I'm Fell (U+Z)

By ANyiTaw

8.6K 738 55

ခြေချော်သွားလို့ဆိုပြီး ပြန်ထလို့မရတဲ့လောက က အချစ်နယ်ပယ်ပဲ။ တစ်ခါချော်လဲရင် ခဏခဏ ချော်လဲရတော့မယ်။ ဒူးသာခိုင်ခ... More

1
2
3
4
5
6
7 .(ForceBook Vision)
8
9
10
11
12
13
14
16
17
18 & +
19
20

15

331 34 2
By ANyiTaw


" ဟေး ပီ... မနက်ဖြန် ကျွန်တော့်မွေးနေ့ ...အခန်းမှာ ပါတီလုပ်မှာ လာခဲ့မယ်မို့လား "

ဘုတ် ရဲ့စကားကြောင့် ထမင်းစားနေတဲ့ ဝင်း က သူ့ဘေးကဖိုစ့်ကိုလှမ်းကြည့်သည်။ ဖိုစ့်က ဘာမှမပြောပဲ မျက်နှာထားတည်တည်ကြီးနဲ့ပဲနေနေတော့ သူလည်း ခေါင်းငြိမ့်လိုက်သည်။

သူတို့က ကုမ္ပဏီအောက်ထပ်က နေ့လည်စာစားတဲ့နေရာမှာ ထိုင်နေတာဖြစ်ပြီး အမအမ် ကတော့ အလုပ်ပျက်သည်။

ဖိုစ့်က ဘုတ်ကိုအပေါင်းအသင်းမလုပ်ဖို့မပြောရုံတမယ်သာရှိသည်။ အမြဲတမ်း ပူးတွဲနေရင်ကိုကွယ်ရာကျ အဆူအပြောခံရတာမို့ ဝင်း မှာ အသိနဲ့သတိနဲ့ကပ်နေရသေးသည်။
အခုတော့ ကာယကံရှင်က ပက်ပင်းကြီးဖိတ်တာကြောင့် ငြင်းရခတ်လှသည်။

" လာခဲ့မယ်လေ..."

ဝင်း ရဲ့ဖြောင့်ဖြောင့်တန်းတန်းမငြိမ့်နိုင်တဲ့ အပြုအမူကို ဘုတ်က မသိသလိုဟန်ဆောင်ကာ လာဖို့ပဲ တွန်းအားပေးသည်။

" မနက်ဖြန်ည ၈ နာရီနော် အကို လက်ဆောင်မယူခဲ့ပဲနဲ့ အလုပ်ကနေသာတန်းလာခဲ့တော့၊ ကျွန်တော် line ကနေ location ပို့ထားလိုက်မယ်နော် "

" အွန်း အိုခေ အိုခေ..."

ဘုတ်ကလည်းအနည်းငယ်မျက်နှာပြောင်တိုက်ပါရဲ့ ၊ နှစ်ယောက်ယှဉ်ထိုင်နေတာတောင် ဘေးက ဖိုစ့်ကို ဖိတ်မသွားပေ။ဒါသည် တမင်တကာလုပ်ရပ်မှန်း နှစ်ဘက်လုံးသိကြပါ၏။

" မင်းကောလိုက်မလား "

ဘုတ်ထွက်သွားတော့ ဘေးနားကနေ ကြက်ရိုးကိုက်နေတဲ့ ဖိုစ့်ကိုလှမ်းမေးလိုက်သည်။ ဖိုစ့်ကသူ့အမေးကိုကြက်ရိုးထက်ပိုစိတ်မဝင်စားသည့်နှယ် အတော်ကြာ ကိုက်ပြီးမှပြန်ဖြေသည်။

" ငါ့မှမဖိတ်တာ ငါဘာလို့သွားရမှာလဲ "

ဖိုစ့် ရဲ့ခပ်မာမာစကားကြောင့် ဝင်း လည်း သက်ပြင်းချကာ

" မင်းတို့အရင်ကဘာတွေဖြစ်ခဲ့ကြတာလဲ အမြဲတမ်း မတည့်ဖြစ်နေကြတာ၊ ကြားထဲက ငါက ဓားစာခံလေးလိုပဲ "

ဝင်း ရဲ့စကားကို ဖိုစ့်က ဘဝင်မကျဖြစ်ကာ မျက်ခုံးကြုံ့ရင်း

" မင်းကဘာတွေပြောနေတာလဲ ခုက ဘာဖြစ်နေလို့လဲ "

" ဟင်.. မင်းက ငါသွားရင်ကြိုက်မှာလား "

ဝင်း ကသူ့ကိုစေ့စေ့ကြည့်ပြီးမေးတော့ ဖိုစ့်‌တစ်ယောက် တခြားနေရာကိုသာအကြည့်လွှဲလိုက်သည်။
ဟုတ်သည်။
ကိုယ့်သူငယ်ချင်းက ကိုယ်မကြိုက်တဲ့သူနဲ့ရှိနေမှာကို မကြိုက်ရိုးပဲမို့လား။

" ကြည့်လေ... ဟုတ်နေတာပဲ "

ဘာမှပြန်မပြောပဲ ငပေါတန်မဲ့တည်ငြိမ်လွန်းနေတဲ့ ဖိုစ့် မျက်နှာကိုတည့်တည့်ကြည့်ရင်း ဝင်းပြောလိုက်သည်။ သူ့မှာ နှစ်ဘက်စလုံးနဲ့ မဟာမိတ်နေတော့ ပြောရဆိုသည်မှာ ခက်ခဒလွန်းလှပါသည်။

" မင်းသွားတာမသွားတာ မင်းကိစ္စပဲဥစ္စာ..

ဖိုစ့်ရဲ့ ဖြေလျော့သွားတဲ့ မျက်နှာအနေအထားကြောင့် ဝင်းလည်း ဂရုတစ်စိုက်နားထောင်နေတော့ ဖိုစ့်က မျက်ခုံးတစ်ဘက်ပင့်ကာ

" ဒါပေမယ့် မင်းသွားရင်တော့ သေချာပေါက် မင်းဟာ မကောင်းတဲ့ ခွေးကောင် ပဲ "

ကြိုသိနေတဲ့ ဝင်း ဟာနှာတစ်ချက်မှုတ်ပြီး ကော်ဖီအေးကို ‌စုပ်သောက်လိုက်သည်။ အိုက်ဖိုစ့်က အနိုင်ရအပြုံးပြုံးကာ ကြက်ရိုးကိုဆက်ကိုက်ပြန်သည်။

" ခွေးလိုကောင် သူတို့ချင်းဘာဖြစ်တာလဲကျ မပြောနိုင်ဘဲ "

ဝင်း ရဲ့ရွဲ့လိုက်တဲ့စကားကြောင့် အိုက်ဖိုစ့်လည်း ကြက်ရိုးကို အမှိုက်တောင်းထဲ ထည့်ပြီးသက်ပြင်းကိုချလိုက်သည်။ ပြီးခဲ့တာတွေပြီးနေမှတော့ ဘာကိုပြောပြနေရဦးမည်လဲ။ ပုံပြင်တစ်ပုဒ်လည်းမဟုတ်။

တကယ်ဆို သူတို့အကြောင်းကတခြားမဟုတ် ဖိုစ့်ရဲ့ခံစားချက်တွေကို ပလေးသွားတဲ့ ဘုတ်ကြောင့် ‌ဆယ်ကျော်သက်အချစ်အရေးမသာမယာဖြစ်ခဲ့ရခြင်းသာ။ သို့ပေမယ့် ပထမဆုံးနဲ့နောက်ဆုံးမို့ မေ့မရသည်မှာအမှန်စင်စစ်ဖြစ်ပြီး ခုထိ နာကျင်နေရသည်။

ဒါ့ထပ် လွန်ခဲ့တဲ့ ၃ နှစ်က ညချမ်းမှာ သူတို့ အမှတ်မတင်ပြန်တွေ့ပြီး ချစ်တင်းနှောခဲ့ကြမိတာကြောင့် ခုချိန်ထိ အိုက်ဖိုစ့်မှာ မျက်နှာချင်းမဆိုင်ချင်။ သို့ပေမယ့် သူနဲ့ဆန့်ကျင်ဘက် ဘုတ်ကတော့ အတင်းကိုလိုက်ကပ်နေသည်ဟုခံစားရသည်။ အထူးသဖြင့် ဝင်း ကိုပေါ့။ သူရဲ့အကိုကို ကြည်ကြည်ဖြူဖြူ ဝင်း နဲ့ဖြစ်စေချင်တယ်ထားပါဦး သူ့အတွက်အကျိုးအမြတ်ဘာမှမရှိပဲလေ။ ဘုတ် လိုလူမျိုးက ရုပ်ထပ်ဉာဏ်ပိုလှ တာမို့ တစ်ခုခုတော့ ကြိတ်ကြံနေသည်မှာ သိသာလွန်းသည်။ ဒါကိုမသိတဲ့ သူငယ်ချင်းလေးကတော့ အတင်း သဘောထားကောင်းပြနေပြန်သည်။ သူ့အကိုကလည်း ဝင်းရဲ့ အချစ်ဆုံးဖြစ်နေတော့ တားဖို့ရာကျ ခက်သား။

ညီကိုနှစ်ယောက်မတည့်ကြပဲ ဘာကိုများ အချင်းချင်း ကူညီပေးချင်ကြမှာလဲ။
အဓိပ္ပာယ်မှမရှိပဲ။

" သွားတာ မသွားတာ မင်းလုပ်ပါ.. မင်းအဖေလည်းမဟုတ်ဘူး လိုက်တားရအောင် အဲ့ကောင်က မင်းနဲ့ဂျာကြီးကို အဆင်ပြေအောင်လုပ်ပေးနေတာဆိုတော့ မင်းက ငါတားလည်းသွားမှာပဲ "

အိုက်ဖိုစ့်လည်းစဉ်းစားရင်း သူ့ရဲ့ချုပ်ချယ်မှုက ဝင်းအတွက် မတရားရာကျနေမည်ကိုသိတာကြောင့် စိတ်လျော့လိုက်ရတော့သည်။ ထိုမှသာ ဝင်းလည်း ပြုံးစိစိဖြင့်ကျေနပ်သွားသလိုဖြစ်လာသည်။

" ပြီးတော့ ဂျာကြီးနဲ့ပတ်သတ်ရင်ဘာမှမပြောပေမယ့် အိုက်ဘုတ် နဲ့ပတ်သတ်တဲ့အကြောင်းတွေ ငါ့ကိုလာမပြောနဲ့... နားမထောင်ချင်ဘူး"

ဖိုစ့် ပြောလိုက်တဲ့ရင့်ရင့်သီးသီးစကားကြောင့် ပျော်နေတဲ့ ဝင်း မျက်နှာပျက်သွားပြီး

" ဒါ့ကြောင့် ငါသိချင်တာ မင်းတို့ကြားဘာတွေရှိနေကြလဲ ဆိုတာကို "

ရန်သူနှစ်ယောက်ကြားမှာနေရတဲ့ မိတ်ဖက် တစ်ဦးအဖြစ်ကထင်သလောက်မလွယ်‌ပါလေ။ တစ်ဖက်မှလျော့မရတော့ ကိုယ်ကိုယ်တိုင်ကသာ လျော့နေရသည်။

သူမေးတဲ့မေးခွန်း‌ကို ဘယ်လောက်မေးမေး ဖြေမယ့်ရုပ်မဟုတ်တဲ့ ဖိုစ့် ဟာ ယခုလည်းမဖြေပြန်။ တကယ်ပဲ ဒီ့ကောင့်ခေါင်းထဲဘာတွေရှိနေလည်း ဝင်ကြည့်ချင်ရဲ့။ အမြန်တမ်းပျော်နေတဲ့ကောင်က အိုက်ဘုတ် နဲ့ပတ်သတ်ရင် မျက်နှာသေ၊မျက်နှာတည် ကြီးဖြင့်။

တကယ်တော့ ဂျာကြီးနဲ့ပတ်သတ်နေတဲ့ ညီတစ်ယောက်ဖြစ်နေလို့ သွားဖားယား တာမဟုတ်ပဲ အသိမိတ်ဆွေဖြစ်နေပြီးမို့ ဖိတ်၍သွားခြင်းသာဖြစ်ပြန်သည်။ ဟိုနေ့က ဘိုက် အိမ်ကိုလိုက်ပို့တဲ့ကျေးဇူးကြွေးလည်းရှိနေသေးသည်မဟုတ်လား။ ညီအကိုကြားကဘာတွေရှိနေလဲမသိပေမယ့် ဝင်း လည်းတစ်ခါတရံတော့ သူတို့ညီကို ကိုဝင်ဖြေရှင်းပေးချင်ပါရဲ့လေ။

ဒါကလည်း ညီအကိုနှစ်ယောက်လုံးနဲ့ သိနေမှဖြစ်မည်မဟုတ်လား ။ တကယ်တော့ တစ်ချိန်ကျ အမြဲတမ်း တွေ့နေရမယ့်သူတွေပဲ မျက်နှာချင်းမဆိုင်ချင်အောင် ကသိကအောင့် မနေတတ်တာ ဝင်း ရဲ့ဗီဇ ပင်။ ပြီးတော့ လူတိုင်းအပေါ် အကောင်းမြင်စိတ်ထားတာလည်း မေတ္တာ ဓာတ်တစ်ခုပဲမဟုတ်လားလေ။

-----------------------

ဒီနေ့ ရုံးခန်းထိုင်ရတာ နည်းနည်းစိတ်ကြည်လင်နေသလိုခံစားရသည်မှာတော့ အမှန်။ မနက်ကတည်းက အကြည်အနူးလေးတွေနဲ့ စတင်လာရတော့ စက်ဆီကိစ္စ အကြပ်အတည်းကိုပင် ပြသနာလို့မမြင်တော့။

ဒီနေ့တော့ ဘယ်လို စိတ်ညစ်ဒဏ် မျိုးနေနေ ခံနိုင်နေပြီထင်ပါရဲ့။

ဒူ~~ ဒူ~~~

စားပွဲပေါ်က ဖုန်းမြည်လာတာမို့ ချက်ချင်းပဲ ကောက်ကိုင်လိုက်သည်။ တစ်ဘက်က အဖေက ကျန်းကျန်းမာမာရှိသည်ထင်ပါသည်။ ချောင်းဆိုသံမကြားရပဲ ကြည်လင်နေပုံပင်။ သို့သော်လည်း ဖုန်းဆက်ရတဲ့အကြောင်းအရင်းမှာတော့ သိပ်စိတ်ကြည်နူးဖွယ်မရှိ။

" အေး သား... မနက်ဖြန် မင်း ညီ မွေးနေ့ဆိုတာ သိတယ်မို့လား... အဲ့တာ မင်းကိုမဖိတ်ရဲလို့တဲ့ သူက အဖေ လှမ်းပြောပါဆိုလို့ "

ဟက်...သူလိုကောင်မျိုးက မွေးနေ့ကိုအရဲတင်းပြီး ခေါ်ရဲ‌တယ်ပေါ့လေ။

" သားမှမအားတာ "

ဖခင် ရဲ့ရယ်ပြပြအသံလေးကို မဖျက်ဆီးချင်တော့ ဆင်ခြေတစ်ခုသာပေးလိုက်ရသည်။ သို့သော် ဖခင်ကကော မသိမည်တဲ့လား။

ကျန်းကျန်းမာမာရှိစဉ်က သားနှစ်ယောက်လုံးကို အိမ်ပေါ်ခေါ်တင်ခဲ့သေးသည်။ ဒါ့ကြောင့် ဘယ်သူကဘယ်လိုအချိုးလဲဆိုတာကောင်းကောင်းသိပါရက်။

ဘိုက် အထက်တန်းကျောင်းပြီးတော့ အမေနဲ့ညီမငယ် ဖြစ်သူ အက်စီးဒန့်ကြောင့်ဆုံးပါးသွားပြီးတော့ အဖေက သူ့ရဲ့ မယားငယ်နဲ့ ရတဲ့သားကို အိမ်ခေါ်တင်လာခဲ့သည်။

သားနှစ်ယောက်တည်းရှိတော့တာကြောင့် မိသားစုတစ်ခုလိုစည်းစည်းလုံးလုံးနေချင်တဲ့ ဖခင်ရဲ့ဆန္ဒဟာ ဘယ်သောအခါမှပြည့်မလာခဲ့ပါ။ တစ်ဘက်က အပြစ်ကင်းစင်တဲ့ ဘုတ်ဟာလည်း ငယ်ငယ်ကတည်းက မိခင်ဆုံးသွားပြီး လင်ကောင်မပေါ်ပဲရတဲ့သားရယ်မို့ မိဘမဲ့ဂေဟာမှာ နေခဲ့ရသော်လည်း ရုတ်တရပ် ၁၀ တန်းကျမှ သူဌေးကြီးတစ်ဦးရဲ့သားမှန်းသိလိုက်ရပြီး စံအိမ်ကြီးပေါ်ခေါ်တင်ခံခဲ့ရသည်။

ဒီလိုဘဝ အလှည့်အပြောင်းရဲ့ ချမ်းသာကို ဘုတ် မခံစားနိုင်တာမို့ ဖခင်ဖြစ်သူ ဆေးရုံတင်ကတည်းက အိမ်ကနေ ခွဲထွက်ပြီး သက်သက်နေသည်။ ဒါကမှ သူ့ကိုစိတ်ချမ်းသာစေကောင်းပါရဲ့။

ဖခင်ကြီးဟာ ယောင်္ကျားကောင်းခင်ပွန်းကောင်း မဖြစ်ခဲ့တာကလွဲရင် သားတွေအပေါ်ကို ချစ်ရှာတာမို့ ဘုတ် ကိုငယ်စဉ်ကတည်းက ထောက်ပံ့မှုတွေပေးပြီး ပစ်မထားခဲ့ဖူးပါ။ သူ့ရဲ့အပြင်သားကို အိမ်ပေါ်တင်နိုင်ဖို့ကိုအမြဲမျှော်လင့်နေခဲ့သူတစ်ဦးပင်။

သားနှစ်ယောက်ရတာကောင်းပေမယ့် မိန်းမနှစ်ယောက် ထားတဲ့ ဖခင်တစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ တရားဝင်သားတစ်ယောက်အတွက်ကတော့ အလွန်အင်မတန်မှ ခံရခတ်လွန်းလှသည်။ အမေ မရှိဝောာ့မှဖောက်ပြန်တာမဟုတ်ပဲ အမေ ရှိရက်နဲ့ သူပါ ရှိရက်နဲ့ တခြားမိန်းမကို ချစ်ခဲ့တဲ့ အဖေပဲမဟုတ်လား။

သနားစရာအမေဟာ ဒီအကြောင်းကိုသိပြီးတဲ့နောက် ညီမလေး ကိုထပ်ယူပြီး သံယောဇဉ်ကြိုးကိုပိုဆက်သည်။ မကြာပါဘူး ထို မိန်းမ ဆုံးသွားသည်ကို အမေသိလိုက်ရသည်။ တစ်ရင်အေးပေမယ့် တစ်ရင်ထပ်ပူရပြန်သည်။ ဘိုက် ရဲ့နေရာကို လုသွားနိုင်မယ့် အဲ့တရားမဝင်သား ကြောင့် အမေနေ့နေ့ညည ကောင်းစွာ အိပ်စက်နိုင်ခြင်းမရှိရှာ။

ထို့သို့ နှစ်တွေကြာပြီးနောက် အမေကော ညီမလေးပါ ကားအက်စီးဒန့်ကြောင့် ဆုံးသွားခဲ့ရသည်။ ဘိုက် ဘက်မှာရှိခဲ့တဲ့ အမေနဲ့ညီမလေး ဟာ သည်လိုကံကြမ္မာမုန်တိုင်း တိုက်စားသွားခဲ့ရခြင်းဟာ ဘိုက် အတွက်တော့ ငရဲဆိုးကြီးပင်။ အခုတော့ သူရယ် တရားမဝင်သားရယ် အဖေရယ် ၊ ဒါက လောကကြီးပေးတဲ့ သိသိသာသာ ပြိုင်ပွဲကြီးပင်မဟုတ်လား။ ဘယ်သူက အဖေ့ရဲ့ အမွေကို ရမလဲဆိုတဲ့ မဟာ ပြိုင်ပွဲကြီး။ ညီညီမျှမျှ အထိ မပေးချင်လောက်အောင် အမေ့ရဲ့ မေတ္တာတွေကိုစူးစေ့ချင်သည်။

အိမ်ပေါ်တက်လာတုန်းက မခုတ်တတ်တဲ့ကြောင်ပေါက်စကနေ ခုတော့ အလုပ်ထိလိုက်လာပြီး မျက်နှာပြောင်တိုက်တတ်နေပြီမဟုတ်လား။

အခုလည်းသူလို တရားဝင်သားတစ်ယောက်က လက်ထက်စာချုပ်တောင်မရှိတဲ့ မိန်းမတစ်ယောက်သား ရဲ့မွေးနေ့ကိုသွားရမည်တဲ့လား။

ဒီထက်ရယ်စရာကောင်းတာမရှိ။

" မင်းမသွားလို့မရဘူး သား... မင်းဆီ လက်ဆောင်ပို့ထားပြီးပြီ။ မင်းကိုယ်တိုင်သူ့ဆီသွားပေးရမယ် "

အဖေ့ရဲ့အသံဟာနည်းနည်းမာလာပြီးဖြစ်သည်။ ကြည့်ရတာ လွန်ခဲ့တဲ့ ၅ ကတည်းက အချိုးပြေကြအောင် သိမ်းသွင်းမရတော့ အသက်ကြီးလာတဲ့အဘိုးကြီးလည်း သည်းခံနိုင်စွမ်းဟာ လွန်ကုန်ပြီးထင်ပါတယ်။

" ဂျာကြီး ပစ္စည်းရောက်နေတယ် သူဌေးကပေးခိုင်းတာတဲ့ "

အခန်းဝင်ပေါက်နားက လက်ထောက်မန်နေဂျာ က ပြုံးပြုံးနဲ့စကားပြောလာ‌သည်က အဖေ ပြောတဲ့လက်ဆောင်အကြောင်း ပင်ဖြစ်သည်။ ဒုမန်နေဂျာကတော့ ဝမ်းသာတာမို့ချက်ချင်းအကြောင်းကြားပေမယ့် ဝမ်းမသာနိုင်တာ ဘိုက်ပင်။

" မင်းတို့အသက်တွေမငယ်ကြတော့ပါဘူးကွာ.. အဖေလည်း မကျန်တော့ဘူး "

အဖေက သက်ပြင်းကိုချပြီးစကားသံကိုလျော့လိုက်သည်။ ထိုအခါမှာ စကားဟာပိုပြောရခတ်လွန်းပြန်သည်။

" ပို့ရင်ပြီးကောမို့လား "

" မင်း ပို့ရမှာလေ မင်းညီလေးဆီ "

ညီလေး ညီလေးနဲ့ သုတ်ပိုးတစ်မျိုးတည်းဖြစ်နေတာတောင် ရွံဖို့ကောင်းနေပြီ နာမ်စားက တပ်လာသေးသည်။

" အင်းပါ။ ကျွန်တော် စက်ဆီ ကိစ္စ ဖြေရှင်းရမှာမို့ ဒါပဲ အားရင် အဖေ့ဆီအလည်လာခဲ့မယ်။ "

" ဟုတ်ပြီ ဒါမှ ငါ့သား.... ကျေးဇူးကွာ "

တစ်ဘက်က တီ ဆိုပြီး တိတ်သွားတော့မှ ဘိုက် သက်ပြင်းကို ခပ်ကျယ်ကျယ်ချလိုက်သည်။ စောနက အကြည်ဓာတ်လေး ကွယ်ပျောက်သွားပြီး ဒေါသတွေသာ ကျန်ရစ်ခဲ့ရတော့ တစ်ကိုယ်လုံး ပူပြီး အငွေ့တွေထွက်နေသည်ဟုပင် ခံစားရ၏။

အဖေ ရဲ့ဆန္ဒကို အဖေ့လိုလူတစ်‌ယောက်ဖြစ်လာမှ နားလည်လာနိုင်မည်ဖြစ်ပါသည်။ သို့သော် အဖေလိုလူဘယ်တော့မှမဖြစ်မှာကိုလည်း ကိုယ့်ကိုကိုယ် သိနေသည်။ လူတစ်ယောက်ကိုနှစ်နှစ်ကာကာ ချစ်ကြောင်းတွေပြောပြီးကာမှ စွန့်ခွာသွားနိုင်သူတွေကို အင်မတန်ရွံသေးသည်။ ကတိတွေဟာ စာချုပ်တွေနဲ့ ချည်နှောင်ထားတောင် မမြဲနိုင်တဲ့ တရားတွေဖြစ်ရလောက်တဲ့အထိ လူတွေဟာ ဖောက်ပြန်တတ်ကြသည်မဟုတ်လား။

သူ့အတွက် အချစ်ဆိုတာ ကြည်နူးမဟုတ်ဘူး၊ တစ်ရိပ်ရိပ် လောင်ကျွမ်းမှုသာတည်း။

" အဲ့ပုံးကို တစ်နေနေရာထားထားလိုက် "

" ဗျာ... ဒါပေမယ့် ဒါက သူဌေးဆီကလေ.. ဂျာကြီး အဖေဆီကမို့ ဖွင့်ကြည့်သင့်တယ်မို့လား "

အကြောင်းမသိတာလည်းမဟုတ်တဲ့ လက်ထောက်မန်နေဂျာ က စကားဝင်ထောက်သည်။ တကယ်က မိသားစုအကြောင်းဘယ်လောက်သိကြသိကြ မိသားစုဝင်တွေကသာ ပိုသိမည်မဟုတ်လား။ တစ်ချို့အရာတွေက ကိုယ့်အတွက်မဟုတ်တာကို ပြတ်ပြတ်သားသား ဖြတ်ထားနိုင်ရင်သာအကောင်းဆုံးပင်။

" ထားလိုက်စမ်းပါ... အဲ့ထပ် အရေးကြီးတာ လုပ်စရာရှိတယ် စက်ဆီ ကိစ္စ တခြားဘာအကြောင်းရသေးလဲ "

သို့နှင့် သူနှင့် အဖေသည် ဝေးပြီးရင်း ဝေးဖို့သာ ကျန်‌တော့သည်။

------------------


" အကို တစ်ခါတည်းသွားမယ်မို့လား "

" ဟင် "

အလုပ်ခုံက ပစ္စည်းတွေသိမ်းနေတဲ့ ဝင်း ရဲ့ပုခုံးကိုတုံ့ပြီး ဘုတ်က မေးသည်။

" တစ်ခါတည်းသွားမယ်မို့လားလို့... ကျွန်တော့် မွေးနေ့ကိုလေ... မဟုတ်မှ မေ့နေတာတော့မဟုတ်ပါဘူး "

ဘုတ်ရဲ့ မျက်ခုံးကြုံ့ပြီးမေးလိုက်တဲ့စကားကို ဝင်း ဝန်ခံချင်သည် ၊ တကယ်မေ့နေခဲ့သည်ပဲမဟုတ်လား။ ဒီနေ့စက်ဆီကိစ္စတွေနဲ့ တစ်ရုံးလုံး ကုန်သည်တွေကိုဆက်သွယ်ပေးနေရတာနဲ့ အခြေအနေတွေက ဗြောင်းဆန်နေသည်ပဲ။ ခုတော့ မွေးနေ့ရှင်ကိုယ်တိုင် သတိလာပေးလာတော့သည်။ ထိုသည်ကိုလည်း ခေါင့်ငြိမ့်၍က မရ။
ထို့ကြောင့်

" မမေ့ပါဘူး ခု ပဲမေးမလို့ အကိုအိမ်ကဝေးတယ်လေ.. အဲ့တာကြောင့် "

" ဒါဆို သွားကြစို့လေ... ပီဖိုစ့် ကော လိုက်ဦးမလား "

သူ့အမေးကိုမဖြေဘဲ ဖိုစ့်သည် ကြားလျှက်နဲ့ Tote အိတ်လွယ်ကာ ရှုတည်တည်နဲ့ထွက်သွားတော့သည်။ အနည်းငယ်တော့ မျက်နှာပျက်သွားသော်လည်း ပီဝင်းက ဘေးကနေ တခြားဆီစကားလွှဲလာလေသည်။

" သွားကြစို့လေ ... နောက်ကျနေမယ် ဘုတ် အိမ်မှာပဲ ရေချိုးလို့ဖြစ်တယ်မို့လား "

ဝင်းရဲ့ကြားဖြတ်စကားက ပိုအရာရောက်သွားသည်ထင်ပါရဲ့။ ‌ဖိုစ့်ကျောပြင်ကိုငေးနေတဲ့ ဘုတ်မျက်လုံးတွေဟာ တစ်ဖန် ဝင်းဆီပြန်ရောက်ကာ ပျော်ရွှင်သွားရပြန်သည်။

" ရတယ်လေ အကို လွတ်လွတ်လပ်လပ်ပဲ နေလို့ရတယ် "

ယနေ့ကား ဘုတ်မွေးနေ့ပေမို့ လာမည်ပြောထားတဲ့ ဝင်း ဟာ ဘုတ်ကားပေါ်မှာ ထိုင်လိုက်သွားရတော့သည်။ တစ်လမ်းလုံး စလိုက်နောက်လိုက်နဲ့ ဘုတ်က ဖိုစ့်ပြောသလောက်ထိတော့ အန္တရာယ်များတဲ့လူတစ်ယောက်ဟုတ်ပုံမပေါ်ပေ။

တကယ်ဆိုလူတွေက ကိုယ်နဲ့မတည့်ရင် ကိုယ့်အသိတွေကိုပါ မပေါင်းစေချင်တာ ဓမ္မတာ တစ်ခုပင်မို့လား။ နောက်ပိုင်းတွေဆိုရင် ဖိုစ့်နဲ့အိုက်ဘုတ်ကို တစ်ဖန်ပြန် သူငယ်ချင်းဖြစ်ဖို့ရာ အတွက်ကြိုးစားရဦးမည်မှာ ဘဝပေးတဲ့ မစ်ရှင်တစ်ခုလိုပင်ခံစားနေရသည်။ မတည့်တဲ့သူငယ်ချင်းတွေကို တည့်စေချင်တာကလည်း ဓမ္မတာပဲမဟုတ်လား။

အိုက်ဖိုစ့်က ဘယ်လိုနေနေမပြောတာမို့ တစ်ဘက်လူကိုမေးကြည့်ရင်ကောင်းမလားလို့ ဝင်း အတွေးဝင်လာမိသည်။ ထိုမှသာ ပြသနာကို ဖြေရှင်းပေးနိုင်မည်မို့လား။

" နောင်ဘုတ်.... အကိုတစ်ခုလောက်မေးချင်လို့ပါ "

" မေးလေ ပီ "

" ဟို...... အိုက်ဖိုစ့် နဲ့ နောင်ဘုတ် ကအချင်းချင်း သိကြတာလား "

ဝင်း ရဲ့အမေးကို ဘုတ်က သဘောတကျရယ်‌သည်။ သူ့ပုံစံ ဇာတ်လမ်းတစ်ပုဒ်ကိုရှင်းပြတော့မလို စကားတွေပြုံထွက်လာတော့မလိုဖြစ်ပေမယ့် ကားလမ်းကိုတော့ ဂရုတစိုက် ကြည့်နေနိုင်သေးသည်။

" ပီဖိုစ့်နဲ့က....ကျွန်တော်နဲ့ အထက်တန်းတုန်းက ကျောင်းတူတူပဲလေ "

" ဟုတ်လား "

အံ့ဩစွာမေးလာတဲ့ ဝင်းကြောင့် ဘုတ် အံ့ဩမိပါရဲ့။ ပီဖိုစ့်နဲ့ဒီလောက်ရင်းနှီးနေတာတောင် သူတကယ်ပဲဘာမှမသိတာလား။

" ပီဝင်း တကယ်မသိဘူးပေါ့... ကျွန်တော်က ပီဖိုစ့် ပြောပြလောက်မယ်ထင်နေခဲ့တာ "

တကယ်တော့ ပီဝင်း နဲ့ပီဖိုစ့်နဲ့က နေရာတကာ တတွဲတွဲ‌မြင်နေရပြီး သူကိုယ်တိုင်တောင်အစက အတွဲတွေလို့တောင်ထင်ခဲ့သည်မို့လား။ သူများတွေနဲ့ ဒီလောက်ရင်းရင်းနှီးနှီးမပေါင်းတတ်တဲ့ ပီဖိုစ့်က ပီဝင်းကျ သူငယ်ချင်းအရင်းကြီးလိုပေါင်းပေးတော့ ယုံရခတ်ခတ်ပင်။

" အိုက်ဖိုက်က ဘယ်လောက်မေးမေး ဘာမှမပြောဘူး "

ဝင်း စကားကိုတရဇပ်ပြောပြီးမှ ပါးစပ်ကိုပြန်ပိတ်လိုက်ရသည်။ မသိရင် အနောက်ကနေ သူတို့အကြောင်း မသိအောင် စတော့ နေသလိုထင်မှာလည်းစိုးရသေးသည်။ ဘုတ် ကကောင်းတဲ့လူမို့ နောက်ကွယ်မှာ သူက သူတို့အကြောင်းကိုသိချင်နေရင် မကောင်းမြင်မှာစိုးရသေးသည်မဟုတ်လား။

" ပီဖိုစ့် က အဲ့လောက်တောင်ပါးစပ်လုံတာပဲလား.... "

အံ့ဩလောက်ပါပေတယ်။ ပီဝင်းက ဘယ်လိုစည်းတွေတားထားခဲ့လို့ ဒီလောက်ခြံလုံနေလဲမသိပေမယ့် ပိုရင်းရင်းနှီးနှီးဆက်ဆံလိုက်တာနဲ့ ချစ်သွားတတ်တဲ့ အသည်းနုတဲ့ ပီဖိုစ့် ကတကယ်ပြောင်းလဲသွားတာပဲ။

" အဲ့တော့ ညီလေးတို့က ဘာဖြစ်ခဲ့ကြတာလဲ... ပြန်ခေါ်လို့ရတယ်မို့လား အကိုက ကြားထဲကဆိုတော့ အိုက်ဖိုစ့် နဲ့မင်း နဲ့ကိုဒီလိုကြီးမမြင်ချင်ဘူး..."

ဟုတ်တယ်။ ဘယ်လောက်မတည့်ခဲ့ကြကြ၊ အတိတ်ကအတိတ်ပဲမို့ လူကြီးဆန်တဲ့သူတို့ မေ့ခဲ့သင့်ပြီပင်။

" မ‌ရလောက်ဘူးနော် အကို "

ဝင်း ရဲ့တက်ကြွနေတဲ့စကားသံတွေနဲ့ဆန့်ကျင်ဘက်ကို ဘုတ်ကဖြေသည်။ သူသိတဲ့ ဖိုစ့်သာဆိုရင် ဘယ်သူ့ကိုမှ သူဇာတ်နာတဲ့အကြောင်းကိုပြောပြမည်မဟုတ်။

" အိုက်ဖိုစ့်က သဘောကောင်းပါတယ် ဘုတ်ရ ၊ မင်းတို့ကြားကိုအကိုဝင်ဖြေလို့ရရင် ဖြေပေးမယ် "

ဝင်း ရဲ့စကားကြောင့် ကားစီယာတိုင်က ဘုတ်ရဲ့လက်ချောင်းတွေ ပိုတင်းလာသည်။ သူတို့ဆက်ဆံရေးက အရမ်း အဆိပ်သင့်ခဲ့လွန်းလို့ ဖို့စ့်အတွက်က ပြန်မလာချင်တဲ့ အမှတ်တရဆိုးကြီးပင်မဟုတ်လားနော်။ ဒါပေမယ့် ဖိုစ့်အမှားလည်းမဟုတ်ပြန်၊ ဖိုစ့်မှာ အမြဲတမ်းသစ္စာရှိပြီး သူကလွဲပြီးဘယ်သူ့မှမမြင်တော့တဲ့အထိ တဇောက်ကန်းခဲ့တဲ့ အပြစ်သာရှိသည်။

ဘယ်လိုပြန်ပြောရမှန်းမသိတဲ့ခက်ခဲမှုကိုဖြေရှင်းလိုက်တာက အဝေးတစ်နေရာက သူ့ရဲ့ တိုက်ခန်းပင်ဖြစ်သည်။

" အိမ်ရောက်ပြီ အကို ဟိုမှာ အဲ့ တိုက်ခန်းပဲ "

သူ့ရဲ့လက်ညိုးညွှန်ရာကို ဂရုတစ်စိုက်ကြည့်နေတဲ့ ဝင်း ဟာစောနက စကားကိုတော့ မေ့ဖို့ကောင်းပါရဲ့လေ။

သူ့မှာလည်း ဒါ့အပြင်ထပ်စကားလွှဲဖို့ မတတ်သာတော့ဘူးမို့။

တစ်ချိန်ကသားကောင်သည် ယခုချိန်၌ မုဆိုးတစ်ကောင်လို့ သူ့ဘဝကို ghost ထားခဲ့ပြီပဲမဟုတ်လား။


" အခန်းက ကျယ်တာပဲ ပီက ဒီလို အခန်းမှာ နေချင်ခဲ့တာ "

ကုတင်ပေါ်မှာ ထိုင်ရင်း အခန်းအခြေအနေအကဲခတ်နေသူက စောနက ကားပေါ်က စပ်စုစိန် ဝင်း ပင်။

အခန်းက တက္ကသိုလ်ကျောင်းသားအခန်းနဲ့မတူဘဲ ပိုဈေးကြီးပုံရသည်။ ပြီးတော့ အငှားဆောင်မဟုတ်ပဲ ဝယ်ထားတဲ့ apartment ပုံစံမျိုးဖြစ်သည်။ ဟုတ်ပါသည်လေ ဘယ်လိုပဲဆိုဆို သူဌေးရဲ့သားမို့ ဒီလောက်က နည်းသည်ဟုပင်ဆိုရမည်။ တစ်ယောက်တည်းနေဖို့ရာအတွက်တော့ ကျယ်တယ်ထင်ရပေမယ့် ဘုတ် ကြည့်ရတာ နေသားကျနေသလို။

" ဟင် ကျောင်းတက်တုန်းက ဒီလိုနေခဲ့ရဖူးမှာပါ "

" ညီလေးကတော့နောက်ပြီ။ ဒါကအဆောင်မှမဟုတ်ပဲ၊ အကို့တုန်းက ကျောင်းသားအဆောင်ကို လူမျှနေရတာ ပီက ပိုက်ဆံမတတ်နိုင်ဘူးလေ အိုက်ဖိုစ့် နဲ့ ခင်ပြီးတော့ သူ့ တိုက်ခန်းမှာ သွားနေဖြစ်တာ ကျောင်းပြီးတဲ့အထိပဲ "

တကယ်ပါ တစ်ယောက်တည်းနေတဲ့အဆောင်ကို နှစ်ယောက်နေလို့ရ‌လောက်တဲ့အထိ အဆောင်မှူးကို အမျိုးမျိုးလာဘ်ထိုးတဲ့ အိုက်ဖိုစ့် ရုပ်ကိုမှတ်မိနေသေးပါ၏။ အချိန်တွေလည်း မြန်လိုက်ပါဘိနှယ်။

ဘုတ်က ဝင်းပြောတဲ့စကားကိုလည်းနားထောင်ရင်း ရေခဲသေတ္တာထဲကရေဘူးကိုယူကာ ဖန်ခွက်ထဲ ရေငှဲ့နေသည်။

" သောက်ဦးအကို "

ဘုတ် ကမ်းလာ‌တဲ့ရေခွက်ကို လက်နှစ်ဘက်နဲ့ယူပြီး တစ်ငုံသောက်‌လိုက်သည်။ ခုချိန်ထိ ပါးစပ်က အနားမပေးရသေးတာမို့ ရေအေးအေးနဲ့တွေ့တော့ အေးချမ်းသွားသလိုရှိသား။

" ဒီတိုက်ခန်းက‌တကယ်ကောင်းတယ်နော် အလုပ်နဲ့လည်းနီးတယ်၊ အင်း ၊ ခုမှပဲနားလည်တယ်၊ ညီလေး အလုပ်က‌နေဘာလို့ နောက်ကျမှပြန်လဲဆိုတာကို "

ဝင်း ရဲ့မှန်ကန်တဲ့စကားကြောင့် ဘုတ်ကော နှစ်ယောက်သားရယ်မိကြကာ စကားဝိုင်းကျနေတော့သည်။

" ပီ ရေချိုးနှင့်လေ ကျွန်တော် အခန်းကို မွေးနေ့နဲ့တူအောင်ပြင်လိုက်ဦးမယ် အဝတ်အစား ကိုရေချိုးခန်းထဲထည့်ပေးမယ်နော် "

" ဪ အင်း..."

ဘုတ်က သူ့အင်္ကျီနဲ့ဘောင်းဘီကိုရွေးပေးပြီး ရေချိုးခန်းထဲ ဝင်သွား၏။ ပြီးနောက်ပြန်ထွက်လာပြီး ဝင်း ကိုရေချိုးစေသည်။ ဝင်းလည်း ပါတီစရင်လူစုံတော့မှာမို့ အမြန်ပဲ ရေချိုးခန်းထဲဝင်သွား၏။

ရေချိုးနေစဉ်အတွင်း လူတွေတစ်ယောက်ပြီးတစ်ယောက် ဝင်လာတဲ့အသံကိုကြားနေရတာမို့ နည်းနည်းတော့ ကသိကအောင့် ဖြစ်မိသားပင်။ သူ့အနေနဲ့ အသိတစ်ယောက်ရဲ့မွေးနေ့ကိုလာရတာမို့ မသိတဲ့သူကများများရယ်။

ရေချိုးပြီး အဝတ်အစားပါလဲကာထွက်လာတော့ အခန်းကစောနနဲ့မတူတော့ပဲ ပူပေါင်းတွေ လက်ဆောင်ပစ္စည်းတွေ အရက်ပုလင်းတွေ နဲ့ ခန်းခန်းနားနားကိုပြည့်စုံနေတော့၏။ သူက ရေချိုးနေပေမယ့် လာတဲ့ ဧည့်သည် တစ်ယောက်စနှစ်ယောက်စနဲ့မို့ ဤသို့ပြီးမြောက်သွားသည်ထင်ပါရဲ့။

" ဟေး ပီ ကြည့်ကောင်းသားပဲ ကျွန်တော်နဲ့တောင် ဆင်တင်တင် "

လူတွေ ၁၀ ယောက်လောက်က ထူးထူးဆန်းဆန်းကြည့်နေကြတဲ့ကြားထဲမှ ဘုတ်က ဖန်ခွက်ကိုင်ထားရင်းထွက်လာသည်။

သူ့ဝတ်စုံကိုငုံ့ကြည့်တော့ ဂျင်းဘောင်းဘီဒူးတိ နဲ့ တီရှပ် အမဲကို ဝတ်ထားတာမို့ မိန်းကလေး‌တွေငေးလောက်တဲ့အထိတော့ ဖက်ရှင်မကျပေမယ့် ကြည့်လို့မဆိုးဟုဆိုရမည်ပင်။ ပေါ့ပေါ့ပါးပါးရွေးဝတ်ချင်တာမို့တောင်းဆိုသည့်အတွက် ပါတီမှာ ဝတ်စုံအလန်းဇယားတွေနဲ့ကိုအားမကျနိုင်ပါလေ။

" ထု့ခွန်း ဒါက ကျွန်တော့် အသိမိတ်ဆွေ နာမည်က မယ်ထဝင်း တဲ့ "

" ဆဝါဒီးခပ် "

ပုခုံးကိုဖက်ပြီးမိတ်ဆက်ပေးတာကြောင့် ဝင်း လည်း လက်အုပ်ချီပြီး လူအပေါင်းကို ဂါရဝပြုလိုက်ရသည်။ သူ့ထပ်ငယ်မယ့်ပုံကောကြီးမယ့်ပုံကော ပေါက်ကြတဲ့ လူအစုဟာလည်းထိုနည်းတူ ပြန် လက်အုပ်ချီကြ မိတ်ဆက်ကြလေသည်။

ဟုတ်သည်လေ ဘုတ်၏ ပေါင်းသင်းဆက်ဆံ‌မှုက ၁၀၀ မှ ၁ ယောက်သာရှိတာမို့ အခန်းထဲရောက်နေတဲ့ အငယ်အကြီး များရှိနေသည်မှာ မဆန်းပေ။သူ၏ ပါရမီကိုက လူစုံစုံလင်လင်ရဲ့ချစ်ခြင်းမေတ္တာကို ရမည့်ကံ မဟုတ်ပါပေလား။

သူနဲ့ခပ်လှမ်းလှမ်းမှာ လူအုပ်စုကြီးဝိုင်းပြီးစကားပြောနေတဲ့ ဘုတ် ကိုလှမ်းကြည့်ရင်း လှမ်းကြည့်ရင်းမှ ဒီလူငယ်ရဲ့စရိုက်ကိုသိရှိသွားသလိုပင်။ လူကြားထဲရောက်တာတောင် အမြဲတမ်း တစ်ဦးတည်းခေါင်းဆောင်ဖြစ်နေတတ်သလို အမြဲပြုံးပျော်ပြီး အသိ သတိ ရှိနေတာမို့ အတော်ပေါင်းသင်းကောင်းတဲ့ မိတ်ဆွေတစ်ဦးဖြစ်မှာဧကန်ပင်။

သီချင်းဆူညံညံဖြစ်သော်လည်း ဘောင်းဘီအိတ်ထောင်ထဲက တုန်ခါမှုကို သတိထားမိလိုက်တာမို့ ဖုန်းကိုဘောင်းဘီထဲကထုတ်လိုက်သည်။ ကုမ္ပဏီမှ လက်ထောက်မန်နေဂျာ ပို့ထားသောစာဖြစ်ပြီး အောက်ထပ် lobby တွင် သူနဲ့ဘိုက် ရောက်နေကာ လက်ဆောင်လာပို့ခြင်းဖြစ်သည်ဟုဆိုသည်။

မျက်ခုံးပင့်လောက်တဲ့အံ့ဩစရာ စာကြောင်းမို့ ဘုတ် နှုတ်ခမ်းကော့တက်တဲ့အထိ ရယ်လိုက်မိသေးသည်။

နောက်ဆုံးတော့ အဖေရဲ့လက်အောက်မှာ သားနှစ်ယောက်လုံး အခက်ကြုံရပြီပဲမို့လား။ ဘယ်လိုပဲနေနေ အငယ်ဆိုပြီးဖိအားပေးခဲ့တာမျိုးမရှိတဲ့ အဖေကြောင့် ဒီနေရာမှာတော့ အမြဲကျေးဇူးတင်ကောင်းပါရဲ့။

သူစာဖတ်ပြီး ရယ်ရွှင်နေတုန်းမှာ အဝေးနားက ဆိုဖာပေါ်ထိုင်ရင်း ဝိုင်တစ်ခွက်နဲ့ ထ ရခတ် ထိုင်ရခတ် ဖြစ်နေတဲ့ ဝင်း ကိုလှမ်းမြင်လိုက်ရသည်။ ထို့အတူ အကြံဉာဏ်တစ်ခုမှာလည်း ထောင်းကနဲ ထွက်လာပြန်တော့သည်။ သည့်အတွက် မဟာ ဦးနှောက်ကြီးကိုလည်းကျေးဇူးတင်ရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သူသည် lobby ထိဆင်းယူစရာမလိုဘဲ တစ်စုံတစ်ယောက်ကို ခိုင်းစေခြင်းဖြင့် တခြားတစ်စုံတစ်ယောက်၏ စိတ်ကို အနိုင်ထပ်ပိုင်းဖို့ရန်ဖြစ်၏။

သူ့ကျော့ကွင်းတွင် အကိုတစ်ယောက်တော့လုံးလုံးလျားလျား ဝင်ရောက်ရတော့မည်ဖြစ်ပါ၏။

ထိုအကြံဉာဏ်ကောင်းကို ထပ်စဉ်းစားမနေတော့ဘဲ အနှီလူသားလေးနားသာ ကပ်သွားတော့၏။ သူ့မှာ ကောင်းမွန်တဲ့လက်နက်တစ်ခုကိုပိုင်ဆိုင်ထားနှင့်ပြီမို့လား။

" ပီဝင်း ကျွန်တော့်ကို လက်ဆောင်ပေးဖို့ lobby မှာစောင့်နေလို့ ကျွန်တော် လည်း ဒီမှာဒီလိုထားသွားလို့မရတာနဲ့ သွားယူပေးနိုင်မလားဗျ "

××××××××××××××××

အပိုင်း (၁၅) ‌ဤတွင်ပြီး၏။

ဒီရက်ပိုင်း မတင်နိုင်တာက တခြားမြို့ကိုအလည်သွားရင်း ဖုန်းမေ့ကျန်ခဲ့လို့ပါ 🥲 PC နဲ့ကျ Gmail log in မထားတော့ လုံးဝ ဝင်မရလို့ ဖုန်းပြန်ရဖို့ ၃ ရက်လောက်စောင့်လိုက်ရတယ် ။ (TT)


" ေဟး ပီ... မနက္ျဖန္ ကြၽန္ေတာ့္ေမြးေန႕ ...အခန္းမွာ ပါတီလုပ္မွာ လာခဲ့မယ္မို႔လား "

ဘုတ္ ရဲ႕စကားေၾကာင့္ ထမင္းစားေနတဲ့ ဝင္း က သူ႕ေဘးကဖိုစ့္ကိုလွမ္းၾကည့္သည္။ ဖိုစ့္က ဘာမွမေျပာပဲ မ်က္ႏွာထားတည္တည္ႀကီးနဲ႕ပဲေနေနေတာ့ သူလည္း ေခါင္းၿငိမ့္လိုက္သည္။

သူတို႔က ကုမၸဏီေအာက္ထပ္က ေန႕လည္စာစားတဲ့ေနရာမွာ ထိုင္ေနတာျဖစ္ၿပီး အမအမ္ ကေတာ့ အလုပ္ပ်က္သည္။

ဖိုစ့္က ဘုတ္ကိုအေပါင္းအသင္းမလုပ္ဖို႔မေျပာ႐ုံတမယ္သာရွိသည္။ အၿမဲတမ္း ပူးတြဲေနရင္ကိုကြယ္ရာက် အဆူအေျပာခံရတာမို႔ ဝင္း မွာ အသိနဲ႕သတိနဲ႕ကပ္ေနရေသးသည္။
အခုေတာ့ ကာယကံရွင္က ပက္ပင္းႀကီးဖိတ္တာေၾကာင့္ ျငင္းရခတ္လွသည္။

" လာခဲ့မယ္ေလ..."

ဝင္း ရဲ႕ေျဖာင့္ေျဖာင့္တန္းတန္းမၿငိမ့္နိုင္တဲ့ အျပဳအမူကို ဘုတ္က မသိသလိုဟန္ေဆာင္ကာ လာဖို႔ပဲ တြန္းအားေပးသည္။

" မနက္ျဖန္ည ၈ နာရီေနာ္ အကို လက္ေဆာင္မယူခဲ့ပဲနဲ႕ အလုပ္ကေနသာတန္းလာခဲ့ေတာ့၊ ကြၽန္ေတာ္ line ကေန location ပို႔ထားလိုက္မယ္ေနာ္ "

" အြန္း အိုေခ အိုေခ..."

ဘုတ္ကလည္းအနည္းငယ္မ်က္ႏွာေျပာင္တိုက္ပါရဲ႕ ၊ ႏွစ္ေယာက္ယွဥ္ထိုင္ေနတာေတာင္ ေဘးက ဖိုစ့္ကို ဖိတ္မသြားေပ။ဒါသည္ တမင္တကာလုပ္ရပ္မွန္း ႏွစ္ဘက္လုံးသိၾကပါ၏။

" မင္းေကာလိုက္မလား "

ဘုတ္ထြက္သြားေတာ့ ေဘးနားကေန ၾကက္ရိုးကိုက္ေနတဲ့ ဖိုစ့္ကိုလွမ္းေမးလိုက္သည္။ ဖိုစ့္ကသူ႕အေမးကိုၾကက္ရိုးထက္ပိုစိတ္မဝင္စားသည့္ႏွယ္ အေတာ္ၾကာ ကိုက္ၿပီးမွျပန္ေျဖသည္။

" ငါ့မွမဖိတ္တာ ငါဘာလို႔သြားရမွာလဲ "

ဖိုစ့္ ရဲ႕ခပ္မာမာစကားေၾကာင့္ ဝင္း လည္း သက္ျပင္းခ်ကာ

" မင္းတို႔အရင္ကဘာေတြျဖစ္ခဲ့ၾကတာလဲ အၿမဲတမ္း မတည့္ျဖစ္ေနၾကတာ၊ ၾကားထဲက ငါက ဓားစာခံေလးလိုပဲ "

ဝင္း ရဲ႕စကားကို ဖိုစ့္က ဘဝင္မက်ျဖစ္ကာ မ်က္ခုံးႀကဳံ႕ရင္း

" မင္းကဘာေတြေျပာေနတာလဲ ခုက ဘာျဖစ္ေနလို႔လဲ "

" ဟင္.. မင္းက ငါသြားရင္ႀကိဳက္မွာလား "

ဝင္း ကသူ႕ကိုေစ့ေစ့ၾကည့္ၿပီးေမးေတာ့ ဖိုစ့္‌တစ္ေယာက္ တျခားေနရာကိုသာအၾကည့္လႊဲလိုက္သည္။
ဟုတ္သည္။
ကိုယ့္သူငယ္ခ်င္းက ကိုယ္မႀကိဳက္တဲ့သူနဲ႕ရွိေနမွာကို မႀကိဳက္ရိုးပဲမို႔လား။

" ၾကည့္ေလ... ဟုတ္ေနတာပဲ "

ဘာမွျပန္မေျပာပဲ ငေပါတန္မဲ့တည္ၿငိမ္လြန္းေနတဲ့ ဖိုစ့္ မ်က္ႏွာကိုတည့္တည့္ၾကည့္ရင္း ဝင္းေျပာလိုက္သည္။ သူ႕မွာ ႏွစ္ဘက္စလုံးနဲ႕ မဟာမိတ္ေနေတာ့ ေျပာရဆိုသည္မွာ ခက္ခဒလြန္းလွပါသည္။

" မင္းသြားတာမသြားတာ မင္းကိစၥပဲဥစၥာ..

ဖိုစ့္ရဲ႕ ေျဖေလ်ာ့သြားတဲ့ မ်က္ႏွာအေနအထားေၾကာင့္ ဝင္းလည္း ဂ႐ုတစ္စိုက္နားေထာင္ေနေတာ့ ဖိုစ့္က မ်က္ခုံးတစ္ဘက္ပင့္ကာ

" ဒါေပမယ့္ မင္းသြားရင္ေတာ့ ေသခ်ာေပါက္ မင္းဟာ မေကာင္းတဲ့ ေခြးေကာင္ ပဲ "

ႀကိဳသိေနတဲ့ ဝင္း ဟာႏွာတစ္ခ်က္မႈတ္ၿပီး ေကာ္ဖီေအးကို ‌စုပ္ေသာက္လိုက္သည္။ အိုက္ဖိုစ့္က အနိုင္ရအၿပဳံးၿပဳံးကာ ၾကက္ရိုးကိုဆက္ကိုက္ျပန္သည္။

" ေခြးလိုေကာင္ သူတို႔ခ်င္းဘာျဖစ္တာလဲက် မေျပာနိုင္ဘဲ "

ဝင္း ရဲ႕႐ြဲ႕လိုက္တဲ့စကားေၾကာင့္ အိုက္ဖိုစ့္လည္း ၾကက္ရိုးကို အမွိုက္ေတာင္းထဲ ထည့္ၿပီးသက္ျပင္းကိုခ်လိဳက္သည္။ ၿပီးခဲ့တာေတြၿပီးေနမွေတာ့ ဘာကိုေျပာျပေနရဦးမည္လဲ။ ပုံျပင္တစ္ပုဒ္လည္းမဟုတ္။

တကယ္ဆို သူတို႔အေၾကာင္းကတျခားမဟုတ္ ဖိုစ့္ရဲ႕ခံစားခ်က္ေတြကို ပေလးသြားတဲ့ ဘုတ္ေၾကာင့္ ‌ဆယ္ေက်ာ္သက္အခ်စ္အေရးမသာမယာျဖစ္ခဲ့ရျခင္းသာ။ သို႔ေပမယ့္ ပထမဆုံးနဲ႕ေနာက္ဆုံးမို႔ ေမ့မရသည္မွာအမွန္စင္စစ္ျဖစ္ၿပီး ခုထိ နာက်င္ေနရသည္။

ဒါ့ထပ္ လြန္ခဲ့တဲ့ ၃ ႏွစ္က ညခ်မ္းမွာ သူတို႔ အမွတ္မတင္ျပန္ေတြ႕ၿပီး ခ်စ္တင္းေႏွာခဲ့ၾကမိတာေၾကာင့္ ခုခ်ိန္ထိ အိုက္ဖိုစ့္မွာ မ်က္ႏွာခ်င္းမဆိုင္ခ်င္။ သို႔ေပမယ့္ သူနဲ႕ဆန႔္က်င္ဘက္ ဘုတ္ကေတာ့ အတင္းကိုလိုက္ကပ္ေနသည္ဟုခံစားရသည္။ အထူးသျဖင့္ ဝင္း ကိုေပါ့။ သူရဲ႕အကိုကို ၾကည္ၾကည္ျဖဴျဖဴ ဝင္း နဲ႕ျဖစ္ေစခ်င္တယ္ထားပါဦး သူ႕အတြက္အက်ိဳးအျမတ္ဘာမွမရွိပဲေလ။ ဘုတ္ လိုလူမ်ိဳးက ႐ုပ္ထပ္ဉာဏ္ပိုလွ တာမို႔ တစ္ခုခုေတာ့ ႀကိတ္ႀကံေနသည္မွာ သိသာလြန္းသည္။ ဒါကိုမသိတဲ့ သူငယ္ခ်င္းေလးကေတာ့ အတင္း သေဘာထားေကာင္းျပေနျပန္သည္။ သူ႕အကိုကလည္း ဝင္းရဲ႕ အခ်စ္ဆုံးျဖစ္ေနေတာ့ တားဖို႔ရာက် ခက္သား။

ညီကိုႏွစ္ေယာက္မတည့္ၾကပဲ ဘာကိုမ်ား အခ်င္းခ်င္း ကူညီေပးခ်င္ၾကမွာလဲ။
အဓိပၸာယ္မွမရွိပဲ။

" သြားတာ မသြားတာ မင္းလုပ္ပါ.. မင္းအေဖလည္းမဟုတ္ဘူး လိုက္တားရေအာင္ အဲ့ေကာင္က မင္းနဲ႕ဂ်ာႀကီးကို အဆင္ေျပေအာင္လုပ္ေပးေနတာဆိုေတာ့ မင္းက ငါတားလည္းသြားမွာပဲ "

အိုက္ဖိုစ့္လည္းစဥ္းစားရင္း သူ႕ရဲ႕ခ်ဳပ္ခ်ယ္မႈက ဝင္းအတြက္ မတရားရာက်ေနမည္ကိုသိတာေၾကာင့္ စိတ္ေလ်ာ့လိုက္ရေတာ့သည္။ ထိုမွသာ ဝင္းလည္း ၿပဳံးစိစိျဖင့္ေက်နပ္သြားသလိုျဖစ္လာသည္။

" ၿပီးေတာ့ ဂ်ာႀကီးနဲ႕ပတ္သတ္ရင္ဘာမွမေျပာေပမယ့္ အိုက္ဘုတ္ နဲ႕ပတ္သတ္တဲ့အေၾကာင္းေတြ ငါ့ကိုလာမေျပာနဲ႕... နားမေထာင္ခ်င္ဘူး"

ဖိုစ့္ ေျပာလိုက္တဲ့ရင့္ရင့္သီးသီးစကားေၾကာင့္ ေပ်ာ္ေနတဲ့ ဝင္း မ်က္ႏွာပ်က္သြားၿပီး

" ဒါ့ေၾကာင့္ ငါသိခ်င္တာ မင္းတို႔ၾကားဘာေတြရွိေနၾကလဲ ဆိုတာကို "

ရန္သူႏွစ္ေယာက္ၾကားမွာေနရတဲ့ မိတ္ဖက္ တစ္ဦးအျဖစ္ကထင္သေလာက္မလြယ္‌ပါေလ။ တစ္ဖက္မွေလ်ာ့မရေတာ့ ကိုယ္ကိုယ္တိုင္ကသာ ေလ်ာ့ေနရသည္။

သူေမးတဲ့ေမးခြန္း‌ကို ဘယ္ေလာက္ေမးေမး ေျဖမယ့္႐ုပ္မဟုတ္တဲ့ ဖိုစ့္ ဟာ ယခုလည္းမေျဖျပန္။ တကယ္ပဲ ဒီ့ေကာင့္ေခါင္းထဲဘာေတြရွိေနလည္း ဝင္ၾကည့္ခ်င္ရဲ႕။ အျမန္တမ္းေပ်ာ္ေနတဲ့ေကာင္က အိုက္ဘုတ္ နဲ႕ပတ္သတ္ရင္ မ်က္ႏွာေသ၊မ်က္ႏွာတည္ ႀကီးျဖင့္။

တကယ္ေတာ့ ဂ်ာႀကီးနဲ႕ပတ္သတ္ေနတဲ့ ညီတစ္ေယာက္ျဖစ္ေနလို႔ သြားဖားယား တာမဟုတ္ပဲ အသိမိတ္ေဆြျဖစ္ေနၿပီးမို႔ ဖိတ္၍သြားျခင္းသာျဖစ္ျပန္သည္။ ဟိုေန႕က ဘိုက္ အိမ္ကိုလိုက္ပို႔တဲ့ေက်းဇူးေႂကြးလည္းရွိေနေသးသည္မဟုတ္လား။ ညီအကိုၾကားကဘာေတြရွိေနလဲမသိေပမယ့္ ဝင္း လည္းတစ္ခါတရံေတာ့ သူတို႔ညီကို ကိုဝင္ေျဖရွင္းေပးခ်င္ပါရဲ႕ေလ။

ဒါကလည္း ညီအကိုႏွစ္ေယာက္လုံးနဲ႕ သိေနမွျဖစ္မည္မဟုတ္လား ။ တကယ္ေတာ့ တစ္ခ်ိန္က် အၿမဲတမ္း ေတြ႕ေနရမယ့္သူေတြပဲ မ်က္ႏွာခ်င္းမဆိုင္ခ်င္ေအာင္ ကသိကေအာင့္ မေနတတ္တာ ဝင္း ရဲ႕ဗီဇ ပင္။ ၿပီးေတာ့ လူတိုင္းအေပၚ အေကာင္းျမင္စိတ္ထားတာလည္း ေမတၱာ ဓာတ္တစ္ခုပဲမဟုတ္လားေလ။

-----------------------

ဒီေန႕ ႐ုံးခန္းထိုင္ရတာ နည္းနည္းစိတ္ၾကည္လင္ေနသလိုခံစားရသည္မွာေတာ့ အမွန္။ မနက္ကတည္းက အၾကည္အႏူးေလးေတြနဲ႕ စတင္လာရေတာ့ စက္ဆီကိစၥ အၾကပ္အတည္းကိုပင္ ျပသနာလို႔မျမင္ေတာ့။

ဒီေန႕ေတာ့ ဘယ္လို စိတ္ညစ္ဒဏ္ မ်ိဳးေနေန ခံနိုင္ေနၿပီထင္ပါရဲ႕။

ဒူ~~ ဒူ~~~

စားပြဲေပၚက ဖုန္းျမည္လာတာမို႔ ခ်က္ခ်င္းပဲ ေကာက္ကိုင္လိုက္သည္။ တစ္ဘက္က အေဖက က်န္းက်န္းမာမာရွိသည္ထင္ပါသည္။ ေခ်ာင္းဆိုသံမၾကားရပဲ ၾကည္လင္ေနပုံပင္။ သို႔ေသာ္လည္း ဖုန္းဆက္ရတဲ့အေၾကာင္းအရင္းမွာေတာ့ သိပ္စိတ္ၾကည္ႏူးဖြယ္မရွိ။

" ေအး သား... မနက္ျဖန္ မင္း ညီ ေမြးေန႕ဆိုတာ သိတယ္မို႔လား... အဲ့တာ မင္းကိုမဖိတ္ရဲလို႔တဲ့ သူက အေဖ လွမ္းေျပာပါဆိုလို႔ "

ဟက္...သူလိုေကာင္မ်ိဳးက ေမြးေန႕ကိုအရဲတင္းၿပီး ေခၚရဲ‌တယ္ေပါ့ေလ။

" သားမွမအားတာ "

ဖခင္ ရဲ႕ရယ္ျပျပအသံေလးကို မဖ်က္ဆီးခ်င္ေတာ့ ဆင္ေျခတစ္ခုသာေပးလိုက္ရသည္။ သို႔ေသာ္ ဖခင္ကေကာ မသိမည္တဲ့လား။

က်န္းက်န္းမာမာရွိစဥ္က သားႏွစ္ေယာက္လုံးကို အိမ္ေပၚေခၚတင္ခဲ့ေသးသည္။ ဒါ့ေၾကာင့္ ဘယ္သူကဘယ္လိုအခ်ိဳးလဲဆိုတာေကာင္းေကာင္းသိပါရက္။

ဘိုက္ အထက္တန္းေက်ာင္းၿပီးေတာ့ အေမနဲ႕ညီမငယ္ ျဖစ္သူ အက္စီးဒန႔္ေၾကာင့္ဆုံးပါးသြားၿပီးေတာ့ အေဖက သူ႕ရဲ႕ မယားငယ္နဲ႕ ရတဲ့သားကို အိမ္ေခၚတင္လာခဲ့သည္။

သားႏွစ္ေယာက္တည္းရွိေတာ့တာေၾကာင့္ မိသားစုတစ္ခုလိုစည္းစည္းလုံးလုံးေနခ်င္တဲ့ ဖခင္ရဲ႕ဆႏၵဟာ ဘယ္ေသာအခါမွျပည့္မလာခဲ့ပါ။ တစ္ဘက္က အျပစ္ကင္းစင္တဲ့ ဘုတ္ဟာလည္း ငယ္ငယ္ကတည္းက မိခင္ဆုံးသြားၿပီး လင္ေကာင္မေပၚပဲရတဲ့သားရယ္မို႔ မိဘမဲ့ေဂဟာမွာ ေနခဲ့ရေသာ္လည္း ႐ုတ္တရပ္ ၁၀ တန္းက်မွ သူေဌးႀကီးတစ္ဦးရဲ႕သားမွန္းသိလိုက္ရၿပီး စံအိမ္ႀကီးေပၚေခၚတင္ခံခဲ့ရသည္။

ဒီလိုဘဝ အလွည့္အေျပာင္းရဲ႕ ခ်မ္းသာကို ဘုတ္ မခံစားနိုင္တာမို႔ ဖခင္ျဖစ္သူ ေဆး႐ုံတင္ကတည္းက အိမ္ကေန ခြဲထြက္ၿပီး သက္သက္ေနသည္။ ဒါကမွ သူ႕ကိုစိတ္ခ်မ္းသာေစေကာင္းပါရဲ႕။

ဖခင္ႀကီးဟာ ေယာကၤ်ားေကာင္းခင္ပြန္းေကာင္း မျဖစ္ခဲ့တာကလြဲရင္ သားေတြအေပၚကို ခ်စ္ရွာတာမို႔ ဘုတ္ ကိုငယ္စဥ္ကတည္းက ေထာက္ပံ့မႈေတြေပးၿပီး ပစ္မထားခဲ့ဖူးပါ။ သူ႕ရဲ႕အျပင္သားကို အိမ္ေပၚတင္နိုင္ဖို႔ကိုအၿမဲေမွ်ာ္လင့္ေနခဲ့သူတစ္ဦးပင္။

သားႏွစ္ေယာက္ရတာေကာင္းေပမယ့္ မိန္းမႏွစ္ေယာက္ ထားတဲ့ ဖခင္တစ္ေယာက္ကို ပိုင္ဆိုင္ထားတဲ့ တရားဝင္သားတစ္ေယာက္အတြက္ကေတာ့ အလြန္အင္မတန္မွ ခံရခတ္လြန္းလွသည္။ အေမ မရွိေဝာာ့မွေဖာက္ျပန္တာမဟုတ္ပဲ အေမ ရွိရက္နဲ႕ သူပါ ရွိရက္နဲ႕ တျခားမိန္းမကို ခ်စ္ခဲ့တဲ့ အေဖပဲမဟုတ္လား။

သနားစရာအေမဟာ ဒီအေၾကာင္းကိုသိၿပီးတဲ့ေနာက္ ညီမေလး ကိုထပ္ယူၿပီး သံေယာဇဥ္ႀကိဳးကိုပိုဆက္သည္။ မၾကာပါဘူး ထို မိန္းမ ဆုံးသြားသည္ကို အေမသိလိုက္ရသည္။ တစ္ရင္ေအးေပမယ့္ တစ္ရင္ထပ္ပူရျပန္သည္။ ဘိုက္ ရဲ႕ေနရာကို လုသြားနိုင္မယ့္ အဲ့တရားမဝင္သား ေၾကာင့္ အေမေန႕ေန႕ညည ေကာင္းစြာ အိပ္စက္နိုင္ျခင္းမရွိရွာ။

ထို႔သို႔ ႏွစ္ေတြၾကာၿပီးေနာက္ အေမေကာ ညီမေလးပါ ကားအက္စီးဒန႔္ေၾကာင့္ ဆုံးသြားခဲ့ရသည္။ ဘိုက္ ဘက္မွာရွိခဲ့တဲ့ အေမနဲ႕ညီမေလး ဟာ သည္လိုကံၾကမၼာမုန္တိုင္း တိုက္စားသြားခဲ့ရျခင္းဟာ ဘိုက္ အတြက္ေတာ့ ငရဲဆိုးႀကီးပင္။ အခုေတာ့ သူရယ္ တရားမဝင္သားရယ္ အေဖရယ္ ၊ ဒါက ေလာကႀကီးေပးတဲ့ သိသိသာသာ ၿပိဳင္ပြဲႀကီးပင္မဟုတ္လား။ ဘယ္သူက အေဖ့ရဲ႕ အေမြကို ရမလဲဆိုတဲ့ မဟာ ၿပိဳင္ပြဲႀကီး။ ညီညီမွ်မွ် အထိ မေပးခ်င္ေလာက္ေအာင္ အေမ့ရဲ႕ ေမတၱာေတြကိုစူးေစ့ခ်င္သည္။

အိမ္ေပၚတက္လာတုန္းက မခုတ္တတ္တဲ့ေၾကာင္ေပါက္စကေန ခုေတာ့ အလုပ္ထိလိုက္လာၿပီး မ်က္ႏွာေျပာင္တိုက္တတ္ေနၿပီမဟုတ္လား။

အခုလည္းသူလို တရားဝင္သားတစ္ေယာက္က လက္ထက္စာခ်ဳပ္ေတာင္မရွိတဲ့ မိန္းမတစ္ေယာက္သား ရဲ႕ေမြးေန႕ကိုသြားရမည္တဲ့လား။

ဒီထက္ရယ္စရာေကာင္းတာမရွိ။

" မင္းမသြားလို႔မရဘူး သား... မင္းဆီ လက္ေဆာင္ပို႔ထားၿပီးၿပီ။ မင္းကိုယ္တိုင္သူ႕ဆီသြားေပးရမယ္ "

အေဖ့ရဲ႕အသံဟာနည္းနည္းမာလာၿပီးျဖစ္သည္။ ၾကည့္ရတာ လြန္ခဲ့တဲ့ ၅ ကတည္းက အခ်ိဳးေျပၾကေအာင္ သိမ္းသြင္းမရေတာ့ အသက္ႀကီးလာတဲ့အဘိုးႀကီးလည္း သည္းခံနိုင္စြမ္းဟာ လြန္ကုန္ၿပီးထင္ပါတယ္။

" ဂ်ာႀကီး ပစၥည္းေရာက္ေနတယ္ သူေဌးကေပးခိုင္းတာတဲ့ "

အခန္းဝင္ေပါက္နားက လက္ေထာက္မန္ေနဂ်ာ က ၿပဳံးၿပဳံးနဲ႕စကားေျပာလာ‌သည္က အေဖ ေျပာတဲ့လက္ေဆာင္အေၾကာင္း ပင္ျဖစ္သည္။ ဒုမန္ေနဂ်ာကေတာ့ ဝမ္းသာတာမို႔ခ်က္ခ်င္းအေၾကာင္းၾကားေပမယ့္ ဝမ္းမသာနိုင္တာ ဘိုက္ပင္။

" မင္းတို႔အသက္ေတြမငယ္ၾကေတာ့ပါဘူးကြာ.. အေဖလည္း မက်န္ေတာ့ဘူး "

အေဖက သက္ျပင္းကိုခ်ၿပီးစကားသံကိုေလ်ာ့လိုက္သည္။ ထိုအခါမွာ စကားဟာပိုေျပာရခတ္လြန္းျပန္သည္။

" ပို႔ရင္ၿပီးေကာမို႔လား "

" မင္း ပို႔ရမွာေလ မင္းညီေလးဆီ "

ညီေလး ညီေလးနဲ႕ သုတ္ပိုးတစ္မ်ိဳးတည္းျဖစ္ေနတာေတာင္ ႐ြံဖို႔ေကာင္းေနၿပီ နာမ္စားက တပ္လာေသးသည္။

" အင္းပါ။ ကြၽန္ေတာ္ စက္ဆီ ကိစၥ ေျဖရွင္းရမွာမို႔ ဒါပဲ အားရင္ အေဖ့ဆီအလည္လာခဲ့မယ္။ "

" ဟုတ္ၿပီ ဒါမွ ငါ့သား.... ေက်းဇူးကြာ "

တစ္ဘက္က တီ ဆိုၿပီး တိတ္သြားေတာ့မွ ဘိုက္ သက္ျပင္းကို ခပ္က်ယ္က်ယ္ခ်လိဳက္သည္။ ေစာနက အၾကည္ဓာတ္ေလး ကြယ္ေပ်ာက္သြားၿပီး ေဒါသေတြသာ က်န္ရစ္ခဲ့ရေတာ့ တစ္ကိုယ္လုံး ပူၿပီး အေငြ႕ေတြထြက္ေနသည္ဟုပင္ ခံစားရ၏။

အေဖ ရဲ႕ဆႏၵကို အေဖ့လိုလူတစ္‌ေယာက္ျဖစ္လာမွ နားလည္လာနိုင္မည္ျဖစ္ပါသည္။ သို႔ေသာ္ အေဖလိုလူဘယ္ေတာ့မွမျဖစ္မွာကိုလည္း ကိုယ့္ကိုကိုယ္ သိေနသည္။ လူတစ္ေယာက္ကိုႏွစ္ႏွစ္ကာကာ ခ်စ္ေၾကာင္းေတြေျပာၿပီးကာမွ စြန႔္ခြာသြားနိုင္သူေတြကို အင္မတန္႐ြံေသးသည္။ ကတိေတြဟာ စာခ်ဳပ္ေတြနဲ႕ ခ်ည္ေႏွာင္ထားေတာင္ မၿမဲနိုင္တဲ့ တရားေတြျဖစ္ရေလာက္တဲ့အထိ လူေတြဟာ ေဖာက္ျပန္တတ္ၾကသည္မဟုတ္လား။

သူ႕အတြက္ အခ်စ္ဆိုတာ ၾကည္ႏူးမဟုတ္ဘူး၊ တစ္ရိပ္ရိပ္ ေလာင္ကြၽမ္းမႈသာတည္း။

" အဲ့ပုံးကို တစ္ေနေနရာထားထားလိုက္ "

" ဗ်ာ... ဒါေပမယ့္ ဒါက သူေဌးဆီကေလ.. ဂ်ာႀကီး အေဖဆီကမို႔ ဖြင့္ၾကည့္သင့္တယ္မို႔လား "

အေၾကာင္းမသိတာလည္းမဟုတ္တဲ့ လက္ေထာက္မန္ေနဂ်ာ က စကားဝင္ေထာက္သည္။ တကယ္က မိသားစုအေၾကာင္းဘယ္ေလာက္သိၾကသိၾက မိသားစုဝင္ေတြကသာ ပိုသိမည္မဟုတ္လား။ တစ္ခ်ိဳ႕အရာေတြက ကိုယ့္အတြက္မဟုတ္တာကို ျပတ္ျပတ္သားသား ျဖတ္ထားနိုင္ရင္သာအေကာင္းဆုံးပင္။

" ထားလိုက္စမ္းပါ... အဲ့ထပ္ အေရးႀကီးတာ လုပ္စရာရွိတယ္ စက္ဆီ ကိစၥ တျခားဘာအေၾကာင္းရေသးလဲ "

သို႔ႏွင့္ သူႏွင့္ အေဖသည္ ေဝးၿပီးရင္း ေဝးဖို႔သာ က်န္‌ေတာ့သည္။

------------------

" အကို တစ္ခါတည္းသြားမယ္မို႔လား "

" ဟင္ "

အလုပ္ခုံက ပစၥည္းေတြသိမ္းေနတဲ့ ဝင္း ရဲ႕ပုခုံးကိုတုံ႕ၿပီး ဘုတ္က ေမးသည္။

" တစ္ခါတည္းသြားမယ္မို႔လားလို႔... ကြၽန္ေတာ့္ ေမြးေန႕ကိုေလ... မဟုတ္မွ ေမ့ေနတာေတာ့မဟုတ္ပါဘူး "

ဘုတ္ရဲ႕ မ်က္ခုံးႀကဳံ႕ၿပီးေမးလိုက္တဲ့စကားကို ဝင္း ဝန္ခံခ်င္သည္ ၊ တကယ္ေမ့ေနခဲ့သည္ပဲမဟုတ္လား။ ဒီေန႕စက္ဆီကိစၥေတြနဲ႕ တစ္႐ုံးလုံး ကုန္သည္ေတြကိုဆက္သြယ္ေပးေနရတာနဲ႕ အေျခအေနေတြက ေျဗာင္းဆန္ေနသည္ပဲ။ ခုေတာ့ ေမြးေန႕ရွင္ကိုယ္တိုင္ သတိလာေပးလာေတာ့သည္။ ထိုသည္ကိုလည္း ေခါင့္ၿငိမ့္၍က မရ။
ထို႔ေၾကာင့္

" မေမ့ပါဘူး ခု ပဲေမးမလို႔ အကိုအိမ္ကေဝးတယ္ေလ.. အဲ့တာေၾကာင့္ "

" ဒါဆို သြားၾကစို႔ေလ... ပီဖိုစ့္ ေကာ လိုက္ဦးမလား "

သူ႕အေမးကိုမေျဖဘဲ ဖိုစ့္သည္ ၾကားလွ်က္နဲ႕ Tote အိတ္လြယ္ကာ ရႈတည္တည္နဲ႕ထြက္သြားေတာ့သည္။ အနည္းငယ္ေတာ့ မ်က္ႏွာပ်က္သြားေသာ္လည္း ပီဝင္းက ေဘးကေန တျခားဆီစကားလႊဲလာေလသည္။

" သြားၾကစို႔ေလ ... ေနာက္က်ေနမယ္ ဘုတ္ အိမ္မွာပဲ ေရခ်ိဳးလို႔ျဖစ္တယ္မို႔လား "

ဝင္းရဲ႕ၾကားျဖတ္စကားက ပိုအရာေရာက္သြားသည္ထင္ပါရဲ႕။ ‌ဖိုစ့္ေက်ာျပင္ကိုေငးေနတဲ့ ဘုတ္မ်က္လုံးေတြဟာ တစ္ဖန္ ဝင္းဆီျပန္ေရာက္ကာ ေပ်ာ္႐ႊင္သြားရျပန္သည္။

" ရတယ္ေလ အကို လြတ္လြတ္လပ္လပ္ပဲ ေနလို႔ရတယ္ "

ယေန႕ကား ဘုတ္ေမြးေန႕ေပမို႔ လာမည္ေျပာထားတဲ့ ဝင္း ဟာ ဘုတ္ကားေပၚမွာ ထိုင္လိုက္သြားရေတာ့သည္။ တစ္လမ္းလုံး စလိုက္ေနာက္လိုက္နဲ႕ ဘုတ္က ဖိုစ့္ေျပာသေလာက္ထိေတာ့ အႏၲရာယ္မ်ားတဲ့လူတစ္ေယာက္ဟုတ္ပုံမေပၚေပ။

တကယ္ဆိုလူေတြက ကိုယ္နဲ႕မတည့္ရင္ ကိုယ့္အသိေတြကိုပါ မေပါင္းေစခ်င္တာ ဓမၼတာ တစ္ခုပင္မို႔လား။ ေနာက္ပိုင္းေတြဆိုရင္ ဖိုစ့္နဲ႕အိုက္ဘုတ္ကို တစ္ဖန္ျပန္ သူငယ္ခ်င္းျဖစ္ဖို႔ရာ အတြက္ႀကိဳးစားရဦးမည္မွာ ဘဝေပးတဲ့ မစ္ရွင္တစ္ခုလိုပင္ခံစားေနရသည္။ မတည့္တဲ့သူငယ္ခ်င္းေတြကို တည့္ေစခ်င္တာကလည္း ဓမၼတာပဲမဟုတ္လား။

အိုက္ဖိုစ့္က ဘယ္လိုေနေနမေျပာတာမို႔ တစ္ဘက္လူကိုေမးၾကည့္ရင္ေကာင္းမလားလို႔ ဝင္း အေတြးဝင္လာမိသည္။ ထိုမွသာ ျပသနာကို ေျဖရွင္းေပးနိုင္မည္မို႔လား။

" ေနာင္ဘုတ္.... အကိုတစ္ခုေလာက္ေမးခ်င္လို႔ပါ "

" ေမးေလ ပီ "

" ဟို...... အိုက္ဖိုစ့္ နဲ႕ ေနာင္ဘုတ္ ကအခ်င္းခ်င္း သိၾကတာလား "

ဝင္း ရဲ႕အေမးကို ဘုတ္က သေဘာတက်ရယ္‌သည္။ သူ႕ပုံစံ ဇာတ္လမ္းတစ္ပုဒ္ကိုရွင္းျပေတာ့မလို စကားေတြၿပဳံထြက္လာေတာ့မလိုျဖစ္ေပမယ့္ ကားလမ္းကိုေတာ့ ဂ႐ုတစိုက္ ၾကည့္ေနနိုင္ေသးသည္။

" ပီဖိုစ့္နဲ႕က....ကြၽန္ေတာ္နဲ႕ အထက္တန္းတုန္းက ေက်ာင္းတူတူပဲေလ "

" ဟုတ္လား "

အံ့ဩစြာေမးလာတဲ့ ဝင္းေၾကာင့္ ဘုတ္ အံ့ဩမိပါရဲ႕။ ပီဖိုစ့္နဲ႕ဒီေလာက္ရင္းႏွီးေနတာေတာင္ သူတကယ္ပဲဘာမွမသိတာလား။

" ပီဝင္း တကယ္မသိဘူးေပါ့... ကြၽန္ေတာ္က ပီဖိုစ့္ ေျပာျပေလာက္မယ္ထင္ေနခဲ့တာ "

တကယ္ေတာ့ ပီဝင္း နဲ႕ပီဖိုစ့္နဲ႕က ေနရာတကာ တတြဲတြဲ‌ျမင္ေနရၿပီး သူကိုယ္တိုင္ေတာင္အစက အတြဲေတြလို႔ေတာင္ထင္ခဲ့သည္မို႔လား။ သူမ်ားေတြနဲ႕ ဒီေလာက္ရင္းရင္းႏွီးႏွီးမေပါင္းတတ္တဲ့ ပီဖိုစ့္က ပီဝင္းက် သူငယ္ခ်င္းအရင္းႀကီးလိုေပါင္းေပးေတာ့ ယုံရခတ္ခတ္ပင္။

" အိုက္ဖိုက္က ဘယ္ေလာက္ေမးေမး ဘာမွမေျပာဘူး "

ဝင္း စကားကိုတရဇပ္ေျပာၿပီးမွ ပါးစပ္ကိုျပန္ပိတ္လိုက္ရသည္။ မသိရင္ အေနာက္ကေန သူတို႔အေၾကာင္း မသိေအာင္ စေတာ့ ေနသလိုထင္မွာလည္းစိုးရေသးသည္။ ဘုတ္ ကေကာင္းတဲ့လူမို႔ ေနာက္ကြယ္မွာ သူက သူတို႔အေၾကာင္းကိုသိခ်င္ေနရင္ မေကာင္းျမင္မွာစိုးရေသးသည္မဟုတ္လား။

" ပီဖိုစ့္ က အဲ့ေလာက္ေတာင္ပါးစပ္လုံတာပဲလား.... "

အံ့ဩေလာက္ပါေပတယ္။ ပီဝင္းက ဘယ္လိုစည္းေတြတားထားခဲ့လို႔ ဒီေလာက္ၿခံလုံေနလဲမသိေပမယ့္ ပိုရင္းရင္းႏွီးႏွီးဆက္ဆံလိုက္တာနဲ႕ ခ်စ္သြားတတ္တဲ့ အသည္းႏုတဲ့ ပီဖိုစ့္ ကတကယ္ေျပာင္းလဲသြားတာပဲ။

" အဲ့ေတာ့ ညီေလးတို႔က ဘာျဖစ္ခဲ့ၾကတာလဲ... ျပန္ေခၚလို႔ရတယ္မို႔လား အကိုက ၾကားထဲကဆိုေတာ့ အိုက္ဖိုစ့္ နဲ႕မင္း နဲ႕ကိုဒီလိုႀကီးမျမင္ခ်င္ဘူး..."

ဟုတ္တယ္။ ဘယ္ေလာက္မတည့္ခဲ့ၾကၾက၊ အတိတ္ကအတိတ္ပဲမို႔ လူႀကီးဆန္တဲ့သူတို႔ ေမ့ခဲ့သင့္ၿပီပင္။

" မ‌ရေလာက္ဘူးေနာ္ အကို "

ဝင္း ရဲ႕တက္ႂကြေနတဲ့စကားသံေတြနဲ႕ဆန႔္က်င္ဘက္ကို ဘုတ္ကေျဖသည္။ သူသိတဲ့ ဖိုစ့္သာဆိုရင္ ဘယ္သူ႕ကိုမွ သူဇာတ္နာတဲ့အေၾကာင္းကိုေျပာျပမည္မဟုတ္။

" အိုက္ဖိုစ့္က သေဘာေကာင္းပါတယ္ ဘုတ္ရ ၊ မင္းတို႔ၾကားကိုအကိုဝင္ေျဖလို႔ရရင္ ေျဖေပးမယ္ "

ဝင္း ရဲ႕စကားေၾကာင့္ ကားစီယာတိုင္က ဘုတ္ရဲ႕လက္ေခ်ာင္းေတြ ပိုတင္းလာသည္။ သူတို႔ဆက္ဆံေရးက အရမ္း အဆိပ္သင့္ခဲ့လြန္းလို႔ ဖို႔စ့္အတြက္က ျပန္မလာခ်င္တဲ့ အမွတ္တရဆိုးႀကီးပင္မဟုတ္လားေနာ္။ ဒါေပမယ့္ ဖိုစ့္အမွားလည္းမဟုတ္ျပန္၊ ဖိုစ့္မွာ အၿမဲတမ္းသစၥာရွိၿပီး သူကလြဲၿပီးဘယ္သူ႕မွမျမင္ေတာ့တဲ့အထိ တေဇာက္ကန္းခဲ့တဲ့ အျပစ္သာရွိသည္။

ဘယ္လိုျပန္ေျပာရမွန္းမသိတဲ့ခက္ခဲမႈကိုေျဖရွင္းလိုက္တာက အေဝးတစ္ေနရာက သူ႕ရဲ႕ တိုက္ခန္းပင္ျဖစ္သည္။

" အိမ္ေရာက္ၿပီ အကို ဟိုမွာ အဲ့ တိုက္ခန္းပဲ "

သူ႕ရဲ႕လက္ညိုးၫႊန္ရာကို ဂ႐ုတစ္စိုက္ၾကည့္ေနတဲ့ ဝင္း ဟာေစာနက စကားကိုေတာ့ ေမ့ဖို႔ေကာင္းပါရဲ႕ေလ။

သူ႕မွာလည္း ဒါ့အျပင္ထပ္စကားလႊဲဖို႔ မတတ္သာေတာ့ဘူးမို႔။

တစ္ခ်ိန္ကသားေကာင္သည္ ယခုခ်ိန္၌ မုဆိုးတစ္ေကာင္လို႔ သူ႕ဘဝကို ghost ထားခဲ့ၿပီပဲမဟုတ္လား။

" အခန္းက က်ယ္တာပဲ ပီက ဒီလို အခန္းမွာ ေနခ်င္ခဲ့တာ "

ကုတင္ေပၚမွာ ထိုင္ရင္း အခန္းအေျခအေနအကဲခတ္ေနသူက ေစာနက ကားေပၚက စပ္စုစိန္ ဝင္း ပင္။

အခန္းက တကၠသိုလ္ေက်ာင္းသားအခန္းနဲ႕မတူဘဲ ပိုေဈးႀကီးပုံရသည္။ ၿပီးေတာ့ အငွားေဆာင္မဟုတ္ပဲ ဝယ္ထားတဲ့ apartment ပုံစံမ်ိဳးျဖစ္သည္။ ဟုတ္ပါသည္ေလ ဘယ္လိုပဲဆိုဆို သူေဌးရဲ႕သားမို႔ ဒီေလာက္က နည္းသည္ဟုပင္ဆိုရမည္။ တစ္ေယာက္တည္းေနဖို႔ရာအတြက္ေတာ့ က်ယ္တယ္ထင္ရေပမယ့္ ဘုတ္ ၾကည့္ရတာ ေနသားက်ေနသလို။

" ဟင္ ေက်ာင္းတက္တုန္းက ဒီလိုေနခဲ့ရဖူးမွာပါ "

" ညီေလးကေတာ့ေနာက္ၿပီ။ ဒါကအေဆာင္မွမဟုတ္ပဲ၊ အကို႔တုန္းက ေက်ာင္းသားအေဆာင္ကို လူမွ်ေနရတာ ပီက ပိုက္ဆံမတတ္နိုင္ဘူးေလ အိုက္ဖိုစ့္ နဲ႕ ခင္ၿပီးေတာ့ သူ႕ တိုက္ခန္းမွာ သြားေနျဖစ္တာ ေက်ာင္းၿပီးတဲ့အထိပဲ "

တကယ္ပါ တစ္ေယာက္တည္းေနတဲ့အေဆာင္ကို ႏွစ္ေယာက္ေနလို႔ရ‌ေလာက္တဲ့အထိ အေဆာင္မႉးကို အမ်ိဳးမ်ိဳးလာဘ္ထိုးတဲ့ အိုက္ဖိုစ့္ ႐ုပ္ကိုမွတ္မိေနေသးပါ၏။ အခ်ိန္ေတြလည္း ျမန္လိုက္ပါဘိႏွယ္။

ဘုတ္က ဝင္းေျပာတဲ့စကားကိုလည္းနားေထာင္ရင္း ေရခဲေသတၱာထဲကေရဘူးကိုယူကာ ဖန္ခြက္ထဲ ေရငွဲ႕ေနသည္။

" ေသာက္ဦးအကို "

ဘုတ္ ကမ္းလာ‌တဲ့ေရခြက္ကို လက္ႏွစ္ဘက္နဲ႕ယူၿပီး တစ္ငုံေသာက္‌လိုက္သည္။ ခုခ်ိန္ထိ ပါးစပ္က အနားမေပးရေသးတာမို႔ ေရေအးေအးနဲ႕ေတြ႕ေတာ့ ေအးခ်မ္းသြားသလိုရွိသား။

" ဒီတိုက္ခန္းက‌တကယ္ေကာင္းတယ္ေနာ္ အလုပ္နဲ႕လည္းနီးတယ္၊ အင္း ၊ ခုမွပဲနားလည္တယ္၊ ညီေလး အလုပ္က‌ေနဘာလို႔ ေနာက္က်မွျပန္လဲဆိုတာကို "

ဝင္း ရဲ႕မွန္ကန္တဲ့စကားေၾကာင့္ ဘုတ္ေကာ ႏွစ္ေယာက္သားရယ္မိၾကကာ စကားဝိုင္းက်ေနေတာ့သည္။

" ပီ ေရခ်ိဳးႏွင့္ေလ ကြၽန္ေတာ္ အခန္းကို ေမြးေန႕နဲ႕တူေအာင္ျပင္လိုက္ဦးမယ္ အဝတ္အစား ကိုေရခ်ိဳးခန္းထဲထည့္ေပးမယ္ေနာ္ "

" ဪ အင္း..."

ဘုတ္က သူ႕အကၤ်ီနဲ႕ေဘာင္းဘီကိုေ႐ြးေပးၿပီး ေရခ်ိဳးခန္းထဲ ဝင္သြား၏။ ၿပီးေနာက္ျပန္ထြက္လာၿပီး ဝင္း ကိုေရခ်ိဳးေစသည္။ ဝင္းလည္း ပါတီစရင္လူစုံေတာ့မွာမို႔ အျမန္ပဲ ေရခ်ိဳးခန္းထဲဝင္သြား၏။

ေရခ်ိဳးေနစဥ္အတြင္း လူေတြတစ္ေယာက္ၿပီးတစ္ေယာက္ ဝင္လာတဲ့အသံကိုၾကားေနရတာမို႔ နည္းနည္းေတာ့ ကသိကေအာင့္ ျဖစ္မိသားပင္။ သူ႕အေနနဲ႕ အသိတစ္ေယာက္ရဲ႕ေမြးေန႕ကိုလာရတာမို႔ မသိတဲ့သူကမ်ားမ်ားရယ္။

ေရခ်ိဳးၿပီး အဝတ္အစားပါလဲကာထြက္လာေတာ့ အခန္းကေစာနနဲ႕မတူေတာ့ပဲ ပူေပါင္းေတြ လက္ေဆာင္ပစၥည္းေတြ အရက္ပုလင္းေတြ နဲ႕ ခန္းခန္းနားနားကိုျပည့္စုံေနေတာ့၏။ သူက ေရခ်ိဳးေနေပမယ့္ လာတဲ့ ဧည့္သည္ တစ္ေယာက္စႏွစ္ေယာက္စနဲ႕မို႔ ဤသို႔ၿပီးေျမာက္သြားသည္ထင္ပါရဲ႕။

" ေဟး ပီ ၾကည့္ေကာင္းသားပဲ ကြၽန္ေတာ္နဲ႕ေတာင္ ဆင္တင္တင္ "

လူေတြ ၁၀ ေယာက္ေလာက္က ထူးထူးဆန္းဆန္းၾကည့္ေနၾကတဲ့ၾကားထဲမွ ဘုတ္က ဖန္ခြက္ကိုင္ထားရင္းထြက္လာသည္။

သူ႕ဝတ္စုံကိုငုံ႕ၾကည့္ေတာ့ ဂ်င္းေဘာင္းဘီဒူးတိ နဲ႕ တီရွပ္ အမဲကို ဝတ္ထားတာမို႔ မိန္းကေလး‌ေတြေငးေလာက္တဲ့အထိေတာ့ ဖက္ရွင္မက်ေပမယ့္ ၾကည့္လို႔မဆိုးဟုဆိုရမည္ပင္။ ေပါ့ေပါ့ပါးပါးေ႐ြးဝတ္ခ်င္တာမို႔ေတာင္းဆိုသည့္အတြက္ ပါတီမွာ ဝတ္စုံအလန္းဇယားေတြနဲ႕ကိုအားမက်နိဳင္ပါေလ။

" ထု႔ခြန္း ဒါက ကြၽန္ေတာ့္ အသိမိတ္ေဆြ နာမည္က မယ္ထဝင္း တဲ့ "

" ဆဝါဒီးခပ္ "

ပုခုံးကိုဖက္ၿပီးမိတ္ဆက္ေပးတာေၾကာင့္ ဝင္း လည္း လက္အုပ္ခ်ီၿပီး လူအေပါင္းကို ဂါရဝျပဳလိုက္ရသည္။ သူ႕ထပ္ငယ္မယ့္ပုံေကာႀကီးမယ့္ပုံေကာ ေပါက္ၾကတဲ့ လူအစုဟာလည္းထိုနည္းတူ ျပန္ လက္အုပ္ခ်ီၾက မိတ္ဆက္ၾကေလသည္။

ဟုတ္သည္ေလ ဘုတ္၏ ေပါင္းသင္းဆက္ဆံ‌မႈက ၁၀၀ မွ ၁ ေယာက္သာရွိတာမို႔ အခန္းထဲေရာက္ေနတဲ့ အငယ္အႀကီး မ်ားရွိေနသည္မွာ မဆန္းေပ။သူ၏ ပါရမီကိုက လူစုံစုံလင္လင္ရဲ႕ခ်စ္ျခင္းေမတၱာကို ရမည့္ကံ မဟုတ္ပါေပလား။

သူနဲ႕ခပ္လွမ္းလွမ္းမွာ လူအုပ္စုႀကီးဝိုင္းၿပီးစကားေျပာေနတဲ့ ဘုတ္ ကိုလွမ္းၾကည့္ရင္း လွမ္းၾကည့္ရင္းမွ ဒီလူငယ္ရဲ႕စရိုက္ကိုသိရွိသြားသလိုပင္။ လူၾကားထဲေရာက္တာေတာင္ အၿမဲတမ္း တစ္ဦးတည္းေခါင္းေဆာင္ျဖစ္ေနတတ္သလို အၿမဲၿပဳံးေပ်ာ္ၿပီး အသိ သတိ ရွိေနတာမို႔ အေတာ္ေပါင္းသင္းေကာင္းတဲ့ မိတ္ေဆြတစ္ဦးျဖစ္မွာဧကန္ပင္။

သီခ်င္းဆူညံညံျဖစ္ေသာ္လည္း ေဘာင္းဘီအိတ္ေထာင္ထဲက တုန္ခါမႈကို သတိထားမိလိုက္တာမို႔ ဖုန္းကိုေဘာင္းဘီထဲကထုတ္လိုက္သည္။ ကုမၸဏီမွ လက္ေထာက္မန္ေနဂ်ာ ပို႔ထားေသာစာျဖစ္ၿပီး ေအာက္ထပ္ lobby တြင္ သူနဲ႕ဘိုက္ ေရာက္ေနကာ လက္ေဆာင္လာပို႔ျခင္းျဖစ္သည္ဟုဆိုသည္။

မ်က္ခုံးပင့္ေလာက္တဲ့အံ့ဩစရာ စာေၾကာင္းမို႔ ဘုတ္ ႏႈတ္ခမ္းေကာ့တက္တဲ့အထိ ရယ္လိုက္မိေသးသည္။

ေနာက္ဆုံးေတာ့ အေဖရဲ႕လက္ေအာက္မွာ သားႏွစ္ေယာက္လုံး အခက္ႀကဳံရၿပီပဲမို႔လား။ ဘယ္လိုပဲေနေန အငယ္ဆိုၿပီးဖိအားေပးခဲ့တာမ်ိဳးမရွိတဲ့ အေဖေၾကာင့္ ဒီေနရာမွာေတာ့ အၿမဲေက်းဇူးတင္ေကာင္းပါရဲ႕။

သူစာဖတ္ၿပီး ရယ္႐ႊင္ေနတုန္းမွာ အေဝးနားက ဆိုဖာေပၚထိုင္ရင္း ဝိုင္တစ္ခြက္နဲ႕ ထ ရခတ္ ထိုင္ရခတ္ ျဖစ္ေနတဲ့ ဝင္း ကိုလွမ္းျမင္လိုက္ရသည္။ ထို႔အတူ အႀကံဉာဏ္တစ္ခုမွာလည္း ေထာင္းကနဲ ထြက္လာျပန္ေတာ့သည္။ သည့္အတြက္ မဟာ ဦးေႏွာက္ႀကီးကိုလည္းေက်းဇူးတင္ရမည္ျဖစ္သည္၊ အဘယ္ေၾကာင့္ဆိုေသာ္ သူသည္ lobby ထိဆင္းယူစရာမလိုဘဲ တစ္စုံတစ္ေယာက္ကို ခိုင္းေစျခင္းျဖင့္ တျခားတစ္စုံတစ္ေယာက္၏ စိတ္ကို အနိုင္ထပ္ပိုင္းဖို႔ရန္ျဖစ္၏။

သူ႕ေက်ာ့ကြင္းတြင္ အကိုတစ္ေယာက္ေတာ့လုံးလုံးလ်ားလ်ား ဝင္ေရာက္ရေတာ့မည္ျဖစ္ပါ၏။

ထိုအႀကံဉာဏ္ေကာင္းကို ထပ္စဥ္းစားမေနေတာ့ဘဲ အႏွီလူသားေလးနားသာ ကပ္သြားေတာ့၏။ သူ႕မွာ ေကာင္းမြန္တဲ့လက္နက္တစ္ခုကိုပိုင္ဆိုင္ထားႏွင့္ၿပီမို႔လား။

" ပီဝင္း ကြၽန္ေတာ့္ကို လက္ေဆာင္ေပးဖို႔ lobby မွာေစာင့္ေနလို႔ ကြၽန္ေတာ္ လည္း ဒီမွာဒီလိုထားသြားလို႔မရတာနဲ႕ သြားယူေပးနိုင္မလားဗ် "

××××××××××××××××


အပိုင္း (၁၅) ‌ဤတြင္ၿပီး၏။

ဒီရက္ပိုင္း မတင္နိုင္တာက တျခားၿမိဳ႕ကိုအလည္သြားရင္း ဖုန္းေမ့က်န္ခဲ့လို႔ပါ 🥲 PC နဲ႕က် Gmail log in မထားေတာ့ လုံးဝ ဝင္မရလို႔ ဖုန္းျပန္ရဖို႔ ၃ ရက္ေလာက္ေစာင့္လိုက္ရတယ္ ။ (TT)

Continue Reading

You'll Also Like

782K 65.5K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
408K 23.1K 42
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
208K 23.6K 62
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
1.3M 32.5K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...