3

393 32 2
                                    


"ဂျာကြီး ဘုတ်(Book) ကို IT မှာနေရာပေးလိုက်ပြီ။ သူကို ဂျာကြီးပြောသလို အလုပ်သင်အနေနဲ့ပဲ စဖို့ပြောထားတယ်"

"ဘာလို့ IT လဲ"

"သူက အလုပ်သင်ထဲကတစ်ယောက်နဲ့သိတယ်ထင်တယ်။ သူ့နာမည်ကိုမေးပြီး သူရှိတဲ့နေရာ ချပေးဆိုလို့"

ဘိုက် ဘောပင်ကိုခေါင်းတို့ကာ အနည်းငယ်စဉ်းစားနေသည်။ပြီးမှ

"မယ်ထဝင်း လား"

"မဟုတ်ဘူး။ ဖိုစ့် ဂျီရချပွန် ကိုပါ"

ဘိုက်က ဪ ဟုတစ်ချက်ဆိုပြီး ဘောပင်ကိုစားပွဲပေါ်ချလိုက်သည်။

"ဒါဆို ပြီးပြီလား"

"ဟုတ် ဂျာကြီး သူဒီချိန်ဆို စားပွဲမှာတောင် ထိုင်နေလောက်ပြီ ဟဲဟဲ"

••••••••••••••••••••

"ဘုတ် ကလည်း ငါတို့ကျောင်းကပဲပေါ့"

"ဟုတ်တယ်ဗျ..ကျွန်တော်က တစ်နှစ်နောက်ကျမှာပေါ့ တကယ်ဆို ခုမှ စတုတ္ထနှစ် အစ ပဲရှိသေးတယ် ..ဒါပေမယ့် ‌ကျွန်တော်က ဉာဏ်ကောင်းတယ်လေ.."

ဝင်း နှင့် ဘုတ်က မျက်နှာချင်းဆိုင်ကာ စကားစမြည်ပြောနေကြ၏။ ဘုတ် ကခပ်ပြုံးပြုံးဖြင့် စကားဆိုတော့ ဖိုစ့်က သူထိုင်နေတဲ့ စုံလည်ခုံကို ဝင်း ခုံနား ရွေ့လာကာ

"ဉာဏ်ကောင်းတာနဲ့ပဲ..တစ်တန်းကျော်လာလို့ဖြစ်လား.."

ဖိုစ့်က ဝင်း နားနား ကပ်ကာ တိုးတိုးလေး အတင်းပြော၏။

"ရတာပေါ့ဗျ..ကျွန်တော့် အဖေက ကျောင်းကို ထောက်ပံ့ပေးထားတဲ့သူပဲ။ သူ့သားရဲ့ အနာဂတ်အတွက် ဒီလိုအခွင့်အရေးယူခွင့်ရှိတာပေါ့"

"ချီး..ဘယ်လိုကြားသွားတာလဲ"

ဖိုစ့်ရဲ့ လေတိုးသံကို ဘုတ် က အနည်းငယ်ပြုံးကာ တုန့်ပြန်လိုက်၏။

"ဒါဆို....ဘုတ်က ကျောင်းမသွားတော့ဘူးပေါ့"

"ဟုတ်တယ်..ကျွန်တော် self-study ပဲလုပ်ပြီး ဖြေမှာ"

I'm Fell (U+Z)Where stories live. Discover now