5

340 33 0
                                    


မနေ့ညကအတော်ပင်စိတ်ဖိဆီး၍ထင် နှိုးစက်နာရီအသံပေးလာတော့ သတိဝင်လာတာမို့ ခေါင်းတွေယိမ်းခနဲခံစားလိုက်ရသည်။

ကျွှီ

"အောင်ဝ်...နှိုးနေပြီလား"

တံခါးဖွင့်သံနဲ့အတူ ဖိုစ့် ဝင်အသံကိုပါအတူကြားလိုက်ရတာမို့ အခန်းထဲ သူဝင်လာကြောင်းကိုသိလိုက်ရ၏။ သို့နှင့်မနက်အစောကြီးဘာများလုပ်တာပါလိမ့်။

"ဖိုစ့်လား"

"ဘယ်သူများရှိသေးလို့လဲ..သေမနေနဲ့
တစ်ကိုယ်လုံးလည်းနံစော်နေတာပဲ..ထတော့..ငါစွပ်ပြုတ်ဝယ်လာတယ်"

ဖိုစ့် ကသူ့လက်ထဲကအသင့်ထည့်လာတဲ့ ကြွေပန်းကန်ကို မယ်ထဝင်း ရဲ့စားပွဲပေါ်သို့တင်လိုက်၏။ ပြီးနောက် ထိုင်ခုံပေါ်ထိုင်ကာ အိပ်ယာကနေထဖို့အရေးအတော်လုံးပမ်းနေရတဲ့ သူငယ်ချင်းလေးကိုကြည့်နေ၏။

"မနေ့ညက သောက်လာတာလား *င်ခံလာတာလား"

"မင်ဖေကို*င်ခံလာပါ့လား။မနေ့ညက အပြန်မှာ ငါချော်လဲလာတာ ကျစ် ဒီလောက်ဆိုးမယ်မထင်ဘူးကွာ ခုမှပဲနာနေတယ်"

"အေး ကောင်းတယ်။"

"အေးဟုတ်သား...မနေ့က ‌မင်းဝိုင်းစကတည်းကမတွေ့တာ ဘယ်သွားနေတာလဲ"

ဖိုစ့် ရဲ့မျက်လုံးတွေကဟိုဟိုဒီဒီ ရွေ့ပြီး မေးခွန်းကိုမဖြေ။ ထိုသို့လုပ်လေ ဝင်း ကပို၍ သိချင်လေမို့ စိုက်သာကြည့်နေ၏။

"မေးနေတယ်လေ"

"မင်း အိပ်ယာကနေသာအရင်ထစမ်းပါ။ အလုပ်မသွားတော့ဘူးလား။ ဒီနေ့က ပထမဆုံးနေ့ကြီးနော်"

ဒီတစ်ခေါက်တော့ ဝေ့ နေသည်မှာ ဝင်း ဖြစ်လို့နေခဲ့၏။ ဘာ့ကြောင့်မှန်းမသိ သူ့ခန္ဓာကြီးကော စိတ်တွေပါ အလီလီလေးပင်နေရ၏။ အတော်ပင် အဖြေရှာရခတ်ပါ၏။

သူ့အခြေ‌အနေကိုအကဲခတ်မိတဲ့ ဖိုစ့်က လက်ဖြောက်လှမ်းတီးကာ အသိဝင်စေပြီး

"ဘာလဲ...မင်းဂျာကြီး ကိုမတွေ့ချင်တော့ဘူးလား။ မနေ့ညက ဘာတွေဖြစ်ခဲ့ကြတာလဲ"

"ဘာမှမဟုတ်ပါဘူး။ ငါဒီတိုင်း ခြေချင်းဝတ်နာနေလိူ့"

"ခြေချင်းဝတ်နာနေလို့?..ဘောလုံးကန်ပြီးဒူးပြဲပြီးတံတောင်တွေစုတ်ပြတ်သွားတာတောင် အလုပ်သွားတဲ့မင်းက ဒီနေ့မှ ခြေချင်းဝတ်နာလို့ သွားဖို့ တွန့်နေတာပေါ့၊ ဘယ်သူ့ကိုလာလိမ်နေတာလဲ မင်းက၊ပြောလေ မင်းမပြောရင် ငါဘယ်သူ့သွားမေးရမှာလဲ။ ဂျာကြီးလား"

I'm Fell (U+Z)Where stories live. Discover now