1

1.4K 52 14
                                    


"ဘာ...မယ်ထဝင်း...မင်းက ဂျာကြီး ကိုကြိုက်နေတာ!"

အလုပ်သင်သူငယ်ချင်း ဖိုစ့်ဂျီရချပွန် အသံကြောင့် အသံလုံအောင်ပါးစပ်ကိုအတင်းပိတ်လိုက်မိ၏။

"ချီး...တိုးတိုးဟ... ဟိုနားက မိန်းကလေးတွေ ငါ့ကိုဝိုင်းထိုးနေဦးမယ်"

ဖိုစ့်ဂျီရချပွန် မျက်လုံးတွေထဲမယ် ယုံတစ်ဝက် အံ့ဩတစ်ဝက်ဖြင့် ရှုပ်ထွေးနေပုံကြောင့် မယ်ထဝင်း ကော်ဖီဖျော်စက်ကနေ တစ်ခွက်ယူကာ မော့သောက်လိုက်၏။ ပြီးမှ

"ဇာတ်လမ်းကရှည်တယ်...ပြောရရင်..
ငါဒီမှာအလုပ်သင်ဆင်းတာလည်း သူ့ကြောင့်ပဲ....ငါပထမနှစ်တုန်းက သူက တတိယနှစ်စီနီယာလေ သူနဲ့ကျောင်းသားအမှတ်စဉ်တူတော့ အတူတူထမင်းထိုင်စားခွင့်ကြုံလိုက်သေးတယ်..ကျောင်းမှာ တကယ့်ကို ပေါ်ပြူလာဖြစ်တဲ့ အကိုကြီးနဲ့လေ မင်းပဲတွေးကြည့်..
ငါရင်ခုန်သွားတာပေါ့"

"ခွီး! မင်းကအဲ့တာနဲ့ပဲ လိုက်တော့တာပေါ့"

ပြောင်စပ်စပ် က မယ်ထဝင်းရဲ့ ၄နှစ်တာ ခွက်ကို အလေးမထား၊သို့နှင့် မယ်ထဝင်းသည်လည်း စက္ကန့်ပိုင်းလေးအတွင်းပဲ ရှင်းပြလိုက်သည်မဟုတ်လား။

"ငါအတည်ပြောတာ..."

ရုပ်တည်သွားတဲ့ မယ်ထဝင်းကြောင့် ဖိုစ့် က လက်ထဲက ကော်ဖီကိုငုံရင်း လက်ညိုးကိုထောင်ကာ တစ်ခုခုကိုစဉ်းစားလိုက်၏။

"ဒါဆို မင်းပြောတဲ့ ကောင်မလေးချောချောလေးတွေရယ်၊လစာရှယ်ကောင်းတဲ့အကြောင်းတွေရယ်၊ခွင့်ရက်များတာ‌တွေ
ဆိုတဲ့ ကုမ္ပဏီက ဒီတိုင်း မင်းခွက်ကြီးရှိနေတာနဲ့ပဲ ငါ့ကိုမဲဆွယ်လာတာပေါ့"

စိတ်ကြီးတစ်ထင့်ထင့်နဲ့မေးနေလာတဲ့ ဂျီရချပွန် ကိုမယ်ထဝင်းက တစ်ခွန်းထဲဖြင့်သတ်ချသည်။

"ဒါပေါ့"

ဖိုစ့် ရင်ဘတ်ထဲမယ် မီးရှူးပန်းတွေဖွားကနဲ။ ပျော်လို့တော့မဟုတ် သောက်ရမ်းပေါက်ကွဲတာကြောင့်ပင်!

"ဘုရားရေ...ဂျီရချပွန် ဘဝ‌တော့တုံးပြီထင်ပါရဲ့"

••••••••••••••••••••••

I'm Fell (U+Z)Where stories live. Discover now