "

"မပြန်သေးဘူး "

"ဟေ့ကောင် မပြန်သေးဘူးလေ ။အမေခိုင်းတာတောင် မလုပ်ရသေးဘူး"

"ဒါဆို ပြန်မလိုက်တာလား ။ပြန်မှာဆို တစ်ခါတည်းလိုက်ခဲ့ကြ ပူတယ် "

"ဟို ..ကိုကြီးနှိုင်းတုတို့ပဲ ရွာထဲအရင်၀င်နှင့်ကြပါ။ဂွတိုက ကျွန်တော်နဲ့အတူ ငါးသွားနှိုက်အုံးမှာ"

"ဒါဆို ပြန်ရောက်ရင် အရီးအိမ်ကိုလာခဲ့ကြ ။အရင်သွားနှင့်မယ် "

"ဟုတ်ကဲ့ဗျ ။"

အမေခိုင်းတာတောင် ဘာမှမဘာရသေး ။ဒီကောင် ဂွတိုက ကားမြင်တာနဲ့ပြန်လိုက်ချင်နေသည် ။မုန့်၀ယ်ကျွေးပြီး ခေါ်လာရတာကို အလကားတော့အဖြစ်မခံနိုင် ။

"ကိုကြီးဖိုးထောင်ကလဲဗျာ ကျွန်တော်ကကားနဲ့ပြန်လိုက်ချင်တာ ။ကားစီးချင်တာ ။ကြုံတုန်းစီးရတာကို ခုတော့သွားပြီ ။ကိုကြီးဖိုးထောင်က မြို့မှာနေတုန်းက တ၀ကြီးစီးလာခဲ့ပေမဲ့ ကျွန်တော်ကတော့ မတူဘူးလေဗျာ "

"အော် အေးပါကွာ ။မင်းကားစီးချင်တယ်ဆို ငါကိုကြီးနှိုင်းတုကို ပြန်ရောက်မှပြောပေးမယ် ရပြီလား။"

"တကယ်ပြောတာနော် "

"အေးပါကွာ ။နေကမြင့်တော့မယ် မင်းကတစ်မျိုး ။ငါးအရင်သွားနှိုက်ရအောင် အမေကဟင်းစားတစ်ခွက်ရအောင်နှိုက်ခဲ့တဲ့ ငါ့ကိုလဲ
မုန့်ဖိုးကပေးပြီးသား မလုပ်လို့မရဘူး ။အဲ့ထဲက မင်းကိုလဲ ၀ယ်ကျွေးထားတယ်လေ "

"သိပါတယ်ဗျာ ဒါဆိုလဲ မြန်မြန်သွားမယ် ။ကိုကြီးနှိုင်းတုကိုတော့ ကားစီးဖို့ရာပြောပေးရမယ်နော် "

"အေး ..ငါပြောပေးမယ်"

"ပြီးတာပဲ "

^

"လူလေး ..အရီးသားလေးရယ် ။ပိုလှလာလိုက်တာကွယ် အရီးဖြင့် သားလေးနှိုင်းတုမျက်နှာမြင်ပြီး အေးချမ်းလိုက်တာကွယ် ။လာပါအုံးကွယ် အရီးသားလေးကို ဖက်ပါရစေအုံး ..။"

"နှိုင်းလည်း အရီးကိုလွမ်းနေတာ "

"ဒီစကားလေးကြားရတာ အရီးဖြင့် သေပျော်ပါပြီကွယ် "

အိမ်ပြန်ရောက်ရောက်ချင်း အပြုံးတွေဖောဖောသီသီနဲ့ အမေကကြိုတယ် ။ကျွန်တော်ပါလာတာကိုပင် သတိထားမိသည်လားတော့မသိ ။ကျွန်တော့်ကို ကျော်ခွပြီး ဒီလူ့ကိုပဲ မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်လိုက် ပီတိတွေဖြာလိုက် ၊ဖက်လိုက်နဲ့ လွမ်းတသသဖြစ်နေတာ ။အမေပြောတဲ့ အမောပြေလေးက အမှန်တကယ် အေးချမ်းရာလေးပါ အမေရယ် ။အမေ့သား အရွေးတော်တယ်မလား ။

အဖေကတော့ အမေနဲ့ဒီလူ့ကိုကြည့်ပြီး နေတယ် ။ကျွန်တော့်ကိုလည်း ပါးစပ်ကဘာမှပြောမနေပေမဲ့ ဂုဏ်ယူနေတဲ့ပုံ ။သားအဖချင်းမို့ အဖေ့အတွေးတွေကို ကြည့်ရုံနဲ့သိပါသည် ။စကားတွေအများကြီးမပြောတတ်တဲ့ အဖေ့ကို ငယ်ငယ်ထဲက ဒီမျက်လုံးတွေကနေပဲ စိတ်ဆိုးခြင်း၊ဆူပူခြင်းတွေကို ဖတ်လာခဲ့တာမို့ ကျွမ်းပါသည်။

ကျွန်တော်မရှိတဲ့အချိန်တွင်းမှာ ကျန်းကျန်းမာမာရှိနေပေးတဲ့ မိဘနှစ်ပါးလုံးကို ကျေးဇူးတင်ရပါတယ် ။

"အဟမ်း ။အမေက ကျွန်တော့်ကို မမြင်ဘူးထင်တယ်ဗျာ .."

"အမလေး အမေ့သားလေးကို မမြင်စရာလားကွယ် ။‌ချောလာလိုက်တာ ကြည့်ပါအုံး မှတ်တောင်မမှတ်မိချင်ဘူးတော် ။ကိုမာဃ ရှင့်သားကိုကြည့်ပါအုံးတော် ရှင်ငယ်ငယ်ကထက် ပိုတယ်တော် "

အမေက ကျွန်တော်ချောလာကြောင်းကိုလည်း တစ်ယောက်တည်းအားမရလို့ အဖေ့ကိုခေါ်ခေါ်ပြီး ပြောနေသေးတာ ။

"ကလေးတွေကို အထဲခေါ်လေ မင်းကလဲ ။ကလေးတွေ ပူလာမှာပေါ့ "

"ဟုတ်ပါ့တော်  အရီးသားတွေပြန်လာတာ ပျော်လွန်းလို့ အကုန်မေ့ပါတယ်တော် ။ကဲ သားတို့ အထဲ၀င်ကြ လာလာ။"

...

"ကဲ မောင်မာန်ရှိန်တို့က ဒီလိုဆို ဘယ်နေ့လောက် လာကြမှာလဲတဲ့ကွယ် "

"ဒယ်ဒီတို့က နောက်ကျမယ်လို့တော့ ပြောတယ် ။နှိုင်းလဲ အတိအကျတော့မသိဘူး အလုပ်ကိစ္စပြီးတာနဲ့ ချက်ချင်းလာခဲ့ပါ့မယ်တဲ့ ။"

"အေးပါကွယ် အရီးကလောလို့မေးတာမဟုတ်ပါဘူးကွယ် ။ပြင်ဆင်စရာရှိတာလေး ပြင်ဆင်ရအောင်ပါ ။ဒါနဲ့ လူလေးသူငယ်ချင်းတွေလား လာကြမယ်ဆို "

"ဟုတ် ..နှိုင်းသူငယ်ချင်းတွေက မနက်ဖြန်လောက်တော့ ရောက်လိမ့်မယ်ထင်တယ်။ နှိုင်းသူငယ်ချင်းတွေအတွက် စိတ်ပူစရာမလိုပါဘူး အရီး ။သူတို့ကို ခေါ်လာထဲက ဘယ်လိုဖြစ်ဖြစ်နေရမယ်ဆိုတာ ပြောပြီးသားပါ ။"

"ဒီလိုလဲ ဘယ်ဟုတ်ပါ့မလဲကွယ် ။ဖိုးထောင်ပြောထဲက နေဖို့ထိုင်ဖို့ အရီးအကုန်ပြင်ဆင်ပြီးသားပါကွယ် ။"

"ဟုတ် ။နှိုင်းကပဲ ကျေးဇူးတင်ပါတယ်"

"ဟုတ်ပါပြီကွယ် ။ဒါနဲ့ သား ခနနေရင် အလှူကိစ္စ ဆရာတော်ဘုရားကို တစ်ခါထဲသွားလျှောက်ထားနော် ဒါမှကျောင်းကလဲ စီစဉ်စရာရှိတာ ကြိုစီစဉ်ရမှာ ။"

"ဟုတ် ။သား နေအေးရင် သွားလိုက်ပါ့မယ် ။"

"ကဲ ဒီလိုဆို လူလေးကို ခေါ်သွားပြီး နားလိုက်ကြအုံး ။အမေကတော့ ဟင်းစားလေးဘာလေး ဖွယ်ဖွယ်ရာရာ ချက်ပြုတ်လိုက်အုံးမယ် အရီးသားတွေစားရအောင် ။ ကဲကဲ ..နားကြတော့ "

အမေကတော့ ကျွန်တော်တို့ကိုနားခိုင်းပြီး မီးဖိုခန်းထဲ၀င်ပြီး ချက်ပြုတ်အုံးမည် ထင်ပါသည် ။အသက်အားဖြင့်လည်း ဦးမာန်ရှိန်တို့နဲ့စာရင်တောင် အတော်အသင့်အရွယ်ရနေသည် ဖြစ်သည်မို့ ဘာလေးဖြစ်ဖြစ် ထပ်ခါထပ်ခါပြောလိုက်ရမှ ။အသက်ကြီးသော်လည်း ရွာသူတွေမို့ တောထဲလှည့်ပတ်နေရသည့်အတွက် သန်ပါသည် ။အဖေလည်း ထိုနည်းတူ ခုအရွယ်အထိ နွားတစ်ချင်းလောက်တော့ အသာလေးကိုယ်တိုင်ကိုင်တုန်းပင် ။

...

အိမ်ပေါ်ထပ်က ကျွန်တော့်အခန်းမှာပဲ နားလိုက်သည်။အရင်လို တစ်ယောက်တစ်ခန်း နေစရာမလိုတော့ပြီလေ ။

"ခင်ဗျာ အရမ်းပူနေလားဟင် ။ကျွန်တော် ယပ်ခတ်ပေးမယ် "

"ရပါတယ် ။မင်းက တစ်လမ်းလုံးကားမောင်းလာရတာ ပင်ပန်းနေရောပေါ့ "

"ကျွန်တော်က ရပါတယ် ခင်ဗျားပူနေမှာ စိုးရိမ်တာ ။တစ်ရေးလောက်ဖြစ်ဖြစ် အိပ်လိုက်ပါ "

"အင်း ဒီလိုဆို ငါအိပ်လိုက်မယ် ။မင်းကရော မအိပ်ဘူးလား "

"ကျွန်တော် အမေ့ကို သွားကူလိုက်အုံးမယ် ။ဘာမှထွေထွေထူးထူးတော့ မရှိပါဘူး ဟင်းကူချက်ပေးမှာပါပဲ ။ ခင်ဗျားအိပ်ပျော်မှ သွားမှာပါ အရင်အိပ်လိုက်နော် "

"အင်း "

လေဆိုလို့ အနားကသစ်ပင်တွေက တိုက်မှသာ ရနိုင်သည်မို့ ပူမှာတော့အမှန် ။မြို့မှာလို Airconမရှိ ပန်ကာမရှိတဲ့ အခြေအနေမှာ ဒီလူအိပ်ပျော်သွားအောင် ဘေးကနေ ယပ်တောင်ကြီးခတ်ပြီး ကျွန်တော့်မှာ မမောနိုင်မပန်းနိုင် ။မပင်ပန်းဘူးလားဆိုတော့ ကားအကြာကြီးစီးလာရတော့ နဲနဲတော့ ပင်ပန်းပါသည် ။သို့သော် ကျွန်တော်ပင်ပန်းတာက အရေးမကြီး ။ဒီလူက ပိုပင်ပန်းနေမှာကိုသိလို့ ဒီနုနုနယ်နယ်လေးကို ကျွန်တော့်မှာ အရေးတစိုက် ။

ပုံမှန်ရရှိနေတဲ့လေနဲ့အတူ မျက်တောင်လေးတွေ မှေးစင်းလာပြီး အိပ်ပျော်သွားသည် ။ထိုအခါမှ အပေါ်ယံဆောင်လေးလွှားပြီး သိပ်ရသည် ။

အိပ်ပျော်သွားအောင် သိပ်ပြီးကာမှ အောက်ထပ်ဆင်းပြီး အမေ့က်ိုဝိုင်းကူရတယ် ။အမေကတော့ ကျွန်တော့်ကို နားခိုင်းတာမနားပဲ လာကူနေလို့ဆိုပြီး တဖွဖွပြောသည် ။အမေတို့ကို ထားရစ်ခဲ့တဲ့ အချိန်ခနလေးအတွက် ဒီလောက်လုပ်ကူတာ မလုံလောက်မှန်းသိပေမဲ့ စွမ်းသမျှပြန်ဖြည့်ချင်ရုံပါ။

ဟင်းဆိုသည်မှာလည်း တောထဲကရတဲ့ ညောင်ချဉ်ရွက်လေးကို အချဉ်ရည်လေး သောက်စမ်းချက် ချက်ထားတာဖြစ်သည် ။ညောင်ချဉ်ရွက်ပေါ်ချိန်ဆို တစ်ရွာလုံးက စားနေကျချဉ်ပေါင်တွေထက် ခုံခုံမင်မင်စားတတ်တာမျိုး ။မြေပဲဆိုတာကလည်း ကိုယ်တိုင်စိုက်ကြတာမို့ အမြဲပေါ‌ပါသည် ။ဆီကိုလည်း တောင်သူကြီးမှန်သမျှ စားအုံးဆီကိုတကူးတက၀ယ်မစားပဲ မြေပဲပေါ်ချိန်ဆို ဆီအစစ်တစ်ခါထဲ ကြိတ်ထားတတ်ကြတာ များပါသည် ။မြေပဲရနံ့လေးမွှေးနေတာနဲ့ဆို နေ့တိုင်းဟင်းကောင်းမစားရတောင် ထမင်းမြိန်တတ်ကြတာမျိုး ။

ရွာထဲကကာလသားတွေ ယုန်လိုက်လို့ရတာလေးတွေ ပြန်ခွဲထားသည်ပြောသည် ။ကျွန်တော်ကတော့ ယုန်လိုက်တာလည်းဝါသနာမပါ၍ ရွာမှာနေစဉ်ကလဲ လာရောင်းရင် ၀ယ်လိုက်တာများသည်။ယုန်သားက စားရတော့ခဲသည် ။ယုန်လိုက်လျှင်တောစည်းကမ်းအရ ကိုယ်လိုက်လို့ရရင်တောင် ထိုအချိန်ကိုယ့်နားရောက်လာတဲ့သူမှန်သမျှ လိုက်ကူကူ၊မကူကူ ခွဲပေးရတာမျိုးဆို‌ တော့ အမြဲတစ်ယောက်လျှင် နဲနဲသာရတတ်ပါသည် ။

ယုန်ချိုသားလေးကို အတုံးသေးသေးတုံးပြီး ဆီပြန်လေးကတစ်ခွက် ချက်လိုက်သည်။ကျန်တဲ့တစ်၀တ်ကိုတော့ ဒီလူကြိုက်တတ်တဲ့ ကလှော်သီးစိမ်းလေးနဲ့ စပ်စပ်လေး အရည်သောက်လေးကတစ်ခွက် စိတ်ကြိုက်ကိုယ်တိုင်ချက်ထားလိုက်တာ ။မြေပဲနိုင်နိုင်လေးနဲ့ ထနောင်းရွက်နုနုလေးတွေကို သုပ်ထားတာလေးကတစ်ခွက်ပြင်ထားလိုက်သည်။

အကုန်ပြီးစီးမှ အိပ်နေတဲ့လူကို ဗိုက်ဆာဆာနဲ့အိပ်နေရမှာစိုး၍ နှိုးပြီးကျွေးရသည်။အင်းအင်းအဲအဲနဲ့ ပင်ပန်းနေ၍ထင်ပါသည်။မထချင်ထချင်နှင့် ထလာရသော်လည်း ကျွန်တော်ချက်ပေးတဲ့ ထမင်းဟင်းကိုတော့ ခေါင်းတောင်မဖော်အောင် စားပေးပါသည် ။ယုန်သားဟင်းချိုလေးကို သောက်ကြည့်ပြီ 'မင်းချက်ထားတာလား 'တဲ့လေ။ကျွန်တော့လက်ရာနဲ့ ဘယ်လောက်ရင်းနှီးနေခဲ့သည်မသိ မြည့်ကြည့်တာနဲ့ တန်းသိတာမျိုး ။ထနောင်းရွက်သုပ်လေးကိုလည်း ထူးဆန်းပြီး စားကောင်းလိုက်တာတဲ့ ။တစ်ခါမှ ထနောင်းရွက်တွေကို စားရမှန်းမသိပါဘူးတဲ့လေ ။ပြောလိုက်စားလိုက်နဲ့ အ၀လွေးနေတဲ့သူကို ကျွန်တော်ရော အဖေနဲ့အမေကပါ ကြည့်ပြီး ဗိုက်ပြည့်နေရသည် ။အမေဆို ထုံးစံအတိုင်း စားရမှာတောင်မေ့ပြီး ကျွန်တော်ဂရုအစိုက်ရလွတ် အကုန်ခပ်ထည့်ပေးနေတော့တာဖြစ်သည် ။အဖေနဲ့ ကျွန်တော်နဲ့ကတော့ ဘေးကနေ ပွဲကြည့်ပရိသတ်သာသာ ..။

             ________________________

#minus-zero
18 November 22

ပြီးခါနီးပါပြီရှင် 💛

Continue Reading

You'll Also Like

61.3K 2.1K 43
Kim Teahyung X Jeon Jungkook (BG)
95K 4.9K 27
"မောင့်နာမည် ချမ်းမြေ့မောင်ပါ ဟန်ချီရဲ့စိတ်ရောကိုယ်ရောနှစ်ပါးစလုံးကိုရွှင်လန်းချမ်းမြေ့စေမယ့်ချမ်းမြေ့မောင်ပါခင်ဗျာ... ဟဲဟဲ" //ချမ်းမြေ့မောင် "ဒီမျက်...
243K 2.7K 9
មើលដោយការទទួលខុសត្រូវ បើមិនពេញចិត្តសូមកុំអានអី។អធ្យាស្រ័យបើមានពាក្យពេចន៍ណាលើសលួស🔞