My Cherry Will Explode in the...

By tobefly_highhigh

647K 93.7K 1.4K

《 ငါ့ချယ်ရီက ကမ္ဘာပျက်ကပ်ကြီး‌မှာ ပေါက်ကွဲလိမ့်မယ် 》 ပျက်ကပ်ကြီးမတိုင်မီပြန်လည်မွေးဖွားလာခြင်းရဲ့ အရေးကြီးဆုံ... More

Description
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷《ကျန့်ယွင်နှင့်‌ နောက်တဖန်ပြန်ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸《‌နေရာလွတ်တစ်ခုရှိနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹 《ဆက်ဆံရေးက အလွဲတစ်ခုနဲ့စတင်ခဲ့တယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺 《မှော်ဆန်သောအရုပ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻 《ထပ်မရှောင်နိုင်တော့ ဆုံရပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼《ရှင်းရှင်းလင်းလင်းလုပ်ကြစို့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽《အမြတ်အစွန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾《ဒဏ်ရာများအား ဂရုစိုက်ပေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿 《အိပ်ယာအား အတူမျှဝေခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶《ဈေး၀ယ်ထွက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷《‌ကောင်းမွန်သောအရာများဆက်လက်ဖြစ်ပျက်နေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟸《ဖြိုဖျက်ရေးနှင့်ပြန်လည်နေရာချထားရေးသတိပေးချက်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟹《အတိတ်ဘ၀အကြောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟺《အတူတူရင်ဆိုင်ကြမယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟻《တွက်ချက်မှုများမအောင်မြင်ခဲ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟼《အိမ်နဲ့ကားရှိတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟽《မင်းလုပ်ရဲတယ်ပေါ့》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟾《ကမ္ဘာပျက်ကပ်ကြီးနီးလာပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟿《ကမ္ဘာပျက်ကပ်ကြီး ရောက်လာခဲ့ပြီ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟶《စူပါမားကတ်*ကုန်တိုက်ကို အပြောင်ရှင်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟷《မ‌မျှော်လင့်ထားသော》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟸《ခွဲခွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟹《ပဲစေ့ကျည်ဆန်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟺《ထွက်လာကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟻《မကောင်းတဲ့သူတစ်ယောက်မဟုတ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟼《အမြု‌တေ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟽《နှစ်မျိုးတွဲစွမ်းရည်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟾《Otakuတစ်ယောက်၏အလားအလာ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟿《ကယ်တင်မှာလား မကယ်တင်ဘူးလား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟶《ဦးနှောက်ပျက်စီးမှုကို ကယ်တင်လို့မရတော့ဘူး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟷《သူတို့ကစုံတွဲတစ်တွဲပဲ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟸《အဖွဲ့၀င်အသစ်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟹《တစ်စုံတစ်ယောက်က တံခါးကိုဖျက်ပြီးဖွင့်ဖို့ကြိုးစားနေတယ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟺《ကမ္ဘာပျက်ကပ်အတွင်းပြောင်းလဲမှုများ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟻《နှုတ်ဆက်ပါတယ် အကြီးဆုံးဦးလေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟼《 အသက်ကယ် ကျေးဇူးတရား 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟽《အနီရောင်မိုးရွာခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟾 《ဒဏ်ရာရ စစ်သားများနှင့်တွေ့ဆုံခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹𝟿《လူ့နှလုံးသားများသည် မခန့်မှန်းနိုင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟶《ကယ်ဆယ်ရေးအစီအစဉ်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟷《ကယ််‌ဆယ်ရေးလုပ်ငန်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟸《စစ်ဆင်‌ရေးစတင်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟹《အောင်အောင်မြင်မြင်လွတ်မြောက်ခြင်း》
Plants vs Zombies
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟺《ကယ်ဆယ်ရေးသတင်းစကား》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟻《ထွက်ခွာရန်စုစည်းကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟼《ဆင့်ကဲ‌ပြောင်းလဲနေသောဖုတ်ကောင်များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟽《အဖိုးတန်ပဲစေ့များ》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟾《ကယ်ဆယ်ရေး စတင်》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟿《ချန်းယန် အလယ်တန်းကျောင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟶《အကျပ်ရိုက်ခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟸 《နောက်တစ်ကြိမ်စကားပြောကြခြင်း》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟹《 LED နေကြာပန်းမီးအိမ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟺《လယ်သမားဈေး》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟻《ရှောင်ဟေး၏ ကွဲပြားနေမှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟼《 အခြေစိုက်စခန်းသို့ ကနဦး၀င်ရောက်မှု》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟽《 အခြေစိုက်စခန်းထဲသို့ ပြောင်းရွှေ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟾《 အရေးပေါ်မစ်ရှင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟿《 စွမ်းရည်အဆင့်တက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟶 《 G မြို့သို့ သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟷《 သူလိမ်နေတာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟸《 မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟹《 ပုလင်းတစ်ခုထဲသို့ လိပ်ကိုဖမ်းခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟺《 အဆင့်သုံးဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟻《 စက်ရုံထဲ၀င်ရောက်ကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟼《 ကြွယ်၀သောရလဒ်များဖြင့်ပြန်လာကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟽《 ကျည်ဆန်အသစ်များ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟾《 အခြေစိုက်စခန်း၏ပြောင်းလဲခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟼𝟿 《 မြေမဲ့စိုက်ပျိုးရေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟶《 ၀မ်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟷《 အန်းဟွေ့မြို့ထဲရှိမငြိမ်သက်မှုများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟸《 သန္ဓေပြောင်းဝံပုလွေများ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟹《 မြင်ရုံနဲ့ ‌ဝေစုလိုချင်တာလား? 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟺《 ကူးစက်ခံကြွက်၀င်ရောက်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟻《 ကြောင်နှင့်ကြွက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟼《 အကျပ်အတည်းဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟽《 စွမ်းရည်ဆေး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟾《 သေခြင်းတရားကိုရှာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟽𝟿《 အခြေစိုက်စခန်းမှမောင်းထုတ်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟶《 အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟷《 လင်ချန်းအခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟸《 ညစ်ပတ်သောလူသည် ညစ်ပတ်ခြင်းကိုသာမြင်၏ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟹《 King Kong ရှစ်ယောက် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟺《 ကုသခြင်းစွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟻《 မိုးသည်းနေ့မှာလောင်သောမီး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟼《 အသိတချို့နှင့်ဆုံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟽《 မိုးသည်းကြီးနောက်ဆုံးတိတ်သွားပြီ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟾《 အနောက်မြောက်ဘက်သို့ဦးတည်သွားကြခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟾𝟿《 ဖုတ်ကောင်ဝိုင်းရံခံရခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟶《 ပူးပေါင်း‌တိုက်ခိုက်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟷《 ဘေးဒုက္ခအကျပ်အတည်းကို ဖြေရှင်းခဲ့ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟸《 စွမ်းရည်အဆင့်မြှင့်တင်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟹《 နှစ်သစ်ကူးနေ့ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟺《 နှစ်သစ်တစ်နှစ် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟻《 နေရာလွတ်စွမ်းရည် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟼《 အကူအညီတောင်းခံခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟽《 မြောက်ပိုင်းသို့သွားရန်အသင့် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟾《 ထူးဆန်းသည့်ဖုတ်ကောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟿𝟿《 စွမ်းရည်နှစ်မျိုး 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟶《 Snow Cruiser 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟷《 ကြင်နာမှုကို ကျေးဇူးသိတတ်မှုဖြင့် တုန့်ပြန်ခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟸《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟹《 လင်ချန်းအကျဉ်းထောင် 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟺《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟻《 ထောင်တွင်းထိတ်လန့်ဖွယ်ရာ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟼《 ထိန်းချုပ်မရနိုင်ဖြစ်လာခြင်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟽《 မြွေပွေးခါးပိုက် ပိုက်-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟾《 မြွေပွေးခါးပိုက် ပိုက်-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟶𝟿《 မြို့တော်အခြေစိုက်စခန်း 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟶《 မိသားစုနှစ်ခု၏အခြေအနေ-၁ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟷《 မိသားစုနှစ်ခု၏အခြေအနေ-၂ 》
𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟷𝟷𝟸《 တွေ့ကြုံစုံစည်းကြခြင်း 》
𝙴𝚡𝚝𝚛𝚊《 ကွေ့ကောက်သောလမ်းသည် ဆိတ်ငြိမ်သောအရပ်သို့ ဦးတည်လေသည် 》
Complete 💯!!!
Completed Pdf file
ရာသီဥတု သတိပေးချက်
MMStoryteller website

𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟻𝟷《ချန်းမောင်နှမများ》 

5.2K 745 10
By tobefly_highhigh

My Cherry Will Explode in the Apocalypse

Chapter 51 《ချန်းမောင်နှမများ》

Author: Drunken Light Song
Source: Jostena M
Editors: playerprophet & Callis
Translator: オタク

Unicode

ဖုတ်ကောင်ခွေး လဲကျသွားချိန်တွင် သူတို့အနေဖြင့် ကျန်သည့်ဖုတ်ကောင်များကို ကြောက်စရာမရှိတော့ချေ။ ပဲစေ့ကျည်ဆန်များ၏ မယှဉ်နိုင်သောသေစေနိုင်စွမ်းအောက်တွင် ဆိုင်ပတ်လည်တွင်ရှိနေသော ဖုတ်ကောင်များကို အလျင်အမြန်ပင် ဖယ်ရှားပစ်ခဲ့သည်။

သူ့ခန့်မှန်းယူဆချက်အား စစ်ဆေးရန်အတွက် စုရွေ့ကျယ်သည် ဓားတစ်ချောက်ကို ထုတ်လိုက်ပြီး ဒုတိယဖုတ်ကောင်ခွေး၏ခေါင်းအားဖွင့်လိုက်၏။ ထို့နောက် ထူးခြားသောအရောင်နှင့် အမြုတေအခဲတစ်ခုကို တွေ့လိုက်လေ၏။ အမြုတေသည် ၎င်းကိုယ်တိုင် အနီရောင်ဖျော့ဖျော့ရှိနေပြီး အပြင်ဘက်တွင် အလွှာတစ်ထပ်ရှိနေပြီး ခါ့မိုင်းအနီရောင်ဖြင့် ဆေးသုတ်ထားသကဲ့သို့ပင်။

【TN : Carmine red သည် အစားအစာများ၊ cosmetics များတွင်အရောင်ဆိုးသော ဆိုးဆေးနေရာတွင် အသုံးပြုသည်။ (source from Google)】

အကယ်၍ ဆင့်ကဲပြောင်းလဲပြီးသောခွေးသာ တခြားခွေး၏အမြုတေအား စားလိုက်ပြီးပါက ၎င်း၏အမြုတေသည် ပြောင်းလဲသွားပေလိမ့်မည်။ အကယ်၍ စုရွေ့ကျယ် အချိန်မှီမပစ်လိုက်မိပါက ၎င်းသည် မတွေ့ဝံ့စရာအကျိုးဆက်များနှင့်အတူ နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲသွားနိုင်လေသည်။

ဆယ်ဖွဲ့မြောက်အဖွဲ့သည် ဆိုင်ခေါင်မိုးပေါ်တွင် အချိန်အတော်ကြာပိတ်မိနေခဲ့ကြ၏။ အန္တရာယ်မှ လွတ်မြောက်လာခဲ့ပြီးနောက် သူတို့သည် ဆယ့်နှစ်ဖွဲ့မြောက်အဖွဲ့နှင့် ပြန်ပေါင်းလိုက်ကြသည်။ သို့သော်လည်း သူတို့၏အရေအတွက်သည် လေးဆယ်မှ နှစ်ဆယ့်ငါးအထိ လျော့ကျသွားလေ၏။ စစ်သားဆယ့်ငါးယောက်သည် ကျဆုံးသွားခဲ့ကြရ၏။

လက်ခံနိုင်လောက်သော ဆုံးရှုံးမှုပင်။

【TN : အန္တရာယ်ကြီးနဲ့ ကြုံရပေမယ့် သူတို့မှန်းသလောက် ဒီထက်အများကြီးမသေဘဲ နည်းလို့ပြောချင်တာပါ။ 】

ဆယ်ဖွဲ့မြောက်အဖွဲ့ ကယ်ဆယ်ရန် ရောက်လာစဉ် အလွန်များသောဖုတ်ကောင်များကို မမျှော်လင့်ထားခဲ့ကြချေ။ သူတို့၏အစီအစဉ်မှာ စစ်ကားများကိုအနှောက်အယှက်ဖြစ်စေရုံသာ အသုံးပြုကြရန်ဖြစ်၏။

ဆင့်ကဲပြောင်းလဲလာသောဖုတ်ကောင်များ၊ ခွေးများနှင့် လူသားများ နှစ်မျိုးစလုံးသည် ဤနေရာတွင် စောင့်ဆိုင်းနေခဲ့ကြ၏။ ၎င်းတို့သည် အလွန်လျင်မြန်ကာ ဆယ်ဖွဲ့မြောက်အဖွဲ့၏ကားကို မှီသွားကြပြီး တိုက်ခိုက်ကြလေတော့၏။

ဖုတ်ကောင်ခွေးသည် အလွန်စွမ်းအားကြီးပြီး ကားအား ၎င်း၏ခန္ဓာကိုယ်ဖြင့် ထပ်ခါထပ်ခါ တိုက်လေ၏။ ကားသည် လမ်းအားကွေ့ပြီး လမ်းဘေးတားတန်းဆီသို့ ၀င်အောင်းမိလေ၏။ ၎င်းလှုပ်ရှားမှုကြောင့် ဖုတ်ကောင်များသည် ဝိုင်းအုံလာလေ၏။ သူတို့တိုက်မိချိန်တွင် တခြားတစ်ဖက်တွင်လည်း အုံနေပြီဖြစ်ပြီး ကားသည် အစုအဝေးအောက်ပိလုပင်ဖြစ်နေ၏။

ဆယ်ဖွဲ့မြောက်အဖွဲ့သည် အကူအညီအတွက် လှမ်းခေါ်သော်လည်း သူတို့တွင် အချိန်အများကြီးမရှိတော့ချေ။ ဖုတ်ကောင်များသည် အရူးအမူးတိုး၀င်စုရုံးလာကြကုန်၏။ ဆင့်ကဲပြောင်းလဲလာသောဖုတ်ကောင်များနှင့် ခွေးတို့၏ ပူးပေါင်းစွမ်းအားသည် အလွန်ပြင်းထန်ဆိုးရွားလှချေ၏။ ချွန်ထက်သော လက်သည်းများသည် ကျည်ကာမှန်ကိုပင် ဖောက်နိုင်လေ၏။ အနောက်ဘက်ကားတံခါးသည် ဖုတ်ကောင်များ၏အားကြောင့် ပိန်လျမ်ညွတ်သွားလေ၏။ အကယ်၍သူတို့သာ ကားထဲတွင် ဆက်ပုန်းနေပါက သူတို့သည် လည်ပင်းကျဉ်းပန်းအိုးထဲက လိပ်ကြီးသာဖြစ်သွားလေတော့မည်။

သူတို့အနေဖြင့် သေဖို့အတွက်သာထိုင်စောင့်နေ၍မရချေ။ သူတို့သည် ဝိုင်းရံခံနေရမှုကိုချိုးဖောက်ရန် နည်းလမ်းရှာကာ ကယ်ဆယ်ရေးအတွက် စောင့်စောင်းနေခဲ့ကြရလေသည်။ ကြံ့ခိုင်မှုစွမ်းအားနှင့် ပစ်ခတ်မှုစွမ်းအားများကိုအသုံးပြုပြီး ဆယ်ဖွဲ့မြောက်အဖွဲ့သည် ဝိုင်းအုံနေသည်မှ လိုင်းတစ်လိုင်းကို အောင်အောင်မြင်မြင် ရှင်းလင်းနိုင်ခဲ့လေသည်။

ဆင့်ကဲပြောင်းလဲနေသောဖုတ်ကောင်များသည် လျင်မြန်ကြကာ ထိုအမြန်နှုန်းမျိုးနှင့် သတ္တဝါမျိုးကို ထိပ်တိုက်ရင်ဆိုင်ရန် သဘာ၀မကျချေ။ ဆယ်ဖွဲ့မြောက်အဖွဲ့၏‌ခေါင်းဆောင် ကွမ်းဟုန်သည် ဆိုင်ငယ်လေး၏ ခေါင်းမိုးထက်ဆီသို့ ဆယ်ဖွဲ့မြောက်အဖွဲ့အား ဦးဆောင်သွားခဲ့လေ၏။ သို့သော် အစုအဝေးကြီးကိုချိုးဖြတ်ပြီး နံရံကိုဖောက်ထွက်စဉ် သူတို့သည် တစ်ဒါဇင်ထက်ပိုသောလူများကို ဆုံးရှုံးသွားခဲ့ကြရသည်။

သူတို့တွင် ပူဆွေး၀မ်းနည်းနေရန် အချိန်မရှိခဲ့ကြချေ။ ရဲစခန်းထဲတွင် ကယ်ဆယ်ရေးအား စောင့်ဆိုင်းနေသော အသက်ရှင်ကျန်သူများရှိနေသေးချေသည်။

ရဲစခန်းသည် လမ်းဘေးဆိုင်လေး၏ ဆန့်ကျင်ဘက်တစ်ဖက်တွင်ရှိပြီး မီတာ ခုနစ်ရာထက်နည်း၏။ ထူထပ်သိပ်သည်းသောဖုတ်ကောင်အုပ်စုကြီးသည် ရဲစခန်းငယ်လေး၏ပတ်လည်တွင်ဝိုင်းနေကြ၏။ ရဲစခန်း၏ ဒုတိယထပ် ၀ရံတာတွင် ယူနီဖောင်း၀တ်ထားသော ရဲ၀န်ထမ်းများနှင့် သန်မာသောလူငယ်အချို့ရပ်နေကြလေ၏။ သူတို့သည် တံမြက်စည်းရိုးများ၊နှင့် ဓားများဖြင့် ပြုလုပ်ထားသော လှံစွပ်များဖြင့် ဖုတ်ကောင်များ၏ခေါင်းများကိုထိုးဖောက်ကာ ၎င်းတို့အများအပြားကို သတ်နေကြသည်။

သူတို့သည် သေနတ်သံများကို သေချာပေါက်ကြားခဲ့ကြရမည်ဖြစ်ပြီး သူတို့အားကယ်တင်ရန်ရောက်လာသည့် စစ်သားများကို တွေ့ပြီး ကူညီရန်ကြိုးပမ်းနေခဲ့ကြသည်။

သို့သော် ၎င်းသည် အလွန်အန္တရာယ်များလှ၏။ ထိုနေရာတွင် ဆင့်ကဲပြောင်းလဲလာသောဖုတ်ကောင်များ စုပြုံနေလေ၏။

သူတို့၏ စိုးထိတ်မှုကို အတည်ပြုသကဲ့သို့ လူငယ်တစ်ယာက်၏ လက်နက်သည် လက်သည်းတစ်ခုနှင့် ချိတ်မိပြီး သူမတုန့်ပြန်နိုင်ခင် သူသည် အောက်သို့ ပြင်းပြင်ထန်ထန်ဆွဲခံလိုက်ရကာ ဟန်ချက်ပျက်သွားလေ၏။ လမ်းတဖက်မှ စစ်သားများသည် လမ်းအားဖြတ်ပြီး သူ့အား စောင့်ကြည့်နေစဉ် ၀ရံတာမှ ဖုတ်ကောင်ပင်လယ်ထဲသို့ကျခါနီးတွင် ဘေးဘက်မှ လက်တစ်ဖက်သည် ထွက်လာပြီးသန်မာ‌သော အားဖြင့် သူ့အား နောက်သို့ပြန်ဆွဲလိုက်လေ၏။ သူ့လက်နက်ကတော့ ပျောက်သွားပြီဖြစ်၏။

ကျန့်ယွင်သည် ရင်းနှီးသောပုံရိပ်ကိုမြင်လိုက်ရချိန်တွင် သူ့မျက်လုံးများ အာရုံစိုက်မှု လျော့ကျသွားလေ၏။ သူလား? သူက ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ?

"ရှောင်ကျယ်၊ ချယ်ရီ..မဟုတ်ဘူး။ဗုံးတွေ။ ငါ့ကို တချို့ပေး! "

ကျန့်ယွင် စုရွေ့ကျယ်အား ‌လှမ်းအော်‌လိုက်၏။

စုရွေ့ကျယ်သည် တုန့်ဆိုင်းမှုမရှိဘဲ ချယ်ရီဗုံးအများအပြားလုပ်ရန် သူ့စွမ်းအားကို သုံးလိုက်၏။

"သွားကြစို့! "

ကျန့်ယွင်သည် သူ့အဖွဲ့အား လောဆော်လိုက်၏။

လီမင်းသည် ဆက်လက်ရပ်တည်နိုင်ရန် ရုန်းကန်နေနိုင်ရုံသာ။

ကျန့်ယွင်နှင့် သူ့အဖွဲ့သည် မြင့်မြတ်သောနတ်ဘုရား၏၀င်ရောက်စွက်ဖက်သကဲ့သို့နှင်ကြပြီး လောဆော်ကာ ပစ်ခတ်ကြလေတော့၏။ မဂ္ဂဇင်းထဲမှ ပဲစေ့ကျည်ဆန်များနှင့်အတူ ဖုတ်ကောင်များအား သေစေနိုင်သည့် ထိခိုက်မှုဖြစ်စေရန် ခေါင်းအားချိန်ရွယ်ရန်ပင် မလိုခဲ့ချေ။ ထပ်ပေါင်းပြီး ကျန့်ယွင်တွင်ချယ်ရီဗုံးများရှိ သူတို့နီးလာသည်နှင့် အစုအပြုံလိုက်အား ရှင်းလင်းရန် ပစ်လိုက်လေ၏။

"ကျန့်ယွင်!"

1.9 မီတာရှည်သော ကျန့်ယွင်သည် ပေါ်လွင်ထင်ရှားနေလေ၏။ ဒုတိယထပ်၀ရံတာတွင်ရပ်နေသောလူငယ်လေးသည် သူ့အား စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်းပြလာလေ၏။

【TN : 6 ပေ 2လက်မ ရှည်သော ကျန့်ယွင် 🤭】

ကျန်သည့်ဖုတ်ကောင်များသည် အသံကိုတုန့်ပြန်လာကြပြီး သူ့အားဖမ်းဆွဲရန် ၎င်းတို့၏လက်များကို ဆတ့်တန်းနေကြလေ၏။ စုရွေ့ကျယ်သည် သူ့ဆီသို့ရောက်အောင်ခုန်နေသော ဖုတ်ကောင်အများအပြားကိုစောင့်ကြည့်နေခဲ့သော်လည်း ဖုတ်ကောင်ခွေးမျာလောက် ထိရောက်မှုများမရှိခဲ့ချေ။ ၎င်းတို့မည်မျှကြိုးပမ်းပါစေ ၀ရံတာရှိ လူများထံသို့ ၎င်းတို့ မရောက်နိုင်ချေ။

"ပြန်၀င်၊ အထဲကစောင့်!"

ကျန့်ယွင် သူ့အားလှမ်းအော်လိုက်၏။

သူသည် ချန်းချီ၏ ဉာဏ်မဲ့သောလုပ်ရပ်အပြုအမူများနှင့် ပတ်သတ်ပြီး ဘာမှ မလုပ်နိုင်ခဲ့ချေ။ သူ့ကိုဖုတ်ကောင်တွေ ဝိုင်းရံနေချိန်မှာ အရမ်းပျော်ရွှင်နေတာက ဘာလဲ?

ချယ်ရီဗုံး၏ ပေါက်ကွဲမှုသည် စစ်တပ်၏ လက်ပစ်ဗုံးတစ်လုံးနှင့် ယှဉ်နိုင်၏။ စွမ်းအားသည် အမှန်တကယ်ကို တူညီသော်လည်း ဖုတ်ကောင်များနှင့်ယှဉ်လိုက်ပါက ပျက်စီးမှုပိုများလာချေ၏။ သက်ရောက်မှုခံလိုက်ရသည်နှင့် ဖုတ်ကောင်အားလုံးနီးပါးသည် လဲကျကုန်လေ၏။ ဆင့်ကဲပြောင်းလဲသောဖုတ်ကောင်များပင် ပေါက်ကွဲမှုကို ခံနိုင်ရည်မရှိကြဘဲ ၎င်းတို့အရေအတွက်ပင် လျော့ကျသွားလေ၏။

ကျန့်ယွင်နှင့် စစ်သားများသည် ထိခိုက်မှုမရှိဘဲ ရဲစခန်းဂိတ်၀သို့ ချဉ်းကပ်လာခဲ့ကြလေ၏။ သူတို့တံခါးမခေါက်ရသေးခင်မှာပင် ဂိတ်တံခါးပွင့်လာခဲ့လေ၏။

"ကျန့်ယွင်၊ အထဲ၀င်လာခဲ့!"

ချန်းချီသည် လာဘ်ခေါ်ကြောင်တစ်ကောင်ကဲ့သို့ အမူအရာနှင့် စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်းပြနေခဲ့လေ၏။

ကျန့်ယွင်သည် သူ့စိတ်ထဲကနေပင် သူ့အားမျက်လုံးလှန်လိုက်မိပြီး သူအပေါ်သို့တက်ကာ ချန်းချီ၏နောက်စေ့အား ရိုက်ပစ်ချင်နေ‌၏။ သို့သော်လည်း ပတ်ပတ်လည်တွင် ဖြတ်ကောင်များစွာ ကျန်နေသေးသဖြင့် အရင်ဆုံး အခြားသူများနှင့်အတူ အထဲသို့၀င်သွားလေ၏။

လူအုပ်သည် ရဲစခန်းထဲသို၀င်ရောက်သွားကြပြီး ဂိတ်တံခါးအား ပိတ်လိုက်ကြ၏။ တံခါးအား တိုက်ခိုက်မှုရှိနေပါသော်လည်း မည်သူကမှ ဂရုမစိုက်ကြတော့ချေ။ ယခု အပြင်ဘက်တွင် ဖုတ်ကောင်ဒါဇင်အနည်းငယ်သာရှိပြီး တံခါးသော့သည် အလွန်ခိုင်ခံ့၏။ ဆင့်ကဲ‌ဖုတ်ကောင်များမရှိဘဲ အချိန်ခဏကြာအောင် ထိန်းထားနိုင်စွမ်းရှိလိမ့်မည်။

"လူတိုင်း ထွက်လာကြ! စစ်တပ်က ငါတို့ကိုကယ်ဖို့ရောက်လာပြီ! "

ချန်းချီ အော်ပြောလိုက်၏။

သူ့အသံထွက်လာသည်နှင့် အခန်းများ‌ ထောင့်များဆီမှ လူများထွက်လာကြလေ၏။ အကြမ်းဖျင်းခန့်မှန်းရလျှင် လူနှစ်ရာနီးပါးရှိလေ၏။ အသက်ရှင်ကျန်သူများသည် ဖျော့တော့၊ ပိန်လှီ ပြီး သူတို့မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်နေကြလေ၏။ သူတို့သည် ဆုတ်ယုတ်နစ်မြုပ်နေခဲ့ကြလေသည်။ ကြမ်းပြင်ပေါ်ရှိ အိပ်ယာခင်းများနှင့် ရှုပ်ပွနေသည့် အမှိုက်များမှ သူတို့သည် ဤနေရာတွင် အချိန်အချို့ကြာအောင် ပိတ်မိနေခဲ့ကြခြင်းဖြစ်ရမည်။

သို့သော် သူတို့သည် ချန်းချီအား အလွန်အလေးအနက်ထားကြပုံရပြီး သူ့နောက်တွင်ရပ်နေသော ရဲ၀န်ထမ်းတချို့ပင် သူ့အား တိတ်တဆိတ်ထောက်ခံနေပံရ၏။

သို့သော် ချန်းချီသည်လည်း ချန်းမိသားစု၏ အစိတ်အပိုင်းတစ်ခုပင်။ သူသည် အချိန်တချို့ စစ်တပ်ထဲတွင်နေခဲ့ဖူးသော်လည်း စကားပြောရန် စွမ်းရည်များတော့ မရှိခဲ့ချေ။

"ငါတို့က အမျိုးသား ကယ်ဆယ်ရေးအဖွဲ့ပါ။ အခု ငါတို့ တောင်ပိုင်းစစ်ဌာနနယ်မြေမှာ အသက်ရှင်ကျန်သူအခြေစိုက်စခန်းတစ်ခုတည်ထောငိးထားပြီးပြီ။ ကျေးဇူးပြုပြီး ငါတို့နဲ့အတူလိုက်ဖို့ အသင့်ပြင်ကြပါ။ "

ကွမ်းဟုန်သည် ပြောပြီး အရှေ့သို့ တိုးသွားခဲ့လေ၏။

တဖက်တွင်တော့ လီမင်းသည် တခြားအဖွဲ့များမှ အကူးအညီတောင်းခံရန်အတွက် ရေဒီယိုကိုစတင်အသုံးပြုနေခဲ့လေ၏။ ဆယ်ဖွဲ့မြောက်အဖွဲ့၏ စစ်ကားများသည် သူတို့ဝိုင်းရံထားသည်ကိုချိုးဖောက်စဉ်က ဖုတ်ကောင်များကြောင့် ပိန်လိမ်ကုန်ပြီဖြစ်၏။ ဆယ့်နှစ်ဖွဲ့မြောက်အဖွဲ့၏စစ်ကားများသည် အခြေစိုက်စခန်းသို့ ပြန်ရောက်သွားပြီဖြစ်၏။ လူအများကြီးကို ပြန်ခေါ်သွားရန်အတွက် သူတို့အနေဖြင့် အနည်းဆုံး စစ်ကား နှစ်စီးမှ သုံးစီး လိုအပ်လေသည်။

လီမင်း၏ ခေါ်ဆိုမှုသည် မကြာခင်မှာပင် ပြန်ဖြေလာလေ၏။ ရှစ်ဖွဲ့မြောက်အဖွဲ့သည် အတွင်းသို့၀င်လာနေပြီဖြစ်ပြီး ဆယ့်တစ်ဖွဲ့မြောက်အဖွဲ့သည် လမ်းတွင်ဖြစ်၏။ ဆယ့်သုံးဖွဲ့မြောက်အဖွဲ့သည် ပြဿနာအချို့နှင့် ရင်ဆိုင်ခဲ့ကြရပြီး သူတို့တတ်နိုင်သမျှ မကြာခင်မှာ ရောက်လာပေလိမ့်မည်။ တခြားဆိုရသော် လူတိုင်းကို နေရာပြောင်းရွှေ့ရန် အခက်အခဲ မရှိချေ။

"သွားကြစို့၊ သပ်သပ်ရပ်ရပ်လုပ်ပြီး ငါတို့နဲ့အတူ ဘာတွေ ယူသွားဖို့လိုအပ်လဲဆိုတာ ရှာကြစို့။ ကားတွေက ငါတို့ကိုခေါ်ဖို့ရောလာလိမ့်နယ်၊ အျခိန်တိုအတွင်း ထွက်ခွာနိုင်လိမ့်မယ်! "

ကွမ်းဟုန်သည် လူအုပ်အား အော်လိုက်၏။

ကျန့်ယွင်သည် လူအုပ်အားပတ်ကြည့်လိုက်သော်လည်း ချန်းကျောင်းအား မတွေ့ခဲ့ချေ။ သူမျက်မှောင်ကြုတ်လိုက်ပြီး

"ကျောင်းကျောင် ကော?! "

ချန်းချီသည် သူ့နှုတ်ခမ်းအား ကိုက်လိုက်ပြီး တီးတိုးပြောလာလေ၏။

"ငါနဲ့လိုက်ခဲ့ "

ချန်းချီ၏မျက်နှာပေါ်ရှိ အမူအရာကိုကြည့်ပြီး ကျန့်ယွင်၏ နှလုံးသား နစ်မြုပ်သွားလေ၏။ သူသည် ချန်းချီနောက် အပေါ်ထပ်သို့လိုက်သွားလေ၏။ ကျန့်ယွင်သွားသည်နှင့် စုရွေ့ကျယ်အား သူနှင့်အတူခေါ်လာရန် မမေ့ချေ။

【TN: ဘဲလေးကို ကြိုးနဲ့ဆွဲကာခေါ်သွားမလား? ကျောပိုးအိတ်လေးထဲ ထည့်ကာခေါ်သွားမလား။ ကိုယ်သွားရာ တကောက်ကောက်လိုက်မှာလား 🤪】

ချန်းချီလည်း ကျန့်ယွင်ဘာကြောင့် ဆယ်ကျော်သက်လေးတစ်ယောက်အား တောက်လျှောက်ဆွဲခေါ်လာသည်ကို နားမလည်ခဲ့သော်လည်း ကျန့်ယွင်တွင် သူ့အကြောင်းပြချက်နှင့်သူရှိမည်ကို သူယုံကြည်သဖြင့် မည်သို့ရောအကြောင်းအရာကိုပြောရန်မျှ ပါးစပ်ဟမလာခဲ့ချေ။ သူသည် သူတို့အား ဒုတိယထပ်ရှိ ပိတ်ထားသောအခန်းတစ်ခုဆီသို့ ခေါ်လာခဲ့လေ၏။

အခန်းအား ဘာကြောင့် သော့ခတ်ထားသည်ကို သူတို့မသိခဲ့ချေ။ ၀င်ပေါက်တွင် စောင့်ကြပ်နေသော ရဲနှစ်ယောက်ရှိခဲ့သော်လည်း သူတို့လည်း ထုပ်ပိုးဖို့ သွားကြလေပြီ။ ချန်းချီသည် အရှေ့သို့သွားကာ အခန်းတံခါးကို ဖွင့်လိုက်၏။ အတွင်း၌ လူ လေးယောက်မှ ခြောက်ယောက်သည် သွေားများထွက်ပြီး လဲနေကြ၏။ ချန်းကျောင်းလည်း သူတို့ထဲမှ တစ်ယောက်ပင်။

"ဘာတွေ ဖြစ်ခဲ့တာလဲ?"

ကျန့်ယွင်သည် တစ်ချက်ကြည့်ရုံဖြင့်ပင် ချန်းကျောင်းသည် ဖျားနေသည်ကို ခံစားနေရကြောင်း သိလိုက်၏။ သူမ၏မျက်နှာသည် နီရဲနေကာ သူမ၏နဖူးသည် ချွေးများ သီးနေ၏။

"ဒီမှာ အစားအစာတွေ အများကြီးမရှိတော့ဘူး။ငါတို့ ကင်းထောက်ဖို့ လူတွေကို အလှည့်ကျ ခေါ်သွားရတယ်။ သူမနေ့က လူတစ်ဒါဇင်လောက်ကို ခေါ်ပြီးအပြင်ကိုသွားခဲ့ပြီးတော့ ပစ္စည်းနည်းနည်းလေးနဲ့ပဲပြန်လာခဲ့ပြီး လူတိုင်းဒဏ်ရာရလာကြတယ်။ ပတ်ပတ်လည်က ဖုတ်ကောင်တွေက သူတို့သွေးနံ့ကြောင့် ဆွဲဆောင်ခံကြရပုံရတယ်။ သူတို့ဖုတ်ကောင်တွေ ဖြစ်သွားမှာကို လူတိုင်းက ကြောက်နေကြတာ။ ဒါပေမယ့် ငါ သူတို့ကို ပစ်မထားနိုင်ဘူး။ ငါသူတို့ကို ဒီမှာ ထားရုံပဲတတ်နိုင်ပြီး တတ်နိုင်သလောက် လူတွေကို စောင့်ကြည့်ခိုင်းထားတာ။ "

ချန်းချီ စကားပြောနေချိန်တွင် သူ့မျက်နှာတွင် နာကျင်၀မ်းနည်းမှုကို မပြဘဲ မနေနိုင်ခဲ့ချေ။

"ဒီလိုဖြစ်လာမယ်မှန်းသာသိရင် ငါသူ(မ)နဲ့အတူ မနေ့က သွားခဲ့ပါတယ်"

"ရှောင်ကျယ်...သွားပြီး လောင်စုန့်နဲ့ ကျန့်ကျားဟယ်ကို ခေါ်ခဲ့ "

ဒဏ်ရာရသူများကို ဒီမှာ ချန်မထားခဲ့နိုင်ချေ။ သူတို့ကို စုန်ချန်ရှုကုသပေးရန် လိုအပ်သည်။ သူတို့ ကျန့်ကျားဟယ် ညစ်ပေးနိုင်သည့် အသီးအရွက်ဖျော်ရည်ကိုလည်း လိုအပ်သည်။

စုရွေ့ကျယ်သည် ခေါင်းညိတ်လိုက်ကာ စုန့်ချန်ရှုနှင့် ကျန့်ကျားဟယ်ကိုခေါ်ရန် အောက်ထပ်သို့ ဆင်းသွားလေ၏။ သူ့အတိတ်ဘ၀တုန်းက ကျန့်ယွင်ထံမှ ထိုမောင်နှမနှစ်ယောက်အကြောင်းကို ကြားခဲ့ဖူးသည်။ သူတို့အတူတူကြပြင်းလာကြပြီး ဆက်ဆံရေးကောင်းမွန်ကြသည်ကို သိခဲ့ရ၏။ သူ ကျန့်ယွင်အတွက် စိတ်မကောင်းခံစားရ၏။

စုန့်ချန်ရှာနှင့် ကျန့်ကျားဟယ် ရောက်လာလေ၏။ စုန့်ချန်ရှုသည် လူတိုင်း၏ ဒဏ်ရာများကို ပထမဆုံး စစ်ဆေးလိုက်၏။ ကံ‌မကောင်းစွာဖြင့် သူတို့သည် အချိန်အတော်ကြာအောင် ရောဂါပိုးကူးစက်ခံထားခဲ့ကြရ၏။ သူတို့ထဲမှ အများစုသည် ကူးစက်ခံရသည့်အဆင့်မြင့်နေခဲ့ကြပြီး သူတို့၏မျက်နှာများသည် ဖျော့တော့ကာ မီးခိုးရောင်များဖြစ်နေကြ၏။ သူတို့၏ မျက်လုံးများသည် ဖြူလာကာ အာရုံစိုက်မှုမရှိကြတော့ဘဲ နောက်ထပ် တုန့်ပြန်မှု မရှိတော့ချေ။

ချန်ကျောင်းအပါအ၀င် လူနှစ်ဦးသာ ရောဂါပိုအား တိုက်ခိုက်နေသည့်ပုံရ၏။ သူသည် စုရွေ့ကျယ်ပေးသော ဆေးသေတ္တာကိုသုံးပြီး သူတို့၏ဒဏ်ရာများကို အပြေးအလွှားကုသပေးပြီး ကျန့်ကျားဟယ်၏ လတ်ဆတ်သော အသီးအရွက်ဖျော်ရည်ကို တိုက်လေ၏။

သူတို့သည် အကောင်းဆုံး လုပ်ပေးခဲ့ပြီ။ နောက်ထပ်ဖြစ်လာမည့်အရာကတော့ သူတို့၏ ကံတရားပေါ်တွင်သာ ပုံအပ်ထားရလိမ့်မည်ဖြစ်သည်။

🍒🍒

Paid group ၀င်လို့ရပါတယ်နော်။ Daily update ကို Chapter 51 မှ Chapter 113(အပြီး) အထိ 2500 ပါ။ 21 နောက်ပိုင်းမှ ၀င်မည်ဆိုပါက တစိပိုင်း ၅၀ကျပ်ဖြင့် တွက်ပါမည်ဗျ။ Facebook group သို့မဟုတ် Telegram private group (pdf file) ကြိုက်ရာသော်လည်းကောင်း နှး်မျိုးစလုံးသော်လည်းကောင်းရပါတယ်။

Paid group ၀င်ချင်ပါက
09256902862
Kpay(Mg Paing Zin Khant)/Wave pay သို့ ငွေလွှဲပြီး TID သော်လည်းကောင်း ss သော်လည်းကောင်းပြ၍ ၀င်နိုင်ပါသည်ဗျ။ ကျေးဇူးတင်ပါတယ်။

Zawgyi

ဖုတ္ေကာင္ေခြး လဲက်သြားခ်ိန္တြင္ သူတို႔အေနျဖင့္ က်န္သည့္ဖုတ္ေကာင္မ်ားကို ေၾကာက္စရာမရွိေတာ့ေခ်။ ပဲေစ့က်ည္ဆန္မ်ား၏ မယွဥ္နိုင္ေသာေသေစနိုင္စြမ္းေအာက္တြင္ ဆိုင္ပတ္လည္တြင္ရွိေနေသာ ဖုတ္ေကာင္မ်ားကို အလ်င္အျမန္ပင္ ဖယ္ရွားပစ္ခဲ့သည္။

သူ႕ခန႔္မွန္းယူဆခ်က္အား စစ္ေဆးရန္အတြက္ စုေ႐ြ႕က်ယ္သည္ ဓားတစ္ေခ်ာက္ကို ထုတ္လိုက္ၿပီး ဒုတိယဖုတ္ေကာင္ေခြး၏ေခါင္းအားဖြင့္လိုက္၏။ ထို႔ေနာက္ ထူးျခားေသာအေရာင္ႏွင့္ အျမဳေတအခဲတစ္ခုကို ေတြ႕လိုက္ေလ၏။ အျမဳေတသည္ ၎ကိုယ္တိုင္ အနီေရာင္ေဖ်ာ့ေဖ်ာ့ရွိေနၿပီး အျပင္ဘက္တြင္ အလႊာတစ္ထပ္ရွိေနၿပီး ခါ့မိုင္းအနီေရာင္ျဖင့္ ေဆးသုတ္ထားသကဲ့သို႔ပင္။

【TN : Carmine red သည္ အစားအစာမ်ား၊ cosmetics မ်ားတြင္အေရာင္ဆိုးေသာ ဆိုးေဆးေနရာတြင္ အသုံးျပဳသည္။ (source from Google)】

အကယ္၍ ဆင့္ကဲေျပာင္းလဲၿပီးေသာေခြးသာ တျခားေခြး၏အျမဳေတအား စားလိုက္ၿပီးပါက ၎၏အျမဳေတသည္ ေျပာင္းလဲသြားေပလိမ့္မည္။ အကယ္၍ စုေ႐ြ႕က်ယ္ အခ်ိန္မွီမပစ္လိုက္မိပါက ၎သည္ မေတြ႕ဝံ့စရာအက်ိဳးဆက္မ်ားႏွင့္အတူ ေနာက္တစ္ႀကိမ္ ဆင့္ကဲေျပာင္းလဲသြားနိုင္ေလသည္။

ဆယ္ဖြဲ႕ေျမာက္အဖြဲ႕သည္ ဆိုင္ေခါင္မိုးေပၚတြင္ အခ်ိန္အေတာ္ၾကာပိတ္မိေနခဲ့ၾက၏။ အႏၱရာယ္မွ လြတ္ေျမာက္လာခဲ့ၿပီးေနာက္ သူတို႔သည္ ဆယ့္ႏွစ္ဖြဲ႕ေျမာက္အဖြဲ႕ႏွင့္ ျပန္ေပါင္းလိုက္ၾကသည္။ သို႔ေသာ္လည္း သူတို႔၏အေရအတြက္သည္ ေလးဆယ္မွ ႏွစ္ဆယ့္ငါးအထိ ေလ်ာ့က်သြားေလ၏။ စစ္သားဆယ့္ငါးေယာက္သည္ က်ဆဳံးသြားခဲ့ၾကရ၏။

လက္ခံနိုင္ေလာက္ေသာ ဆုံးရႈံးမႈပင္။

【TN : အႏၱရာယ္ႀကီးနဲ႕ ႀကဳံရေပမယ့္ သူတို႔မွန္းသေလာက္ ဒီထက္အမ်ားႀကီးမေသဘဲ နည္းလို႔ေျပာခ်င္တာပါ။ 】

ဆယ္ဖြဲ႕ေျမာက္အဖြဲ႕ ကယ္ဆယ္ရန္ ေရာက္လာစဥ္ အလြန္မ်ားေသာဖုတ္ေကာင္မ်ားကို မေမွ်ာ္လင့္ထားခဲ့ၾကေခ်။ သူတို႔၏အစီအစဥ္မွာ စစ္ကားမ်ားကိုအႏွောက္အယွက္ျဖစ္ေစ႐ုံသာ အသုံးျပဳၾကရန္ျဖစ္၏။

ဆင့္ကဲေျပာင္းလဲလာေသာဖုတ္ေကာင္မ်ား၊ ေခြးမ်ားႏွင့္ လူသားမ်ား ႏွစ္မ်ိဳးစလုံးသည္ ဤေနရာတြင္ ေစာင့္ဆိုင္းေနခဲ့ၾက၏။ ၎တို႔သည္ အလြန္လ်င္ျမန္ကာ ဆယ္ဖြဲ႕ေျမာက္အဖြဲ႕၏ကားကို မွီသြားၾကၿပီး တိုက္ခိုက္ၾကေလေတာ့၏။

ဖုတ္ေကာင္ေခြးသည္ အလြန္စြမ္းအားႀကီးၿပီး ကားအား ၎၏ခႏၶာကိုယ္ျဖင့္ ထပ္ခါထပ္ခါ တိုက္ေလ၏။ ကားသည္ လမ္းအားေကြ႕ၿပီး လမ္းေဘးတားတန္းဆီသို႔ ၀င္ေအာင္းမိေလ၏။ ၎လႈပ္ရွားမႈေၾကာင့္ ဖုတ္ေကာင္မ်ားသည္ ဝိုင္းအုံလာေလ၏။ သူတို႔တိုက္မိခ်ိန္တြင္ တျခားတစ္ဖက္တြင္လည္း အုံေနၿပီျဖစ္ၿပီး ကားသည္ အစုအေဝးေအာက္ပိလုပင္ျဖစ္ေန၏။

ဆယ္ဖြဲ႕ေျမာက္အဖြဲ႕သည္ အကူအညီအတြက္ လွမ္းေခၚေသာ္လည္း သူတို႔တြင္ အခ်ိန္အမ်ားႀကီးမရွိေတာ့ေခ်။ ဖုတ္ေကာင္မ်ားသည္ အ႐ူးအမူးတိုး၀င္စု႐ုံးလာၾကကုန္၏။ ဆင့္ကဲေျပာင္းလဲလာေသာဖုတ္ေကာင္မ်ားႏွင့္ ေခြးတို႔၏ ပူးေပါင္းစြမ္းအားသည္ အလြန္ျပင္းထန္ဆိုး႐ြားလွေခ်၏။ ခြၽန္ထက္ေသာ လက္သည္းမ်ားသည္ က်ည္ကာမွန္ကိုပင္ ေဖာက္နိုင္ေလ၏။ အေနာက္ဘက္ကားတံခါးသည္ ဖုတ္ေကာင္မ်ား၏အားေၾကာင့္ ပိန္လ်မ္ၫြတ္သြားေလ၏။ အကယ္၍သူတို႔သာ ကားထဲတြင္ ဆက္ပုန္းေနပါက သူတို႔သည္ လည္ပင္းက်ဥ္းပန္းအိုးထဲက လိပ္ႀကီးသာျဖစ္သြားေလေတာ့မည္။

သူတို႔အေနျဖင့္ ေသဖို႔အတြက္သာထိုင္ေစာင့္ေန၍မရေခ်။ သူတို႔သည္ ဝိုင္းရံခံေနရမႈကိုခ်ိဳးေဖာက္ရန္ နည္းလမ္းရွာကာ ကယ္ဆယ္ေရးအတြက္ ေစာင့္ေစာင္းေနခဲ့ၾကရေလသည္။ ႀကံ့ခိုင္မႈစြမ္းအားႏွင့္ ပစ္ခတ္မႈစြမ္းအားမ်ားကိုအသုံးျပဳၿပီး ဆယ္ဖြဲ႕ေျမာက္အဖြဲ႕သည္ ဝိုင္းအုံေနသည္မွ လိုင္းတစ္လိုင္းကို ေအာင္ေအာင္ျမင္ျမင္ ရွင္းလင္းနိုင္ခဲ့ေလသည္။

ဆင့္ကဲေျပာင္းလဲေနေသာဖုတ္ေကာင္မ်ားသည္ လ်င္ျမန္ၾကကာ ထိုအျမန္ႏႈန္းမ်ိဳးႏွင့္ သတၱဝါမ်ိဳးကို ထိပ္တိုက္ရင္ဆိုင္ရန္ သဘာ၀မက်ေခ်။ ဆယ္ဖြဲ႕ေျမာက္အဖြဲ႕၏‌ေခါင္းေဆာင္ ကြမ္းဟုန္သည္ ဆိုင္ငယ္ေလး၏ ေခါင္းမိုးထက္ဆီသို႔ ဆယ္ဖြဲ႕ေျမာက္အဖြဲ႕အား ဦးေဆာင္သြားခဲ့ေလ၏။ သို႔ေသာ္ အစုအေဝးႀကီးကိုခ်ိဳးျဖတ္ၿပီး နံရံကိုေဖာက္ထြက္စဥ္ သူတို႔သည္ တစ္ဒါဇင္ထက္ပိုေသာလူမ်ားကို ဆုံးရႈံးသြားခဲ့ၾကရသည္။

သူတို႔တြင္ ပူေဆြး၀မ္းနည္းေနရန္ အခ်ိန္မရွိခဲ့ၾကေခ်။ ရဲစခန္းထဲတြင္ ကယ္ဆယ္ေရးအား ေစာင့္ဆိုင္းေနေသာ အသက္ရွင္က်န္သူမ်ားရွိေနေသးေခ်သည္။

ရဲစခန္းသည္ လမ္းေဘးဆိုင္ေလး၏ ဆန႔္က်င္ဘက္တစ္ဖက္တြင္ရွိၿပီး မီတာ ခုနစ္ရာထက္နည္း၏။ ထူထပ္သိပ္သည္းေသာဖုတ္ေကာင္အုပ္စုႀကီးသည္ ရဲစခန္းငယ္ေလး၏ပတ္လည္တြင္ဝိုင္းေနၾက၏။ ရဲစခန္း၏ ဒုတိယထပ္ ၀ရံတာတြင္ ယူနီေဖာင္း၀တ္ထားေသာ ရဲ၀န္ထမ္းမ်ားႏွင့္ သန္မာေသာလူငယ္အခ်ိဳ႕ရပ္ေနၾကေလ၏။ သူတို႔သည္ တံျမက္စည္းရိုးမ်ား၊ႏွင့္ ဓားမ်ားျဖင့္ ျပဳလုပ္ထားေသာ လွံစြပ္မ်ားျဖင့္ ဖုတ္ေကာင္မ်ား၏ေခါင္းမ်ားကိုထိုးေဖာက္ကာ ၎တို႔အမ်ားအျပားကို သတ္ေနၾကသည္။

သူတို႔သည္ ေသနတ္သံမ်ားကို ေသခ်ာေပါက္ၾကားခဲ့ၾကရမည္ျဖစ္ၿပီး သူတို႔အားကယ္တင္ရန္ေရာက္လာသည့္ စစ္သားမ်ားကို ေတြ႕ၿပီး ကူညီရန္ႀကိဳးပမ္းေနခဲ့ၾကသည္။

သို႔ေသာ္ ၎သည္ အလြန္အႏၱရာယ္မ်ားလွ၏။ ထိုေနရာတြင္ ဆင့္ကဲေျပာင္းလဲလာေသာဖုတ္ေကာင္မ်ား စုၿပဳံေနေလ၏။

သူတို႔၏ စိုးထိတ္မႈကို အတည္ျပဳသကဲ့သို႔ လူငယ္တစ္ယာက္၏ လက္နက္သည္ လက္သည္းတစ္ခုႏွင့္ ခ်ိတ္မိၿပီး သူမတုန႔္ျပန္နိုင္ခင္ သူသည္ ေအာက္သို႔ ျပင္းျပင္ထန္ထန္ဆြဲခံလိုက္ရကာ ဟန္ခ်က္ပ်က္သြားေလ၏။ လမ္းတဖက္မွ စစ္သားမ်ားသည္ လမ္းအားျဖတ္ၿပီး သူ႕အား ေစာင့္ၾကည့္ေနစဥ္ ၀ရံတာမွ ဖုတ္ေကာင္ပင္လယ္ထဲသို႔က်ခါနီးတြင္ ေဘးဘက္မွ လက္တစ္ဖက္သည္ ထြက္လာၿပီးသန္မာ‌ေသာ အားျဖင့္ သူ႕အား ေနာက္သို႔ျပန္ဆြဲလိုက္ေလ၏။ သူ႕လက္နက္ကေတာ့ ေပ်ာက္သြားၿပီျဖစ္၏။

က်န႔္ယြင္သည္ ရင္းႏွီးေသာပုံရိပ္ကိုျမင္လိုက္ရခ်ိန္တြင္ သူ႕မ်က္လုံးမ်ား အာ႐ုံစိုက္မႈ ေလ်ာ့က်သြားေလ၏။ သူလား? သူက ဘာလို႔ ဒီေနရာမွာ ရွိေနတာလဲ?

"ေရွာင္က်ယ္၊ ခ်ယ္ရီ..မဟုတ္ဘူး။ဗုံးေတြ။ ငါ့ကို တခ်ိဳ႕ေပး! "

က်န႔္ယြင္ စုေ႐ြ႕က်ယ္အား ‌လွမ္းေအာ္‌လိုက္၏။

စုေ႐ြ႕က်ယ္သည္ တုန႔္ဆိုင္းမႈမရွိဘဲ ခ်ယ္ရီဗုံးအမ်ားအျပားလုပ္ရန္ သူ႕စြမ္းအားကို သုံးလိုက္၏။

"သြားၾကစို႔! "

က်န႔္ယြင္သည္ သူ႕အဖြဲ႕အား ေလာေဆာ္လိုက္၏။

လီမင္းသည္ ဆက္လက္ရပ္တည္နိုင္ရန္ ႐ုန္းကန္ေနနိုင္႐ုံသာ။

က်န႔္ယြင္ႏွင့္ သူ႕အဖြဲ႕သည္ ျမင့္ျမတ္ေသာနတ္ဘုရား၏၀င္ေရာက္စြက္ဖက္သကဲ့သို႔ႏွင္ၾကၿပီး ေလာေဆာ္ကာ ပစ္ခတ္ၾကေလေတာ့၏။ မဂၢဇင္းထဲမွ ပဲေစ့က်ည္ဆန္မ်ားႏွင့္အတူ ဖုတ္ေကာင္မ်ားအား ေသေစနိုင္သည့္ ထိခိုက္မႈျဖစ္ေစရန္ ေခါင္းအားခ်ိန္႐ြယ္ရန္ပင္ မလိုခဲ့ေခ်။ ထပ္ေပါင္းၿပီး က်န႔္ယြင္တြင္ခ်ယ္ရီဗုံးမ်ားရွိ သူတို႔နီးလာသည္ႏွင့္ အစုအၿပဳံလိုက္အား ရွင္းလင္းရန္ ပစ္လိုက္ေလ၏။

"က်န႔္ယြင္!"

1.9 မီတာရွည္ေသာ က်န႔္ယြင္သည္ ေပၚလြင္ထင္ရွားေနေလ၏။ ဒုတိယထပ္၀ရံတာတြင္ရပ္ေနေသာလူငယ္ေလးသည္ သူ႕အား စိတ္လႈပ္ရွားစြာ လက္ေဝွ႕ယမ္းျပလာေလ၏။

【TN : 6 ေပ 2လက္မ ရွည္ေသာ က်န႔္ယြင္ 🤭】

က်န္သည့္ဖုတ္ေကာင္မ်ားသည္ အသံကိုတုန႔္ျပန္လာၾကၿပီး သူ႕အားဖမ္းဆြဲရန္ ၎တို႔၏လက္မ်ားကို ဆတ့္တန္းေနၾကေလ၏။ စုေ႐ြ႕က်ယ္သည္ သူ႕ဆီသို႔ေရာက္ေအာင္ခုန္ေနေသာ ဖုတ္ေကာင္အမ်ားအျပားကိုေစာင့္ၾကည့္ေနခဲ့ေသာ္လည္း ဖုတ္ေကာင္ေခြးမ်ာေလာက္ ထိေရာက္မႈမ်ားမရွိခဲ့ေခ်။ ၎တို႔မည္မွ်ႀကိဳးပမ္းပါေစ ၀ရံတာရွိ လူမ်ားထံသို႔ ၎တို႔ မေရာက္နိုင္ေခ်။

"ျပန္၀င္၊ အထဲကေစာင့္!"

က်န႔္ယြင္ သူ႕အားလွမ္းေအာ္လိုက္၏။

သူသည္ ခ်န္းခ်ီ၏ ဉာဏ္မဲ့ေသာလုပ္ရပ္အျပဳအမူမ်ားႏွင့္ ပတ္သတ္ၿပီး ဘာမွ မလုပ္နိုင္ခဲ့ေခ်။ သူ႕ကိုဖုတ္ေကာင္ေတြ ဝိုင္းရံေနခ်ိန္မွာ အရမ္းေပ်ာ္႐ႊင္ေနတာက ဘာလဲ?

ခ်ယ္ရီဗုံး၏ ေပါက္ကြဲမႈသည္ စစ္တပ္၏ လက္ပစ္ဗုံးတစ္လုံးႏွင့္ ယွဥ္နိုင္၏။ စြမ္းအားသည္ အမွန္တကယ္ကို တူညီေသာ္လည္း ဖုတ္ေကာင္မ်ားႏွင့္ယွဥ္လိုက္ပါက ပ်က္စီးမႈပိုမ်ားလာေခ်၏။ သက္ေရာက္မႈခံလိုက္ရသည္ႏွင့္ ဖုတ္ေကာင္အားလုံးနီးပါးသည္ လဲက်ကဳန္ေလ၏။ ဆင့္ကဲေျပာင္းလဲေသာဖုတ္ေကာင္မ်ားပင္ ေပါက္ကြဲမႈကို ခံနိုင္ရည္မရွိၾကဘဲ ၎တို႔အေရအတြက္ပင္ ေလ်ာ့က်သြားေလ၏။

က်န႔္ယြင္ႏွင့္ စစ္သားမ်ားသည္ ထိခိုက္မႈမရွိဘဲ ရဲစခန္းဂိတ္၀သို႔ ခ်ဥ္းကပ္လာခဲ့ၾကေလ၏။ သူတို႔တံခါးမေခါက္ရေသးခင္မွာပင္ ဂိတ္တံခါးပြင့္လာခဲ့ေလ၏။

"က်န႔္ယြင္၊ အထဲ၀င္လာခဲ့!"

ခ်န္းခ်ီသည္ လာဘ္ေခၚေၾကာင္တစ္ေကာင္ကဲ့သို႔ အမူအရာႏွင့္ စိတ္လႈပ္ရွားစြာ လက္ေဝွ႕ယမ္းျပေနခဲ့ေလ၏။

က်န႔္ယြင္သည္ သူ႕စိတ္ထဲကေနပင္ သူ႕အားမ်က္လုံးလွန္လိုက္မိၿပီး သူအေပၚသို႔တက္ကာ ခ်န္းခ်ီ၏ေနာက္ေစ့အား ရိုက္ပစ္ခ်င္ေန‌၏။ သို႔ေသာ္လည္း ပတ္ပတ္လည္တြင္ ျဖတ္ေကာင္မ်ားစြာ က်န္ေနေသးသျဖင့္ အရင္ဆုံး အျခားသူမ်ားႏွင့္အတူ အထဲသို႔၀င္သြားေလ၏။

လူအုပ္သည္ ရဲစခန္းထဲသို၀င္ေရာက္သြားၾကၿပီး ဂိတ္တံခါးအား ပိတ္လိုက္ၾက၏။ တံခါးအား တိုက္ခိုက္မႈရွိေနပါေသာ္လည္း မည္သူကမွ ဂ႐ုမစိုက္ၾကေတာ့ေခ်။ ယခု အျပင္ဘက္တြင္ ဖုတ္ေကာင္ဒါဇင္အနည္းငယ္သာရွိၿပီး တံခါးေသာ့သည္ အလြန္ခိုင္ခံ့၏။ ဆင့္ကဲ‌ဖုတ္ေကာင္မ်ားမရွိဘဲ အခ်ိန္ခဏၾကာေအာင္ ထိန္းထားနိုင္စြမ္းရွိလိမ့္မည္။

"လူတိုင္း ထြက္လာၾက! စစ္တပ္က ငါတို႔ကိုကယ္ဖို႔ေရာက္လာၿပီ! "

ခ်န္းခ်ီ ေအာ္ေျပာလိုက္၏။

သူ႕အသံထြက္လာသည္ႏွင့္ အခန္းမ်ား‌ ေထာင့္မ်ားဆီမွ လူမ်ားထြက္လာၾကေလ၏။ အၾကမ္းဖ်င္းခန႔္မွန္းရလွ်င္ လူႏွစ္ရာနီးပါးရွိေလ၏။ အသက္ရွင္က်န္သူမ်ားသည္ ေဖ်ာ့ေတာ့၊ ပိန္လွီ ၿပီး သူတို႔မ်က္လုံးမ်ားထဲတြင္ ထိတ္လန႔္တုန္လႈပ္ေနၾကေလ၏။ သူတို႔သည္ ဆုတ္ယုတ္နစ္ျမဳပ္ေနခဲ့ၾကေလသည္။ ၾကမ္းျပင္ေပၚရွိ အိပ္ယာခင္းမ်ားႏွင့္ ရႈပ္ပြေနသည့္ အမွိုက္မ်ားမွ သူတို႔သည္ ဤေနရာတြင္ အခ်ိန္အခ်ိဳ႕ၾကာေအာင္ ပိတ္မိေနခဲ့ၾကျခင္းျဖစ္ရမည္။

သို႔ေသာ္ သူတို႔သည္ ခ်န္းခ်ီအား အလြန္အေလးအနက္ထားၾကပုံရၿပီး သူ႕ေနာက္တြင္ရပ္ေနေသာ ရဲ၀န္ထမ္းတခ်ိဳ႕ပင္ သူ႕အား တိတ္တဆိတ္ေထာက္ခံေနပံရ၏။

သို႔ေသာ္ ခ်န္းခ်ီသည္လည္း ခ်န္းမိသားစု၏ အစိတ္အပိုင္းတစ္ခုပင္။ သူသည္ အခ်ိန္တခ်ိဳ႕ စစ္တပ္ထဲတြင္ေနခဲ့ဖူးေသာ္လည္း စကားေျပာရန္ စြမ္းရည္မ်ားေတာ့ မရွိခဲ့ေခ်။

"ငါတို႔က အမ်ိဳးသား ကယ္ဆယ္ေရးအဖြဲ႕ပါ။ အခု ငါတို႔ ေတာင္ပိုင္းစစ္ဌာနနယ္ေျမမွာ အသက္ရွင္က်န္သူအေျခစိုက္စခန္းတစ္ခုတည္ေထာငိးထားၿပီးၿပီ။ ေက်းဇူးျပဳၿပီး ငါတို႔နဲ႕အတူလိုက္ဖို႔ အသင့္ျပင္ၾကပါ။ "

ကြမ္းဟုန္သည္ ေျပာၿပီး အေရွ႕သို႔ တိုးသြားခဲ့ေလ၏။

တဖက္တြင္ေတာ့ လီမင္းသည္ တျခားအဖြဲ႕မ်ားမွ အကူးအညီေတာင္းခံရန္အတြက္ ေရဒီယိုကိုစတင္အသုံးျပဳေနခဲ့ေလ၏။ ဆယ္ဖြဲ႕ေျမာက္အဖြဲ႕၏ စစ္ကားမ်ားသည္ သူတို႔ဝိုင္းရံထားသည္ကိုခ်ိဳးေဖာက္စဥ္က ဖုတ္ေကာင္မ်ားေၾကာင့္ ပိန္လိမ္ကုန္ၿပီျဖစ္၏။ ဆယ့္ႏွစ္ဖြဲ႕ေျမာက္အဖြဲ႕၏စစ္ကားမ်ားသည္ အေျခစိုက္စခန္းသို႔ ျပန္ေရာက္သြားၿပီျဖစ္၏။ လူအမ်ားႀကီးကို ျပန္ေခၚသြားရန္အတြက္ သူတို႔အေနျဖင့္ အနည္းဆုံး စစ္ကား ႏွစ္စီးမွ သုံးစီး လိုအပ္ေလသည္။

လီမင္း၏ ေခၚဆိုမႈသည္ မၾကာခင္မွာပင္ ျပန္ေျဖလာေလ၏။ ရွစ္ဖြဲ႕ေျမာက္အဖြဲ႕သည္ အတြင္းသို႔၀င္လာေနၿပီျဖစ္ၿပီး ဆယ့္တစ္ဖြဲ႕ေျမာက္အဖြဲ႕သည္ လမ္းတြင္ျဖစ္၏။ ဆယ့္သုံးဖြဲ႕ေျမာက္အဖြဲ႕သည္ ျပႆနာအခ်ိဳ႕ႏွင့္ ရင္ဆိုင္ခဲ့ၾကရၿပီး သူတို႔တတ္နိုင္သမွ် မၾကာခင္မွာ ေရာက္လာေပလိမ့္မည္။ တျခားဆိုရေသာ္ လူတိုင္းကို ေနရာေျပာင္းေ႐ႊ႕ရန္ အခက္အခဲ မရွိေခ်။

"သြားၾကစို႔၊ သပ္သပ္ရပ္ရပ္လုပ္ၿပီး ငါတို႔နဲ႕အတူ ဘာေတြ ယူသြားဖို႔လိုအပ္လဲဆိုတာ ရွာၾကစို႔။ ကားေတြက ငါတို႔ကိုေခၚဖို႔ေရာလာလိမ့္နယ္၊ အ်ခိန္တိုအတြင္း ထြက္ခြာနိုင္လိမ့္မယ္! "

ကြမ္းဟုန္သည္ လူအုပ္အား ေအာ္လိုက္၏။

က်န႔္ယြင္သည္ လူအုပ္အားပတ္ၾကည့္လိုက္ေသာ္လည္း ခ်န္းေက်ာင္းအား မေတြ႕ခဲ့ေခ်။ သူမ်က္ေမွာင္ၾကဳတ္လိုက္ၿပီး

"ေက်ာင္းေက်ာင္ ေကာ?! "

ခ်န္းခ်ီသည္ သူ႕ႏႈတ္ခမ္းအား ကိုက္လိုက္ၿပီး တီးတိုးေျပာလာေလ၏။

"ငါနဲ႕လိုက္ခဲ့ "

ခ်န္းခ်ီ၏မ်က္ႏွာေပၚရွိ အမူအရာကိုၾကည့္ၿပီး က်န႔္ယြင္၏ ႏွလုံးသား နစ္ျမဳပ္သြားေလ၏။ သူသည္ ခ်န္းခ်ီေနာက္ အေပၚထပ္သို႔လိုက္သြားေလ၏။ က်န႔္ယြင္သြားသည္ႏွင့္ စုေ႐ြ႕က်ယ္အား သူႏွင့္အတူေခၚလာရန္ မေမ့ေခ်။

【TN: ဘဲေလးကို ႀကိဳးနဲ႕ဆြဲကာေခၚသြားမလား? ေက်ာပိုးအိတ္ေလးထဲ ထည့္ကာေခၚသြားမလား။ ကိုယ္သြားရာ တေကာက္ေကာက္လိုက္မွာလား 🤪】

ခ်န္းခ်ီလည္း က်န႔္ယြင္ဘာေၾကာင့္ ဆယ္ေက်ာ္သက္ေလးတစ္ေယာက္အား ေတာက္ေလွ်ာက္ဆြဲေခၚလာသည္ကို နားမလည္ခဲ့ေသာ္လည္း က်န႔္ယြင္တြင္ သူ႕အေၾကာင္းျပခ်က္ႏွင့္သူရွိမည္ကို သူယုံၾကည္သျဖင့္ မည္သို႔ေရာအေၾကာင္းအရာကိုေျပာရန္မွ် ပါးစပ္ဟမလာခဲ့ေခ်။ သူသည္ သူတို႔အား ဒုတိယထပ္ရွိ ပိတ္ထားေသာအခန္းတစ္ခုဆီသို႔ ေခၚလာခဲ့ေလ၏။

အခန္းအား ဘာေၾကာင့္ ေသာ့ခတ္ထားသည္ကို သူတို႔မသိခဲ့ေခ်။ ၀င္ေပါက္တြင္ ေစာင့္ၾကပ္ေနေသာ ရဲႏွစ္ေယာက္ရွိခဲ့ေသာ္လည္း သူတို႔လည္း ထုပ္ပိုးဖို႔ သြားၾကေလၿပီ။ ခ်န္းခ်ီသည္ အေရွ႕သို႔သြားကာ အခန္းတံခါးကို ဖြင့္လိုက္၏။ အတြင္း၌ လူ ေလးေယာက္မွ ေျခာက္ေယာက္သည္ ေသြားမ်ားထြက္ၿပီး လဲေနၾက၏။ ခ်န္းေက်ာင္းလည္း သူတို႔ထဲမွ တစ္ေယာက္ပင္။

"ဘာေတြ ျဖစ္ခဲ့တာလဲ?"

က်န႔္ယြင္သည္ တစ္ခ်က္ၾကည့္႐ုံျဖင့္ပင္ ခ်န္းေက်ာင္းသည္ ဖ်ားေနသည္ကို ခံစားေနရေၾကာင္း သိလိုက္၏။ သူမ၏မ်က္ႏွာသည္ နီရဲေနကာ သူမ၏နဖူးသည္ ေခြၽးမ်ား သီးေန၏။

"ဒီမွာ အစားအစာေတြ အမ်ားႀကီးမရွိေတာ့ဘူး။ငါတို႔ ကင္းေထာက္ဖို႔ လူေတြကို အလွည့္က် ေခၚသြားရတယ္။ သူမေန႕က လူတစ္ဒါဇင္ေလာက္ကို ေခၚၿပီးအျပင္ကိုသြားခဲ့ၿပီးေတာ့ ပစၥည္းနည္းနည္းေလးနဲ႕ပဲျပန္လာခဲ့ၿပီး လူတိုင္းဒဏ္ရာရလာၾကတယ္။ ပတ္ပတ္လည္က ဖုတ္ေကာင္ေတြက သူတို႔ေသြးနံ႕ေၾကာင့္ ဆြဲေဆာင္ခံၾကရပုံရတယ္။ သူတို႔ဖုတ္ေကာင္ေတြ ျဖစ္သြားမွာကို လူတိုင္းက ေၾကာက္ေနၾကတာ။ ဒါေပမယ့္ ငါ သူတို႔ကို ပစ္မထားနိုင္ဘူး။ ငါသူတို႔ကို ဒီမွာ ထား႐ုံပဲတတ္နိုင္ၿပီး တတ္နိုင္သေလာက္ လူေတြကို ေစာင့္ၾကည့္ခိုင္းထားတာ။ "

ခ်န္းခ်ီ စကားေျပာေနခ်ိန္တြင္ သူ႕မ်က္ႏွာတြင္ နာက်င္၀မ္းနည္းမႈကို မျပဘဲ မေနနိုင္ခဲ့ေခ်။

"ဒီလိုျဖစ္လာမယ္မွန္းသာသိရင္ ငါသူ(မ)နဲ႕အတူ မေန႕က သြားခဲ့ပါတယ္"

"ေရွာင္က်ယ္...သြားၿပီး ေလာင္စုန႔္နဲ႕ က်န႔္က်ားဟယ္ကို ေခၚခဲ့ "

ဒဏ္ရာရသူမ်ားကို ဒီမွာ ခ်န္မထားခဲ့နိုင္ေခ်။ သူတို႔ကို စုန္ခ်န္ရႈကုသေပးရန္ လိုအပ္သည္။ သူတို႔ က်န႔္က်ားဟယ္ ညစ္ေပးနိုင္သည့္ အသီးအ႐ြက္ေဖ်ာ္ရည္ကိုလည္း လိုအပ္သည္။

စုေ႐ြ႕က်ယ္သည္ ေခါင္းညိတ္လိုက္ကာ စုန႔္ခ်န္ရႈႏွင့္ က်န႔္က်ားဟယ္ကိုေခၚရန္ ေအာက္ထပ္သို႔ ဆင္းသြားေလ၏။ သူ႕အတိတ္ဘ၀တုန္းက က်န႔္ယြင္ထံမွ ထိုေမာင္ႏွမႏွစ္ေယာက္အေၾကာင္းကို ၾကားခဲ့ဖူးသည္။ သူတို႔အတူတူၾကျပင္းလာၾကၿပီး ဆက္ဆံေရးေကာင္းမြန္ၾကသည္ကို သိခဲ့ရ၏။ သူ က်န႔္ယြင္အတြက္ စိတ္မေကာင္းခံစားရ၏။

စုန႔္ခ်န္ရွာႏွင့္ က်န႔္က်ားဟယ္ ေရာက္လာေလ၏။ စုန႔္ခ်န္ရႈသည္ လူတိုင္း၏ ဒဏ္ရာမ်ားကို ပထမဆုံး စစ္ေဆးလိုက္၏။ ကံ‌မေကာင္းစြာျဖင့္ သူတို႔သည္ အခ်ိန္အေတာ္ၾကာေအာင္ ေရာဂါပိုးကူးစက္ခံထားခဲ့ၾကရ၏။ သူတို႔ထဲမွ အမ်ားစုသည္ ကူးစက္ခံရသည့္အဆင့္ျမင့္ေနခဲ့ၾကၿပီး သူတို႔၏မ်က္ႏွာမ်ားသည္ ေဖ်ာ့ေတာ့ကာ မီးခိုးေရာင္မ်ားျဖစ္ေနၾက၏။ သူတို႔၏ မ်က္လုံးမ်ားသည္ ျဖဴလာကာ အာ႐ုံစိုက္မႈမရွိၾကေတာ့ဘဲ ေနာက္ထပ္ တုန႔္ျပန္မႈ မရွိေတာ့ေခ်။

ခ်န္ေက်ာင္းအပါအ၀င္ လူႏွစ္ဦးသာ ေရာဂါပိုအား တိုက္ခိုက္ေနသည့္ပုံရ၏။ သူသည္ စုေ႐ြ႕က်ယ္ေပးေသာ ေဆးေသတၱာကိုသုံးၿပီး သူတို႔၏ဒဏ္ရာမ်ားကို အေျပးအလႊားကုသေပးၿပီး က်န႔္က်ားဟယ္၏ လတ္ဆတ္ေသာ အသီးအ႐ြက္ေဖ်ာ္ရည္ကို တိုက္ေလ၏။

သူတို႔သည္ အေကာင္းဆုံး လုပ္ေပးခဲ့ၿပီ။ ေနာက္ထပ္ျဖစ္လာမည့္အရာကေတာ့ သူတို႔၏ ကံတရားေပၚတြင္သာ ပုံအပ္ထားရလိမ့္မည္ျဖစ္သည္။

🍒🍒

Paid group ၀င္လို႔ရပါတယ္ေနာ္။ Daily update ကို Chapter 51 မွ Chapter 113(အၿပီး) အထိ 2500 ပါ။ 21 ေနာက္ပိုင္းမွ ၀င္မည္ဆိုပါက တစိပိုင္း ၅၀က်ပ္ျဖင့္ တြက္ပါမည္ဗ်။ Facebook group သို႔မဟုတ္ Telegram private group (pdf file) ႀကိဳက္ရာေသာ္လည္းေကာင္း ႏွး္မ်ိဳးစလုံးေသာ္လည္းေကာင္းရပါတယ္။

Paid group ၀င္ခ်င္ပါက
09256902862
Kpay(Mg Paing Zin Khant)/Wave pay သို႔ ေငြလႊဲၿပီး TID ေသာ္လည္းေကာင္း ss ေသာ္လည္းေကာင္းျပ၍ ၀င္နိုင္ပါသည္ဗ်။ ေက်းဇူးတင္ပါတယ္။

Continue Reading

You'll Also Like

26.5K 3.2K 89
Two young men Encounter the Destiny. Can they break their fate or ??? Magic & Fantasy ((Both Unicode & Zawgyi Available)) ကံကြမ္မာ၏ စီမံမှုဖြင့် အလိ...
120K 23K 53
အရင် Acc ကဝင်မရလို့ Book ခွဲလိုက်ပါပြီနော် Book 1 ကို Boရဲ့ Reading list ထဲမှာ ဝင်ကြည့်ပေးကြပါရှင့်
736K 113K 196
Author(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own thi...
43.2K 5.8K 14
Title - THE TYRANT'S BELOVED EMPRESS Type - WEB NOVEL Author - 绣生 / Xiu Sheng Origina...