13

309 38 4
                                    


ဝင်း တစ်ယောက် အလုပ်ဆင်းကတည်းက Bar မှာသောင်‌တင်ပြီး အကြံပေါင်းစုံညှစ်နေသည်မှာအတော်ကြာနေပြီဖြစ်သည်။ သူငယ်ချင်းဖိုစ့်လည်း ဒီရက်ပိုင်းအရင်ကလိုမဟုတ်ဘဲ မူမမှန် ဖြစ်နေတာကြောင့် ‌ဟိုခေါ်၍လည်းမလိုက် ဒီခေါ်၍လည်းမလာ ဖြစ်နေသည်။ ထို့ကြောင့် ဝင်း တစ်ယောက်တည်းသာ စားပွဲဝိုင်းမှာ ထီးထီးကြီးထိုင်နေရ၏။ဒီခပ်အေးအေးသီချင်းသံတွေကလည်းသူ့ကိုငြိမ်းအေးနိုင်စွမ်းနည်းနည်းမျှပင်မရှိ။

*ဗျာ....ကျွန်တော်က ပီ့ ကို ကျောင်းမှာကတည်းကအမြဲတမ်းနောက်လိုက်ကြည့်နေခဲ့တာ ဒီအလုပ်ကိုဝင်တာလည်း ပီ ဒီအလုပ်မှာ မန်နေဂျာလုပ်နေလို့ ဝင်ခဲ့တာ..ဒါတွေတောင်မလုံလောက်သေးဘူးလားဟင်*

*အဲ့အချိန်တွေတုန်းက....အကိုမှ မသိခဲ့တာ...ခု သိဖို့ကြိုးစားကြည့်မယ်...မင်း ဘယ်လိုကြိုးစားမလဲ ကြည့်ချင်တယ်...မရဘူးလား..*

"ကျစ်"

တွေးမိတိုင်းရင်နာသောစကားရယ်ပါ။ လက်ထဲမှာအတော်ကြာကိုင်ထားမိတဲ့ အရက်အေးဟာ ကျဉ်လာသည်နှင့်ထပ်တူ အတွေးဟာလည်း အဝောာ်လေး ဝမ်းနည်းစရာမို့ တကျိုက်တည်းမော့ပစ်လိုက်သည်။ ဖြစ်ချင်ရာဖြစ်လေ နောင်လာမှနောင်ရှင်း။

ဒီစကားက ငြင်းသည်နှင့်တူတူပဲမဟုတ်လား ဝင်း လည်း ယခင် ဆယ်ကျော်သက်ဘဝတုန်းက ကောင်မလေးတစ်ချို့ကို လိုက်ခဲ့ဖူးပါသည်။ ဒီစကားထွက်လာရင် ဘယ်တော့မှအဖြေပြန်ရခဲ့ခြင်းမရှိသလို စိတ်ဝင်စားမှုတွေလည်း လျော့လာသည်မို့လား။

တကယ်သာအချင်းချင်းစိတ်ဝင်စားလျှင် ချက်ချင်းလက်ခံပြီး တွဲနေရင်းမှ အသိအမှတ်ပြုအောင် ချစ်ပြရမယ်ဆိုထားပါတော့လေ။ ခုတော့ သူ့ရဲ့လေးနှစ်တာက မလုံလောက်သေးသလို ပြောဆိုလိုက်သလိုပဲ။

"အေးလေ...နတ်သားကိုလိုချင်နေမှတော့ နတ်လိုကျင့်ကြံရတော့မှာပေါ့"

"ပီဝင်း ဘာတွေတီးတိုးပြောနေတာလဲ"

ဘေးနားကရုတ်တရပ်ဆန်စွာထွက်လာတဲ့စကားသံကြောင့် ဝင်း လည်း လန့်သွားကာ ကြည့်မိတော့ ဘုတ် ဖြစ်နေသည်။

I'm Fell (U+Z)Where stories live. Discover now